Sunday, June 14, 2015

ရုပ်ရှင်ဥပဒေကို လက်ရှိအစိုးရလက်ထက်တွင် လွှတ်တော်တင်ရန်ကြိုးစားမည်ဟု လူမင်းပြော

လွန်ခဲ့သည့် ၂နှစ်ကျော်ကတည်းကရေးဆွဲနေသော ရုပ်ရှင်ဥပဒေကို လက်ရှိအစိုးရသက်တမ်းမကုန်မီ လွှတ်တော်သို့တင်နိုင်ရန် ကြိုးစားသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ လူမင်းကပြောသည်။
 ‘‘ဒီအစိုးရသက်တမ်းမှာ လွှတ်တော်ကိုတင်နိုင်အောင် target ထားပြီး ကြိုးစားနေတယ်။ အခုရက်ကနီးလာတော့ တွန်းကြည့်ပါဦးမယ်။ ဒီသက်တမ်းအတွင်းကို ဝင်သွားစေချင်တယ်။

မြောက်ပိုင်းဒေသစစ်ပွဲရပ်ရန်နှင့် ဒုက္ခသည်များ ကူညီခွင့်ရရန် ကမ္ဘာ့ခေါင်းဆောင်များထံသို့ အိတ်ဖွင့်ပေးစာပေးပို့မည်

မြန်မာနိုင်ငံမြောက်ပိုင်း ဒေသတွင် ထိုးစစ်ဆင်နွှဲနေခြင်းကို ချက် ချင်းရပ်စဲရန်နှင့် စစ်ရှောင် ဒုက္ခ သည်များဆီသို့ လူသားချင်း စာနာ ထောက်ထားမှုဆိုင်ရာ အထောက် အပံ့များ အတားအဆီးမရှိ သွား လာကူညီခွင့်ပြုနိုင်ရန် အရပ်ဘက် အဖွဲ့အ စည်း ၇၅ ဖွဲ့မှ ကမ္ဘာ့ခေါင်း ဆောင်များထံ ဇွန်လ ၈ ရက် (ယ နေ့)တွင် အိတ်ဖွင့်ပေးစာပေးသွား မည်ဖြစ်ကြောင်း သတင်းရရှိ သည်။
 ကချင်ငြိမ်းချမ်းရေးကွန်ရက် အပါအ၀င် ပြည်တွင်းငြိမ်းချမ်း ရေးလိုလားသည့် အရပ်ဘက်အ ဖွဲ့အစည်းပေါင်း ၇၅ ဖွဲ့ စုပေါင်း လက်မှတ်ထိုးကာ ကုလသမဂ္ဂ လူ သားချင်း စာနာထောက်ထားရေး ဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးရုံး (UNOCHA) နှင့် ကမ္ဘာ့ခေါင်း ဆောင်များထံ စစ်ဘေးဒုက္ခသည် များ၏ အခက်အခဲမျိုးစုံအတွက် အိတ်ဖွင့်ပေးစာ ပေးပို့မည်ဖြစ် ကြောင်း ကချင်ငြိမ်းချမ်းရေး ကွန် ရက်မှ ဒေါ်ခွန်ဂျာက ပြောသည်။ ကချင်စစ်ပွဲကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရသည့် စစ်ဘေးဒုက္ခ သည် ၁၂၀,၀၀၀ ခန့်ရှိနေကြောင်း နောက်ဆုံးကောက်ယူထားသည့် စစ်တမ်းများအရ သတင်းရရှိ သည်။

ဂျပန်နှင့် အငြင်းပွား ပင်လယ်ပြင်များတွင် ကင်းလှည့်ရာတွင် ဒရုန်းလေယာဉ်များ သုံးရန် တရုတ်စစ်တပ် စဉ်းစားနေ

 အရှေ့တရုတ် ပင်လယ်တွင် ပုံမှန်စောင့်ကြည့်စစ်ဆေးရန် လူလိုက်ပါခြင်း မရှိသော ဒရုန်း လေယာဉ်များကို အပြည့်အဝ အသုံးပြုရန် တရုတ်စစ်တပ်က စဉ်းစားလျက်ရှိရာ တရုတ်က ပိုင်ဆိုင်သည်ဟု ပြောပြီး ဂျပန်က ထိန်းချုပ်ထားသည့် ကျွန်းများရှိရာနေရာတွင် ရှိနေသည့် တင်းမားမှုကို နောက်ထပ်မီးထိုး ပေးသည့် လုပ်ရပ်တစ်ခုလည်း ဖြစ်သည်။ တရုတ်က ဒရုန်းများ အသုံးပြုခြင်းနှင့် ပတ်သက်၍ တရုတ်၏ စာရွက်စာတမ်းတစ်ခုက သောကြာနေ့က ပြသခဲ့သည်။

အမေရိကန် စစ်တပ်နှင့် ထောက်လှမ်းရေး အချက်အလက်များကို ဟက်ကာများက ဖောက်ထွင်းခိုးယူသည်ဟုဆို

