Monday, August 6, 2012

ဦးခင်ရီက လ၀က၀န်ထမ်းတွေ အနေနဲ့ လာဘ်မစားတဲ့

 From -DVB TV News
(သူလဲ ၀န်ကြီးဆိုတော့ သူ့ဝန်ထမ်းတွေကို ကာကွယ်ချင်မှာပေါ့နော)

ဘင်္ဂါလီတွေ ရခိုင်ပြည်နယ်ထဲ အများအပြား ရောက်နေရတဲ့ကိစ္စဟာ ရခိုင်ပြည်နယ်မှာ တာဝန်ကျတဲ့ လူဝန်မှု ကြီးကြပ်ရေး (လ၀က) အရာရှိတွေ လာဘ်စားမှုကြောင့်ဆိုတဲ့ စွတ်စွဲချက်ဟာ လုံးဝ မဖြစ်နိုင်ကြောင်း ပြည်ထောင်စု လူဝန်မှု ကြီးကြပ်ရေး ၀န်ကြီးဌာန ၀န်ကြီးဦးခင်ရီက ငြင်းဆို လိုက်ပါတယ်။ ဒီတပတ်ထုတ် ဖလားဝါးနယူး ဂျာနယ်နဲ့ ပြုလုပ်တဲ့ အင်တာဗျူးမှာ ဦးခင်ရီက လ၀က၀န်ထမ်းတွေ အနေနဲ့ ဒီကိစ္စ မလုပ်နိုင်တဲ့အကြောင်းနဲ့ အားလုံးဟာ အမျိုးသားအရေးထက် ဘယ်သူ့ကိုမှ ဦးစားပေးတာမျိုး မရှိကြောင်း ပြောကြားလိုက်တာလဲဖြစ် ပါတယ်။


အင်းစိန်ဂုံးတံတားအောက်ရှိ ဈေးသည်များ ဆန္ဒဖော်ထုတ်

From -အဘဥက္ကာကိုကို facebook

အင်းစိန်မှာ ဆန္ဒပြ

ဘူဇွာ မီဒီယာ ထူထောင်လိုသူများ

From -ဧရာဝတီ

ယနေ့ အချိန် အခါမှာ မီဒီယာ ကိစ္စနဲ့ ပတ်သက်လို့ အသံတွေ ထွက်လာတော့ ကျွန်တော်တို့ အနေနဲ့ တွေ့သမျှ မြင်သမျှ တရားမှု၊ မတရား မှုတွေကို နှိုင်းယှဉ် သုံးသပ်ပြလို စိတ်တွေ တစ်ဖွားဖွား ပေါ်ပေါက် လာလို့ Facebook စာမျက်နှာပေါ်မှာ ဒီ အကြောင်း ကိုရြေးဖစ် သွား တာ လို့ ဦးစွာ ၀န်ခံရမှာဖြစ် ပါတယ်။မြန်မာနိုင်ငံတော်ကို အသွင်သစ် စနစ်သစ်နဲ့ အရှိန်အဟုန် ပြင်းပြင်းနဲ့ ပြောင်းလဲ ချီတက်နေချိန်မှာ အရပ်ရပ်သော ကဏ္ဍ အသီးသီးမှာ လောဘဇောနဲ့

မိလ္လာကန်အတွင်း လူတစ်ဦးသေဆုံးနေမှု တောင်တွင်းကြီးမြို့နယ်၌ ဖြစ်ပွား

 From -ပေါ်ပြူလာဂျာနယ်

မကွေးတိုင်းဒေသကြီးတောင်တွင်းကြီးမြို့နယ် တောင်ပြင်(၁) ရပ်ကွက်တွင် မိလ္လာကန်အတွင်း  လူတစ်ဦးသေဆုံးနေကြောင်းသ တင်းရရှိသည်။ဖြစ်စဉ်မှာ ၅.၈.၂၀၁၂ရက်   နေ့ နေ့လည် ၁နာရီ ၁၅နာရီအချိန်  ခန့်က တောင်တွင်းကြီးမြို့မ ရဲစခန်း    ၌စခန်းမှူးရဲအုပ်လှငွေသည် ရဲ စခန်းတာဝန်ထမ်းဆောင်နေစဉ်  တောင်တွင်းကြီးဆေးရုံသို့ မိလ္လာ ကန် အတွင်း ဆင်းရာမှ လူတစ်ဦး  သေဆုံး၍ ရောက်ရှိနေကြောင်း သတင်းအရ သက်သေများဖြင့် သွားရောက် စစ်ဆေးရာသေဆုံး သူမှာ တောင်တွင်းကြီးမြို့ ရွှေအိုး  (၁)ရပ်ကွက်နေ(ဘ) ဦးသာငွေ၏  သား ဦးစံငြိမ်း ၄၉နှစ်ဖြစ်ကြောင်း  သိရပြီး ၎င်း၏နှာခေါင်းနှင့်ပါးစပ် ၀ဲဘက်ဒေါင့်မှ သွေးအနည်းငယ်  ထွက်ကာ

