Tuesday, August 27, 2013

ဟိုင်းကြီးကျွန်းနားမှာ ဘင်္ဂါလီ ၃၂၇ ဦး ဖမ်းမိ




ဟိုင်းကြီးကျွန်းနားမှာ ဘင်္ဂါလီ ၃၂၇ ဦး ဖမ်းမိ
Tuesday, August 27, 2013

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင် ဟိုင်းကြီးကျွန်းအနီးမြို့နယ်ခွဲအတွင်း လိပ်ကျွန်းနဲ့ ငရုတ်ကောင်းမြို့နယ်ခွဲအနီး ပင်လယ်ပြင်အတွင်း နိုင်ငံဖြတ်ကျော် ၀င်ရောက်လာတဲ့ ဘင်္ဂါလီလူမျိုး (၃၂၇)ဦးကို အာဏာပိုင်တွေက တွေ့ရှိပြီး ဖမ်းဆီးစစ်ဆေး နေတယ်လို့ သိရပါတယ်။ 

ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့နယ်ခွဲ၊ နံသာပုကျေးရွာအုပ်စုအနီးရှိ ကုလားမချိုင် ပင်လယ်ရေပြင်ကို ကူးဖြတ်ပြီး ကမ်းစပ်ကို ရောက်ရှိလာတဲ့ ဘင်္ဂါလီလူမျိုး(၅၃)ဦးနဲ့  ဟိုင်းကြီးကျွန်းအနီး လိပ်ကျွန်းမှာ ဘင်္ဂါလီလူမျိုး (၂၇၄)ဦး တို့ကို ဒေသခံတွေရဲ့ သတင်းပေးပို့ချက်အရ ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

ပုသိမ်မြို့နယ် ရဲစခန်းက ရဲအရာရှိတစ်ဦး ပြောပြချက်အရ ဒီလူတွေဟာ မလေးရှားနဲ့ ထိုင်းကို ဦးတည်ပြီး စက်လှေနဲ့ ထွက်ခွာလာရင်း စက်လှေဝမ်းကွဲသွားပြီး မြန်မာနိုင်ငံထဲ ရောက်လာတာဖြစ်သလို တချို့ကလဲ မလေးရှား နိုင်ငံအသွား သင်္ဘောပေါ်က ကန်ချခံခဲ့ ရတာလို့ ဆိုပါတယ်။

ကျွန်းပေါ်ကို လူတွေ အများကြီးရောက်ရှိ လာတာကို ဒေသခံတွေက တိုင်ကြားခဲ့တာဖြစ်ပြီး၊ အာဏာပိုင်တွေက စက်လှေ ပြန်ပြင်ပြီ ပြန်လွှတ်မယ်လို့ ဒေသခံတစ်ဦးက ပြောပြပါတယ်။

ဘင်္ဂလားဒေ့နိုင်ငံကနေ အာဆီယံ ဒေသတွင်းနိုင်ငံတွေမှာ အလုပ်လုပ်လိုသူတွေ တင်ဆောင်လာသော စက်လှေနဲ့ သင်္ဘောတွေ ဟိုင်းကြီးကျွန်းဒေသမှာ ဖြတ်သန်း လေ့ရှိတဲ့အတွက် မကြာခဏဆိုသလို ဘင်္ဂါလီလူမျိုးတွေ ရောက်လာတာတွေ ရှိတယ်လို့ဆိုပါတယ်။

သြဂုတ်လလယ်ခန့်က ငရုတ်ကောင်းမြို့နယ်ခွဲကို ရောက်လာတဲ့ ဘင်္ဂါလီလူမျိုး(၅၃)ဦးမှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံ စစ်တကောင်းဒေသက (၃၆)ဦးနဲ့ မောင်တောမြို့နယ်၊ ရွက်ညိုတောင်က (၁၇)ဦး ဖြစ်တယ်လို့ သိရပါတယ်။

လူပေါင်း ၄၀၀ တင်ဆောင်တဲ့လှေတစီးကနေ  သူတို့ကိုချခဲ့ပြီး ဆက်လက် ထွက်ခွါသွါးတယ်ဆိုတဲ့ အကြောင်း မြစ်မခ သတင်းဌါနရဲ့ သတင်းပေး ပို့ချက်အရ သိရပါတယ်။

