Wednesday, August 26, 2015

နှစ် ၄၀ နီးပါး ပြန်ဆပ်ရမည့် ချေးငွေများချေးနေမှုသည် နောက်အစိုးရရှစ်ဆက်အထိ အကြွေးများရှိနေမည်ဖြစ်သည့်အတွက် မလိုအပ်သည့် စီမံကိန်း၊ အသုံးစရိတ်များကို ဖြတ်တောက်သင့်ကြောင်း လွှတ်တော်ကိုယ်စားလှယ်ဆွေးနွေး


နှစ် ၄၀ နီးပါးပြန်ဆပ်ရမည့် ချေးငွေများချေးနေမှုသည် နောက်အစိုးရရှစ်ဆက်အထိ အကြွေးများရှိနေမည်ဖြစ်သည့်အတွက် မလိုအပ်သည့်စီမံကိန်း၊ အသုံးစရိတ်များကို ဖြတ်တောက်သင့်ကြောင်း လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်နွယ်ဦးက ပြောကြားသည်။
သြဂုတ် ၂၅ ရက်ကပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် လျှပ်စစ်ဝန်ကြီးဌာနနှင့် မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာနများ၏ ပြည်ပချေးငွေများနှင့်ပတ်သက်ပြီး ဆွေးနွေးစဉ် ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
ဒေါ်တင်နွယ်ဦးက "လျှပ်စစ်ဝန်ကြီးဌာနက ၀န်ကြီးဌာနတွေထဲမှာ ကြည့်မယ်ဆိုရင် အကြွေးအမျိုးအမည်အများဆုံး ၀န်ကြီးဌာနဖြစ်ပါတယ်။ အရင်တုန်းကလည်း သထုံဓာတ်အားပေးစက်ရုံအတွက်ဆိုပြီး ကမ္ဘာ့ဘဏ်ကနေ ဒေါ်လာသန်း ၁၄၀ ချေးခဲ့ပါတယ်။ ဂျပန်နိုင်ငံကနေလည်း ယန်း ၂၉ ဘီလျံ ချေးထားပါတယ်။ တရုတ်နိုင်ငံကနေလည်း ဒေါ်လာ ၅၇ သန်းကျော် ချေးထားတာရှိပါသေးတယ်။

တပ်မတော်က ထောက်ခံပေးရန် နိုင်ငံရေးပါတီအချို့ တပ်ချုပ်ထံစာပို့ ဟုဆို



၂၀၁၅ အထွေထွေရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် တပ်မတော်က ထောက်ခံပေးရန် နိုင်ငံရေးပါတီအချို့က စာပေးပို့ တောင်းဆိုထားကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။
သြဂုတ်လ ၂၄ ရက်နေ့တွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) အဖွဲ့တို့ တွေ့ဆုံရာတွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယင်းသို့ ပြောဆိုခြင်း ဖြစ်ကြောင်း မြန်မာနိုင်ငံစာနယ်ဇင်း ကောင်စီ (ယာယီ) အဖွဲ့ဝင် ဦးသီဟစောက ဆိုသည်။

လွှတ်တော်ရပ်နားရန်ရှိသော်လည်း ကျန်ဥပဒေများ ပြဋ္ဌာန်းနိုင်ရေး ဆောင်ရွက်ရန်လိုကြောင်း သူရဦးရွှေမန်းပြောကြား