အမေရိကန်နိုင်ငံ၏ စစ်တပ်နှင့် ထောက်လှမ်းရေးမှ အမှုထမ်းများနှင့် ပတ်သက်သည့် လျှို့ဝှက် အချက်အလက်များကို တရုတ်နှင့် ဆက်စပ်နေသည်ဟု သံသယရှိသော ဟက်ကာများက ဖောက်ထွင်း ဝင်ရောက်ကာ ခိုးယူလိုက်ဖွယ်ရှိကြောင်း တာဝန်ရှိသူများက ပြောသည်။
ထိုသို့ခိုးယူခံရခြင်းကြောင့် အမေရိကန် လုံခြုံရေးရာ အမှုထမ်းများနှင့်အတူ မိသားစုများပါ ခြိမ်းခြောက်ငွေညှစ်ခြင်းများ ခံလာရဖွယ်ရှိသည်ဟု စိုးရိမ်ပူပန်မှုများ ဖြစ်စေသည်။

ထိုင်း ခရီးသွားလုပ်ငန်းက သုံးနိုင်ဖြုန်းနိုင်သည့် ဇိမ်ခံခရီးသည်များကိုသာ ပိုမိုပစ်မှတ်ထားလာ

ထိုင်းနိုင်ငံရဲ့ ခရီးသွားအာဏာပိုင်အဖွဲ့ကြီးက ဇိမ်ခံခရီးသည်များကို ချုပ်ကိုင်ထားတဲ့ ခရီးသွားလုပ်ငန်း ဈေးကွက် ရှယ်ယာကို လက်ရှိ ၂၀ ရာခိုင်နှုန်းမှ နောက်နှစ်မှာ ၃၀ ရာခိုင်နှုန်းအထိ မြှင့်တင်ဖို့ ရည်ရွယ်ထားပြီး၊ ဒီအမြတ်အစွန်းကြီးမားတဲ့ ဈေးကွက်ကို ပင်လယ်ရပ်ခြားများမှာလည်း ထိုးဖောက်ဖို့ ပုဂ္ဂလိက ကုမ္ပဏီတွေရဲ့ အကူအညီကိုလည်း တောင်းဆိုလိုက်တယ်လို့ ဆိုပါတယ်။

စင်ကာပူ ကုမ္ပဏီများ မားစ်ရောဂါကို တားဆီးရန် ကြိုတင်ကာကွယ်မှုများ ပြုလုပ်လျှက်ရှိ

 တောင်ကိုရီးယားနိုင်ငံက အသက်ရှူလမ်းကြောင်း ရောဂါ မားစ် (MERS) ရောဂါနှင့် တိုက်ပွဲဝင် ရုန်းကန်နေရချိန်တွင် နိုင်ငံအတွင်း အရှေ့အလယ်ပိုင်း အဆိုပါရောဂါ ဖြစ်ပွားမှုကို တားဆီးရန် လိုအပ်သော ကြိုတင်ကာကွယ်မှုများ ပြုလုပ်လျှက်ရှိကြောင်း စင်ကာပူ ကုမ္ပဏီများက ပြောကြားသည်။
စင်ကာပူ အသေးစားနှင့် အလတ်စား လုပ်ငန်းများအသင်းကြီးက ကုမ္ပဏီများအနေဖြင့် ဆားစ်ရောဂါ (SARS) အတွေ့အကြုံများမှ သင်ခန်းစာယူပြီး ယခုကတည်းက အရေးပေါ်အစီအစဉ်များ ဆွဲထားကြရန် တိုက်တွန်းထားပါတယ်။

ရွှေ့ပြောင်းအခြေချများကို နေရပ်နိုင်ငံသို့ပြန့်ပို့ရန် ဒေသခံရခိုင်များက အစိုးရကို တိုက်တွန်း


ပင်လယ်ပြင်မှ ကယ်ဆယ်ကာ ရခိုင်ပြည်နယ်တွင် ခေတ္တခိုလုံခွင့်ပေးထားသည့် ရွှေ့ပြောင်းအခြေချသူ အားလုံးကို ချက်ချင်း နေရပ်ပြန်ပို့ရန် ရခိုင်ပြည်နယ်ရှိ ဒေသခံများက လိုလားနေသည်။
ဒေသခံအချို့က ရွှေ့ပြောင်းအခြေချများ မြန်မာနိုင်ငံတွင် ရက်အကန့်အသတ်မရှိ နေထိုင်သွားမည်ကို စိုးရိမ်နေကြသည်။ ဒေသခံများက ၎င်းတို့သဘောမတူကြောင်း အများသိစေရန်အတွက် တနင်္ဂနွေနေ့ (ဇွန် ၁၄)တွင် ရခိုင်ပြည်နယ်တွင် ဆန့်ကျင်ဆန္ဒပြရန်လည်း စီစဉ်ထားကြသည်။

