Wednesday, December 5, 2012

မြန်မာအမျိုးသမီး ယူ-၁၉ အသင်း အိန္ဒိယ အသင်းကို (၈-၀)ဂိုးဖြင့် ဂိုးပြတ် အနိုင်ယူကာ ခြေစစ်ပွဲ နောက်ဆုံး အဆင့်သို့ တက်ရောက်

Photo: မြန်မာအမျိုးသမီး ယူ-၁၉ အသင်း  အိန္ဒိယ အသင်းကို (၈-၀)ဂိုးဖြင့် ဂိုးပြတ် အနိုင်ယူကာ ခြေစစ်ပွဲ နောက်ဆုံး အဆင့်သို့ တက်ရောက်
Wednesday, 05 December 2012

အာရှ ယူ-၁၉ အမျိုးသမီး ချန်ပီယံရှစ် ခြေစစ်ပွဲ ဒုတိယအဆင့် ၀င်ရောက် ယှဉ်ပြိုင်နေသည့် မြန်မာအမျိုးသမီး ယူ-၁၉ အသင်းသည် အုပ်စု နောက်ဆုံး ပွဲစဉ်တွင် အိန္ဒိယ အသင်းကို (၈-၀)ဂိုးဖြင့် ဂိုးပြတ် အနိုင်ရကာ
ခြေစစ်ပွဲ နောက်ဆုံး အဆင့်သို့ တက်ရောက် သွားပြီ ဖြစ်သည်။

မြန်မာ အသင်းအတွက် ဂိုးများကို ၀င်းသိင်္ဂီထွန်းက (၉၊ ၄၅)မိနစ်၊ ခင်နွေးနွေးရွှေက ပွဲချိန် (၂၆)မိနစ်၊ နီလာဝင်း (၄၇၊ ၆၄၊ ၈၃)မိနစ်များတွင် ဟက်ထရစ်၊ အေးအေးမိုးက (၆၁)မိနစ် တွင် အသီးသီး သွင်းယူပေးခဲ့ပြီး ကျန်တစ်ဂိုးကို အိန္ဒိယ နောက်ခံလူ ဆာဟိုက ပွဲချိန် (၁၈)မိနစ် ကတည်းက ကိုယ့်ဂိုးကိုယ် သွင်းယူပေးခဲ့ခြင်း ဖြစ်သည်။

ဒုတိယ အဆင့် ခြေစစ်ပွဲကို အောင်မြင်သွားခဲ့သည့် မြန်မာအသင်းသည် တစ်ဖက်အုပ်စုမှ ခြေစစ်ပွဲ အောင်မြင်လာမည့် အသင်းနှင့်နောက်ဆုံး
အဆင့် ခြေစစ်ပွဲကို ယှဉ်ပြိုင်ရမည် ဖြစ်ပြီး အနိုင်ရပါက နောက်ဆုံးအဆင့် ပြိုင်ပွဲများသို့ တက်ရောက် ယှဉ်ပြိုင်ခွင့် ရရှိမည် ဖြစ်သည်။

Soccer Myanmarအာရှ ယူ-၁၉ အမျိုးသမီး ချန်ပီယံရှစ် ခြေစစ်ပွဲ ဒုတိယအဆင့် ၀င်ရောက် ယှဉ်ပြိုင်နေသည့် မြန်မာ အမျိုးသမီး ယူ-၁၉ အသင်းသည် အုပ်စု နောက်ဆုံး ပွဲစဉ်တွင် အိန္ဒိယ အသင်းကို (၈-၀)ဂိုးဖြင့် ဂိုးပြတ်

အသက် ၆၀ နှင့် ၇၀ ကျော် ဘိုးဘွားများ နိုင်ငံပိုင်ဆေးရုံကြီးများတွင် အခမဲ့ဆေးကုသခွင့်နှင့် ကျန်းမာရေးစစ်ဆေးခွင့်များ ရရှိတော့မည်

ဦးလှထွန်း ကင်ဆာဖောင်ဒေးရှင်းမှ သက်ကြီးရွယ်အိုလူနာတချို့အား တွေ့မြင်ရစဉ်

အင်မတန်ကိုဝမ်းသားအားရ ဖြစ်မိတဲ့သတင်း ဖြစ်ပါတယ်။ နောက်ဆုံးတော့လည်း မျှော်လင့်ချက်တွေ
ဖြစ်လာရတာပါပဲ။ဒေါက်တာညိုညိုသင်းနဲ့ တကွ ရန်ကုန်တိုင်း အစိုးရကို ဒီကိစ္စဖ်ြမြောက်အောင် စီစဉ်ပေးနိုင်လို့ ကျေးဇူးတင်ပါတယ်။မြန်မာတနိုင်ငံလုံး ကျန်ရှိတဲ့ ပြည်နယ်နဲ့ တိုင်း အစိုးရတွေကလည်း အလားတူ စီမံပေးကြစေချင်ပါတယ်။

ဒီဇင်ဘာလအတွက် ၇ ရက်သားသမီး ကံကြမ္မာ ဟောစာတမ်း

တနင်္ဂနွေသားသမီးများအတွက်

ခရီးတို ခရီးရှည်များ သွားနေရလိမ့်မည်။ ထိုခရီးသည်များသည်လည်း သင့်အတွက် အကျိုးထူးစေပါလိမ့်မည်။ မထင်မှတ်ဘဲ ပညာတစ်ခုသင်ကြားရခြင်း သင်တန်းတစ်ခု တက်ရခြင်းများ ပြုလုပ်ရတတ်ပါသည်။ မရည်ရွယ်ဘဲ မြေ၀င်တတ်သည်။ ဤလအတွင်း

ထိုင်းရောက်မြန်မာလုပ်သားများကို ဒီဇင်ဘာ ၃၁ နောက်ဆုံးထား၍ ယာယီနိုင်ငံကူးလက်မှတ် ထုတ်ပေးမည်၊ ဇန်န၀ါရီ ၁ ရက်မှစ၍ တစ်ရက်လုပ်ခ ဘတ် ၃၀၀ ရမည်

ထိုင်းနိုင်ငံ၌ အထောက်အထား မ လုပ်ရသေးသော မြန်မာလုပ်သား တစ်သန်းနီးပါးသည် ယာယီနိုင်ငံကူး လက်မှတ်နှင့် နိုင်ငံသားသက်သေခံလက်မှတ်ကို ဒီဇင်ဘာ ၃၁ ရက်နောက်ဆုံး ထား ပြုလုပ်ရ မည်ဖြ စ်ကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာနမှ ဒုဝန်ကြီး ဦးမြင့်သိန်းက ပြောသည်။