ရွေးကောက်ပွဲ စည်းရုံးရေးကာလများတွင် လွှတ် တော်အစည်းအဝေးရပ်နားထား ရန်ရှိသော်လည်း ပြဋ္ဌာန်းရန် ကျန် ရှိနေသည့် ဥပဒေများကို အကြွေးကျန်မရှိအောင် ဆောင်ရွက်ရန် လွှတ်တော် ကော်မတီများက ဆောင်ရွက်ရန်လိုကြောင်း ပြည် သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေ မန်းကပြောကြားသည်။
သြဂုတ် ၂၅ ရက်က ပြည်သူ့ လွှတ်တော် အဆောက်အအုံ၏ အစည်းအဝေးခန်းမတွင် ကော်မတီဥက္ကဋ္ဌများ၊ အတွင်းရေးမှူး များ၊ ကော်မရှင် အဖွဲ့ဝင်များနှင့် လုပ်ငန်း ညှိနှိုင်းအစည်းအဝေး ကျင်းပစဉ် သူရဦးရွှေမန်းကယင်း သို့ ပြောကြားခြင်းဖြစ်ပြီး ၎င်း၏လူမှုကွန်ရက်စာမျက်နှာတွင်လည်း ရေးသားထားသည်။
‘‘ရွေးကောက်ပွဲစည်းရုံးရေး ကာလမှာလည်း ရတဲ့ရက်ကလေး ကို တက်ပေးဖို့၊ ကျန်နေတဲ့ ဥပ ဒေတွေကို ဖြတ်ဖို့ပေါ့’’ဟု ပြည်သူ့ လွှတ်တော်၊ ပြည်သူ့ငွေစာရင်း ကော်မတီဥက္ကဋ္ဌ ဦးသူရိန်ဇော်က ပြောသည်။
ပြည်သူ့ကိုယ်စားလှယ်များ ဖြင့် ဖွဲ့စည်းထားသည့်လွှတ်တော် ၏ အဓိကအကျဆုံးတာဝန်မှာ ဥ ပဒေများပြဋ္ဌာန်းရန်ဖြစ်သည်။

သမ္မတ၊ ကာချုပ်တို့ နှင့် တွေ့ဆုံမည့်ရက် တိုင်းရင်းသားများ မဆုံးဖြတ်ရသေး


တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံး ပါဝင်ရေး သမ္မတ၊ ကာကွယ်ရေးဦးစီးချုပ်တို့နှင့် တွေ့ဆုံမည့်ရက်ကို မဆုံးဖြတ်နိုင်သေးကြောင်း ထိပ်သီးခေါင်းဆောင်များအဖွဲ့ဝင် ဦးခွန်ဥက္ကာက သြဂုတ် ၂၅ရက်တွင် မဇ္ဈိမကို ပြောသည်။
"ကျွန်တော်တို့ ညှိနေပါတယ်။ တိုင်းရင်းသားအများစုက စက်တင်ဘာလောက် ဖြစ်ချင်တယ်။ အစိုးရဖက်ကကျတော့ ဝေးလွန်းတယ်လို့ ဆိုတယ်။ ရက်အတိအကျ သိရဖို့ကိုတော့ နဲနဲတော့စောင့်ပါဦး။" ဟု ၎င်းကပြောသည်။
တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ်ပါ အချက် ၃၃ ခုကို အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်တို့က သြဂုတ်လ တတိယအပတ်အတွင်း၌ ပြုလုပ်သည့် ၉ကြိမ်မြောက် အစည်းအဝေးတွင် သဘောတူညီမှု ရရှိထားပြီးဖြစ်သည်။
ယင်းစာချုပ်ကို တိုင်းရင်းသားအဖွဲ့အားလုံး ပါဝင် လက်မှတ်ထိုးနိုင်ရေး အတွက် သမ္မတဦးသိန်းစိန်၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်တို့နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တို့ နေပြည်တော်တွင် ဆွေးနွေးကြဦးမည် ဖြစ်သည်။

တပ်မတော်က တိုင်းရင်းသားများကို ဖိနှိပ်ခြင်းမဟုတ်ဘဲ နိုင်ငံရေးအရ အထင်အမြင် လွဲမှားခြင်း ဖြစ်ကြောင်း တပ်ချုပ်ဆို


တပ်မတော်အနေနှင့် တိုင်းရင်းသား များအပေါ် ဖိနှိပ်သည်ဟု အဖွဲ့အစည်း အချို့က ပြောဆိုနေမှုသည် နိုင်ငံရေးအရ အထင်အမြင် လွဲမှားခြင်းဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။
သြဂုတ်လ ၂၅ ရက်နေ့တွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) မှ ဌာနေကိုယ်စားလှယ် Mr. Jurg Montani ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံရာတွင် ယင်းသို့ ပြောဆိုခြင်းဖြစ်ကြောင်း တပ်မတော်ပိုင် မြဝတီသတင်းဌာနတွင် ဖော်ပြထားသည်။
တပ်မတော်တွင် တိုင်းရင်းသား အရာရှိ ၃၀၀၀ ကျော်နှင့် တိုင်းရင်းသား စစ်မှုထမ်းများစွာ တာဝန်ထမ်းဆောင် လျက်ရှိပြီး တိုင်းရင်းသားများနှင့် မည်သို့မျှ ပြဿနာတက်စရာ အကြောင်းမရှိ သောကြောင့် မြန်မာ့တပ်မတော်မှ တိုင်းရင်းသားများအပေါ် ဖိနှိပ်သည်ဟု ပြောဆိုမှုသည် နိုင်ငံရေးအရ အထင်အမြင် လွဲမှားခြင်းဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