ABC Radio Australia

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းကလည်း တနင်္သာရီတိုင်း မြိတ်မြို့မှာ ရိုဟင်ဂျာတချို့ သောင်တင်ခဲ့ပါတယ်။ (Credit: ABC)
  ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းကလည်း တနင်္သာရီတိုင်း မြိတ်မြို့မှာ ရိုဟင်ဂျာတချို့ သောင်တင်ခဲ့ပါတယ်။ (Credit: ABC)
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင် ဟိုင်းကြီးကျွန်းအနီးမြို့နယ်ခွဲအတွင်း လိပ်ကျွန်းနဲ့ ငရုတ်ကောင်းမြို့ နယ် ခွဲအနီး ပင်လယ်ပြင်အတွင်း နိုင်ငံဖြတ်ကျော် ၀င်ရောက်လာတဲ့ ဘင်္ဂါလီလူမျိုး (၃၂၇)ဦးကို အာဏာပိုင်တွေက တွေ့ရှိပြီး ဖမ်းဆီးစစ်ဆေး နေတယ်လို့ သိရပါတယ်။

သံတွဲတွင် နိုင်ငံတော်ဘာသာနေ့ အခမ်းအနား လုံခြုံရေးတင်းကြပ်စွာဖြင့် ကျင်းပ

ရခိုင်ပြည်နယ်၊ သံတွဲမြို့တွင် သြဂုတ် ၂၆ ရက်တွင် ကျရောက်သည့် နိုင်ငံတော်ဘာသာနေ့ အခမ်း အနားကို လုံခြုံရေး တင်းကျပ်စွာ ကျင်းပခဲ့ရကြောင်း မြို့နယ် စည်းကမ်းထိန်းသိမ်းရေးနှင့် ကူညီစောင့်ရှောက်ရေး ရဟန်းတော်များအဖွဲ့၏ အတွင်းရေးမှူး ဆရာတော် အရှင်ကောသလ္လက မဇ္ဈိမကို မိန့်သည်။

ကျောက်မျက်အတု ရောနှောရောင်းချသူများကို အသင်းဝင်အဖြစ်မှ ထုတ်ပယ်မည်


 
ကျောက်မျက် ဈေးကွက်အတွင်း အတုများနှင့် ရောနှောရောင်းချသည်ဟု သတင်းများ ထွက်ပေါ်နေခြင်းကြောင့် မြန်မာနိုင်ငံ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်း အသင်းသား များ ကျောက်မျက်အတုများရောင်းချပါက အသင်းမှထုတ်ပယ်မည် ဖြစ်ကြောင်း ယင်းအသင်း အတွင်းရေးမှူး ဦးကျော်ဌေးက ပြောကြားသည်။

ထိုင်းရောက် မြန်မာအလုပ်သမားတို့အတွက် ယာယီနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးများ ထပ်မံ တိုးချဲ့မည်

ထိုင်းနိုင်ငံတွင် မြန်မာရွှေ့ပြောင်းအလုပ်သမားများအတွက် ယာယီနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံး ၁၁ ခုရှိနေရာ ထပ်မံတိုးချဲ့ဖွင့်လှစ်သွားရန် စီစဉ်လျက်ရှိနေပြီး စက်တင်ဘာ ၅ ရက်တွင် ထိုင်းနှင့် မြန်မာ အစိုးရတို့ ဆွေးနွေး ညှိနှိုင်းမှုများ ပြုလုပ်သွားမည်ဟု ထိုင်းနိုင်ငံ ဗန်ကောက် မြို့ မြန်မာ သံရုံးမှ သံမှူးကြီး ဦးမျိုးတင့်က ပြောသည်။

"ကန့်ဘလူမြို့နယ် အခြေအနေ တည်ငြိမ်စပြု"

 
အကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့တဲ့ စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် ထန်းကုန်းကျေးရွာရဲ့ အခြေနေတွေဟာ တည်ငြိမ်နေပြီလို့ ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့က ပြောပါတယ်။

အလယ်တန်းပြဆရာမ အလုပ်ထုတ်မှု တက္ကသိုလ်ဆရာ၊ ဆရာမများ ကန့်ကွက်

နေပြည်တော် ဇမ္ဗူသီရိမြို့နယ် အ.ထ.က (၅) ကျောင်းက အလယ်တန်းပြဆရာမ ဒေါ်စိုးစိုးခိုင်ကို ပညာရေးဝန်ကြီးဌာနက အလုပ်ထုတ်ခဲ့တာကို တက္ကသိုလ်ဆရာ၊ဆရာမများအသင်းက ဒီကနေ့ ကန့်ကွက် လိုက်ပါတယ်။

