Monday, January 28, 2013

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအား လက်ရှိအစိုးရ လက်ထက်တွင် ပြီးဆုံးအောင် အတတ်နိုင်ဆုံး လုပ်ဆောင်မည်


ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအား လက်ရှိအစိုးရ လက်ထက်တွင် ပြီးဆုံးအောင် လုပ်ဆောင်သွားမည် ဖြစ်ပြီး ပြီးဆုံးခြင်း မရှိပါက ၂၀၁၅ အစိုးရသစ် လက်ထက်တွင် ဖြေရှင်းနိုင်မည်ဟု ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ ဒုတိယ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ဇန်န၀ါရီလ ၂၇ ရက်က ရန်ကုန်မြို့ရှိ Myanmar Peace Center တွင် အရပ်ဘက် အဖွဲ့အစည်းများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့ခြင်း ဖြစ်သည်။

ကမ္ဘာ့ဘဏ်နဲ့ ADB မြန်မာကို ကြွေးသစ်ပေးမည်

ကမ္ဘာ့ဘဏ်နဲ့ ADB အာရှဖွံ့ဖြိုးမှုဘဏ်တွေ အပေါ် မြန်မာနိုင်ငံက တင်နေတဲ့ အကြွေးတွေကို ဂျပန်ရဲ့ အကူအညီနဲ့ ပြန်လည် ဆပ်နိုင်ခဲ့ပြီးနောက်မှာ မြန်မာကို အကြွေးသစ်ပေးဖို့ ကမ္ဘာ့ဘဏ်နဲ့ အာရှဖွံ့ဖြိုးမှုဘဏ်တို့က ကြေညာခဲ့ကြပါတယ်။ နှစ်ပေါင်း ၃၀ အတွင်း မြန်မာနိုင်ငံကို ပထမဆုံးချေးငွေအဖြစ် ADB ကဒေါ်လာ ၅၁၂ သန်းပေးမှာဖြစ်သလို၊ ကမ္ဘာ့ဘဏ်က ဒေါ်လာသန်း ၄၄၀ ချေးမယ်လို့ အသိပေးကြေညာလိုက်ပါတယ်။ ဒါပေမဲ့ အဲဒီငွေတွေအားလုံးကို မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သုံးနိုင်မှာပါလား၊ မစုမြတ်မွန်က တင်ပြပါမယ်ရှင်။

အီဂျစ် ပြည်နယ်သုံးခုမှာ အရေးပေါ်အခြေအနေ ကြေညာ

အီဂျစ်နိုင်ငံသမ္မတ မိုဟာမက်မော်စီဟာ အစိုးရဆန္ဒပြမှုတွေ အကြီးအကျယ်ဖြစ်နေတဲ့ ပြည်နယ် သုံးခုကို ရက် ၃၀ ကြာ အရေးပေါ် အခြေအနေ ကြေညာလိုက်ပါတယ်။ အဲဒီဒေသမှာ အဓိကရုန်းတွေကြောင့် ပြီးခဲ့တဲ့ရက်တွေအတွင်း လူ ၅၀ လောက် သေဆုံးခဲ့ရပါတယ်။ တနင်္ဂနွေနေ့နှောင်းပိုင်း သမ္မတမော်စီရဲ့ ရုပ်မြင်သံကြားမိန့်ခွန်းထဲမှာတော့ အာဏာပိုင်တွေအနေနဲ့

Sunday, January 27, 2013

ဒေါက်တာမင်းဇော်ဦး(Director of Ceasefire Negotiation and Implementation Myanmar Peace Center) နှင့် တွေ့ဆုံခြင်း

တွေ့ဆုံမေးမြန်းခန်း

"ကေအိုင်အိုက စားပွဲပေါ်တက်လာမယ် အစိုးဘက်ကလည်း လိုလိုလားလားနဲ့ ဆွေးနွေးမယ်ဆိုရင် အပစ်အခတ် ရပ်စဲရေးအတွက် အောင်မြင်မယ်လို့ ယုံကြည်တယ်။ နံပါတ်တစ်ကတော့ စားပွဲပေါ်တက်လာဖို့ အရေးကြီးတယ်။"

ကရင်တိုင်းရင်းသား ညီလာခံကို ဖေဖော်ဝါရီလလယ်ပိုင်းတွင် ကရင်ပြည်နယ် ဘားအံမြို့၌ ပြုလုပ်မည်ြ

ကရင်တိုင်းရင်းသား ညီလာခံကို ဖေဖော်ဝါရီလလယ်ပိုင်းတွင် ကရင်ပြည်နယ် ဘားအံမြို့၌ ပြုလုပ်မည်ဖြစ်ကြောင်း
သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြောသည်။

နိုင်ငံရေးသမားများနှင့် စာနယ်ဇင်းသမားများအနေဖြင့် တည်ဆဲဥပဒေတစ်ရပ်ရပ်ကို ချိုးဖောက်သည်ဟု ယုံကြည်ရန် အကြောင်းရှိခြင်းနှင့် တိုင်ကြားခြင်းများကြောင့် စောင့်ကြည့်စစ်ဆေး ထောက်လှမ်းမှုများ လုပ်ဆောင်ခြင်းသာဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ပြောရေးဆိုခွင့်ရှိသူ ပြောကြား

