Tuesday, March 11, 2014

မြောက်ကိုရီးယား ခေါင်းဆောင် တဦးတည်းပြိုင် တဦးတည်း အရွေးခံရ

Photo: မြောက်ကိုရီးယား ခေါင်းဆောင် တဦးတည်းပြိုင် တဦးတည်း အရွေးခံရ
Tuesday, March 11, 2014

မြောက်ကိုရီးယားနိုင်ငံမှာ အဆင့်အမြင့်ဆုံးဥပဒေပြုအဖွဲ့အစည်းဖြစ်တဲ့ ဦးစီးပြည်သူ့လွှတ်တော်ရွေးကောက်ပွဲမှာ နိုင်ငံ့ခေါင်းဆောင် Kim Jong Un ကို သူ့မဲဆန္ဒနယ်က မဲထည့်ဝင်သူအားလုံးက သူ့ကိုထောက်ခံမဲပေးပြီး ရွေးချယ်လိုက်ပါတယ်။

မဲဆန္ဒနယ် ၆၈၇ နယ်မှာ တနယ်ကို ဝင်ရောက်ယှဉ်ပြိုင်သူ တဦးစီပဲရှိတာကြောင့် ရုပ်ပြသက်သက်ဖြစ်တဲ့ ဦးစီးပြည်သူ့လွှတ်တော်ရဲ့ တနင်္ဂနွေနေ့က ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်တွေအနေနဲ့ ဘယ်သူ့ကိုမဲပေးမလဲဆိုတာ ရွေးချယ်ခွင့်မရှိပါဘူး။

ဒီရွေးကောက်ပွဲကတော့ ၅ နှစ်အတွင်း ပထမဦးဆုံးအကြိမ် ကျင်းပတာဖြစ်ပြီး Kim Jong Un ရဲ့အုပ်ချုပ်မှုအောက်မှာ ပထမဦးဆုံးလည်း ဖြစ်ပါတယ်။ အခုလို ရွေးကောက်ပွဲမှာ အနိုင်ရတာကြောင့် သူ့ရဲ့နာမည်နောက်က ဘွဲ့ထူးဂုဏ်ထူးရှည်ကြီးနောက်မှာ နောက်ထပ်ဂုဏ်ပုဒ်တခု တိုးသွားခဲ့ပြီ ဖြစ်ပါတယ်။

မြောက်ကိုရီးယားရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်မှာဆိုရင် ဦးစီးပြည်သူ့လွှတ်တော်က အာဏာအကြီးဆုံးဖြစ်ပေမယ့် တကယ့် လက်တွေ့မှာတော့ သူ့မှာ နိုင်ငံရေးလုပ်ပိုင်ခွင့် မရှိသလောက်ဖြစ်ပါတယ်။

ဗွီအိုအေ (မြန်မာဌာန)

မြောက်ကိုရီးယားခေါင်းဆောင် Kim Jong ရွေးကောက်ပွဲအတွက် the Kim Il Sung တက္ကသိုလ်ကို ရောက်ရှိစဉ်။ (မတ် ၉၊ ၂၀၁၄)
မြောက်ကိုရီးယားခေါင်းဆောင် Kim Jong ရွေးကောက်ပွဲအတွက် the Kim Il Sung တက္ကသိုလ်ကို ရောက်ရှိစဉ်။ (မတ် ၉၊ ၂၀၁၄)

မြောက်ကိုရီးယားနိုင်ငံမှာ အဆင့်အမြင့်ဆုံးဥပဒေပြုအဖွဲ့အစည်းဖြစ်တဲ့ ဦးစီးပြည်သူ့လွှတ်တော်ရွေးကောက် ပွဲမှာ နိုင်ငံ့ခေါင်းဆောင် Kim Jong Un ကို သူ့မဲဆန္ဒနယ်က မဲထည့်ဝင်သူအားလုံးက သူ့ကိုထောက်ခံ မဲပေးပြီး ရွေးချယ်လိုက်ပါတယ်။

ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ Crimea ပြင်ဆင်

Photo: ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ Crimea ပြင်ဆင်
Tuesday, March 11, 2014

ယူကရိန်းနိုင်ငံ Crimea ဒေသ အာဏာပိုင်တွေက ရုရှားနဲ့ပူးပေါင်းဖို့ ရှေ့တိုးလုပ်ဆောင်နေတဲ့အချိန်မှာပဲ Crimea ဒေသကို ရုရှားတပ်ဖွဲ့တွေကို ပိုမို တင်းကြပ် ချုပ်ကိုင်လာနေပြီ ဖြစ်ပါတယ်။

ရုရှားနိုင်ငံနဲ့ ပေါင်းစည်းရေး လူထုဆန္ဒခံယူပွဲကို စီစဉ်ထားတဲ့အတိုင်း လာမယ့် တနင်္ဂနွေနေ့မှာ ပြုလုပ်သွားမယ်လို့ Crimea ရွေးကောက်ပွဲကော်မရှင် အကြီးအကဲ Myhkailo Malyshev က တနင်္လာနေ့မှာ ပြောပါတယ်။

ရုရှားတပ်ဖွဲ့တွေက Crimea ဒေသအနောက်ပိုင်း နယ်စပ်စခန်းကို သိမ်းပိုက်လိုက်တဲ့အတွက် အထဲမှာ လူ ၃၀ လောက် ပိတ်မိနေတယ်လို့ ဆိုပါတယ်။ အခုချိန်မှာ ရုရှားတပ်ဖွဲ့တွေက Crimea  ဒေသအတွင်းမှာရှိတဲ့ နယ်ခြားစောင့်စခန်း ၁၁ ခုကို သိမ်းပိုက်ထားပြီးဖြစ်တယ်လို့ ယူကရိန်းစစ်တပ် ပြောခွင့်ရက ဆိုပါတယ်။

ပြိုင်ဘက်အုပ်စုတွေ Crimea ဒေသအတွင်းမှာရော ယူကရိန်းနိုင်ငံအတွင်းက တခြား ဒေသတွေမှာပါ ဆန္ဒပြပွဲတွေ ပြုလုပ်ခဲ့သလို Sevastopol မှာလည်း ရုရှားလိုလားတဲ့အုပ်စုတွေက ယူကရိန်းလူမျိုးတွေကို တိုက်ခိုက်ခဲ့တဲ့အတွက် ထိခိုက် ဒဏ်ရာရမှုတွေ ရှိခဲ့ပါတယ်။

ယူကရိန်းနိုင်ငံပိုင်နက် တစ်စင်တီမီတာမှ ရုရှားထဲကို အပါခံမှာမဟုတ်ဘူးလို့ ယူကရိန်းလူမျိုး မျိုးချစ် ကဗျာဆရာကြီး Taras Shevchenko ရဲ့ အနှစ် ၂၀၀ မွေးနေ့ပွဲကျင်းပချိန် ၀န်ကြီးချုပ် Arseniy Yatsenyuk က တနင်္ဂနွေနေ့မှာ ပြောပါတယ်။

ဗွီအိုအေ (မြန်မာဌာန)

ရုရှားလိုလားသူ ခရိုင်းမီးယားဝန်ကြီးချုပ် Sergei Askyonov (လယ်)
ရုရှားလိုလားသူ ခရိုင်းမီးယားဝန်ကြီးချုပ် Sergei Askyonov (လယ်) 

ယူကရိန်းနိုင်ငံ Crimea ဒေသ အာဏာပိုင်တွေက ရုရှားနဲ့ပူးပေါင်းဖို့ ရှေ့တိုးလုပ်ဆောင်နေတဲ့အချိန်မှာပဲ Crimea ဒေသကို ရုရှားတပ်ဖွဲ့တွေကို ပိုမို တင်းကြပ် ချုပ်ကိုင်လာနေပြီ ဖြစ်ပါတယ်။

ဖိလစ်ပိုင်မှာ ကွန်မြူနစ် သူပုန်တွေ တိုက်ခိုက်

Photo: ဖိလစ်ပိုင်မှာ ကွန်မြူနစ် သူပုန်တွေ တိုက်ခိုက်
Tuesday, March 11, 2014

ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်းမှာ ကွန်မြူနစ် သူပုန်တွေရဲ့ တိုက်ခိုက်မှုကြောင့် ရဲနဲ့ စစ်တပ်က လုံခြုံရေး တပ်ဖွဲ့ဝင် ၉ ဦး ထက်မနည်း သေဆုံးသွားပါတယ်။

မင်ဒါနို ကျွန်းပေါ်က ရဲစခန်းကို New People Army လို့ခေါ်တဲ့ အဖွဲ့က သူပုန်တွေ ဒါဇင်နဲ့ချီပြီး ဝင်ရောက် တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

သူတို့ ပြန်အဆုတ်မှာ နောက်က လိုက်တဲ့ စစ်တပ်က စစ်သားတချို့ဟာ လမ်းနံဘေးမှာ ထောင်ထားရစ်ခဲ့တဲ့ မိုင်းဗုံးကွဲမှုကြောင့် သေဆုံးခဲ့ရပါတယ်။

ဒီ New People Army ဟာ ၁၉၆၀ ပြည့်နှစ်ကျော် နှစ်တွေကတည်းက ဖိလစ်ပိုင် အစိုးရကို တိုက်ခိုက်နေခဲ့တာ ဖြစ်ပါတယ်။

အစိုးရနဲ့ သူပုန်အကြား ငြိမ်းချမ်းရေး စကားပွဲဟာ မနှစ်တုန်းက မအောင်မမြင် ဖြစ်ခဲ့ရပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

ကွန်မြူနစ် သူပုန် New People Army အဖွဲ့ဝင်အချို့
ကွန်မြူနစ် သူပုန် New People Army အဖွဲ့ဝင်အချို့
ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်းမှာ ကွန်မြူနစ် သူပုန်တွေရဲ့ တိုက်ခိုက်မှုကြောင့် ရဲနဲ့ စစ်တပ်က လုံခြုံရေး တပ်ဖွဲ့ဝင် ၉ ဦး ထက်မနည်း သေဆုံးသွားပါတယ်။

ဗီယက်နမ်ကမ်းလွန်ပိုင်း လောင်စာဆီကွက် ပျောက်ဆုံးလေယာဉ်နဲ့ မပတ်သက်

Photo: ဗီယက်နမ်ကမ်းလွန်ပိုင်း လောင်စာဆီကွက် ပျောက်ဆုံးလေယာဉ်နဲ့ မပတ်သက်
Tuesday, March 11, 2014

မလေးရှားလေကြောင်းပိုင် ခရီးသည်တင်လေယာဉ်တစီး ဘာ့ကြောင့်မှန်းမသိ ရုတ်တရက်ကွယ်ပျောက်သွားတဲ့ကိစ္စက ပိုပြီး စဉ်းစားရကြပ်လာပြီး ဗီယက်နမ်ကမ်းရိုးတန်းမှာတွေ့ရတယ်ဆိုတဲ့ ရေပြင်ပေါ်ကလောင်စာဆီတွေက ပျောက်ဆုံးသွားတဲ့လေယာဉ်နဲ့ မသက်ဆိုင်ဘူးလို့ ဒီကိစ္စကို ဖော်ထုတ်စုံစမ်းနေသူတွေက ကောက်ချက်ချလိုက်ပါတယ်။

ထိုင်းပင်လယ်ကွေ့ရေပြင်မှာ တွေ့ရတဲ့ဆီတွေကို ဓာတ်ခွဲခန်းမှာ စမ်းသပ်ကြည့်တော့ ဒီဆီတွေဟာ သင်္ဘောတွေမှာအသုံးပြုတဲ့ လောင်စာဆီမျိုး ဖြစ်တယ်လို့ Kuala Lumpur က အရာရှိတွေကပြောပါတယ်။ လေယာဉ်ဟာ လိုက်ပါသူ ၂၃၉ ဦးနဲ့ ဝေဟင်က ပျောက်သွားခဲ့တာ (၃) ရက်လောက် ရှိလာပေမယ့် ဒီလေယာဉ်ရဲ့ အရိပ်အယောင်တောင် ရှာလို့မတွေ့သေးဘူးလို့ မလေးရှား အရာရှိတွေကပဲ ဆိုပါတယ်။

ဗီယက်နမ်တောင်ပိုင်းရေပြင်မှာ အပျက်အစီးအပိုင်းအစတွေ တွေ့ရတယ်ဆိုတဲ့ ပြောဆိုမှုတွေရှိပေမယ့် ပျောက်သွားတဲ့ Boeing 777 လေယာဉ်က အပိုင်းအစတွေကို ရှာဖွေရေးသမားတွေ မတွေ့ဘူးလို့ ဖော်ထုတ်စုံစမ်းသူတွေက ပြောပါတယ်။ လေယာဉ်အမှတ် MH370 ဟာ မလေးရှား နိုင်ငံ Kuala Lumpur မြို့တော်ကနေ တရုတ်နိုင်ငံ ပီကင်းမြို့တော်ကို ဦးတည်ပျံတက်သွားပြီး တနာရီလောက်အကြာ စနေနေ့မနက်အစောကြီးမှာပဲ ရေဒါကနေ ပျောက်သွားခဲ့တာပါ။