အမျိုးသားပညာရေးမူဝါဒ မူကြမ်းတွင် အကျဉ်းသားများ ပညာသင်ယူနိုင်ရန် ထည့်သွင်းရေးဆွဲ

“အမျိုးသားပညာရေး မူဝါဒမူကြမ်း” တွင် အကျဉ်းထောင်များတွင် ရောက်ရှိနေသည့် အကျဉ်းသားများ ပညာသင်ယူနိုင်ခွင့်ပြုရန် ထည့်သွင်း ရေးဆွဲထားသည်ဟု ပညာရေးစနစ် ပြုပြင်ပြောင်း လဲရေး နိုင်ငံလုံး ဆိုင်ရာကွန်ရက် (NNER) အဖွဲ့ဝင် ဒေါ်ဟောင်းစိုင်းက သြဂုတ် ၂၆ ရက်တွင် မဇ္ဈိမကို ပြောသည်။

ဆီးရီးယားတွင် ဓာတုလက်နက်စစ်ဆေးသည့်ကုလသမဂ္ဂအရာရှိများ စနိုက်ပါဖြင့်အပစ်ခံရ


ဆီးရီးယားနိုင်ငံတွင် ဖြစ်ပွားသည့် ဓာတုလက်နက်ဖြင့် တိုက်ခိုက်မှုကို စုံစမ်းစစ်ဆေးရန် ဒမတ် စကက်မြို့တော်သို့ ရောက်ရှိနေသော ကုလသမဂ္ဂစစ်ဆေးရေးမှူးများ၏ မော်တော်ယာဉ်တန်းမှာ စနိုက် ပါဖြင့် ချောင်းမြောင်း ပစ်ခတ် ခံခဲ့ရသည်။

လက်ရှိ ဖြစ်ပွားနေသည့် လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခ လှည့်ကွက်များ အတွင်းသို့ ပြည်သူများ ကျရောက်သွားပါက မြန်မာနိုင်ငံသည် သီရိလင်္ကာ နိုင်ငံကဲ့သို့ နှစ် ၃၀ ခန့် နာလန်မထူနိုင်အောင် ဖြစ်ပေါ်နိုင်

မြန်မာနိုင်ငံအတွင်း လက်ရှိ ဖြစ်ပွားနေသည့် ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခများ အတွင်း မြန်မာပြည်သူ များ ကျရောက်သွားပါက အဓိကရုဏ်းများ ဆက်လက်ဖြစ်ပေါ် နေ မည်ဖြစ်ပြီး နိုင်ငံရေးတွင် လူမျိုးရေး၊ ဘာသာရေး အသုံးချခဲ့သည့် သီရိလင်္ကာ နိုင်ငံကဲ့သို့ တိုင်းပြည် အစိတ်စိတ် အမြွာမြွာ ကွဲထွက်ကာ နိုင်ငံတိုးတက်ရေး ပျက်ပြားသည့် ဖြစ်ရပ်များနှင့် ကြုံတွေ့လာနိုင်ကြောင်း သီရိလင်္ကာ နိုင်ငံ တွင် ဖြစ်ပွားခဲ့သည့် လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခများ ငြိမ်းချမ်းမှု ရရှိရန် လုပ်ဆောင်ခဲ့သူ Mr. Ajan Pracha Hu-tanuwatr က ပြောကြားသည်။

သာမန် နိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူများ အတွက် အာဆီယံ နိုင်ငံများနှင့် အပြန်အလှန် ဗီဇာကင်းလွတ်ခွင့် သဘောတူညီချက်ကို လာမည့် ဘဏ္ဍာရေး နှစ်အတွင်း လက်မှတ်ရေးထိုးရန် ဆောင်ရွက်မည်

8.1.1
နိုင်ငံခြားရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးတင်ဦးလွင်က လွှတ်တော်၌ ဖြေကြားစဉ် (ဓာတ်ပုံ - ဝေယံဖြိုးဦး)
သာမန်နိုင်ငံ ကူးလက်မှတ်ကိုင်ဆောင်သူများအတွက် အာဆီယံနိုင်ငံများနှင့် အပြန်အလှန် ဗီဇာကင်း လွတ်ခွင့် သဘောတူညီချက်ကို လာမည့်ဘဏ္ဍာရေး နှစ်အတွင်း လက်မှတ်ရေး ထိုးရန် ဆောင်ရွက် မည်ဟု နိုင်ငံခြားရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးတင်ဦးလွင်က သြဂုတ် ၂၆ ရက်တွင် ပြု လုပ်သော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြောကြားသည်။

