Wednesday, August 28, 2013

မျက်နှာဖုံးစွပ် လူသတ်သမားများအမှု လုံခြုံရေး အခြေအနေအရ လက်နက်ကိုင် ရဲအစောင့်များဖြင့် တရားရုံးထုတ်

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ နွယ်သာကီ (၆) လမ်းတွင် လွန်ခဲ့သည့် ၂ နှစ်ခန့်က ဖြစ်ပွားခဲ့သည့် မျက်နှာဖုံးစွပ် လူသတ်မှုကို မြောက်ပိုင်းခရိုင် တရားရုံးတွင် စစ်ဆေးလျက်ရှိရာ သြဂုတ်လ ၂၇ ရက် ရုံးချိန်းတွင် လက်နက်ကိုင် ရဲအစောင့်များဖြင့် ရုံးထုတ်ခဲ့ရကြောင်း အင်းစိန်မြို့နယ် မြို့မ ရဲစခန်းမှ အကြီးတန်း ရဲအရာရှိ တစ်ဦးက The Voice သို့ ပြောကြားသည်။

ဗြိတိသျှနဲ့အမေရိကန် နိုင်ငံသား ၂ ဦး တရုတ်အစိုးရ ဖမ်းဆီး

တရုတ်နိုင်ငံသားတွေရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်တွေကို တရားမ၀င် ၀ယ်ယူရောင်းချတယ်ဆိုတဲ့ စွဲချက်နဲ့ ဗြိတိန်နိုင်ငံသားတဦးနဲ့ ဇနီးဖြစ်သူ အမေရိကန် နိုင်ငံသားတဦးတို့ကို တရုတ်အာဏာပိုင်တွေက တရားရုံး တင်လိုက်ပါတယ်။ Peter Humphrey နဲ့ ဇနီးဖြစ်သူ Yingzeng Yu တို့ နှစ်ဦးကို အခု ဇူလိုင်လမှာ တရုတ်အာဏာပိုင်တွေက ဖမ်းဆီးထိန်းသိမ်းခဲ့တာပါ။

ရဲတပ်ဖွဲ့ဝင်များ၏ စွမ်းရည်နှင့် စီမံခန့်ခွဲမှုများ အငြိမ်းစားရဲမှူးကြီးတို့ ဝေဖန်

အရပ်ဘက်အုပ်ချုပ်ရေးတွင် အခရာကျသော အာဏာပိုင် အဖွဲ့အစည်းတစ်ခု ဖြစ်သည့်အပြင် လက်နက်ကိုင် အဖွဲ့အစည်းတစ်ခုလည်းဖြစ်သည့် ရဲတပ်ဖွဲ့တွင် တာဝန်ထမ်းဆောင်နေသည့် ရဲ တပ်ဖွဲ့ဝင်များ၏ စီမံခန့်ခွဲမှု၊ ပဋိပက္ခတစ်ခုကို ဖြေရှင်းနိုင်မှုတို့တွင် အရည်အသွေးများစွာ နိမ့်ကျလျက် ရှိသည်ဟု အငြိမ်းစား ရဲမှူးကြီးတို့က ဝေဖန်လိုက်သည်ဟု သိရသည်။

တောင်ကြီး ခမ်းခုံးရွှေဆိုင် ရွှေ ၅၀ သား ခိုးယူခံရမှု တရားခံများ၏ ခန့်မှန်းရုပ်ပုံများ ထုတ်ပြန်

တောင်ကြီးမြို့၊ တပင်ရွှေထီးလမ်း ဈေးပိုင်းရပ်ကွက် မြို့မဈေး တောင်ဘက်ပေါက် မြေညီထပ် အခန်းအ မှတ် ၃ တွင် ဖွင့်လှစ်ထားသည့် ခမ်းခုံးရွှေဆိုင်တွင် ငွေကျပ်တန်ဖိုး သိန်း ၃၄၀ တန်ဖိုးရှိ ရွှေ ၅၀ ကျပ်သား အခိုးခံရခြင်းအတွက် တောင်ကြီး မြို့မရဲစခန်းက သံသယရှိသူ နှစ်ဦး၏ ခန့်မှန်းရုပ်ပုံကို သြဂုတ်လ၂၇ ရက် က ထုတ်ပြန်လိုက်သည်။

ဘက်မလိုက်ကြောင်း လူ့အခွင့်အရေးသံတမန် ကင်တားနား ချေပ




Photo: ဘက်မလိုက်ကြောင်း လူ့အခွင့်အရေးသံတမန် ကင်တားနား ချေပ
Wednesday, August 28, 2013

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် သောမတ်စ် အိုဟေး ကင်တားနား (Thomas Ojae Quintana) က မိတ္ထီလာမှာ အကြမ်းဖက် ကန့်ကွက်ခံခဲ့ရတာနဲ့ ပတ်သက်လို့ ကုလသမဂ္ဂအနေနဲ့ မြန်မာနိုင်ငံအစိုးရအပေါ် တစုံတရာ အရေးယူ ဆောင်ရွက်စရာ အကြောင်းမရှိဘူးလို့ ပြောလိုက်ပါတယ်။
 
မြန်မာပြည်သူတွေအနေနဲ့ သူ့ရဲ့ လုပ်ရပ်တွေအပေါ်မှာ အမြင်မှန် ရစေချင်တယ်လို့လည်း ဆိုပါတယ်။ မြန်မာနိုင်ငံကို (၇) ကြိမ်မြောက် သွားရောက်ခဲ့ပြီး၊ ဒီရက်ပိုင်းအတွင်း ပြန်ထွက်လာခဲ့တဲ့ မစ္စတာ ကင်တားနားက ဗွီအိုအေနဲ့ မြန်မာ့အရေး သုံးသပ်ချက်အစီအစဉ်အတွက် ဆက်သွယ်မေးမြန်းတဲ့အချိန်မှာ အခုလို ပြောလိုက်တာပါ။ အသေးစိတ်ကိုတော့ ဦးကျော်ဇံသာ က တင်ပြထားပါတယ်။
 
ပါမောက္ခ ကင်တားနားအနေနဲ့ ဒီတခေါက် မြန်မာပြည်ကို သွားတဲ့အခါ သူ့ကို ဆန့်ကျင်ဆန္ဒပြတဲ့ ကိစ္စနဲ့ ၂ ကြိမ် ကြုံခဲ့ရပါတယ်။ ဒီအထဲမှာ ရခိုင်ပြည်မှာ ကြုံခဲ့ရတဲ့ ဆန္ဒပြမှုကိုတော့ သူက အကောင်းမြင်တဲ့ သဘောနဲ့ ရှုမြင်ပါတယ်။ ငြိမ်းငြိမ်းချမ်းချမ်းရှိတယ်၊ ဆန္ဒပြသူထဲက လူတဦးနဲ့ အမြင်ချင်း ဖလှယ်ခွင့် ရခဲ့တယ်လို့ ဆိုပါတယ်။
 
