Sunday, August 10, 2014

ကျိုင်းတုံ၌ မှောင်ခိုစစ်ဆေးနေသည့် Mobile Team အဖွဲ့တစ်ဖွဲ့ ရုပ်သိမ်း

နယ်စပ်ကုန်သွယ်ရေး စခန်းတစ်ခု ဖွင့်လှစ်ထားသည့် မြန်မာ-တရုတ်နယ်စပ် ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့ ဝင်၊ ထွက်ပေါက်များ၌ ၂၀၁၄ ခုနှစ် ဇွန်လ ၂၆ ရက်မှ စတင်ကာ မှောင်ခိုကုန်ပစ္စည်းများ စစ်ဆေးလျက်ရှိသည့် Mobile Team အဖွဲ့များကို သြဂုတ်လ ၇ ရက်နေ့က ရုပ်သိမ်းပေးလိုက်ကြောင်း ယင်းမြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု အဖွဲ့နှင့် ကုန်သည်ကြီးများထံမှ သိရှိရသည်။

ဂျီအက်စ်အမ်ဖုန်း ငွေဖြည့်သုံးစွဲမှုအများဆုံး လူငါးသောင်းခန့်ကို ဆက်သွယ်ရေးက ဆမ်းမ်ကတ် သုံးခုရောင်းမည်

Photo: ဂျီအက်စ်အမ်ဖုန်း ငွေဖြည့်သုံးစွဲမှုအများဆုံး လူငါးသောင်းခန့်ကို ဆက်သွယ်ရေးက ဆမ်းမ်ကတ် သုံးခုရောင်းမည်
Suanday, August 10, 2014

GSM မိုဘိုင်းဖုန်း ငွေဖြည့်သုံးစွဲမှုအများဆုံး လူ ငါးသောင်းဝန်းကျင်ကို E-Lite ဆိုင်များတွင် ၁၅၀၀ ကျပ်တန် WCDMA ဆင်းမ်ကတ်သုံးခု သွားရောက်ဝယ်ယူနိုင်မည့် အစီအစဉ်တစ်ခု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းကဆောင်ရွက်နေကြောင်း သတင်းရရှိသည်။

GSMသုံးစွဲသူများထဲမှအများဆုံး ငွေဖြည့်သုံးစွဲသူများကို သြဂုတ် ၇ ရက်မှစတင်၍ ရွေးချယ်ပြီး မက်ဆေ့ခ်ျပို့မည်ဖြစ်ပြီးထိုမက်ဆေ့ခ်ျ တစ်စောင်ပြ၍ ဆင်းမ်ကတ်သုံးကတ် သွားရောက်ဝယ်ယူနိုင်ရန် ဆောင်ရွက်ထားခြင်းဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း မိုဘိုင်း အင်ဂျင်နီယာမှူးကြီး ဦးအောင်ကျော်သက်က ပြောသည်။
‘‘မက်ဆေ့ခ်ျရတဲ့သူက လမ်း ညွှန်ထားတဲ့ ဖုန်းကို ဆက်ပြီး ကိုယ်နဲ့နီးစပ်ရာ E-Lite ဆိုင်မှာ သွားဝယ်လို့ရပါတယ်’’ ဟု ဦး အောင်ကျော်သက်က ပြောသည်။
မိုဘိုင်းဖုန်းသုံးစွဲမှု အများ ဆုံးအနက် တစ်ရာခိုင်နှုန်းခန့်သာ ကနဦးရွေးချယ်ပြီး မက်ဆေ့ခ်ျများ ပေးပို့ခြင်းဖြစ်ပြီး ၁၅၀၀ ကျပ်တန် WCDMA မိုဘိုင်းဆင်းမ်ကတ် သုံး ကတ်ကို E-Lite ဆိုင်ခွဲများတွင် ၀ယ်ယူနိုင်မည်ဖြစ်ကြောင်း ၎င်း က ပြောသည်။ 

မက်ဆေ့ခ်ျပို့ရာတွင် လမ်း ညွှန်ထားသည့် ဖုန်းနံပါတ်နှင့် 1876 Call Center များသို့ ဖုန်း ဆက်မေးမြန်းနိုင်ပြီး ရရှိထား သည့် မက်ဆေ့ခ်ျကို ပြသ၍ နီး စပ်ရာ မြို့နယ်ရှိ E-Lite ဆိုင်ခွဲ များတွင် ၀ယ်ယူနိုင်မည်ဖြစ် ကြောင်း သိရသည်။
‘‘ဖုန်းနံပါတ်နဲ့ မက်ဆေ့ခ်ျကို သေချာပြောရင် ဘယ်နေရာမှာ အနီးစပ်ဆုံး ၀ယ်လို့ရမလဲဆိုတာ ပြောပေးပါတယ်။ MPT က ပို့ ထားတဲ့ မက်ဆေ့ခ်ျတော့ လုံးဝ ဖျက်လို့ မရပါဘူး။ အဲဒါကိုပြပြီး ဆိုင်မှာ သွားထုတ်ရမှာပါ’’ ဟု 1876 Call Center မှ တာဝန်ရှိ သူတစ်ဦးက ပြောသည်။
မက်ဆေ့ခ်ျတွင် လမ်းညွှန် ထားသည့် ဖုန်းနံပါတ်မှတစ်ဆင့် ကြိုတင်စာရင်း ပေးသွင်းရမည် ဖြစ်ပြီး မြန်မာ့ဆက်သွယ်ရေးလုပ် ငန်းတွင် ၀ယ်ယူနိုင်ပြီဖြစ်ကြောင်း အကြောင်းကြားသည့် မက်ဆေ့ခ်ျ ထပ်မံဝင်ရောက်မည့် အချိန်မှသာ ၁၅၀၀ ကျပ်ဖြင့် သွားရောက်ဝယ် ယူနိုင်မည်ဖြစ်သည်။

7Day Daily 

ဖုန်းငွေဖြည့်နေသူတစ်ဦး (ဓာတ်ပုံ - ကျော်ဇင်သန်း)
ဖုန်းငွေဖြည့်နေသူတစ်ဦး (ဓာတ်ပုံ - ကျော်ဇင်သန်း)
GSM မိုဘိုင်းဖုန်း ငွေဖြည့်သုံးစွဲမှုအများဆုံး လူ ငါးသောင်းဝန်းကျင်ကို E-Lite ဆိုင်များတွင် ၁၅၀၀ ကျပ်တန် WCDMA ဆင်းမ်ကတ်သုံးခု သွားရောက်ဝယ်ယူနိုင်မည့် အစီအစဉ်တစ်ခု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းကဆောင်ရွက်နေကြောင်း သတင်းရရှိသည်။

အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ မျက်နှာစုံညီ အစည်းအဝေးနှင့် သီးသန့် အစည်းအဝေး ကျင်းပ

Photo: အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ မျက်နှာစုံညီ အစည်းအဝေးနှင့် သီးသန့် အစည်းအဝေး ကျင်းပ
Suanday, August 10, 2014 

အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ မျက်နှာစုံညီ အစည်းအဝေးနှင့် သီးသန့် အစည်းအဝေး တို့ကို ယနေ့ ညနေပိုင်းတွင် နေပြည်တော်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန (၁) (MICC-I) ၌ ဆက်လက် ကျင်းပခဲ့သည်။ အစည်းအဝေးတွင် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဝဏ္ဏမောင်လွင်က သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပြီး အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများနှင့် အာဆီယံ အတွင်းရေးမှူးချုပ်တို့ တက်ရောက်ကြသည်။ အစည်းအဝေးတွင် (၂၄) ကြိမ်မြောက် အာဆီယံ ထိပ်သီး အစည်းအဝေး၏ နောက်ဆက်တွဲ လုပ်ငန်းစဉ်များ၊ တောင်တရုတ်ပင်လယ်တွင်း နိုင်ငံများ လိုက်နာ ဆောင်ရွက်ရမည့် ကြေညာစာတမ်း အကောင်အထည် ဖော်နေမှု လုပ်ငန်းစဉ်နှင့် အာဆီယံ အသိုက်အဝန်း အကောင်အထည်ဖော်မှု ဖြစ်ပေါ် တိုးတက်မှုများ၊ လူ့အခွင့်အရေးနှင့် စပ်လျဉ်းသည့် အာဆီယံ အစိုးရချင်း ဆိုင်ရာ ကော်မရှင်၏ ၂ဝ၁၄ ခုနှစ် အစီရင်ခံစာကို မှတ်တမ်းတင်ခြင်း၊ ၂ဝ၁၅ ခုနှစ် လုပ်ငန်း အစီအစဉ် များနှင့် ဘဏ္ဍာငွေ တို့ကို အတည်ပြုခြင်း၊ အာဆီယံ နော်ဝေ မိတ်ဖက် အစီအစဉ် ဆိုင်ရာ ပူးတွဲ ကြေညာချက် တစ်ရပ်ကို အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများက နော်ဝေ ဒုတိယ နိုင်ငံခြားရေး ဝန်ကြီးနှင့် အတူ အတည်ပြုခြင်းနှင့် ဒေသတွင်းနှင့် နိုင်ငံတကာ ကိစ္စရပ်များ၊ ဒေသတွင်း ဖွဲ့စည်း တည်ဆောက်ပုံနှင့် ပြင်ပ ဆက်ဆံရေး ကိစ္စရပ်များကို ဆွေးနွေး ခဲ့ကြသည်။ ထို့ပြင် အာဆီယံ ငြိမ်းချမ်းရေးနှင့် ပြန်လည် သင့်မြတ်ရေး ဌာန ဖြစ်စဉ်များနှင့် ဦးဆောင် ဦးရွက် အစီအစဉ်များ ဆိုင်ရာ စာအုပ် မိတ်ဆက်ခြင်း အစီအစဉ် တို့ကို ပြုလုပ် ခဲ့ကြကြောင်း သိရသည်။

အစည်းအဝေးတွင် သဘာပတိ ပြည်ထောင်စု ဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ဆက်လက် ကျင်းပမည့် အာဆီယံနှင့် ဆွေးနွေးဖက် နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေး၊ (၁၅) ကြိမ်မြောက် အာဆီယံ+၃ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေး၊ (၂၁) ကြိမ်မြောက် အာဆီယံ ဒေသဆိုင်ရာ ဖိုရမ်နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေး၊ (၄) ကြိမ်မြောက် အရှေ့အာရှ ထိပ်သီး အစည်းအဝေးဆိုင်ရာ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးများနှင့် စပ်လျဉ်းသည့် ကြိုတင် ပြင်ဆင်မှုများ ကိုလည်း ရှင်းလင်း ဆွေးနွေး ခဲ့သည်။

မြ၀တီ
အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ မျက်နှာစုံညီ အစည်းအဝေးနှင့် သီးသန့် အစည်းအဝေး တို့ကို ယနေ့ ညနေပိုင်းတွင် နေပြည်တော်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန (၁) (MICC-I) ၌ ဆက်လက် ကျင်းပခဲ့သည်။

မိန်းကလေးတွေ သူတို့ ရည်းစားကို လိမ်ပြောတတ်တဲ့ အချက်(၆) ချက်

Photo: မိန်းကလေးတွေ သူတို့ ရည်းစားကို လိမ်ပြောတတ်တဲ့ အချက်(၆) ချက်
Suanday, August 10, 2014 

အလုပ်တစ်ခုခုကို လျှောက်တော့မယ်ဆိုရင် ကိုယ့်လုပ်ငန်းရှင်တွေကို သင့်ရဲ့ ကိုယ်ရေးအကျဉ်းချုပ်လှအောင် လိမ်သင့်ရင် လိမ်ရသလို ဒုတိယတစ်ခေါက် ထပ်အခေါ်ခံရဖို့ ပထမနေ့ချိန်တွေ့တဲ့အချိန်မှာ ကိုယ့်အကြောင်းကို အနည်းငယ်လောက်သာ ဖော်ပြရပါတယ်။ ထိုနည်းအတိုင်း သင့်ရည်းစားလည်း သင့်အပေါ်လုပ်ကောင်းလုပ်ခဲ့ပါလိမ့်မယ်။

(၁)ကျွန်မက အားကစားဝါသနာအိုးကြီးတစ်ယောက်ပါ
အားကစားကို စွဲလန်းရူးသွပ်တဲ့ အမျိုးသမီး အမြောက်အများရှိကြတယ်။ ဒါပေမဲ့ အမျိုးသမီးအများအပြားကတော့ ဒါကို လုံးဝကို စိတ်ဝင်စားမှုမရှိကြပါဘူး။ ပြဿနာက သူတို့ ဟာ တီဗီဖန်သားပြင်ရှေ့မှာ အကြာကြီး အချိန်ကိုဖြုန်းတီးနေကြရတာကိုပါပဲ။ ဒါကို ပျော်နေသလို ထင်နေရပေမဲ့ စိတ်ထဲမှာတော့ တစ်နည်းနည်းနဲ့ သူတို့ ထွက်ပေါက်ရချင်နေကြပါတယ်။ တချို့သော အမျိုးသမီးတွေက အဲ့ဒါကို ကောင်လေးတွေ စိတ်ဝင်စားမှုရတဲ့ အချက်လို့ယုံကြည်ကြတယ်။ သူနှစ်သက်တဲ့အရာကို သူလည်း သဘောကျပေးရမယ်ပေါ့။ တကယ်တော့ အဲဒီနည်းလမ်းက မမှန်ကန်ပါဘူး။ တစ်ယောက်နဲ့တစ်ယောက် ချစ်ခြင်းမေတ္တာတွေပေးရမယ့်အချိန်မှာ သင်ပျော်ရွှင်မှုရအောင် သူမက ESPN ကို ဆက်ကြည့်ပေးနေမယ်ဆိုရင် မပျော်ရွှင်မှုတွေ ထပ်ပြီးဖြစ်လာဖို့ပဲ ရှိတော့တယ်လို့ Behavioral scientist and dating expert Christie Hartman( Ph.D.,) ကပြောဆိုခဲ့ပါတယ်။

(၂) လွတ်လပ်မှုကို နှစ်သက်တယ်
သူမရဲ့ လွတ်လပ်မှုကို သူမတန်ဖိုးထားတာ အမှန်ပဲဖြစ်တယ်။ ဒါပေမဲ့ သူမတကယ် ကြိုက်နှစ်သက်တဲ့အရာတွေကို ဇွတ်အတင်း အရယူလိုက်မှာ မဟုတ်ပါဘူး။ သူတို့ကို လွတ်လပ်မှု အရမ်းပေးလိုက်တဲ့အခါမှာ အမျိုးသမီးတွေက သူတို့ ကို ဂရုစိုက်မခံရဘူးလို့ ခံစားကြတယ်။

(၃) ကျွန်မ အမြဲတမ်း ပျော်ရွှင်တယ်
သူမနဲ့ လက်တွဲတဲ့အစပိုင်းမှာတော့ သူမက လက်တွေကိုဖြုတ်ရဲမှာမဟုတ်ဘူး။ ဒါပေမဲ့ အခုလည်း သူမ အရင်အတိုင်းဆက်ဖြစ်နေတယ်။ အမျိုးသမီးတွေက သူတို့ လက်တွဲဖော်တွေအကြောင်းကို ဒီလိုနေရာမျိုးမှာ အရမ်းသတိထားတတ်ကြတယ်။ စိတ်ထိခိုက်မှုမရစေချင်ဘူး။

(၄) မိန်းမလေးသူငယ်ချင်းအများကြီးရှိတာ ကောင်းပါတယ်
သီအိုရီအရတော့ မိန်းကလေးတွေက ယောက်ျားလေးတွေကို မိတ်ဆွေသူငယ်ချင်းအဖြစ်နဲ့ ခင်ကြတယ်။ တကယ်တမ်းကျတော့ ယောက်ျားလေးနဲ့ မိန်းကလေးသူငယ်ချင်းမိတ်ဆွေတွေဖြစ်လာရင် မနာလိုမှုတွေဖြစ်လာတတ်တယ်။ ဒါပေမဲ့ တစ်ယောက်ယောက်ကို ဂရုစိုက်ပေးတဲ့တအခါမှာ မနာလိုမှု အတိုင်းအတာတစ်ခုထိ ရှိတာ သဘာဝဖြစ်ပါတယ်။ မွေးရာပါလည်းဖြစ်တယ်။

(၅) ကျွန်မကို ဂရုစိုက်ပေးစရာမလိုပါဘူး

ဂရုစိုက်မှုကို မလိုလားတဲ့ မိန်းကလေးတစ်ယောက်နေနဲ့တော့ ဒီစကားကို နှုတ်ကဖွင့်ပြောနေမှာတောင် မဟုတ်ပါဘူး။ ဒါပေမဲ့ သင့်လက်တွဲဖော်က စည်းကမ်းတွေ သတ်မှတ်ထားပြီး သူမက အဆင်ပြေတယ်လို့ အမြဲတမ်းပြောနေမယ်ဆိုရင် တစ်စုံတစ်ခုဖြစ်လာနိုင်ပါတယ်။ တောင်းဆိုရမှာကို အခက်အခဲဖြစ်စေနိုင်တယ်၊ (သို့) ဂရုစိုက်မှုလိုချင်တယ်လို့ ပြောရမှာကို အခက်တွေ့ပါလိမ့်မယ်။ ပထမချိန်းတွေ့တဲ့နေ့မှာ တောင်းဆိုမှုတွေဘာမှ မပြောဘဲ သင်သာပြောနေမယ်၊ သူဆီက ဘာမှမကြားခဲ့ဘူးဆိုရင် အဲဒါက ပြဿနာတစ်ခုဖြစ်ပါတယ်။

(၆) ကျွန်မအဆင်ပြေပါတယ်
သူမအနေနဲ့ ဒေါသကို ထုတ်ဖော်မှာ မဟုတ်ပါဘူး။ သဘောထားကြီးကြီးနဲ့ သူ့ဒေါသကို သူဖုံးကွယ်ဖို့ကြိုးစားတယ်။ အဟုတ်ကို အဟုတ်တိုင်းပြောတာက ဒေါသတွေ၊ ဆန့်ကျင်မှုတွေဖြစ်စေတတ်တယ်။ ဒါကြောင့် အဆင်ပြေတယ်လို့ ပြောလိုက်တာက အမှန်ကို ပြောတာထက်လွယ်ကူတယ်။ 

Source: menshealth.com
Trend Myanmar
အလုပ်တစ်ခုခုကို လျှောက်တော့မယ်ဆိုရင် ကိုယ့်လုပ်ငန်းရှင်တွေကို သင့်ရဲ့ ကိုယ်ရေးအကျဉ်းချုပ် လှအောင် လိမ်သင့်ရင် လိမ်ရသလို ဒုတိယ တစ်ခေါက် ထပ်အခေါ်ခံရဖို့ ပထမနေ့ချိန်တွေ့တဲ့အချိန်မှာ ကိုယ့် အကြောင်းကို အနည်းငယ်လောက်သာ ဖော်ပြရပါတယ်။ ထိုနည်းအတိုင်း သင့်ရည်းစားလည်း သင့်အပေါ် လုပ်ကောင်းလုပ်ခဲ့ပါလိမ့်မယ်။

Nagasaki နျူကလီယားဗုံးကြဲမှု ၆၉ နှစ်မြောက်နေ့

Photo: Nagasaki နျူကလီယားဗုံးကြဲမှု ၆၉ နှစ်မြောက်နေ့
Suanday, August 10, 2014 

ဒီကနေ့ ဂျပန်နိုင်ငံ နာဂါဆာကီ မြို့မှာ အဏုမြူဗုံး အကြဲခံရတဲ့ ၆၉ နှစ်မြောက် နှစ်ပတ်လည် အခမ်းအနားကို ကျင်းပနေပါတယ်။ ဒီအခမ်းအနားကို လူထောင်ပေါင်းများစွာ တက်ရောက်လာကြပါတယ်။

နာဂါဆာကီမြို့မှာရှိတဲ့ ငြိမ်းချမ်းရေးပန်းခြံကို ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးနဲ့အတူ ဂျပန်နိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး ကာရိုလင်း ကနေဒီ အပါအဝင် အသက်ကြီးရင့်ပြီဖြစ်တဲ့ အဲဒီအချိန်က အသက်မသေဘဲကျန်ရစ်ခဲ့သူတွေ၊ အစိုးရ တာဝန်ရှိသူတွေအပြင် အခြားနိုင်ငံတွေရဲ့ နိုင်ငံ့ကိုယ်စားပြု ကိုယ်စားလှယ်တွေလည်း တက်ရောက်ကြတာပါ။  

