Thursday, April 10, 2014

၂၀၁၅ ရွေးကောက်ပွဲ စည်းရုံးဟောပြောမှုတွေ ကန့်သတ်မည်

Photo: ၂၀၁၅ ရွေးကောက်ပွဲ စည်းရုံးဟောပြောမှုတွေ ကန့်သတ်မည်
Thursday, April 10, 2014

လာမယ့် ၂ဝ၁၅ ခုနှစ်ရွေးကောက်ပွဲမှာ မဲဆွယ်စည်းရုံးတဲ့အခါ သက်ဆိုင်ရာ မဲဆန္ဒနယ်မှာ ဝင်ရောက် အရွေးခံတဲ့ ကိုယ်စားလှယ် လောင်းတွေကိုသာ စည်းရုံး ဟောပြောခွင့် ပြုမယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ပြောလိုက်ပါတယ်။

ဧရာဝတီတိုင်း ပုသိမ်မြို့မှာ ဧပြီလ ၇ ရက်နေ့ကပြုလုပ်တဲ့ တိုင်းအစိုးရအဖွဲ့ဝင်တွေ၊ နိုင်ငံရေးပါတီတွေ၊ ခရိုင်-မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်တွေနဲ့ တွေ့ဆုံပွဲမှာ ပြောကြားတာဖြစ်ကြောင်း ဒီတွေ့ဆုံပွဲကို တက်ရောက်ခဲ့တဲ့ NLD ပါတီရဲ့ ဧရာဝတီတိုင်းဥက္ကဋ္ဌ ဒေါက်တာမျိုးညွန့်က RFA ကို ပြောပါတယ်။

"သူကပြောခဲ့တဲ့ စကားလုံးအတိအကျက အချိန်၊ နေရာနဲ့ လူပုဂ္ဂိုလ်ကို ကန့်သတ်လို့ရတယ်၊ ကန့်သတ်ပိုင်ခွင့်လည်းရှိတယ်၊ လူပုဂ္ဂိုလ်ဆိုတာကတော့ အရွေးခံမယ့် လူပုဂ္ဂိုလ်ကပဲ သူဘယ်လိုအရည်အချင်းရှိပါတယ်၊ ဘယ်လိုလုပ်ပါမယ်၊ ဒါတွေကို ပြောသင့်တယ်ပေါ့၊ တခြားလူက ဝင်ပြောလို့မရဘူးဆိုတဲ့ သဘောမျိုးပြောသွားတယ်၊ အချိန်အနေနဲ့ကျတော့ မလေးရှားမှာဆိုရင် campaign ရက်ကို ၁၅ ရက်ပဲပေးတယ်လို့ သူပြောတယ်၊ အဲဒီလိုမျိုး ကန့်သတ်လို့ရတယ်၊ ဘယ်နေရာပဲ campaign လုပ်ပါဆိုပြီး ကန့်သတ်လို့ရတယ်၊ နေရာရယ်၊ အချိန်ရယ်၊ လူရယ်ကို ကန့်သတ်မယ်လို့ ပြောပါတယ်"

ရွေးကောက်ပွဲကော်မရှင် ဥက္ကဌရဲ့ ဒီပြောကြားချက်ဟာ ဒေါ်အောင်ဆန်းစုကြည်ကို ရည်ရွယ်တယ်လို့ ယူဆကြောင်း ဒေါက်တာမျိုးညွန့်က ပြောပါတယ်။ အရင်ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲတွေမှာတော့ အခုလို မဲဆန္ဒနယ်အလိုက် ဟောပြောမယ့်သူ၊ ဟောပြောမယ့်အချိန်နဲ့ နေရာတွေကို ကန့်သတ်တာမျိုး မရှိခဲ့ဘူးလို့ သိရပါတယ်။

အဲဒီတွေ့ဆုံပွဲမှာပဲ လွှတ်တော်ထဲမှာ တပ်မတော် ပါဝင်နေတာဟာ အာဏာလိုချင်လို့မဟုတ်ဘဲ၊ အာဏာမသိမ်းချင်တဲ့အတွက် တပ်မတော်သား ၂၅ ရာခိုင်နှုန်း ထည့်သွင်းထားတာဖြစ်ကြောင်း ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

RFA Burmese
လာမယ့် ၂ဝ၁၅ ခုနှစ်ရွေးကောက်ပွဲမှာ မဲဆွယ်စည်းရုံးတဲ့အခါ သက်ဆိုင်ရာ မဲဆန္ဒနယ်မှာ ဝင်ရောက် အရွေးခံတဲ့ ကိုယ်စားလှယ် လောင်းတွေကိုသာ စည်းရုံး ဟောပြောခွင့် ပြုမယ် လို့ ပြည်ထောင် စု ရွေးကောက် ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ပြောလိုက်ပါတယ်။

ဖားကန့်မှာ ကျောက်စိမ်းမှောင်ခိုကား ၁၁ စီး ဖမ်းဆီးရမိ

Photo: ဖားကန့်မှာ ကျောက်စိမ်းမှောင်ခိုကား ၁၁ စီး ဖမ်းဆီးရမိ
Thursday, April 10, 2014

ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု လယ်ပြင်ကျေးရွာမှာ မနေ့ညနေပိုင်းက တရားမဝင် သယ်ဆောင်လာတဲ့ ကျောက်စိမ်းကား ၁၁ စီးကို တပ်မ ၆၆ လက်အောက်ခံ ခလရ ၃၅ တပ်ရင်းက ဖမ်းဆီးလိုက်ပြီး စစ်ဆေးနေတယ်လို့ ကချင်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးက ပြောပါတယ်။

အဲ့ဒီကျောက်စိမ်းကား ၁၁ စီးကို ပိုင်ရှင်မဲ့အဖြစ် ဖမ်းဆီးလိုက်တာဖြစ်ပြီး အမှုဖွင့်အရေးယူဆောင်ရွက်ဖို့ စီစဉ်နေတယ်လို့ ကချင်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးက ဒုတိယရဲမှူးကြီး ဦးဗညားဦးက ပြောပါတယ်။

"တပ်မ ၆၆ လက်အောက်ခံ ခလရ ၃၅က ၈ ရက်နေ့ ညနေ ၆ နာရီ ၁၅ မိနစ်မှာ တရားမဝင် ကျောက်စိမ်းကား ၁၁ စီးကိုဖမ်းမိပါတယ်၊ ကျနော်တို့ အမှုဖွင့်မှာပေါ့နော်"

ဒီတရားမဝင် ကျောက်စိမ်းကား ၁၁ စီး ဖမ်းဆီးရမိကြောင်းကို ကချင်ပြည်နယ်အစိုးရအဖွဲ့က အတည်ပြု ပြောပါတယ်။

အဲဒီ ကျောက်စိမ်းကား ၁၁ စီးပေါ်က ကျောက်စိမ်းတုံးတွေရဲ့ ကာလတန်ဖိုးပမဏကို မသိရှိရသေးကြောင်းနဲ့ မနေ့က ဖမ်းဆီးမိတာဟာ ဒီနှစ်ပိုင်းအတွင်း အများဆုံးလို့ ပြည်နယ်အစိုးရက ပြောပါတယ်။

RFA Burmese
ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု လယ်ပြင်ကျေးရွာမှာ မနေ့ညနေပိုင်းက တရားမဝင် သယ်ဆောင်လာတဲ့ ကျောက်စိမ်းကား ၁၁ စီးကို တပ်မ ၆၆ လက်အောက်ခံ ခလရ ၃၅ တပ်ရင်းက ဖမ်းဆီးလိုက်ပြီး စစ်ဆေးနေတယ်လို့ ကချင်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးက ပြောပါတယ်။

ကား အစင်း ၆ သန်းခွဲ ပြန်အပ်ဖို့ တိုယိုတာ ကြေညာ

တိုယိုတာ ကုမ္ပဏီက ကားအစင်းရေ ၆ သန်းခွဲ နီးပါးကို လုံခြုံရေး စိတ်မချရလို့ ကားတွေ ပြန်အပ်ပေး ဖို့ ကြေညာလိုက်ပါတယ်။

ကိုယ်စားလှယ်လောင်းတွေသာ ကိုယ်စားပြု မဲဆန္ဒနယ်မှာ စည်းရုံးခွင့်ရတော့မည်

Photo: ကိုယ်စားလှယ်လောင်းတွေသာ ကိုယ်စားပြု မဲဆန္ဒနယ်မှာ စည်းရုံးခွင့်ရတော့မည်
Thursday, April 10, 2014

လာမယ့် ရွေးကောက်ပွဲတွေမှာ ရွေးကောက်ပွဲဝင်မယ့် ကိုယ်စားလှယ်လောင်းဟာ သူရဲ့ မဲဆန္ဒနယ်မှာ သူကိုယ်တိုင်ပဲ မဲဆွယ်စည်းရုံးခွင့် ရှိမှာဖြစ်ပြီးတော့ တခြားပုဂ္ဂိုလ်တွေက သူ့အတွက် မဲဆွယ်ပေးတာမျိုး လုပ်ဆောင်ခွင့်မပေးတဲ့ ညွှန်ကြားချက် တစောင်ထုတ်ဖို့ ပြန်ဆင်နေတယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံးက တာဝန်ရှိသူတဦးက ပြောပါတယ်။ ဒီအချက်နဲ့ပတ်သက်ပြီး ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးတင်အေး ကလည်း သူ့ရဲ့ ပုသိမ်မြို့နယ် ခရီးစဉ်အတွင်းမှာ ပြောဆိုခဲ့ပါသေးတယ်။

အခုလို ရွေးကောက်ပွဲကော်မရှင်က ပြောဆိုမှုအပေါ်မှာ အတိုက်အခံပါတီ လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ အခြားပါတီတွေက ဘယ်လို သဘောထားကြပါသလဲ။ ရန်ကုန်အခြေစိုက် ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုအောင်ရဲမောင်မောင်က သတင်းပေးပို့ထားပါတယ်။

ဒီ ၂၀၁၄ မှာ ကျင်းပဖို့ရှိတဲ့ ကြားဖြတ်ရွေးကောက်ပွဲနဲ့ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွေမှာ သက်ဆိုင်ရာ ကိုယ်စားလှယ်ရဲ့ မဲဆန္ဒနယ်မှာ သက်ဆိုင်ရာ ကိုယ်စားလှယ် ကိုယ်တိုင်ကပဲ မဲဆွယ်ရမယ်ဆိုတဲ့အချက်ကို ကန့်သတ်သွားဖို့ ပြင်ဆင်နေတယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံး ညွှန်ကြားရေးမှူးချုပ် ဦးသောင်းလှိုင် က ဗွီအိုအေကို အတည်ပြု ပြောဆိုပါတယ်။

“ဥက္ကဌကြီးကတော့ သူက ဒီ Campaign နဲ့ပတ်သက်လို့ပေါ့ သူ အဲ့ဒီမှာပြောတဲ့ဥစ္စာကတော့ လောလောဆယ်ဆယ် သူ အကြမ်းမျဉ်းပေါ့နော် ကျနော်တို့ ကော်မရှင်က ဒီလိုဒီလို ဆောင်ရွက်မယ်ဆိုတဲ့သဘော၊ အဲ့ဒါနဲ့ပတ်သက်လို့ရှိရင် လက်ရှိ Election Campaign နဲ့ပတ်သက်တဲ့ စာ ထပ်ထွက်စရာရှိတယ်။ အဓိကတော့ ညွှန်ကြားချက်ပေါ့နော်။ လောလောဆယ်မှာတော့ မထွက်သေးဘူးပေါ့နော်။ သူက အဲ့ဒီအပေါ်မှာလည်း ဟိုဒင်းဖြစ်တယ်။ နောက်တခါ နိုင်ငံရေးပါတီတွေနဲ့လည်း တွေ့ဖို့ရှိတယ်။ ဒါပေမဲ့ အဓိကပြောချင်တာကတော့ဗျာ ဟို Election Campaign ကတော့ ဟို ကာယကံရှင်က မဲဆွယ်စည်းရုံးတာ ပိုပြီးတော့ သင့်မြတ်တယ်ပေါ့နော်။ အဲ့ဒါတော့ ဥက္ကဌကြီးက ဒီခရီးစဉ်ထဲမှာသွားရင်းနဲ့ သူ ကျနော်တို့ ကော်မရှင်အနေနဲ့ လှည့်ရင်းနဲ့ ဒါကို နှုတ်အားဖြင့်တော့ ထုတ်ပြောတာပေါ့နော်။”

ဒီအချက်နဲ့ ပတ်သက်ပြီးတော့လည်း ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေး ကလည်း ဧပြီလ ၇ ရက်နေ့တုန်းက ဧရာဝတီတိုင်း ပုသိမ်မြို့နယ် ခရီးစဉ်အတွင်းမှာ ပြောခဲ့ပါသေးတယ်။ ရွေးကောက်ပွဲကော်မရှင်ရဲ့ အခုလို ကန့်သတ်မယ့်အချက်ဟာ အတိုက်အခံပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မြန်မာနိုင်ငံအနှံ့ မဲဆွယ်စည်းရုံးမှုတွေကို ကန့်သတ်မယ့်သဘော ရှိနေတယ်လို့လည်း အများက ရှုမြင်ကြပါတယ်။

ပြည်ထောင်စု ရွေးကော်ပွဲကော်မရှင်ရဲ့ ပြောဆိုချက်အရဆိုရင် လာမယ့် ၂၀၁၅ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးကာလမှာ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတုန်းကလိုမျိုး NLD ပါတီ အမတ်လောင်းတွေအတွက် လှည့်လည် မဲဆွယ်စည်းရုံးခွင့် ရတော့မှာ မဟုတ်ပါဘူးလို့လည်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အမတ်အချို့က သုံးသပ်နေကြပါတယ်။

ဒီအချက်နဲ့ မဲဆွယ်စည်းရုံးမှုကို ပြောင်ပြောင်တင်းတင်း ကန့်သတ်မယ်ဆိုရင်တော့ ဒါဟာ မြန်မာနိုင်ငံက ရွေးကောက်ပွဲသမိုင်းမှာ တခါမှ မရှိဘူးတဲ့ ကန့်သတ်မှုမျိုး ဖြစ်လာမယ်လို့ ရှုမြင်သူက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ သန်းဝင်း ဖြစ်ပါတယ်။

