Thursday, November 29, 2012

မြန်မာဆန်စပါးကဏ္ဍ ပုဂ္ဂလိသို့တာဝန်ယူစေတော့မည်



နိုင်ငံတကာတွင် မြန်မာ့ဆန်ဈေးကွက် ရရှိရေးနိုင်စေရေးအတွက် ဆန်စပါးမူဝါဒများ ပြောင်းလဲကျင့်သုံး၍ ဆန်စပါးဈေးကွက်ကို ပုဂ္ဂလိကသို့ လွှဲပြောင်းကာ အပြည်အဝ တာဝန်ယူဆောင်ရွက် စေတော့မည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က ပြောကြားသည်။

လွှတ်တော်နှင့်သမ္မတအကြား သဘောထားကွဲလွဲမှုမှာ အသွင်ကူးပြောင်းရေးကိုထိခိုက်နိုင်



လွှတ်တော်နှင့် နိုင်ငံတော်သမ္မတအကြား သဘောထားကွဲလွဲမှု များ ဖြစ်ပေါ်နေခြင်းသည် မြန်မာနိုင်ငံ၏ အသွင်ကူးပြောင်းရေးကိုပါ ထိခိုက် လာနိုင်စေမည် ဖြစ်ကြောင်း မြန်မာ့နိုင်ငံရေး စောင့်ကြည့်လေ့လာနေသူတစ်ဦး က ပြောကြားသည်။နိုင်ငံတော်အေးချမ်းသာရာရေးနှင့် ဖွံဖြိုးရေးကောင်စီ လက်ထက်က ရေးဆွဲပြဋ္ဌာန်းခဲ့သော  ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ

တရုတ်ကောင်စစ်ဝန်ရုံးရှေ့၌ ဆရာတော်ဝီရသူမှ ဦးဆောင်ဆန္ဒဖော်ထုတ်မည် မဟုတ်

 
မန္တလေးမြို့ရှိ တရုတ်ကောင်စစ်ဝန်ရုံးရှေ့တွင် ဆရာတော် ၀ီရသူမှ ဦးဆောင်၍ ဆန္ဒထုတ်ဖော်သွား မည်ဟု ထွက်ပေါ်နေသည့် သတင်းမှာ မဟုတ်မမှန်ကြောင်း ဆရာတော်မှ မိန့်ကြားခဲ့သည်။"ဦးဇင်းကို ဘယ်သူကမှ လာပြီးမလျှောက်သလို ၊ ဘယ်သူမှလဲ လာပြီးတိုင်ပင်မှု မပြုလုပ်ပါဘူး" ဟု ဆရာတော်ဝီရသူက မိန့်ကြားသည်။

ရခိုင်ပါတီဝင်တချို့ကို ရဲက ခေါ်ယူ ခြိမ်းခြောက်နေ

ပေါက်တောမြို့နယ်၊ ချင်းပြည်နယ်ထဲက ရခိုင်တိုင်းရင်းသားတွေ နေထိုင်တဲ့ ပလက်ဝ မြို့နယ်တို့မှာ ပါတီဝင်အဖြစ်လျှောက်ထားသူတွေကို အမည်နဲ့မှတ်ပုံတင်တွေ ကွဲလွဲနေတယ် ဆိုပြီးတော့ ပါတီဝင်တွေကို ခေါ်ယူ စစ်ဆေးတာ၊ ခြိမ်းခြောက်တာနေတယ်လို့ ALD ရဲ့ ပေါက်တော မြို့နယ် ဒု ဥက္ကဋ္ဌ ဦးမြတ်ထွန်းက ဧရာဝတီကို ပြောပါတယ်။

ဒီနှစ်ရဲ့ လိင်ဆွဲဆောင်မှု အရှိဆုံး အမျိုးသား မြောက်ကိုရီးယား ခေါင်းဆောင်လေး ကင်ဂျုံအန်း

မြောက်ကိုရီးယား ခေါင်းဆောင်လေး ကင်ဂျုံအန်းက ဒီနှစ်ရဲ့ လိင်ဆွဲေ ဆာင်မှု အရှိဆုံး အမျိုးသားလို့ ဆိုပါတယ်။အမေရိကန် ကြက်သွန်နီ စာစောင်က အဲဒီလို နောက်ပြောင်သတ်မှတ်လိုက်တာပါ။ သို့သော်ငြား တရုတ် ကွန်မြူနစ်ပါတီရဲ့ People’s Daily - ပြည်သူ့ နေ့စဉ်သတင်းစာ အင်တာနက်စာမျက်နှာမှာ  အဲဒါကို အတည်ယူပြီး သတင်းရေးထားပါ တယ်။ အင်္ဂါနေ့မှာပါ။