အသက် ၆၀ နှင့် ၇၀ ကျော် ဘိုးဘွားများ နိုင်ငံပိုင်ဆေးရုံကြီးများတွင် အခမဲ့ဆေးကုသခွင့်နှင့် ကျန်းမာရေးစစ်ဆေးခွင့်များ ရရှိတော့မည်

ha-5-12-2
ဦးလှထွန်း ကင်ဆာဖောင်ဒေးရှင်းမှ သက်ကြီးရွယ်အိုလူနာတချို့အား တွေ့မြင်ရစဉ်
အသက် ၆၀ နှင့် ၇၀ ကျော်အရွယ် ဘိုးဘွားများ နိုင်ငံပိုင်ဆေးရုံကြီးများတွင် အခမဲ့ဆေးကုသခွင့်နှင့် ကျန်းမာရေးစစ်ဆေးခွင့်များ ရရှိတော့မည်ဖြစ်ကြောင်း ဒီဇင်ဘာလ  ၃ ရက်နေ့က ပြုလုပ်ခဲ့သော ပထမအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီး

၂၀၁၂ အာဆီယံခေါင်းဆောင် ၁၀၀ တွေ့ဆုံဆွေးနွေးပွဲမြင်ကွင်း

Photo: ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်တွင် ဒီဇင်ဘာလ ၅ ရက်(ယနေ့)တွင် ပြုလုပ်သည့် ၂၀၁၂ အာဆီယံခေါင်းဆောင် ၁၀၀ တွေ့ဆုံဆွေးနွေးပွဲတွင် အာဆီယံနိုင်ငံများမှ စီးပွားရေးအဖွဲ့အစည်းများ အစိုးရအဖွဲ့အစည်းများနှင့်အရပ်ဖက်အဖွဲ့အစည်းများမှ ဆန်းသစ်တီထွင်မှုရှိသည့် ခေါင်းဆောင်များနှင့်အတူ မြန်မာနိုင်ငံ၏အနာဂတ် အတွက် ဦးဆောင်ဆွေးနွေးမှုများပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါတွေ့ဆုံဆွေးနွေးပွဲကို ၉ ကြိမ်မြောက်ကျင်းပခြင်းဖြစ်
ပြီး မြန်မာနိုင်ငံတွင် ပထမဦးဆုံး ကျင်းပခြင်းဖြစ်ကာ တက်ရောက်သူ ၁၀၀ ၀န်းကျင်ရှိသည်။ ယခုနှစ် ပြုလုပ်သည့်ဆွေးနွေးပွဲသည် မြန်မာနိုင်ငံ၏ လျင်မြန်သည့်ပြောင်းလဲမှုများ ဖြစ်ပေါ်နေသည့်အချိန်ကာလအတွင်း ရောက်ရှိနေသလို နိုင်ငံတကာအသိုင်းအ၀ိုင်းသည်လည်း ကမ္ဘာ့စီးပွားရေးအကြပ်အတည်း၏ ရိုက်ခတ်မှုများမှ ရုန်းထွက်နေရဆဲအချိန်ကာလ ဖြစ်ပါသည်။ ဆွေးနွေးပွဲ၏ အဓိကခေါင်းစဉ်မှာ ''Turbulent World. Asia Rising. Where do we go from here? ဖြစ်ပြီး အဖွင့်မိန့်ခွန်းကို မလေးရှားတော်ဝင်အိမ်ရှေ့မင်းသား Raja Nazrin Shahက ပြောကြားခဲ့သည်။

Eleven Media Group ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်တွင် ဒီဇင်ဘာလ ၅ ရက် (ယနေ့)တွင် ပြုလုပ်သည့် ၂၀၁၂ အာဆီယံခေါင်းဆောင် ၁၀၀ တွေ့ဆုံဆွေးနွေး ပွဲတွင် အာဆီယံနိုင်ငံများမှ စီးပွားရေး အဖွဲ့ အစည်းများ အစိုးရအဖွဲ့ အစည်းများနှင့် အရပ်ဖက် အဖွဲ့အစည်း များမှ
ဆန်းသစ် တီထွင်မှုရှိသည့် ခေါင်းဆောင်များနှင့် အတူ မြန်မာနိုင်ငံ ၏ အနာဂတ် အတွက် ဦးဆောင်ဆွေးနွေး မှုများပြု လုပ်သွား မည်ဖြစ်ကြောင်း သိ ရသည်။