နိုင်ငံရေးသမားများနှင့် စာနယ်ဇင်းသမားများအနေဖြင့် တည်ဆဲဥပဒေ တစ်ရပ်ရပ်ကို ချိုးဖောက်သည်ဟု ယုံကြည်ရန် အကြောင်းရှိခြင်းနှင့် တိုင်ကြားခြင်းများကြောင့် စောင့်ကြည့်စစ်ဆေး ထောက်လှမ်းမှုများ လုပ်လျှင် ဥပဒေနှင့်အညီ လုပ်ဆောင်ခြင်းဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က Eleven Media ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့ပါသည်။

ခိုးမှုဖြင့် ပြစ်ဒဏ်ချမှတ်ခြင်းခံရသူ တစ်ဦးအား လက်ဖြတ်စက် အသုံးပြု၍ အပြစ်ပေးနေပုံကို အီရန် သတင်းဌာန တစ်ခုမှ ဖော်ပြခဲ့(ဓါတ်ပုံ)


ယနေ့ ဇန်နဝါရီ ၂၇ရက် နံနက် ၅နာရီခန့်က ပြည်သူ့ရင်ပြင် ရှေ့၌ ကျင်းပခဲ့သည့် ရန်ကုန် အပြည်ပြည်ဆိုင်ရာ မာရသွန် ပြိုင်ပွဲ မြင်ကွင်းများ(ဓါတ်ပုံ)


ကချင်အရေး အမေရိကန် ကြားဝင်ရန် တောင်းဆို


ကချင်ပြည်နယ်တွင် စစ်မှန်သော ငြိမ်းချမ်းရေး ရရှိရေး အတွက် အမေရိကန် အစိုးရက ကူညီ ဆောင်ရွက် ပေးရန် အချက် (၅)ချက် ပါဝင်သော တောင်းဆိုစာ တစ်စောင် ကို ထိုင်းနိုင်ငံ ချင်းမိုင် မြို့  ရှိ ကချင် တိုင်းရင်းသား များက တောင်းဆို လိုက်သည်။

၂၀၁၃ ဂျန်န၀ါရီ လ ၂၅ ရက် မနေ.က အီဂျစ်နိုင်ငံကိုင်ရိုမြို.တော်မှာ လူတွေဆန္ဒပြန်ပြနေကြပြီ။ ၂၀၁၁ အာရပ်နွေဦး တော်လှန်ရေး ၂ နှစ်မြောက်အထိန်းအမှတ်--



ဘာသာရေးလွှမ်းမိုးမှုနဲ. ဗဟိုကချုပ်ကိုင် ထားမဲ.မော်ဆီအစိုးရ၏ ဖွဲ.စည်းပုံအသစ်ကို လူတွေကလုံးလုံး လက်မခံနိုင်ဘူးလို. ပြောပြီး လမ်းပေါ်တက်၊ ဆူပူ အသေခံ ပြီး ဆန္ဒတွေပြနေကြခြင်းဖြစ်တယ်။

မီးလို့စ် ဇေမန်း ချက် သမ္မတ ဖြစ်လာ


သမ္မတအဖြစ် အရွေးခံရတဲ့ မီးလို့စ် ဇေမန်းချက်သမ္မတ နိုင်ငံမှာ ပထမဆုံး အကြိမ်အဖြစ် တိုက်ရိုက် ရွေးကောက် တင်မြှောက်တဲ့ သမ္မတ ရွေးကောက်ပွဲမှာတော့ အရင်ဆိုရှယ်လစ်ဝန်ကြီးချုပ်ဟောင်း မီးလို့စ်ဇေမန်းက အနိုင်ရရှိ သွားပါတယ်။

မကွေးပရိယတ္တိစာသင်တိုက် ကျောင်းထိုင်ဆရာတော် ဦးပါမောက္ခ အား နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့မှ လူဝတ်လဲခိုင်း

မကွေးပရိယတ္တိစာသင်တိုက် ကျောင်းထိုင်ဆရာတော် ဦးပါမောက္ခ အား နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့မှ လူဝတ်လဲခိုင်းလိုက်ပြီဖြစ်သည်။ 

အဆိုပါကိစ္စနှင့်ပတ်သက်၍ သတင်းစာရှင်းလင်းပွဲကို ဇန်န၀ါရီ ၂၇ ရက်၊ တနဂ်နွေနေ့လည် ၂ နာရီတွင် ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်ရှိ မကွေးပရိယတ္တိစာသင်တိုက်တွင်ဆရာတော်မှ ပြုလုပ် မည်ဖြစ်ကြောင်း အင်တာနတ်သတင်းစဉ်မှ သတင်းရရှိသည်။ 

ဆရာတော်ဦးပါမောက္ခသည် OIC ရုံးခွဲ မြန်မာနိုင်ငံတွင် လာရောက်ဖွင့်လှစ် မည့်အစီအစဉ်ကိုကန့်ကွက်ခြင်း၊ လက်ပံတောင်းတောင် အရေးကိစ္စကို ကန့်ကွက်ခြင်း စသည်တို့အတွက်ဆန္ဒဖော်ထုတ်ပွဲများပြုလုပ်ရာ တွင် ရှေ့တန်းမှ ဦးဆောင်ပါဝင်ခဲ့သည့် သံဃာတော်တစ်ပါးဖြစ်သည်။ 

ဦးပါမောက္ခအား တာဝန်ယူထားသည့် သံဃာ့အဖွဲ့အစည်းရာထူးများမှလည်း ထုတ်ပယ်လိုက်ပြီဖြစ်သည်။ 