ယနေ့ ထိုင်း-မြန်မာ နယ်စပ် ပစ်ခတ်မှု တခုတွင် မူးယစ်ဆေး သယ်ဆောင်သူ ၂ ဦးကို စိတ်ကြွဆေးပြား အလုံး လေးသောင်း နှင့်အတူ အသေ ဖမ်း


2012 မူးယစ်ဆေးဝါး သယ်ဆောင်လာသူများနှင့် ယနေ့ ထိုင်း-မြန်မာ နယ်စပ် ပစ်ခတ်မှု တခုတွင် မူးယစ်ဆေး သယ်ဆောင်သူ ၂ ဦးကို စိတ်ကြွဆေးပြား အလုံး လေးသောင်း နှင့်အတူ အသေ ဖမ်းဆီးရမိ သည် ဟု ထိုင်း စစ်တပ် သတင်းရပ်ကွက်က ပြောသည်။ ထိုင်း စစ်တပ်က သတင်းအရ မယ်ဟောင်ဆောင် ခရိုင် မယ့်စွတ်ဦးနှင့် နမ်းဖယ်ဒင်း ကျေးရွာ

အီဂျစ်ဆန္ဒပြသူတွေနဲ့ ရဲတွေ ထိပ်တိုက်ရင်ဆိုင်



အီဂျစ်သမ္မတ မိုဟာမက်မော်ရ်စီကို ဆန့်ကျင်ကန့်ကွက်တဲ့ လူထုဆန္ဒပြပွဲကို ကိုင်ရိုမြို့မှာ ဒီနေ့ ဗုဒ္ဒဟူးနေ့မှာလည်း ဆက်လက် ဆင်နွှဲနေပြီး ရဲတပ်ဖွဲ့ ၀င်တွေနဲ့ ရာနဲ့ချီတဲ့ ဆန္ဒပြသူတွေအကြား ရုန်းရင်းဆန်ခတ် ဖြစ်နေကြဆဲပါ။
ကိုင်ရိုမြို့ရှိ အမေရိကန်သံရုံးအနီးက လမ်းမပေါ်မှာ ခဲတွေနဲ့ပေါက်နေကြတဲ့ ဆန္ဒပြ လူအုပ်ကြီးကို ရဲတွေက မျက်ရည်ယိုဗုံးနဲ့ လူစုခွဲခဲ့ရပါတယ်။

ယနေ့နံနက် (၃)နာရီမှစတင်ကာ သပိတ်စခန်း (၆)ခုကို မျက်ရည်ယိုဗုံးများ မီးသတ်ပိုက်များဖြင့် တိုက်ခိုက်ဖြိုခွင်းခြင်း သတင်းနှင့်မှတ်တမ်း(ဓါတ်ပုံ)များ



လက်ပံတောင်းတောင်ကြေးနီစီမံကိန်းမှ သပိတ်စခန်းများအား နိုဝင်ဘာ လ၂၉ ရက်နေ့  နံနက် ၃နာရီအချိန်မှစတင်၍  လုံခြုံရေး ရဲတပ်ဖွဲ့မှ မျက်ရည်ယိုဗုံးများ မီးသတ်ပိုက်များ အသုံးပြု၍ လူစုဖြိုခွဲခဲ့သဖြင့် ဒဏ်ရာရရှိသူအချို့ရှိကြောင်း ကြေးနီစီမံကိန်း ဧရိယာတွင် ရောက်ရှိနေေ သာ Eleven Media Group  မှ သတင်းထောက်၏ သတင်းပေးပို့ချက် အရ သိရသည်။

တန်ဆောင်မုန်းလပြည့်နေ့ ရွှေတိဂုံစေတီတော်နှင့် မဟာဝိဇယစေတီ မြင်ကွင်းများ



လက်ပံတောင်းတောင် ဖြစ်စဉ်မှ ဒဏ်ရာရသံဃာတော်အချို့


တရုတ်ပတ်စ်ပို့ ဖိလစ်ပိုင်တံဆိပ်တုံးမထု

ဖိလစ်ပိုင်နိုင်ငံဟာ အာရှနိုင်ငံတွေထဲမှာ တရုတ်နိုင်ငံရဲ့ အီလက်ထရောနစ်နိုင်ငံကူးလက်မှတ်သစ်ကို တံဆိပ်တုံးမထုတဲ့ ဒုတိယမြောက် နိုင်ငံဖြစ်လာခဲ့ပါတယ်။ တရုတ်နိုင်ငံက သူ့ရဲ့အဲဒီနိုင်ငံကူး လက်မှတ် သစ်ထဲမှာ တောင်တရုတ်ပင်လယ်အတွင်း နယ်မြေပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ ကျွန်းတွေကို သူတို့ရဲ့ ပိုင်နက်အဖြစ်နဲ့ ဖော်ပြထားပါတယ်။

