Saturday, December 28, 2013

မလေးရှားမှာပိတ်မိနေတဲ့ မြန်မာအလုပ်သမားများကို မြန်မာသံရုံးအရာရှိတွေမနက်ဖြန်တွေ့မည်

Photo: မလေးရှားမှာပိတ်မိနေတဲ့ မြန်မာအလုပ်သမားများကို မြန်မာသံရုံးအရာရှိတွေမနက်ဖြန်တွေ့မည် 
Saturday, December 28, 2013

မလေးရှားနိုင်ငံ ဆာရာဝပ်ပြည်နယ်၊ မီရီမြို့မှာ အင်ဒိုနီးရှားနိုင်ငံသား အလုပ်သမားတွေက ရန်ပြုတာကြောင့် ပိတ်မိနေတဲ့ မြန်မာအလုပ်သမား ၉၈ ယောက်ကို မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးက သံအရာရှိတွေနဲ့ အလုပ်သမားအေဂျင်စီက ကိုယ်စားလှယ်တွေ မနက်ဖန်မှာ သွားရောက်တွေ့ဆုံမယ်လို့ သိရပါတယ်။

အဲဒီဒုက္ခရောက်နေတဲ့ မြန်မာနိုင်ငံသား အလုပ်သမားတွေနဲ့ တွေ့ဆုံပြီးမှသာ အကြောင်းစုံကိုပြောနိုင်မယ်လို့ မလေးရှားနိုင်ငံ မြန်မာသံရုံးက မြန်မာအလုပ်သမားကိစ္စတွေကို တာဝန်ယူဖြေရှင်းပေးနေတဲ့ ဦးစိုးဝင်းက RFA ကို အခုလို ပြောပါတယ်။

"တွေ့တဲ့အခြေအနေပေါ်မှာ မူတည်ပြီးတော့ ပြောမှရမှာ၊ အခုလောလောဆယ်ကတော့ အမျိုးမျိုးပြောနေကြတာ၊ အလုပ်သမားဘက်က တစ်မျိုးပြောလိုက်၊ အလုပ်ရှင်ဘက်က တစ်မျိုးပြောလိုက်၊ မီဒီယာတွေက ပြောလိုက်ဆိုတော့၊ သူတို့စာချုပ်ချုပ်ထားတာ ဘယ်လိုချုပ်ထားတာလဲ၊ ဒီစာချုပ်တွေကို ကျနော်တို့ကကြည့်ပြီးတော့မှ မျက်နှာချင်းဆိုင်တွေ့ပြီးတော့မှ မေးမြန်းပြီးတော့ စာရွက်တွေထုတ်ခိုင်းပြီးတော့ ဒါမှညှိလို့ရမှာ"

ဘရူနိုင်းနိုင်ငံနယ်စပ်အနီး မလေးရှားနိုင်ငံ ဆာရာဝပ်ပြည်နယ်၊ ရှင်ယန်းသင်္ဘောကျင်းမှာ အလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံသား အလုပ်သမားတွေဟာ ပြီးခဲ့တဲ့ တနင်္လာနေ့ညနေက ဈေးဝယ်ထွက်ချိန်မှာ အင်ဒိုနီးရှားအလုပ်သမားတွေရဲ့ ရန်ပြုခံခဲ့ကြရတာဖြစ်ပါတယ်။

အဲဒီနောက် အခြေအနေပိုဆိုးလာခဲ့ပြီး သင်္ဘောကျင်းက မြန်မာအလုပ်သမား ၉၈ ယောက် ဂိုဒေါင်တစ်ခုမှာ ပုန်းအောင်းနေရတာ ၅ ရက်မြောက် ရှိပြီဖြစ်ပါတယ်။

အဲဒီအလုပ်သမားတွေကို မလေးရှားနိုင်ငံမှာ အလုပ်လုပ်နိုင်ဖို့အတွက် မြန်မာနိုင်ငံ ရန်ကုန်မြို့အခြေစိုက် အာဘာဖီကုမ္ပဏီက ပို့ဆောင်ပေးခဲ့တာဖြစ်ပါတယ်။

RFA Burmese
မလေးရှားနိုင်ငံ ဆာရာဝပ်ပြည်နယ်၊ မီရီမြို့မှာ အင်ဒိုနီးရှားနိုင်ငံသား အလုပ်သမားတွေက ရန်ပြုတာကြောင့် ပိတ်မိနေတဲ့ မြန်မာအလုပ်သမား ၉၈ ယောက်ကို မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးက သံအရာရှိတွေနဲ့ အလုပ်သမားအေဂျင်စီက ကိုယ်စားလှယ်တွေ မနက်ဖန်မှာ သွားရောက်တွေ့ဆုံမယ်လို့ သိရပါတယ်။

လယ်သမားဆင်းရဲမွဲတေမှု ဖြေရှင်းဖို့ ဝန်ကြီး ဦးမြင့်လှိုင် ပြောကြား

မြန်မာနိုင်ငံဟာ စိုက်ပျိုးရေးကို အဓိကအားထားတဲ့ နိုင်ငံဖြစ်တဲ့အတွက် တောင်သူလယ်သမားတွေ ဆင်း ရဲနေသမျှ တိုင်းပြည်ကတိုးတက်လာမှာမဟုတ်ဘဲ ကမ္ဘာ့အလယ်မှာ မျက်နှာငယ်နေရဦးမှာပဲလို့ လယ်ယာ စိုက် ပျိုးရေနဲ့ ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်က ဒီကနေ့ ပြောဆိုလိုက်ပါတယ်။

ကျပ်သိန်း ၁၂၀၀၀ ကျော် တန်ဖိုးရှိမြေကွက် နာရေးကူညီမှု အသင်းသို့လှူဒါန်း

နာရေးကူ ညီမှုအသင်းသို့ ကျပ်သိန်းပေါင်း ၁၂၈၀၀ တန်ဖိုးရှိသည့် မြေကွက်အား အလှူ့ဒါယိကာမတစ်ဦးက လာရောက် လှူဒါန်းသွားခဲ့ကြောင်း သိရသည်။

ထိုင်းပဋ္ဋိပက္ခ နှစ်ဘက်စလုံး ထိန်းထိန်းသိမ်းသိမ်း လုပ်ကြဖို့ စစ်ဦးစီးချုပ် သတိပေး

Photo: ထိုင်းပဋ္ဋိပက္ခ နှစ်ဘက်စလုံး ထိန်းထိန်းသိမ်းသိမ်း လုပ်ကြဖို့ စစ်ဦးစီးချုပ် သတိပေး 
Saturday, December 28, 2013

အစိုးရ ဆန့်ကျင် လှုပ်ရှားမှုတွေ ကြီးထွားလာနေတဲ့ ထိုင်းနိုင်ငံမှာ ၂ ဖက်စလုံးက ထိန်းထိန်း သိမ်းသိမ်း ဆောင်ရွက်ကြဖို့ စစ်တပ်အကြီးအကဲက တိုက်တွန်းလိုက်ပါတယ်။ တချိန်တည်းမှာပဲ စစ်တပ်က အာဏာသိမ်းနိုင်တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေတာနဲ့ ပတ်သက်လို့တော့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Prayuth Chan-ocah က မတင်မကျပဲ ပြောဆိုခဲ့တာပါ။ လက်ရှိအခြေအနေမှာ ဘာမဆိုဖြစ်နိုင်တယ်လို့လည်း သတင်းထောက်တွေကို ပြောသွားပါတယ်။

စစ်တပ်ကို တဖက်ဖက်မှာ ရပ်ဖို့ တိုက်တွန်းနေတာတွေကိုလည်း ရပ်ဖို့ စစ်တပ်အကြီးအကဲက ပြောဆိုခဲ့တာပါ။ ထိုင်းဒုတိယ၀န်ကြီးချုပ် Surapong Tovichakchaikul ကတော့ ဖေဖော်ဝါရီလဆန်းမှာ ကျင်းပမယ့် ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်တွေ စနေနေ့မှာ စတင်မှတ်ပုံတင်တဲ့ အချိန်မှာ လုံခြုံရေး တာဝန်ယူပေးဖို့ စစ်တပ်ကို အကူအညီတောင်းမှာ ဖြစ်တဲ့အကြောင်း ဒီကနေ့ပဲ ပြောဆိုလိုက်ပါတယ်။

အစိုးရကို ဆန့်ကျင် ဆန္ဒပြသူတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေကြား ထိပ်တိုက် ရင်ဆိုင်မှုတွေကြောင့် ရဲတပ်ဖွဲ့ဝင် ၁ ဦး သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာတွေ ရခဲ့ပြီးနောက်မှာပဲ အစိုးရရဲ့ ကြေညာချက် ထွက်ပေါ်လာတာပါ။

သွေးထွက်သံယို ပြဿနာတွေ ပေါ်ပေါက်လာချိန်မှာပဲ ရွေးကောက်ပွဲ ကော်မရှင်က ကြားဖြတ်ရွေးကောက်ပွဲကို ရွှေ့ဆိုင်းဖို့ အကြံပေးခဲ့ပေမဲ့ အိမ်စောင့်အစိုးရရဲ့ ဒုတိယ၀န်ကြီးချုပ် Pongthep Thepkanjana ကတော့ အစီအစဉ် အတိုင်း ဖေဖော်ဝါရီလ ၂ ရက်နေ့မှာ ကျင်းပမှာ ဖြစ်တဲ့အကြောင်း ကြာသပတေးနေ့မှာပဲ ရုပ်မြင်သံကြားကတဆင့် ပြောဆိုသွားပါတယ်။