သို့သော်လည်းပဲ မိတ္ထီလာမှာ ကြုံတွေ့ခဲ့ရတဲ့ ဆန္ဒပြမှုကိုတော့ သူက အကြမ်းဖက် ခံခဲ့ရတဲ့ သဘောမျိုး ယူဆပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး အတော်ကလေး စိတ်မကောင်းပုံလည်း ဖြစ်ပါတယ်။ ဒါဟာ မြန်မာနိုင်ငံ အစိုးရဘက်က သူ့ရဲ့လုံခြုံရေးကို အကာအကွယ်ပေးဖို့ ပျက်ကွက်တာကို သူက အဓိက ထောက်ပြပါတယ်။
 
ဒါပေမဲ့ ဒီကိစ္စကိုလည်း နောင်မဖြစ်ရင်ပြီးရော သူက မြန်မာအာဏာပိုင်တွေနဲ့ တွေ့ဆုံ ဆွေးနွေး ရှင်းပြခဲ့ပြီး ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် ကုလသမဂ္ဂအနေနဲ့ ဒီကိစ္စနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ အစိုးရအပေါ် တစုံတရာ ဆက်လက်ပြီးတော့ အရေးယူ ဆောင်ရွက်စရာလည်း မလိုဘူး၊ မရှိဘူးဆိုတဲ့ သဘော အခုလို ပြောပါတယ်။
 
“နောက်တကြိမ် ထပ်ပြီးတော့ ပြောပါဦးမယ်။ စောစောက ပြောခဲ့သလိုပါပဲ ဒီကိစ္စကို ကျနော်ကိုယ်တိုင် မြန်မာအစိုးရနဲ့ ဆွေးနွေးခဲ့ပြီးပါပြီ။ ဒီမှာတင် ရပ်ထားလိုက်မှာပါ။ အစိုးရဟာ ကျနော့်ကို အကာအကွယ်ပေးဖို့ တာဝန်ရှိပါတယ်။ ကျနော် မြန်မာနိုင်ငံကို နောက်တကြိမ် ပြန်လာတဲ့အခါ ဒါမျိုး ထပ်မဖြစ်တော့ဘူးလို့ မျှော်လင့်ပါတယ်။”
 
နောက်တချက်က မစ္စတာ ကင်တားနားအနေနဲ့ အဓိက ကာကွယ်ပြီး ပြောချင်တဲ့ ကိစ္စကတော့ သူဟာ တဘက်ဘက်ကို ဘက်လိုက်တာ မဟုတ်ဘူးဆိုတဲ့ အချက်ပါပဲ။ အထူးသဖြင့် ဗုဒ္ဓဘာသာ တချို့က မစ္စတာ ကင်တားနားဟာ မူဆလင်တွေဘက်က ဘက်လိုက် ဆောင်ရွက်နေတယ်ဆိုတဲ့ သဘောနဲ့ ဆန္ဒပြခဲ့ကြတာပါ။
 
ဒီလို အထင်ခံရတဲ့ ကိစ္စကိုတော့ သူက အဓိကထားပြီး ချေပပါတယ်။ သူ့အနေနဲ့ တဘက်ဘက်ကို ဘက်လိုက်စရာ လုံးဝ အကြောင်းမရှိဘူး ဆိုတာကို အခုလို အခိုင်အမာ ပြောသွားပါတယ်။
 
“ကျနော် ဒီတာဝန်ကို စတင် ထမ်းဆောင်တာ ၂၀၀၈ ခုနှစ်ကတည်းက
ဖြစ်ပါတယ်။ အဲဒီအချိန်ဟာ ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေး ဖြစ်ပြီးတော့
နောက်တနှစ် ဆိုတာကိုလည်း မမေ့သင့်ပါဘူး။ သံဃာတော်၊ သာမန်အရပ်သား၊ ဗုဒ္ဓဘာသာ မြန်မာတွေ အသတ်ခံခဲ့ရပြီးတဲ့ ကာလပါ။ အဲဒီ ၂၀၀၈ မှာ ရောက်လာတော့ ကျနော်ဟာ ဖိနှိပ်ခံနေရသူ အားလုံးအတွက် ခုခံကာကွယ်မှုတွေ စလုပ်ပါတယ်။ အဲဒီအချိန်ကစပြီး ဒီကနေ့အထိ ကျနော်ဟာ အဖိနှိပ်ခံ လူ့အသိုင်းအ၀ိုင်း အားလုံးအကျိုးအတွက် ဆောင်ရွက်ခဲ့တာပါ။ ဒါကြောင့်မို့လို့ မြန်မာပြည်သူတွေအနေနဲ့ ကျနော် ဘာတွေလုပ်ဆောင်ခဲ့တယ် ဆိုတာကို မှန်မှန်ကန်ကန် သုံးသပ်နိုင်ကြဖို့ ကျနော် မျှော်လင့်ပါတယ်။ ဒါဟာ မနှစ်တနှစ်ကမှ စပြီး လုပ်ခဲ့တာ မဟုတ်ပါဘူး။ ဒါဟာ ကျနော့်ရဲ့ ရပ်တည်ချက်ပါ။”
 
