Monday, May 5, 2014

ပဋိ ပက္ခများ၊ ငြိမ်းချမ်းရေး ဆွေးနွေး ပွဲ များနှင့် ပတ် သက် ၍ ဒီမို ကရေစီ တူဒေး ၏ မေး မြန်း ချက် များကို တပ် မတော် က ပြန် လည်ြေ ဖကြားခြင်း

Photo: ပဋိပက္ခများ၊ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများနှင့် ပတ်သက်၍ ဒီမိုကရေစီတူဒေး၏ မေးမြန်းချက်များကို တပ်မတော်က ပြန်လည်ဖြေကြားခြင်း
Monday, May 5, 2014

ပြီးခဲ့တဲ့ ဧပြီလအတွင်းက တပ်မတော်နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် ကေအိုင်အေ တို့အကြား တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားခဲ့မှု၊ ရှမ်းပြည်နယ်မြောက်ပိုင်းဒေသအတွင်း တိုက်ပွဲများ ခပ်စိပ်စပ်ဖြစ်ပေါ်လာမှုတွေကြောင့် အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေ အကြား တည်ဆောက်နေတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်အပေါ် စိုးရိမ်ပူပန်မှုတွေ ပေါ်ပေါက်ခဲ့ရ ပါတယ်။ တိုက်ပွဲတွေ ဘာကြောင့် ပြန်လည် ဖြစ်ပွား ခဲ့တယ်။ ပြည်တွင်းငြိမ်းချမ်းရေး၊ တိုင်းရင်းသားအရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်လို့ တပ်မတော်ရဲ့ သဘောထားရပ်တည်ချက် ၂၀၁၅ အလွန်မြန်မာ့နိုင်ငံရေးမှာ တပ်မတော်ရဲ့ အနေအထား တွေနဲ့ ပတ်သက်လို့ ဒီမိုကရေစီတူဒေးက ကာကွယ်ရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီး တစ်ဦးကို ဧပြီလ နောက်ဆုံးပတ်က ဆက်သွယ်မေးမြန်းခဲ့ရာမှာ မေလတွင် အောက်ပါ အတိုင်း ပြန်လည် ဖြေကြားခဲ့ပါတယ်။

သို့

ဦးကိုကို (ကိုကို စက်မှုတက္ကသိုလ်)

၁။ ဦးကိုကို၏စာကို လက်ခံရရှိပါတယ်။ စာပါ အကြောင်းအရာများကို ကြည့်လိုက်တော့ အောက်ပါအတိုင်း တွေ့ရပါတယ်-

(က) တပ်မတော်နဲ့ KIA တို့ တိုက်ပွဲဖြစ်စဉ်အခြေအနေ

(ခ) အခြားတိုင်းရင်းသား အဖွဲ့အစည်းများဖြစ်တဲ့ SSA၊ RCSS၊ “ဝ” တို့နှင့် အခြေအနေ

(ဂ) အပစ်အခတ်ရပ်စဲရေး ဆွေးနွေးမှု အခြေအနေ

(ဃ) အပစ်အခတ်ရပ်စဲရေး အပေါ် တိုင်းရင်းသား အဖွဲ့အစည်းများ၏ ရပ်တည်ချက်

(င) တပ်မတော်၏ ရပ်တည်ချက်

၂။ ဦးကိုကိုရဲ့ စာအရ မေးခွန်းတွေကို ကြည့်ရင် ဦးကိုကိုတို့အပါအဝင် စာနယ်ဇင်း သမားတွေအနေနဲ့ တစ်ဘက်မှ KIAနဲ့ တိုင်းရင်းသားအဖွဲ့အစည်းများရဲ့ လေထဲက စကား တွေကို ဟုတ်သော်ရှိ၊ မဟုတ်သော်ရှိ အမှန်လို့ ထင်မြင်နေတဲ့အပြင် တပ်မတော် အပေါ် မှာလည်း နဂိုကတည်းက အမြင်မရှင်းချင်တာကြောင့် တပ်မတော်အပေါ် အကောင်း မမြင်တာ သဘာဝကျပါတယ်။ တပ်မတော်အနေနဲ့ကလည်း အထက်မှ ပေးတဲ့အမိန့်နှင့် တာဝန်အတိုင်း စည်းကမ်းနှင့်အညီ လုပ်နေတဲ့ အဖွဲ့အစည်းတစ်ခုအနေနဲ့၊ တာဝန်မရှိရင်၊ တာဝန်ပေးမခံရရင် ဘယ်သူတွေဘာပြောပြော ကိုယ့်အလုပ်ကိုယ်လုပ်၊ ကိုယ့်လမ်းကိုယ် လျှောက်တာပဲဆိုတဲ့အသိနဲ့ Media မှာပါတာတွေ၊ ရေးတာတွေ အပေါ်မှာလည်း သိပ်ပြီး မတုံပြန်ခဲ့ပါဘူး။ ဒါကြောင့်လည်း တချို့ဖြစ်စဉ်၊ ဖြစ်ရပ်တွေဟာ အရင်ပြောတဲ့သူက အမှန်လိုဖြစ်နေပြီး တပ်မတော်ဘက်က ရေးမယ့်၊ ပြောမယ့်သူလည်း မရှိပါဘူး။ အခုလည်း ဦးကိုကိုအနေနဲ့ တပ်မတော်ဘက်က အခြေအနေမှန် သိချင်တာကြောင့် မေးတယ်လို့ပဲ ယူဆပြီး ရှင်းပြရတာဖြစ်ပါတယ်။

၃။ ဧပြီလအတွင်း တပ်မတော်နဲ့ KIA တို့အကြား ဖြစ်ခဲ့တဲ့ တိုက်ပွဲဖြစ်စဉ်နဲ့ ပတ်သက်ပြီး (၂၀-၄-၂၀၁၄)ရက်နေ့ထုတ် သတင်းစာမှာ ပါတာတွေဟာ အမှန်တရားတွေပါပဲ။ လုံးဝ လိမ်ညာရေးထားတာ မပါဘူး။ ကွဲလွဲချက်ဘာကြောင့် ရှိရလဲဆိုရင် KIA အနေနဲ့ အစကတည်းက တိုက်ပွဲဖြစ်စဉ်တွေအပေါ်မှာ အမှန်မပြောခဲ့၊ မရေးခဲ့တာကြောင့် ဖြစ်ပါ တယ်။ KIA ဘက်က ရေးတဲ့ Media တွေ အနေနဲ့လည်း ထင်ရာမြင်ရာ ရေးတဲ့အပြင် တပ်မတော်ကလည်း သတင်းမထုတ်တဲ့အပေါ်မှာ အခွင့်ကောင်းယူပြီး တစ်ဆိတ်ကို တစ်အိတ် လုပ်ရေးတော့တာပါပဲ။ ပြီးခဲ့တဲ့တိုက်ပွဲတွေမှာ တပ်မတော်ဘက်မှ ၅၀၀၀၀ လောက်ကျတယ်လို့ ရေးတဲ့သူက ရေးသလို ယုံချင်တဲ့သူကလည်း ယုံတတ်ကြပါတယ်။ KIA နဲ့ ဖြစ်ခဲ့တဲ့ စခန်းသိမ်းတိုက်ပွဲတွေမှာ ရခဲ့တဲ့ အလောင်းလက်နက်တွေနဲ့ ပတ်သက်ပြီး မှတ်တမ်းဓာတ်ပုံတွေ အများကြီးရှိပါတယ်။ သူတို့ဆီက ထုတ်ပြန်ရေးသလို ရေးလို့ မဖြစ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ တပ်မတော်အနေနဲ့ စည်းကမ်းရှိပါတယ်။ တပ်မတော် က တိုက်တယ်ဆိုတာ လူမျိုးကို တိုက်တာ မဟုတ်ပါဘူး။ လူမျိုးရေးအသွင်သဏ္ဍာန် ဆောင်သွားမယ့် ဖြစ်စဉ်ဖြစ်ရပ်မျိုး မဖြစ်အောင် နာကြည်းချက် မဖြစ်သွားအောင် ထိန်းရ ပါတယ်။ သူတို့ဘက်က ကျတော့ ဘာမှ မထိန်းပါဘူး။ ပူတာအိုဘက်မှာ ဖြစ်ခဲ့တဲ့ အရာရှိ ခေါင်းဖြတ် အသတ်ခံရတဲ့ဖြစ်စဉ်မျိုးကို သူတို့ဘက်ကကျတော့ ဝန်မခံတဲ့အပြင် ထမင်းရည်ပူ လျှာလွဲ လုပ်တာ အားလုံးအသိပါပဲ။

၎။ မန်ဝိန်းကြီးဘက်မှာ ဖြစ်တဲ့ ဖြစ်စဉ်တွေ သတင်းစာမှာ ပါပြီးပါပြီ။ ဒါပေမဲ့ ထပ်ရှင်းပြ ချင်တယ်။ မန်ဝိန်းဒေသဟာ တကယ်တော့ ရှမ်းလူမျိုးစုတွေ အများစုနေထိုင်တဲ့နေရာ ဖြစ်တယ်။ နယ်စပ်ကုန်သွယ်ရေးစခန်း ဖွင့်လှစ်ထားခဲ့တော့ ရဲစခန်းရော၊ တပ်မတော် စခန်းရော၊ အကောက်ခွန်စခန်းတွေရော ရှိတယ်။ ၂၀၁၁ခုနှစ် ဇွန်လမှာ KIA က လက်နက်ကိုင်ပြီး ပြန်လည်တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့လို့ နယ်စပ်ကုန်သွယ်ရေးစခန်းကို ပိတ်ပစ်ခဲ့ရတယ်။ အဲဒီနောက်တော့ KIA တွေဝင်ပြီးနေတယ်။ ဒေသခံတွေကို နှိပ်စက် တယ်။ လူတွေကို အဓမ္မ ဖမ်းဆီးပြီး KIA စစ်သားလုပ်ခိုင်းတယ်။ ဆက်ကြေးတွေ ကောက်တယ်။ ဥပဒေမဲ့ သတ်ဖြတ်တယ်။ နိုင်ငံရဲ့ သယံဇာတတွေကို ခိုးထုတ်တယ်။ ဒါကြောင့် ဒေသခံတွေက သူတို့နယ်မြေကို ကာကွယ်ပေးဖို့ တောင်းဆိုမှုတွေ ရှိလာခဲ့ တယ်။

၅။ တစ်ခါ ဧပြီ ၃ရက်မှာ မန်ဝိန်းကြီးနဲ့ ကောင်းမုယန်လမ်းပေါ်မှာ ပုံမှန်တပ်လဲလှယ်ဖို့ တာဝန်နဲ့ သွားနေတဲ့ကားကို KIAက ပစ်ခတ်တိုက်ခိုက်လို့ တပ်မတော်က ဗိုလ်မှူး တစ်ယောက် ကျဆုံးခဲ့ရတယ်။ ဧပြီ ၁၁ရက်မှာ မိုးမောက်မြို့နယ် ကျောက်စခန်းအနီး ပုံမှန်စစ်ဆင်ရေး တာဝန်လဲလှယ်ဖို့ သွားနေတဲ့ ယာဉ်တန်းကို မိုင်းဆွဲပြီး ပစ်ခတ်ခဲ့လို့ စစ်သည်နှစ်ဦး ကျဆုံးပြီး စစ်သည်ကိုးဦး ဒဏ်ရာရခဲ့သလို ယာဉ်ပေါ်ပါတဲ့ လက်နက်မျိုးစုံ ၁၃ လက်နဲ့ ဆက်သွယ်ရေးစက်တွေ၊ ခဲယမ်းတွေ မီးလောင်ပျက်စီးခဲ့ရတယ်။ ဒါတွေဟာ ငြိမ်းချမ်းရေးကို ဗန်းပြပြီး ဥပဒေမဲ့လုပ်ရပ်မျိုးနဲ့ လုပ်နေတဲ့ KIAရဲ့ လုပ်ရပ်တွေထဲက တချို့ ဖြစ်တယ်။ ဒီတော့ ဒေသခံပြည်သူလူထုရဲ့ တောင်းဆိုမှုတွေ တပ်မတော်က လျစ်လျူရှု ထားလို့ မရသလို တရားဥပဒေစိုးမိုးရေး၊ နယ်မြေ လုံခြုံရေးတာဝန်တွေအရ တပ်မတော်က အကန့်အသတ်နဲ့ ရှင်းလင်း ဆောင်ရွက်ခဲ့ခြင်းပဲဖြစ်ပါတယ်။ ဒီလို ရှင်းလင်းတဲ့ အခါမှာ လည်း KIA ဘက်က စတင်ပစ်ခတ် တိုက်ခိုက်မှ မိမိဘက်က အတတ်နိုင်ဆုံး ထိန်းသိမ်း ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် နယ်မြေဒေသအတွင်းမှာ ပြည်သူလူထုတွေ တစ်စုံ တစ်ရာ ထိခိုက်နစ်နာမှုမရှိခဲ့ဘူး ဆိုတာ သက်သေအဖြစ်နဲ့ တည်ရှိနေပါတယ်လို့ ပြောချင် ပါတယ်။ KIA ဘက်က ထုတ်ပြန်တာကို ယုံတယ် ဆိုရင်တော့ မတတ်နိုင်ပါ။ အကယ်၍ ငြိမ်းချမ်းသွားရင် ဖြစ်ရပ်မှန်ဟာ ဖုံးကွယ်ထားလို့မရဘဲ ဘူးပေါ်သလို ပေါ်လာမှာပါ။ ဒါကြောင့် အချိန်ကိုပဲ စောင့်ပါလို့ ပြောချင်ပါတယ်။

၆။ တစ်ဆက်တည်း ကချင်ပြည်နယ်နဲ့ ဆက်စပ်နေတဲ့ ပလောင်ဒေသ အပါအဝင် ရှမ်း(မြောက်) မှာဖြစ်တဲ့ တိုက်ပွဲဖြစ်စဉ်တွေကို တပ်မတော်က စစ်အင်အား တိုးချဲ့လို့လား၊ KIA ကမြှောက်ပေးလို့ လုပ်ရတဲ့ TNLA အပါအဝင် SSA နဲ့ TNLA တပ်ဖွဲ့တွေရဲ့ နယ်မြေ ချဲ့ထွင်မှုကြောင့် ဖြစ်တာလား စဉ်းစားသုံးသပ်နိုင်ပါတယ်။ ဥပမာ-မိုးကုတ်၊ မိုးမိတ်နယ်မြေ ဆိုတာ KIA လည်း မရှိသလို ရှမ်းအဖွဲ့အစည်းလည်း မရှိပါ။ သို့သော်လည်း မိမိနယ်မြေ မဟုတ်တဲ့ နယ်မြေမှာ ဝင်လာတဲ့ မည်သည့် လက်နက်ကိုင်အဖွဲ့အစည်းကိုမဆို၊ နေရာ သတ်မှတ်ချက်မရှိဘဲ ဝင်လာတဲ့ မည်သည့်လက်နက်ကိုင်အဖွဲ့ကိုမဆို နယ်မြေ ထိန်းသိမ်း ရေး နယ်မြေစိုးမိုးရေးဆောင်ရွက်နေတဲ့ တပ်မတော်တပ်ရင်း/ တပ်ဖွဲ့တွေ အနေနဲ့ တားမရရင် ပစ်ခတ်ထိန်းသိမ်းရတာ တာဝန်ဖြစ်ပါတယ်။ ဒါကြောင့် တိုက်ပွဲတွေ ဖြစ်တဲ့ အပေါ်မှာ တပ်မတော်ဟာ နယ်မြေချဲ့ထွင်လို့ မဟုတ်ပါ။ သက်ဆိုင်ရာ တိုင်းရင်းသား အဖွဲ့အစည်းတွေအနေနဲ့ ကတိမတည်လို့ ဖြစ်ပါတယ်။ နယ်မြေချဲ့ထွင် လို့ဖြစ်ပါတယ်။ အထူးသဖြင့် KIA နဲ့ TNLA နှစ်ဖွဲ့စလုံးဟာ အပစ်အခတ်ရပ်စဲရေး လက်မှတ်မထိုး ထားတဲ့အပြင် စည်းကမ်းလည်းမရှိ၊ ကတိလည်း မတည်။ နယ်မြေလည်း ချဲ့ဆိုတော့ ပစ်ခတ်တိုက်ခိုက်မှုတွေ မလွှဲမရှောင်သာ ဖြစ်ရတာ ဖြစ်ပါတယ်။

၇။ ဒီနေရာမှာ TNLA နဲ့ ပတ်သက်ပြီးတော့ ရှင်းပြချင်ပါတယ်။ ဦးကိုကိုတို့ သိပြီးသားပါ။ TNLA ဆိုတာ ဦးအိုက်မုန်းတို့ ငြိမ်းချမ်းရေးယူပြီးကတည်းက လုံးဝမရှိတော့ပါဘူး။ တချို့ ခွဲထွက်ပြီး ကျန်ရစ်တဲ့ အနည်းစုက မထင်မရှား ဆက်ကြေးကောက်၊ ဓားပြတိုက်တဲ့ အဆင့် ပဲ ရှိပါတယ်။ ဒါပေမယ့် NCCT က UNFC ထဲမှာ အဖွဲ့ဝင်အနေနဲ့ပါလို့ဆိုပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ထဲကို ဆွဲသွင်းလာခဲ့တဲ့အတွက် လူသိသူသိဖြစ်လာတဲ့ သောင်းကျန်းသူ အဖွဲ့အစည်းအနေနဲ့ ပေါ်လာတာဖြစ်ပါတယ်။ ပလောင်နယ်မြေအတွင်းမှာ လူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ခြိမ်းခြောက်၊ နှိပ်စက်မှုတွေကြောင့် နယ်မြေခံတပ်များနဲ့ ထိန်းချုပ် ဆောင်ရွက်နေရတာ ဖြစ်ပါတယ်။ ရှမ်းလက်နက်ကိုင်အဖွဲ့တွေကျတော့ အပစ် အခတ် ရပ်စဲမှု လက်မှတ် ထိုးထားပါလျက် ဘာကြောင့်ဖြစ်ရလဲဆိုတော့ သူတို့လည်း အလားတူပါပဲ။ သူတို့ကို သတ်မှတ်ပေးထားတဲ့ နယ်မြေမှာမဖြစ်ဘဲ၊ ဝမ်ဟိုင်းလိုနေရာမျိုးမှာ မဖြစ်ဘဲ၊ သူတို့မရှိမယ့်နေရာ၊ သတ်မှတ်မထားတဲ့နေရာမှာ ဖြစ်တာကို သိသာထင်ရှားလှ ပါတယ်။

၈။ အပစ်ရပ်အဖွဲ့တွေနဲ့ အပစ်ရပ်စဉ်က နေရာသတ်မှတ်ချက် မဆွေးနွေးခဲ့လို့ တိုက်ပွဲ ဖြစ်ရတာ မဟုတ်ပါ။ အပစ်ရပ်စဉ်မှာ သတ်မှတ်ထားတဲ့နေရာကို သဘောတူပြီးလည်း ဖြစ်ပါတယ်။ အပစ်အခတ်ရပ်စဲရေး လက်မှတ်မရေးထိုးရသေးတဲ့ KIA အဖွဲ့သာ နယ်မြေ သတ်မှတ်ချက် မဆွေးနွေးတာ ဖြစ်ပါတယ်။ အစိုးရသစ် လက်ထက်မှာ တိုက်ပွဲဖြစ်ပွားမှုကို ကြည့်ရင် ကချင်နဲ့ ရှမ်းလို မြန်မာနိုင်ငံအထက်ပိုင်းက အဖွဲ့တွေနဲ့ပဲ ပြန်ဖြစ်နေပြီး ကေအင်န်ယူအပါအဝင် တောင်ပိုင်းဒေသတွေမှာ မဖြစ်တာ၊ တပ်မတော်က ရင်းနှီးတဲ့ ဆက်ဆံမှုတွေ ရှိတာဟာ ခွဲခြားဆက်ဆံတာမျိုးလည်း မဟုတ်ပါ။ တောင်ပိုင်းကို နည်းလည် မှုရအောင် ယူပြီး အထက်ဘက်ကို ဖိတိုက်၊ ထိုးစစ်ဆင်တယ်ဆိုတဲ့ နည်းဗျူဟာမျိုးလည်း မဟုတ်ပါ။ တပ်မတော်ဟာ လွတ်လပ်ရေးရပြီးစအချိန်ကလို ရှိတဲ့ တပ်ရင်း (၄/၅) ရင်းနဲ့ တိုက်နေရတဲ့ခေတ်မဟုတ်တော့ပါ။ ခြေလျင်၊ အကူလက်ရုံးတပ်ဖွဲ့၊ ဝန်ထမ်းတပ်ဖွဲ့တွေ အပြင် တပ်မတော်(လေ)၊ တပ်မတော်(ရေ) နဲ့ ခေတ်မီတဲ့ အင်အားရှိတဲ့ စွမ်းရည်ရှိတဲ့ မျိုးချစ်တပ်မတော်၊ အရှေ့တောင်အာရှနိုင်ငံတွေက လေးစားရတဲ့ တပ်မတော်၊ Modernized Army၊ Standard Army၊ Mechanized Army အဖြစ်ကို တည်ဆောက်နေတဲ့ တပ်မတော်ဖြစ်ပါတယ်။

