Saturday, February 9, 2013

ကချင်ပြည်နယ်တွင် ဘိန်းစိုက်ခင်းဧကပေါင်း ၄ သောင်းကျော်ရှိကြောင်း ရဲမှူးကြီး စိုင်းသိန်းဇော် ဆို

ကချင်ပြည်နယ်တွင် ဘိန်းစိုက်ခင်းဧကပေါင်း ၄ သောင်းကျော်ရှိကြောင်း ရဲမှူးကြီး စိုင်းသိန်းဇော် ဆို

ဖေဖော်ဝါရီ ၉ ရက်၊ ၂၀၁၃

မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့်ဖြစ်ပေါ်လာသော လူမှုရေးပြသနားများအား စုပေါင်းအဖြေရှာရန် ဖေဖော်ဝါရီ ၈ ၊ ၉ နေ့တွင် မြစ်ကြီးနား မနောကွင်းရှိ မဂျိုင်ခန်းမဆောင် တွင် ဟောပြောအဖြေရှာပွဲပြုလုပ်ခဲ့သည်။

အဆိုပါဟောပြောပွဲတွင်လာရောက်ဟောပြောခဲ့သူ ရဲမှူးကြီး စိုင်းသိန်းဇော် က ချင်ပြည်တွင် ဘိန်းစိုက်ခင်း ဧကပေါင်း ၄သောင်းနှင့် ၅ သောင်း ကြားတွင်ရှိကြောင်းပြောကြားခဲ့သည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ်ဦးလဂွန်ငန်ဆိုင်းသည်လည်း ၁၀ အိမ်တွင် အနည်းဆုံး ၇ အိမ်လောက်မှာမူးယစ်ဆေးဝါသုံးစွဲသူရှိကြောင်း ပြောကြားခဲ့သည်။ ကချင်ပြည်နယ်တွင် တဖြည်းဖြည်း နှင့် မူးယစ်ဆေးဝါ ကင်မဲ့ဇုံဖြစ်အောင် ကြိုးစားသွားမည် ဖြစ်ကြောင်း ဆက်လက်ပြောကြားခဲ့သည်။

Kachin Waves
မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့်ဖြစ်ပေါ်လာသောလူမှုရေးပြသနားများအား စုပေါင်းအဖြေရှာရန် ဖေဖော်ဝါရီ ၈ ၊ ၉ နေ့တွင် မြစ်ကြီးနား မနော ကွင်းရှိ မဂျိုင်ခန်းမဆောင် တွင် ဟောပြော အဖြေရှာပွဲပြု လုပ်ခဲ့ သည်
အဆိုပါဟောပြောပွဲတွင်လာရောက်ဟောပြောခဲ့သူ ရဲမှူးကြီး စိုင်းသိန်းဇော် က ချင်ပြည်တွင် ဘိန်းစိုက်ခင်း ဧကပေါင်း ၄သောင်းနှင့်

စူပါနေမုန်တိုင်းကြီး ဖြစ်ပေါ်မှုကို ကြိုတင် သတိပေးနိုင်ရန် မိနစ် ၃၀ သာ အချိန်ရမည် ဖြစ်ကြောင်း သိပ္ပံပညာရှင်များ ထုတ်ဖော်ပြောကြား

စူပါနေမုန်တိုင်းကြီး ဖြစ်ပေါ်မှုကို ကြိုတင် သတိပေးနိုင်ရန် မိနစ် ၃၀ သာ အချိန်ရမည် ဖြစ်ကြောင်း သိပ္ပံပညာရှင်များ ထုတ်ဖော်ပြောကြား  

Friday, 08 February 2013 16:30

ရာစုနှစ် တစ်ခုတွင် တစ်ကြိမ်သာ ဖြစ်ပေါ်မည့် စူပါနေမုန်တိုင်းကြီး ဖြစ်ပေါ်မှုကို ကြိုတင်သတိပေး နိုင်ရန်အတွက် မိနစ် ၃၀ သာ အချိန်ရမည်ဖြစ်ကြောင်း သိပ္ပံပညာရှင်များက ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် ထုတ်ဖော် ပြောကြားလိုက်ကြောင်း သိရသည်။ ယင်းစူပါ နေမုန်တိုင်းကြီးက ကမ္ဘာမြေပြင်ရှိ အဓိက ဆက်သွယ် ရေးလိုင်းများကို ပြတ်တောက်သွား စေလိမ့်မည်ဟု ဆိုသည်။

စူပါနေမုန်တိုင်းများသည် နှစ်ပေါင်း ၂၀၀ တွင် တစ်ကြိမ်သာ ဖြစ်ပေါ်ပြီး နောက်ဆုံးအကြိမ်အဖြစ် ၁၈၅၉ ခုနှစ်က ဖြစ်ပေါ်ခဲ့သည်။ ယခုအခါ ဂျီပီအက်စ်နှင့် မိုဘိုင်းဖုန်းများ အပါအ၀င် ဆက်သွယ်ရေး ကွန်ရက်များကို ပြတ်တောက်စေနိုင်သည့် စူပါနေမုန်တိုင်း ကျရောက်မှုကို ကာကွယ်ရန် ပညာရှင်များက ကြိုတင် ပြင်ဆင်နေကြသည်။