နိုင်ငံရေး ပြဿနာတွေ ကြီးထွားလာနေရာက ၀န်ကြီးချုပ် Yingluck Shinawatra က လွှတ်တော်ကို ဖျက်သိမ်းပြီး ကြားဖြတ်ရွေးကောက်ပွဲတွေ ကျင်းပဖို့ ကြေညာခဲ့ပေမဲ့ ဆန္ဒပြသူတွေကတော့ ၀န်ကြီးချုပ် ရာထူးက ထွက်ပေးဖို့ အတွက် ဆက်လက်တောင်းဆို ဆန္ဒပြနေကြတာ ဖြစ်ပါတယ်။ 

VOA
အစိုးရ ဆန့်ကျင် လှုပ်ရှားမှုတွေ ကြီးထွားလာနေတဲ့ ထိုင်းနိုင်ငံမှာ ၂ ဖက်စလုံးက ထိန်းထိန်း သိမ်း သိမ်း ဆောင်ရွက်ကြဖို့ စစ်တပ်အကြီးအကဲက တိုက်တွန်းလိုက်ပါတယ်။ တချိန်တည်းမှာပဲ စစ်တပ်က အာဏာသိမ်းနိုင်တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေတာနဲ့ ပတ်သက်လို့တော့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Prayuth Chan-ocah က မတင်မကျပဲ ပြောဆိုခဲ့တာပါ။ လက်ရှိအခြေအနေမှာ ဘာမဆိုဖြစ်နိုင်တယ်လို့လည်း သတင်းထောက်တွေကို ပြောသွားပါတယ်။

Friday, December 27, 2013

ရှစ်မိုင်လမ်းဆုံတွင် ဂျပန်နည်းပညာအသုံးပြုထားသည့် ခေတ်မီမီးပွိုင့်စမ်းသပ်တပ်ဆင်

ရန်ကုန်မြို့တွင်း ယာဉ်ကြောပိတ်ဆို့တတ်သည့်နေရာများထဲမှ တစ်ခုဖြစ်သည့် မရမ်းကုန်းမြို့နယ် ရှစ်မိုင် လမ်း ဆုံတွင် ဂျပန်နည်းပညာဖြင့်ပြုလုပ်ထားသည့် အဆင့်မြင့် ခေတ်မီမီးပွိုင့်အား စမ်းသပ်တပ်ဆင် အသုံးပြုနေကြောင်း သိရသည်။

ဦးလေးဖြစ်သူက အသက်ခုနစ်နှစ်နှင့်လေးနှစ်အရွယ် တူမနှစ်ဦးကို အဓမ္မပြုကျင့်

ဒဂုံဆိပ်ကမ်းမြို့နယ် တွင် အသက်ခုနစ်နှစ်နှင့်လေးနှစ်အရွယ်သာရှိကြသည့် ကလေးငယ်နှစ်ဦးကို ဦးလေးတော်စပ်သူ က သားမယားဖြစ် ပြုကျင့်ခဲ့သဖြင့် အရေးယူပေးရန် ဒီဇင်ဘာ ၂၅ ရက် ည ၁၂ နာရီခွဲ က အမှုဖွင့်တိုင်ကြားထားကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်ထားသည်။

အရက်ကြောင်ကြောင်ပြီး မိမိကိုယ်မိမိ လှံဖြင့်ထိုးသတ်

မကွေးတိုင်းဒေသကြီး မင်းလှ မြို့နယ် ဆုံကုန်းကျေးရွာနေ စိုးလွင် သည် ယခုလ ၂၃ ရက် နံနက် ၁ဝ နာရီ ၁၅မိနစ်က အရက် အလွန်အကျွံ သောက်စားခဲ့ပြီး မူးယစ်ကာစိတ်ကယောင်ချောက်ချား ဖြစ်ပြီး ဝမ်း ဗိုက်အောက်အားလှံဖြင့် မိမိကိုယ်မိမိထိုးခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် ဒဏ်ရာသက်သာ ချင်းပြည်ခရီးစဉ် မူလစီစဉ်သည့်အတိုင်း သွားမည်


ခြေထောက်နှစ်ဖက်စလုံး အသေးစားခွဲစိတ်ကုသမှု ပြုလုပ်ပြီး ၁၀ ရက်အကြာတွင် ချုပ်ရိုးဖြည်မှုပြု လုပ်ပြီး နောက် ဒီဇင်ဘာ ၂၆ ရက်တွင် ပြန်လည်သက်သာလာပြီဖြစ်၍ ဇန်န၀ါရီလဆန်းပိုင်းအတွင်း သွားရောက်ရန် စီစဉ်ထားသည့် ချင်းပြည်နယ်ခရီးစဉ်ကို သွားရောက်နိုင်ပြီဖြစ်သည်ဟု သူ၏ မိသားစု ဆရာဝန် ဒေါက် တာတင်မျိုးဝင်းက မဇ္ဈိမကို ပြောသည်။

လူနှစ်ဦးသေဆုံးခဲ့သည့် အဲပုဂံလေယာဉ်ပျက်ကျမှု တစ်နှစ်ကြာတွင် အစီရင်ခံစာထွက်

လူနှစ်ဦးသေဆုံးခဲ့သည့် အဲပုဂံ လေယာဉ်ပျက်ကျပြီး တစ်နှစ်အကြာတွင် စုံစမ်းစစ်ဆေးမှု အစီရင်ခံစာ တစ်စောင်ကို ဒီဇင်ဘာလ ၂၂ ရက်က ထုတ်ပြန်ခဲ့သည်ဟု စုံစမ်းရေး အဖွဲ့ခေါင်းဆောင် လေကြောင်း ပို့ ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှုးချုပ် ဦးဝင်းဆွေထွန်းက မဇ္ဈိမကို ပြောသည်။
လက်ရှိတွင် ထွက်ရှိလာသည့် အစီရင်ခံစာကို ပို့ဆောင်ရေးဝန်ကြီးဌာနသို့ တင်ပြထားပြီးဖြစ်ကာ ၀န်ကြီး ဌာနမှ စုံစမ်းစစ်ဆေးရေးအဖွဲ့သို့ ပြန်လည်ညွှန်ကြားလာမှသာ အစီရင်ခံစာပါအတိုင်း အကောင် ထည် ဖော် ဆောင်ရွက်ခြင်းနှင့် ပြည်သူများထံ အသိပေးခြင်းတို့ကို ဆောင်ရွက်သွားမည်ဟု ၎င်းက ဆိုသည်။

အစိုးရက မိတ်ကပ်အဖွဲ့ကို အသိအမှတ်မပြုလို့ပြော

အစိုးရက မိတ်ကပ်အဖွဲ့ကို အသိအမှတ်မပြုလို့ပြော
Thursday, December 26, 2013

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့တဲ့ ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပွဲတော်ဖွင့်ပွဲနဲ့ ပိတ်ပွဲတွေမှာ ၀ိုင်းဝန်းကူညီပေးခဲ့သူတွေကို နိုင်ငံတော်ကဂုဏ်ပြုချီးမြှင့်ရာမှာ မိတ်ကပ် အခမဲ့ကူညီပြင်ဆင်ပေးခဲ့တဲ့ မိတ်ကပ်ပညာရှင်အဖွဲ့ကို အစိုးရက အသိအမှတ်ပြုဖို့ ပျက်ကွက်နေကြောင်း မိတ်ကပ်ပညာရှင်အဖွဲ့ခေါင်းဆောင်က ဒီနေ့ ပြောလိုက်ပါတယ်။

ဆီးဂိမ်း အားကစားပွဲတော် ဖွင့်ပွဲနဲ့ပိတ်ပွဲတွေမှာ မိတ်ကပ်ပညာရှင် ၄၀၀ ကျော်ကို ဦးဆောင်ပြီး ကူညီခဲ့တဲ့ ကိုကျော်သူက နိုင်ငံတော်အစိုးရက သူတို့မိတ်ကပ်ပညာရှင်အဖွဲ့ကို ခွဲခြားဆက်ဆံတယ်လို့ ပြောပါတယ်။

"ကျနော်တို့ရဲ့ ရပိုင်အခွင့်အရေးကို တောင်းဆိုနေတာ မဟုတ်ဘူး၊ လိုချင်တဲ့စိတ်နဲ့ ပြောနေတာ မဟုတ်ဘူး၊ အဓိကကတော့ နိုင်ငံတော်က volunteer ချင်းအတူတူ အကုန်လုံးကို ချီးမြှင့်ပေးလိုက်တယ်၊ အဲဒါတွေက ကျနော်တို့ မိတ်ကပ်အဖွဲ့ကို တကယ်ပါလား၊ မပါဘူးလားဆိုတာကို ကျနော်တို့သိချင်တာ၊ ဆီးဂိမ်းအမှတ်တရ DVD အခွေတွေပေးတယ်၊ အကြောင်းတောင် မကြားဘူး၊ ကျန်တဲ့ဟာတွေကျတော့ ပြည့်ပြည့်စုံစုံနဲ့ အကုန်လုံးပေးတယ်၊ ကျနော်တို့အဖွဲ့ကျတော့ မပေးဘူး၊ ရင်ထဲမှာ တဖြည်းဖြည်းနဲ့ ကျနော်တို့ကို ခွဲခြားဆက်ခံရတယ်၊ ချောင်ထိုးခံရတယ် အဲလိုမျိုးခံစားရတာ"