ဒီလို လွှတ်တော်အမတ်လဲ ရှိသေးတယ်ဟ

 မဟာ သင်္ကြန်ရုံး ပိတ်ရက်ကို ၄ ရက် သို့မဟုတ် အကြတ် ၂ ရက် ဖြစ်ပါက ၅ ရက်သာ ပြန်လည် သတ်မှတ် ပေးရန်နှင့် စပ်လျဉ်းသည့် မေးခွန်း၍ - ဦးကြည်မြင့် (လသာ မဲဆန္ဒနယ်)။ ကျွန်တော် အနေနဲ့ မေးချင်တဲ့ မေးခွန်း ကတော့ ကျွန်တော် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်ကြီးဟာ ကမ္ဘာအလည်မှာ စီးပွားရေးအားဖြင့်ရော ပညာရေး၊ ယဉ်ကျေးမှု အားဖြင့်ရော အလွန် တရာ ခေတ်နောက်ကျ ကျန်ရစ်နေတာ အများလက်ခံ ထားရတဲ့ အချက် အလက်အမှန်ပါပဲ။ အဲဒီတော့ ကျွန်တော်တို့ လွတ်လပ်ရေး ရယူဖို့  ကြိုးစားတုန်းက ကျွန်တော်တို့ရဲ့ လွှတ်လပ်ရေး  ဖခင်ကြီး ဗိုလ်ချုပ် အောင်ဆန်း ပြောခဲ့တဲ့ စကား တစ်ခွန်းလိုပါပဲ။ သူများတွေ  ခြေလှမ်း  တစ်လှမ်း လှမ်းရင်

ဘုန်းကြီးနှစ်ပါးကျောင်းလုရာမှ တုတ်တပြက် ဓားတပြက်ဖြစ်

From -ဧရာဝတီသတင်းဌာန
ရဟန်း တပါး ရောင်း စား ထား ခဲ့ သည့် ကျောင်း တွင် ၀င်ရောက် သီတင်း သုံးနေ ထိုင်သည့် ရဟန်း များ နှင့် မူလကျောင်း ထိုင် ဆရာတော် အဖွဲ့တို့ ကျောင်းနေရာ လုရင်း စကား များရာမှ တုတ်၊ ဓားများ ပါလာသည့် အတွက် မြို့နယ် သံဃနာယက အဖွဲ့ ၊ နယ်မြေ ခံ ရဲ များ နှင့် ရပ်ကွက် အုပ် ချူပ်ရေး မှူး များ ပါဝင် သည့် အင်အား ၇၀ ခန့်က စနေနေ့ည ၈နာရီ ခွဲခန့်တွင် သွားရောက် ဖြေရှင်း ညှိုနှိုင်းပေးခဲ့ရသည်။ ရန်ကုန်မြို့၊ ဗဟန်းမြို့နယ် ဘင်္ဂလားကျောင်း တိုက် ၀င်း အတွင်း ရှိ ဦးသာ သ နကျောင်း တွင်ဖြစ်သည်။

သင်္ကြန်ရုံးပိတ်ရက် လျှော့ရန်မေးခွန်းကို လက်ရှိအတိုင်း ၁၀ရက်သာ ပိတ်မည်ဟု တာဝန်ရှိသူဖြေကြား

  From -7DayNewsJournal

လသာ မြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးကြီးမြင့်က မဟာ သင်္ကြန်ရုံး ပိတ်ရက်ကို လေးရက် သို့မဟုတ် အကြတ်နှစ်ရက် ဖြစ်ပါက ၅ ရက်သာ ပြန်လည် သတ်မှတ် ပေးရန်နှင့် စပ်လျဉ်းသည့် မေးခွန်းကို ယနေ့ (သြဂုတ်လ ၆ရက်) ကျင်းပသည့် ပြည်သူ့ လွှတ်တော် ၂၀ ရက် မြောက်နေ့ တွင် မေးမြန်း ခဲ့ရာ သမ္မတရုံး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးစိုးမောင်က လက်ရှိ ကောင်းမွန်တဲ့ အစဉ် အလာကို ဆက်လက် လုပ်ဆောင် သွားမည်ဟု ပြန် လည်ဖြေကြား  ခဲ့သည်။ဦးကြီးမြင့်က မြန် မာနို င်ငံ သည် အစစ အရာရာ နိမ့်ကျ နေသေး သည့် နိုင်ငံဖြစ်သည့် အတွက် ကုန်ထုတ် စွမ်းအား များ ပိုမို တိုးတက်နိုင် ရန် အ တွက် အကြောင်းပြကာ အထက် ပါ မေးခွန်း ကို မေးမြန်းခြင်းဖြစ်သည်။