လက်ပန်းတောင်းတောင် သပိတ်စခန်း လုံထိန်းရဲတွေ စီးနင်းဖြိုခွဲ

မုံရွာမြို့အနီး၊ ဝမ်ပေါင်ကုမ္ပဏီနီရှေ့ရှိ ကြေးနီစီမံကိန်းရပ်တန့်ရေး ဆန္ဒပြနေတဲ့ ပင်မသပိတ် စခန်း၊ ကျော်ရွာသပိတ်စခန်းတွေကို နံနက်သုံးနာရီမှာ အစိုးရလုံခြုံရေးတပ်ဖွဲ့ဝင်တွေက ဝင်ရောက် စီးနင်းပြီး မီးသတ်ပိုက်တွေ၊ မီးလောင်ဗုံးတွေသုံးပြီး ဖြိုခွဲခဲ့ပါတယ်။

Wednesday, November 28, 2012

ဒီနှစ်ရဲ့ လိင်ဆွဲဆောင်မှု အရှိဆုံး အမျိုးသား




မြောက်ကိုရီးယား ခေါင်းဆောင်လေး ကင်ဂျုံအန်းက ဒီနှစ်ရဲ့ လိင်ဆွဲဆောင်မှု အရှိဆုံး အမျိုးသားလို့ ဆိုပါတယ်။


အမေရိကန် ကြက်သွန်နီစာစောင်က အဲဒီလို နောက်ပြောင်သတ်မှတ်လိုက်တာပါ။

Cobra Gold စစ်ရေးလေ့ကျင့်မှုတွင် မြန်မာ့တပ်မတော်မှ လေ့လာသူသုံးဦးစေလွှတ်ခွင့်ရ


အမေရိကန်အပါအ၀င် နိုင်ငံပေါင်းစုံမှ တပ်သားအင်အား တစ်သောင်းကျော် ပါဝင်သော Cobra Gold စုပေါင်းစစ်ရေးလေ့ကျင့်မှုအစီအစဉ်တွင် မြန်မာနိုင်ငံမှ လာမည့်နှစ်မှစ၍ သုံးကြိမ်ဆက်လေ့လာသူသုံးဦးစေလွှတ်ရန် ကမ္ဘောဒီးယားနိုင်ငံ စီရမ်ရိတွင် အမေရိကန်တပ်မတော်နှင့် မြန်မာ့တပ်မတော်မှ တာဝန်ရှိသူများ
သဘောတူညီမှုရရှိခဲ့ကြောင်း သတင်းရရှိသည်။

အရေးကြီးရင် သွေးနီးခဲ့ကြသူများ…သို့




ကျွန်မက သပိတ်ကျင်းမြို့က NLD ပါတီဝင်တစ်ယောက်ပါ၊ ကျွန်မယောကျာ်းလည်း အတူတူပါပဲ၊ ကျွန်မအိမ်ရှေ့ ဆိုင်ရှေ့မှာ NLD ပါတီဆိုင်းဘုတ်ထောင်ထားပါတယ်။ ကျွန်မတို့ NLD ပါတီဝင်တွေ အရင်တုန်းက ဘယ်လိုနေခဲ့ ရလည်းဆိုတာ အားလုံးလည်းသိကြမှာပါ. ထားပါတော့ ဒါတွေတော့ ပြန်မပြော ချင်တော့ပါဘူး။ အခုတော့ ရင်ဖွင့်ချင်တဲ့. အကြောင်းအရာတွေ၊ ဝန်ခံချင်တဲ့ အကြောင်းလေးတွေ ဖြစ်လာလို့ ပြောလိုက်ရတာပါ။ တစ်နေ့ပေါ့