ဆီးဂိမ်းပွဲတော် အောင်မြင်ဖို့အတွက် အခမဲ့ကူညီကြသူတွေအားလုံးကို နိုင်ငံတော်ကဆုချီးမြှင့်ရာမှာ ဆီးဂိမ်းပွဲကြည့်တဲ့ လက်မှတ်တွေ၊ ဖုန်းဆင်းကဒ်တွေ၊ ဆီးဂိမ်းအမှတ်တရ တိတ်ခွေတွေ၊ မဲဖောက်ပေးတာတွေ၊ ဂုဏ်ပြုလွှာပေးအပ်တာတွေ ရှိခဲ့ပါတယ်။

အဲဒီအထဲမှာ မိတ်ကပ်ပညာရှင် ၄၀၀ ကျော်မပါတဲ့အပြင် ဂုဏ်ပြုလွှာမှာ နာမည်တောင်မတပ်ဘဲ ထုတ်ပေးခဲ့တယ်လို့ မိတ်ကပ်ပညာရှင် အဖွဲ့ခေါင်းဆောင် ကိုကျော်သူက ပြောပါတယ်။

နေပြည်တော်မှာ ကျင်းပခဲ့တဲ့ အရှေ့တောင်အာရှ အားကစားပွဲတော် ဖွင့်ပွဲပိတ်ပွဲမှာ ကဏ္ဍအသီးသီးအတွက် အခမဲ့ကူညီခဲ့သူ ၂၀၀၀၀ နှစ်သောင်းလောက် ရှိခဲ့တယ်လို့ သိရပါတယ်။

RFA
မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့တဲ့ ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား ပွဲတော် ဖွင့်ပွဲနဲ့ ပိတ်ပွဲတွေမှာ ၀ိုင်းဝန်းကူညီပေးခဲ့သူတွေကို နိုင်ငံတော်ကဂုဏ်ပြုချီးမြှင့်ရာမှာ မိတ်ကပ် အခမဲ့ ကူညီပြင် ဆင်ပေးခဲ့တဲ့ မိတ်ကပ်ပညာရှင်အဖွဲ့ကို အစိုးရက အသိအမှတ်ပြုဖို့ ပျက်ကွက်နေကြောင်း မိတ်ကပ်ပညာရှင်အဖွဲ့ခေါင်းဆောင်က ဒီနေ့ ပြောလိုက်ပါတယ်။

ရဲအယောင်ဆောင်လူတစ်စု နေအိမ်ပေါ်ထိ ၀င်ရောက်လုယက်မှု တိုင်းအဆင့် ကိုင်တွယ်နေရ

ထန်းတပင်မြို့နယ် ရိုးလေးကျေးရွာရှိ နေအိမ်တစ်ခုသို့ အမျိုးသမီးတစ်ဦးပါဝင်သည့် ရဲဝန်ထမ်း အယောင် ဆောင် လူတစ်စုက ညဘက်တွင် နေအိမ်ပေါ်ထိ တက်ရောက်ပြီး ခြိမ်းခြောက်လုယက်ခဲ့မှုကို တိုင်းရဲ အဆင့် ရဲတပ်ဖွဲ့များဖြင့် ပူးပေါင်း ဖော်ထုတ်နေသည်ဟု အခင်းဖြစ်ပွားခဲ့သည့် တက်သစ် နယ်မြေ ရဲစခန်းမှ စခန်းမှူးဖြစ်သူ ရဲအုပ်စိန်သော်က ဒီဇင်ဘာ ၂၆ တွင် မဇ္ဈိမကို ပြောသည်။

“တိုင်း၊ ခရိုင်နဲ့ မြို့နယ်အဆင့်တွေ ပူးပေါင်းပြီး ရအောင် ဖော်ထုတ်နေပါတယ်။ ဖော်ထုတ်ရနိုင်မယ့်အခြေ အနေမှာ ရှိနေပါတယ်။ ပြစ်မှုကျူးလွန်သူတွေက အယောင်ဆောင်ဖြစ်တယ်ဆိုတာ သေချာပါတယ်” ဟု ဆိုသည်။

ယခုအချိန်မှာ ကြက်ငှက်တုပ်ကွေးရောဂါဖြစ်ပွားနိုင်သည့်အချိန်ဖြစ်သည့်အတွက် ကြက်မွေးမြူရေးလုပ်ငန်းရှင်များ သတိရှိရှိဖြင့် ကာကွယ်မှုများ လုပ်ထားသင့်

DSC 0049
ရန်ကုန်တိုင်းဒေသကြီး၊  မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်းရှိ   ကြက်၊ ဘဲဈေးအား တွေ့ရစဉ်
ယခုအချိန်အခါသည် ကြက်ငှက်တုပ်ကွေးရောဂါဖြစ်ပွားနိုင်သည့် အချိန်အခါ ဖြစ်သည့်အတွက် ကြက်မွေးမြူရေး လုပ်ငန်းရှင်များမှာ သတိရှိရှိဖြင့် ကာကွယ်မှုများလုပ်ထားသင့်သည်။
အဆိုပါ ကြက်ငှက်တုပ်ကွေးရောဂါသည် ဒီဇင်ဘာ၊ ဇန်န၀ါရီ၊ ဖေဖော်ဝါရီနှင့် မတ်လ တို့တွင် ဖြစ် ပွားလေ့ ရှိကြောင်း သိရှိရပြီး တရုတ်နိုင်ငံနှင့် ရုရှားနိုင်ငံ တို့မှ မြန်မာနိုင်ငံ အတွင်းသို့ ရောက်ရှိ လာသည့် ဆောင်းခို ငှက်များမှ တစ်ဆင့် ကြက်ငှက်တုပ်ကွေးရောဂါ ကူးစက်နိုင်ကြောင်း မွေးမြူရေး ၊ရေ လုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန၊မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေး မှူးချုပ် ဒေါက်တာခင်ဇော်က The Daily Eleven သတင်းစာသို့ ပြောကြားသည်။

ထိုင်းဆန္ဒပြပွဲ သေကြေ ထိခိုက်မှုရှိ

ထိုင်းဆန္ဒပြပွဲ သေကြေ ထိခိုက်မှုရှိ 
Friday, December 27, 2013

ထိုင်းနိုင်ငံမှာ ဖေဖေါ်ဝါရီလထဲ ကျင်းပဖို့ပြင်နေတဲ့ ရွေးကောက်ပွဲကို ရွှေ့ဆိုင်းပေးဖို့ ထိုင်းရွေးကောက်ပွဲကော်မရှင်ရဲ့ ပန်ကြားချက်ကို ထိုင်းအစိုးရက ပယ်ချ လိုက်ပါတယ်။

ဖေဖေါ်ဝါရီလ ၂ ရက်နေ့ ကျင်းပဖို့ စီစဉ်ထားတဲ့အတိုင်း ရွေးကောက်ပွဲကို ကျင်းပမှာဖြစ်ကြောင်း ဒုတိယဝန်ကြီးချုပ် ပုံသက် သက်ပ်ကန်ဇာန (Pongthep Thepkanjana) က ကြာသပတေးနေ့မှာ နိုင်ငံတော်ရုပ်သံမိန့်ခွန်းမှာ ပြောကြားလိုက်တာဖြစ်ပါတယ်။  

ရွေးကောက်ပွဲကြန့်ကြာနေတာနဲ့အမျှ အကြမ်းဖက်မှုတွေ ပိုများလာနိုင်တယ်လို့လည်း  ဒုတိယဝန်ကြီးချုပ်က ပြောကြားခဲ့ကြောင်း ပြင်သစ်သတင်းက ပြောပါတယ်။ ထိုင်းနိုင်ငံရေးပဋိပက္ခကြောင့်ဖြစ်ပွားတဲ့ အကြမ်းဖက်မှုတွေ အဆုံးသတ်စေဖို့ ထိုင်းဝန်ကြီးချုပ် ယင်လတ်ရှင်နာဝပ်က ရွေးကောက်ပွဲကို  စောစောစီးစီးကျင်းပပေးဖို့ စီစဉ်ခဲ့တာဖြစ်ပါတယ်။

ဆန္ဒပြသူတွေကတော့ ထိုင်းနိုင်ငံမှာတွေ့နေရတဲ့ အဂတိလိုက်စားမှုတွေနဲ့ ငွေများငွေနိုင် နိုင်ငံရေးအဆုံးသတ်စေဖို့အတွက် ဝန်ကြီးချုပ်ယင်လတ် နုတ်ထွက်ပေးဖို့ တောင်းဆိုနေတာပါ။ ဒါ့အပြင် မစ္စယင်လတ်ကို သူ့ရဲ့ အကိုတော်သူ၊ အရင်ထိုင်းဝန်ကြီးချုပ်ဟောင်း Thaksin Shinawatra ရဲ့ ရုပ်သေးရုပ်အဖြစ် ရှုမြင်ကြပါတယ်။

နိုင်ငံရေးပဋိပက္ခဟာ ကြာသပတေးနေ့အစောပိုင်းမှာတော့ အကြမ်းဖက်မှုအဖြစ် ပြောင်းသွားခဲ့ပြီး ရဲတွေက မျက်ရည်ယိုဗုံးတွေ၊ ရာဘာကျည်ဆံတွေနဲ့ ပစ်ခတ်ခဲ့ကြသလို ဆန္ဒပြသူတွေကလည်း ခဲတွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့ကြပါတယ်။

ဒီအဓိကရုဏ်းကနေ ရဲတစ်ဦးသေဆုံးခဲ့ရပြီး အများအပြားဒဏ်ရာ ရခဲ့ကြတာပါ။ ဖေဖေါ်ဝါရီလ ၂ ရက်နေ့ကျင်းပမယ့် ရွေးကောက်ပွဲအတွက် မှတ်ပုံတင်နေကြတဲ့ ဘန်ကောက်အားကစားရုံကြီးထဲကို ဆန္ဒပြသူတွေက ရဲတွေတားနေတဲ့ကြားက အတင်းဝင်ရောက်ခဲ့တဲ့နောက်ပိုင်း ရုန်းရင်းဆန်ခတ်မှုတွေ ဖြစ်ပွားခဲ့တာပါ။
 