နာဂါဆာကီမြို့တော်ဝန် Tomihisa Taue ရဲ့ လူထုကိုပြောတဲ့ မိန့်ခွန်းမှာတော့ ဂျပန်အနေနဲ့ ငြိမ်းချမ်းရေးလမ်းစဉ်ကို မစွန့်လွှတ်ဖို့နဲ့ ဝန်ကြီးချုပ် ရှင်ဇီုအာဘေးအစိုးရကို ပြည်သူတွေရဲ့စကားကို နားထောင်ဖို့ပါ တိုက်တွန်းသွားပါတယ်။

နိုင်ငံခြားတိုင်းပြည်တွေကို ကာကွယ်ဖို့နဲ့ပင်လယ်ပြင်မှာ ပိုကြီးမားတဲ့ အခန်းကဏ္ဍကနေ ပါဝင်ဖို့ ဂျပန်အစိုးရရဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး ဂျပန် နိုင်ငံအတွင်းမှာလည်း သဘောထားကွဲပြားမှု တွေဖြစ်ပေါ်နေတာပါ။

ဗွီအိုအေ (မြန်မာဌာန)
ဒီကနေ့ ဂျပန်နိုင်ငံ နာဂါဆာကီ မြို့မှာ အဏုမြူဗုံး အကြဲခံရတဲ့ ၆၉ နှစ်မြောက် နှစ်ပတ်လည် အခမ်းအနားကို ကျင်းပနေပါတယ်။ ဒီအခမ်း အနားကို လူထောင်ပေါင်းများစွာ တက်ရောက်လာကြပါတယ်။

Ebola ဗိုင်းရပ်စ် ပြန့်ပွားမှုကြောင့် ဂီနီနိုင်ငံ နယ်စပ်တွေ ပိတ်

Photo: Ebola ဗိုင်းရပ်စ် ပြန့်ပွားမှုကြောင့် ဂီနီနိုင်ငံ နယ်စပ်တွေ ပိတ်
Suanday, August 10, 2014 

Ebola ရောဂါအဆိုးဆုံးဖြစ်ပွားနေတဲ့ အနောက်အာဖရိကနိုင်ငံတွေက Ebola virus ပျံ့နှံ့မှုကို တားဆီးနိုင်ဖို့ တိုးမြှင့်ဆောင်ရွက်နေကြပါတယ်။

လိုက်ဘေးရီးယားနဲ့ Sierra Leone နိုင်ငံတို့ရဲ့ နယ်စပ်ဂိတ်တွေအားလုံးကို ပိတ်လိုက်တယ်လို့ ဂီနီနိုင်ငံက စနေနေ့က ကြေညာပါတယ်။ ဒီနိုင်ငံ ၃
နိုင်ငံလုံးမှာ Ebola ကြောင့် သေဆုံးသူပေါင်း တစ်ထောင်နီးပါး ရှိနေပါတယ်။

နောက်ဆုံးသေဆုံးသူတွေထဲကတယောက်က စပိန် Catholic သာသနာပြုအဖွဲ့နဲ့ လိုက်ဘေးရီးယားမှာ လုပ်အားပေးနေတဲ့ Congo သီလရှင် တယောက်ဖြစ်ပါတယ်။ Nigeria နိုင်ငံမှာလည်း Ebola ကြောင့် သေဆုံးသူ ၂ ယောက်ထက် မနည်းရှိပါပြီ။

ရောဂါပြဿနာကို ကိုင်တွယ်နိုင်ရေး နောက်ထပ်ဘဏ္ဍာငွေသုံးစွဲနိုင်ဖို့ လိုက်ဘေးရီးယား၊ Sierra Leone၊ ဂီနီနဲ့ Nigeria နိုင်ငံတွေမှာ အရေးပေါ် အခြေအနေတွေ ထုတ်ပြန် ကြေညာထားပါတယ်။ အနောက်အာဖရိကမှာ အခုပျံ့နှံ့နေတဲ့ Ebola ရောဂါကူးစက်မှုဟာ အရင်ဒီ Virus ကြောင့် ကူးစက်မှုတွေအားလုံးထက်ကို ပိုပြီး မြန်ဆန်တဲ့နှုန်းနဲ့ ကူးစက်နေတာဖြစ်ပါတယ်။ ဒီရောဂါကုသနိုင်ဖို့ ကုသနည်းရော ဆေးဝါးပါ မရှိသေးပါဘူး။

ဗွီအိုအေ (မြန်မာဌာန) 

အဏုကြည့်မှန်ပြောင်းမှာ တွေ့မြင်ရတဲ့ အီဘိုလာ ဗိုင်းရပ်စ်ပိုး ပုံသဏ္ဍန် (သြဂုတ် ၈၊ ၂၀၁၄)
အဏုကြည့်မှန်ပြောင်းမှာ တွေ့မြင်ရတဲ့ အီဘိုလာ ဗိုင်းရပ်စ်ပိုး ပုံသဏ္ဍန် (သြဂုတ် ၈၊ ၂၀၁၄)
Ebola ရောဂါအဆိုးဆုံးဖြစ်ပွားနေတဲ့ အနောက်အာဖရိကနိုင်ငံတွေက Ebola virus ပျံ့နှံ့မှုကို တားဆီးနိုင်ဖို့ တိုးမြှင့်ဆောင်ရွက်နေကြပါတယ်။

မြန်မာ့ပြုပြင်ရေး John Kerry ချီးကျူး

Photo: မြန်မာ့ပြုပြင်ရေး John Kerry ချီးကျူး
Suanday, August 10, 2014 

မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွေဟာ ကောင်းမွန်တဲ့ ရလဒ်တွေကြောင့် အမေရိကန်ပြည်ထောင်စုအနေနဲ့ ချီးကျူးကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး John Kerry က ပြောဆိုလိုက်ပါတယ်။ ဦးသိန်းစိန်အစိုးရအနေနဲ့ စစ်ဗိုလ်ဟောင်းတွေနဲ့အတူ ဒေါ်အောင်ဆန်းစုကြည်ပါဝင်တဲ့ လွှတ်တော်နဲ့ အတူတကွ လုပ်ကိုင်နေကြတာဟာ အလားအလာကောင်းဖြစ်တယ်လို့ ပြောပါတယ်။ သမ္မတဦးသိန်းစိန်ကတော့ မြန်မာ့ပြုပြင် ပြောင်းလဲရေးဟာ နောက်ကြောင်း ပြန်မလှည့်နိုင်ဘူးလို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး John Kerry ကို အသိပေးပြောဆိုလိုက်ပါတယ်။ အပြည့်အစုံကို ကိုစည်သူက တင်ပြပေးထားပါတယ်။

“မြန်မာ အစိုးရရဲ့ အသွင်ကူးပြောင်းရေးနဲ့  ပြုပြင်ပြောင်းလဲရေးမှာ ရရှိထားတဲ့ ကိစ္စတွေကို အထင်မကြီးဘဲ နေဖို့ မဖြစ်နိုင်ပါဘူး။ ဒီနေ့မှာ သမ္မတ ဦးသိန်းစိန်ဟာ အရင် စစ်ဗိုလ်ဟောင်းတွေနဲ့ အတူ ဒေါ်အောင်ဆန်းစုကြည်ပါ ပါဝင်တဲ့ လွှတ်တော်နဲ့ လက်တွဲ အလုပ်လုပ်နေပါတယ်။ ဖြစ်နိုင်တဲ့ အလားအလာလည်း အများကြီး တွေ့ရပါတယ်။ ရှေ့မှာ ရင်ဆိုင်ရမယ့် စိန်ခေါ်မှုတွေကို မြန်မာနိုင်ငံ ကိုင်တွယ် ဖြေရှင်းတဲ့ နေရာမှာ အမေရိကန် သမ္မတရဲ့ ထောက်ခံမှုကို ရရှိနေပါတယ်ဆိုတဲ့ အကြောင်း မြန်မာပြည်သူတွေကို အသိပေးပြောကြားလိုပါတယ်။” လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး John Kerry က ပြောပါတယ။်

နေပြည်တော်မှာကျင်းပနေတဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးအတွင်း အာဆီယံနဲ့ - အမေရိကန်ပြည်ထောင်စု သီးသန့် ဆွေးနွေးပွဲမှာ အခုလို ပြောဆိုလိုက်တာပါ။ ဒါ့အပြင် အာဆီယံဒေသတွင်း အငြင်းပွားကိစ္စဖြစ်နေတဲ့ တောင်တရုတ်ပင်လယ်အရေးနဲ့ပတ်သတ်လို့ နိုင်ငံတကာရဲ့ စည်းမျဉ်း စည်းကမ်းတွေအတိုင်းပဲ ငြိမ်းချမ်းစွာ ညှိနိုင်းဖြေရှင်းကြဖို့ တိုက်တွန်းသွားပါတယ်။

အမေရိကန် ပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီး John Kerry ဟာ ဒီကနေ့မနက်မှာ သမ္မတ ဦးသိန်းစိန်နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေဟာ နောက်ကြောင်းပြန်လှည့်ဖို့ မရှိဘူးလို့ ၀န်ကြီး Kerry ကို ပြောဆိုလိုက်ကြောင်း သမ္မတရုံး ပြောခွင့်ရပုဂ္ဂိုလ် ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က ပြောပါတယ်။

“ဆွေးနွေးပွဲများအတွင်းမှာတော့ မြန်မာနိုင်ငံ၊ နိုင်ငံတော်သမ္မတကြီးအနေနဲ့ မြန်မာနိုင်ငံမှာ ဆောင်ရွက်နေတဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေဟာ နောက်ကြောင်းပြန်လှည့်ဖို့ မရှိဘူး၊ ရှေ့ကိုပဲ ဆက်သွားဖို့ရှိတယ်။ ဒီလို ရှေ့ဆက်သွားနိုင်အောင်လည်း အမေရိကန်အပါအဝင် နိုင်ငံတကာက ပါဝင်ပူးပေါင်း ဆောင်ရွက်ပေးဖို့ လိုအပ်တယ်ဆိုတာကို ပြောကြားခဲ့ပါတယ်။ အမေရိကန်နိုင်ငံအနေနဲ့ကလည်း ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများရဲ့ အောင်မြင်မှုကို သူတို့အနေနဲ့ ချီးလည်းချီးကျူးတယ်၊ အသိအမှတ်လည်းပြုတယ်။ တဘက်ကလည်း ရင်ဆိုင်နေရတဲ့စိန်ခေါ်မှုတွေ ရှိနေတဲ့အတွက်ကြောင့်မို့လို့ ဒီရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကို ဖြေရှင်းနိုင်ဖို့အတွက် အမေရိကန်နိုင်ငံအနေနဲ့လည်း တတ်နိုင်သမျှ ကူညီဆောင်ရွက်ပေးသွားမယ်လို့ ကျနော်တို့ ပြောခဲ့ပါတယ်။”

ပြုပြင်ပြောင်းလဲရေးမှာ စိန်ခေါ်မှုဖြစ်နေတဲ့ ရခိုင်ပြည်နယ်အရေး၊ လူ့အခွင့်အရေးမြှင့်တင်မှု အခြေအနေတွေအပါအ၀င် ငြိမ်းချမ်းရေး မြှင့်တင်မှုတွေကို သမ္မတဦးသိန်းစိန်နဲ့ ၀န်ကြီး Kerry တို့ ဆွေးနွေးခဲ့ကြပါတယ်။ အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာနိုင်ငံအပေါ် နည်းပညာဆိုင်ရာ အကူအညီတွေ ပေးအပ်ဖို့၊ စီးပွားရေးနဲ့ ရင်းနှီးမြှုပ်နှံမှုတွေတိုးမြှင့်ဖို့တွေကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့ ဦးရဲထွဋ်က ပြောပါတယ်။

ဝန်ကြီး Kerry ဟာ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကိုတက်ရောက်နေပြီး မနက်ဖြန် သြဂုတ်လ (၁၀) ရက်နေ့မှာ ကျင်းပမယ့် ARF ခေါ် အာဆီယံဒေသတွင်း လုံခြုံရေးညီလာခံကို ဦးဆောင်တက်ရောက်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် အရှေ့အာရှ ထိပ်သီးညီလာခံအကြို အရှေ့အာရှနိုင်ငံခြားရေး ၀န်ကြီးတွေရဲ့အစည်းအဝေးမှာလည်း ၀န်ကြီး Kerry ပါဝင် ညှိနှိုင်းမှာ ဖြစ်ပါတယ်။ 

ARF အစည်းအဝေးမှာ ကုန်သွယ်ရေး၊ ခရီးသွားလာရေး၊ သယ်ယူပို့ဆောင်ရေး၊ ကျန်းမာရေး၊ နျူကလီယား လက်နက်မပြန့်ပွားရေး၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ လူမှု အထောက်အကူပြုရေး၊ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး၊ ကယ်ဆယ်ရေးနဲ့ လုံခြုံရေးရာတွေကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးကြမှာဖြစ်တယ်လို့ အရှေ့အာရှနဲ့ပစိဖိတ်ရေးရာ အမေရိကန် လက်ထောက်နိုင်ငံရေး ၀န်ကြီး Daniel Russel က သြဂုတ်လ (၄) ရက်နေ့က သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုထားပါတယ်။ 

သမ္မတ Obama အစိုးရက အာရှဒေသတွင်း တည်ငြိမ်ရေးနဲ့သာယာဝပြောရေး တိုးမြှင့်ဖို့ ကြိုးပမ်းနေသလို အာရှဒေသတွင်း အဖွဲ့အစည်းတွေ ဖွံဖြိုးရေးကိုလည်း ဦးစားပေးတဲ့ မူဝါဒကို အာရုံစိုက်လာပါတယ်။ ဒါကြောင့် ၀န်ကြီး Kerry ရဲ့ အခု ခရီးစဉ်ဟာ အာဆီယံဒေသတွင်းမှာ ပူးပေါင်းဆောင်ရွက်ရေး အကောင်အထည်ဖော်ဖို့ ကြိုးပမ်းတဲ့ ခရီးစဉ်လည်း ဖြစ်ပါတယ်။ 

အာဆီယံဟာ အမေရိကန်ပြည်ထောင်စုရဲ့ စတုတ္ထအကြီးဆုံး ကုန်သွယ်ဘက် ဖြစ်ပါတယ်။ ရှေ့နှစ်ကုန်မှာ အာဆီယံအသိုင်းအ၀န်း တစ်စုတစ်စည်းတည်း ဖော်ဆောင်မှာဖြစ်တဲ့အတွက် အမေရိကန်ပြည်ထောင်စုက ပိုပြီး အာရုံစိုက်လာတာဖြစ်ပါတယ်။ 

VOA
မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွေဟာ ကောင်းမွန်တဲ့ ရလဒ်တွေကြောင့် အမေရိကန်ပြည်ထောင်စုအနေနဲ့ ချီးကျူးကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး John Kerry က ပြောဆိုလိုက်ပါတယ်။ ဦးသိန်းစိန်အစိုးရအနေနဲ့ စစ်ဗိုလ်ဟောင်းတွေနဲ့ အတူ ဒေါ်အောင် ဆန်း စုကြည်ပါဝင်တဲ့ လွှတ်တော်နဲ့ အတူတကွ လုပ်ကိုင်နေကြတာဟာ အလားအလာကောင်းဖြစ်တယ်လို့ ပြောပါတယ်။ သမ္မတဦးသိန်းစိန် ကတော့ မြန်မာ့ပြုပြင် ပြောင်းလဲရေးဟာ နောက်ကြောင်း ပြန်မလှည့်နိုင်ဘူးလို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး John Kerry ကို အသိပေးပြောဆိုလိုက်ပါတယ်။ အပြည့်အစုံကို ကိုစည်သူက တင်ပြပေးထားပါတယ်။

တောင်တရုတ် ပင်လယ်ပြင်ပဋိပက္ခ အာဆီယံနဲ့အမေရိကန်မှာ တာဝန်ရှိ

Photo: တောင်တရုတ် ပင်လယ်ပြင်ပဋိပက္ခ အာဆီယံနဲ့အမေရိကန်မှာ တာဝန်ရှိ
Sunday, August 10, 2014 

တောင်တရုတ်ပင်လယ်ပြင်အတွင်း ရေပြင်ပိုင်နက်ဆိုင်ရာ အငြင်းပွားမှုတွေကို ဖြေရှင်းရေး အာဆီယံအဖွဲ့နဲ့ အမေရိကန်ပြည်ထောင်စုတို့မှာ တာဝန်ရှိတယ်လို့ အမေရိကန် ထိပ်တန်းသံတမန်က ပြောလိုက်ပါတယ်။ တဖက်မှာလည်း တရုတ်ရဲ့အကျိုးစီးပွားကို အခိုင်အမာ ကာကွယ်သွားမှာဖြစ်တယ်လို့ တရုတ် နိုင်ငံခြားရေးဝန်ကြီးက ထုတ်ဖော်ပြောဆိုထားတာပါ။ နေပြည်တော်မှာ လက်ရှိကျင်းပနေတဲ့ အာဆီယံ အစည်းအဝေးတွေအတွင်း စနေနေ့မှာ တောင်တရုတ် ပင်လယ်ပြင်အရေး ထုတ်ဖော်ပြောဆိုမှုတွေကိုတော့ မသိင်္ဂီထိုက်က စုစည်း တင်ပြပေးထားပါတယ်။

သဘာဝအရင်းအမြစ်တွေ ကြွယ်ဝပြီး ကုန်သွယ်ရေးအတွက်ပါ အရေးပါတဲ့ တောင်တရုတ် ပင်လယ်ပြင်အတွင်းက ရေပြင်ပိုင်နက်တချို့ကို တရုတ်ကတဖက်၊ အာဆီယံ အဖွဲ့ဝင်နိုင်ငံတွေဖြစ်ကြတဲ့ ဘရူနိုင်း၊ မလေးရှား၊ ဖိလစ်ပိုင်၊ ဗီယက်နမ်နိုင်ငံတွေအပြင် ထိုင်ဝမ်တို့နဲ့ပါ အသီးသီး အငြင်းပွားနေတာ ဖြစ်ပါတယ်။ ဒီတောင်တရုတ် ပင်လယ်ပြင်အရေး ပိုင်ဆိုင်မှုအငြင်းပွားမှုဟာဆိုရင် အာဆီယံအစည်းအဝေးတိုင်းမှာ ပါဝင်နေတဲ့ကိစ္စ ဖြစ်ပါတယ်။ လတ်တလော နေပြည်တော်မှာ ကျင်းပနေတဲ့ စနေနေ့ အာဆီယံအစည်းအဝေးပွဲအတွင်းမှာတော့ တောင်တရုတ်ပင်လယ်ပြင် ပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ကိစ္စတွေကို ဖြေရှင်းဖို့ အာဆီယံနဲ့ အမေရိကန်ပြည်ထောင်စုတို့မှာ တာဝန်ရှိတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက ပြောဆိုလိုက်ပါတယ်။

“အရေးပါတဲ့ ကမ္ဘာ့ပင်လယ်ပြင်တွေနဲ့ ဆိပ်ကမ်းတွေရဲ့ ရေကြောင်း လုံခြုံရေးဆိုင်ရာလုံခြုံရေး အသေအချာ ရှိအောင် ဆောင်ရွက်ဖို့ အမေရိကန်ပြည်ထောင်စုနဲ့ အရှေ့တောင်အာရှနိုင်ငံများအဖွဲ့- အာဆီယံတို့မှာ တာဝန်ရှိပါတယ်။ တောင်တရုတ်ပင်လယ်ပြင်အတွင်းက တင်းမာမှုတွေကို ကိုင်တွယ်ဖို့၊ ငြိမ်းချမ်းစွာဆောင်ရွက်နိုင်ဖို့၊ အတူတကွ လက်တွဲလုပ်ဆောင်နိုင်ဖို့ လိုအပ်ပါတယ်။ နောက် ဒီအရေးကို လုပ်ဆောင်ရာမှာ နိုင်ငံတကာဥပဒေ အခြေခံနဲ့ ဆောင်ရွက်ကြရမှာပါ။ ဒီအဖြစ်အပျက်တွေဟာ ဒိဒေသတွင်းနဲ့ အမေရိကန်ရဲ့ အရေးကိစ္စလို့ လျှော့တွက်လို့ မရပါဘူး။ အရှေ့တောင်အာရှဒေသမှာ နိုင်ငံတကာဥပဒေပေါ်ကို အခြေခံပြီး ဖွံ့ဖြိုးတိုးတက်မှုတွေကို ဆက်လက်တွေ့မြင်ရဖို့အရေးက တကမ္ဘာလုံးရဲ့အရေး ဖြစ်ပါတယ်။”