ဒီလေယာဉ်ဘယ်လိုဖြစ်သွားတာလဲဆိုတာ ဖော်ထုတ်နိုင်ဖို့ လုံးဝမနီးစပ်သေးဘူးလို့ အရာရှိတွေကပြောပြီး လေယာဉ် ပြန်ပေးဆွဲတာရော လေထဲမှာ ဆိုးရွားတဲ့ထိခိုက်မှုဖြစ်သွားတာရော တခုမှမဟုတ်ပါဘူးလို့လည်း မငြင်းသေးပါဘူး။

လေယာဉ်ခရီးသည်တွေထဲမှာ ၃ ပုံ ၂ ပုံက တရုတ်နိုင်ငံသားတွေဖြစ်ပြီး တခြား အာရှနိုင်ငံသားတွေနဲ့ ဥရောပနဲ့ မြောက်အမေရိကားက ခရီးသည်တွေလည်း ပါဝင်ပါတယ်။ နိုင်ငံပေါင်း ၈ နိုင်ငံကလေယာဉ်တွေ၊ သင်္ဘောတွေအများကြီးနဲ့ ကယ်ဆယ်ရှာဖွေရေးတွေ လုပ်ဆောင်နေကြသလို ခိုးရာပါ နိုင်ငံကူးလက်မှတ်တွေနဲ့ လေယာဉ်ပေါ်လိုက်ပါသွားတဲ့ ခရီးသည် ၂ ဦးနဲ့ပတ်သက်ပြီးလည်း စုံစမ်းနေပါတယ်။

ဗွီအိုအေ (မြန်မာဌာန)

ကယ်ဆယ်ရေးအရာရှိတွေနဲ့ သတင်းထောက်တွေ ဗီယက်နပ်လေတပ်က ရှာဖွေရေးယာဉ်ရှေ့မှာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းမှာ လိုက်ပါဖို့ စုစည်းနေစဉ်
ကယ်ဆယ်ရေးအရာရှိတွေနဲ့ သတင်းထောက်တွေ ဗီယက်နပ်လေတပ်က ရှာဖွေရေးယာဉ်ရှေ့မှာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းမှာ လိုက်ပါဖို့ စုစည်းနေစဉ်

မလေးရှားလေကြောင်းပိုင် ခရီးသည်တင်လေယာဉ်တစီး ဘာ့ကြောင့်မှန်းမသိ ရုတ်တရက်ကွယ်ပျောက် သွားတဲ့ ကိစ္စက ပိုပြီး စဉ်းစားရကြပ်လာပြီး ဗီယက်နမ်ကမ်းရိုးတန်းမှာတွေ့ရတယ်ဆိုတဲ့ ရေပြင်ပေါ် ကလောင် စာ ဆီတွေက ပျောက်ဆုံးသွားတဲ့လေယာဉ်နဲ့ မသက်ဆိုင်ဘူးလို့ ဒီကိစ္စကို ဖော်ထုတ် စုံစမ်းနေ သူတွေက ကောက်ချက်ချလိုက်ပါတယ်။

နွားထိုးကြီးမြို့နယ် NLD ပါတီဝင်များ ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံ

Photo: နွားထိုးကြီးမြို့နယ် NLD ပါတီဝင်များ ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံ
Tuesday, March 11, 2014

လက်ရှိ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်မှသာ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်မယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ ပြောပါတယ်။

ပြည်ထောင်စု လွှတ်တော်ကို ဒီကနေ့ လာရောက်လေ့လာတဲ့ မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်က NLD ပါတီဝင်တွေနဲ့ တွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောပါတယ်။

"ရွေးကောက်ပွဲက တရားမျှတရမယ်၊ လွတ်လပ်ရမယ်၊ အဲဒီတရားမျှတမှုအတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြောင်းချင်တာပါ၊ ဒီဖွဲ့စည်းပုံ အခြေခံဥပဒေအရ တရားမျှတတဲ့ ရွေးကောက်ပွဲတွေ မဖြစ်နိုင်ဘူး၊ အဲဒါကြောင့်မို့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြောင်းလဲရမယ်၊ အဲဒါကိုလုပ်တဲ့အခါမှာ ကျမတို့အားလုံးဟာ ညီညီညွှတ်ညွှတ်နဲ့ရှိရမယ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေကို မပြောင်းလဲချင်တဲ့လူရှိတာပေါ့၊ ကိုယ့်ရဲ့ခံယူချက် ကိုယ့်ရဲ့ယုံကြည်ချက်ကို အများပြည်သူနားလည်အောင်လို့ ရှင်းပြရမယ်"

ပြည်သူတွေရဲ့ စားဝတ်နေရေး ခက်ခဲနေချိန်မှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးဟာ အရေးမကြီးဘူးလို့ ပြောဆိုနေတာတွေရှိကြောင်း အန်အယ်လ်ဒီ အဖွဲ့ဝင်တွေရဲ့ တင်ပြချက်အပေါ် ဒေါ်အောင်ဆန်းစုကြည်က ပြည်သူတွေရဲ့ စားဝတ်နေရေး ကြပ်တည်းနေတာ မှန်ကန်ကြောင်း အဲဒီအချက်ကို အကြောင်းပြုပြီး ရိုးရိုးသားသား ပြောဆိုကြသူတွေရှိသလို ဖွဲ့စည်းပုံကို မပြင်ဆင်လိုတဲ့သူတွေကလည်း ပြောဆိုတာတွေရှိနိုင်ကြောင်း အားလုံးနားလည်အောင် ရှင်းပြရမှာဖြစ်ကြောင်းလည်း ပြောခဲ့ပါတယ်။

RFA Burmese
လက်ရှိ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်မှသာ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်မယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ ပြောပါတယ်။

ဗိုက်မကြာခဏအောင့်၍ အဆိပ်သောက်ဟုဆို

သုံးခွမြို့နယ်တွင် ဗိုက်မကြာခဏအောင့်သည်ကိုမခံစားနိုင်သဖြင့် အဆိပ်သောက်ကာ မိမိ ကိုယ်မိမိ သေကြောင်းကြံစည်ခဲ့သည်ဆိုသူကို အရေးယူပေးရန်တိုင်ကြားခဲ့မှု မတ်လ ၆ ရက် နေ့က ဖြစ်ပွားခဲ့သည်။

ဇနီးနှင့်စကားများ၍ ခင်ပွန်းက ဆွဲကြိုးချသေဆုံးဟုဆို

လှည်းကူးမြို့နယ်တွင် ဇနီးဖြစ်သူနှင့် စကားများသည့် ခင်ပွန်းသည် ဆွဲကြိုးချသေဆုံးခဲ့မှု မတ်လ ၉ ရက်နေ့ ကဖြစ်ပွားခဲ့သည်။

ဆေးဖက်ဝင် မရမ်းသီး

Photo: ဆေးဖက်ဝင် မရမ်းသီး
Tuesday, March 11, 2014

မရမ်းသီးသည် သွေးဝမ်း သွားခြင်း၊ ၀မ်းကိုက်ခြင်း၊ သွေးကြောင့် ဖြစ်သော ရောဂါ၊ အဖျား ဟောင်းနှင့် ကိုယ်တွင်းပူ လောင်ခြင်း၊ အသားကြား အရိုးကြား တို့၌ နာကျင် ကိုက်ခဲခြင်းတို့ကို သက်သာ ပျောက်ကင်း စေသည်။

မရမ်းသီးကို သုပ်စားခြင်း၊ ချက်စားခြင်း၊ စသည်ဖြင့် ပြုလုပ် စားသုံးပါက ခံတွင်း ပျက်ခြင်းနှင့် ခံတွင်း အရသာ မပေါ်ခြင်းတို့ကို သက်သာ ပျောက်ကင်း စေနိုင်သည်။

ဝမ်းကိုက်ခြင်း၊ မီးယပ်ဝမ် သွားခြင်းများ အတွက် မရမ်းသီး ဆားရည်စိမ် အရည် သောက်ပေးခြင်း၊ ဆားရည်စိမ် မရမ်းသီးကို သုပ်စား ပေးခြင်းဖြင့် ၀မ်းကိုက် ပိုးများကို သေစေ နိုင်သည်။

အသည်း အဆီဖုံးသော ရောဂါများကို ပျောက်ကင်း စေရန်နှင့် အဆီများသော သားငါးများတွင် မရမ်းသီး ထည့်၍ ချက်ပြုတ် ခြင်းဖြင့် ပိုလျှံ နေသော အဆီများကို ချေဖျက် နိုင်သည်။

အထူးသဖြင့် မရမ်းစေ့များကို ၀မ်းပိတ်ဆေး များတွင် အသုံးပြု နိုင်သည်။

မြ၀တီ
မရမ်းသီးသည် သွေးဝမ်းသွားခြင်း၊ ၀မ်းကိုက်ခြင်း၊ သွေးကြောင့် ဖြစ်သော ရောဂါ၊ အဖျား ဟောင်းနှင့် ကိုယ် တွင်းပူ လောင်ခြင်း၊ အသားကြား အရိုးကြားတို့၌ နာကျင်ကိုက်ခဲခြင်းတို့ကို သက်သာ ပျောက်ကင်း စေသည်။

ဘားအံဆွေးနွေးပွဲ ကျင်းပမည့်အချိန် ဧပြီလဆန်းမှသာ သတ်မှတ်မည်

Photo: ဘားအံဆွေးနွေးပွဲ ကျင်းပမည့်အချိန် ဧပြီလဆန်းမှသာ သတ်မှတ်မည်

ရန်ကုန်၊ မတ် ၁၀

အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအကြား တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ် ချုပ်ဆိုရန်အတွက် အပြီးသတ် ဆွေးနွေးမည့် ဘားအံငြိမ်းချမ်းရေး ဆွေးနွေးပွဲ ကျင်းပမည့် အချိန်ကို အစိုးရနှင့် တိုင်းရင်းသား ကိုယ်စားလှယ်များ ဧပြီလဆန်းတွင် ထပ်မံ တွေ့ဆုံပြီးမှသာ သတ်မှတ်နိုင်မည် ဖြစ်ကြောင်း တပ်မတော်မှ ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုးက ပြောကြားသည်။

ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေး စင်တာတွင် မတ်လ ၁၀ ရက်နေ့က ပြုလုပ်သည့် အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့နှင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) တို့ တွေ့ဆုံ ဆွေးနွေးအပြီး ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ အဖွဲ့ဝင်လည်း ဖြစ်သူ ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုးက အထက်ပါအတိုင်း ပြောဆိုခြင်း ဖြစ်သည်။
“ဧပြီ ပထမပတ်မှာ ဆွေးနွေးပြီးတာနဲ့ ဘားအံကို ဆက်လုပ်သွားမှာပါ” ဟု ၎င်းကဆိုသည်။

ဧပြီလဆန်းတွင် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ်၌ ပါဝင်မည့် အသေးစိတ် အချက်အလက် များကို နှစ်ဖက် ဆွေးနွေးပြီးပါက မြန်မာနှစ်သစ်ကူး ရုံးပိတ်ရက်များနှင့် လွန်စွာ နီးကပ်သွားပြီ ဖြစ်သည့်အတွက် ဘားအံ ဆွေးနွေးပွဲကို သင်္ကြန်ကာလ မတိုင်မီ  ပြုလုပ်ရန် မလွယ်ကူတော့ကြောင်း NCCT ဒုတိယ အဖွဲ့ခေါင်းဆောင် ပဒိုကွယ်ထူးဝင်းက ရှင်းပြသည်။

ဘားအံ ဆွေးနွေးပွဲတွင် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ဒုတိယအကြိမ် စုံညီ တွေ့ဆုံ၍ နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်စာချုပ်ကို အပြီးသတ် ညှိနှိုင်းမည် ဖြစ်ကြောင်း၊ ယင်းကြောင့် အစိုးရနှင့် တိုင်းရင်းသား ကိုယ်စားလှယ် ကိုးဦးစီ ပါဝင်သည့် စာချုပ်မူကြမ်း ရေးဆွဲရေး ကော်မတီ တစ်ရပ်ကို ယနေ့ ဖွဲ့စည်းလိုက်ကြောင်း၊ အစိုးရကိုယ်စားပြု အဖွဲ့မှ ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်းနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းဇော်တို့ ဦးဆောင် ပါဝင်မည် ဖြစ်ကြောင်း ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီထံမှ သိရသည်။

သို့သော် တပ်မတော် ကိုယ်စားပြု ပါဝင်မည့် အဖွဲ့ဝင် သုံးဦးနှင့် တိုင်းရင်းသားများ ကိုယ်စားပြု အဖွဲ့ဝင် ကိုးဦး၏ အမည်စာရင်းကို လတ်တလော အတည်မပြု နိုင်သေးကြောင်း၊ ဧပြီလဆန်း အမီ အတည်ပြု ပြောကြားမည် ဖြစ်ကြောင်း နှစ်ဖက် ကိုယ်စားလှယ်များက ပြောကြားသည်။

