Monday, November 11, 2013

ပြည်တွင်းရွှေဈေး နှစ်ရက်အတွင်း ကျပ် ၄,၀၀၀ကျော် ဈေးကျဆင်း

သီဟကိုကို| တနင်္လာနေ့၊ နိုဝင်ဘာလ ၁၁ ရက် ၂၀၁၃ ခုနှစ်

နိုဝင်ဘာလဆန်းပိုင်းမှ စတင်ကာ အကျဘက်သို့ ဦးတည်နေသည့် ပြည်တွင်းရွှေဈေးသည် နိုဝင်ဘာ ၈ ရက်တွင် ကျပ် ၆၈၅,၂၀၀ ဈေးမှ ၁၀ ရက်တွင် ကျပ် ၆၈၀,၇၀၀ ဈေးသို့ ကျပ် ၄၀၀၀ ကျော်ကျဆင်း သွား ကြောင်း ရွှေဆိုင်လုပ်ငန်းရှင်များက ပြောသည်။

ပြစ်မှုကျူးလွန်သူဟု သံသယရှိခံရသူများ၊ စွပ်စွဲခံရသူများ ဖမ်းဆီးစစ်ဆေးရာတွင် ထိခိုက်မှုနှင့် သေဆုံးမှု များ ရှိနေဆဲဖြစ်

ဇော်ဇော်ထွေး| တနင်္လာနေ့၊ နိုဝင်ဘာလ ၁၁ ရက် ၂၀၁၃ ခုနှစ်

အမှုအခင်းများအတွက် ပြစ်မှုကျုးလွန်သူဟု သံသယရှိထားသူများ၊ စွပ်စွဲခံထားရသူများအား ရဲစခန်းများ ၌ ဖမ်းဆီးစစ်ဆေးကြရာတွင် ထိခိုက်ဒဏ်ရာရရှိမှုနှင့် သေဆုံးမှုများ ရှိနေဆဲဖြစ်ပြီး ပြည်သူ့ရဲဝန်ထမ်းများ အနေဖြင့် ဥပဒေကို အထူးလိုက်နာရန် လိုအပ်နေပေသည်။

ချစ်သူစုံတွဲ ဘ၀ကနေ လင်မယားဘ၀ ပြောင်းဖို့ အဆင်သင့် ဖြစ်ပြီလား ၂ (အိမ်ထောင်ပြုမည့် သူများဖတ်ရန်)

လူငယ်တွေကြားက HIV ကာကွယ်ရေး အသိဟာ အင်မတန် အားနည်းသေး တယ်လို့ မထင်ဘူးလား။

ချစ်သူစုံတွဲ ဘ၀ကနေ လင်မယားဘ၀ ပြောင်းဖို့ အဆင် သင့်ဖြစ်ပြီလား ၁ (အိမ်ထောင်ပြုမည့် သူများ ဖတ်ရန်)

သမီးရည်းစား အတူနေကြတာဟာ ယဉ်ကျေးမှု တစ်ခုလို ဖြစ်နေတာတွေ့ရတယ်။ အဲဒီယဉ်ကျေးမှုဟာ HIV ပျံ့နှံ့ မှုအပေါ် ဘယ်လောက်အထိ သက်ရောက်စေပါသလဲ။
 

တောင်ကြီးမီးပုံးပျံပွဲတော် ယခင်နှစ်ထက် လုံခြုံရေးရဲအင်အား နှစ်ဆအထိ တိုးမြှင့်ချထား

နိုဝင်ဘာ ၁၀ ရက်က ညနေခြောက်နာရီခန့်က စတင်ဖွင့်လှစ်ခဲ့သော တောင်ကြီး မီးပုံးပျံပွဲတော်တွင် လုံခြုံရေးအင်အားကို ယခင်နှစ်ထက် နှစ်ဆတိုးမြှင့်ထားသည်ဟု တန်ဆောင်တိုင်ပွဲတော် ဖြစ်မြောက်ရေး ဆပ်ကော်မတီဝင် အတွင်းရေးမှူး၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးမြင့်ထူးက မဇ္ဈိမကို ပြောသည်။

တိုင်ဖုံးမုန်တိုင်းမ၀င်ခင် ဗီယက်နမ်နဲ့တရုတ် ပြင်ဆင်

မုန်တိုင်းကာကွယ်ပြီး ငါးဖမ်းလှေတွေကို ဘေးလွတ်အောင် ရွှေ့ပြောင်းထားတဲ့ ဗီယက်နမ်နိုင်ငံ၊ Danang မြို့ရဲ့ ဆိပ်ကမ်းမြင်ကွင်း။ (နိုဝင်ဘာ ၁၀၊ ၂၀၁၃)မုန်တိုင်းကာကွယ်ပြီး ငါးဖမ်းလှေတွေကို ဘေးလွတ်အောင် ရွှေ့ပြောင်းထားတဲ့ ဗီယက်နမ်နိုင်ငံ၊ Danang မြို့ရဲ့ ဆိပ်ကမ်းမြင်ကွင်း
ဖိလစ်ပိုင်နိုင်ငံအလယ်ပိုင်းနေရာအတော်များများကို ဖျက်ဆီးပစ်ခဲ့တဲ့ တိုင်ဖုန်းမုန်တိုင်းဟာ ဗီယက်နာမ်နဲ့ တရုတ်နိုင်ငံ ကမ်းရိုးတန်းတွေကို မ၀င်ရောက်ခင်မှာ သက်ဆိုင်ရာအာဏာပိုင်တွေက ကြိုတင်ပြင်ဆင် မှုတွေ အလျင်အမြန်ဆောင်ရွက်ခဲ့ကြပါတယ်။

