Tuesday, August 28, 2012

နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ကုလသမဂ္ဂ လက်ထောက် အတွင်းရေး မှူးချုပ်နှင့် ကုလသမဂ္ဂ လူဦးရေ ရန်ပုံငွေ အဖွဲ့မှ အမှုဆောင် ဒါရိုက်တာနှင့် အဖွဲ့အား လက်ခံ တွေ့ဆုံ


(နိုင်ငံတော် သမ္မတ ဦးသိန်းစိန်  ကုလသမဂ္ဂ လက်ထောက် အတွင်း ရေးမှူးချုပ်နှင့်  ကုလသမဂ္ဂ လူဦးရေ ရန်ပုံငွေ အဖွဲ့မှ  အမှုဆောင် ဒါရိုက်တာ Dr. Babatunde Osotimehin  ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့အား သံတမန် ဆောင် ဧည့်ခန်းမ၌ လက်ခံ တွေ့ဆုံစဉ်)
 ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် ကုလသမဂ္ဂ လက်ထောက် အတွင်းရေး မှူးချုပ်နှင့် ကုလသမဂ္ဂ လူဦးရေ ရန်ပုံငွေ အဖွဲ့မှ အမှုဆောင် ဒါရိုက်တာ Dr. Babatunde Osotimehin  ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့အား ယနေ့မွန်းလွဲ ၂ နာရီ မိနစ် ၅ဝ တွင် နေပြည်တော်ရှိ နိုင်ငံတော် သမ္မတ အိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံ တွေ့ဆုံသည်။

မုန်တိုင်းကြောင့် Republican ပါတီညီလာခံ အခက်အခဲတွေ့

ပါတီရဲ့ သမ္မတလောင်းအဖြစ် Mitt Romney ကို တရားဝင် အမည်စာရင်းတင်သွင်းမယ့် ရီပတ်ဘလီကန် ပါတီညီလာခံ စတင်ပြီ ဖြစ်ပါတယ်။

အောင်ချမ်းသာအိမ်ရာတွင် တွေ့ရသော အထုပ် ဗုံးမဟုတ်ဟုဆို

တာမွေအ၀ိုင်းအနီး အောင်ချမ်းသာ အိမ်ရာတွင် ယနေ့သြဂုတ် ၂၈ ရက် ၇နာရီ ၄၀ မိနစ်ကျော် က တွေ့ရသော   ဗုံးဟုယူဆရသည့် အထုပ်မှာ ဗုံးမဟုတ်ကြောင်း ဗဟန်းမြို့နယ် ရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက 7Day News ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားသည်။

ရခိုင်ပြည် လွှတ်မြောက်ရေး ပါတီ အထွေထွေ အတွင်းရေးမှူး ဒေါ်စောမြရာဇာလင်း ရခိုင်သို့ရောက်ရှိ


ရခိုင်ပြည် လွှတ်မြှောက်ရေး ပါတီ ထွေထွေ အတွင်းရေး မှူး ဒေါ်စောမြရာဇာလင်းသည် အဖွဲ့ဝင် (၆) ဦးနှင့် အတူ ယနေ့တွင် တက်က နက်မြို့မှ တဆင့် မောင်တောသို့ ထွက်ခွာသွားကြောင်း သိရသည်။

၂၀၁၅ တွင် ရန်ကုန်မြို့၌ မိုဘိုင်းဖုန်းအသုံးပြုသူဦးရေ ၅ သန်းကျော်ရှိလာနိုင်သည်ဟုသိရ

ရန်ကုန်မြို့ ၂၀၁၅-၂၀၁၆ မိုဘိုင်းဖုန်းအသုံးပြုသူဦးရေမှာ ၅   ဒသမ ၁ သန်းထိ တိုးမြှင့်လာနိုင်  မည်ဟု မြန်မာ့ဆက်သွယ်ရေးနှင့် ကြေးနန်း သင် တန်းကျောင်းမှ ကျောင်းအုပ်ကြီးဦးကျော်စိုးမှ ပြောကြားသည်။

ပူတာအိုမြို့ တွင်သံဃာတော် များဆန်မရောင်းပါနိုင်ငံပိုင် မီဒီယာဖြစ်သောကြေးမုံ သတင်းစာတွင်လွဲမှားစွာ ဖော်ပြ

