အသက် ၈၀ ကျော် သက်ကြားအို ဖုန်ကြားရှင်ရဲ့ ကယောင်ချောက်ချား စကားများကြောင့် ပြည်တွင်းငြိမ်းချမ်းရေး ဖြစ်စဉ်ထဲမှာ အမှိုက်တစ်ပုံ ထပ်တိုးလာပြန်ပြီလို့ ပြောရမှာ ဖြစ်ပါတယ်။ အစိုးရအဖွဲ့နဲ့ တပ်မတော်ကို ကိုးကန့်အဖွဲ့က ပြန်တိုက်မယ်ဆိုပြီး တရုတ် ကွန်မြူနစ်ပါတီရဲ့ အာဘော် တွေကို ဖော်ပြနေတဲ့ The Globall Time သတင်းစာကနေ အင်တာဗျုး ထည့်ခဲ့တာ ဖြစ်ပါတယ်။ ဒါ့ကြောင့် တစ်ကျော့ပြန် ဖုန်ကြားရှင်နောက်မှာ တရုတ်ရှိနေတယ်ဆိုပြီး သတင်း တွေ ထွက်ပေါ်လာခဲ့ခြင်းလည်း ဖြစ်ပါတယ်။
ဖုန်ကြားရှင်က ၂၀၀၉ ခုနှစ်တုန်းက တပ်မတော်ရဲ့ တိုက်ခိုက်မှုကြောင့် ထွက်ပြေးတိမ်းရှာင်ခဲ့သူဖြစ်ပါတယ်။ ထိုင်းဘက် ကို ထွက်ပြေးတိမ်းရှောင်ပြီး တရုတ်နိုင်ငံမှာ ခိုလှုံခဲ့တယ်လို့ သတင်းများ ထွက်ပေါ်ခဲ့ပါတယ်။ အဲဒီလို ပုန်းနေရာကနေ ၅ နှစ်အကြာ ရောက်လာကာမှ ၀ုန်းဒိုင်းကြီး တပ်မတော်ကို ပြန်တိုက်မယ်ဆိုတော့ စိတ်ဝင်စားစရာ ကောင်းသွားတာတော့ အမှန်ပဲ ဖြစ်ပါတယ်။ ဖုန်ကြားရှင် ထွက်ပြေးစဉ်ကတည်းက တရုတ်နိုင်ငံအနေနဲ့ မူးယစ်ဆေးဝါးကနေရတဲ့ ငွေတွေ တရုတ် မှာ လာအပ်ထားတဲ့အတွက် ဘဏ် အကောင့်တွေကို ပိတ်လိုက်တာ ဖြစ်ပါတယ်။ ဒီတော့ တရုတ်က ဖုန်ကြားရှင် ကို ကြိုး ကိုင်တယ်ဆိုတာကလည်း စဉ်းစားစရာတော့ ဖြစ်နေပြန်ပါတယ်။
ဒီတော့ ဖုန်ကြားရှင်နောက်မှာ တရုတ်မရှိရင် ဘယ်သူရှိလဲဆိုတဲ့ အဖြေ ကလည်း စိတ်ဝင်စားစရာ အနေအထား ဖြစ်ပါ တယ်။ ပထမအချက်က ဖုန်ကြားရှင်ဦးစီးတဲ့ ကိုးကန့်(တိမ်းရှောင်)အဖွဲ့ဆိုတာ ရှမ်းပြည်နယ် မြောက်ပိုင်းနဲ့ ကချင် ပြည်နယ် အစပ် KIA နယ်မြေထဲမှာ ပြန်ပေါ်လာခဲ့ ပါ တယ်။ တကယ်ဆိုရင် ကိုးကန့်ဒေသမှာ လှုပ်ရှားရမှာ ဖြစ်ပေမယ့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသဖြစ်နေတဲ့အတွက်ကြောင့် သူတို့ပြန်လာလို့ မရတော့ ပါဘူး။ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသကို ဦးစီးအဖွဲ့ဝင် ၁၀ ဦးနဲ့ အုပ်ချုပ်နေပြီ ဖြစ်ပါတယ်။ ဒါဖြင့်ရင် KIA နယ်မြေမှာ ကိုးကန့်(တိမ်းရှောင်)အဖွဲ့ ဘာလုပ်နေ သလဲ။




































