Monday, August 10, 2015

အကြံပေးလုပ်ကိုင်သူများ မှတ်ပုံတင်ခြင်းစည်းကမ်းသတ်မှတ်ချက် အတည်ပြုပြီးပါက လုပ်ငန်းလိုင်စင်ဆောင်ရွက်ရမည်

အကြံပေးလုပ်ကိုင်သူ များမှတ်ပုံတင်ခြင်းဆိုင်ရာ စည်း ကမ်းသတ်မှတ်ချက် (မူကြမ်း)ရေး ဆွဲပြီးဖြစ်၍ အတည်ပြုပြီးပါက လက်ရှိဆောင်ရွက်နေသည့် အဖွဲ့ အစည်းများနှင့် လူပုဂ္ဂိုလ်များလုပ် ငန်းလိုင်စင်ဖြင့် ဆောင်ရွက်ရ မည်ဟု သတင်းရရှိသည်။

၂၀၁၂ တွင် ထုတ်ပြန်ခဲ့ သည့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဥပဒေနှင့် ၂၀၁၄ ၌ ထုတ်ပြန်ခဲ့ သည့် နည်းဥပဒေများအရစီးပွား ရေးလုပ်ငန်း ဆောင်ရွက်ရာတွင် မဖြစ်မနေ ရေးဆွဲ အကောင်အ ထည်ဖော်ဆောင်ရွက်ရမည့် EIA /IEE လုပ်ငန်းစဉ်များဆောင်ရွက် ရန် အကြံပေး လုပ်ကိုင်သူများ သည် မဖြစ်မနေလုပ်ငန်းလိုင်စင် ရယူဆောင်ရွက်ရမည်ဖြစ်သည်။

Sunday, August 9, 2015

သည်းထိတ်ရင်ဖိုဇာတ်လမ်းတွဲမှာ သရုပ်ဆောင်မယ့် လေဒီဂါဂါ

အမေရိကန်အဆိုတော် လေဒီဂါဂါသည် အမေရိကန် FX ရုပ်သံလိုင်း၏ American Horror Story: Hotel သည်းထိတ်ရင်ဖိုဒရာမာ ဇာတ်လမ်းတွဲ၌ ဟိုတယ်ပိုင်ရှင်တစ်ဦးအဖြစ် သရုပ်ဆောင်မည်ဟု ဇာတ်လမ်းတွဲဖန်တီးသူ ရိုင်ယန်မာဖီက သြဂုတ် ၇ ရက်တွင်ပြောကြားခဲ့သည်။
လေဒီဂါဂါသည် ယင်းသည်းထိတ်ရင်ဖိုဒရာမာဇာတ်လမ်းတွဲ Season 5 ၌ အဓိက သရုပ်ဆောင်တစ်ဦးအဖြစ် ပါဝင်သရုပ်ဆောင်မည်ဖြစ်ကြောင်းနှင့် ၎င်း၏ဇာတ်ရုပ်သည် ကောက်ကျစ်စဉ်းလဲသူတစ်ဦးအဖြစ် သရုပ်ဆောင်ရသည့်ဇာတ်ရုပ်ဖြစ်ကြောင်း ရိုင်ယန်မာဖီက အစောပိုင်းတွင် ပြောကြားခဲ့သည်။

ရေဘေးသင့် မိသားစုများအတွက် ကျန်းမာရေးသုံး ပစ္စည်းများ ဖြန့်ဝေမည်

ကယ်ဆယ်ရေးစခန်းများ ရှိ ရေဘေးသင့် မိသားစုများအ တွက် ကျန်းမာရေးသုံး ပစ္စည်းများကို တစ်ပတ်စာ အခမဲ့ ဖြန့်ဝေပေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှ သတင်းရရှိ သည်။
အဆိုပါ တစ်ပတ်စာ မိသား စုအသုံးအဆောင်ပစ္စည်းများကို မိသားစုဦးရေ တစ်သောင်းစာအ တွက် ထုတ်လုပ်သွားမည်ဖြစ်ပြီး အရေးတကြီး လိုအပ်လျက်ရှိ သည့် ရေဘေးသင့်ဒေသများသို့ ဦးစားပေး ဝေငှသွားမည်ဖြစ် သည်။

ဝေဖန်သုံးသပ်မှုနှင့် လွတ်လပ်သော အသံများကို ကြောက်ရွံ့နေမှု စဉ်းစားဆင်ခြင်ရန် မြန်မာအစိုးရအား ရန်ဟီးလီအကြံပြုပြောကြား

ဝေဖန်သုံးသပ်သောအသံ များနှင့် အမှီအခိုကင်း၍ လွတ် လပ်သောအသံများအပေါ် ကြောက်ရွံ့မှုကို ပြန်စဉ်းစားဆင် ခြင်ပါဟု မြန်မာအစိုးရအား အဓိ ကအကြံပြုလိုကြောင်း မြန်မာ နိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ်မစ္စရန်ဟီးလီက ငါးရက် တာ ခရီးစဉ်အပြီး မြန်မာနိုင်ငံမှ ပြန်လည် ထွက်ခွာခါနီးတွင် သ တင်းထောက်များအား ပြောကြား ခဲ့သည်။

ရေလွှမ်းမိုးမှုကြောင့် ပုသိမ်-ကြံခင်းရထား ခရီးတိုသာ ပြေးဆွဲနိုင်

ဧရာဝတီတိုင်းတွင် ရေ ကြီးရေလွှမ်းမိုးမှုဖြစ်ပေါ်နေသော ကြောင့် ပုသိမ်-ကြံခင်း ရထား လမ်းပေါ် ရေကျော်နေ၍ လမ်း ကြောင်းပြည့်မပြေးဆွဲနိုင်ဘဲ ခရီး တိုသာပြေးဆွဲနေရကြောင်း မြန် မာ့မီးရထားမှ သတင်းရရှိသည်။

ပုသိမ်-ကြံခင်း ရထားခရီး စဉ်အတွင်း ဒါးကဘူတာနှင့်ဂုံမင်း ဘူတာကြားတွင် ရထားလမ်းရေ ကျော်မှု ဖြစ်ပွားခဲ့သည့်အတွက် အဆိုပါ လမ်းပိုင်းတစ်ခုလုံး၏ လမ်းကြောင်းပြည့်ရထားပြေးဆွဲ မှုကို သြဂုတ် ၆ ရက်က ရပ်နားခဲ့ပြီး ခရီးတိုပြေးဆွဲမှုများ စတင်ဆောင်ရွက်ခဲ့သည်။