တရုတ်တို့ကတော့ မကြာသေးခင်ကပဲ ဗီယက်နမ်နဲ့ ပိုင်နက်အငြင်းပွားနေတဲ့ နေရာတွေမှာ ရေနံရှာဖွေရေးကို တဖက်သတ် ၀င်ရောက် လုပ်ဆောင်မှုကြောင့် တရုတ်နဲ့ ဗီယက်နမ်ကြား တင်းမာမှုတချို့ ဖြစ်ခဲ့သေးတာပါ။ စနေနေ့ နေပြည်တော် အာဆီယံ အစည်းအဝေးအတွင်း သတင်းထောက်တွေနဲ့ တွေ့ဆုံတာမှာတော့ တရုတ် နိုင်ငံခြားရေးဝန်ကြီး Wang Yi က အခြေအမြစ်မရှိ ရန်စတဲ့လုပ်ရပ်တွေ ရှိလာရင်တော့ တရုတ်တို့က ပြတ်ပြတ်သားသား တုံ့ပြန်သွားမယ်လို့ ပြောဆိုခဲ့ပါတယ်။  

“တရုတ်ရဲ့ အချုပ်အခြာအာဏာ တည်မြဲဖို့ ရေကြောင်းဆိုင်ရာ အခွင့်အရေးနဲ့ အကျိုးစီးပွားတွေကို ထိန်းသိမ်းစောင့်ရှောက်ရေးအပေါ် တရုတ်ရဲ့ရပ်တည်ချက်ဟာ ခိုင်မာပြီး ပြောင်းလဲလို့လည်း မရနိုင်ပါဘူး”-လို့ တရုတ် နိုင်ငံခြားရေးဝန်ကြီး ဝမ်းရီက ပြောခဲ့တာပါ။

"တချိန်တည်းမှာပဲ အငြင်းပွားမှု တစ်ခုချင်းစီအလိုက် ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းဖို့ အတွက် တရင်းတနှီးအကြံဉာဏ်ပေး စေ့စပ်ညှိနှိုင်းရေးကို တရုတ်ဘက်က ဆက်လက်ဆောင်ရွက်ဖို့ အဆင့်သင့်ပါပဲ"-လို့ သူက ပြောခဲ့တာပါ။

 "တရုတ်နိုင်ငံအနေနဲ့ နိုင်ငံကြီးတခုရဲ့ တာဝန်ယူရမှုရှိတာနဲ့အညီ ရှေ့ဆက်ပြီး စိတ်ရှည် သည်းခံသွားဖို့ အဆင်သင့်ရှိနေပါတယ်။ ဒါပေမယ့် အခြေအမြစ်မရှိတဲ့ ရန်စတဲ့လှုပ်ရှားမှုတွေကိုတော့ တရုတ်ဘက်က ရှင်းလင်းအောင် ဆောင်ရွက်ပြီး ခိုင်မာတဲ့တုံ့ပြန်မှုတွေ လုပ်သွားမှာပါ"-လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့တာ ဖြစ်ပါတယ်။

တောင်တရုတ် ပင်လယ်ပြင်အတွင်း ရေပိုင်နက် အငြင်းပွားနေတဲ့ ကျွန်းတချို့အပေါ်မှာ တရုတ်တို့က မီးပြတိုက်တွေ တည်ဆောက်သွားမယ် ဆိုပြီးလည်း ဒီသီတင်းပတ်အတွင်းမှာပဲ တရုတ် နိုင်ငံပိုင်သတင်းတွေမှာ ဖော်ပြကြပါတယ်။ အာဆီယံနိုင်ငံတချို့နဲ့ တရုတ်နိုင်ငံကြား ရေပြင်ပိုင်နက်ဆိုင်ရာ အငြင်းပွားမှုတွေအပေါ်မှာတော့ အာဆီယံ အလှည့်ကျဥက္ကဋ္ဌဖြစ်တဲ့ မြန်မာနိုင်ငံက ဘက်လိုက် ရပ်တည်မှာမဟုတ်ဘဲ သက်ဆိုင်ရာ နိုင်ငံတွေအကြား ငြိမ်းချမ်းစွာ တွေ့ဆုံဆွေးနွေး အဖြေရှာရေးအတွက် တရုတ်နဲ့ မြန်မာအကြား ရင်းနှီးတဲ့ဆက်ဆံရေးကို အသုံးချပြီး ကြားဝင် ဆောင်ရွက်မှာဖြစ်တယ်လို့ မြန်မာဘက်က ပြောဆိုထားတာ ဖြစ်ပါတယ်။

VOA 

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး John Kerry (ဝဲ) နဲ့ တရုတ်နိုင်ငံခြားရေး ဝန်ကြီး Wang Yi တို့ နေပြည်တော် အာဆီယံအစည်းအဝေးမှာ တွေ့ရစဉ်။ (သြဂုတ် ၉၊ ၂၀၁၄)
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး John Kerry (ဝဲ) နဲ့ တရုတ်နိုင်ငံခြားရေး ဝန်ကြီး Wang Yi တို့ နေပြည်တော် အာဆီယံအစည်းအဝေး မှာ တွေ့ရစဉ်။ (သြဂုတ် ၉၊ ၂၀၁၄)
တောင်တရုတ်ပင်လယ်ပြင်အတွင်း ရေပြင်ပိုင်နက်ဆိုင်ရာ အငြင်းပွားမှုတွေကို ဖြေရှင်းရေး အာဆီယံအဖွဲ့နဲ့ အမေရိကန်ပြည်ထောင်စုတို့မှာ တာဝန် ရှိတယ်လို့ အမေရိကန် ထိပ်တန်းသံတမန်က ပြောလိုက်ပါတယ်။ တဖက်မှာလည်း တရုတ်ရဲ့အကျိုးစီးပွားကို အခိုင်အမာ ကာကွယ်သွားမှာဖြစ်တယ်လို့ တရုတ် နိုင်ငံခြားရေးဝန်ကြီးက ထုတ်ဖော်ပြောဆိုထားတာပါ။ နေပြည်တော်မှာ လက်ရှိကျင်းပနေတဲ့ အာဆီယံ အစည်းအဝေးတွေအတွင်း စနေနေ့မှာ တောင်တရုတ် ပင်လယ်ပြင်အရေး ထုတ်ဖော်ပြောဆိုမှုတွေကိုတော့ မသိင်္ဂီထိုက်က စုစည်း တင်ပြပေးထားပါတယ်။

Saturday, August 9, 2014

သဘင်ဘိုးဘွားရိပ်သာကို မင်္ဂလာဒုံမှာတည်ဆောက်သွားမယ့် ဖိုးချစ်

Photo: သဘင်ဘိုးဘွားရိပ်သာကို မင်္ဂလာဒုံမှာတည်ဆောက်သွားမယ့် ဖိုးချစ်
Saturday, August 9, 2014

သဘင်ဘိုးဘွားရိပ်သာ ကိုမင်္ဂလာဒုံမြို့နယ်တွင် တည် ဆောက်ရန် ရွေးချယ်ထားပြီး ခြောက်လအတွင်း အပြီးတည် ဆောက်သွားမည်ဟု ဖိုးချစ်က ပြောသည်။
‘‘သဘင်ဘိုးဘွားရိပ်သာကို ရေနံ့သာကျေးရွာ ပုလဲမြို့သစ်မင်္ဂ လာဒုံမြို့နယ်၊ သဒ္ဓမ္မသုခရိပ်သာ မှာ တည်ဆောက်သွားမှာပါ’’ဟု ၎င်းကပြောသည်။
လောလောဆယ်တွင် လူနေ ဆောင်ခြောက်ဆောင် ဆောက် လုပ်မည်ဖြစ်ပြီးနောက်ပိုင်းတွင် အခြားအဆောင်များကို ဆက် လက်ဆောက်လုပ်သွားမည်ဟု သိရသည်။
အဆောင်များကိုလည်း သ ဘင်ပညာရှင်ကြီးများအား ဂုဏ်ပြု သောအားဖြင့် ရွှေမန်းတင်မောင်၊နန်းတော်ရှေ့ဆရာတင်စသည် ဖြင့်အမည်များပေး၍ ဆောက်လုပ်မည်ဟုဖိုးချစ်က ပြောသည်။
သဘင်ဘိုးဘွားရိပ်သာ တည်ဆောက်ရန် ရန်ပုံငွေဇာတ် သဘင်ဖျော်ဖြေမှုကို သြဂုတ် ၇ ရက်နှင့် ၈ရက်ညများတွင် ပြုလုပ် ခဲ့ပြီး ပြင်ပမှအလှူရှင်များက လည်း ဘိုးဘွားရိပ်သာတည် ဆောက်ရန် အလှူငွေများပါဝင်လှူဒါန်းခဲ့ကြသည်။
ယင်းအစီအစဉ်ကို စကိုင်း နက်ရုပ်သံလိုင်းမှ တိုက်ရိုက်ထုတ် လွှင့်ပြသခဲ့ပြီး ပထမညဖျော်ဖြေပွဲတွင် ပြင်ပမှအလှူငွေကျပ်သိန်း ၁၅၀ကျော်ရရှိခဲ့သည်။
အဆိုပါနှစ်ရက်တွင် ရိုက် ကူးရေးအစီအစဉ် ပါဝင်သော ကြောင့်အချိန်အကန့်အသတ်ဖြင့် ကပြခဲ့သော်လည်း သြဂုတ် ၉ရက် ညတွင်မူ ၎င်းတို့၏ဇာတ်သဘင် အစီအစဉ်အတိုင်းအချိန်ပြည့်က ပြမည်ဟု ဖိုးချစ်ကပြောသည်။

Today Myanmar သဘင်ဘိုးဘွားရိပ်သာ ကိုမင်္ဂလာဒုံမြို့နယ်တွင် တည် ဆောက်ရန် ရွေးချယ်ထားပြီး ခြောက်လအတွင်း အပြီးတည် ဆောက်သွားမည်ဟု ဖိုးချစ်က ပြောသည်။
‘‘သဘင်ဘိုးဘွားရိပ်သာကို ရေနံ့သာကျေးရွာ ပုလဲမြို့သစ်မင်္ဂ လာဒုံမြို့နယ်၊ သဒ္ဓမ္မသုခရိပ်သာ မှာ တည်ဆောက်သွားမှာပါ’’ဟု ၎င်းကပြောသည်။
လောလောဆယ်တွင် လူနေ ဆောင်ခြောက်ဆောင် ဆောက် လုပ်မည်ဖြစ်ပြီးနောက်ပိုင်းတွင် အခြားအဆောင်များကို ဆက် လက်ဆောက်လုပ်သွားမည်ဟု သိရသည်။
အဆောင်များကိုလည်း သ ဘင်ပညာရှင်ကြီးများအား ဂုဏ်ပြု သောအားဖြင့် ရွှေမန်းတင်မောင်၊နန်းတော်ရှေ့ဆရာတင်စသည် ဖြင့်အမည်များပေး၍ ဆောက်လုပ်မည်ဟုဖိုးချစ်က ပြောသည်။
သဘင်ဘိုးဘွားရိပ်သာ တည်ဆောက်ရန် ရန်ပုံငွေဇာတ် သဘင်ဖျော်ဖြေမှုကို သြဂုတ် ၇ ရက်နှင့် ၈ရက်ညများတွင် ပြုလုပ် ခဲ့ပြီး ပြင်ပမှအလှူရှင်များက လည်း ဘိုးဘွားရိပ်သာတည် ဆောက်ရန် အလှူငွေများပါဝင်လှူဒါန်းခဲ့ကြသည်။
ယင်းအစီအစဉ်ကို စကိုင်း နက်ရုပ်သံလိုင်းမှ တိုက်ရိုက်ထုတ် လွှင့်ပြသခဲ့ပြီး ပထမညဖျော်ဖြေပွဲတွင် ပြင်ပမှအလှူငွေကျပ်သိန်း ၁၅၀ကျော်ရရှိခဲ့သည်။
အဆိုပါနှစ်ရက်တွင် ရိုက် ကူးရေးအစီအစဉ် ပါဝင်သော ကြောင့်အချိန်အကန့်အသတ်ဖြင့် ကပြခဲ့သော်လည်း သြဂုတ် ၉ရက် ညတွင်မူ ၎င်းတို့၏ဇာတ်သဘင် အစီအစဉ်အတိုင်းအချိန်ပြည့်က ပြမည်ဟု ဖိုးချစ်ကပြောသည်။

Today Myanmar

ISIS တို့ကို လေကြောင်းမှ တိုက်ခိုက်သည့် စစ်ဆင်ရေးများ အမေရိကန်စတင်

Photo: ISIS တို့ကို လေကြောင်းမှ တိုက်ခိုက်သည့် စစ်ဆင်ရေးများ အမေရိကန်စတင်
Saturday, August 9, 2014

အီရတ်မြောက်ပိုင်း ဒေသများကို သိမ်းပိုက်ထားသည့် ISIS စစ်သွေးကြွ တပ်ဖွဲ့များကို အမေရိကန် စစ်တပ်က ဗုံးကြဲတိုက်ခိုက်မှုများ စတင် လုပ်ဆောင်နေပြီ ဖြစ်သည်။

အမေရိကန် သမ္မတ ဘာရတ်အိုဘားမားက ISIS တို့ကို တိုက်ခိုက်ရန် ပစ်မှတ်များ သတ်မှတ် အတည်ပြုပေးခဲ့ပြီးနောက် (၉)နာရီအကြာ၊ ဩဂုတ်(၈)ရက်မှ စတင်ပြီး အမေရိကန် တိုက်လေယာဉ်များ၊ မောင်းသူမဲ့ လေယာဉ်များက စစ်ဆင်ရေး စတင်ခဲ့ခြင်း ဖြစ်သည်။

အီရတ်မြောက်ပိုင်း အာဘီလ်မြို့တွင် ISIS တို့၏ ယာဉ်တန်းကို အမေရိကန် လေယာဉ်များက ဗုံးကြဲ တိုက်ခိုက်ခဲ့သည်။ ISIS တို့၏ စစ်ဘက်ဆိုင်ရာ ပစ်မှတ်များကို အမေရိကန်က လေကြောင်းစစ်ဆင်ရေး အနည်းဆုံး (၂)ကြိမ် ပြုလုပ်ကာ ပစ်မှတ်ထား ချေမှုန်းခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ISIS တို့သည် ဆီးရီးယားနှင့် အီရတ်မြောက်ပိုင်း ဒေသများကို သိမ်းပိုက်ကာ အစ္စလာမ်မစ် နိုင်ငံတော်အဖြစ် အမည်ပြောင်းလဲ ထူထောင်ထားသည်။ ပင်တဂွန် စစ်ဌာနချုပ်က ဆွန်နီအစ္စလာမ်မစ် စစ်သွေးကြွ အဖွဲ့များအပေါ် လေကြောင်းမှ စစ်ဆင်ရေးနှစ်ရပ် ပြုလုပ်ခဲ့ပြီး စစ်သွေးကြွ အဖွဲ့ဝင် အများအပြားကို သုတ်သင်နိုင်ခဲ့သလို ယာဉ်တန်းမှ မော်တော်ယာဉ် (၇)စီးထက်မနည်း ပျက်စီးသွားကြောင်း ကြေညာခဲ့သည်။

“လေကြောင်းထိုးစစ်က စစ်သွေးကြွတွေ စီစဉ်ထားတဲ့ လမ်းကြောင်းနှစ်ခုကို ဖျက်ဆီးပစ်လိုက်နိုင်ပါတယ်။ လေယာဉ်တစ်စီးစီက လေဆာလမ်းညွှန်စနစ် ဗုံးတစ်လုံးစီ ကြဲချပြီး ယာဉ်တန်းကို ဖျက်ဆီးပစ်ခဲ့တာပါ။ စုစုပေါင်း ဗုံး(၈)လုံး ကြဲချခဲ့ပါတယ်”ဟု ပင်တဂွန်မှ ပြောရေးဆိုခွင့်ရ အရာရှိ တစ်ဦးက ဆိုသည်။ ယင်းမတိုင်မီက အာဘီလ်မြို့ အနီးတွင် လေဆာလမ်းညွှန်စနစ် ပါရှိသည့် ပေါင်(၅၀၀) ဗုံးနှစ်လုံးကို အမေရိကန် လေယာဉ်များက ကြဲချခဲ့သေးသည်။

ဩဂုတ်(၈)ရက် နံနက်အစောပိုင်းက ပင်လယ်ကွေ့တွင် ရှိနေသည့်  လေယာဉ်တင် သင်္ဘောပေါ်မှ ပျံတက်လာသည့် F/A-18 တိုက်လေယာဉ် နှစ်စီးသည် သတ်မှတ်ထားသည့် ပစ်မှတ်နေရာကို ဗုံးများကြဲသွားခဲ့သည်။ ပစ်မှတ်သည် ISIS တို့၏ ရွေ့လျားလက်နက်ကြီး ယူနစ်များဖြစ်ကြောင်း သိရသည်။ အမေရိကန်သည် အီရတ်စစ်တပ်ကို အကြံပေး ကူညီမှုများ ပြုလုပ်နေရာ ISIS တို့အတွက် ရန်သူသဖွယ် ဖြစ်လာသည်။

“သမ္မတရဲ့ အတွေးအမြင်က အရမ်းရှင်းပါတယ်။ ISIS ရဲ့ ရပ်တည်ချက်က အမေရိကန် စစ်သည်တွေနဲ့ စစ်ဘက်ဆိုင်ရာ ပစ္စည်းတွေကို ပစ်မှတ်ထား တိုက်ခိုက်ဖို့ ဦးတည်နေသ၍ အမေရိကန်က သူတို့ကို တိုက်ရိုက် အရေးယူသွားမှာ ဖြစ်ပါတယ်”ဟု အိမ်ဖြူတော် ပြန်ကြားရေး အရာရှိ ဂျွန်ကာဘီက ဆိုသည်။ အိုဘားမားက ISIS တို့ကို လေကြောင်းမှ ထိုးစစ်ဆင်ခြင်းသည် အမေရိကန်က နောက်ထပ် အီရတ်စစ်ပွဲတစ်ရပ် ဆင်နွှဲခြင်း မဟုတ်ဟု ရုပ်မြင်သံကြား မိန့်ခွန်းတစ်ခုတွင် ကတိပြု ပြောကြားထားခဲ့သည်။

“လေကြောင်းထိုးစစ် ဆင်နွှဲခြင်းဟာ အမေရိကန် စစ်သည်တွေကို အကာအကွယ်ပေးဖို့၊ စစ်သွေးကြွတွေရန်က တိမ်းရှောင်ရင်း တောင်တန်းဒေသတွေမှာ ပိတ်မိနေတဲ့ ထောင်နဲ့သောင်းနဲ့ချီတဲ့ အီရတ်ပြည်သူတွေကို လူသားချင်း စာနာတဲ့ အနေနဲ့ ကူညီဖို့ပဲ ရည်ရွယ်ပါတယ်။ အဲဒီလို တိမ်းရှောင်နေရတဲ့ ပြည်သူတွေဟာ အစာရေစာ ပြတ်လပ်ပြီး အသက်အန္တရာယ်အတွက် စိုးရိမ်နေရပါတယ်”ဟု အိုဘားမားက ဆိုသည်။ ၎င်းက “ကျွန်တော်တို့ဟာ အကြမ်းဖက်သမားတွေကို တိုက်ခိုက်မှုမှာ အီရတ်နိုင်ငံကို ထောက်ပံ့ ကူညီသွားမှာပါ။ ဒါပေမဲ့ အီရတ်မှာ တိုက်ပွဲဝင်ဖို့အတွက်တော့ အမေရိကန် စစ်သည်တွေ ပြန်သွားမှာ မဟုတ်ပါဘူး”ဟုလည်း အတည်ပြုခဲ့သည်။
ကျွမ်းကျင်သူများက အမေရိကန်၏ မြေပြင်တိုက်ခိုက်ရေး တပ်ဖွဲ့များ၏ ပူးပေါင်းပါဝင်မှု မရှိဘဲ လေကြောင်းမှ တိုက်ခိုက်ပေးရုံ သက်သက်ဖြင့် ISIS တို့ ချုပ်ထိန်းထားသည့် ဒေသများကို အီရတ်စစ်တပ်များ ပြန်လည် သိမ်းယူနိုင်ဖွယ် မရှိကြောင်း ဝေဖန်ထောက်ပြထားသည်။ လတ်တလောတွင် ဗြိတိန်ကလည်း အမေရိကန်နှင့်အတူ ISISတို့ကို လေကြောင်းထိုးစစ် ဆင်နွှဲရန် အလေးအနက် စဉ်းစားနေကြောင်း သိရှိရသည်။