၉။ တစ်နိုင်ငံလုံးကို အကာအကွယ်ပေးနိုင်သလို ဘယ်ရန်သူကိုမဆိုလည်း ချေမှုန်းနိုင် ပါတယ်။ အင်အားရှိလို့ လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့အစည်းတွေ အပေါ်မှာ အနိုင်ကျင့် ပြီး တိုက်နေတာမျိုးလည်း မဟုတ်ပါ။ KNU နဲ့ ဘာကြောင့်မဖြစ်လဲ၊ KNU က ကတိတည်ပြီး စည်းကမ်းနဲ့အညီ နေထိုင်လို့ ဖြစ်ပါတယ်။ ကရင်ပြည်နယ်မှာ တိုက်ပွဲတွေ မဖြစ်လို့ တပ်တွေမထားတာ၊ မရှိတာလည်း မဟုတ်ပါ။ ယခင်အတိုင်း သတ်မှတ်တဲ့ နေရာမှာ တပ်မတပ်တွေ၊ တိုင်းတပ်တွေ၊ နယ်မြေထိန်း၊ နယ်မြေလှုပ်ရှားတပ်တွေဟာ အရင်အတိုင်း ပါပဲ။ အောက်ပိုင်းမှာ တိုက်ပွဲတွေမရှိလို့ ထုတ်ပြီးအပေါ်ပိုင်းကို ပို့တာလည်း မဟုတ်ပါ။ အပေါ်ပိုင်းမှာရှိတဲ့တပ်တွေက သူ့တာဝန်နဲ့ သူထမ်းဆောင်ရင်း သူ့လုံခြုံရေး တာဝန်ယူရင်း စည်းကမ်း မလိုက်နာတဲ့ ကတိမတည်တဲ့ လက်နက်ကိုင်အဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ရတာပါ။ ဒေသခံ ပြည်သူလူထုအတွက် အကာအကွယ်ပြုရင်း ဖြစ်ရတာပါ။ လက်နက်ကိုင်ပြီး ဆက်ကြေးကောက်တာ၊ အတင်းအဓမ္မလူသစ်စုတာ၊ လူသစ် ခေါ်တာတွေကို ဒေသခံ ပြည်သူလူထုက လက်မခံသလို တပ်မတော်ကလည်း လက်မခံပါ။ လက်နက်အားကိုးနဲ့ ပြည်သူလူထုအပေါ် အနိုင်ကျင့်တာ၊ နှိပ်စက်တာကတော့ ပြည်သူကို အလုပ်အကျွေး ပြုရတဲ့ ကာကွယ်စောင့်ရှောက်ရတဲ့ တပ်မတော်အနေနဲ့ လက်ပိုက်ကြည့်နေလို့ မရပါ။ မျက်နှာလွှဲနေလို့ မဖြစ်ပါ။ ငြိမ်းချမ်းရေးရအောင်ဆိုပြီး မြွေမသေ၊ တုတ်မကျိုးနဲ့ အလိုက် သင့်ပြီးပြီးရော နေလို့မရပါ။ အခုရှုပ်မှနောင်ရှင်း၊ ရှင်းလင်းရင်းနဲ့ တိုက်ပွဲဖြစ်ရတာ ဖြစ်ပါ တယ်။ ငြိမ်းချမ်းရေးရယူပြီး လက်မှတ်ရေးထိုးပြီး ကတိမတည်ရင်တော့ တိုက်ပွဲထပ်ဖြစ် ဦးမှာ ဖြစ်ပါတယ်။ တပ်မတော်က ကတိမတည်တာ မဟုတ်ပါ။ လက်နက်ကိုင်အဖွဲ့တချို့က ကတိမတည်တာ၊ စည်းမစောင့်တာ ဖြစ်ပါတယ်။ ဒါကို တာဝန်ရှိသူတစ်ဦး အနေနဲ့ ဘယ်လိုမှတ်ချက်ပြုရမလဲ။ ကတိတည်ပါလို့ပဲ ပြောချင်ပါတယ်။

၁၀။ နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးစာချုပ် မူကြမ်းရေးဆွဲရာမှာ ပြည်ထောင်စု တပ်မတော်ကိစ္စကို အကြိတ်အနယ် ဆွေးနွေးမယ်ဆိုတာ ဘာကို ဆွေးနွေးမှာလဲ၊ လက်ရှိ တပ်မတော်ဟာ ပြည်ထောင်စု တပ်မတော် ဖြစ်ပါတယ်။ လက်ရှိ တပ်မတော်ကို ဖျက်ပြီး တိုင်းရင်းသားအသီးသီးက အင်အားတွေ ပေါင်းထည့်ပြီး ပြည်ထောင်စုတပ်မတော် ဖြစ်ချင် လို့မရပါ။ ကမ္ဘာမှာ ဘယ်တပ်မတော်မဆို စစ်မှုထမ်း စည်းမျဉ်းဆိုတာ ရှိပါတယ်။ စစ်မှုထမ်း စည်းမျဉ်း၊ စည်းကမ်းနဲ့အညီ မတည်ဆောက်၍ မရပါ။ ဖြစ်ချင်တာကို ဦးစားပေးမလား။ ဖြစ်သင့်တာကို လက်ခံမလား၊ လက်ရှိအစိုးရဟာ အစိုးရပါပဲ။ လက်ရှိအစိုးရကိုကျော်ပြီး အစိုးရလုပ်ချင်၍ မရသလို လက်ရှိတပ်မတော်ကို ကျော်ပြီး တပ်မတော် တည်ဆောက်ချင် ၍တော့ မရပါ။ ဥပဒေနဲ့အညီ၊ စည်းမျဉ်း၊ စည်းကမ်နဲ့အညီပဲ ပြောနိုင်၊ လက်ခံနိုင်မှာပဲ ဖြစ်ပါတယ်။

၁၁။ မေလဆွေးနွေးပွဲ အခြေအနေဘယ်လို ရှိနိုင်မလဲဆိုတာတော့ ကြိုတင် ခန့်မှန်း ပြောဆိုရခက်ပါတယ်။ ဖြစ်နိုင်တာကတော့ ပြီးခဲ့တဲ့ မတ်လဆွေးနွေးပွဲက သဘောတူ ထားတဲ့ Single Text မူကြမ်းကို ဆက်ပြီး ဆွေးနွေးညှိနှိုင်းရမှာ ဖြစ်ပါတယ်။ မတ်လ ဆွေးနွေးပွဲမှာ ရခဲ့တဲ့ သဘောတူညီချက်တွေအပြင် နိုင်ငံတော်ဘက်က အဆိုပြုတဲ့ အချက်တွေ တိုင်းရင်းသားတွေဘက်က အဆိုပြုတဲ့အချက်တွေ ဒါတွေကို အကျေအလည် ဆွေးနွေးပြီး နှစ်ဖက်သဘောတူညီမှုတွေရအောင် ညှိနှိုင်းရမှာ ဖြစ်ပါတယ်။ အခန်း (၇) ခန်းစလုံး နှစ်ဘက်သဘောတူညီပြီ ဆိုလျှင်တော့ လက်မှတ်ရေးထိုးကြရမှာ ဖြစ်ပြီး မေလ ဆွေးနွေးတဲ့အခါ သဘောတူညီမှု အကုန်မရသေးရင် အကုန်လုံး သဘောတူညီမှုရသည် အထိ ဆွေးနွေးရဦးမှာပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ မျှော်မှန်းထားတဲ့အတိုင်း သြဂုတ်လ ၁ ရက်မတိုင်မီတော့ သဘောတူညီမှုရမယ် ထင်ပါတယ်။ အရေးအကြီးဆုံးကတော့ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာ အာဏာတည်တံ့ခိုင်မြဲရေးဆိုတဲ့ တိုင်းရင်းသားပြည်သူလူထု တစ်ရပ်လုံး လက်ခံ ယုံကြည် လိုက်နာ ထိန်းသိမ်းစောင့်ရှောက်ရတဲ့ ဒို့တာဝန်အရေးသုံးပါးအပေါ်မှာ အခြေခံပြီး ဆွေးနွေးကြရမှာ ဖြစ်ပါတယ်။

၁၂။ ဒီနေရာမှာ တစ်ဆက်တည်းပြောလိုတာက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့မူဝါဒခြောက်ရပ်ဖြစ်တဲ့-

(က) ထာဝရငြိမ်းချမ်းရေးရယူရန်၊ အမှန်တကယ်ဆန္ဒရှိရန်၊

(ခ) သဘောတူစာချုပ်အတိုင်း ကတိတည်ရန်၊

(ဂ) ငြိမ်းချမ်းရေးသဘောတူညီချက်အပေါ် အမြတ်မထုတ်ရန်၊

(ဃ) ဒေသခံပြည်သူများအပေါ် ဝန်ထုပ်ဝန်ပိုးမဖြစ်ရန်၊

(င) နိုင်ငံတော်မှ ထုတ်ပြန်ထားတဲ့ တည်ဆဲဥပဒေများကို တိတိကျကျလိုက်နာရန်၊

(စ) ဒို့တာဝန်အရေးသုံးပါးနှင့် ဒီမိုကရေစီအနှစ်သာရကို လက်ခံပြီး ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဖြင့် ဒီမိုကရေစီလျှောက်လှမ်းမှုတွင် လိုက်ပါ ဆောင်ရွက်ရန်။

၁၃။ ဒီအချက်ခြောက်ချက်ဟာ မူကြမ်းရေးဆွဲရာမှာ ပါဖို့၊ မပါဖို့ထက် လိုက်နာဆောင်ရွက် ဖို့ အရေးကြီးပါတယ်။ ဒါမှလည်း ထာဝရငြိမ်းချမ်းရေးရမှာ ဖြစ်ပါတယ်။ အထက်ပါ အချက်တွေကို လိုက်နာတဲ့အဖွဲ့တွေ အနေနဲ့ ၎င်းတို့အကျိုးစီးပွား ဆုတ်ယုတ်မသွားသလို လက်မခံနိုင်စရာမရှိတဲ့ အချက်တွေ ဖြစ်ပါတယ်။ ဒီအချက်တွေကလည်း သူတို့ကို အကျပ်ကိုင်တာ မဟုတ်သလို တပ်မတော်က လက်တွေ့ကိုယ်တိုင် လိုက်နာ ဆောင်ရွက် နေတဲ့ အချက်တွေ ဖြစ်ပါတယ်။ စိတ်သဘောထား မှန်ကန်ပြီး တည်ကြည် ဖြောင့်မတ် တဲ့ KNU လို အဖွဲ့မျိုးဆိုရင်တော့ အားလုံးလက်ခံဆောင်ရွက်နေတဲ့ အချက်တွေ ဖြစ်ပါတယ်။ စောဒက တက်စရာမရှိတဲ့ အချက်တွေ ဖြစ်ပါတယ်။

၁၄။ အပစ်ရပ်ရေး၊ ငြိမ်းချမ်းရေးအတွက် လက်မှတ်ရေးထိုးရာမှာ နိုင်ငံတကာ အစိုးရက ပါဝင်ရလောက်အောင် တိုင်းရင်းသားတွေဘက် တောင်းဆိုနေတယ်ဆိုတာ KIA တစ်ဖွဲ့ တည်းကိုကြည့်ပြီး ပြောတာလား။ ကျန်တဲ့ အဖွဲ့အစည်းတွေကိုရော ထည့်မစဉ်းစား တော့ဘူးလား။ အရေးကြီးဆုံးက သဘောတူညီမှုပါ။ ကိုယ့်ပြည်တွင်းရေးကိစ္စကို ကိုယ့် ဘာသာ ဖြေရှင်းတာ အကောင်းဆုံးဖြစ်ပါတယ်။ ဒါကြောင့်ဘယ်သူတွေ ဘယ်လို စိုးရိမ် တယ် ဆိုတာထက် လက်မှတ်ရေးထိုးချင်သလား။ မထိုးချင်ဘူးလားက ပိုအရေးကြီး ပါတယ်။ နိုင်ငံတော်တစ်ခုလုံးရဲ့ နိုင်ငံသားအားလုံး တိုင်းရင်းသားအားလုံးရဲ့ အကျိုးစီးပွား နဲ့ယှဉ်ပြီး စဉ်းစားဆုံးဖြတ်ရမှာပဲ ဖြစ်ပါတယ်။ တပ်မတော်ဟာ အမျိုးသားရေးတာဝန်ကို ဘယ်တော့မှ သစ္စာမဖောက် ဆိုသလိုပါပဲ၊ အမျိုးသားရေး ပြည်ထောင်စုသား အားလုံးရဲ့ အရေး၊ တိုင်းရင်းသား အားလုံးရဲ့ အရေးဟာ ဒို့တာဝန်အရေးသုံးပါးပါပဲ။ ကိုယ့်အရေးကို သူများအားကိုးလို့ မရသလို ကိုယ့်ဘာသာယုံကြည်မှုရှိရှိနဲ့ ဖြေရှင်းရမှာပဲ ဖြစ်ပါတယ်။ ယုံကြည်မှုရှိရင် စိုးရိမ်ပူပန်မှုလည်း ပျောက်သွားမှာပါ။

၁၅။ တိုင်းရင်းသားတွေက နိုင်ငံရေးအရ အာမခံချက်ရှိမှာ အပစ်ရပ်ရေး လက်မှတ်ရေးထိုး လိုကြတယ်ဆိုတာ လက်တွေ့ကျ၊ မကျဆိုတာထက် ဖြစ်သင့်တဲ့ အခြေအနေတစ်ရပ်ဖြစ်လို့ လက်ခံပါတယ်။ နိုင်ငံရေးအာမခံချက် ရှိ၊ မရှိဆိုတာလည်း နိုင်ငံရေးအရ ဆွေးနွေးဖို့ Political Dialogue သွားဖို့၊ Frame work တည်ဆောက်ဖို့ လက်ခံထားပြီးလည်း ဖြစ်ပါတယ်။ အပစ်အခတ် ရပ်စဲရေးပြီးတာနဲ့ ဆက်သွားမယ့် လမ်းကြောင်းနဲ့ Time Frame ကို ချပြီးလည်း ဖြစ်ပါတယ်။ လက်ခံဆောင်ရွက်မယ့် အဖွဲ့အစည်းတွေဟာ အများစုဖြစ်ပြီး ကျန်တဲ့ KIA နဲ့ TNLA ကလည်း ဒါကို လက်ခံမယ်ဆိုရင် ပြည်တွင်း ငြိမ်းချမ်းရေးအတွက် လက်မှတ်မရေးထိုးနိုင်စရာ မရှိပါ။ နိုင်ငံတော်အနေဖြင့်လည်း အတင်း အကျပ် လက်မှတ်ရေးထိုးဖို့လည်း ခိုင်းစရာ အကြောင်းမရှိပါ။ ဖြစ်နေတဲ့ ပကတိ အခြေအနေ ပေါ်မှာ မှန်ကန်စွာ ရှုမြင်သုံးသပ်ပြီး နားလည်မှု ပေးဖို့ပဲ လိုပါတယ်။

၁၆။ တစ်ဖက်မှာလည်း တိုက်ပွဲတွေကြောင့် အပစ်အခတ်ရပ်စဲရေးစာချုပ် မချုပ်ဆိုနိုင်မှာ ပူပန်နေတယ်။ သူတို့ ပူပန်နေသလို ပျက်သွားနိုင်လားဆိုတာ ခွဲခြားပြီး ပြောဆိုလိုပါတယ်။ ယခု ဖြစ်နေတဲ့ အခြေအနေကို ကြည့်ပါ၊ အဓိက ဘယ်သူနဲ့ ဖြစ်နေတာလဲ၊ ဘယ်သူတွေက မလိုက်နာတာလဲ၊ ဘယ်သူတွေက လက်မှတ်မထိုးချင်တာလဲ၊ ဘယ်သူတွေက စိတ်ပူ နေတာလဲ၊ ဘက်နှစ်ဘက်ရှိပါတယ်။ တစ်ဘက်တည်းမဟုတ်တာတော့ နားလည်ဖို့ လိုပါတယ်။ တပ်မတော်ကတော့ အမှန်တရားပေါ် ရပ်တည်ပါတယ်။ သစ္စာ တရားနဲ့ အလုပ်လုပ်ပါတယ်။ ပြောတဲ့အတိုင်းလုပ်သလို လုပ်တဲ့အတိုင်းလည်း ပြောပါတယ်။ ငြိမ်းချမ်းရေးအတွက် တပ်မတော်က တံခါးဖွင့်ထားသလို လက်ကမ်းပြီး ကြိုနေပါတယ်။ မလာချင်တဲ့သူက ဘယ်သူလဲ။ ရွှေလက်နဲ့ ခေါ်ပေမယ့် ကမ်းသောလက်ကိုမကြိုဘဲ လက်တွဲ ဖြုတ်ချင်ရင်တော့ ဘယ်သူ့ အပြစ်လဲ။ တွဲချင်တဲ့သူကို လက်တွဲခေါ်ပြီး လက်မတွဲ ချင်တဲ့သူကိုတော့ ထားခဲ့ရမှာပါပဲ။

၁၇။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ သမ္မတတို့ရဲ့ နိုင်ငံရေးအရ ရပ်တည်မှုတွေက နီးစပ်တယ်ဆိုတာထက် တစ်ထပ်တည်း ကျတယ်ဆိုရင် ပိုမှန်ပါတယ်။ နိုင်ငံတော် သမ္မတ ဆိုတာ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ နိုင်ငံသားအားလုံး၏ အထွတ်အထိပ် နေရာ ရရှိသည် လို့ ဆိုထားပါတယ်။ နိုင်ငံတော်အကြီးအကဲနှင့် နိုင်ငံတော်အုပ်ချုပ်ရေး အကြီးအကဲသည် နိုင်ငံတော်သမ္မတ ဖြစ်ပါတယ်။ ဒါကြောင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် နိုင်ငံရေးအရ ရပ်တည်မှုဟာ နိုင်ငံတော်သမ္မတရဲ့ သဘောအတိုင်း ဖြစ်ပါတယ်။ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရဲ့ နိုင်ငံရေးရပ်တည်ချက် သဘောထားတွေကို (၆၉) နှစ်မြောက် တပ်မတော်နေ့ မိန့်ခွန်းမှာ ကြည့်ရင် သိနိုင်ပါတယ်။ ၂၀၁၅ အလွန် တပ်မတော်ရဲ့ နိုင်ငံရေးဦးတည်ချက် ကလည်း ပြောင်းလဲစရာ မရှိပါဘူး။

၁၈။ ယခုရှင်းလင်း တင်ပြတာတွေဟာ အမှန်တရားတွေပဲ ဖြစ်ပါတယ်။ တပ်မတော်ဟာ နိုင်ငံတော်အတွက် တစ်ခုတည်းသော ပြည်ထောင်စုတပ်မတော်ဖြစ်လို့ တိုင်းရင်းသား အဖွဲ့အစည်းတွေ အပေါ်မှာ တစ်ပြေးညီ၊ တစ်သဘောတည်း ဆက်ဆံပါတယ်။ ဒို့တာဝန် အရေးသုံးပါးဟာ တပ်မတော်ရဲ့ တာဝန်၊ တပ်မတော်ရဲ့ နိုင်ငံရေးလမ်းစဉ်လည်း ဖြစ်ပါ တယ်။ စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးပြီး ပြည်ထောင်စုစနစ်ဖြင့် ဖွဲ့စည်းတည်ဆောက်ထားတဲ့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် မှာ တိုင်းရင်းသား လူမျိုးပေါင်းစုံကို ကာကွယ်စောင့်ရှောက်ပါတယ်။ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရန် အဓိက တာဝန်ရှိတဲ့ တပ်မတော် အနေဖြင့် နိုင်ငံတော်အကျိုး၊ နိုင်ငံသူနိုင်ငံသား အားလုံးရဲ့ အကျိုးစီးပွားကို အမြဲ ဦးထိပ်ပန်ဆင်ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ တက်ကြွစွာ ပါဝင်ဆောင်ရွက်နေပါတယ်ဆိုတာ ခြွင်းချက် မရှိ အပြည့်အဝ လက်ခံယုံကြည်ပါလို့ ပြောကြားလိုပါတယ်။

ချစ်ကြည်စွာဖြင့်

မောင်မွှေး

မေလ ၅ ရက်ထုတ် ဒီမိုကရေစီတူဒေး သတင်းစာ အတွဲ(၁) အမှတ်(၅၇) မှ ကူးယူ ဖော်ပြသည်

မြန်မာ့နိုင်ငံရေးဆောင်းပါးများ
ပြီးခဲ့တဲ့ ဧပြီလအတွင်းက တပ်မတော်နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် ကေအိုင်အေ တို့အကြား တိုက် ပွဲတွေ ပြန်လည်ဖြစ်ပွားခဲ့မှု၊ ရှမ်းပြည်နယ်မြောက်ပိုင်းဒေသအတွင်း တိုက်ပွဲများခပ်စိပ်စပ်ဖြစ်ပေါ်လာ မှုတွေကြောင့် အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေအကြား တည်ဆောက်နေတဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ် အပေါ် စိုးရိမ်ပူပန်မှုတွေ ပေါ်ပေါက်ခဲ့ရပါတယ်။ တိုက်ပွဲတွေ ဘာကြောင့် ပြန်လည်ဖြစ်ပွားခဲ့တယ်။ ပြည် တွင်းငြိမ်းချမ်းရေး၊ တိုင်းရင်းသားအရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်လို့ တပ်မတော် ရဲ့ သဘောထားရပ်တည်ချက် ၂၀၁၅ အလွန်မြန်မာ့နိုင်ငံရေးမှာ တပ်မတော်ရဲ့ အနေ အထား တွေ နဲ့ ပတ် သက် လို့ ဒီမိုကရေစီတူဒေးက ကာကွယ်ရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးတစ်ဦးကို ဧပြီလ နောက် ဆုံးပတ်က ဆက်သွယ်မေးမြန်းခဲ့ရာမှာ မေလတွင် အောက်ပါ အတိုင်း ပြန် လည် ဖြေကြားခဲ့ပါတယ်။