ဖားကန့်မြို့နယ်သံဃာတော်များ၏ မဟာတဏ္ဌုလဒါန အလှူတော် အဖြစ် ဖားကန့်မြို့နယ်သံဃနာယကအဖွဲ့၏ စီမံမှုဖြင့်ဆန်းကြွယ် ဆရာတော်ဦးက၀ိသာရ(မဟာသဒ္ဓမ္မဇောတိကဓဇ) ဦးဆောင်သော သံဃာတော်များသည်

ခေတ်သစ်ဖွံ့ဖြိုးရေးပါရာဒိုင်း ပါမောက္ခ ဖူကူယားမား၏ ပို့ချချက် နှင့် စာရေးသူ၏အတွေးအချို့

အပြောင်းအလဲ၏ လတ်တလောအရသာ

မြန်မာပြည်ပြောင်းပါပြီ။ ဤအပြောင်းအလဲကို၊ ပြည်တွင်းပြည်ပရှိ၊ သဘောထားတင်းမာသူ အချို့ကပင်၊ သိမှတ် လက်ခံလာကြပါပြီ။ ယခင်ကဆိုလျှင်၊ လူအရှင်လတ်လတ်မဆိုနှင့်၊ သူတို့စာတွေကို ပင်၊မရဲတရဲ မိတ်ဆက်နေကြရသော၊ ကမ္ဘာသိ ပညာရှင်တွေ၊ ဝင်လာ မဆဲ၊ တသဲသဲ ရှိလာသည်။

“ယနေ့အမျိုးသားလွှတ်တော် အစည်းအဝေး ၌ ခုံရုံးဝန်ထမ်းများ စွပ်စွဲ ပြစ်တင်သည့်အဆို ဆွေးနွေးကြမည်”

ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဌနှင့်အဖွဲ့ဝင်များအားဖွဲ့စည်းပုံအခြေခံဥပဒေပြဌာန်းချက်များကို
ဖောက်ဖျက်ကျူးလွန်ခြင်း၊ဥပဒေရေပေးအပ်သောတာဝန်များကို ကျေပွန်စွာမထမ်းဆောင်ခြင်းတို့အရ စွပ်စွဲပြစ်တင်သည့်အဆို ကိုပထမအကြိမ်အမျိုးသားလွှတ်တော်စတုတ္ထပုံမှန်အစည်းအဝေး(၃၄)ရက်ေ န့မြောက်နေ့ (၂၈.၈.၂၀၁၂)အင်္ဂါနေ့တွင် အမျိုးသားလွတ်တော်တွင် တင်ဆွေးနွေးကြမည်ဖြစ်သည်။

ယနေ့ (သြဂုတ် ၂၈ ရက်) အမျိုးသား လွှတ်တော်တွင် ဆွေးနွေးမည့် အချက်များ

ယနေ့ (သြဂုတ် ၂၈ ရက်) တွင် ကျင်းပမည့် အမျိုးသားလွှတ်တော် အစည်းအဝေး၌ အောက်ပါ အကြောင်းအရာများကို ဆွေးနွေးကြမည်ဖြစ် ပါသည်။

မူလသံယုတ် ကျောင်းတိုက် ရှေးဟောင်း အဆောက်အဦအဖြစ်မှ ပယ်ဖျက်


ရန်ကုန် (မဇ္ဈိမ) ။       ။ ရန်ကုန်တိုင်း ရှေးဟောင်း အဆောက်အဦအဖြစ် သတ်မှတ်ထားခဲ့သော သင်္ကန်းကျွန်းမြို့နယ်၊ ကျိုက္ကဆံ ဘုရားအနီးရှိ မူလသံယုတ် ဘုန်းတော်ကြီး ကျောင်းအား စာရင်းမှပြန်လည် ပယ်ဖျက်လိုက်ကြောင်း ရန်ကုန် စည်ပင်သာယာမှ တာဝန်ရှိသူတဦးက ပြောသည်။

လိုင်ဘေးရီးယားသမ္မတမှ ပိုင်ဆိုင်မှုကြေငြာရန် ပျက်ကွက်သော သားဖြစ်သူအား ရာထူးမှချ..