“နောက်တခုက ကျနော်ဟာ တောင်အမေရိကတိုက်သားပါ၊ အာဂျင်တီးနား နိုင်ငံသားပါ။ ကျနော်တို့ အာဂျင်တီးနားမှာ မူဆလင် အသိုင်းအ၀ိုင်းလည်း မရှိပါဘူး။ ဗုဒ္ဓဘာသာ အသိုင်းအ၀ိုင်းလည်း မရှိပါဘူး။ ဒါကြောင့် ကျနော့်အနေနဲ့ ဒီပြဿနာတွေမှာ တဘက်ဘက်ကို ဘက်လိုက် ဆောင်ရွက်စရာအကြောင်း လုံးဝ မရှိပါဘူး။ မြန်မာနိုင်ငံမှာ ဘာတွေ ဖြစ်ပျက်နေတယ်ဆိုတာ ကုလသမဂ္ဂ အဖွဲ့ဝင်တွေဖြစ်ကြတဲ့ နိုင်ငံတကာ အသိုင်းအ၀ိုင်း သိအောင် တင်ပြပေးဖို့သာ ဖြစ်ပါတယ်။ လူ့အသိုင်းအ၀ိုင်းတွေအားလုံး ခံစားနေရတဲ့ ဒုက္ခတွေကို အာရုံစိုက်ရပါတယ်။ ကျနော် ရန်ကုန်လေဆိပ်မှာ ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်ကို ကြည့်လို့ရှိရင် ခင်ဗျား တွေ့ပါလိမ့်မယ်။ ပြီးခဲ့တဲ့ အကြမ်းဖက်မှုတွေကြောင့် ရခိုင်လူ့အဖွဲ့အစည်း ဘယ်လိုတွေ ဒုက္ခရောက်ရတယ်၊ ဘယ်လို နစ်နာခဲ့ရတယ်၊ သူတို့အတွက် ဘယ်လိုမျိုး ဖွံ့ဖြိုးရေးတွေ လိုအပ်သလဲ၊ နောက် သယံဇာတ မျှဝေခံစားခွင့် ရသင့်တယ်ဆိုတာကို အလေးထား တင်ပြထားတာ တွေ့ရပါလိမ့်မယ်။”
 
“အလားတူစွာပဲ ပြီးခဲ့တဲ့ ၅ နှစ်လုံးလုံး ကျနော်ဟာ မြန်မာပြည်က လူ့အသိုင်းအ၀ိုင်းတွေ အားလုံးအတွက် ဒါမျိုးတွေ လုပ်ဆောင်ခဲ့တယ်ဆိုတာ ထပ်ပြီးတော့ ပြောလိုပါတယ်။ ကရင်ပြည်နယ်၊ ကချင်ပြည်နယ် အားလုံးပါ။ ဒီတကြိမ်မှာ ဆိုလို့ရှိရင် အရင် ကုလသမဂ္ဂရဲ့ ဘယ်အရာရှိကြီးကမှ မသွားခဲ့ဘူးတဲ့ ချင်းပြည်နယ်ကိုပါ ကျနော် ရောက်အောင် သွားခဲ့တာပါ။”
 
မစ္စတာ ကင်တားနားဟာ ဒီတခေါက် မြန်မာနိုင်ငံကို သွားရောက်ခဲ့တာ (၇) ကြိမ်မြောက် ခရီးစဉ် ဖြစ်ပါတယ်။ သူ့ရဲ့ နောက်ဆုံးခရီးစဉ်အဖြစ် လာမယ့် ဖေဖော်ဝါရီလမှာ မြန်မာနိုင်ငံကို ထပ်မံ သွားရောက်ဦးမှာလည်း
ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ သူ့အနေနဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူး သံတမန်အဖြစ် ထမ်းဆောင်တဲ့ ရာထူးသက်တမ်း ကုန်ဆုံးပြီ ဖြစ်တယ်လို့လည်း ပြောပါတယ်။

VOA Burmese

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေး အထူးသံတမန် Thomas Ojae Quintana
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် သောမတ်စ် အိုဟေး ကင်တားနား (Thomas Ojae Quintana) က မိတ္ထီလာမှာ အကြမ်းဖက် ကန့်ကွက်ခံခဲ့ရတာနဲ့ ပတ်သက်လို့ ကုလသမဂ္ဂ အနေ နဲ့ မြန်မာနိုင်ငံအစိုးရအပေါ် တစုံတရာ အရေးယူ ဆောင်ရွက်စရာ အကြောင်း မရှိဘူး လို့ ပြောလိုက်ပါတယ်။

ဦးနှောက်ကို အမြဲနုပျိုနေစေရန်

 
(၁) လှုပ်ရှားပါ
လေ့ကျင့်ခန်းလုပ်ခြင်း၊ကိုယ် လက်လှုပ်ရှားခြင်း ကြောင့် ဦးနှောက်ဆံခြည်မျှင်သွေးကြောဖွဲ့ စည်းမှု ကောင်းမွန်ပြီးသွေးအထောက်အပံ့၊ အာဟာရနှင့် အောက်ဆီဂျင်ပေါများစွာ ရရှိနိုင်သောကြောင့် ဦးနှောက် နဗ်ဆဲလ်များနုပျိုစေသည်။

ဆီးရီးယားကိုတိုက်ခိုက်ဖို့ အမေရိကန်နဲ့ဗြိတိန် အဆင်သင့်ဖြစ်

Russia and Western powers continue to disagree over a course of action following the alleged use of chemical weapons in Syria. (Credit: Reuters) 

ဆီးရီးယားနိုင်ငံက ​ပဋိပက္ခနဲ့ပတ်သက်ပြီး ​ပါဝင်တိုက်ခိုက်မှုပြုလုပ်ရမယ်ဆိုရင် ​အမေရိကန် ​ကာကွယ်ရေး ဌာနအနေနဲ့ ​သွားဖို့အသင့်ရှိနေတယ်လို့ ​အမေရိကန်နိုင်ငံကာကွယ်ရေးဌာနက ​ဆိုပါတယ်။
အမေရိကန်သမ္မတ ​Barack ​Obama ​ရဲ့ ​အမိန့်ပေးတဲ့အပေါ်မှာ ​လုပ်ဆောင်နိုင်ဖို့အတွက် ​အမေရိကန် စစ်တပ်က ​အသင့်ပြင်ထားပြီး ​ဖြစ်တယ်လို့ ​အမေရိကန်နိုင်ငံ ​ကာကွယ်ရေးဝန်ကြီး ​Chuck ​Hagel ​က ​ဘီဘီစီနဲ့ ​အင်တာဗျူးတခုမှာပြောသွားခဲ့ပါတယ်။

ပြည်တွင်း၌ ဖြစ်ပွားနေသော ပဋိပက္ခ ဖြစ်စဉ်များတွင် နောက်ကွယ်၌ လှုံ့ဆော်သူ အမျိုးမျိုး ရှိနေသည်ဟု ဒေသခံများနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ ပြောကြား