"၀" အဖွဲ့မှ သစ်ခုတ်သူ ၁၆ဦးကို ဒဏ်ငွေ ၅သိန်းစီ ဖြင့် ပြန်လွှတ်ပေး

"၀"ပြည်သွေးစည်းညီညွတ်ရေးပါတီမှ သစ်ခုတ်သည့် အလုပ်သမား ၁၆ဦးကို ဒဏ်ငွေ ၅သိန်းစီ ချမှတ်ကာ ပြန်လွှတ်ပေးခဲ့ပြီး ဖြစ်သည်ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးမြင့်အောင်က ဇွန်လ ၁၄ရက်တွင် မဇ္ဈိမကိုပြောသည်။
"၁၆ဦးလုံးကို ၉ရက်နေ့ကပဲ ပြန်လွှတ်ပေးလိုက်ပြီ၊ သစ်တွေကို ကြမ်းခင်းဈေးနဲ့ ရောင်းပေးဖို့အတွက်လည်း သစ်တောက တွက်ချက်နေပါတယ်။
သစ်တွေကိုပြန်မသိမ်းတော့ဘဲ အဲဒီနေရာမှာပဲ ထားထားတယ်။ "၀" တပ်ဖွဲ့တွေလည်း မရှိတော့ဘူး။ အားလုံးရှင်းသွားပါပြီ။ အေးအေး ဆေးဆေးပါပဲ" ဟု ၎င်းကဆိုသည်။
"၀" တပ်ဖွဲ့သို့ ရောင်းချမည်ဟုဆိုသော်လည်း အခြေခံကြမ်းခင်းဈေးကို မည်သို့ သတ်မှတ်ရောင်းချမည်ကို မသိရှိရပေ။

တစ်နိုင်ငံလုံး အပစ်ရပ်ရေးရှေ့လုပ်ငန်းစဉ် အစိုးရနှင့် ဆွေးနွေးရန် အကြိုတွေ့ဆုံမည်အဖွဲ့ ဖွဲ့စည်း

တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးအတွက် ရှေ့လုပ်ငန်းစဉ်များအတွက် အစိုးရနှင့် အမြန်ဆုံး တွေ့ဆုံဆွေးနွေးနိုင်ရေးအတွက် အကြိုတွေ့ဆုံညှိနှိုင်းမည့် အဖွဲ့တစ်ဖွဲ့ကို အဆင်မြင့်ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့က ဇွန်လ ၁၃ ရက်က ဖွဲ့စည်းလိုက်သည်။
ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ Orchid ဟိုတယ်တွင် တိုင်းရင်းသား ခေါင်းဆောင် ၁၅ ဦးပါဝင်သော အဆင်မြင့်ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့၏ အစည်းအဝေးတွင် လော်ခီးလာထိပ်သီး ညီလာခံဆုံးဖြတ်ချက်အပေါ် ဆက်လက် အကောင်အထည်ဖော်ရန်နှင့် လုပ်ဆောင်ရမည့် ရှေ့လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့သည်ဟု သူက ပြောသည်။

ရွေးကောက်ပွဲအတွက် ပူးပေါင်းဆောင်ရွက်ရန် NLD နှင့် အရပ်ဖက်အဖွဲ့များ တွေ့မည်

 ၂၀၁၅ အထွေထွေရွေးကောက်ပွဲနှင့် သက်ဆိုင်သည့် လုပ်ငန်းအားလုံးကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD နှင့် အရပ်ဖက်အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် ဇွန်လ ၁၇ရက်၊ ဒိုင်းမွန်းကွန်ဒို၊ စကားဝါခန်းမ တွင် တွေ့ဆုံဆွေးနွေးကြမည်ဟု NLD ဗဟိုအလုပ်မှုဆောင်ဦးဟံသာမြင့်က မဇ္ဈိမကိုပြောသည်။
"ရွေးကောက်ပွဲဆိုတဲ့အတိုင်း အားလုံးပါပါတယ်။ မဲစာရင်းကော လက်ရှိ အရပ်ဖက်အဖွဲ့တွေ လုပ်နေတာ၊ ပါတီကလုပ်နေတာတွေ ဘယ်လိုပူးပေါင်းလုပ်နိုင်မလဲ၊ ပြည်သူတွေကို ရွေးကောက်ပွဲအသိပညာပေး ဘယ်လို လုပ်ကြမလဲ စတာတွေ ဆွေးနွေးမှာပါ" ဟု ၎င်းကဆိုသည်။

Saturday, June 13, 2015

ဘင်္ဂါလီများအား ခွဲခြားဆက်ဆံမှုများကြောင့် မြန်မာနိုင်ငံကို အာဆီယံမှ ထုတ်ပယ်ရန် မလေးရှားဝန်ကြီးချုပ်ဟောင်းမဟာသီယာ တောင်းဆိုမှု မြန်မာ ပယ်ချ


မလေးရှားဝန်ကြီးချုပ်ဟောင်း မဟာသီယာမိုဟာမတ်က မြန်မာနိုင်ငံတွင် “အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများ” ပြုလုပ်နေခြင်းကို လက်မခံနိုင်သည့်အတွက် အာဆီယံမှ ဖယ်ရှားရန် တောင်းဆိုခဲ့ကြောင်း မလေးရှားအခြေစိုက် The Star Online တွင် ဇွန် ၁၂ ရက်က ဖော်ပြထားသည်။

ထို့အပြင် ၎င်းက ကုလသမဂ္ဂအနေဖြင့်လည်း မြန်မာနိုင်ငံအပေါ် အရေးယူမှုများ လုပ်ဆောင်သင့်ကြောင်း တိုက်တွန်းခဲ့သည်။

လာအိုနှင့်ပွဲတွင် မြန်မာကစားသမားအချို့ ပြိုင်ဘက်ကို လေးစားမှုမရှိခဲ့ကြောင်း အေဗရာမိုဗစ်ပြော