သမ္မတ အယ်လင်ဂျွန်ဆင်ဆာလိဖ်သည် သူမ၏သားများအနက် တစ်ဦးဖြစ်သူ ဗဟိုဘဏ်လက်ထောက်အုပ်ချုပ်ရေးမှူးအား ပိုင်ဆိုင်မှုများ ကြေငြာရန် ပျက်ကွက်သည့်အတွက် ရာထူး မှခေတ္တ ဖယ်ရှားလိုက်ကြောင်း အခြားအစိုးရအရာရှိ (၄၅)ဦးအပါအ၀င် စာရင်း ကို ကြေငြာခဲ့သည်။

ပြည်ပရောက် မြန်မာများအား Black List များ ပယ်ဖျက်ပေးခြင်း


(ယနေ့ထုတ်နိုင်ငံပိုင်သတင်းစာပါ ဖော်ပြချက်မှ)

နိုင်ငံတော်အစိုးရသည် လက်ရှိ အခြေအနေတွင် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့်အညီ ဒီမိုကရေစီစနစ်ကို ဖော်ဆောင်လျက်ရှိပြီး နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများကိုလည်း အလေး ထား အကောင်အထည် ဖော် ဆောင်ရွက်လျက်ရှိပါသည်။

မင်းသမီး လီယောင်အေးက မြန်မာကလေး များကို ရန်ပုံငွေလှူဒါန်း

မြန်မာ ပရိတ်သတ်များ အသည်းစွဲတဲ့ နန်းတွင်းသမားတော် ဇာတ်ကား မှာ ချန်ဂင် အဖြစ် သရုပ်ဆောင်ခဲ့သူ တောင်ကိုရီယား မင်းသမီး လီယောင်အေး ဟာ မြန်မာနိုင်ငံက အမျိုးသမီးငယ်များ ကို စောင့်ေ ရှာက် ကူညီပေးနေတဲ့ မယ်သီလရှင်ကျောင်းတခုကို အလှူငွေထည့် လိုက်ပါတယ်။

၂၈.၈.၂၀၁၂နေ့တွင်ကျရောက်သော ဗကသများအဖွဲ့ချုပ်ပြန်လည်ရှင်သန်ခြင်း(၅)နှစ်ပြည့် တွင် ဖတ်ကြားမည့် သုံးသပ်တင်ပြချက်

၂၀၀၇-၂၀၁၂ ဗကသများ၏ အဖွဲ့ချုပ်၏ အခြေအနေ အပြောင်းအလဲများအပေါ် ခြုံငုံသုံးသပ်ချက်

ရဲဘော် ကျောင်းသားကျောင်းသူများနှင့် မိဘပြည်သူများ သိရှိနိုင်အောင် ဗကသများအဖွဲ့ချုပ်၏ ၅နှစ်တာကာလ အပြောင်းအလဲများ ကို ခြုံငုံသုံး သပ်တင်ပြလိုက်ရပါသည်။

ကောင်းမွန်သောအုပ်ချုပ်ရေး၊သန့်ရှင်းသောအစိုးရ ဘယ်ဟာကစမလဲ

တစ်နေ့က အကြံပြုစာ တစ်ပုဒ်ဖတ်လိုက်ရပါတယ်။ ဂျာနယ်တစ်စောင်စောင်မှာပဲထင်ပါရဲ့။ စာထဲမှာ နိုင်ငံကူး လက်မှတ်သက် တမ်းတိုးတဲ့ ကိစ္စရေးထားတာပါ။ သက်တမ်းတစ်ခါတိုးတိုင်း စာရွက် စာတမ်းတွေ၊ အထောက်အထားတွေ ထပ်ထပ်တောင်းတာကို  ရေးထားတာပါ ဟုတ်ပါတယ်။

နေ့စဉ်မိုးလေ၀သသတင်း

(၂၀၁၂ ခုနှစ်၊ သြဂုတ်လ(၂၈)ရက်နေ့ နံနက်(၇း၀၀)နာရီအချိန် ထုတ်ပြန်ချက်)

ဘင်္ဂလားပင်လယ်အော်အခြေအနေ။ကပ္ပလီပင်လယ်ပြင်နှင့်ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းတို့
တွင်မုတ်သုံလေအားကောင်းနေပြီး၊ကျန်ဘင်္ဂလားပင်လယ်အော်တွင်မုတ်သုံလေအားအသင့်အတင့် ရှိနေပါသည်။