နိုင်ငံသား ၅၀ ရာခိုင်နှုန်းကို လျှပ်စစ်မီးပေးနိုင်ရေး အမေရိကန်ဒေါ်လာ သန်း ၁,၅၀၀ ခန့် လိုအပ်သည်ဟုဆို

နန်းလွင်နှင်းပွင့်| တနင်္လာနေ့၊ နိုဝင်ဘာလ ၁၁ ရက် ၂၀၁၃ ခုနှစ် 

မြန်မာနိုင်ငံရှိ ပြည်သူ ၅၀ ရာခိုင်နှုန်းခန့်ကို လာမည့် ၂၀၁၅ ခုနှစ်အထိ လျှပ်စစ်မီး အပြည့်အ၀ပေးနိုင်ရန် အမေရိကန်ဒေါ်လာ သန်း ၁၅၀၀ ခန့် လိုအပ်သည်ဟု လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက နိုဝင်ဘာ ၁၀ ရက် ရန်ကုန်မြို့၌ ပါတီများ၊ နိုင်ငံရေးအင်အားစုများ၊ အရပ်ဘက် လူမှု အဖွဲ့ အစည်းများနှင့် တွေ့ဆုံစဉ် ပြောဆိုလိုက်သည်။

ငပလီကမ်းခြေဒေသကို ငပလီမြို့အဖြစ် သတ်မှတ်မည်

ကေဇင်ဦး| တနင်္လာနေ့၊ နိုဝင်ဘာလ ၁၁ ရက် ၂၀၁၃ ခုနှစ်

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်ရှိ ငပလီကမ်းခြေဒေသရှိ ကျေးရွာအုပ်စုလေးခုကို ပေါင်း၍ ငပလီမြို့ အဖြစ် ပြောင်းလဲ သတ်မှတ်မည်ဖြစ်ကြောင်း သံတွဲခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းဝေက နိုဝင်ဘာ ၁၀ ရက်တွင် မဇ္ဈိမကို ပြောသည်။

သုံးမရသည့် ဖွဲ့စည်းပုံအခြေခံဥပဒေဟု NLD နာယက ဦးဝင်းတင် ဝေဖန်

မင်းမင်း| တနင်္လာနေ့၊ နိုဝင်ဘာလ ၁၁ ရက် ၂၀၁၃ ခုနှစ်

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို သုံးမရသည့် ဥပဒေဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယကဦးဝင်းတင်က ဝေဖန်လိုက်ပြီး နိုဝင်ဘာ ၁၀ ရက်တွင် ပြုလုပ်သည့် ရန်ကုန်တိုင်းလုံးကျွတ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဆန္ဒရယူပွဲတွင် အသစ်ပြန်လည်ရေးဆွဲရန် ဆန္ဒပြုလိုက်သည်။

မြန်မာနှင့် အာဆီယံ နိုင်ငံများအကြား ဗီဇာမလိုဘဲ အပြန်အလှန် သွားလာနိုင်ရန် ကျန်အာဆီယံ နိုင်ငံများသို့ တရားဝင် ကမ်းလှမ်း

မြန်မာနိုင်ငံနှင့် အာဆီယံ နိုင်ငံများအကြား ဗီဇာမလိုအပ်ဘဲ အပြန်အလှန် သွားလာနိုင်ရန် ကျန်အာဆီယံ နိုင်ငံများသို့ တရားဝင် စတင်ကမ်းလှမ်းထားကြောင်း နိုင်ငံခြားရေး ၀န်ကြီးဌာန၊ အာဆီယံရေးရာ ဦးစီးဌာနမှ ညွှန်ကြားရေးမှုးချုပ် ဦးအောင်လင်းက ပြောကြားသည်။

အပစ်ရပ်က ဦးစားပေးလား၊ နိုင်ငံရေး ဆွေးနွေးမှုက ဦးစားပေးလား

O-11-11
အောက်တိုဘာ ၃၀ ရက်တွင် စတင်ကျင်းပသော လိုင်ဇာထိပ်သီး ဆွေးနွေးပွဲ ပထမနေ့ မြင်ကွင်း (ဓာတ်ပုံ - နေထွန်းနိုင်)
လိုင်ဇာထိပ်သီး ဆွေးနွေးပွဲနှင့် မြစ်ကြီးနား ဆွေးနွေးပွဲတို့ အပြီးတွင် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး ဖြစ်စဉ် သည် တိုးတက်မှု ရှိလာကြောင်း သုံးသပ်မှုများ ရှိခဲ့သည်။

ဗင်နီဇွဲလားမယ် မယ်စကြ၀ဠာသရဖူဆောင်း

  ၂၀၁၃ ခုနှစ်ရဲ့ မယ်စကြဝဠာ ဗဲင်နီဇွဲလားအလှမယ် Gabriela Isler (အလယ်)
၂၀၁၃ ခုနှစ်ရဲ့ မယ်စကြဝဠာ ဗဲင်နီဇွဲလားအလှမယ် Gabriela Isler 
ဆယ်စုနှစ် ၅ ခုကျော် အတွင်း မြန်မာနိုင်ငံက ပထမဆုံး ၀င်ရောက် ယှဉ်ပြိုင်တဲ့ ၂၀၁၃ ခုနှစ် အတွက် မယ်စကြ၀ဠာ ပြိုင်ပွဲကတော့ မကြာခင် နာရီပိုင်းအတွင်းကပဲ ပြီးစီးသွားခဲ့ပါပြီ။ ဒီပြိုင်ပွဲမှာ မယ်စကြ၀ဠာ ပတ္တမြားသရဖူကို ဘယ်သူ ဆောင်းသွားနိုင်ခဲ့သလဲဆိုတာနဲ့ မြန်မာနိုင်ငံက ၀င်ရောက် ယှဉ်ပြိုင်ခဲ့တဲ့အခြေအနေတွေကို တင်ပြပေးထားပါတယ်။