အမေရိကန်-တရုတ်-KIA နှင့် မြန်မာပြည်ငြိမ်းချမ်းရေးခရီးရှည်

မြန်မာနိုင်ငံအတွင်းမှာ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မတီနဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေ ငြိမ်းချမ်းရေးဆွေးနွေးပွဲ လုပ်ဆောင်နေကြတာ မကြာခင်မှာ အောင်မြင်တော့မယ်ဆိုတဲ့ သတင်းတွေ ထွက်လာပြီးမကြာမီမှာပဲ KIA ခေါင်းဆောင် ဗိုလ်ချုပ်ဂွမ်မော်ဟာ အမေရိကန်ပြည်ထောင်စုကို သွားရောက်လည်ပတ်ခဲ့ပါတယ်။ ယခင်က အားလုံးနားလည်ထားခဲ့ကြတာ KIA အနေနဲ့ နှစ်ပေါင်းများစွာ ရပ်တည်နေနိုင်ခြင်းဟာ တရုတ်နိုင်ငံရဲ့အထောက်အပံ့ ကူညီမှုတွေနဲ့ ဖြစ်တယ်ဆိုတာပါ။ အခုလို မထင်မှတ်ဘဲ တရုတ်နိုင်ငံရဲ့ သဘောတူညီချက်မရှိဘဲ အမေရိကန်နိုင်ငံကို ဗိုလ်ချုပ်ဂွမ်မော် သွားရောက်ခဲ့ခြင်းဟာ အားလုံးကို အံသြတသင့်ဖြစ်စေခဲ့ပါတယ်။

 

ခရီးသည်များက အငှားယာဉ်မောင်းထံမှ ငွေနှင့်ဖုန်းကို လုယက်မှုဖြစ်

၃.၅.၂၀၁၄ ရက်နေ့ ၂၂၀၀ အချိန် ကမာရွတ်မြို့နယ်နေ အငှားယာဉ်မောင်းဖြစ်သူ ဦးခိုင်ဇော်ဦးမှ ၎င်းသည် ၇က/--- ကိုရိုလာ အစိမ်းရောင်အငှားယာဉ်အား ဒဂုံမြို့နယ်၊ ပြည်လမ်းအတိုင်းမောင်းနှင်လာရာ စိန်ဂေဟာရှေ့ အရောက်တွင် အသက် (၂၅)နှစ် ခန့်ရှိ လူငယ်တစ်ဦးအပါအ၀င် အမျိုးသား(၃)ဦး၊ အမျိုးသမီး(၂)ဦးတို့မှ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၇/၈)လမ်းဆုံသို့ ငွေကျပ် (၆၀၀၀)ဖြင့် ငှားရမ်းခဲ့သဖြင့် လိုက်ပါပို့ဆောင်ခဲ့ကြောင်း၊ ထိုသို့ပို့ဆောင်ခဲ့ရာ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ပင်လုံလမ်းအတိုင်း ယာဉ်အားမောင်းနှင်လာစဉ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးလမ်းဆုံ မီးပွိုင့်အရောက် (၇/၈)လမ်းဆုံဘက်သို့မချိုးကွေ့စေဘဲ မီးပွိုင့် အား ဖြတ်သန်းမောင်းနှင်စေခဲ့ပြီး မီးပွိုင့်အလွန်အရောက် ယာဉ်ကိုရပ်တန့်ခိုင်းခဲ့ကြောင်း၊ ယာဉ်အားရပ်ပေးစဉ် အမျိုးသမီး(၂)ဦး မှာဆင်းသွားခဲ့ပြီး ယာဉ်ပေါ်တွင်ကျန်ရှိ သည့် အမျိုးသား(၃)ဦးအနက်(၂)ဦးမှ ၎င်းအား ချုပ်နှောင်ကာ ကျန်(၁)ဦးမှဘောင်းဘီ အိတ်ကပ်အတွင်းရှိငွေကျပ် (၂၃၇၀၀၀)နှင့် SIM ကတ်ပါ HUAWEI G-730 အမျိုးအစား လက်ကိုင်ဖုန်း(၁)လုံးတို့အားလုယူ ထွက်ပြေးသွားခဲ့ကြောင်းနှင့် ထိုသို့ကျူးလွန်ခဲ့ကြသူ အမျိုးသား(၃)ဦးအား အရေးယူပေးရန်တိုင်တန်းလာခဲ့ကြောင်း သိရှိရပါသည်။
တိုင်တန်းချက်အရ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့မရဲစခန်း (ပ)၂၃၄/၂၀၁၄၊ပြစ်မှုပုဒ်မ ၃၈၂ဖြင့် အမှုဖွင့်ကာ ပြစ်မှုကျူးလွန်သူ အမျိုးသား (၃)ဦးကို ဖမ်းဆီးရမိရေး စုံစမ်းဖေါ်ထုတ်လျှက်ရှိကြောင်း သတင်းရရှိပါသည်။
Yangon Police

ဘင်္ဂလားဒေ့ရှ်မှ ခိုးဝင်လာသော လူတစ်စုက အနုကြမ်းစီး၍ ရွာသူကြီးမိသားစု သုံးဦးသေ၊ ရွာသားကိုးဦးဒဏ်ရာရ

ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် မှ ခိုးဝင်လာသော လက်နက်ကိုင်လူတစ်စုက မောင်တောမြို့နယ်ရှိ သင်္ဘောကွေ့ ဘင်္ဂါလီရွာကို ၀င်ရောက် အနုကြမ်းစီးခဲ့ပြီး ရွာသူကြီးမိသားစုကိုသတ်ဖြတ်ကာ ရွာသားကိုးဦးမှာလည်း ဒဏ်ရာပြင်းထန်စွာရခဲ့ကြောင်း အမှတ်(၁) နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ သ တင်းရရှိသည်။မေလ ၃ ရက် နံနက် ၂ နာ ရီခန့်က မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်စပ်ရှိ နတ်မြစ်ကို အင်အား ၃၀ ခန့်ရှိ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားများ စက်လှေဖြင့် ခိုးဝင် လာခဲ့ပြီး ရွာသူကြီးနှင့် မိသားစု ၀င်နှစ်ဦးကို ဓားဖြင့် ခုတ်သတ် သွားခဲ့ကြောင်း၊ အမည်မဖော်လိုသည့် အမှတ် (၁) နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောသည်။ ပြန်လည်ခုခံသည့် ရွာသားကိုးဦးကိုလည်း ဓား၊ လှံတို့ဖြင့် ခုတ်ခဲ့ကြောင်းဆိုသည်။‘‘ဓားပြတိုက်တာလို့လည်း ကြားတယ်။ ရန်ငြိုးရန်စကြောင့် လာသတ် တာလို့လည်း ကြားနေရတယ်။ လုံခြုံရေးရဲတပ်ဖွဲ့ဝင်တွေရောက်သွားတော့ တစ်ယောက်မှ မရှိတော့ဘူး။ ဘင်္ဂလားဒေ့ရှ်ဘက် စက်လှေနဲ့ ပြန်ထွက်ပြေးသွားတယ်လို့ သိရတယ်။ ဖြစ်စဉ်ကိုစုံစမ်းနေတုန်းပဲရှိသေးတယ် ’’ဟု အဆိုပါ ရဲအရာရှိကပြောသည်။ အဆိုပါရွာမှာ နတ်မြစ်သာခြားလျက်ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့်ထိစပ်နေပြီး ညအချိန် ခိုးဝင်၍ လုယက်မှုများ ရံဖန်ရံခါ ဖြစ်လေ့ရှိကြောင်း သတင်းရရှိသည်။ စက်လှေဖြင့် လာပါက နာရီဝက်ခန့်သာကြာပြီး ယခုဖြစ်စဉ်မှာမူ အလွန်ဆိုးရွားကြောင်း လုံခြုံရေးစောင့်ကြပ်နေ သည့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။လူသုံးဦး အသတ်ခံရကာ ကိုးဦးဒဏ်ရာရခဲ့သည့်ဖြစ်စဉ်ကိုပြည်ထဲရေးဒုတိယ ၀န်ကြီး ဗိုလ်မှူးချုပ်ကျော်ကျော်ထွန်းကိုယ်တိုင် မေ ၃ ရက် နေ့လယ်က သွားရောက်စစ်ဆေးခဲ့ပြီး နယ်မြေခံစစ်တပ်နှင့် နယ် ခြားစောင့် တပ် အင်အားပါ တိုးမြှင့်ထားကြောင်း သတင်းရရှိသည်။မေလအတွင်း ပြုလုပ်မည်ဖြစ်သည့် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်စပ်ရေးရာဆွေးနွေးပွဲတွင် သင်္ဘောကွေ့ရွာဖြစ်စဉ်၌ပြစ် မှုကျူးလွန်သူများကို ဖမ်းဆီးအ ရေးယူပေးရန် မြန်မာအစိုးရတာ ၀န်ရှိသူ များက ဘင်္ဂလားဒေ့ရှ်အ စိုးရထံ တောင်းဆိုသွားမည်ဖြစ် ကြောင်းလည်း သတင်းရရှိသည်။
7Day News Journal

လသာမှတ်တိုင်တွင် ခရီးသည်တင်ယာဉ် ဘရိတ်ပေါက်ပြီး ယာဉ်သုံးစီးကို ဆင့်တိုက်၊ ကားစောင့်နေသူ အမျိုးသမီး သေဆုံး

လသာမြို့နယ်၊ အနော်ရထာလမ်းနှင့် ၂၄ လမ်းထိပ်ရှိ လသာမှတ်တိုင်တွင် မေလ ၃ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်က ဆူးလေဘက်မှ လမ်းမတော်ဘက်သို့ မောင်းနှင်လာသော မထသ ၆၂ ခရီးသည်တင်ယာဉ် ဘရိတ်ပေါက်ကာ အရှိန်မထိန်းနိုင်ဘဲ ယာဉ်သုံးစီးကို ဆင့်တိုက်မိပြီး လမ်းဘေးတွင် ကားစောင့်နေသူ အသက် ၅၁ နှစ်အရွယ် အမျိုးသမီး သေဆုံးခဲ့ကြောင်း လသာမြို့မ ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ အမှတ် (၂၂) ရပ်ကွက်တွင် နေထိုင်သူ အသက် ၃၀ အရွယ် ဦးစိုးထိုက်ဦး (ခ) မောင်ဝင်း မောင်းနှင်လာသော ဖူဆိုအမျိုးအစား မထသ (၆၂) ခရီးသည်တင် ယာဉ်မှာ လသာမှတ်တိုင် အနီးတွင် ဘရိတ်ပေါက်ကာ ယာဉ်ရှေ့၌ ခရီးသည် အတင်အချ ပြုနေသော (၁၅၇) ခရီးသည်တင်ယာဉ်နှင့် လမ်းဘေးတွင် ရပ်ထားသည့် ပရိုဘောက် ယာဉ်နှစ်စီးကို ဝင်တိုက်မိခဲ့ကြောင်း၊ ယင်းနောက် ကြည့်မြင်တိုင် မြို့နယ်သို့ ပြန်ရန် ဘတ်စ်ကား စောင့်နေသူ ဒေါ်ခင်သန်းကို ယာဉ်၏ ရှေ့ဘီးဖြင့် ကြိတ်မိခဲ့ကြောင်း ၎င်းက ဆက်လက် ရှင်းပြသည်။
“မှတ်တိုင်ကို အရှိန်နဲ့ ဝင်လာချိန် ဘရိတ်ပေါက်ပြီး ရှေ့က ကားသုံးစီးကို ပွတ်တိုက်မိလို့ စီတီယာရင်တိုင်ကို လမ်းဘေးဆွဲချတာ ကားစောင့်နေတဲ့ အမျိုးသမီးကို ရှေ့ဘက်မှန်နဲ့ ဖြတ်တိုက်မိသွားတယ်။ အမျိုးသမီး လဲကျသွားချိန် ခြေထောက်ကို ဘီးနဲ့ ကြိတ်မိသွားတာကြောင့် ဆေးရုံ အမြန်ပို့ပေမယ့် အသက်မမီလိုက်ဘူး” ဟု ယာဉ်တိုက်မှုကို သွားရောက် စစ်ဆေးခဲ့သော လသာမြို့နယ် ယာဉ်ထိန်းတပ်ဖွဲ့မှ အရာရှိတစ်ဦးက ရှင်းပြသည်။

ကွန်ပျူတာနှင့် နည်းပညာ တက္ကသိုလ် ၁၀ ခု နီးပါး လာမည့် ပညာသင်နှစ်တွင် ပေါင်းစည်း ဖွင့်လှစ်မည်

တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့မှ ကျောင်းသားဦးရေ နည်းပါးသော ကွန်ပျူတာ တက္ကသိုလ်နှင့် နည်းပညာတက္ကသိုလ် ၁၀ ခု နီးပါးကို ၂၀၁၄-၂၀၁၅ ပညာသင်နှစ်တွင် ကျောင်းအဆောက်အအုံ ပေါင်းစည်း ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာန စက်မှုနှင့် သက်မွေးပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဇော်ဝင်းက The Voice သို့ ပြောကြားသည်။
သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာန လက်အောက်ရှိ ယင်းတက္ကသိုလ်များကို အဆောက်အအုံ ပေါင်းပြီး လစ်လပ်သွားသော နေရာများ တွင် အသက်မွေးဝမ်းကျောင်းပညာ သင်တန်းကျောင်းများ ဖွင့်လှစ်ရန် စီစဉ်နေကြောင်း သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာန စက်မှုနှင့် သက်မွေးပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဝင်းက The Voice သို့ ပြောကြားသည်။
Photo: ကွန်ပျူတာနှင့် နည်းပညာ တက္ကသိုလ် ၁၀ ခု နီးပါး လာမည့် ပညာသင်နှစ်တွင် ပေါင်းစည်း ဖွင့်လှစ်မည်
Monday, May 5, 2014

တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့မှ ကျောင်းသားဦးရေ နည်းပါးသော ကွန်ပျူတာ တက္ကသိုလ်နှင့် နည်းပညာတက္ကသိုလ် ၁၀ ခု နီးပါးကို ၂၀၁၄-၂၀၁၅ ပညာသင်နှစ်တွင် ကျောင်းအဆောက်အအုံ ပေါင်းစည်း ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာန စက်မှုနှင့် သက်မွေးပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဇော်ဝင်းက The Voice သို့ ပြောကြားသည်။

သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာန လက်အောက်ရှိ ယင်းတက္ကသိုလ်များကို အဆောက်အအုံ ပေါင်းပြီး လစ်လပ်သွားသော နေရာများတွင် အသက်မွေးဝမ်းကျောင်းပညာ သင်တန်းကျောင်းများ ဖွင့်လှစ်ရန် စီစဉ်နေကြောင်း သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာန စက်မှုနှင့် သက်မွေးပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဝင်းက The Voice သို့ ပြောကြားသည်။

သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာန လက်အောက် နည်းပညာတက္ကသိုလ် အချို့ကို အသက်မွေးဝမ်းကျောင်း သင်တန်းကျောင်းများ အဖြစ် ပြောင်းလဲဖွင့်လှစ်မည် ဖြစ်သောကြောင့် ယင်းကဲ့သို့ တက္ကသိုလ် ပေါင်း၍ ဖွင့်လှစ်ရန် စီစဉ်ခြင်းဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
“ကျောင်းတွေကို ဖျက်လိုက်မယ်လို့တော့ မဟုတ်ပါဘူး။ အဆောင်တစ်ခုမှာ တစ်ခြမ်းက ကွန်ပျူတာတက္ကသိုလ်၊ တစ်ခြမ်းက နည်းပညာတက္ကသိုလ် ထားမယ်ဆိုတဲ့ သဘောပါ” ဟု ၎င်းကဆိုသည်။

ထားဝယ်၊ ကျောက်ြဖူနှင့် သီလဝါတို့တွင် အကောင်အထည် ဖော်နေသော အထူးစီးပွားရေးဇုန်များ အတွင်း ဝင်ရောက်လာမည့် စက်ရုံအမျိုးအစားနှင့် လိုအပ်မည့် အလုပ်သမား အရေအတွက်ပေါ် မူတည်၍ အသက်မွေးဝမ်းကျောင်းပညာ ကျွမ်းကျင် အလုပ်သမားများ မွေးထုတ်ပေးခြင်း၊ ပြည်တွင်းပုဂ္ဂလိက လုပ်ငန်းရှင်များ တောင်းဆိုသော အသက်မွေးဝမ်းကျောင်း ပညာများကိုလည်း သင်ကြားပေးမည် ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။
“အလုပ်အကိုင် အဆင်သင့်ဖြစ်အောင်၊ ချိတ်ဆက်မိအောင်၊ ဘယ်လို စက်ရုံတွေ ဝင်လာမလဲ၊ အလုပ်သမား ဘယ်လောက် လိုအပ်မလဲ ဆိုတာကို Data ကောက်နေတယ်” ဟု ၎င်းကဆိုသည်။

အဆိုပါ တက္ကသိုလ် နေရာများတွင် နိုင်ငံတော်အတွက် လိုအပ်လျက်ရှိသော အသက်မွေးဝမ်းကျောင်းပညာ သင်တန်းကျောင်းများအဖြစ် ဖွင့်လှစ်ရန် စီစဉ်ထားပြီး ကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးရန် ရည်ရွယ်ထားကြောင်း၊ သင်တန်း အမျိုးအစားအလိုက် သုံးလမှ ခြောက်လအထိ ကြာမြင့်ဖွယ်ရှိကြောင်း ၎င်းကပြောဆိုသည်။

တက္ကသိုလ်များ ပူးပေါင်းလိုက်၍ လစ်လပ်လာမည့် ကျောင်း ၁၀ ကျောင်းနှင့် အသုံးမပြုသည့် အဆောက်အအုံဟောင်း အချို့ကို ပြင်ဆင်၍ အသက်မွေးဝမ်းကျောင်းပညာ သင်တန်းကျောင်းများ ဖွင့်လှစ်မည် ဖြစ်သည့် အတွက် သင်တန်းကျောင်းပေါင်း ၂၀ ကျော်အထိ အကောင်အထည်ဖော်ရန် ခန့်မှန်းထားကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“ပညာရှင်အဖွဲ့နဲ့ ဝန်ကြီးဌာန ထိပ်တိုက်တွေ့နေပြီ။ ပညာရှင်က ပိတ်ရမယ်။ ဝန်ကြီးဌာနကျတော့ ပြည်သူ့အသံ နားထောင်ပြီးမှ လုပ်မယ်ပြောတယ်” ဟု ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမတွင် အခြေစိုက်သော အသက်မွေးဝမ်းကျောင်း ပညာရေးဆိုင်ရာ လုပ်ငန်းအဖွဲ့ဝင် ဦးအောင်ဝင်းက The Voice သို့ ပြောဆိုသည်။

မြန်မာနိုင်ငံ၏ လုပ်သား လိုအပ်ချက်အရ အင်ဂျင်နီယာ ဘွဲ့ရများထက် ကျွမ်းကျင်ပညာရှင်များကိုသာ လိုအပ်လျက် ရှိကြောင်း၊ သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာနက ဖွင့်လှစ်ထားသော နည်းပညာတက္ကသိုလ် အချို့တွင် ဆရာအရေအတွက် ရှားပါးခြင်း သို့မဟုတ် ကျောင်းသားနည်းပါးခြင်းတို့ ဖြစ်ပေါ်နေသည့် အတွက် ယင်းတက္ကသိုလ်များကို ပိတ်သိမ်းသင့်ကြောင်း ၎င်းက အကြံပြုသည်။

ဆောက်လုပ်ရေး လုပ်ငန်းများ ဆက်တိုက် လုပ်ဆောင်နေရချိန်တွင် အင်ဂျင်နီယာဘွဲ့ရများ များပြားနေပြီး ကျွမ်းကျင်အလုပ်သမား ရှားပါးလျက် ရှိကြောင်း ထားဝယ်မြို့ အခြေစိုက် ဆောက်လုပ်ရေး အင်ဂျင်နီယာတစ်ဦးက ဆိုသည်။

သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာန လက်အောက်တွင် စက်မှုလက်မှု အထက်တန်းကျောင်း၊ ကောလိပ်နှင့် နည်းပညာတက္ကသိုလ် စုစုပေါင်း ၆၀ ကျော် ရှိကြောင်း ယင်းဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

တပ်မတော်အစိုးရ လက်ထက်တွင် နိုင်ငံအတွင်း နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာ တက္ကသိုလ်၊ ဝိဇ္ဇာသိပ္ပံ တက္ကသိုလ်နှင့် စက်မှုဇုန်များ အထူးဖွံ့ဖြိုးရေးဇုန် ၂၄ ခု ချမှတ်ပြီး တက္ကသိုလ် အများအပြား ဖွင့်လှစ်ခဲ့သည်။