သတင်းနှင့် ဓာတ်ပုံ- အင်တာနတ်သတင်းစဉ် (ပုံမှာ စာရွက်ဖတ်နေသော ဦးပါမောက္ခနှင့်
ယခုအခါ လူဝတ်လဲပြီးသွားသော ဦးဂမ္ဘီရတို့ကို တွေ့ရစဉ်)
မကွေးပရိယတ္တိစာသင်တိုက် ကျောင်းထိုင်ဆရာတော် ဦးပါမောက္ခ အား နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့မှ လူဝတ်လဲခိုင်းလိုက် ပြီဖြစ် သည်။ အဆိုပါကိစ္စနှင့်ပတ်သက်၍ သတင်းစာရှင်းလင်းပွဲကို ဇန်န၀ါရီ ၂၇ ရက်၊ တနဂ်နွေနေ့လည် ၂ နာရီတွင် ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်ရှိ မကွေးပရိယတ္တိစာသင်တိုက်တွင်ဆရာတော်မှ ပြုလုပ်

ဧရာဝတီ အနောက်ဘက်ခြမ်း ဘဏ်များ အပြိုင်အဆိုင် ဖွင့်လှစ် ဒေသခံ လူငယ်များ အလုပ်အကိုင် အခွင့်အလမ်း ပိုမို ရရှိလာ

ဧရာဝတီ အနောက်ဘက်ခြမ်း ဘဏ်များ အပြိုင်အဆိုင် ဖွင့်လှစ် ဒေသခံ လူငယ်များ အလုပ်အကိုင် အခွင့်အလမ်း ပိုမို ရရှိလာ

ဧရာဝတီမြစ် အနောက်ခြမ်း ဒေသတစ်ခွင် ပခုက္ကူ ကျောထောက် နောက်ခံ ဒေသများ ဖြစ်သည့် ယောနယ်၊ ချင်းပြည်နယ်၊ ကလေး၊ တမူးတို့တွင် သွားလာမှု လွယ်ကူ၍ သစ်တောထွက် ပစ္စည်းများ၊ လယ်ယာမြေထွက် သီးနှံမျိုးစုံများ၊ ရေနံ အပါအဝင် သယံဇာတ များပါ ထွက်ရှိသောကြောင့်
စီးပွားရေး ကြွယ်ဝ လာမှုနှင့် အတူ တံခါးဝ မြို့တော်ဖြစ်သည့် ပခုက္ကူမြို့သို့ ဘဏ် လုပ်ငန်းရှင် များမှ ဘဏ်ခွဲများ အပြိုင် အဆိုင် ဖွင့်လှစ် လုပ်ကိုင်လာသည်။

ပခုက္ကူမြို့တွင် ပြည်ထောင်စု သမ္မတ မြန်မာနိုင် ငံတော်၏ စီးပွားရေး ဘဏ်၊ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်နှင့် ပုဂ္ဂလိက ဘဏ်များ ဖြစ်ကြသော ဧရာဝတီဘဏ်၊ ရိုးမဘဏ်၊ ပထမ ပုဂ္ဂလိက ဘဏ်၊ ကမ္ဘောဇဘဏ်၊ မွေး/ရေဘဏ်၊ အင်းဝဘဏ်၊ မြန်မာ့ စက်မှုလက်မှု ဖွံ့ဖြိုးရေးဘဏ်၊ အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေး ဘဏ်၊ မြဝတီဘဏ်နှင့် ယခု United Amara Bank (ပခုက္ကူဘဏ်ခွဲ) ဖွင့်လှစ် ထားရှိပြီး ဖြစ်သည်။ ပခုက္ကူမြို့သို့ ဘဏ်လုပ်ငန်း ရှင်ကြီးများမှ စီးပွားရေး အသွင်တစ်ရပ် အဖြစ် ဘဏ်များဖွင့်လှစ် လုပ်ကိုင်လာခြင်းကြောင့် လူငယ်များ အလုပ်အကိုင် အခွင့် အလမ်းများ ရရှိလာပြီး ပခုက္ကူ ဒေသတစ်ခွင် လူမှုစီးပွားရေး အခြေအနေများ မြင့်မားတိုးတက် လာကြောင်း သိရသည်။


http://www.myawady.net.mm/allnews/local/item/5415-2013-01-26-11-08-51#.UQSIRp28B8E

အေးချမ်းမွန်မှ  မြ၀တီ တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia
ဧရာဝတီမြစ် အနောက်ခြမ်း ဒေသတစ်ခွင် ပခုက္ကူ ကျောထောက် နောက်ခံ ဒေသများဖြစ်သည့် ယောနယ်၊ ချင်းပြည်နယ်၊ ကလေး၊ တမူးတို့တွင် သွားလာမှု လွယ်ကူ၍ သစ်တော ထွက်ပစ္စည်းများ၊ လယ်ယာမြေထွက် သီးနှံမျိုးစုံများ၊ ရေနံအပါအဝင် သယံဇာတများပါထွက်ရှိသောကြောင့်စီးပွားရေး ကြွယ်ဝလာမှုနှင့်အတူ တံခါးဝမြို့တော်ဖြစ်သည့် ပခုက္ကူမြို့သို့ ဘဏ်လုပ်ငန်းရှင်များမှ ဘဏ်ခွဲ

ကမ္ဘာ့ဒုတိယအကောင်းဆုံး social networking အဖြစ် Google+ ရပ်တည်...

