မေလတွင်စတင်မည့် ဒေသအလိုက် သယံဇာတဆိုင်ရာ လုပ်ငန်းစီမံချက်များတွင် ငွေကြေးနှင့် နည်း ပညာပိုင်းကို ဆွီဒင်နိုင်ငံ ငြိမ်းချမ်းရေးနှင့် စေ့စပ်ညှိနှိုင်းရေးအဖွဲ့ (Swedish Peace and Arbitration Society – SPAS)မှ ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း အဆိုပါအဖွဲ့နှင့် တွေ့ဆုံ ဆွေးနွေးရာတွင် ပါဝင်ခဲ့သူ အထက်ချင်းတွင်းလူငယ်ကွန်ရက်မှ ဦးကျော်သက်ဝင်းက မဇ္ဈိမကို ပြောသည်။
Thursday, February 13, 2014
KIO/A မှ တအာင်းဒေသခံများအပေါ် တပ်သားသစ်များစုဆောင်းခြင်းနှင့် ဆပ်ကြေးများ ဆက်လက်ကောက်ခံနေ

၂၀၁၄ခုနှစ်၊ဖေဖော်ဝါရီလ ၄ရက်နေ့၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင် ၊ ကွတ်ခိုင်မြို့နယ် အခြေစိုက် KIO/A စစ်တပ် မန်လွယ်တိုက်နယ် ဦးဘရမ်း တောင် မှ ဖတ်ရိုင်း-ပြိန်းဟွယ်အုပ်စု နမ့်ခုမ် ၊ မာန်မောဝ် ၊ ပြိန်းဟွယ်၊ မန်အောင်စုစည်း ၊ ပန်းဆေး ၊ ပန်ကူအုပ်စု ၊ နောင်ခွန် ကျေးရွာများသို့ ၀င်ရောက်ကာ ကျေးရွာကြီးရင် ကြီးသလို တပ်သားသစ် ၅ဦးမှ ၁၀ဦးအထိ ကောက်ခံသည့်အပြင် ဆန်၊ဆားပါကောက်ခံနေကြောင်းသိရသည်။
ငြိမ်းချမ်းရေးဖော်ဆောင်ဒေသများတွင် လူ့အခွင့်အရေးချိုးဖောက်မှုများ နေ့စဉ်ဖြစ်နေဆဲဟု ND-Burma အစီရင်ခံစာ ဖော်ပြ
သမ္မတဦးသိန်းစိန်အစိုးရလက်ထက် တစ်နိုင်ငံလုံးအပစ်ခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးရရှိရန် ဆောင်ရွက် နေသော်လည်း တိုင်းရင်းသားဒေသများတွင် လူ့အခွင့်အရေးချိုးဖောက်မှုများသည် နေ့စဉ်ဖြစ်နေဆဲဟု လူ့အခွင့်ရေးမှတ်တမ်းကွန်ရက် ND-Burma အစီရင်ခံစာတွင် ထည့်သွင်းဖော်ပြထားသည်။
ချစ်သူများနေ့အမှတ်တရ အရောင်းဆိုင်ဖွင့်တဲ့ဓလေ့ မန်းလူငယ်တွေကြား အထူးရေပန်းစားလာ
![]() |
| မန္တလေးမြို့က အမှတ်တရပစ္စည်းဆိုင် တစ်ဆိုင်မှာ ပစ္စည်းတွေ ခင်းကျင်းနေတဲ့ လူငယ်တစ်ဦး။ စည်သူလွင်/မြန်မာတိုင်း(မ်) |
ဖုန်ထူနေပူပြီး ဆိုင်ကယ်သံတွေ ဆူညံနေတဲ့ မန္တလေးမြို့မှာ ဇန်န၀ါရီလ နောက်ဆုံး သီတင်း ပတ် လောက် က စပြီး ၇၃ လမ်းမပေါ် အပါအ၀င် မြို့တွင်းလမ်းဘေးဝဲယာ တစ်လျှောက်မှာ ချစ်သူများနေ့အတွက် လက်ဆောင်ပစ္စည်းရောင်းတဲ့ ယာယီဆိုင်တွေနဲ့ စည်ကားနေပါပြီ။
ကင်တားနား မြန်မာပြည်နောက်ဆုံးခရီး မျှတမှုရှိရန်မျှော်မှန်း
မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ်
သောမတ်စ်အိုဟေးကင်တားနား၏ တိုက်တွန်းချက် အစီရင်ခံစာများတွင်
မြန်မာအစိုးရဘက်က လက်မခံနိုင်သည့်အချက်များ ရှိနေ သဖြင့် ဖေ ဖော်ဝါရီ ၁၄