ပြေးဆွဲနေသော ခရီးတိုများ မှာ ကြံခင်းဘူတာမှ ဟင်္သာတဘူ တာအထိ အသွားအပြန်အမြန်ရ ထားတစ်စီးနှင့် ကြံခင်း ဘူတာမှ အသုတ်ဘူတာအထိ အသွားအပြန် စာပို့ရထားတစ်စီးပြေးဆွဲပေး နေသည်။

ပနားမားတူးမြောင်းတွင် ဖြတ်သန်းမည့် သင်္ဘောများ ကုန်ပစ္စည်းကန့်သတ်

အယ်လ်နီညိုဖြစ်နေသော ရာသီဥတုအခြေအနေကြောင့် မိုးခေါင်ရေရှားဖြစ်ပေါ်နေသဖြင့် ပနားမားတူးမြောင်းကို ဖြတ်သန်းမည့် သင်္ဘောများ၏ ကုန်ပစ္စည်းပမာဏအား ယာယီကန့်သတ်သွားမည်ဖြစ်ကြောင်း ပနားမားအာဏာပိုင်များက ပြောကြားသည်။

 ရေထဲနစ်နေသည့် သင်္ဘောကိုယ်ထည်အမြင့်ကို စက်တင်ဘာ၈ ရက်မှစ၍ ၁၁ ဒသမ ၈၉ မီတာ (၃၉ ပေ)အများဆုံးသတ်မှတ်သွားမည်ဟု ပနားမားတူးမြောင်းအာဏာပိုင်အဖွဲ့က ပြောကြားသောကြောင့် အတ္တလန်တစ်နှင့် ပစိဖိတ်သမုဒ္ဒရာသို့ ဆက်သွယ်ထားသည့် ပနားမားတူးမြောင်းကို ပုံမှန်ဖြတ်သန်းသွားလာနေသော သင်္ဘောများ၏ ၁၈ ဒသမ ၅ ရာခိုင်နှုန်းထိခိုက်မည်ဖြစ်သည်။

ဘရာဇီးတွင် ရေထုညစ်ညမ်းမှု ဆန့်ကျင်သူ များ ဂွါနာဘာရာပင်လယ်အော်တွင် ဆန့်ကျင်ဆန္ဒပြ

ဘရာဇီးနိုင်ငံတွင် လာမည့်နှစ် အိုလံပစ်ရွက်လှေပြိုင်ပွဲများ ကျင်းပမည့် ရီယိုဒီဂျနေးရိုးမြို့ရှိ ညစ်ပတ်နေသော ဂွါနာဘာရာပင်လယ်အော်၌ ဖြစ် ပေါ်နေသည့် ရေထုညစ်ညမ်းမှုကို တိုက်ဖျက်ရန် အာဏာပိုင်များ ပျက်ကွယ်မှုအပေါ် ဆန့်ကျင်သူများက ရွက်လှေများ၊ ငါးဖမ်းလှေ များဖြင့် ဆန္ဒပြခဲ့ကြသည်။
 ရွက်လှေများ၊ ငါးဖမ်းလှေများ၊ ကနူးလှေများအပါအ၀င် လှေပေါင်း ၃၀ ကျော်တို့ဖြင့် ဆန္ဒပြသူများက မရီနာဒီဂလိုရီယာ ဆိပ်ကမ်းမှ ထွက်ခွာလာကာ ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။

ဘူးသီးတောင်၊ မောင်တော ရေဘေးသင့် ဒုက္ခသည်များ အကူအညီ အမြန်ဆုံးလိုအပ်နေ

ရခိုင်ပြည်နယ် အနောက်ဘက်နယ်စပ်ဖြစ်သော ဘူးသီးတောင်နှင့် မောင်တောမြို့များတွင် ပြီးခဲ့သည့် လကုန်ပိုင်းက ရေကြီးမှုဒဏ်ကြောင့် ဒုက္ခရောက်နေကြသော ဒေသခံ များမှာ အစိုးရအပါအင် ကယ်ဆယ်ရေး အဖွဲ့အစည်းများ လာရောက်ကူညီခြင်းမရှိ၍ ယခုအကူအညီများ အမြန်ဆုံးလိုအပ်နေကြောင်း သိရသည်။
ဘူးသီးတောင်မြို့မိမြို့ဖ တစ်ဦးဖြစ်သူ ဦးထွန်းအောင်သိန်းက “ကယ်ဆယ်ရေးကတော့ အဖွဲ့အငယ်လောက်ပဲ ရောက်ပါတယ်။ ဒါပေမယ့် ဒီလောက်နဲ့ မလုံလောက်ဘူး။ ဘာဖြစ်လို့လဲဆိုတော့လေမုန် တိုင်းကြောင်းနဲ့ ရေကြီးမှုမှာ ပါသွားတဲ့ ရိက္ခာ၊ ပြီးတော့ လယ်သမားတွေမှာလည်း စပါးတွေ၊ ဆန်တွေ၊ လယ်ယာမြေတွေ ဆုံးရှုံးသွားတော့ လာရောက်အကူအညီပေးတာကလည်း နည်းပါတယ်။

ဘင်္ဂလားဒေ့ရှ်က မြန်မာရေဘေးအတွက် ကန်ဒေါ်လာ ၀ ဒသမ ၈သန်းကို ထောက်ပံ့ရန် လျာထား

မြန်မာရေဘေးသင့်သူများအား ကူညီထောက်ပံ့ရာတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံကလည်း တတပ်တအား ပါဝင်ကာ အမေရိကန်ဒေါ်လာ ၀ ဒသမ ၈သန်းကို ထောက်ပံ့ရန် လျာထားထားသည်ဟု သိရသည်။
မြန်မာနိုင်ငံက ရေဘေးသင့်သူများအတွက် လုပ်ဆောင်ဆဲ ကယ်ဆယ်ရေးနှင့် သက်သာချောင်ချိရေး လုပ်ငန်းများအား ထောက်ပံ့မှုကို တိုးချဲ့ရန်အတွက် ဘင်္ဂလားဒေ့ရှ်အစိုးရက ကန်ဒေါ်လာ ၀.၈သန်းကို လျာထားသတ်မှတ်ခဲ့ခြင်း ဖြစ်သည်ဟု ဘင်္ဂလားဒေ့ရှ် သံရုံးက ထုတ်ပြန်ထားသည်။
မြန်မာရေဘေးသင့် ပြည်သူများအတွက် ဘင်္ဂလားဒေ့ရှ်က ဆေးဝါးများ၊ အရေးပေါ်ကိရိယာများ၊ ရေသန့်စက်များ၊ တဲများနှင့် ခြုံဆောင်များကို ထောက်ပံ့ပေးမည်ဖြစ်သည်။ ပထမအသုတ် ဆေးဝါးများကို မကြာမီ လေယာဉ်ဖြင့် တင်ပို့နိုင်မည်ဟု မျှော်လင့်ရသည်။