ဆရာဝန်များ အလုပ်လက်မဲ့ ပြဿနာ သမ္မတထံ စာပေးပို့

မြန်မာနိုင်ငံမှာ ဆရာဝန်တွေ အလုပ်အကိုင် ရှားပါးပြီး အလုပ်လက်မဲ့ များပြားလာတဲ့ ပြဿနာကို ကိုင်တွယ် ဖြေရှင်းပေး ဖို့ ဆရာဝန် အယောက် (၈၀) စုပေါင်း လက်မှတ်ထိုးပြီး သမ္မတ ဦးသိန်းစိန်ထံ စာတစ်စောင် ရေးသားပေးပို့လိုက်ပါတယ်။

နေ့စဉ်ထိတွေ့နေသော ware များအကြောင်း



Hardware Hardware ဆိုတဲ့ အသုံးအနှုန်းကို အိမ်ဆောက်ပစ္စည်း ကိရိယာတွေ ရောင်းတဲ့ဆိုင်မှာ အိမ်ဆောက်ပစ္စည်း ကိရိယာတွေကို ရည်းညွှန်းပြောဆိုတဲ့အခါမှာ သုံးတာတွေ့မိပါတယ်။

ပုံဖျက်ဖုံးကွယ်မှုနှင့် အပူဒဏ်ခံနိုင်သည့် လိမ်းဆေး အမေရိကန် သိပ္ပံပညာရှင်များ တီထွင်

အမေရိကန် သိပ္ပံပညာရှင်များသည် ၎င်းတို့၏ စစ်သည်များ အသုံးပြုရန် အတွက် ရုပ်ဖျက်နိုင်ရုံ သာမက ဗုံးပေါက်ကွဲမှုမှ ထွက်ပေါ်လာ သည့်အပူဒဏ်ကို အကာအကွယ်ပေး နိုင်သည့် လိမ်းဆေး တစ်မျိုးကို တီထွင်ခဲ့ ကြောင်း သိရသည်။

ခြေစမ်းပွဲ မနိုင်သေးသော်လည်း အမျိုးသမီးအသင်းအပေါ် နည်းပြ အကောင်းမြင်

ရန်ကုန် (မဇ္ဈိမ) ။       ။ ရန်ကုန်လူငယ် အကယ်ဒမီ (အမျိုးသား)အသင်းနှင့် ကစားခဲ့သည့် ခြေစမ်းပွဲ သုံးပွဲလုံး နိုင်ပွဲ မရှိခဲ့သော်လည်း မြန်မာ့ လက်ရွေးစင် အမျိုးသမီး ဘောလုံး အသင်း ၏ ခြေစွမ်း ကို ကျေနပ်လျက်ရှိကြောင်း နည်းပြ မာကုဒါ က ဆိုသည်။

ဖားအံမြို့ ကရင်ြ့ခည်ဖြူဖွဲ့ပွဲတော်သို့ ကေအဲန်ယူ ခေါင်းဆောင်တွေ တက်ရောက်

အဲခေါင်သောင့်၊ သြဂုတ်လ ၂၈ရက်၊ ၂၀၁၂ခုနှစ်။
ဖားအံမြို့ ဇွဲကပင် ခန်းမတွင် ယခုလ ၂၆ရက်နေ့က ကျင်းပပြုလုပ်ပြီးစီးခဲ့သည့် ကရင့်ခြည်ဖြူဖွဲ့ ပွဲကို ကေအဲန်ယူ ခေါင်းဆောင်အချို့ တက်ရောက် အားပေးခဲ့သည်ဟု စုံစမ်းသိရှိရသည်။

ADSL အင်တာနက်လိုင်းများ အမြန်နှုန်း နှစ်ဆ အခမဲ့တိုးမြှင့်ပေးထား

ရန်ကုန်၊ နေပြည်တော်နှင့် မန္တလေးမြို့ များတွင် လက်ရှိ ADSL အသုံးပြု နေသော user များကို ငွေကြေးတိုးမြှင့် ကောက်ခံခြင်း မရှိဘဲ အမြန်နှုန်း နှစ်ဆ အခမဲ့ တိုးမြှင့် ပေးထား သည်ဟု ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်း ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်း သန်းက အမျိုးသားလွှတ်တော် အ စည်းအဝေး တွင် ဖြေကြားခဲ့ သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် အယ်လအေမြန်မာမိသားစု တွေ့ဆုံပွဲ နေရာသတ်မှတ်ပြီ

