သောင်ရင်းမြစ်ကို ဖြတ်ပြီး ထိုင်းနိုင်ငံထဲ ၀င်လာနေကြတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားများ။ (မတ်လ ၂၁ ရက်၊ ၂၀၁၂)။
ထိုင်းနိုင်ငံမှာရောက်နေတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေရဲ့ မှတ်ပုံတင်ရက်
ကုန်ဆုံးဖို့ နီးကပ်လာတာမို့ ရွှေ့ပြောင်းလုပ်သားမှတ်ပုံတင်ရေး လုပ်ငန်းကို
ဝိုင်းဝန်းကူညီဖို့ မြန်မာ တာဝန်ရှိသူတွေက ပန်ကြားလိုက်သလို၊
Monday, February 11, 2013
ဟောင်ကောင် တရုတ်နှစ်ကူး အလှပြပွဲဆင်နွှဲ
ဟောင်ကောင်ကျွန်းမှာ တနင်္ဂနွေနေ့ ညပိုင်းကလုပ်ခဲ့တဲ့ နှစ်ပတ်လည် နှစ်သစ်ကူး
အလှပြစီတန်း လှည့်လည်ပွဲကို ထောင်းပေါင်းများစွာသော သူတွေ
စောင့်ကြည့်ခဲ့ကြပါတယ်။ နိုင်ငံနဲ့ ဒေသပေါင်း ၁၄ ခုကပါဝင်တဲ့ အုပ်စုလိုက်
အလှပြဖျော်ဖြေသူတွေ၊ အလှပြယာဉ်တွေ စုစုပေါင်း ၃၆ ခုက ဟောင်ကောင်
မြို့လမ်းတွေကို စီတန်း လှည့်လည်ပြီး မြွေနှစ်ကို ကြိုဆိုခဲ့ကြပါတယ်။
Sunday, February 10, 2013
မြန်မာနိုင်ငံ၏ စီးပွားရေးနှင့်လူမှုရေး ပြုပြင်ပြောင်းလဲမှုများအတွက် အခြေခံမူဝါဒ ချမှတ်ရာတွင် အင်အားကြီးတရုတ်နှင့် အိန္ဒိယနှစ်နိုင်ငံအကြား တည်ရှိနေခြင်းအပေါ် အခြေခံစဉ်းစားမည်
|
|
မြန်မာနိုင်၏ အမြင့်ဆုံး အထပ်မြင့်တာဝါ တစ်ခုကို ရန်ကုန်မြို့လယ်တွင် တည်ဆောက်ရန် ထပ်မံအဆိုပြု၊ Shwe Gone Office & Apartment Tower အမည်ဖြင့် အထပ် ၄၄ ထပ် အမြင့်ထိ ဆောက်ရန်စီစဉ်နေ
အတည်ပြုပြီးသား ဆိုက်ဘာရာဇ၀တ်မှု ဥပဒေကို ဖိလစ်ပိုင်တရားရုံးချုပ်က ထပ်မံပိတ်ပင်
တရုတ်ရေတပ်၏ ရေဒါဖြင့် ချိန်ရွယ်မှုကို ဂျပန်က သက်သေထုတ်ပေးဖွယ်ရှိ
| တရုတ်ရေတပ်၏ ရေဒါဖြင့် ချိန်ရွယ်မှုကို ဂျပန်က သက်သေထုတ်ပေးဖွယ်ရှိ |
|
|
မြန်မာတက္ကသိုလ်များ နိုင်ငံတကာ အဆင့်မီရေး ရေရှည်ပံ့ပိုးမည်ဟု ဥရောပသမဂ္ဂ ပြောကြား နိုင်ငံတကာ စံနှုန်းအတိုင်း မြန်မာတက္ကသိုလ်များ၏ အရည်အသွေး စစ်ဆေးမည်
|
|
တရုတ်နှစ်ကူးအတွက် ကချင်နယ်စပ်ပြင်ဆင်