7Day News Journal အီရတ်မြောက်ပိုင်း ဒေသများကို သိမ်းပိုက်ထားသည့် ISIS စစ်သွေးကြွ တပ်ဖွဲ့များကို အမေရိကန် စစ်တပ်က ဗုံးကြဲတိုက်ခိုက်မှုများ စတင် လုပ်ဆောင်နေပြီ ဖြစ်သည်။
အမေရိကန် သမ္မတ ဘာရတ်အိုဘားမားက ISIS တို့ကို တိုက်ခိုက်ရန် ပစ်မှတ်များ သတ်မှတ် အတည်ပြုပေးခဲ့ပြီးနောက် (၉)နာရီအကြာ၊ ဩဂုတ်(၈)ရက်မှ စတင်ပြီး အမေရိကန် တိုက်လေယာဉ်များ၊ မောင်းသူမဲ့ လေယာဉ်များက စစ်ဆင်ရေး စတင်ခဲ့ခြင်း ဖြစ်သည်။
အီရတ်မြောက်ပိုင်း အာဘီလ်မြို့တွင် ISIS တို့၏ ယာဉ်တန်းကို အမေရိကန် လေယာဉ်များက ဗုံးကြဲ တိုက်ခိုက်ခဲ့သည်။ ISIS တို့၏ စစ်ဘက်ဆိုင်ရာ ပစ်မှတ်များကို အမေရိကန်က လေကြောင်းစစ်ဆင်ရေး အနည်းဆုံး (၂)ကြိမ် ပြုလုပ်ကာ ပစ်မှတ်ထား ချေမှုန်းခဲ့ပြီးဖြစ်ကြောင်း သိရသည်။

အာဆီယံ ဆွေးနွေးဖက်နိုင်ငံ(၈)ခုနှင့်တွေ့ဆုံဆွေးနွေး

Photo: အာဆီယံ ဆွေးနွေးဖက်နိုင်ငံ(၈)ခုနှင့်တွေ့ဆုံဆွေးနွေး
Saturday, August 9, 2014

အာဆီယံနိုင်ငံများက ဆွေးနွေးဖက်နိုင်ငံ(၈)ခုနှင့် နေပြည်တော် အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာနတွင် ယနေ့တွေ့ဆုံဆွေးနွေးသည်။
တရုတ်၊တောင်ကိုရီးယား၊အိန္ဒိယ၊ရုရှား၊ဂျပန်၊ဥရောပသမဂ္ဂ၊အမေရိကန်နှင့် ကနေဒါနိုင်ငံများနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား
တွေ့ဆုံဆွေးနွေးမှုကို သြဂုတ်လ(၉)ရက်နေ့အတွင်း ပြုလုပ်သွားမည်ဖြစ်သည်။
အမေရိကန်နှင့်ဆွေးနွေးမှုကိုမူ မြန်မာနိုင်ငံက တာဝန်ယူဆောင်ရွက်မည်ဖြစ်သည်။
ထို့ပြင် ၁၅ ကြိမ်မြောက် အာဆီယံ+၃ နိုင်ငံခြားရေးဝန်ကြီးများဆွေးနွေးပွဲကို ယနေ့လေ့ည် ၁နာရီတွင် ကျင်းပမည်ဖြစ်ရာ 
အာဆီယံ(၁၀)နိုင်ငံအပါအ၀င် တရုတ်၊ဂျပန်၊ကိုရီးယားတို့ကတွေ့ဆုံဆွေးနွေးကြမည်ဖြစ်သည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဂျွန်ကယ်ရီမှာ ယနေ့ညနေပိုင်းတွင် ကျင်းပမည့် 7th Lower Mekong Initiative (LMI) နှင့် 4th Friends of Lower Mekong 
အစည်းအဝေးများကို တက်ရောက်သွားမည်ဟုလည်းသိရသည်။
မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီး မစ္စတာလီဆူယောင်းမှာ ယနေ့နံနက်ခြောက်နာရီတွင် နေပြည်တော်သို့ ရောက်ရှိလာပြီဖြစ်သည်ဟု သိရသော်လည်း
ယနေ့ကျင်းပမည့် အစည်းအဝေးများတွင်မူ အာဆီယံနှင့်တွေ့ဆုံဆွေးနွေးမည့် အစီအစဉ်ထည့်သွင်းပြောကြားထားခြင်းမရှိပေ။
Popular Myanmar News Journal
အာဆီယံနိုင်ငံများက ဆွေးနွေးဖက်နိုင်ငံ(၈)ခုနှင့် နေပြည်တော် အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာနတွင် ယနေ့တွေ့ဆုံဆွေးနွေးသည်။
တရုတ်၊တောင်ကိုရီးယား၊အိန္ဒိယ၊ရုရှား၊ဂျပန်၊ဥရောပသမဂ္ဂ၊အမေရိကန်နှင့် ကနေဒါနိုင်ငံများနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား
တွေ့ဆုံဆွေးနွေးမှုကို သြဂုတ်လ(၉)ရက်နေ့အတွင်း ပြုလုပ်သွားမည်ဖြစ်သည်။အမေရိကန်နှင့်ဆွေးနွေးမှုကိုမူ မြန်မာနိုင်ငံက တာဝန်ယူဆောင်ရွက်မည်ဖြစ်သည်။

မက်ဆေ့ခ်ျပို့ ငွေလွှဲနိုင်မည့်ဝန်ဆောင်မှု CDMA 800 (MECTel) ဖုန်းများတွင် စတင်သုံးနိုင်

မိုဘိုင်းဖုန်းအသုံးပြုသူအချင်းချင်း မက်ဆေ့ခ်ျပေးပို့ငွေလွှဲနိုင်မည့် ၀န်ဆောင်မှုကို ကျပ် ၁၅၀၀ တန် CDMA 800 (MECTel) ဖုန်းများတွင် စတင်လုပ်ဆောင်နိုင်ပြီဟု သြဂုတ် ၈ ရက်က SMS ပေးပို့ခဲ့ကြောင်း အသုံးပြုသူများထံမှ သတင်းရရှိ သည်။
အဆိုပါ ၀န်ဆောင်မှုကို မြန်မာ့စီးပွားရေးကော်ပိုရေရှင်း (MEC) နှင့် Myanmar Mobile Money တို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်သည်
Myanmar Mobile Money ၏ ၀န်ဆောင်မှုကို အသုံးပြုလိုပါက SMS နံပါတ် ၁၆၆၆ သို့ ‘join’ ဟူသော စာသားပေးပို့ရမည်ဖြစ်ပြီး ၁၆၆၆ မှ အသုံးပြုနိုင်ပြီဖြစ်ကြောင်း SMS ဖြင့် ပြန်လည်အကြောင်းကြားမည်ဖြစ်သည်။
‘‘ငွေလွှဲမယ့်သူရဲ့ ဖုန်းနံပါတ် ကို သိရုံနဲ့ ငွေပမာဏကို SMS ပို့ ပေးပြီး လွှဲလိုက်ရုံပါပဲ။ လက်ခံမယ့်လူက ဒီဝန်ဆောင်မှုကို အသုံးပြုမထားဘူးဆိုရင်တောင် သက်ဆိုင်ရာမြို့နယ်က အေးဂျင့်တွေဆီမှာ သွားပြီးထုတ်လို့ရပါတယ်’’ ဟု Myanmar Mobile Money မှ လုပ်ငန်းတာဝန်ခံတစ်ဦးက ပြောသည်။

မြွေဆိပ်ဖြေဆေးထုတ်ရန် မြွေပွေး၊ မြွေဟောက်အကောင်တစ်ထောင် ၀ယ်မည်


မြွေဆိပ်ဖြေဆေးထုတ် လုပ်ရန်အဆိပ်ပြင်းသောမြွေများ ဖြစ်သည့် မြွေပွေးနှင့် မြွေဟောက် အကောင်တစ်ထောင်ကို အမှတ် (၁)ဆေးဝါးစက်ရုံက ၀ယ်ယူမည် ဖြစ်သည်။
ဝယ်ယူမည့်မြွေများမှာ တစ် ကောင်လျှင်ငါးဆယ်ကျပ်သား နှင့် အထက်ရှိရန် လိုအပ်ပြီးတစ်ကောင် သုံးထောင်ကျပ်ဖြင့် ၀ယ်ယူသွားမည်ဖြစ်ကြောင်း သိရသည်။
လိုအပ်နေသောအကောင် ရေတစ်ထောင်တွင် မြွေပွေးအ ကောင်ရှစ်ရာနှင့် မြွေဟောက်အ ကောင်နှစ်ရာဝယ်ယူမည်ဖြစ်ရာ ရောင်းချလိုသူများမှာ စက်ရုံသို့ လာရောက်ပို့ဆောင်ရန် လိုအပ် ပြီး လက်ငင်းငွေချေစနစ်ဖြင့် ၀ယ်ယူသွားမည်ဖြစ်သည်။
ရောင်းချလိုသူများသည် အမှတ်(၁)ဆေးဝါးစက်ရုံ(ရန်ကုန်) အင်းစိန်မြို့နယ်တွင်ရှိသောဆေး ၀ါးစက်ရုံလမ်း၊ ကြို့ကုန်း အ နောက်ရပ်ကွက်သို့ပို့ဆောင်ပေးရ မည်ဖြစ်သည်။

ချင်းပြည်နယ်တွင် မိုးခေါင်၍ ရွာပေါင်း ၁၀၀ နီးပါး တောင်ယာ စပါးများပျက်စီး

Photo: ချင်းပြည်နယ်တွင် မိုးခေါင်၍ ရွာပေါင်း ၁၀၀ နီးပါး တောင်ယာ စပါးများပျက်စီး
Saturday, August 9, 2014

မြန်မာနိုင်ငံအောက်ပိုင်းဒေသတွေမှာ မိုးများလို့ ရေကြီးနေချိန်မှာ ချင်းပြည်နယ် ထန်တလန် မြို့နယ်မှာတော့ မိုးခေါင်လို့ ရွာပေါင်း ၉၀ ကျော်က ရွာသားပိုင် ရွှေ့ပြောင်းတောင်ယာတွေ ပျက်စီးနေပါတယ်။

ချင်းပြည်နယ် ထန်တလန်မြို့နယ်က ဒွန်းရွာ၊ လုံသိန်းရွာ၊ ပိုင်ကပ်ရွာ၊ ဘုံကျန်းရွာ၊ ဆန်ထဲန်းရွာ၊ ငါဖိုင်ကြီး၊ ငါဖိုင်သေး အစရှိသဖြင့် တမြို့နယ်လုံးနီးပါး ရွာပေါင်း ၉၀ ကျော်မှာ ပြောင်းခင်းတွေ၊ ရွေ့ပြောင်း တောင်ယာစပါးခင်းတွေနဲ့ လယ်ကွင်းထဲက စပါးတွေပါ ရေမရလို့ ချောက်သွေ့ ပျက်စီးစပြုနေပြီလို့ ထန်တလန်က ချင်းအမျိုးသား ဒီမိုကရက်တစ်ပါတီ ပြည်နယ်လွှတ်တော် အမတ် ဦးလိုင်မောင်းကျူံး က ဒီဗွီဘီကို ပြောပါတယ်။
“ရွှေ့ပြောင်းတောင်ယာစနစ် ကျနော်တို့မှာ ကျင့်သုံးနေတာ။ ကျနော်တို့ ဧပြီလမှာ စိုက်ကြတာ နောက်လယ်က ဇွန်လမှာ ထွန်ပြီးမှ အကုန်လုံး ပျိုးပင်စပါးပင်တွေ စိုက်ပြီးနေပြီ။ အခုက မိုးခေါင်ပြီး မရွာတော့ သီးနှံတွေက ပျက်စီးစပြုနေပြီ။ တချို့ဆို တောင်ယာစပါးတွေ ပျက်စီးနေပြီ။ မိုးက လုံးဝမရွာဘူး။ တခါလောက်ပဲရွာပြီး လုံးဝမရွာတော့ဘူး။ ဒီနေ့ဆိုလည်း နေတအားပူတယ်။”
ပြီးခဲ့တဲ့ နှစ်တွေမှာ မိုးရေမလုံလောက်ရင် လာဗားချောင်းနဲ့ ပူပါးရ်ချောင်းရေတွေ သွယ်ယူ အသုံးပြုပေမယ့် ဒီနှစ်မှာတော့ အဲဒီချောင်းရေလည်း ရေခမ်းနေပြီး အခုလို စပါးပင်တွေ ပျက်စီးတဲ့အတွက် လူဦးရေ ထောင်နဲ့ချီတဲ့ ချင်းရွာသားတွေ စားနပ်ရိက္ခာ ပြဿ နာနဲ့ ကြုံရမှာကို ဒေသခံတွေက စိုးရိမ်ပူပန်နေကြတာပါ။

ဒီအခက်အခဲနဲ့ ပတ်သက်ပြီး ရွာသားတွေက သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးကနေတဆင့် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးကို တင်ပြထားပေမယ့် အထက်က ဘာအကူအညီမှ ရောက်မလာသေး တဲ့အကြောင်း လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့တော့ စာရင်းဇယား အချက်အလက်တွေ စုဆောင်းပြီးရင် ချင်းပြည်နယ်အစိုးရနဲ့ လွှတ်တော်ဆီကို စာတင်မယ်လို့ ဦးလိုင်မောင်းကျုံးက ပြောပါတယ်။

ချင်းပြည်နယ်မှာ ဖလမ်း၊ မတူပီ၊ ပလက်ဝ စတဲ့မြို့နယ်တွေဘက်မှာလည်း မိုးခေါင်လို့ စပါး ပင်ပျက်စီးကြောင်း သတင်းတွေထွက်နေပေမယ့် ဒီဗွီက ဒေသခံတွေနဲ့ အဆက်အသွယ် မရသေးပါဘူး။

ခေါ်နုမ်းထုန်ချင်းသတင်းစဉ်မှာတော့ ဖလမ်းမြို့နယ်အတွင်း ရွာပေါင်း ၁၆ ရွာက ယာခင်းတွေဟာ မိုးနည်းမှုကြောင့် ကောက်ပဲသီးနှံတွေ ပျက်စီးနေတယ်လို့ ဒေသခံတွေရဲ့အပြောကို ကိုးကားပြီး ဖော်ပြသွားပါတယ်။
DVB

မြန်မာနိုင်ငံအောက်ပိုင်းဒေသတွေမှာ မိုးများလို့ ရေကြီးနေချိန်မှာ ချင်းပြည်နယ် ထန်တလန် မြို့နယ်မှာတော့ မိုးခေါင်လို့ ရွာပေါင်း ၉၀ ကျော်က ရွာသားပိုင် ရွှေ့ပြောင်းတောင်ယာတွေ ပျက်စီးနေပါတယ်။
ချင်းပြည်နယ် ထန်တလန်မြို့နယ်က ဒွန်းရွာ၊ လုံသိန်းရွာ၊ ပိုင်ကပ်ရွာ၊ ဘုံကျန်းရွာ၊ ဆန်ထဲန်းရွာ၊ ငါဖိုင်ကြီး၊ ငါဖိုင်သေး အစရှိသဖြင့် တမြို့နယ်လုံးနီးပါး ရွာပေါင်း ၉၀ ကျော်မှာ ပြောင်းခင်းတွေ၊ ရွေ့ပြောင်း တောင်ယာစပါးခင်းတွေနဲ့ လယ်ကွင်းထဲက စပါးတွေပါ ရေမရလို့ ချောက်သွေ့ ပျက်စီးစပြုနေပြီလို့ ထန်တလန်က ချင်းအမျိုးသား ဒီမိုကရက်တစ်ပါတီ ပြည်နယ်လွှတ်တော် အမတ် ဦးလိုင်မောင်းကျူံး က ဒီဗွီဘီကို ပြောပါတယ်။

လေးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရန် တစ်ကိုယ်တော်ဆန္ဒပြတောင်းဆို


  လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရန်အတွက် ဝတ်ဖြူစင်ကြယ်ဝတ် အမျိုးသားတစ်ဦးက ရန်ကုန်မြို့တွင်း လေးမြို့နယ်ကို လှည့်လည်၍ တစ်ကိုယ်တော် ဆန္ဒပြတောင်းဆိုခဲ့သည်။ သမ္မတဦးသိန်းစိန်၊ ကာချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်း၊ ဒီချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့ လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရန်မှာ မြန်မာနိုင်ငံအတွက် အလွန်အရေးကြီးသည်ဟုဆိုကာ ဝတ်ဖြူစင်ကြယ်ဝတ်ထားသော ကိုဇော်ကြီးသည် ‘‘လေးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးပွဲ ဖြစ်မြောက်ရေး တောင်းဆိုကြ’’၊ ‘‘အာဃာတအမုန်းတရား မနာလိုဝန်တိုမှုများ ၂၀ ရာစုမှာ ချန်ထားခဲ့ပါ’’ စသော စာတန်းများပါသော ဗီနိုင်းနှစ်ချပ်ကိုထမ်း၍ ကျောက်တံတား၊ ပန်းပဲတန်း၊ လသာ၊ လမ်းမတော် စသည့် မြို့နယ်လေးမြို့နယ်ကို လှည့်လည်ကာ ယနေ့နံနက် ၉ နာရီ တွင် လမ်းလျှောက်ဆန္ဒပြတောင်းဆိုခဲ့ခြင်းဖြစ်သည်။
7Day News Journal

ထိုင်းနိုင်ငံရှိ မြန်မာအလုပ်သမားများကို စိစစ်ရာတွင် မြန်မာက ကူညီမည်

ထိုင်းနိုင်ငံရောက် မြန်မာအ လုပ်သမားများအား နိုင်ငံသားဖြစ် ကြောင်း အတည်ပြုရေးတွင်အပြည့် အဝပူးပေါင်း ဆောင် ရွက်သွားမည် ဟု မြန်မာ အစိုးရက ကတိပေးပြော ကြားခဲ့သည်။ မြန်မာအလုပ်သမား ဌာနအရာရှိ ဦးမျိုးအောင်က မြန် မာနိုင်ငံအနေဖြင့် မြန်မာ အ လုပ် သမားများ အတည်ပြုရေးကို အရှိန် မြှင့်တင်ဆောင်ရွက်သွား မည်ဟု ပြောကြားခဲ့သည်။
ထို့အပြင် မြန်မာ အစိုးရက မြဝတီ၊ တာချီလိတ်နှင့် ကော့သောင်းတို့တွင်လည်း အတည် ပြုပေးသည့် စင်တာများကို ဖွင့်လှစ် ပေးခဲ့သည်။
မြန်မာနိုင်ငံတွင် တိုင်းရင်း သားလူမျိုးစုပေါင်း ၁၃၅ မျိုးကျော် ရှိပြီး မည်သည့်တိုင်းရင်းသားဆို သည်ကိုမခွဲခြားဘဲ မြန်မာအလုပ် သမားအားလုံးကို တစ်ပြေးညီဆောင် ရွက်ပေးမည်ဟုလည်း ဦးမျိုးအောင် က မကြာသေးမီက ဘန်ကောက် မြို့တွင် ထိုင်းကိုယ် စားလှယ်အဖွဲ့ နှင့် ပြုလုပ် ခဲ့သော ရွှေ့ပြောင်း လုပ် သားစီမံခန့်ခွဲရေးဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။ ထိုဆွေးနွေးပွဲ တွင် မြန်မာ အလုပ်သမားများကို မှတ်ပုံတင်ခြင်းပြုလုပ်ပြီးနောက် နိုင်ငံ သားဖြစ်ကြောင်း အတည်ပြု ရေးလုပ်ငန်းစဉ်များအတွက် ကြိုတင် ပြင်ဆင် မှုများကိုလည်း ဆွေးနွေးခဲ့ သည်ဟု ထိုင်းအလုပ်သမားဌာန၏ အတွင်းရေးမှူးချုပ် ဆူမက်မာ ဟို ဆော့က ပြောသည်။