ကိုယ်နှင့်ရင်းရသော စကာင်္ပူနိုင်ငံရဲ့ ပညာရေးစနစ်

from - http://amayeainn.blogspot.com/

မြန်မာ နိုင်ငံရဲ့ပညာရေး စနစ်ကို အမျိုးမျိုး ဝေဖန် ချက်ပေး နေပါတယ်။ကောင်းတာ ပြောသလို မကောင်းတာ ပြောတဲ့ သူတွေလဲ ရှိပါတယ်။ ဒါကြောင့်လဲ အစိုးရ အဆက်ဆက်က စနစ်တွေ၊ နည်းလမ်းတွေ တစ်မျိုးပြီး တစ်မျိုး ပြင်ဆင်ပြဋ္ဌာန်းနေ တာ နဲ့ကို  ပြင်ဆင် စမ်းသပ်လို့ မပြီးနိုင် တော့ဘူး။ချမ်းသာတဲ့ အသိုင်း အ၀ိုင်းနဲ့  နိုင်ငံ ရပ်ခြားကိုမှ အထင်ကြီးတဲ့ အသိုင်း အ၀ိုင်းက လူတွေဟာ မြန်မာ နိုင်ငံမှာ ပညာသင် ကြားရ ခြင်းထက် သူများ နိုင်ငံမှာ ပညာ သင်ကြား ရတာ ကို ဂုဏ်ယူလေ့ ရှိကြပါတယ်။ အထူး သဖြင့် အရှေ့တောင် အာရှမှာ ဆိုရင် စင်္ကာပူနိုင်ငံရဲ့ပညာရေး စနစ်ကို ပိုပြီး အထင် ကြီးလေ့ ရှိသလို အများဆုံး သွားရောက်နေတာ ကလဲ စင်္ကာပူနိုင်ငံ ဖြစ်နေပါတယ်။

ကူတောင် လူသတ်မှုနှင့်ပတ်သက်သည့်သူ ၁၇၀ဦးကို ဖမ်းဆီးစစ်ဆေးနေ

From Yangon Media Group

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ကူတောင် ကျေးရွာရှိရွာသား၉ယောက် အသတ်ခံရမှုနှင့် ပက်သက်ပြီး လူမျိုးခြား ၁၇ဝ ခန့်ကို ဖမ်းဆီး စစ်ဆေးနေ ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ မှတာဝန် ရှိသူ တစ်ဦး ကပြော သည်။''အကြမ်းဖက်မှုနဲ့ ပက်သက်တဲ့သူ မှန်သမျှကို ရုံးတင် စစ်ဆေးနေတယ်။ ဥပဒေအရ အရေးယူ ဆောင်ရွက် သွားမယ်။ စစ်တွေနဲ့မောင်တော အကြမ်းဖက်မှုမှာ ပါဝင်ပက်သက်တဲ့ သူတွေကို လည်း တက်နိုင် သမျှ စုံစမ်း ဖော်ထုတ် ထားပြီးပြီ။ တချို့ ကိုပြစ်ဒဏ်ချမှတ် ထားပြီးသား ဖြစ်သလိုတချို့ ကိုလည်း ဆက်လက် စစ်ဆေး နေပါ တယ်။ ပြည်သူတွေအနေနဲ့ လည်းအကြမ်းဖက်မှုမှာ ပါဝင်တဲ့ သူတွေ ကို သက်ဆိုင်ရာ တာဝန် ရှိသူတွေနဲ့ပေါင်းပြီးဖော်ထုတ်ဖို့လို ပါတယ်။''ဟုအဆိုပါတာဝန်ရှိသူက ဆက်လက် ပြောသည်။

၈၈ မျိုးဆက် ကျောင်းသားများ၏ ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း ခရီးစဉ် စတင်

  From -Eleven Media Group
၈၈ မျိုးဆက် ကျောင်းသား များ၏ ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း ခရီးစဉ်ကို သြဂုတ်လ ၆ရက်နေ့ နံနက်ပိုင်းက စတင်၍ ထွက်ခွာ ခဲ့ကြောင်း သိရသည်။ အဆိုပါ ခရီး စဉ်တွင် ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဌေးကြွယ်တို့ အပါအ၀င် အဖွဲ့ဝင် ၅၀ ၀န်းကျင်ခန့် သွားရောက် ခဲ့ကြကြောင်း သိရသည်။အဆိုပါ ခရီးစဉ်တွင် မန္တလေးမြို့တွင် သြဂုတ်လ ၈ရက် နေ့တွင် ပြုလုပ်မည့် ၈ လေးလုံး အရေးတော်ပုံ ငွေရတု အကြို ၀ါဆို သင်္ကန်းကပ် လှူပွဲသို့ စတင် ထွက်ခွာခဲ့ခြင်း ဖြစ်ပြီး မန္တလေးမြို့မှ တဆင့် မြစ်သားမြို့နယ်၊ မုံရွာ၊ ပခုက္ကူ၊ ရေစကြို၊ ကျောက်ပန်းတောင်းမြို့များနှင့် ရှမ်းပြည်နယ် နောင်ခမ်းမြို့များသို့ အဖွဲ့နှစ်ဖွဲ့ ခွဲကာ သွားရောက်ကြမည်ဖြစ်ကြောင်း သိရသည်။