သံဃာတုများအတွက် သာသနာတော်မှာ နေရာမရှိပါ

လောကကြီးမှာ လူတွေဟာ ကိုယ့်အလုပ်ကိုယ်လုပ်တာ အကောင်းဆုံးဖြစ်ပါတယ်။ ဆရာဝန်က ဆေးကု၊ အင်ဂျင်နီယာက အဆောက်အအုံဆောက်၊ ဒီလိုမှမဟုတ်ဘဲ အင်ဂျင်နီယာ က ဆေးကုတယ်ဆိုရင် လူနာ အခြေအနေက မေးစရာမလိုပါဘူး။ ကျော်သူနဲ့သာ ဆက်သွယ်ထားလိုက်ပါ။ ဆရာဝန်က အဆောက်အအုံ ဆောက်တယ်ဆိုရင်လည်း အဆောက်အအုံအကြောင်း မေးစရာမလိုပါဘူး။ မကြာခင် ပြိုကျပါလိမ့်မယ်။ ဒါကြောင့် လူတိုင်းဟာ သူ့အလုပ် သူလုပ်၊ သူ့နေရာသူနေ၊ ဒါမှ အဆင်ပြေ ပါမယ်။
ဘုန်းကြီး၊ ဘုန်းကြီးအလုပ်မလုပ်ဘဲ လူတွေလုပ်တဲ့ အလုပ်ထဲ ဝင်ရှုပ်လာရင်တော့ ဒါဘုန်းကြီးပါလို့ ဘယ်လိုပြောရပါ့မလဲ။ အခုပဲကြည့်ပါ။ ထစ်ကနဲဘေးပယောဂသမားတွေက ရှူးတိုက်ပေးတာနဲ့ လောကီ ကိစ္စ နားမလည်ပါးမလည်ဘဲ နိုင်ငံရေးသမားဓားစာခံအဖြစ် အရူးချီးပန်းထလုပ်လာ တယ်။ မြင်မကောင်းရုံ မကဘဲ ဗုဒ္ဓသာသနံ စိရံတိဋ္ဌတုလို့ ရွတ်ဆိုပူဇော်မှုတွေလည်း နှုတ်ဆိတ်ရတော့မယ့် အနာဂတ်အခြေအနေကို လှမ်းမြင်ရတော့ သာမန်ဗုဒ္ဓဘာသာတစ်ယောက်အနေနဲ့ လုံးဝရင်လေး စိတ်မကောင်းဖြစ်ရပါတယ်။ တကယ်တော့ ကြည်ညိုချင်စိတ် ဆိုတာ သံဃာရဲ့ဥပဓိရုပ်သွင်ပြင်အမူအယာနဲ့ ဆိုင်တယ်လို့ထင်ပါတယ်။ ဝိနည်းတော်တွေနဲ့ညီညွတ်စွာ နေထိုင်အားထုတ်တဲ့ ဆရာတော်ကြီးများရဲ့မျက်နှာဟာ ဖူးတွေ့ရသူ အပေါင်း အတွက် ကြည်ညိုချင်စိတ်တွေ၊ သဒ္ဒါစိတ်တွေ အလိုအလျောက်ဖြစ်ပေါ်လာစေပါတယ်။ ကြုံဖူးကြမှာပါ။ ပုံမှာပါတဲ့ သံဃာတွေရဲ့သွင်ပြင်နဲ့တော့ ဆီနဲ့ရေပါပဲဗျာ။

ဧရာဝတီ၊ ရန်ကုန်နှင့် တနင်္သာရီတိုင်းဒေသကြီးအတွင်း အချိန်အခါမဟုတ် မိုးရွာသွန်းမှုကြောင့် ရိတ်သိမ်းပြီး/ရိတ်သိမ်းဆဲ စပါးပမာဏများစွာ ပျက်စီးဆုံးရှုံးမှု ဖြစ်ပေါ်ခဲ့၍ အရေးပေါ်အကူအညီ လိုအပ်နေကြောင်းသိရ

ရန်ကုန်-ပုသိမ် အဝေးပြေးလမ်းမဘေးမှ ပျက်စီးမှုများရှိနေသော စပါးခင်းများအားတွေ့ရစဉ်5

ဧရာဝတီ၊ ရန်ကုန်နှင့် တနင်္သာရီတိုင်းဒေသကြီးအတွင်း နိုဝင်ဘာလအတွင်း အချိန်အခါမဟုတ် မိုးရွာသွန်းမှုကြောင့် ရိတ်သိမ်းပြီး/ရိတ်သိမ်းဆဲ စပါးပမာဏများစွာ ပျက်စီးဆုံးရှုံးနေသဖြင့် အရေးပေါ်အကူအညီ လိုအပ်နေကြောင်း သိရှိရသည်။

ထိုင်းနိုင်ငံ ၊ ချင်းမိုင် မြို့ ကချင်ရွာ တွင် ကချင် ရိုးရာ မနောပွဲ ကျင်းပ

Wednesday, December 5, 2012

ထိုင်းနိုင်ငံ ၊ ချင်းမိုင် မြို့ ၊ ဘတ်မိုင်ကချင်ရွာ တွင် ၊ (၂၀၁၂ ခုနှစ် ၊ဒီဇင်ဘာ လ ၊ ၄- ရက် နှင့် ၅ ရက်) နေ့ တို့တွင် ကချင် ရိုးရာ မနောပွဲ ကို စည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်နေကြောင်း သိရပါတယ်။

Monday, December 3, 2012

ဒေါက်တာသံချောင်းမှ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် MIC သို့ အိတ်ဖွင့်ပေးစာ

“မပြောမပြီး… မတီးမမည်” ဆိုတာရှိတယ်… “ဆိုရေးရှိက ဆိုအပ်ရာ” ဆိုတာလည်းကြားဖူးတယ်… ဒီတော့ဗျာ… ရင်ထဲမှာကလိကလိဖြစ်နေတာကို နီးစပ်ရာလက်တို့ပြောနေမယ့်အစား အင်တာနက်ခေတ် ကြီးမှာ တစ်သက်တွေးစရာကျန်အောင်ဖြင့် တစ်ချက်ရေးကာနှံလိုက်ပါတော့မယ်။
ယနေ့လူငယ်…နောင်ဝယ်လူကြီးမဟုတ်လားဗျာ… နောင်တစ်ချိန်ကျွန်တော်တို့ အားကိုးရမှာက ယနေ့ခေတ် လူငယ်တွေကိုပါ။ မျိုးဆက်သစ်တွေဟာ မျိုးဆက်ဟောင်းတွေထက်တော်မှ၊ ကောင်းမှ ကျွန်တော်တို့ နိုင်ငံလူစဉ်မှီမယ်။ အားကိုးချင်တယ်… မျှော်လင့်ချင်တယ်… ဒါပေမယ့် အဲဒီလို အားကိုး ရမယ်လို့ မျှော်လင့်ထားသူ တွေက အရက်ကလေးတမြမြ… ဘီယာလေးတကြိုက်ကြိုက်၊ ကွမ်းလေးမြုံ့ လိုက်၊ ဆေးလိပ်လေးခဲလိုက် ဆိုရင်တော့ဖြင့် တိုင်းပြည်ရဲ့အနာဂတ်အတွက် ရင်ဘတ်ပေါ်ကျောက်တုံးကြီး ဖိမိထားသလိုလေးလံလွန်းလှပါတယ်။
မျက်မှောက်ခေတ် လူငယ်တွေဟာ အသောက်အစား၊ အပျော်အပါး မက်မောလာကြတယ်… ပိုက်ဆံရှိ သားသမီးတွေ ပိုဆိုးပါတယ်… သူတို့က ဖြုန်းနိုင်ကြတာကိုးဗျ… အများသိကြတဲ့အတိုင်း မြန်မာနိုင်ငံရဲ့ မဟာ သင်္ကြန်ပွဲတော်မှာဆိုရင်လဲ… မဟာအရက်သောက်ပွဲကြီးကျင်းပသလိုပဲ။ မူးကြ၊ ရူးကြ၊ ရန်ဖြစ် ကြ၊ ဆေးရုံရောက် ကြ၊ သေကြနဲ့ အခုဆိုရင်လူကြီးနဲ့ လူလတ်ပိုင်းတွေ သာမက လူငယ်တွေပါ သောက် တတ်စားတတ်နေကြပြီ။ အဆိုးဆုံးကတော့ အမျိုးသမီးငယ်တွေဟာ ယဉ်ကျေးမှုနဲ့မလျှော်ညီစွာ ဝတ်စား ဆင်ယင်ကြပြီး ယောက်ျားတွေ နည်းတူ လက်ရည်တစ်ပြင်တည်း သောက်စားနေကြခြင်းပါပဲ… အတော်ပဲ ရင်နာရပါတယ်
တချို့စားသောက်ဆိုင်တွေ၊ ကာရာအိုကေခန်းတွေ၊  နိုက်ကလပ်တွေမှာလည်း မိန်းကလေး ငယ်တွေဟာ အမျိုးသားတွေနဲ့အတူ သောက်စား မူးယစ်နေကြပြန်ပါတယ်… အာဃမိန်းမများပါပဲ။