ကန့်ဘလူမြို့နယ် ထန်းကုန်းအကြမ်းဖက်မှု ဖြစ်စဉ်ကြောင့် ဒုက္ခသည် ၃၁၈ ဦး ရှိနေ

8.1.1
ကန့်ဘလူမြို့နယ် ထန်းကုန်းကျေးရွာတွင် မီးလောင်နေသော အဆောက်အအုံ တစ်ခုအား သြဂုတ် ၂၅ ရက် နံနက် ၁ နာရီခန့်က တွေ့ရစဉ်
ရွှေဘိုခရိုင် ကန့်ဘလူမြို့နယ် ထန်းကုန်းကျေးရွာတွင် သြဂုတ် ၂၄ ရက်က ဖြစ်ပွားခဲ့သော အကြမ်းဖက် မှုကြောင့် ဒုက္ခသည် ၃၁၈ ဦးခန့် ရှိပြီး တစ်နာရီ ၀န်းကျင်အတွင်း သတင်းပျံ့နှံ့ကာ အကြမ်းဖက်ခဲ့ခြင်း အပေါ် ဝေဖန်မှုများ ရှိနေကြောင်း သိရသည်။

မန္တလေးမြို့တွင် နေ့ခင်းအချိန် မြို့လယ်ကောင်၌ လုယက်မှုများနှင့် ညပိုင်းအုပ်စုဖွဲ့ ရမ်းကားမှု ဖြစ်စဉ်များသည် မူးယစ်ဆေးဝါး သုံးစွဲမှု မြင့်တက်လာခြင်း၏ နောက်ဆက်တွဲ ပြဿနာ တစ်ရပ်ဖြစ်ဟု မြို့ခံများသုံးသပ်

8.1.1
မန္တလေးမြို့ ဈေးချိုအနီး တစ်ဝိုက်အား သြဂုတ် ၁၉ ရက်နေ့က တွေ့ရစဉ်
မန္တလေးမြို့တွင် နေ့ခင်းအချိန် မြို့လယ်ကောင်၌ လုယက်မှုများနှင့် ညပိုင်းအုပ်စုဖွဲ့ ရမ်းကားမှု ဖြစ်စဉ် များသည် မူးယစ်ဆေးဝါး သုံးစွဲမှုမြင့်တက် လာခြင်း၏ နောက်ဆက်တွဲ ပြဿနာ တစ်ရပ် ဖြစ်ကြောင်း မြို့ခံများက သုံးသပ်ပြောကြားသည်။

အကြမ်းဖက် သမားများက နိုင်ငံခြား ခရီးသွားများအား ဦးတည်တိုက်ခိုက်မှု မဖြစ်စေရန် လုံခြုံရေးတိုးမြှင့်

8.1.1
ယခုနှစ် မေလအတွင်းက  အင်းလေးကန်သို့ လာရောက် လည်ပတ်ကြသော နိုင်ငံခြား ခရီးသွား ဧည့်သည် များကို တွေ့ရစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)
မြန်မာနိုင်ငံအတွင်း နိုင်ငံခြား ခရီးသွား ဧည့်သည်များအား အကြမ်းဖက် သမားများက ဦးတည်တိုက်ခိုက်မှု မပြုလုပ်စေရန် လုံခြုံရေးကို တိုးမြှင့်ဆောင်ရွက် လျက်ရှိနေကြောင်း နိုင်ငံခြား ခရီးသွားဧည့်သည် အများ ဆုံး ၀င်ရောက်သည့် ဒေသအချို့နှင့် နိုင်ငံခြား ခရီးသွား ဧည့်သည် စောင့်ရှောက်ရေး ရဲတပ်ဖွဲ့မှူးရုံးမှ စုံစမ်း သိရသည်။

ကန့်ဘလူမြို့နယ်တွင် ဖြစ်ပွားခဲ့သော အကြမ်းဖက် ဖြစ်စဉ်၏ နောက်ကွယ်၌ လှုံ့ဆော်ဖန်တီးသူ ရှိသည်ဟု ဒေသခံများဆို