ဘားအံ ဆွေးနွေးပွဲ အကြိုအဖြစ် နှစ်ရက်ကြာ ကျင်းပသော ယခု ဆွေးနွေးပွဲ အပြီးတွင် အခန်း ခုနစ်ခန်းပါ အပစ်ရပ် စာချုပ်ကို ပူးတွဲပြုစုရန်နှင့် ထပ်မံ ပြုလုပ်မည့် ဆွေးနွေးပွဲများတွင် ကျန်ရှိနေသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ ကိုလည်း ဖိတ်ကြားရန် သဘောတူခဲ့သည်။ 
ဘားအံ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို မူလက ဇန်နဝါရီလ ၂၅ ရက်နေ့တွင် ကျင်းပ ပြီးစီးသည့် လော်ခီးလာ တိုင်းရင်းသား လက်နက်ကိုင် ထိပ်သီးညီလာခံ အပြီး ဆက်တိုက်ပြုလုပ်ရန် စီစဉ်ထားကြောင်း၊ သို့သော်လည်း အပစ်အခတ် ရပ်စဲရေးနှင့် နိုင်ငံရေး ဆွေးနွေးပွဲ အတွက် ကြိုတင် ပြင်ဆင်မှုများ ပိုမို သေချာစေရန် အကြိမ်ကြိမ် နောက်ဆုတ်ခဲ့ရကြောင်း အစိုးရနှင့် တိုင်းရင်းသား ခေါင်းဆောင်များက ပြောကြားသည်။
အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအကြား တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ် ချုပ်ဆိုရန်အတွက် အပြီးသတ် ဆွေးနွေးမည့် ဘားအံငြိမ်းချမ်းရေး ဆွေးနွေးပွဲ ကျင်းပမည့် အချိန်ကို အစိုးရနှင့် တိုင်းရင်းသား ကိုယ်စားလှယ်များ ဧပြီလဆန်းတွင် ထပ်မံ တွေ့ဆုံပြီးမှသာ သတ်မှတ်နိုင်မည် ဖြစ်ကြောင်း တပ်မတော်မှ ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုးက ပြောကြားသည်။

စေတနာ မှန်ကို နား လည်ရင် ၂၀၁၅ ဆိုတာ ဂရုစိုက်စရာ မဟုတ် ဟု ပြည်ခိုင်ဖြိုး ထိပ်ပိုင်းခေါင်းဆောင် တို့ဆို

Photo: စေတနာမှန်ကို နားလည်ရင် ၂၀၁၅ ဆိုတာ ဂရုစိုက်စရာမဟုတ်
ဟု ပြည်ခိုင်ဖြိုး ထိပ်ပိုင်းခေါင်းဆောင်တို့ဆို
Tuesday, March 11, 2014

ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီအနေဖြင့် ၂ဝ၁၅ရွေးကောက် ပွဲတွင် ရှုံးနိမ့်ခဲ့ပါကလည်း ပြည်သူကို ဂရုမစိုက်စရာ အကြောင်းမရှိဟု ပြည်ခိုင်ဖြိုးပါတီဒုဥက္ကဋ္ဌ ဦးဌေးဦးက ပြောကြားလိုက်သည်။

မိမိအနေဖြင့်လည်း ရှုံး နိမ့်သွားသည့် မဲဆန္ဒနယ်များ၌လည်း ပြည်သူ့အကျိုးအတွက် လုပ်ဆောင် သင့်သည်များကို ဆက်လက်လုပ် ဆောင်သွားမည်ဖြစ်ကြောင်း မတ် ၆ရက်က ဧရာဝတီတိုင်းဒေသကြီး ကန်ကြီးထောင့်မြို့ သတင်းမီဒီယာ များနှင့်တွေဆုံစဉ် ပြောကြားခဲ့ခြင်း ဖြစ်သည်။

''ရှုံးတဲ့အတွက် ပြည်သူ ကို ဂရုမစိုက်ဘဲမလုပ်တော့ဘူးလား။ နိုင်မှပဲလုပ်မှာလား၊ ကျွန်တော့်အ နေနဲ့ ပြောမယ်ဆိုရင် ရှုံးတဲ့နေရာ လဲ ကျွန်တော်လုပ်မယ်''ဟု ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ ဒုဥက္ကဋ္ဌဦးဌေးဦးကပြောသည်။

၂ဝ၁၂ ကြားဖြတ်ရွေး ကောက်ပွဲတွင်လည်း ¤င်းနေရာ ဖြစ်သော မရမ်းကုန်းမြို့နယ်တွင် ရှုံးနိမ့်သော်လည်း ပြည်သူ့အကျိုးပြု လုပ်ငန်းများ လုပ်ဆောင်ခဲ့ကြောင်း၊ ထိုစဉ်က အချို့မှာ ရှုံးနိမ့်ခဲ့သဖြင့် စိတ်ထိခိုက်ခဲ့ကြသော်လည်း အရေး ကြီးသည်မှာ ပါတီသည် ပြည်သူ့အ တွက်သာဖြစ်သင့်ကြောင်း ¤င်းက ဆက်ပြောသည်။

''ပြည်သူအတွက်အကျိုး ရှိတဲ့လုပ်ငန်းတွေကို ရွေးကောက် ပွဲမှာ ရှုံးသည်ဖြစ်စေ နိုင်သည်ဖြစ်စေ ကျွန်တော်တို့လုပ်ရမယ်။ စေတနာ မှန်တယ်ဆိုတာကို ပြည်သူနားလည် လာလို့ရှိရင် ၂ဝ၁၅ဆိုတာ ဂရုစိုက် စရာမလိုဘူး''ဟု ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဒုဥက္ကဋ္ဌ ဦးဌေးဦးကပြောသည်။

သို့သော် ရွေးကောက်ပွဲ သည် ယှဉ်ပြိုင်ပွဲတစ်ခုဖြစ်သည့် အတွက် ရွေးကောက်ပွဲနီးလာသော အကြိုကာလတွင် မိမိအားမဲထည့် ရန် လုပ်ဆောင်မည်ဖြစ်သော်လည်း အမြဲတမ်းလုပ်ရမည်မှာ ပြည်သူကို အကျိုးရှိမည့်လုပ်ငန်းများ စဉ်းစား ပြီး လုပ်ရမည်သာဖြစ်ကြောင်းကို လည်း ¤င်းကဆက်ပြောသည်။

အလားတူ မတ် ၆ရက် က ပြည်ထောင်စုလွှတ်တော် နာယက ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌသူရဦးရွှေမန်း နှင့်မီဒီယာများ နေပြည်တော်၌တွေ့ ဆုံစဉ်ကလည်း ယခုကဲ့သို့ပြောကြား ထားသည်။

''ရွေးကောက်ပွဲကျလို့ရှိ ရင် သူတို့ကလဲ အနိုင်လုပ်မှာပဲ။ ကိုယ်တို့ကလဲ အနိုင်လုပ်မှာပဲ။ ဒီ လိုလုပ်တဲ့အခါ တရားမျှတတဲ့ သန့် ရှင်းတဲ့ ပြိုင်ဆိုင်မှု ဒီလိုပဲဖြစ်ရမှာ၊ တရားသဖြင့် ဥပဒေနဲ့အညီဆောင် ရွက်ရမယ်၊ ဒါနိုင်ငံရေးပဲ''ဟု သူရ ဦးရွှေမန်းကပြောသည်။

Flower News Journal
ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီအနေဖြင့် ၂ဝ၁၅ရွေးကောက် ပွဲတွင် ရှုံးနိမ့်ခဲ့ပါကလည်း ပြည်သူ ကို ဂရုမစိုက်စရာ အကြောင်းမရှိဟု ပြည်ခိုင်ဖြိုးပါတီဒုဥက္ကဋ္ဌ ဦးဌေးဦးက ပြောကြားလိုက်သည်။

လွှတ်တော်ကြီးက ဘာကိုကိုယ်စားပြုသလဲ၊ အထူးအခွင့်အရေးရသူများသာ လုပ်ကိုင်နေသည့် စီးကရက်၊ အရက်အပါအ၀င် ကျန်းမာရေးကို ထိခိုက်စေသော ကုန်ပစ္စည်းများအပေါ် အခွန်တိုးကောက်မည့်အဆိုများ လွှတ်တော်၌ ရှုံးနိမ့်

အထူးအခွင့်အရေးရသူများသာ လုပ်ကိုင်ခွင့်ရသည့် စီးကရက်၊ ဆေးရွက်ကြီး၊ ဗာဂျီးနီးယား၊ ပေါင်းဆေး၊ ဆေးပေါ့လိပ်၊ ဆေးပြင်းလိပ်တို့နှင့် အရက်အမျိုးမျိုး၊ ဘီယာအမျိုးမျိုး၊ ၀ိုင်အမျိုးမျိုးတို့အား အခွန်နှုန်းထားများ ၂၀၀ ရာခိုင်နှုန်းသို့ တိုးမြှင့်ပေးရန် ပုလဲမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က မတ် ၁၀ ရက်က ပြည်ထောင်စုလွှတ်တော်အစည်းအဝေး၌ တင်သွင်းခဲ့သည်။

ထောက်ပံ့ရေး လျှော့ချမှုကြောင့် စစ်ရှောင်ဒုက္ခသည် လေးသိန်းကျော် အခက်ကြုံ

Photo: ထောက်ပံ့ရေး လျှော့ချမှုကြောင့် စစ်ရှောင်ဒုက္ခသည် လေးသိန်းကျော် အခက်ကြုံ

ရန်ကုန်၊ မတ် ၁၀

ငြိမ်းချမ်းရေးလုပ်ငန်း စတင် အကောင်ထည် ဖော်သည့် အနေနှင့် တိုင်းရင်းသား လက်နက်ကိုင် များနှင့် အပစ်အခတ် ရပ်စဲရေး သဘောတူထားပြီး နိုင်ငံရေး ဆွေးနွေးမှု မပြီးသေးသည့် အချိန်တွင် နိုင်ငံတကာမှ ကူညီပေးသော အဖွဲ့အစည်းများက ဒုက္ခသည် စခန်းများနှင့် I.D.P (နိုင်ငံတွင်း နေရပ်စွန့်ခွာ ရွှေ့ပြောင်း နေထိုင်သူများ) စခန်းများတွင် နေထိုင်သူ လေးသိန်းကျော်ကို ထောက်ပံ့ မှုများ လျှော့ချမှုကြောင့် အခက်အခဲ ကြုံတွေ့ရလျက် ရှိကြောင်း ဒုက္ခသည် စခန်းများထံမှ စုံစမ်း သိရှိရသည်။

နိုင်ငံတကာမှ အစိုးရ မဟုတ်သော အဖွဲ့အစည်းများသည် ဒုက္ခသည် စခန်းရှိ နေထိုင်သူ များကို ထောက်ပံ့ရာတွင် ယခင်က အိမ်ထောင် တစ်စုလျှင် လူတစ်ဦးကို ဆန် ၁၂ ကီလိုဂရမ်နှင့် ဆားတစ်ရာဂရမ်၊ ကျောင်းသုံးစာအုပ်များ၊ ဆေးဝါးများ ပါဝင်ကာ အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးပြီး နောက်ပိုင်း ထောက်ပံ့မှုများ ထက်ဝက်ခန့် လျှော့ချလိုက်ကြောင်း ထိုင်းနိုင်ငံနှင့် ကရင်ပြည်နယ် နယ်စပ်ရှိ ဖာပွန်မြို့နယ် အီးတုထ I.D.P စခန်းရှိ ကရင်အမျိုးသမီး အဖွဲ့မှ အတွင်းရေးမှူး နော်ထွေးက ပြောကြားသည်။

ယင်းကဲ့သို့ ထောက်ပံ့မှုများ လျှော့ချလိုက်သည့် အတွက် ဒုက္ခသည် စခန်းများမှ အမျိုးသမီးများမှာ အင်ဖက်ကောက်၍ အိမ်အမိုး ပြုလုပ်ကာ အနီးပတ်ဝန်းကျင်သို့ ရောင်းချခြင်း၊ တစ်ပိုင်တစ်နိုင် ဈေးဆိုင်ဖွင့်ခြင်းတို့ ပြုလုပ်နေရကြောင်း၊ ကလေးများကို ကျောင်းသုံးစာအုပ် ထောက်ပံ့ ပေးနိုင်ရန်၊ စားနပ်ရိက္ခာ ဖူလှုံရန်အတွက် အမျိုးသမီး အားလုံး ကြိုးစားနေရကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

ထောက်ပံ့ရေးများ လျှော့ချရာတွင် ဒုက္ခသည် စခန်းများရှိ မူကြိုကျောင်း ၈၀ ကျော်လည်း ပါဝင်ကာ အမျိုးသမီးများနှင့် ကလေးငယ်များ ပိုပြီး ထိခိုက်၍ စားဝတ်နေရေး အခက်အခဲ ဖြစ်လာသောကြောင့် ကျန်းမာရေး၊ ပညာရေးများ အတွက် လုံလောက်သော ထောက်ပံ့မှုများ ရရှိရန် အခြားသော အဖွဲ့အစည်းများသို့ အကြံပြုချက် တင်ပြထားကြောင်း ကရင်လူငယ် အဖွဲ့အစည်းမှ ဖောခီးလာက ပြောကြားသည်။