NLD ပါတီ၏ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအပေါ် ရန်ကုန်တိုင်းလုံးကျွတ် ပြည်သူ့သဘောထား ရယူပွဲသို့ လူဦးရေ ၂၀၀၀၀ ကျော် တက်ရောက်ကာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး တစ်ခဲနက် ဆန္ဒပြု

R-11-11
နိုဝင်ဘာ ၁၀ ရက်က ပြုလုပ်ခဲ့သည့် ရန်ကုန်တိုင်းလုံးကျွတ် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာ ပြည်သူ့ဆန္ဒသဘောထား ရယူရေး လူထုဟောပြောပွဲ ကျင်းပနေစဉ်
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေအပေါ် ပြင်ဆင်ရေး (သို့မဟုတ်) အသစ်ပြန်လည် ရေးဆွဲရေး ရန်ကုန်တိုင်းလုံးကျွတ် ပြည်သူ့ဆန္ဒ သဘောထား ရယူပွဲကို နိုဝင်ဘာ ၁၀ ရက်က ဗဟန်းမြို့နယ် ဗိုလ်စိန်မှန် အားကစားကွင်း၌ ပြုလုပ်ခဲ့ရာ လူဦးရေ ၂၀၀၀၀ ကျော် တက်ရောက်ခဲ့ပြီး တက်ရောက်လာသူ အများစုမှာ ဖွဲ့စည်းပုံ ပြင်ဆင်ရေး လမ်းကြောင်းအား တစ်ခဲနက် ဆန္ဒပြုခဲ့ကြသည်။

နိုင်ငံရေး ပါတီများ၏ ခေါင်းဆောင်များနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ယခုနှစ် ဒီဇင်ဘာ မတိုင်မီ ထိုင်းနိုင်ငံ ချင်းမိုင်တွင် တွေ့ဆုံဆွေးနွေးနိုင်ရန် အစိုးရမှ စီစဉ်

နိုင်ငံရေး ပါတီများ၏ ခေါင်းဆောင်များနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ယခုနှစ် ဒီဇင်ဘာ မတိုင်မီ ထိုင်းနိုင်ငံ ချင်းမိုင်တွင် တွေ့ဆုံဆွေးနွေးနိုင်ရန် စီစဉ်ထားကြောင်း နိုဝင်ဘာ ၁၀ ရက်က ရန်ကုန်မြို့ရှိ Myanmar Peace Center တွင် အစိုးရအဖွဲ့ ၀န်ကြီးများနှင့် နိုင်ငံရေး ပါတီများမှ ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြောကြားသည်။

အခွန်ရှောင်သူများ ရှိနေပြီး အများလိုက်နာနိုင်သည့် အခွန်ဥပဒေများ ပြဋ္ဌာန်းမည်ဟု မိတ္ထီလာမြို့ ဒေသခံများနှင့် တွေ့ဆုံစဉ် သူရဦးရွှေမန်း ပြောကြား

T-11-11
ပြည်ထောင်စုလွှတ်တော် နာယကနှင့် မိတ္ထီလာမြို့ ဒေသခံများ တွေ့ဆုံဆွေးနွေးစဉ်
ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းနှင့် မိတ္ထီလာမြို့ ဒေသခံများ နိုဝင်ဘာ ၁၀ ရက်တွင် တွေဆုံခဲ့ကြသည်။ ထို့ပြင် မန္တလေးတိုင်း ဒေသကြီး အတွင်းရှိ ကျောက်ဆည်၊ ၀မ်းတွင်းနှင့် မိတ္ထီလာမြို့များရှိ ပြည်ထောင်စု ကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကော်မတီဝင်များနှင့် တွေ့ဆုံခဲ့သည်။

Sunday, November 10, 2013

၁၀ လတာ ကာလအတွင်း နိုင်ငံတစ်ဝန်းလုံးတွင် မီးလောင်မှု ၁၄၂၈ ကြိမ် ဖြစ်ပွားခဲ့ပြီး ပေါ့ဆ၍ လောင်သောမီးမှာ အများဆုံးဖြစ်ခဲ့

L-10-11
စက်တင်ဘာလအတွင်း မင်္ဂလာဒုံစက်မှုဇုန် A1 အထည်ချုပ်စက်ရုံ မီးလောင်မှု ဖြစ်ပွား ခဲ့ပြီးနောက် တွေ့ ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)
ဆယ်လတာ ကာလအတွင်း နိုင်ငံတစ်ဝန်းလုံးတွင် မီးလောင်မှု ၁၄၈၂ ကြိမ် ဖြစ်ပွား ခဲ့ပြီး ပေါ့ ဆ၍ လောင်သောမီးမှာ အများဆုံးဖြစ်ခဲ့၍ မီးလောင်မှုများကြောင့် သေဆုံးသူ ၅၅ ဦးထိ ရှိခဲ့ကြောင်း ဦးစီးဌာန၏ စာရင်းဇယားများအရ သတင်းရရှိပါသည်။

ပညာရေး ကော်မတီဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ညွန့် လက်ထက်မှစ၍ ပိတ်ပင်ခဲ့သည့် တက္ကသိုလ် အဆောင်နေခွင့် ရရှိစေရန် သက်ဆိုင်ရာသို့ တင်ပြထား