လာအိုအသင်းကို သရေ ကျခဲ့သည့်ပွဲတွင် မြန်မာကစားသမားအချို့အနေဖြင့် ပြိုင်ဘက် ကစားသမားများအပေါ် မလေးစားမှု ကြောင့် ရလဒ်မကောင်းခဲ့ခြင်းဖြစ် ကြောင်း မြန်မာ့လက်ရွေးစင်အသင်း နည်းပြချုပ် အေဗရာမိုဗစ်က ပြောကြားခဲ့သည်။
မြန်မာ့လက်ရွေးစင်အသင်း သည် ၂၀၁၈ ကမ္ဘာ့ဖလားခြေစစ် ပွဲ ဒုတိယအဆင့်အဖွင့်ပွဲအဖြစ် ဇွန်လ ၁၁ ရက်က လာအိုအသင်း နှင့် အဝေးကွင်း၌ ယှဉ်ပြိုင်ကစား ခဲ့ရာ နှစ်ဂိုးစီ သရေရလဒ်ထွက် ပေါ်ခဲ့သည်။

ရန်ကုန်မြို့ ယာဉ်ကြောကျပ်တည်းမှုကို ရထားလမ်းနှင့် ရေကြောင်းအဆင့်မြှင့်တင်မှုဖြင့် ဖြေရှင်းရန် နိုင်ငံတကာကျွမ်းကျင်သူများ အကြံပြု

ရန်ကုန်မြို့ ယာဉ်ကြော ကျပ်တည်းမှုကို ဖြေရှင်းရန် ရထားလမ်းနှင့် ရေလမ်းကြောင်းများကို အဆင့်မြှင့်တင်သင့်ကြောင်း နိုင်ငံ တကာကျွမ်းကျင်သူများက အကြံ ပြုပြောကြားခဲ့ကြသည်။
ရန်ကုန်မြို့ ယာဉ်ကြောကျပ် တည်းမှု ပြဿနာနှင့် ပတ်သက် သည့် ညီလာခံကို ဇွန်လ ၁၂ ရက်တွင် မြို့တော်ခန်းမ၌ ပြုလုပ်ခဲ့ရာ နိုင်ငံတကာမြို့ပြစီမံကိန်းရေးရာကျွမ်းကျင်သူများက အထက်ပါအတိုင်း အကြံပြုပြောကြားခဲ့ကြခြင်း ဖြစ်သည်။

မြန်မာ- ဗီယက်နမ်ပွဲ MRTV မှ တိုက်ရိုက်ထုတ်လွှင့်ပြသမည်



ယနေ့မြန်မာစံတော်ချိန် မွန်းလွဲ (၁၂)နာရီခွဲတွင် ယှဉ်ပြိုင်ကစားကြမည့် မြန်မာ U 23 နှင့် ဗီယက်နမ် U 23

Friday, June 12, 2015

ပါကစ္စတန်က Save the Children အဖွဲ့အား နိုင်ငံတွင်းမှ နှင်ထုတ်

ပါကစ္စတန်နိုင်ငံက ကလေးငယ်များ ကူညီပေးရေးအဖွဲ့ဖြစ်သည့် Save the Children အဖွဲ့ကို ပါကစ္စတန်အား ဆန့်ကျင်သည့် လုပ်ဆောင်မှုများ ပြုလုပ်နေသည်ဟုဆိုကာ နိုင်ငံတွင်းမှ ထွက်သွားရန် အမိန့်ထုတ်လိုက်သည်။အစ္စလာမ်မာဘတ်ရှိ အဖွဲ့ရုံးများကို ရဲများက ချိတ်ပိတ်လိုက်ပြီး နိုင်ငံခြားသားဝန်ထမ်းများကိုလည်း ၁၅ ရက်အတွင်း နိုင်ငံတွင်းမှ ထွက်ခွာသွားရန် အမိန့်ပေးထားသည်။
ပါကစ္စတန်၏ ယင်းအပြုအမူကို အပြင်းအထန်ကန့်ကွက်ကြောင်း Save the Children အဖွဲ့က ပြောသည်။

ရိုဟင်ဂျာများအပေါ် ကျူးလွန်သည့်လုပ်ရပ်များအတွက် မြန်မာ အာဆီယံမှ ထွက်သွားသင့်ဟု ဒေါက်တာ မဟာသီယာ မိုဟာမက် ပြောကြား

ရိုဟင်ဂျာများအပေါ် လုပ်ရပ်များအတွက် အာဆီယံက မြန်မာကို အရေးယူရန် မလေးရှားဝန်ကြီးချုပ် ဟောင်း ဒေါက်တာ မဟာသီယာ မိုဟာမက်က ယနေ့ (ဇွန် ၁၂) တွင် တိုက်တွန်းပြောကြား လိုက်သည်။
အသက် ၈၉ နှစ်ရှိပြီဖြစ်သည့် ၀ါရင့်နိုင်ငံရေးခေါင်းဆောင် မဟာသီယာက မြန်မာအစိုးရလုပ်သမျှသည် မျိုးတုန်းသတ်ဖြတ်မှုမှတစ်ပါး အခြားအရာမဖြစ်နိုင်ကြောင်း ပြောကြားလိုက်ပြီး မြန်မာအားအာဆီယံမှ ထွက်ခွာသွားရန်လည်း အကြံပြုလိုက်သည်။
''ကျွန်တော်တို့မြင်နေရတဲ့ ဓာတ်ပုံတွေကတစ်ဆင့် နားလည်ရတာက ရိုဟင်ဂျာတွေ ကြုံတွေ့နေရတာတွေဟာ ပြောမပြနိုင်လောက်အောင် ကြောက်စရာကောင်းလှပါတယ်'' ဟု သောကြာနေ့က ကျင်းပသွားခဲ့သည့် ''ရိုဟင်ဂျာ၏ ဒုက္ခအပိုင်း (၂)-လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇ၀တ်မှု'' ခေါင်းစဉ်နှင့် နိုင်ငံတကာညီလာခံ မိန့်ခွန်းတွင် မဟာသီယာက ပြေကြားခဲ့ခြင်းဖြစ်သည်။