တရုတ်နှစ်သစ်ကူးပွဲတော် ကျင်းပဖို့ အချိန်နီးကပ်လာချိန်မှာပဲ
တရုတ်-မြန်မာနယ်စပ် ကချင်ပြည်နယ်က ဒေသခံပြည်သူတွေ က
နှစ်သစ်ကူးပွဲတော်ကျင်းပဖို့ ပြင်ဆင်နေပြီး နယ်စပ်ကုန်သွယ်ရေးကလည်း
ရောင်းဝယ် ဖောက်ကားမှုတွေနဲ့ အနည်းငယ် သက်ဝင်လှုပ်ရှားလာတယ်လို့
ဒေသခံတွေကပြောပါတယ်။ ဒီရက်ပိုင်းမှာ မြန်မာအစိုးရတပ် နဲ့ ကချင်
အိန္ဒိယ သေဒဏ်စီရင်မှုဆိုင်းထားဖို့ HRW တောင်းဆို
အိန္ဒိယနိုင်ငံမှာ သေဒဏ်စီရင်မှုကို ယာယီပြန်ပြီး ဆိုင်းငံ့ထားဖို့အတွက်
ထင်ရှားတဲ့ လူ့အခွင့်အရေး အဖွဲ့ကြီးတခုက တိုက်တွန်းလိုက်ပါတယ်။ ၂၀၀၁
ခုနှစ်က အိန္ဒိယ ပါလီမန်ကို တိုက်ခိုက်မှုထဲမှာ ပါဝင်မှုနဲ့ ကက်ရှ်မီးယားဒေသခံ
တယောက်ကို ကြိုးပေး
အမေရိကန် နှင်းမုန်တိုင်း ၄ ယောက်ထက်မနည်း သေဆုံး
နှင်းကြုံးနေတဲ့ နယူးယောက်မြို့ခံတဦး။ (ဖေဖော်ဝါရီလ ၉ ရက်၊ ၂၀၁၃)။
အမေရိကန်ပြည်ထောင်စု အရှေ့မြောက်ခြမ်းပြည်နယ်တွေမှာ အင်အားကြီးတဲ့ ဆောင်းမုန်တိုင်းတခု တိုက်ခတ်နေပြီး ဆီးနှင်းတွေ ထူထူထပ်ထပ် ကျဆင်းနေသလို ဒီနှင်းမုန်တိုင်းကြောင့် သေဆုံးသူ အနည်းဆုံး ၄ ဦးရှိသွားပါပြီ။ ဆီးနှင်းထုက နယူးယောက်မြို့မှာ တပေကအစ ကွန်နက်တိကက်ပြည်နယ် (Connecticut) ပြည်နယ် Milford မြို့မှာ ဆီးနှင်းထု ၃ ပေကျော်အထိ မြင့်ပါတယ်။ ဆီးနှင်းတွေ ထူထူထပ်ထပ်
အမေရိကန်ပြည်ထောင်စု အရှေ့မြောက်ခြမ်းပြည်နယ်တွေမှာ အင်အားကြီးတဲ့ ဆောင်းမုန်တိုင်းတခု တိုက်ခတ်နေပြီး ဆီးနှင်းတွေ ထူထူထပ်ထပ် ကျဆင်းနေသလို ဒီနှင်းမုန်တိုင်းကြောင့် သေဆုံးသူ အနည်းဆုံး ၄ ဦးရှိသွားပါပြီ။ ဆီးနှင်းထုက နယူးယောက်မြို့မှာ တပေကအစ ကွန်နက်တိကက်ပြည်နယ် (Connecticut) ပြည်နယ် Milford မြို့မှာ ဆီးနှင်းထု ၃ ပေကျော်အထိ မြင့်ပါတယ်။ ဆီးနှင်းတွေ ထူထူထပ်ထပ်
ဧရာဝတီ အဓွန့်ရှည်ရေးသုတေသနအဖွဲ့
ကချင်ပြည်နယ် ဧရာဝတီမြစ်ဆုံဒေသ။ (ဒီဇင်ဘာလ ၇ ရက်၊ ၂၀၀၉)။
မြန်မာ့ရတနာတပါးဖြစ်တဲ့ မြစ်မင်းဧရာဝတီကို ထိန်းသိမ်းကာကွယ်ဖို့ အတွက်