ရက်မှ ၁၉ ရက်အထိ လာရောက်မည့် ကင်တားနား၏ မြန် မာနိုင်ငံ
နောက် ဆုံးခရီးစဉ်တွင် တကယ့် ပြည်တွင်းအခြေအနေ၊ လက်တွေ့ဖြစ်ရပ်များပေါ်
အခြေခံသည့် သုံးသပ်ချက်များ၊ ရှုမြင်ချက် များဖြစ်လာရန် မျှော်လင့်သည်ဟု
သမ္မတရုံးမှ အကြီးတန်းအရာရှိတစ်ဦးက မဇ္ဈိမကို ပြောသည်။
လူမျိုးစု ၁၃၅ မျိုးတွင် မပါသူများ တိုင်းရင်းသားဖြစ်ခွင့် ရှိ၊ မရှိကို သန်းခေါင်စာရင်းကောက်ပြီးနောက် လွှတ်တော်တွင် ဆုံးဖြတ်မည်
မတ်လ ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ရာတွင် ပြည်သူများအနေဖြင့် ကြိုက်နှစ်သက်ရာ လူမျိုး စုအမည်များကို ထည့်သွင်းခွင့်ရှိသည်ဟု သတ်မှတ်ထားသော်လည်း ၎င်းတို့ တိုင်းရင်းသားဖြစ်ခွင့် ရှိခြင်း မရှိခြင်းကို သန်းခေါင်စာရင်းကောက်ပြီးမှ လွှတ်တော်တွင် အတည်ပြု ဆုံးဖြတ်သွားမည်ဟု အစိုးရအဖွဲ့ က ပြောဆိုလိုက်ကြောင်းကို စစ်ကိုင်းတိုင်း ချင်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးနိုထန်ကပ်က မဇ္ဈိမကို ပြောသည်။
နားအိုကြီးအနီး ပရန်တိုင်းမှော်ကြားတွင် အစိုးရတပ်များနယ်မြေလုံခြုံရေး လုပ်ဆောင်စဉ် KIA နဲ့တိုက်ပွဲဖြစ်ရာ KIA ဘက်မှ အများအပြားကျဆုံး

ဗန်းမော်ခရိုင် မန်စီမြို့နယ် နားအိုကြီး အနီး ပရန်တိုင်းမှော်ကြား ဖေဖ၀ါရီလ ၇ ရက်နေ့တွင် အစိုးရတပ်နှင့် KIA တပ်ရင်း ၁၂ တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ KIA ဘက်မှ အရာရှိ ၂ ဦး ကျဆုံးသည့်အပြင် အများအပြားဒဏ်ရာရခဲ့ကြောင်း သိရှိရသည်။
ကိုရီးယား ဇတ်လမ်းတွေက သူတို့ယဉ်ကျေးမှု ထုံးစံကို ထည့်ရိုက်တယ် သင်ဇာဝင့်ကျော်

ကိုရီးယား ဇတ်လမ်းတွေက သူတို့ယဉ်ကျေးမှု ထုံးစံကို ထည့်ရိုက်တယ် သင်ဇာဝင့်ကျော် သင်ဇာ ကိုရီးယားဇာတ်ကား ကိုကြည့်ဖြစ် ပါတယ်။ သူက series တွေလေ။ series ဆိုတော့ တစ်ပိုင်း ပြီးခါနီးတိုင်း နောက်တစ်ပိုင်းကြည့် ချင်အောင် စိတ်ဝင်စား စရာကောင်း အောင် ထည့်ထားကြတယ်။ အဲဒါ ကြောင့် နောက်တစ်ပိုင်းကို လူတွေ က ကြည့်ချင် လာတယ်။ သင်ဇာတို့ မြန်မာ ဗီဒီယိုကကြည့်ပြီး ပြီးသွား တယ်။ ဘယ်နေရာမှာ ဘာဖြစ်မလဲ ဆိုတာ ကြိုပြီးခန့်မှန်း လို့ရတဲ့ ထဲမှာ ပါတယ်။
ကျွဲတိုက်မိပြီး တိမ်းမှောက်နေသော ပရိုဘောက်ယာဉ်အား ဆူဇူကီးဝက်စ်ဂွန်းယာဉ်မှ ထပ်မံဝင်တိုက်

၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၉ ရက်နေ့ ည ၁၁ နာရီ ၄၀ မိနစ်အချိန် ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ်(၆၇/၁-၂)ကြားတွင် ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ အုတ်ရှစ်ကုန်းအမြန်လမ်းရဲစခန်းမှတပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးခဲ့သည်။ စစ်ဆေးချက်အရ မန္တလေးမှရန်ကုန်သို့ ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ်နေ ထွန်းထွန်းမင်း(၂၈)နှစ် မောင်းနှင် လာသည့် BB/xxxx ပရိုဘောက်အဖြူရောင်ယာဉ်သည် လမ်းဖြတ်ကူးသော ကျွဲအားရှောင်တိမ်းရာမှ အရှိန် မထိန်းနိုင်ဘဲ ပွတ်တိုက်၍ သစ်ပင်အားတိုက်မိကာ ရပ်တန့်သွားခဲ့သည်။
သန်းခေါင်စာရင်း ကောက်ယူခံရရေးအတွက် ပြည်ပရောက် မြန်မာနိုင်ငံသားများ ပြည်တွင်းသို့ ပြန်လည်ဝင်ရောက်နေ

ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူခံရရေးအတွက် ပြည်ပရောက် မြန်မာနိုင်ငံသားများ ပြန်လည် ၀င်ရောက်မှုများ ပြုလုပ်နေကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာနမှ သိရ သည်။
ဒေသခံ ရှမ်းနှင့်ပလောင်လူငယ်များကို မူးယစ်ဆေးဝါးနှင့်ငွေ အမြောက်အမြားပေးကာ KIA မှ လူသစ် စုဆောင်း ခိုင်းစေ

ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့နယ်အတွင်းရှိ ဒေသခံရှမ်းနှင့်ပလောင်လူငယ်များကို မူးယစ်ဆေးဝါးနှင့်ငွေ အမြောက် အမြားပေးကာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)အဖွဲ့မှ လူသစ်စုဆောင်း ခိုင်းစေမှုများကို ဖေဖော်ဝါရီ ၁ ရက်နေ့မှစ၍ ပြုလုပ်လာကြောင်း ယင်းဒေသခံများထံမှ သိရသည်။
ဘဏ်တိုက် ဓါးပြတိုက်တဲ့နေ့မှာ ဖွဲ့စည်းထားတဲ့ KIA

ကချင်ပြည်နယ် လဂျားယန်အနီး ဂျာအင်ယန်ရွာအနောက်ဘက် ၂ မိုင်ခန့်အကွာမှာ ဖေဖော်ဝါရီ ၁၀ ရက်နေ့ ညနေပိုင်းတွင် အစိုးရ စစ်တပ်နှင့် သစ်ပုံစောင့် KIA တို့ တိုက်ပွဲဖြစ်ပွားခဲ့ တယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံ စာနယ်ဇင်း လွတ်လပ်ခွင့် အခြေအနေ တိုးတက်

မြန်မာနိုင်ငံရဲ့ စာနယ်ဇင်း လွတ်လပ်ခွင့်ဟာ ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ်မှာ အဆင့် ၁၅၁ ရှိရာကနေ ဒီနှစ် အဆင့် ၁၄၅ ဖြစ်လာကြောင်း နယ်စည်းမခြား သတင်းထောက်များအဖွဲ့က ၂၀၁၄ ခုနှစ်အတွက်ထုတ်ပြန်တဲ့ ကမ္ဘာ့နိုင်ငံတွေရဲ့ စာနယ်ဇင်း လွတ်လပ်ခွင့်စာရင်းအရ သိရပါတယ်။
2014 AFC Challenge Cup ပြိုင်ပွဲ အုပ်စုမဲခွဲခဲ့ရာ မြန်မာအသင်း အုပ်စု(က)တွင် အိမ်ရှင် မော်လ်ဒိုက်၊ ပါလက်စတိုင်း၊ ကာဂျစ္စတန်တို့နှင့်အတူ ကျရောက်
![]() |
2014 AFC Challenge Cup ခြေစစ်ပွဲတွင် မြန်မာအသင်းနှင့် အိန္ဒိယအသင်းတို့