X-28-8
ကန့်ဘလူမြို့နယ်ရှိ ထန်းကုန်းကျေးရွာသို့ သက်ဆိုင်ရာ တာဝန်ရှိသူများ လာရောက်စစ်ဆေး နေသည်ကို သြဂုတ် ၂၅ ရက်က တွေ့ရစဉ်
မြန်မာနိုင်ငံအ၀န်း ဖြစ်ပွားနေသော ပဋိပက္ခ ဖြစ်စဉ်များမှာ ကနဦးတွင် သာမန်ဖြစ်ရိုးဖြစ်စဉ်နှင့် သာမန် မှုခင်း ဖြစ်စဉ်များ စတင်ဖြစ်ပွားရာမှ အစပြုဖြစ်ပွားခဲ့ပြီး အဆိုပါ ဖြစ်စဉ်များ၏ နောက်ကွယ်၌ လှုံ့ဆော်သူ အဖွဲ့အစည်း အမျိုးမျိုး ရှိနေကြောင်း သက်ဆိုင်ရာ တာဝန်ရှိသူများ ပြောကြားနေသော်လည်း ကျူးလွန်သူ များကို ဖမ်းမမိသေးကြောင်း သိရသည်။

ရန်ကုန်မြို့တွင်း ပြေးဆွဲမည့် အမြန်ဘတ်စ်ကား လိုင်းစနစ်တွင် ပုဂ္ဂလိက ယာဉ်လိုင်းကြီးနှစ်ခုမှ ၀င်ရောက်ပြေးဆွဲရန် တင်ပြလာပြီး လမ်းများ၊ မီးပွိုင့်စနစ်များ ပြုပြင်ရမည်ဖြစ်၍ မစတင်နိုင်သေး

T-28-8
ရန်ကုန်မြို့တွင် ပြေးဆွဲနေသည့် မော်တော်ယာဉ်လိုင်း အချို့ကို တွေ့ရစဉ်
ရန်ကုန်မြို့တွင်း အမြန်ဘတ်စ်ကားလိုင်း (BRT) စနစ်ကို ပြေးဆွဲရန် စီစဉ်နေရာ ယင်းစနစ်တွင် ၀င်ရောက်ပြေးဆွဲရန်အတွက် ပုဂ္ဂလိက ယာဉ်လိုင်းကြီးနှစ်ခုမှ တင်ပြလာပြီး အဆိုပါ စနစ်အတွက် လမ်းနှင့်မီးပွိုင့်စနစ်များ ပြုပြင်ရမည်ဖြစ်၍ မစတင်နိုင်သေးကြောင်း ရန်ကုန်တိုင်းဒေသကြီး လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးအောင်ခင်၏ ပြောကြားချက်အရ သိရသည်။

ဘူးသီးတောင် မြို့နယ်တွင် ရခိုင်တိုင်းရင်းသားများ၊ ဆရာများနှင့် လုံခြုံရေးတပ်ဖွဲ့များအား ခြိမ်းခြောက်သည့်စာများ ထွက်ပေါ်

N-28-8
ဘူးသီးတောင်မြို့နယ် ညောင်ချောင်းကျေးရွာ ဆိပ်ကမ်းတွင် တွေ့ရသော ရခိုင်တိုင်းရင်းသားများ ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်တွင် ရခိုင်တိုင်းရင်းသားများ၊ ဆရာများနှင့် လုံခြုံရေး တပ်ဖွဲ့များသို့ ခြိမ်းခြောက်သည့်စာများ ထွက်ပေါ်နေကြောင်း သတင်းရရှိသည်။

မြန်မာနိုင်ငံသည် လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခ ချောက်ကမ်းပါးတွင် ရောက်ရှိနေသည်ဟု လူ့အခွင့်အရေးဆိုင်ရာ အာဆီယံလွှတ်တော် အမတ်များအဖွဲ့က ထုတ်ပြန်

မြန်မာနိုင်ငံသည် လူမျိုးရေးဘာသာရေး ပဋိပက္ခ ချောက်ကမ်းပါးတွင် ရောက်ရှိနေပြီး တာဝန်ရှိသူများ အနေဖြင့် ကောင်းမွန်စွာ ထိန်းသိမ်းခြင်း မပြုပါက ဗုဒ္ဓဘာသာနှင့် မွတ်စလင် အသိုင်း အ၀ိုင်း နှစ်ခုတို့အကြား တင်းမာမှုများ ပိုမိုဖြစ်လာနိုင်လိမ့်မည်ဟု လူ့အခွင့်အရေးဆိုင်ရာ အာဆီယံ လွှတ်တော် အမတ်များအဖွဲ့ (APHR) က သြဂုတ် ၂၆ ရက်က ထုတ်ပြန်ကြေညာလိုက်သည်။

Tuesday, August 27, 2013

အိမ်ခြံမြေလုပ်ကိုင်သူများ ကားဈေးကွက်ဘက် ခြေဦးလှည့်လာနိုင်

Photo: အိမ်ခြံမြေလုပ်ကိုင်သူများ ကားဈေးကွက်ဘက် ခြေဦးလှည့်လာနိုင်
Tuesday, August 27, 2013

အစိုးရမှ ရန်ကုန်တိုင်းဒေသကြီးအတွင်း မြေဈေးကြီးမြင့်မှုအား ထိန်းချုပ်
တော့မည်ဆိုသောကြောင့် မြေဈေး ကစားသူများမှ ကားဈေးကွက်အတွင်း ပိုမိုရင်းနှီးလုပ်ကိုင်လာနိုင် ဖွယ်ရှိကြောင်း ကားတင်သွင်းရောင်း ချသူများက သုံးသပ်ပြောသည်။

ကားတင်သွင်းရောင်းချသူ ဦးမြတ်ဟိန်းက ''အိမ်၊ ခြံ၊ မြေဈေးကွက်မှာ
ဈေးကစားဖို့ အခက်တွေ့လာရင် သူတို့ကလက်လှမ်းမီရာ ဈေးကွက်ကို
ဝင်လာမှာပဲ။သူတို့အ တွက်အနီးစပ်ဆုံးက ကားဈေးကွက် ရှိနေတော့ ဒီဘက်ကိုပိုဝင်လာနိုင် တယ်''ဟုပြောသည်။

အိမ်၊ ခြံ၊ မြေဈေးကွက်အတွင်းမှ ဈေးကစားနေသူများသည် ကား ဈေးကွက်
အတွင်း ဝင်ရောက်လာရန် အရင်းအနှီးတတ်နိုင်ကြသူများ ဖြစ်ပြီး အဆိုပါဈေးကွက်နှစ်ခုမှာ လည်း အဆက်အစပ်ရှိနေခြင်း ကြောင့် ယင်းသို့မြေဈေးကစားသူ များမှ ကားဈေးကွက်အတွင်း ဝင် ရောက်
လာနိုင်ခြင်းဖြစ်ကြောင်း ကား တင်သွင်းရောင်းချသူများမှ ပြောခြင်းဖြစ်သည်။