D.10.11
ရန်ကုန်မြို့ အင်းစိန်မြို့နယ်ရှိ ရန်ကုန် စက်မှုတက္ကသိုလ် ၀င်းအတွင်းမှ အဆောင်တစ်ခုအား တွေ့ရစဉ်
ပညာရေး ကော်မတီဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ညွန့် လက်ထက် ၁၉၉၆ ခုနှစ်မှ စတင်ပြီး ကျောင်းသားများ စုစည်းနေထိုင်ခွင့် ရခဲ့သည့်တက္ကသိုလ်များ အဆောင်နေခွင့်ကို ပိတ်ပင်ခဲ့ပြီးနောက် ရန်ကုန် နည်းပညာတက္ကသိုလ် (YTU) နှင့် မန္တလေး နည်းပညာတက္ကသိုလ် (MTU) တို့တွင် ၂၀၁၃-၁၄ ပညာသင်နှစ်မှ စတင် တက်ရောက်ကြမည့် ကျောင်းသား ကျောင်းသူများ အဆောင်နေထိုင်ခွင့် ရရှိရန် အဆင့်မြင့် နည်းပညာတက္ကသိုလ်များ ဦးစီးကော်မတီမှ သက်ဆိုင်ရာသို့ တင်ပြထားကြောင်း သိရသည်။

ဆင်ဦးစီးကို အစွယ်ဖြင့်ထိုးခဲ့သော ဆင်ဖြူတော်အား အခြားသူများ ထပ်မံမထိခိုက်စေရန် ဥယျာဉ်ဝင်းအတွင်း ပြောင်းရွှေ့ထား

R-10-11
ဆင်ဖြူဥယျာဉ်အတွင်း ဆက်လက်ပြသထားသော ဆင်ဖြူတော် (အမ)နှစ်ကောင်
ဆင်ဦးစီးကို အစွယ်ဖြင့် ထိုးခဲ့သော ဆင်ဖြူတော်ကို အခြားသူများ ထပ်မံမထိခိုက် စေရန်နှင့် မုန်ယိုနေသော ကာလဖြစ်သောကြောင့် မူလထားရှိသည့် နေရာမှ ရတနာ ဆင်ဖြူတော် ဥယျာဉ်ဝင်း၏ အတွင်းပိုင်းနေရာသို့ ပြောင်းရွှေ့ထားကြောင်း သိရသည်။

လျှပ်စစ်ဓာတ်အားခ နှုန်းထားနှင့် ပတ်သက်၍ ပြည်ထောင်စု လွှတ်တော်၏ ဆန္ဒနှင့် ဆုံးဖြတ်ချက်အတိုင်း နာခံလိုက်နာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပြောကြား

T-10-11
စက်မှုဇုန် လုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲ၌ လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုး ရှင်းလင်းပြောကြားနေစဉ်
လျှပ်စစ်ဓာတ်အားခ နှုန်းထားနှင့် ပတ်သက်၍ ပြည်ထောင်စု လွှတ်တော်၏ ဆုံးဖြတ်ချက်အတိုင်း နာခံလိုက်နာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက နိုဝင်ဘာ ၉ ရက် မွန်းလွဲပိုင်းက ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေး အဖွဲ့တွင် စက်မှုဇုန် လုပ်ငန်းရှင်များနှင့် တွေ့ဆုံရာ၌ ပြောကြားခဲ့သည်။

Saturday, November 9, 2013

တပ်မတော်သို့ မိမိ ဆန္ဒအတိုင်း ၀င်လိုကြသည့် အမျိုးသမီး ဗိုလ်လောင်းများ၏ အဖြစ်အပျက်အချို့

မြန်မာ့တပ်မတော်တွင် ဘွဲ့ရ အမျိုးသမီး ဗိုလ်လောင်းများအဖြစ် တာဝန်ထမ်းဆောင်ရန် ရန်ကုန်တိုင်း တစ်တိုင်းတည်းမှ လျှောက်ထား သူဦးရေ သုံးထောင်ခန့် ရှိသည်အထိ လျှောက်ထားသူ များပြားလျက် ရှိပြီး ကြိုတင် မကြေညာသော ကန့်သတ်ချက် အချို့ကြောင့် လျှောက်ထားခွင့် မရခဲ့သူများ ရှိနေသည်။ 

ပခုက္ကူနှင့် ပေါက် ကားလမ်းပိုင်းပေါ်ရှိ ကျောချောင်းအတွင်း ချောင်းရေနည်းပါး သွားသော်လည်း ကားကြီးများ ဖြတ်ကူးရာတွင် စက်ချို့ယွင်းမှု မကြာခဏကြုံတွေ့

ပခုက္ကူ နှင့် ပေါက် ကားလမ်းပိုင်းပေါ်ရှိ ကျောချောင်းအတွင်း ချောင်းရေနည်းပါး သွားသော်လည်း ကားကြီးများ ဖြတ်ကူးရာတွင် ကားအင်ဂျင်များ အတွင်း ချောင်းရေ၀င်ရောက်မှုကြောင့် စက်ချို့ယွင်း မှုများ မကြာခဏ ကြုံတွေ့နေပြီး ကားငယ်များမှာ စက်ချို့ယွင်းမှု မဖြစ်စေရန် ကြိုးဖြင့် ဆွဲ၍ ဖြတ်ကူးနေရကြောင်း ခရီးသွားများနှင့် ယာဉ်မောင်းများထံမှ သိရသည်။

အစိုးရက ကန့်သတ်ကုန်ပစ္စည်းအဖြစ် သတ်မှတ်ထားသော အရက်၊ ဘီယာနှင့် ၀ိုင်များကို ဟိုတယ်နှင့် ခရီးသွား ၀န်ကြီးဌာန၏ ထောက်ခံချက်ဖြင့် အဆင့်မီဟိုတယ် အများစုကိုသာ တင်သွင်းခွင့်ပြုထား

အစိုးရက ကန့်သတ်ကုန် ပစ္စည်းအဖြစ် သတ်မှတ်ထားသော အရက်၊ ဘီယာနှင့် ၀ိုင်များကို ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာန၏ ထောက်ခံချက်ဖြင့် အဆင့်မီဟိုတယ် အများစုနှင့် (Duty Free) အခွန်ကင်းလွတ်ခွင့် ပေးထားသော ဆိုင်များကိုသာ တင်သွင်းရောင်းချခွင့် ပေးထားကြောင်း သိရသည်။