ဗြိတိန်နိုင်ငံ တော်ဝင်အင်ဂျင်နီယာ အကယ်ဒမီက ပမာဏ ကြီးမားလှသည့် ဓာတ်ရောင်ခြည် ပေါက် ကွဲမှုကြီးကို ရှောင်လွှဲ၍ မရနိုင်ကြောင်းနှင့် အစိုးရအနေဖြင့် ဗြိတိန် အာကာသ မိုးလေ၀သ ဘုတ်အဖွဲ့ကို ဖွဲ့စည်းထားသင့်ကြောင်း ပြောကြားခဲ့သည်။ ယင်းအဖွဲ့က ဂြိုဟ်တု စုစုပေါင်း၏ ဆယ်ပုံ တစ်ပုံကို ပျက် စီးသွားစေပြီး လေကြောင်းနှင့် ရေကြောင်း ခရီးစဉ်များကို အနှောင့်အယှက် ဖြစ်စေမည့် နေမုန်တိုင်းကို ကာကွယ်ရေး မဟာဗျူဟာ ချမှတ်ရန် အစိုးရအား ဦးဆောင် အကြံပြုသင့်သည်ဟု ဆိုသည်။

စူပါနေမုန်တိုင်းများသည် ပုံမှန်အတိုင်း ဖြစ်ပေါ်ခဲ့သော်လည်း ဂြိုဟ်တု ဆက်သွယ်ရေး စနစ်များကို အသုံးပြုသည့် အာကာသခေတ် အတွင်း၌မူ စူပါနေမုန်တိုင်း ဒဏ်ခံရသည့် အတွေ့အကြုံ မရှိသေးပေ။

စူပါနေမုန်တိုင်း ဖြစ်ပေါ်ချိန်တွင် ဂြိုဟ်တုမှနေ၍ ကမ္ဘာမြေပြင်ဆီသို့ ထုတ်လွှတ်မှုများကို ဟန့်တားခံရ သောကြောင့် ဂျီပီအက်စ် အချက်ပြ စနစ်သည် တစ်ရက်မှ သုံးရက်အထိ ပြတ်တောက် သွားမည်ဖြစ်သည်။ ၄င်းအပြင် sat-nav စနစ်မှာလည်း အလုပ်ဖြစ်တော့မည် မဟုတ်ဟု ဆိုသည်။ ဓာတ်ကြွှနေသော ပါတီကယ် များသည် အနိမ့်ပိုင်းအထိ ထိုးဖောက်လျက် ကမ္ဘာ့လေထု အလွှာအတွင်းသို့ ရောက်လာပြီး လေယာဉ် များ၏ အီလက်ထရွန်နစ် စနစ်များကိုလည်း ပျက်စီးစေဖွယ် ရှိသည်ဟု ဆိုသည်။

Daily Mail


အေးချမ်းမွန်မှ  Eleven Media Group တွင် ဖော်ပြထားသည့်သတင်းကို မူရင်းအတိုင်းမျဝေပါသည်။
မူရင်းရေးသားသူကိုလည်း အထူးကျေးဇူးတင်ရှိပါသည်။
https://www.facebook.com/excellencemedia
ရာစုနှစ် တစ်ခုတွင် တစ်ကြိမ်သာ ဖြစ်ပေါ်မည့် စူပါနေမုန်တိုင်း ကြီး ဖြစ်ပေါ်မှုကို ကြိုတင်သတိပေး နိုင်ရန်အတွက် မိနစ် ၃၀ သာ အချိန်ရမည်ဖြစ်ကြောင်း သိပ္ပံပညာရှင်များက ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် ထုတ်ဖော် ပြောကြားလိုက်ကြောင်း သိရသည်။ ယင်းစူပါ နေမုန်တိုင်းကြီးက ကမ္ဘာမြေပြင်ရှိ အဓိကဆက်သွယ် ရေး လိုင်းများကို ပြတ်တောက်သွား စေလိမ့်မည်ဟု ဆိုသည်။

ငြိမ်းချမ်းရေးအတွက် တောင်ကြီးအခြေစိုက် အဖွဲ့ အစည်းများအား SNLD ခေါင်းဆောင်တွေ့ဆုံ

ငြိမ်းချမ်းရေးအတွက် တောင်ကြီးအခြေစိုက် အဖွဲ့ အစည်းများအား SNLD ခေါင်းဆောင်တွေ့ဆုံ

ဖေဖော်ဝါရီ ၉ ရက်၊ ၂၀၁၃

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဖြစ်မြောက်ရေးဆွေးနွေး
ပွဲကို သျှမ်းတိုင်းရင်းသားများ ဒီမို ကရေစီ အဖွဲ့ချုပ် SNLD မှကမကထပြု၍
တောင်ကြီးမြို့တွင် ကျင်းပရာ နိုင်ငံရေးအင်အားစုများ အသင်းအဖွဲ့ များ အင်အား ရာကျော်တက်ရောက်ခဲ့ကြကြောင်း ပါတီပြောခွင့်ရ စိုင်းလိတ်
ကပြောပါသည်။

“ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲတရပ်ကို လာမယ့် မတ်လမှာ လုပ်မယ်။ အဲဒီအခါကျရင် လုပ်မယ့် လုပ်ငန်းစဉ်နဲ့ ရည်ရွယ်ချက်ကို ကျနော်တို့အထွေထွေအတွင်းရေးမှူး စိုင်းညွန့်လွင် က ရှင်းပြတယ်။ အဲဒီမှာ တက်လာတဲ့ ပရိသတ် ၁၅၀ ကျော်ထဲက လူ ၁၅
ယောက်ကနေ အမြင်အမျိုးမျိုး တင်ပြကြ တယ်။ ရွှေပြည်အေး အဖွဲ့တို့ ရလလဖ အဖွဲ့တို့ အထူး ဆွေးနွေးတယ်။” – ဟု ပြောခွင့်ရ စိုင်းလိတ် ကပြောပါသည်။

ယနေ့ဖေဖော်ဝါရီ ၈ ရက်နေ့ တောင်ကြီး ၌ ကျင်းပသောအဆိုပါ ဆွေးနွေး
ပွဲသို့ တောင်ကြီးအခြေစိုက် သျှမ်းနိုင်ငံရေး အင်အားစုများ၊ အင်း၊ ဓနု၊ ကယား ပအိုဝ်း အစရှိနိုင်ငံရေးပါတီအဖွဲ့အစည်းများ ၊ စာပေယဉ် ကျေးမှုအဖွဲ့ များ၊ အဲန်ဂျီအို အဖွဲ့အစည်းမှ စာဖတ်အသင်း၊ စာကြည့်တိုက်အသင်း၊ လူငယ်အင်အားစု များ တက်ရောက်ခဲ့ကြကြောင်း ဆိုပါသည်။

“အဲဒီတင်ပြချက်တွေထဲမှာ (၁) အချက်က ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီးတော့ သူတို့ ရဲ့ အမြင် (၂) ယုံကြည်မှုတည် ဆောက်ခြင်းဆိုင်ရာ သဘောသဘာဝ
တွေကို တင်ပြတယ်။ နောက်တချက်ကတော့ ဖက်ဒရယ်အရေးကို တက်ကြွ လှုပ်ရှားကြတဲ့ တောင်ကြီးမြို့နယ် ဗမာတိုင်းရင်းသားဝါရင့်နိုင်ငံရေးသမား
များကဖက်ဒရယ်နဲ့ပတ်သက်ပြီး ဝင်ရောက် ဆွေးနွေးကြတယ်။

ဒီကနေ့ ဆွေးနွေးပွဲရဲ့ရလဒ်အနေနဲ့ကြည့်မယ် ဆိုရင်တော့ ငြိမ်းချမ်းရေး
အတွက် ယုံကြည်မှုတည် ဆောက်တာကို တောင်ကြီးမြို့နေ ပြည်သူလူထု
တရပ်လုံးက ဝမ်းသာအယ်လဲ ကြိုဆို ကြတယ်” – ဟု စိုင်းလိတ်ကပြော
သည်။

ဖေဖော်ဝါရီ ၈ ရက် တောင်ကြီး၌ ကျင်းပသော ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဖြစ်မြောက်ရေးဆွေးနွေးပွဲဆွေးနွေးပွဲမှ ဘုံသဘောတူညီချက်တခု ထုတ်နုတ်နိုင်ခဲ့ရာ ၄င်းမှာ ၂၀ဝ၈ ဖွဲ့စည်းပုံ
အခြေခံဥပဒေကို ဧကန်မုချ ပြင်ဆင်ရ မည်ဟူသည့်အချက် ရရှိခဲ့ကြောင်း
စိုင်းလိတ်ကဆိုပါသည်။

မတ်လအတွင်းကျင်းပမည့် ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်းဆွေးနွေးပွဲအတွက် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ
ခွန်ထွန်းဦးနှင့် အထွေထွေအတွင်းရေးမှူး စိုင်းညွန့်လွင်တို့ကိုယ်တိုင်
သျှမ်းပြည် နှင့်ကယားပြည် အခြေစိုက် တိုင်းရင်းသားနိုင်ငံရေးပါတီ၊ လက်နက်ကိုင်တပ်ဖွဲ့၊လူမှုအခြေပြုအဖွဲ့အစည်းများနှင့် ယခုကဲ့သို့ အကြိမ်ကြိမ်
တွေ့ဆုံ ဆွေးနွေးခဲ့ပြီးဖြစ်သည်။

(သျှမ်းသံတော်ဆင့်)
ငြိမ်းချမ်းရေးအတွက် ယုံကြည်မှု တည်ဆောက်ြ ခင်း ဖြစ်မြောက်ရေးေ ဆွးနွေးပွဲကို သျှမ်းတိုင်းရင်းသားများ ဒီမို ကရေစီ အဖွဲ့ချုပ် SNLD မှ ကမကထပြု၍တောင်ကြီးမြို့တွင် ကျင်းပရာ နိုင်ငံရေးအင်အားစုများ အသင်အဖွဲ့များ အင်အား ရာကျော်တက်ရောက်ခဲ့ကြကြောင်း ပါတီပြော ခွင့်ရ စိုင်းလိတ်ကပြောပါသည်။

Friday, February 8, 2013

စာအုပ်က လူတွေရှိရာ သွားနေပြီ

 ~  

ရထားဂိတ်တွေ၊ ကူးတို့သင်္ဘောဆိပ်တွေမှာ အခမဲ့ စာဖတ်နိုင်ကြဖို့အတွက် စာအုပ်စင်တွေ စီစဉ်ထားတာကို တွေ့နေရပါပြီ။
သင်္ဘောစောင့်၊ ကားစောင့်ရင်းနဲ့ အပျင်းပြေ ဖတ်ရှုနိုင်ပါတယ်။ စာအုပ်တွေကို ယူပြီးတဲ့နေရာမှာ ပြန်ထားပေးဖို့ပဲ လိုပါတယ်။