တည်းခိုခန်းတွင် တည်းခိုနေသူ ရောဂါကြောင့် သေဆုံး



၂၇-၁၁-၂၀၁၂ ရက်နေ့ ၁၁၃၀ အချိန် ပျဉ်းမနားမြို့၊ ရွှေချီရပ်ကွက်ရှိ အောင်ချမ်းသာတည်းခိုခန်း၌ တည်းခိုနေသော ဦးလှကျော်(၅၀)နှစ်မှာ အိပ်ခန်းတံခါးပိတ်ထားပြီး နှိုးမရကြောင်း တည်းခိုခန်းမန်နေဂျာ ဦးဝင်းမြိုင်မှ အကြောင်းကြားသဖြင့် ပျဉ်းမနားရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသွားရောက်ပြီး သက်သေများနှင့်အတူ အခန်းတံခါးဖျက်ကာ ၀င်ရောက်စစ်ဆေးခဲ့သည်။

လက်ကိုင်ဖုန်း ၁ လုံးကြောင့် လူ ၃ ဦး အသက်ဆုံးရှုံး


အိမ်သာကျင်းထဲကို ဖုန်းဆင်းကောက်ရာမှ လူ ၃ ဦးသေဆုံးဆိုတဲ့ သတင်းကို ယနေ့ထုတ် ကြေးမုံ သတင်းစာမှာ ဖော် ပြထားပါတယ်။ မန္တလေးတိုင်း ငါန်းဇွန် မြို့နယ် ကမ္မရွာက ဦးချစ်လိုင်ရဲ့နေအိမ် မှာဖြစ်ခဲ့တာပါတဲ့။ 

လက်ပံတောင်း ပင်မသပိတ်စခန်းတွင် လုံခြုံရေး ထပ်တိုးလာ

 
နယူးဒေလီ (မဇ္ဈိမ)။   ။ ကြေးနီစီမံကိန်းအား ရပ်ဆိုင်းရန် ကန့်ကွက်ဆန္ဒပြနေကြသည့် လက်ပံတောင်းတောင်ရှိ ပင်မသပိတ်စခန်းသို့ လုံခြုံရေးအင်အား ၁၀၀၀ ခန့်ထိ တိုးမြှင့်ချထားကြောင်း မဇ္ဈိမ သတင်းထောက်က သတင်းပေးပို့သည်။

ဆင်းရဲမွဲတေမှု လျှော့ချရေးအတွက် စွမ်းအင်သုံးစွဲရန် လိုအပ်



မြန်မာနိုင်ငံမှာ ဆင်းရဲမွဲတေမှုလျှော့ချပြီး ဖွံ့ဖြိုးတိုးတက်နိုင်ရေးအတွက် စွမ်းအင်ပိုမိုသုံးစွဲဖို့ လိုအပ်နေကြောင်း၊ စွမ်းအင်ရင်းမြစ်တွေ အမြောက်အများရှိနေပေမဲ့ ထုတ်ယူသုံးစွဲနိုင်တဲ့ အခြေအနေ မရှိဘဲဖြစ်နေကြောင်း ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့အခြေစိုက် ADB အာရှဖွံ့ဖြိုးရေးဘဏ် က ပြောပါတယ်။

ဆက်သွယ်ရေး ဥပဒေကြမ်း ဆိုင်ရာ ဆွေးနွေးပွဲ ကျင်းပမည်


ဒီဇင်ဘာလ ၃ ရက် နေ့တွင် ကျင်းပ သွားရန် စီစဉ် နေကြောင်း အဆိုပါ ပွဲကို ဦးစီး ကျင်းပမည့် မြန်မာနိုင်ငံ ကွန်ပျူတာ အသင်းချုပ်မှ အထွေထွေ အတွင်းရေးမှူး ဦးဇော်မင်းဦး က The Voice Weekly သို့ ပြောကြားသည်။ သက်ဆိုင်ရာ နည်းပညာ နယ်ပယ်မှ ပညာရှင် များနှင့် လုပ်ငန်းရှင် များ ပါဝင် ဆွေးနွေးမည့် ဆက်သွယ်ရေး ဥပဒေကြမ်း ဆိုင်ရာ ဆွေးနွေးပွဲ ကို