အစိုးရအဖွဲ့ အနေဖြင့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် လွှတ်တော် ကိုယ်စားလှယ်များကို အသိပေးပြီး ဆောင်ရွက်ရန် တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ သတိပေး

နိုဝင်ဘာ ၇ ရက်က ထားဝယ်မြို့ရှိ တိုင်းဒေသကြီး လွှတ်တော်တွင် ကျင်းပပြီးစီးခဲ့သည့် ပထမအကြိမ် တနင်္သာရီတိုင်း ဒေသကြီးလွှတ်တော် န၀မပုံမှန် အစည်းအဝေး ဒုတိယနေ့တွင် တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌက အစိုးရအဖွဲ့ အနေဖြင့် ဆင်းရဲမှု လျှော့ချရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင်

လျှပ်စစ်မီတာခ လျှော့ချရေး ရန်ကုန်မြို့တွင် တတိယမြောက် နေ့အဖြစ် ဆက်လက်ဆန္ဒပြ

8.1.1
နိုဝင်ဘာ ၈ ရက်တွင် လျှပ်စစ်မီတာခ တိုးမြှင့်ကောက်ခံခြင်းနှင့် ပတ်သက်၍ ဆန္ဒပြသူများကို တွေ့ရစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)
တိုးမြှင့်ကောက်ခံသော လျှပ်စစ်မီတာခ လျှော့ချရေးအတွက် ဆန္ဒပြမှုအရှိန် မြင့်မားလာပြီး ရန်ကုန်မြို့တွင် တတိယမြောက်နေ့အဖြစ် ဆန္ဒပြမှုကို နိုဝင်ဘာ ၈ ရက်၊ ညနေ ၆ နာရီမှ စတင်ပြုလုပ်ခဲ့ပြီး ပြည်သူများ ပူးပေါင်းပါဝင်မှု ယမန်နေ့များထက် ပိုမိုများပြားလာကြောင်း သိရသည်။

ဖိလစ်ပိုင်မှာ တိုင်ဖုန်းမုန်တိုင်း တိုက်ခတ်

တစ်နာရီ ၁၉၉ မိုင် နှုန်းနဲ့ တိုက်ခတ်နေတဲ့ ဟိုင်ရန် တိုင်ဖုန်း မုန်တိုင်းဟာ ဖိလစ်ပိုင် နိုင်ငံ ကုန်းတွင်း ပိုင်းကို သောကြာနေ့က ၀င်ရောက်ခဲ့ပြီး မနီလာမြို့ကို ဖြတ်သန်း တိုက်ခတ်သွားပါတယ်။

ဘောလုံးကွင်းထဲ ရေကူးလို့ သတိပေးခံရသူ ကစားသမား

ဆွမ်စီးအလယ်တန်း ကစားသမား ဂျွန်ဂျိုရှယ်ဗေးသည် ကာဒစ်ဖ်နှင့်ကစားခဲ့သည့် ဝေးလ်ဒါဘီပွဲစဉ်တွင် ကာဒစ်ဖ် ပရိသတ်များအား ရေကူးသည့် ပြုအမူ ပြုလုပ်ပြခဲ့သော်လည်း အက်ဖ်အေ၏အရေးယူခြင်း ခံရမည့် အရေးမှ လွတ်မြောက်သွားခဲ့ကြောင်း သိရသည်။ 

အီးယူမှပေးသည့် GSP အခွင့်အရေး မြန်မာမှ စတင်ရရှိချိန်တွင် အိမ်နီးချင်း နိုင်ငံများမှာ EU ခံစားခွင့် ကုန်တော့မည် ဖြစ်သည့်အတွက် ရင်းနှီးမြှုပ်နှံမှုများ ၀င်လာနိုင်

မြန်မာနိုင်ငံသည် အီးယူမှပေးသည့် GSP အခွင့်အရေး စတင်ရရှိချိန်တွင် အိမ်နီးချင်း နိုင်ငံများ၏ GSP ခံစားခွင့်မှာ ကုန်ဆုံးတော့မည် ဖြစ်သည့်အတွက် ယင်းနိုင်ငံများ၏ ရင်းနှီးမြှုပ်နှံမှုများ ၀င်လာနိုင်ကြောင်း ရေထွက်ပို့ကုန် လုပ်ငန်းရှင်များက သုံးသပ် ပြောကြားသည်။

အခြေခံဥပဒေဆိုင်ရာ လူထုဆွေးနွေးပွဲ တောင်ကြီးမှာကျင်းပ

Photo: အခြေခံဥပဒေဆိုင်ရာ လူထုဆွေးနွေးပွဲ တောင်ကြီးမှာကျင်းပ
Saturday, November 9, 2013

ရှမ်းပြည်နယ်အခြေစိုက် အရပ်ဘက်လူမှုအဖွဲ့အစည်းတွေနဲ့ စုပေါင်းထားတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ပြည်သူ့ကွန်ရက် (ရှမ်းပြည်နယ်) က ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ပတ်သက်ပြီး လူထုဆွေးနွေးပွဲတစ်ခုကို ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့မှာ ဒီနေ့ကျင်းပခဲ့ပါတယ်။

အခြေခံဥပဒေပြင်ဆင်ရေးမှာ ပြည်သူတွေပါဝင်လာအောင် ဆွေးနွေးပွဲကျင်းပတာဖြစ်တယ်လို့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း(ရှမ်းပြည်) အဖွဲ့ဝင် ကိုနေမျိုးက ပြောပါတယ်။