“နိုင်ငံတကာက အကူအညီတွေ မရလည်း အမျိုးသမီးတွေ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်ဖို့ အတွက် အသက်မွေးဝမ်းကျောင်း ပညာ သင်ထားပေးတာ ရှိတယ်” ဟု ၎င်းကဆိုသည်။ 

၂၀၀၆ ခုနှစ်က တပ်မတော်၏ ထိုးစစ်ဆင်မှု များကြောင့် တောင်ငူမြို့ မုန်းမြို့နယ်မှ ထွက်ပြေးရင်း ဖာပွန် မြို့နယ်ထဲသို့ ရောက်ရှိလာကာ အီးတုထ ဒုက္ခသည် စခန်းတွင် ဒုက္ခသည် အဖြစ် NGO များ၏ ထောက်ပံ့မှုဖြင့် ခိုလှုံနေထိုင်ရကြောင်း၊ အပစ်အခတ် ရပ်စဲရေး သဘောတူညီ ထားသောကြောင့် တညင်းပင်ဧက ၃၀ ကျော် ကျန်ခဲ့သော မုန်းမြို့နယ်သို့ နေထိုင်ရန်အတွက် ပြန်ခဲ့သော်လည်း ယင်းနေရာတွင် စစ်တပ်များ ရှိသေးသောကြောင့် နေထိုင်ခွင့် မရှိ၍ ပြန်လာရကြောင်း ယင်းစခန်းတွင် နေထိုင်သူ ဒေါ်ခင်ရီက ပြောကြားသည်။

“ငြိမ်းချမ်းရေးက မသေချာသေးဘူး။ ထောက်ပံ့မှုတွေက လျှော့ချနေလို့ ကိုယ့်မြို့ ကိုယ့်ရွာပြန်တာ မြန်မာစစ်တပ်တွေ တပ်စွဲထားသေးလို့ နေမရဘူး။ အဲဒါနဲ့ အီးတုတ စခန်းကို ပြန်လာပြီး ခေါက်ဆွဲကြော် ရောင်းနေတယ်” ၎င်းကဆိုသည်။

ဒုက္ခသည်များနှင့် I.D.P (နိုင်ငံတွင်း နေရပ်စွန့်ခွာ ရွှေ့ပြောင်း နေထိုင်သူများ) နေထိုင်ရာ စခန်းပေါင်း ဆယ့်ငါးခုအနက် ကရင်အမျိုးသားအဖွဲ့ အစည်းအရုံး KNU နယ်မြေတွင် ခုနစ်ခုရှိကာ အဆိုပါ စခန်းများသည် မြန်မာနိုင်ငံ နယ်စပ်နှင့် ထိုင်းနိုင်ငံထဲတွင် တည်ရှိပြီး လူဦးရေ စုစုပေါင်း လေးသိန်းကျော် ရှိကြောင်း ကရင်လူငယ် အဖွဲ့အစည်းမှ ဖောခီးလာက ပြောကြားသည်။
ငြိမ်းချမ်းရေးလုပ်ငန်း စတင် အကောင်ထည် ဖော်သည့် အနေနှင့် တိုင်းရင်းသား လက်နက်ကိုင် များနှင့် အပစ်အခတ် ရပ်စဲရေး သဘောတူထားပြီး နိုင်ငံရေး ဆွေးနွေးမှု မပြီးသေးသည့် အချိန်တွင် နိုင်ငံတကာမှ ကူညီပေးသော အဖွဲ့အစည်းများက ဒုက္ခသည် စခန်းများနှင့် I.D.P (နိုင်ငံတွင်း နေရပ်စွန့်ခွာ ရွှေ့ပြောင်း နေထိုင်သူများ) စခန်းများတွင် နေထိုင်သူ လေးသိန်းကျော်ကို ထောက်ပံ့ မှုများ လျှော့ချမှုကြောင့် အခက်အခဲ ကြုံတွေ့ရလျက် ရှိကြောင်း ဒုက္ခသည် စခန်းများထံမှ စုံစမ်း သိရှိရသည်။

အခွန်တံဆိပ် မပါသည့် ပြည်တွင်းထုတ် အရက်၊ ဘီယာများ သိမ်းဆည်းမည်

ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ အရက်ချက် စက်ရုံများကို ယခု သီတင်းပတ် အတွင်း လိုက်လံ စစ်ဆေးမည် ဖြစ်ပြီး အခွန် အမှတ်တံဆိပ်များ မပါရှိပါက ပစ္စည်းများ သိမ်းဆည်းမည် ဖြစ်ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနထံမှ သိရသည်။ 

ပျောက်ဆုံးနေသော လေယာဉ်ရှာဖွေနေစဉ် အသက်ကယ်လှေ တစ်စင်းဖြစ် ဖွယ်ရှိသည့် သဲလွန်စကို တွေ့ရှိခဲ့သဖြင့် စုံစမ်းနေကြောင်း မလေးရှား ပြောကြား

Photo: ပျောက်ဆုံးနေသော လေယာဉ်ရှာဖွေနေစဉ် အသက်ကယ်လှေတစ်စင်းဖြစ်ဖွယ်ရှိသည့် သဲလွန်စကို တွေ့ရှိခဲ့သဖြင့် စုံစမ်းနေကြောင်း မလေးရှား ပြောကြား

ပျောက်ချင်းမလှ ပျောက်သွားခဲ့သော မလေးရှားလေကြောင်းလိုင်းလေယာဉ်ကို နိုင်ငံတကာက ၀ိုင်းဝန်းရှာဖွေနေစဉ် အသက်ကယ်လှေတစ်စင်း ဖြစ်နိုင်ဖွယ်ရှိသည့် အရာဝတ္ထုတစ်ခုကို တွေ့ရှိခဲ့သဖြင့် စုံစမ်းရန် သင်္ဘောများ စေလွှတ်ထားကြောင်း မလေးရှားက မတ် ၁၀ ရက်တွင် ပြောကြားခဲ့သည်။
    
လေယာဉ်ပျောက်ဆုံးသွားသည်ဟု ယူဆရသော တောင်တရုတ်ပင်လယ်တွင် မတ် ၈ ရက် နံနက်ပိုင်းက ကနဦးရှာဖွေမှုပြုလုပ်စဉ် ရေမိုင် ၅၀ (၉၂ ကီလိုမီတာ) ၀န်းကျင်ကို ရှာဖွေမှုပြုလုပ်ခဲ့သော်လည်း ရေမိုင် ၁၀၀ ၀န်းကျင်အထိ နှစ်ဆတိုးကာ ရှာဖွေသွားမည်ဖြစ်ကြောင်း မလေးရှားက မတ် ၁၀ ရက်တွင် ထုတ်ပြန်ခဲ့သည်။
    
ဗီယက်နမ်၊  မလေးရှား၊ ထိုင်း၊ သြစတြေးလျ၊ စင်ကာပူ၊ အင်ဒိုနီးရှား၊ တရုတ်နှင့် အမေရိကန်တို့မှ လေယာဉ် ၃၄ စင်း၊ သင်္ဘောအစင်း ၄၀ တို့ ဖြင့် မြေပြင်ထိန်းချုပ်ရေးစခန်းနှင့် လေယာဉ်အဆက်အသွယ်ပြတ်သွားသော နေရာအနီးတွင် ရှာဖွေနေကြသည်။

"ရှာဖွေရေးလေယာဉ်တစ်စင်းက အသက်ကယ်လှေလို တစ်စုံတစ်ရာကို တွေ့ရှိခဲ့တယ်လို့ ဒီနေ့သတင်းရထားပါတယ်။ အတူရှာဖွေနေသူတွေကို ဆက်သွယ်ထားပြီး အတည်ပြုဖို့ သင်္ဘောတွေလွှတ်ထားပါတယ်" ဟု မလေးရှားပြည်တွင်းလေကြောင်း ဥက္ကဋ္ဌ အဇာရူဒင်အဒူရာမင်က ပြောကြားခဲ့သည်။
    
ဗီယက်နမ်တောင်ပိုင်းတွင် အပျက်အစီးရှာဖွေတွေ့ရှိကြောင်း အစောပိုင်း၌ သတင်းထွက်ပေါ်ခဲ့သဖြင့် လေယာဉ်ပျောက်ဆုံးမှုအတွက် ဆွေမျိုးမိသားစုများ၏ မချိတင်ကဲဖြစ်မှုများ၊ မချင့်မရဲဖြစ်မှုများ နက်ရှိုင်းစေခဲ့သည်။
    
လေယာဉ်တွင် လိုက်ပါသွားသူများအနက် နှစ်ဦးသည် ခိုးခံထားရသော နိုင်ငံကူးလက်မှတ်များကို သုံးစွဲခဲ့ကြောင်း တွေ့ရှိခဲ့ပြီးနောက် မလေးရှားက အကြမ်းဖက်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုကို စတင်ဆောင်ရွက်ခဲ့သည်။ အခိုးခံနိုင်ငံကူးလက်မှတ်သုံးခဲ့သူ နှစ်ဦးအနက် တစ်ဦးကို အတည်ပြုနိုင်ခဲ့ကြောင်း မလေးရှားရဲဦးစီးချုပ်က ပြောကြားခဲ့ပြီး အသေးစိတ်မပြောကြားခဲ့ပေ။
    
ပင်လယ်ပြင်အထက် ဝေဟင်၌ ပျောက်ဆုံးသွားခဲ့သော လေယာဉ်တစ်စင်းကို ခြေရာခံရန် ကြိုးပမ်းမှုသည် ရက်ပေါင်းများစွာ ကြာမြင့်နိုင်ကြောင်း သိရသည်။   

(ပျောက်ဆုံးနေသော လေယာဉ်နှင့်ပတ်သက်သည့် အချက်အလက်များအား AFP သတင်းဌာနမှ ဖော်ပြထားသော ဂရပ်ဖစ်ပုံ)
(ပျောက်ဆုံးနေသော လေယာဉ်နှင့်ပတ်သက်သည့် အချက်အလက်များအား AFP သတင်းဌာနမှ ဖော်ပြထားသော ဂရပ်ဖစ်ပုံ)

ပျောက်ချင်းမလှ ပျောက်သွားခဲ့သော မလေးရှားလေကြောင်း လိုင်းလေယာဉ် ကို နိုင်ငံတကာက ၀ိုင်းဝန်း ရှာဖွေနေစဉ် အသက်ကယ်လှေတစ်စင်း ဖြစ်နိုင်ဖွယ်ရှိသည့် အရာဝတ္ထုတစ်ခုကို တွေ့ရှိခဲ့သဖြင့် စုံစမ်းရန် သင်္ဘောများ စေလွှတ်ထားကြောင်း မလေးရှားက မတ် ၁၀ ရက်တွင် ပြောကြားခဲ့သည်။

အရက်ကို အခွန် ၅၀ ရာခိုင်နှုန်းနှင့် စီးကရက်အခွန် ၁၀၀ ရာခိုင်နှုန်း ကောက်ရန် လွှတ်တော် ဆုံးဖြတ်

အစိုးရက ရေးဆွဲပြီး လွှတ်တော်သို့ တင်သွင်းထားသော ပြည်ထောင်စု အခွန်အကောက်ဆိုင်ရာ ဥပဒေ ကြမ်းပါ အထူးကုန်စည်များ အခွန်ကောက်ခံခွင့်ဆိုင်ရာ အခန်းတွင်ပါရှိသော အရက်နှင့် ဆေးဝါးအမျိုးမျိုး (ဆေး ရွက်ကြီး ထွက်ကုန်) ကို ၅၀ ရာခိုင်နှုန်း အခွန် ကောက်ခံရန်နှင့် ဆေးလိပ်နှင့် စီးကရက်များကို ၁၀၀ ရာခိုင်နှုန်း အခွန် ကောက်ခံရန် ပြည်ထောင်စုလွှတ်တော်က အတည်ပြုလိုက်ကြောင်း လွှတ်တော် ကိုယ်စား လှယ် များက ပြောကြားသည်။

အော်ရီဒူးဖုန်းကတ် ဝယ်ယူရန် ကြိုတင် လျှောက်လွှာ တင်ခိုင်းထားခြင်း မရှိ

Photo: အော်ရီဒူးဖုန်းကတ် ဝယ်ယူရန် ကြိုတင် လျှောက်လွှာ တင်ခိုင်းထားခြင်း မရှိ 
Tuesday, March 11, 2014

အော်ရီဒူးမြန်မာက ဇူလိုင်လအတွင်း စတင် ရောင်းချမည့် ဆင်းမ်ကတ်များ ဝယ်ယူနိုင်ရန် ပြင်ပ မိုဘိုင်းလ် ဖုန်းဆိုင်များတွင် ကြိုတင် လျှောက်လွှာဖြင့် လျှောက်ထားခိုင်းခြင်း မရှိကြောင်း အော်ရီဒူး မြန်မာမှ တာဝန်ရှိသူ တစ်ဦးက The Voice သို့ ပြောကြားသည်။ 