အခုအခါမှာ သုတေသနအဖွဲ့တွေ ဖွဲ့စည်းပြီး အမျိုးသားမြစ်တခု အနေနဲ့
သတ်မှတ်လုပ်ဆောင်ဖို့ ပြင်ဆင်နေကြ ပါပြီ။ အခုလို ဧရာဝတီမြစ်ကြောင်းကို
ထိန်းသိမ်းဖို့နဲ့ အဓွန့်ရှည်ဖို့အတွက် အလွှာပေါင်းစုံ က ပြည်သူတွေ
ပါဝင်ဆောင်ရွက်ကြဖို့ လိုအပ်တယ်လို့လည်း ၈၈ မျိုးဆက်ကျောင်းသားများ
Saturday, February 9, 2013
မြန်မာနိုင်ငံတွင် တရားဥပဒေစိုးမိုးရေး နှီးနှောဖလှယ်ပွဲ ကျင်းပ
ဥရောပသမဂ္ဂနှင့်
မြန်မာအစိုးရတို့ ပူးတွဲကျင်းပသော မြန်မာနိုင်ငံအတွင်း
တရားဥပဒေ စိုးမိုးရေး မျှော်လင့် ချက်များနှင့် အလားအလာများ (The Rule of Law
in Myanmar Perspective and Prospects) ဆိုင်ရာ နှီးနှောဖလှယ်ပွဲကို
ဖေဖော်ဝါရီလ ၉ ရက်နေ့ နံနက် ၉း၀၀ နာရီက နေပြည်တော်ရှိ သင်္ဂဟဟိုတယ်
စည်းဝေးခန်းမတွင်ကျင်းပရာ ရှေ့နေချုပ် ဒေါက်တာထွန်းရှင်၊ ဥရောပသမဂ္ဂကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်
သံအမတ်ကြီး မစ္စတာ ဒေးဗစ်လစ်ပ်မင်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ဥက္ကဌနှင့် ပြည်သူ့ လွှတ်တော်တရားဥပဒေစိုးမိုးရေးနှင့်
တည်ငြိမ်ရေးကော်မတီ ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်၊ သမ္မတ၏
ဂျပန်လေပိုင်နက် အတွင်းသို့ ရုရှားတိုက်လေယာဉ်နှစ်စီး ကျူးကျော်ဝင်ရောက်ခဲ့ဟု ဂျပန်အစိုးရ၏ ကြေညာချက်အား ရုရှားငြင်းဆို
|
|
EU ဘတ်ဂျက် အတည်ပြု
EU ဥရောပသမဂ္ဂ ဥက္ကဋ္ဌ Herman Van Rompuy အစည်းအဝေးအပြီး မီဒီယာနှင့် တွေ့ဆုံစဉ်။ (ဖေဖော်ဝါရီ ၈ ရက်၊ ၂၀၁၃။)
ဥရောပသမဂ္ဂသမိုင်းမှာ ပထမဆုံးအကြိမ် အသုံးစရိတ်လျှော့ချမယ့်
ရေရှည်အသုံးစရိတ်အစီအစဉ်နဲ့ ပတ်သက်ပြီးတော့ ဥရောပ သမဂ္ဂခေါင်းဆောင်တွေ
သဘောတူခဲ့ကြပါတယ်။
ကချင်ပြည်နယ်တွင် ဘိန်းစိုက်ခင်းဧကပေါင်း ၄ သောင်းကျော်ရှိကြောင်း ရဲမှူးကြီး စိုင်းသိန်းဇော် ဆို

မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့်ဖြ စ်ပေါ်လာသောလူမှုရေးပြသနားများအား စုပေါင်းအဖြေရှာရန် ဖေဖော်ဝါရီ ၈ ၊ ၉ နေ့တွင်