ဒီဆွေးနွေးပွဲမှာ လက်ရှိတပ်မတော်ရဲ့အခန်းကဏ္ဍနဲ့ ပြည်ထောင်စုစစ်တပ်ဖွဲ့စည်းပေါ်ပေါက်ရေး၊ အမျိုးသားပြန်လည်ရင်ကြားစေ့သင့်မြတ်ရေးနဲ့ လက်ရှိ အုပ်ချုပ်ရေးအာဏာ ခွဲဝေကျင့်သုံးမှုပုံစံ စတဲ့ ခေါင်းစဉ်တွေနဲ့ ဆွေးနွေးခဲ့ကြပါတယ်။

ဒီနေ့ဆွေးနွေးပွဲကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီ(USDP)၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ(SNDP)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO)၊ ရှမ်းပြည်လူမျိုးပေါင်းစုံလွတ်မြောက်ရေးအဖွဲ့ (ရ.လ.လ.ဖ)၊ စတဲ့ အဖွဲ့တွေအပြင် အရပ်ဘက်လူမှုအဖွဲ့အစည်းတွေက ကိုယ်စားလှယ်စုစုပေါင်း ၂၀၀ နီးပါး တက်ရောက်ခဲ့ကြပါတယ်။

RFA Burmese
ရှမ်းပြည်နယ်အခြေစိုက် အရပ်ဘက်လူမှုအဖွဲ့အစည်းတွေနဲ့ စုပေါင်းထားတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ပြည်သူ့ကွန်ရက် (ရှမ်းပြည်နယ်) က ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ပတ်သက်ပြီး လူထုဆွေးနွေးပွဲတစ်ခုကို ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့မှာ ဒီနေ့ကျင်းပခဲ့ပါတယ်။

ထိုင်းမှာ ရောင်းစား ခံရသူ မြန်မာ ၂၆ ဦး ကယ်တင်နိုင်ခဲ့



Photo: ထိုင်းမှာ ရောင်းစား ခံရသူ မြန်မာ ၂၆ ဦး ကယ်တင်နိုင်ခဲ့
Saturday, November 9, 2013

ထိုင်းနိုင်ငံဘန်ကောက်မြို့ မြောက်ဘက် ကီလိုမီတာ၁၀၀ခန့်ကွာဝေးတဲ့ ပထုံဌာနီမြို့နယ်ထဲက ပလတ်စတစ် ပစ္စည်းအဟောင်းတွေကို သန့်စင်တဲ့ စက်ရုံတခုထဲမှာ ရောင်းစားခံထားရတဲ့ မြန်မာနိုင်ငံသား ၂၆ဦးကို ထိုင်းအစိုးရ လူကုန်ကူးမူတိုက်ဖျက်ရေးအဖွဲ့တွေနဲ့အတူ ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများ အဖွဲ့က ပူးပေါင်း ကယ်တင်နိုင်ခဲ့ပါတယ်။ ထိုင်းအခြေစိုက် ဗွီအိုအေ သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံထဲကို လူပွဲစားတွေက အလုပ်အကိုင်ကောင်းတွေရမယ်ဆိုတဲ့ မက်လုံးတွေနဲ့ ဘုရားသုံးဆူ၊ ပဲခူး၊ ရန်ကုန်၊ ဘီလင်း ကျိုက်ထိုစတဲ့နေရာ အသီးသီးကနေ လာကြတဲ့ မြန်မာနိုင်ငံသား ၂၀ကျော်ကို နိုဝင်ဘာလ ၈ရက်နေ့ညပိုင်းမှာ ထိုင်းလူကုန်ကူးမူတိုက်ဖျက်ရေးရဲတွေရဲ့အကူအညီနဲ့ ကယ်တင်နိုင်ခဲ့ကြောင်း ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့ရဲ့ ဒါရိုက်တာဦးကျော်သောင်းက ဆိုပါတယ်။

"ဗမာက စုစုပေါင်း ၂၆ယောက်၊ ကျားက ၁၀ယောက်၊ မက ၁၆ယောက်။ သူဌေးက မဝင်နဲ့ ခြံထဲ မဝင်နဲ့၊ ဘာညာဆိုတော့ ရဲကား ၁၀စီးနဲ့ရဲ အင်အား ၄၀လောက်ကို သုံးတာ။ မနေ့က ရဲနှစ်ယောက်က အဲ့စက်ရုံပတ်ဝန်းကျင်ကို ဓာတ်ပုံလာရိုက်တာ၊ အဲ့သူဌေးက လက်နက်ရှိတယ်လို့ သတင်းရတဲ့အတွက် ဒီနေ့ ရဲတဝက်လောက်မှာ ကျည်ကာအကျီတွေပါတယ်။ ဝတ်ထားတယ်။"

ပလက်စတစ်အဟောင်းပစ္စည်းတွေကို သန့်စင်တဲ့ စက်ရုံဖြစ်ပြီး ပထုံဌာနမြို့နယ်ထဲက ရွာတရွာမှာ ရှိတာပါ။ စက်ရုံမှာရောင်းစားခံ ထားရတဲ့မြန်မာတွေကို ထွက်ပြေးမှာစိုးရိမ်ပြီး စက်ရုံပတ်လည်မှာ လျှပ်စစ်ဓါတ်အားများ လွှတ်ထားတယ်လို့ အလုပ်သမားတွေကဆိုပါတယ်။