Facebook နှင့် Save the Children ပူးပေါင်းပြီးရေဘေး ကယ်ဆယ်ရေး အတွက်နိုင်ငံတကာမှ လှူဒါန်းနိုင်ရန်စီစဉ်

 လူမှုကွန်ရက် Facebook နှင့် Save the Children တို့ ပူးပေါင်းပြီး မြန်မာနိုင်ငံ ရေဘေးကယ်ဆယ်ရေး အတွက် နိုင်ငံတကာမှ ငွေကြေးထည့်ဝင် လှူဒါန်းနိုင်မည့် အစီအစဉ်ကို  သြဂုတ် ၉ ရက်တွင် စတင် လိုက်ကြောင်း Save the Children ၏ အင်တာနက်စာမျက်နှာတွင် ဖော်ပြထားသည်။
လှူဒါန်းလိုသူများအနေဖြင့် www.facebook.com/myanmarfloodrelife တွင် လှူဒါန်းလိုသည့် ပမာ ဏကို Visa, Master, American Express, Discover, Paypal ကဒ်တို့မှ တဆင့် လှူဒါန်းနိုင်ပြီး လက်ခံ ရရှိသည့် ငွေပမာဏအတိုင်း Save the Children မှတဆင့် မြန်မာနိုင်ငံ ရေဘေးကယ်ဆယ် ရေးများသို့ တိုက်ရိုက်လှူဒါန်းမည် ဖြစ်သည်။

အာရပ်နိုင်ငံများသို့ ဂျာမနီ လက်နက်ရောင်းချမှုများ ၅၀ ရာခိုင်နှုန်းမြင့်တက်လာ

အရှေ့အလယ်ပိုင်းနှင့် မြောက်အာဖရိကနိုင်ငံများသို့ ဂျာမနီနိုင်ငံမှ လက်နက်တင်ပို့ရောင်းချမှုသည် ၂၀၁၅ ပထမနှစ်ဝက်တွင် နှစ်ဆမြင့်တက်လာခဲ့သည်။ ဂျာမန်တင့်ကားများက လက်နက်တင်သွင်း သည့်နိုင်ငံများကြား ပိုရေပန်းစားလျက်ရှိသည်။
ဂျာမနီဒုတိယဝန်ကြီးချုပ် ဆစ်ဂမာဂါဘရီယယ်က နိုင်ငံခြားတိုင်းပြည်များသို့ လက်နက်တင်ပို့ခြင်းများကို လျှော့ချမည်ဟု အစောပိုင်းက ကြေညာထားသော်လည်း ယခုလိုမြင့်တက်နေခြင်းဖြစ်ကြောင်း ဂျာမနီအပတ်စဉ်ထုတ်သတင်းစာ Der Spiegel တွင် သြဂုတ် ၈ ရက်က ဖော်ပြသည်။

အိန္ဒိယ ဂျာခန်းပြည်နယ်တွင် အမျိုးသမီး၅ဦးကို စုန်းမဟုဆိုကာ အစုလိုက်အပြုံလိုက် သတ်ဖြတ်

အိန္ဒိယနိုင်ငံ ရန်ချီခရိုင်အတွင်းရှိ လူမျိုးစုကျေးရွာတစ်ရွာတွင် အမျိုးသမီး ၅ဦးကို စုန်းအတတ်ဖြင့် ပြုစားသည်ဟုဆိုကာ အစုလိုက်အပြုံလိုက်သတ်ဖြတ်ပစ်ခဲ့သောကြောင့် ရဲက သတ်ဖြတ်မှုနှင့် ဆက်နွှယ်နေသည့် ရွာသား၂၇ဦးကို ဖမ်းဆီးခဲ့ရသည်ဟု ဆိုသည်။
အသက်၃၂နှစ်မှ အသက်၅၀ကြား အမျိုးသမီးများကို ကင်ဂျီအာကျေးရွာ၌ လွန်ခဲ့သောည သန်းခေါင်ယံအချိန်တွင် ရွာသားများက တုတ်များဖြင့် အသေရိုက်သတ်ခဲ့ခြင်းဖြစ်သည်ဟု ရဲလက်ထောက် စစ်ဆေးရေးမှူးချုပ် အာရွန် ကူးမားက ပြောကြားခဲ့သည်။  ထို့နောက် ရုပ်အလောင်းများကို အိတ်များအတွင်းထည့်ကာ ရွာပြင်သို့ လွှင့်ပစ်ခဲ့ကြသည်ဟု ဆိုသည်။

