CDMA 800 MHz ဖုန်းများအား
ငွေကျပ်တစ်သိန်းကျော်ဖြင့် ရောင်းချပေးဟုဆိုသည့် သတင်းမှာ
မဖြစ်နိုင်ကြောင်း ရောင်းချခွင့် မပေးကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက
သိရှိရသည်။
လက်ရှိတွင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) ကုမ္ပဏီမှ လာမည့်လ၌ ကျပ် တစ်သိန်း သုံးသောင်းတန် CDMA 800 MHz ဖုန်းများ ရောင်းချပေးမည်ဟု သတင်းများ ထွက်ပေါ်နေကြောင်း ဖုန်းဈေးကွက်မှသိရသည်။

ရခိုင်ပြည်နယ်
ရသေ့တောင်မြို့တွင် ကျင်းပပြုလုပ်မည့် လူထုအစည်းအဝေးပွဲအား
အစိုးရမှကန့်သတ်မှုရှိနေသော်လည်း လူထုစည်းဝေးပွဲကြီး ဖြစ်မြောက်အောင်
ကျင်းပပြုလုပ်သွား မည်ဖြစ်ကြောင်း သိရသည်။