8.1.1
ကန့်ဘလူမြို့နယ် ထန်းကုန်းကျေးရွာတွင် မီးရှို့မှုများ ဖြစ်ပွားခဲ့ပြီးနောက် မီးသတ်တပ်ဖွဲ့ဝင်များက မီးငြှိမ်းသတ် နေသည်ကို သြဂုတ် ၂၅ ရက်က တွေ့ရစဉ်
စစ်ကိုင်းတိုင်း ဒေသကြီး ကန့်ဘလူမြို့နယ်တွင် ဖြစ်ပွားခဲ့သော အကြမ်းဖက် ဖျက်ဆီးမှု ဖြစ်စဉ် ကို နောက် ကွယ်၌ ကြိုးကိုင်လှုံ့ဆော် ဖန်တီးသူ ရှိသည်ဟု ဒေသခံများက ပြောကြားခဲ့သည်။

သွေးလွန်တုပ်ကွေးကြောင့် ဆေးရုံတက်ရောက် ကုသသူများအနက် နိုင်ငံခြားသား ခရီးသွားများလည်း ပါဝင်လာပြီး တစ်နိုင်ငံလုံးအနှံ့ ဖြစ်ပွားနှုန်း မြင့်တက်နေ

8.1.1
ရန်ကုန်အထွေထွေ ရောဂါကု ဆေးရုံကြီးတွင် တက်ရောက်ကုသနေသည့် လူနာများအား သြဂုတ် ၂၄ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-အိသဉ္ဇာကျော်)
သွေးလွန်တုပ်ကွေး ရောဂါကြောင့် ဆေးရုံတက်ရောက် ကုသရသူများအနက် နိုင်ငံခြားသား ခရီးသည်များ လည်း ပါဝင်လာပြီး ယခုနှစ်မိုးရာသီ ကာလအတွင်း တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဖြစ် ပွားနှုန်း မြင့်တက်နေကြောင်း ရန်ကုန်အထွေထွေ ရောဂါကု ဆေးရုံသစ်ကြီးမှ ဆေးရုံ အုပ်ကြီး ဒေါက်တာ မြသောင်း၏ ပြောကြားချက်အရ သိရသည်။

Monday, August 26, 2013

ဒါလားဟဲ့ ….. ဖက်ဒရယ်နိုင်ငံ

ကျွန်တော်မြန်မာပြည်ကို ပြန်ရောက်တာ ၃လ ၀န်းကျင်လောက်ရှိပါပြီ။ မြန်မာပြည် ကိုပြန်ရောက် လို့ ထူးထူးခြားခြားတွေ့လာရတာတွေ ကတော့ မော်တော်ကားလမ်းတွေကြပ်တာ၊ စည်းကမ်း မရှိတာတွေ အပြင် သတင်း စာတွေ၊ ဂျာနယ်တွေမှာ တာဝန်ယူမှု၊ တာဝန်သိမှု၊ တာဝန်ခံမှု စတဲ့ စကားလုံးအသုံး အနှုန်းတွေ အများအပြား တွေ့နေရပေမဲ့လို့ လက်တွေ့ကျင့်သုံးလိုက်နာမှု မရှိတာတွေ၊ နောက်ပြီး လူလေး သုံးယောက်တစ်ပိုင်းနဲ့ အသင်းအပင်း ဖွဲ့စည်းနေတာတွေ၊ NGO အဖွဲ့အစည်း

၁၂ နှစ်သမီးကို ခိုးပြေးမိ၍ အဓမ္မကျင့်မှုဖြင့် တရားစွဲခံရ

အသက် ၁၂ နှစ်အရွယ်ကလေးငယ်အား ခိုးပြေးသူကို အရေးယူပေးရန် မိန်းကလေးငယ်၏ ဖခင်က တိုင်တန်းမှု တစ်ခုကို သင်္ဃန်းကျွန်းရဲစခန်းက သြဂုတ် ၂၄ ရက်က အမှုဖွင့်ထားကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်သည်။

မြစ်သားတွင် သားအမိ နှစ်ဦးကို သတ်သော တရားခံ ခြောက်ရက်အတွင်း ဖမ်းမိ

မန္တလေးတိုင်းဒေသကြီး မြစ်သားမြို့နယ် ကုက္ကိုစု ကျေးရွာအုပ်စု ရွာသာ (အနောက်) ကျေးရွာတွင် ၎င်း၏ ချစ်သူ သားအမိ နှစ်ဦးကိုသတ်၍ ထွက်ပြေးသူဟု တိုင်ကြားခံရသူကို ခြောက်ရက်အတွင်း ဖမ်းမိ ခဲ့ကြောင်း မြစ်သားမြို့နယ် ကူမဲ ရဲစခန်းထံမှ စုံစမ်း သိရှိရသည်။