ယှဉ်ပြိုင်နေစဉ် (ဓာတ်ပုံ- ညီညီစိုးညွန့်)
|
အာရှဘောလုံးအဖွဲ့ချုပ် (AFC) သည် 2014 AFC Challenge Cup ပြိုင်ပွဲ၏ နောက်ဆုံးအဆင့် အုပ်စုပွဲစဉ် များ မဲနှိုက်ရေးဆွဲခြင်းအခမ်းအနားကို ဖေဖော်ဝါရီ ၁၂ ရက်က မော်လ်ဒိုက်နိုင်ငံရှိ Paradise Island Resort တွင် ကျင်းပခဲ့ကြောင်း သိရသည်။ အုပ်စု မဲနှိုက်ရေးဆွဲမှုအရ မြန်မာအသင်းမှာ အုပ်စု (က)တွင် အိမ်ရှင် မော်လ်ဒိုက်၊ ကာဂျစ္စတန်၊ ပါလက်စတိုင်းတို့နှင့်အတူ တစ်အုပ်စုတည်း ကျရောက်ခဲ့ကြောင်း သိရသည်။
KIA ထောင်ထားသော မိုင်းတစ်လုံး နင်းမိပေါက်ကွဲရာမှ ဒေသခံရှမ်းလူမျိုးတစ်ဦး ပြင်းထန်းစွာ ဒဏ်ရာရရှိ
![]() |
ဓါတ်ပုံ - KIA အသုံးပြုနေသော မိုင်းများ
|
ကချင်ပြည်နယ် တနိုင်းမြို့နယ် အင်ဂါးဂါးစခန်းနှင့် ပယင်းမှော်သွားလမ်းဘေးရှိ ဝေလော်ကျေးရွာအနီးတွင် ယမန်နေ့မနက် ၈ နာရီခန့်က ဒေသခံရှမ်းလူမျိုးတစ်ဦး KIA အဖွဲ့ထောင်ထားသော မိုင်းတစ်လုံးအား နင်းမိ ပေါက်ကွဲရာ ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ယင်းဒေသခံအချို့ထံမှ သိရသည်။
ဗိုလ်တထောင်၊ မြောက်ဥက္ကလာပ၊ ဒဂုံမြို့သစ်နှင့် ကမာရွတ်မြို့နယ်တို့တွင် တန်ဖိုးမျှတအိမ်ရာ၊ မြို့ပြအိမ်ရာစီမံကိန်းနှင့် အဆင့်မြင့် ယာဉ်ရပ်နားစခန်းများကို ပြည်တွင်းပြည်ပ ကုမ္ပဏီများနှင့် အကျိုးတူလုပ်မည်
![]() |
ရန်ကုန်မြို့တော်အတွင်းရှိ တိုက်တာအဆောက်အအုံများအား တွေ့ရစဉ်
(ဓာတ်ပုံ-အောင်မျိုးသန့်)
|
ရန်ကုန်မြို့ရှိ ဗိုလ်တထောင်၊ ကြည့်မြင်တိုင်၊ မြောက်ဥက္ကလာပ၊ ဒဂုံမြို့သစ်နှင့် ကမာရွတ်မြို့နယ်တို့တွင် တန်ဖိုးမျှတအိမ်ရာ စီမံကိန်း၊ မြို့ပြအိမ်ရာ စီမံကိန်းနှင့် အဆင့်မြင့် ယာဉ်ရပ်နားစခန်း စီမံကိန်းများကို ပြည်တွင်းပြည်ပ ကုမ္ပဏီများနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်မည်ဖြစ်ပြီး ယင်းသို့ဆောင်ရွက်ရန် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက တင်ဒါများ စတင်ခေါ်ယူထားကြောင်း သိရသည်။
“၀” တပ်သား ၃၀ ဦးအား ရဟတ်ယာဉ်မောင်းသင်တန်းတက်ရန် တရုတ်နိုင်ငံသို့ စေလွှတ်မည်ဆိုသောသတင်း UWSA ငြင်းဆို
![]() |
၂၀၁၂ ခုနှစ် ဧပြီ ၁၇ ရက်က ပြုလုပ်သည့် “၀” သွေးစည်းညီညွတ်ရေးပါတီ တည်ထောင်မှု
၂၃ နှစ်ပြည့် အခမ်းအနား၌ စစ်ရေးပြနေသော “၀” တပ်ဖွဲ့ဝင်များ
|