ဘဝနွံထဲက အကြွေပန်းလေးများ

အချိန်ကား ညသန်းခေါင်ယံ။ ကြယ်များ က မှိတ်တုတ်မှိတ်တုတ် လင်းလက်နေ သည်မှာ အနက်ရောင် ကတ္တီပါတွင် ရွှေမှုန်ငွေမှုန် များ ပက်ဖျန်း ထားသည့်နှယ် ဖြစ်နေသည်။ ည လေအေးသည် တဟူးဟူး တိုက်ခတ်နေပြီး ဝါးတိုင်ထောင် ရွက်ဖျင်တဲတွင် ဖယောင်းတိုင်မီးသည် ဘယ်ညာ ယိမ်းထိုးနေသည်။

တရားခံဖမ်းသောရဲ တရားခံဖြစ်သွားခြင်း

(၂၉-၁၁-၂၀၁၂) တန် ဆောင်မုန်းလပြည့်ကျော် (၁) ရက် သူခိုးကြီးည (၁၁)နာရီခန့်က ရွှေပြည်သာမြို့ (၉)ရပ်ကွက် သာဓုဘုရားလမ်း မီးရထားသံလမ်း ဂုံးကျော်အနီးတွင် အောင်ကြွေ ပြား စက်ရုံ ၀န်ထမ်းမြို့နယ် အ လုပ်သမား ဖြန်ဖြေရေးအဖွဲ့ဝင် မောင်ဇေယျမင်း (၂၇)နှစ်သည် မူးယစ်ရမ်းကားနေ၍ လှော်ကား ရဲစခန်းမှ

ထိုင်းနိုင်ငံရှိ SCG မှ မြန်မာနိုင်ငံအတွင်း ကုန်ထုတ်လုပ်ငန်းများ စတင်တည်ထောင်ရန်ပြင်ဆင် ၂၀၁၃ ခုနှစ်မှ စတင်၍ မြန်မာနိုင်ငံအတွင်း ဘိလပ်မြေစက်ရုံ တည်ဆောက်သွားမည်

Photo: ထိုင်းနိုင်ငံရှိ SCG မှ မြန်မာနိုင်ငံအတွင်း ကုန်ထုတ်လုပ်ငန်းများ စတင်တည်ထောင်ရန်ပြင်ဆင် ၂၀၁၃ ခုနှစ်မှ စတင်၍ မြန်မာနိုင်ငံအတွင်း ဘိလပ်မြေစက်ရုံ တည်ဆောက်သွားမည်

Monday, December 03, 2012

မြန်မာနိုင်ငံရှိ အိမ်ဆောက်ပစ္စည်း ဈေးကွက်တွင် ဈေးကွက်ဝေစု အများဆုံးရယူထားသည့် ထိုင်းနိုင်ငံရှိ SCG(The Siam Cement Public Limited ) မှ မြန်မာနိုင်ငံအတွင်း ထုတ်ကုန်ဖြန့်ဖြူးရေး လုပ်ငန်းများ စတင်လုပ်ဆောင်တော့မည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ မန်နေဂျာဖြစ်သူ Mr.Soontornpol Veerapravati က ပြောပါသည်။

SCG မှ မြန်မာနိုင်ငံအတွင်း ပထမဆုံး ထုတ်ကုန်အဖြစ် ဘိလပ်မြေစက်ရုံအား တနင်္သာရီတိုင်းဒေသကြီးအတွင်း ၂၀၁၃ ခုနှစ်မှ စတင်ကာ တည်ဆောက်

သွားမည် ဖြစ်ကြောင်းလည်း သိရှိရပါသည်။

အာဆီယံနိုင်ငံများအတွင်း အောင်မြင်သည့် ထိပ်တန်းစက်မှုလုပ်ငန်း တစ်ခုဖြစ်သည့် SCG အနေဖြင့် အဓိကလုပ်ကိုင်နေသည့် ထုတ်ကုန်လုပ်ငန်း ငါးမျိုးရှိနေပြီး အဆိုပါ ထုတ်ကုန်များမှာSCG ဘိလပ်မြေ၊ SCG ဓာတုပစ္စည်း၊ SCG စက္ကူ၊ SCG အိမ်ဆောက်ပစ္စည်းနှင့် SCG ဖြန့်ချိရေးလုပ်ငန်းများ

ဖြစ်ကြောင်းလည်း သိရသည်။

''မြန်မာနိုင်ငံအတွင်းမှာ SCG ရဲ့ အဓိကထုတ်ကုန်တွေ ထုတ်လုပ်နိုင်ဖို့ စတင်လုပ်ဆောင်ပါမယ်။ မြန်မာနိုင်ငံအတွင်းမှာ SCG ရဲ့ တစ်ဦးတည်းပိုင် အရောင်းဆိုင် လေးဆိုင်ကို ရန်ကုန်၊ မန္ထလေး၊ နေပြည်တော် စတဲ့ မြို့ကြီးသုံးမြို့မှာ လက်ရှိလည်ပတ်နေပြီး အခြားမြို့ကြီးတွေမှာ တိုးချဲ့ဖို့