ဖမ်းထားတဲ့ကားကို ကိုယ့်သဘောနဲ့ကိုယ်ပြန်ယူတဲ့ သရုပ်ဆောင်ဘုဏ်းသိုက်ကို ယာဉ်ထိန်းရဲတပ်ဖွဲ့က တရားစွဲပြီ

အဆိုတော် ချမ်းချမ်း၏ ခင်ပွန်းဖြစ်သူ ရူပ်ရှင်နှင့် ဗီဒိုယိုသရုပ်ဆောင်ဘုဏ်းသိုက်ကို ယာဉ်ထိန်းရဲမှ တရားစွဲတင်ပို့ထားမှုအပေါ် လက်ခံစစ်ဆေးသွားမည်ဖြစ်ကြောင်း ပုဇွန်တောင်မြို့နယ်၊ မြို့နယ်တရားသူကြီးရုံးမှ သိရသည်။
ဖြစ်စဉ်မှာ မေ ၂၂ ရက်၊ နံနက် ၁၁ နာရီအချိန်ခန့်တွင် သရုပ်ဆောင်ဘုဏ်းသိုက်သည် ယာဉ်မရပ်ရန် သတ်မှတ်ထားသော နေရာတွင် ၎င်း၏ကားကို ရပ်နားထားသဖြင့် ယာဉ်ထိန်းတပ်ဖွဲ့ဝင်များက ကရိန်းဖြင့်ဆွဲကာ အရေးယူခြင်းကို မချေမငံပြောဆိုကာ ကားကိုပြန်လည်ရယူပြီ မောင်းနှင်ထွက်သွားသဖြင့် ပုဇွန်တောင်ယာဉ်ထိန်းရဲတပ်ဖွဲ့မှ တရားစွဲဆိုခြင်းကို ခံခဲ့ရခြင်းဖြစ်သည်။
“တရားရုံးမှာ လက်ခံစစ်ဆေးဖို့အတွက် ဒီနေ့ပဲ အမှုဖွင့်လိုက်ပါတယ်။ ရုံးချိန်းကိုတော့ ညှိနှိုင်းပြီး ချိန်းဆိုစစ်ဆေးသွားမည်” ဟု ပုဇွန်တောင်မြို့နယ်၊ တရားသူကြီး ဦးနေအောင်မြင်က ပြောသည်။
အဆိုပါကားကို ယာဉ်မရပ်ရန် သတ်မှတ်ထားသည့်နေရာဖြစ်သည့် ဗိုလ်တထောင်ဘုရားလမ်းပေါ်တွင် ရပ်နားထားခဲ့သဖြင့် ဖမ်းဆီးရေးဆောင်ရွက်နေသည့်အဖွဲ့က ဖယ်ရှားပေးရန် အသံချဲ့စက်ဖြင့် သတိပေးကာ စောင့်ဆိုင်းခဲ့သော်လည်း လာရောက်ခဲ့ခြင်း မရှိသဖြင့် ကရိန်းဖြင့် ဆွဲခဲ့ပြီး ရှင်စောပု ကားဝင်း သို့ မပို့မီ ၅၂ လမ်းရုံး၌ ခေတ္တထိန်းသိမ်းထားခဲ့ခြင်းဖြစ်ကြောင်း သိရှိ ရသည်။

ဘာသာရေး၊ လူမျိုးရေး အစွန်းရောက်ဝါဒီများကို ဖော်ထုတ်ရန် အာဆီယံဥက္ကဋ္ဌ သမ္မတဦးသိန်းစိန် တိုက်တွန်း

ဘာသာရေး၊ လူ မျိုးရေးများတွင် အစွန်းရောက် ဝါဒီများ ထွန်းကားလာခြင်းကို ဖော်ထုတ် ဖြေရှင်းရမည်ဖြစ်ပြီး လူနည်းစုကဖြန့်ဝေသည့်အမုန်း တရားသတင်းများကို လူများစုက ငြိမ်းချမ်းရေးသတင်းစကားများ ပြန့်ပွားစေခြင်းဖြင့် တုံ့ပြန်လုပ် ဆောင်သင့်ကြောင်း သမ္မတ ဦးသိန်းစိန်က ပြောကြားလိုက် သည်။ (၄၇)ကြိမ်မြောက်အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်း အဝေးဖွင့်ပွဲမိန့်ခွန်းတွင် သမ္မတ က ပြောကြားခဲ့ခြင်းဖြစ်သည်။ ဘာသာရေး ပဋိပက္ခများ ကြောင့် မြန်မာကို ဖိအားပေးရန် ကမ္ဘာ့လူ့အခွင့်အရေးအဖွဲ့ (HRW)က အမေရိကန်နိုင်ငံခြား ရေးဝန်ကြီးကို ဖိအားပေးထားရာ အမေရိကန်အပါအဝင် အာဆီယံ ဒေသတွင်းမှ ဖိအားပေးလာနိုင် ဖွယ်ရှိသည့် ယင်းအကြမ်းဖက်မှု များနှင့်ပတ်သက်၍ မြန်မာသမ္မတ က အထက်ပါအတိုင်း မိန့်ခွန်း ထုတ်ဖော်ပြောကြားခဲ့သည်။
အာဆီယံနိုင်ငံခြားရေးဝန် ကြီးများအစည်းအဝေးနှင့် အာရှ ဒေသတွင်း ဖိုရမ်သို့ အမေရိကန်၊ ရုရှား၊ ဂျပန်၊ တရုတ်၊ တောင်နှင့် မြောက်ကိုရီးယား အပါအဝင် အင်အားကြီးနှင့် ဆွေးနွေးဖက် နိုင်ငံပေါင်း ၂၇ နိုင်ငံတက်ရောက် မည်ဖြစ်ပြီး ကမ္ဘာနှင့် ဒေသတွင်း နိုင်ငံတကာ လုံခြုံရေးပြဿနာ များကို ရှေ့တန်းတင်လေ့ရှိသည်။

အစိုးရက MSF ကို ဘာကြောင့် ပြန်ခေါ်ရတာလဲ

Photo: အစိုးရက MSF ကို ဘာကြောင့် ပြန်ခေါ်ရတာလဲ
Saturday, August 9, 2014

ရခိုင်ပြည်နယ်မှ ထွက်ခွာသွားသည့် နယ်စည်းမခြား ဆရာဝန်များအဖွဲ့ (MSF) အား ရခိုင်သို့ ပြန်လာ၍ ၎င်းတို့၏ လုပ်ငန်းများ ပြန် လည် လုပ်ကိုင်ရန် ဖိတ်ခေါ်လိုက်ခြင်းသည် နိုင်ငံတကာ၌ ကျဆင်းနေရသည့် မြန်မာနိုင်ငံ၏ ပုံရိပ်အား ပြန်လည် ပုံဖော်နိုင်ရန် အတွက် ဖြစ်ကြောင်း အစိုးရက ပြောဆိုသည်။

ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးမောင်မောင်အုန်းက “မြန်မာနိုင်ငံအနေနဲ့ နိုင်ငံတကာအလယ်မှာ ပျက်နေရတဲ့ ပုံရိပ်ကို ပြန်လည် ဖော် ဖို့အတွက် MSF အဖွဲ့ကို ဖိတ်ခေါ်ရတာပါ၊ ရခိုင်ပြည်သူတွေရဲ့ ဆန္ဒနဲ့ဆန့်ကျင်နေတဲ့ အတွက်လည်း ကျနော် တောင်းပန်ပါတယ်၊ ဒါပေမယ့် ကျနော့်ကို ယုံကြည်ပါ၊ ရခိုင် ဒေသခံတွေရဲ့ ဆန္ဒအတိုင်းပဲ ဖြစ်စေရပါမယ်၊ ဘက်လိုက်မှု လုံးဝ မရှိစေရပါဘူး”ဟု ဆိုသည်။

ရခိုင် လူမှုအဖွဲ့အစည်းများ၊ မြို့မိမြို့ဖများ၊ ဒေသခံများနှင့်စစ်တွေမြို့၌ ဇူလိုင် ၂၈ ရက်နေ့က တွေ့ဆုံရာတွင် ဦးမောင်မောင်အုန်း က ထိုသို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။

ရခိုင်ဒေသ၌ လူသားချင်း စာနာမှုဆိုင်ရာ လုပ်ငန်းများ လုပ်ကိုင်နေသည့် နိုင်ငံတကာ အဖွဲ့အစည်း အများအပြား ရှိသည့် အနက် MSF(ဟော်လန်) သည် လူမျိုးရေး အရ ဘက်လိုက်ခြင်း၊ ဒေသခံများအပေါ် ခွဲခြားဆက်ဆံခြင်း၊ နိုင်ငံရေး ကိစ္စများ၌ နောက်ကွယ် ကပါဝင် ပတ်သက်ခြင်းနှင့် သွေးထိုးလှုံ့ဆော်မှုများ ရှိသည်ဟု စွပ်စွဲခံထားရသည့် အဖွဲ့လည်း ဖြစ်သည်။ MSF အဖွဲ့ကမူ ထိုစွပ်စွဲချက် များကို ငြင်းဆိုထားသည်။ အစိုးရက ကျန်းမာရေးလုပ်ငန်းများ လုပ်ဆောင်ရန် လိုအပ်ချက်အရ MSF အဖွဲ့အား ဖိတ်ခေါ်ခြင်း ဖြစ် သည်ဟု ဆို သည်။

MSF ၏ လုပ်ရပ်များသည် ဒေသတွင်း တည်ငြိမ်မှုကို ထိခိုက်နိုင်သည် ဟုဆိုကာ ရခိုင်ဒေသမှ ထွက်ခွာသွားရန် ရခိုင်ပြည်နယ် တ၀န်း၌ ဆန္ဒထုတ်ဖော် ကန့်ကွက်ခဲ့ကြပြီးနောက် ၂၀၁၄ ခုနှစ် နှစ်ဆန်းပိုင်းတွင် ၎င်းတို့၏ လုပ်ငန်းများအား အစိုးရက ရပ်ဆိုင်း စေ ခဲ့သည်။ MSF ၏ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများကိုလည်း ကျန်းမာရေး ၀န်ကြီးဌာနက တာဝန်ယူသွားမည်ဟု အစိုးရက တရားဝင် ကြေညာခဲ့သည်။

ရခိုင်ဒေသ၌ ကျန်းမာရေး၊ ဒေသဖွံ့ဖြိုးရေး၊ ပညာရေး၊ လူသားချင်းစာနာမှု ဆိုင်ရာ ကူညီထောက်ပံ့ရေး စသည့် လုပ်ငန်းများ ဆောင် ရွက်ရန် ကုလသမဂ္ဂ အဖွဲ့အစည်းများ၊ NGO များ၊ INGOs များ စသည့် အဖွဲ့အစည်း ၂၄ ခုကို ရခိုင်ပြည်နယ်သို့ လာရောက်၍ အစိုး ရ နှင့်ပူးပေါင်း ဆောင်ရွက်ရန် ဇူလိုင်လ ၂၃ ရက်နေ့ ရက်စွဲဖြင့် ပြည်နယ်အစိုးရ က ကြေညာချက်ထုတ်၍ နိုင်ငံပိုင် သတင်းစာများ မှတဆင့် ဖိတ်ခေါ်ခဲ့သည်။

ပြည်ထောင်စု အဆင့် အရေးပေါ် ပေါင်းစပ်ညှိနှိုင်းရေး စင်တာ(ECC) အဖွဲ့ သည် နိုင်ငံတကာ သံတမန်များ၊ မြန်မာ ငြိမ်းချမ်းရေး စင် တာ (MPC) မှ ပုဂ္ဂိုလ်များ၊ ရခိုင်အဖွဲ့ အစည်းများမှ ပုဂ္ဂိုလ်များနှင့် တွေ့ဆုံ၍ ရခိုင်ဒေသ တည်ငြိမ်အေးချမ်းရေး၊ ဖွံဖြိုး တိုးတက်ရေး Action Plan ကို ပွင့်လင်းမြင်သာစွာ ညှိနှိုင်း ဆွေးနွေးမှုများအရ နိုင်ငံတကာ အဖွဲ့အစည်းများအား ဖိတ်ခေါ်ရခြင်း ဖြစ်ကြောင်း လည်း အစိုးရ ၏ ကြေညာချက်၌ ဖော်ပြထားသည်။

ECC အဖွဲ့နှင့်တွေ့ဆုံရာတွင် ပါဝင်ခဲ့သူ ရခိုင် အမျိုးသားပါတီ(ANP) ဒု ခေါင်းဆောင်နှင့်အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက် တာ အေးမောင်က ၎င်းတို့ဆွေးနွေးခဲ့စဉ်က ဒေသဖွံဖြိုးရေး လုပ်ငန်းများအတွက် နိုင်ငံတကာအဖွဲ့များကို ပြန်လည်ခေါ်ယူမည် ဖြစ်ကြောင်း ပြောသော်လည်း MSF အဖွဲ့ ပါဝင်မည်ဟု တစုံတရာ ပြောဆိုမှု မရှိခဲ့ဟု ဆိုသည်။

ထို့အတူ ရခိုင်ပြည်သူ တရပ်လုံးက ဆန့်ကျင်ကန့်ကွက်ထားသည့် MSF အဖွဲ့အား ပြန်လည် ခေါ်ယူမည်ဆိုပါက ပြည်သူများနှင့်ဆွေး နွေး၍ လူထု ဆန္ဒသဘောထားကို တောင်းခံပြီးမှသာ ပြန်လည် ခေါ်ယူသင့်ကြောင်း၊ အစိုးရ ၏ လုပ်ရပ်သည် ရိုးသား ပွင့်လင်းမှု မရှိကြောင်းလည်း ရခိုင်နိုင်ငံရေး အသိုင်းအ၀ိုင်း၊ ရခိုင်လူမှုရေး အဖွဲ့များ က ဝေဖန်နေကြသည်။

ဒေါက်တာ အေးမောင် ကလည်း “MSF ကို ပြန်လည် ခေါ်သွင်းခြင်းဟာ ရခိုင်-ဘင်္ဂါလီ ပဋိပက္ခကို ထပ်မံ ဖန်တီးချင်သူတို့ရဲ့ ဆန္ဒလား ဆိုတာ မေးခွန်းထုတ်ရပါလိမ့်မယ်၊ ဒီလိုမှ မဟုတ်ဘဲ အစိုးရ အနေနဲ့ ငါတို့က အာဏာရှိတယ်၊ ငါတို့လုပ်ချင်တာ လုပ်လို့ ရ တယ်၊ ပြည်သူတွေရဲ့ ဆန္ဒကို အလေးထားစရာ မလိုဘူးဆိုတဲ့ သဘောလား ဆိုတာတော့ မသိပါဘူး”ဟု ပြောဆိုသည်။

MSF အဖွဲ့အပါအ၀င် နိုင်ငံတကာအဖွဲ့အစည်းများသည် ရခိုင်ဒေသ၌ ဆယ်စုနှစ်နှင့်ချီ၍ ဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ဆောင်ခဲ့ကြကြောင်း၊ သို့သော် ပြောင်းလဲ တိုးတက်မှု တစုံတရာ မရှိသေးသည်ကို အစိုးရအနေဖြင့် ပြန်လည် ဆန်းစစ်သုံးသပ်ရန် လိုအပ်ကြောင်း၊ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို အမှန်တကယ် လုပ်ဆောင်သည့် အဖွဲ့မျိုးကိုသာ ခွင့်ပြုပေးသင့်ကြောင်းလည်း ဒေါက်တာ အေးမောင် က ပြောသည်။

ပြည်နယ် အစိုးရ၏ ကြေညာချက် ထုတ်ပြန်ပြီးနောက် ဇူလိုင် ၂၅ ရက်နေ့တွင် စစ်တွေမြို့၌ ဆရာတော် သံဃာတော်များ၊ မြို့မိ မြို့ဖများ၊ ရခိုင် လူမှုအဖွဲ့များ၊ ဒေသခံများ ကလည်း အစည်းအဝေး တရပ်ပြုလုပ်၍ နိုင်ငံတကာ NGO အဖွဲ့များကို လက်ခံသော်လည်း (MSF/AZG) အဖွဲ့အား ရခိုင်ပြည်သူ လူထုအနေဖြင့် လုံးဝ လက်မခံဟု အစိုးရထံ တင်ပြခဲ့ကြသည်။

ပြည်နယ် ၀န်ကြီးချုပ်ကမူ MSF အဖွဲ့နှင့်ပတ်သက်၍ ၎င်းကိုယ်တိုင် အပြည့်အ၀ တာဝန်ယူပါကြောင်းနှင့်နားလည် စောင့်ကြည့် ပေးကြပါရန် မေတ္တာရပ်ခံကြောင်း ရခိုင်လူမှု အဖွဲ့အစည်းများထံ ပြန်လည်၍ အကြောင်းကြားစာ ပေးပို့ခဲ့သည်။

ရခိုင်ပြည်တ၀န်း ဆန့်ကျင် ကန့်ကွက်ခဲ့ကြသည့် MSF အဖွဲ့အား ပြန်လည် ခေါ်ယူမည့် ကိစ္စကို ရခိုင်ပြည်သူများအား အသိ မပေးခြင်းအပေါ် သံသယ ၀င်နေကြကြောင်း၊ MSF အဖွဲ့၏ နောက်ဆက်တွဲ လုပ်ရပ်များကို ပြည်နယ် အစိုးရက အလုံးစုံ တာ ၀န်ယူမည် ဟု ပြောဆိုနေခြင်းသည် စဉ်းစားစရာ ဖြစ်နေကြောင်း၊ MSF အဖွဲ့သည် ဗဟို အစိုးရနှင့်သာ MoU သဘောတူ စာချုပ် လက်မှတ်ရေး ထိုးထားခြင်းကြောင့် ဖြစ်ကြောင်း ရခိုင်ဒေသခံများ က ပြောသည်။

အကယ်၍ MSF အဖွဲ့ ရခိုင်ပြည်နယ်ထဲ ပြန်လည်ရောက်ရှိလာပြီး၊ ၎င်းတို့၏ လုပ်ရပ်ကြောင့် ပြည်သူများနှင့်ပြဿနာ တစုံတရာ ဖြစ်ပေါ်လာပါက ရခိုင်လူမှုအဖွဲ့အစည်းများ အနေဖြင့် တာဝန်ယူမည် မဟုတ်ကြောင်း၊ အစိုးရ၏ တာဝန်သာ ဖြစ်ကြောင်းကို ၀န်ကြီး ချုပ်နှင့်ဗဟို အစိုးရအဖွဲ့ထံ သဘောထား မှတ်ချက်ပေးပို့ထားကြောင်း စစ်တွေမြို့ ရပ်မိရပ်ဖတဦးဖြစ်သူ ဦးသန်းထွန်းက ပြောသည်။

၎င်းက“ရခိုင်ပြည်သူတွေရဲ့ ဆန္ဒကိုဆန့်ကျင်ပြီး လုပ်ရတဲ့အပေါ်မှာ တောင်းပန်တယ်လို့ ၀န်ကြီးချုပ်ကဆိုတယ်၊ ဘာကြောင့် ပြည်သူ တွေ၊ လူမှုအဖွဲ့တွေနဲ့မတိုင်ပင်ဘဲ လုပ်ရလဲဆိုတော့ နိုင်ငံတကာမှာ ကျဆင်းနေတဲ့ ပုံရိပ်ကို ကောင်းအောင် လုပ်ဖို့၊ ရခိုင်ဒေသ ဖွံ့ဖြိုးအောင် လုပ်ဖို့ အတွက်ပါ ဆိုပြီး အကြောင်းပြပါတယ်”ဟု  ဆိုသည်။

MSF အဖွဲ့ကမူ ၎င်းတို့အား အစိုးရက ဖိတ်ခေါ်ခြင်းအပေါ် အပြုသဘောဖြင့် ကြိုဆိုကြောင်း ပြောဆိုပြီး အခြေအနေများကို စောင့်ကြည့် ရဦးမည်ဟု သဘောထား မှတ်ချက်ပေးထားကြောင်း သိရသည်။

MSF အဖွဲ့အပေါ် ရခိုင်ပြည်သူများ က အမြင်မကြည်လင်မှုနှင့်ပတ်သက်၍ သမ္မတရုံး ၀န်ကြီး ဦးစိုးသိန်း ကလည်း“ဒီလူတွေ (ဘင်္ဂါလီ)ကို ဆေးမကုဘဲ အစိုးရက သတ်နေတယ်လို့ နိုင်ငံတကာမှာ ပြောနေကြတယ်၊ အဲဒီတော့ ဒီလို ပုံဖော်နေတာကို လျော့အောင် လုပ်ရမယ်၊ ကျနော့်ကို နားလည်ပေးကြပါ၊ ခင်ဗျားတို့ရဲ့ခံစားမှုတွေကိုလည်း ကျနော် နားလည်ပါတယ်”ဟု စစ်တွေမြို့၌ ဇူလိုင်လ ၂၈ ရက်နေ့ က ဒေသခံများနှင့်တွေ့ဆုံစဉ် ပြောဆိုသွားခဲ့သည်။