ရေဘေးကယ်ဆယ်ရေးလုပ်ငန်းများနှင့် အခက်အခဲများ

မိမိတို့နိုင်ငံ၏ သမိုင်းတွင် မည်သည့်အခါကမျှ မကြုံဘူးသည့် ရေကြီးရေလျှံမှု ဘေးဥပါဒ် အန္တ ရာယ်ကြီးကို လွန်ခဲ့သည့် ဆယ်ရက်ကျော်ကတည်းက နေရာအနှံ့ ရင်ဆိုင်ကြုံတွေ့ခဲ့ကြရသည်။ မိ မိ တို့တိုင်းပြည် တိုင်းနှင့်ပြည်နယ်ကြီး ၁၄ ခု ရှိသည့်အနက် ၁၁ ခု မှာ ရေဘေးသင့် ဒေသများ ဖြစ်ခဲ့ ကြရသည်။
နိုင်ငံတော်အစိုးရ၏ ထုတ်ပြန်ကြေညာချက်တွင် သဘာဝ ဘေးဥပါဒ် အန္တရာယ်ကျရောက် နေသော ဒေသများအဖြစ် ပြည်နယ်နှင့်တိုင်း ၄ ခုကို ထုတ်ပြန် ကြေညာခဲ့ရသည်။
ရေဘေး ဘာ့ကြောင့် ကြီးလာခဲ့ရသနည်းဆိုသည့် ကောက်ချက်များက အမျိုးမျိုးအစားစား ကွဲပြားလျက်ရှိသည်။ တသံတည်းထွက်သည့် အဖြေတစ်ခုရဖို့ ဆိုသည်မှာလည်း လွယ်ကူသည် မဟုတ်ပါ။ အဘယ်ကြောင့်ဆိုသော် မိမိတို့ တိုင်းပြည်သည် လွန်ခဲ့သည့် နှစ်ပေါင်း ခြောက်ဆယ် ကတည်းက ပွင့်လင်းမြင်သာသည့် တိုင်းပြည်မဟုတ်ခဲ့သည့်အတွက် ရှင်းလင်းတိကျသည့် ကောက်ချက်များ ချဖို့ဆိုသည်မှာလည်း မဖြစ်နိုင်တော့ချေ။

“ ကတ္တီပါလမ်းခွဲ ဖြစ်ခဲ့ပြီ ”

အများက ကြိုတင် မျှော်လင့်မထားပါဘဲနဲ့ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ အင်န် အယ်လ်ဒီ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ ၈၈ မျိုးဆက် ပွင့်လင်းအဖွဲ့အစည်းတို့ ကတ္တီပါလမ်းခွဲ ဖြစ်ခဲ့ပါပြီ။ ဘာကြောင့် ဒီလို လမ်းခွဲခဲ့ပြီလို့ ပြောနိုင်ရတာလဲ၊ ဒီအတွက် ဘယ်သူတွေမှာ တာဝန်ရှိ သလဲ၊ ရှေ့ဘာဆက်ဖြစ်လာနိုင်မလဲ ဆိုတာ ဒီကနေ့ တင်ပြသွားပါ့မယ်။
အားလုံးသိကြပြီး ဖြစ်တဲ့အတိုင်း ၈၈ မျိုးဆက် ပွင့်လင်းအဖွဲ့အစည်းက ခေါင်းဆောင်နဲ့ အဖွဲ့ဝင် ၁၈ ယောက် အင်န်အယ်လ်ဒီပါတီ အလံတော်အောက်ကနေ အမတ်လောင်းတွေအဖြစ် ရွေးကောက်ပွဲ ဝင်ဖို့ စာရင်းတင်ပါတယ်။ နှစ်ဘက် အဖွဲ့အစည်းနဲ့ ခေါင်းဆောင်တွေအကြား ဘယ် လို ညှိနှိုင်းပြော ဆိုမှုတွေ ရှိခဲ့တယ်ဆိုတာ ဒီကနေ့အချိန် ထုတ်ဖော်ပြောဆိုကြတာ မရှိပါဘူး။ အင်န်အယ်လ်ဒီ ပြောခွင့် ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းကတော့ ၈၈ မျိုးဆက် အဖွဲ့ဝင်တွေကို တိုက်ရိုက် အမတ်လောင်းအနေနဲ့ ရွေး ချယ်မယ်၊ အင်န်အယ်လ်ဒီ ပါတီ အလံအောက်က ရွေးကောက်ပွဲ ဝင်ပါ ဆိုပြီး တိတိကျကျ ဖိတ်ခေါ် ထားတာမျိုး မရှိဘူးလို့ ပြောဆိုပါတယ်။ ဒါနဲ့ ပတ်သက်ပြီး ၈၈ မျိုးဆက် ခေါင်းဆောင်တစ်ယောက် ဖြစ်တဲ့ ကိုမြအေးကတော့ “ အထွေအထူး မပြောချင်ပါဘူး၊ တရားကို နတ်စောင့်တယ်” ဆိုတဲ့ အဖြေ ပေးပါတယ်။

Wednesday, August 5, 2015

သဘာဝဘေးကြီးများ ဆက်လက် သတိပြုစရာ

နောက်ပိုင်း၌ ကိုမန်(Komen) မုန်တိုင်းကြီးဖြစ်လာမည့် ဘင်္ဂလားပင်လယ်အော်ထဲမှ မုန်တိုင်းငယ်ကြောင့် ဇူလိုင်လ ၂၄ ရက် မတိုင်ခင်ကတည်းက မြန်မာနိုင်ငံတစ်ဝှမ်း အထူးသဖြင့် မြန်မာနိုင်ငံ အထက် ပိုင်း၌ မိုးကြီးကာ စစ်ကိုင်းတိုင်းနှင့် ရှမ်းပြည်နယ်ရှိ နေရာအချို့တွင် ရေကြီး ရေလျှံမှုများ မြေပြိုမှုများ ဖြစ်ခဲ့သည်။

ထိုရက်တွင် ဖော်ပြသည့် သတင်းစာမျက်နှာအချို့၌ ကောလင်းရေဘေးသင့်ကာ သောက် သုံးရေ လိုအပ်ချက်ရှိနေကြောင်း ပါလာသည်။ မြစ်ရေတိုးလာမှုကြောင့် ဟသာင်္တနှင့် ငါးသိုင်းချောင်း တို့တွင် တာတမံများကို စောင့်ကြည့်နေရကြောင်းလည်း ဖော်ပြလာသည်။ မန္တလေး တိုင်းအတွင်း ကားလမ်းများ ရေကျော်သဖြင့် သွားလာရေးအတွက် အခက်အခဲရှိလာရာ တာဝန်ရှိသူတို့က ကူညီဖြေရှင်းပေး ရကြောင်းများလည်း ရေးသားလာသည်။ မိုးသည်းထန်စွာ ရွာသွန်းကာ ရှမ်းပြည်နယ်၌ မြေပြိုမှုဖြစ်ပြီး အိမ်များ ပြိုကျလာသည်ကို တွေ့ရသည်။

ချင်းပြည်နယ် ဟားခါးတွင် မြေပြို၍ လူနေအိမ်များ ပျက်စီးသွားသောကြောင့်ပြန်လည် ထူထောင်ရေးလုပ်ရာတွင် အချိန်ပေးရမည်