ကမ္ဘာ့ဒုတိယအကောင်းဆုံး social networking အဖြစ် Google+ ရပ်တည်...

လက်ရှိအခြေအနေအရ Facebook ကို အသုံးပြုသူ active user ပေါင်း သန်း၇၀၀ ကျော်ရှိပြီး ပထမနေရာမှရပ်တည်နေပါတယ်။ Google+ ကတော့ဒုတိယနေရာကနေ အသုံးပြုသူ active user ပေါင်း သန်း၃၄၀ကျော်ရှိနေပြီဖြစ်ပါတယ်။ ဒီအခြေအနေတိုင်းဆက်သွားမယ်ဆိုရင် Google+ အသုံးပြုသူများ တစ်နေ့တစ်ခြားတိုးပွားလာဖို့ရှိတယ်လို့ ခန့်မှန်းချက်တွေအရသိရပါတယ်။

Ref: ZDNET

အေးချမ်းမွန်မှ  Info Tech For Myanmar (IT4M) တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia   လက်ရှိအခြေအနေအရ Facebook ကို အသုံးပြုသူ active user ပေါင်း သန်း၇၀၀ ကျော်ရှိပြီး ပထမနေရာမှရပ်တည်နေပါတယ်။ Google+ ကတော့ဒုတိယနေရာကနေ အသုံးပြုသူ active user ပေါင်း သန်း၃၄၀ကျော်ရှိနေပြီဖြစ်ပါတယ်။

Saturday, January 26, 2013

ပုပ္ပားတောင်ပေါ်က ဇာတ်လိုက် (သို့မဟုတ်) ဗီလိန်များ

ရနံ့သင်းထုံတဲ့ စကားဝါပန်းတွေ ပေါများသော ပုပ္ပါးတောင်ဟာ မြန်မာနိုင်ငံ အလယ်ပိုင်း မန္တလေးတိုင်း၊ မြင်းခြံခရိုင် ကျောက်ပန်းတောင်း မြို့နယ်ထဲမှာ ရှိပါတယ်။ မိုးခေါင်ရေရှားပြီး ပူပြင်းခြောက်သွေ့တဲ့ အညာဒေသဖြစ်တဲ့ မကွေး၊ နတ်မောက်၊ ရေနံချောင်း၊ ချောက်၊ ပခုက္ကူ၊ ပုဂံ-ညောင်ဦး၊ မိတ္ထီလာ၊ မြင်းခြံ၊ ကျောက်ပန်းတောင်း စတဲ့ နေရာတွေကြားထဲက တခုတည်းသော အမြဲစိမ်းတောလို့ ဆိုရင်လည်း မမှားပါဘူး။

ဟာဝိုင်ယီလူ့အဖွဲ့အစည်း သဟဇာတ ဒေါ်စု အားကျ

ဟာဝိုင်ယီကျွန်းရှိ East West Center မှာ မိန့်ခွန်း ပြောကြားနေ တဲ့ နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်။ (ဇန်န၀ါရီလ ၂၅ ရက်၊ ၂၀၁၃)။
ဟာဝိုင်ယီကျွန်းမှာ နေထိုင်တဲ့ လူမျိုးစုတွေအကြား တည်ဆောက်ထားတဲ့ သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးမျိုး မြန်မာနိုင်ငံမှာရှိတဲ့ တိုင်းရင်းသားလူမျိုးစုတွေ အကြားမှာ ရရှိအောင် ကြိုးပမ်းနေပြီး ၀ိုင်းဝန်းကူညီဖို့ အမေရိကန်ပြည်ထောင်စု ဟာဝိုင်ယီကျွန်း ဟိုနိုလူလူမှာရှိတဲ့ East-West Center အသင်းကြီးက ခေါင်းဆောင်တွေနဲ့ သောကြာနေ့က တွေ့ဆုံရာမှာ NLD အမျိုးသားဒီမိုကရေစီ

ရန်ကုန် စတော့ အိပ်ချိန်း ဈေးကွက်အတွက် အများပိုင်ဘဏ်များ လုပ်ကိုင်လာ


ရန်ကုန် (မဇ္ဈိမ)။   ။ ၂၀၁၅ ခုနှစ်တွင် ပေါ်ပေါက်လာမည့် ရန်ကုန် စတော့ အိပ်ချိန်း ဈေးကွက် (Stock exchange market)အတွက် အများပိုင် ဘဏ်များ ဖွဲ့စည်းလုပ်ကိုင်လာကြောင်း ပုဂ္ဂလိက ဘဏ်လုပ်ငန်းရှင်များက ဆိုသည်။