“ဝ” တပ်သား ၃ဝ ဦးအား တရုတ်နိုင်ငံသို့ စေလွှတ်၍ ရဟတ်ယာဉ်မောင်းသင်တန်းတက်ရန် စေလွှတ်မည့် သတင်းမမှန်ကြောင်း “ဝ” သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ၏ ပြောရေးဆိုခွင့်ရှိသူ ဦး အောင်မြင့် က ဖေဖော်ဝါရီ ၁၂ ရက်တွင် ငြင်းဆိုခဲ့သည်။
အစိုးရအနေဖြင့် ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး မြှင့်တင်ရန်အတွက် ကြိုးပမ်းမှုအားလုံးကို ထောက်ခံသွားမည်ဟု ပြည်ထောင်စုနေ့ အခမ်းအနားသို့ပေးပို့သော သ၀ဏ်လွှာတွင် သမ္မတဦးသိန်းစိန်ပြောကြား
![]() |
ဖေဖော်ဝါရီ ၁၂ ရက်က ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့သည့် (၆၇)နှစ်မြောက် ပြည်ထောင်စုနေ့
အခမ်းအနားကို တွေ့ရစဉ်
|
နိုင်ငံတော်အစိုးရအနေဖြင့် ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး မြှင့်တင်သွားရန်အတွက် ကြိုးပမ်းမှုအားလုံးကို အင်တိုက်အားတိုက် ထောက်ခံသွားမည်ဟု နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်တွင် ကျရောက်သည့် (၆၇)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားသို့ ပေးပို့သော ၎င်း၏သ၀ဏ်လွှာတွင် ထည့်သွင်းပြောကြားသည်။
ငွေကြေးခ၀ါချမှု တိုက်ဖျက်ရေး ဥပဒေကြမ်းအား ပြည်သူ့လွှတ်တော်၏ အတည်ပြုချက်အတိုင်း အမျိုးသားလွှတ်တော် အတည်ပြု
ငွေကြေးခ၀ါချမှု တိုက်ဖျက်ရေး ဥပဒေကြမ်းအား ပြည်သူ့လွှတ်တော်၏ အတည်ပြုချက်အတိုင်း အမျိုးသား လွှတ်တော်က အတည်ပြုခဲ့သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး အခြေခံမပါဘဲ နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ အသက်မ၀င်နိုင်ဟု ပြည်ထောင်စုနေ့တွင် NLD ထုတ်ပြန်
![]() |
ဖေဖော်ဝါရီ ၁၂ ရက်က နေပြည်တော်၌ပြုလုပ်သော (၆၇)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားတွင် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း
တက်ရောက်၍ နိုင်ငံတော်အလံအား အလေးပြုစဉ်
|
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး အခြေခံမပါဘဲ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးမှ သည် ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးပွဲများ အသက်မ၀င်နိုင်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)က ထုတ်ပြန်ခဲ့သည်။
အမျိုးသားစီမံကိန်း ဥပဒေကြမ်းတွင် စီမံကိန်းချထားမှုများအား လွှတ်တော်ကိုယ်စားလှယ်များ ကြည့်နိုင်သလောက် အလွဲများတွေ့နိုင်ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းသန်းပြောကြား