ဆန္ဒပြမှုတွေ သီတင်းပတ်ပေါင်းများစွာ ကြာမြင့်လာခဲ့တဲ့နောက် ဝန်ကြီးချုပ်က လွှတ်တော်ကို ဖျက်သိမ်းပေးခဲ့ပြီး ရွေးကောက်ပွဲ အမြန်ကျင်းပပေးမယ်လို့ ပြောကြားခဲ့ပေမယ့် နုတ်ထွက်ပေးဖို့တော့ မစ္စယင်လတ်က ငြင်းဆိုပါတယ်။ 

VOA

ရွေးကောက်ပွဲအတွက် ပါတီမှတ်ပုံတင်ရာ အားကစားရုံရှေ့က အစိုးရဆန့်ကျင်ရေးဆန္ဒပြသူတွေက မပေါက်ကွဲသေးတဲ့ မျက်ရည်ယိုဗုံးကို ရဲတပ်ဖွဲ့ရှိရာ ပြန်လည်ပစ်ခတ်စဉ်။ ဒီဇင်ဘာ ၂၆၊ ၂၀၁၃။
ထိုင်းနိုင်ငံမှာ ဖေဖေါ်ဝါရီလထဲ ကျင်းပဖို့ပြင်နေတဲ့ ရွေးကောက်ပွဲကို ရွှေ့ဆိုင်းပေးဖို့ ထိုင်းရွေးကောက် ပွဲကော် မရှင်ရဲ့ ပန်ကြားချက်ကို ထိုင်းအစိုးရက ပယ်ချ လိုက်ပါတယ်။
ဖေဖေါ်ဝါရီလ ၂ ရက်နေ့ ကျင်းပဖို့ စီစဉ်ထားတဲ့အတိုင်း ရွေးကောက်ပွဲကို ကျင်းပမှာဖြစ်ကြောင်း ဒုတိယ ဝန်ကြီးချုပ် ပုံသက် သက်ပ်ကန်ဇာန (Pongthep Thepkanjana) က ကြာသပတေးနေ့ မှာ နိုင်ငံတော် ရုပ်သံ မိန့်ခွန်းမှာ ပြောကြားလိုက်တာဖြစ်ပါတယ်။

လှိုင်သာယာမြို့နယ်ရှိ အိုးအိမ်ပိုင် မြေကွက်ပေါ်တွင် ကျူးကျော်တဲများ ဆက်လက် ဆောက်လုပ်နေမှုကို ထိပ်တိုက်ရင်ဆိုင်မှု မပြုတော့ဘဲ ဥပဒေအရသာ အရေးယူသွားမည်

DSC 0069
ရွှေလင်ဗန်း ချောင်းဘေးရှိ မြေကွက်များပေါ်တွင် ကျူးကျော်တဲများ ဆောက်လုပ်နေသည်ကို ဒီဇင်ဘာ ၂၆ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-ဥာဏ်ဝင်းရှိန်)
လှိုင်သာယာမြို့နယ် ၁၅ ရပ်ကွက် ရွှေလင်ဗန်းချောင်း ကမ်းဘေးရှိ အိုးအိမ်ပိုင် မြေကွက်လွတ်များပေါ်တွင် ကျူးကျော်တဲများ ဆက်လက် ဆောက်လုပ်နေမှုအပေါ် ဥပဒေအရသာ အရေးယူသွားမည်ဟု အဆိုပါ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထိန်စိုးက ဒီဇင်ဘာ ၂၆ ရက်တွင် The Daily Eleven သတင်းစာသို့ ပြောကြားသည်။
၎င်းက “ကျွန်တော်တို့ ဘက်ကတော့ ဒီနေရာဟာ မြေလွတ်မဟုတ်ဘူး။ အိုးအိမ်ပိုင်ဖြစ်တယ် ဆိုတာကို အကြိမ်ကြိမ် အသိပေး ကြေညာထားပြီးပါပြီ။ ဒါပေမဲ့ သူတို့ဘက်က ဒါကိုလက်မခံဘဲ ကျူးကျော်တဲတွေ ဆက်ထိုးနေတဲ့အတွက် ဥပဒေအရ တရားစွဲဆို အရေးယူသွားလို့ ရပါတယ်။ နောက်ပြီး ကျူးကျော်တဲ ထိုးတဲ့သူတွေက တုတ်၊ ဓားတွေနဲ့ အုပ်စုဖွဲ့ ကင်းစောင့်နေရင် လက်နက်ဥပဒေနဲ့ အရေးယူသွားမယ်” ဟု ပြောကြားသည်။

တွံတေးမြို့နယ်တွင် လင်မယားနှစ်ဦးအား သိန်း ၂၀၀၀ ဖြင့် ပြန်ပေးဆွဲမှု အဓိက ဦးဆောင်သူကို မြ၀တီမြို့၌ ဖမ်းဆီးရမိ

12.26.1
ပြန်ပေးဆွဲမှု ကျူးလွန်ခဲ့သည့် ပိတ်စွယ်ကုန်းကျေးရွာ ကားလမ်းအား တွေ့ရစဉ် (ဓာတ်ပုံ-ဝေလင်းအောင်)
ရန်ကုန်တိုင်း ဒေသကြီး တွံတေးမြို့နယ်တွင် နိုဝင်ဘာအတွင်းက လင်မယားနှစ်ဦးအား ငွေကျပ် သိန်း ၂၀၀၀ ဖြင့် ပြန်ပေးဆွဲမှုတွင် အဓိကကျူးလွန်သူ ကထီး (ခ) သူရဇော်ဦး ဆိုသူကို ဖမ်းဆီးရမိပြီ ဖြစ်ကြောင်း တွံတေးမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
အဆိုပါ ပြန်ပေးဆွဲမှုတွင် အဓိကဦးဆောင်သူ ဖြစ်သည့် ကထီး (ခ) သူရဇော်ဦးကို မြ၀တီမြို့နယ်၌ ဒီဇင်ဘာ ၂၅ ရက်က ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး ယခင်ဦးစွာ ဖမ်းမိထားသူ သုံးဦးဖြစ်သည့် စိုးမင်းဦး (ခ) သံပါးစပ်၊ သက်ကိုနှင့် ကျော်မြင့်တို့ကို ဒီဇင်ဘာ ၂၆ ရက်တွင် သန်လျင်မြို့နယ် တရားရုံးသို့ ရုံးတင်စစ်ဆေးခဲ့ကြောင်း သိရ သည်။

Thursday, December 26, 2013

မိဘပြည်သူများမှ သတင်းပေးခဲ့သဖြင့် လူပြန်ပေး/လုယက်မှုမှ တရားခံများအား ဖမ်းဆီးရမိ၊ကျန်တရားခံများဖမ်းဆီး ရမိရေး သတင်းပေးစေလို

မလေးရှားတွင် မြန်မာလုပ်သားများနှင့် အင်ဒိုလုပ်သားတို့ ပဋိပက္ခဖြစ် မြန်မာ ၉၇ ဦး ပုန်းရှောင်နေရ

မလေးရှားရောက် မြန်မာအလုပ်သမားတို့နှင့် အင်ဒိုနီးရှားအလုပ်သမားတို့ အချင်းများလျက် ရှိရာ မြန်မာ့ နိုင်ငံရေး ဒု-၀န်ကြီး ဦးဇင်ယော်ဦးစီးလျက် မလေးနှင့် ဘရူနိုင်းရှိ မြန်မာသံရုံးများနှင့် ဆက်သွယ် ကာ အ ကာအကွယ်ပေးနိုင်ရန် ဆောင်ရွက်လျက်ရှိသည်ဟု သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဋ္ဌေးက ၎င်း၏ အင်တာနက်စာမျက်နှာတွင် ရေးသားထားသည်။

သင်္ချိုင်းကုန်းမှာ အရက်သောက် လူစိတ်ပျောက်ပြီး ၁၁ လအရွယ်မိမိကလေးကို ခြေထောက်က ကိုင်ပြီး ဆိုင်ကယ်နဲ့ ရိုက်သတ်ခဲ့တဲ့ ဖခင်


ကချင်ပြည်နယ်မိုးညှင်းမြို့နယ် အင်ကြင်းကုန်းအုပ်စု၊ မရင်းကုန်းကျေးရွာတွင် အရက်သောက်စားပြီး မူးယစ် ကာ အသိစိတ်ပျောက်နေစဉ် မိမိ၏ရင်သွေး ကလေးငယ်(၁၁)လသားအား ဒီဇင်ဘာ၂၂ညနေတွင်ဖခင် ကိုယ်တိုင် ရိုက်သတ်မှုဖြစ်ပွားခဲ့ကြောင်း မိုးညှင်းရဲစခန်းမှ သိရသည်။ 
မရင်းကုန်းကျေးရွာနေ သိန်းစိုး (ခ)အိုက်စိုးသည် ညနေ၆း၃၀တွင်နေအိမ်မှ မိမိရင်သွေးသားငယ် ကို ခေါ်ဆောင်၍ ဆိုင်ကယ်ဖြင့် အိမ်အပြင်သို့ထွက်သွားခဲ့သည်။ ဇနီးဖြစ်သူဒေါ်လဲ့လဲ့ဝင်းထွန်းမှ စိတ်မချ သဖြင့်ဦးလေးဖြစ်သူ ဦးထွန်းရီနှင့်အတူ ၎င်း၏ခင်ပွန်း စိုင်းသိန်းစိုးအားရှာဖွေခဲ့ရာ သာယာကုန်းရွာ သင်္ချိုင်း ကုန်းတွင် တွေရှိခဲ့ကြောင်း ဒေါ်လဲ့လဲ့ဝင်းထွန်းမှပြောသည်။ 