ဒေသခံများ၏တောင်းဆိုမှုမှန်သမျှလိုက်လျောပေးမည်ဟု ဦးဇော်ဇော်ဆို

ဒေသခံများ၏တောင်းဆိုမှုမှန်သမျှလိုက်လျောပေးမည်ဟု ဦးဇော်ဇော်ဆို
...............................................................................
တောင်ဥက္ကလာပမြို့နယ် သံသုမာအားကစားကွင်းအတွင်း စက်သုံးဆီအရောင်းဆိုင် ဆောက်လုပ်မိခြင်းအတွက် ရပ်ကွက်နေပြည်သူများ ၏ တောင်းဆိုမှုမှန်သမျှ ၊ မည်မျှငွေကြေးကုန်ကျစေကာမူ အကုန်ကျခံဖြည့်ဆည်းပေးမည်ဟု Max Myanmar ကုမ္မဏီ ဥက္ကဌ ဦးဇော်ဇော်ကပြေသည်။
“ဒီလိုလုပ်ပေးတယ်ဆိုတာက ဆီဆိုင်ဆောက်တာနဲ့မဆိုင်ဘူး ကျွန်တော်ကဘောလုံးအဖွဲ့ချုပ်ဥက္ကဌ လည်းဖြစ်တဲ့အပြင် အကုန်လုံးကိုစွန့်လွှတ်ပြီး ဒီဘောလုံးကွင်းကိုပေးဆပ်ထားတာ အခုလူငယ်တွေကစားနေတဲ့ ဘောလုံးကွင်းကို ထိမိတဲ့အတွက်လည်းစိတ်မကောင်းဖြစ်မိတယ် ကျွန်တော်ကိုဒီမှာ မလုပ်နဲ့ထွက်သွားပြောရင်လည်းထွက်သွားမှာပါ ဘောလုံးကွင်းကိုတော့ မြက်လည်းစိုက်ပေးမယ် သတန်းကျောင်းလဲဆောက်ပေးမယ် တခြားလိုအပ်တာတွေရှိရင်လည်းပြောပါ ကျွန်တော်အကုန်ဖြည့်ဆည်းပေးပါမယ်”ဟု ဦးဇော်ဇော်က ရပ်ကွက်နေပြည်သူများအား ယနေ့တွေဆုံစဉ်ပြောကြားခဲ့သည်။
တောင်ဥက္ကလာပမြို့နယ် သံသုမာအားကစားကွင်းအတွင်း စက်သုံးဆီအရောင်းဆိုင် ဆောက်လုပ်မိခြင်းအတွက် ရပ်ကွက်နေပြည်သူများ ၏ တောင်းဆိုမှုမှန်သမျှ ၊ မည်မျှငွေကြေးကုန်ကျစေကာမူ အကုန်ကျခံဖြည့်ဆည်းပေးမည်ဟု Max Myanmar ကုမ္မဏီ ဥက္ကဌ ဦးဇော်ဇော်ကပြေသည်။

မဟာခေါင်းဆောင်



"ခေါင်းဆောင်တို့၏ ခေါင်းဆောင်” အဆင့်သို့ တက်လှမ်းနိုင်သူ သည် မဟာ ခေါင်းဆောင်ဖြစ်သည်။

ခေါင်းဆောင်တို့၏ ခေါင်းဆောင်ဖြစ်ရန် လိုအပ်ချက် သုံးရပ် ရှိသည်။
၁။ မိမိအဖွဲ့အစည်း အောင်မြင်ရန် ထူးချွန်ထက်မြက်သူများ လိုအပ်ကြောင်း သိရမည်။
၂။ မိမိကိုယ်တိုင် ထူးချွန် ထက်မြက်သူ ဖြစ်ရ မည်။
၃။ နေရာတိုင်းတွင် မိမိ မတော်နိုင်ကြောင်း၊ တော်ဖို့ မလိုကြောင်း သိရမည်။

သံတောင် အထူးဒေသ ငြိမ်းချမ်းရေး အဖွဲ့ နာယက ဗိုလ်မှူးကြီး စောဖယ်ရီမိုး ကွယ်လွန်


ရန်ကုန်၊ ဇန်နဝါရီ ၂၅

သံတောင်အထူးဒေသ ငြိမ်းချမ်းရေး အဖွဲ့ နာယက ဗိုလ်မှူးကြီး စောဖယ်ရီမိုး သည် နေပြည်တော် ဆေးရုံ ၌ ဇန်နဝါရီလ ၂၄ ရက်နေ့ ည ၇နာရီ မိနစ် ၄၀ တွင် ကွယ်လွန်သွားကြောင်း အဆိုပါ အဖွဲ့ ၏ စာပေ နှင့် ယဉ်ကျေးမှု ကော်မတီ ဝင် ဗိုလ်မှူးကြီး စောကေထူး က The Voice Weekl သို့ ပြောကြားသည်။

နိုင်ငံဧရိယာ ၁၀ ရာခိုင်နှုန်းကို သဘာဝနယ်မြေအဖြစ် သတ်မှတ်တည်ထောင်ရန် ရည်မှန်းချက် နီးကပ်လာ

နိုင်ငံဧရိယာ၏ ၁၀ ရာခိုင်နှုန်းကို သဘာဝနယ်မြေအဖြစ် သတ်မှတ်တည် ထောင်ရန် ရည်မှန်းချက်
နီးကပ်လာပြီဟု ဇန်န၀ါရီလ ၁၆ ရက်နေ့က ကျင်းပသည့် မြန်မာနိုင်ငံရှိ သဘာဝနယ်မြေများ စီမံ
အုပ်ချုပ်မှု ရေရှည်တည်တံ့စေရေး အဆင့်မြှင့်တင်ခြင်းလုပ်ငန်း စီမံကိန်း ညှိနှိုင်း အစည်းအဝေးတွင်
ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်းက
ပြောကြားသည်။