မိုးဒဏ်၊ ရေဒဏ်ကြောင့် တံတား ၉၈စင်း ပျက်စီးခဲ့ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန ထုတ်ပြန်


ဇူလိုင်နှင့် ဩဂုတ်လအတွင်း မိုးသည်းထန်စွာရွာသွန်းမှုနှင့် ရေဘေးအန္တရာယ်တို့ကြောင့် နိုင်ငံအ၀ှမ်းရှိ တံတား ၉၈ စင်း ပျက်စီးသွားသည် ဟုဆောက်လုပ်ရေးဝန်ကြီး ဌာနက ဩဂုတ် ၂၆တွင် သတင်းထုတ်ပြန်လိုက်သည်။
တံတားများပျက်စီးသွားသော ပြည်နယ်နှင့်တိုင်းများမှာ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း)တို့ ဖြစ်သည်။
ပျက်စီးမှုများအနက် စစ်ကိုင်းတိုင်းတွင် တံတား ၂၇စင်း၊ ရခိုင်ပြည်နယ်တွင် ၂၀စင်းနှင့် မန္တလေး တိုင်းတွင် ၁၆စင်းဖြစ်ပြီး တိုင်းနှင့်ပြည်နယ်များအနက် အများဆုံးပျက်စီးခဲ့သည်ဟု ဆောက်လုပ်ရေး ၀န်ကြီး ဌာနက ထုတ်ပြန်ထားသည်။

ပြည်ထောင်စု ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်က ရွေးကောက်ပွဲတွင် ၁၅ နေရာ ယှဉ်ပြိုင်မည်


ပြည်ထောင်စု ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (ပအမဖ) ပါတီသည် ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ရှမ်းပြည်နယ် အတွင်း  မြို့နယ် ခြောက်မြို့နယ်၌  ၁၅ နေရာ ဝင်ရောက်ယှဉ်ပြိုင် အရွေးချယ်ခံရန် တောင်ကြီးခရိုင်နှင့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများသို့ အမည်စာရင်း တင်သွင်းထားကြောင်း အဖွဲ့ချုပ်က ကြေညာချက် ထုတ်ပြန်သည်။

ပြည်ထောင်စုပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီသည် ရှမ်းပြည်နယ် အတွင်းတွင် တောင်ကြီးမြို့နယ်၊ ရပ်စောက် မြို့နယ်၊ ဟိုပုံးမြို့နယ်၊ ဆီဆိုင်မြို့နယ်၊ ပင်လောင်းမြို့နယ်နှင့် မောက်မယ်မြို့ နယ်များတွင် ၀င်ရောက် ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်းလည်း သိရှိရသည်။

ရေဘေးကယ်ဆယ်ရေး ဦးစားပေးနေရသဖြင့် WFP ၏ ပုံမှန်လုပ်ငန်းများ ခေတ္တရပ်/ ယာယီလျော့ချမည်


 ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် WFP က ရေဘေးသင့်ပြည်သူများအတွက် ဦးစားပေး ထောက်ပံ့ သွားမည်ဖြစ်သဖြင့် ပုံမှန်လုပ်ငန်းအစီအစဉ်များကို ခေတ္တရပ်နားခြင်း သို့မဟုတ် လျော့ချသွားမည်ဟု WFP က ထုတ်ပြန်သည်။WFP ကဆောင်ရွက်နေသည့် ရပ်ရွာပိုင်ရင်းမြစ်များဖ်ာဆောင်ခြင်း၊ ကျောင်းတွင်းရိက္ခာထောက်ပံ့မှု၊ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များအတွက် အာဟာရထောက်ပံ့ခြင်းနှင့် အေအိုင်ဒီအက်စ်နှင့် တီဘီဝေ ဒနာရှင်များအတွက် စားနပ်ရိက္ခာ ထောက်ပံ့ခြင်း အစီအစဉ်များကို ခေတ္တရပ်နားထားမည်ဟု သြဂုတ် ၂၆ ထုတ်ပြန်ချက်က ဖော်ပြသည်။