ရန်ကုန်မြို့တွင်းရှိ မိုဘိုင်းလ် ဖုန်းဆိုင် အချို့တွင် အော်ရီဒူး ဆင်းမ်ကတ်များ ရရှိရန် လျှောက်လွှာဖြင့် ကြိုတင် လျှောက်ထားနိုင်ကြောင်း ကြေညာထားပြီး အချို့ဆိုင်များက ကြိုတင် စာရင်းပေး လျှောက်ထားသူ များကို ဆင်းမ်ကတ်များ စတင် ရောင်းချချိန်တွင် အခမဲ့ ပေးအပ်သွားမည်ဟုပင် ကြေညာထားကြောင်း လျှောက်လွှာ တင်ထားသူများ ထံမှ စုံစမ်း သိရှိရသည်။ 

“လူတွေက အော်ရီဒူး ဆင်းမ်ကတ် ဝယ်ဖို့ လျှောက်လွှာ တင်ရဦးမှာလား ဆိုတဲ့ ယုန်ထင်ကြောင်ထင် ထင်တာမျိုးတွေ ဖြစ်လာတယ်။ အော်ရီဒူး မြန်မာဘက်က လုပ်ခိုင်းတာ လုံးဝ မဟုတ်ပါဘူး။ တရားဝင် ဘာမှ မကြေညာထားဘူး။ သုံးလေးလလောက် စောင့်ကြပါ။ ဖောင်တင်စရာ မလိုပါဘူး။ လူတိုင်း လိုသလောက် ရမယ်” ဟု အော်ရီဒူးမှ အဆိုပါ အရာရှိက ဆိုသည်။ 

ပြည်တွင်း မိုဘိုင်းလ်ဖုန်း ဈေးကွက်တွင်းရှိ သုံးစွဲသူများထံမှ အချက်အလက်များ ကောက်ယူနိုင်ရန် အော်ရီဒူးက မိုဘိုင်းလ် ဆိုင်များမှ တစ်ဆင့် ပြုလုပ်ခြင်းသာ ဖြစ်ပြီး ယင်းအချက်အလက် ကောက်ယူမှုသည် မတ်လ ၁ ရက်နေ့မှ ဧပြီလ ၃၀ ရက်နေ့ အထိသာ အကျုံးဝင်ကြောင်း အော်ရီဒူးမြန်မာမှ မိုဘိုင်းလ် ဖုန်းဆိုင်များသို့ ပေးအပ်ထားသော ခွင့်ပြုစာတွင် ဖော်ပြထားသည်။

အော်ရီဒူး ဖုန်းကတ် သုံးစွဲရန် စိတ်ဝင်စားသူများက အမည်၊ မှတ်ပုံတင်နံပါတ်၊ ဖုန်းနံပါတ်၊ Email လိပ်စာတို့ ပေးအပ်ရန် လိုပြီး အခြား အခကြေးငွေ ပေးရန် မလိုအပ်ကြောင်း အဆိုပါ ဝန်ဆောင်မှု ပြုလုပ်ပေးနေသည့် Bestone မိုဘိုင်းလ် ဖုန်းဆိုင်ထံမှ သိရှိရသည်။ 

“အော်ရီဒူး ဆင်းမ်ကတ်တွေ လျှောက်ထားခိုင်းတယ် ဆိုတာက Survey (စစ်တမ်းကောက်ခြင်း) ပုံစံ လုပ်နေတာပါ။ ဈေးကွက်ထဲမှာ ဝယ်လိုအား ဘယ်လောက် ရှိလဲ သိချင်လို့ လုပ်နေတာ။ ကျွန်တော်တို့ ဆီမှာတော့ မလုပ်ပေးပါဘူး” ဟု Star မိုဘိုင်းလ် ဖုန်းဆိုင်မှ အရောင်းမန်နေဂျာက ဆိုသည်။

The Voice Weekly
အော်ရီဒူးမြန်မာက ဇူလိုင်လအတွင်း စတင် ရောင်းချမည့် ဆင်းမ်ကတ်များ ဝယ်ယူနိုင်ရန် ပြင်ပ မိုဘိုင်းလ် ဖုန်းဆိုင်များတွင် ကြိုတင် လျှောက်လွှာဖြင့် လျှောက်ထားခိုင်းခြင်း မရှိကြောင်း အော်ရီဒူး မြန်မာမှ တာဝန်ရှိသူ တစ်ဦးက The Voice သို့ ပြောကြားသည်။ 

လွှတ်တော်သက်တမ်း သုံးနှစ်ကျော်ကာလအတွင်း ပြည်ထောင်စုလွှတ်တော် အစည်းအဝေး စံချိန်တင်ကြာမြင့်ခဲ့ပြီး ည ၈ နာရီခန့်အထိ ကျင်းပခဲ့

Photo: လွှတ်တော်သက်တမ်း သုံးနှစ်ကျော်ကာလအတွင်း ပြည်ထောင်စုလွှတ်တော် အစည်းအဝေး စံချိန်တင်ကြာမြင့်ခဲ့ပြီး ည ၈ နာရီခန့်အထိ ကျင်းပခဲ့
Tuesday, March 11, 2014

လွှတ်တော်သက်တမ်း သုံးနှစ်ကျော်ကာလအတွင်း မတ် ၁၀ ရက်က ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် န၀မပုံမှန်အစည်းအဝေးသည် စံချိန်တင်ကြာမြင့်ခဲ့ပြီး ည ၇ နာရီ ၄၅ အချိန်အထိ ကျင်းပခဲ့သည်။

ပြည်ထောင်စုလွှတ်တော် န၀မပုံမှန်အစည်းအဝေး ၂၁ ရက်မြောက်နေ့ အစည်းအဝေးတွင် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေကြမ်းအား အတည်ပြုနိုင်ရန်အတွက် ယင်းကဲ့သို့ လွှတ်တော်သက်တမ်းတလျှောက် အကြာမြင့်ဆုံးအဖြစ် ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက အဆိုပါအခွန်အကောက်ဥပဒေကြမ်းအား အပြီးပြတ်အတည်ပြုနိုင်ရန် ညနေ ၅ နာရီ လွှတ်တော်အစည်းအဝေးအား ကျင်းပရန် ကနဦးပြောကြားခဲ့သော်လည်း အမှန်တကယ်ပြုလုပ်ရာတွင် ထိုသို့ ည ၈ နာရီဝန်းကျင်ခန့်ထိ ကျင်းပခဲ့ခြင်းဖြစ်သည်။

"ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်တို့က သီးခြားဖွဲ့စည်းထားတဲ့ ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များ လေ့လာသုံးသပ်ရေးကော်မရှင်၊ ပြည်ထောင်စုအစိုးရ ဘဏ္ဍာရေးဝန်ကြီးနဲ့ အခြားဝန်ကြီးဌာန ၁၁ ခုနဲ့ ပြည်ထောင်စုရုံးဝန်ထမ်းများကို အထူးကျေးဇူးတင်ရမှာဖြစ်ပါတယ်။ ယနေ့ဆွေးနွေးဆုံးဖြတ်မယ့် အခွန်အကောက်ဆိုင်ရာ ဥပဒေကြမ်းဟာ နိုင်ငံတော်နဲ့ နိုင်ငံသားများအတွက် အထူးအရေးကြီးပြီး အလေးအနက်ထား ဆောင်ရွက်ကြရမယ့်ကိစ္စရပ်များလည်း ဖြစ်ပါတယ်။ ယခင်နှစ်များက လွှတ်တော်မှာ ဆွေးနွေးဆောင်ရွက်နိုင်မှု မရရှိခဲ့တဲ့အတွက် ယခုနှစ်မှာတော့ အခွန်အကောက်ဆိုင်ရာ ဥပဒေကြမ်းကို ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ ယခုကဲ့သို့ စတင်ဆောင်ရွက်နိုင်အောင် ပြည်ထောင်စုအစိုးရအဖွဲ့နှင့် သက်ဆိုင်ရာဝန်ကြီးဌာနတို့က ကြိုးပမ်းဆောင်ရွက်ပေးခဲ့တဲ့ စေတနာများကိုလည်း သိရှိနားလည် အသိအမှတ်ပြုရမှာ ဖြစ်ပါတယ်။ အစည်းအဝေးကာလ ကျန်ရှိတဲ့ရက်အတွင်းမှာ အချိန်မီပြီးစီးနိုင်အောင် ဆောင်ရွက်ရတဲ့အတွက် အကယ်၍အမှားအယွင်းအချို့ပါရှိပါက လွှတ်တော်တွင်းမှာပဲ ပြင်ဆင်တည့်မတ်ဆောင်ရွက်သွားကြမှာ ဖြစ်ပါတယ်။ ယခုလို အချိန်လု အရေးတစ်ယူဆောင်ရွက်နေခြင်းဟာ ဘတ်ဂျတ်လည်း ၂၀၁၄ မတ်လမကုန်မီ ဥပဒေအတည်ပြု ပြဋ္ဌာန်းနိုင်ရေးအတွက် အင်မတန်မှ အရေးကြီးတဲ့အတွက် အခုလိုရုံးပိတ်ရက်မရှောင် ရုံးနားချိန်မရှောင် ဆောင်ရွက်ခဲ့တာ လေ့လာမယ်ဆို သိမှာဖြစ်ပါတယ်။ ဒါကြောင့် ဒီဥပဒေကို ဒီနေ့ဆွေးနွေးတဲ့အခါမှာ အကယ်၍ ညနေ ၄ နာရီမှာ မပြီးဘူးဆိုရင် နောက်တစ်နာရီအတွင်း ငါးနာရီမှာဆက်ဆွေးနွေးလို့ ပြီးပြတ်မယ်ဆိုရင် ငါးနာရီအထိ ဆက်လက်ဆောင်ရွက်မှာဖြစ်ပါတယ်" ဟု ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက လွှတ်တော်အဖွင့်တွင် မိန့်ခွန်းပြောကြားရာ၌ ထည့်သွင်းပြောကြားသည်။

ယခုဥပဒေကြမ်းအား အတည်ပြုရာတွင် အခြားဥပဒေကြမ်းများ ဆွေးနွေးသကဲ့သို့မဟုတ်ဘဲ ပြင်ဆင်ချက်အမည်စာရင်း တင်သွင်းထားသူများအပြင် အခြားဆွေးနွေးလိုသည့် ကိုယ်စားလှယ်များကိုပါ ၀င်ရောက်ဆွေးနွေးခြင်း၊ ပြည်ထောင်စုအစိုးရအဖွဲ့ကိုယ်စား ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ဒုဝန်ကြီးနှစ်ဦး တစ်ယောက်ခြင်း၊ ထိုသို့ ဥပဒေကြမ်း ဆွေးနွေးဆုံးဖြတ်နေချိန်တွင် ပြည်ထောင်စုအစိုးရအဖွဲ့ကိုယ်စား တက်ရောက်လာသည့် ၀န်ကြီး (သို့မဟုတ်) ဒုဝန်ကြီးများနှင့် လွှတ်တော်ကိုယ်စားလှယ်များအား အစည်းအဝေးခန်းမပြင်ပသို့ထွက်ကာ သီးခြားဆွေးနွေးခြင်းများ ပြုလုပ်စေပြီးမှသာ ခန်းမအတွင်း ထပ်မံဆွေးနွေးအတည်ပြုခြင်းများ လုပ်ဆောင်ခဲ့သည်။

မတ် ၁၀ ရက်ကကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် မူလအစီအစဉ်ပါ ၀င်ငွေခွန်ဥပဒေကိုပြင်ဆင်သည့် ဥပဒေကြမ်းနှင့် ကုန်သွယ်လုပ်ငန်းခွန် ဥပဒေကိုပြင်ဆင်သည့် ဥပဒေကြမ်းတို့ကို အတည်ပြုမည့်အစီအစဉ်ကို မပြုလုပ်ခဲ့ကြောင်း သိရသည်။

အစည်းအဝေးတွင် နိုင်ငံတော်သမ္မတမှ ပြန်လည်ပေးပို့လာသည့် အမျိုးဘာသာသာသနာကို ကာကွယ်စောင့်ရှောက်နိုင်ရေးအတွက် ဥပဒေများပြဌာန်းရေးကို လွှတ်တော်က မှတ်တမ်းတင်ခြင်း၊ စာချွန်တော်အမိန့် လျှောက်ထားမှုဆိုင်ရာ ဥပဒေကြမ်း၊ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥပဒေကြမ်း၊ စားသုံးသူအကာအကွယ်ပေးရေး ဥပဒေကြမ်းများနှင့်ပတ်သက်ပြီး ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာများကို ဖတ်ကြားခြင်းများ ဆောင်ရွက်ခဲ့သည်။

ပြီးခဲ့သည့်လွှတ်တော်အစည်းအဝေးများကို အချိန်ကြာမြင့်ဆုံးအဖြစ် ညနေ ၄ နာရီကျော်အချိန်အထိသာ ပြုလုပ်ခဲ့သည်။