ကချင်ပြည်နယ်အတွင်း တာလီဘန်တွေကို အသက်သွင်းနေသော ကေအိုင်အေ



     ကချင်ပြည်နယ်သည် မြန်မာနိုင်ငံ မြောက်ပိုင်းနှင့် အရှေ့မြောက်ပိုင်းမှာ တည်ရှိပြီး အိန္ဒိယနိုင်ငံ၊ တရုတ်နိုင်ငံတို့နဲ့ နယ်နိမိတ်ချင်းထိစပ်နေသော မြန်မာနိုင်ငံမှပြည်နယ်တစ်ခုဖြစ်ပါသည်။ ကချင်ပြည်နယ်မှာ တောတောင်ထူထပ်ပြီး တစ်ဖက်နိုင်ငံသို့ ၀င်ရောက်နိုင်တဲ့ ၀င်ပေါက်များစွာ ရှိတဲ့ပြည်နယ်တစ်ခုဖြစ်ပါတယ်။

နယ်စပ်မှာ တွေ့ရတဲ့ မြန်မာမယ်ရွေးပွဲ



ယမန်နေ့ညက မဲဆောက်ရှိ ချစ်ကြည်ရေးတံတားအနီးကျင်းပသော  မြန်မာ မယ်ရွေးပွဲတွင် မြ၀တီခရိုင်မှ အလှမယ် ၁၀ ဦးဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြ သည်။ထိုင်း-မြန်မာချစ်ကြည်ရေးလွိုင်းကထုံးမီးမျှောပွဲနှင့် တန်ဆောင်တိုင် ပွဲတော်အထိမ်းအမှတ် ထိုသို့ ကျင်းပခြင်း ဖြစ်ပြီး အောက်ပါအတိုင်း ဆုရရှိသွားကြသည်။

လက်ပန်းတောင်း သပိတ်စခန်းတွေဖျက်ဖို့ အမိန့်ထုတ်ပြီး သံဃာနှင့်ရဲများထိပ်တိုက်တွေ့


http://gdb.voanews.eu/BE8AC15C-0E63-4B77-AB3C-5F700474C4D8_w640_r1_s_cx0_cy12_cw0.jpg

လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းရပ်တန့်ရေးအတွက် သပိတ် စခန်းတွေကို ည ၁၂ နာရီ ကျော် ရင် အဆုံးသတ်ပေးဖို့ အာဏာ ပိုင်တွေဘက်က ကြေညာပြီးတဲ့နောက်မှာတော့ လက်ပန်းတောင်းေ တာင် ကျော်ရွာဘက်က သံဃာအများစုရှိတဲ့သပိတ်စခန်းမှာ ရဲတပ်ရင်းေ တွနဲ့ သံဃာတွေ ထိပ်တိုက်တွေ့ခဲ့ကြပါတယ်။ နောက်ဆုံးမှာတော့

အီဂျစ်သမ္မတ အာဏာချုပ်ကိုင်မှုအပေါ် ဆန္ဒပြမှုများ ပြင်းထန်နေ

အီဂျစ်သမ္မတ မိုဟာမက်မော်စီက သူ့ကိုယ်သူ တိုးမြှင့်ပေးအပ်လိုက်တဲ့ လုပ်ပိုင်ခွင့်အာဏာဟာ အခြေခံအားဖြင့် ဆက်လက် တည်ရှိနေဆဲရှိ မှာဖြစ်ကြောင်း နိုင်ငံရဲ့ထိပ်တန်းတရားသူကြီးတွေကို ပြောဆိုလိုက်ပြီးတဲ့ေ နာက် ထောင်နဲ့ချီတဲ့ သမ္မတကို ဆန့်ကျင်သူတွေဟာ ကိုင်ရိုမြို့၊ တာဟီ

လက်ပန်းတောင်အရေး ဆန္ဒပြသူ ( ၆ ) ဦးကို အင်းစိန်ထောင်သို့ ပို့လိုက်ပြီ

နိုဝင်ဘာ ၂၆ ရက်နေ့က ရန်ကုန်မြို့လယ်မှာ လက်ပန်းတောင်းေ တာ င် ကြေးနီစီမံကိန်း ရပ်ဆိုင်းပစ်ရေးအတွက် တောင်းဆို ဆန္ဒပြ သူတွေထဲက ဦးဆောင်သူ ၆ ဦးကို ဒီကနေ့ နိုဝင်ဘာလ ၂၇ ရက်နေ့မှာ တရားရုံးတင် စစ်ဆေးပြီး အင်းစိန်အကျဉ်းထောင်ကို ဒီကနေ့ ပို့လိုက် ပါတယ်။ 