“အဲ့ဒါကတော့ ကျနော်တို့ ဒီမြန်မာနိုင်ငံ သမိုင်းမှာ အစဉ်အလာ လုံးဝ မရှိဘူး အဲ့ဒါ။ ဒီစကားကြားရတာ ကျနော့်အတွက်တော့ အထူးအဆန်းပဲ။ ဘာလို့လဲဆိုတော့ ၄၈ လွတ်လပ်ရေးရပြီးရော၊ တောက်လျှောက်လုပ်လာတဲ့ ပါလီမန်ရွေးကောက်ပွဲတွေ တောက်လျှောက်ရှိတယ်။ တိုင်းပြုပြည်ပြု လွှတ်တော်ရွေးကောက်ပွဲ ၄၇ မှာလုပ်တယ်။ နောက်ပြီးတော့တခါ လွတ်လပ်ရေး ရပြီးတော့လည်း ဖ.ဆ.ပ.လ အစိုးရလက်ထက်မှာ ၅၂ ခုနှစ်မှာ တခါ လုပ်တယ်။ ၅၆ ခုနှစ်မှာ တခါလုပ်တယ်။ နောက်ပြီးတော့ ၁၉၆၀ မှာလည်း ရွေးကောက်ပွဲလုပ်တယ်။ ၉၀ ခုနှစ်မှာလည်း လုပ်တယ်။ တခါမှ အဲ့လိုကန့်သတ်တာမျိုး မရှိဘူး။ အဲ့လိုကန့်သတ်တာဟာ သဘာဝမကျဘူးလို့ ကျနော် မြင်တာပဲ။ ဒါကတော့ အစဉ်အလာကို ကြည့်မယ်ဆိုရင် နိုင်ငံရေးပါတီ တခုနိုင်ဖို့ဆိုတာက သူ့ခေါင်းဆောင်က အဓိကပဲလေ။ ခေါင်းဆောင်ကိုကြိုက်မှ ပါတီကို ကြိုက်တာကိုး။ ဟိုတုန်းကလည်း သန့်ရှင်း ဖ.ဆ.ပ.လ ဦးနုကို ကြိုက်လို့ တပြည်လုံး မဲ ပေးတာပဲ။ 90 Election မှာလည်း ဒေါ်စုကို ကြိုက်လို့ ပေးတာပဲ။ ကျနော်တို့ 2010 မှာလည်း ကျနော်တို့ဝင်တာ ခမောက်ဝင်တာ။ ဒေါ်စုအရှိန်နဲ့ နိုင်တာပဲလေ။ ဒါကတော့ ခေါင်းဆောင်ကိုကြိုက်မှ ပါတီကို ကြိုက်မှာပေါ့ဗျာ။ ပါတီရဲ့မူဝါဒကိုလည်း ကြိုက်မယ်။ ခေါင်းဆောင်ကိုလည်း ကြိုက်ရမှာပေါ့။ ခေါင်းဆောင်က အဓိက Main ပဲလေ။”

ပါတီပိုင်းက ဟောပြောသလို၊ ကိုယ်စားလှယ်လောင်းကလည်း ဟောပြောခွင့်ရှိမှသာ ပါတီမူဝါဒတွေကို  ပြည်သူသိအောင် ချပြနိုင်မှာဖြစ်တယ်လို့ ရခိုင်အမျိုးသားပါတီ ဒု ခေါင်းဆောင်လည်းဖြစ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လည်းဖြစ်တဲ့ ဒေါက်တာ အေးမောင် က ရှုမြင်သုံးသပ်ပါတယ်။

“မဲဆွယ်စည်းရုံးတာကတော့ နှစ်ပိုင်းရှိတာပေါ့လေ။ ပါတီအပိုင်းဆိုတာ ရှိတယ်ဗျ။ နောက် ကိုယ်စားလှယ်လောင်းနဲ့ ပတ်သက်တဲ့အပိုင်း ရှိမှာပေါ့။ အဲတော့ မဲဆန္ဒနယ် တခုကို သတ်မှတ်တာက သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်က သတ်မှတ်သလို၊ သက်ဆိုင်ရာ ပြိုင်တဲ့ပါတီကလည်း သတ်မှတ်ပေးရတာကိုး။ ဒီမဲဆန္ဒနယ်မှာ ဘယ်လွှတ်တော်ကိုယ်စားလှယ်လောင်းက ၀င်ပြိုင်တယ်ဆိုတာမျိုး၊ အဲတော့ ပါတီပိုင်းက ဆွေးနွေးပိုင်ခွင့် ပြည်သူလူထုကို တင်ပြပိုင်ခွင့်ကတော့ ရှိတယ်။ ဟုတ်ပြီနော်။ ပါတီပိုင်းက မပါဘဲနဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းဆိုတာ မဖြစ်လာနိုင်ဘူး။ မဟုတ်ရင် တသီးပုဂ္ဂလဖြစ်သွားမှာပေါ့။ အဲတော့ ပါတီပိုင်းကို မေ့ထားခဲ့လို့ မရဘူး။”

၂၀၁၂ ခုနှစ် ဧပြီလ ၁ ရက်နေ့ ကြားဖြတ်ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က လစ်လပ်မဲဆန္ဒနယ် ၄၅ နေရာမှာ ၄၄ နေရာ ၀င်ရောက်ယှဉ်ပြိုင်ခဲ့တာပါ။ ကြားဖြတ်ရွေးကောက်ပွဲကာလမှာ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံအနှံ့ NLD  လွှတ်တော် ကိုယ်စားလှယ်လောင်း တွေအတွက် မဲဆွယ်စည်းရုံးရေးဆင်းခဲ့ပြီး ၀င်ရောက်ယှဉ်ပြိုင်တဲ့ မဲဆန္ဒနယ် ၄၄ ခုမှာ ၄၃ နေရာ အနိုင်ရရှိခဲ့ပါတယ်။

၂၀၁၅ ရွေးကောက်ပွဲမှာလည်း ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံအနှံ့ မဲဆွယ်စည်းရုံးမှုတွေ လုပ်မှာကို စိုးရိမ်တဲ့အတွက် အခု ရွေးကောက်ပွဲကော်မရှင်က ပိတ်ပင်မှုတွေ လုပ်လာသလားလို့ လွှတ်တော်အမတ်တချို့က သုံးသပ်ပါတယ်။ ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး က ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲ အပြီးမှ ပါတီတွေနဲ့ တွေ့ဆုံချိန်မှာ ၂၀၁၂ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲဟာဆိုရင် လွတ်လပ်လွန်း၍ တရားမမျှတသည့် ရွေးကောက်ပွဲ ဖြစ်ခဲ့တယ်လို့တောင် ပြောဆိုခဲ့ဖူးပါတယ်။

ဗွီအိုအေ မြန်မာပိုင်း
လာမယ့် ရွေးကောက်ပွဲတွေမှာ ရွေးကောက်ပွဲဝင်မယ့် ကိုယ်စားလှယ်လောင်းဟာ သူရဲ့ မဲဆန္ဒနယ်မှာ သူကိုယ်တိုင်ပဲ မဲဆွယ်စည်းရုံးခွင့် ရှိမှာဖြစ်ပြီးတော့ တခြားပုဂ္ဂိုလ်တွေက သူ့အတွက် မဲဆွယ်ပေးတာမျိုး လုပ်ဆောင်ခွင့်မပေးတဲ့ ညွှန်ကြားချက် တစောင်ထုတ်ဖို့ ပြန်ဆင်နေတယ်လို့ ပြည်ထောင်စု ရွေးကောက် ပွဲ ကော်မရှင်ရုံးက တာဝန်ရှိသူတဦးက ပြောပါတယ်။ ဒီအချက်နဲ့ပတ်သက်ပြီး ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးတင်အေး ကလည်း သူ့ရဲ့ ပုသိမ်မြို့နယ် ခရီးစဉ်အတွင်းမှာ ပြောဆိုခဲ့ပါသေးတယ်။

အိန္ဒိယနိုင်ငံ ၏ ပထမဆုံးလေယာဉ်တင် သင်္ဘောကို အမေရိကန်ဒေါ်လာ ၁၀ သန်းဖြင့် ရောင်းချ

Photo: အိန္ဒိယနိုင်ငံ ၏ ပထမဆုံးလေယာဉ်တင် သင်္ဘောကို အမေရိကန်ဒေါ်လာ ၁၀ သန်းဖြင့် ရောင်းချ
Thursday, April 10, 2014

အိန္ဒိယနိုင်ငံ သည် INS Wikrant အမည်ရှိ ၄င်းတို့၏ ပထမ ဦးဆုံးသော လေ ယာဉ်တင် သင်္ဘော ကို လေလံပွဲ တစ်ခုတွင် အမေရိကန် ဒေါ်လာ ၁၀ သန်းဖြင့် ရောင်းချ ခဲ့ကြောင်း သိရသည်။

ဗြိတိန်နိုင်ငံ မှ ၁၉၅၇ ခုနှစ်က ၀ယ်ယူ ခဲ့သော ၄င်းသင်္ဘောကို အိန္ဒိယနိုင်ငံ က ၁၉၇၁ ခုနှစ် အတွင်းက ဖြစ်ပွားခဲ့သော အင်ဒို - ပါကစ္စတန် စစ်ပွဲအတွင်းက ပါကစ္စတန် အရှေ့ပိုင်းရှိ ရေကြောင်း ပိတ်ဆို့မှုများ လုပ်ဆောင် ရာတွင် အဓိကကဏ္ဍ တစ်ရပ်အဖြစ် အသုံးပြု ခဲ့ကြောင်း သိရသည်။

အိန္ဒိယ ရေတပ်မှ ရောင်းချခဲ့သော ၄င်း သင်္ဘောကို I.B Commercial Pvt ကုမ္ပဏီက ၀ယ်ယူခဲ့ပြီး ရက်ပေါင်း ၃၀ အတွင်း ငွေပေးချေ သွားမည် ဖြစ်ကြောင်း သိရသည်။

INS Wikrant သင်္ဘောသည် ၁၉၉၇ ခုနှစ် ဇန်န၀ါရီလ ပိုင်းက ၄င်း ထမ်းဆောင် ခဲ့သည့် တာဝန်များကို အဆုံးသတ် ခဲ့ပြီးနောက် သင်္ဘောကို အာဏာပိုင် များက မွမ်ဘိုင်းမြို့ Cuffe Parade ရှိ သင်္ဘောပြတိုက် တစ်ခု၌ ၂၀၁၂ ခုနှစ်တိုင်အောင် ပြသခဲ့ပြီး လုံခြုံမှု မရှိသောကြောင့် နောက်ပိုင်းတွင် ယင်းကဲ့သို့ ရောင်းချခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။ (Xinhua )

Themyawadydaily
အိန္ဒိယနိုင်ငံ သည် INS Wikrant အမည်ရှိ ၄င်းတို့၏ ပထမ ဦးဆုံးသော လေ ယာဉ်တင် သင်္ဘော ကို လေလံပွဲ တစ်ခုတွင် အမေရိကန် ဒေါ်လာ ၁၀ သန်းဖြင့် ရောင်းချ ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ နှစ်စဉ်မဟာသင်္ကြန် ပိတ်ရက်များသည် လိုအပ်သည် ထက် ပိုနေပြီး စီးပွားရေး လည်ပတ်မှုဆိုင်ရာ နှောင့်နှေး မှုများ ဖြစ်လာနိုင်ကြောင်း ယူဆနေကြ

Photo: မြန်မာနိုင်ငံ၏ နှစ်စဉ်မဟာသင်္ကြန် ပိတ်ရက်များသည် လိုအပ်သည် ထက် ပိုနေပြီး စီးပွားရေး လည်ပတ်မှုဆိုင်ရာ နှောင့်နှေး မှုများ ဖြစ်လာနိုင်ကြောင်း ယူဆနေကြ
Thursday, April 10, 2014

မြန်မာနိုင်ငံ၏ နှစ်စဉ်မဟာသင်္ကြန် ပိတ်ရက်များသည် လိုအပ်သည်ထက် ပိုမိုနေပြီး စီးပွားရေး လည်ပတ်မှုဆိုင်ရာ နှောင့်နှေးမှုများ ဖြစ်လာနိုင်သည်ဟု ယူဆမှု များရှိနေကြောင်း သိရှိရသည်။

ဈေးကွက်စီးပွားရေးစနစ်အား အောင်မြင်စွာ ကျင့်သုံးလာသည်ဟု ဆိုနိုင်သည့် မြန်မာနိုင်ငံတွင် မြန်မာ့ရိုးရာ အစဉ်အလာ မဟုတ်ဘဲ ဟိန္ဒူအယူဝါဒမှ ဆင်းသက်လာသည့် မဟာသင်္ကြန် ပွဲတော်အတွက် အစိုးရရုံးဌာနများနှင့် နိုင်ငံတကာနှင့် ဆက်နွှယ်နေသည့် လုပ်ငန်းများအား ရပ်ဆိုင်းကာ တရားဝင် ရုံးပိတ်ရက်အဖြစ် သတ်မှတ်ခြင်းမှာ စီးပွားရေးဖွံ့ဖြိုးမှု နှေးကွေးနေသည့် မြန်မာနိုင်ငံအတွက် ထိုးနှက်ချက် ဖြစ်လာနိုင်ကြောင်း သုံးသပ်မှုများ ရှိနေကြောင်းလည်း သိရှိရသည်။

“လူတစ်ယောက်ကို တစ်နှစ်ကို ရှောင်တခင်ခွင့် ၁၀ ရက်က ရှိပြီးသား။ ဒါ့ပြင် တစ်ပတ်ကို စနေ၊ တနင်္ဂနွေ နှစ်ရက်ပိတ်ပေးတယ်။ တစ်ပတ်မှာ ငါးရက်အလုပ်လုပ်၊ နှစ်ရက်နားခိုင်းတဲ့ သဘောပေါ့။ အဲဒီရက်မှာနားပြီး အားပြန်ဖြည့်တဲ့ သဘောပေါ့။ အခု ၁၀ ရက် ပိတ်ပေးတယ် ဆိုတာလည်း စိတ်ရောကိုယ်ရော နားခိုင်းတဲ့ သဘောပါပဲ။ တရုတ်တွေကတော့ တရုတ်နှစ်သစ်ကူးမှာ နားကြတယ်။ နိုင်ငံခြားသားတွေကတော့ vacation ရက်တွေကို တန်ဖိုးထားကြတယ်။ ဒါပေမဲ့ အခုလို ၁၀ ရက်ပိတ်တဲ့အတွက် တချို့အလုပ်တွေ pending ဖြစ်တာတွေတော့ ရှိတာပေါ့” ဟုလည်း ဆောက်လုပ်ရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ယခုနှစ် ဧပြီလတွင် အစိုးရရုံးဌာနများ၏ တရားဝင်ရုံးပိတ်ရက်မှာ စနေ၊ တနင်္ဂနွေပိတ်ရက်များနှင့် မဟာသင်္ကြန် ပိတ်ရက်များအပါအ၀င် ၁၄ ရက်အထိ ရှိနေသည်။ မြန်မာနိုင်ငံတွင် ဧပြီလ၏ ရုံးပိတ်ရက်များသည် မဟာသင်္ကြန်ပိတ်ရက်နှင့် စနေ၊ တနင်္ဂနွေပိတ်ရက်များ ပေါင်းပါက နှစ်စဉ် ၁၃ ရက်နှင့် ၁၇ ရက်ကြားတွင် ရှိနေသည်။

ထိုသို့ ပိတ်ရက်များ များပြားသည့်အတွက် ရုံးလုပ်ငန်းဆိုင်ရာ လုပ်ဆောင်မှုများသည် ဘဏ္ဍာနှစ်တစ်နှစ်၏ အစဖြစ်သော ဧပြီလအတွက် နှောင့်နှေးမှုများစွာ ဖြစ်ပေါ်စေကြောင်း မူဝါဒဆိုင်ရာ စီးပွားရေးပညာရှင် အချို့က သုံးသပ်မှုများ ရှိနေသည်။