လည်း လုပ်ဆောင်နေပါတယ်'' ဟု Mr.Soontornpol Veerapravati က ပြောပါသည်။

SCG မှ မြန်မာနိုင်ငံ ဈေးကွက်အတွင်း ၀င်ရောက်သည့်ကာလ ကြာမြင့်နေပြီဖြစ်ပြီး လက်ရှိကာလတွင်မှ ဘိလပ်မြေထုတ်လုပ်ရန် စတင်တည်ဆောက်မည်ဖြစ်သော်လည်း အခြားအာဆီယံနိုင်ငံများဖြစ်သည့် ဗီယက်နမ်၊ လာအို၊ မလေးရှား၊ စင်္ကာပူ စသည့်နိုင်ငံများ၏ ဆောက်လုပ်ရေး လုပ်ငန်းခွင်များတွင် ပါဝင်လုပ်ကိုင်နေကြောင်း သိရှိရပါသည်။

SCG အနေဖြင့် ယင်းတို့၏ ထုတ်ကုန်ဖြစ်သည့် SCG ဆင်တံဆိပ် ဘိလပ်မြေအား မြန်မာနိုင်ငံအပါအ၀င် ဒေသတွင်းနိုင်ငံများသို့ နှစ်စဉ်တန်ချိန်ပေါင်း ၂၂ သန်း ထုတ်လုပ်တင်ပို့နေကြောင်းလည်း သိရှိရပါသည်။ လက်ရှိ မြန်မာနိုင်ငံတွင် ဘိလပ်မြေလိုအပ်ချက် များပြားနေပြီး ပြည်တွင်းတွင်

လည်း ဘိလပ်မြေစက်ရုံ ၁၅ ရုံသာ ရှိနေကာ ဘိလပ်မြေစက်ရုံ တည်ဆောက်

မှုများ ဆက်လက်ခွင့်ပြုပေးရန် စီစဉ်မှုများ ရှိနေကြောင်းလည်း သိရှိရပါသည်။

မြန်မာနိုင်ငံအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများတွင် ထိုင်းနိုင်ငံသည် ကန်ဒေါ်လာ ၉၅၆၈.၀၉၃ သန်း မြှုပ်နှံထားသည်။

Eleven Media Group

မြန်မာနိုင်ငံရှိ အိမ်ဆောက်ပစ္စည်း ဈေးကွက်တွင် ဈေးကွက်ဝေစု အများ ဆုံးရယူထားသည့် ထိုင်းနိုင်ငံရှိ SCG(The Siam Cement Public Limited ) မှ မြန်မာနိုင်ငံအတွင်း ထုတ်ကုန်ဖြန့်ဖြူးရေး လုပ်ငန်းများစတင်လုပ်ဆောင်တော့မည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ မန်နေဂျာဖြစ်သူ Mr.Soontornpol Veerapravati က ပြောပါသည်။
SCG မှ မြန်မာနိုင်ငံအတွင်း ပထမဆုံး ထုတ်ကုန်အဖြစ် ဘိလပ်မြေ

အင်ဂျင်နီယာ ဒီပလိုမာသင်တန်းများအတွက် အခမဲ့ပညာသင်ဆုများ Glory မှ ချီးမြှင့်မည်

Photo: အင်ဂျင်နီယာ ဒီပလိုမာသင်တန်းများအတွက် အခမဲ့ပညာသင်ဆုများ Glory မှ ချီးမြှင့်မည်
Monday, December 03, 2012

Glory သင်တန်းကျောင်းတွင် (UK) အင်ဂျင်နီယာ ဒီပလိုမာ သင်တန်းများနှင့် အဆင့်မြင့် အသက်မွေးဝမ်း ကျောင်း အတတ်ပညာရပ်များ သင်ကြားပို့ချ
လျက်ရှိရာ အဆိုပါပညာရပ်များကိုစိတ်ပါဝင်စား သော်လည်း ငွေကြေး
အခက်အခဲရှိသော လူငယ်များအ တွက် ကူညီ ထောက်ပံ့ရန် ရည်ရွယ်ကာ Glory မှ နှစ်စဉ်ပညာသင်ဆု Scholarship များ ပေးအပ်လျက်ရှိသည်။ ပြီးခဲ့သော (၆)နှစ် တာကာ လအတွင်း ၎င်းပညာသင်ဆုကို လူငယ် ၁၁၂ ဦးကို ရွေးချယ် စိစစ်ပေးအပ် ခဲ့ပြီး ၂ဝ၁၃ ပညာသင်နှစ် အတွက်လည်း ပညာသင် ဆုများ ချီးမြှင့်မည်ဖြစ် သည်။

ယခင် ပညာသင်ဆု ပေးအပ်လေ့ရှိသော City & Guilds (UK) ၏ Level(3) အင်ဂျင်နီယာ ဒီပလိုမာ သင်တန်း (၆) မျိုးအပြင် ယခုအကြိမ်တွင် Level(5) အဆင့်ရှိ Advanced Diploma သင်တန်း(၄)မျိုး အတွက်ပါ တိုးချဲ့ပေးအပ်
မည်ဖြစ်ရာ စုစုပေါင်း သင်တန်းသား ၂ဝ ဦးကို Scholarship ရွေးချယ်ချီးမြှင့် မည်ဖြစ်သည်။

သင်တန်းကာလမှာ ခြောက်လမှ တစ်နှစ်အထိ ကြာမြင့်မည်ဖြစ်ပြီး အဆိုပါ သင်တန်းများတွင် City & Guilds (UK) ၏ သင်ရိုးညွှန်းတမ်းအတိုင်း စာတွေ့လက်တွေ့ သင်ကြားပေးမည်ဖြစ် သည်။ င်္

Full Scholarship ရရှိသူသည် သင်တန်းကြေးနှင့် စာရွက်စာတမ်း ကြေးများ ကင်းလွတ်ခွင့်ဖြင့်တက်ရောက် ပညာသင်ကြား နိုင်မည်ဖြစ်ပြီး Level(3) သင်တန်းများအတွက် အခြေခံပညာ အထက်တန်း အောင်မြင်ပြီး သူတိုင်း လျှောက်ထားနိုင်ပြီး Level(5) သင်တန်းများအတွက် ပြည် တွင်း၊ ပြည်ပမှ အင်ဂျင်နီယာ ဒီပလိုမာတစ်ခုခု ရထား သူများလျှောက် ထားနိုင်သည်။