ယခင်က စက်မှုအထက်တန်းကျောင်း၊ အစိုးရစက်မှုလက်မှု သိပ္ပံများနှင့် နည်းပညာတက္ကသိုလ် အနည်းငယ်သာ ရှိပြီး သက်ဆိုင်ရာ နယ်ပယ်အလိုက် ကျွမ်းကျင်လုပ်သားများစွာ မွေးထုတ်ပေးခဲ့သည်။

ယင်းနောက် အစိုးရနည်းပညာ ကောလိပ်များကို ၁၉၉၉ ခုနှစ် ဝန်းကျင်တွင် တိုင်းနှင့်ပြည်နယ်အနှံ့ ဖွင့်လှစ်ခဲ့ပြီး ယင်းကောလိပ်များကို တက္ကသိုလ်အဖြစ် ၂၀၀၇ ခုနှစ်တွင် အဆင့်တိုးမြှင့် သတ်မှတ်ခဲ့သည်။

ယင်းကြောင့် နယ်ဒေသများရှိ နည်းပညာတက္ကသိုလ် အများစု၏ သက်တမ်းမှာ ခုနစ်နှစ် ဝန်းကျင်သာ ရှိသေးသည်။

The Voice Weekly 

မိမိ နိုင်ငံ ဖွံ့ဖြိုး တိုးတက်ရေး၊ ကမ္ဘာနှင့် ရင်ပေါင်တန်း နိုင်ရေး အတွက် စစ်မှန်သည့် ပြည်ထောင်စု စိတ်ဓာတ်ဖြင့် မောင်တို့ မယ်တို့ အားလုံးပါဝင်ဖော်ဆောင်

Photo: မိမိ နိုင်ငံ ဖွံ့ဖြိုး တိုးတက်ရေး၊ ကမ္ဘာနှင့် ရင်ပေါင်တန်း နိုင်ရေး အတွက် စစ်မှန်သည့် ပြည်ထောင်စု စိတ်ဓာတ်ဖြင့် မောင်တို့ မယ်တို့ အားလုံး ပါဝင် ဖော်ဆောင်
Monday, May 5, 2014

ယနေ့ အချိန်အခါတွင် နိုင်ငံတော် ကြီးသည် စည်းကမ်း ရှိသည့် ခေတ်မီဖွံ့ဖြိုး တိုးတက်သော ဒီမိုကရေစီ နိုင်ငံကို လျှောက်လှမ်း တည်ဆောက်နေပြီ ဖြစ်ကြောင်း၊ စည်းကမ်း ရှိမှု၊ တာဝန် သိမှု၊ တာဝန်ယူမှု၊ တရား ဥပဒေ လေးစား လိုက်နာမှုများသည် ဒီမိုကရေစီ လျှောက်လှမ်းရာတွင် မဖြစ်မနေ ဖော်ဆောင်ရမည့် လိုအပ်ချက် ဖြစ်ကြောင်း၊ တစ်ဆက်တည်း မှာပင် ဖွံ့ဖြိုး တိုးတက်အောင် ကြိုးစား လုပ်ဆောင် ကြရမှာ ဖြစ်ကြောင်း၊

မိမိတို့ နိုင်ငံသည် တိုင်းရင်းသား လူမျိုး ပေါင်းစုံ စုစည်း ညီညွတ်စွာ အတူတကွ နေထိုင်ကြသည့် ပြည်ထောင်စု နိုင်ငံကြီး ဖြစ်ကြောင်း၊ အားလုံးသည် ညီရင်း အစ်ကိုပမာ ဥမကွဲ သိုက် မပျက်နှင့် မိမိနိုင်ငံ ဖွံ့ဖြိုး တိုးတက်ရေး၊ ကမ္ဘာနှင့် ရင်ပေါင် တန်းနိုင်ရေးအတွက် စစ်မှန်သည့် ပြည်ထောင်စု စိတ်ဓာတ်ဖြင့် မောင်တို့ မယ်တို့အားလုံး ပါဝင် ဖော်ဆောင်လုပ်ကိုင် သွားကြရမှာ ဖြစ်ကြောင်း။

ယနေ့သည် အနာဂတ် နိုင်ငံတော်၏ ခေါင်းဆောင်မှု တာဝန်များကို လက်ဆင့်ကမ်း အမွေဆက်ခံ သွားမည့် ဘက်စုံပညာ ထူးချွန်လူငယ်များ၊ ထူးချွန်ကြက်ခြေနီ လူငယ်များနှင့် ကင်းထောက် လူငယ်များကို တစ်စု တစ်စည်းတည်း တွေ့ဆုံဂုဏ်ပြု စကား ပြောကြားခွင့် ရသည့်နေ့ဖြစ်၍ နိုင်ငံတော်နှင့် တပ်မတော် အတွက် မင်္ဂလာ အပေါင်းဖြင့် ပြည့်စုံ သည့် နေ့ရက်ဖြစ်ကြောင်း၊

ယခုလို မင်္ဂလာရှိသည့် အခမ်းအနားကို တက်ရောက် လာကြသူအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေ ကြောင်းလည်း ဆုမွန် ကောင်းတောင်း အပ်ပါကြောင်း။ မိမိတို့ မြန်မာ နိုင်ငံတွင် လက်ရှိစာရင်း ဇယားများအရ အသက် ၁၅ နှစ်မှ ၂၉နှစ် အရွယ် လူငယ်ပေါင်း ၁၆သန်းခန့် ရှိပါကြောင်း၊ ဒီလူငယ် မောင်မယ်များသည် တိုင်းပြည်၏ အဖိုးထိုက် တန် ဆုံးသော လူ့စွမ်းအား အရင်းအမြစ် ဖြစ်ပြီး အနာဂတ် နိုင်ငံတော် အတွက် အားထားရမည့် အင်အားစုများပင် ဖြစ်ပါကြောင်း၊ 

ထိုလူငယ် အင်အားစုများကို ''အရေအတွက်မှ အရည်အချင်း သို့''ဆိုသည့် စွမ်းရည်မြှင့်တင် မှုများ၊ လမ်းမှန် ရောက်ရှိရန် ပို့ဆောင်မှုများ ပြုလုပ် ပေးနိုင်လျှင် နိုင်ငံတော်၏ ရည်မှန်း ချက် ဖြစ်သည့် ''ခေတ်မီဖွံ့ဖြိုး တိုးတက်သည့် ဒီမိုကရေစီ နိုင်ငံတော်သစ်'' တည်ဆောက်ရေးသည် မလွဲမသွေ အောင်မြင်မှာပင် ဖြစ်ပါကြောင်း။

''ယနေ့ လူငယ်၊ နောင်ဝယ်လူကြီး''ဆိုသည့် စကားရှိပါကြောင်း၊ လူငယ်များသည် အနာဂတ်တွင် တိုင်းပြည်၏ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး ကဏ္ဍ များတွင် တာဝန်ယူသွားရမည့် သူများပင် ဖြစ်ပါကြောင်း၊ ထို့ကြောင့် လူငယ်တိုင်းသည် ကိုယ်ကာယ ကျန်းမာသူများ၊ ဥာဏစွမ်းရည် ထက်မြက်သူများ၊ အကျင့် စာရိတ္တ ကောင်းမွန် သူများ၊ ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်သူများ၊ ဗဟုသုတ ပြည့်စုံသူများ ဖြစ်ရန် လိုအပ်ပါကြောင်း၊ တစ်နည်းအားဖြင့် ကာယဗလ၊ ဥာဏဗလ၊ စာရိတ္တ ဗလ၊ မိတ္တ ဗလနှင့် ဘောဂ ဗလ ဆိုသည့် ဗလငါးတန်ဖြင့် ပြည့်စုံနေရန် လိုအပ်ပါကြောင်း။

ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ (၂ဝဝ၈) ခုနှစ်၊ ပုဒ်မ ၃၃တွင် လူငယ်များနှင့် ပတ်သက်၍ ''နိုင်ငံတော်သည် လူငယ်များ မျိုးချစ် စိတ်ဓာတ် ရှင်သန် ထက်မြက်ရေး၊ အတွေးအခေါ် မှန်ကန်ရေးနှင့် ဗလငါးတန် တိုးတက်ဖွံ့ဖြိုးရေး တို့အတွက် ဆောင်ရွက်ရမည်''ဟု ဖော်ပြထား သကဲ့သို့ ပုဒ်မ ၂၈၊ ပုဒ်မခွဲ (ဃ)တွင်လည်း ''ဘက်စုံ အတွေးအခေါ် အယူအဆ မှန်ကန်၍ အကျင့်စာရိတ္တ ကောင်းမွန်ပြီး နိုင်ငံတော် တည်ဆောက်ရေးအတွက် အကျိုးပြုမည့် ခေတ်မီ ပညာရေး စနစ် ဖော်ဆောင်ရမည်''ဟု ပြဋ္ဌာန်း ထား ပါကြောင်း၊ ပြဋ္ဌာန်းချက် များနှင့် အညီ နိုင်ငံတော် အနေဖြင့်လည်း အနာဂတ် နိုင်ငံ့ သားကောင်းများ ဖြစ်လာမည့် ယနေ့ လူငယ် မောင်မယ်များ လျှောက်လှမ်း သင့်သည့်လမ်း များ ချောမွေ့ရန် ဆောင်ရွက် ပေးနေပြီ ဖြစ်ပါကြောင်း၊

ယခုလို ဆောင်ရွက်နေခြင်းသည် အနာဂတ်အတွက် အကောင်းဆုံးသော ရင်းနှီး မြှုပ်နှံမှု၊ အမြော် အမြင်ကြီးသော ဆောင်ရွက်ချက်၊ တိုင်းပြည် ဖွံ့ဖြိုးရေးအတွက် ခိုင်မာသော အာမခံ ချက် ဖြစ်သည်ကို တပ်မတော် အနေဖြင့် လေးနက်စွာ ခံယူပြီး မောင်တို့ မယ်တို့ကို ယခုလို တွေ့ဆုံ ဂုဏ်ပြုစကား ပြောကြားရခြင်း ဖြစ်ပါကြောင်း။

မောင်တို့မယ်တို့ အထဲက ဘက်စုံပညာ ထူးချွန် လူငယ်များသည် သက်ဆိုင်ရာ ကျောင်းအလိုက် မြို့နယ်အဆင့်၊ ခရိုင်အဆင့်၊ ထူးချွန် လူငယ် စစ်ဆေးမှုများကို အဆင့်ဆင့် စစ်ဆေး ရွေး ချယ် ခံခဲ့ရသူများပင် ဖြစ်ပါကြောင်း။

အလားတူ ထူးချွန်ကြက်ခြေနီ လူငယ်များသည်လည်း ပြည်နယ်၊ တိုင်းဒေသကြီး ၁၄ခု၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ နေပြည်တော် ကောင်စီ နယ်မြေ စုစုပေါင်း နယ်မြေ ၁၇ခုနှင့် တက္ကသိုလ်၊ ကောလိပ် ၅၆ခု တို့တွင် ဖွဲ့စည်းထားသည့် ကြက်ခြေနီ အသင်းများမှ ရွေးချယ်ရေးမူ (၁ဝ)ချက် နှင့်အညီ အဆင့်ဆင့် ရွေးချယ် ခဲ့ပြီး သင်တန်း တွင် ထူးချွန်စွာ အောင်မြင်သူများ၊ သက်ဆိုင်ရာအဖွဲ့များတွင် တက်ကြစွာဦးဆောင် ပါဝင်သူများ၊ ကြက်ခြေနီ လူမှု ကရုဏာ လုပ်ငန်းများတွင် ထူးချွန်စွာ ဆောင်ရွက် ခဲ့သူများ ပင် ဖြစ်ပါကြောင်း။

မြန်မာနိုင်ငံ ကင်းထောက် အဖွဲ့သည်လည်း ကြီးမားသော သမိုင်းအစဉ်အလာ ရှိသည့် အဖွဲ့ကြီး ဖြစ်ပါကြောင်း၊ ၁၉၂ဝပြည့်နှစ်တွင် စတင် ထူထောင်ခဲ့သည့် ကင်းထောက် လုပ်ငန်းသည် နိုင်ငံရေး၊ စစ်ရေး မစွက်ဖက်သော မွန်မြတ်သည့် လူမှုရေး လုပ်ငန်း သက်သက်ဖြစ်ပြီး တာဝန်သိသော နိုင်ငံသား တစ်ယောက် ဖြစ်ရန် လေ့ကျင့် တည်ဆောက် ပေးသည့် လုပ်ငန်း ဖြစ်၍ ဒီမိုကရေစီ စနစ် ဖော်ဆောင်ရာတွင် အခြေခံ လိုအပ်ချက်ဖြစ်သည့် နိုင်ငံသား တစ်ဦးချင်း၏ ''တာဝန်သိမှု''၊ ''ပူးပေါင်း ဆောင်ရွက် တတ်မှု''တို့ကို ဖော်ဆောင် သွားနိုင်မည် ဖြစ်ပါကြောင်း၊ ကင်းထောက် မောင်မယ်များကိုလည်း နိုင်ငံတစ်ဝန်းရှိ ကင်းထောက် သင်တန်းများ ဖွင့်လှစ်ပြီး ဖြစ်သည့် အခြေခံ ပညာကျောင်း များမှ ကျောင်း အလိုက် စနစ်တကျ ရွေးချယ်ထားခြင်း ဖြစ်ပါကြောင်း။

ယခုနှစ် အတွင်းမှာပင် ဘက်စုံပညာ ထူးချွန် လူငယ်များသည် ငွေဆောင်၊ အင်းလေးနှင့် ပုဂံတို့မှာ လေ့လာရေးနှင့် လူငယ် တွေ့ဆုံပွဲတို့ ကိုပြုလုပ်ခဲ့ပြီး ထူးချွန် ကြက်ခြေနီ လူငယ်များ သည် တည်းခိုရေး စခန်းတွင် စခန်းချ နေထိုင်၍ သင်တန်းဖွင့်လှစ် ဆောင်ရွက်ခြင်း၊ လေ့လာရေး ခရီးများ ဆောင်ရွက်ခြင်းများ ပြုလုပ်ခဲ့ပါ ကြောင်း၊ ကင်းထောက် မောင်မယ် များသည် လည်း ပြင်ဦးလွင်တွင် ကင်းထောက် လူငယ်များ စခန်းချ တွေ့ဆုံပွဲ (Jamboree) ကို ပြုလုပ် ခဲ့ကြပြီး ဖြစ်ပါကြောင်း၊

ထို့အပြင် နိုင်ငံတော် အနေဖြင့် မနေ့က မေလ ၃ရက်နေ့မှာ ထူးချွန် လူငယ်များ တွေ့ဆုံ ဂုဏ်ပြုပွဲနှင့် နိုင်ငံ့စွမ်း ဆောင်ရည် ဆုချီးမြှင့်ပွဲ အခမ်းအနား၊ ညစာ စားပွဲများကို တစ်ရက်တည်း တစ်ပေါင်းတည်း ဂုဏ်ပြု ကျင်းပပြုလုပ် ပေးခဲ့ပါကြောင်း၊ အနာဂတ် မျိုးဆက်သစ် လူငယ်များ အနေဖြင့် နိုင်ငံ့ စွမ်းဆောင် ရည်ဆု ရရှိ သူများအား စံပြုအတု ယူပြီး အနာဂတ် နိုင်ငံတော် ဖွံ့ဖြိုး တိုးတက်ရေး အတွက် ရှေ့တန်းမှ ဦးဆောင် လိုသော ခေါင်းဆောင်များ အဖြစ် မိမိကိုယ်မိမိ မျှော်မှန်းပျိုး ထောင် လိုသည့် ခံယူချက်၊ ယုံကြည်ချက်များ ဖြစ်ပေါ်လာမည် ဆိုသည်ကို ယုံကြည်မိပါကြောင်း။

နိုင်ငံတော်၏ ''ခေတ်မီဖွံ့ဖြိုး တိုးတက်သော ဒီမိုကရေစီ နိုင်ငံတော်သစ်'' တည်ဆောက်ရေး လုပ်ငန်းစဉ်တွင် ကျရာကဏ္ဍမှ အင်တိုက်အားတိုက် ပါဝင် ဆောင်ရွက် နေသည့် တပ်မတော် အနေဖြင့်လည်း လူငယ်များ၏ အရည်အချင်း၊ အရည်အသွေး မြှင့်တင်ရေး အပိုင်းတွင် စိတ်ရောကိုယ်ပါ ပါဝင် ဆောင်ရွက်လျက်ရှိ ပါကြောင်း၊ တပ်မတော် အခြေခံ ပညာကျောင်းများနှင့် တပ်မတော် ပညာရေး ကျောင်းများမှ ထူးချွန်ကျောင်းသား၊ ကျောင်းသူများ၊ တပ်မတော် သားများနှင့် စစ်မှုထမ်းဟောင်း မိသားစုဝင် သားသမီးများ ထဲက ထူးချွန် ကျောင်းသား/ သူများကို ထိုက်ထိုက်တန်တန် ဂုဏ်ပြုဆုများ ချီးမြှင့်ပေးလျက် ရှိပါကြောင်း၊ ထို့အပြင် နိုင်ငံတော် အတွက် ရေကြောင်း ပညာနှင့် လေကြောင်းပညာ ကျွမ်းကျင်သော အနာဂတ်မျိုးဆက် လူငယ်များ ပေါ်ထွန်း လာစေရန် ရည်ရွယ်၍ တပ်မတော်မှ တာဝန်ယူပြီး ရေကြောင်း လူ

ငယ် အခြေခံ သင်တန်း၊ လေကြောင်းလူငယ် အခြေခံသင်တန်း တို့ကို တပ်မတော် ရေတပ်စခန်း၊ လေတပ်စခန်းရှိရာ မြို့များတွင် ယခုနှစ် မှစပြီး ဖွင့်လှစ် ပေးလျက် ရှိပါကြောင်း။

နိုင်ငံတော်နှင့် တပ်မတော်မှ လူငယ်များအား ယခုလိုပြုစု ပျိုးထောင်မြေ တောင်မြှောက်ပေးခြင်းဖြင့် လူငယ်များ ဥာဏ်ရည် မြင့်မားရုံသာမက မိမိကိုယ်ကို ယုံကြည် အားကိုးသည့် စိတ်ဓာတ်များဖြင့် အများအကျိုးကို သယ်ပိုး ဆောင်ရွက် လိုသူများ၊ အချင်းချင်း ချစ်ကြည် ရင်းနှီးစွာ နေထိုင် တတ်သူများ၊ ဦးဆောင်မှု ပေးနိုင်သူများ၊ အမိန့်နာခံ တတ်သူများ၊ ပြုမူပြောဆို ကြံစည်မှုတို့တွင် စံနမူနာပြ ဖြစ်သူများ ဖြစ်ပေါ်လာစေမည် ဖြစ်ပါကြောင်း၊ ထို့အပြင် အမျိုးသား ယဉ်ကျေးမှု ဓလေ့ထုံးစံ များကို နှစ်သက်မြတ်နိုး ထိန်းသိမ်း စောင့်ရှောက်တတ် သူများ၊ ပြည်ထောင်စု စိတ်ဓာတ်များ ရှင်သန် ခိုင်မာစေရန်အတွက် အဘက်ဘက်က ယုံကြည် အားကိုး ရသည့် နိုင်ငံ့ အကျိုးပြု လူငယ်လူရွယ်များ ဖြစ်ပေါ် လာစေမှာ လည်း ဖြစ် ပါကြောင်း။

ထူးချွန်လူငယ်မောင်မယ်များ ဖြစ်သည် နှင့်အညီ နိုင်ငံတော်နှင့် ပြည်သူ လူထုက အားထားရမည့် နိုင်ငံတော်နှင့် ပြည်သူ့ အကျိုးကို စွမ်းစွမ်းတမံ သယ်ပိုးနိုင်မည့် နိုင်ငံ့ သားကောင်း၊ သမီးကောင်း ရတနာများ ဖြစ်ရန် စဉ်ဆက်မပြတ် ကြိုးစားဆောင်ရွက် သွားကြပါဟု မှာကြားလိုပါကြောင်း၊ မောင်တို့မယ်တို့၏ ကြိုးစား အားထုတ်မှုများ သည် ပေါက်မြောက် အောင်မြင် ပြီး နိုင်ငံတော်၏ နယ်ပယ် အသီးသီးတွင် ထူးချွန် ထက်မြက်သော ခေါင်းဆောင် ကောင်းများ ဖြစ်ကြပါစေဟု လည်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် မှ ဆုမွန်ကောင်း တောင်းပါကြောင်း ဝမ်းမြောက် ဂုဏ်ယူစွာ ပြောကြား လိုပါကြောင်းဖြင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့ မွန်းလွဲ ၂နာရီ တွင် နေပြည်တော်ရှိ ဇေယျာသီရိ ဗိမာန်၌ ပြုလုပ်သော ဘက်စုံပညာ ထူးချွန်၊ ထူးချွန် ကြက်ခြေနီနှင့် ကင်းထောက် လူငယ် မောင်မယ်များ တွေ့ဆုံ ဂုဏ်ပြုပွဲ အခမ်းအနားတွင် ဂုဏ်ပြုနှုတ် ခွန်းဆက် စကား ပြောကြားရာ၌ ထည့်သွင်း ပြောကြားသည်။

အဆိုပါအ ခမ်းအနားသို့ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၊ ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး လှဌေးဝင်း၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော် (ကြည်း၊ ရေ၊ လေ) အရာရှိ ကြီးများ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူးနှင့် ဘက်စုံ ပညာ ထူးချွန်၊ ထူးချွန် ကြက်ခြေနီနှင့် ကင်းထောက် လူငယ် မောင်မယ်များ တက်ရောက်ကြသည်။