BBC သတင်းထောက်မှ မြန်မာဂျာနယ်လစ်များအား သင်တန်းပို့ချ

BBC သတင်းထောက်မှ မြန်မာဂျာနယ်လစ်များအား သင်တန်းပို့ချ
Saturday, January 26, 2013

မြန်မာနိုင်ငံမှ စာနယ်ဇင်းဆရာများအနေဖြင့် ပြည်သူများထံသို့ ဖြစ်ရပ်မှန်
မှတ်တမ်းများအား ဖော်ထုတ်တင်ပြနိုင်ရန်အတွက် ကမ္ဘာ့စာနယ်ဇင်း ဓါတ်ပုံဆုရ ဗြိတိန်နိုင်ငံမှ ဓါတ်ပုံသတင်းထောက် Nick Danziger နှင့် စာရေးဆရာ Rory Maclean တို့မှ သင်တန်းပို့ချပေးလျှက်ရှိကြောင်း သိရသည်။

“မြန်မာပြည်မှာ အရည်အချင်းပြည့်ဝတဲ့ ဂျာနယ်လစ်တွေဖြစ်လာ
ဖို့အတွက်၊ နှစ်ဦးနှစ်ဖက် တကယ့်ကိုအကျိုးကျေးဇူးရှိစေချင်တဲ့ ရည်ရွယ်ချက်နဲ့ လုပ်ပေးတာပါ။” ဟု ဗြိတိသျှကောင်စယ်လ်မှ ပရိုဂရမ်မန်နေဂျာဒေါ်ကြည်ကြည်ပြုံးကပြောသည်။

အဆိုပါ သင်တန်းတွင် သင်တန်းသား (၁၆)ဦး တက်ရောက်လျက်ရှိပြီး သင်တန်းပြီးချိန်၌ ၎င်းတို့၏ သတင်းဆောင်းပါး ဓါတ်ပုံများအား Park Royal ဟိုတယ်၌ပြုလုပ်မည့် ဧရာဝတီစာပေပွဲတော်တွင် ထည့်သွင်းပြသ
သွားမည်ဖြစ်သည်။

“ဒီပြည်သူကြားတွေထဲမှာ သိနေသော်လည်းပဲ လိုအပ်တယ်၊ ထပ်ထပ်ခါခါပြောနေရမယ်၊ under line ဒါတွေကိုကျွန်တော်တို့ ဘယ်လိုလုပ်ရမလည်းဆိုတာ ဒီသင်တန်းကနေ သိရှိရတယ်” ဟု သင်တန်းသားတစ်ဦးဖြစ်သူ ကိုဇင်မျိုးဆတ်က ပြောသည်။

ထိုကဲ့သို့ စာနယ်ဇင်းဆိုင်ရာသင်တန်းများကို နောက်ပိုင်းတွင်လည်း ဆက်လက်ဖွင့်နိုင်ရေး ကြိုးပမ်းသွားမည်ဟု ပရိုဂရမ်မန်နေဂျာ
ဒေါ်ကြည်ကြည်ပြုံးက ဆိုသည်။

BBC သတင်းထောက်ဖြစ်သည့် Nick Danziger သည် ဗြိတိန်နိုင်ငံ၏ အထင်ရှားဆုံးဓါတ်ပုံဆရာတစ်ဦးဖြစ်ပြီးကမ္ဘာ့စာနယ်ဇင်း ဓါတ်ပုံဆုရ
ရှိဖူးသူတစ်ဦးဖြစ်ပြီး၊  Rory Macleanမှာ တော်ဝင်စာပေအသင်းမှ စာပေပညာရှင်တစ်ဦးဖြစ်ပြီး ၀င်စတန်ချာချီခရီးသွား ပညာသင်ဆု
ချီးမြှင့်ခံခဲ့ရသူတစ်ဦးဖြစ်ကြောင်း  ဇန်န၀ါရီ (၂၅)ရက်နေ့တွင် ဗြိတိသျှသံရုံး၌ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲမှသိရသည်။

တစ်ရက်တည်းမှာပင် အဆိုပါသတင်းစာရှင်းလင်းပွဲနှင့်အတူ  ယူဂိုဆလားဗီးယားနိုင်ငံတွင် စစ်ကြောင့် သေဆုံးသွားသော လူတစ်သိန်းလေးသောင်းတို့၏ အကြောင်ကို “ပျောက်ဆုံးနေသော
ဘ၀များ”အမည်ဖြင့် ပြပွဲတစ်ရပ် ပြုလုပ်ခဲ့သည်။

ကောင်းမြတ်ဖြိုး ( မြစ်မခ )
Myit Makha Mediagroup

မြန်မာနိုင်ငံမှ နယ်ဇင်းဆရာများအနေဖြင့် ပြည်သူများထံသို့ ဖြစ်ရပ်မှန် မှတ်တမ်းများအား ဖော်ထုတ်တင်ပြနိုင်ရန်အတွက် ကမ္ဘာ့စာနယ်ဇင်း ဓါတ်ပုံဆုရ ဗြိတိန်နိုင်ငံမှ ဓါတ်ပုံသတင်းထောက် Nick Danziger နှင့် စာရေးဆရာ Rory Maclean တို့မှ သင်တန်းပို့ချပေးလျှက်ရှိကြောင်း သိ ရသည်။

အမေရိကန် အင်တာနက်အရေးလှုပ်ရှားသူ အဆုံးစီရင်ခဲ့ပြီးနောက် ကွန်ပျူတာပြစ်မှုဥပဒေကို အုတ်အော်သောင်းတင်း ဝေဖန်လာကြ