ကေအိုင်အေတပ်ဖွဲ့ဝင်များ တပ်သားသစ်များစုဆောင်းခြင်းကြောင့် လယ်သမားများအခက်တွေ့နေ


 
ပြီးခဲ့တဲ့ သြဂုတ်လ  (၃) ရက်နေ့က ကေအိုင်အေ မလိပါ တိုက်နယ် ရုံးမှ ဘရန်ဂျာ ခေါင်းဆောင် တဲ့ ကေအိုင်အေ တပ်ဖွဲ့ဝင် (၁၀) ဦးဟာ မန်စီ မြို့နယ်၊ မိုးခေါင် ကျေးရွာ မှာရှိတဲ့ ကျေးရွာ နေ ဒေသခံ ကချင် လူမျိုး ယောင်္ကျား လေး (၁၂) ဦး နဲ့ မိန်းကလေး (၃) ဦးတို့ကို တပ်သားသစ် စုဆောင်း ဖို့ ဟုဆိုကာ ဖမ်းဆီး ခေါ်ဆောင် သွားခဲ့ တယ်လို့ သိရ ပါတယ်။

''ဘာလုပ်စားကြမလဲ ''

From - Messanger
 ''ခင်ဗျား ဘာလုပ် နေလဲ၊ ကျွန်တော်တော့ ဘာလုပ် စားရမှန်း မသိတော့ ပါဘူးဗျာ''ဆိုတဲ့ စကားဟာ အခု နှစ်ပိုင်းတွေ အတွင်း မတွေ့ဖြစ်တာ နည်းနည်း ကြာပြီ ဖြစ်တဲ့ လူလတ်ပိုင်း မိတ်ဆွေ အချင်းချင်း ပြန်တွေ့ဖြစ်ရင် မပါမဖြစ်တဲ့ စကား တစ်ခွန်းလို ဖြစ်လာ ပါတယ်။မှန်ပါတယ်။ လူလတ်တန်းစားတွေ ဂွင်(ခွင်)ပျက် နေတာ ကြာခဲ့ ပါပြီ။ အနည်းဆုံး ဆင်းရဲသားက မရှက် မကြောက် ဘာပဲဖြစ်ဖြစ် ရရာ အလုပ်လုပ် စားခွင့် ရနိုင် တယ်။ ကာယ အားသုံး အနှေးယာဉ် လုပ်သား၊  အထမ်း သမား လုပ်ဦးတော့ ပြန်တမ်းဝင် အရာရှိ လစာလောက်တာ့ မကျ။စည်ပင် စည်းကမ်း ဖောက်ပြီး လမ်းဘေး  ဈေးသည်လုပ်၊  ကြုံသမျှ ရင်ဆိုင်၊သင့်သလို ဖြေရှင်း၊

သမ္မတနှင့် တွေ့ဆုံတော့မည့် ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုကိုကြီးနှင့် အင်တာဗျုး

 From -ရွှေသန်းလေးဘလော့


မေး-ကိုကိုကြီး တို့ ရှစ်ဆယ့် ရှစ်မျိုးဆက်ကျောင်းသား အဖွဲ့ ကနိုင်ငံတော် အစိုးရ အဖွဲ့နဲ့ ဘယ်  လောက် အ တိုင်း အတာ အထိ ပူးပေါင်းေ ဆာင်ရွက် သွားမယ်လို့  ဆုံးဖြတ် ထားလဲ။
 ကိုကိုကြီး- အ ခု ကတော့ ကျွန် တော် တို့ ထင် ထင်ရှားးရှား ဆို ရင် အ လုပ် သ မား တွေ လုပ်ခ လ စာ နဲ့ ပတ် သက် တဲ့ ပဋိ ပက ၡေတြ အဲဒီ့ ကိစ ၥေတြ မွာ ကျွန် တော် တို့ တော်  တော်  များ များ ပူးပေါင်း ဆောင် ရွက် နိုင်ခဲ့ ပါ တယ်။ အခု ဆို ရင် စက် ရုံ လေး ဆယ် လောက် နီးပါးမှာ ကျွန်  တော် တို့ ရှစ် ဆယ့် ရှစ် မျိုး ဆက် ကျောင်း သား များ အ ဖွဲ့ ကနေ ကြား ၀ င်ပြီးတော့  ဆောင် ရွက် ပေးတာ တော်တော် များ များ ပြေ လည် ခဲ့ တယ် ။မြေ ယာ သိမ်း ဆည်း မှုတွေ နဲ့ ပတ်သက် ပြီး တော့

မျက်နှာဖုံးမည်းသုံး၍ ဂျာနယ်များ သတင်းလွတ်လပ်ခွင့် တောင်းဆို

From - ဧရာဝတီ
လတ်တလော ထွက်ရှိနေသည့် Messenger ဂျာနယ်နှင့် The Nation ဂျာနယ် မျက်နှာဖုံးများ သတင်း လွတ်လပ်ခွင့် ကော်မတီ၏ လှုပ်ရှားမှု သတင်းများကို ဂျာနယ်များတွင် မဖော်ပြကြရန် စာပေစိစစ်ရေးက ပိတ်ပင် လိုက် သဖြင့် သတင်း ဂျာနယ် များက ဂျာနယ် မျက်နှာ ဖုံး များ ကို အ မည်းရောင်ခြယ်သ  ထုတ်ဝေ         ကြခြင်းဖြင့်         ဆန္ဒ ထုတ်ဖော် လိုက်ကြောင်း သတင်းရရှိသည်။ရန်ကုန်မြို့တွင် သြဂုတ်လ ၄ ရက်နေ့က စတင်သော သတင်းလွတ်လပ်ခွင့် ကော်မတီ၏ The Voice နှင့် Envoy