ရခိုင်ဒေသတွင်းသို့ နိုင်ငံတကာအဖွဲ့အစည်းများအား ဖိတ်ခေါ်ရခြင်းနှင့် ဒေသတွင်း အခြေအနေများကို လေ့လာရန် သမ္မတရုံး ၀န်ကြီး ဦးစိုးသိန်း၊ လူဝင်မှု ကြီးကြပ်ရေး ၀န်ကြီး ဦးခင်ရီ၊ အမေရိကန် သံအမတ်ကြီး၊ ဗြိတိသျှ သံအမတ်ကြီး စသည့် နိုင်ငံတကာ သံ တမန်များသည် ပြီးခဲ့သည့်ရက်ပိုင်းက ရခိုင်ပြည်နယ် အတွင်းရှိ ပဋိပက္ခ ဖြစ်ပွားရာ ဒေသများကို သွားရောက်လေ့လာ၍ ဒေသခံများနှင့်တွေ့ဆုံခဲ့ကြသေးသည်။

ရခိုင်ပြည်နယ်သည် ကမ္ဘာ့ဘဏ်၏ အစီရင်ခံစာအရ အဆင်းရဲဆုံး ဒေသတခုအဖြစ်သို့ ရောက်နေ၍ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို အလေးထား လုပ်ဆောင်ရန် လိုအပ်နေကြောင်း ထိုခရီးစဉ်အပြီး သံတမန်များက မှတ်ချက်ပြုခဲ့ကြသည်။

မြန်မာ နိုင်ငံ၌ ရခိုင် ပြည်နယ်သည် ဒုတိယ အဆင်းရဲဆုံး ပြည်နယ်တခု ဖြစ်ခဲ့ပြီး ယခုအခါ အဆင်းရဲဆုံး အဆင့်သို့ ရောက်ရှိသွားပြီ ဖြစ်သည်။ ရခိုင်ပြည်နယ်၏ အထက်တွင် ချင်းပြည်နယ်ရှိသည်။

ရခိုင်ဒေသ၌ လုပ်ကိုင်နေကြသည့် နိုင်ငံတကာ အဖွဲ့အစည်းတချို့သည် ဘက်လိုက်မှုရှိသည်ဟုဆိုကာ ဒေသခံများနှင့် ပဋိပက္ခဖြစ် ပွား မှု ရှိခဲ့ပြီးနောက် NGO,INGO လေ့လာစောင့်ကြည့်ရေး အဖွဲ့တခုကိုလည်း စစ်တွေမြို့၌ ဖွဲ့စည်းထားသည်။

ထိုအဖွဲ့သည် နိုင်ငံတကာအဖွဲ့များ၏ လုပ်ဆောင်ချက်များကို စောင့်ကြည့်၍ တရားနည်းလမ်း မကျသော လုပ်ရပ်များတွေ့ရှိ ပါက ဝေဖန်ထောက်ပြပေးရန်နှင့်သက်ဆိုင်ရာ အစိုးရ အာဏာပိုင်များထံ တင်ပြသွားနိုင်ရန် ရည်ရွယ်ချက်ဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်ကြောင်း သိရသည်။

MSF အဖွဲ့အား ရခိုင်ပြည်သူများက အလိုမရှိသော်လည်း အစိုးရအနေဖြင့် နိုင်ငံတကာ၏ ဖိအားပေးမှုများကို လျှော့ချရန် အရေးကြီး နေကြောင်း၊ MSF ၏ လုပ်ဆောင်မှုများကိုလည်း ပြည်နယ် အစိုးရနှင့်ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်၍ စိုးရိမ်စရာ မလိုကြောင်း၊ ဘက်လိုက်မှု ကင်းရှင်းပြီး မျှမျှတတ ဖြစ်စေရန် အစိုးရက ဆောင်ရွက်ပေးမည် ဖြစ်ပြီး MSF နှင့်ပတ်သက်၍ အစိုးရက လုံးဝ တာဝန် ယူကြောင်းလည်း အာဏာပိုင်များ က ကတိပေးထားကြသည်။

ထို့အတူ MSF အဖွဲ့အား ရခိုင်ပြည်သူများ၏ ဆန္ဒသဘောထား မပါဘဲ ခေါ်ယူထားခြင်း ဖြစ်သည့်အတွက် နောက်ဆက်တွဲ ပြဿနာ တစုံတရာ ဖြစ်ပေါ်လာပါက အစိုးရ၏ တာဝန်သာ ဖြစ်ကြောင်း ANP ပါတီကလည်း ပြောဆိုထားသည်။

ထို့အတူ MSF အဖွဲ့အား ဆန့်ကျင် ကန့်ကွက်မှုများ ထပ်မံဖြစ်ပွားလာမည်ကိုလည်း ရခိုင်နိုင်ငံရေး အသိုင်းအ၀ိုင်းက စိုးရိမ်မှုများရှိနေ ကြောင်း သိရသည်။

သို့ဖြစ်၍ ရခိုင်ပြည်သူများ၊ ဆရာတော်၊ သံဃာတော်များ၊ လူမှုအဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ၏ ဆန္ဒသဘောထား မပါဘဲ ရခိုင်ပြည်တွင်းသို့ MSFအဖွဲ့အား ခေါ်ယူရာတွင် အစိုးရအာဏာပိုင်များက အမိန့်အာဏာဖြင့်သာ ဆောင်ရွက်သွားမည် ဆိုပါက မလိုလား အပ်သည့် ပြဿနာများ ဖြစ်ပွားလာနိုင်ဖွယ် ရှိပါသည်။     ။
burma.irrawaddy ရခိုင်ပြည်နယ်မှ ထွက်ခွာသွားသည့် နယ်စည်းမခြား ဆရာဝန်များအဖွဲ့ (MSF) အား ရခိုင်သို့ ပြန်လာ၍ ၎င်းတို့၏ လုပ်ငန်းများ ပြန် လည် လုပ်ကိုင်ရန် ဖိတ်ခေါ်လိုက်ခြင်းသည် နိုင်ငံတကာ၌ ကျဆင်းနေရသည့် မြန်မာနိုင်ငံ၏ ပုံရိပ်အား ပြန်လည် ပုံဖော်နိုင်ရန် အတွက် ဖြစ်ကြောင်း အစိုးရက ပြောဆိုသည်။
ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးမောင်မောင်အုန်းက “မြန်မာနိုင်ငံအနေနဲ့ နိုင်ငံတကာအလယ်မှာ ပျက်နေရတဲ့ ပုံရိပ်ကို ပြန်လည် ဖော် ဖို့အတွက် MSF အဖွဲ့ကို ဖိတ်ခေါ်ရတာပါ၊ ရခိုင်ပြည်သူတွေရဲ့ ဆန္ဒနဲ့ဆန့်ကျင်နေတဲ့ အတွက်လည်း ကျနော် တောင်းပန်ပါတယ်၊ ဒါပေမယ့် ကျနော့်ကို ယုံကြည်ပါ၊ ရခိုင် ဒေသခံတွေရဲ့ ဆန္ဒအတိုင်းပဲ ဖြစ်စေရပါမယ်၊ ဘက်လိုက်မှု လုံးဝ မရှိစေရပါဘူး”ဟု ဆိုသည်။

“ဝ” ဒေသမှာ ဘိန်းစိုက်ပျိုး ထုတ်လုပ်မှု မရှိတော့ကြောင်း UWSP ပြော

Photo: “ဝ” ဒေသမှာ ဘိန်းစိုက်ပျိုး ထုတ်လုပ်မှု မရှိတော့ကြောင်း UWSP ပြော
Saturday, August 9, 2014

ဘိန်းစိုက်ပျိုးထုတ်လုပ်မှုနဲ့ ပတ်သက်ပြီး နာမည်ကျော်ခဲ့တဲ့ “ဝ” ဒေသမှာ ဘိန်းစိုက်ပျိုးထုတ်လုပ်မှု လုံးဝ မရှိတော့ဘူးလို့ “ဝ” ပြည် သွေးစည်း ညီညွှတ်ရေး ပါတီ (UWSP) ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

“ဝ” ပြည် သွေးစည်း ညီညွှတ်ရေး တပ်မတော် (UWSA) ထိန်းချုပ်ဒေသ အတွင်းမှာ ဘိန်းစိုက်ပျိုးမှုတွေ ရှိနေဆဲပဲလို့ နိုင်ငံတကာ က စောင့်ကြည့် လေ့လာသူတွေနဲ့ “ဝ” ဒေသခံတချို့က ပြောဆိုမှုတွေ ရှိနေကြောင်း ဧရာဝတီက မေးမြန်းမှု အပေါ် UWSP က အခုလို ငြင်းဆန် တုံ့ပြန်လိုက်တာ ဖြစ်ပါတယ်။

UWSP ရဲ့ပြောရေးဆိုခွင့်ရှိသူ ဦးအောင်မြင့် က “၂၀၀၅ ခုနှစ်ကစပြီး ကျနော်တို့ထိန်းချုပ်နယ်မြေထဲမှာ ဘိန်းတပင်မှ မစိုက်တော့ပါဘူး။ အချိန်မရွေး ကြိုက်သလို လာရောက် စစ်ဆေးနိုင်ပါတယ်”လို့ ဧရာဝတီကို ပြောပါတယ်။

UWSA ထိန်းချုပ်ဒေသတွင်းမှာ မူလက ဘိန်းစိုက်ပျိုး ထုတ်လုပ်မှုတွေ ရှိခဲ့ပေမယ့် ၂၀၀၅ ခုနှစ် ကမ္ဘာ့မူးယစ်ဆေးဝါး တိုက်ဖျက်ရေး နေ့ကစပြီး ဒေသတွင်း ဘိန်းစိုက်ပျိုးမှုတွေမရှိတော့အောင် တင်းတင်းကျပ်ကျပ် ကိုင်တွယ်ခဲ့ပြီးတဲ့ နောက်ပိုင်းမှာ ဘိန်းစိုက်ပျိုးမှု ကင်းစင်နယ်မြေ ဖြစ်လာခဲ့တာလို့လည်း ဆိုပါတယ်။

“ဝ”ဒေသအတွင်းမှာ ဘိန်းစိုက်ပျိုးမှုတွေကတော့ လျော့ကျသွားတာမှန်ပေမယ့် အမြစ်ပြတ်ပျောက်ကွယ်သွားတဲ့ အနေအထားမျိုး မဟုတ်ဘဲ စိုက်ပျိုးနေတဲ့ နေရာတချို့ရှိနေဆဲပဲလို့ ဘိန်းဘုရင် ဦးခွန်ဆာရဲ့ မော်ထိုင်း တပ်မတော် (MTA)မှာ တာဝန် ထမ်းဆောင် ခဲ့ဖူးတဲ့ အရာရှိဟောင်းတဦးက ဧရာဝတီကိုပြောပါတယ်။ သူဟာ “ဝ” ဒေသအတွင်းမှာ လက်ရှိ စီးပွားရေး လုပ်ကိုင်နေတဲ့ လုပ်ငန်း ရှင် တဦးလည်း ဖြစ်ပါတယ်။

“အရင်တုန်းကလို များများစားစား စိုက်တာတွေ မရှိတော့ဘူး။ ဒါပေမယ့် ဘိန်းစိုက်ရာသီ ရောက်ရင်တော့ တချို့နေရာတွေမှာ စိုက် နေတာတွေ့တယ်။ ဘိန်းပင်တွေက ဟိုအရင်တုန်းကလိုတော့ မကောင်းတော့ဘူး။ အပင်တွေလှီတယ်။ အထွက်လည်း နည်းလာ တယ်။ ဘိန်းစိုက်တဲ့ လူတွေကြတော့ တခြားစီးပွားပြောင်းလုပ်ဖို့ ခက်တယ်။ ဘာကြောင့်လည်း ဆိုရင် ဘိန်းစိုက်တာက အမြတ်များများရပြီး ဝင်ငွေကောင်းလို့ပဲ”လို့လည်း MTA အရာရှိဟောင်း က ဆိုပါတယ်။

ဦးအောင်မြင့် ကမူ“ကျနော်တို့ ထိန်းချုပ်နယ်မြေမှာကတော့ ဘိန်းတပင်မှကို မရှိတော့တာ။ သူများတွေပြောနေတဲ့ နေရာတွေက ကျနော်တို့ နယ်မြေနဲ့ စပ်ကြားနေရာတွေမှာ ဖြစ်ပါလိမ့်မယ်။ ကျနော်တို့ ဒေသထဲမှာ စိုက်တာတွေ့တယ် ဆိုရင် နေရာကိုသာ ပြော လိုက် ကျနော်တို့ တခါတည်းလိုက်ပြမယ်”လို့ ပြောပါတယ်။

UWSP အနေနဲ့ အခုလို ပြောဆိုနေပေမယ့်လည်း “ဝ”ဒေသထဲကို သွားရောက်လေ့လာဖို့ အကြိမ်ကြိမ် တောင်းဆိုထားတဲ့ သတင်း မီဒီယာတွေကိုတော့ အခုအချိန်အထိ ဝင်ရောက်ခွင့် မပေးသေးပါဘူး။

၂၀၀၅ ခုနှစ် နောက်ပိုင်းမှာတော့ “ဝ” ဒေသမှာ ဘိန်းအစားထိုး သီးနှံအဖြစ် ရာဘာပင်တွေ စိုက်ပျိုးဖို့ UWSP က ဆော်သြခဲ့ပြီး အခု ဆိုရင် “ဝ” ဒေသတွင်းမှာ ရာဘာစိုက်ပျိုး ဧက သုံးသိန်းကျော်ရှိပြီလို့လည်း ဦးအောင်မြင့်က ပြောပါတယ်။ ဘိန်းအစား အခြားအစား ထိုး သီးနှံတွေ စိုက်ပျိုးစေခဲ့သလို ကုန်သွယ် ကူးသန်းမှု လွယ်ကူစေဖို့ အတွက် ဒေသတွင်း မြို့ချင်းဆက် လမ်းတွေကိုလည်း UWSP ရဲ့စီမံမှုနဲ့ ဖောက်လုပ် နေတယ်လို့ ဆိုပါတယ်။

ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇ၀တ်မှု ဆိုင်ရာရုံး(UNODC) က အရှေ့တောင်အာရှမှာ ဘိန်းနဲ့ ပတ်သက်တဲ့ ကွင်းဆင်း လေ့လာ ချက်အရ မြန်မာနိုင်ငံဟာ ၂၀၁၃ ခုနှစ်အတွင်း ဘိန်း ၈၇၀ မက်ထရစ်တန် ထုတ်လုပ်ထားတယ်လို့ ခန့်မှန်းထားပြီး ကမ္ဘာပေါ်မှာ အာဖဂန်နစ္စတန် ပြီးရင် ဒုတိယ အကြီးဆုံး ဘိန်းစိုက်ပျိုးတဲ့ နိုင်ငံအဖြစ် ရှိနေဆဲဖြစ်တယ်လို့ ၂၀၁၃ ခုနှစ် ဒီဇင်ဘာလက ထုတ်ပြန် လိုက်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

သမ္မတ ဦးသိန်းစိန် အစိုးရက ၂၀၁၄ ခုနှစ်အတွင်း မြန်မာနိုင်ငံမှာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အောင်မြင်ရမယ်လို့ ကြေညာ ထား ပေမယ့် UNODC ရဲ့ ၂၀၁၃ အစီရင်ခံစာ တွေ့ရှိချက်မှာတော့ ၂၀၁၂ ခုနှစ် ထုတ်လုပ်မှုထက်စာရင် ၂၆ ရာခိုင်နှုန်း တိုးတက်လာတာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

UWSA ဟာ မူးယစ်ဆေးဝါး ထုတ်လုပ်၊ ကူးသန်းမှုနဲ့ ကျော်ကြားတဲ့ အဖွဲ့တဖွဲ့ဖြစ်ပြီး အမေရိကန် အစိုးရက ၂၀၀၅ ခုနှစ်မှာ UWSA အကြီးအကဲ ဝေရှောက်ခမ်နဲ့ ခေါင်းဆောင်တချို့ကို မူးယစ်ဆေးဝါး ကူးသန်းရောင်းဝယ်မှုနဲ့ စွဲချက်တင်ခဲ့ပြီး ဝေရှောက်ခမ်ကို ၁၉၉၈ ခုနှစ်ကတည်းက အမေရိကန် ဒေါ်လာ ၂ သန်းနဲ့ ဖမ်းမိန့် ထုတ်ခဲ့ဖူးပါတယ်။

UWSP ဟာ ၂၀၀၈ အခြေခံဥပဒေ အရ ရှမ်းပြည်နယ်ထဲမှာ “ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း” အဖြစ် ခရိုင် ၂ ခု၊ မြို့နယ် ၆ မြို့နယ်
အုပ်ချုပ်ခွင့် ရရှိထားတာ ဖြစ်ပါတယ်။ UWSP ခေါင်းဆောင်တွေကတော့ နောက်ပိုင်း အစိုးရနဲ့ ဆွေးနွေးပွဲတွေမှာ ကိုယ်ပိုင် အုပ်ချုပ် ခွင့်ရ ‘ဝ’ ပြည်နယ် တည်ဆောက်ဖို့ တစိုက်မတ်မတ် ဆွေးနွေးခဲ့ပါတယ်။

တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေထဲမှာ အင်အား အတောင့်တင်းဆုံးဖြစ်တဲ့ UWSA ဟာ ၁၉၈၉ ခုနှစ် ဗမာပြည် ကွန်မြူနစ်ပါတီ (ဗကပ) အဖွဲ့ကနေ ခွဲထွက်ခဲ့တဲ့ အဖွဲ့ဖြစ်ပါတယ်။ မြန်မာအစိုးရနဲ့ ၁၉၈၉ မှာ အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု လက်မှတ် ရေးထိုးခဲ့ပြီး တိုက်ပွဲတွေ ပြန်ဖြစ်ခဲ့ပါတယ်။ ၂၀၁၁ ခုနှစ်မှာတော့ အပစ်အခတ်ရပ်စဲရေး ထပ်မံ လက်မှတ်ထိုးထားပါတယ်။
burma.irrawaddy
ဘိန်းစိုက်ပျိုးထုတ်လုပ်မှုနဲ့ ပတ်သက်ပြီး နာမည်ကျော်ခဲ့တဲ့ “ဝ” ဒေသမှာ ဘိန်းစိုက်ပျိုးထုတ်လုပ်မှု လုံးဝ မရှိတော့ဘူးလို့ “ဝ” ပြည် သွေးစည်း ညီညွှတ်ရေး ပါတီ (UWSP) ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။ “ဝ” ပြည် သွေးစည်း ညီညွှတ်ရေး တပ်မတော် (UWSA) ထိန်းချုပ်ဒေသ အတွင်းမှာ ဘိန်းစိုက်ပျိုးမှုတွေ ရှိနေဆဲပဲလို့ နိုင်ငံတကာ က စောင့်ကြည့် လေ့လာသူတွေနဲ့ “ဝ” ဒေသခံတချို့က ပြောဆိုမှုတွေ ရှိနေကြောင်း ဧရာဝတီက မေးမြန်းမှု အပေါ် UWSP က အခုလို ငြင်းဆန် တုံ့ပြန်လိုက်တာ ဖြစ်ပါတယ်။

လူမှုရေး အရှုပ်အထွေးကြောင့် ဗြိတိန်ရေတပ် အမျိုးသမီး တိုက်ရေယာဉ်မှူး ရာထူးမှ ဖယ်ရှားခံရ


Photo: လူမှုရေး အရှုပ်အထွေးကြောင့် ဗြိတိန်ရေတပ် အမျိုးသမီး တိုက်ရေယာဉ်မှူး ရာထူးမှ ဖယ်ရှားခံရ
Saturday, August 9, 2014

ဗြိတိန်ရေတပ် သမိုင်းတွင် အဓိက စစ်သင်္ဘောတစ်စီးကို ပထမဆုံးအကြိမ် ဦးဆောင်ခွင့် ရခဲ့သည့် အမျိုးသမီး တပ်မှူး တစ်ဦးကို လူမှုရေး ဖောက်ပြန်မှုကြောင့် ရာထူးမှ ဖယ်ရှားလိုက်ကြောင်း သတင်းရရှိသည်။