Eleven Media Group

(မတ် ၁၀ ရက် ည ၈ နာရီခန့်အထိ ကျင်းပသည့် ပြည်ထောင်စု လွှတ်တော်အစည်းအဝေးမှ ပြန်ဆင်းလာကြသော လွှတ်တော် ကိုယ်စားလှယ်များကို တွေ့ရစဉ် (ဓာတ်ပုံ-စိုးမင်းထိုက်))
မတ် ၁၀ ရက် ည ၈ နာရီခန့်အထိ ကျင်းပသည့် ပြည်ထောင်စု လွှတ်တော်အစည်းအဝေးမှ ပြန်ဆင်း လာကြသော လွှတ်တော် ကိုယ်စားလှယ်များကို တွေ့ရစဉ်

လွှတ်တော်သက်တမ်း သုံးနှစ်ကျော်ကာလအတွင်း မတ် ၁၀ ရက်က ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် န၀မပုံမှန်အစည်းအဝေးသည် စံချိန်တင်ကြာမြင့်ခဲ့ပြီး ည ၇ နာရီ ၄၅ အချိန်အထိ ကျင်းပခဲ့သည်။

အခွန်မပေးဆောင်သော ကုမ္ပဏီတစ်သောင်းကျော်ရှိနေပြီး ဦးတေဇ၏ AGD ဘဏ်၊ Mr. Serge Pun ၏ ရိုးမဘဏ်အပါအ၀င် နိုင်ငံခြားဘဏ်ကိုယ်စားလှယ်ရုံးအချို့ ပါဝင်

၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်အတွက် အခွန်စည်းကြပ်မှု မပြုရသေးသော ကုမ္ပဏီ ၁၀၀၀၀ ကျော်ရှိနေပြီး AGD ဘဏ်၊ Yoma ဘဏ်အပါအ၀င် နိုင်ငံခြားဘဏ် ကိုယ်စားလှယ်ရုံးအချို့ ပါဝင်ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာန၏ ထုတ်ပြန်ထားမှုအရ သိရသည်။

Monday, March 10, 2014

ခရီးသည် ၂၂၇ ဦးပါ မလေးရှား လေကြောင်းလိုင်းပိုင် လေယာဉ်ပျောက် ဆုံး၊ နှစ်ရက်နီးပါး ကြာသည်အထိ ရှာမတွေ့၊ အကြမ်းဖက်မှု ဟုတ်၊ မဟုတ် စုံစမ်း

ခရီးသည် ၂၂၇ ဦး လိုက်ပါသွားသော မလေးရှား လေကြောင်းလိုင်းပိုင် လေယာဉ်သည် မတ်လ ၈ ရက်နေ့က ပျောက်ဆုံး သွားပြီးနောက် ၂ ရက်နီးပါး ကြာမြင့်သည်အထိ ရှာဖွေတွေ့ရှိခြင်း မရှိသေးကြောင်းနှင့် ခိုးယူထားသည့် ပတ်စ်ပို့နှင့် လိုက်ပါသွားသော ခရီးသည်နှစ်ဦး လေယာဉ်ပေါ်တွင် ပါရှိသည်ဟု စစ်ဆေး တွေ့ရှိရသဖြင့် အဆိုပါ လေယာဉ် ပျောက်ဆုံးမှုကို အကြမ်းဖက်မှု ဟုတ်မဟုတ် မလေးရှား အာဏာပိုင်များက စုံစမ်းလျက် ရှိကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

မလေးရှား လေကြောင်းလိုင်းပိုင် ဘိုးရင်း ၇၇၇ လေယာဉ်သည် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှ

ကော့ဂွန်းဂူသို့ နိုင်ငံခြားသား လာရောက်မှု ပိုများလာ

Photo: ကော့ဂွန်းဂူသို့ နိုင်ငံခြားသား လာရောက်မှု ပိုများလာ
Monday, March 10, 2014

ကရင်ပြည်နယ် ဘားအံမြို့နယ်ရှိ ရှေးခေတ် မွန်ယဉ်ကျေးမှု အမွေအနှစ် လက်ရာများ တည်ရှိရာ ရှေးဟောင်းသမိုင်းဝင် ကော့ဂွန်းဂူသို့ နိုင်ငံခြားသား လာရောက်လည်ပတ်မှု ယမန်နှစ်ထက် ပိုများလာသည်ဟု ကော့ဂွန်းဂူ သဒ္ဓမ္မရတနာ ဓမ္မာရုံကျောင်း ဆရာတော်က မိန့်ကြားသည်။

ကော့ဂွန်းဂူသို့ လစဉ် နိုင်ငံခြားသား လာရောက်လည်ပတ်မှု တဖြည်းဖြည်း များပြားလာပြီး ယခုနှစ် ဇန်နဝါရီလမှ စပြီး တစ်လလျှင် နိုင်ငံပေါင်းစုံမှ နိုင်ငံခြားသား ၁၂၀၀ ကျော်ထိ လာရောက်ခဲ့သည်ဟု ယင်းဆရာတော်က မိန့်သည်။

“တစ်ရက်ကို ပျမ်းမျှ အယောက် ၃၀ လောက် လာကြတယ်။ တချို့ရက်မှာဆို အယောက် တစ်ရာကျော် လာတာလည်း ရှိတယ်။ အများဆုံးကတော့ ဂျာမနီ၊ ပြင်သစ်၊ အင်္ဂလန် နိုင်ငံသားတွေ” ဟု ဆရာတော် အရှင် ဦးဓမ္မပါလက မိန့်သည်။

သံလွင်မြစ်၏ အနောက်ဘက် ပင်လယ်ရေ မျက်နှာပြင်အထက် ပေ ၁၁၆ ခန့် အမြင့်တွင် တည်ရှိကာ သဘာဝ ထုံးကျောက်ဂူ အမျိုးအစား ဖြစ်သည့် ကော့ဂွန်းဂူကို ၁၉၅၇ ခုနှစ်တွင် ယဉ်ကျေးမှု ဝန်ကြီးဌာန ရှေးဟောင်းသုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက် ဦးစီးဌာနတို့က ပြန်လည် ထိန်းသိမ်းထားသည်။

ကော့ဂွန်းဂူကို ယဉ်ကျေးမှု ဝန်ကြီးဌာနမှ ထိန်းသိမ်းထားပြီး နောက်ပိုင်း ရှေးဟောင်းသမိုင်းဝင် ကော့ဂွန်းဂူ ယဉ်ကျေးမှုဇုန် နယ်နိမိတ်သို့ လာရောက် လည်ပတ်သည့် နိုင်ငံခြားသားများကို တစ်ဦးလျှင် မြန်မာငွေ ၃၀၀၀ ကျပ် ဝင်ကြေး ကောက်ခံခဲ့သည်။ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်ကြား သံလွင်မြစ်၊ ဂျိုင်းမြစ်၊ ဒုံသမိမြစ်နှင့် အတ္ထရံမြစ်တို့ ပေါင်းဆုံရာ မြစ်ဝကျွန်းပေါ် မြေနုလွင်ပြင်တွင် ထင်ရှားသည့် သဘာဝ ထုံးကျောက်ဂူများ ဖြစ်ကြသည့် နိဒုံရဂူ၊ ဖားဘောင်ဂူ၊ ရေပူဂူ၊ ခရုံဂူ၊ ဓမ္မသဂူ၊ ဆန္ဒန်ဂူ၊ ဖားပျံဂူ၊ တောင်ဘလွဲဂူ၊ ရသေ့ဂူ၊ မောင်ဒီဂူ၊ ဝဲပျံဂူ၊ ဝေပုလဂူ၊ ကော့ကသောင်ဂူ၊ မင်းလွင်ဂူ၊ ဘုရင့်ညီနောင်ဂူ၊ ဝင်းဆုံဂူ၊ ဖားကပ်ဂူ၊ ကော့ဂွန်းဂူနှင့် ရသေ့ပျံ ဂူတို့တွင် ရှေးဟောင်းဗုဒ္ဓ ရုပ်တုတော်များနှင့် ယဉ်ကျေးမှု အမွေအနှစ် လက်ရာများ တည်ရှိသည့် ဂူများဖြစ်ပြီး ၎င်းအနက် ကော့ဂွန်းဂူသည် ရှေးဟောင်းယဉ်ကျေးမှု လက်ရာများ အထင်ရှားဆုံး ဂူတစ်ခု ဖြစ်သည်။

လိုဏ်ဂူ အတွင်းပိုင်းနှင့် အပြင်ပိုင်း နံရံများပေါ်တွင် ရှေးဟောင်း မြေမီးဖုတ် အုတ်ခွက် ဘုရားများ၊ ဗုဒ္ဓဆင်းတုတော်များ၊ ထုံးကျောက်သားကို ထွင်းထုထားသည့် ရုပ်လုံးရုပ်ကြွများ၊ သဲကျောက်သား များဖြင့် ထွင်းထုထားသည့် ကျောက်ဆစ် ရုပ်တုများ၊ နံရံဆေးရေးစာများ၊ မင်စာများ၊ ကျောက်စာများနှင့် ရှေးမွန်စာ အရေးအသား များကို တွေ့ရှိရသည်။

ကော့ဂွန်းဂူတွင် တွေ့ရသည့် ရှေးဟောင်း မွန်ကျောက်စာသည် စာကြောင်း ၂၃ ကြောင်း ရှိပြီး ကျောက်စာပါ ရှေးမွန် အက္ခရာစာလုံးကို ပုဂံခေတ် ရှေးမွန်ကျောက်စာများနှင့် နှိုင်းလျှင် ခရစ်နှစ် (၁၁) ရာစုခန့်က ရေးထိုးထားသည့် ကျောက်စာ ဖြစ်သည်ဟု ရှေးဟောင်း သုတေသနက ခန့်မှန်းထားသည်ဟု ရှေးဟောင်းသမိုင်းဝင် ကော့ဂွန်းဂူ သမိုင်းစဉ် အကျဉ်းစာအုပ်တွင် ဖော်ပြထားသည်။

The Voice Weekly
ကရင်ပြည်နယ် ဘားအံမြို့နယ်ရှိ ရှေးခေတ် မွန်ယဉ်ကျေးမှု အမွေအနှစ် လက်ရာများ တည်ရှိရာ ရှေးဟောင်း သမိုင်းဝင် ကော့ဂွန်းဂူသို့ နိုင်ငံခြားသား လာရောက်လည်ပတ်မှု ယမန်နှစ်ထက် ပိုများလာသည်ဟု ကော့ဂွန်းဂူ သဒ္ဓမ္မရတနာ ဓမ္မာရုံကျောင်း ဆရာတော်က မိန့်ကြားသည်။

EU ရဲ့ ကမ္ဘာ့အကောင်းဆုံး ခရီးသွားနေရာဆု မြန်မာရရှိ

Photo: EU ရဲ့ ကမ္ဘာ့အကောင်းဆုံး ခရီးသွားနေရာဆု မြန်မာရရှိ
Monday, March 10, 2014

EU ဥရောပသမဂ္ဂ ခရီးသွားနဲ့ ကုန်သွယ်ရေးကောင်စီ ရဲ့ ၂၀၁၄ ခုနှစ်အတွက် ကမ္ဘာ့အကောင်းဆုံး ခရီးသွား လည်ပတ်ဖို့နေရာဆု မြန်မာနိုင်ငံကို ချီးမြှင့်မယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ ခရီးသွားလုပ်ငန်း ကြီးထွားဖွံ့ဖြိုးလာနေတာ၊ အာရှတိုက်မှာသာမက ကမ္ဘာမှာပါ တမူထူးခြားကျော်ကြားတဲ့ ယဉ်ကျေးမှု အမွေအနှစ်တွေရှိရာ နေရာဒေသတွေကို ဆွဲဆောင်အားကောင်းတဲ့ လည်ပတ်ကြည့်ရှုစရာ ခရီးသွားနေရာတွေအဖြစ် ဖန်တီးနိုင်တာတွေကြောင့် ဆု ချီးမြှင့်တာဖြစ်တယ်လို့ ဆိုပါတယ်။

ဒီဆုကို ၂၀၀၇ ခုနှစ်မှာ စတင်ချီးမြှင့်ခဲ့တာဖြစ်ပြီး၊ ခရီးသွားလုပ်ငန်းဆိုင်ရာ ကျင့်ဝတ်တွေ၊ ခရီးသွားတွေ လုံခြုံရေး၊ ကုလသမဂ္ဂ ပညာရေး၊ သိပံ္ပနဲ့ ယဉ်ကျေးမှုအဖွဲ့ (ယူနက်စကို) အသိအမှတ်ပြု စာရင်းဝင် ယဉ်ကျေးမှုအမွေအနှစ်တွေ ထိန်းသိမ်းစောင့်ရှောက်မှု စတဲ့အချက်တွေကို အခြေခံပြီး ချီးမြှင့်ကြောင်း သိရပါတယ်။