ဘူးသီးတောင်တွင် နိုင်ငံသား စိစစ်မှုစတင်၊ ၅ ဦးစိစစ်ပြီးစီး


ရခိုင်ပြည်နယ် အနောက်ဘက်နယ်စပ်ဖြစ်သော ဘူးသီးတောင်မြို့နှင့် မောင်တောမြို့နယ်တွင် ယခင်က နိုင်ငံသားစိစစ်မှု မခံလိုသော ဘင်္ဂလီများမှာ ယခု စိစစ်ခံမှုယူနေပြီး လျှောက်လွှာတင်ထားသူ ၃၀ ဦးရှိသည့် အထဲက ၅ဦး စိစစ်ပြီးသွားပြီ ဖြစ်သော်လည်း တစ်ဦးတစ်ယောက်မှ နိုင်ငံသားစိစစ်ရေး အချက်အလက်များနှင့် မကိုက်ညီကြောင်း သိရသည်။
နိုင်ငံသားစိစစ်ရေး ဘုတ်အဖွဲ့ (ဘူးသီးတောင်မြို့) မှ အဖွဲ့လည်းဖြစ်၊ မြို့မိမြို့တစ်ဦးဖြစ်သူ ဦးထွန်းအောင်သိန်းက " ၁၉၈၂ ဥပဒေ ပုဒ်မ ၄၂ အရ နိုင်ငံပြုခွင့်ရဖို့ လျှောက်တဲ့နေရာမှာ သူတို့ဟာ ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့မတိုင်ခင်က ရောက်တယ်ဆိုတဲ့ အထောက်အထားကို မတွေ့ရပါ။ သူတို့တင်ပြတာက သူတို့အမျိုးသားမှတ်ပုံတင် မိတ္တူနဲ့ လဝကရဲ့ မှတ်တမ်းဖြစ်တဲ့ (နိုင်-၁) ဆိုတဲ့ စာရင်းကိုပဲတင်ပြပါတယ်။ ကျနော်တို့မူရင်းကို တောင်းတော့ လဝက က မတင်ပြနိုင်ပါ။ ပြီးတော့ ၄၈ ခုနှစ် (၇) အရ ဆိုရင်တော သူတို့ဟာ လဝကမှာ တစ်နှစ်ထက်မနည်း ငါးနှစ်ထက်မများ အချိန်မှာ နိုင်ငံသားဖြစ်ခွင့် လျှောက်ဖူးခဲ့ရမယ်။ အခုကျနော်တို့ အဲဒီ ၅ယောက် စိစစ်တော့ အဲဒီလိုလျှောက်လို့မရှိတဲ့အတွက် သူတို့ဟာ နိုင်ငံသားဖြစ်ခွင့် မရရှိခဲ့ပါ။ " ဟု ပြောသည်။