၂၀၀၈ လောဂျစ်

ဇွန်လ(၁) ရက်နေ့မှစပြီး (တစ်ဆင့်ပြီး တစ်ဆင့်) လွှတ်တော်အသီးသီးမှာ မီဒီယာသမားတွေကို ကန့်သတ်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး လွှတ်တော် နာယက သူရ ဦးရွှေမန်းက “ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၃၉ ရက်မြောက်နေ့ ၃၁.၃.၁၅ ရက်မှာ လွှတ်တော်အတွင်း စက်ခလုတ် အသုံးပြုပြီး မဲခွဲဆုံးဖြတ်ရာမှာ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် နှစ်ဦးက မဲခွဲချိန်မှာ ရှိမနေဘဲ အနီးအနားက လွှတ်တော်ကိုယ်စားလှယ်အတွက်ပါ မဲပေးနေတဲ့ သတင်းဓာတ်ပုံ များကို ဖော်ပြခဲ့ပါတယ်။ ဒီလိုဖော်ပြချက်အရ လွှတ်တော်အနေနဲ့ သိရှိပြီး ဒီလိုဆောင်ရွက်ခဲ့တဲ့ ကာယကံရှင် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များနဲ့ တပ်မတော်သား ကိုယ်စားလှယ်အစုအဖွဲ့ ခေါင်းဆောင်များကို ပြည်ထောင်စုလွှတ်တော် နာယက ကိုယ်စား ဒုတိယ နာယက က ခေါ်ယူတွေ့ဆုံပြီး သတိပေးရှင်းလင်း ပြောကြားခဲ့ပြီး ဖြစ်ပါတယ်” လို့ ကန့်သတ်မှုရဲ့ အခြေခံအကြောင်း ဖြစ်ပျက်ခဲ့ပုံကို ဦးစွာ ပြောပါတယ်။

ဖုန်ကြားရှင် အပြောနှင့် အလုပ် ညီ မညီ စောင့်ကြည့်မည်ဟု ဦးရဲထွဋ်ပြော

ဒေါ်အောင်ဆန်းစုကြည် တရုတ်နိုင်ငံသို့ ရောက်ရှိသည့် ဇွန် ၁၀ ရက် ည ၁၂ နာရီတွင် ဦးဇုန်ကြားရှင်၏ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA)က တစ်ဖက်သတ် စစ်ရပ်စဲလိုက်ကြောင်း ကြေညာခဲ့ခြင်းအပေါ် ဦးဖုန်ကြားရှင်၏ ပြောစကားနှင့် အလုပ်တို့ ညီ မညီကို စောင့်ကြည့်ရမည်ဟု သမ္မတ၏ပြောရေးဆိုခွင့်ရ ပြန်ကြားရေးဝန်ကြီးဦးရဲထွဋ်က ပြောသည်။

NCA နောက်ဆုံးမူကြမ်းရရှိပြီး၊ အစိုးရကမ်းလှမ်းမှုဖြင့်သာ NCA လက်မှတ်ထိုးမထိုး ဆုံးဖြတ်မည်ဟု RCSS/SSA ဆို

တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး စာချုပ် (NCA) နောက်ဆုံးမူကြမ်း ရရှိပြီး အစိုးရ၏ ကမ်းလှမ်းမှုဖြင့်သာ NCA  လက်မှတ်ထိုးမထိုးကို ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS/SSA) အတွင်းရေးမှူး ၂ ဗိုလ်မှူးကြီး စိုင်းလှက ဇွန်လ ၁၂ရက်တွင် မဇ္ဈိမကိုပြောသည်။
"အခု လော်ခီးလာအပြီး မူကြမ်းက ဘာလည်း မသိရသေးဘူး၊ နောက်ဆုံးမူကြမ်းရပြီး အစိုးရက RCSS/SSA ကိုလည်း ထိုးဖို့ကမ်းလှမ်းတယ်ဆိုမှ ဗဟိုမှာ ဆုံးဖြတ်မယ်။ ကျွန်တော်တို့က ပြည်ထောင်စုနေ့က လက်မှတ်ထိုးထားတဲ့အတိုင်း ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးကို ပူးပေါင်းဆောင်ရွက်မှာပါ" ဟု ၎င်းက ဆိုသည်။