လျှောက် ထားသူများကို စာမေးပွဲစနစ်ဖြင့် စိစစ် ရွေးချယ်ကာ အခမဲ့သင်တန်းတက် ရောက်ခွင့်ပြုမည်ဖြစ်သည်။ အဆိုပါသင်တန်းကို စိတ်ပါဝင်စား သူများသည် ဒီဇင်ဘာ ၈ ရက် နောက် ဆုံးထား၍ အမှတ် (၁၃၈/၁၄ဝ)ဒုတိယထပ်ပန်းဆိုးတန်းလမ်းနှင့်မဟာဗန္ဓုလလမ်းထောင့်
ကျောက်တံတားမြို့နယ် ရန်ကုန်တိုင်းဒေသကြီး ဖုန်း-ဝ၁-၇၃၁- ၂၁၇၁၇၊ ဝ၉-၅၁၉၇၈၁၇၊ Website www.glory-education.com(Kyaw Home Mart) နှင့် စာပေလောက(၅) အပေါ်ထပ်သို့ လူကိုယ်တိုင်လာရောက်
လျှောက်ထားရမည် ဖြစ်ကြောင်း သိရသည်။

မြ၀တီ Glory သင်တန်းကျောင်းတွင် (UK) အင်ဂျင်နီယာ ဒီပလိုမာ သင်တန်းများနှင့် အဆင့်မြင့် အသက်မွေးဝမ်း ကျောင်း အတတ် ပညာ ရပ်များ သင်ကြားပို့ချလျက်ရှိရာ အဆိုပါပညာရပ် များကို စိတ်ပါ ဝင်စား သော်လည်း ငွေကြေးအခက် အခဲ ရှိသော လူငယ်များအ တွက် ကူညီ ထောက်ပံ့ရန် ရည်ရွယ်ကာ Glory မှ နှစ်စဉ်ပညာသင်ဆု

အမျိုသားယဉ်ကျေးမှုနှင့်  အနုညာတက္ကသိုလ်(ရန်ကုန်) ၊ အနုပညာစွမ်းရည်ပြ

Photo: ယဉ်ကျေးမှု ၀န်ကြီးဌာန ၊ အနုပညာဦးစီးဌာန ၊ အမျိုသားယဉ်ကျေးမှုနှင့်  အနုညာတက္ကသိုလ်(ရန်ကုန်) ၊ အနုပညာစွမ်းရည်ပြ ပဒေသာကပွဲကို ၂၀၁၂ ၊ ဒီဇင်ဘာလ ၂ရက် ည(၇)နာရီအချိန်တွင် အမျိုးသားဇာတ်ရုံ (ရန်ကုန်) မြို့ မကျောင်းလမ်းတွင် ကျင်းပခဲ့သည်။ယင်းပဒေသာကပွဲတွင် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်) ၊ ဂီတပညာဌာနမှ ဂီတမှူး အကယ်ဒမီ ဓီရာမိုရ် (တွဲဖက်ပေါမာက္ခ) ဆန်းသစ် တီထွင်ထားသော မဟာဂီတ၊ ဂန္တ၀င်းတေးများ အပါအ၀င် တေး သံသာများ ၊ သဘင်ပညာဌာနရှိ ကျောင်းသားကျောင်းသူများ၏ ဗုဒ္ဓ ပူဇော် ဆီးမီးတော် အက၊ ဟန်ပျောင်းလှပ မင်းသားအက၊ ပြည်ထောင်စု ၏ ထာဝရ အလှများ အပါအ၀င် ယိမ်းအကပဒေသာများနှင့် ကုမုဒြာ အငြိမ့်၊ ရုပ်ရှင်နှင့်  ပြဇာတ်ပညာဌာန ကျောင်းသား ကျောင်းသူများ၏ (၁၉) ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့ ၏ ယဉ်ကျေးမှု အဆို၊ အက ၊ အရေး၊ အတီးပြိုင်ပွဲ ငွေတံဆိပ်ဆုရ "မွေခံထိုက်စေ ရိုးရာ အမွေ" ပြဇာတ်နှင့်  ပန်းချီပညာဌာန၊ ပန်းပုပညာဌာနတို့ ၏ လက်ရာမွန်များ အပါအ၀င် အနုပညာစွမ်းရည်ပြ ပဒေသာကပွဲအား တင်ဆက်သွားခဲ့သည်။

သတင်းဓါတ်ပုံ-ထွဋ်မြတ်

Popular Journal
ယဉ်ကျေးမှု ၀န်ကြီးဌာန ၊ အနုပညာဦးစီးဌာန ၊ အမျိုသား ယဉ်ကျေးမှုနှင့်  အနုညာတက္ကသိုလ်(ရန်ကုန်) ၊ အနုပညာစွမ်းရည်ပြ ပဒေသာ ကပွဲကို ၂၀၁၂ ၊ ဒီဇင်ဘာလ ၂ရက် ည(၇)နာရီအချိန်တွင် အမျိုးသားဇာတ်ရုံ (ရန်ကုန်) မြို့ မကျောင်းလမ်းတွင် ကျင်းပခဲ့သည်။ ယင်းပဒေသာကပွဲတွင် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်) ၊ ဂီတပညာဌာနမှ ဂီတမှူး အကယ်ဒမီ ဓီရာမိုရ် (တွဲဖက်ပေါ

နန်းခင်ဇေယျာ၏ ပေးဆပ်မှုနိဒါန်း

ဓာတ်ပုံ- ကျော်သူ

ကျော်သူ ~
၂.၁၂.၂ဝ၁၂ ရက်နေ့ နံနက် (၁ဝးဝဝ) နာရီအချိန်တွင် လစဉ်လတိုင်း ပထမပါတ်တနင်္ဂနွေနေ့ သည် နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ လုပ်အားပေး အသင်းသား/သူများ၏ လပါတ်အစည်းအဝေး ကျင်းပသည့် နေ့ရက်ဖြစ်ပေသည်။