မြစ်ကြီးနား မနော ကွင်းရှိ မဂျိုင်ခန်းမဆောင် တွင်
ဟောပြော အဖြေရှာပွဲပြု လုပ်ခဲ့ သည် ။
အဆိုပါဟောပြောပွဲတွင်လာရောက်ဟော ပြောခဲ့သူ ရဲမှူးကြီး စိုင်းသိန်းဇော် က ချင်ပြည်တွင် ဘိန်းစိုက်ခင်း ဧကပေါင်း ၄သောင်းနှင့်

မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့်ဖြ
အဆိုပါဟောပြောပွဲတွင်လာရောက်ဟော
စူပါနေမုန်တိုင်းကြီး ဖြစ်ပေါ်မှုကို ကြိုတင် သတိပေးနိုင်ရန် မိနစ် ၃၀ သာ အချိန်ရမည် ဖြစ်ကြောင်း သိပ္ပံပညာရှင်များ ထုတ်ဖော်ပြောကြား

ရာစုနှစ် တစ်ခုတွင် တစ်ကြိမ်သာ ဖြစ်ပေါ်မည့် စူပါနေမုန်တိုင်း ကြီး
ဖြစ်ပေါ်မှုကို ကြိုတင်သတိပေး နိုင်ရန်အတွက် မိနစ် ၃၀ သာ
အချိန်ရမည်ဖြစ်ကြောင်း သိပ္ပံပညာရှင်များက ဖေဖော်ဝါရီလ ၇ ရက်နေ့တွင်
ထုတ်ဖော် ပြောကြားလိုက်ကြောင်း သိရသည်။ ယင်းစူပါ နေမုန်တိုင်းကြီးက
ကမ္ဘာမြေပြင်ရှိ အဓိကဆက်သွယ် ရေး လိုင်းများကို ပြတ်တောက်သွား စေလိမ့်မည်ဟု
ဆိုသည်။

ရာစုနှစ် တစ်ခုတွင် တစ်ကြိမ်သာ ဖြစ်ပေါ်မည့် စူပါနေမုန်တိုင်း ကြီး ဖြစ်ပေါ်မှုကို ကြိုတင်သတိပေး နိုင်ရန်အတွက် မိနစ် ၃၀ သာ အချိန်ရမည်ဖြစ်ကြောင်း သိပ္ပံပညာရှင်များက ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် ထုတ်ဖော် ပြောကြားလိုက်ကြောင်း သိရသည်။ ယင်းစူပါ နေမုန်တိုင်းကြီးက ကမ္ဘာမြေပြင်ရှိ အဓိကဆက်သွယ် ရေး လိုင်းများကို ပြတ်တောက်သွား စေလိမ့်မည်ဟု ဆိုသည်။
Friday, February 8, 2013
စာအုပ်က လူတွေရှိရာ သွားနေပြီ
မြန်မာပြည်သူများအကြား ရေပန်းစားလှသော ဆက်သွယ်ရေး ၀န်ကြီး အဖြစ် လေတပ် အကြီးအကဲ ဗိုလ်ချုပ်ကြီး မြတ်ဟိန်းကို ခန့်အပ်ရန် နိုင်ငံတော် သမ္မတ မှ စီစဉ်မှု့ အပေါ် ပြည်သူများ၏ အမြင်များ
မြန်မာပြည်သူများအကြား ရေပန်းစားလှသော ဆက်သွယ်ရေး ၀န်ကြီး အဖြစ် လေတပ် အကြီးအကဲ ဗိုလ်ချုပ်ကြီး မြတ်ဟိန်းကို ခန့်အပ်ရန် နိုင်ငံတော် သမ္မတ မှ စီစဉ်မှု့ အပေါ်ပြည်သူများ၏ အမြင်ကို စုစည်း ဖေါ်ပြလိုက်ပါသည်.