ရခိုင်ပြည်နယ် လူ့အခွင့်အရေးအခြေအနေ " ကုလ " စိုးရိမ်



မြန်မာနိုင်ငံရဲ့ လတ်တလော နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေကို အသိအမှတ်ပြုပေမဲ့လို့ မကြာခင်က ရခိုင်ပြည်နယ်တွင်း ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေနဲ့ ပတ်သက်ပြီး စိုးရိမ်မကင်းဖြစ်တဲ့အကြောင်းနဲ့ အထူး သဖြင့် မြန်မာအစိုးရအနေနဲ့ လူနည်းစုဖြစ်တဲ့ ရိုဟင်ဂျာ မူစလင်တွေရဲ့ အခွင့်အရေးကို အကာ အကွယ်ပေးဖို့ တောင်းဆိုတဲ့  ဆုံးဖြတ်ချက်

ဆီးရီးယား အစိုးရ လေကြောင်း ထိုးစစ်ကြောင့် အများအပြားသေဆုံး



ဆီးရီးယားနိုင်ငံ မြောက်ပိုင်းမှာရှိတဲ့ Idlib မြို့အနီးက သံလွင်ဆီ ထုတ်လုပ်တဲ့ စက်ရုံတခုအနီး အစိုးရက လေကြောင်းကနေ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာက လူ ၂၀ ထက်မနည်း သေဆုံးခဲ့ကြောင်း တက်ကြွ လှုပ်ရှားသူတွေက ပြောပါတယ်။ နောက်ထပ် လူပေါင်း ဒါဇင်နဲ့ချီ ထိခိုက်ဒဏ်ရာတွေ ရခဲ့တယ်လို့လည်း ပြောခဲ့ကြတာပါ။

ရွှေတွင်းအလုပ်သမားများကိုမတရား လုံခြုံရေး တပ်ဖွဲ့များနှင့်အစောင့်ချထားခြင်း

http://www.rfa.org/burmese/news/mine_workers_walking_protest-11182012092059.html/mtmm-305အစိုးရနဲ့ ဆွေးနွေးညှိနှိုင်းပြီး သဘောတူညီချက်နဲ့ ရမည်းသင်းမြို့ ကိုပြန်သွားကြတဲ့ မိုးထိမိုး မိ ရွှေတွင်းလုပ်သားတွေကို အာဏာပိုင်တွေက မူလ သဘောတူထားတဲ့နေရာကို ပို့ဆောင် မပေးဘဲ ရမည်းသင်းနဲ့ ဝေးလံ တဲ့နေရာက ရွာတစ်ရွာမှာ ထားလိုက်ပြီး လုံခြုံရေးတပ်ဖွဲ့တွေ အစောင့်ချ ထားလိုက်ကြောင်း သိရပါတယ်။

ကြေးနီတောင်စီမံကိန်း ဖျက်သိမ်းပေးရေး သပိတ်ကော်မတီ ဖွဲ့စည်း



စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ လက် ပန်းတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းဖို့အတွက် အရှိန်အဟုန်မြင့်တဲ့ အနေနဲ့ ဒီကနေ့မှာ မုံရွာက သံဃာတော်တွေအပါအဝင် ဒေသခံလူထု (၅၀၀)ကျော်ဟာ လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း လုံးဝဖျက်သိမ်းရေး အထွေထွေသပိတ်ကော်မတီကို ဒီကနေ့ နိုဝင်ဘာလ ၂၇ ရက်နေ့မှာ ဖွဲ့စည်းလိုက်ပါတယ်။ 

အရွယ်မတိုင်ခင် လက်ထပ်ကြတဲ့ ၁၂ နှစ်အရွယ်သတို့သမီးနဲ့ ၁၉ နှစ် သတို့သား



၁၂ နှစ်အရွယ် သတို့သမီးနှင့်  ၁၉ နှစ်အရွယ် သတို့သား တို့ရဲ့  မင်္ဂလာ အခမ်းအနားကို သတို့ သမီး ဖခင်နှင့် အစ္စလာမ်အဖွဲ့မှ ခွင့်ပြုခဲ့ပြီးနောက် မလေးရှားနိုင်ငံ မြောက်ပိုင်း Kedah ပြည်နယ်မှာ  ပြီးခဲ့သည့် အပတ်က ကျင်းပ ခဲ့ ပါသည်။မဟုတ်ကဟုတ်က တွေလျှောက်လုပ်နေတာနဲ့စာရင် သူတို့ကို ပေးစားလိုက်တာက ပိုကောင်း ပါတယ်လို့ သတို့ သမီး ဖခင်ဖြစ် သူ Saad Mustafa က ဆိုပါတယ်။