စည်ပင်ဧည့်ရိပ်သာမှာ မြွေပေါက်ခံရ

နေပြည်တော် လွတ်တော်အမတ်များ စည်ပင်ရိပ်သာမှာ မနေ့ညက ဦးထင်ကျော် (သုံးခွ NLD ပြည်သူလွတ်တော်အမတ် ဒေါ်စုစုလွင်၏ ခင်ပွန်း) မှာ ၄င်း၏ ဇနီးဖြစ်သူကို နေပြည်တော် လိုက်လံ ပို့ဆောင်ရာ အဆိုပါ စည်ပင် အဆောင်တွင် မြွေဆိုးတစ်မျိုး အကိုက်ခံရပါသဖြင့် အခုအခါ နေပြည်တော် ဆေးရုံတွင် တင်ထားရပါကြောင်း ....


Broadband အင်တာနက် ချိတ်ဆက်မှုများထက် အဆ ၁၀၀ ပိုမြန်သည့် အင်တာနက်ကွန်ရက်ကို Google မိတ်ဆက်

From - အင်တာနက် ဂျာနယ်


နည်း ပ ညာ ကု မ္ပ ဏီ ကြီြး ဖစ် သည့် Google က broadband အင်တာ နက် ချိတ် ဆက် မှု များ ထက် အ ဆ ၁၀၀ ပို မို လျင်ြ မန် သည့် အင် တာ နက် ကွန် ရက် သစ် ကို အမေရိ ကန်နို င်ငံရှိ Kansas နှင့် Missouri ပြည် နယ်နှ စ်ခု အတွက် မိတ် ဆက်ေ ပးခဲ့ ကြောင်း သိ ရ သည်။ Google  Fiber  ဟုေ ခါ် သည့် အ လွန် လျင်ြ မန်သော အ ဆို ပါ gigabit အင် တာနက် ဝန်ေ ဆာင် မှု ကို တစ် လ လျှင် အေ မ ရိ က န်ေ ဒါ် လာ၇၀  ဖြင့် လည်း ကောင်း အင် တာ နက်နှင့် တီ ဗွီ ဝ န်ေ ဆာင် မှု အ တွက် တစ် လ လျှင် အေ မရိ က န်ဒေါ်လာ၁၂၀ ဖြင့် လည်းေ ကာင်း ဝယ် ယူ အ သုံးပြု နိုင်မည်ဖြစ် သည်။ တီ ဗွီ ဝန်ေ ဆာင် မှု တွင် အဝေး ထိန်း ခ လုတ် ပါဝင်သည့် Nexus 7 tablet

ဒေါ်အောင်ဆန်းစုကြည်၏အထ္တုပတ္တိအသစ်TheLadyAnd ThePeacockစာအုပ်ထွက်ရှိ

From - ပေါ်ပြူလာ  


စာအုပ်ကို ပြုစုသူ Peter Popham က အပိုင်းငါးပိုင်းခွဲ၍ ရေးသားပြုစုထားသည်။
ပထမပိုင်းဝယ် ဒေါ်အောင်ဆန်းစုကြည်၏ ငယ်စဉ်ဘ၀နှင့်ပတ်သက်၍ ရေးသားဖေါ်ပြထားပြီး၊ ဒုတိယပိုင်းတွင်မူ မိခင်ကြီးမကျန်းမာခြင်းကြောင့် မြန်မာနိုင်ငံသို့ရောက်ရှိလာရခြင်းမှ အစပြုကာ နိုင်ငံရေးနယ်ပယ်ထဲသို့စတင်ရောက်ရှိလာခြင်း အကြမ်းမဖက်လှုပ်ရှားမှုများဖြင့် ကြံ့ကြံ့ခံတွန်းလှန်ခဲ့ခြင်းအစရှိသည်တို့ကိုရေးသားထားပါသည်။

ပီအာ-လား တပ်ပေါင်းစု-လား ပိုနေမြဲ၊ ကျားနေမြဲ-လား [ ဘေးမှရပ်ကြည့်သူတစ်ဦး၏ ထင်မြင်ချက်များ]- ကျော်ဝင်း

 From - စာရေးဆရာ ကျော်ဝင်း၏ Facebook  

ပီအာ-လားတပ်ပေါင်းစု-လားပိုနေမြဲ၊ကျားနေမြဲ-လား[ဘးမှရပ်ကြည့်သူတစ်ဦး၏ထင်မြင်ချက်များ]
  • စကားပလ္လင်
အခုတလော၊ စာရေးသူထံသို့၊ ပြည်တွင်း ပြည်ပမီဒီယာအချို့မှ၊ လူကိုယ်တိုင်ရော၊ တယ်လီဖုန်းဖြင့်ပါ၊ ဆက်သွယ်မေးမြန်းလာသည်များရှိသည်။ ‘ပီအာ-ဆိုတာ ဘာလဲ’၊ ‘ဘာ့ကြောင့် ပီအာ လဲ’၊ ‘ပီအာနဲ့မြန်မာ့နိုင်ငံရေး စရွေးကိုက်ပါ့မလား…’ စသဖြင့် ။ ပြောရလျင် စာရေးသူ မဖြေချင်သောမေးခွန်းများဖြစ်ပါသည်။