သင်္ကြန်ကာလ ရုံးပိတ်ရက်ဖြစ်သည့်အတွက် နိုင်ငံ့ဝန်ထမ်းများနှင့် သာမန်လုပ်သား ပြည်သူများအတွက် နားရက်ရရှိ၍ ကောင်းမွန်စွာ နားနေနိုင်သည့် အခြေအနေတွင် ရှိသော်လည်း နှစ်ပေါင်းများစွာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု နောက်ကျခဲ့သည့် မြန်မာနိုင်ငံအနေနှင့် လက်ရှိကာလသည် နိုင်ငံတကာအား အမီလိုက်နိုင်ရန် စီးပွားရေးလုပ်ငန်းများအား အားသွန်ခွန်စိုက် လုပ်ကိုင်သင့်သည့် အချိန်ဖြစ်ပြီး ပိတ်ရက်ရှည်ကြာမှုသည် လက်ရှိကာလတွင် မဖြစ်သင့်တော့ကြောင်း ကုန်သည်စက်မှု အသင်းချုပ် တာဝန်ရှိသူတစ်ဦးက သုံးသပ်သည်။

မြန်မာနိုင်ငံတွင် မဟာသင်္ကြန် ပိတ်ရက်အဖြစ် သတ်မှတ်သည့် အစိုးရရုံးပိတ်ရက် ကာလအတွင်း မဖြစ်မနေ တာဝန်ထမ်းဆောင်ရသည့် နိုင်ငံ့ဝန်ထမ်း အများစုမှာ ဆေးရုံများရှိ ဆရာဝန်၊ သူနာပြုများ အပါအ၀င် ၀န်ထမ်းများ၊ အကျဉ်းထောင်၊ ရဲစခန်းများတွင် တာဝန်ထမ်းဆောင်ရသည့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မြန်မာ့တပ်မတော်မှ တပ်သားများ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ စသည့်ဝန်ထမ်းများဖြစ်ပြီး အများသူငါ ရုံးပိတ်ရက်တွင်ပါမကျန် တာဝန်ထမ်းဆောင်ရသည့် နိုင်ငံဝန်ထမ်းများ အနေဖြင့် မဟာသင်္ကြန် ရုံးပိတ်ရက်သည် မညီမျှသော နိုင်ငံတော် ရုံးပိတ်ရက်များ ဖြစ်ပေါ်စေကြောင်း သိရသည်။

“ကျွန်မတို့အလုပ်က ပိတ်လို့ရတဲ့ အလုပ်မှ မဟုတ်တာ။ သင်္ကြန်ရက်နားနီးလေ လူနာများလေပဲ။ ဒီအလုပ်ကိုပဲ ကျွန်မတို့ ရွေးချယ်ခဲ့တာ” ဟု ကျန်းမာရေးဝန်ကြီးဌာနမှ သူနာပြု ၀န်ထမ်းတစ်ဦးက ဆိုသည်။

အများသူငါ ပျော်ပါးချိန်တွင် ပျော်ပါးချင်သော်လည်း ထိုကဲ့သို့ ပြည်သူများ ပျော်ပါးနေမှုအား ထိန်းသိမ်းစောင့်ရှောက်ပေးရမည့် တာဝန်ရှိနေသည့်အတွက် အများသူငါကဲ့သို့ ပျော်ရွှင်နိုင်မှု မရှိကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။

ငွေကြေးကြွယ်ဝသူများနှင့် လုပ်ခလစာ အာမခံချက်ရှိသည့် အစိုးရ၀န်ထမ်းများ ပုဂ္ဂလိက ၀န်ထမ်းများအတွက် ပိတ်ရက်များနှင့်အတူ လစာငွေထုပ်မှ လကုန်လျှင် စောင့်ကြိုနေမည် ဖြစ်သော်လည်း သာမန်ကျပန်း လုပ်ကိုင်သူများနှင့် တစ်နေ့လုပ်တစ်နေ့ စားရသူများအတွက် သင်္ကြန်ပိတ်ရက်များပြားမှုမှာ ခက်ခဲသည့်နေ့ရက်များ ဖြစ်ပေါ်စေကြောင်းလည်း သိရှိရသည်။

“ကျွန်တော်က ဆောက်လုပ်ရေး လုပ်ငန်းခွင်တစ်ခုမှာ ပန်းရန်လုပ်ပါတယ်။ သင်္ကြန်ကာလမှာ စုဆောင်းထား တာလေးတွေ နဲ့ပဲ ချွေတာ စားသောက်ရမှာပေါ့။ အိမ်မှာက မိသားစု လေးယောက်ရှိတယ်။ ကျွန်တော်ရယ် ကျွန်တော့်သားအကြီးရယ်က နေ့စားပန်းရန် လုပ်တယ်။ နှစ်ယောက်စလုံး အလုပ်မလုပ်တော့ တစ်ရက်ဆိုတစ်ရက် ၀င်ငွေထိခိုက်တာပေါ့။ ပိုက်ဆံတတ်နိုင်တဲ့ သူတွေအတွက်ကတော့ သင်္ကြန်ဆိုတာ ပျော်စရာကောင်းပေမယ့် ကျွန်တော်တို့လို လက်လုပ်လက်စားတွေကတော့ သင်္ကြန်ဆိုရင် စားဝတ်နေရေး အတွက်ကတော့ ခေါင်းခဲရတယ်” ဟု မလွှကုန်းရပ်ကွက်၊ တာမွေမြို့နယ်နေ ဦးကျော်အုန်းက ဆိုသည်။

“သင်္ကြန် ၁၀ ရက် ပိတ်တဲ့အတွက် ကြီးကြီးမားမား ပြဿနာ မရှိနိုင်ပါဘူး။ ကျွန်တော်တို့ရုံးတွေက ပို့ကုန်သွင်းကုန်လိုင်စင် ထုတ်ပေးတဲ့ ဌာနတွေဆိုတော့ လိုင်စင်အတွက်က သင်္ကြန်ပိတ်ရက်အတွက် ကြိုပြီးလုပ်ထားလို့ ရတယ်လေ။ ကုန်သွယ်ရေးစာချုပ် ချုပ်ဖို့ရှိတာတွေဆိုလည်း ကြိုလုပ်ထားလို့ ရပါတယ်။ အရေးကြီးတာက custom လို ဟာမျိုးတွေမှာတော့ ကြိုလုပ်ထားဖို့ ခက်တယ်။ ပို့ကုန်သွင်းကုန်နဲ့ ကုန်စည်စီးဆင်းနေတဲ့ အပိုင်းကို အကောက်ခွန် စည်းကြပ်ရတာ ဖြစ်တဲ့အတွက် တကယ်လို့သာ custom လိုဌာနမျိုးကို ၁၀ ရက်ပိတ်ရင် နည်းနည်းတော့ ပြဿနာရှိနိုင်ပါတယ်။ ကုန်သွယ်မှု ရပ်ဆိုင်းတာတွေ နှောင့်နှေးတာမျိုးတွေ ရှိနိုင်ပါတယ်။ ဒါပေမဲ့ အဲလိုမျိုးတွေ မဖြစ်အောင် ရက်အလိုက် တာဝန်ချထားမှုတွေကိုလည်း ကြိုတင်စီစဉ် ထားကြပါတယ်” ဟုလည်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

နိုင်ငံတကာ စီးပွားရေး လုပ်ငန်းရှင်များနှင့် ဆက်နွှယ်လုပ်ကိုင်နေ ရသည့် မြန်မာနိုင်ငံရှိ ပြည်ပပို့ကုန် လုပ်ငန်းရှင်များ အနေဖြင့် မဟာသင်္ကြန် ရုံးပိတ်ရက်တွင် အစိုးရရုံးပိတ်ရက် ကာလအတွင်း ၀န်ထမ်းရုံးပိတ်ရက်များ ပိတ်ထားသော်လည်း အခြားနိုင်ငံများမှ ကုန်မှာယူမှုများ ရှိသည့်အတွက် ကုန်တင်ပို့မှုများ လုပ်ဆောင်ရခြင်းကြောင့် အစိုးရဌာန တစ်ခုဖြစ်သည့် အကောက်ခွန် ဦးစီးဌာနသည်လည်း အစိုးရ ရုံးပိတ်ရက်တွင် ပြည်ပပို့ကုန် လုပ်ငန်းရှင်များ အဆင်ပြေစွာ နိုင်ငံတကာ ကုန်သွယ်မှု ပြုလုပ်နိုင်စေရန် ယခုနှစ် မဟာသင်္ကြန် ရုံးပိတ်ရက် ၁၀ ရက်၌ ရုံးဖွင့်ရက် လေးရက်အထိ သတ်မှတ်ထားရသည်။

“ရုံးပိတ်ရက်များတော့ ၀န်ထမ်းတွေ ပျော်တာပေါ့။ လုပ်ငန်းရှင်တွေ ဘက်ကတော့ ရုံးပိတ်ရက်များတော့ အရှုံးတော့ ရှိတယ်။ နေ့စဉ် Cost ကရှိနေတော့ အရှုံးက ရှိတယ်။ ရုံးပိတ်ရက်များတော့ ၀င်ငွေမရှိတဲ့ ဧပြီလကတော့ ပို့ကုန်လုပ်ငန်းတွေ အတွက်ကတော့ အရှုံးရှိတာပေါ့။ နိုင်ငံခြားကို တင်ပို့နေတဲ့ ရေထွက်ကုန်တွေကတော့ ၁၀ တန်မှာရင် ရှစ်တန်လောက်ပဲ တင်ပို့ရတယ်။ အဲဒီကြားရက်မှာက ရသလောက် ကုန်ကိုပဲ တင်ပို့ရတယ်။ ဧပြီလကတော့ ပို့ကုန် Volume ကျမယ်။ ဘာဖြစ်လို့လဲဆိုတော့ ပိတ်ရက်များတာကိုး။ ပို့ကုန်ကတော့ နည်းနည်းတော့ ကျသွားနိုင်တယ်။ ရုံးပိတ်ရက် ရှည်တော့လည်း နိုင်ငံခြားနဲ့ ဆက်သွယ်ပြီး လုပ်ရတဲ့ လုပ်ငန်းတွေက အခက်အခဲ ဖြစ်တာပေါ့။ ၀န်ထမ်းတွေ အကုန်လုံးကို ပေးနားရတယ်။ ပေးနားရတော့ နိုင်ငံခြားမှာက ပိတ်ရက်ဒီလောက်မရှိတဲ့ အခါကျ သူတို့နဲ့ ဆက်သွယ်တဲ့ အခါကျတော့ ဒီကပိတ်ရက်ဖြစ်တော့ အရောင်းအ၀ယ် နည်းနည်းတော့ တန့်သွားတာပေါ့။ အမှန်ကတော့ ၁၀ ရက်ကျော်ကြီးက နည်းနည်းတော့ များတယ်။ နိုင်ငံတော်က အခုမှ ပြန်လည်ထူထောင်ရေး လုပ်နေတဲ့ အချိန်လေ။ ရုံးပိတ်ရက် များတဲ့အတွက် ထိခိုက်မှုတော့ ရှိတယ်။ ဒီအချိန်မှာ သူများတစ်လှမ်းလှမ်းရင် ကိုယ်ကနှစ်လှမ်းလောက် လှမ်းရမယ့် အချိန်လေ။ ဒီအချိန်မှာ ပိတ်ရက်တွေ များတဲ့အခါကျတော့ လုပ်နေတဲ့စွမ်းအားတွေ လျော့တာပေါ့” ဟု မြန်မာနိုင်ငံ ရေထွက်ပစ္စည်း ထုတ်လုပ်သူများနှင့် ပို့ကုန်လုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးထွန်းအေးက ပြောကြားသည်။

အကောက်ခွန် ဦးစီးဌာန အနေဖြင့် တရားဝင်ဖွင့်လှစ်ကြောင်း ကြေညာ ရသည့် ရုံးဖွင့်ရက် လေးရက်အပြင် ရုံးမဖွင့်သည့် ရက်များ၌ အရေးတကြီး တင်သွင်းတင်ပို့လုပ်ငန်း လုပ်ကိုင်လိုသည့် လုပ်ငန်းရှင်များအတွက်ပါ ပိတ်ရက်များတွင် ပြည်ပသို့ တင်သွင်းတင်ပို့မှုများ ပြုလုပ်နိုင်ရန် လုပ်ငန်းရှင်များအား ကြိုတင်သတိပေးမှုများ ပြုလုပ်ထား ရပြီး လေကြောင်း ပို့ကုန် လုပ်ငန်းများကိုမူ မဟာသင်္ကြန် ရုံးပိတ်ရက်တွင်ပါ ပိတ်ရက်မရှိ ဖွင့်လှစ်ပေးထားရကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ စီးပွားရေးနှင့်ဆိုင်သော ဂျီဒီပီ ဖွံ့ဖြိုးတိုးတက်မှုသည် ၂၀၁၁-၂၀၁၂ ခုနှစ်တွင် ၅ ဒသမ ၆ ရာခိုင်နှုန်း၊ ထုတ်လုပ်မှုတန်ဖိုး ကျပ် ၄၆ ဒသမ ၃၀၇ ထရီလျံ၊ ၂၀၁၂-၂၀၁၃ ခုနှစ်တွင် ၇ ဒသမ ၃ ရာခိုင်နှုန်း ထုတ်လုပ်မှုတန်ဖိုး ကျပ် ၅၁ ဒသမ ၀၆၀ ထရီလျံ ရရှိခဲ့ပြီး ၂၀၁၃-၂၀၁၄ ခုနှစ်တွင် ၈ ဒသမ ၉ ရာခိုင်နှုန်း ထုတ်လုပ်မှုတန်ဖိုး ကျပ် ၅၉ ဒသမ ၂၄၈ ထရီလျံ ရရှိမည်ဟု ခန့်မှန်းခဲ့သော်လည်း ပထမ ခြောက်လပတ်အတွင်း စီးပွားရေးတိုးတက်မှုနှုန်းမှာ ၅ ဒသမ ၉ ရာခိုင်နှုန်းသာ ရှိခဲ့ကာ စီးပွားရေးတိုးတက်မှု နှေးကွေးခဲ့ကြောင်း သိရသည်။

Eleven Media Group

၂၀၁၃ မဟာသင်္ကြန် ကာလအတွင်း ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့ နယ်၌ ရေကစားနေကြသူအချို့အား တွေ့ရစဉ် (ဓာတ်ပုံ-အောင်ဇော်ထွန်း)
၂၀၁၃ မဟာသင်္ကြန်ကာလအတွင်း ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ်၌ ရေကစားနေကြသူအချို့အား တွေ့ရစဉ် (ဓာတ်ပုံ -အောင်ဇော်ထွန်း)

မြန်မာနိုင်ငံ၏ နှစ်စဉ်မဟာသင်္ကြန် ပိတ်ရက်များသည် လိုအပ်သည်ထက် ပိုမိုနေပြီး စီးပွားရေး လည်ပတ်မှု ဆိုင် ရာ နှောင့်နှေးမှုများ ဖြစ်လာနိုင်သည်ဟု ယူဆမှု များရှိနေကြောင်း သိရှိရသည်။

၂၀၁၄ ခုနှစ် ပြည်လုံးကျွတ် လူဦးရေ နှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ဆက်လက် ကောက်ယူ အိမ်ထောင်စု ၁၀ သန်းကျော် ကောက်ယူပြီးစီးခဲ့ပြီဖြစ်