သီရိမင်္ဂလာဈေးဟောင်း ယာဉ်ရောင်းဝယ်ရေးစခန်းမှ ဝါရင့်ကားဝယ်ရောင်း
ဦးအောင်ခိုင်က ''မြေဈေးကစားနေတဲ့သူတွေက အရင်းအနှီးတတ်နိုင်ကြ
တဲ့သူတွေ၊ ကားဈေးကွက်ထဲမှာ လာဝယ်တဲ့ သူတွေနဲ့စကားစပ်ရင်း မြေ
အရောင်းအဝယ်လုပ်ဖို့ အခွင်းအလမ်းရနိုင်တယ်၊ မြေအရောင်းအဝယ် လုပ်နေရင်းကလဲ ကားကိုချိတ် ဆက်နိုင်တယ်''ဟု ပြောသည်။

ထို့အပြင် မြေဈေးကစားသူ အချို့သည် ကားဈေးကွက်အတွင်း တွင်လည်း ရောက်ရှိနေပြီးဖြစ်ကာ ယင်းသို့လုပ်ကိုင်နေကြခြင်း
ဖြစ်ကြောင်းဆက်လက် ပြောသည်။

မြေဈေးကစားသူများမှ ယင်းသို့ ကားဈေးကွက်အတွင်း ဝင်ရောက်လုပ်
ကိုင်လာနိုင်သော်လည်း ကားဈေးကွက်ထူးခြားစွာ ပြောင်းလဲနိုင်ရန်
မရှိကြောင်း ကားအရောင်းပြခန်းမှ ဒါရိုက်တာ ဦးထိန်လင်းအောင်က
ပြောသည်။

ယင်းက ''မြေဈေးကစားတဲ့ သူတွေ ကားဈေးကွက်ဘက်လှည့် လာတယ်ဆိုရင်တောင် ကားဈေး ကွက်က ထူးထူးခြားခြားပြောင်းလဲ မှုရှိမှာမဟုတ်ဘူး၊ ကားတွေက အိမ်ခြံမြေလိုမျိုး ဈေးကစားလို့ရ တာမှမဟုတ်တာ၊ သူတို့ဝယ်ပြီး ရောင်းတာဘဲလုပ်လို့ရမယ်၊ ဈေး ကွက်ကတော့ ပြောင်းလဲသွားစရာ မရှိဘူး''ဟုပြောသည်။

မြေဈေးကစားသူများသည် အစိုးရမှ မြေဈေးကြီးမြင့်မှုအား ထိန်းချုပ်တော့
မည်ဆိုသည့် အ တွက် ဈေးကွက်အနေအထားအရ လက်လှမ်း
မီသော ဈေးကွက်အတွင်း ဝင်ရောက်လာကြမည်ဖြစ်သော ကြောင့် ကားဈေးကွက်အတွင်း ရောက်ရှိလာနိုင်မည်ဖြစ်ကြောင်း ကားတင်သွင်း
ရောင်းချသူများထံမှ သိရသည်။

Yangon Media Group 
အစိုးရမှ ရန်ကုန်တိုင်းဒေသကြီးအတွင်း မြေဈေးကြီးမြင့်မှုအား ထိန်းချုပ်တော့မည်ဆိုသောကြော င့် မြေဈေး ကစားသူများမှ ကားဈေးကွက်အတွင်း ပိုမိုရင်းနှီးလုပ်ကိုင်လာနိုင် ဖွယ်ရှိကြောင်း ကားတင် သွင်းရောင်း ချသူများက သုံးသပ်ပြောသည်။

ဗုဒ္ဓဂယာ လုံခြုံရေး အစိုးရ တိုက်ရိုက် ကွပ်ကဲ


ဗုဒ္ဓဘာသာဝင် ဘုရားဖူး ဧည့်သည်များ အများဆုံး သွားရောက်ကြည်ညိုရာ အိန္ဒိယနိုင်ငံ ဗုဒ္ဓဂယာတွင် ဇူလိုင်လအတွင်း ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီး နောက်ပိုင်း ဗုဒ္ဓဂယာ လုံခြုံရေးကို အိန္ဒိယနိုင်ငံ အစိုးရက တိုက်ရိုက် ကွပ်ကဲနေကြောင်း ဗုဒ္ဓဂယာ ဘုရားဖူး လုပ်ငန်း ကော်မတီ ဥက္ကဋ္ဌ ဦးမောင်မောင်အေး က ပြောကြားသည်။

ပဋိပက္ခ ဆက်တိုက် ဖြစ်ပွားနေမှု အသွင်ကူးပြောင်းရေး ထိခိုက်နိုင်ဟု အမေရိကန် ထုတ်ပြန်

မြန်မာနိုင်ငံ၌ ဘာသာရေးနှင့် လူမျိုးရေး ပဋိပက္ခများ ဆက်တိုက် ဖြစ်ပွားနေမှု သည် ပြုပြင်ပြောင်း လဲမှုများနှင့် ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်များကို အစဉ်တစ်စိုက် ဆောင် ရွက်နေသော မြန်မာနိုင်ငံအစိုးရအတွက်များစွာ ထိခိုက်နိုင်ပြီး အခက်အခဲများနှင့် စိုးရိမ်ဖွယ် အခြေအနေ များသို့ ဦးတည်သွားနိုင်ဖွယ်ရှိကြောင်း အမေရိကန် အစိုးရ၏ ဘာသာရေး လွတ်လပ်ခွင့် ဆိုင်ရာ အထူး ကော်မရှင်က ထုတ်ပြန် ကြေညာ လိုက်သည်။

ပုဒ်မ ၁၄၄ ထုတ်ပြန်ခြင်းကြောင့် ဒလတွင် ကောလာဟလများ ပျံ့နှံ့ဟုဆို

ဧရာဝတီ ရေတပ်စခန်း ဌာနချုပ်က လျော်ကြေးပေး သိမ်းယူထားသည့် ရန်ကုန် တစ်ဖက်ကမ်း ဒလမြို့နယ် ခနောင်ရွာမ (ကွင်း) နှင့် တုံးတင်ကန် (မြောက်ကွင်း) ရှိ လယ်မြေ ဧက ၅၀၀ ၏ ဧရိယာ ဝန်းကျင်တွင် ညမထွက်ရ အမိန့် (ပုဒ်မ ၁၄၄) ထုတ်ပြန်ထားခြင်းကြောင့် ဒလမြို့နယ် အတွင်းတွင် ကောလာဟလများ ထွက်ပေါ်နေကြောင်း ဒလမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူး ဦးထွန်းရင် က ပြောကြား သည်။