လက်နဲ့ ရေးထားတာကို ခြေနဲ့ ဖျက်လိုက်တဲ့ နော်စီဖိုးရာစိန်


သမ္မတ ဦးသိန်းစိန်က သြဂုတ်လ ၁၁ ရက်နေ့တုန်းက NCA လက်မှတ်ထိုးဖို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၅ ဖွဲ့ထံ ဖိတ်ခေါ်ထားတာ အားလုံးသိပြီးသား ဖြစ်ပါတယ်။ အဲဒီကမ်းလှမ်းမှုကို KNU၊ KNU/KNLA-PC၊ RCSS/SSA၊ DKBA အဖွဲ့ ၄ ဖွဲ့က လက်ခံပြီး လက်မှတ်ထိုးမယ့်အကြောင်း သြဂုတ်လ ၁၇ ရက်နေ့က ပူးတွဲ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ တချို့ လက်နက်ကိုင်အဖွဲ့တွေက တိုင်းရင်းသားလက်နက်ကိုင်အားလုံး ပါဝင်မှ လက်မှတ်ထိုးမယ်ဆိုတဲ့မူကို စွဲကိုင်ထားတာကိုလည်း တွေ့ရပါတယ်။ လက်ရှိ SD ခေါင်းဆောင် နော်စီ ဖိုးရာစိန်ကလည်း အဖွဲ့အားလုံးပါဝင်မှ NCA ကို KNU လက်မှတ်ထိုးမယ်ဆိုပြီး ပြောလာပါတယ်။
KNU အဖွဲ့ရဲ့ ကိုယ်စား နော်စီဖိုးရာစိန် ပြောတာဖြစ်တဲ့အတွက် အားလုံးအံ့အားသင့်ကြရပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ KNU ခေါင်းဆောင် ဥက္ကဋ္ဌကြီး ဖထီးမူတူးဆေးဖိုး ကိုယ်တိုင် လက်မှတ်ထိုးပါမယ်လို့ တရားဝင် ထုတ်ပြန် ခဲ့တာပါ။ အခု KNU ဒုဥက္ကဋ္ဌ နော်စီဖိုးရာစိန်က ဖထီး မူတူးဆေးဖိုးနဲ့ ဆန့်ကျင်ဘက်ကို ပြောလာတယ်။ KNU အဖွဲ့ရဲ့ သြဇာသက်ရောက်မှုဟာ ဖထီး မူတူးဆေးဖိုး လက်ထဲမှာလား၊ နော်စီဖိုးရာစိန် လက်ထဲမှာလား စဉ်းစားစရာ ဖြစ်နေပါတယ်။ လက်ရှိ KNU ဥက္ကဋ္ဌ က ဖထီးမူတူးဆေးဖိုးဖြစ်တဲ့အတွက် ဖထီးရဲ့ ပြောစကားကိုသာ အတည်ယူရမှာပါ။

Tuesday, August 18, 2015

စောင့်ကြည့်အခြေအနေတွင် ရှေ့မဆက်နိုင်သေးသည့် ဆောက်လုပ်ရေးလုပ်ငန်းများ


ရွေးကောက်ပွဲကာလနီး ကပ်ချိန်တွင် စီးပွားရေးလုပ်ငန်းတို့၏ ပြယုဂ်တစ်ခုဖြစ်ခဲ့သော အခြေခံအဆောက်အအုံတည်ဆောက် ရေးလုပ်ငန်းများ   များစွာလျော့ နည်းလာပြီး ရန်ကုန်မြို့တော်စည် ပင်က ကန့်သတ်ချက်များစွာ ဖြေလျှော့ပေးသော်လည်း ဆောက် လုပ်ခွင့်လျှောက်ထားမှုများမှာ ထက်ဝက်ခန့် လျော့နည်းလာခဲ့ သည်။ဆောက်လုပ်ရေးလုပ်ငန်း ရှင်များသည် မကြာမီကျင်းပမည့် ရွေးကောက်ပွဲနှင့် ရွေးကောက်ပွဲ နောက်ပိုင်းနိုင်ငံရေးအခြေအနေ တို့ကို မခန့်မှန်းနိုင်သဖြင့် လက်ရှိ အချိန်တွင် သတိထားပြီး စောင့် ကြည့်နေကြကာ အစိုးရသစ်၏ နိုင်ငံရေး၊ စီးပွားရေးမူဝါဒပြီးမှ သာ လုပ်ငန်းများ ပြန်စကြရန် စိတ်ကူးလာကြသည်။

သူရဦးရွှေမန်းနှင့် ဒေါ်အောင်ဆန်းစုကြည် သီးသန့်တွေ့ဆုံ

 ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရ ဦးရွှေမန်းနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်တို့သည် သြဂုတ် ၁၇ ရက် နံနက်က နေပြည်တော်ရှိ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌရုံးခန်းတွင် တစ်နာရီနီးပါးကြာ သီးသန့်တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။
ယင်းသို့တွေ့ဆုံမှုသည် သူရဦးရွှေမန်းအား ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌအဖြစ်မှ ဖယ်ရှားခဲ့ပြီးနောက် ပထမဆုံးအကြိမ်တွေ့ဆုံမှုဖြစ်ပြီး သြဂုတ် ၁၇ရက်သည် လွှတ်တော် အစည်းအဝေး ပြန်လည်ခေါ်ယူ ခြင်းမပြုမီ တစ်ရက်အလိုလည်း ဖြစ်သည်။
သီးသန့်တွေ့ဆုံမှုကို 7 Day Daily သတင်းစာက အတည်ပြု နိုင်ခဲ့သော်လည်း ဆွေးနွေးခဲ့သည့် အကြောင်းအရာများကိုမူသိရှိရ ခြင်းမရှိသေးပေ။