မတ်လ ၃၀ ရက်မှ စတင်၍ ၂၀၁၄ ခုနှစ် ပြည်လုံးကျွတ် လူဦးရေ နှင့် အိမ်အကြောင်းအရာ သန်းခေါင် စာရင်း ကောက်ယူခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ရာ ဧပြီလ ၈ ရက်အထိ အိမ်ထောင်စု ၁၀၀၇၈၈၅၅ စု ကို ကောက်ယူ ပြီးစီး ခဲ့ကြောင်း သိရသည်။

ကားဟောင်းများ ကားသင်္ချိုင်းတွင် နိဂုံးမချုပ်ပါ

ရန်ကုန်မြို့မှ ၁၄ မိုင်ကျော်ကွာဝေးသော သီလဝါအထူးစီးပွားရေးဇုန်အလွန်တွင် ဓနိမိုး၊ ထရံကာ မြေစိုက်တဲ အချို့တွင် ကားပစ္စည်းအဟောင်းအချို့ကို ချိတ်ဆွဲထားသည်။ ကားစုတ်ကားဟောင်းအချို့ကို လည်း ပြင်ပ တွင် ပိုင်ရှင်မဲ့တွေ့ရသည်။

Wednesday, April 9, 2014

အသက် ၁၇ နှစ်အရွယ်လူငယ်တစ်ဦး လှိုင်သာယာတွင်တစ်ဦးတည်း သန်းခေါင်စာရင်းလိုက်လံကောက်ခံနေရာ အချိန်မီတားဆီးခဲ့ရ

စာရင်းကောက်ယူသည့်ဆရာ၊ ဆရာမများကိုအားကျ၍ အသက် ၁၇ နှစ် အရွယ်လူငယ်တစ်ဦးက လှိုင်သာယာ မြို့နယ်အတွင်း တစ်ဦးတည်းလိုက်လံ သန်းခေါင်စာရင်းကောက်ခံမှုပြုလုပ်ခဲ့ ရာ အချိန်မီ တားဆီးနိုင်ခဲ့ကြောင်း ယင်းမြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။
သန်းခေါင်စာရင်းကောက်ယူရာတွင် အသုံးပြုသည့် စာရွက်စာ တမ်းများနှင့်ဝတ်စုံမပါဝင်ဘဲ ၎င်းတစ်ဦး တည်းက အိမ်ထောင်စု ၃၅ အိမ်ကို ဧပြီလ ၆ရက် နေ့က ကောက်ယူမှုပြုခဲ့ကြောင်း မြို့နယ်မှူး ဦးမျိုးဝင်းက ပြောသည်။ လှိုင်သာယာမြိုနယ် အမှတ်(၁၁) ရပ်ကွက် ကရမက်လမ်းအတွင်းရှိ အိမ်ထောင်စုများထံသို့ တာဝန်ကျစာရင်း ကောက်ဆရာမက သန်းခေါင်စာရင်း ကောက်ယူရန်

အပစ်ရပ် မူကြမ်း ကွဲလွဲချက်များ ဆွေးနွေးရန် မေလတွင် ထပ်မံ တွေ့ဆုံမည်

ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) နှင့် တနိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းမှု ကော်မတီ (NCCT ) တို့၏ တွေ့ဆုံဆွေးနွေးပွဲ အောင်မြင်စွာ ကျင်းပ ပြီးစီး ခဲ့ပြီး တခုတည်းသော သဘောတူညီ ချက် (Single Text) (ပထမမူကြမ်း) ကို သဘောတူညီကြောင်း သိရသည်။
နှစ်ဖက် ကိုယ်စားလှယ်များသည် တော်လှန်ရေး၊ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်နှင့် ဖက်ဒရယ် စသည့် စကားလုံး အသုံးအနှုန်း ကွဲလွဲချက်များ အတွက် မေလ ပထမအပတ်တွင် ထပ်မံတွေ့ဆုံ ဆွေးနွေးမည် ဖြစ်ကြောင်း၊

KIA ဂွမ်မော်ဘယ်လဲ


 
 Myanmar Peace Center တွင် အစိုးရနှင့် NCCT အဖွဲ့တို့ အပစ်ခတ်ရပ်စဲရေး တွေ့ဆုံဆွေးနွေးမှု အေပြီလ ၈ ရက်နေ့ တွင်ပြီးဆုံးခဲ့သော်လည်း တိကျသည့်လက်မှတ်ရေးထိုးမှုမရှိဘဲ တစ်ခုတည်းသော သဘော တူညီချက် ပထမ မူကြမ်းသာ သဘောတူညီမှုရရှိခဲ့ပါသည်။ အသေးစိတ်အချက်အလက်များ သဘောတူဖို့အချိန်ယူရန်လိုကြောင်း နိုင်ဟံသာမှပြောကြားခဲ့သလို NCCT အဖွဲ့တွင် ပါဝင်တက်ရောက်နေ သည့် KIA အဖွဲ့မှ ဂွမ်မော်အား KIO ဗဟိုဌာနချုပ်မှ ဒေါသထွက်လျက်ရှိကြောင်း သိရှိရသည်။

ဂွမ်မော်သည် အခြားတိုင်းရင်းသားခေါင်းဆောင်များနှင့် တံခါးပိတ်တွေ့ဆုံဆွေးနွေးမှုတွင် KIA အဖွဲ့၏ ရပ်တည်ချက်များနှင့် ပတ်သက်၍ ဂွမ်မော်၏ပြောကြာချက်များမှာ KIO ဗဟိုဌာနချုပ်သို့ ကြိုတင်အသိပေးမှု မရှိ ခဲ့ခြင်းကြောင့် ဗဟိုကော်မတီဝင်များအကြား သဘောထားကွဲလွဲမှုများဖြစ်ပေါ်လျက်ရှိသည်။ အထူးသဖြင့် အစိုးရ၏ သန်းခေါင်စာရင်းကောက်ယူမှုအပေါ် KIA အဖွဲ့၏ပူးပေါင်းဆောင်

လူသားမုန့်ဟင်းခါးကို စားမိ၍ ဒုက္ခရောက်ခဲ့ရသော မိသားစု (ဖြစ်ရပ်မှန်)











ယခုဖော်ပြပေးမယ့် ဇာတ်လမ်းလေးဟာ တစ်ချိန်တစ်ခါတုန်းက မြောင်းမြမြို့အနားက ရွာကလေးတစ်ရွာ မှာ အမှန်တကယ်ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်ကလေးပဲဖြစ်ပါတယ်.. လူတစ်ယောက်ရဲ့ အသားဟာ ဘယ်လိုပဲ ဘယ်လောက်ပဲ အရသာရှိရှိ ဇာတ်တူသားစားရင် ပျက်စီးတတ်တဲ့ ဟင်္သာကိုးသောင်းရဲ့ ဥပမာလို ဒီဇာတ်လမ်းလေးကိုလည်း သာဓကထား သံဝေဂယူနိုင်စေဖို့ ရှေးလူကြီး အဆင့်ဆင့်က လက်ဆင့်ကမ်းပြောပြခဲ့ကြပါတယ်.. စာဖတ်ပရိသတ် မန်ဘာများအနေနဲ့လည်း ဒီဇာတ်လမ်းလေးကိုဖတ်ပြီး ဗဟုသုတရစေရန်ရည်ရွယ်ပြီး ရေးသားလိုက်ရ ပါတယ် ရှင်... စာဖတ်ပရိသတ် မန်ဘာများ စိတ်ချမ်းသာ ကိုယ်ကျမ်းမာစွာနဲ့ ရွှင်လန်းချမ်းမြေ့နိုင်ကြပါစေ ...

ကမ္ဘာအေးစေတီလမ်းပေါ်က ရန်ရန်ချန်းရဲ့ Invaders မဏ္ဍပ်

ကမ္ဘာအေးစေတီလမ်းပေါ်က ရန်ရန်ချန်းရဲ့ Invaders မဏ္ဍပ်
Wednesday, April 9, 2014

ဒီနှစ်မှာတော့ ရန်ရန်ချန်းက သူငယ်ချင်းများနဲ့အတူ ကမ္ဘာအေးစေတီလမ်းပေါ်မှာ Invaders နာမည်နဲ့မဏ္ဍပ်ဆောက် မှာဖြစ်ပါတယ်။

" မဏ္ဍပ်ဆောက်ဖြစ်တဲ့ အကြောင်းကတော့ ကျွန်တော်နဲ့သိတဲ့သူတွေက မဏ္ဍပ်ထိုးချင်တယ်။ သူတို့လည်း အတွေ့အကြုံမရှိဘူးလေ။ ဒါနဲ့အားလုံးပေါင်း လုပ်ကြမယ်ဆိုပြီး မဏ္ဍပ်ဆောက် ဖြစ်သွားတာပါ။ ပါမစ်ယူရတာ
ကတော့ တော်တော်ကို မလွယ်တာပါ။ ဘယ်သူရလို့ရသွားမှန်း တောင်မသိဘူး။ ပါမစ်တွေ ပြန်ဝယ်ရတယ်။ ပါမစ်ဈေးတွေက ဈေးခေါ်နေကြတာ ၃ဝဝ လောက် နီးပါးတွေ ဖြစ်ကုန်ကြတယ်။ ဘယ်သူမှ မဝယ်နိုင်ကြတော့ဘူးပေါ့။ ဆောက်ရင် လည်း မြတ်လည်းမြတ်မှာ မဟုတ်တော့ဘူးလေ။ ပျော် လည်းပျော်ရမှာ မဟုတ်ဘူး။ 

ဒီဈေးကြီးပေးပြီးတော့ စိတ်တထင့်ထင့်နဲ့ ဖြစ်နေရမှာလေ။ ကျွန်တော်လည်း ခေါင်းစားနေရတာပေါ့။ သင်္ကြန်အတွက် သီချင်းတွေဘာမှ မပြင်ဆင်ရသေးဘူး။ သီချင်းပုံစံအသစ်တွေ လုပ်ဖို့ပေါ့။ Studio Date တွေ ယူထားပြီး အကုန်ဖျက်ပစ်ရတယ်။ မဏ္ဍပ်ပါမစ် ကိစ္စနေရာရဖို့နဲ့ ဆောက်ဖို့ ကိစ္စတွေအတွက် ပေါ့" လို့ မဏ္ဍပ်ဆောက်ဖြစ်ရခြင်းနဲ့ မဏ္ဍပ်ပါမစ်ကိစ္စတွေနဲ့ ပတ်သက်ပြီး ရန်ရန်ချန်းက ပြောပြပါတယ်။

မဏ္ဍပ်ဒီဇိုင်းကိုလည်း တခြားမဏ္ဍပ်တွေနဲ့မတူအောင် ပြုလုပ်သွားမှာဖြစ်ပြီး မဏ္ဍပ်ကို ၃ဆင့်ဆောက်လုပ်မှာဖြစ်ကြောင်း၊ အကျယ်ကတော့ ပေ ၁၅ဝ ရှိပြီး အနောက်အရှည်ကတော့ ပေ ၉ဝ ဖြစ်ကြောင်း လက်မှတ်ဈေးနှုန်း အနေနဲ့ကတော့ ၂ရက်နေ့ ကျော်သွားရင် ၅သောင်းဖြစ်သွားမှာဖြစ်ကြောင်း DJ အနေနဲ့၎ယောက် လောက်တီးခတ်သွားမှာ ဖြစ်ကြောင်း မဏ္ဍပ်ပေါ်မှာ စတိတ်ပုံစံပါဆောက် လုပ်သွားမှာဖြစ်ပြီး အဆိုတော်တွေရဲ့ ဖျော်ဖြေမှုတွေ လည်းရှိမှာ ဖြစ်ကြောင်း ပြောလာတဲ့ ရန်ရန်ချန်းက " မဏ္ဍပ်ရွေးချယ်မှုကတော့ သူတို့ အပိုင်းပေါ့နော်။ ကျွန်တော်တို့ အနေ နဲ့ကတော့ မဏ္ဍပ် လုံခြုံရေး အရရော၊ ပျော်ရွှင်မှုအရ ရော ပြည့်စုံအောင် လုပ်ထားပေးပါတယ်" လို့ ပြောပြပါတယ်။

လင်းအက္ခရာ
ဒီနှစ်မှာတော့ ရန်ရန်ချန်းက သူငယ်ချင်းများနဲ့အတူ ကမ္ဘာအေးစေတီလမ်းပေါ်မှာ Invaders နာမည်နဲ့ မဏ္ဍပ်ဆောက် မှာဖြစ်ပါတယ်။
" မဏ္ဍပ်ဆောက်ဖြစ်တဲ့ အကြောင်းကတော့ ကျွန်တော်နဲ့သိတဲ့သူတွေက မဏ္ဍပ်ထိုးချင်တယ်။ သူတို့လည်း အတွေ့အကြုံမရှိဘူးလေ။ ဒါနဲ့အားလုံးပေါင်း လုပ်ကြမယ်ဆိုပြီး မဏ္ဍပ်ဆောက် ဖြစ်သွားတာပါ။ ပါမစ်ယူရတာ ကတော့ တော်တော်ကို မလွယ်တာပါ။ ဘယ်သူရလို့ရသွားမှန်း တောင်မသိဘူး။ ပါမစ်တွေ ပြန်ဝယ် ရတယ်။ ပါမစ်ဈေးတွေက ဈေးခေါ်နေကြတာ ၃ဝဝ လောက် နီးပါးတွေ ဖြစ်ကုန်ကြတယ်။ ဘယ်သူမှ မဝယ်နိုင်ကြတော့ဘူးပေါ့။ ဆောက်ရင် လည်း မြတ်လည်းမြတ်မှာ

ရဲတိုက်ကို ထောင်ခြောက်နှစ် ချမှတ်ခြင်းအပေါ် အယူခံဝင်မည်

သရုပ်ဆောင် ရဲတိုက်ကို ကျောက်တံခါးမြို့နယ်တရားရုံးမှ မူးယစ်ဆေးဝါးလက်ဝယ်တွေ့ရှိမှု ဖြင့် ချမှတ်လိုက်သော ပြစ်ဒဏ် နှင့်ပတ်သက်၍ အယူခံဝင်သွား မည်ဖြစ်ကြောင်း ဆာတိုရီ ရုပ်ရှင် နှင့် ဗီဒီယိုထုတ်လုပ်ရေးမှ ဒါရိုက်တာ ရီဇော်ကပြောသည်။
ယင်းအမှုကို ဧပြီ ၇ ရက်က အဆိုပါတရားရုံးတွင် အပြီးသတ် စီရင်ချက်ချမှတ်ခဲ့ခြင်း ဖြစ်ပြီး သရုပ်ဆောင် ရဲတိုက် ကို အလုပ်ကြမ်းနှင့် ထောင်ဒဏ် ခြောက်နှစ် ချမှတ်ခဲ့ခြင်းဖြစ် သည်။
‘‘ရုပ်ရှင်သရုပ်ဆောင် မင်း သားတစ်ယောက်ဖြစ်တဲ့အတွက် သက်သေတွေက ရဲတိုက်ဘက်က လွယ်လွယ် ကူကူထောက်ခံထွက် ဆိုနေတာကို တွေ့ရတယ်လို့ တရားသူကြီးက သူရဲ့ သုံးသပ် ချက်မှာ ပြောသွား တယ်။ အဲဒါက သက်သေတွေရဲ့ ထွက်ချက်ကိုအ လေးထားပြီး မစဉ်းစားသလို ဖြစ် နေတော့