ကွယ်လွန်သွားပြီဖြစ်တဲ့ Aaron Swartz။ 
ကွယ်လွန်သွားပြီဖြစ်တဲ့ Aaron Swartz
အင်တာနက်အရေး တက်ကြွစွာလှုပ်ရှား သူတစ်ဦးဖြစ်တဲ့ ကွယ်လွန်သူ Aaron Swartz အတွက်
ဝတ်ပြု ဆုတော င်းပွဲ တွေ ကျင်းပပေးနေကြချိန်မှာ စိတ်ဓာတ် ပြင်းထန်လွန်းတဲ့ အစိုးရရှေ့နေတွေ အသုံးပြုလေ့ရှိရာ 'အရမ်းပြင်းထန်လွန်း'တဲ့ ဥပဒေလို့ပြောကြတဲ့ အမေရိကန် ကွန်ပျူတာပြစ်မှု

တပ်မတော် စစ်ကြောင်းနှင့် နယ်မြေခံ ပြည်သူ့စစ် ပူးပေါင်း အဖွဲ့မှ KIA အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့များ၏ လက်နက်များ ရှာဖွေ တွေ့ရှိ

တပ်မတော် စစ်ကြောင်းနှင့် နယ်မြေခံ ပြည်သူ့စစ် ပူးပေါင်း အဖွဲ့မှ KIA အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့များ၏ လက်နက်များ ရှာဖွေ တွေ့ရှိ
Saturday, January 26, 2013 

KIA အကြမ်းဖက် သောင်းကျန်း သူများ အနေဖြင့် စစ်ရေးနှင့် မသက်ဆိုင်သည့် နေရာများ၊ အပြစ်မဲ့ ပြည်သူများနှင့် ဒေသ တည်ငြိမ်ရေးနှင့် တရား ဥပဒေ စိုးမိုးရေး အတွက် တာဝန် ထမ်းဆောင်လျက် ရှိသော လုံခြုံရေး တပ်ဖွဲ့ဝင် များအား အဆက်မပြတ် တိုက်ခိုက်မှု များကို မလိုလားသော၊ လက်မခံ နိုင်သော ဒေသခံ ပြည်သူများ၏ သတင်းပေး မှု အရ နယ်မြေခံ တပ်မတော် လှုပ်ရှား စစ်ကြောင်းနှင့် နယ်မြေခံ ပြည်သူ့စစ် ပူးပေါင်း အဖွဲ့များသည် ၂ဝ၁၃ ခုနှစ် ဇန်နဝါရီ ၂၃ ရက် ည ၉ နာရီ ၂၅ မိနစ် ခန့်က မုံးယား/ မုံးဟောင် နယ်မြေ အတွင်း ရှင်းလင်း ခဲ့ရာ KIA အကြမ်းဖက် သောင်းကျန်းသူ များ၏ လျှို့ဝှက် သိမ်းဆည်း ထားသည့် လက်နက် မျိုးစုံ ၁ဝ လက်အား ဖော်ထုတ် သိမ်းဆည်း ရရှိခဲ့သည်။

ဒေသခံ ပြည်သူများ အနေဖြင့် KIA အကြမ်းဖက် သောင်းကျန်းသူ များ၏ လုပ်ရပ်များ အပေါ် မကျေနပ် ချက်များ၊ စက်ဆုပ် ရွံရှာမှုများ ဖြစ်ပေါ်လျက် ရှိသဖြင့် နယ်မြေခံ တပ်မတော် စစ်ကြောင်းများ၊ နယ်မြေခံ ပြည်သူ့စစ် များနှင့် ပူးပေါင်း ဆောင်ရွက်လျက် ရှိကြောင်း သတင်း ရရှိသည်။

မြ၀တီ

KIA အကြမ်းဖက် သောင်းကျန်းသူများအနေဖြင့် စစ်ရေးနှင့် မသက် ဆိုင်သည့်နေရာများ၊ အပြစ်မဲ့ ပြည်သူများနှင့် ဒေသ တည် ငြိမ်ရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် တာဝန်ထမ်းဆောင်လျက် ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များအား အဆက်မပြတ်တိုက်ခိုက်မှုများကို မလို လားသော၊ လက်မခံ နိုင်သော ဒေသခံ ပြည်သူများ၏သတင်းပေးမှုအရ

နာမည်ကြီး Telecom ကုမ္ပဏီကြီး ၄ ခု မြန်မာမှာ ရင်းနှီးမြှုပ်နှံဖွယ်ရှိ

နာမည်ကြီး Telecom ကုမ္ပဏီကြီး ၄ ခု မြန်မာမှာ ရင်းနှီးမြှုပ်နှံဖွယ်ရှိ
Saturday, January 26, 2013

ဆယ်စုနှစ်ပေါင်းများစွာ စစ်အုပ်ချုပ်ရေးအောက် ရှိခဲ့တဲ့ မြန်မာနိုင်ငံမှာ တယ်လီဖုန်းဆက်သွယ်ရေး လုပ်ငန်းတွေနဲ့ ပတ်သက် လို့
လုပ်ငန်းလုပ်ပိုင်ခွင့် လိုင်စင်လျှောက်ထားဖို့ ဖိတ်ခေါ်ခဲ့ပြီးနောက်ပိုင်း နာမည်ကြီး တယ်လီကွန်း ကုမ္ပဏီကြီး ၄ ခုလည်း မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံဖို့ စိတ်ဝင်စားနေကြပါတယ်။ 