ဒေါ်စုနဲ့ ဦးသာအေး မတွေ့ဖြစ်ခဲ့ကြောင်း ကြေးမုံ ပြင်ဆင်

မုံရွာ၊ လက်ပံတောင်း ကြေးနီး စီမံကိန်း ပြဿနာ ပြေလည်ရေး သွားရောက်ခဲ့တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်ကိုင်းတိုင်း ဒေသကြီး ဦးသာအေးနဲ့ တွေ့ခဲ့လို့ ဒီဇင်ဘာလ ၁ ရက်နေ့ထုတ် ကြေးမုံ သတင်းစာမှာ ဖော်ပြခဲ့တာနဲ့ပတ်သက်ပြီး မဟုတ်မှန်ကြောင်း ပြင်ဆင်ဖြတ်ရှု့ရန် ယနေ့  ဒီဇင်ဘာလ ၃ ရက်နေ့ထုတ် ကြေးမုံသတင်းစာမှာ ဖော်ပြထားပါတယ်။

အမျိုးသားနေ့တွင် ဗိုလ်ချုပ်အောင်ဆန်း၏ မွေးရပ်ဇာတိ နတ်မောက်မြို့သို့ ဒေါ်အောင်ဆန်းစုကြည် သွားရောက်မည်

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်သည် ဒီဇင်ဘာလ ၈ ရက်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်နေ့တွင် ကျရောက်သော အမျိုးသားနေ့တွင် သူမ၏ဖခင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ မွေးရပ်ဇာတိ

အီဂျစ်လူထုဆန္ဒခံယူပွဲ ထိပ်တန်းတရားသူကြီးတွေ သပိတ်မှောက်မည်

အီဂျစ် တရားရုံးချုပ်ရှေ့မှာ သမ္မတ မော်စီကို ထောက်ခံသူများ စုဝေးနေကြစဉ်။ (ဒီဇင်ဘာလ ၂ ရက်၊ ၂၀၁၂)။
အီဂျစ်နိုင်ငံမှာ အခြေခံဥပဒေသစ်တရပ် အသက်သွင်းနိုင်ဖို့ လာမယ့် ဒီဇင်ဘာ ၁၅ ရက်နေ့မှာ လူထုဆန္ဒခံယူပွဲ ကျင်းပတဲ့အခါမှာ ခါတိုင်း ဦးဆောင် ကြီးကြပ်နေတဲ့ အီဂျစ်ရဲ့ သြဇာလွှမ်းမိုးမှု အရှိဆုံး တရားသူကြီးတွေ အဖွဲ့က သပိတ်မှောက်မယ်လို့ ဆိုလိုက်ပါတယ်။ တနင်္ဂနွေနေ့က အစိုးရပိုင်သတင်း မီနာ ရဲ့ ကြေညာချက်အရ အီရန်ထိပ်တန်း တရားသူကြီး အဖွဲ့က ဆန္ဒခံယူပွဲကို သပိတ်မှောက်ဖို့ တညီတညွတ်တည်း ဆုံးဖြတ်ပြီးပြီလို့ ကြေညာလိုက်တာ ဖြစ်ပါတယ်။

တရုတ်အစိုးရ ပြုပြင်ပြောင်းလဲဖို့ မျက်မမြင်တက်ကြွသူ တိုက်တွန်း

တရုတ်အစိုးရရဲ့ ခေါင်းဆောင်တွေ အထူးသဖြင့် နောက်တက်မယ့် ခေါင်းဆောင်သစ် အနေနဲ့ တိုင်းပြည်မှာ လူ့အခွင့်အရေး အခြေအနေတွေ တိုးတက်လာစေဖို့နဲ့ တရားဥပဒေ စိုးမိုးမှုရှိစေရေး ဆောင်ရွက်ဖို့ ပြည်ပရောက် တရုတ် မျက်မမြင် တက်ကြွ လှုပ်ရှားသူ ချန်ဂွမ်ချမ်း (Chen Guangchen) ကတိုက်တွန်း လိုက်ပါတယ်။ အိမ်နီးချင်း မြန်မာနိုင်ငံ အပါအ၀င် ကမ္ဘာတ၀ှမ်း နိုင်ငံရေး အပြောင်းအလဲတွေ ပေါ်ပေါက်နေချိန်မှာ တရုတ်နိုင်ငံလည်း ပြောင်းလဲဖို့ အချိန်တန်နေပြီလို့ သူက ပြောလိုက်တာပါ။ အပြည့်အစုံကိုတော့ ကိုအောင်လွင်ဦး တင်ပြထားပါတယ်။

Sunday, December 2, 2012

ဦးအောင်မင်း အား ၈၈ မျိုးဆက် ကျောင်းသားများ လာရောက်တွေ့ဆုံ

လက်ပံတောင်းတောင် ကိစ္စရပ်များဆိုင်ရာအတွက် မုံရွာမြို့သို့ ရောက်ရှိနေကြသော ၈၈မျိုးဆက်ကျောင်းသားများထဲမှ မင်းကိုနိုင်၊ ကိုကိုကြီး၊ ဌေးကြွယ် နှင့် မြအေးတို့သည် ယနေ့ ဒီဇင်ဘာလ ၂ ရက် မွန်းလွဲပိုင်းတွင် မုံရွာမြို့မှ နေပြည်တော်သို့ရောက်ရှိခဲ့ကြပြီး ညနေ ၃း၀၀ နာရီတွင် နိုင်ငံတော်သမ္မတရုံးဝန်ကြီး ဦးအောင်မင်းနှင့် တစ်နာရီကြာ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ လက်ပံတောင်းတောင် အရေးကိစ္စများနှင့် လက်ပံတောင်းတောင် စုံစမ်းရေးကော်မရှင် ကိစ္စရပ်များကို ဆွေးနွေးကြရာတွင်

လက်ပတောင်းတောင် ကြေးနီစီမံကိန်း အရေး ဒေါ်အောင်ဆန်းစုကြည် နှင့် ၈၈ ကျောင်းသားများတွေ့ဆုံ

၂-၁၂-၂၀၁၂ နေ့ ညနေ ၅း၀၀ မှ ၆း၀၀ နာရီအထိ တစ်နာရီကြာ ၈၈ မျိုးဆက်ကျောင်းသားများ (ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဌေးကြွယ် နှင့် ကိုမြအေး ) တို့သည် ဒေါ်အောင်ဆန်းစုကြည်အား နေပြည်တော်နေအိမ်တွင် လာရောက်တွေ့ဆုံခဲ့ကြပါတယ်.