KIA ဖမ်းဆီးခံ ရှမ်းပြည်သူများ ပြန်လွတ်မလာပါက ထပ်မံဆန္ဒထုတ်ဖော် သွားမည်ဟု ရှမ်းနီ ခေါင်းဆောင်များကပြော

KIA ၏ တပ်သားသစ် စုဆောင်းဖမ်းဆီးခြင်းခံရသော မံစီမြို့နယ် မံဖွရွာက ရှမ်းတိုင်းရင်းသား အများ စုမှာ ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးဘဲ KIA အင်ဘာပါတပ်စခန်းမှာ သင်တန်း တက်နေ ရတယ်။" လို့ မံဖွရွာ ဒေသခံတစ်ဦးက ပြောဆိုသည်။
KIA ဖမ်းဆီးသော ရှမ်းရွာသားအားလုံး ပြန်လွတ်လာပြီဟု မီဒီယာများနှင့် မြစ်ကြီးနားမြို့ ငြိမ်းချမ်းရေး အကျိုးဆောင် PCG အဖွဲ့က ပြောဆိုထားပြီး ပြန်လွတ်မြောက်လာသူအချို့မှာလည်း ငွေကြေး အမြောက် အများပေးဆောင် ကာ ရွေးထားရကြောင်း ဒေသခံများက ပြောဆိုပါတယ်။

၂၀၁၃ ခုနှစ်သည် ကမ္ဘာ့အပူချိန် ဒုတိယအမြင့်ဆုံးသို့ ရောက်ရှိခဲ့

၂၀၁၃ ခုနှစ် ကမ္ဘာ့ပျမ်းမျှအပူချိန်သည် ၁၈၉၁ ခုနှစ်တွင် ရရှိခဲ့သော အချက်အလက်များနှင့် နှိုင်းယှဉ်ပါက ဒုတိယအမြင့်ဆုံးဖြစ်ကြောင်း ဂျပန်မိုးလေဝသ အေဂျင်စီက ကနဦး အစီရင်ခံစာတစ်စောင်ကို ဒီဇင်ဘာ ၂၄ ရက်က ထုတ်ပြန်သည်။
ဇန်နဝါရီလနှင့် နိုဝင်ဘာလအကြား ကောက်ယူထားသော ကမ္ဘာ့ပျမ်းမျှ အပူချိန်သည် ၁၉၈၁ ခုနှစ်မှ ၂၀၁၀ ခုနှစ်အကြား နှစ် ၃၀ ကာလ ထက် ၀ ဒသမ ၂၀ ဒီဂရီ ဆဲလ်စီးရပ်စ်ပိုကြောင်း အစီရင်ခံစာက ဆိုသည်။

ဗြိတိန် စစ်ဘက်ကိုယ်စားလှယ်အဖွဲ့ မြန်မာစစ်အရာရှိတွေကို သင်တန်ပေးမည်

ဗြိတိန် စစ်ဘက်ကိုယ်စားလှယ်အဖွဲ့ မြန်မာစစ်အရာရှိတွေကို သင်တန်ပေးမည် 
Thursday, December 26, 2013

မြန်မာစစ်တပ်က အကြီးတန်းအရာရှိတွေကို သင်တန်းပေးဖို့အတွက် ဗြိတိန်စစ်တပ် တာဝန်ရှိသူတွေ မြန်မာနိုင်ငံကို အခုရက်ပိုင်းအတွင်း သွားရောက်ဖို့ ရှိတယ်လို့ Telegraph သတင်းက ရေးသားပါတယ်။
 
မြန်မာစစ်တပ်နဲ့ မြန်မာအစိုးရဘက်က အရာရှိ ၃၀ လောက်ကို မဟာဗျူဟာဆိုင်ရာ သင်တန်းပေးဖို့အတွက် ဗြိတိန်ကာကွယ်ရေး တက္ကသိုလ်က အရပ်ဖက်နဲ့ စစ်ဖက် ပူးတွဲအဖွဲ့တဖွဲ့ကို ဇန်န၀ါရီလထဲမှာ စေလွှတ်ဖို့ရှိတယ်လို့ ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ပြောကြားချက်ကို Telegraph က ကိုးကားထားပါတယ်။
 
လုံခြုံရေးဆိုင်ရာ ကိစ္စရပ်တွေမှာ ကာကွယ်ရေးကိစ္စတွေကို ဘယ်လို စီမံကိုင်တွယ်မလဲဆိုတဲ့ ခေါင်းစဉ်နဲ့ ပို့ချမယ့် ဒီသင်တန်းကိုတော့ Cranfield တက္ကသိုလ်နဲ့ ပူးတွဲဆောင်ရွက်မှာ ဖြစ်တယ်လို့ သိရပါတယ်။
 
သီတင်းနှစ်ပတ်ကြာမယ့် ဒီသင်တန်းဟာ စစ်မြေပြင်ဆိုင်ရာ စစ်ရေး သင်တန်းမျိုးမဟုတ်ဘဲ၊ လူ့အခွင့်အရေး လူသားချင်းစာနာမှုဆိုင်ရာ ဥပဒေနဲ့ တာဝန်ခံမှု အပိုင်းတွေအပါအ၀င် ပညာပေးသင်တန်းမျိုးဖြစ်တယ်လို့ ဗြိတိန်ကြည်းတပ် အကြီးတန်းအရာရှိရဲ့ ပြောဆိုချက်ကိုလည်း Telegraph က ကိုကားရေးထားပါတယ်။
 
မြန်မာစစ်တပ်ဟာ လက်ရှိ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးမှာ အခရာကျတာကြောင့် စစ်တပ်ရဲ့အနေအထားကို မျက်ကွယ်ပြုထားမယ်ဆိုရင် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုကို ထိခိုက်နိုင်တယ်လို့ ဗြိတိန်ကာကွယ်ရေးဘက်က ပြောဆိုချက်ကိုလည်း ဖော်ပြထားပါတယ်။ ဒါပေမဲ့လည်း လူ့အခွင့်အရေး အဖွဲ့အစည်းတွေနဲ့ လွှတ်တော်အမတ်အချို့ကတော့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေမှာ တာဝန်ရှိတဲ့ စစ်တပ်ကို အကူအညီပေးမယ့် ကိစ္စတွေအပေါ် မေးခွန်းထုတ်နေကြပါတယ်။
 
HRW လူ့အခွင့်အရေး စောင့်ကြည့်မှုအဖွဲ့က မြန်မာ့အရေးသုတေသီ David Mathieson ကတော့ ဗြိတိန်ရော အမေရိကန်ဘက်ကပါ မြန်မာနိုင်ငံနဲ့ဆက်ဆံရေးပိုင်း အလွန် လျှင်လျှင်မြန်မြန်နဲ့ ဆောင်ရွက်နေတဲ့အပေါ်မှာ စိုးရိမ်မိတယ်လို့ ပြောပါတယ်။
 
အထူးသဖြင့် မြန်မာစစ်တပ်ဟာ ကမ္ဘာမှာ အင်မတန် နာမည်ဆိုးရှိနေတဲ့ အဖွဲ့အစည်းဖြစ်တဲ့အပြင်၊ လက်ရှိအချိန်အထိလည်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျူးလွန်နေတုန်းပဲလို့ HRW က ပြောပါတယ်။ 

VOA
မြန်မာစစ်တပ်က အကြီးတန်းအရာရှိတွေကို သင်တန်းပေးဖို့အတွက် ဗြိတိန်စစ်တပ် တာဝန် ရှိသူတွေ မြန်မာနိုင်ငံကို အခုရက်ပိုင်းအတွင်း သွားရောက်ဖို့ ရှိတယ်လို့ Telegraph သတင်း က ရေးသား ပါတယ်။ မြန်မာစစ်တပ်နဲ့ မြန်မာအစိုးရဘက်က အရာရှိ ၃၀ လောက်ကို မဟာဗျူဟာဆိုင်ရာ သင်တန်းပေးဖို့အတွက် ဗြိတိန်ကာကွယ်ရေး တက္ကသိုလ်က အရပ်ဖက်နဲ့ စစ်ဖက် ပူးတွဲအဖွဲ့တဖွဲ့ကို ဇန်န၀ါရီလထဲမှာ စေလွှတ်ဖို့ ရှိတယ်လို့ ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ပြောကြားချက်ကို Telegraph က ကိုးကားထားပါတယ်။

ဆီးဂိမ်းပြိုင်ပွဲ၏ ဖွင့်ပွဲနှင့် ပိတ်ပွဲအခမ်းအနားများအတွက် ကျပ် ၇ဘီလျံခန့် ဘတ်ဂျတ်ရရှိခဲ့ပြီး တင်ဆက်မှုများတွင် တရုတ်နိုင်ငံမှ လွှမ်းမိုးချင်းမဟုတ်ဘဲ သမ္မတအချင်းချင်းဆက်ဆံရေးဖြင့် ကူညီခဲ့ခြင်းဖြစ်ကြောင်း ယဉ်ကျေးမှုဝန်ကြီးပြောကြား