ပါတီနဲ့ လူမျိုးအကျိုးကို မကြည့်သော ဦးအေးမောင်



ရခိုင်ပြည်နယ်၊ မာန်အောင်မြို့၊ မျှော်တော်ဦးအုပ်စု၊ ပျားကြီးကျေးရွာ ဘုန်းကြီးကျောင်းဓမ္မာရုံမှာ ဇွန်လ ၉ ရက်နေ့က ရခိုင်အမျိုးသားပါတီ လွှတ်တော်ကိုယ်စားလှယ်ရွေးချယ်ပွဲ အခမ်းအနား ပြုလုပ်ခဲ့ပါတယ်။ အဲဒီ အခမ်းအနားကို ပါတီ(ဗဟို)ဥက္ကဋ္ဌ ဒေါက်တာ အေးမောင် အပါအ၀င်
တောင်ကုတ်မြို့နယ်၊ သံတွဲမြို့နယ်၊ ပေါက်တောမြို့နယ်၊ မာန်အောင်မြို့နယ် ပါတီဥက္ကဋ္ဌများ၊ မြို့နယ်ကော်မတီဝင်များ၊ ရပ်/ကျေးကော်မတီဝင်များ စုစုပေါင်းအင်အား ၆၀ ခန့် တက်ရောက်ခဲ့ပါတယ်။
လွှတ်တော်ကိုယ်စားလှယ် မရွေးချယ်မီ ပါတီရပ်တည်ချက်နဲ့ ပတ်သက်ပြီး ဗဟိုကိုယ်စားလှယ်လောင်းရွေးချယ် ကြီးကြပ်ရေးခေါင်းဆောင် ဦးသာထွန်းလှက ရခိုင်အမျိုးသားပါတီဟာ ကိုယ်စားလှယ်လောင်းများကို ပါတီဝင် များထဲမှ ရွေးချယ်တင်မြှောက်တဲ့ပါတီတစ်ခုဖြစ်ကြောင်း၊ ရွေးချယ်တင်မြှောက်ခြင်းခံရတဲ့ ကိုယ်စားလှယ် လောင်းများဟာ ရခိုင်ပြည်နယ်နဲ့ ရခိုင်ပြည်သူတို့ရဲ့ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ဖို့လိုကြောင်း ပြောကြားသွားပါတယ်။

ရက္ခိုင့်တပ်မတော် စစ်ဦးစီးချုပ်နှင့် တွေ့ဆုံခြင်း



ရက္ခိုင့်တပ်မတော် (AA) သည် အစိုးရ တပ်မတော်နှင့် ပြီးခဲ့သည့် မတ်လ ၁၇ ရက်က စတင်ပြီး ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီးနောက် လက်ရှိအချိန်အထိ စစ်ရေးအခြေအနေ တင်းမာနေဆဲ ဖြစ်သည်။ AA သည် အစိုးရက ငြိမ်းချမ်းရေး ဆွေးနွေးရန် လက်ခံခြင်း မရှိသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ထဲတွင် ပါဝင်သည်။

မုန့်ဖုတ်ဆော်ဒါနဲ့ ဘာတွေလုပ်လို့ရ



အလှအပပစ္စည်းတွေ သုံးမယ်ဆို ရင် ငွေကုန်ကြေးကျများသလို ကိုယ်နဲ့ ဓာတ်မတည့်ဘူးဆိုရင် လှမလာတဲ့အပြင် ကိုယ့်အတွက် ဆိုးကျိုးပဲ ထပ်တိုးလာမှာပါ။ ငွေ ကုန်လည်း သက်သာသလို ဆိုး ကျိုးအနည်းဆုံးဖြစ်တဲ့ ရွေးချယ်မှု မျိုးလုပ်ဆောင်နိုင်ဖို့ မုန့်ဖုတ် ဆော်ဒါနဲ့ အလှအပအတွက် စမ်းသပ်ကြည့်နိုင်တာလေးတွေ ဖော်ပြပေးလိုက်ပါတယ်။

မြန်မာ့စီးပွားရေးဂယက် ဘယ်သူ့ကြောင့်ဖြစ်တာလဲ

ရွှေဈေးတွေတက်နေတယ်ကြားတယ်၊ ဒေါ်လာဈေးတွေလဲ အရမ်းထိုးတက်လာတယ်လို့ပြောနေကြတယ်၊ ကျွန်မတို့က တော့ ရွှေတွေဒေါ်လာတွေနဲ့မဆိုင်တော့ တိတိကျကျလဲမသိရပါဘူး။ ဒါပေမယ့်ဆန်ဈေး၊ ဆီဈေးတွေနဲ့စားသောက်ကုန် တွေဈေးမတက်ပါစေနဲ့လို့တော့ဆုတောင်းနေရတယ်။ အဲဒါတွေသာ ဈေးလိုက်တက်ရင် ကျွန်မတို့တွေ ဒုက္ခရောက်ရမှာ ဟု လှိုင်သာယာမြို့နယ်တွင် ကုန်စိမ်းရောင်း၍ အသက်မွေးဝမ်းကျောင်းပြုနေသော ဒေါ်အေးတင်၏ငြီးတွားပြောဆို လိုက်သည့်စကားသံက မြန်မာ့စီးပွားရေးဂယက်အတွင်းမှာ မြေဇာပင်ဖြစ်သွားနိုင်သည့် အခြေခံလူတန်းစားပြည်သူတို့၏ စိုးရိမ်မှုကို အထင်းသားပေါ်လွင်စေခဲ့သည်။