ရန်ကုန်မှာဖွဲ့တဲ့ သတင်းစာဆရာအသင်း

from- ဧရာဝတီ

သန့်စင်ငြိမ်းချမ်း
မြန်မာနိုင်ငံ သတင်းစာဆရာအသင်း (ရန်ကုန်တိုင်း ဒေသကြီး) ကို ရန်ကုန်မြို့ သစ်ခွဟိုတယ်၌ စနေနေ့ ညနေပိုင်းက အဖွဲ့ဝင် ၂၁ ဦးဖြင့် ဖွဲ့စည်းခဲ့ကြသည်။

ထိုင်းနိုင်ငံရဲ့ အခမဲ့ Wi Fi စနစ်

( မြန်မာပြည်မှာတော့ ဖုန်းနဲ့ အင်တာနက်သုံးနိုင်ဖို့ ပိုက်ဆံ  ရွှေဂုံတိုင် ဆက်သွယ်ေ၇းမှာ တန်းစီပြီး ပိုက်ဆံ တစ်သောင်း ပေးရသည့် အပြင် ချက်ချင်းလဲ သုံးမရပါဘူး။ ဖုန်းကို သတ်မှတ်ထားတဲ့ မြို့နယ်ကျော် ယူသွားပြီး ပြောရင် တစ်မိနစ် ကို ပုံမှန် (၅၀ ) ကျပ်ကနေ (၆၀) ကျပ်ထိဖြတ်နေတာပါ)

from -ဧရာဝတီသတင်းဌာန


ဓာတ်ပုံ- ယင်လတ်ရှင်နာဝတ်၏ ဖေ့စ်ဘုတ်စာမျက်နှာ

ဘန်ကောက်မြို့မှာတော့ ICT Expo 2012 ပြပွဲကို ထိုင်းဝန်ကြီးချုပ် ဒေါ်ယင်လတ်က အခမ်းအနားနဲ့ ဖွင့် လှစ်ပေးခဲ့ပြီး အဲဒီအထဲမှာ ဘန်ကောက်မြို့အနီးဝန်းကျင် Muang Thong Thani. အတွက် အခမဲ့ Wi Fi စနစ်ကို တိုးချဲ့မှု ပါဝင်ကြောင်း သိရပါတယ်။

ပြည်ထောင်စုအဆင့် တက်နိုင်ရန် အပစ်ရပ် ခိုင်မာဖို့လိုဟု KNU ပြော

by Mizzima
 
စံခလပူရီ (မဇ္ဈိမ)။   ။ ကရင်အမျိုးသား အစည်းအရုံး KNU အနေနှင့် ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲများသို့ လှမ်းနိုင်ရန်အတွက် အပစ်အခတ် ရပ်စဲရေး ခိုင်မာစေရန် ကြိုးပမ်းဆောင်ရွက်သွားမည်ဟု ပြည်ထောင်စု ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့နှင့် တွေ့ဆုံပွဲ အပြီး၌ KNU ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ နော်မေဦး က မဇ္ဈိမကို ပြောကြားလိုက်သည်။

လွှတ်တော်မှာ လုံခြုံရေး တိုးမြှင့်စစ်ဆေးနေ

 From - ပေါ်ပြူလာ

ယနေ့ကျင်းပသော လွှတ်တော် အစည်းအဝေးမှ စ၍ လွှတ်တော် ကိုယ်စားလှယ်တော် ကြီးများ၏ လုံခြုံရေး အတွက် လွှတ်တော် အ၀င်တွင်သာ မက လွှတ်တော် အစည်းအဝေး အဆောက်အအုံ အတွင်းပိုင်းတွင်ပါ မီဒီယာသမားများအပါအ၀င် လွှတ်တော် ကိုယ်စားလှယ် များကိုပါ လုံခြုံရေး တိုးမြင့် စစ်ဆေးနေ ကြောင်းသိရသည်။ ယင်းကိစ္စအား မီဒီယာများ၏တွင် ရေးသားဖော်ပြကြသည့်သတင်းအချို့ကြောင့်ဖြစ်နိုင်ကြာင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် တို့က ထင်ကြေးပေးကြသည်။

မယ်တော် ဆေးခန်းဖွား ကလေးများ မြန်မာမွေးစာရင်း လုပ်ပေးမည်ဟုဆို

From -Mizzima 
 
စံခလပူရီ (မဇ္ဈိမ)။   ။ မယ်တော် ဆေးခန်း၌ မွေးဖွားခဲ့သည့် မြန်မာ ကလေးများအား မြန်မာ မွေးစာရင်း လုပ်ပေးနိုင်ရေးနှင့် အခြေခံဆေးပညာ သင်တန်းပေးရေး အပါအဝင် မယ်တော် ဆေးခန်းမှ လူနာများ မြဝတီဆေးရုံသို့ လွှဲပြောင်းကုသရေး ကိစ္စတို့အား မြန်မာအစိုးရ၏ သက်ဆိုင်ရာ ကျန်းမာရေးဌာနများနှင့် ပူးပေါင်း ဆောင်ရွက်သွားမည်ဟု သိရသည်။