 ချင်းပြည်နယ် ဟားခါးမြို့တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြေပြို၍ လူနေအိမ်များ ပျက်ဆီးသွားသဖြင့် ပြန်လည် ထူထောင်ရေးလုပ်ငန်းများ လုပ်ဆောင်ရန်  အချိန်ပေး ရမည်ဟု ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားပေးရေး ဦးစီးဌာနမှ ညွန်ကြားရေးမှူးချုပ် ဦးစိုးအောင်က ပြောသည်။၎င်းက “ပြန်လည် ထူထောင်ရေးကတော့ လုပ်စရာတွေက အများကြီးဘဲ။ ဟားခါးဆိုရင် မြေက တွန်းချသလိုဖြစ်တော့ ရွှေ့ကို ရွှေ့ရမဲ့ အနေအထားမျိုး ဖြစ်တယ်။ ရွှေ့တဲ့အခါမှာလဲ နောက်တကြိမ် အိမ်ယာတွေ ပြန်ထူထောင်ပေးဖို့အတွက် သက်ဆိုင်ရာ ဘူမိ ပညာရှင်တွေနဲ့ ကျွန်တော်တို့က စမ်းသပ်ပြီးတော့ မြေရဲ့ ကြံ့ခိုင်မှုတွေစစ်၊ ပတ်ဝန်းကျင် သဘောဝ ပတ်ဝန်းကျင်ရဲ့ အနေအထားတွေ အကုန်လုံး စမ်းစစ်ကြည့်တော့မှ ပြန်ပြီးတော့ ထူထောင်ပေးရမှာဖြစ်တယ်”ဟု  မဇ္စျိမကို ပြောသည်။

ညောင်တုန်းမြို့ရေတားတာ ကျိုးပေါက်မှုမရှိသေး၊ ဒေသခံ ၂၂၅၂ ဦးရွှေ့ပြောင်းထား

ညောင်တုန်းမြို့ကို ကာရံထားသည့် ရေတားတာကြံခိုင်မှုနည်းသော်လည်း ကျိုးပေါက်ခြင်းမရှိသေးပဲ၊ ရေဘေးကြိုတင်ကာကွယ်ရေးအတွက် ဒေသခံ ၂၂၅၂ဦးကို ကာကွယ်ရေး စခန်း ၁၄ခုသို့ ရွှေ့ပြောင်း ပေးထား ရကြောင်း ညောင်တုန်း သဘာဝဘေးအန္တရာယ်ကွပ်ကဲရေးရုံးမှ ဒေါ်အိကေခိုင်က သြဂုတ် ၅ရက်တွင် မဇ္ဈိမကို ပြောသည်။၎င်းက "ရေက မနေ့ကလည်း ၂၅ ဒသမ  ၆ ရေ (စိုးရိမ်ရေမှတ် အထက်)ကတိုးလားမှုမရှိပါဘူး။ အခြေအနေမကောင်းဘူးဆိုတာကတာရဲ့ သက်တမ်းရယ်၊ ရေရဲ့အင်အားရယ်ကြောင့် စိုးရိမ်မှုရှိလို့ ကာကွယ် မှုတွေပြုလုပ်နေတာ။ တာကပေါက်တာ ကျိုးတာတော့ မရှိသေးပါဘူး" ဟု ဆိုသည်။

ရေဘေးကြောင့် အနုပညာရှင်များ လမ်းပေါ်ထွက်အလှူခံ

 ရေဘေးသင့်ပြည်သူများ နှင့် ရေဘေးသင့်တိရစ္ဆာန်များအ တွက် အနုပညာရှင်များကိုယ်တိုင် လမ်းများပေါ်တွင် တစ်လမ်းဝင် တစ်လမ်းထွက်၊ တစ်အိမ်တက် တစ်အိမ်ဆင်း အလှူငွေကောက်ခံခြင်းများ ပြုလုပ်လာကြောင်း သတင်းရရှိသည်။
မြန်မာနိုင်ငံ ဒေသအနှံ့အပြားရှိ ရေဘေးသင့်ပြည်သူများအတွက် သြဂုတ် ၄ ရက်က ရန် ကုန်မြို့အနှံ့ အလှူငွေကောက်ခံ ပေးခဲ့ပြီး သြဂုတ် ၆ ရက်တွင် ချင်း နှင့် ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်များ အား ကိုယ်တိုင်သွားရောက်ကူညီ မည်ဟု သရုပ်ဆောင်ပြေတီဦးက ပြောသည်။

ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ်ဒေါက်တာအောင်သူ ဒီချုပ် ကိုယ်စားပြု၍ အမျိုးသားလွှတ်တော်တွင် ယှဉ်ပြိုင်မည်

 ၂၀၁၅ အထွေထွေရွေး ကောက်ပွဲ၌ ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာအောင် သူသည် အမျိုးသားဒီမိုကရေစီအ ဖွဲ့ချုပ်ကိုယ်စားပြု၍ ရန်ကုန်တိုင်း ဒေသကြီး အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် (၆) မှ  ၀င် ရောက်ယှဉ်ပြိုင်မည်ဟု သတင်း ရရှိသည်။
ဒေါက်တာအောင်သူသည် ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် အဖြစ်နုတ်ထွက်ခွင့်ကို အဆင့်မြင့် ပညာဦးစီးဌာနမှ သြဂုတ် ၃ ရက်တွင် ရရှိခဲ့၍ သြဂုတ် ၄ ရက်၌ အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်တွင် ပါတီဝင်ခြင်း၊  ကိုယ်စားလှယ် လောင်းအဖြစ် လျှောက်ထားခြင်း တို့ ပြုလုပ်ခဲ့ကြောင်းသိရသည်။

ဟားခါးတွင် ရိက္ခာပြတ်သည့် ပြဿနာဖြေရှင်းရန် ပျက်စီးလမ်းများကို ၁၀ ရက်အတွင်းပြုပြင်မည်ဟု ချင်းလမ်းပန်းဆက်သွယ်ရေးဝန်ကြီးပြော