Photo: ဆီးဂိမ်းပြိုင်ပွဲ၏ ဖွင့်ပွဲနှင့် ပိတ်ပွဲအခမ်းအနားများအတွက် ကျပ် ၇ဘီလျံခန့် ဘတ်ဂျတ်ရရှိခဲ့ပြီး တင်ဆက်မှုများတွင် တရုတ်နိုင်ငံမှ လွှမ်းမိုးချင်းမဟုတ်ဘဲ သမ္မတအချင်းချင်းဆက်ဆံရေးဖြင့် ကူညီခဲ့ခြင်းဖြစ်ကြောင်း ယဉ်ကျေးမှုဝန်ကြီးပြောကြား
Thursday, December 26, 2013

ဆီးဂိမ်းပြိုင်ပွဲတွင် တင်ဆက်ပြသခဲ့သည့် ဖွင့်ပွဲနှင့်ပိတ်ပွဲ အခမ်းအနားများအတွက် ကျပ်၇ဘီလျံခန့်အသုံးပြုခဲ့ပြီး တင်ဆက်ပြသမှုများအား တရုတ်၏ လွှမ်းမိုးမှုမဟုတ်ဘဲ သမ္မတအချင်းချင်း ဆက်ဆံရေးဖြင့် ကူညီခဲ့ခြင်းသာဖြစ်ကြောင်း ယဉ်ကျေးမှုဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်ကြူက ဒီဇင်ဘာ ၂၅ရက်တွင် ပြောကြားခဲ့သည်။
    
" ကျွန်တော်တို့နိုင်ငံက သမ္မတကြီးက တရုတ်နိုင်ငံသမ္မတကြီး မြန်မာနိုင်ငံမှာ ဆီးဂိမ်းကြီးလုပ်မယ်၊ နည်းပညာအကူအညီပေးပါဆိုပြီး ပြောတော့ ကူညီတာပါ။ ကျွန်တော်တို့ ယဉ်ကျေးမှုကတော့ ဒီလိုမျိုးရှိ တယ်ဆိုပြီး တရုတ်နိုင်ငံသား ပညာရှင်တွေကို ပြောပြပြီးတော့ သူတို့နဲ့ညှိနှိုင်းလုပ်ခဲ့တာပါ။ သူတို့ကို တရုတ်နိုင်ငံအစိုးရက စေလွှတ်တဲ့အခါမှာလည်း မြန်မာနိုင်ငံနဲ့တရုတ်နိုင်ငံယဉ်ကျေးမှုဝန် ကြီးဌာနစကားကိုပဲ နားထောင်ရမယ်ဆိုတာမျိုးနဲ့ စေလွှတ်လိုက်တာပါ '  ဟု ဦးအေးမြင့်ကြူက ဆိုသည်။

တရုတ်နိုင်ငံမှ မြန်မာနိုင်ငံအား ကူညီရာတွင် ငွေနှင့်မဟုတ်ဘဲ နည်းပညာအကူအညီဖြင့် ပထမဆုံးကူညီခဲ့ခြင်းဖြစ်ပြီး တရုတ်အစိုးရပိုင် CCEG ကုမ္ပဏီမှ ပညာရှင်များလာရောက်ကူညီခဲ့ခြင်း ဖြစ်ကာ တရုတ်နိုင်ငံသားများ၏ နေထိုင်မှုစရိတ်၊ စားသောက်စရိတ်များအား တရုတ်နိုင်ငံမှသာ ကျခံခြင်းဖြစ်ပြီး သယ်ယူပို့ဆောင်ရေး စရိတ်များကိုပင် တရုတ်အစိုးရကုမ္ပဏီမှ ကျခံခဲ့ခြင်းဖြစ်ကြောင်း ဦးအေးမြင့်ကြူက ဆက်လက်ပြောသည်။

ဆီးဂိမ်းပြိုင်ပွဲတွင် အဓိကကုန်ကျသည့် စရိတ်များမှာ အခမ်းအနားအစီအစဉ်များတွင် တင်ဆက်ဖျော်ဖြေသှု ကျောင်းသားကျောင်းသူများအပါအ၀င် လူ ဦးရေ ၈၀၀၀ ကျော်အတွက် တစ်နေ့လျင် ထမင်းကျွေးစရိတ် လူတစ်ဦး ၃၂၀၀ကျပ် နှင့် ဖျော်ဖြေရာတွင် ၀တ်ဆင်သည့် အ၀တ်အစားများနှင့် သယ်ယူပို့ဆောင်စရိတ်၊ ဖျော်ဖြေမှုများအတွက် ရိုက်ကူးသည့် ကင်မရာအတွက် အမေရိကန်ဒေါ်လာ ၃ သိန်းခြောက်သောင်းကျော် စသည့် ကုန်ကျစရိတ်များသာဖြစ်ကြောင်း ဦးအေးမြင့်ကြူက ဆက်လက်ပြောသည်။

တရုတ်နိုင်ငံမှ နည်းပညာများ အကူအညီပေးရာတွင် မြန်မာနိုင်ငံအနေဖြင့် ပြည့်ဝသောထောက်ပံ့ကူညီမှုအား အဆက်ပြတ်နေသော နည်းပညာခြားနားမှု အနေအထားကြောင့် အပြည့်အ၀ရရှိခဲ့ခြင်းမရှိကြောင်း ဦးအေးမြင့်ကြူက ဆက်လက်ပြောသည်။

တရုတ်နိုင်ငံ၏ နည်းပညာအကူအညီများကြောင့် မြန်မာနိုင်ငံ၏ ဆီးဂိမ်းဖွင့်ပွဲနှင့် ပိတ်ပွဲအခမ်းအနားများသည် ကြီးကျယ်ခမ်းနားစွာ ပြုလုပ်နိုင်ခဲ့ပြီး မြန်မာနိုင်ငံ၏ လက်ရှိအနေအထားအရ ထိုကဲ့သို့ ကြီးကျယ်ခမ်းနားစွာ မလုပ်ကိုင်သင့်ကြောင်း ဝေဖန်မှုများထွက်ပေါ်လာခဲ့ပြီး ထိုကဲ့သို့ကွဲပြားခြားနားသည့် အမြင်များပေါ်တွင်လည်း တုန့်ပြန်လိုမှုမရှိကြောင်း ဦးအေးမြင့်ကြူက ပြောကြားခဲ့သည်။

Eleven Media Group 

မီဒီယာသမားများ၏ မေးမြန်းမှုကို ဖြေကြားနေသော ယဉ်ကျေးမှုဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်ကြူအား တွေ့ရစဉ် (ဓာတ်ပုံ-ဖြိုးဝေ)
ဆီးဂိမ်းပြိုင်ပွဲတွင် တင်ဆက်ပြသခဲ့သည့် ဖွင့်ပွဲနှင့်ပိတ်ပွဲ အခမ်းအနားများအတွက် ကျပ်၇ဘီလျံခန့် အသုံးပြု ခဲ့ပြီး တင်ဆက်ပြသမှုများအား တရုတ်၏ လွှမ်းမိုးမှုမဟုတ်ဘဲ သမ္မတအချင်းချင်း ဆက်ဆံရေးဖြင့် ကူညီ ခဲ့ခြင်း သာဖြစ်ကြောင်း ယဉ်ကျေးမှုဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်ကြူက ဒီဇင်ဘာ ၂၅ရက် တွင် ပြောကြား ခဲ့သည်။

အစိုးရအနေဖြင့် အပစ်အခတ်ရပ်စဲရေးအတွက် လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ဆွေးနွေးသကဲ့သို့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး အတွက် နိုင်ငံရေးပါတီအားလုံးနှင့် ဆွေးနွေးရန် လိုအပ်ဟုဆို

အစိုးရအနေဖြင့် အပစ်အခတ်ရပ်စဲရေးအတွက် လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ဆွေးနွေးသကဲ့သို့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး အတွက် နိုင်ငံရေးပါတီအားလုံးနှင့်   ဆွေးနွေးရန် လိုအပ်ဟုဆို
Thursday, December 26, 2013

အစိုးရအနေဖြင့် အပစ်အခတ်ရပ်စဲရေးအတွက် လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ဆွေးနွေးပွဲပြုလုပ်သကဲ့သို့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက် လက်ရှိမြန်မာ့နိုင်ငံရေးတွင် လှုပ်ရှားလျက်ရှိသည့် နိုင်ငံရေးပါတီများနှင့် တွေ့ဆုံဆွေးနွေးရန် လိုအပ်ဟု ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးစိုင်းညွန့်လွင်က ပြောကြားသည်။

ဒီဇင်ဘာ ၂၄ ရက်က သမိုင်းမြို့မကျောင်းတိုက်တွင် ပြုလုပ်သည့်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ပြည်သူ့ကွန်ရက်၏ ဒုတိယအကြိမ်မြောက် လူထုတွေ့ဆုံပွဲတွင် ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