"အဓိက မထွက်ပြေးအောင်ပေါ့နော်။ ထွက်ပြေးရင် လျှပ်စစ်ထိပြီးတော့၊ လျှပ်စစ်က ဝင်းအပြည့်မှာ အကုန်လုံးလွှတ်ထားတာ။ လျှပ်စစ်စီးတာက အမည်းရောင် အဲ့ဒီ့အစိမ်းရောင်ကို သွားထိရင် လျှပ်စစ်ထိတယ်။ အဲ့ဒီ့ကြိုးအနီကို ထိရင် လျှပ်စစ်မလိုက်ဘူး။ အဲ့လိုမျိုး။ ခြံစည်းရိုးပတ်ပတ်လည် သွယ်ထားတာဗျ။ ကျနော်တို့ အခန်းဘေးမှန်သမျကို သွယ်ထားတယ်။ မိန်း မချထားဘူး။ ထွက်ပြေးမယ်ဆိုရင် ရှော့ခ် လိုက်မယ်ပေါ့။ အဲ့လိုမျိုး တားထားတာ၊ အဲ့စက်ရုံ၊ အမှိုက်ရုံကြီးက ကြာပြီ။ အဲ့အမှိုက်တွေထဲက ရတဲ့ကော်တွေကို ရွေးယူတယ်။ ယူပြီးတော့ စက်နဲ့ပြန်ကြိတ်တယ်။ ကြာကြာနေတော့ လူက လုပ်မနိုင်ဘူး။ ဖျားတယ်။ နာတယ်။ အဲ့လို ဖျားလို့ နာလို့ တရက်နားလို့ဆိုရင်လည်း တရက်စာ ဖြတ်တယ်။"

ရဲတွေကက သံဆူးကြိုးတွေကြားမှာ လျှပ်စစ်စီးတဲ့ ကြိုးများကို စစ်ဆေးမူတွေ လုပ်ခဲ့တယ်လို့လည်း ကယ်ဆယ်ရေးလုပ်ဆောင်သူတွေကဆိုပါတယ်။

ပြန်လွတ်လာသူတွေထဲက အမျိုးသမီးတဦးကတော့ အခုလိုပြောပြပါတယ်။

" ဘယ်မှလည်း မသွားရ၊ ဘယ်မှလည်း မထွက်ရဆိုတော့ အဲ့လိုမျိုး ချုပ်ချယ်တာပေါ့နော်။ တရက်နားရင် နှစ်ရက်စာဖြတ်မယ်လို့ပြောတယ်။ ကျမတို့ကို ခြောက်တယ်ပေါ့။ အမျိုးမျိုးပေါ့နော်။ "

ပြန်လွတ်လာသူတွေဟာ ပွဲစားတွေရဲ့ ရောင်းစားတာကို ခံရပြီးတော့ ပိတ်လှောင်ခံထားခဲ့ရတယ်လို့ ဆိုပါတယ်။

"သမီးတို့လာတာက နာနတ်သီးရုံဆိုပြီး ခေါ်လာတာ။ အခုလာတာက အမှိုက်ကောက်တဲ့ရုံမှာ။ တအားကျဉ်းကျုပ်နေတာပဲ။ သူဌေးက အကုန်လုံး သိမ်းပိုက်ထားတယ်ပေါ့။ အကုန်လုံး ဘယ်မှ မပေးထွက်၊ မပေးလာ၊ ပါတဲ့ဖုန်းတွေကိုလည်း အကုန်သိမ်း၊"

ဘုရားသုံးဆူကနေ တဆင့် လူအုပ်စုတွေ လာကြတဲ့အခါမှာပွဲစားတွေက သူတိုတွေကို ကားတွေထဲ ဖွက်ပြီး သယ်ဆောင်လာပုံကိုလည်း လွတ်မြောက်လာသူတဦးကပြောပြပါတယ်။

"ပုလင်းကားလေ၊ ဘုရားသုံးဆူဆင်းတဲ့ကား၊ ဒါပေမဲ့ အလွတ်ပဲ ပုလင်းတွေပါတယ်။ အရည်တွေ မပါတော့ဘူး။ အဲ့တာအပြည့်ပဲ။ ကားခေါင်း ဒီဘက်နည်းနည်းကျော်လာရင် အခန်းတခန်းလုပ်ထားတယ်။ အခန်းထဲမှာ လူ၁၀ယောက်၊ ၁၂ယောက် ထားလို့ရတယ်။ အသက်ရူကျပ်တယ်ဗျ။ အန်တဲ့သူအန်၊ မူးတဲ့သူ မူး၊ ကျနော်တို့ မက်တပ်ရပ်တဲ့ ခေါင်းပေါ်မှာ ပန်ကာထားထားပေးတယ်။ အဲ့ဒီ့အခန်းကို အကုန်လုံးချပြီး ရှာမှ တွေ့နိုင်မယ်။"

အလုပ်ရှင်သူဌေး လင်မယား ၂ဦးနဲ့ မြန်မာပွဲစား ၃ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ဆိုပါတယ် မြန်မာ၂၆ဦးနဲ့အတူ လာအိုနိုင်ငံသား ၂၄ဦးလည်းလွတ်မြောက်လာတယ်လို့ဆိုပါတယ်။

ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့ကတော့ ၂၀၁၃ခုနှစ်အတွင်းမှာ လူကုန်ကူးခံရတဲ့အမူပေါင်း ၃၉မူထဲက လူ၂၅၇ယောက်ကို ကယ်တင်နိုင်ခဲ့ပြီးဖြစ်ကြောင်း ပြောပြခဲ့ပါတယ်။

VOA
ထိုင်းနိုင်ငံဘန်ကောက်မြို့ မြောက်ဘက် ကီလိုမီတာ၁၀၀ခန့်ကွာဝေးတဲ့ ပထုံဌာနီမြို့နယ်ထဲက ပလတ်စတစ် ပစ္စည်းအဟောင်းတွေကို သန့်စင်တဲ့ စက်ရုံတခုထဲမှာ ရောင်းစားခံထား ရတဲ့ မြန်မာနိုင်ငံ သား ၂၆ဦးကို ထိုင်းအစိုးရ လူကုန်ကူးမူတိုက်ဖျက်ရေးအဖွဲ့တွေနဲ့အတူ ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံ သားများ အဖွဲ့က ပူးပေါင်း ကယ်တင်နိုင်ခဲ့ပါတယ်။ ထိုင်းအခြေစိုက် ဗွီအိုအေ သတင်းထောက် မအေးအေးမာ က သတင်းပေးပို့ထားပါတယ်။