ဟားခါးမြို့တွင် ဆန်နှင့်  အစားအသောက်များ ပြတ်လပ်နေသည့်  ပြဿနာကို အမြန်ဆုံး ဖြေရှင်းနိုင်ရန်  ဟားခါး နှင့် ကလေးမြို့ကြား  ပျက်စီးသွား သောလမ်း၊တံတားများကို ၁၀ ရက်အတွင်း  သွားလာနိုင်အောင် ပြုပြင်မည်ဟု ချင်းပြည်နယ်လမ်း ပန်းဆက်သွယ်ရေးဝန်ကြီး ဦးငွန် ဆန်းအောင်က ပြောသည်။
 မိုးရွာသွန်းမှုကြောင့် ချင်း ပြည်နယ်အတွင်း မြေပြိုကျခြင်း၊ တံတားပျက်စီးခြင်းများဖြစ်ပွားခဲ့ပြီး တံတားပေါင်း ၆၇ စင်းနှင့် မြေ သားလမ်း ၆၇ မိုင် ၅ ဖာလုံပျက်စီး ခဲ့ကာ ကျပ်သန်း ၆၀၀ ကျော် ဆုံးရှုံးခဲ့ကြောင်း နိုင်ငံပိုင်သတင်းစာများ၏ ထုတ်ပြန်ချက်အရ သိရသည်။
‘‘ကလေး-ဖလမ်း-ဟားခါး လမ်းကတော့ ရာသီဥတုကောင်း ရင် တစ်ပတ်၊ ဆယ်ရက်အတွင်း ကောင်းအောင် လုပ်မယ်။ ဟား ခါး-ဂန့်ဂေါလမ်းကတော့ နည်း နည်းကြာဦးမယ်။ ဟားခါးမှာ ဆန်တော်တော် အခက်အခဲဖြစ်ပြီဆို တော့ ကလေးမှာရှိတဲ့ စားသောက်ကုန်၊ ဆန်တွေကို ပို့နိုင်အောင် ကျွန်တော်တို့လုပ်မယ်။ ဟားခါး- ကလေးလမ်းကိုတော့ ကြိုးစားပြီး လုပ်မယ်။ ကားလေးတွေကတော့ လေး၊ ငါးရက်အတွင်း သွားနိုင် အောင် လုပ်မယ်။ ကားကြီးတွေ ကတော့ ဆယ်ရက်လောက်ဆိုရင် သွားနိုင်အောင် လုပ်မယ်’’ဟု ဝန် ကြီးက ပြောသည်။

ငမိုးရိပ်ဆည် ရေလျှံဖွယ်ရှိနေပြီး ရန်ကုန်မြို့နယ်အချို့ ရေကြီးနိုင်ကြောင်း တိုင်းဆည်မြောင်းဦးစီးဌာနပြောကြား

ရန်ကုန်မြို့၏ အကြီးဆုံး ဆည်ဖြစ်သော ငမိုးရိပ်ဆည်သည် ရေပိုလွှဲမှ မကြာမီ ရေကျော်ကျ တော့မည်ဖြစ်ပြီး လက်ရှိအချိန်ထိ စိုးရိမ်ဖွယ်ရာ မရှိသေးသော်လည်း ရန်ကုန်မြစ်နှင့် ပဲခူးမြစ်တို့ ရေ တက်လာပါက ရန်ကုန်မြို့ရှိ မြို့ နယ်အချို့ ရေကြီးနိုင်ကြောင်း ရန်ကုန်တိုင်းဆည်မြောင်းဦးစီးဌာန မှ သတင်းရရှိသည်။
ငမိုးရိပ်ဆည်ရှိ ရေပမာဏ သည် သြဂုတ် ၂ ရက်တွင် ရေပိုလွှဲ အောက် ၆ လက်မထိ ရှိခဲ့သော် လည်း နှစ်ရက်အတွင်း ၅ လက်မ ကျော် မြင့်တက်လာကာ သြဂုတ် ၄ ရက် လက်ရှိအချိန်တွင် ရေပို လွှဲမှ ရေလျှံကျရန် ၀ ဒသမ ၁ လက်မသာ လိုတော့ကြောင်း ဆည်မြောင်းဦးစီးဌာနတိုင်းတာချက်များအရ သိရသည်။

ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ ရေဘေး အရေးပေါ်အခြေအနေကြုံ

ညောင်တုန်း၊ ဟင်္သာတမြို့များအပါအ၀င် ဧရာဝတီမြစ်ဝကျွန်းပေါ် ဒေသတစ်ခုလုံး ရေလွှမ်းမိုးမှုအန္တရာယ်အမြင့်မားဆုံး ဖြစ်ပေါ်နေကြောင်း မိုးလေ၀သပညာရှင်များက သတိပေးတပ်လှန့်လိုက်သည်။
ညောင်တုန်းမြို့သည် သြဂုတ် ၄ ရက်ညနေက မြို့၏ စိုးရိမ် ရေမှတ် ၂၄ ဒသမ ၅ ပေထက် တစ်ပေထိကျော်လွန်နေသည့်အတွက် လိမ္မော်ရောင်အဆင့်သတ် မှတ်ကြေညာထားသည်။ ရေမှာ မြို့မျက်နှာပြင်ထက်ပျမ်းမျှ ၅ ပေ ကျော်နေသည်။ ထို့ကြောင့် သက် ကြီး ရွယ်အိုများ၊ အမျိုးသမီးများ၊ ကလေးငယ်များကို ကယ်ဆယ်  ရေးစခန်းများသို့စတင်ရွှေ့ပြောင်း ပေးနေပြီး မြေနိမ့်ပိုင်းရှိ နေအိမ် များမှ ပြည်သူအများစုမှာ ကယ် ဆယ်ရေးစခန်းများသို့ ရွှေ့ပြောင်း နေကြောင်း သတင်းရရှိသည်။

ဒီချုပ်ကိုယ်စားလှယ်လောင်းစာရင်းတွင် ကျန်ခဲ့သည့် ဒေါက်တာညိုညိုသင်းကို ပါတီအချို့ ကမ်းလှမ်းဟုဆို