ဦးစိုင်းညွန့်လွင်က  " ကျွန်တော်တို့တွေ ရှမ်းပြည်နယ်နဲ့ ကယားပြည်နယ်ပေါင်းပြီးတော့ ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်းဆွေးနွေးပွဲလုပ်တယ်။နောက်ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ မွန်ပြည်နယ်ဆိုပြီးတော့ ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ရေးလုပ်တယ်။ အဲဒီမှာ လက်နက်ကိုင်အဖွဲ့အစည်းတွေ၊ နိုင်ငံရေးပါတီတွေပါတယ်။ ဒါပေမဲ့ အစိုးရဘက်က ဒီလိုလုပ်ပေးတာမရှိဘူး။ သူတို့ လုပ်ပေးတာက MPC က ကျွန်တော်တို့ကို ၁၁ ပါတီက လူ ၁၁ ယောက်ကို တွေ့ပေးတယ်။ ဆိုတော့ ကျွန်တော်ပြောချင်တာက ဒီနေ့အထိ နိုင်ငံရေးပါတီတွေဘက်ကို လှည့်လာတာမရှိဘူး။
အခုဖွဲ့စည်းပုံအခြေခံပြုပြင်ရေးဆိုလည်း ဒီလိုပါပဲ။ အစိုးရက အပစ်အခတ်ရပ်စဲရေးအတွက် လက်နက်ကိုင်အဖွဲ့ အစည်းတွေနဲ့  ဆွေးနွေးပွဲတွေလုပ်သလို ဖွဲ့ စည်းပုံအခြေခံဥပဒေပြင်ဖို့ လက်တွေ့နိုင်ငံရေးမှာကျင်လည်နေတဲ့ နိုင်ငံရေးပါတီတွေနဲ့လည်း ဆွေးနွေးဖို့လိုနေတယ် " ဟု ဆိုသည်။

အဆိုပါ လူထုတွေ့ဆုံဆွေးနွေးပွဲတွင် ဦးစိုင်းညွန့်လွင်နှင့် စာရေးဆရာများဖြစ်သည့် ဦးဖေမြင့်၊ ဦးကျော်ဝင်း၊ Myanmar Peace Centre မှ ဒေါက်တာမင်းဇော်ဦး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးဌေးဦးတို့က ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက် လူထု နှင့်အတူ ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

" အခြေခံဥပဒေကတော့ ဘာပဲဖြစ်ဖြစ် ပြောင်းလဲဖို့လိုနေပါပြီ။ ဒီဟာကို ၁၀၉ ဦး သဘောထားနဲ့ပြင်မှာလား၊ လူထုသဘောထားနဲ့ပြင်မှာလား၊ ဒါက အားလုံးမေးရမယ့် သဘောဖြစ်တယ်။ အသစ်ရေးမယ်ဆိုရင် ဘယ်လိုမူတွေကို အခြေခံထားပြီးရေးမလဲ ဆိုတာရှိတယ်။ ဘာပဲဖြစ်ဖြစ် ဒါကို ပြင်ဆင်တယ်ဆိုတာရဲ့ရှေ့မှာ နိုင်ငံရေးသဘောတူညီချက်ရဖို့ လိုတယ်။ အားလုံးပြောနေတဲ့ all inclusive ဖြစ်ဖို့ လိုတယ်။ ဒါပေမဲ့ ဒီနေ့ အထိတော့ all inclusive ဖြစ်ပြီလို့ဆိုလို့ မရသေးပါဘူး " ဟု ဦးစိုင်းညွန့်လွင်က ဆိုသည်။

ထို့ပြင် နိုင်ငံရေးပါတီများအနေဖြင့် နိုင်ငံရေးလှုပ်ရှားနေသည့် ၂၅ နှစ်အတွင်း အစိုးရနှင့် တွေ့ဆုံဆွေးနွေးရန်အစဉ်တစိုက် တောင်းဆိုခဲ့သော်လည်း ယခုထိတိုင်နိုင်ငံရေးပါတီများမှလိုလားသည့် တွေ့ဆုံဆွေးနွေးပွဲမျိုးကို အစိုးရမှ လုပ်ပေးနိုင်ခြင်းမရှိသေးကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

@[114803668557265:274:Eleven Media Group] 

ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ပြည်သူ့ကွန်ရက်၏ လူထုဆွေးနွေးပွဲ၌ ဦးစိုင်းညွန့်လွင်ဆွေးနွေးစဉ်(ဓာတ်ပုံ-ဇာလီမြင့်ဦး)  
ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ပြည်သူ့ကွန်ရက်၏ လူထုဆွေးနွေးပွဲ၌ ဦးစိုင်းညွန့်လွင်ဆွေးနွေးစဉ်(ဓာတ်ပုံ-ဇာလီမြင့်ဦး)
 
အစိုးရအနေဖြင့် အပစ်အခတ်ရပ်စဲရေးအတွက် လက်နက်ကိုင်အဖွဲ့အစည်း များနှင့် ဆွေးနွေးပွဲပြု လုပ် သကဲ့သို့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက် လက်ရှိမြန်မာ့နိုင်ငံရေးတွင် လှုပ်ရှားလျက် ရှိ သည့် နိုင်ငံရေးပါတီများနှင့် တွေ့ဆုံဆွေးနွေးရန်လိုအပ်ဟု ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးစိုင်းညွန့်လွင် က ပြောကြားသည်။

မောင်ကိန်းရွှေဆိုင် ဓားပြမှုတွင် ကိုင်ဆောင်ခဲ့သည့် သေနတ်မှာ လောက်ကိုင်မြို့နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်၏ နေအိမ်လုံခြုံရေး အစောင့်ထံမှ ယူဆောင်လာခြင်းဖြစ်ဟု ကျူးလွန်သူထွက်ဆို

Myanmar Online News's photo.

သေနတ်ပစ်ဖောက်ကာ ဓားပြတိုက်မှု ကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် သေနတ်အား တွေ့ရစဉ်
 
မောင်ကိန်းရွှေဆိုင် ဓားပြမှုဖြစ်စဉ် အနုကြမ်းစီးရာတွင် ကျူးလွန်သူ ကိုင်ဆောင် အသုံးပြု သည့် သေနတ် မှာ လောက်ကိုင်မြို့နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလေးဖြစ်သူ၏ နေအိမ်လုံခြုံရေး အစောင့် ထံမှ ယူဆောင်လာခြင်းဖြစ်ကြောင်း ကျူးလွန်သူက ၀န်ခံထွက်ဆိုခဲ့ကြောင်း သိရသည်။
ကျူးလွန်သူမှာ လောက်ကိုင်မြို့တွင် နေထိုင်သူ ကိုးကန့်လူမျိုး အားရှန့် (၃၀ နှစ်)၊ (ဘ) ဦးလီကွမ်ရီဟု သိရပြီး မန္တလေးမြို့သို့ လုပ်ငန်းကိစ္စဖြင့် မကြာခဏ လာရောက်လေ့ရှိကာ မြို့သစ် (၁) ရပ်ကွက်၊ ၆၄ လမ်း၊ သိပ္ပံလမ်းတောင်ဘက်ရှိ အဒေါ်ဖြစ်သူ နေအိမ်တွင် တည်းခိုလေ့ရှိကြောင်း သိရသည်။

Wednesday, December 25, 2013

၈၈ မျိုးဆက်ကျောင်းသားများ ငါးနှစ်အတွင်း ပထမဆုံးအကြိမ် ဆန္ဒပြမည်

Photo: ၈၈ မျိုးဆက်ကျောင်းသားများ ငါးနှစ်အတွင်း ပထမဆုံးအကြိမ် ဆန္ဒပြမည်
Wednesday, December 25, 2013

အစိုးရက လောင်စာဆီဈေး မြှင့်တင်မှုကို ဆန္ဒပြခဲ့သည့် ၂၀၀၇ ခုနှစ် နောက်ပိုင်း ငါးနှစ်အတွင်း ၈၈ မျိုးဆက် ကျောင်းသားများအတွက် ပထမဆုံး ဖြစ်လာမည့် ဆန္ဒပြပွဲ တစ်ရပ်ကို ဇန်နဝါရီလ ၄ ရက် (လွတ်လပ်ရေးနေ့) တွင် ပြုလုပ်မည် ဖြစ်ကြောင်း ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းမှ ဦးမာကီးက The Voice သို့ ပြောကြားသည်။

အငြင်းပွားနေသောပုဒ်မ ၁၈၊ ၅၀၅ (ခ) စသည်တို့ ပြင်ဆင် ဖျက်သိမ်းပေးရန် အပါအဝင် နိုင်ငံရေးနှင့် အရပ်ဘက် လူမှုအဖွဲ့ ၅၉ ဖွဲ့တို့ ပူးပေါင်း ဆန္ဒထုတ်ဖော်မည် ဖြစ်ကြောင်း ၎င်းကဆိုသည်။
၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်များ ဖြစ်သည့် ဦးမင်းကိုနိုင်၊ ဦးကိုကိုကြီး၊ ဦးဂျင်မီတို့ အပါအဝင် နိုင်ငံရေး အဖွဲ့အစည်းများ၊ အရပ်ဘက် လူထုအဖွဲ့အစည်း ၅၉ ဖွဲ့မှ စုစုပေါင်း လူအင်အား သုံးရာခန့်ဖြင့် ရန်ကုန် မြို့တော်ခန်းမရှေ့ မဟာဗန္ဓုလ ပန်းခြံအနီးတွင် ဆန္ဒထုတ်ဖော်ရန် ကျောက်တံတားမြို့နယ် ရဲစခန်းတွင် ခွင့်ပြုမိန့် တောင်းခံထားကြောင်း ၈၈ မျိုးဆက်ကျောင်းသား ၎င်းကထပ်လောင်း ပြောကြားသည်။

နိုင်ငံရေး ဖိနှိပ်မှုများ မပြုလုပ်ရန်၊ နိုင်ငံရေးအရ ဖိနှိပ်ထားသော ပုဒ်မများကို ပြင်ဆင် ဖျက်သိမ်းပေးရန်၊ နိုင်ငံရေး အကျဉ်းသားများကို လွှတ်ပေးရန်နှင့် တရားစွဲဆိုဆဲ အမှုများကို ဖျက်သိမ်းပေးရန် တို့ကို ဆန္ဒထုတ်ဖော်ပွဲတွင် အစိုးရထံ တောင်းဆို သွားမည် ဖြစ်ကြောင်း ၎င်းကရှင်းပြသည်။
“ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခွင့် တောင်းတဲ့အတွက် အာဏာပိုင်တွေကလည်း ငြိမ်းချမ်းစွာ ဆောင်ရွက်ပေးဖို့ မျှော်လင့်ပါတယ်” ဟု ၈၈ မျိုးဆက် ကျောင်းသား ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းမှ ဦးပြုံးချိုက The Voice သို့ ပြောသည်။