သမ္မတဦးသိန်းစိန် ပါတီအစည်းအဝေး လာရောက်ခြင်းမှာ သာမန်တွေ့ဆုံနှုတ်ဆက်ခြင်းသာဖြစ်ဟု တာဝန်ရှိသူပြော

 ပြည်ခိုင်ဖြိုးပါတီတွေ့ ဆုံပွဲသို့ တက်ရောက်လာသည့် နိုင်ငံတော်သမ္မတဦးသိန်းစိန်သည် အစည်းအဝေးတက်ရောက်ခြင်း မဟုတ်ဘဲ သာမန်တွေ့ဆုံနှုတ် ဆက်ရုံသာ လာရောက်ခဲ့ခြင်းဖြစ် ၍ အခြေခံဥပဒေနှင့်ညီကြောင်း ပါတီဗဟိုကော်မတီအလုပ်အမှု ဆောင်အဖွဲ့ဝင် ဦးပိုက်ထွေးက ပြောကြားသည်။
ယခုလ ၁၇ ရက် နံနက်က ပြုလုပ်သော ပါတီဝင်လွှတ်တော် ကိုယ်စားလှယ်များကို နှုတ်ဆက် တွေ့ဆုံပွဲအခမ်းအနားသို့ ပါတီ ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည် ဟု ထုတ်ပြန်ထားသည့် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ကိုယ်တိုင် တက် ရောက်ခဲ့ခြင်းအပေါ် အထက်ပါ အတိုင်း  ရှင်းလင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

ဘန်ကောက် ဗုံးခွဲမှုသည် ထိုင်းနိုင်ငံ ကြုံဖူးသမျှ အဆိုးဆုံး တိုက်ခိုက်မှုဟု ဝန်ကြီးချုပ် ပြောကြား


ဘန်ကောက်မြို့တွင် ဖြစ်ပွားခဲ့သည့် ဗုံးပေါက်ကွဲမှုသည် ထိုင်းနိုင်ငံအတွက် ကြုံဖူးသမျှ အဆိုးရွားဆုံး အကြမ်းဖက် တိုက်ခိုက်ခံရမှုဖြစ်ကြောင်း ဝန်ကြီးချုပ် ပရာယွတ်သ် ချန်အိုချာက ပြောကြားလိုက်သည်။
ဩဂုတ် ၁၇ ရက် ညပိုင်းက ဘန်ကောက်မြို့လယ် အီရာဝမ် လေးမျက်နှာ ဘုရားကျောင်းတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားရာ လူ ၂၂ ဦးထက်မနည်း သေဆုံးပြီး ရာနှင့်ချီ ဒဏ်ရာရခဲ့ကြောင်း သတင်းများက ဖော်ပြခဲ့သည်။ အီရာဝမ် ဟိန္ဒူ ဘုရားကျောင်းသည် ဘန်ကောက်တွင် ကမ္ဘာလှည့် ခရီးသည် အများစု သွားရောက်လည်ပတ်ရာ နေရာတစ်ခုလည်း ဖြစ်သည်။

ဟိန္ဒူဘုရားကျောင်း ဗုံးပေါက်ကွဲမှုမှ သံသယရှိသူ အမျိုးသားကို ထိုင်းရဲတပ်ဖွဲ့ ရှာဖွေနေ