ရှေးဦးစွာ ဘက်စုံ ပညာ ထူးချွန်၊ ထူးချွန် ကြက်ခြေနီနှင့် ကင်းထောက် လူငယ်မောင်မယ် များသည် ဇေယျာသီရိ ဗိမာန်အတွင်း ခင်းကျင်းပြသ ထားသော မြန်မာ့ တပ်မတော်မှ ထုတ်လုပ်သည့် လက်နက်များ၊ တပ်မတော် (ကြည်း၊ ရေ၊ လေ) ဝတ်စုံ အမျိုးမျိုး၊ မြန်မာ့ တပ်မတော်မှ ထုတ်လုပ်သည့် ဆက်သွယ်ရေး စက်များ၊ တပ်မတော် (လေ)တွင် အသုံး ပြုနေသည့် လေယာဉ် ပုံစံငယ်များ၊ လေသူရဲ များ၏ ဝတ်စုံများနှင့် အသုံးအဆောင် ပစ္စည်းများ၊ တပ်မတော်(ရေ)မှ ထုတ်လုပ်သည့် ရေယာဉ် များ၏ ပုံစံငယ်များ၊ ရေတပ်ဆိုင်ရာ အသုံးအဆောင် ပစ္စည်းများကို လှည့်လည် ကြည့်ရှု လေ့လာကြရာ တာဝန်ရှိသူ အသီးသီးမှ ရှင်းလင်း ပြောကြားသည်။

ဆက်လက်၍ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြု နှုတ်ခွန်းဆက် စကား ပြောကြားသည်။

ယင်းနောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ဘက်စုံပညာ ထူးချွန်၊ ထူးချွန် ကြက်ခြေနီနှင့် ကင်းထောက်လူငယ် မောင်မယ်များ အတွက် တပ်မတော် စက်ရုံ များမှ ထုတ်လုပ်သည့် ရွှေဖီဦး အသင့်ဖျော် လက်ဖက်ရည် ထုပ်များနှင့် စားသောက် ဖွယ်ရာများအား လက်ဆောင် ပေးအပ်ပြီး ဘက်စုံပညာ ထူးချွန်နှင့် ထူးချွန် ကြက်ခြေနီ လူငယ် မောင်မယ် များက တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ထံ အမှတ်တရ လက်ဆောင် ပစ္စည်းများ ပြန်လည် ပေးအပ်သည်။

ထို့နောက် မြဝတီ တေးဂီတ အဖွဲ့မှ တေး သီချင်းများဖြင့် ဖျော်ဖြေ တင်ဆက်ရာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အခမ်း အနား တက်ရောက် လာကြသူများ၊ ဘက်စုံပညာ ထူးချွန်၊ ထူးချွန် ကြက်ခြေနီနှင့် ကင်းထောက် လူငယ် မောင်မယ်များက ကြည့်ရှု အားပေးကြသည်။

၎င်းနောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဘက်စုံပညာ ထူးချွန်၊ ထူးချွန် ကြက်ခြေနီနှင့် ကင်းထောက် လူငယ် မောင်မယ် များအား ရင်း ရင်းနှီးနှီး လိုက်လံ နှုတ်ဆက်သည်။

တွေ့ဆုံ ဂုဏ်ပြုပွဲ အခမ်းအနား အပြီးတွင် ဘက်စုံပညာ ထူးချွန်၊ ထူးချွန် ကြက်ခြေနီနှင့် ကင်းထောက်လူငယ် မောင်မယ်များသည် တပ်မတော် စစ်သမိုင်း ပြတိုက်သို့ သွားရောက်၍ တပ်မတော် စစ်သမိုင်း ပြတိုက်ရှိ စစ်သမိုင်း ပြတိုက်နှင့် တပ်မတော် မော်ကွန်းတိုက်မှူး ရုံးပြခန်း၊ တပ်မတော်(ရေ) ပြခန်း၊ တပ်မတော် (လေ) ပြခန်း နှင့် ပြင်ပပြကွက်များ ဖြစ်သော တပ်မတော် (ကြည်း)မှ အမြောက်များနှင့် တိုက်ခိုက်ရေး ယာဉ်များ၊ တပ်မတော် (ရေ)မှ စစ်ရေယာဉ်များနှင့် တပ်မတော် (လေ)မှ လေယာဉ်များ၊ ရဟတ်ယာဉ်များအား ကြည့်ရှု လေ့လာ ကြရာ တာဝန်ရှိ သူများက သိရှိလိုသည်များအား ရှင်းလင်း ပြောကြားခဲ့ကြောင်း သတင်း ရရှိသည်။

မြ၀တီ
ယနေ့ အချိန်အခါတွင် နိုင်ငံတော် ကြီးသည် စည်းကမ်း ရှိသည့် ခေတ်မီဖွံ့ဖြိုး တိုးတက်သော ဒီမိုကရေစီ နိုင်ငံကို လျှောက်လှမ်း တည်ဆောက်နေပြီ ဖြစ်ကြောင်း၊ စည်းကမ်း ရှိမှု၊ တာဝန် သိမှု၊ တာဝန်ယူမှု၊ တရား ဥပဒေ လေးစား လိုက်နာမှုများသည် ဒီမိုကရေစီ လျှောက်လှမ်းရာတွင် မဖြစ်မနေ ဖော်ဆောင်ရမည့် လိုအပ်ချက် ဖြစ်ကြောင်း၊ တစ်ဆက်တည်း မှာပင် ဖွံ့ဖြိုး တိုးတက်အောင် ကြိုးစား လုပ်ဆောင် ကြရမှာ ဖြစ်ကြောင်း၊မိမိတို့ နိုင်ငံသည် တိုင်းရင်းသား လူမျိုး ပေါင်းစုံ စုစည်း ညီညွတ်စွာ အတူတကွ နေထိုင်ကြသည့် ပြည်ထောင်စု နိုင်ငံကြီး ဖြစ်ကြောင်း၊ အားလုံးသည် ညီရင်း အစ်ကိုပမာ ဥမကွဲ သိုက် မပျက်နှင့် မိမိနိုင်ငံ ဖွံ့ဖြိုး တိုးတက်ရေး၊ ကမ္ဘာနှင့် ရင်ပေါင် တန်းနိုင်ရေးအတွက် စစ်မှန်သည့် ပြည်ထောင်စု စိတ်ဓာတ်ဖြင့် မောင်တို့ မယ်တို့အားလုံး ပါဝင် ဖော်ဆောင်လုပ်ကိုင် သွားကြရမှာ ဖြစ်ကြောင်း။

လိုင်စင်မရှိဘဲ ယာဉ်တိုက်မှု ဖြစ်ပါက ရာသက်ပန် လိုင်စင် ပိတ်သိမ်းမည်

မော်တော်ယာဉ် မတော်တဆမှု ဖြစ်သော ယာဉ်မောင်း အများစုမှာ တရားရုံး၌ ထွက်ဆိုရာတွင် လိုင်စင်မရှိဟုသာ ထွက်ဆိုမှု ပြုကြ၍ လိုင်စင်ရှိကြောင်း စစ်ဆေးတွေ့ရှိပါက ထောင်ဒဏ်အပြင် ရာသက်ပန် လိုင်စင် ပိတ်သိမ်း အရေးယူမည် ဖြစ်ကြောင်း ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန (ကညန) ထံမှ သိရသည်။ယာဉ်မတော်တဆမှု များပြားခြင်းကြောင့် ကညနက မတ်လ ၃၁ ရက်နေ့မှ စတင်၍ ဥပဒေအသစ်များ ထပ်မံထုတ်ပြန်လိုက်ခြင်း ဖြစ်ကြောင်း အဆိုပါဌာနမှ အကြီးတန်း အရာရှိတစ်ဦး က ပြောကြားသည်။“၂၀၁၀ တုန်းက ဥပဒေကို အခုမှ ပြန်ပြင်လိုက်တာပါ။ ကျွန်တော်တို့က လိုင်စင်ပိုင်းပဲ လုပ်မှာ ပါ။ ထောင်ဒဏ်တွေ ဘာတွေကတော့ ပြစ်မှုဆိုင်ရာ ဥပဒေအရ တရားရုံးပိုင်းနဲ့ ဆိုင်တာပါ” ဟု ၎င်းကပြောဆိုသည်။
ယခုနောက်ပိုင်းတွင် ယာဉ်တိုက်မှု အများစုမှာ တရားရုံးအထိ ရောက်ရှိသူ နည်းပါးနေပြီး ထွက်ပြေးတိမ်းရှောင်သူ ပိုမို များပြားကြောင်း ၎င်းကဆိုသည်။“ကျွန်တော်တို့လည်း ယာဉ်မောင်းနေတာပါပဲ။ ဒါပေမဲ့ အခုနောက်ပိုင်း ယာဉ်တိုက်မှုဖြစ်ပြီ ဆိုတာနဲ့ ထွက်ပြေး တိမ်းရှောင်သွားတယ် ဆိုတာပဲ တွေ့နေ ကြားနေရပါတယ်။ ဒီလို မဖြစ်သင့်ပါဘူး။ ဥပဒေ ထုတ်ပြီးရင် ကြပ်မတ် လုပ်ဆောင်မှလည်း ထိရောက်မှု ရှိမှာပါ။ ဥပဒေထုတ်ပြီး ဘာမှမလုပ်ရင် ဘာမှဖြစ်လာမှာ မဟုတ်ပါဘူး” ဟု ဆောက်လုပ်ရေး ကုမ္ပဏီတစ်ခုမှ အသက် ၃၀ အရွယ် ယာဉ်မောင်း အမျိုးသားက ပြောဆိုသည်။၂၀၁၃ ခုနှစ်အတွင်း တစ်နိုင်ငံလုံး အတိုင်းအတာအရ ယာဉ်တိုက်မှု ၅၅ ဒသမ ၄၃ ရာခိုင်နှုန်း ရှိပြီး ၃၄ ဒသမ ၀၈ ရာခိုင်နှုန်းခန့်သည် စုံစမ်းစစ်ဆေးဆဲ ဖြစ်၍ ကျန် ၂၁ ဒသမ ၃၅ ရာခိုင်နှုန်းမှာ ပြီးပြတ်ပြီး အမှုများ ဖြစ်ကြောင်း ကုန်လမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။
The Voice Weekly

တောင်ကိုရီးယားကူးတို့သင်္ဘောနစ်မြုပ်မှု သေဆုံးသူ ၂၄၂ ဦးရှိလာ

Photo: တောင်ကိုရီးယားကူးတို့သင်္ဘောနစ်မြုပ်မှု သေဆုံးသူ ၂၄၂ ဦးရှိလာ
Monday, May 5, 2014

ပြီးခဲ့သည့် သီတင်းသုံးပတ်က နစ်မြုပ်သွားခဲ့သည့် တောင်ကိုရီးယားကူးတို
့သင်္ဘော ဆူဝိုးလ်အတွင်းရှိ ခရီးသည်အခန်းများအတွင်း ဝင်ရောက်နိုင်ရန် ရေငုပ်သမားများမှာ တနင်္ဂနွေနေ့တွင် လည်း ကြိုးပမ်း

ခဲ့ကြပြီး သေဆုံးကြောင်း အတည်ပြုနိုင်သည့် လူဦးရေမှာ ၂၄၂ ဦးအထိ ရှိလာပြီဖြစ် သည်။

တနင်္ဂနွေနံနက်တွင် နောက် ထပ် အလောင်းခြောက်လောင်း တွေ့ခဲ့ရပြီး သင်္ဘောတွင် ပါသွားသောသူများမှ ရှာမတွေ့သေးသည့်သူ အရေအတွက်မှာ ၆၀ ခန့် ကျန်ရှိနေသေးသည်။

‘‘ကယ်ဆယ်ရေးသမားတွေ ဟာ ပိတ်နေတဲ့ ခရီးသည်အခန်း တွေကို ဝင်ရောက်နိုင်ဖို့ ပစ္စည်း ကိရိယာတွေသုံးပြီး ကြိုးပမ်းနေပါ တယ်’’ဟု ရှာဖွေရေးအဖွဲ့ ပြော ခွင့်ရပုဂ္ဂိုလ် ကိုမြောင်ဆပ်က ပြောသည်။

ရှာဖွေရေးလုပ်ငန်းများမှာ ရေအောက်တွင် ရေစီးသန်ခြင်းနှင့် ရေပြင်ပေါ်တွင် လှိုင်းကြီးခြင်းများကြောင့် ရေငုပ်သမားများမှာ အခက်အခဲများဖြင့် လုပ်နေကြရ သည်။

သင်္ဘောနစ်မြုပ်ခဲ့သည့်အ ချိန် ကြာလာသည်နှင့်အမျှ သင်္ဘောထဲတွင်ပိတ်မိပြီး သေဆုံး နေသည့် ရုပ်အလောင်းများပါ ရေအောက်မှ အခြားနေရာများသို့ မျောပါသွားနိုင်သည်ကို စိုးရိမ်နေ ကြသည်။

ဗုဒ္ဓဟူးနေ့က ရှာဖွေရေးလုပ် နေသည့်နေရာမှာ နှစ်ကီလိုမီတာ အကွာတွင် အလောင်းတစ် လောင်း မျောပါနေသည်ကို တွေ့ ခဲ့ရပြီး သောကြာနေ့တွင်လည်း ထိုနေရာမှ ငါးကီလိုမီတာ ဝေး ကွာသည့်နေရာတွင် ငါးဖမ်း သင်္ဘောတစ်စီးက နောက်ထပ် အလောင်းတစ်လောင်း တွေ့ခဲ့ သည်။

ဆူဝိုးလ်သင်္ဘော နစ်မြုပ်မှု တွင် ကပ္ပတိန်နှင့် သင်္ဘောဝန်ထမ်း၁၄ ဦးကို ဖမ်းဆီးထားပြီး သောကြာနေ့တွင် အာဏာပိုင် များက သင်္ဘောကိုပိုင်ဆိုင်သည့် ချုန်ဟေးဂျင်ရေကြောင်းကုမ္ပဏီ မှ တာဝန်ရှိသူနှစ်ဦးအား ရေယာဉ် ပေါ်တွင် တရားဝင်သတ်မှတ်ချက် ထက် လူပိုတင်စေမှုဖြင့် တရားစွဲ ထားခဲ့သည်။

တနင်္ဂနွေနေ့တွင် တောင် ကိုရီးယားသမ္မတ ပတ်ဂွန်ဟေး သည် သင်္ဘောမှ သေဆုံးသူများ၏ ကျန်ရစ်သူမိသားစုများထံ သွားရောက်တောင်းပန်ခဲ့ပြီး နစ်မြုပ်မှု အတွက် တာဝန်ရှိသည့် သက်ဆိုင်သူအားလုံးကို အရေးယူသွားမည် ဖြစ်ကြောင်း ကတိပေးပြောကြား သည်။

—Ref: AFP
7day News Daily

ပြီးခဲ့သည့် သီတင်းသုံးပတ်က နစ်မြုပ်သွားခဲ့သည့် တောင်ကိုရီးယားကူးတို
့သင်္ဘော ဆူဝိုးလ်အတွင်းရှိ ခရီးသည်အခန်းများအတွင်း ဝင်ရောက်နိုင်ရန် ရေငုပ်သမားများမှာ တနင်္ဂနွေနေ့တွင် လည်း ကြိုးပမ်း
ခဲ့ကြပြီး သေဆုံးကြောင်း အတည်ပြုနိုင်သည့် လူဦးရေမှာ ၂၄၂ ဦးအထိ ရှိလာပြီဖြစ် သည်။
တနင်္ဂနွေနံနက်တွင် နောက် ထပ် အလောင်းခြောက်လောင်း တွေ့ခဲ့ရပြီး သင်္ဘောတွင် ပါသွားသောသူများမှ ရှာမတွေ့သေးသည့်သူ အရေအတွက်မှာ ၆၀ ခန့် ကျန်ရှိနေသေးသည်။

ပဲကုမ္ပဏီတစ်ခု ငွေကြေးပြဿနာတက်၍ တာဝန်ရှိသူများကို အကူအညီတောင်း

Photo: ပဲကုမ္ပဏီတစ်ခု ငွေကြေးပြဿနာတက်၍ တာဝန်ရှိသူများကို အကူအညီတောင်း
Monday, May 5, 2014

မန္တလေးကုန်စည်ဒိုင်တွင် ရောင်းဝယ်နေသူများကို တွေ့ရစဉ်။ ရန်ကုန်ပဲဈေးကွက်တွင်ဖြစ်ပေါ်သော ငွေကြေးပြဿနာကြောင့် နိုင်ငံတစ်ဝန်းရှိ ပဲဈေးကွက်များအပေါ် ရိုက်ခတ်ခဲ့သည်။ (ဓာတ်ပုံ − ညီညီဇော်)
ပဲကုမ္ပဏီတစ်ခုက ပြည် တွင်း၊ ပြည်ပကုမ္ပဏီများနှင့် ကြို ပွိုင့်စနစ်ဖြင့် အရောင်းအ၀ယ် ပြုလုပ်ထားပြီး ဈေးနှုန်းများ မြင့် တက်သွားသဖြင့် မဖြေရှင်းနိုင် တော့သောကြောင့် ပဲအသင်း နှင့် တာဝန်ရှိသူများ ဖြေရှင်းပေးရန် အကူအညီတောင်းထားကြောင်း သတင်းရရှိသည်။

ရန်ကုန်အခြေစိုက် မိုးသက် ကုမ္ပဏီသည် ကြိုပွိုင့်စနစ်ဖြင့် ပဲ များကို ကျပ်သိန်းသောင်းချီ၍ အရောင်းအဝယ်ပြုလုပ်ထားချိန် တွင် ပဲဈေးနှုန်းများမှာ တစ်တန် လျှင် ကျပ်တစ်သိန်းနီးပါး မြင့် တက်သွားခဲ့ခြင်းကြောင့် ဆုံးရှုံးမှု များပြီး ပြဿနာများ ဖြစ်ပေါ်ခဲ့ရ ကြောင်း ပဲကုန်သည်များက ဆို သည်။

မိုးသက်ကုမ္ပဏီသည် ပြည် တွင်း ကုမ္ပဏီများနှင့်သာမက အိန္ဒိယ ပဲကုန်သည်များထံမှလည်း အိန္ဒိယဘဏ်မှတစ်ဆင့် ငွေများ ကြိုယူထားသည်များ ရှိသော ကြောင့် ပြည်ပကုမ္ပဏီများနှင့်ပါ ဖြေရှင်းပေးရန် လိုအပ်မည်ဖြစ် ကြောင်း ပဲအသင်းမှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။ သို့သော် ထူး ခြားမှုမှာ အဆိုပါ ကုမ္ပဏီသည် ငွေကြေးပြဿနာ ဖြစ်ပွားသော် လည်း ရှောင်တိမ်းမသွားဘဲ တာဝန်ရှိသူများကို ဆက်သွယ်အကူအညီ တောင်းခံခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် မြန်မာနိုင်ငံပဲမျိုး စုံနှင့် နှမ်းကုန်သည်များအသင်း က မိုးသက်ကုမ္ပဏီနှင့် အရောင်း အ၀ယ်ပြုလုပ်ထားပြီး ပေးရန်၊ ရရန်ရှိသော ပဲကုန်သည်များကို ပဲနှမ်းအသင်းသို့ ဆက်သွယ်ရန် မေလ ၄ ရက်တွင် ကြေညာချက် များ ထုတ်ပြန်ထားသည်။

‘‘သူတင်ပြထားတဲ့ စာရင်း အရဆိုရင်တော့ စာရင်းက သိပ် အများကြီး မကွာဘူးလို့တော့ သိ ရတယ်။ အသင်းရော၊ UMFCCI တို့၊ စီးပွားကူးသန်းတို့က တာဝန် ရှိသူတွေ အစည်းအဝေးထိုင်ပြီး ဒီကိစ္စကို ဖြေရှင်းပေးဖို့ လုပ်နေပါ တယ်’’ ဟု ပဲအသင်းမှ တာဝန်ရှိ သူတစ်ဦးက ပြောသည်။ အဆိုပါ ကုမ္ပဏီ၏ ဖုန်းသို့ မေလ ၄ ရက်တွင် 7Day Daily က ဆက်သွယ်ခဲ့ သော်လည်း ဖုန်းဆက်သွယ်၍ မရခဲ့ပေ။

‘‘တန်ချိန် သုံးသောင်း လောက်ရှိမယ်ထင်တယ်။ တစ် တန်ကို ဒေါ်လာတစ်ရာလောက် တက်သွားတော့ မရှင်းနိုင်ဖြစ် သွားတာထင်တယ်’’ ဟု ပဲကုန် သည်တစ်ဦးက ခန့်မှန်းပြောကြား သည်။

‘‘သူမနိုင်တော့လို့ ပဲနှမ်းအ သင်းကို ရှင်းခိုင်းတဲ့သဘောပါ’’ ဟု ဘုရင့်နောင်မှ ပဲကုန်သည် တစ်ဦးက ပြောသည်။

ပဲလောကတွင် ထိုကဲ့သို့ ငွေကြေး အရှုပ်အရှင်း ပြဿနာဖြစ်ပေါ်နေခြင်းကြောင့်  အရောင်းအ၀ယ် နည်းသွားသဖြင့် ပဲဈေးနှုန်းများ ကျခဲ့ပြီး မတ်ပဲတစ်တန်လျှင် ကျပ်သုံးသောင်းခန့် ပြန်လည်ကျဆင်းသွားခဲ့ကြောင်း ပဲကုန်သည်များက ပြောသည်။