အဆိုပါ ဆန္ဒထုတ်ဖော်ခွင့် ပြုမပြုကို ဇန်နဝါရီလ ၁ ရက်နေ့တွင် အကြောင်းပြန်မည် ဖြစ်ကြောင်း ကျောက်တံတားမြို့နယ် ရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက The Voice သို့ ပြောကြားသည်။

လက်ရှိ အချိန်တွင် နိုင်ငံရေး ပုဒ်မများဖြင့် ဖမ်းဆီး ထောင်ချခံရသော နိုင်ငံရေးသမား ၄၀ ရှိပြီး တရားစွဲဆိုခြင်း ခံထားရသူပေါင်း နှစ်ရာကျော် ရှိနေကြောင်း နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်းမှ ကိုတိတ်နိုင်က ပြောဆိုသည်။

အခြေခံဥပဒေနှင့် ရှေ့နောက်မညီ ဖြစ်နေသည့် ပုဒ်မဟု ပြည်တွင်းပြည်ပက ဝေဖန်ခံထားရသည့် ငြိမ်းချမ်းစွာ စုဝေးလှည့်လည်ခွင့်ဆိုင်ရာ ပုဒ်မ (၁၈) ကို လာမည့် ဇန်နဝါရီ လွှတ်တော် အစည်းအဝေး များတွင် ပြင်ဆင်နိုင်ရန် ကြိုးပမ်းမည် ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် သူရဦးအောင်ကိုက ပြောကြားထားသည်။

၂၀၀၇ ရွှေဝါရောင် အရေးအခင်းကို ဖြစ်ပွားစေသည့် ကိစ္စများအနက် တစ်ခုဖြစ်သည့် လောင်စာဆီဈေး မြင့်တက်မှုကို ဆန္ဒပြမှုကြောင်း ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်များ ဖမ်းဆီးခံခဲ့ရသည်။

The Voice Weekly
အစိုးရက လောင်စာဆီဈေး မြှင့်တင်မှုကို ဆန္ဒပြခဲ့သည့် ၂၀၀၇ ခုနှစ် နောက်ပိုင်း ငါးနှစ်အတွင်း ၈၈ မျိုးဆက် ကျောင်းသားများအတွက် ပထမဆုံး ဖြစ်လာမည့် ဆန္ဒပြပွဲ တစ်ရပ်ကို ဇန်နဝါရီလ ၄ ရက် (လွတ်လပ်ရေးနေ့) တွင် ပြုလုပ်မည် ဖြစ်ကြောင်း ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းမှ ဦးမာကီးက The Voice သို့ ပြောကြားသည်။

ကာ/ချုပ်နှင့် နိုင်ငံရေး အင်အားစုများထံသို့ အခြေခံဥပဒေ ပြင်ဆင်ချက်များ ၈၈ မျိုးဆက်အဖွဲ့ ပေးပို့

၈၈ မျိုးဆက်ကျောင်းသား ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း၏ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ချက်များကို တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါ အဝင် နိုင်ငံရေး အင်အားစုများ အားလုံးထံသို့ ဒီဇင်ဘာ ၂၄ ရက်နေ့တွင် ပေးပို့လိုက်ကြောင်း ယင်းအဖွဲ့မှ ဦးမြအေးက ပြောကြားသည်။

အခြေခံဥပဒေ ပြင်ဆင်ချက်များကို ပြည်ထောင်စုလွှတ်တော် အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်း ကော်မတီ အပါအဝင် နိုင်ငံတော်သမ္မတ၊ ကာကွယ်ရေး ဦးစီးချုပ်၊ ပြည်ထောင်စု လွှတ်တော် ၊ ပြည်သူ့ လွှတ်တော်နှင့် တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ ထံသို့ ပေးပို့ လိုက်ကြောင်း ၎င်းကဆိုသည်။

AFC U-22 Championship 2013 ပြိုင်ပွဲ နောက်ဆုံးအဆင့်အတွက် ပဏာမကစားသမား ၂၇ ဦး ရွေးချယ်ပြင်ဆင်နေ

အာဆီယံဒေသတွင်း နိုင်ငံများအနက် တစ်သင်းတည်းသော အာရှခြေစစ်ပွဲအောင်သည့်အသင်းအဖြစ် မှတ်တမ်းရေးထိုးနိုင်ခဲ့သော မြန်မာယူ-၂၂ အသင်းသည် ယခုအခါ နောက်ဆုံးအဆင့်ပြိုင်ပွဲသို့ ၀င် ရောက် ယှဉ်ပြိုင်ရန်အတွက် ပြင်ဆင်မှုများ ပြုလုပ်နေပြီ ဖြစ်သည်။
အဆိုပါအသင်း၏ နည်းပြချုပ်ရာထူးအတွက် မြန်မာ ယူ-၁၉ အသင်းအား တိုးတက်အောင်မြင်စေရန် ဦးဆောင်မှုပေးနိုင်ခဲ့သည့် ဂျာမနီနိုင်ငံသား မစ္စတာဂတ်အား တာဝန်ပေးအပ်ခဲ့ပြီး ၎င်းနှင့် အတူ မြန်မာ့ ဘောလုံးငွေခေတ် လက်ရွေးစင်ဟောင်းများဖြစ်သည့် ဦးသန်းတိုးအောင်နှင့် ဦးကြည်လွင် တို့အား အသင်းအုပ်ချုပ်သူနှင့် နည်းပြရာထူးများပေးအပ်ခဲ့သည်။

ဦးဝီရသူ သံတွဲမြို့သို့ တရားဟောကြွမည် လူမျိုးစုနှစ်ခု ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်နိုင်ရေးအတွက်ဟု ဆို

အောက်တိုဘာလတွင်းက လူမျိုးစုနှစ်ခု ပဋိပက္ခဖြစ်ပွားခဲ့သော သံတွဲမြို့သို့ မန္တလေးမြို့ မစိုးရိမ်ကျောင်း တိုက်ဆရာတော် ဦးဝီရသူက ငြိမ်းချမ်းရေးတရားဟောကြားရန် ကြွရောက်မည်ဟု ဦးဝီရသူက ဒီဇင်ဘာ ၂၅ ရက်တွင် မဇ္ဈိမကို မိန့်ကြားလိုက်သည်။
၁၅ ရက်ကြာမည့် မတ်လခရီးစဉ်တွင် သံတွဲမြို့သို့ အဓိက ကြွရောက်မည်ဖြစ်ပြီး အခြားမြို့ များသို့ ကြွရောက် ရန်လည်း ဦးဝီရသူအနေနှင့် ရည်ရွယ်ထားသည်။

ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌက မြန်အောင်မြို့နယ် အုပ်ချုပ်ရေးမှူးကို ပြင်းထန်စွာ သတိပေး

ဧရာဝတီတိုင်း ဒေသကြီး လွှတ်တော် ဥက္ကဋ္ဌနှင့် ဒေသခံပြည်သူများ၏ တွေ့ဆုံပွဲကို ဒီဇင်ဘာလ၂၁ ရက်နေ့က မြန်အောင်မြို့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်း အဝေးခန်းမတွင် ပြုလုပ်ရာ တင်ပြပြောဆိုမှု အဆင်မပြေသော မြန်အောင်မြို့နယ် အုပ်ချုပ်ရေးမှူးကို တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ ဦးတင်စိုးက ပြင်းထန်စွာ သတိပေးခဲ့ကြောင်း တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့ကြသူ ဒေသခံများထံမှ စုံစမ်း သိရှိရသည်။

မန္တလေးမြို့ရှိ မောင်ကိန်းရွှေဆိုင်တွင် သေနတ်ပစ်ဖောက်ကာ ဓားပြတိုက်မှုဖြစ်ပွားခဲ့ပြီး အနုကြမ်းစီးသူကို ဖမ်းဆီးရမိ

F.25.12
သေနတ်ပစ်ဖောက်ကာ ဓားပြတိုက်မှုဖြစ်ပွားခဲ့သည့် မန္တလေးမြို့မှ မောင်ကိန်းရွှေဆိုင်
မန္တလေးမြို့လမ်း ၈၀ နှင့် ၂၉ လမ်း ထောင့်ရှိ မောင်ကိန်းရွှေဆိုင်တွင် ဒီဇင်ဘာ ၂၄ ရက် ညနေ ၆ နာရီ ခန့်က သေနတ်ပစ်ဖောက်ကာ အနုကြမ်းစီး ဓားပြတိုက်မှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါဖြစ်စဉ်ကျူးလွန်သူကို ဆိုင်ပြင်ပြန်အထွက်တွင် ဆိုင်ဝန်ထမ်းမှ ၀င်ရောက်လုံးထွေးသတ်ပုတ်ခဲ့ပြီး ဖမ်းဆီးရမိခဲ့ကြောင်း၊ ယင်းကျူးလွန်သူမှာ ဆိုင်အပြင်အရောက်တွင် သေနတ်ထပ်မံပစ်ဖောက်ခဲ့ခြင်းကြောင့် လမ်းတွင် သွားလာနေသူတစ်ဦး ခြေသလုံးတွင် ထိခိုက်မိခဲ့သော်လည်း စိုးရိမ်စရာမရှိကြောင်း သိရသည်။