ဟိုင်းကြီးကျွန်းနားမှာ ဘင်္ဂါလီ ၃၂၇ ဦး ဖမ်းမိ




ဟိုင်းကြီးကျွန်းနားမှာ ဘင်္ဂါလီ ၃၂၇ ဦး ဖမ်းမိ
Tuesday, August 27, 2013

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင် ဟိုင်းကြီးကျွန်းအနီးမြို့နယ်ခွဲအတွင်း လိပ်ကျွန်းနဲ့ ငရုတ်ကောင်းမြို့နယ်ခွဲအနီး ပင်လယ်ပြင်အတွင်း နိုင်ငံဖြတ်ကျော် ၀င်ရောက်လာတဲ့ ဘင်္ဂါလီလူမျိုး (၃၂၇)ဦးကို အာဏာပိုင်တွေက တွေ့ရှိပြီး ဖမ်းဆီးစစ်ဆေး နေတယ်လို့ သိရပါတယ်။ 

ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့နယ်ခွဲ၊ နံသာပုကျေးရွာအုပ်စုအနီးရှိ ကုလားမချိုင် ပင်လယ်ရေပြင်ကို ကူးဖြတ်ပြီး ကမ်းစပ်ကို ရောက်ရှိလာတဲ့ ဘင်္ဂါလီလူမျိုး(၅၃)ဦးနဲ့  ဟိုင်းကြီးကျွန်းအနီး လိပ်ကျွန်းမှာ ဘင်္ဂါလီလူမျိုး (၂၇၄)ဦး တို့ကို ဒေသခံတွေရဲ့ သတင်းပေးပို့ချက်အရ ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

ပုသိမ်မြို့နယ် ရဲစခန်းက ရဲအရာရှိတစ်ဦး ပြောပြချက်အရ ဒီလူတွေဟာ မလေးရှားနဲ့ ထိုင်းကို ဦးတည်ပြီး စက်လှေနဲ့ ထွက်ခွာလာရင်း စက်လှေဝမ်းကွဲသွားပြီး မြန်မာနိုင်ငံထဲ ရောက်လာတာဖြစ်သလို တချို့ကလဲ မလေးရှား နိုင်ငံအသွား သင်္ဘောပေါ်က ကန်ချခံခဲ့ ရတာလို့ ဆိုပါတယ်။

ကျွန်းပေါ်ကို လူတွေ အများကြီးရောက်ရှိ လာတာကို ဒေသခံတွေက တိုင်ကြားခဲ့တာဖြစ်ပြီး၊ အာဏာပိုင်တွေက စက်လှေ ပြန်ပြင်ပြီ ပြန်လွှတ်မယ်လို့ ဒေသခံတစ်ဦးက ပြောပြပါတယ်။

ဘင်္ဂလားဒေ့နိုင်ငံကနေ အာဆီယံ ဒေသတွင်းနိုင်ငံတွေမှာ အလုပ်လုပ်လိုသူတွေ တင်ဆောင်လာသော စက်လှေနဲ့ သင်္ဘောတွေ ဟိုင်းကြီးကျွန်းဒေသမှာ ဖြတ်သန်း လေ့ရှိတဲ့အတွက် မကြာခဏဆိုသလို ဘင်္ဂါလီလူမျိုးတွေ ရောက်လာတာတွေ ရှိတယ်လို့ဆိုပါတယ်။

သြဂုတ်လလယ်ခန့်က ငရုတ်ကောင်းမြို့နယ်ခွဲကို ရောက်လာတဲ့ ဘင်္ဂါလီလူမျိုး(၅၃)ဦးမှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံ စစ်တကောင်းဒေသက (၃၆)ဦးနဲ့ မောင်တောမြို့နယ်၊ ရွက်ညိုတောင်က (၁၇)ဦး ဖြစ်တယ်လို့ သိရပါတယ်။

လူပေါင်း ၄၀၀ တင်ဆောင်တဲ့လှေတစီးကနေ  သူတို့ကိုချခဲ့ပြီး ဆက်လက် ထွက်ခွါသွါးတယ်ဆိုတဲ့ အကြောင်း မြစ်မခ သတင်းဌါနရဲ့ သတင်းပေး ပို့ချက်အရ သိရပါတယ်။

ABC Radio Australia

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းကလည်း တနင်္သာရီတိုင်း မြိတ်မြို့မှာ ရိုဟင်ဂျာတချို့ သောင်တင်ခဲ့ပါတယ်။ (Credit: ABC)
  ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းကလည်း တနင်္သာရီတိုင်း မြိတ်မြို့မှာ ရိုဟင်ဂျာတချို့ သောင်တင်ခဲ့ပါတယ်။ (Credit: ABC)
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင် ဟိုင်းကြီးကျွန်းအနီးမြို့နယ်ခွဲအတွင်း လိပ်ကျွန်းနဲ့ ငရုတ်ကောင်းမြို့ နယ် ခွဲအနီး ပင်လယ်ပြင်အတွင်း နိုင်ငံဖြတ်ကျော် ၀င်ရောက်လာတဲ့ ဘင်္ဂါလီလူမျိုး (၃၂၇)ဦးကို အာဏာပိုင်တွေက တွေ့ရှိပြီး ဖမ်းဆီးစစ်ဆေး နေတယ်လို့ သိရပါတယ်။

သံတွဲတွင် နိုင်ငံတော်ဘာသာနေ့ အခမ်းအနား လုံခြုံရေးတင်းကြပ်စွာဖြင့် ကျင်းပ

ရခိုင်ပြည်နယ်၊ သံတွဲမြို့တွင် သြဂုတ် ၂၆ ရက်တွင် ကျရောက်သည့် နိုင်ငံတော်ဘာသာနေ့ အခမ်း အနားကို လုံခြုံရေး တင်းကျပ်စွာ ကျင်းပခဲ့ရကြောင်း မြို့နယ် စည်းကမ်းထိန်းသိမ်းရေးနှင့် ကူညီစောင့်ရှောက်ရေး ရဟန်းတော်များအဖွဲ့၏ အတွင်းရေးမှူး ဆရာတော် အရှင်ကောသလ္လက မဇ္ဈိမကို မိန့်သည်။