မြန်မာပြည်သူများအကြား ရေပန်းစားလှသော ဆက်သွယ်ရေး ၀န်ကြီး အဖြစ် လေတပ် အကြီးအကဲ ဗိုလ်ချုပ်ကြီး မြတ်ဟိန်းကို ခန့်အပ်ရန် နိုင်ငံတော် သမ္မတ မှ စီစဉ်မှု့ အပေါ် ပြည်သူများ၏ အမြင်များ

မြန်မာပြည်သူများအကြား ရေပန်းစားလှသော ဆက်သွယ်ရေး ၀န်ကြီး အဖြစ် လေတပ် အကြီးအကဲ ဗိုလ်ချုပ်ကြီး မြတ်ဟိန်းကို ခန့်အပ်ရန် နိုင်ငံတော် သမ္မတ မှ  စီစဉ်မှု့ အပေါ်ပြည်သူများ၏ အမြင်ကို စုစည်း  ဖေါ်ပြလိုက်ပါသည်.

ဆက်သွယ်ရေး  ၀န်ထမ်းတစ်ဦး
ကျွန်တော်တို့   ၀န်ကြီးဌာန အနေနဲ့တော့ နံမည် ပို ကောင်းလာမယ် ထင်ပါတယ်။ အရင်တုန်းက လူတွေ က  ငွေကြေး အရှုပ်အရှင်းတွေ ရှိတယ်လို့  မီဒီယာတွေမှာ တွေမှာ ဝေဖန်ခံနေရတယ်လေ
 ဌာန နံမည်ပျက်တာပေါ့ဗျာ ၊ အခု လူကြီး အသစ် မူဝါဒ အသစ်တွေ နဲ့ လုပ်ရတော့မယ်ထင်တယ်''  လို့ ပြောသွားပါသည်။

ဆက်သွယ်ရေး ၀န်ကြီး အဖြစ် ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မြတ်ဟိန်း နှင့် နယ်စပ်ရေးရာ ၀န်ကြီးအဖြစ် ဒုတိယ ဗိုလ်ချုပ်ကြီးသက်နိုင်ဝင်းဖြင့် အစားထိုး တာဝန်ပေးမည်

ဆက်သွယ်ရေး သတင်း အချက်အလက်နှင့် နည်းပညာ ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီးအဖြစ် ဗိုလ်ချုပ်ကြီး မြတ်ဟိန်း ခန့်အပ် တာဝန်ပေးနိုင်ရန်နှင့် နယ်စပ်ရေးရာ ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီးဖြစ်သည့် ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေးကို စစ်ဘက် ရာထူးပြန်လည် ထမ်းဆောင်ရန်နှင့် နယ်စပ်ရေးရာ ပြည်ထောင်စု ၀န်ကြီးနေရာကို ဒုတိယ ဗိုလ်ချုပ်ကြီး သက်နိုင်ဝင်းဖြင့် အစားထိုး တာဝန်ပေးရန် နိုင်ငံတော်သမ္မတက ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် ပြုလုပ်ခဲ့သော ပြည်ထောင်စုလွှတ်တော်သို့ သ၀ဏ်လွှာ ပေးပို့ခဲ့ကြောင်း လွှတ်တော်က လာသော သတင်းများအရ  သိရသည်။

နေပြည်တော်သို့ အသက် ၈၆ နှစ်ရှိ တစ်ကိုယ်တော်စက်ဘီးအဘိုးအို အဘပြူးရောက်ရှိခဲ့

ကျောက်ဖြူမြို့မှ ၂၀၁၂၊ ဒီဇင်ဘာ ၁၆ရက်နေ့တွင် ခရီးစတင်ခဲ့သော တစ်ကိုယ်တော်စက်ဘီးစီး အဘိုးအိုအဘဦးပြူးသည် နေပြည်တော်-ပျဉ်းမနားမြို့သို့ ဖေဖော် ၀ါရီ ၂ရက် နံနက် ၆ နာရီတွင် ရောက်ရှိခဲ့သည်။
ယခုခရီးစဉ်မှာ ၆ကြိမ်မြောက် ဖြစ်ကြောင်း၊ ၂၀၀၀ခုနှစ်က တစ်ကိုယ်တော်စက်ဘီးစီးကာ တိုင်းနှင့် ပြည်နယ်ဒေသများတွင် သက်ရှည်ကျန်းမာရန် ကိုယ်လက်လှုပ်ရှား အားကစားစိတ်ဓာတ်ရှင်သန်ရေး

ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့ကို ထိုင်းဘက်က လျှပ်စစ်ဓါတ်အား ရောင်းချ

ထိုင်းနယ်စပ်အနီးက မြဝတီမြို့ကို ထိုင်းနိုင်ငံဘက်က လျှပ်စစ်ဓါတ်အား ရောင်းချပေးတော့မှာ ဖြစ်ပါတယ်။ ထိုင်း မြန်မာနယ်စပ် မဲဆောက်မြို့ကတဆင့် ရရှိမယ့်လျှပ်စစ်ဓါတ်အား ကို မြဝတီမြို့ ကုန်သည်ကြီးများအသင်း ဥက္ကဌ ဒေါ်သင်းသင်းမြတ် ရဲ့ National Grip Line ကုမ္ပဏီက မြဝတီမြို့မှာ ဖြန့်ဖြူးရောင်းချမှာဖြစ်ပါတယ်။