အမျိုးသားစီမံကိန်း ဥပဒေကြမ်းတွင် ၀န်ကြီးဌာနများ၏ စီမံကိန်းလျာထားမှုများကို လွှတ်တော် ကိုယ်စား လှယ်များကြည့်ရင် ကြည့်နိုင်သလောက် အလွဲများ ထပ်မံတွေ့နိုင်ကြောင်း သာပေါင်းမဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းသန်းက ပြောကြားသည်။
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာကင်တားနား ဖေဖော်ဝါရီ ၁၄ ရက်တွင် မြန်မာနိုင်ငံသို့ လာရောက်မည်
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာသောမတ်စ်ကင်တားနားသည် ပြဿနာ များနှင့် ကြုံတွေ့နေရသည့် ရခိုင်ပြည်နယ်တွင် အစိုးရက လူ့အခွင့်အရေးဆိုင်ရာ ဆောင်ရွက်မှုများ အခြေ အနေ တိုးတက်မှုရှိမရှိ ဆန်းစစ်နိုင်ရန်အတွက် မြန်မာနိုင်ငံသို့ ဖေဖော်ဝါရီ ၁၄ ရက်တွင် လာရောက် မည်ဖြစ် သည်ဟု Channel News သတင်းမီဒီယာ၏ ဖော်ပြထားချက်အရ သိရသည်။
ပြည်ထောင်စုအား စတင်ဖွဲ့စည်းစဉ်က သဘောတူချမှတ်ခဲ့သည့် ပြည်ထောင်စုပုံစံမျိုး ဖွဲ့စည်းထူထောင်နိုင်ခြင်း မရှိသေး၍ ဆက်လက်ကြိုးစားရဦးမည်ဟု UNA ထုတ်ပြန်
ပြည်ထောင်စုအား စတင်ဖွဲ့စည်းစဉ်က သဘောတူချမှတ်ခဲ့သည့် ပြည်ထောင်စုပုံစံမျိုး ဖွဲ့စည်း ထူထောင်နိုင်ခြင်း မရှိသေးသည့်အတွက် ဆက်လက်ကြိုးစားရဦးမည်ဟု စည်းလုံးညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ်အဖွဲ့ (UNA)က ဖေဖော်ဝါရီ ၁၂ ရက်တွင် ကျရောက်သည့် (၆၇)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားသည်။
မြန်မာ့စာနယ်ဇင်း လွတ်လပ်ခွင့် တိုးတက်မှု ယခင်နှစ်ကထက် တုံ့နှေးသွားဟု နယ်စည်းမခြား သတင်းထောက်များအဖွဲ့၏ World Press Freedom Index 2014 အစီရင်ခံစာတွင်ဖော်ပြ
၂ဝ၁၄ ခုနှစ်အတွက် World Press Freedom Index ကို နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (Reporters Without Borders-RSF) က ဖေဖော်ဝါရီ ၁၁ ရက်တွင် ထုတ်ပြန်ခဲ့ရာ မြန်မာနိုင်ငံသည် ကမ္ဘာ့နိုင်ငံပေါင်း ၁၈ဝ အနက် အဆင့် ၁၄၅ ရှိခဲ့သော်လည်း ၂ဝ၁၃ ခုနှစ်နှင့် နှိုင်းယှဉ်ပါက တိုးတက်မှုနှုန်း တုံ့နှေးသွားကြောင်း သိရသည်။
ABSDF တာဝန်ရှိသူများ အနေဖြင့် စွပ်စွဲခံခဲ့ရသူများနှင့် စစ်ကြောရေး လုပ်ခဲ့သူများအား တွေ့ဆုံဖြေရှင်းနိုင်သည့်ပုံစံမျိုး ဖန်တီးပေးရန် မြောက်ပိုင်းပြန်များတောင်းဆို