Friday, November 8, 2013

B သွေးတွေရဲ့ မကောင်းတဲ့ အကျင့်စရိုက်များ

Photo: B သွေးတွေရဲ့ မကောင်းတဲ့ အကျင့်စရိုက်များ 

B သွေးတွေဟာဆိုရင် အဓိက အားဖြင့် ယုံကြည်မှုလွန်ကဲကြတယ်..
အစွဲအလန်းကြီးတယ်.. အစွန်းရောက်တတ်ကြတယ်.. 
အနိုင်ထက် အရှုံးကိုယှဉ်ဆိုင်ရမှာ မလိုလားတဲ့သူတွေဖြစ်ကြပါတယ်..

B သွေးအများစုကိုကြည့်မယ်ဆိုရင် သူငယ်ချင်းကို ချစ်သူထက် ပိုပြီး 
ခင်မင်တွယ်တာ တတ်တဲ့သဘောရှိပါတယ်.. ဒီအချက်ဟာဆိုရင်
B သွေးတွေရဲ့အဓိက အားနည်းချက်ဖြစ်ပါတယ်.. လောကမှာ 
သူငယ်ချင်းကောင်းဆိုတာနာမည်သာကြားကောင်းယုံဖြစ်ပြီး 
တကယ့်လက်တွေ့မှာ ရှာဖွေရန် အင်မတန်ခက်ခဲသော အရာတစ်ခု
ဖြစ်ပါတယ်.. ဒီတော့.. B သွေးတွေကြုံတွေ့ရတဲ့ ပြဿနာကဆိုလျှင်
သူငယ်ချင်းပေါ်အယုံကြည်လွန်ပြီး.. သူငယ်ချင်းများက B သွေးပိုင်ရှင်
များကိုခုတုံးလုပ်ပြီး အနိုင်ယူတတ်ခြင်းပါပဲ.. ဘီသွေးတွေရဲ့ သည်းခံခြင်း
ခွင့်လွှတ်ခြင်း အေးဆေးစွာပြုမူနေထိုင်ခြင်းကို အခွင့်ကောင်းယူကာ
အနိုင်ယူခြင်းကြောင့်.. B သွေးအများစုဟာ သူငယ်ချင်းများ၏ အနိုင်ယူမှု 
ကိုခံကြရတဲ့သူများဖြစ်တယ်..

ချစ်သူရည်းစားအနေဖြင့် ပြောရလျှင် B သွေးများဟာ သံယောဇဉ်ကြီးတတ်
ခြင်းသံယောဇဉ်အမျှင်တန်းတတ်ခြင်း ဆိုတဲ့အချက်များကြောင့် ခံစားချက်ကြီးတတ်ကြပါတယ်...မေ့ပျောက်ရခက်ခဲတတ်ပါတယ်..

နောက်ပြီး B သွေးတွေဟာ စိတ်ခံစားချက် အရမ်းပြင်းထန်တတ်ကြပါတယ်. 
ဒီတော့ ဘီသွေးတွေ ကြုံတွေ့ရတာဟာ စိတ်ကျလွယ်တယ်.. ညဘက်ဆို တော်တော်နဲ့ အိပ်မပျော်ခြင်း စိတ်ဖိစီးမှုများခြင်း စတဲ့အရာတွေကိုကြုံတွေ့ရတတ်ပါတယ်.. ဘီသွေးတွေဟာဆိုရင် ကိုယ့်ကိစ္စထက်သူများ ကိစ္စကို ခေါင်းထဲပိုထည့်ထားတတ်ကြပါတယ်.. ဒါကလဲ သူတို့ရဲ့ အားနည်းချက် တစ်ခုပါ.. 

B သွေးများဟာတော်တော်နဲ့ မရောင့်ရဲလွယ်ကြပါဘူး သူများအပေါ်ကောင်း
သလောက် ကိုယ့်အပေါ်ကိုလည်းပြန်ကောင်းစေချင်တဲ့သူမျိုးတွေပါ.. ဒါပေမဲ့ တစ်ဖက်လူက ကိုယ့်အပေါ်ကို ပြန်တော့ကောင်းပေးပေမဲ့. ကိုယ့်စိတ်ထဲမှာ အားမလို အားမရဖြစ်နေတတ်ပါတယ်.. ကိုယ့်တစ်ယောက်ထဲကိုပဲ ဂရုစိုက်စေချင် ကောင်းစေချင်တဲ့ အတ္တတွေလည်းသိပ်များတဲ့ သူတွေပါပဲ.. 

ဒီတော့ချစ်သူရည်းစားကြားတွေမှာလဲ ကိုယ့်ချစ်သူ B သွေးပိုင်ရှင်လေးကို နားလည်မှုအပြည့်အ၀ထားပြီး.. အပေါ်က ပြောခဲ့တဲ့ အချက်ကလေးကို ဂရုစိုက်ပြီး ရွှေလက်ခိုင်ခိုင်မြဲနိုင်ကြပါစေလို့..ဆုတောင်းပေးလိုက်ပါတယ်..

***Fans***အားလုံးကိုလေးစားချစ်ခင်လျှက်

credit>>>B သွေးပိုင်ရှင်ချောချောလေးများ
B သွေးတွေဟာဆိုရင် အဓိက အားဖြင့် ယုံကြည်မှုလွန်ကဲကြတယ်..
အစွဲအလန်းကြီးတယ်.. အစွန်းရောက်တတ်ကြတယ်.. 
အနိုင်ထက် အရှုံးကိုယှဉ်ဆိုင်ရမှာ မလိုလားတဲ့သူတွေဖြစ်ကြပါတယ်..