ဘွဲ့နှင်းသဘင် ဦးထုပ် သမိုင်းကြောင်း


ဘွဲ့နှင်းသဘင်ဦးထုပ် (mortarboard) ဟာ ရောမခေတ် အီတလီလူမျိုးများမှ ဆင်းသက်လာခြင်းဖြစ်ပါ တယ်။
ယင်းဦးထုပ်ကို ရှေးအခါ ရိုမန်ကတ်သလစ်ဘုန်းကြီးများက ဆောင်းကြ ပါတယ်။ ယခုခေတ် ဘွဲ့နှင်း သဘင်ဦး ထုပ်ဒီဇိုင်းနဲ့ သိပ်မကွာတဲ့အတွက် ဘွဲ့နှင်းသဘင်ဦးထုပ်အစ ရိုမန်ကတ်သလစ် ဘုန်းကြီးက လို့

စင်ကာပူက ချန်ဂီအပြည်ပြည်ဆိုင်ရာ လေဆိပ်၊ ထိုင်းနိုင်ငံက သုဝဏ္ဏဘူမိလေဆိပ်ကြီးတွေလိုပဲ အရေးပါလာမည့်ဟံသာဝတီလေဆိပ်ကြီးကို ဒီနှစ်အတွင်း စတင်ဆောက်လုပ်တော့မည်

အာရှဒေသမှာ ကြားခံအဖြစ် အဓိကချိတ်ဆက်နိုင်မယ့် ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်သစ်ကြီး တစ်ခုကို ရန်ကုန်မြို့နဲ့ မိုင် ၅၀ ခန့် အကွာမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနဲ့ အခုနှစ်အတွင်း စတင်တည်ဆောက်ဖို့ ကုမ္ပဏီ ၇ ခုကို လေလံတွေ စတင်ချထားတော့မယ်လို့ ပို့ဆောင်ရေးဝန်ကြီးဌာန အကြီးတန်းအရာရှိတစ်ဦးက RFA ကို ဖေဖေါ်ဝါရီလ ၇ ရက်နေ့ ဒီကနေ့မှာ ပြောကြားပါတယ်။

ရှမ်းပြည်နယ်နေ့ အခမ်းအနားကို ကျယ်ကျယ်ပြန့်ပြန့် ကျင်းပခွင့်ရ

Photo:RFA/Moe Thu Aung

ဖေဖော်ဝါရီလ ၇ ရက် ဒီကနေ့မှာ ကျရောက်တဲ့ ရှမ်းပြည်နယ်နေ့ အခမ်းအနားကို ရှမ်းပြည်မြောက်ပိုင်း မူဆယ်နဲ့ နမ့်ခမ်းမြို့တွေမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ၊ ရှမ်းပါတီတွေအပါအ၀င် အစိုးရဖက်ကလည်း တက်ရောက်ကြပြီး စည်စည်ကားကား ကျင်းပခဲ့ကြပါတယ်။

နိုင်ငံနဲ့အဝှမ်းဆန္ဒပြဖို့ တူနီးရှားအလုပ်သမားသမဂ္ဂ လှုံ့ဆော်

 လုပ်ကြံခံရတဲ့ တူနေးရှားခေါင်းဆောင်ရဲ့ ရုပ်ကလာပ်ကို သယ်ဆောင်လာစဉ်။
Tunisia နိုင်ငံမှာ လုပ်ကြံခံခဲ့ရတဲ့ အတိုက်အခံခေါင်းဆောင် Chokri Belaid ရဲ့ အသုဘ အခမ်းအနားနဲ့ တိုက်ဆိုင်ပြီး ပြည်လုံးကျွတ် သပိတ်မှောက်ကြဖို့ နိုင်ငံရဲ့ အကြီးဆုံး အလုပ်သမား သမဂ္ဂက ဆော်သြ လိုက်ပါတယ်၊ Tunisia အလုပ်သမားများအတွက် အထွေထွေသမဂ္ဂကြီးက သပိတ်မှောက်ကြဖို့ ကြာသပတေးနေ့နှောင်းပိုင်းမှာ ကြေညာခဲ့တာဖြစ်ပါတယ်။ အစောပိုင်းတုန်းကလဲ နိုင်ငံရေးပါတီ နဲ့

အမေရိကန် အရှေ့မြောက် နှင်းမုန်တိုင်းဝင်မည်

 NOAA မုန်တိုင်းစောင့်ကြည့်ရေးက ထုတ်ပြန် တဲ့ နှင်းမုန်တိုင်းဖြစ်ပေါ် လာနိုင်တဲ့ ဂြိုလ်တုဓာတ်ပုံ (ဖေဖော်ဝါရီ ၇၊ ၂၀၁၃)