ရွှေတိဂုံလုံခြုံရေး အင်အားတိုးမြှင့်

သာသနာ ရေးဝန်ကြီး၏ ပြောကြားချက် အရ ရွှေတိဂုံစေတီတော်တွင် လုံ ခြုံရေးအင်အား ၂၀၀ အထိတိုး မြှင့် ချထားလျက်ရှိကြောင်း သိ ရသည်။
ဩဂုတ် ၁၁ ရက်တွင် သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့် မှ ရွှေတိဂုံ စေတီတော်နှင့်ပတ်သက်သည့် ကိစ္စအရပ်ရပ်အား ပြောကြားရာ တွင် လုံခြုံရေးအင်အားအပြည့် သုံးရန်ပြောကြားခဲ့သောကြောင့် လုံခြုံရေးအင်အားတိုးချဲ့ရခြင်းဖစ်ကြောင်း ရွှေတိဂုံစေတီတော် ဂေါပက အဖွဲ့ ရုံးအဖွဲ့မှူး ဦးဝင်း ကြိုင်က ပြောသည်။

တိုင်ကြားမှုများကြောင့် ကျောင်းသားများကို ဆိုဆုံးမရန် ဆရာမများ အခက်ကြုံ

တိုက်ကြီးမြို့နယ်၊ ဥက္ကံမြို့၊ အခြေခံပညာ အထက်တန်းကျောင်းရှိ ဆရာ၊ ဆရာမများကို ကျောင်း သား ကျောင်းသူများ၏ မိဘများက တိုင်ကြားမှု များကြောင့် ကျောင်းသားများကို ဆိုဆုံးမ ရန် အခက် ကြုံလျက် ရှိကြောင်း အဆိုပါကျောင်းမှ ကျောင်းဆရာမ အချို့က ပြောကြားသည်။

နိုင်ငံတော်ဘာသာနေ့ ကျင်းပမည့်ကိစ္စ သံတွဲတွင် ကောလာဟလများထွက်နေသဖြင့် ရဟန်းတော်များ ဖြေရှင်း

ရခိုင်ပြည်နယ်၊ သံတွဲမြို့တွင် ၅၂ နှစ်မြောက် နိုင်ငံတော်ဘာသာနေ့အဖြစ် ယနေ့ကျင်းပမည်ဖြစ်ရာ ထိုကိစ္စနှင့် ပတ်သက်၍ မြို့ခံမွတ်စလင်အသိုင်းအ၀ိုင်းကြားနှင့် အင်တာနက် စာမျက်နှာ အချို့တွင် ကောလာဟလများ ပျံ့နှံ့နေသည်ကို ဗုဒ္ဓဘာသာရဟန်းတော် များက ဖြေရှင်းချက် ထုတ်လိုက်သည်။

မိခင်ဖြစ်သူနှင့်အတူ အိပ်နေသော ကလေးတစ်ဦး ရေထဲသို့ ပြုတ်ကျသေဆုံး

မိခင်ဖြစ်သူနှင့်အတူ အိပ်နေသော ဆယ်လသားအရွယ် ကလေးငယ်တစ်ဦး အိမ်ထရံကြားမှ ထွက် ကျကာ ရေထဲသို့ ပြုတ်ကျသေဆုံးမှု သြဂုတ်လ ၂၃ ရက်နေ့ နံနက် ၇ နာရီက ဒလမြို့ နယ် မှော်စက် ရပ်ကွက် အောင်သပြေ လမ်းရှိ နေအိမ်တစ်လုံးတွင် ဖြစ်ပွားခဲ့ကြောင်း ရန်ကုန် တိုင်းဒေသ ကြီး ရဲတပ်ဖွဲ့မှူး ရုံးမှ စုံစမ်းသိရှိရသည်။

မြစ်ကြီး သုံးစင်း စိုးရိမ်ရေမှတ်အထက် ကျော်လွန်မှု မိုး/ဇလ သတိပေး

မိုးသည်းထန်စွာ ဆက်တိုက် ရွာသွန်းနေခြင်းကြောင့် စစ်တောင်းမြစ်၊ သံလွင်မြစ်နှင့် ငဝန်မြစ်ရေ တို့သည် စိုးရိမ်ရေမှတ် အထက်သို့ ကျော်လွန် ရောက်ရှိနေကြောင်း သြဂုတ်လ ၂၅ ရက်နေ့တွင် မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက သတိပေး ကြေညာချက် ထုတ်ပြန်သည်။