တစ်နိုင်ငံလုံးအပစ် အခက်ရပ်စဲရေးမူကြမ်း အချောထွက်ရှိပါက တိုင်းရင်းသားထိပ်သီးညီလာခံ ထပ်မံခေါ်ယူ သွားမည်


တစ်နိုင်ငံလုံးအပစ် အခက်ရပ်စဲရေးမူကြမ်း အချောထွက်ရှိပါက
တိုင်းရင်းသားထိပ်သီးညီလာခံ ထပ်မံခေါ်ယူ သွားမည်

ဧပြီလ ၉ ရက် ၂၀၁၄ ခုနှစ်

တပ်မတော်အပါအ၀င် အစိုးရနှင့် တိုင်းရင်းသားများပူးပေါင်းရေးဆွဲသော
တစ်နိုင်ငံလုံးအပစ် အခက်ရပ်စဲရေးမူကြမ်း အချောထွက်ရှိပါက
တိုင်းရင်းသားထိပ်သီးညီလာခံထပ်မံခေါ်ယူ သွားမည်ဖြစ်ကြောင်း NCCT မှ တာဝန်ရှိသူ ဆလိုင်းလျန်မုန်းဆာခေါင်းကပြောသည်။
"မေလမှာ တွေ့ပြီး အချောလုပ်ပြီးတဲ့အခါ တိုင်းရင်းသားထိပ်သီးညီလာခံ ထပ်ခေါ်မယ်။သူတို့လက်ခံသဘောတူရင် တစ်နိုင်ငံလုံး အပစ်ခက်ရပ်စဲရေး စာချုပ်ကို ချုပ်ဖို့ အဆင်သင့်ဖြစ်ပါပြီ။"ဟု ၎င်းကပြောသည်။

တစ်နိုင်ငံလုံးအပစ်ခက်ရပ်စဲရေးမူကြမ်း အချောရရှိပါက ၃ပတ် အကြာတွင် လက်မှတ်ရေးထိုးခြင်း၊ရက်ပေါင်း၆၀ အတွင်း Frame Work Meeting(စားပွဲဝိုင်းတွေ့ဆုံဆွေးနွေးမှု) ပြုလုပ်ခြင်း၊ ရက်ပေါင်း ၉၀ အတွင်း Political Dialogue (နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှု) ပြုလုပ်ခြင်းများဆောင်ရွက် သွားမည်ဟု ငြိမ်းချမ်းရေးအကျိုးဆောင် ဦးလှမောင်ရွှေ ကပြောသည်။
"ဆွေးနွေးဖို့လိုတဲ့အထဲမှာ မူပိုင်ပြဌာန်းခွင့်ဆိုတာရှိမယ်။သူတို့စိုး၇ိမ်တာက ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ ခွဲထွက်မလားဆိုတာပါ။ဒါပေမဲ့ ကျွန်တော်တို့ ရှင်းပြတယ်။ခွဲထွက်ရေးမဟုတ်ဘူး၊စာပေ၊ယာဉ်ကျေးမှုစတဲ့ မူလအခွင့်အရေးကိုတောင်းဆိုတာပါ။"ဟု NCCT တစ်နိုင်ငံလုံးအပစ် အခက်ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် ညှိနှိုင်းရေးအဖွဲ့ မှ ဆာလိုင်းလျန် မုန်းဆာခေါင်းက ဆက်ပြောသည်။

တပ်မတော်အပါအ၀င် အစိုးရနှင့် တိုင်းရင်းသားများ ပူးပေါင်းရေးဆွဲသည့် တစ်နိုင်ငံလုံးအပစ်အခက်ရပ်စဲရေး စာချုပ်မူကြမ်း ဒုတိယအဆင့်ကို မေလ ပထမအပတ်တွင် MPC၌ ထပ်မံဆွေးနွေးရေးဆွဲကြမည်ဖြစ်သည်။

Credit To:Popular Myanmar News Journal

ဓါတ်ပုံ-Nyo Ohn Myint
တပ်မတော်အပါအ၀င် အစိုးရနှင့် တိုင်းရင်းသားများပူးပေါင်းရေးဆွဲသော တစ်နိုင်ငံလုံးအပစ် အခက်ရပ်စဲရေးမူကြမ်း အချောထွက်ရှိပါက တိုင်းရင်းသားထိပ်သီးညီလာခံထပ်မံခေါ်ယူ သွားမည်ဖြစ်ကြောင်း NCCT မှ တာဝန်ရှိသူ ဆလိုင်းလျန်မုန်းဆာခေါင်းကပြောသည်။
"မေလမှာ တွေ့ပြီး အချောလုပ်ပြီးတဲ့အခါ တိုင်းရင်းသားထိပ်သီးညီလာခံ ထပ်ခေါ်မယ်။သူတို့လက်ခံ သဘောတူရင် တစ်နိုင်ငံလုံး အပစ်ခက်ရပ်စဲရေး စာချုပ်ကို ချုပ်ဖို့ အဆင်သင့်ဖြစ်ပါပြီ။"ဟု ၎င်းကပြောသည်။
တစ်နိုင်ငံလုံးအပစ်ခက်ရပ်စဲရေးမူကြမ်း အချောရရှိပါက ၃ပတ် အကြာတွင် လက်မှတ်ရေးထိုးခြင်း၊

မနက်တိုင်း ဇနီးကို နမ်းသော အမျိုးသားများ သာမန် အမျိုးသားထက် ငါးနှစ် အသက်ပိုရှည်

မနက်တိုင်း ဇနီးကို နမ်းသော အမျိုးသားများ သာမန် အမျိုးသားထက် ငါးနှစ် အသက်ပိုရှည်
Wednesday, April 9, 2014

ဂျာမနီ နိုင်ငံမှ ဆရာနဲ့ စိတ်ပညာရှင်တို့ ပူးပေါင်းလို့ ရှာဖွေတွေ့ရှိ ထားတဲ့ လေ့လာချက် တစ်ခု ဖြစ်ပါတယ်။ ယင်း လေ့လာချက် အရ မနက်တိုင်း ချစ်သူ ဇနီးမယားကို အနမ်းပေးလေ့ ရှိတဲ့ အမျိုးသားက သာမန် အမျိုးသားများထက် ပျမ်းမျှအားဖြင့် အသက် ၅ နှစ် ပိုရှည်ကြောင်း သိရ ပါတယ်။
မနက်တိုင်း ဇနီးဖြစ်သူကို အနမ်းပေးခြင်းက နွေးထွေးမှုနဲ့ အခြားသော အဓိပ္ပါယ် များစွာ ပါဝင်ပြီး ခန္ဓာကိုယ်တွင်း ဇီဝ ဖြစ်စဉ် ပြောင်း လဲမှု၊ သွေးလည် ပတ် မှုတို့ကို အားကောင်း စေပါတယ်။ သာမန် လူတစ်ယောက် မနက်နိုးပြီး အပြင်သွားချိန် အကြောင်း အမျိုး မျိုးကြောင့် ဒေါသ ထွက်လွယ်တာမျိုး၊ နှလုံး သာမန်ထက် ခုန်တာ မျိုးကို လည်း မနက်တိုင်း အနမ်းပေးတဲ့ အမျိုးသားတို့က မကြုံတွေ့ရ ပါဘူး။ Heart attack ဖြစ်နိုင်ချေ နည်းပြီး စိတ်ဖိစီးမှု၊ ပူပင်သောကတွေကိုလည်း ကျဆင်း စေကြောင်း ဆိုပါတယ်။
ဒါကြောင့်မို့ ဂျာမနီက အမျိုးသားတွေမှာ စစ်တမ်းပြုလုပ်ခဲ့ပြီး ပျမ်းမျှ တွက်လိုက်ရင် သာမန်လူတွေထက် မနက်တိုင်း ရုံးမသွားမှီ ဇနီးသည်ကို အနမ်းပေးလေ့ ရှိတဲ့ အမျိုးသားများက အသက် ၅ နှစ် ပိုရှည်ကြောင်း သိရ ပါတယ်။
.
Ref: medifacts
အောင်ခမ်း (ရိုးရာလေး)
ဂျာမနီ နိုင်ငံမှ ဆရာနဲ့ စိတ်ပညာရှင်တို့ ပူးပေါင်းလို့ ရှာဖွေတွေ့ရှိ ထားတဲ့ လေ့လာချက် တစ်ခု ဖြစ်ပါတယ်။ ယင်း လေ့လာချက် အရ မနက်တိုင်း ချစ်သူ ဇနီးမယားကို အနမ်းပေးလေ့ ရှိတဲ့ အမျိုးသားက သာမန် အမျိုးသားများထက် ပျမ်းမျှအားဖြင့် အသက် ၅ နှစ် ပိုရှည်ကြောင်း သိရ ပါတယ်။
မနက်တိုင်း ဇနီးဖြစ်သူကို အနမ်းပေးခြင်းက နွေးထွေးမှုနဲ့ အခြားသော အဓိပ္ပါယ် များစွာ ပါဝင်ပြီး ခန္ဓာကိုယ်တွင်း ဇီဝ ဖြစ်စဉ် ပြောင်း လဲမှု၊ သွေးလည် ပတ် မှုတို့ကို အားကောင်း စေပါတယ်။ သာမန် လူတစ်ယောက် မနက်နိုးပြီး အပြင်သွားချိန် အကြောင်း အမျိုး မျိုးကြောင့် ဒေါသ ထွက်လွယ်တာမျိုး၊ နှလုံး

တနိုင်းမြို့တွင် သန်းခေါင်းစာရင်း ကောက်ယူခွင့် အစိုးရ တောင်းခြင်းကို KIA ငြင်းပယ်

ရန်ကုန်၊ မဇ္ဈိမ။ ။ ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့အတွင်း ကချင်လွတ်မြောက်ရေး တပ်မတော်(KIA) ထိန်းချူပ်နယ်မြေမှ ရွာလေးရွာကို သန်းခေါင်စာရင်း ကောက်ယူခွင့်ပေးရန် ဧပြီလ ၈ရက်က အစိုးရဘက်မှ တောင်းဆိုခဲ့ရာတွင် KIAက ငြင်းဆန်လိုက်သည်ဟု ကချင်ငြိမ်းချမ်းရေးဖော်ဆောင်ရေး ကော်မတီ အကြီးတန်း အရာရှိ ဦးလမိုင်ဂွန်ဂျာက မဇ္ဈိမကို ပြောသည်။

ယခုကဲ့သို့ တောင်းဆိုခြင်းသည် ဒုတိယအကြိမ်ဖြစ်ပြီး ဧပြီလ ၄ရက်ကလည်း တနိုင်းမြို့နယ်အတွင်း ပယင်းမှော်လုပ်ငန်းခွင်မှ လူများကို သန်းခေါင်စာရင်ကောက်ယူမည်ဟု ဆို၍ KIA ကို

သင်္ကြန်ကာလတွင် ရှော့ပင်းမောလ်များရှိ ATM စက်များသာ ပိတ်မည်

သင်္ကြန်ကာလတွင် ရှော့ပင်းမောလ်များရှိ ATM စက်များသာ ပိတ်မည်
Wednesday, April 9, 2014

သင်္ကြန်ကာလအတွင်း Shopping Mall များရှိ ATM စက်များ မှလွဲ၍ အများပြည်သူဧရိယာရှိ ATM စက် တိုင်းတွင် ငွေများထုတ်ယူနိုင်ကြောင်း
ပြည်တွင်းဘဏ်အသိုင်းအဝိုင်းထံမှ သိရသည်။

ATM Card သုံးစွဲသူများ အခက်အခဲမရှိစေရန် ဆောင်ရွက်ပေး ခြင်းဖြစ်ပြီး Card Error ဖြစ်လာခဲ့လျှင်လည်း အမြန်ဆုံးဆောင်ရွက်ပေးသွားမည်
ဖြစ်ကြောင်း သိရသည်။

CB ဘဏ် ဒုတိယအထွေထွေ မန်နေဂျာ ဦးဇေယျာကျော်က ''ကျွန်တော် တို့ဘဏ်က ATM စက်တိုင်းမှာ မော်နီတာ ကိုစောင့်ကြည့်တဲ့ လုံခြုံရေးတွေလဲ ထား မှာပါ။ တချို့ Card Error တွေက တခြား ဘဏ်တွေနဲ့ ဆောင်ရွက်မှရတာဖြစ်လို့ ဒီအ ပိုင်းကျတော့ ရုံးပြန်ဖွင့်တဲ့ ရက်တွေကျမှ သာ ဆောင်ရွက်ပေးသွားနိုင်မှာပါ''ဟု ပြောသည်။

ယင်းဘဏ်အနေဖြင့် သင်္ကြန် ကာလ ရုံးပိတ်ရက်များတွင် ATM တစ် ကတ်လျှင် ကျပ်သိန်း ၃ဝ အထိ ထုတ်ယူ နိုင်မည်ဖြစ်ကြောင်း ယင်းကဆိုသည်။

CB ဘဏ်အနေဖြင့် ယမန်နှစ် သင်္ကြန်ရုံးပိတ်ရက်ကာလအတွင်း ဗြွှ တစ်ကတ်လျှင် ကျပ်သိန်း ၂ဝ သာ ထုတ်ယူ နိုင်ပြီး ယခုနှစ်တွင် ကျပ် ၁ဝ သိန်း တိုးထုတ် ယူနိုင်ကြောင်း သိရသည်။

ဦးဇေယျာကျော်က'' ရုံးဖွင့်ရက် တွေမှာဆိုရင် ကတ်တစ်ကတ်ကို ကျပ် ၁ဝ သိန်း ထုတ်လို့ရတယ်။ ရုံးပိတ်ရက်မှာတော့ အဲဒီလောက် ထုတ်လို့မရတော့
ဘူး။ အရင် နှစ်တွေကထက် အဆင်ပြေအောင် Customer များအတွက် လုပ်ပေးသွားမှာပါ''ဟု ပြောသည်။

ဘဏ်များအနေဖြင့် သင်္ကြန်ကာ လအတွင်း ဈေးဝယ်စင်တာများသည် ပိတ် ထားသည့်အတွက် လျှပ်စစ်မီးများ မရရှိ ခြင်းကြောင့် အဆိုပါ ATM စက်များတွင် ငွေထုတ်ယူ၍မရနိုင်သော်လည်း လေဆိပ် များ၊ ဟိုတယ်
များတွင်ထားသည့် ဗြွှ စက်များတွင် ငွေထုတ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။

ကမ္ဘောဇဘဏ်မှ တာဝန်ရှိသူ တစ်ဦးက ''ကျွန်မတို့ဘဏ်အနေနဲ့ ပုံမှန် ထုတ်နေကျအတိုင်းပဲ ဒီကာလတွေမှာ ငွေ ထုတ်ယူနိုင်ပါတယ်''ဟု
ပြောသည်။

ATM card သုံးစွဲသူ ကိုနိုင် လင်းက ''သင်္ကြန်မှာ လူတိုင်းနီးပါးက မူး နေတာ။ ရေတွေကလဲစို၊ ပိုက်ဆံတွေဆိုရင်ြ<ွကပ်ြ<ွကပ်အိတ်နဲ့ ထည့်ထားရတာ။ တချို့ဆို ရင် ရေနူးပြီးသုံးမရတော့တာတွေရှိတယ်။ ကတ်ဆိုရင် ဘာမှမဖြစ်
ဘူး။ ကိုယ်လိုတဲ့အ ခါမှ ထုတ်သုံးရုံဆိုတော့ကောင်းပါတယ်'' ဟုပြောသည်။