အမေရိကန်ပြည်ထောင်စု အရှေ့မြောက်ပိုင်းဖက်ကို သမိုင်းမှာ အဆိုးဆုံး ဖြစ်နိုင်တဲ့ အင်အားပြင်း နှင်းမုန်တိုင်းတခု ဦးတည်နေတဲ့အတွက် အဲဒီ့ဒေသတွေမှာ နေထိုင်သူတွေကို အိမ်ထဲမှာပဲနေကြဖို့နဲ့ တတ်နိုင်ရင် ကားတွေ မသွားကြဖို့ သက်ဆိုင်ရာ တာဝန်ရှိသူတွေက တိုက်တွန်းနေပါတယ်။

ခိုင်မြဲတဲ့ ကချင်ငြိမ်းချမ်းရေး ဆောင်ရွက်ဖို့ ကုလအတွင်းရေးမှုးချုပ် တိုက်တွန်း

 ကချင်ပြည်နယ် လိုင်ဇာ ကေအိုင်အေ စစ်သားတွေ ကို ရှေ့တန်းစစ်စခန်း တွင် တွေ့ရစဉ်။ (ဇန်နဝါရီ ၃၁၊ ၂၀၁၃)
မြန်မာနိုင်ငံ မြောက်ပိုင်း ကချင်ပြည်နယ်အတွင်းက အကြမ်းဖက် ပဋိပက္ခတွေ လျှော့ကျစေရေး နှစ်ဖက် ပူးပေါင်းဆောင်ရွက်ဖို့ မြန်မာအစိုးရနဲ့ ကချင်လွတ်မြောက်ရေး အဖွဲ့ KIO အကြား သဘောတူညီချက်ရတဲ့အပေါ် ကုလသမဂ္ဂအတွင်းရေးမှုးချုပ် ဘန်ကီမွန်းက ကြိုဆိုလိုက်ပြီး၊ ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးအတွက် နှစ်ဖက်စလုံး ဆောင်ရွက်ကြဖို့လည်း တိုက်တွန်းလိုက်ပါတယ်။ အကြောင်းစုံကိုတော့ ကိုသားညွန့်ဦးက တင်ဆက်ပေးမှာပါ။

Thursday, February 7, 2013

UWSA ဆောက်မည့် ရေကာတာ စီမံကိန်းအပေါ် ထိုင်းနိုင်ငံစိုးရိမ်မှုရှိ

project-site-monghsat 
ရေကာတာစီမံကိန်းနေရာပြမြေပုံ 
သျှမ်းပြည်အရှေ့ပိုင်း  မိုင်းဆတ်မြို့နယ်အတွင်းရှိ မိုင်းကုတ်ကျောက်မီးသွေးတူးဖော်ရေးနှင့် တောင်ပိုင်း ဝ ဌာနချုပ် ဝမ့်ဟုန့်အနီး လွယ်ပုံတောင်း တွင် ၀ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်မှ ရေကာတာ တည်ဆောက်မည့်အပေါ် ထိုင်းလူမှုအသိုင်းအဝိုင်းမှ စိုးရိမ်ပူပန်မှုရှိနေကြောင်း ဆိုပါသည်။
                                             

မြောက်ကိုရီးယားက ပလူတိုနီယမ်နှင့် ယူရေနီယမ် နှစ်မျိုးစလုံး စမ်းသပ်ဖွယ်ရှိဟုဆို

north koreaမြောက်ကိုရီယားနိုင်ငံသည် ၎င်းတို့၏ တတိယမြောက် နျူကလီးယာ စမ်းသပ်မှု ပြုလုပ်ရာတွင် ပလူတိုနီယမ်နှင့် ယူရေနီယမ် လက်နက်နှစ်မျိုးစလုံးကို အသုံးပြု စမ်းသပ်သွားဖွယ်ရှိကြောင်း တောင်ကိုရီးယား ထိပ်တန်း စစ်ဘက်အရာရှိတစ်ဦးက ယနေ့ ခန့်မှန်းပြောကြားလိုက်

Eleven Media Group ရဲ့ ရန်သူတော် Myanmar Express ၏ထူးခြားချက်


အမေရိကန်မှာနေထိုင်တဲ့ လင်မယားနှစ်ယောက်က တည်ထောင်ထားတဲ့ စစ်တပ်အားပေး သတင်းမီဒီယာတစ်ခုဖြစ်တဲ့ Myanmar Express မှာ ထူးခြားပြောင်းလဲမှုတွေ ဖြစ်ပေါ်လာတာကို သတိပြုမိပါတယ်။ အဲ့ဒီထူးခြားမှုကတော့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပေါ် ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်မှုသတင်းတွေ ထူးထူးခြားခြားမတွေ့ရတော့တာဖြစ်ပါတယ်။ ဒီလ

ဂိုးမသွင်းတတ်သေးသည့် မြန်မာအသင်း ဖိလစ်ပိုင်ကို ရှုံးနိမ့်

ပွဲချိန်တစ်လျှောက် ခြေအသာစီးနှင့် ဖိကစားနိုင်ခဲ့ပြီး သေချာပေါက် ဂိုးရခွင့် (၅)ကြိမ်ထက် မနည်း ရှိခဲ့သော်လည်း တစ်ဂိုးမျှ သွင်းယူနိုင်ခြင်း မရှိခဲ့သည့် မြန်မာအသင်းသည် ပွဲချိန် (၇၇)မိနစ်တွင် ဖိလစ်ပိုင် နောက်ခံလူ ပေါ့တီရီယာ သွင်းယူသည့် ဂိုးကြောင့် ပွဲအပြီးတွင်