စစ်တွေမြို့တွင်းရှိ ဘင်္ဂါလီအိမ်ထောင်စုတစ်ရာကျော် ဒုက္ခသည်စခန်းများသို့ ရွှေ့ပြောင်း

အမြင်မတူသည့် လူမျိုးစုနှစ်ခုကြား ဖြစ်ပွားသည့် ပဋိပက္ခကြောင့် စစ်တွေမြို့၊ အောင်မင်္ဂလာရပ်ကွက်တွင် လအတော်ကြာ ခိုလှုံနေခဲ့ကြသော ဘင်္ဂါလီအိမ်ထောင်စု ၁၃၀ တို့ကို သြဂုတ်လ ၂၄ရက်တွင် သက္ကေပြင်ရွာအနီး ဒုက္ခသည်စခန်းသို့ ပို့ဆောင်ပေးခဲ့ကြောင်း ရခိုင်ပြည်နယ်အစိုးရ၏ သတင်းပြန်ကြားရေး ဆပ်ကော်မတီ အတွင်းရေးမှူး ဦးဝင်းမြိုင်က မဇ္ဈိမသို့ ပြောသည်။

ဓာတ်ပုံဆရာမကို အဓမ္မပြုကျင့်သူလို့ သံသယဖြစ်သူတွေကို ဖမ်းဆီး


အမျိုးသမီးတွေကို အကာအကွယ်ပေးဖို့ တောင်းဆိုဆန္ဒပြကြ (Credit: Reuters) 
အိန္ဒိယနိုင်ငံ ​မွန်းဘိုင်းမြို့မှာ ​ဓာတ်ပုံဆရာမတစ်ဦး ​အဓမ္မပြုကျင့်ခံရပြီးနောက် ​အဓမ္မမှုမှာ ​ပါဝင်သူလို့ ​ယူဆရသူ ​ငါးယောက်မြောက်လူတစ်ဦးကို ​ရဲတွေက ​ဖမ်းဆီးလိုက်ပြီ ​ဖြစ်ပါတယ်။

လာမည့်နှစ်မှစ၍ ဘတ်ဂျက်ရေးဆွဲရာတွင် လူထုအခြေပြု ဘတ်ဂျက်အဖြစ် ပြောင်းလဲသွားမည်ဖြစ်ပြီး ပြည်နယ်/တိုင်း ဘတ်ဂျက်ပမာဏ ပိုမိုများပြားလာမည်

ကျေးလက်ဒေသ ဖွံ့ဖြိုးရေး အတွက် လာမည့် ၂၀၁၄-၂၀၁၅ မြန်မာ နိုင်ငံ၏ ဘတ်ဂျက် အသုံးပြုမှုကို လူထုအခြေပြု ဘတ်ဂျက်အဖြစ် ပြုလုပ်မည်ဖြစ်ရာ ပြည်နယ်/တိုင်းဒေသကြီး ဘတ်ဂျက် သည် ပြည်ထောင်စု ဘတ်ဂျက်ထက် ပိုမိုကြီးမားမည်ဟု သမ္မတရုံး ၀န်ကြီးဌာန ပြည် ထောင်စု ၀န်ကြီး ဦးစိုးသိန်းက ပြောကြားသည်။

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်၌ ဖြစ်ပွားခဲ့သည့် အကြမ်းဖက်ဖျက်ဆီးမှုမှ ပါဝင်ကျူးလွန်သူဟု ယူဆရသူများကို အမှုဖွင့်အရေးယူရန် စီစဉ်

8.1.1

ကန့်ဘလူမြို့နယ် ထန်းကုန်းကျေးရွာတွင် လုံခြုံရေးတာဝန် ယူနေသော ရဲတပ်ဖွဲ့ဝင်များကို တွေ့ရစဉ်
သြဂုတ် ၂၄ ရက် ညနေပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ ထန်းကုန်းကျေးရွာ၌ အမျိုးသမီးတစ်ဦးအား အစ္စလာမ် ဘာသာဝင် အမျိုးသားတစ်ဦးမှ အဓမ္မပြုကျင့်ရန် ကြိုးစားရာမှ အစပြု၍ ဖြစ်ပွားခဲ့သည့် အကြမ်းဖက် ဖျက်ဆီးမှုမှ ကျူးလွန်သူဟု ယူဆရသူများကို အမှုဖွင့်အရေးယူရန် စီစဉ်ဆောင်ရွက် နေကြောင်း ပြန်ကြားရေး ၀န်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