ဆက်သွယ်ရေး ၀န်ထမ်းတစ်ဦး
ကျွန်တော်တို့ ၀န်ကြီးဌာန အနေနဲ့တော့ နံမည် ပို ကောင်းလာမယ် ထင်ပါတယ်။ အရင်တုန်းက လူတွေ က ငွေကြေး အရှုပ်အရှင်းတွေ ရှိတယ်လို့ မီဒီယာတွေမှာ တွေမှာ ဝေဖန်ခံနေရတယ်လေ
ဌာန နံမည်ပျက်တာပေါ့ဗျာ ၊ အခု လူကြီး အသစ် မူဝါဒ အသစ်တွေ နဲ့ လုပ်ရတော့မယ်ထင်တယ်'' လို့ ပြောသွားပါသည်။
ဆက်သွယ်ရေး ၀န်ထမ်းတစ်ဦး
ကျွန်တော်တို့ ၀န်ကြီးဌာန အနေနဲ့တော့ နံမည် ပို ကောင်းလာမယ် ထင်ပါတယ်။ အရင်တုန်းက လူတွေ က ငွေကြေး အရှုပ်အရှင်းတွေ ရှိတယ်လို့ မီဒီယာတွေမှာ တွေမှာ ဝေဖန်ခံနေရတယ်လေ
ဌာန နံမည်ပျက်တာပေါ့ဗျာ ၊ အခု လူကြီး အသစ် မူဝါဒ အသစ်တွေ နဲ့ လုပ်ရတော့မယ်ထင်တယ်'' လို့ ပြောသွားပါသည်။
ဆက်သွယ်ရေး ၀န်ကြီး အဖြစ် ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မြတ်ဟိန်း နှင့် နယ်စပ်ရေးရာ ၀န်ကြီးအဖြစ် ဒုတိယ ဗိုလ်ချုပ်ကြီးသက်နိုင်ဝင်းဖြင့် အစားထိုး တာဝန်ပေးမည်
ဆက်သွယ်ရေး သတင်း အချက်အလက်နှင့် နည်းပညာ ၀န်ကြီးဌာန ပြည်ထောင်စု
ဝန်ကြီးအဖြစ် ဗိုလ်ချုပ်ကြီး မြတ်ဟိန်း ခန့်အပ် တာဝန်ပေးနိုင်ရန်နှင့်
နယ်စပ်ရေးရာ ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီးဖြစ်သည့် ဒုတိယ ဗိုလ်ချုပ်ကြီး
သိန်းဌေးကို စစ်ဘက် ရာထူးပြန်လည် ထမ်းဆောင်ရန်နှင့် နယ်စပ်ရေးရာ
ပြည်ထောင်စု ၀န်ကြီးနေရာကို ဒုတိယ ဗိုလ်ချုပ်ကြီး သက်နိုင်ဝင်းဖြင့်
အစားထိုး တာဝန်ပေးရန် နိုင်ငံတော်သမ္မတက ဖေဖော်ဝါရီလ ၈ ရက်နေ့တွင်
ပြုလုပ်ခဲ့သော ပြည်ထောင်စုလွှတ်တော်သို့ သ၀ဏ်လွှာ ပေးပို့ခဲ့ကြောင်း လွှတ်တော်က လာသော သတင်းများအရ သိရသည်။
နေပြည်တော်သို့ အသက် ၈၆ နှစ်ရှိ တစ်ကိုယ်တော်စက်ဘီးအဘိုးအို အဘပြူးရောက်ရှိခဲ့
ကျောက်ဖြူမြို့မှ ၂၀၁၂၊ ဒီဇင်ဘာ ၁၆ရက်နေ့တွင် ခရီးစတင်ခဲ့သော
တစ်ကိုယ်တော်စက်ဘီးစီး အဘိုးအိုအဘဦးပြူးသည် နေပြည်တော်-ပျဉ်းမနားမြို့သို့