အဆိုပါသတင်းကြောင့် ပဲ ဈေးကွက်သည် ရန်ကုန်သာမက နယ်ဈေးကွက်ကိုပါ ရိုက်ခတ်သွား ပြီး အရောင်းအ၀ယ်နှင့် ဈေးနှုန်း များ ကျဆင်းသွားသည်။

‘‘မနေ့ကနဲ့ဒီနေ့ကို ပဲသုံး တင်းတစ်အိတ်ကို ရှစ်ထောင် လောက် ဈေးကျသွားတယ်(မတ်ပဲ)။ နောက်ပဲက ရန်ကုန်မှာ ရောင်းလို့ မရလို့ မန္တလေးကို ဆက်ရောင်းရတယ်’’ ဟု ပဲခူးတိုင်းဒေသကြီး ပဲကုန်သည် ကိုသိုက်စိုးက ပြောသည်။

‘‘အဲဒီသတင်းကြောင့် ပဲဈေး ကွက်က နည်းနည်းလန့်ပြီးတော့ မုံရွာဘက်မှာဆိုလည်း တစ်တင်း ကို ၅၀၀ လောက် (မတ်ပဲ) ကျ သွားတယ်’’ ဟု မုံရွာမြို့မှ ပဲပွဲစား တစ်ဦးက ဆိုသည်။

ပဲလောကတွင် ယခုကဲ့သို့ ငွေကြေးပြဿနာများဖြစ်ရခြင်း သည် ပြဿနာများဖြစ်ပေါ်တိုင်း ထိရောက်သော အရေးယူမှု မရှိ ဘဲ အသင်းနှင့် ကုန်စည်ဒိုင်တို့ကအသင်းဝင်များအဖြစ် ယာယီရပ် ဆိုင်းခြင်းနှင့် ရာသက်ပန်ထုတ် လိုက်ခြင်းကဲ့သို့ အရေးယူမှုများ သာ ရှိခဲ့သည့်အတွက် ယခုကဲ့သို့ အကြိမ်ကြိမ် ငွေကြေးပြဿနာ ဖြစ်ပေါ်နေရခြင်းဖြစ်ကြောင်း စီး ပွားရေးလုပ်ငန်းရှင်တစ်ဦးက သုံး သပ်ပြောသည်။

ပဲအရောင်းအ၀ယ်များ ပြု လုပ်ရာတွင် ကြိုရောင်း၊ ကြိုဝယ် စနစ်ဖြင့် မပြုလုပ်ကြရန် စီးပွား ရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန၊ ပဲအသင်းနှင့် ကုန် စည်ဒိုင်တို့က နှစ်စဉ်ဆက်တိုက်ဆိုသလို ကြေညာချက်များ ထုတ်ပြန်ခဲ့ကြသည်။

သို့သော် အဆိုပါ ကြေညာ ချက်များ ထုတ်ပြန်ပါကလည်း တစ်ပတ်ခန့်သာ ညွှန်ကြားချက် လိုက်နာပြီး ကျန်အချိန်များတွင် ယခင်ဈေးကွက်အတိုင်း ပြန်လည် ရောင်းဝယ်မှုများ ပြုလုပ်ခဲ့ကြ သည်။

ပြီးခဲ့သည့် နှစ်ကုန်ပိုင်းက လည်း ပြည်တွင်းကုန်သည်တစ်ဦး က အိန္ဒိယကုန်သည်များထံမှ ငွေ ကြိုယူထားပြီး အချိန်မီ ပဲတင်ပို့နိုင် ခြင်းမရှိသောကြောင့် ပြည်ပကုန် သည်များက သမ္မတရုံးသို့ တိုင် ကြားစာများ တင်ပို့ခဲ့၍ ဖြေရှင်းမှု များ ပြုလုပ်ခဲ့ရသည်။

ပဲဈေးကွက်တွင် အကြီးဆုံး ငွေကြေးပြဿနာမှာ ၂၀၀၈ ခုနှစ် တွင် ပေါ်ပေါက်ခဲ့ပြီး ပဲကုန်သည် ကြီးရှစ်ဦးက ကျပ်ဘီလီယံပေါင်း များစွာ အရှုပ်အရှင်းလုပ်ခဲ့၍ ပဲ လောကမှာ လအတန်ကြာ ဈေး ကွက်ပျက်ခဲ့သည်။

7Day Daily
ပဲကုမ္ပဏီတစ်ခုက ပြည် တွင်း၊ ပြည်ပကုမ္ပဏီများနှင့် ကြို ပွိုင့်စနစ်ဖြင့် အရောင်းအ၀ယ် ပြုလုပ် ထား ပြီး ဈေးနှုန်း များ မြင့် တက်သွားသဖြင့် မဖြေရှင်းနိုင် တော့သောကြောင့် ပဲအသင်း နှင့် တာဝန်ရှိသူ များ ဖြေ ရှင်းပေးရန် အကူအညီတောင်းထားကြောင်း သတင်းရရှိသည်။

မလေးမှာ မြန်မာအလုပ်သမား ၄၀ ကျော် အဖမ်းခံရ

Photo: မလေးမှာ မြန်မာအလုပ်သမား ၄၀ ကျော် အဖမ်းခံရ
Sunday, May 4, 2014

တရားမဝင် နိုင်ငံခြားသား အလုပ်သမားတွေ ရှင်းလင်းဖို့ ပြီးခဲ့တဲ့လပိုင်း ကစပြီး မလေးရှားအစိုးရက စီမံချက်ချ ဆောင်ရွက်လာရာမှာ စနေနေ့ ညဥ့်နက်ပိုင်း အချိန်  ကွာလာလမ်ပူမြို့ဆင်ခြေဖုန်းက စားသောက်ဆိုင်တန်းမှာ ၀င်ရောက် ဖမ်းဆီးမှုတွေရှိခဲ့ပြီး မြန်မာရွှေ့ပြောင်း အလုပ်သမား(၄၀)ကျော် အဖမ်းခံ လိုက်ရပါတယ်။ အကြောင်းစုံကို ကိုဥာဏ်ဝင်းအောင်က တင်ပြပါမယ်။

ကွာလာလမ်ပူမြို့နဲ့ ၁၂မိုင်အကွာ ဖူချောင်းအရပ်ဒေသမှာရှိတဲ့ Tesco စူပါမားကက်နားက ညဥ့်နက်ပိုင်းဖွင့်တဲ့ စားသောက်ဆိုင်တန်းကို မလေးရဲနဲ့ လ၀က အင်အားစုက ရှောင်တခင် ၀င်ရောက် စစ်ဆေးရင်း မြန်မာနိုင်ငံသားတွေ နဲ့ အခြားနိုင်ငံခြားသား အလုပ်သမားတွေကို စနေည သန်းခေါင် အချိန်မှာ ဖမ်းဆီးသွားခဲ့တာဖြစ်ပါတယ်။ အဖမ်းခံရသူတွေထဲမှာ မြန်မာနိုင်ငံသား အလုပ်သမား(၄၀)ကျော်ပါသွားတယ်လို့ အလုပ်သမားရေး ကူညီ ဆောင်ရွက်နေတဲ့ ကိုလတ်က VOAကို ပြောပါတယ်။

"ည ၁၂နာရီခွဲမှာ အင်မီဂရေးရှင်းနဲ့ ရဲတွေ လာဖမ်းသွားတယ်။ လာဖမ်းသွားတဲ့ အကြောင်းအရင်းကတော့ သူတို့ အော်ပရေးရှင်းလုပ်တာပေါ့။ အဲ့လာဖမ်းတော့ တိုင်ဘားမှာ လုပ်နေတဲ့ ရောင်းနေတဲ့ မြန်မာတွေ ပါသွားတယ်။ အဓိက ဝင်သွားတာကတော့ စားသောက်ဆိုင်ကို ဝင်သွားတာ။ လောလောဆယ် ပြန် လွတ် လာတယ်။ မလာဘူးဆိုတဲ့ သတင်းက ကျနော်တို့ ပြန်မရသေးဘူး။ ခန့်မှန်းခြေ ဘယ်လောက်လောက်ပါသွားမလဲဆိုတော့ မြန်မာက ၄၀၊ ၅၀လောက်တော့ ပါမယ်ခင်ဗျ။ ဘာဖြစ်လို့လဲ ဆိုတော့ မြန်မာတွေ စည်တဲ့နေရာလေဗျာ။ တိုင်းရင်းသားတွေ အားလုံးရှိကြတယ်။"

အဖမ်းဆီးခံရသူတွေရဲ့ နောက်ဆုံးအခြေအနေကိုတော့ မသိရသေးပါဘူး။ သူတို့ ရင်ဆိုင်ရမယ့် အခြေအနေတွေနဲ့ပတ်သက်ပြီး ကိုလတ်က ပြောပြပါတယ်။

"ဘာတွေဆက်ဖြစ်နိုင်မလဲဆိုတော့၊ UNHCR ကဒ်အတုကိုင် ထားတဲ့သူတွေ၊ လောလောဆယ် ကမ့်ထဲကို သွားရမယ်။ ထောင်သုံးလကျမယ်။ ကြိမ်ဒဏ် ပါရင်လည်း ပါမယ်။ အဲ့ဒီ့အထဲမှာ တချို့ကတော့ ဘာမှ မရှိဘူးဆိုရင် သေချာပေါက် ကတော့ သုံးလနဲ့ ကြိမ်ဒဏ်ပါသွားပြီ။ ဘာ Document မှ မရှိတဲ့ သူတွေအတွက်ကတော့ အခြေအနေ တော်တော်ဆိုးပါတယ်။ ဒီဟာတွေအားလုံးကို မြန်မာသံရုံးအနေနဲ့ စိစစ်ပြီးတော့ ကူညီ  ပေးမယ်ဆိုရင်တော့ သူတို့အတွက် မျှော်လင့်ချက် နည်းနည်းရှိတာပေါ့။"

အဖမ်းဆီးခံ မြန်မာရွှေ့ပြောင်း အလုပ်သမားအရေးနဲ့  ပတ်သက်လို့ မြန်မာ သံရုံးဖက်က ဆောင်ရွက်ပေးတဲ့ အနေအထားကို ကိုလတ်က ရှင်းပြပါတယ်။

" ဖမ်းသွားပြီးတဲ့အခြေအနေမျိုးမှာ သူတို့က ပြန်ထုတ်ပေးတယ်။ ဒါကလဲ အပြင်ကလူတွေ လိုက်ပြီး လုပ်မှပါ။ သူတို့နဲ့ပတ်သက်ရာ၊ ပတ်သတ်ကြောင်း ဆွေမျိုးအသိုင်းအဝိုင်းတွေက လိုက်လုပ်ပြီး CI သွားလျှောက်ပေးတာတို့၊ ကိစ္စတွေ အားလုံး လုပ်ပေးမှပဲ၊ သူတို့လုပ်ပေးနိုင်တဲ့ အတိုင်းအတာရှိပါတယ်။ ဒီမှာရှိနေတဲ့ မြန်မာ အလုပ်သမားတွေ ကိစ္စနဲ့ပတ်သက်လို့ရှိရင် ဘာလိုခေါ်မလဲ တာဝန်ယူခြင်းဟာ ၅၀% တောင် မရှိပါဘူး ခင်ဗျာ။ သံရုံးက တာဝန်မယူတာကိုပြောတာ။ ကျနော်တို့ ဒီနိုင်ငံမှာက လောလောဆယ်က ဗီဇာသတ်သတ် မသတ်သတ် တစ်လ ကို ပုံမှန်သုံးသိန်းလောက် ရှာလို့ရတယ်။ မြန်မာပြည်မှာ မရမယ့်အတူတူ သူတို့က ဒီမှာအဲ့တာတွေကို ခံစားပြီးတော့ ကြိတ်မှိတ်ပြီးတော့ လုပ်နေကြတာ။"

မြန်မာသံရုံး သဘောထားကိုသိနိုင်ဖို့ VOA ဆက်သွယ်ပေမယ့် ရုံးပိတ်ရက်ဖြစ်နေ တာကြောင့် အဆက်သွယ်မရခဲ့ပါဘူး။ မလေးရှားအစိုးရက တရားမ၀င် အလုပ်သမားတွေ မိမိနိုင်ငံပြန်ကြဖို့နဲ့ မပြန်ပဲ ရှာတွေ့ခဲ့ရင် ဖမ်းဆီး အရေးယူမယ်လို့ ဒီနှစ်ဆန်းပိုင်းကတည်းက ကြေညာထားတာပါ။

ဒါပေမယ့်လဲ မလေးရှားခရီးသည် တင်လေယာဉ်ပျောက်ဆုံးချိန် ကစလို့ ရွှေ့ပြောင်းအလုပ်သမားတွေ ရှာဖွေဖမ်းဆီးမှု ခေတ္တရပ်တန့်သွားခဲ့ပြီး အခုရက်ပိုင်းတွေမှာ အဖမ်းအဆီးတွေ ပေါ်လာနေတာပါ။

အလုပ်ပွဲစားကတဆင့် CALLING ဆိုတဲ့အစီအစဉ်နဲ့ မလေးရှားမှာ လာရောက် အလုပ်လုပ်နေသူ မြန်မာနိုင်ငံသား (၁)သိန်းခွဲ ၀န်းကျင်လောက်ရှိပြီး ၊ တရားဝင်ရော တရားမ၀င်ပါ အားလုံးစုစုပေါင်း မြန်မာနိုင်ငံသား ၃သိန်း နီးပါး မလေးရှားနိုင်ငံမှာ အလုပ်လုပ်နေကြတယ်လို့ လူ့အခွင့်အရေးလှုပ်ရှားသူတွေက ခန့်မှန်းထားကြပါတယ်။

ဉာဏ်ဝင်းအောင် (ဗွီအိုအေမြန်မာပိုင်း)
တရားမဝင် နိုင်ငံခြားသား အလုပ်သမားတွေ ရှင်းလင်းဖို့ ပြီးခဲ့တဲ့လပိုင်း ကစပြီး မလေးရှားအစိုးရက စီမံချက်ချ ဆောင်ရွက်လာရာမှာ စနေနေ့ ညဥ့်နက်ပိုင်း အချိန်  ကွာလာလမ်ပူမြို့ဆင်ခြေဖုန်းက စားသောက် ဆိုင်တန်းမှာ ၀င်ရောက် ဖမ်းဆီးမှုတွေရှိခဲ့ပြီး မြန်မာရွှေ့ပြောင်း အလုပ်သမား(၄၀)ကျော် အဖမ်းခံ လိုက်ရပါ တယ်။ အကြောင်းစုံကို ကိုဥာဏ်ဝင်းအောင်က တင်ပြပါမယ်။

ယာဉ်အန္တရာယ် ကင်းရှင်းစေရန် ရန်ကုန် - မန္တလေး အမြန်လမ်းတွင် အမြန်နှုန်း တိုင်းတာရေးစက် အလုံး ၂၀ ထပ်မံတပ်ဆင်

Photo: ယာဉ်အန္တရာယ် ကင်းရှင်းစေရန် ရန်ကုန် - မန္တလေး အမြန်လမ်းတွင် အမြန်နှုန်း တိုင်းတာရေးစက် အလုံး ၂၀ ထပ်မံတပ်ဆင်
Sunday, May 4, 2014

 သတ်မှတ် မိုင်နှုန်းထက် ပိုမို မောင်းနှင်သော မော်တော်ယာဉ် များကို ယာဉ်အန္တရာယ် ကင်းရှင်း စေရေးအတွက် ယာဉ်အမြန်နှုန်း တိုင်းတာရေး စက်များဖြင့် စောင့်ကြည့်မှုမှာ ထိရောက်သဖြင့် ရန်ကုန် - မန္တလေး အမြန်လမ်းမ ပေါ်တွင် မြန်နှုန်း တိုင်းတာရေး စက် အလုံး ၂၀ ကို ထပ်မံ တပ်ဆင် ဆောင်ရွက် နေကြောင်း ရန်ကုန် - မန္တလေး အမြန်လမ်းမ ရှိ ရဲတပ်ဖွဲ့မှ သိရသည်။

ယခင်က အမြန်နှုန်း အရှိန်တိုင်းတာ ရေးစက် ၁၄ လုံး တပ်ဆင်ထားပြီး စက်ကိရိယာ များကို ထိုင်းနိုင်ငံမှ မှာယူ တင်သွင်းကာ မတ်လပိုင်းမှ စတင် လုပ်ဆောင် ခဲ့ကြောင်းလည်း သိရသည်။

အဆိုပါ အမြန်လမ်းမတွင် တစ်နာရီ ကီလိုမီတာ ၁၀၀ နှုန်းဖြင့် မောင်းနှင်ခွင့်ပြု ထားကြောင်း ၊ ယာဉ်မတော်တဆ မှုအများဆုံး ဖြစ်ပွားသော Light Truck ယာဉ်များကို တစ်နာရီလျှင် ကီလိုမီတာ ၈၀ နှုန်း ခွင့်ပြုထားပြီး သတ်မှတ်နှုန်းထက် ပိုမို မောင်းနှစ်ပါက မြန်နှုန်း တိုင်းတာ စောင့်ကြည့်စက် များမှ သတိပေး အချက်ပြမှု ပြုလုပ်သွားကာ မှတ်တမ်းတင် အရေးယူ သွားမည် ဖြစ်ကြောင်း သိရသည်။

အမြန်လမ်းမ တစ်လျှောက် ခရီးသွားများ လုံခြုံရေး အတွက် ရဲစခန်း ၁၅ ခု ၊ ရဲကင်း ၄၀ ဖြင့် စောင့်ကြပ်မှု ပေးထားပြီး အမြန်နှုန်း တိုင်းတာရေးစက် များကို မိုင်တိုင် ၁၁/၂ မှ စတင်ကာ မိုင်တိုင် ၃၅၂/၇ တို့ရှိ ကြား မိုင်တိုင် များတွင် အသွားအပြန် လမ်းများ၌ တပ်ဆင် ထားကြောင်း သိရှိရသည်။

(လင်းသစ်)

Themyawadydaily
သတ်မှတ် မိုင်နှုန်းထက် ပိုမို မောင်းနှင်သော မော်တော်ယာဉ်များကို ယာဉ်အန္တရာယ် ကင်းရှင်း စေရေး အတွက် ယာဉ်အမြန်နှုန်း တိုင်းတာရေး စက်များဖြင့် စောင့်ကြည့်မှုမှာ ထိရောက်သဖြင့် ရန်ကုန် - မန္တလေး အမြန် လမ်းမ ပေါ်တွင် မြန်နှုန်း တိုင်းတာရေး စက် အလုံး ၂၀ ကို ထပ်မံ တပ်ဆင် ဆောင်ရွက် နေကြောင်း ရန်ကုန် - မန္တလေး အမြန်လမ်းမ ရှိ ရဲတပ်ဖွဲ့မှ သိရသည်။

Sunday, May 4, 2014

၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင် ၆ လအလိုဖွဲ့စည်းပုံအပြီးပြင်ရန် သူရဦးရွှေမန်းပြောကြား

Photo: ၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင် ၆ လအလိုဖွဲ့စည်းပုံအပြီးပြင်ရန် သူရဦးရွှေမန်းပြောကြား
Sunday, May 4, 2014