လက်ရှိတရား စီရင်ရေးတွင် အမှုများ စစ်ဆေးရာ၌ ကြန့်ကြာနေသဖြင့် အများပြည်သူ အတွက် တရားဥပဒေ၏ အကာအကွယ် ရရှိရန် ခက်ခဲနေ

8.1.1
မင်္ဂလာဒုံမြို့နယ် တရားရုံးသို့ အမှုရုံးချိန်းအတွက် လာရောက် ကြသူများကို ၂၀၁၃ ခုနှစ် နှစ်ဆန်း ပိုင်းက တွေ့ရစဉ်
မြန်မာနိုင်ငံ၏ လက်ရှိတရား စီရင်ရေး အပိုင်းတွင် တရားစီရင် ဆုံးဖြတ်နိုင်ရန် အတွက် အမှုစစ်ဆေး မှုများ ပြုလုပ်ရာ၌ ကြန့်ကြာမှုများ ရှိနေကြောင်း ယင်းကြောင့် အများပြည်သူ အတွက် တရားဥပဒေ၏ အကာအကွယ် ရရှိရန် ခက်ခဲနေကြောင်း တရားရုံးများတွင် အမှုရင်ဆိုင် နေရသူများထံမှ သိရသည်။

လက်ရှိ ဖြစ်ပွားနေသည့် လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခ လှည့်ကွက်များ အတွင်းသို့ ပြည်သူများ ကျရောက်သွားပါက မြန်မာနိုင်ငံသည် သီရိလင်္ကာ နိုင်ငံကဲ့သို့ နှစ် ၃၀ ခန့် နာလန်မထူနိုင်အောင် ဖြစ်ပေါ်နိုင်

မြန်မာနိုင်ငံအတွင်း လက်ရှိ ဖြစ်ပွားနေသည့် ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခများ အတွင်း မြန်မာပြည်သူ များ ကျရောက်သွားပါက အဓိကရုဏ်းများ ဆက်လက်ဖြစ်ပေါ် နေ မည်ဖြစ်ပြီး နိုင်ငံရေးတွင် လူမျိုးရေး၊ ဘာသာရေး အသုံးချခဲ့သည့် သီရိလင်္ကာ နိုင်ငံကဲ့သို့ တိုင်းပြည် အစိတ်စိတ် အမြွာမြွာ ကွဲထွက် ကာ နိုင်ငံ တိုးတက်ရေး ပျက်ပြားသည့် ဖြစ်ရပ်များနှင့် ကြုံတွေ့လာနိုင်ကြောင်း သီရိလင်္ကာ နိုင်ငံ တွင် ဖြစ် ပွားခဲ့ သည့် လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခများ ငြိမ်းချမ်းမှု ရရှိရန် လုပ်ဆောင်ခဲ့သူ Mr. Ajan Pracha Hu-tanuwatr က ပြောကြားသည်။

ကန့်ဘလူမြို့နယ် ထန်းကုန်းကျေးရွာတွင် အကြမ်းဖက်မှုကြောင့် အိမ်ခြေ ၅၀ ခန့် မီးလောင်ကျွမ်းခဲ့ပြီး နောက်တွင် တပ်မတော်နှင့် ရဲတပ်ဖွဲ့အင်အား ၂၀၀ ၀န်းကျင်ဖြင့် လုံခြုံရေး ဆောင်ရွက်နေ

8.1.1
ကန့်ဘလူမြို့နယ် ထန်းကုန်း ကျေးရွာရှိ မီးလောင်နေသော အဆောက်အအုံ တစ်ခုအား သြဂုတ် ၂၅ ရက် နံနက် ၁ နာရီခန့်က တွေ့ရစဉ်
ရွှေဘိုခရိုင်၊ ကန့်ဘလူမြို့နယ် ထန်းကုန်းကျေးရွာတွင် သြဂုတ် ၂၄ ညနေပိုင်း အချိန်၌ အမျိုးသမီးငယ် တစ်ဦးအား သားမယားအဖြစ် ပြုကျင့်ရန် ကြံစည်မှုမှတစ်ဆင့် အကြမ်းဖက်မှု ဖြစ်ပွားပြီး အိမ်ခြေ ၅၀ ခန့် မီးရှို့ဖျက်ဆီး ခံခဲ့ရပြီးနောက်တွင် တပ်မတော်နှင့် ရဲတပ်ဖွဲ့ဝင် ၂၀၀ ခန့်ဖြင့် လုံခြုံရေး ဆောင် ရွက်နေကြောင်း သတင်းရရှိသည်။