ဒီနေ့ ကျင်းပမည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် မေးမြန်းမည့် မေးခွန်းများ

ယနေ့ (သြဂုတ်လ ၆ ရက်နေ့) တွင် ကျင်းပမည့် အမျိုးသားလွှတ်တော် အစည်းအဝေး၌

(၁) တစ်ဦးချင်း ကုန်သွယ်ကတ် ထုတ်ပေးရေး ကန့်သတ်ထားသော ပစ္စည်းများ တင်သွင်းခွင့်ကို ဖြေလျော့ပေးရေး ကုန်ပစ္စည်းကို ကန့်သတ်မည့်အစား တင်သွင်းခွင့် ပေးပြီး အခွန်စနစ်ဖြင့် ထိန်းချုပ်ရေး အများပြည်သူ စားသုံးရန် မသင့်သော ကုန်ပစ္စည်းများကို နယ်စပ်နေ ပြည်သူများ သိရှိလိုက်နာရန် စစ်ဆေးထုတ်ပြန်ရေးနှင့် စပ်လျဉ်းသည့် မေးခွန်း

အမေရိကန်ဆိခ်ဝတ်ပြုကျောင်းမှာ ပစ်ခတ်မှု့ဖြစ်

အမေရိကန် ပြည်ထောင်စု ဝစ္စကွန်ဆင် ပြည်နယ်က အုတ်ခ်ခရိခ် မြို့မှာရှိတဲ့ ဆိခ် ဝတ်ပြုကျောင်း ထဲမှာ လာရောက် ဝတ်ပြုနေသူ တွေကို သေနတ်သမား တဉီးက ပစ်ခတ် တိုက်ခိုက် ခဲ့တဲ့ အတွက် ၆ ဉီးထက်မနည်း သေဆုံး ခဲ့ရတယ်လို့ ရဲ တပ်ဖွဲ့က ပြောပါတယ်။

အဲဒီ သေနတ်သမား ကိုတော့ အခင်းဖြစ်ပွားရာကို အရင် ဉီးဆုံး ရောက်လာကြတဲ့ ရဲတပ်ဖွဲ့ ဝင်တွေက ပစ်သတ် နိုင်ခဲ့ကြတယ်လို့ ရဲတပ်ဖွဲ့ရဲ့ ပြောခွင့်ရသူက ပြောပါတယ်။

မကြာသေးခင်ကလည်း အမေရိကန် ပြည်ထောင်စုမှာ ကော်လိုရာဒိုက ရုပ်ရှင်ရုံမှာ ရုပ်ရှင် လာကြည့်သူတွေကို သေနတ်သမား တဉီးက ပစ်ခတ်ခဲ့တဲ့ အတွက် လူ ၁၂ ဉီးသေဆုံးခဲ့ရပါတယ်။

ဒီအဖြစ်အပျက် နဲ့ မရှေးမနှောင်းမှာ ဖြစ်ခဲ့တဲ့ အခု ဖြစ်ရပ်နဲ့ ပတ်သက်လို့ အမေရိကန် သမ္မတ အိုဘားမားက သူ့အနေနဲ့ အလွန်တရာ စိတ်မကောင်း ဖြစ်ရတဲ့အကြောင်း ပြောလိုက်ပါတယ်။

ဘီဘီစီ (မြန်မာဌာန)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အိန္ဒိယသမ္မတနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန ဝန်ကြီးနှင့်တွေ့ဆုံ

ဒုတိယဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်

စီးပွားရေးပြုပြင်ပြောင်းလဲမှုဆိုင်ရာ မြန်မာ့နိုင်ငံရေး (ICG စာတမ်း)

from - မောက္ခမဂ္ဂဇင်း

၁။ နိဒါန်း
၂၀၀၁ မတ်လ သမ္မတကြီးဦးသိန်းစိန် ဦးဆောင်တဲ့ ဆီမီးအရပ်သား အစိုးရသစ် တက်လာပြီးကတည်းက မြန်မာနိုင်ငံမှာ အထီးကျန်ဖြစ်မှု အဆုံးသတ်ရေးနဲ့ မြန်မာ့စီးပွားရေး ဂလိုဘယ်စနစ်ထဲ ပူးပေါင်းနိုင်ရေးတို့အတွက် အောက်ခြေသိမ်း ပြုပြင်ပြောင်းလဲမှုများကို ရည်မှန်း ချက် အစီအစဉ်တွေချပြီး စတင်လုပ်ဆောင်လာပါတယ်။