ဖေဖော် ၀ါရီ ၂ရက် နံနက် ၆ နာရီတွင် ရောက်ရှိခဲ့သည်။ယခုခရီးစဉ်မှာ ၆ကြိမ်မြောက် ဖြစ်ကြောင်း၊ ၂၀၀၀ခုနှစ်က တစ်ကိုယ်တော်စက်ဘီးစီးကာ တိုင်းနှင့် ပြည်နယ်ဒေသများတွင် သက်ရှည်ကျန်းမာရန် ကိုယ်လက်လှုပ်ရှား အားကစားစိတ်ဓာတ်ရှင်သန်ရေး
ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့ကို ထိုင်းဘက်က လျှပ်စစ်ဓါတ်အား ရောင်းချ
ထိုင်းနယ်စပ်အနီးက မြဝတီမြို့ကို ထိုင်းနိုင်ငံဘက်က လျှပ်စစ်ဓါတ်အား ရောင်းချပေးတော့မှာ ဖြစ်ပါတယ်။ ထိုင်း မြန်မာနယ်စပ် မဲဆောက်မြို့ကတဆင့် ရရှိမယ့်လျှပ်စစ်ဓါတ်အား ကို မြဝတီမြို့ ကုန်သည်ကြီးများအသင်း ဥက္ကဌ ဒေါ်သင်းသင်းမြတ် ရဲ့ National Grip Line ကုမ္ပဏီက မြဝတီမြို့မှာ ဖြန့်ဖြူးရောင်းချမှာဖြစ်ပါတယ်။
ဘွဲ့နှင်းသဘင် ဦးထုပ် သမိုင်းကြောင်း
ဘွဲ့နှင်းသဘင်ဦးထုပ် (mortarboard) ဟာ ရောမခေတ် အီတလီလူမျိုးများမှ ဆင်းသက်လာခြင်းဖြစ်ပါ တယ်။
ယင်းဦးထုပ်ကို ရှေးအခါ ရိုမန်ကတ်သလစ်ဘုန်းကြီးများက ဆောင်းကြ ပါတယ်။ ယခုခေတ် ဘွဲ့နှင်း သဘင်ဦး ထုပ်ဒီဇိုင်းနဲ့ သိပ်မကွာတဲ့အတွက် ဘွဲ့နှင်းသဘင်ဦးထုပ်အစ ရိုမန်ကတ်သလစ် ဘုန်းကြီးက လို့
စင်ကာပူက ချန်ဂီအပြည်ပြည်ဆိုင်ရာ လေဆိပ်၊ ထိုင်းနိုင်ငံက သုဝဏ္ဏဘူမိလေဆိပ်ကြီးတွေလိုပဲ အရေးပါလာမည့်ဟံသာဝတီလေဆိပ်ကြီးကို ဒီနှစ်အတွင်း စတင်ဆောက်လုပ်တော့မည်
အာရှဒေသမှာ ကြားခံအဖြစ် အဓိကချိတ်ဆက်နိုင်မယ့် ဟံသာဝတီ
အပြည်ပြည်ဆိုင်ရာ လေဆိပ်သစ်ကြီး တစ်ခုကို ရန်ကုန်မြို့နဲ့ မိုင် ၅၀ ခန့်
အကွာမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနဲ့ အခုနှစ်အတွင်း
စတင်တည်ဆောက်ဖို့ ကုမ္ပဏီ ၇ ခုကို လေလံတွေ စတင်ချထားတော့မယ်လို့
ပို့ဆောင်ရေးဝန်ကြီးဌာန အကြီးတန်းအရာရှိတစ်ဦးက RFA ကို ဖေဖေါ်ဝါရီလ ၇
ရက်နေ့ ဒီကနေ့မှာ ပြောကြားပါတယ်။
ရှမ်းပြည်နယ်နေ့ အခမ်းအနားကို ကျယ်ကျယ်ပြန့်ပြန့် ကျင်းပခွင့်ရ
ဖေဖော်ဝါရီလ ၇ ရက် ဒီကနေ့မှာ ကျရောက်တဲ့ ရှမ်းပြည်နယ်နေ့ အခမ်းအနားကို
ရှမ်းပြည်မြောက်ပိုင်း မူဆယ်နဲ့ နမ့်ခမ်းမြို့တွေမှာ တိုင်းရင်းသား