လုံခြုံရေး ကင်မရာ မှတ်တမ်းများကို အခြေခံပြီး ဘန်ကောက်မြို့၊ ဧရာဝဏ် ဟိန္ဒူ ဘုရားကျောင်း ဗုံးပေါက်ကွဲမှု၏ အဓိက လက်သည်ဟု ယူဆရသူ အမျိုးသားကို ရှာဖွေနေကြောင်း ထိုင်းရဲတပ်ဖွဲ့က ကြေညာခဲ့သည်။ထိုင်းရဲများသည် အနီးအနားတွင် တပ်ဆင်ထားသည့် လုံခြုံရေး ကင်မရာ မှတ်တမ်းများ၊ အခြားသူများ ပူးပေါင်းကူညီ ပေးပို့လာသည့် ဖုန်းဗီဒီယို မှတ်တမ်းများကို စစ်ဆေးပြီးနောက် အဝါရောင် တီရှပ် ဝတ်ဆင်ထားသူ အမျိုးသား တစ်ဦးသည် ယခုဗုံးခွဲမှုတွင် တာဝန်အရှိဆုံးသူအဖြစ် ယူဆလာခဲ့သည်။

တီယန်ကျင်းတွင် နေအိမ် အဆောက်အအုံ ဆုံးရှုံးသူများက နစ်နာကြေး ရရှိရန် ဆန္ဒပြတောင်းဆို


တရုတ်နိုင်ငံတွင် ပြင်းထန်သည့် ပေါက်ကွဲမှုကြီးများ ဖြစ်ပွားခဲ့ရာ တီယန်ကျင်းမြို့၌ နေအိမ် အဆောက်အအုံများ ပျက်စီး ဆုံးရှုံးခဲ့သူများက နစ်နာကြေးပေးရန် စီတန်းလှည့်လည် ဆန္ဒပြမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဩဂုတ် ၁၂ ရက်က တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း၊ ဆိပ်ကမ်းမြို့တွင် အန္တရာယ်ရှိသည့် ဓာတုဗေဒ ပစ္စည်းများ လွှဲပြောင်းတင်ပို့ရာ ကုမ္ပဏီတစ်ခု ပိုင်ဆိုင်သော ကုန်လှောင်ရုံများ ပြင်းထန်စွာ ပေါက်ကွဲမှုနှစ်ခု ဖြစ်ပွားခဲ့ရာ လူပေါင်း ၁၁၄ ဦးထက်မနည်း သေဆုံးပြီး မီးသတ်သမား အများစု အပါအဝင် ၇၀ ကျော် ပျောက်ဆုံးနေဆဲ ဖြစ်သည်။

ပြင်ပလောကမှ နှလုံးလှ Batman ယာဉ်မတော်တဆမှုကြောင့် ကွယ်လွန်


သိပ္ပံလူစွမ်းကောင်း Batmanသည် ၎င်း၏ စီးတော်ယာဉ် Batmobileနှင့် ယာဉ်မတော်တဆမှု ဖြစ်ပွားပြီး သေဆုံးသွားကြောင်း သိရသည်။ သို့သော်လည်း ယခုသေဆုံးသူသည် DC Comicsမှ စိတ်ကူးယဉ် ဇာတ်ကောင် ဘရုစ်ဝိန်း တစ်ဖြစ်လဲ Batman မဟုတ်ဘဲ လက်တွေ့လောက၌ နာမကျန်းဖြစ်နေသော ကလေးငယ်များ စိတ်ပျော်ရွှင်အောင် ကူညီပေးနေသည့် ပရဟိတသမား Batman ဖြစ်သည်။
မေရီလန်းမှ စီးပွားရေး လုပ်ငန်းရှင် တစ်ဦးဖြစ်သူ အသက် ၅၁ နှစ်အရွယ် လီယိုနာ့ဒ် ရော်ဘင်ဆင်သည် Batmanကဲ့သို့ ဝတ်စားဆင်ယင်ကာ Batmobileအသွင် ပြင်ဆင်ထားသည့် ၎င်း၏ မော်တော်ကားကို စီးနင်းပြီး ကလေးဆေးရုံများသို့ သွားရောက်လေ့ ရှိသူ ဖြစ်သည်။ ကလေးသုံးဦး၏ ဖခင်ဖြစ်သူ ရော်ဘင်ဆင်သည် နှစ်ပေါင်း အတော်ကြာအတွင်း ကလေးဆေးရုံရှိ ဖျားနာနေသော ကလေးငယ်များကို ပျော်ရွှင်အောင် စွမ်းဆောင်ပေးခဲ့ရုံသာမကဘဲ ကျောင်းများနှင့် ရန်ပုံငွေပွဲများသို့ပါ ၎င်း၏ Batman ဝတ်စုံဖြင့် သွားရောက်လေ့ရှိသူ ဖြစ်သည်။