မေလ ၁ ရက်နေ့တွင် အောင်မြင်စွာကျင်းပပြီးစီးခဲ့သည့် ရခိုင်အမျိုးသားညီလာခံပိတ်ပွဲ အခမ်းအနားသို့ပြည်ထောင်စု လွှတ်တော်နာယကသူရဦးရွှေမန်း  တက်ရောက်၍အမှာစကားပြော  ကြားရာ ၂၀၁၅ ရွေးကောက်ပွဲ မတိုင်ခင် ၆ လအလို၌ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကိုအပြီး ပြင်ဆင်ရေးဆွဲရန် ၎င်း၏သဘော ထားကိုပေးပြီးဖြစ်ကြောင်းပြော ကြားခဲ့သည်။
ရခိုင်အမျိုးသားညီလာခံမှ ထွက်ပေါ်လာသော နိုင်ငံရေး၊ ငြိမ်းချမ်းရေး၊ တည်ငြိမ်းအေးချမ်း  ရေး၊ ပြည်နယ်တွင်းစီးပွားရေးမူဝါ ဒများကို ရခိုင်တိုင်းရင်းသားရေး ရာဝန်ကြီးဦးဇော်အေးမောင်က တင်ပြအပြီးတွင်း ပြည်ထောင်စု လွှတ်တော်နာယကမှယင်းကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်သည်။
“အမျိုးသားပြန်လည်သင့်မြတ် ရေး၊ တည်ငြိမ်အေးချမ်းရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ တရား ဥပဒေစိုးမိုးရေးစကားတွေကျွန်တော် ပြောခဲ့တာရှိတယ်။ ၂၀၁၅ ရွေး ကောက်ပွဲမတိုင်ခင် ၆ လအလို မှာ ၂၀၀၈ ဖွဲ့စည်းပုံကိုအပြီးပြင် ဆင်ရေးဆွဲဖို့ကျွန်တော့်သဘော ထားကိုလည်းပေးပြီးဖြစ်ပါတယ်။ ရခိုင်ပြည်နယ်ကြီးဖွံ့ဖြိုးတိုးတက်ဖို့  ဆိုရင်ပြည်နယ်တွင်းတည်ငြိမ်အေး ချမ်းဖို့လိုပါတယ်။ တည်ငြိမ်အေး ချမ်းမှုမရှိဘဲနဲ့ ဖွံ့ဖြိုးတိုးတက်ဖို့ မဖြစ်နိုင်ပါဘူး။ ဖွံ့ဖြိုးတိုးတက် ရေးလုပ်ဖို့နေနေသာသာ၊ဖြစ်ပေါ် လာတဲ့ဒုက္ခသည်များကိုသက်သာ  အောင်ဆောင်ရွက်ပေးရ၊ ပြန်လည်  နေရာချထားရေးတွေဆောင်ရွက်  ပေးရနဲ့ သူများတွေရှေ့တစ်လှမ်း ပြီးတစ်လှမ်းတိုးနေတဲ့အချိန်မှာ နောက်ကြောင်းပြန်နေရတယ်။ ပြဿနာတစ်ခုဒုက္ခတစ်ခုတွေ့တိုင်း ဒီဟာကြီးကခက်ခဲတယ်ဆိုပြီး လက်မှိုင်ချအရှုံးပေးလို့တော့မဖြစ် ဘူး။ ရခိုင်သားတွေစည်းလုံးညီညွတ်  မှုတကယ်ရှိရင်အခက်အခဲကိုကျော် လွှားနိုင်မယ်ဒီနေရာမှာဥပဒေနဲ့ စည်းကမ်းကိုလည်းသိရမယ်။ စည်းကမ်းဆိုတာ တိုက်တွန်းမှု စည်းကမ်း၊တားမြစ်မှုစည်းကမ်း Do and Don't  ဖြစ်ပါတယ်”ဟု သူရဦးရွှေမန်းကဆိုသည်။
ရခိုင်အမျိုးသားညီလာခံမှ ပြည်ထောင်စုအစိုးရထဲတွင် တိုင်း ရင်းသားကိုယ်စားလှယ်များပါဝင် မှုအရေအတွက် သတ်မှတ်ပေးရေး၊  တရားစီရင်ရေးနှင့် ပြည်ထောင်စု စာရင်းစစ်အဖွဲ့များမှာလည်းတိုင်း ရင်းသားများပါဝင်ရေး၊ ပြည်နယ် ရဲတပ်ဖွဲ့များကိုလည်းသက်ဆိုင် ရာအစိုးရအဖွဲ့က တိုက်ရိုက်အုပ် ချုပ်ခွင့်ရရှိရေးတို့တောင်းဆိုလိုက်  ကြောင်း သိရသည်။    

Hot News
မေလ ၁ ရက်နေ့တွင် အောင်မြင်စွာကျင်းပပြီးစီးခဲ့သည့် ရခိုင်အမျိုးသားညီလာခံပိတ်ပွဲ အခမ်းအနား သို့ပြည်ထောင် စု လွှတ်တော်နာယကသူရဦးရွှေမန်း  တက်ရောက်၍အမှာစကားပြော  ကြားရာ ၂၀၁၅ ရွေးကောက်ပွဲ မတိုင်ခင် ၆ လအလို၌ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကိုအပြီး ပြင်ဆင်ရေးဆွဲရန် ၎င်း၏ သဘော ထားကိုပေးပြီးဖြစ်ကြောင်းပြော ကြားခဲ့သည်။

အသားထဲ စမတ်ဖုန်းအရွယ် Chip သွင်းသူ

Photo: အသားထဲ စမတ်ဖုန်းအရွယ် Chip သွင်းသူ
Sunday, May 4, 2014

SAW ရုပ်ရှင်မဟုတ်ပါဘူး။ တကယ့်အပြင်မှာ Tim Cannon လို့အမည်ရတဲ့ ဇီဝ ဗေဒ ပညာနဲ့ ဟက်ကာ ပညာတတ်ကျွန်းသူ ပုဂ္ဂိုလ်က ပြုလုပ်ခဲ့ခြင်း ဖြစ် ပါတယ်။
သူ့ရဲ့  စတန့်ထွင်မှုကြောင့်လည်း အင်တာနက် စာမျက်နှာတွေမှာ ရေပန်းစား သွား ပါတယ်။ အမတ်ဖုန်း အရွယ် ရှိတဲ့ Chip ကို လက်ထဲထည့်ပြီး ချုပ်ထားတာကို မြင်တွေ့ရမှာပါ။ Bluetooth Connection ရပြီး အပြင်က စမတ်ဖုန်းနဲ့ ဆက်သွယ်လို့ရအောင် လုပ်ထားပါတယ်။ အတွင်း က သွေးကြော လည်ပတ်မှုကို ခြေရာခံပြီး ပုံမှန်မဟုတ်ရင် (ဖျားရင်) စမတ်ဖုန်းကို လှမ်းအကြောင်းကြားပါတယ်။ ကိုယ်တွင်းက ကျန်းမာရေး အခြေအနေကို ပုံမှန် report လုပ်ပေးမယ့် ပစ္စည်းဖြစ်ကြောင်း ဆိုပါတယ်။
သို့ပေမယ့် သူထည့်ထားပုံက လန့်စရာကြီးပါ။ သာမန်လူတစ်ယောက်အနေနဲ့ သူလုပ်သလိုတော့ လိုက်လုပ်ကြမှာ မဟုတ်ပါဘူး။ အရွယ်လည်းသေးပြီး ထည့်ရလည်းလွယ်ကူမယ့် Chip မျိုးကိုတီထွင်လို့ ပြုလုပ်ဖို့ ရည်ရွယ်တယ်လို့ ဆိုပါတယ်။ အဲ့ဒီအခါကျရင် Chip တစ်ပြားထည့်ခြင်းအတွက် ဒေါ်လာ ၅၀၀ ယူမယ်လို့ ဆိုပါတယ်။ လက်ရှိ စမ်းသပ်ထားမှုကိုတောင် အခြား ပြုလုပ်ချင် သူများအတွက် ဒေါ်လာ ၂၀၀ နဲ့ ပြုလုပ်ပေးမယ်လို့ ဆိုပါတယ်။ သို့ပေမယ့် ဘယ်သူမှ မထည့်ရဲ ပါဘူး။
Skin Tatoo ဆိုပြီး ခေတ်စားနေချိန် Bio Hacker ဖန်တီးတဲ့ Tim Cannon ဟာလည်း လူစိတ်ဝင်စားမှု များလာကြောင်း သိရ ပါတယ်။

Ref:mashable
အောင်ခမ်း ( ရိုးရာလေး )
SAW ရုပ်ရှင်မဟုတ်ပါဘူး။ တကယ့်အပြင်မှာ Tim Cannon လို့အမည်ရတဲ့ ဇီဝ ဗေဒပညာနဲ့ ဟက်ကာ ပညာ တတ်ကျွန်းသူ ပုဂ္ဂိုလ်က ပြုလုပ်ခဲ့ခြင်း ဖြစ် ပါတယ်။

မျိုးမအောင်နိုင်တဲ့ အမျိုးသားတွေရဲ့ အရေပြားကနေ သုတ်ကောင် ဆဲလ် ဖန်တီးနိုင်

Photo: မျိုးမအောင်နိုင်တဲ့ အမျိုးသားတွေရဲ့ အရေပြားကနေ သုတ်ကောင် ဆဲလ် ဖန်တီးနိုင်
Sunday, May 4, 2014

မျိုးရိုဗီဇချို့ယွင်းမှုကြောင့် မျိုးမအောင်နိုင်တဲ့ အမျိုးသားတွေရဲ့ အရေပြားကနေ ကနဦးဆင့် သုတ်ကောင် ဆဲလ်တွေကို သိပ္ပံပညာရှင်တွေက ဖန်တီးနိုင်ခဲ့ပါတယ်။ သန္ဓေတည်ဖို့ သဘာဝ သုတ်ကောင် လုံလုံလောက်လောက် မထုတ်နိုင်တဲ့ အမျိုးသားတွေရဲ့ အရေပြားကနေ ဖန်တီးရယူခဲ့တာပါ။

သုတ်ကောင် မထုတ်လုပ်နိုင်တဲ့ အမျိုးသားတွေအတွက် ဒီနည်းပညာနဲ့ နောင်အနာဂတ်မှာ မျှော်လင့်ချက်တွေ သယ်ဆောင်လာပေးနိုင်မယ်လို့ သိပ္ပံပညာရှင်တွေက ယုံကြည်ထားပါတယ်။

သုတ်ကောင် ဖွံ့ဖြိုးမှုနဲ့ အမျိုးသား သန္ဓေမအောင်မှု ကုထုံးများ အတွက် လေ့လာရာမှာ သုတေသီတွေအတွက် ကိရိယာသစ် တစ်ရပ်ဖြစ်စေခဲ့ပါတယ်။ ‘ကျွန်တော်တို့ရဲ့ ရလဒ်တွေဟာ သုတ်ကောင်ဆဲလ်ဖွံ့ဖြိုးမှုကို လေ့လာဖို့ စမ်းသပ်မော်ဒယ် စရလိုက်တာပါပဲ။ ဒါ့ကြောင့် ဆေးရုံမှာ ဆဲလ်အခြေပြု ကုထုံးတွေ လုပ်ဖို့ အသုံးချမှုနိုင်မှုတွေအတွက် အလားအလာ ရှိပါတယ်။ ဥပမာ အရေအတွက်များများနဲ့ အရည်အသွေးကောင်းကောင်း ထုတ်လုပ်နိုင်ဖို့ပေါ့။ သုတ်ကောင်ထုတ်လုပ်ရာမှာ ပြဿနာရှိတဲ့ အမျိုးသားတွေရဲ့ ဝှေးစေ့အတွင်းကို ဆဲလ်ရိုးတံက ရလာတဲ့ မျိုးစေ့ဆဲလ်တွေ တိုက်ရိုက် အစားထိုးနိုင်ဖို့ အလားအလာ ရှိပါတယ်။” လို့ Standford တက္ကသိုလ်က ဦးဆောင်သုတေသီ ဒေါက်တာ Reijo Pera ကပြောပြခဲ့ပါတယ်။

Ref:dailymail.co.uk
Trend Myanmar
မျိုးရိုဗီဇချို့ယွင်းမှုကြောင့် မျိုးမအောင်နိုင်တဲ့ အမျိုးသားတွေရဲ့ အရေပြားကနေ ကနဦးဆင့် သုတ်ကောင် ဆဲလ်တွေကို သိပ္ပံပညာရှင်တွေက ဖန်တီးနိုင်ခဲ့ပါတယ်။ သန္ဓေတည်ဖို့ သဘာဝ သုတ်ကောင် လုံလုံလော က်လောက် မထုတ်နိုင်တဲ့ အမျိုးသားတွေရဲ့ အရေပြားကနေ ဖန်တီးရယူခဲ့တာပါ။

တစ်ပတ်အတွင်း သစ်ခိုးထုတ်မှုတန်ချိန် တစ်ထောင်ကျော်ဖမ်းမိ

Photo: တစ်ပတ်အတွင်း သစ်ခိုးထုတ်မှုတန်ချိန် တစ်ထောင်ကျော်ဖမ်းမိ
Sunday, May 4, 2014

ပြည်ပသို့ သစ်အလုံး လိုက်တင်ပို့မှု ရပ်ဆိုင်းပြီးနောက် ရက်ပိုင်းအတွင်း တရားမဝင်သစ် ခိုးထုတ်မှု စံချိန်တင်ဖမ်းဆီးရရှိမိ ခဲ့ကြောင်း ပတ်ဝန်းကျင်ထိန်း သိမ်းရေးနှင့် သစ်တောရေးရာဝန် ကြီးဌာနမှ သတင်းရရှိသည်။

ပြည်ပသို့ သစ်အလုံးလိုက် တင်ပို့မှုရပ်ဆိုင်းပြီး တစ်ပတ်အ တွင်း ပြည်နယ်နှင့် တိုင်းဒေသ ကြီးများမှ တရားမဝင်သစ်တန် ချိန် တစ်ထောင်ကျော် ဖမ်းဆီးရရှိ ခဲ့ခြင်းဖြစ်သည်။ ယင်းပမာဏ သည် ပြည်ပသို့ သစ်အလုံးလိုက် တင်ပို့မှုမရပ်ဆိုင်းမီ လတစ်လ၏ သစ်ခိုးထုတ်မှုဖမ်းဆီးရရှိခြင်းနှင့် နှိုင်းယှဉ်ပါက အနည်းငယ်သာ ကွာဟနေခြင်းဖြစ်သည်။

‘‘ပုံမှန်ကာလတွေထက်များ တယ်။ အရင်တုန်းက ရက်တိုတို နဲ့ အဲဒီလောက်မဖမ်းမိဘူး’’ဟု စီမံဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

တမလန်းသစ်များပေါက် ရောက်သည့် စစ်ကိုင်းတိုင်းဒေသ ကြီးတွင် သစ်တန်ချိန်လေးရာ ကျော် ဖမ်းဆီးရရှိခဲ့ပြီး ကျန်ဒေသ များထက် ပိုများသည်။ တရုတ် နိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်နေ သည့် ရှမ်းပြည်နယ်သည် သစ်ခိုး ထုတ်မှု ဒုတိယအများဆုံးဖြစ် သည်။

‘‘ကချင်ပြည်နယ်မှာ အဲဒီ လောက် ဘယ်ဖမ်းရမလဲ။ သူ့ နယ်မှာ တရုတ်ပို့လွန်းလို့ တမလန်းသစ် မကျန်တော့တာ။ သူ့ဆီမှာ မကျန်တော့လို့ ဒီဘက် ပင်လယ်ဘူးမှာ အခုလာလာခုတ် ကြတယ်။ ခုတ်ထားတဲ့သစ်တွေ ကို ဧရာဝတီမြစ်ကျော်ပြီး ကချင် ပြည်နယ်ဘက်ပို့ကြတယ်။ အဲဒီ ကတစ်ဆင့် တရုတ်ကိုပို့ကြ တယ်’’ဟု ပင်လယ်ဘူးခရိုင်၊ ဝန်း သိုမြို့နယ် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့မှ ဦးအောင် ကျော်စိုးက ပြောသည်။

တရားမဝင်သစ်ခိုးထုတ်မှု များ ဖမ်းဆီးရရှိသော်လည်း ပိုင် ရှင်မဲ့သစ်များဖြစ်နေခြင်းမှာ သံသယဖြစ်ဖွယ်ရှိနေပြီး ယင်း အချက်ကို ဖော်ထုတ်ဖြေရှင်းမှ သာ တရားမဝင်သစ်ခိုးထုတ်ခြင်း ကို အရေးယူနိုင်သည့်ဥပဒေများ အသက်ဝင်လာမည်ဟု သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးလှုပ် ရှားသူ Green Network မှ ဦးစောမိုးမြင့်က ပြောသည်။

‘‘ကားတွေနဲ့ အလုံးအရင်း ဖမ်းမိပေမယ့် အများအားဖြင့် ကားသမားတွေဖြစ်နေတယ်။ ဖမ်း မိတဲ့သူတွေဟာ အကိုင်းအခက် တွေဖြစ်နေတယ်။ ခေါင်ကြီးတွေ က လွတ်နေတယ်။ အဲဒါတွေ ဖမ်း ဆီးဖော်ထုတ်နိုင်မှသာ အောင် မြင်မယ်လို့ထင်ပါတယ်’’ ဟု ဦးစောမိုးမြင့်က ပြောသည်။

ပြည်ပသို့ သစ်အလုံးလိုက် တင်ပို့မှုရပ်ဆိုင်းခြင်း၊ အဖမ်း အဆီးများလာခြင်းတို့ကြောင့် နယ်စပ်သို့တင်ပို့သည့် သစ်ကား များအရေအတွက်နည်းသွား သောကြောင့် တရုတ်နယ်စပ်တွင် တမလန်းသစ်များ ဈေးမြင့်ခဲ့ သည်။ သစ်ဈေးမြင့်လာမှုကြောင့် တရားမဝင်သစ်ခိုးထုတ်သူများ များလာခဲ့သည်ဟု ပင်လယ်ဘူး ခရိုင်မှ ဒေသခံများက ပြောသည်။

သစ်အလုံးလိုက်တင်ပို့မှုရပ် ဆိုင်းသော်လည်း ရှမ်းပြည်နယ် (မြောက်ပိုင်း)တရုတ်နယ်စပ် မူဆယ်မြို့နယ် တောလမ်းများမှ တစ်ဆင့် အလုံးလိုက်သော်လည်း ကောင်း၊ ခွဲခြမ်းစိတ်ဖြာပြီးသော် လည်းကောင်း ခိုးဝှက်၍ သစ်တင်ပို့နေသည်မှာ တစ်ရက်လျှင် ကားအစီး နှစ်ဆယ်ကျော်ရှိကြောင်း မူဆယ်မြို့ခံတစ်ဦးကပြောသည်။

7Day DAILY
ပြည်ပသို့ သစ်အလုံး လိုက်တင်ပို့မှု ရပ်ဆိုင်းပြီးနောက် ရက်ပိုင်းအတွင်း တရားမဝင်သစ် ခိုးထုတ်မှု စံချိန်တင်ဖမ်းဆီးရရှိမိ ခဲ့ကြောင်း ပတ်ဝန်းကျင်ထိန်း သိမ်းရေးနှင့် သစ်တောရေးရာဝန် ကြီးဌာနမှ သတင်းရရှိသည်။

တရုတ်နိုင်ငံတွင် ဆောက်လက်စ တံတားပြိကျ၊ လူ ၁၁ ဦး သေဆုံး

Photo: တရုတ်နိုင်ငံတွင် ဆောက်လက်စ တံတားပြိကျ၊ လူ ၁၁ ဦး သေဆုံး
Sunday, May 4, 2014

တရုတ်နိုင်ငံ ကွမ်တုံပြည်နယ် ကောင်းကျိုးမြို့ပြင်က တစိတ်တပိုင်း ပဲ ဆောက်လက်စ တံတားခုံးတခု မေလ ၃ ရက်နေ့က ပြိုကျခဲ့လို့လူ ၁၁ ယောက် သေဆုံးပြီး ၁၅ ယောက် ဒဏ်ရာရပါတယ်။

China၅ ယောက်က ပွဲချင်းပြီး သေဆုံးတာ ဖြစ်ပြီး တခြား ၆ ယောက်ကတော့ ဒဏ်ရာတွေကြောင့် ဆေးရုံမှာ သေဆုံးတာလို့ လက်ခံကုသပေးတဲ့ ဒေသခံဆေးရုံက ဆိုပါတယ်။

ဒဏ်ရာရသူ ၁၅ ယောက်ထဲက ၈ ယောက်ကတော့ အခြေအနေ စိုးရိမ်ရတယ်လို့ ဆေးရုံဝန်ထမ်းတွေက ပြောပါတယ်။

သေဆုံးသူတွေကတော့ ပြိုကျချိန်မှာ တံတားပေါ်မှာ ရှိနေတဲ့ ဆောက်လုပ်ရေး လုပ်သားတွေဖြစ်ပါတယ်။ ဒီတံတားဆောက်ဖို့ ခွင့်ပြုချက် မကျသေးဘဲ ရွာကောင်စီက ခွင့်ပြုချက်မရှိဘဲ ဆောက်ခဲ့တာလို့ အာဏာပိုင်တွေက ပြောပါတယ်။

ဒီတံတားဟာ လမ်းကွေ့နဲ့နီးပြီး အနားမှာလည်း တခြားမြစ်ကူးတံတားတစင်း ရှိပြီးသားပါ။ တံတားအရှည် ပေ ၆၀ လောက် ပြိုကျခဲ့လို့ အပျက်အစီးတွေက မြစ်ကြမ်းပြင်မှာ ပြန့်ကျဲနေပြီး မြစ်ကြောင်း ပိတ်ဆို့ကုန်တယ်လို့ မီဒီယာတွေက အစီရင်ခံပါတယ်။

တံတားပြိုကျရတဲ့ အကြောင်းအရင်းကိုတော့ စုံစမ်းစစ်ဆေးနေဆဲလို့ ဒေသခံ အာဏာပိုင်တွေက ပြောပါတယ်။

ဒီဗွီဘီ
တရုတ်နိုင်ငံ ကွမ်တုံပြည်နယ် ကောင်းကျိုးမြို့ပြင်က တစိတ်တပိုင်း ပဲ ဆောက်လက်စ တံတားခုံးတခု မေလ ၃ ရက်နေ့က ပြိုကျခဲ့လို့လူ ၁၁ ယောက် သေဆုံးပြီး ၁၅ ယောက် ဒဏ်ရာရပါတယ်။

နေ့စဉ်တရားထိုင်ဖြစ်တယ်ဆိုတဲ့ Emma Stone

Photo: နေ့စဉ်တရားထိုင်ဖြစ်တယ်ဆိုတဲ့ Emma Stone
Sunday, May 4, 2014 

Emma Stone တစ်ယောက်နေ့တိုင်း တရားထိုင်တယ်လို့ဆိုပါတယ်။

The Amazing Spider-Man 2 ရဲ့မင်းသမီးဟာ ပူပန်သောကဖြစ်စေတဲ့အတွေးတွေနဲ့ အမြဲတန်းရုန်းကန်နေရသူဖြစ်ပါတယ်။ ဒါပေမယ့် ဒီစိတ်ငြိမ်စေတဲ့နည်းလမ်းကိုသုံး၊ စိတ်ကိုလေ့ကျင့်ပေးပြီး အဲဒီ့ပြသနာတွေကိုဖြေရှင်းနိုင်လာပြီလို့ဆိုပါတယ်။