ပညာဒါနပြုထားတဲ့ကလေးသုံးဦးစလုံး တက္ကသိုလ်ဝင်တန်းအောင်မြင်လို့ ပျော်ရွှင်နေတဲ့ မိုးစက်ဝိုင်

ပညာသင်ကြားရန် ထောက်ပံ့ပေးခဲ့သည့် ကလေးသုံး ဦး တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သောကြောင့် ပျော်ရွှင်ရကာ အဆိုပါကလေးများ၏ ဆက် လက်သင်ကြားရမည့် ပညာရေး အတွက် ထောက်ပံ့ပေးသွားရန် အစီအစဉ်ရှိကြောင်း မိုးစက်ဝိုင် က ပြောသည်။
‘‘မိုးစက်ဖြစ်စေချင်တဲ့အ တိုင်း လုပ်နိုင်ခဲ့ကြတဲ့အတွက်ဝမ်း သာတယ်။ လောလောဆယ် အ မှတ်စာရင်းတွေမရသေးတော့ ဘာဆက်လုပ်ရမယ်ဆိုတာ ပြော လို့မရသေးဘူး။ အမှတ်စာရင်း တွေရရင် သူတို့ဘာလုပ်ချင်လဲဆို တာကို မေးမယ်။ သူတို့ရဲ့ အုပ် ထိန်းသူဖြစ်တဲ့ ဘုန်းဘုန်းနဲ့တိုင် ပင်ပြီး ဆက်လုပ်သွားမယ်’’ဟု ၎င်းကပြောသည်။

ကချင်စစ်ပွဲ (၄) နှစ်ပြည့်အပေါ် အမှန်အတိုင်း ရှုမြင်သုံးသပ်ခြင်း

စစ်ပွဲဆိုတာ တစ်စုံတစ်ခုသော အကြောင်းတရားကို အခြေခံပြီး မပြေလည်မှုကြောင့် ဖြစ်လာရတဲ့ ပဋိပက္ခလို့ဆိုနိုင်ပါတယ်။ တစ်ဖက်ဖက်ကတော့ အမှားတစ်ခု သို့တည်းမဟုတ် အများကလက်မခံနိုင်တဲ့ ၀ါဒတစ်ခုကို ကျူးလွန်နေတာကြောင့် ဖြစ်ပါလိမ့်မယ်။ ဆိုလိုချင်တာက တစ်ဖက်ကတော့ လုံးလုံးကြီး လွဲမှားတဲ့ အရာတစ်ခုကို ကိုင်စွဲထားလို့သာ စစ်ပွဲဖြစ် ရတာပါ။ နိုင်ငံတကာမှာ ဖြစ်နေတဲ့ စစ်ပွဲတွေကို ကြည့်ရင် အဲဒီလို အကြောင်းအရာတွေကို တွေ့ရမှာဖြစ်ပါတယ်။ ဒါဆိုရင် မြန်မာပြည်မြောက်ပိုင်း ကချင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေကို ကြည့်ရအောင်ပါ။

ဒေသအနှံ့တွင် မိုးသည်းထန်မှုနှင့် လေပြင်းအန္တရာယ်များ သတိထားရန်လို

အနောက်တောင် မုတ်သုံလေသည် မြန်မာနိုင်ငံတ၀န်းလုံးသို့ ဇွန်လ ၉ ရက်တွင် ၀င်ရောက်ခဲ့ကာ ဒေသအနှံ့၌ နောက်တစ် ပတ်ခန့်ကြာအောင် မိုးတိမ် တောင် ရာသီဥတုဖြစ်စဉ်သတိပြု ရန် လိုနေသေးပြီး မိုးသည်းထန်မှု နှင့် လေပြင်းအန္တရာယ်များ သတိ ထားသင့်ကြောင်း မိုးလေ၀သ ပညာရှင် ဒေါက်တာ ထွန်းလွင်က ပြောကြားသည်။

ရေလမ်း ဖြတ်သန်းခ ကောက်ခံရေး စခန်းဖွင့်ရန် မန္တလေးတွင် နေရာရွေးချယ်

ပို့ဆောင်ရေး ဝန်ကြီးဌာန၊ ရေ အရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ဧရာဝတီနှင့် ချင်းတွင်း မြစ်ကြောင်းအတွင်း ခုတ်မောင်းသွားလာနေကြသော ရေယာဉ်များအား ရေလမ်း ဖြတ်သန်းခများကို ကောက်ခံရေးစခန်း ၁၀ ခု ဖွင့်လှစ် ကောက်ခံသွားမည်ဖြစ်ကာ မန္တလေးတွင် ဖွင့်လှစ်ရန် အတွက် နေရာရွေးချယ်နေကြောင်း ရေ လမ်းညွှန်ဌာန (အထက်မြန်မာပြည်) လက်ထောက်ညွှန်ကြားရေးမှူး ဦးခင်မောင်ဇော်က ပြောသည်။
၎င်းက “ရေကြောင်း ဦးစီးဌာနမှာ ရေယာဉ်နဲ့ ပတ်သက်ပြီး စစ်ဆေးမှတ်တမ်းတင်ထားတဲ့ ရေယာဉ် မှတ်ပုံတင် စာအုပ်ရှိတယ်။ အဲဒီမှတ်တမ်းထဲက ရေယာဉ်အလေးချိန်အတိုင်း ကောက်ခံသွားမယ်” ဟု ပြောသည်။

