ဘာမဆို
လုပ်ချင်ရင် ချက်ချင်း အကောင်အထည် ဖော်လို့ ရပါတယ်။ မခက်ပါ ဘူး။ ခက်အောင်
လုပ်ချင်ကြတဲ့ လူတွေ ရှိနေလို့ ခက်နေတာပါ။ (ဒါကြောင့်လည်း အယ်လ်ဒီစီ
နိုင်ငံ ဖြစ်သွားရတာပါ။ အခုနှစ်ဆို အယ်လ်ဒီစီ နိုင်ငံဖြစ်တာ ငွေရတု
တိုင်ခဲ့ပါပြီ။)ပြည်သူတွေ သက်သာစွာနဲ့ ခေတ်မီစေဖို့ ၅၀၀၀ တန် ဖုန်း
လုပ်ပေးပါရစေ။ လုပ်လို့ ရပါတယ်။ ကိုယ့်ပစ္စည်းနဲ့ ကိုယ်လုပ်မှာပါ။
နိုင်ငံခြားက ပညာရှင်တွေ ဘေးမှာထားပြီး ရှင်းပြ၊ တင်ပြတာကို လုပ်လို့
မရသေးပါဘူး ဆိုပြီး အတင်း ငြင်းတယ်။ ၅ သိန်း ဆက်မလုပ်တော့ဘဲ ၂ သိန်းတန်
လုပ်တယ်။
ဖုန်းဈေးနှုန်းကိုလည်း
ထောင်ဂဏန်းအထိ ကျအောင် လုပ်လို့ရပါတယ်။ မခက်ပါဘူး။ အာမခံ ပေးမယ့်သူက
အဆင်သင့် ရှိနေတာပဲ။ တစ်ဦးတည်း မူပိုင်၊ တစ်ဖွဲ့တည်း မူပိုင်
မလုပ်ကြပါနဲ့။ ခေတ်စနစ်နဲ့ အတူ လိုက်ပြောင်းကြပါလို့။
စက်တင်ဘာလ
၁၉ ရက်နေ့ထုတ် Open News သတင်းဂျာနယ်ပါ ‘ဆောင်းပါးရှင် မိုးလင်း၏ ၂၀၁၅
ခုနှစ် မတိုင်ခင် အထိ ရိက္ခာတွေ ယူသွားကြ ဦးမှာလား’ ဆောင်းပါးမှ
ကောက်နုတ်ချက်
From-TheVoiceWeekly