အင်န်အယ်လ်ဒီ ကိုယ်စားလှယ်လောင်းစာရင်းတွင် ကျန်ရစ်ခဲ့ပြီးနောက် ပါတီအချို့က ကမ်းလှမ်းမှုများ ပြုလုပ်လာ ကြောင်း ဒေါက်တာညိုညိုသင်းက ပြောသည်။
လာမည့် အထွေထွေရွေး ကောက်ပွဲတွင် အင်န်အယ်လ်ဒီမှ နေ၍ ပြည်သူ့လွှတ်တော်နေရာ ဝင်ရောက်ယှဉ်ပြိုင်ရန် အဆိုပြု ထားခဲ့သော်လည်း တာဝန်ပေးခံရ သော ကိုယ်စားလှယ်စာရင်းတွင် ဒေါက်တာညိုညိုသင်း မပါဝင်ခဲ့ ပေ။ ‘‘ကိုယ်စားလှယ်စာရင်းမှာ မပါဘူး ဆိုတဲ့နောက်မှာ ပါတီ တော်တော်များများက ဝိုင်းအား ပေးကြတယ်။ ကမ်းလှမ်းမှုတွေ လည်း ပြုလုပ်ခဲ့ကြတယ်’’ ဟု လက်ရှိ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အမတ်တာဝန်ထမ်း ဆောင်နေသော ဒေါက်တာညိုညို သင်းက ပြောသည်။သို့သော် ၎င်းအနေဖြင့် အင် န်အယ်လ်ဒီပါတီကိုယ်စားလှယ် လောင်းစာရင်းမှ ချန်လှပ်ခံထားရ ပြီးနောက် ၂၀၁၅ ရွေးကောက်ပွဲ ကို ဝင်ရောက်ယှဉ်ပြိုင်မှု ပြု၊ မပြု မစဉ်းစားရသေးဟု ဆို သည်။

ဒီချုပ်အမတ်လောင်း ရွေးချယ်မှု နောက်ဆက်တွဲဂယက်များ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ၂၀၁၅ ရွေးကောက်ပွဲအတွက် ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းစာရင်းကို  သြဂုတ် ၁ ရက်တွင် ထုတ်ပြန်လိုက်ရာ တာဝန်ပေးအပ်ခံရသူ အမည်စာရင်း၌ အများက တစ်ပေးခံထားရသူများ ကျန်ရစ်ခဲ့ပြီး မထင်မှတ်ထားသူများ ပါဝင်လာခြင်းကြောင့် ပါတီတွင်းနှင့် ဒီမိုကရက်တစ်အင်အားစုများကြား လှုပ်ခတ်မှုများဖြစ်ပေါ်ခဲ့သည်။

ရေဘေးဒေသများကို ကူညီရန် ကရင်နယ်ခြားစောင့်တပ်ဖွဲ့အာရှလမ်းမကြီးတွင် အလှူငွေကောက်မည်

ကရင်ပြည်နယ် နယ်ခြားစောင့်တပ်ဖွဲ့က ရေဘေးအန္တရာယ်ကျရောက်နေသော ဒေသများကို ကူညီရန် အာရှလမ်းမကြီးပေါ်တွင် အလှူငွေ ကောက်ခံနေကြောင်း သတင်းရရှိသည်။
သြဂုတ် ၄ ရက်မှ စတင်ကာ အာရှလမ်းမကြီး၊ မြဝတီ-ကော့ ကရိတ် လမ်းပိုင်း၊ သင်္ကန်းညီ နောင်ဂိတ်တွင် ဒေသတွင်းပရဟိတအဖွဲ့များနှင့်ပူးပေါင်းကာ ရေဘေးအတွက် အလှူခံနေသည် ဟုကရင်ပြည်နယ် နယ်ခြားစောင့်တပ် (BGF)မှ ဗိုလ်မှူးနိုင်မောင်ဇော်ကပြောသည်။
အာရှလမ်းမကြီး အသုံးပြု သည့် ယာဉ်များကို ငွေကြေး ကောက်ခံသောကြောင့် ဇူလိုင် လဆန်းမှစကာ အစိုးရ တပ်မတော်နှင့် ဒီကေဘီအေတို့တိုက်ပွဲ များဖြစ်ပွားခဲ့ပြီး ယခုအခါ မည်သည့် အဖွဲ့ကမှ ငွေကြေးကောက်ခံခြင်း မရှိတော့ကြောင်းဗိုလ်မှူးနိုင်မောင်ဇော်ကပြောသည်။

သဘာဝဘေးနှင့်အတွေ့ နောက်ကောက်ကျခဲ့ပြန်ခြင်း

အိမ်မှာရှိသမျှ ပစ္စည်းဘာတစ်ခုမှ မယူနိုင်ဘဲနဲ့ ပစ်ထားခဲ့ရပါတယ်။ လူလွတ်ပဲ ရုန်းခဲ့ရပါတယ်။  ဒီရေကြီးမှုအတွက် ဘယ်ဌာနဆိုင်ရာမှ လာပြီး ကူညီကယ်ဆယ်တာ လုံးဝမရှိခဲ့ပါဘူး။  သမ္မတကြီးတို့၊  ဝန်ကြီးတို့ လာတဲ့အချိန်ကျမှသာ နှမ်းလာဖြူးကြတာပါ။ ဒီမှာ ကယ်ဆယ်ရေး လုံးဝမလုပ်သေးပါဘူး။ စောင့်ရှောက်မှုလည်း လုံးဝမရှိသေးပါဘူး။ ကိုယ့်အသက်ကို ရုန်းပြီးတော့ပြေးခဲ့ရတာပါ။ သမ္မတကြီးတို့အနေနဲ့က ဒီဆည်ကြီးကို ဖျက်သိမ်းပေးဖို့   ကျွန်တော်တို့အနေနဲ့ တောင်းဆိုချင်တယ်။ ဒီဆည်ကြီး ရှိနေလို့ အခုလိုဖြစ်ရတာပါ။ တစ်သက်နဲ့တစ်ကိုယ်  တစ်ခါမှ  ရေမကြီးဖူးဘူး’’