တြိဂံပုံပြင်



ကျမတို့ ခြောက်တန်းတုန်းက သင်္ချာဘာသာရပ် လေ့လာသင်ယူရချိန်တွေမှာ algebra သင်ရချိန်ဆိုရင် ပျော်ရသ လောက်၊ Geometry သင်ရချိန်ဆိုရင်တော့ အတော်စိတ်ညစ်ရပါတယ်။ အကြောင်းကတော့ မျဉ်းပြိုင်တွေ၊ စတုရန်းပုံ တွေ၊ ထောင့်မှန်စတုဂံပုံတွေနဲ့ တြိဂံပုံတွေ ဆွဲရလို့ပါပဲ။ ပေတံသုံးရမှာပျင်းတဲ့ ကျမက မျဉ်းတွေကို လက်နဲ့ပဲ ဖြစ်ကတတ် ဆန်း ဆွဲလေ့ရှိတာကြောင့် စည်းကမ်းကြီးတဲ့

သင့်ချစ်သူ ဆေးလိပ်သောက်နေလျှင်


သင်ချစ်တဲ့သူ ဆေးလိပ်သောက်တာကြောင့် သောက်တဲ့သူကိုယ်တိုင်သာမက တစ်ဆင့်ခံ ဆေးလိပ်ငွေ့ကို ရှူရှိုက်နေရတဲ့ သင်နဲ့ သင့်ပတ်ဝန်းကျင်က လူတွေကိုပါ ကျန်းမာရေးထိခိုက်မှု ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ဆေးလိပ်သောက်တတ်တဲ့ သင့်ချစ်သူ ဆေးလိပ်ပြတ်သွားစေဖို့ ဆေးလိပ်ဖြတ်တာကြောင့်

မြန်မာပြည် လာမယ့်သူ တရုတ်အစိုးရ ပေးမထွက်

ရန်ကုန်လာပြီး မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်နှင့် တွေ့ဆုံရန် ကြိုးပမ်းမည့် တရုတ်လူငယ် တဦးကို တရုတ် အစိုးရက နိုင်ငံ အပြင်ဘက် ပေးမထွက်ခဲ့ကြောင်း သတင်းရရှိသည်။

စစ်ဘက်ဆိုင်ရာ ဘွဲ့တံဆိပ်တွေကို သမ္မတက လက်မှတ်ရေးထိုး ထုတ်ပြန်

၂၀၁၂ ခုနှစ်အတွက် စစ်ဘက်ဆိုင်ရာ ဘွဲ့တံဆိပ်တွေကို သမ္မတက လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်ကြောင်း ၂၀၁၃ ဖေဖော်ဝါရီ ပြန်တမ်း ဖော်ပြချက်အရ သိရပါတယ်။

စစ်ဘက်ဆိုင်ရာ ဘွဲ့တံဆိပ်တွေအနက် အမြင့်ဆုံးဖြစ်တဲ့ အောင်ဆန်းသူရိယ၊ သီဟသူရ ဘွဲ့တံဆိပ်ရသူ မရှိဘဲ သူရဘွဲ့ရသူ ၃ ယောက်နဲ့ သူရဲကောင်းမှတ်တမ်းဝင် တံဆိပ်ရရှိသူ ၂၅ ယောက် ပါရှိပါတယ်။

KIO အပါအ၀င် လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့အားလုံး ပါဝင်သည့် ပြည်ထောင်စုနေ့ အခမ်းအနား ပထမဆုံးအကြိမ် ဖြစ်လာနိုင်

မြန်မာအစိုးရ အဖွဲ့နှင့် အပစ်အခတ်ရပ်စဲရေး မရရှိသေးသည့် ကချင်လွတ်မြောက်ရေးအဖွဲ့ KIO အဖွဲ့ အပါအ၀င် လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့အားလုံး ပါဝင်သည့် ပြည်ထောင်စုနေ့ အခမ်းအနား ပထမဆုံးအကြိမ် ဖြစ်လာနိုင်ကြောင်း မြန်မာ့ငြိမ်းချမ်းရေး ဖော်ဆောင်မှု ဗဟိုဌာန (Myanmar Peace Center) မှ အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညွှန်ကြားရေးမှူး ဒေါက်တာမင်းဇော်ဦးက ဖေဖော်ဝါရီလ ၅ ရက်က ပြောကြားခဲ့သည်။        

အန္တရာယ်ကြားက ရန်ကုန်

ရန်ကုန်မြို့လယ်က ဆောက်လုပ်ရေး လုပ်ငန်းခွင်တခုတွင် လုပ်ငန်းခွင် အကာအကွယ်မပါဘဲ အလုပ်လုပ်နေသူ တဦး (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)


ကုန်ခဲ့တဲ့ရက် အနည်းငယ်က ရန်ကုန် ဘုရင့်နောင် လမ်းမကြီးပေါ်က ခုံးကျော်တံတား စီမံကိန်း လုပ်ငန်းခွင်ထဲမှာ သူ့ရဲ့ လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းနှစ်ယောက် ဘိလပ်မြေဖျော်စက်ထဲက ချိုးဖတ်တွေ ဝင်ခွာနေတာကို စက်မောင်းသူက မသိ လိုက်တဲ့အတွက်ကြောင့် အသက် မသေဆုံးသင့်ဘဲ သေဆုံးခဲ့ရတဲ့ အဖြစ်ကို ပြန်တွေးမိတိုင်း ချောက်ချားနေမိခဲ့တယ်လို့ မောင်အောင်က ဆိုပါတယ်။