Yangon Media Group

သင်္ကြန်ကာလအတွင်း Shopping Mall များရှိ ATM စက်များ မှလွဲ၍ အများပြည်သူဧရိယာရှိ ATM စက် တိုင်းတွင် ငွေများထုတ်ယူနိုင်ကြောင်းပြည်တွင်းဘဏ်အသိုင်းအဝိုင်းထံမှ သိရသည်။
ATM Card သုံးစွဲသူများ အခက်အခဲမရှိစေရန် ဆောင်ရွက်ပေး ခြင်းဖြစ်ပြီး Card Error ဖြစ်လာခဲ့လျှင်လည်း အမြန်ဆုံးဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
CB ဘဏ် ဒုတိယအထွေထွေ မန်နေဂျာ ဦးဇေယျာကျော်က ''ကျွန်တော် တို့ဘဏ်က ATM စက်တိုင်းမှာ မော်နီတာ ကိုစောင့်ကြည့်တဲ့ လုံခြုံရေးတွေလဲ ထား မှာပါ။ တချို့ Card Error တွေက တခြား ဘဏ်တွေနဲ့ ဆောင်ရွက်မှရတာဖြစ်လို့ ဒီအ ပိုင်းကျတော့ ရုံးပြန်ဖွင့်တဲ့ ရက်တွေကျမှ သာ ဆောင်ရွက်ပေး

သမီးကလေးကျေးရွာသားများကို စောင့်ရှောက်မှုပေးခဲ့သည့် အောင်သိဒ္ဓိဘုန်းကြီးကျောင်းအား ရွှေ့ပြောင်းခိုင်းပြီ

သမီးကလေး ကျေးရွာသားများအား စောင့်ရှောက်ပေးခဲ့သည့် အောင်သိဒ္ဓိဘုန်းကြီးကျောင်းအား အလိုင်နီတမံ၏ အူကြောင်းပေတစ်ထောင်အတွင်း မလွတ်ကင်း၍ ရွှေ့ပြောင်းပေးရန် ပဲခူးတိုင်းဆည်မြောင်ဦးစီးမှ စာပေးပို့ခဲ့ကြောင်း ကျောင်းထိုင်ဆရာတော် ဦးအဂ္ဂဓမ္မက မိန့်ကြားသည်။
ရွှေ့ပြောင်းပေးရန်အတွက် စာကို မူ သမီးကလေး ကျေးရွာသားများ DKBA ခေါ်ဆောင်ရာသို့ မလိုက်မီ ဧပြီ ၁ ရက်နေ့ ည ၇ နာရီခန့်တွင် ဘုန်းကြီးကျောင်းသို့ လာရောက်ပေးပို့ခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါညက ကျောင်းတွင်ရှိခဲ့သူ DKBA ၏ မန္တလေးစီးပွားရေး ဆက်ဆံရေးတာဝန်ခံ ဗိုလ်ကြီးစောဝင်းဇော်

လှည်းကူးပဋိပက္ခမှာ ဈေးပြိုင်ရောင်းရာမှ ဖြစ်ပွားခြင်းမဟုတ်ဟု ကာယကံရှင်၏မိခင်ေ ဒ်ါခင်မာဝေ ရှင်းလင်းပြောကြား


ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့တွင်(၄-၄-၂၀၁၄)ရက်နေ့ ညနေ့က ဖြစ်ပွားခဲ့သည့် ဖြစ်ရပ်မှန်များနှင့် ပတ်သက်၍ မိခင်ဖြစ်သူ မခင်မာဝေက လှည်းကူးမြို့ ပြည်သူ့ဆေးရုံ ကြီးတွင် ၆-၄-၂၀၁၄ ရက်နေ့က ရှင်းပြခဲ့ရာ တချို့သော ဂျာနယ်များနှင့် နေ့စဉ်ထုတ် သတင်းစာများတွင် ဖော်ပြမှု၊ ရေးသားမှု များသည် တကယ့်ဖြစ်စဉ်နှင့် တချို့အချက်များကွဲလွဲနေသည်ဟု ပြောသည်။
“ကျွန်မသားရဲ့ အမည်က မောင်သက်ပိုင်ဦး (၂၁) နှစ်၊ ပညာအရည်အချင်းက အေဂျီတီအိုင် ပြီးပါ ပြီ။ ကျွန်မတို့ လှည်းကူးမြို့ပြည်တော်သာ ရပ်ကွက် (၁၀) လမ်း၊ အိမ်အမှတ် (၇၈၉) မှာ နေပါ တယ်။ ဈေးရောင်းတာက လှည်းကူးမြို့မဈေးအောက်ထပ် အခန်းနံပါတ် (၂၈)မှာ ဈေးရောင်းပါတယ်။

၂၀၁၅ မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံအနှံ့ မဲဆွယ် စည်းရုံးခွင့် ပိတ်ပင်တော့မလား

 ဒေါ်အောင်ဆန်းစုကြည်, ၂၀၁၅ ရွေးကောက်ပွဲ, ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်, အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဦးတင်အေးက ၂၀၁၅ အထွေထွေရွေးကောက်ပွဲအတွက် မဲဆွယ် စည်းရုံးမှုတွေ လုပ်တဲ့နေရာမှာ သက်ဆိုင်ရာ မဲဆန္ဒနယ်အတွက် ယှဉ်ပြိုင်တဲ့ ကိုယ်စားလှယ်လောင်းတွေကို သာလျှင် မဲဆွယ်စည်းရုံးခွင့်ပြုမယ်လို့ ဧပြီလ ၇ ရက်နေ့  ပုသိမ်မြို့မှာ ပြောဆို လိုက်တာမို့  ၂၀၁၅ ပြည်လုံးကျွတ် ရွေးကောက် ပွဲမှာ ဒေါ်အောင်ဆန်း စုကြည်ရဲ့ နိုင်ငံအနှံ့မဲဆွယ်ခွင့်ကို ဦးတည်ပိတ်ပင်တော့မလား ဆိုတဲ့ မေးခွန်းတွေ နိုင်ငံရေး အသိုင်း အ၀ိုင်းမှာ ထွက်ပေါ် လာပါတယ်။

ဒီဗွီဘီသတင်းထောက်ကို ဖမ်းဆီးထောင်ချမှု စာနယ်ဇင်းသမားတွေ ကန့်ကွက်

Photo: ဒီဗွီဘီသတင်းထောက်ကို ဖမ်းဆီးထောင်ချမှု စာနယ်ဇင်းသမားတွေ ကန့်ကွက်
Wednesday, April 9, 2014

မကွေးအခြေစိုက် ဒီဗွီဘီသတင်းထောက် ကိုဇော်ဖေကို ထောင်ဒဏ်တစ်နှစ်ချမှတ်လိုက်တဲ့အပေါ် ပြည်တွင်း စာနယ်ဇင်းသမားတွေက ကန့်ကွက်ရှုတ်ချလိုက်ပြီး လွတ်လပ်စွာ သတင်းရယူနိုင်ဖို့ အတွက် ဥပဒေအရ အကာကွယ်အပေးဖို့ တောင်းဆိုလိုက်ပါတယ်။

ကိုဇော်ဖေကို အရေးယူမှုနဲ့ပတ်သက်ပြီး ပြည်တွင်းက စာနယ်ဇင်းအဖွဲ့အစည်းတွေနဲ့ သတင်းစာဆရာတွေက သဘောထားတွေ အသီးသီး ထုတ်ဖော်ပြောကြားလိုက်တာဖြစ်ပါတယ်။

သတင်းသမားတွေ လွတ်လွတ်လပ်လပ် သတင်းယူနိုင်ဖို့အတွက် လက်ရှိပြဋ္ဌာန်းထားတဲ့ စာနယ်ဇင်း ဆိုင်ရာ ဥပဒေတွေနဲ့ ဌာနဆိုင်ရာ တွေရဲ့ အမူအကျင့်တွေကို ပြောင်းလဲဖို့လိုတယ်လို့ မြန်မာဂျာနယ်လစ်ကွန်ယက်ရဲ့ အထွေထွေ အတွင်းရေးမှူး ဦးမြင့်ကျော်က ပြောပါတယ်။

“ဒီကိစ္စက ဒီလိုမျိုးကို ပြစ်ဒဏ်ကျလိမ့်မယ် ထောင်ဒဏ်ကျလိမ့်မယ်လို့ ကျနော်တို့ လုံးဝ မမျှော်လင့်ထားဘူးပေါ့နော်။ ဒီလိုကာလမျိုး ဒီလို အခြေအနေမျိုး ဒီလိုနောက်ခံမျိုးမှာ ဒီလို ပြစ်ဒဏ်ပေးလိမ့်မယ်လို့ မမျှော်လင့်ထားဘူး။ အခုဒီလို ထောင်ဒဏ်ချတယ်ဆိုတာ ကျနော်တော့ တော်တော့်ကို အံ့သြတယ်။ နောက်ပြီးတော့ မလုပ်သင့်တဲ့ကိစ္စ တခုလုပ်တယ်။ မီဒီယာကို ရန်ဘက်သဖွယ်သဘောထားတဲ့ ဟာမျိုး။ ဒီအကျိုးဆက်က ဒီဗွီဘီ သတင်းထောက်တင် မကဘူး ကျန်တဲ့ အားလုံးအပေါ်မှာလည်း ဒါက ခြိမ်းခြောက်မှုလို ဖြစ်နေတာပေါ့နော်။”

ပြည်သူ့ခေတ်ဂျာနယ်က ဆရာဖေမြင့် ကတော့ မြန်မာနိုင်ငံမှာ အစိုးရက စာနယ်ဇင်း လွတ်လပ်ခွင့်တွေ ရှိနေပြီလို့ ပြောနေပေမယ့် တကယ်တမ်းမှာတော့ စာနယ်ဇင်းလွတ်လပ်ခွင့်ကို အကာကွယ်ပေးတဲ့ ဥပဒေမရှိသေးဘူးလို့ အခုလို ပြောပါတယ်။

“ကျနော်တို့မှာက လွတ်လပ်ခွင့်နဲ့ ပတ်သက်တဲ့ အထောက်အကူပေးမယ့် ဥပဒေ ဆိုတာမျိုးတွေ ကြိုးစားပြီး ပြုစုနေ ရေးသားနေတာတွေတော့ ရှိတော့ ရှိတယ်။ သို့သော် ထွက်လာသလောက်အထိကတော့ တကယ်ကို စိတ်တိုင်းကျတဲ့အနေအထား မရသေးဘူး။ နောက်တခုကတော့ သူများတိုင်းပြည်မှာတော့ သတင်းရယူခွင့် ဆိုင်ရာ ဥပဒေပေါ့ဗျာ၊ သိပိုင်ခွင့်နဲ့ ပတ်သက်တဲ့ဟာတွေ ကျကျနန အားပေးကူညီတဲ့ ဥပဒေပြဌာန်းချက်တွေ ရှိတယ်ဗျ။ ဒီမှာ သေချာ မရှိသေးဘူး။ မရှိသေးတဲ့အခါကျတော့ လွတ်လပ်ဆိုပြီး အလုပ်လုပ်တဲ့အခါ အခုလို အနှောင့်အယှက်မျိုးတွေ ပြဿနာမျိုးတွေ ပေါ်လာတာပေါ့။”

မြန်မာနိုင်ငံမှာ သတင်းမီဒီယာဥပဒေကို လွှတ်တော်က မကြာသေးခင်ကပဲ အတည်ပြု ပြဌာန်းထားပြီးဖြစ်ပါတယ်။ သမ္မတ လက်မှတ်ရေးထိုးလိုက်တဲ့ သတင်းမီဒီယာ ဥပဒေ အသက်မ၀င်သေးခင်မှာ သတင်း သမားတွေကို အခုလိုဆက်ဆံနေတဲ့အပေါ် မြန်မာဂျာ နယ်လစ်ကွန်ယက်ရဲ့ အထွေထွေ အတွင်းရေးမှူး
ဦးမြင့်ကျော်က အခုလို ပြောပါတယ်။

“အခု သတင်းမီဒီယာ ဥပဒေ လက်မှတ်ရေးထိုးလိုက်ပြီပေါ့နော်။ ဒါပေမယ့် နည်းဥပဒေ မပြီးသေးတော့ ဒါက အသက်တော့ မ၀င်သေးဘူး။ သို့ပေမယ့် အဲဒီလိုမျိုးပေးတဲ့ကာလတွေမှာ အခုလို ရာဇ၀တ်မှုဆိုင်ရာ ဥပဒေတွေနဲ့ တခြား တည်ဆဲဥပဒေတွေနဲ့ အပြစ်ပေးတဲ့ဟာတွေ ကတော့ အပြစ်ပေးနေတဲ့ အပြစ်ဒဏ်လည်း မဟုတ်ဘူးဆိုတဲ့ဟာက လွိုင်ကော်ကိစ္စမှာလည်း သိသာတယ်။ အခုဒီကိစ္စကလည်း ၂၀၁၂ က ဖြစ်တဲ့ ကိစ္စ အခုဒီလိုပြစ်ဒဏ်ပေးတယ်ဆိုတဲ့ အပေါ်မှာတော့ မီဒီယာအပေါ်မှာ ရန်လိုတဲ့ သဘောထားတယ်၊ မီဒီယာကို ထိန်းချုပ်လိုတဲ့ သဘောထားတာကတော့ ထင်ရှားတယ်။”

တခါ မြန်မာနိုင်ငံ သတင်းစာဆရာအသင်း နာယက ၀ါရင့် သတင်းစာဆရာကြီး ဖိုးသောကြာ(ခေတ်မိုးကတော့) သတင်းလွတ်လပ်ခွင့်အတွက် ဘယ်ဥပဒေကို ပြင်ဆင်သင့် တယ်ဆိုတာကို အခုလို ပြောပါတယ်။

“အဘအမြင်ကတော့ အဲဒီ မီဒီယာလောတို့ ပုံနှိပ်ထုတ်ဝေခြင်း ဥပဒေတို့ဆိုတာ အကိုင်းအခက်လို့ပဲ အဘမြင်တယ်။ ပင်စည်ကတော့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေပဲ။ ဒီခြံစည်းရိုးကြီး ကာထားသမျှတော့ အဘတို့ သတင်းလွတ်လပ်ခွင့်က ၂၅ ရာခိုင်နှုန်း အမြဲဆုံးရှုံးနေမှာပဲ။ ဒါအဘအမြင် ပြောတာနော်။”

အစိုးရဌာန တခုမှာ သတင်းသွားယူတဲ့ ဒီဗွီဘီ သတင်းထောက် ကိုဇော်ဖေကို ပိုင်နက် ကျူးလွန်မှု၊ ၀တရားနှောက်ယှက်မှုတွေနဲ့ တရားစွဲဆိုပြီး ဧပြီလ ၇ ရက်နေ့မှာ မကွေးမြို့နယ် တရားရုံးက ထောင်ဒဏ်တနှစ် ချမှတ်လိုက်တာဖြစ်ပါတယ်။