‘ကျွန်မဇန်န၀ါရီက စပြီးတရားထိုင်တာ။ ဒါကျွန်မဘ၀ကို လုံးဝပြောင်းလဲပစ်တဲ့အရာပါပဲ။ ကျွန်မတော်တော်လေးနှစ်သက်ပါတယ်။ တစ်နေ့ကို တစ်ကြိမ်ဒါမှမဟုတ်နှစ်ကြိမ် ကျွန်မတရားထိုင်တယ်။ ဒါကျွန်မရဲ့စိတ်အတွက် အကောင်းဆုံးအရာဖြစ်လာပါတယ်။ ကျွန်မက တစ်ကိုယ်တည်း စိုးရိမ်ပူပန်မှုတွေ ရတတ်တယ်’ လို့ ပြောပါတယ်။

New York မြို့ Manhattan အရပ်မှာ အခြေချနေထိုင်တာဟာ သူမရဲ့စိုးရိမ်စိတ်တွေကို ငြိမ်းအေးစေနိုင်မယ်လို့ လည်း အသက် ၂၅ နှစ်အရွယ် Emma ကယုံကြည်နေပါတယ်။

‘ကျွန်မပြီးခဲ့တဲ့နှစ်က အိမ်မရှိခဲ့ဘူး။ New York မှာအိမ်ဌားပြီးနေလာတာ ငါးနှစ်ရှိပြီ။ ကျွန်မဟိုတယ်မဟုတ်တဲ့နေရာမှာနေနေတာပါ။ ကျွန်မအရမ်းစိတ်လှုပ်ရှားပါတယ်’ လို့ပြောပါတယ်။

Ref:starpulse.com
Trend Myanmar
Emma Stone တစ်ယောက်နေ့တိုင်း တရားထိုင်တယ်လို့ဆိုပါတယ်။

မိုးရွာစေရန် ပြည်မြို့တွင် လွန်ဆွဲ

Photo: မိုးရွာစေရန် ပြည်မြို့တွင် လွန်ဆွဲ
Sunday, May 4, 2014

ပဲခူးတိုင်းဒေသကြီး အနောက်ပိုင်း ပြည်မြို့တွင် ဧပြီလ နောက်ဆုံးပတ်မှစ၍ နေ့အပူချိန်မှာ ၄၀ ဒီဂရီစင်တီဂရိတ် ဝန်းကျင်အထိ အပူလွန်ကဲမှုများ မြင့်တက်လျက် ရှိသောကြောင့် မိုးရွာသွန်းစေရန် ရည်ရွယ်၍ ဧပြီလ နောက်ဆုံးပတ်မှ စတင်ကာ လွန်ဆွဲပွဲများ ဆက်တိုက် ပြုလုပ်လျက် ရှိကြောင်း ဒေသခံများထံမှ သိရှိရသည်။

ဧပြီလ ၂၇ နှင့် ၂၈ ရက်တို့တွင် ပြည်မြို့ သုခကုသိုလ်ဖြစ် ဆေးခန်းတွင် နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးကျော်သူ ကိုယ်တိုင် ပါဝင်သည့် လွန်ဆွဲပွဲများ ပြုလုပ်ခဲ့ပြီးနောက် မေလ ၃ ရက်နေ့ ထပ်မံ လွန်ဆွဲပွဲ ပြုလုပ်ခဲ့ပြီးနောက် ၎င်းတို့က ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ရိုးရာယဉ်ကျေးမှုအရ လုပ်တယ်။ ခုချိန်ထိ ပိတောက်ပွင့်နိုင်တဲ့ မိုးတောင် မရွာသေးဘူး။ မနှစ်ကတော့ လွန်ဆွဲပြီး နောက်နေ့ မိုးရွာတယ်။ ရာသီဥတုက အရမ်းပူနေတော့ ခုလည်း မိုးရွာမယ်လို့တော့ မျှော်လင့်တယ်” ဟု ရွာဘဲနယ် မြေအောင်သုခ ရပ်ကွက်တွင် နေထိုင်သည့် ဦးတင့်ဖေက ပြောဆိုသည်။

“သဘာဝပတ်ဝန်းကျင် ပျက်စီးလာလို့ အပူချိန် မြင့်တက်လာပြီး မိုးခေါင်တယ်။ ဒီလိုဖြစ်နေရတာတွေက လူတွေရဲ့ နေထိုင်ပြုမူမှုကြောင့် ဖြစ်နေတာပါ၊ ဒီပုံစံကို ဆင်ခြင်ရမယ်။ သဘာဝပတ်ဝန်းကျင်ကို ပိုမိုထိန်းသိမ်းရမယ်” ဟု အစိမ်းရောင်မျိုးဆက် အတွင်းရေးမှူး ဦးမျိုးညိမ်းဇော်က မှတ်ချက်ပြုသည်။

အပူရှိန်မြင့်တက်မှုကြောင့် ပြည်မြို့တွင် သေဆုံးသူ အနည်းငယ် ပိုလာပြီး နာရေးကူညီမှုအသင်းများ အနေနှင့် တစ်ရက်လျှင် လူ ၁၀ ဦးခန့်ထိ နာရေးကူညီမှု ပြုလုပ်ပေးနေရကြောင်း မိုးမေတ္တာ နာရေးကူညီမှုအသင်း အဖွဲ့ဝင် ဦးညီညီအောင်က ပြောကြားသည်။
“ကျွန်တော်တို့က ဆရာဝန် မဟုတ်တော့ ဒီလူတွေက အပူကြောင့် သေရပါတယ်လို့ တထစ်ချ မပြောနိုင်ဘူး။ အပူချိန် မြင့်တဲ့အတွက် နာရေးလမ်းကြောင်းကတော့ စိပ်လာတာတော့ အမှန်ပဲ” ဟု ၎င်းကပြောဆိုသည်။

ယခုကဲ့သို့ အပူချိန် လွန်ကဲမှုများ ရှိသော်လည်း ပြည်မြို့ အထွေထွေရောဂါကု ဆေးရုံကြီးတွင် အပူဒဏ်ကြောင့် တိုက်ရိုက် ဖြစ်ပွားသည့် အပူရှပ်ရောဂါ လက္ခဏာဖြင့် သေဆုံးသူ မရှိဘဲ အရက်သောက်သုံးသူများနှင့် သက်ကြီးရွယ်အို အချို့သာ ဆုံးပါးမှုရှိကြောင်း ယင်းဆေးရုံကြီး မှတ်တမ်းများအရ သိရှိရသည်။

The Voice Weekly
ပဲခူးတိုင်းဒေသကြီး အနောက်ပိုင်း ပြည်မြို့တွင် ဧပြီလ နောက်ဆုံးပတ်မှစ၍ နေ့အပူချိန်မှာ ၄၀ ဒီဂရီ စင်တီဂရိတ် ဝန်းကျင်အထိ အပူလွန်ကဲမှုများ မြင့်တက်လျက် ရှိသောကြောင့် မိုးရွာသွန်းစေရန် ရည်ရွယ်၍ ဧပြီလ နောက်ဆုံးပတ်မှ စတင်ကာ လွန်ဆွဲပွဲများ ဆက်တိုက် ပြုလုပ်လျက် ရှိကြောင်း ဒေသခံများထံမှ သိရှိရသည်။

NDF ပါတီ ကြားဖြတ်ရွေးကောက်ပွဲ တစ်နိုင်ငံလုံး ၁၅ နေရာ ဝင်ပြိုင်မည်

Photo: NDF ပါတီ ကြားဖြတ်ရွေးကောက်ပွဲ တစ်နိုင်ငံလုံး ၁၅ နေရာ ဝင်ပြိုင်မည်
Sunday, May 4, 2014

အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ (NDF) အနေနှင့် တစ်နိုင်ငံလုံး လစ်လပ်မဲဆန္ဒနယ် ၃၀ ကျော်တို့တွင် ၁၅ နေရာခန့် ဝင်ရောက်အရွေးခံမည် ဖြစ်ကြောင်း မန္တလေးတိုင်း NDF ပါတီ လူငယ်တာဝန်ခံက ပြောကြားသည်။

မန္တလေးတိုင်းတွင် လစ်လပ် နှစ်နေရာ ရှိနေရာ ခရိုင်အဆင့်တွင်သာ ဝင်ရောက် အရွေးခံမည့် ကိုယ်စားလှယ်လောင်းကို ရွေးချယ်ထားပြီး တိုင်းအဆင့် ဝင်ရောက်ယှဉ်ပြိုင်ရန် ကိုယ်စားလှယ်လောင်း မရှိသေးကြောင်း ၎င်းကဆိုသည်။

၂၀၁၅ ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်း ရွေးချယ်နေပြီး ရွေးကောက်ပွဲ မဲဆွယ်ရေးအတွက် သင်တန်းများ ပေးနေကြောင်း၊ ပါတီဝင်အင်အား တစ်သိန်းကျော် ရှိသည့် NDF ပါတီ ပဉ္စမအကြိမ်မြောက် ညီလာခံကို မန္တလေးမြို့တွင် ပထမဆုံးအကြိမ်အဖြစ် ကျင်းပသွားမည် ဖြစ်ကြောင်း အဆိုပါ ပါတီထံမှ သိရသည်။

အထက်မြန်မာပြည်အတွက် ရည်ရွယ်ကာ မန္တလေးမြို့တွင် ကျင်းပခြင်း ဖြစ်ပြီး ပါတီညီလာခံကို ခြောက်လတစ်ကြိမ် ကျင်းပလေ့ ရှိသည်။

တိုင်းရင်းသားပါတီ ၁၉ ပါတီတို့ စုပေါင်းဖွဲ့စည်း တည်ထောင်ထားသည့် ဖက်ဒရယ်ပြည်ထောင်စု ပါတီက ယခုနှစ်အတွင်း ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် မန္တလေးမြို့နှင့် ရန်ကုန်မြို့ရှိ လစ်လပ် လေးနေရာတွင် ဝင်ရောက် ယှဉ်ပြိုင်သွားမည် ဖြစ်သည်။ ယင်းအပြင် မန္တလေးမြို့ရှိ လစ်လပ်မဲဆန္ဒနယ်တွင် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီက ဝင်ရောက် ယှဉ်ပြိုင်သွားမည် ဖြစ်ပြီး NLD ပါတီအနေနှင့် ရွေးကောက်ပွဲ ကျင်းပမည့်ရက် တရားဝင် မကြေညာသေးသည့် အတွက် ဝင်ရောက် ယှဉ်ပြိုင်ရေးအတွက် ပြင်ဆင်ထားမှု မရှိသေးကြောင်း အဆိုပါ ပါတီများထံမှ စုံစမ်းသိရှိရသည်။

The Voice Weekly
အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ (NDF) အနေနှင့် တစ်နိုင်ငံလုံး လစ်လပ်မဲဆန္ဒနယ် ၃၀ ကျော်တို့တွင် ၁၅ နေရာခန့် ဝင်ရောက်အရွေးခံမည် ဖြစ်ကြောင်း မန္တလေးတိုင်း NDF ပါတီ လူငယ်တာဝန်ခံ က ပြော ကြားသည်။

တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် အမှတ်အများဆုံး ရရှိသူ ၂၀ ဦးကို ဂျပန်နိုင်ငံသို့ လေ့လာရေးခရီး စေလွှတ်မည်

မြန်မာနိုင်ငံ ၌ ပြီးခဲ့သည့် ၂၀၁၄ ခုနှစ် မတ်လတွင် ကျင်းပခဲ့သော တက္ကသိုလ် ၀င်တန်း စာမေးပွဲ ကို ပြည်နယ် နှင့် တိုင်းဒေသကြီး အသီးသီး၌ ၀င်ရောက် ဖြေဆိုခဲ့ကြသော ကျောင်းသား ကျောင်းသူများ ထဲမှ အမှတ်အများဆုံး ဦးရေ ၂၀ ကို မြန်မာနိုင်ငံ ဆိုင်ရာ ဂျပန်သံရုံး ၏ အစီအစဉ် ဖြင့် ဂျပန်နိုင်ငံ သို့ သီတင်းတစ်ပတ်ကြာ လေ့လာရေးခရီး ပို့ဆောင် ပေးမည် ဖြစ်ကြောင်း သိရသည်။

ရခိုင်သယံဇာတ ၄၀ ရာခိုင်နှုန်းကို ပြည်နယ်ဖွံ့ဖြိုးရေး လုပ်ရန် ရခိုင်အမျိုးသားညီလာခံ တောင်းဆို

Photo: ရခိုင်သယံဇာတ ၄၀ ရာခိုင်နှုန်းကို ပြည်နယ်ဖွံ့ဖြိုးရေး လုပ်ရန် ရခိုင်အမျိုးသားညီလာခံ တောင်းဆို 
Sunday, May 4, 2014

သဘာဝဓာတ်ငွေ့များကို တရုတ်နိုင်ငံသို့ ပို့လွှတ်နေပြီ ဖြစ်သည့် ရခိုင်ပြည်နယ်က ထွက်ရှိသည့် သယံဇာတများမှ ရရှိသည့် အကျိုးအမြတ်များ၏ အနည်းဆုံး ၄၀ ရာခိုင်နှုန်းကို ပြည်နယ် ဖွံ့ဖြိုးရေးအတွက် အသုံးပြုရန် ကျောက်ဖြူမြို့တွင် ကျင်းပသည့် ရခိုင်အမျိုးသားညီလာခံက ချမှတ်သည့် မူဝါဒမူကြမ်းတွင် ထည့်သွင်းထားကြောင်း အဆိုပါ ညီလာခံကို တက်ရောက်လာသည့် မြို့နယ် ကိုယ်စားလှယ်များထံမှ သိရှိရသည်။

ယင်းအပြင် ရခိုင်ပြည်နယ်က ထွက်ရှိသည့် သဘာဝဓာတ်ငွေ့ကို အသုံးပြုကာ လျှပ်စစ်မီတာခ ဈေးနှုန်း သက်သာစွာဖြင့် ရခိုင်တစ်ပြည်နယ်လုံး လျှပ်စစ်မီး ၂၄ နာရီ ရရှိရန်၊ ရခိုင်သယံဇာတများကို ရခိုင်လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ရခိုင်ပြည်သူလူထုက လွတ်လပ်စွာ ဆုံးဖြတ်ပိုင်ခွင့်နှင့် ကိုယ်ပိုင်စီမံခွင့် ရရှိရန် စသည့် အချက်များလည်း ပါဝင်ကြောင်း မြို့နယ် ကိုယ်စားလှယ်များက ပြောကြားသည်။

ရခိုင်အမျိုးသားညီလာခံက နိုင်ငံရေး၊ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်အေးချမ်းရေး၊ လူမှုစီးပွား၊ သဘာဝသယံဇာတ ခွဲဝေသုံးစွဲမှုနှင့် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ စီမံခန့်ခွဲမှုများနှင့် ပတ်သက်၍ မူဝါဒ ၁၆ ချက် ချမှတ်ထားကြောင်း၊ ယင်းမူဝါဒများတွင် ပါဝင်သည့် အသေးစိတ် အချက်အလက်ကို အပြီးသတ်ရန် ဆွေးနွေးနေဆဲ ဖြစ်၍ မူကြမ်း အဆင့်တွင်သာ ရှိနေသေးပြီး မကြာမီ ပြည်သူလုထုကို ချပြသွားမည် ဖြစ်ကြောင်း ညီလာခံ ဖြစ်မြောက်ရေး ဦးဆောင်ကော်မတီမှ အဖွဲ့ဝင် ဦးခိုင်သုခက ပြောကြားသည်။

မူဝါဒမူကြမ်းတွင် ရခိုင်ပြည်နယ်တွင် လုံခြုံရေးအင်အားကို လက်ရှိ အခြေအနေထက် သုံးဆ တိုးမြှင့်ပေးရန်၊ ကမ်းရိုးတန်း လုံခြုံရေးအတွက် ရေတပ်များကို ပြည်နယ်အစိုးရက တိုက်ရိုက်စီမံခွင့် အခွင့်အာဏာပေးရန်၊ မောင်တော၊ ဘူးသီးတောင်တို့တွင် ရခိုင်ရပ်ရွာများ တိုးချဲ့ရန်နှင့် လုံခြုံရေး အထူးစီမံချက်ချ ဆောင်ရွက်ရန်၊ နယ်စပ်လုံခြုံရေးအတွက် မွတ်ဆလင် မဟုတ်သည့် ဒေသခံ တိုင်းရင်းသားများကို ပြည်သူ့စစ်တပ် ဖွဲ့စည်း၍ အစိုးရ ကာကွယ်ရေးတပ်များ၊ ရဲတပ်ဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ရန်၊ ကမ်းရိုးတမ်းနှင့် ပင်လယ်ပြင် လုံခြုံရေးအတွက် အဆင့်မြင့် လက်နက်များ၊ နည်းပညာများအပြင် ကမ်းရိုးတမ်း အမြန်ယာဉ်နှင့် အဆင့်မြင့် ရေတပ်သင်္ဘောများ၊ ကင်းလှည့်ရေယာဉ်များ၊ ရေဒါစခန်းများကို တိုးမြှင့်ပေးရန် အချက်များလည်း ပါဝင်သည်ကို တွေ့ရှိရသည်။

ရခိုင်အမျိုးသားညီလာခံက ချမှတ်သည့် မူဝါဒများကို အကောင်အထည်ဖော်ရန် လွှတ်တော်၊ နိုင်ငံတော်သမ္မတ၊ ပြည်နယ်အစိုးရ၊ မီဒီယာ၊ နိုင်ငံတကာ သံတမန်များ စသည်တို့က နည်းလမ်းမျိုးစုံ အသုံးပြ၍ လုပ်ဆောင်သွားမည် ဖြစ်ပြီး ယင်းအချက်များကို အစိုးရက အကောင်အထည် မဖော်ပါက လူထုတိုက်ပွဲဖြင့်ပါ တောင်းဆိုမည် ဖြစ်ကြောင်း ညီလာခံဖြစ်မြောက်ရေး ဦးဆောင်ကော်မတီမှ ဦးလှစောက ပြောဆိုသည်။
“ဆုံးဖြတ်ချက်တွေက လေထဲမှာ ပျောက်သွားမှာ မဟုတ်ပါဘူး။ လူထုတစ်ရပ်လုံးရဲ့ သဘောထားဖြစ်တဲ့ ဒီမူဝါဒတွေကို နိုင်ငံရေး အင်အားစုတွေက ရတဲ့နည်းလမ်းနဲ့ တောင်းဆိုသွားမယ်” ဟု ၎င်းကဆိုသည်။

ရခိုင်အမျိုးသား ညီလာခံက ချမှတ်သည့် မူဝါဒများကို အကောင်အထည်ဖော်ရန် မူဝါဒ ဦးဆောင် ကော်မတီတစ်ရပ်ကို ဖွဲ့စည်းထားပြီး ဖြစ်ပြီး ရန်ကုန်မြို့တော်တွင်လည်း မကြာမီကာလတွင် ရုံးခန်း ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း ယင်းကော်မတီထံမှ သိရှိရသည်။

နှစ်ပေါင်း ၆၀ ကျော်အတွင်း တစ်ကျော့ပြန် ကျင်းပသည့် ရခိုင်အမျိုးသား ညီလာခံကို ဧပြီလ ၂၇ ရက်နေ့မှ မေလ ၁ ရက်နေ့အထိ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့တွင် ကျင်းပခဲ့ပြီး လူပေါင်း ၁၅၀၀ ကျော် တက်ရောက်ခဲ့သည်။

The Voice Weekly
သဘာဝဓာတ်ငွေ့များကို တရုတ်နိုင်ငံသို့ ပို့လွှတ်နေပြီ ဖြစ်သည့် ရခိုင်ပြည်နယ်က ထွက်ရှိသည့် သယံဇာတ များမှ ရရှိသည့် အကျိုးအမြတ်များ၏ အနည်းဆုံး ၄၀ ရာခိုင်နှုန်းကို ပြည်နယ် ဖွံ့ဖြိုးရေးအတွက် အသုံးပြု ရန် ကျောက်ဖြူမြို့တွင် ကျင်းပသည့် ရခိုင်အမျိုးသားညီလာခံက ချမှတ်သည့် မူဝါဒမူကြမ်းတွင် ထည့် သွင်း ထားကြောင်း အဆိုပါ ညီလာခံကို တက်ရောက်လာသည့် မြို့နယ် ကိုယ်စားလှယ်များထံမှ သိရှိရသည်။

ကချင်ပြည်နယ် အစိုးရအဖွဲ့ ရုံးဝန်ထမ်းနှစ်ဦး လက်နက်ကိုင်များ ဖမ်းဆီး

ကချင်ပြည်နယ် အစိုးရအဖွဲ့ ရုံးတွင် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းနှစ်ဦးကို အမည်မသိ လက်နက် ကိုင် အဖွဲ့ အစည်းတစ်ခုမှ အာလမ်ကျေးရွာအုပ်စု အတွင်းရှိ ဒွန်ဂန်ကျေးရွာ မြစ်ကြီးနား-ဆွမ်ပရာဘွမ် လမ်း မကြီးလမ်းပိုင်း တစ်နေရာတွင် မေလ ၃ ရက်နေ့ နေ့လယ် ၁၁ နာရီခွဲ အချိန်ခန့်က ဖမ်းဆီး ခေါ်ဆောင် သွားခဲ့ကြောင်း အာလမ်ကျေးရွာ ဒေသခံများနှင့် မျက်မြင်တွေ့ရှိသူများထံမှ သိရှိရသည်။