NDF ပါတီအမတ်တစ်ဦးကို ဒုတိယဝန်ကြီးအဖြစ် သမ္မတခန့်အပ်


သမ္မတ ဦးသိန်းစိန် က ဒုတိယဝန်ကြီးတွေ အသစ်ခန့်အပ်ခဲ့ရာမှာ အမျိုးသား ဒီမိုကရေစီအင်အားစု NDF ပါတီဝင်အမတ်တစ်ဦး ပါဝင်ခဲ့တဲ့ကိစ္စနဲ့ ပတ်သက်ပြီး NDF ပါတီက ကြိုတင်မသိရှိခဲ့ဘူးလို့ ပါတီဥက္ကဌ ဦးခင်မောင်ဆွေ က ပြောဆိုကြောင်း AFP သတင်း က ဖေါ်ပြပါတယ်။

အစိုးရအဖွဲ့မှ နိုင်ငံရေး အကျဉ်းသားဟု သုံးနှုန်းပြီး နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေးကော်မတီ ဖွဲ့စည်းခြင်းအား ကြိုဆိုကြောင်း နိုင်ငံရေး အကျဉ်းသားဟောင်းများ ပြောကြား


အစိုးရအဖွဲ့မှ နိုင်ငံရေး အကျဉ်းသားဟု သုံးနှုန်းပြီး လက်ကျန် နိုင်ငံရေးအကျဉ်းသားများ စိစစ်ရေးကော်မတီ ဖွဲ့စည်းခြင်းအား ကြိုဆိုကြောင်း အကျဉ်းထောင် အသီးသီးမှ လွတ်မြောက်လာသည့် နိုင်ငံရေး အကျဉ်းသားဟောင်းများက ပြောကြားခဲ့သည်။              

ကချင် ငြိမ်းချမ်းရေးမှာ ပါဝင်ဖို့ အသင့်ပဲလို့ ဒေါ်အောင်ဆန်းစုကြည် ထပ်ပြော

ကချင်ပြည်နယ် ငြိမ်းချမ်းရေးမှာ ပါဝင်နိုင်ဖို့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ပြီးခဲ့တဲ့ တစ်နှစ်လောက်ကတည်းက ကမ်းလှမ်းထားတာလဲ ရှိသလို အစိုးရဖက်က လက်ခံမယ်ဆိုရင် သူ့အနေ နဲ့ပါဝင်ဖို့ အဆင်သင့်ပဲလို့ ဖေဖော်ဝါရီလ ၆ ရက်နေ့ ဒီကနေ့ ပြည်သူ့

တပ်မတော်သားတွေ ထိုက်တန်တဲ့ ရပိုင်ခွင့်နဲ့ တာဝန်ယူမှုတွေ ရှိဖို့လို


အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည် က တပ်မတော်သားတွေအနေ နဲ့ နိုင်ငံ့တာဝန်တွေကို ကျေပွန်စွာ ထမ်းဆောင်နိုင်ရေးအတွက် ထိုက်တန်တဲ့ ရပိုင်ခွင့်တွေရရှိဖို့ လိုအပ်တယ်ဆိုတဲ့အချက်ကို သူလက်ခံကြောင်းနဲ့ တပြိုက်နက်မှာ တပ်မတော်ဖက်ကလည်း တာဝန်ယူရမယ့် အပိုင်းရှိကြောင်း ပြောကြားလိုက်ပါတယ်။

မြန်မာသမ္မတရုံး ၀ဘ်ဆိုဒ် တိုက်ခိုက်ခံရ

အင်တာနက်ကတဆင့် ကြားဖြတ် နှောင့်ယှက်မှုတွေကြောင့်လို့ ယူဆရတဲ့ တိုက်ခိုက်မှုတွေကြောင့် မြန်မာအစိုးရရဲ့ သမ္မတရုံး ၀ဘ်ဆိုဒ်ဟာ ဒီကနေ့ ကြည့်ရှုလို့ မရတဲ့အထိ ဖြစ်ခဲ့ပါတယ်။ သမ္မတရုံး ကတော့ ဒါဟာ ၀က်ဘ်ဆိုဒ်ကို ၀င်ရောက်ထိုးဖောက် တိုက်ခိုက်မှုမျိုး မဟုတ်ဘဲ၊ ပြင်ပကနေ နှောင့်ယှက်တဲ့ နည်းတမျိုးဖြစ်တဲ့ အစုလိုက်

ကင်တားနား မြန်မာနိုင်ငံသွားမည်

ကချင်ပြည်နယ်ထဲက အစိုးရ ထိန်းချုပ်တဲ့နေရာတွေတင်မဟုတ်ဘဲ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ထိန်းချုပ်နယ်မြေထဲက ဒုက္ခသည်တွေအတွက်ပါ ကူညီထောက်ပံ့ရေး ပစ္စည်းတွေကို ကုလသမဂ္ဂက မကြာခင်မှာ ပြန်ပေးတော့မှာ ဖြစ်ပါတယ်။ အစိုးရတပ်တွေနဲ့ လက်နက်ကိုင် KIA တပ်တွေကြား