DVB

မကွေးအခြေစိုက် ဒီဗွီဘီသတင်းထောက် ကိုဇော်ဖေကို ထောင်ဒဏ်တစ်နှစ်ချမှတ်လိုက်တဲ့ အပေါ် ပြည်တွင်း စာနယ်ဇင်းသမားတွေက ကန့်ကွက်ရှုတ်ချလိုက်ပြီး လွတ်လပ်စွာ သတင်းရယူနိုင်ဖို့ အတွက် ဥပဒေအရ အကာကွယ်အပေးဖို့ တောင်းဆိုလိုက်ပါတယ်။

ကိုဇော်ဖေကို အရေးယူမှုနဲ့ပတ်သက်ပြီး ပြည်တွင်းက စာနယ်ဇင်းအဖွဲ့အစည်းတွေနဲ့ သတင်းစာ ဆရာတွေက သဘောထားတွေ အသီးသီး ထုတ်ဖော်ပြောကြားလိုက်တာဖြစ်ပါတယ်။

ရန်ကုန်သင်္ကြန် လုံခြုံရေးအင်အား ၅၀၀၀ ကျော် အသုံးပြုမည်

ရန်ကုန်သင်္ကြန်တွင် လုံခြုံရေးဆောင်ရွက်ရန် ရဲနှင့်လုံခြုံ ရေးဝန်ထမ်းတပ်ဖွဲ့ဝင်အင်အား ၅၀၀၀ ကျော် အသုံးပြုမည်ဖြစ် ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

သင်္ကြန်မဏ္ဍပ်များရှိသည့် ကန်တော်ကြီးပတ်လမ်းတစ်ခုလုံး တွင် ရဲတပ်ဖွဲ့ဝင် ၃၂၈ ဦးဖြင့် အ များဆုံး လုံခြုံရေးဆောင်ရွက်မည် ဖြစ်ပြီး တိုင်းဒေသကြီးအနှံ့တွင် တိုင်းဒေသကြီးရဲတပ်ဖွဲ့အောက် ရှိ ရဲတပ်ဖွဲ့၊ ထွေအုပ်၊ မီးသတ်၊ ယာဉ်ထိန်း၊ အရန်တပ်ရင်း စသည့် တပ်ဖွဲ့ဝင်အင်အား ၅၀၀၀ ကျော်ဖြင့်

မန္တလေးသို့ ခိုးဝင်လာသော ဘင်္ဂါလီ ၈ ဦးကို ဖမ်းမိ ရည်ရွယ်ချက်သိရန် လူခွဲစစ်ဆေးနေ

မန္တလေးမြို့သို့ တရားမဝင်ဝင်ရောက်နေသည့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၈ ဦး လဝက ဥပဒေနှင့်အရေးယူထားပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ ၏ ညွှန်ကြားချက်အရ ၎င်းတို့ ဝင်ရောက်လာသည့်လမ်းကြောင်းနှင့် ရည်ရွယ်ချက်ကိုသိရှိနိုင်ရန် တစ်ဦးချင်း လူခွဲပြီးစစ်ဆေးနေကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

၎င်း ဘင်္ဂါလီ ၈ ဦးကို ဧပြီလ ၅ ရက်နေ့က မန္တလေးမြို့ သီရိမန္တလာ ကားဝင်း တောင်ဘက်ရှိ ချင်းတောင်တန်းကားဂိတ်တွင် လက်မှတ်ဖြတ်နေ စဉ်ဖမ်းဆီးမိခြင်းဖြစ်ကြောင်းသိရသည်။ ''လက်ရှိကတော့ သူတို့ဝင်ထွက်တဲ့ လမ်းကြောင်းလေးတွေ မေးပြီးတော့ နောက်ဆုံးသူတို့က ဘာအထောက် အထားမှ

ထိုင်းဗီဇာရရန် ဧပြီလဆန်းမှစ၍ နေ့ စဉ် လူပေါင်းများစွာသံရုံးရှေ့ တွင် ညအိပ်စောင့်ဆိုင်းနေရ

ထိုင်းဗီဇာရရန် ဧပြီလဆန်းမှစ၍ နေ့ စဉ် လူပေါင်းများစွာသံရုံးရှေ့ တွင်
ညအိပ်စောင့်ဆိုင်းနေရ
Wednesday, April 9, 2014

ထိုင်းနိုင်ငံသို့ သွားရောက်မည့်သူများသောကြောင့် ဗီဇာရရန် ဧပြီလဆန်းမှ စ၍ နေ့ စဉ်လူပေါင်း၄၀၀ ကျော်ထိုင်းသံရုံးရှေ့ တွင် ညအိပ်စောင့်ဆိုင်းနေ ရကြောင်းဗီဇာရရန်တန်းစီသူတစ်ဦးထံမှသိရသည်။

“ဒီနေ့ မနက် ပေးတဲ့တိုကင်ရဖို့ ကို မနေ့ ကနေ့ လည် ၁၁း၀၀ လောက်ထဲက လာစောင့်နေရတယ်”ဟု ဗီဇာရရန် တန်းစီသူတစ်ဦးကပြောသည်။
ထိုင်းနိုင်ငံသို့ သင်္ကြန်ကာ လတွင် အလည်ပတ် သွား သူများ၊ဆေးကုသမှု ခံယူရန်သွားသူများနှင့် ရဟန်း သံဃာ များ သွားရောက်သူများသောကြောင့် ယခုလိုစောင့်ဆိုင်းရခြင်းဖြစ် ကြောင်း၎င်းကဆက်ပြောသည်။

ယခုကဲသို့  ဗီဇာရရန်စောင့်ဆိုင်းရခြင်းမှာ ဧပြီလဆန်းပိုင်းမှ စတင်၍ တဖြည်းဖြည်းများလာခြင်းဖြစ်ကြောင်း လူ အယောက်လေးရာခန့် လာစောင့်ကြသော်လည်း ဗီဇာပေးသည့်ဦးရေမှာ တစ်နေ့လျှင် ၁၅၀ သာရှိကြောင်း ၊ထို့ကြောင့် ညအိပ်စောင့်ဆိုင်းကြခြင်းဖြစ်ကြောင်း ပွဲစားတစ်ဦးက ပြောသည်။

“အရင်ကဆိုလူတွေသိပ်တောင်မမြင်ရဘူး၊အခုသင်္ကြန်ပိတ်ရက်ရှိတာကြောင့် ပိုပိုများလာပါ”ဟု၎င်းကဆက်ပြောသည်။
အဆိုပါဗီဇာလာရောက်စောင့်ဆိုင်းသူများတွင် ကုမ္ပဏီများ၊အေး ဂျင့်များစသည်တို့ ပါဝင်ပြီးကိုယ်တိုင်လာ ရောက်လျှောက်ထားသူပိုများကြောင်းသိရသည်။

ယမန်နှစ်သင်္ကြန်နီးကာလများတွင်လည်း ယခုကဲ့သို့ဗီဇာရရှိရန် ညအိပ်စောင့်ဆိုင်းမူများရှိခဲ့သော်လည်း အရေ အတွက် မှာ ယခုနှစ်လောက်မများကြောင်း ပွဲစားတို့ကဆိုသည် ။

ယခုကဲ့သို့ပွဲတော်ပိတ်ရက်ရှည်များတွင်ထိုင်းနိုင်ငံ ၊စင်ကာပူနိုင်ငံ ၊ဂျပန်စသည်တို့သို့အလည်အပတ် သွားရောက်သူ များပြားလေ့ရှိပြီး အိမ်နီးချင်းထိုင်းနိုင်ငံမှာမူ အခြားနိုင်ငံများနှင့်ယှဉ်ပါက ငွေကြေး သက်သာပြီးဈေးဝယ်၍ကောင်းခြင်းကြောင့်ပိတ်ရက် ရှည်များ တွင် မြန်မာနိုင်ငံသားများသည်ထိုင်းသို့အများဆုံးသွားရောက်လေ့ရှိသည်။

ဇေဝေယံ
Popular Myanmar News Journal

ထိုင်းနိုင်ငံသို့ သွားရောက်မည့်သူများသောကြောင့် ဗီဇာရရန် ဧပြီလဆန်းမှ စ၍ နေ့ စဉ်လူပေါင်း ၄၀၀ ကျော်ထိုင်းသံရုံးရှေ့ တွင် ညအိပ်စောင့်ဆိုင်းနေ ရကြောင်းဗီဇာရရန်တန်းစီသူတစ်ဦးထံမှသိရသည်။
“ဒီနေ့ မနက် ပေးတဲ့တိုကင်ရဖို့ ကို မနေ့ ကနေ့ လည် ၁၁း၀၀ လောက်ထဲက လာစောင့်နေရတယ်”ဟု ဗီဇာရရန် တန်းစီသူတစ်ဦးကပြောသည်။
ထိုင်းနိုင်ငံသို့ သင်္ကြန်ကာ လတွင် အလည်ပတ် သွား သူများ၊ဆေးကုသမှု ခံယူရန်သွားသူများနှင့် ရဟန်း

၂ဝ၁၄ ခုနှစ် ပြည်လုံးကျွတ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ဆက်လက် ကောက်ယူ အိမ်ထောင်စု ကိုးသန်းခွဲကျော် ကောက်ယူ ပြီးစီးခဲ့ပြီဖြစ်

မတ် ၃ဝ ရက်မှ စတင်၍ ၂ဝ၁၄ ခုနှစ် ပြည်လုံးကျွတ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်း လုပ်ငန်းများ ကို ဆောင်ရွက်ခဲ့ရာ ဧပြီ ၇ ရက်အထိ အိမ်ထောင်စု ၉၅၆၂၂၆၅ စုကို ကောက်ယူပြီးစီးခဲ့ကြောင်း သိရှိရသည်။
တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ကောက်ယူပြီးစီးမှုမှာ ကချင်ပြည်နယ်တွင် အိမ်ထောင်စု ၂၁၇၃၄၂ စု၊ ကယားပြည်နယ်တွင် ၄၇၁၆၃ စု၊ ကရင်ပြည်နယ်တွင် ၂၆၈၈၉ဝ စု၊ ချင်းပြည်နယ်တွင် ၇၁၂၁၁ စု၊ စစ်ကိုင်းတိုင်း ဒေသကြီးတွင် ၉၉၆၅၉၉ စု၊ တနင်္သာရီတိုင်း ဒေသကြီးတွင် ၂၅၂၅၆၄ စု၊ ပဲခူးတိုင်း ဒေသကြီး (အရှေ့ပိုင်း)တွင် ၅၈၆၄၂၆ စု၊ ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း)တွင် ၄၆ဝ၂၆၃ စု၊

SSPP/SSA အဖွဲ့မှ အစ္စလာမ်ဘာသာဝင်တစ်ဦး မန္တလေး-မိုင်းရှူးလမ်းပေါ် တွင် ဆက်ကြေးကောက်ခံ

SSPP/SSA အဖွဲ့မှ အစ္စလာမ်ဘာသာဝင်တစ်ဦး မန္တလေး-မိုင်းရှူးလမ်းပေါ် တွင် ဆက်ကြေးကောက်ခံ
Wednesday, April 9, 2014

ရှမ်းပြည်နယ် မိုင်းရှူးမြို့နယ်အတွင်းသို့ ကုန်တင်ယာဉ်ကြီး/ယာဉ်ငယ်၊ ခရီးသည်တင်ယာဉ်များအား မန္တလေး-လားရှိုး-မိုင်းရှူး လမ်းကြောင်းအတိုင်း ၀မ်ဟိုင်းကျေးရွာသို့ ဖြတ်သန်းရာတွင် ရှမ်းပြည်တိုးတက်ရေးပါတီနှင့် ရှမ်းပြည်တပ်မတော်(မြောက်ပိုင်း) SSPP/SSA အဖွဲ့မှ စေခိုင်းချက် အရ တာဝန်ခံအဖြစ် အစ္စလာမ်ဘာသာဝင် ကျော်ဝင်းဆိုသူမှ ပုံမှန်ဖြတ်သန်းကြေး၊ တစ်နှစ်စာ နှစ်စဉ်ကြေးများအား ၂၀၁၄ မတ် ပထမပတ်မှစ၍ အတင်းအဓမ္မကောက်ခံလျက်ရှိကြော်ငး ကားသမားထံမှ သိရသည်။

နှုန်းထားများအနေဖြင့် ပုံမှန်ဖြတ်သန်းနေသော ၆/၁၀/၁၂ ဘီးယာဉ်များအား ၅၀၀၀ ကျပ်နှုန်း၊ ကိုယ်ပိုင်ယာဉ်၊ ခရီးသည်တင်ယာဉ်များအား ၁၀၀၀ ကျပ်နှုန်း၊ ၎င်းအပြင် နှစ်စဉ်ကြေးအနေဖြင့် ၁၀/၁၂ ဘီးယာဉ်များအား ၆ သိန်း ကျပ်နှုန်း၊ ၆ ဘီးယာဉ်များအား ၃ သိန်းကျပ်နှုန်း၊ ခရီးသည်တင်ယာဉ်များအား ၁ သိန်းကျပ်နှုန်း သတ်မှတ် ကောက်ခံ ကာ ဖြတ်ပိုင်းများ ထုတ်ပေးလျက်ရှိကြောင်း သိရှိရပါသည်။

၎င်းသတင်းနှင့်ပတ်သက်၍ မိုင်းရှူးမှ ဒေသခံတစ်ဦး၏ ပြောဆိုချက်အရ `` ကျနော်က လားရှိုးမြို့ကနေ မိုင်းရှူး မြို့ကို ၁၀ ဘီးကားနဲ့ ကုန်ပစ္စည်းတွေ သွားပို့တာရက်တော့ မမှတ်မိဘူးဗျ၊ ရှမ်းစစ်သားတွေနေတယ်ဆိုတဲ့ ၀မ်ဟိုင်းရွာကို ဖြတ်တဲ့အချိန်မှာ သေနတ်တွေကိုင်ထားတဲ့ ရှမ်းစစ်သား ၈ ယောက်၊ ၁၀ ယောက်လောက်တော့ ရှိမယ်ဗျ၊ ကျနော့ ၁၀ ဘီးကားကိုတားတယ်၊ ပြီးတော့ ခေါင်းဆောင်လို့ထင်တာပဲ၊ ရုပ်ကရှမ်းရုပ်လဲ မပေါက်ဘူး၊ ကုလားရုပ်ဗျ၊ ပြီးတော့သူတို့ တောင်းတာက ပုံမှန်ဖြတ်သန်းကြေး ၅၀၀၀ ကျပ်၊ နှစ်စဉ်ကြေးက ၆ သိန်းသွင်း ရမယ်တဲ့၊ မပေးရင် မဖြတ်ရဘူးတဲ့၊ ပြီးတော့ ပြောသေးတယ်ဗျ၊ အဲ့ဒီကုလားရုပ်နဲ့လူက ပိုက်ဆံသွင်းရင် ဖြတ်ပိုင်း ရမယ်၊ နောက်ပိုင်းအဲ့ဒီ လက်မှတ်ပြမှ ဖြတ်ခွင့်ရမယ်တဲ့ဗျာ၊ အဲ့ဒါနဲ့ ကျနော်လဲ အသက်မွေးဝမ်းကျောင်း အလုပ်က ဒါပဲလုပ်တတ်တာလေ၊ ပြီးတော့ သူတို့က သေနတ်တွေနဲ့မို့ ကြောက်ကြောက်နဲ့ပဲ နှစ်စဉ်ကြေး ၆ သိန်းနဲ့ ပုံမှန်ကြေး ၅၀၀၀ သွင်းခဲ့ရတယ်ဗျာ ´´ ဟု ပြောသည်။