လက်နက်ကိုင်အဖွဲ့တွေ၊ ရှမ်းပါတီတွေအပါအ၀င် အစိုးရဖက်ကလည်း တက်ရောက်ကြပြီး
စည်စည်ကားကား ကျင်းပခဲ့ကြပါတယ်။
နိုင်ငံနဲ့အဝှမ်းဆန္ဒပြဖို့ တူနီးရှားအလုပ်သမားသမဂ္ဂ လှုံ့ဆော်
လုပ်ကြံခံရတဲ့ တူနေးရှားခေါင်းဆောင်ရဲ့ ရုပ်ကလာပ်ကို သယ်ဆောင်လာစဉ်။
Tunisia နိုင်ငံမှာ လုပ်ကြံခံခဲ့ရတဲ့ အတိုက်အခံခေါင်းဆောင် Chokri Belaid
ရဲ့ အသုဘ အခမ်းအနားနဲ့ တိုက်ဆိုင်ပြီး ပြည်လုံးကျွတ် သပိတ်မှောက်ကြဖို့
နိုင်ငံရဲ့ အကြီးဆုံး အလုပ်သမား သမဂ္ဂက ဆော်သြ လိုက်ပါတယ်၊ Tunisia
အလုပ်သမားများအတွက် အထွေထွေသမဂ္ဂကြီးက သပိတ်မှောက်ကြဖို့
ကြာသပတေးနေ့နှောင်းပိုင်းမှာ ကြေညာခဲ့တာဖြစ်ပါတယ်။ အစောပိုင်းတုန်းကလဲ
နိုင်ငံရေးပါတီ နဲ့
အမေရိကန် အရှေ့မြောက် နှင်းမုန်တိုင်းဝင်မည်
NOAA မုန်တိုင်းစောင့်ကြည့်ရေးက ထုတ်ပြန် တဲ့ နှင်းမုန်တိုင်းဖြစ်ပေါ် လာနိုင်တဲ့ ဂြိုလ်တုဓာတ်ပုံ (ဖေဖော်ဝါရီ ၇၊ ၂၀၁၃)
အမေရိကန်ပြည်ထောင်စု အရှေ့မြောက်ပိုင်းဖက်ကို သမိုင်းမှာ အဆိုးဆုံး
ဖြစ်နိုင်တဲ့ အင်အားပြင်း နှင်းမုန်တိုင်းတခု ဦးတည်နေတဲ့အတွက်
အဲဒီ့ဒေသတွေမှာ နေထိုင်သူတွေကို အိမ်ထဲမှာပဲနေကြဖို့နဲ့ တတ်နိုင်ရင်
ကားတွေ မသွားကြဖို့ သက်ဆိုင်ရာ တာဝန်ရှိသူတွေက တိုက်တွန်းနေပါတယ်။
ခိုင်မြဲတဲ့ ကချင်ငြိမ်းချမ်းရေး ဆောင်ရွက်ဖို့ ကုလအတွင်းရေးမှုးချုပ် တိုက်တွန်း
ကချင်ပြည်နယ် လိုင်ဇာ ကေအိုင်အေ စစ်သားတွေ ကို ရှေ့တန်းစစ်စခန်း တွင် တွေ့ရစဉ်။ (ဇန်နဝါရီ ၃၁၊ ၂၀၁၃)
မြန်မာနိုင်ငံ မြောက်ပိုင်း ကချင်ပြည်နယ်အတွင်းက အကြမ်းဖက် ပဋိပက္ခတွေ
လျှော့ကျစေရေး နှစ်ဖက် ပူးပေါင်းဆောင်ရွက်ဖို့ မြန်မာအစိုးရနဲ့
ကချင်လွတ်မြောက်ရေး အဖွဲ့ KIO အကြား သဘောတူညီချက်ရတဲ့အပေါ်
ကုလသမဂ္ဂအတွင်းရေးမှုးချုပ် ဘန်ကီမွန်းက ကြိုဆိုလိုက်ပြီး၊ ခိုင်မြဲတဲ့
ငြိမ်းချမ်းရေးအတွက် နှစ်ဖက်စလုံး ဆောင်ရွက်ကြဖို့လည်း
တိုက်တွန်းလိုက်ပါတယ်။ အကြောင်းစုံကိုတော့ ကိုသားညွန့်ဦးက တင်ဆက်ပေးမှာပါ။
Subscribe to:
Posts (Atom)


