ဂျပန် ဗဟိုဘဏ် အကြီးအကဲ၏ မှတ်ချက်စကားကြောင့် ယန်းငွေ တန်ဖိုးတက်လာ

ဂျပန်ဘဏ်ရဲ့ အကြီးအကဲက ဂျပန်ငွေကြေး နောက်ထပ်ကျဆင်းမှု ဖြစ်နိုင်ဖွယ်ရာ မရှိတော့ကြောင်း ပြောကြားအပြီးတွင် ဗုဒ္ဓဟူးနေ့ (ဇွန် ၁၀ ရက်)က ဂျပန်ယန်းငွေသည် ဒေါ်လာ၊ ယူရိုတို့နဲ့ ယှဉ်ပြီး တန်ဖိုးတက်လာခဲ့သည်။
ဂျပန်ငွေကြေးသည် ငွေကြေးလှုံ့ဆွမှု အစီအစဉ်၏ အကျိုးဆက်အဖြစ် သိသိသာသာ ကျဆင်းသွားခဲ့ပြီးဖြစ်ကြောင်း ဂျပန်ဗဟိုဘဏ်၏ အုပ်ချုပ်ရေးမှူး ဟာရူဟီကို ကူရိုဒါက ပါလီမန် ကော်မတီတစ်ရပ်ကို ပြောကြားခဲ့သည်။ အမေရိကန် ဗဟိုဘဏ်၏ အတိုးနှုန်း မြှင့်တင်ရန် လှုပ်ရှားမှုကြောင့် ယန်းငွေကြေး ဈေးပေါသွားမည် မဟုတ်ဟုလည်း ကူရိုဒိုက ပြောကြားခဲ့သည်။

ကန့်ဘလူမြို့နယ်၊ မြေမွန်ကျေးရွာမှ ဒေသခံများ ဒုတိယအကြိမ် ထွန်တုံးတိုက်ပွဲ ဝင်မည်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ မြေမွန်ကျေးရွာမှ ဒေသခံ ၁၀၀ ကျော်တို့သည် လယ်ယာ မြေဧက ၃၀၀ ကျော် ပြန်လည်ရရှိရေးအတွက် ဇွန် ၂၀ ရက်တွင် ဒုတိယအကြိမ် ထွန်တုံးတိုက်ပွဲ ဝင်သွားမည်ဟု အဆိုပါ ဒေသခံများက ပြောသည်။
အဆိုပါ လယ်ယာမြေ ၃၀၀ ကျော်ကို ၁၉၉၂ ခုနှစ်တွင် တပ်မ ၃၃ က လျော်ကြေး နစ်နာကြေး မပေးဘဲ သိမ်းယူခဲ့ခြင်းဖြစ်ကာ သိမ်းခံရသူ တောင်သူများက စစ်တပ်မှ မစိုက်ပျိုးဘဲထားသည့် စိုက်ပျိုး မြေလွတ်များကို ဝင်ရောက်စိုက်ပျိုးခွင့်ပြုရန် သက်ဆိုင်ရာ အဆင့်ဆင့်သို့ ၂၀၀၀ ပြည့်နှစ်မှ စတင်၍ ၂၀၁၄ ခုနှစ်အထိ အကြိမ်ပေါင်း ၅၀ ကျော် တိုင်ကြားစာများ ပေးပို့ခဲ့သော်လည်း လက်ရှိအချိန်ထိ အကြောင်း မထူးသောကြောင့် ထွန်တုံးတိုက်ပွဲဝင်ရခြင်း ဖြစ်ပြီး ၂၀၁၄ ခုနှစ်၊ ဇွန်လ ကလည်း ပထမအကြိမ် ထွန်တုံးတိုက်ပွဲ ဝင်ခဲ့သည်ဟု ဒေသခံများက ဆိုသည်။

မြန်မာတစ်နိုင်ငံလုံးရှိ ကျောက်မီးသွေး စက်ရုံများနှင့် ပတ်သက်၍ ဒေသခံများ စုပေါင်းဆွေးနွေး

ကျောက်မီးသွေး စက်ရုံများ၏ ဆိုးကျိုးများ သိရှိနိုင်ရေးအတွက် မြန်မာတစ်နိုင်ငံလုံးရှိ ကျောက်မီးသွေး စက်ရုံ တည်ဆောက်မည့် မြို့နယ်များမှ ဒေသခံများက ရန်ကုန်မြို့၌ တွေ့ဆုံဆွေးနွေးလျက် ရှိသည်။
ရှမ်းပြည်နယ်၊ ဧရာဝတီတိုင်း၊ ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရှိတိုင်း၊ ရန်ကုန်တိုင်း၊ ချင်းပြည်နယ်တို့မှ မြို့နယ် တစ်ဆယ့်တစ်ခုမှ ကိုယ်စားလှယ်များ ပါဝင်ဆွေးနွေးခဲ့ခြင်း ဖြစ်ပြီး မေ ၁၀ ရက်မှ ၁၂ ရက်အထိ သုံးရက်ကြာ ဆွေးနွေးမည် ဖြစ်သည်။