အဲဒီကုမ္ပဏီကြီး ၄ ခုကတော့ နော်ဝေနိုင်ငံက Telenor ၊ ထိုင်းနိုင်ငံက DTAC ၊ မလေးရှားနိုင်ငံက Axiata နဲ့ အာရှတိုက်မှာ အကြီးဆုံးကုမ္ပဏီလည်းဖြစ်တဲ့  Singapore Telecommunications ကုမ္ပဏီများဖြစ်တဲ့ ST Telemedia နဲ့ Temasek Holdings ဆိုတဲ့ စင်ကာပူကုမ္ပဏီ ၂ ခုဖြစ်တို့ဖြစ်ကြပါတယ်တဲ့။ 

ဒီလို ကုမ္ပဏီကြီးတွေ လာရောက်ရင်းနှီးမြှုပ်နှံမယ်ဆိုရင်တော့ လူကြီးမင်းနဲ့ တွေ့ရတာများတဲ့ မြန်မာနိုင်ငံက တယ်လီဖုန်း တွေ အရင်ကထက် ပိုမိုကောင်းမွန်လာမယ့် လက္ခဏာတွေ ဖြစ်ပါတယ်။ 

ဧရာဝတီ
ဆယ်စုနှစ်ပေါင်းများစွာ စစ်အုပ်ချုပ်ရေးအောက်ရှိခဲ့တဲ့ မြန်မာနိုင်ငံမှာ တယ်လီဖုန်းဆက်သွယ်ရေး လုပ်ငန်းတွေနဲ့ပတ်သက်လို့ လုပ်ငန်း လုပ် ပိုင်ခွင့် လိုင်စင်လျှောက်ထားဖို့ ဖိတ်ခေါ်ခဲ့ပြီးနောက်ပိုင်း နာမည်ကြီး တယ်လီကွန်း ကုမ္ပဏီကြီး ၄ ခုလည်း မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံဖို့ စိတ် ၀င်စားနေကြပါတယ်။

မြန်မာနိုင်ငံပြန်တမ်း

ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးများ ပြောင်းရွှေ့ခန့်ထားခြင်းနှင့်
ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးများ အတည်ပြုခန့်ထားခြင်း

အိုဘားမား အာရှမူဝါဒ ဂျွန်ကယ်ရီ ဝေဖန်

အမေရိကန် ပြည်ထောင်စုရဲ့ နိုင်ငံခြားရေး ၀န်ကြီးအသစ် အဖြစ်အမည်စာရင်း တင်သွင်းထားတဲ့ အထက်လွှတ်တော်အမတ် John Kerry ကို လွှတ်တော်မှာ ကြားနာရာမှာ သမ္မတ ဘရက်ခ် အိုဘားမား အစိုးရရဲ့ အဓိကနိုင်ငံခြားရေးရာ မူဝါဒတခုဖြစ်တဲ့ အာရှတိုက်ကို ပိုမို အာရုံစိုက်လာတဲ့ အစီအစဉ်အပေါ် ဝေဖန်ခဲ့တဲ့အတွက် အများက

အိမ်ဖြူတော် အရာရှိချုပ်သစ် နာမည်ထုတ်ပြန်

အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမား က သူ့ရဲ့ လက်ထောက်တဦးအဖြစ် အချိန် အတော်ကြာ အမှုထမ်းခဲ့သူ တယောက်ကို - အစိုးရအဖွဲ့သစ်အတွင်း သြဇာကြီးတဲ့ ရာထူးတခုမှာ တာဝန်ပေးလိုက်ပါတယ်။ သမ္မတ က သူ့ရဲ့ အဓိက အကြံပေးပုဂ္ဂိုလ်တဦးဖြစ်တဲ့ Denis McDonough ကို သူ့ရဲ့ ၅ ယောက်မြောက် အိမ်ဖြူတော် အရာရှိချုပ် အဖြစ် သောကြာနေ့မှာပဲ ထုတ်ဖော် ကြေညာလိုက်တာပါ။

ဝတပ်ကို တရုတ်လက်နက်ရောင်း

တရုတ်မြန်မာ နယ်စပ်မှာအခြေစိုက်တဲ့  လက်နက်ကိုင်အဖွဲ့တခုကို
တရုတ်နိုင်ငံက ခေတ်မှီ လက်နက်တွေကို ရောင်းချနေတယ်လို့ လုံခြုံရေးဆိုင်ရာ လေ့လာသုံးသပ်သူေ တွက ပြောလိုက် ပါတယ်။ မြန်မာနိုင်ငံထဲက အင်အားအကြီးဆုံး
လက်နက်ကိုင် အဖွဲ့ဖြစ်တဲ့ ဝပြည်သွေးစည်းညီညွတ်ရေး တပ်မတော်ကို တရုတ်က

Screen အရွယ်အစား ၈ လက်မရှိ Samsung Galaxy Note ထုတ်လုပ်မည်


samsungSamsung ကုမ္ပဏီက အရွယ်အစား (၈)လက်မရှိသည့် Screenကို အသုံးပြုထားသည့် Galaxy Note အမျိုးအစား Tablet ကွန်ပျူတာကို ထုတ်လုပ် ရောင်းချမည်ဟု အတည်ပြု ကြေညာလိုက်သည်။ ထို့ကြောင့် Tablet ဈေးကွက်အတွင်း အရွယ်အစား ပိုမိုသေးငယ်အောင် ချုံ့ပြီး ဝင်ရောက်လာသည့် Apple၏ iPad Miniကို Samsungက တိုက်ရိုက်