လက်ခံရရှိသော သတင်းထုတ်ပြန်ချက်အရ အောက်ဖော်ပြပါနေရာတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် အယ်လ်အေဒေသကြီးရှိ မြန်မာမိသားစုများနှင့် တွေ့ဆုံပွဲ ကျင်းပမည်ဖြစ်ကြောင်း သိရှိရသည်။

ပြည်ထောင်စုလွှတ်တော်၏ အဆုံးအဖြတ် (၂၇.၈.၂၀၁၂)

ယနေ့တော့ ပြည်ထောင်စုလွှတ်တော်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ခုံးရုံး၏ ဆုံးဖြတ်ချက်နှင့်ပတ်သက်၍ လွှတ်တော်ကိုယ်စားလှယ်ပေါင်း (၂၂)ဦး ဆွေးနွေးခဲ့ကြပါတယ်။

အကျဉ်းသားတစ်ဦး အင်းစိန်ဆေးရုံမှ ထွက်ပြေးလွတ်မြောက်

အင်းစိန် ဗဟိုအကျဉ်းထောင်မှာ မူးယစ်ဆေးဝါးမှုနဲ့ နှစ်ရှည် ထောင်ဒဏ်ကျခံနေရတဲ့ အကျဉ်းသား တစ်ဦးဟာ သြဂုတ်လ (၂၆) ရက် မနေ့က မနက် (၆) နာရီလောက်က ထွက်ပြေး လွတ်မြောက်ခဲ့တယ်လို့ အကျဉ်းဦးစီးဌာနက RFA ကို ဒီကနေ့ အတည်ပြု ပြောဆိုပါတယ်။

JICA က ချင်းပြည်နယ်ကို ကျပ်ငွေ သန်းပေါင်း ၉၉၀၀ ခန့် ထုတ်ချေးမည်

ချင်းပြည်နယ်ရဲ့ စိုက်ပျိုးရေးနဲ့ မွေးမြူရေး လုပ်ငန်းတွေမှာ အသုံးပြုဖို့ အတွက် (JICA) လို့ခေါ်တဲ့ ဂျပန်နိုင်ငံတကာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီက မြန်မာကျပ်ငွေ သန်းပေါင်း ၉၉၀၀ ခန့် ထုတ်ချေးမှာဖြစ်ကြောင်း ချင်းပြည်နယ် စိုက်ပျိုးရေးနဲ့ မွေးမြူရေး ၀န်ကြီး ဦးဗန်ထောင်းက ပြောပါတယ်။

၈၈ မျိုးဆက် ကြားဖြတ်ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာရေး အစီရင်ခံစာထုတ်ပြန်


၂၀၁၂ ခုနှစ် သြဂုတ်လ ၂၇ ရက်က ၈၈ 
 မျိုးဆက်ကျောင်းသား အဖွဲ့ရုံး
တွင် ပြုလုပ်သည့် ကြားဖြတ်
 ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာရေး 
အစီရင်ခံစာ ထုတ်ပြန်ခြင်း သတင်းစာ 
ရှင်းလင်းပွဲ၌ ဦးကိုကိုကြီးက ရှင်းလင်းပြောဆိုနေစဉ်။

၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့ ရွေးကောက် ပွဲ စောင့်ကြည့် လေ့ လာရေး ကွန်ရက်က ပြုစုတဲ့ ၂၀၁၂ ခုနှစ် ကြားဖြတ် ရွေးကောက် ပွဲ စောင့်ကြည့် လေ့လာရေး အစီရင်ခံစာကို ရန်ကုန်မြို့၊ သင်္ဃန်း ကျွန်းမြို့နယ်မှာရှိတဲ့ ၈၈ မျိုးဆက်ကျောင်းသား အဖွဲ့ရုံးမှာ ဒီကနေ့ သတင်းစာ ရှင်းလင်းပွဲ တစ်ရပ် ပြုလုပ်ပြီး ထုတ်ပြန်လိုက်ပါတယ်။