နွေဦးကာလ ဖုန်ထသောအခါ

မြန်မာနိုင်ငံ၏ အပြောင်းအလဲကို အနောက် နိုင်ငံများတွင် အေးခဲသော ဆောင်းတွင်း ကုန်လွန်ပြီး သာတောင့်သာယာ ကာလအစ နွေဦးနှင့် တင်စားပြီး မြန်မာ့နွေဦးဟု ခေါ်ဝေါ်ကြသည်။ ထိုနာမည် စီးသောကြောင့်ပေလား မသိ၊ နွေဦးကာလ လေပွေ အမွှေ့ တွင် ဖုန်လုံးတို့ ထောင်းခနဲ ထောင်းခနဲ ထသည့် အတိုင်း ယနေ့ မြန်မာနိုင်ငံသည် ဖုန်ထသော ကာလ၊ ရှုပ်ထွေးသော ကာလကို ဖြတ်သန်း နေရသည်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးသစ်ဖြစ်လာနိုင်သော ကုလသံအမတ်ကြီး ဆူဆန်ရိုက်စ် ရီပတ်ဘလီကန်အမတ်များနှင့် မကျေလည်

ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး ဆူဆန်ရိုက်စ်။ (ဓာတ်ပုံ - အေအက်ဖ်ပီ)
ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး ဆူဆန်ရိုက်စ်။ (ဓာတ်ပုံ - အေအက်ဖ်ပီ)

ဝါရှင်တန် - ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး ဆူဆန်ရိုက်စ် သည် လာမည့် နိုင်ငံခြားရေးဝန်ကြီးသစ် ဖြစ်လာရေးအတွက် သူ၏မျှော်လင့်ချက် ကို ပျက်စီးကောင်းပျက်စီးသွားစေမည့် လစ်ဗျားနိုင်ငံရှိ အမေရိကန်သံရုံး တိုက်ခိုက်ခံရမှုကိစ္စနှင့် စပ်လျဉ်း၍
ရီပတ်ဘလီကန်အမတ်များနှင့် မကျေ လည်မှုများကို နိုဝင်ဘာလ ၂၇ ရက်နေ့က ဖြေရှင်း

အာရာဖတ် ရုပ်အလောင်းကို ပြန်လည်တူးဖော်စစ်ဆေး

ပါလက်စတိုင်းခေါင်းဆောင် အာရာဖတ်၏ပုံတူနံရံဆေးရေးပန်းချီ။ (ဓာတ်ပုံ - အေအက်ဖ်ပီ)

ရာမာလာ - ပါလက်စတိုင်းခေါင်းဆောင် ယာဆာအာရာဖတ်၏ ရုပ်အလောင်းကို နိုဝင်ဘာလ
၂၇ ရက်နေ့က ပြန်လည် ဖော်ယူခဲ့ပြီး အဆိပ်မိခဲ့ခြင်းရှိ မရှိ စမ်းသပ်ရန် ကျွမ်းကျင်သူများက နမူနာ များစတင်ရယူနေပြီဟု ပါလက်စတိုင်း သတင်းရင်းမြစ်များက အေအက်ဖ်ပီသို့ ပြောကြားခဲ့သည်။

ကုလားဟူသောဝေါဟာရသည်ချိုးနှိမ်ခေါ်သည့်အသုံးလော

isaland-Mya Aye2ယခုတလော ကုလားဟူသောဝေါဟာရသည် ချိုးနှိမ်ခေါ်သည့် အသုံးဟုတ်မဟုတ်ဆွေးနွေး ငြင်းခုံနေကြသည်ကို ဖတ်ရပါသည်။ ၎င်းတို့ဖာသာ၎င်းတို့ "ရိုဟင်ညာ"ဟု သမုတ်ထားသူများ၏ ခေါင်းဆောင်တစ်ဦးဖြစ်သည့် ဝါကာ အူဒင်က ကုလားဟူသောဝေါဟာရသည် ချိုးနှိမ်ခေါ်သည့်

'ထန်းတပင် တူးချောင်းကျေးရွာအုပ်စုမှ NLD ပါတီဝင် ၁၂၀ နှုတ်ထွက်

ရန်ကုန်- ဒီဇင်ဘာ ၂ ရက် ယနေ့ ဒီဇင်ဘာ ၂ ရက် နံနက် ၁၀ နာရီက ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ တူးချောင်းကျေးရွာအုပ်စုမှ NLD ပါတီဝင် ၁၂၀ နှုတ်ထွက်ကြောင်းသိရသည်။ တူးချောင်းကျေးရွာ၊ ကလီကျေးရွာ၊ ကျောက်ကြီးကျေးရွာ တို့မှ ရပ်ကျေးပါတီတွင်းလုပ်ပိုင်ခွင့်နေရာမရရှိခြင်းကြောင့် ပါတီဆိုင်းဘုတ်များဖြုတ်ကာ စုပေါင်းနှုတ်ထွက်ကြခြင်းဖြစ်ပြီး၊ ပါတီဝင်ဟောင်းများက ဦးဆောင်ခဲ့ကြကြောင်းသိရသည်

နှင်းဆီကုန်းဘိုးဘွားရိပ်သာ ပျော်ပွဲရွှင်ပွဲနှင့်နိဗ္ဗာန်ဈေးပွဲတော်ကျင်းပ

လက်ပံတောင်း ကော်မရှင်တွင် ၈၈ ပါဝင်ရန် ဆန္ဒမရှိ

ယနေ့ ညနေပိုင်းက သမ္မတ ဦးသိန်းစိန်က ဒေါ်အောင်ဆန်းစုကြည် ဥက္ကဌအဖြစ် တာဝန်ယူရမည့် လက်ပံတောင်းအရေး စုံစမ်းရေး ကော်မရှင်တရပ်ဖွဲ့စည်းခဲ့ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ၈၈ မျိုးဆက်

သံဃာတော်တွေကို အကြမ်းဖက်ခဲ့တဲ့ အစိုးရလုပ်ရပ် DKBA ရှုံ့ချ

နိုဝင်ဘာလ ၂၉ရက်နေ့ မုံရွာခရိုင် လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းရပ်တန့်ရေး သပိတ်စခန်းဖွင့်ပြီး ဆန္ဒပြခဲ့ကြတဲ့ သံဃာတော်တွေကို အစိုးရတာဝန်ရှိသူတွေက အကြမ်းဖက် ဖြိုခွဲခဲ့တဲ့ကိစ္စနဲ့ ပတ်သက်ပြီး DKBA စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးဆန်းအောင်က မနေ့က ကန့်ကွက်လိုက်ပါတယ်။