Tuesday, August 4, 2015

ပြည်သူကို ကိုယ်နဲ့ထပ်တူ

ယခုအခါ နိုင်ငံ၏ နေရာ အနှံ့အပြားတွင် သမိုင်း တစ်လျှောက် အကြီးမားဆုံးရေဘေးဒုက္ခနှင့်ကြုံ နေရသည်။ ပြည်သူများစွာ ကူ ကယ်ရာမဲ့လျက်ရှိသည်။ နိုင်ငံ အတွက်တော့ ကြေကွဲစရာနေ့ ရက်များဟု ဆိုရမည်။ သို့သော် ရေဘေးသင့်သူများကို ရေဘေး ကင်းလွတ်သည့်အရပ်ဒေသမှ ပြည်သူများက ဝိုင်း၍အင်တိုက် အားတိုက် ကူညီနေကြသည်။ အလှူခံသူတွေကခံ၍ ကိုယ်ထိ လက်ရောက်ကူညီနေသူတွေက ကူညီ။ ယင်းတို့မှာ တိုင်းပြည်တွင် မည်းနက်သည့် တိမ်ထုကြီးလွှမ်း မိုးခိုက် လျှပ်ပြက်သလို၊ လင်း လက်သွားသော ငွေရောင်တစ်စ မြင်လိုက်ရသလို ကြည်နူးရသည့် မြင်ကွင်းများ။

မြန်မာ့ရေဘေးအတွက် ထိုင်းအစိုးရ ဘတ်ငွေ ၅ သန်း လှူဒါန်း

မြန်မာနိုင်ငံမှ ရေဘေးသင့် ပြည်သူများကို ကူညီကယ်ဆယ်ရေးအတွက် ထိုင်းအစိုးရက ဘတ်ငွေ ၅ သန်း ပေးပို့ လှူဒါန်းမည်ဟု သတင်းရရှိသည်။
မုတ်သုံမိုး သည်းထန်စွာ ရွာသွန်းမှု၊ ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်မှုများနှင့် ဆက်နွှယ်ပြီး မြန်မာနိုင်ငံ တစ်ဝန်းတွင် ရေလွှမ်းမိုးမှုများ ဖြစ်ပွားခဲ့ရာ လူ ၄၇ ဦးထက်မနည်း သေဆုံးပြီး ထောင်ပေါင်းများစွာ ရေဘေးဒုက္ခများနှင့် ကြုံနေရသည်။
ထိုင်းအစိုးရ၏ ပြောရေးဆိုခွင့်ရ အရာရှိ တစ်ဦးဖြစ်သူ ဝီရာချုံ ဆူခွန်တာပါတီပက်က သဘာဝ ဘေးအန္တရာယ် တွေ့ကြုံနေရသည့် မြန်မာနိုင်ငံကို ငွေကြေးအရ ထောက်ပံ့ကူညီရန် အစိုးရက ဩဂုတ် ၃ ရက်တွင် သဘောတူညီခဲ့ကြောင်း ဘန်ကောက်ပို့စ် သတင်းစာသို့ ပြောကြားခဲ့သည်။

တေးဂီတစာရင်းတွေမှာ ထိပ်ဆုံးရောက်နေတဲ့ SHINee အဖွဲ့

တောင်ကိုရီးယား ယောက်ျားလေးအဆိုရှင်များ အဖွဲ့ SHINee သည် Married to the Music သီချင်းသစ်ဖြင့် တောင်ကိုရီးယားတေးဂီတစာရင်းများတွင် ထိပ်ဆုံး၌ ရပ်တည် လျက်ရှိသည်။
SHINee အဖွဲ့၏ Married to the Music အထူးအယ်လ် ဘမ်သည် ဩဂုတ် ၃ ရက် နေ့လယ်၁၂ နာရီတွင် ထွက်ရှိပြီးနောက် Melon, Genie, Naver Music, Bugs Music နှင့် Mnet အပါ အဝင် တေးဂီတစာရင်းခုနစ်ခု၌ ထိပ်ဆုံးမှရပ်တည်လျက်ရှိသည်။

မရေးချင်ပေမယ့် မရေးမဖြစ်ရေးရတဲ့အိတ်ဖွင့်ပေးစာ(၁) လူထုခေါင်းဆောင်သို့ အိတ်ဖွင့်ပေးစာ

လူထုခေါင်းဆောင် ဒေါ် အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် မြန်မာ့နိုင်ငံရေးအပြောင်းအလဲကို ဦးဆောင်ရမည့် ပြည်သူလူထု၏ မျှော်လင့်ချက်ဖြစ်သည်။ ပြည် သူလူထု၏ အားကိုးအားထားပြု ရာဖြစ်သည်။ ပြည်သူလူထု၏တပ် ဦးဖြစ်သည်။
ဒီမိုကရေစီအပြောင်းအလဲ ကို ဆယ်စုနှစ်ပေါင်းများစွာ မျှော် လင့်စောင့်စားခဲ့ရသော ပြည်သူ လူထုအတွက် တစ်ခုတည်းသော ထွက်ပေါက်၊ တစ်ခုတည်းသော ရွေးချယ်ရာဖြစ်သည်။
သို့ဖြစ်၍ ဒီချုပ်သည် အောက်ခြေပြည်သူလူထုနှင့် တစ် သားတည်း ရပ်တည်နိုင်လျှင် အောက်ခြေကျောမွဲပြည်သူလူထု အများစုကြီးသည် ၀မ်းမြောက် ၀မ်းသာဖြစ်ကြမည်။ အောက်ခြေ ကျောမွဲပြည်သူလူထုနှင့် ဝေးကွာ လျက် ရပ်တည်ခဲ့မည်ဆိုလျှင်ပြည် သူလူထုအများစုကြီးသည် ရင်နာ ရမည်၊ ရင်မောရမည်သာဖြစ် သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် စုစည်းကျစ်လျစ်ခိုင်မာအား ကောင်းခဲ့ပြီး အောက်ခြေပြည်သူ လူထုကို မျက်နှာမူမည်ဆိုလျှင် မြန်မာ့နိုင်ငံရေး ရှေ့ခရီးတွင် အောက်ခြေပြည်သူလူထုအနေ ဖြင့် ပိုမိုတောက်ပလင်းလက် သောဘ၀များကို မျှော်လင့်စိတ် ကူးယဉ်နိုင်မည်ဖြစ်သည်။ လူထု ခေါင်းဆောင်နှင့် ဒီချုပ်ပါတီသည် င့ါမြင်းငါစိုင်း စစ်ကိုင်းရောက် ရောက်ထုံးကို နှလုံးမူလာမည်ဆို လျှင် အောက်ခြေပြည်သူလူထု သည်လည်းကောင်း၊ အောက်ခြေ ပါတီဝင်ထုသည်လည်းကောင်း ရင်မောရမည်၊ ရင်နာရမည်သာ ဖြစ်သည်။