ကျောက်မျက်အတု ရောနှောရောင်းချသူများကို အသင်းဝင်အဖြစ်မှ ထုတ်ပယ်မည်


 
ကျောက်မျက် ဈေးကွက်အတွင်း အတုများနှင့် ရောနှောရောင်းချသည်ဟု သတင်းများ ထွက်ပေါ်နေခြင်းကြောင့် မြန်မာနိုင်ငံ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်း အသင်းသား များ ကျောက်မျက်အတုများရောင်းချပါက အသင်းမှထုတ်ပယ်မည် ဖြစ်ကြောင်း ယင်းအသင်း အတွင်းရေးမှူး ဦးကျော်ဌေးက ပြောကြားသည်။

ထိုင်းရောက် မြန်မာအလုပ်သမားတို့အတွက် ယာယီနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးများ ထပ်မံ တိုးချဲ့မည်

ထိုင်းနိုင်ငံတွင် မြန်မာရွှေ့ပြောင်းအလုပ်သမားများအတွက် ယာယီနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံး ၁၁ ခုရှိနေရာ ထပ်မံတိုးချဲ့ဖွင့်လှစ်သွားရန် စီစဉ်လျက်ရှိနေပြီး စက်တင်ဘာ ၅ ရက်တွင် ထိုင်းနှင့် မြန်မာ အစိုးရတို့ ဆွေးနွေး ညှိနှိုင်းမှုများ ပြုလုပ်သွားမည်ဟု ထိုင်းနိုင်ငံ ဗန်ကောက် မြို့ မြန်မာ သံရုံးမှ သံမှူးကြီး ဦးမျိုးတင့်က ပြောသည်။

"ကန့်ဘလူမြို့နယ် အခြေအနေ တည်ငြိမ်စပြု"

 
အကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့တဲ့ စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် ထန်းကုန်းကျေးရွာရဲ့ အခြေနေတွေဟာ တည်ငြိမ်နေပြီလို့ ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့က ပြောပါတယ်။

အလယ်တန်းပြဆရာမ အလုပ်ထုတ်မှု တက္ကသိုလ်ဆရာ၊ ဆရာမများ ကန့်ကွက်

နေပြည်တော် ဇမ္ဗူသီရိမြို့နယ် အ.ထ.က (၅) ကျောင်းက အလယ်တန်းပြဆရာမ ဒေါ်စိုးစိုးခိုင်ကို ပညာရေးဝန်ကြီးဌာနက အလုပ်ထုတ်ခဲ့တာကို တက္ကသိုလ်ဆရာ၊ဆရာမများအသင်းက ဒီကနေ့ ကန့်ကွက် လိုက်ပါတယ်။

အမျိုးသားပညာရေးမူဝါဒ မူကြမ်းတွင် အကျဉ်းသားများ ပညာသင်ယူနိုင်ရန် ထည့်သွင်းရေးဆွဲ

“အမျိုးသားပညာရေး မူဝါဒမူကြမ်း” တွင် အကျဉ်းထောင်များတွင် ရောက်ရှိနေသည့် အကျဉ်းသားများ ပညာသင်ယူနိုင်ခွင့်ပြုရန် ထည့်သွင်း ရေးဆွဲထားသည်ဟု ပညာရေးစနစ် ပြုပြင်ပြောင်း လဲရေး နိုင်ငံလုံး ဆိုင်ရာကွန်ရက် (NNER) အဖွဲ့ဝင် ဒေါ်ဟောင်းစိုင်းက သြဂုတ် ၂၆ ရက်တွင် မဇ္ဈိမကို ပြောသည်။

ဆီးရီးယားတွင် ဓာတုလက်နက်စစ်ဆေးသည့်ကုလသမဂ္ဂအရာရှိများ စနိုက်ပါဖြင့်အပစ်ခံရ


ဆီးရီးယားနိုင်ငံတွင် ဖြစ်ပွားသည့် ဓာတုလက်နက်ဖြင့် တိုက်ခိုက်မှုကို စုံစမ်းစစ်ဆေးရန် ဒမတ် စကက်မြို့တော်သို့ ရောက်ရှိနေသော ကုလသမဂ္ဂစစ်ဆေးရေးမှူးများ၏ မော်တော်ယာဉ်တန်းမှာ စနိုက် ပါဖြင့် ချောင်းမြောင်း ပစ်ခတ် ခံခဲ့ရသည်။

လက်ရှိ ဖြစ်ပွားနေသည့် လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခ လှည့်ကွက်များ အတွင်းသို့ ပြည်သူများ ကျရောက်သွားပါက မြန်မာနိုင်ငံသည် သီရိလင်္ကာ နိုင်ငံကဲ့သို့ နှစ် ၃၀ ခန့် နာလန်မထူနိုင်အောင် ဖြစ်ပေါ်နိုင်

မြန်မာနိုင်ငံအတွင်း လက်ရှိ ဖြစ်ပွားနေသည့် ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခများ အတွင်း မြန်မာပြည်သူ များ ကျရောက်သွားပါက အဓိကရုဏ်းများ ဆက်လက်ဖြစ်ပေါ် နေ မည်ဖြစ်ပြီး နိုင်ငံရေးတွင် လူမျိုးရေး၊ ဘာသာရေး အသုံးချခဲ့သည့် သီရိလင်္ကာ နိုင်ငံကဲ့သို့ တိုင်းပြည် အစိတ်စိတ် အမြွာမြွာ ကွဲထွက်ကာ နိုင်ငံတိုးတက်ရေး ပျက်ပြားသည့် ဖြစ်ရပ်များနှင့် ကြုံတွေ့လာနိုင်ကြောင်း သီရိလင်္ကာ နိုင်ငံ တွင် ဖြစ်ပွားခဲ့သည့် လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခများ ငြိမ်းချမ်းမှု ရရှိရန် လုပ်ဆောင်ခဲ့သူ Mr. Ajan Pracha Hu-tanuwatr က ပြောကြားသည်။

သာမန် နိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူများ အတွက် အာဆီယံ နိုင်ငံများနှင့် အပြန်အလှန် ဗီဇာကင်းလွတ်ခွင့် သဘောတူညီချက်ကို လာမည့် ဘဏ္ဍာရေး နှစ်အတွင်း လက်မှတ်ရေးထိုးရန် ဆောင်ရွက်မည်

8.1.1
နိုင်ငံခြားရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးတင်ဦးလွင်က လွှတ်တော်၌ ဖြေကြားစဉ် (ဓာတ်ပုံ - ဝေယံဖြိုးဦး)
သာမန်နိုင်ငံ ကူးလက်မှတ်ကိုင်ဆောင်သူများအတွက် အာဆီယံနိုင်ငံများနှင့် အပြန်အလှန် ဗီဇာကင်း လွတ်ခွင့် သဘောတူညီချက်ကို လာမည့်ဘဏ္ဍာရေး နှစ်အတွင်း လက်မှတ်ရေး ထိုးရန် ဆောင်ရွက် မည်ဟု နိုင်ငံခြားရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးတင်ဦးလွင်က သြဂုတ် ၂၆ ရက်တွင် ပြု လုပ်သော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြောကြားသည်။