ဒါပေမဲ့ နိုင်ငံတကာမှာ ထင်ရှားတဲ့ ပုဂံဒေသဟာ အခုထိ ကုလသမဂ္ဂ ယူနက်စကိုရဲ့ အသိအမှတ်ပြု မခံရသေးဘဲ ရှိနေပါတယ်။ ၁၉၉၄ ခုနှစ် စစ်အစိုးရလက်ထက်က ပုဂံဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ဖြစ်ရေးအတွက် ယူနက်စကိုကို ပထမအကြိမ် တင်သွင်းခဲ့ပါတယ်။ ဒါပေမဲ့ ပုဂံဘုရားတွေကို ထိန်းသိမ်းပြုပြင်ရာမှာ နိုင်ငံတကာ စံသတ်မှတ်ချက်တွေနဲ့ မကိုက်ညီဘဲ၊ မူလလက်ရာတန်ဖိုးတွေ ဆုံးရှုံးကုန်တဲ့အတွက် ယူနက်စကိုက ပယ်ချခဲ့ပါတယ်။

စစ်အစိုးရလက်ထက်က ပုဂံ ဘုရားတွေကို ပြုပြင်ခဲ့ရာမှာ ဘုရားတစ်ဆူလုံးကို အသစ်ပြန်ပြင် ရွှေချခဲ့တာတွေ ရှိခဲ့ပါတယ်။ ဒါ့ပြင် ဟိုတယ်ကြီးတွေ၊ စားသောက်ဆိုင်ကြီးတွေ၊ ပုဂံဂေါက်ကွင်း စတာတွေကြောင့် ပုဂံရဲ့တန်ဖိုးကျဆင်းရတယ်လို့ သုတေသီတွေက ဆိုပါတယ်။

RFA Burmese
EU ဥရောပသမဂ္ဂ ခရီးသွားနဲ့ ကုန်သွယ်ရေးကောင်စီ ရဲ့ ၂၀၁၄ ခုနှစ်အတွက် ကမ္ဘာ့အကောင်းဆုံး ခရီးသွား လည်ပတ်ဖို့နေရာဆု မြန်မာနိုင်ငံကို ချီးမြှင့်မယ်လို့ သိရပါတယ်။

ကုန်ပစ္စည်း အတုတွေကို နှိမ်နင်းနိုင်ဖို့ အတွက် မူပိုင်ခွင့် ဥပဒေရေးဆွဲနေ

မြန်မာနိုင်ငံမှာ ​ကုန်ပစ္စည်းအတုတွေ ​တင်သွင်းဖြန့်ဖြူး ​ထုတ်လုပ်ရောင်းချနေတာကို ​ထိရောက်စွာ ​အရေးယူဆာင်ရွက်နိုင်ဖို့အတွက် ​ဥာဏပစ္စည်းမူပိုင်ခွင့်ဥပဒေကို ​ရေးဆွဲနေပြီး ​နောက်ဆုံးအဆင့်ကို ​ရောက်ရှိနေပြီလို့ ​ဒီဥပဒေကို ​ရေးဆွဲနေတဲ့ ​သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနက ​ပြောပါတယ်။

လက်နက်ကိုင် တပ်ဖွဲ့များ တပ်မတော်ကို ယုံကြည်လာကြောင်း တိုင်းရင်းသား ခေါင်းဆောင်အချို့ ထုတ်ပြော

Photo: လက်နက်ကိုင် တပ်ဖွဲ့များ တပ်မတော်ကို ယုံကြည်လာကြောင်း တိုင်းရင်းသား ခေါင်းဆောင်အချို့ ထုတ်ပြော
Monday, March 10, 2014

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ စတင်စဉ်က တပ်မတော်၏ ပါဝင်မှုကို သံသယ ရှိခဲ့သော်လည်း လက်ရှိအချိန်တွင် တပ်မတော်ကို တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များက ပိုမို ယုံကြည်လာကြောင်း အစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေးနေသော တိုင်းရင်းသား လက်နက်ကိုင်များ ကိုယ်စားပြု တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) မှ ခေါင်းဆောင် အချို့က ပြောကြားသည်။

ရန်ကုန်မြို့ မြန်မာ့ငြိမ်းချမ်းရေး စင်တာ၌ မတ်လ ၉ ရက်နေ့က ပြုလုပ်သော ဘားအံ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အကြို အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် ကိုယ်စားလှယ်များ တွေ့ဆုံအပြီး ၎င်းတို့က အထက်ပါအတိုင်း ပြောဆိုခြင်း ဖြစ်သည်။

“တစ်ချိန်တုန်းက တစ်ပြည်လုံး အပစ်အခတ် ရပ်စဲရေးမှာ တပ်မတော်က ပါဝင်မှု မရှိဘူးလို့ ပြောကြတာ အခုကတော့ တကယ် ပါလာပြီလို့ ခံစားရပါတယ်” ဟု (NCCT) ဒုတိယ ခေါင်းဆောင် ပဒိုကွယ်ထူးဝင်းက ပြောဆိုသည်။

ဘားအံပွဲ အကြို ဆွေးနွေးပွဲတွင် တပ်မတော် ကိုယ်စားလှယ် အဖြစ် ဒုတိယ ဗိုလ်ချုပ်ကြီး လေးဦးနှင့် ဗိုလ်ချုပ်အဆင့် နှစ်ဦး ပါဝင် ဆွေးနွေးသည့် အပေါ် တိုင်းရင်းသား ခေါင်းဆောင်များက ကျေနပ် အားရမှုရှိပြီး တပ်မတော် ကိုယ်စားလှယ်များ၏ တင်ပြချက်များမှာ အလားအလာ ကောင်းမွန်ကြောင်း ကရင်အမျိုးသား အစည်းအရုံး (KNU) ၏ အထွေထွေ အတွင်းရေးမှူးလည်း ဖြစ်သူ ပဒိုကွယ်ထူးဝင်းက သုံးသပ်သည်။

“ငြိမ်းချမ်းရေးအတွက် တကယ် ကိုယ်ဖိ ရင်ဖိ လုပ်ချင်တဲ့ ဆန္ဒကို ဖော်ပြတဲ့ အပေါ်မှာ အများကြီး ဝမ်းသာတယ်” ဟု တပ်မတော်၏ ဆွေးနွေးချက်များနှင့် ပတ်သက်၍ NCCT အဖွဲ့ဝင် ဥပဒေပညာရှင် တစ်ဦးဖြစ်သူ ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်းက ပြောကြားသည်။

ထို့အပြင် တပ်မတော် ကိုယ်စားလှယ် များ၏ ဆွေးနွေးမှုကို များစွာ အသိအမှတ်ပြုကြောင်း၊ တစ်နိုင်ငံလုံး အပစ်ရပ် စာချုပ် မဖြစ်မနေ ချုပ်ဆိုရမည် ဆိုသော ဆန္ဒပြင်းပြမှု တပ်မတော်တွင် ရှိနေကြောင်း ၎င်းက ထပ်လောင်း ရှင်းပြသည်။

NCCT အဖွဲ့ခေါင်းဆောင် ဖြစ်သူ ဦးနိုင်ဟံသာကလည်း “ဒီနေ့ သူတို့က စေတနာ ရိုးရိုးသားသားနဲ့ ဆွေးနွေးကြတယ်။ ပိုပြီးတော့ နားလည်မှု ရကြတယ်” ဟု ပြောကြားသည်။

လော်ခီးလာ ထိပ်သီးညီလာခံ အပြီး အစိုးရနှင့် တိုင်းရင်းသား အဖွဲ့များ၏ ဒုတိယအကြိမ် တွေ့ဆုံပွဲသို့ တပ်မတော်က ပထမဆုံးအကြိမ် အဖြစ် ထိပ်သီးခေါင်းဆောင် အများအပြား ပါဝင် တက်ရောက်လာခြင်း ဖြစ်ပြီး တိုင်းရင်းသား ကိုယ်စားပြု NCCT ခေါင်းဆောင် အများအပြား ပါဝင် တက်ရောက်ခဲ့သည်။

ယနေ့ ဆွေးနွေးပွဲသို့ တပ်မတော် ကိုယ်စားလှယ်များ အဖြစ် ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုး၊ ဒုတိယ ဗိုလ်ချုပ်ကြီး သက်နိုင်ဝင်း၊ ဒုတိယ ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ဗိုလ်ချုပ် မောင်မောင်အုန်းနှင့် ဗိုလ်မှူးကြီး ကျော်စိုးဝင်းတို့ ပါဝင် တက်ရောက်ခြင်း ဖြစ်သည်။

The Voice Weekly
ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ စတင်စဉ်က တပ်မတော်၏ ပါဝင်မှုကို သံသယ ရှိခဲ့သော်လည်း လက်ရှိအချိန်တွင် တပ်မတော်ကို တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များက ပိုမို ယုံကြည်လာကြောင်း အစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေးနေသော တိုင်းရင်းသား လက်နက်ကိုင်များ ကိုယ်စားပြု တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) မှ ခေါင်းဆောင် အချို့က ပြောကြားသည်။

ဆက်သွယ်ရေးကွန်ရက် အထောက်အကူပြု ၀န်ဆောင်မှုလုပ်ငန်း အပါအ၀င် လုပ်ငန်းရှစ်ခုတွင် စင်ကာပူနှင့် တရုတ်ကုမ္ပဏီများ ၀င်ရောက်မြှုပ်နှံ

ဆက်သွယ်ရေးကွန်ရက် အထောက်အကူပြု ၀န်ဆောင်မှုလုပ်ငန်းများ အပါအ၀င် လုပ်ငန်းရှစ်ခုတွင် စင်ကာပူနှင့် တရုတ်ကုမ္ပဏီများ ၀င်ရောက်ရင်းနှီး မြှုပ်နှံခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။

အောင်ဇေယျတံတား အဆင်းတွင် ဟီးနိုးယာဉ်တစ်စီး ဘရိတ်ပေါက်ကာ ရှေ့မှယာဉ်တစ်စီးကို တိုက်မိပြီး အခြားအငှားယာဉ် တစ်စီးပေါ် တိမ်းမှောက်

Photo: အောင်ဇေယျတံတား အဆင်းတွင် ဟီးနိုးယာဉ်တစ်စီး ဘရိတ်ပေါက်ကာ ရှေ့မှယာဉ်တစ်စီးကို တိုက်မိပြီး အခြားအငှားယာဉ် တစ်စီးပေါ် တိမ်းမှောက်
Monday, March 10, 2014

လှိုင်သာယာမြို့နယ်၊ အောင်ဇေယျတံတား အဆင်းတွင် ဟီနိုးယာဉ်တစ်စီးမှ ဘရိတ်ပေါက်ကာ ရှေ့ယာဉ်အားတိုက်မိပြီး ထိုယာဉ်မှတစ်ဆင့် အရှိန်လွန်ကာ အငှားယာဉ်တစ်စီးပေါ် တိမ်းမှောက်ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မတ် ၉ ရက် နံနက် ၉ နာရီ ၂၀ မိနစ်တွင် အင်းစိန်ဘက်မှ လှိုင်သာယာ ရွှေလင်ဗန်းဘက်သို့လာသော ယာဉ်အမှတ် 1G...... ဟီးနိုးအဖြူရောင်ယာဉ်မှာ အောင်ဇေယျတံတားအဆင်း ၁ ထိပ်မှတ် တိုင်အနီးအရောက် ဘရိတ်ပေါက်ကာ ၎င်းရှေ့မှ မောင်းနှင်နေသော Isuzu အပြာရောင်ယာဉ်၏ ဘယ်ဘက်ဘန်ကာ တိုက်မိခဲ့ကြောင်း သိရသည်။

၎င်းယာဉ်မှတစ်ဆင့် အရှိန်လွန်ကာ လမ်းဘေး၌ရပ်ထားသော အငှားယာဉ်တစ်စီးပေါ် တိမ်းမှောက်ခဲ့ကြောင်း သိရသည်။ ထိုသို့ ယာဉ်တိမ်းမှောက်မှုကြောင့် လမ်းဘေး၌ ရပ်နေသော အဘွားအိုတစ်ယောက် သေဆုံးခဲ့ပြီး လမ်းဘေးဈေးသည် အမျိုးသမီးတစ်ဦး အပါအ၀င် အငှားယာဉ်မောင်းနှင့် ယာဉ်ပေါ်ပါ ခရီးသည်တစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

“အငှားယာဉ်မောင်းနဲ့ ခရီးသည်တစ်ဦးက ကံကောင်းတယ်လို့ ပြောရမယ်။ သူတို့က လမ်းဘေးကွမ်းယာဆိုင်မှာ ကွမ်းထွက်ဝယ်တုံး ခုလိုဖြစ်တာ၊ ဒါတောင် ဒဏ်ရာတွေ ရသေးတယ်။ အငှားယာဉ်ကတော့ ပြန်ပြင်လို့တောင် ရတော့မယ်မထင်ဘူး” ဟု မျက်မြင်တွေ့သူ အမျိုးသားတစ်ဦးက ပြောသည်။

ယင်းကြောင့် လှိုင်သာယာ မြို့မရဲစခန်းမှ ကျူးလွန်သူ ယာဉ်မောင်းနှစ်ဦးအား ဖမ်းဆီးစစ်ဆေးနေကြောင်း သိရသည်။ 