လားရှိုးမှ ၆ ဘီးယာဉ်မောင်း တစ်ဦးမှလည်း `` အဲဒီ ပိုက်ဆံကောက်တဲ့သူက ကုလားရုပ်ဖြစ်နေတော့ ကျနော်လဲ မိုင်းရှူးမှာ မေးမြန်းကြည့်တယ်၊ အဲ့ဒီလူနာမည်က ကျော်ဝင်း၊ ကုလားလူမျိုး၊ မွတ်စလင်လို့ သိရတယ်ဗျ၊ ဘယ့်နှယ်ဗျာ ရှမ်းလူမျိုး၊ ဗုဒ္ဓဘာသာတွေကြားမှာ အဲ့ဒီကျော်ဝင်းလို မွတ်စလင်ကုလားတွေ ဘယ်လောက် များရှိနေလဲ မသိပါဘူးဗျာ၊ ကျနော်ကြားဖူးတာကတော့ ၀မ်ဟိုင်းမှာရှိတဲ့ ရှမ်းစစ်တပ်က လူမျိုးရေးကို အခြေခံ ထားတယ်ဆိုပြီး ဘယ်လိုလုပ် ဘာသာခြားတွေရှိနေလဲ မသိပါဘူးဗျာ၊ ပြီးတော့ ပိုက်ဆံကောက်ခိုင်းတော့လဲ မွတ်စလင်ကုလားကိုမှ ကောက်ခိုင်းရတယ်လို့ ၊ ကုလားနဲ့ ဗမာ ခဏခဏပြဿနာဖြစ်နေတာ အဲဒီခေါင်းဆောင်တွေ မသိဘူးလား မသိဘူး ´´ ဟု ဆိုသည်။

မိုင်းရှူးမြို့ခံ လွှတ်တော်အမတ်တစ်ဦးက`` တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းတွေအနေနဲ့ အခုလို ငြိမ်းချမ်းရေး တည်ဆောက်နေဆဲ ကာလမှာ ဒေသခံပြည်သူတွေ ယုံကြည်အောင်လုပ်ပြဖို့ လိုပါတယ်၊ ရှမ်းပြည်နယ်မှာ ရှိတဲ့ လက်နက်ကိုင်အဖွဲ့ဝင်တွေဟာ ရှမ်းတွေ ပဲ ဖြစ်ရပါမယ်၊ အခု အစ္စလာမ်ဘာသာဝင် ကုလားကဆက်ကြေး ကောက်ေ ပး နေတာ သိရတော့ ဒေသခံဗုဒ္ဓဘာသာ ရှမ်းတွေ တော်တော်စိတ်ပျက် သွားကြတယ်၊ အဲဒီ SSPP/SSA ဌာနချုပ် တည်ရှိတဲ့ ၀မ်ဟိုင်းကျေးရွာထဲမှာ ကုလားတွေ များလာရင်တော့ ရှမ်းတွေ ခွေးပြေးဝက်ြေ ပး ပြေးရတော့မှာ မြင်ယောင်သေးတယ်၊ ရခိုင်ပြည်နယ်ကိုပဲ ကြည့်လေ´´ ဟု ပြောကြားသွားခဲ့သည်။

Credit To:စိုင်းအောင်
Kachin Daily News
ရှမ်းပြည်နယ် မိုင်းရှူးမြို့နယ်အတွင်းသို့ ကုန်တင်ယာဉ်ကြီး/ယာဉ်ငယ်၊ ခရီးသည်တင်ယာဉ်များအား မန္တလေး-လားရှိုး-မိုင်းရှူး လမ်းကြောင်းအတိုင်း ၀မ်ဟိုင်းကျေးရွာသို့ ဖြတ်သန်းရာတွင် ရှမ်းပြည်တိုးတက်ရေးပါတီနှင့် ရှမ်းပြည်တပ်မတော်(မြောက်ပိုင်း) SSPP/SSA အဖွဲ့မှ စေခိုင်းချက် အရ တာဝန်ခံအဖြစ် အစ္စလာမ်ဘာသာဝင် ကျော်ဝင်းဆိုသူမှ ပုံမှန်ဖြတ်သန်းကြေး၊ တစ်နှစ်စာ နှစ်စဉ်ကြေး များအား ၂၀၁၄ မတ် ပထမပတ်မှစ၍ အတင်းအဓမ္မကောက်ခံလျက်ရှိကြော်ငး ကားသမားထံမှ သိရသည်။
နှုန်းထားများအနေဖြင့် ပုံမှန်ဖြတ်သန်းနေသော ၆/၁၀/၁၂ ဘီးယာဉ်များအား ၅၀၀၀ ကျပ်နှုန်း၊ ကိုယ်ပိုင်ယာဉ်၊ ခရီးသည်တင်ယာဉ်များအား ၁၀၀၀ ကျပ်နှုန်း၊ ၎င်းအပြင် နှစ်စဉ်ကြေးအနေဖြင့် ၁၀/၁၂ ဘီးယာဉ်များအား ၆

တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး တွေ့ဆုံဆွေးနွေးပွဲ ရန်ကုန်မြို့၌ အောင်မြင်စွာ ကျင်းပပြီးစီး

Myanmar Online News's photo.
ပူးတွဲသတင်းထုတ်ပြန်ချက်
၂၀၁၄ ခုနှစ်၊ ဧပြီလ ၈ ရက်၊ ရန်ကုန်မြို့
၁။ ၂၀၁၄ ခုနှစ်၊ ဧပြီလ ၅ ရက်နေ့မှ ၈ ရက်နေ့ အထိ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည် ထူထောင်ရေး လုပ်ငန်း ဗဟိုဌာန (MPC)၌ ပြည်ထောင်စုငြိမ်းချမ်း ရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ (UPWC) နှင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) မှ ကိုယ်စားလှယ်များသည် ပွင့်လင်းရင်းနှီးစွာဖြင့် အကျေ အလည် ဆွေးနွေးခဲ့ကြပါသည်။
၂။ ဆွေးနွေးပွဲသို့ သီးခြားဖိတ်ကြားထားသော အဖွဲ့ (၅)ဖွဲ့ဖြစ်သည့် ABSDF, NDAA, NSCN-K, RCSS-

အခွန်တိမ်းရှောင်မှု များပြားသည့် လုပ်ငန်းအုပ်စု ၆၀ ကျော်ကို ခေါ်ယူသတိပေးထားကာ ပညာပေးကာလ ကုန်ဆုံးပါက ထောင် ၁၀ နှစ်အထိ အမြင့်ဆုံးပြစ်ဒဏ်ကို အခွန်ဥပဒေဖြင့် အရေးယူမည်ဟုဆို

မြန်မာနိုင်ငံတွင် ကုမ္ပဏီပေါင်း ၃၀၀၀၀ ကျော် ရှိသည့်အနက် ကုမ္ပဏီပေါင်း ၁၅၀၀၀ ခန့်သာ လတ်တလော အခွန်ဆောင်မှုရှိနေပြီး အခွန်တိမ်းရှောင်မှု များပြားသည့် လုပ်ငန်းအုပ်စု ၆၀ ကျော်အား ခေါ်ယူ သတိပေးမှု ပြုလုပ် ထားကာ ပညာပေးကာလ ကုန်ဆုံးပါက ထောင် ၁၀ နှစ်အထိ အမြင့်ဆုံးပြစ်ဒဏ် ချမှတ်နိုင်သည့် အခွန်ဥပဒေဖြင့် အရေးယူမှုများ ပြုလုပ်မည်ဖြစ်ကြောင်း ပြည်တွင်း အခွန်များ ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်က ဧပြီ ၇ ရက်တွင် The Daily Eleven သို့ ပြောကြားခဲ့သည်။
အခွန်တိမ်းရှောင်မှု များပြားသည့်ပြဿနာနှင့် ရင်ဆိုင်နေရပြီး အာဆီယံနိုင်ငံများတွင် အခွန်ရငွေမှ ဂျီဒီပီတွင် ပါဝင်မှုအချိုး အနိမ့်ဆုံးဖြစ်နေသည့် မြန်မာနိုင်ငံတွင် အခွန်တိုးမြှင့် ကောက်ခံနိုင်ရန် အခွန်ကောက်ခံမှု

ကျောက်ပန်းတောင်းမြို့တွင် ဖွဲ့စည်းပုံပြင်ဆင်ရေးနှင့် လေးပွင့်ဆိုင်ဆွေးနွေးရေးအတွက် အင်အား ၂၀၀၀ ကျော်ဖြင့် ဆန္ဒဖော်ထုတ်

Photo: ကျောက်ပန်းတောင်းမြို့တွင် ဖွဲ့စည်းပုံပြင်ဆင်ရေးနှင့် လေးပွင့်ဆိုင်ဆွေးနွေးရေးအတွက် အင်အား ၂၀၀၀ ကျော်ဖြင့် ဆန္ဒဖော်ထုတ်

 April 9, 2014

ကျောက်ပန်းတောင်းမြို့နယ်တွင် ဧပြီ ၈ ရက်က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မ ၄၃၆ ပြင်ဆင်ပေးရေး၊ ပုဒ်မ ၅၉ (ဃ)၊ ၅၉(စ) ဖျက်သိမ်းပေးရေးနှင့် လေးပွင့်ဆိုင်ဆွေးနွေးပွဲ အမြန်ဆောင်ရွက်ရေးအတွက် ဆန္ဒဖော်ထုတ်ပွဲကို ပြည်သူလူထုအင်အား ၂၀၀၀ ကျော်ဖြင့် ကျင်းပခဲ့ကြောင်း သတင်းရရှိပါသည်။

ကျောက်ပန်းတောင်း၊ ပုပ္ပါး၊ ညောင်ဦး၊ ဂွေးချို စသောမြို့နယ်များမှ ပါဝင်သော လူထုအင်အား (၂၀၀၀)ကျော်သည် စည်ပင်သာယာ ပန်းခြံတွင် နံနက် ၁၀ နာရီတွင် စတင်စုစည်းကာ ကျောက်ပန်းတောင်းမြို့လယ် လမ်းမကြီးအတိုင်း လမ်းလျှောက်ချီတက်ခဲ့ကြပြီး ပုဒ်မ ၄၃၆ ပြင်ဆင်ပေးရေး၊ ပုဒ်မ ၅၉(ဃ)၊ ၅၉(စ) ဖျက်သိမ်းပေးရေးနှင့် လေးပွင့်ဆိုင်ဆွေးနွေးရေး အမြန်ဆောင်ရွက်ပေးရန်တို့ တောင်းဆိုကာ ဆိုင်းဘုတ်များကိုင်ဆောင်လျက် ကြွေးကြော်သံများဖြင့် ၁၂ နာရီအထိ ချီတက်ခဲ့ကြောင်း သိရသည်။

“ကျွန်တော်တိုအားလုံး အဆင်ပြေပါတယ်။ မြို့နယ်ရဲတပ်ဖွဲ့နဲ့လည်း ကောင်းမွန်သော ပူးပေါင်းဆောင်ရွက်မှုနဲ့ ပူးပေါင်းခဲ့ပါတယ်။ ကျွန်တော်တို့ ပြည်သူလူထု အနေနဲ့ တင်ခဲ့တာပါလည်း ပါပါတယ်။ ၈၈ ပွင့်လင်းက ကျောက်ပန်းတောင်းက လူငယ်တွေလည်း ပါတယ်။ အဓိက တောင်းဆိုတာက ပုဒ်မ ၅၉(စ)၊ ၆၅၉(ဃ) ဖျက်သိမ်းပေးရေး၊ ၄၃၆ ပြင်ဆင်ပေးရေးနဲ့ လေးပွင့်ဆိုင်တွေ့ဆုံရေး အမြန်ဆောင်ရွက်ဖို့ အချက်(၄)ချက်ပါ” ဟု ကျောက်ပန်းတောင်းမြို့မှ ဆန္ဒဖော်ထုတ်ရေး ဦးဆောင်သူ ကိုရဲမင်းထွေး(ခ)ကိုရဲက ပြောပါသည်။

“ဒီဆန္ဒပြပွဲဖြစ်ဖို့ ကျွန်တော်တို့မြို့မှာ ငါးဦးကော်မတီ ဖွဲ့ပါတယ်။ NLD ကသုံးဦး၊ ၈၈ က(၂)ဦး၊ ပြီးမှ ဘဏ္ဍာရေးကော်မတီတွေ ဆပ်ကော်မတီတွေ ဆောင်ရွက်တယ်။ NLD တွေပါတယ်၊ ၈၈ တွေပါတယ်၊ NGO တွေပါတယ်၊ ပြည်သူလူထုပါတယ်” ဟု ကျောက်ပန်းတောင်းမြို့ခံ ကိုကျော်စိုးမင်း(ခ)ကပ်ပလီက ပြောပါသည်။ လူထုဆန္ဒ ဖော်ထုတ်ပွဲအား မွန်းလွဲ ၁၂ နာရီကျော်အချိန်တွင် အေးချမ်းစွာ ပြီးဆုံးခဲ့ကြောင်း သိရသည်။

ကျောက်ပန်းတောင်းမြို့မှ ဒေသခံများသည် ဆန္ဒဖော်ထုတ်ပွဲ ညနေပိုင်းတွင် မြစ်ဆုံစီမံကိန်းအတွက် ရန်ကုန်မြို့မှ မြစ်ဆုံအထိ လမ်းလျှောက်ဆန္ဒ ဖော်ထုတ်နေသည့် အဖွဲ့အား ဂွေးချိုတွင် သွားရောက်တွေ့ဆုံမည်ဖြစ်ကြောင်း၊ အဆိုပါအဖွဲ့သည် ဂွေးချို၊ချောက်မှတစ်ဆင့် ပုဂံညောင်ဦးသို့ ဖြတ်သန်းကာ ပခုက္ကူ မှတစ်ဆင့် ဆက်လက်ချီတက်သွားမည်ဖြစ်ကြောင်း သိရသည်။ 

Eleven
ကျောက်ပန်းတောင်းမြို့နယ်တွင် ဧပြီ ၈ ရက်က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မ ၄၃၆ ပြင်ဆင်ပေးရေး၊ ပုဒ်မ ၅၉ (ဃ)၊ ၅၉(စ) ဖျက်သိမ်းပေးရေးနှင့် လေးပွင့်ဆိုင်ဆွေးနွေးပွဲ အမြန်ဆောင်ရွက်ရေးအတွက် ဆန္ဒဖော်ထုတ်ပွဲကို ပြည်သူလူထုအင်အား ၂၀၀၀ ကျော်ဖြင့် ကျင်းပခဲ့ကြောင်း သတင်းရရှိပါသည်။

ကျောက်ပန်းတောင်း၊ ပုပ္ပါး၊ ညောင်ဦး၊ ဂွေးချို စသောမြို့နယ်များမှ ပါဝင်သော လူထုအင်အား (၂၀၀၀)ကျော်သည် စည်ပင်သာယာ ပန်းခြံတွင် နံနက် ၁၀ နာရီတွင် စတင်စုစည်းကာ ကျောက်ပန်းတောင်း