၆.၈.၂၀၁၂ ရက်နေ့သတင်းများ

 -၀န်ကြီး ဦးအောင်မင်းနှင့် KNU တွေ့ဆုံ  click
-သတင်းမီဒီယာ လွတ်လပ်ခွင့်အတွက် မန်းသတင်းထောက်များ တောင်းဆို click
 -ရခိုင်ပြည်နယ်ပြဿနာ ဘာသာရေးပဋိပက္ခ မဟုတ်ကြောင်း အင်ဒို သမ္မတ ပြောကြား - click
- ရခိုင်ပဋိပက္ခ သီးခြားလွတ်လပ်စွာ စုံစမ်းရေး ကင်တားနား တောင်းဆို click
- ကျောက်တော်တွင် ဘင်္ဂလီမူဆလင်များ ထပ်မံအကြမ်းဖက် click
- လယ်သမားအရေး ဆောင်ရွက်သူများအား အုပ်ချုပ်ရေးအာဏာပိုင် ဖိအားပေး click
- ကချင်ရွာသူကို စစ်တပ်က နှိပ်စက် click
- ထိုင်း-မြန်မာ အလုပ်သမား MOU စနစ်ပြောင်းပြီ click
- မိုးများလွန်း၍ ပန်းတနော်မှ ကွမ်းခြံစိုက်တောင်သူများ အခက်ကြုံ click
- ကရင်ပြည်နယ်၌ အဖမ်းခံရသူ သြစီနိုင်ငံသားအား ထိုင်းလက်သို့ ပြန်လွှဲအပ်ခဲ့ပြီ click
 - ရခိုင်ပြည်နယ်အရေး အဖြစ်မှန် ဖော်ထုတ်ဖို့ ကင်တားနား တိုက်တွန်း click
- မောင်တောမြို့နယ်ရှိ ဒုက္ခသည်များကို အကူအညီပေးရန် ဒု-သမ္မတ ဒေါက်တာစိုင်းမောက်ခမ်း ပြော click

ကုလသမဂ္ဂအထူးကိုယ်စားလှယ်ကင်တင်နား၏ ရခိုင်အရေးကိစ္စ သုံးသပ်ပြောဆိုချက်များလုံးဝလက်မခံ

အယ်ဒီတာ့အာဘော်

by Yangon Media Group on Monday, August 6, 2012 at 12:15am ·
အယ်ဒီတာ့အာဘော်
ကုလသမဂ္ဂအထူးကိုယ်စားလှယ်ကင်တင်နား၏ ရခိုင်အရေးကိစ္စ သုံးသပ်ပြောဆိုချက်များလုံးဝလက်မခံ

မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ အစီရင်ခံစာတင်သွင်းသူ ကုလသမဂ္ဂအထူးကိုယ်စားလှယ် သောမတ်စ် အိုဂျီယာ ကင်တင်နားသည် မြန်မာနိုင်ငံသို့ ခြောက်ရက်ကြာမျှ လာရောက်ပြီးနောက် သြဂုတ်၎ရက် ညနေပိုင်းတွင် မြန်မာနိုင်ငံမှမထွက်ခွာမီ ရန်ကုန်နိုင်ငံတကာလေဆိပ်၌ သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး သတင်းထုတ်ပြန်ချက်တစ်ရပ် ဖတ်ကြားခဲ့သည်။

မွတ်စလင် ဟက်ကာများမှ မြန်မာနိုင်ငံအားCyber Attack ပြုလုပ်မည့်အစီအစဉ်ကို ၁၀.၈.၂၀၁၂ ရက်နေ့သို့ ပြောင်းရွှေ့လိုက်ခြင်း

မြန်မာနိုင်ငံတွင်းသို့ ကျူးကျော်ဝင်ရောက်လာသည့် ဘင်္ဂါလီ များကို ထောက်ခံသည့် မွတ်စလင် ဟက်ကာများ စုပေါင်းကာမြန်မာနိုင်ငံအား Cyber Attack ပြုလုပ်ရန် Operation Myanmar Hacker Group ဖွဲ့စည်းခဲ့ကြောင်း၊ ဒီလိုတိုက်ခိုက်ရန်အတွက် Hacker ၄၀၀၀ ကျော်ကို ပူးပေါင်းပါဝင်ဖို့ ဖိတ်ခေါ်ခဲ့ရာ မွတ်စလင်  Hacker ၁၀၀၀ ကျော်က   ပူးပေါင်းပါဝင်မည်ဟု ကတိပြုခဲ့ကြောင်း သိရပါသည်။။ တိုက်ခိုက်မှု့ကို  တနင်္လာနေ့  (၆.၈.၂၀၁၂) ရက်နေ့တွင် စတင်တိုက်ခိုက် ရန် ပြင်ဆင်ထားသော်လည်း  ပိုမိုထိရောက်စွာ တိုက်ခိုက်နိုင်ရန်အတွက် (၁၀.၈.၂၀၁၂)  သောကြာနေ့ သို့  ပြောင်းရွှေ့သတ်မှတ် တိုက်ခိုက်သွားမည် ဖြစ်ကြောင်းသိရသည်။  တာဝန်ရှိသူတွေ အနေဖြင့် မပေါ့ဆကြရန် နှင့်  မိမိတို့၏ ၀ဘ်ဆိုက်များအား စောင့်ကြည့် ကာကွယ်သွားရန် လိုအပ်ကြောင်း သိရသည်။

 ဆက်စပ် ဖတ်ရှုရန် -အထူးသတင်း