အသက်(၄၂)နှစ် အရွယ်ရှိ တပ်မှူးဆာရှာဝက်စ်သည် Type 32 အမျိုးအစား ဖရီးဂိတ် စစ်သင်္ဘော HMS Portland ၏ ဦးစီးမှူး တာဝန်ကို (၂၀၁၂)ခုနှစ်၊ မေလအတွင်းက ခန့်အပ်ခြင်း ခံခဲ့ရသည်။ သို့သော်လည်း သူမလက်အောက်မှ အိမ်ထောင်သည် အရာရှိ တစ်ဦးနှင့် လူမှုရေး ဖောက်ပြန်မှုကြောင့် ပြီးခဲ့သည့်လတွင် ရေယာဉ်မှူး အဖြစ်မှ ဖယ်ရှားခံခဲ့ရကြောင်း သိရသည်။

တော်ဝင်ရေတပ် ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်တစ်ဦးက တပ်မှူးဝက်စ်သည် လက်ရှိတာဝန်မှ ဖယ်ရှားခံရကြောင်း ဩဂုတ်(၈)ရက်တွင် အတည်ပြုခဲ့သော်လည်း အခြားအသေးစိတ် အချက်အလက်များကို ပြောကြားမသွားချေ။ ဝက်စ်သည် အခြား ရာထူးတစ်နေရာဖြင့် ရေတပ်တွင် ပြောင်းရွှေ့ အမှုထမ်းရမည် ဟူ၍မူ အဆိုပါ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်က မှတ်ချက်ပေးခဲ့သည်။

တပ်မှူးဝက်စ်သည် ကမ္ဘာပတ် ခုတ်မောင်းမှု အစီအစဉ် တစ်ရပ်အရ ဇန်နဝါရီလ ကတည်းက HMS Portland ပေါ်တွင် တာဝန်ယူ ကြီးကြပ်နေခဲ့ကြောင်း သိရသည်။ သင်္ဘောပေါ်တွင် လူမှုရေး ရှုပ်ထွေးမှုတစ်ခု ဖြစ်ခဲ့ကြောင်း သတင်းများကို ကာကွယ်ရေး ဝန်ကြီးဌာနက ပြီးခဲ့သည့်လအတွင်း အတည်ပြုချက် ပေးခဲ့သည်။ ထို့အပြင် ယင်းကိစ္စမျိုးကို အလေးအနက်ထားရမည့် အခြေအနေ တစ်ရပ်အဖြစ် ယူဆကြောင်းလည်း ရေတပ်က ဆိုသည်။ ရေတပ်၏ စည်းမျဉ်းများအရ စစ်ဆင်ရေးတာဝန်ကို ထိခိုက်စေနိုင်သည်ဟု ယူဆရသော ပုဂ္ဂိုလ်ရေး ဆက်နွယ်မှုများကို ခွင့်မပြုချေ။

ရေတပ် ပြောရေးဆိုခွင့်ရ အရာရှိက “တပ်မှူးဝက်စ်ဟာ တော်ဝင်ရေတပ်မှာ ဆက်ပြီး အမှုထမ်းနေမှာပါ။ သူ့ရဲ့ တာဝန်ယူမှု နေရာကတော့ အပြောင်းအလဲ ဖြစ်လာနိုင်ပါတယ်။ သူ့ရဲ့ ကျွမ်းကျင်မှုနဲ့ အတွေ့အကြုံတွေကို ရေတပ်က တခြားတစ်နေရာမှာ အကောင်းဆုံး အသုံးချနိုင်မယ်လို့ ယုံကြည်ပါတယ်”ဟု ပြောကြားခဲ့သည်။ လက်ရှိ အချိန်တွင် HMS Portland ကို ဝက်စ်၏ လက်ထောက် ရေယာဉ်မှူးက လွှဲပြောင်းတာဝန်ယူ ကြီးကြပ်လျက် ရှိသည်။

အမှုထမ်း (၁၈၅)ဦး တာဝန်ထမ်းဆောင်နေသည့် HMS Portland သည် လတ်တလောတွင် (၇)လကြာ တပ်ဖြန့်ခုတ်မောင်းမှု အစီအစဉ်ဖြင့် ဥရောပ၊ အာဖရိက၊ တောင်အမေရိက၊ မြောက်အမေရိကတို့ကို သွားရောက်ခဲ့ပြီး မကြာမီ ရက်ပိုင်းအတွင်း ပလိုင်းမောက်သ် ဆိပ်ကမ်းသို့ ပြန်လည် ဆိုက်ကပ်လာဖွယ် ရှိနေကြောင်း သိရသည်။

_Ref: BBC ဗြိတိန်ရေတပ် သမိုင်းတွင် အဓိက စစ်သင်္ဘောတစ်စီးကို ပထမဆုံးအကြိမ် ဦးဆောင်ခွင့် ရခဲ့သည့် အမျိုးသမီး တပ်မှူး တစ်ဦးကို လူမှုရေး ဖောက်ပြန်မှုကြောင့် ရာထူးမှ ဖယ်ရှားလိုက်ကြောင်း သတင်းရရှိသည်။
အသက်(၄၂)နှစ် အရွယ်ရှိ တပ်မှူးဆာရှာဝက်စ်သည် Type 32 အမျိုးအစား ဖရီးဂိတ် စစ်သင်္ဘော HMS Portland ၏ ဦးစီးမှူး တာဝန်ကို (၂၀၁၂)ခုနှစ်၊ မေလအတွင်းက ခန့်အပ်ခြင်း ခံခဲ့ရသည်။ သို့သော်လည်း သူမလက်အောက်မှ အိမ်ထောင်သည် အရာရှိ တစ်ဦးနှင့် လူမှုရေး ဖောက်ပြန်မှုကြောင့် ပြီးခဲ့သည့်လတွင် ရေယာဉ်မှူး အဖြစ်မှ ဖယ်ရှားခံခဲ့ရကြောင်း သိရသည်။

မလေးရှားလေကြောင်းလိုင်း နိုင်ငံပိုင်ပြောင်းမယ်

မလေးရှားလေကြောင်းလိုင်းက ဒီနှစ်ထဲမှာ လေယာဉ် ၂ စင်း ပျောက်ဆုံး ပျက်ကျခဲ့ပြီး အခုတော့ MAS လေကြောင်း လိုင်းကို ရာနှုန်းပြည့် မလေးရှား နိုင်ငံပိုင် ရင်းနှီးမြှုပ်နှံမှုအဖြစ်ပြောင်းလဲပါတော့မယ်။ အရင်ကတော့ မလေးရှားလေကြောင်းလိုင်းမှာ နိုင်ငံပိုင် အစုရှယ်ယာက ၇ဝ ရာခိုင်နှုန်းသာရှိပြီး ကျန်တဲ့ ၃ဝ ရာခိုင်နှုန်းကို အစုရှယ်ရာ ပုဂ္ဂလိကတွေအနေနဲ့ လေကြောင်းလိုင်းမှာ ရင်းနှီးမြှုပ်နှံခွင့် ရှိခဲ့တာပါ။
မလေးရှားနိုင်ငံ ကွာလာလမ်ပူကနေ ပီကင်းကို ပျံသန်းရင်း အခုထိ အစရှာလို့မရပဲ ပျောက်ဆုံးနေခဲ့တဲ့ MH 370 ဘိုရင်း ဂျက်လေယာဉ်ဖြစ်စဉ်အပြီး မကြာသေးခင်ကပဲ ယူကရိန်းနိုင်ငံအရှေ့ဘက်မှာ ရုရှားလိုလားသူ ယူကရိန်း ခွဲထွက်ရေးသမား စစ်သွေးကြွတွေက မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည်နဲ့ ပစ်ချခဲ့လို့ ပျက်ကျခဲ့ရပါ တယ်။ ဒါကြောင့် လေယာဉ်စီးခရီးသည်တွေအနေနဲ့ မလေးရှားလေကြောင်းလိုင်းအပေါ် ယုံကြည်မှုတွေကျ ဆင်း လာ ခဲ့ပါတယ်။ အခုတော့ မလေးရှားအစိုးရအနေနဲ့ MAS ကို ရာနှုန်းပြည့် နိုင်ငံပိုင်လေကြောင်းလိုင်းအဖြစ်ပြောင်းလဲပြီး ခရီးသည်တွေရဲ့ ယုံကြည်မှုကို ရရေး ပြန်လည်တည်ဆောက်ဖို့ ကြိုးစားသွားမယ်လို့ သိရပါတယ်။

နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေအား ပြင်ဆင်သည့်ဥပဒေကြမ်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့် လွှတ်တော်သို့ပေးပို့ထား

၁၉၂၃ ခုနှစ် နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေအား ပြင်ဆင်သည့်ဥပဒေကြမ်းကို လွှတ်တော်သို့ပေးပို့ထားကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်က သြဂုတ် ၈ ရက်တွင် လွှတ်တော်အတွေ့အကြုံ ရှင်းလင်းပွဲ၌ ပြောကြားသည်။ အဆိုပါ ဥပဒေကြမ်းကို သြဂုတ် ၇ ရက်က ပေးပို့ခဲ့ခြင်းဖြစ်ပြီး ဥပဒေကြမ်းတွင် ကင်းလွတ်ချက်တစ်ချက်နှင့် သက်သေပြရန်နှင့် ပတ်သက်သည့် အချက်တစ်ချက်တို့ကို ပြင်ဆင်ထည့်သွင်းထားကြောင်း ဦးသိန်းညွန့်က ပြောကြားသည်။
လက်ရှိဥပဒေသည် လွန်ခဲ့သည့် နှစ်ပေါင်း ၉၀ ကျော်က ပြဋ္ဌာန်းခဲ့သည့် ဥပဒေဖြစ်သည့်အတွက် ခေတ်နှင့်မလျော်ညီတော့ခြင်း၊ ဥပဒေပါ ပြဋ္ဌာန်းချက်များသည် သတင်းမီဒီယာဥပဒေပါ သတင်းထောက်များ၏ ရပိုင်ခွင့်များကို ပြန်လည်လွှမ်းမိုးနေခြင်း၊ အစိုးရဌာနများသို့ သတင်းသွားရောက်ယူသည့်အခါ ထောင်ကျသည့်ဖြစ်ရပ်မျိုး မဖြစ်စေရန်တို့အတွက် ပြင်ဆင်ခြင်းဖြစ်ကြောင်း ဦးသိန်းညွန့်က ပြောကြားသည်။
မူရင်းဥပဒေသည် အင်္ဂလိပ်လို ရေးသားထားသော်လည်း ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် မြန်မာစာသည် ရုံးသုံးစာဖြစ်သည်ဟု ပြဋ္ဌာန်းထားချက်အရ မြန်မာစာဖြင့်သာ ပြင်ဆင်တင်ပြထားပြီး လွှတ်တော်မှ ဘာသာပြန်ဆိုရန် လိုအပ်သည်ဟု သင်္ဃန်းကျွန်းမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်က ပြောကြားသည်။

အာဆီယံဒေသတွင်းဖိုရမ် မပြုလုပ်မီ သြဂုတ် ၈ ရက်တွင် အမေရိကန်နှင့် တရုတ်ကိုယ်စားလှယ်များ နေပြည်တော်၌ သီးခြားတွေ့ဆုံရန် လျာထားသည့်အစီအစဉ် ပျက်ပြယ်

အာဆီယံ ဒေသတွင်းဖိုရမ် မပြုလုပ်မီ သြဂုတ် ၈ ရက်တွင် အမေရိကန်နှင့် တရုတ်ကိုယ်စားလှယ်များ နေပြည်တော်၌ သီးခြားတွေ့ဆုံရန် လျာထားခဲ့သည့် အစီအစဉ်မှာ ပျက်ပြယ်ခဲ့ကြောင်း သတင်းရရှိသည်။ သြဂုတ် ၈ ရက်တွင် သီးခြားတွေ့ဆုံရန် လျာထားခဲ့သော အဆိုပါအစီအစဉ်မှာ မည်သည့်အတွက်ကြောင့် ပျက်ပြယ်ခဲ့သည်ကို မသိရှိရသော်လည်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ ရောက်ရှိမလာသေးသဖြင့် ပျက်ပြယ်ရခြင်းဖြစ်သည်ဟု စုံစမ်းသိရှိရသည်။ အမေရိကန်နှင့် တရုတ်တို့ သီးခြားတွေ့ဆုံမှုတွင် တောင်တရုတ်ပင်လယ်အရေးနှင့် ပတ်သက်ပြီး ဆွေးနွေးမှုများ ပြုလုပ်လိမ့်မည်ဆိုသော သတင်းများထွက်ပေါ်ချိန်၌ သီခြားတွေ့ဆုံမည့် အစီအစဉ် ပျက်ပြယ်ခဲ့ခြင်းလည်း ဖြစ်သည်။ အမေရိကန်အနေဖြင့် အာဆီယံဒေသတွင်းဖိုရမ်ကို အသုံးပြုကာ တောင်တရုတ်ပင်လယ် အရေးကိစ္စအတွက် ဖိအားပေးလိမ့်မည်ဆိုသော သတင်းများ ထွက်ပေါ်နေသော်လည်း မြန်မာနိုင်ငံ၏ အာဆီယံရေးရာ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ဖြစ်နိုင်ခြေမရှိကြောင်း ပြောကြားသည်။

(၂၆) နှစ်မြောက် ရှစ်လေးလုံးဒီမိုကရေစီ အရေးတော်ပုံ အထိမ်းအမှတ် အခမ်းအနား ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်ရှိ ဓမ္မပိယကျောင်းတိုက်၌ ပြုလုပ်

(၂၆) နှစ်မြောက် ရှစ်လေးလုံးဒီမိုကရေစီ အရေးတော်ပုံ အထိမ်းအမှတ် အခမ်းအနားကို သြဂုတ် ၈ ရက်က ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်ရှိ ဓမ္မပိယကျောင်းတိုက်၌ ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါ အခမ်းအနားတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သဘာပတိအဖွဲ့နာယက ဦးတင်ဦး၊ ရခိုင်အမျိုးသားပါတီ ပထမခေါင်းဆောင် ဦးအေးသာအောင်၊ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးမင်းကိုနိုင်နှင့် ဦးကိုကိုကြီးတို့က အမှတ်တရစကား ပြောကြားခဲ့သည်။ ထို့အပြင် အခမ်းအနားသို့ နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများ၊ အသင်းအဖွဲ့များမှ တာဝန်ရှိသူများ၊ ၈၈ ကာလ နိုင်ငံရေးလှုပ်ရှားမှုတွင် ပါဝင်ခဲ့သူများနှင့် အခြားသော နိုင်ငံရေးအင်အားစုများ တက်ရောက်ခဲ့ကြသည်။ အလားတူ အခမ်းအနားသို့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း၊ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ ဌာနချုပ်၊ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ၊ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ)၊ နိုင်ငံအကျဉ်းသားဟောင်းများ၊ ပလောင်(တအာင်း) အမျိုးသမီးအစည်းအရုံး၊ မြန်မာနိုင်ငံ ကဗျာဆရာများသမဂ္ဂ၊ ABSDF၊ မြန်မာနိုင်ငံ စာရေးဆရာများသမဂ္ဂ၊ ‘၀’ အမျိုးသားစည်းလုံးညီညွတ်ရေး ပါတီဗဟိုဌာနချုပ်၊ အမျိုးသမီးများ ငြိမ်းချမ်းရေးရှေ့ဆောင်ကွန်ရက်၊ ၈၈ မျိုးဆက် မျိုးဆက်သစ်လူ့အဖွဲ့အစည်း (မလေးရှား)၊ ဆရာကြီး သခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက်၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများ အဖွဲ့ချုပ်တို့မှ သ၀ဏ်လွှာများ အသီးသီးပေးပို့ခဲ့ကြသည်။

နိုင်ငံများ၏ တရားဥပဒေစိုးမိုးမှုအဆင့် သတ်မှတ်ရန် ၉၉ နိုင်ငံအား စစ်တမ်းပြုရာ၌ မြန်မာက အဆင့် ၈၉ တွင် ရပ်တည်နေကြောင်း World Justice Project အဖွဲ့ ထုတ်ပြန်

အမေရိကန်ပြည်ထောင်စု၊ ၀ါရှင်တန်ဒီစီအခြေစိုက် အစိုးရအဖွဲ့အစည်းမဟုတ်သော World Justice Project (WJP) အဖွဲ့အ စည်း၏နေ့စဉ် လူမှုဘ၀ဆိုင်ရာ တရားဥပဒေစိုးမိုးမှု ကမ္ဘာစစ်တမ်းတစ်ရပ်တွင် နိုင်ငံပေါင်း ၉၉ နိုင်ငံအား သုတေသနပြုလုပ်ခဲ့ရာ၌ မြန်မာနိုင်ငံသည် အဆင့် ၈၉ တွင် ရပ်တည်နေကြောင်း သိရသည်။ အဆိုပါ WJP အဖွဲ့အစည်းသည် ၂၀၁၄ ခုနှစ်အတွက် တရားဥပဒေစိုးမိုးမှုနှင့် ပတ်သက်သောစစ်တမ်းကို သြဂုတ် ၆ ရက်က ထုတ်ပြန်ပေးခဲ့ခြင်းဖြစ်ပြီး လူနေမှုဘ၀တွင် အစိုးရအဖွဲ့အစည်းများနှင့် ပြည်သူတို့၏ တရားဥပဒေအပေါ် လေးစားလိုက်နာမှု စံနှုန်းများကို အဓိကစစ်တမ်းပြုစုခဲ့ခြင်းလည်း ဖြစ်သည်။ ၂၀၀၆ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သော WJP အဖွဲ့အစည်းသည် မည်သည့်အစိုးရ၏ ထောက်ပံ့မှုကိုမှ ရယူခြင်းခြင်းမရှိသော အဖွဲ့အစည်းအဖြစ် ရပ်တည်နေကာ ကမ္ဘာ့နိုင်ငံတိုင်းတွင် တရားဥပဒေစိုးမိုးမှု ပိုမိုဖြစ်ထွန်းလာစေရန် အစဉ်တစိုက်လုပ်ဆောင်လျက် ရှိသည်ကိုလည်း တွေ့ရသည်။

မြေနီကုန်းခုံးကျော်တံတား တည်ဆောက်ခွင့်အား ယခင်ရွှေဂုံတိုင် ခုံးကျော် တံတား ကို တည်ဆောက်ခဲ့သည့် Capital Development ကုမ္ပဏီက ထပ်မံတည်ဆောက်ခွင့်ရ

ရန်ကုန်မြို့ မြေနီကုန်းလမ်းဆုံတွင် တည်ဆောက်မည့် မြေနီကုန်းခုံးကျော်တံတား တာဝန်ယူတည်ဆောက်ခွင့်အား ယခင်ရွှေဂုံတိုင် ခုံးကျော်တံတားကို တာဝန်ယူတည်ဆောက်ခဲ့သည့် Capital Development ကုမ္ပဏီက ထပ်မံတည်ဆောက်ခွင့်ရခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ သိရသည်။ မြေနီကုန်းခုံးကျော်တံတား တာဝန်ယူတည်ဆောက်ခွင့်အတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က တင်ဒါခေါ်ယူခဲ့ရာ ကုမ္ပဏီ ၁၁ ခု တင်ဒါတင်သွင်းခဲ့ပြီး ယင်းတို့အနက်မှ နာမည်ကြီးကုမ္ပဏီများဖြစ်သော ထူးကုမ္ပဏီ၊ Capital Development ကုမ္ပဏီ အပါအဝင် ကုမ္ပဏီငါးခုအား ဆန်ခါတင်အဆင့် ရွေးချယ်ခဲ့ကြောင်းနှင့် ဆန်ခါတင်ကုမ္ပဏီ ငါးခုအနက်မှ Capital Development ကုမ္ပဏီက ဆောက်လုပ်ခွင့် ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ “မြေနီကုန်းခုံးကျော်တံတားကို Capital Development ကုမ္ပဏီကို တာဝန်ယူဆောက်ခွင့် ရွေးချယ်လိုက်ပါတယ်။ မကြာမီလုပ်ငန်းတွေ စတင်တော့မှာပါ” ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

၇၂ နာရီကြာ အပစ်အခတ်ရပ်စဲရေး ကုန်ဆုံးပြီးနောက် ဂါဇာက အစ္စရေးသို့ ဒုံးကျည်များဖြင့် ပစ်ခတ်