ရခိုင်ပြည်ပဋိပက္ခ လှုံ့ဆော်မှုနဲ့ ကုလ၀န်ထမ်းသုံးဦးထောင်ချခံရ

ဇွန်လအတွင်းကရခိုင်ပြည်နယ်၊ မြို့တော် စစ်တွေမှာ အကြမ်းဖက်မှု
အတွင်းမီးလောင်ကျွမ်းနေသော
 နေအိမ်
ရခိုင်ပြည်နယ် အတွင်း ဇွန်လတုန်းက ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေမှာ ပါဝင်ပတ်သက်ခဲ့ တယ်ဆိုတဲ့ စွပ်စွဲ ချက်တွေနဲ့ ဖမ်းဆီး ထိန်းသိမ်းခံ ထားရတဲ့ နိုင်ငံတကာ NGO ၀န်ထမ်းသုံးဦးကို မြန်မာအစိုးရက ပြစ် ဒဏ် စီရင်လိုက် ပြီဖြစ်ပါတယ်။ ရခိုင်ပြည်နယ် ပဋိပက္ခကြောင့် ဖမ်းဆီးခံခဲ့ရတဲ့ ကုလသမဂ္ဂ၀န်ထမ်း ဆယ်ယောက်အထိ ရှိခဲ့ပေမယ့် ကျနတဲ့သူတွေ ကတော့ အစောပိုင်းက ပြန်လည် လွတ်မြောက် လာခဲ့ကြပြီး ဖြစ်ပါတယ်။

အာဖဂန်အရပ်သား ၁၇ ယောက်ကို တာလီဘန်ခေါင်းဖြတ်

အမျိုးသမီး နှစ်ဦး အပါအ၀င် အာဖဂန်အရပ်သား ၁၇ ယောက်ကို တာလီဘန် စစ်သွေးကြွတွေ  က ခေါင်းဖြတ် သတ်ဖြတ်ခဲ့တယ်လို့ အာဖဂန်နစ္စတန်နိုင်ငံ တောင်ပိုင်းက တာဝန်ရှိသူတွေက ပြောပါတယ်။

၂၇-၈-၂၀၁၂ ရက်နေ့သတင်းများ

- ဖားကန့်တွင် KIO နှင့် အစိုးရတပ်များအကြား တိုက်ပွဲပြင်းထန်နေ click
- ဖားကန့်မှာ ပြင်းထန်လာသော တိုက်ပွဲကြောင့် လူထု ၄,၀၀၀ နီးပါး ထွက်ပြေးတိမ်းရှောင်နေရ click
- UWSA ဖမ်း SSA-S တပ်ဖွဲ့ဝင်များ ပြန်မလွတ်သေး click
- ဒီဗွီဘီရုပ်သံ ပြည်တွင်းသတင်းထောက်တဦး အဖမ်းခံရ click
- ဆွေးမြေ့နေတဲ့ ရှားတော-လွိုင်ကော် တံတား ပျက်စီးကျိုးကျ click
- အကောင်းဆုံး အားကစားသမားဆုများ ဝင်းထိုက်နှင့် မအောင်ငှိမ်းတို့ ရရှိ click
- ဆီးဂိမ်းတွင် ရွှေတံဆိပ် မရနိုင်သည့် အားကစားနည်းများ မြန်မာ မပြိုင် click
- နယူးယောက်မှာ ကျင်းပခဲ့တဲ့ မြန်မာအနုပညာရှင်များရဲ့ အငြိမ့်သဘင် ဖျော်ဖြေပွဲ click
- မြန်မာကျပ်ငွေ ၅၀၀၀ တန်အတု သိန်းတစ်ရာကျော်အား ဟိုမိန်းပြည်သူစစ်အဖွဲ့ဖမ်းဆီးရမိ    click 
- နေပြည်တော်က ပထမဆုံး မသန်စွမ်းသူများ ဆွေးနွေးပွဲ   click
- အာဖဂန် အရပ်သားတွေအပေါ် တာလီဘန်တွေရဲ့ ရက်စက်မှု click
- ဆမ်ဆောင်း ရှယ်ယာ ၇ ရာခိုင်နှုန်းအထိ ကျဆင်း click