Eleven Media Group

ယာဉ်တိမ်းမှောက်မှုဖြစ်စဉ်မှ ပျက်စီးခဲ့သည့် အငှားယာဉ်အား တွေ့ရစဉ် (ဓာတ်ပုံ-အောင်ကျော်ထက်)
ယာဉ်တိမ်းမှောက်မှုဖြစ်စဉ်မှ ပျက်စီးခဲ့သည့် အငှားယာဉ်အား တွေ့ရစဉ် (ဓာတ်ပုံ-အောင်ကျော်ထက်)

လှိုင်သာယာမြို့နယ်၊ အောင်ဇေယျတံတား အဆင်းတွင် ဟီနိုးယာဉ်တစ်စီးမှ ဘရိတ်ပေါက်ကာ ရှေ့ယာဉ် အားတိုက်မိပြီး ထိုယာဉ်မှတစ်ဆင့် အရှိန်လွန်ကာ အငှားယာဉ်တစ်စီးပေါ် တိမ်းမှောက်ခဲ့ကြောင်း သိရသည်။

ပန်းဆိုးတန်း-ဒလ ကူးတို့ရေယာဉ်များ ဆိုက်ကပ်ရန် ဒလဘက်ကမ်းတွင် ဆိပ်ခံတံတားတစ်စင်းအား ဂျပန်နိုင်ငံမှ တည်ဆောက်ပေးမည်

ပန်းဆိုးတန်း-ဒလ ကူးတို့ခရီးစဉ် ပြေးဆွဲနေသော သမ္ဗန်ငယ်တစ်စီးအား တွေ့ရစဉ်

ပန်းဆိုးတန်း-ဒလ ကူးတို့ရေယာဉ်များ ဆိုက်ကပ်ရန် ဒလဘက်ကမ်းတွင် ဆိပ်ခံတံတားတစ်စင်းအား ဂျပန်နိုင်ငံမှ တည်ဆောက်ပေးသွား မည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးမှ Minister Councilor Mr.Maruyama ၏ ပြောကြားချက်အရ သိရသည်။

မြန်မာဆက်သွယ်ရေးလုပ်ငန်း၌ ရင်းနှီးမြှုပ်နှံရန် ဆွီဒင်နှင့်ဂျပန်တို့ စိတ်ဝင်စား

နိုင်ငံတကာမှ စီးပွားရေးကုမ္ပဏီများက မြန်မာနိုင်ငံတွင်ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားလျက်ရှိရာ ဆက် သွယ်ရေး ကဏ္ဍ၌ ဆွီဒင်၊ ဂျပန်နှင့် စင်ကာပူ နိုင်ငံများမှ စီးပွားရေးကုမ္ပဏီများက ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရန် ရှိနေကြောင်း သိရသည်။

ပဲခူးတိုင်းဒေသကြီးတွင် ပါးရိုက်ခဲ့သည့် အလုပ်သမားခေါင်းဆောင်အား ဗိုက်ခွဲသတ်ဖြတ်စားသောက်ကာ သုံးလောင်းပြိုင်လူသတ်မှု ကျူးလွန်ခဲ့သူများအား ရဲအင်အား ၇၀ ကျော်ဖြင့် ဖမ်းဆီး

ပဲခူးတိုင်းဒေသကြီး ကြို့ပင်ကောက်မြို့နယ်၊ ဘော်ဘင်ဆည်၏အရှေ့ ကျောက်ဖြူလေးချောင်းဖျား၊ တောတွင်း စခန်းတစ်ခု၌ ပါးရိုက်ခဲ့သည့် အလုပ်သမားခေါင်းဆောင်အား ဗိုက်ခွဲသတ်ဖြတ် စားသောက်ကာ သုံးလောင်းပြိုင် လူသတ်မှု ကျူးလွန်ခဲ့သည့် ကျူးလွန်သူလေးဦးအား ဖမ်းဆီးရမိပြီဖြစ်ကြောင်း ပဲခူးတိုင်းဒေသ ကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

အပစ်အခတ်ရပ်စဲရေး ဆက်လက်ညှိနှိုင်းရန် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ၏ မူကြမ်းများအား တစ်ခုတည်းဖြစ်အောင် ရေးဆွဲမည်ဟု ရန်ကုန်ဆွေးနွေးပွဲ ပထမနေ့တွင် ဆုံးဖြတ်

Photo: အပစ်အခတ်ရပ်စဲရေး ဆက်လက်ညှိနှိုင်းရန် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ၏ မူကြမ်းများအား တစ်ခုတည်းဖြစ်အောင် ရေးဆွဲမည်ဟု ရန်ကုန်ဆွေးနွေးပွဲ ပထမနေ့တွင် ဆုံးဖြတ်
Monday, March 10, 2014

အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များအကြား တစ်နိုင်ငံလုံး အတိုင်းအတာ အပစ်အခတ်ရပ်စဲရေးမူကြမ်း ညှိနှိုင်းမှုကို မတ် ၉ ရက်ကစတင်၍ ရန်ကုန်မြို့ရှိ Myanmar Peace Center ၌ ပြုလုပ်ခဲ့ရာ အပစ်အခတ်ရပ်စဲရေး ဆက်လက်ညှိနှိုင်းရန် အစိုးရ၏မူကြမ်းနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ၏ မူကြမ်းအား တစ်ခုတည်းဖြစ်အောင် ပူးပေါင်းရေးဆွဲမည်ဟု ဆုံးဖြတ်ခဲ့ကြောင်း ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြောကြားသည်။

တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းမှု ဆက်လက်ပြုလုပ်ရန် နှစ်ဖက်ပူးပေါင်းရေးဆွဲမည့် မူကြမ်းအား အစိုးရအဖွဲ့မှ ကိုယ်စားလှယ်သုံးဦး၊ လွှတ်တော်မှ ကိုယ်စားလှယ်သုံးဦး၊ တပ်မတော်ဘက်မှ ကိုယ်စားလှယ်သုံးဦးနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ၏ တစ်နိုင်ငံလုံး အတိုင်းအတာ အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) မှ အဖွဲ့ဝင်ကိုးဦးတို့ ပါဝင်သည့် အဖွဲ့ဖွဲ့ကာ ရေးဆွဲဆောင်ရွက်သွားမည်ဖြစ်သည်။

NCCT အဖွဲ့ခေါင်းဆောင် ဦးနိုင်ဟံသာကလည်း “ကျွန်တော်တို့နဲ့ အစိုးရနဲ့က နှစ်ဖက်ဖြစ်နေတဲ့နေရာမှာ ကျွန်တော်တို့ကလည်း လော်ခီးလာရဲ့မူကို တင်တယ်။ အစိုးရဘက်ကလည်း သူတို့ရေးဆွဲထားတဲ့ သူတို့ရဲ့မူတွေ ရှိတာပေါ့။ အဲဒီတော့ သူ့မူသူကိုင်တယ်။ ကိုယ့်မူကိုယ်ကိုင်တယ်။ အဲဒီတော့ ညှိလို့ခက်တယ်ဗျ။ အဲဒီတော့ အဲဒီလို ညှိလို့ခက်နေတဲ့ အနေအထားမျိုးမှာ ကဲနှစ်ဖက်အဖွဲ့ တစ်ဖက်ဖွဲ့လိုက်မယ်။ ဟိုဘက်ကလူ တစ်ဝက် ဒီဘက်ကလူ တစ်ဝက် ဖွဲ့ပြီးတော့ မူအသစ်တစ်ခု ရေးမယ်။ အဲဒီပုံစံမျိုးနဲ့ သဘောတူတာ” ဟု ပြောကြားသည်။

ရန်ကုန်ဆွေးနွေးပွဲ ပထမရက် ဆွေးနွေးမှုသည် အောင်မြင်သော ဆွေးနွေးပွဲဖြစ်ကြောင်းနှင့် အသစ်ရေးဆွဲမည့်မူတွင် မည်ကဲ့သို့သော ခေါင်းစဉ်များထားပြီး ဆွေးနွေးရန်တို့နှင့် ပတ်သက်ပြီး မတ် ၁၀ ရက်တွင် ဆက်လက်ဆွေးနွေးမည်ဟု ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြောကြားခဲ့ပြီး ဦးနိုင်ဟံသာမှလည်း ဆွေးနွေးပွဲသည် တစ်နိုင်ငံလုံး အတိုင်းအတာ အပစ်အခတ်ရပ်စဲရေး ဆောင်ရွက်ရန်အတွက် တိုးတက်မှုများစွာ ရရှိခဲ့သည်ဟု ဆိုသည်။

“ဆွေးနွေးပွဲ အခြေအနေက ရှင်းရှင်းလင်းလင်း နှစ်ဖက်သံသယတို့ သို့တည်းမဟုတ် စိုးရိမ်တာတို့၊ စိတ်ပူတာတို့ အဲဒါတွေကို နည်းနည်းဖြေလျှော့ပြီးတော့ ရှေ့ဆက်သွားနိုင်တဲ့ လမ်းစရတယ်လို့ ပြောနိုင်တာပေါ့။ တပ်ပိုင်းဆိုင်ရာကိစ္စက အဓိကဆွေးနွေးဖို့ ဖြစ်လာတာ။ ဒါကို တပ်မတော်က အကြီးအကဲတွေ အများကြီး ပါလာတယ်။ သူတို့နဲ့ဆိုင်တဲ့ အပိုင်းတွေကို အဓိကတာဝန်ခံပြီး ဆွေးနွေးနိုင်အောင် သူတို့တွေ ပါဝင်လာတာဖြစ်တော့ အရေးကြီးတယ်လို့ ပြောနိုင်တယ်။ အကယ်၍သာ တပ်မတော်ဘက်က သဘောတူတယ်ဆိုရင် ခိုင်ခိုင်မာမာ ဖြစ်သွားတာပေါ့” ဟု NCCT မှ ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောကြားသည်။

တစ်နိုင်ငံလုံး အတိုင်းအတာ အပစ်အခတ်ရပ်စဲရေးနှင့် ပတ်သက်ပြီး အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအကြား ဆွေးနွေးညှိနှိုင်းမှုများ ကောင်းမွန်သည်ဟု ဆိုသော်လည်း နှစ်ဘက်ပူးပေါင်းရေးဆွဲမည့် မူကြမ်းအား နှစ်ဘက်ခေါင်းဆောင်များအား ပြန်လည်ရှင်းပြရမည့် ကိစ္စရပ်များကြောင့် ဘားအံဆွေးနွေးပွဲသည် သင်္ကြန်ကာလမတိုင်မီ ဖြစ်နိုင်ဖွယ် မရှိတော့ကြောင်း သိရသည်။

Eleven Media Group

အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကြား အပစ်အခတ်ရပ်စဲရေးမူကြမ်း ညှိနှိုင်းမှု အခမ်းအနားအား တွေ့ရစဉ်
အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကြား အပစ်အခတ်ရပ်စဲရေးမူကြမ်း ညှိနှိုင်းမှု အခမ်းအနားအား တွေ့ရစဉ်

အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များအကြား တစ်နိုင်ငံလုံး အတိုင်းအတာ အပစ်အခတ် ရပ်စဲရေး မူကြမ်း ညှိနှိုင်းမှုကို မတ် ၉ ရက်ကစတင်၍ ရန်ကုန်မြို့ရှိ Myanmar Peace Center ၌ ပြုလုပ်ခဲ့ရာ အပစ်အခတ်ရပ်စဲရေး ဆက်လက်ညှိနှိုင်းရန် အစိုးရ၏မူကြမ်းနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ၏ မူကြမ်းအား တစ်ခုတည်းဖြစ်အောင် ပူးပေါင်းရေးဆွဲမည်ဟု ဆုံးဖြတ်ခဲ့ကြောင်း ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြောကြားသည်။

မြန်မာနိုင်ငံတွင် သတင်းလွတ်လပ်ခွင့် အပြည့်အ၀ မရရှိသေးကြောင်းနှင့် သတင်းမီဒီယာများ အနေဖြင့်လည်း တာဝန်ယူမှု ရှိရမည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြောကြား

စုဖောင်ဒေးရှင်း ဖွင့်ပွဲအခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ နာမည်ကျော် သရုပ်ဆောင် မီရှဲယိုအား တွေ့ရစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)

မြန်မာနိုင်ငံတွင် သတင်းမီဒီယာလွတ်လပ်ခွင့် အပြည့်အ၀ မရရှိသေးကြောင်းနှင့် မြန်မာမီဒီယာများ အနေဖြင့် လည်း လွတ်လပ်ခွင့်နှင့်အတူ တာဝန်ယူမှုပါရှိအောင် ကြိုးပမ်းကြရမည်ဖြစ်ကြောင်း အမျိုးသား ဒီမို ကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က မတ် ၉ ရက်က ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ် ဆရာစံ ပလာဇာတွင် ကျင်းပသော စုဖောင်ဒေးရှင်း ဖွင့်ပွဲအခမ်းအနား မိန့်ခွန်းတွင် ထည့်သွင်းပြောကြား ခဲ့သည်။