ကန့်ဘလူမြို့နယ် ထန်းကုန်းအကြမ်းဖက်မှု ဖြစ်စဉ်ကြောင့် ဒုက္ခသည် ၃၁၈ ဦး ရှိနေ

8.1.1
ကန့်ဘလူမြို့နယ် ထန်းကုန်းကျေးရွာတွင် မီးလောင်နေသော အဆောက်အအုံ တစ်ခုအား သြဂုတ် ၂၅ ရက် နံနက် ၁ နာရီခန့်က တွေ့ရစဉ်
ရွှေဘိုခရိုင် ကန့်ဘလူမြို့နယ် ထန်းကုန်းကျေးရွာတွင် သြဂုတ် ၂၄ ရက်က ဖြစ်ပွားခဲ့သော အကြမ်းဖက် မှုကြောင့် ဒုက္ခသည် ၃၁၈ ဦးခန့် ရှိပြီး တစ်နာရီ ၀န်းကျင်အတွင်း သတင်းပျံ့နှံ့ကာ အကြမ်းဖက်ခဲ့ခြင်း အပေါ် ဝေဖန်မှုများ ရှိနေကြောင်း သိရသည်။

မန္တလေးမြို့တွင် နေ့ခင်းအချိန် မြို့လယ်ကောင်၌ လုယက်မှုများနှင့် ညပိုင်းအုပ်စုဖွဲ့ ရမ်းကားမှု ဖြစ်စဉ်များသည် မူးယစ်ဆေးဝါး သုံးစွဲမှု မြင့်တက်လာခြင်း၏ နောက်ဆက်တွဲ ပြဿနာ တစ်ရပ်ဖြစ်ဟု မြို့ခံများသုံးသပ်

8.1.1
မန္တလေးမြို့ ဈေးချိုအနီး တစ်ဝိုက်အား သြဂုတ် ၁၉ ရက်နေ့က တွေ့ရစဉ်
မန္တလေးမြို့တွင် နေ့ခင်းအချိန် မြို့လယ်ကောင်၌ လုယက်မှုများနှင့် ညပိုင်းအုပ်စုဖွဲ့ ရမ်းကားမှု ဖြစ်စဉ် များသည် မူးယစ်ဆေးဝါး သုံးစွဲမှုမြင့်တက် လာခြင်း၏ နောက်ဆက်တွဲ ပြဿနာ တစ်ရပ် ဖြစ်ကြောင်း မြို့ခံများက သုံးသပ်ပြောကြားသည်။

အကြမ်းဖက် သမားများက နိုင်ငံခြား ခရီးသွားများအား ဦးတည်တိုက်ခိုက်မှု မဖြစ်စေရန် လုံခြုံရေးတိုးမြှင့်

8.1.1
ယခုနှစ် မေလအတွင်းက  အင်းလေးကန်သို့ လာရောက် လည်ပတ်ကြသော နိုင်ငံခြား ခရီးသွား ဧည့်သည် များကို တွေ့ရစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)
မြန်မာနိုင်ငံအတွင်း နိုင်ငံခြား ခရီးသွား ဧည့်သည်များအား အကြမ်းဖက် သမားများက ဦးတည်တိုက်ခိုက်မှု မပြုလုပ်စေရန် လုံခြုံရေးကို တိုးမြှင့်ဆောင်ရွက် လျက်ရှိနေကြောင်း နိုင်ငံခြား ခရီးသွားဧည့်သည် အများ ဆုံး ၀င်ရောက်သည့် ဒေသအချို့နှင့် နိုင်ငံခြား ခရီးသွား ဧည့်သည် စောင့်ရှောက်ရေး ရဲတပ်ဖွဲ့မှူးရုံးမှ စုံစမ်း သိရသည်။

ကန့်ဘလူမြို့နယ်တွင် ဖြစ်ပွားခဲ့သော အကြမ်းဖက် ဖြစ်စဉ်၏ နောက်ကွယ်၌ လှုံ့ဆော်ဖန်တီးသူ ရှိသည်ဟု ဒေသခံများဆို

8.1.1
ကန့်ဘလူမြို့နယ် ထန်းကုန်းကျေးရွာတွင် မီးရှို့မှုများ ဖြစ်ပွားခဲ့ပြီးနောက် မီးသတ်တပ်ဖွဲ့ဝင်များက မီးငြှိမ်းသတ် နေသည်ကို သြဂုတ် ၂၅ ရက်က တွေ့ရစဉ်
စစ်ကိုင်းတိုင်း ဒေသကြီး ကန့်ဘလူမြို့နယ်တွင် ဖြစ်ပွားခဲ့သော အကြမ်းဖက် ဖျက်ဆီးမှု ဖြစ်စဉ် ကို နောက် ကွယ်၌ ကြိုးကိုင်လှုံ့ဆော် ဖန်တီးသူ ရှိသည်ဟု ဒေသခံများက ပြောကြားခဲ့သည်။

သွေးလွန်တုပ်ကွေးကြောင့် ဆေးရုံတက်ရောက် ကုသသူများအနက် နိုင်ငံခြားသား ခရီးသွားများလည်း ပါဝင်လာပြီး တစ်နိုင်ငံလုံးအနှံ့ ဖြစ်ပွားနှုန်း မြင့်တက်နေ

8.1.1
ရန်ကုန်အထွေထွေ ရောဂါကု ဆေးရုံကြီးတွင် တက်ရောက်ကုသနေသည့် လူနာများအား သြဂုတ် ၂၄ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-အိသဉ္ဇာကျော်)
သွေးလွန်တုပ်ကွေး ရောဂါကြောင့် ဆေးရုံတက်ရောက် ကုသရသူများအနက် နိုင်ငံခြားသား ခရီးသည်များ လည်း ပါဝင်လာပြီး ယခုနှစ်မိုးရာသီ ကာလအတွင်း တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဖြစ် ပွားနှုန်း မြင့်တက်နေကြောင်း ရန်ကုန်အထွေထွေ ရောဂါကု ဆေးရုံသစ်ကြီးမှ ဆေးရုံ အုပ်ကြီး ဒေါက်တာ မြသောင်း၏ ပြောကြားချက်အရ သိရသည်။