အမေရိကန်နိုင်ငံဖလော်ရီဒါပြည်နယ်ရှိပင်လယ်ရေမျက်နှာပြင်အောက်ရှားပါးပစ္စည်းများစုဆောင်းရှာ ဖွေရေး ကုမ္ပဏီမှသမိုင်းဝင်အတ္တလန်္တိတ်သမုဒ္ဒရာရှိ
သင်္ဘောပျက်အားရှာဖွေစဉ် ကာလတန်ကြေး အမေရိကန်ဒေါ် လာ ၁ ဒသမ ၃သန်း တန်ကြေးရှိ
ရွှေ ၁၀၀၀ အောင်စကို တွေ့ရှိခဲ့ရသည်ဟု မေလ ၆ ရက်က ရိုက်တာ သတင်းတစ်ရပ်တွင်
ဖော်ပြထားသည်။အဆိုပါ သင်္ဘောပျက်အား အခြားကုမ္ပဏီတစ်ခုမှ
ပြန်လည်တူးဖော်မှု ကို ရပ်ဆိုင်းခဲ့ပြီးနောက် ၁၉၉၁ ခုနှစ် မှ စတင်၍
ရှာဖွေတူးဖော်ခဲ့ခြင်း မရှိတော့ကြောင်း Tempa-based Odyssey Marine ပင်လယ်
ရေ အောက်ရှာဖွေရေးကုမ္ပဏီက မေလ ၅ ရက်က ပြောကြားသည်။ သင်္ဘော မှာ ၁၈၅၇ခုနှစ်တွင်
ရွှေ ၂၁တန် နှင့်အတူ ကယ်ရိုလိုင်းနားတောင်ဘက်တွင်
ဟာရီကိန်းမုန်တိုင်းကြောင့် နစ်မြုပ်ခဲ့ခြင်းဖြစ်ပြီး အမေရိကန်
ဘဏ်လုပ်ငန်းများအတွက် ထိခိုက်နစ်နာမှုများ ဖြစ်ပေါ်စေခဲ့သည်။
တူးဖော်ရရှိခဲ့သော ရွှေများတွင် ရွှေချောင်း ငါးချောင်းနှင့် ၁၈၅၇ ခုနှစ်က ဆန်ဖရန်စ္စကိုနှင့် ၁၈၅၀ ခုနှစ် ဖီ လာဒဲလ် ဖီးရားမြို့တွင် ရိုက်နှိပ်သည့် ဒေါ်လာ ၂၀ တန် သိမ်းငှက်ညီနောင် ဒင်္ဂါးပြား နှစ်ပြား ပါဝင်ခဲ့သည်။ ရွှေချောင်းများ၌ ထုတ်လုပ်သူ၏ တံဆိပ်ဖြစ်သော “assay-mark”ကို ရိုက်နှိပ်ထားပြီး ၉၆ ဒသမ ၅ ထရိုင် အောင်စမှ ၃၁၃ ဒသမ ၅ ထိ အလေးချိန် ရှိသည်။ဒေါ်လာ ၂၀ တန် သိမ်းငှက်ညီနောင် ဒင်္ဂါးမှာ စုဆောင်းသူများထံတွင် ဒေါ်လာ ၅၀၀၀ တန်ကြေးရှိကြောင်းOdyssey ကုမ္ပဏီ၏ အရာရှိချုပ် မက်ခ်ဂေါ်ဒွန်က ပြောကြားခဲ့သည်။
Mizzima - News in Burmese

တရုတ်နိုင်ငံ ဘေဂျင်းမှာတော့ Scooter နဲ့ ကုန်တင်ကား တိုက်မိခဲ့ပြီး Scooter စီးလာတဲ့ တရုတ်ကျောင်းသူ လမ်းမပေါ် ပြုတ်ကျခဲ့ပါတယ်။
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် နေပြည်တော် ကေ
မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး အရေးပေါ် အခြေအနေ နိုင်ငံစာရင်းထဲမှာ
ဆက်လက်ထည့်သွင်းဖို့နဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပိတ်ဆို့ဒဏ်ခတ်မှုတွေ
ဆက်လုပ်ဖို့ အမေရိကန်သ
မျိုးစောင့်ဥပဒေ မူကြမ်းရေးဆွဲရန် ပြင်ဆင်နေခြင်းနှင့်ပတ်သက်ပြီး
အမျိုးသမီး အဖွဲ့များနှင့် အရပ်ဘက် လူ့မှုအဖွဲ့အစည်း ၉၇ အဖွဲ့ က ကြေညာချက်
ထုတ်ပြန်ပြီး ကန့်ကွက် ကြသည်။
တစ်စီးရဲ့ တန်ဖိုးက အမေရိကန်ဒေါ်လာ သန်း ၂၂၃ ဝန်းကျင် ရှိပြီး ယင်းဟာ ၁၉၉၈
ခုနှစ်က ဒေါ်လာဈေးနဲ့ တွက်ခြင်း ဖြစ်ပါတယ်။ ယနေ့ဆိုရင် အတော် များမှာပါ။
စုစုပေါင်းလို့မှလည်း အစီးရေ ၄ စီးပဲ ရှိပါတယ်။ လေယာဉ်ရဲ့ ရည်ရွယ်ချက်ကလည်း
ကမ္ဘာပျက်မတက် ပျက်ဆီးနေချိန်မှာ အမေရိကန် ထိပ်သီး ခေါင်းဆောင် များကို
ကယ်ဆယ်ဖို့ ဖြစ်ပါတယ်။ အဓိက အားဖြင့် သမ္မတကို ကယ်မှာ ဖြစ်ပါတယ်။ တစ်စီး
တစ်စီးမှာ လိုက်ပါ နိုင်တဲ့ လူဦးရေ ပမာဏ ကတော့ ၄၈ ဦးကနေ အများဆုံး ၁၀၀
ကျော်လည်း လိုက်ပါ နိုင်ပါတယ်။
ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊
ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့်
မွန်ပြည်နယ်တို့တွင် မေလ ဒုတိယပတ်အတွင်း ၃၅ ဒီဂရီစင်တီ ဂရိတ်မှ ၄၁
ဒီဂရီစင်တီဂရိတ်အထိ ရောက်ရှိမည် ဖြစ်ပြီး ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်း
များမှာလည်း မကွေးမြို့တွင် ၁၄ ဒသမ ၁၊ ရန်ကုန်မြို့တွင် ၁၃ ဒသမ ၄၊
ကော့သောင်း မြို့တွင် ၁၃ ဒသမ ၈ နှင့် မော်လမြိုင် မြို့တို့တွင် ၁၃ ဒသမ ၂
အထိ မြင့်တက်နိုင်ကြောင်း ၎င်းကပြောဆိုသည်။