၁၉၉၂ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်က ထောက်လှမ်းရေးများဟု စွပ်စွဲကာ သတ်ဖြတ်ခံခဲ့ရသည့် ကျောင်းသားလူငယ်များအတွက် အမှတ်တရပွဲကို ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်၊ သုမင်္ဂလာ လမ်းမပေါ်ရှိ ကျိုက္ကဆံ-ဓမ္မပီယကျောင်းတိုက်တွင် ဖေဖော်ဝါရီ ၁၂ ရက် နံနက် ၉ နာရီမှ စတင်ကျင်းပခဲ့ရာ ထိုပွဲသို့ တက်ရောက်လာသော မြောက်ပိုင်းပြန်ကျောင်းသားများက ABSDF မှ ဖွဲ့စည်းထားသည့် အမှန်တရားပေါ်ပေါက်ရေး ကော်မတီအနေနှင့် ကျောင်းသားများအား ထောက်လှမ်းရေးဟုစွပ်စွဲကာ သတ်ဖြတ်ခဲ့သည့် တာဝန်ရှိသူများနှင့် စွပ်စွဲနှိပ်စက် ခံခဲ့ရသူများအား တွေ့ဆုံဖြေရှင်းနိုင်စေရန် စီစဉ်ပေးဖို့ တောင်းဆိုလိုက်ကြောင်း သတင်းရရှိသည်။
လျှို့ဝှက်လက်နက်စက်ရုံ ဆောင်းပါးကိစ္စနှင့် ပတ်သက်ပြီး ယူနတီဂျာနယ်မှ ယာဉ်မောင်းကို ခေါ်ယူစစ်ဆေးမေးမြန်း
လျှို့ဝှက်လက်နက်စက်ရုံ ဆောင်းပါးကိစ္စနှင့် ပတ်သက်ပြီး ယူနတီဂျာနယ်မှ ယာဉ်မောင်းဦးမျိုးကိုအား သက် ဆိုင်ရာက ဖေဖော်ဝါရီ ၁၂ ရက် နံနက် ၉ နာရီ မိနစ် ၃၀ ခန့်က ခေါ်ဆောင်သွားခဲ့ကြောင်း ယူနတီ ဂျာနယ် အမှုဆောင်အရာရှိချုပ် ဦးတင်ဆန်း၏ ပြောရေးဆိုခွင့်ရှိသူ ကိုသီဟအောင်က ပြောကြားသည်။
ခင်ဦးမြို့တွင် တရားစီရင်ရေး မမျှတမှုများနှင့် အုပ်ချုပ်ရေး တာဝန်ရှိသူများကို ဒေသခံပြည်သူများ ထပ်မံဆန္ဒပြ
ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်တွင် ငွေကြေးနှင့် အာဏာ အလွဲသုံးစားမှုများကြောင့် အုပ်ချုပ်ရေးပိုင်း တာဝန် ရှိသူများကို ဒေသခံ ၁၅၀ ခန့်က ဖေဖော်ဝါရီ ၁၁၊ ၁၂ ရက်များက ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း သတင်း ရရှိသည်။
သဲကုန်းမှာ ဆန္ဒပြလယ်သမား ခေါင်းဆောင်တွေကို တရားစွဲဆို

ပဲခူးတိုင်းဒေသကြီး သဲကုန်းမြို့နယ်မှာ သိမ်းဆည်းခံထားရတဲ့ လယ်မြေဧက ငါးထောင်ကျော်ကို ပြန်ပေးဖို့အတွက် ဒေသခံလယ်သမား ၅၀ လောက် သပိတ်စခန်းဖွင့် ဆန္ဒပြနေရာမှာ အဲဒီသပိတ်စခန်းကို ဦးဆောင်တဲ့ လယ်သမား ၃ ယောက်နဲ့ အကူအညီပေးနေသူ ၁ ဦး၊ စုစုပေါင်း ၄ဦးကို တရားမ၀င် စီတန်းလှည့်လည်ခြင်း ပုဒ်မ ၁၈ နဲ့ သဲကုန်းမြို့နယ် ရဲစခန်းက ဒီနေ့ တရားစွဲလိုက်ပါတယ်။
ပြည်ထောင်စုစိတ်ဓာတ်နဲ့ ညီညွတ်ရေး NLD နာယကတိုက်တွန်း

၆၇ နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားတရပ်ကို NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ရန်ကုန်မြို့ မှာ ကျင်းပခဲ့ရာမှာ NLD ရဲ့ နာယကဖြစ်တဲ့ သူရဦးတင်ဦးက ဒီနေ့ကာလမှာ ဒီမိုကရေစီနည်းမကျတဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံပြင်ဆင်ရေးကို NLD အနေနဲ့ အလေးထား ဆောင်ရွက်နေတယ်ဆိုပြီး ပြောသွား ပါတယ်။
Subscribe to:
Posts (Atom)