Photo: ၇၂ နာရီကြာ အပစ်အခတ်ရပ်စဲရေး ကုန်ဆုံးပြီးနောက် ဂါဇာက အစ္စရေးသို့ ဒုံးကျည်များဖြင့် ပစ်ခတ်
Saturday, August 9, 2014

လနှင့်ချီလျက် ကြာလာပြီဖြစ်သည့် ပဋိပက္ခအတွင်း ၇၂ နာရီကြာ အပစ်အခတ်ရပ်စဲရေးကို သက်တမ်းတိုးရန် ကိုင်ရိုမြို့၌ ဆွေးနွေးခဲ့ရာတွင် ပါလက်စတိုင်းအုပ်စုများက ငြင်းပယ်လိုက်ပြီးနောက် သြဂုတ် ၈ ရက်တွင် ဂါဇာစစ်သွေးကြွများက အစ္စရေးနိုင်ငံအတွင်းသို့ ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

သို့သော် အစ္စရေးတောင်ပိုင်း၌ နေထိုင်သူများသည် ဒုံးကျည်အန္တရာယ်များမှ ကင်းဝေးရန် အကာအကွယ်များ၌ ခိုလှုံနေရပြီး ဂါဇာ၌ နေထိုင်သူများသည်လည်း အစ္စရေးတို့၏ လက်တုံ့ပြန်မှုကို စိုးရိမ်သောကြောင့် နေအိမ်များမှ စွန့်ခွာထွက်ပြေးနေရချိန်၌ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ထပ်မံရရှိရန် အီဂျစ်နိုင်ငံမြို့တော် ကိုင်ရိုတွင် ဆက်လက်ဆွေးနွေးနေဆဲ ဖြစ်သည်။

ဂါဇာမှ အစ္စရေးတောင်ပိုင်းသို့ ဒုံးကျည်ပေါင်း ၁၀ စင်းထက်မနည်း ပစ်ခတ်ခဲ့ပြီး ကမ်းရိုးတန်းမြို့ဖြစ်သော အက်ရှ်ကီလွန်တွင် ဒုံးကျည်တစ်စင်းကို ကြားဖြတ်ဟန့်တားနိုင်ခဲ့ကြောင်း အစ္စရေးစစ်တပ်က ပြောကြားခဲ့သည်။ သို့သော် အထိအခိုက် အပျက်အစီး တစ်စုံတစ်ရာမရှိကြောင်း အစ္စရေးရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

ဂါဇာဒေသအတွင်းနှင့် တစ်ဝိုက်တွင် သီတင်းလေးပတ်ကြာ တိုက်ပွဲများဖြစ်ပွားခဲ့ပြီးနောက် ၇၂ နာရီကြာ အပစ်အခတ်ရပ်စဲရေးသည် ဂရင်းနစ်စံတော်ချိန် ၀၅:၀၀ တွင် ပြီးဆုံးခဲ့ရာ ယင်းနောက်များ မကြာမီမှာပင် ဒုံးကျည်ပစ်ခတ်မှုများ ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။

“အစ္စရေးက ကျွန်တော်တို့ရဲ့ တောင်းဆိုမှုတွေကို လိုက်လျောဖို့ ငြင်းဆိုခဲ့တာကြောင့် ဟားမားစ်အပါအ၀င် ပါလက်စတိုင်းအုပ်စုတွေက အပစ်အခတ်ရပ်စဲရေးကို သက်တမ်းတိုးဖို့ သဘောမတူတော့ပါဘူး။ ဒါပေမဲ့ ကိုင်ရိုမှာ ဆက်လက်စေ့စပ် ညှိနှိုင်းနေပါတယ်” ဟု ဟားမားစ်အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဖောဇီဘာဟမ်က ပြောကြားခဲ့သည်။

ပါလက်စတိုင်း အာဏာပိုင်တစ်ဦး၏ ပြောကြားချက်အရ ဂါဇာကို အဓိကအုပ်စိုးသော ဟားမားစ်အဖွဲ့နှင့် ပါလက်စတိုင်းမှ အုပ်စုငယ်တစ်ခုဖြစ်သော အစ္စလာမ္မစ် ဂျီဟတ်အဖွဲ့တစ်ဖွဲ့တို့က အပစ်အခတ်ရပ်စဲရေးကို သဘောတူပြီးမှ အစ္စရေးတို့ ဂါဇာဒေသကို ပိတ်ဆို့ထားခြင်းနှင့် ပတ်သက်သည့် ဖော်ပြချက်၌ စကားလုံးများကို ပြောင်းလဲခဲ့သောကြောင့် ယခုကဲ့သို့ ငြင်းဆိုလိုက်ရခြင်းဖြစ်သည်ဟု ဆိုသည်။

၎င်းက ဆက်လက်ပြောကြားရာတွင် ပါလက်စတိုင်းသမ္မတ မာမွတ်အဘား၏ ကိုယ်စားလှယ်တစ်ဦး ဦးဆောင်သော ပါလက်စတိုင်း ကိုယ်စားလှယ်အဖွဲ့သည် သြဂုတ် ၈ ရက် မွန်းလွဲပိုင်းတွင် ၎င်းတို့၏ ရပ်တည်ချက်ကို တင်ပြပြီးနောက် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်မည်ဟု ဆိုသည်။

အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက နောက်ဆုံးဖြစ်ပေါ် တိုးတက်မှုများနှင့် ပတ်သက်၍ တစ်စုံတစ်ရာ မှတ်ချက်ပေးခဲ့ခြင်း မရှိသော်လည်း အစိုးရအဖွဲ့ဝင်တစ်ဦးက ဒုံးကျည်ပစ်ခတ်မှုများအား ပြင်းပြင်းထန်ထန် တုံ့ပြန်သွားမည်ဖြစ်ကြောင်း သတိပေးခဲ့သည်။

Ref:AFP
Eleven Media Group 

အစ္စရေးတို့ တိုက်ခိုက်လာမည်ကို စိုးရိမ်ထိတ်လန့်မှုကြောင့် ဂါဇာစီးတီးရှိ ရှီဂျေယာဒေသမှ နေအိမ်စွန့်ခွာ ထွက်ပြေးလာသော ပါလက်စတိုင်း မိသားစုများ (Photo:Anadolu)
အစ္စရေးတို့ တိုက်ခိုက်လာမည်ကို စိုးရိမ်ထိတ်လန့်မှုကြောင့် ဂါဇာစီးတီးရှိ ရှီဂျေယာဒေသမှ နေအိမ်စွန့်ခွာ ထွက်ပြေးလာသော ပါလက်စတိုင်း မိသားစုများ (Photo:Anadolu)
 လနှင့်ချီလျက် ကြာလာပြီဖြစ်သည့် ပဋိပက္ခအတွင်း ၇၂ နာရီကြာ အပစ်အခတ်ရပ်စဲရေးကို သက်တမ်းတိုးရန် ကိုင်ရိုမြို့၌ ဆွေးနွေးခဲ့ရာတွင် ပါလက်စတိုင်းအုပ်စုများက ငြင်းပယ်လိုက်ပြီးနောက် သြဂုတ် ၈ ရက်တွင် ဂါဇာစစ်သွေးကြွများက အစ္စရေးနိုင်ငံအတွင်းသို့ ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

တောင်တရုတ် ပင်လယ်ပြင် အရေး မြန်မာ ကြားနေမည်

Photo: တောင်တရုတ် ပင်လယ်ပြင် အရေး မြန်မာ ကြားနေမည်
Saturday, August 9, 2014 

တောင်တရုတ် ပင်လယ်ပြင်အတွင်း နယ်မြေပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ ကိစ္စမှာ မြန်မာအစိုးရ အနေနဲ့ ဘက်လိုက်ပြီး ရပ်တည်မှာမဟုတ်ပဲ တရုတ်နဲ့ မြန်မာအကြားက ရင်းနှီးမှုကို အခြေခံပြီး ဒီပဋိပက္ခကို တွေ့ဆုံ ဆွေးနွေးပြီး ငြိမ်းချမ်းစွာ အဆုံးသတ်ရေးအတွက် ကြိုးပမ်း လုပ်ဆောင်သွားမယ် လို့ ပြောကြားလိုက်ပါတယ်။ မြန်မာနိုင်ငံ နေပြည်တော်မှာ ကျင်းပနေတဲ့ ၄၇ ကြိမ်မြောက် အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ စည်းဝေးပွဲအတွင်း ပြန်ကြားရေး ၀န်ကြီး ဦးရဲထွဋ်က သတင်းထောက်တွေကို အဲဒီလို ပြောကြား လိုက်တာ ဖြစ်ပါတယ်။ ဒီအကြောင်း ရိုက်တာသတင်းဌာနက ပေးပို့ထားတဲ့ သတင်းကို ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

တောင်တရုတ်ပင်လယ်ပြင်အတွင်း နယ်မြေပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ ကိစ္စနဲ့ ပတ်သက်လို့ မြန်မာအစိုးရအနေနဲ့ ဘက်လိုက် ရပ်တည်မှာ မဟုတ်ဘူးလို့ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က နေပြည်တော်မှာ သြဂုတ်လ ၈ ရက်နေ့က ပြောကြားလိုက်တာ ဖြစ်ပါတယ်။

တွင်းထွက် သဘာဝ အရင်းအမြစ်တွေအပြင် ငါးဖမ်းလုပ်ငန်းအတွက်ပါ ကြီးမားစွာ လုပ်ကိုင်နိုင်တဲ့ အဲဒီ တောင်တရုတ်ပင်လယ်ပြင်အတွင်းက နယ်မြေ ၉၀ ရာခိုင်နှုန်းကို သူတို့ပိုင်ဆိုင်ကြောင်း တရုတ်အစိုးရက ပြောဆိုနေတာ ဖြစ်ပါ တယ်။ နှစ်စဉ် အမေရိကန်ဒေါ်လာ သန်း ၅ သောင်းဖိုးနဲ့ ညီမျှတဲ့ ကုန်ပစ္စည်းတွေ ရေကြောင်း ကနေ သယ်ယူ ပို့ဆောင်နေတဲ့ အဲဒီ တောင်တရုတ် ပင်လယ်ပြင်အတွင်းက ရေပိုင်နက် တချို့ကို ဘရူနိုင်း၊ မလေးရှား၊ ဖိလစ်ပိုင်၊ ဗီယက်နမ်နဲ့ ထိုင်ဝမ် တို့ကလည်း ပိုင်ဆိုင်ကြောင်း ပြောဆိုနေကြတာ ဖြစ်ပါတယ်။

တောင်တရုတ်ပင်လယ်ပြင်ကိစ္စမှာ ငြိမ်းချမ်းတဲ့နည်းနဲ့ အဖြေရှာနိုင်ဖို့ တရုတ်နိုင်ငံနဲ့ ရင်းနှီးမှုအပေါ် အခြေခံပြီး ကြိုးစား လုပ်ဆောင်သွားမယ်လို့ နေပြည်တော်မှာ ကျင်းပနေတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ စည်းဝေးပွဲအတွင်း အာဆီယံအဖွဲ့ကြီးရဲ့ အလှည့်ကျဥက္ကဋ္ဌ တာဝန်ယူ ထားတဲ့ မြန်မာနိုင်ငံ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က ပြောပါတယ်။

 "တောင်တရုတ်ပင်လယ်ပြင်ထဲက နယ်မြေပိုင်ဆိုင်မှု အငြင်းပွားနေကြတဲ့ နိုင်ငံတွေ အချင်းချင်းကြား ငြိမ်းချမ်းစွာ တွေ့ဆုံ ဆွေးနွေး အဖြေရှာရေး ဖြစ်ပေါ်လာအောင် ကြားဝင်ဆောင်ရွက်ပေး ဖို့ မြန်မာနိုင်ငံဟာ ကောင်းမွန်တဲ့ အနေအထားမှာ ရှိနေတဲ့အကြောင်း၊ ဒီပဋိပက္ခ ပြေလည်စေရေးအတွက် တရုတ်နိုင်ငံနဲ့ ချစ်ကြည် ရင်းနှီးတဲ့ ဆက်ဆံရေးကို အသုံးချပြီး မြန်မာနိုင်ငံအနေနဲ့ ကြားဝင် ဆောင်ရွက် ပေးနိုင်တာနဲ့အညီ အဲဒီအတိုင်းပဲ လုပ်ဆောင် သွားမှာ ဖြစ်တဲ့အကြောင်း ပြောသွားတာ ဖြစ်ပါတယ်။"

တောင်တရုတ်ပင်လယ်ပြင်အတွင်းက ကျွန်း ၅ ကျွန်းမှာ မီးပြတိုက်တွေ တည်ဆောက်သွားမယ့်အကြောင်း တရုတ်အစိုးရပိုင် သတင်း မီဒီယာတွေမှာ ကြာသပတေးနေ့က ရေးသား ဖော်ပြထားပါတယ်။ အဲဒီအထဲက အနဲဆုံး ကျွန်း ၂ ကျွန်းဖြစ်တဲ့ Drummond ကျွန်းနဲ့ Pyramid Rock ကျွန်းတွေဟာ ဗီယက်နမ်နဲ့ ထိုင်ဝမ်တို့ကလည်း ပိုင်ဆိုင်ကြောင်း ပြောဆိုနေတဲ့ Paracel ကျွန်းစုတွေထဲမှာ ပါဝင်နေပါတယ်။

တဖက်မှာလည်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး John Kerry ဟာ ကွန်ဂရက်လွှတ်တော်ရဲ့ ဖိအားပေးမှုကြောင့် မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်နေတဲ့ လူမျိုးရေး ဘာသာရေးအသွင်ဆောင်တဲ့ ပဋိပက္ခတွေကိစ္စနဲ့ပတ်သက်လို့ ဒီစည်းဝေးပွဲတွေအတွင်း မြန်မာအစိုးရကို မေးခွန်းထုတ်ဖွယ် ရှိနေပါတယ်။

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်အတွင်း ၂၀၁၂ ခုနှစ်က လူမျိုးအသွင်ဆောင်တဲ့ အဓိကရုန်းတွေ ဖြစ်ပွားခဲ့တဲ့အတွက် လူ ၂၀၀ လောက် သေဆုံးပြီး ရိုဟင်ဂျာအများစုအပါအ၀င် လူ တစ်သိန်းခွဲလောက် အိုးမဲ့ အိမ်မဲ့ ဖြစ်ခဲ့ရတာပါ။

မြန်မာနိုင်ငံမှာ နှစ်ပေါင်းများစွာ အမြစ်တွယ်နေတဲ့ အဲဒီ ပြဿနာတွေကို အချိန်တိုအတွင်း ဖြေရှင်းလို့ ရနိုင်မှာမဟုတ်ဘူးလို့ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က ပြောပါတယ်။

 " အမေရိကန်နိုင်ငံအနေနဲ့ ၊ အထူးသဖြင့် ကွန်ဂရက်လွှတ်တော်အနေနဲ့ ဒီကိစ္စနဲ့ပတ်သက်ပြီး စိုးရိမ်ပူပန်မှုရှိတယ်ဆိုတာကို နားလည်ကြောင်း၊ ဒါပေမယ့် ဒီပြဿနာကို ၃ နှစ်အတွင်း ဖြေရှင်းပစ်လိုက်လို့ မရနိုင်ဘူးဆိုတာကို သူတို့နားလည် သဘောပေါက်သင့်ကြောင်း၊  အမေရိကန်ပြည်ထောင်စုမှာလည်း လူဝင်မှုကြီးကြပ်ရေးနဲ့ဆိုင်တဲ့ ပြဿနာတွေ၊ တိုင်းပြည်တောင်ပိုင်းမှာ ဖြစ်နေတဲ့ ကလေး အလုပ်သမားကိစ္စတွေကို HRW လို လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ရဲ့ အစီရင်ခံစာတွေထဲမှာ ဖော်ပြနေကြတဲ့အကြောင်း ပြောသွားတာ ဖြစ်ပါတယ်။"

အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေဟာလည်း အမေရိကန်နိုင်ငံအပါအ၀င် တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား၊ သြစတေးလျ၊ အိန္ဒိယ၊ ကနေဒါ၊ ဥရောပသမဂ္ဂ၊ နယူးဇီလန်၊ ရုရှား စတဲ့ မိတ်ဖက်နိုင်ငံတွေနဲ့ လုံခြုံရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေးကိစ္စတွေကို လာမယ့်ရက်တွေမှာ ဆွေးနွေးသွားဖို့ ရှိနေပါတယ်။

VOA

အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတက်ရောက် လာတဲ့ နိုင်ငံခြားရေး ဝန်ကြီးများ။ (သြဂုတ် ၈၊ ၂၀၁၄)
အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတက်ရောက် လာတဲ့ နိုင်ငံခြားရေး ဝန်ကြီးများ။ (သြဂုတ် ၈၊ ၂၀၁၄)
 တောင်တရုတ် ပင်လယ်ပြင်အတွင်း နယ်မြေပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ ကိစ္စမှာ မြန်မာအစိုးရ အနေနဲ့ ဘက်လိုက်ပြီး ရပ်တည်မှာမဟုတ်ပဲ တရုတ်နဲ့ မြန်မာအကြားက ရင်းနှီးမှုကို အခြေခံပြီး ဒီပဋိပက္ခကို တွေ့ဆုံ ဆွေးနွေးပြီး ငြိမ်းချမ်းစွာ အဆုံးသတ်ရေးအတွက် ကြိုးပမ်း လုပ်ဆောင်သွားမယ် လို့ ပြောကြားလိုက်ပါတယ်။ မြန်မာနိုင်ငံ နေပြည်တော်မှာ ကျင်းပနေတဲ့ ၄၇ ကြိမ်မြောက် အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ စည်းဝေးပွဲအတွင်း ပြန်ကြားရေး ၀န်ကြီး ဦးရဲထွဋ်က သတင်းထောက်တွေကို အဲဒီလို ပြောကြား လိုက်တာ ဖြစ်ပါတယ်။ ဒီအကြောင်း ရိုက်တာသတင်းဌာနက ပေးပို့ထားတဲ့ သတင်းကို ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။  တောင်တရုတ်ပင်လယ်ပြင်အတွင်း နယ်မြေပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ ကိစ္စနဲ့ ပတ်သက်လို့ မြန်မာအစိုးရအနေနဲ့ ဘက်လိုက် ရပ်တည်မှာ မဟုတ်ဘူးလို့ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က နေပြည်တော်မှာ သြဂုတ်လ ၈ ရက်နေ့က ပြောကြားလိုက်တာ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ် ရာသီသစ်တွင် စောင့်ကြည့်သင့်သည့် ကစားသမား(၁၀)ဦး

ကမ္ဘာပေါ်တွင် ပရိသတ် စိတ်ဝင်စားမှု အများဆုံး ဘောလုံးပြိုင်ပွဲတစ်ရပ်ဖြစ်သည့် အင်္ဂလန် ပရီးမီးယားလိဂ်သည် လာမည့် ရက်ပိုင်းအတွင်း ရာသီသစ် စတင်တော့မည် ဖြစ်သည်။ လီဗာပူးနှင့် တော့တင်ဟမ် ဟော့စပါး အသင်းများတွင် ကစားဖူးသည့် အင်္ဂလန် လက်ရွေးစင်ဟောင်းလည်းဖြစ်၊ Sky Sports၏ ဘောလုံးအားကစား သုံးသပ်ဝေဖန်သူ တစ်ဦးလည်းဖြစ်သည့် ဂျေမီရက်နက်ပ်သည် လာမည့်ရာသီ ပရီးမီးယားလိဂ် ဘောလုံးပြိုင်ပွဲတွင် စိတ်ဝင်စားစရာ အကောင်းဆုံး ဖြစ်လာနိုင်မည့် ကစားသမား (၁၀)ဦးကို ၎င်း၏စိတ်ကြိုက် ရွေးနုတ်ပြီး သုံးသပ်ချက် ဆောင်းပါးတစ်ပုဒ် ရေးသားခဲ့ပါသည်။ Daily Mail သတင်းစာတွင် ဖော်ပြထားသည့် အဆိုပါ ဆောင်းပါးမှ စိတ်ဝင်စားစရာ အကောင်းဆုံး ပရီးမီးယားလိဂ် ကစားသမား (၁၀)ဦးကို ရက်နက်ပ်၏ အာဘော်အတိုင်း ဘာသာပြန် ဖော်ပြအပ်ပါသည်။