Monday, August 17, 2015

ပျက်ကျခဲ့သည့် အင်ဒိုနီးရှား လေယာဉ်ပျက်မှဟု ယူဆရသည့် အပျက်အစီး အစိတ်အပိုင်းများ ရှာတွေ့

လူ ၅၄ ဦးကို တင်ဆောင်ပျံသန်းရင်း ပျက်ကျသွားသည့် အင်ဒိုနီးရှား ခရီးသည်တင် လေယာဉ်ထံမှဟု ယူဆရသည့် အပျက်အစီး အစိတ်အပိုင်းများကို ကယ်ဆယ်ရေး အဖွဲ့များက တွေ့ရှိခဲ့ကြောင်း သိရသည်။
Trigana လေကြောင်းသယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှု လုပ်ငန်း၏ ATR42-300 အမျိုးအစား လေယာဉ်သည် အရွယ်ရောက်ပြီး ခရီးသည် ၄၄ ဦး၊ ကလေးငယ် ၅ ဦးနှင့် လေယာဉ်အမှုထမ်း ၅ ဦးတို့ကို တင်ဆောင်ပျံသန်းရင်း ဩဂုတ် ၁၆ ရက်က ပျောက်ဆုံးသွားခဲ့သည်။ လေယာဉ်သည် ပြည်တွင်း တာတိုခရီးစဉ် တစ်ခုအတွက် ပျံသန်းခြင်းဖြစ်ပြီး လိုက်ပါသွားသူ အားလုံးသည် အင်ဒိုနီးရှား နိုင်ငံသားများဖြစ်ကြောင်း တာဝန်ရှိသူများက ဆိုသည်။
ဩဂုတ် ၁၇ ရက်၊ နံနက်ပိုင်းတွင်မူ ရှာဖွေရေးအဖွဲ့၏ လေယာဉ်တစ်စီးက နိုင်ငံအရှေ့ပိုင်း ပါပူအာ ဒေသရှိ ဝေးလံသီခေါင်သော တောင်စောင်းတစ်နေရာတွင် လေယာဉ်ပျက်မှဟု ယူဆရသော အစိတ်အပိုင်းများကို ရှာဖွေ တွေ့ရှိခဲ့သည်။ သို့သော်လည်း ခြေလျင် ကယ်ဆယ်ရေး တပ်ဖွဲ့များမှာမူ အဆိုပါ နေရာသို့ မရောက်ရှိသေးကြောင်း အင်ဒိုနီးရှား ကယ်ဆယ်ရေးနှင့် ရှာဖွေရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးဖြစ်သည့် ရေမွန် ကွန်စတန်တင်က ပြောကြားခဲ့သည်။

မြောက်ကိုရီးယား ခြိမ်းခြောက်နေသည့်တိုင် အမေရိကန်နှင့် တောင်ကိုရီးယား ပူးပေါင်းစစ်ရေးလေ့ကျင့်မှု စတင်

မြောက်ကိုရီးယားထံမှ ခြိမ်းခြောက် ကန့်ကွက်မှုများ ရှိနေသည့်တိုင် တောင်ကိုရီးယားနှင့် အမေရိကန်တို့ ပူးပေါင်းပြီး ကြီးမားသည့် စစ်ရေးလေ့ကျင့်မှု အစီအစဉ် တစ်ရပ်ကို ဩဂုတ် ၁၇ ရက်တွင် အစပြုခဲ့ကြောင်း သိရသည်။
အဆိုပါ စစ်ရေးလေ့ကျင့်မှုသည် မြောက်ကိုရီးယားတပ်များ၏ ကျူးကျော်မှုကို ခံရချိန်တွင် မည်သို့ ပူးပေါင်း တုံ့ပြန်ရမည် ဆိုသည်ကို အဓိက ဦးတည်ပြင်ဆင်ထားပြီး ထောင်ပေါင်းများစွာသော နှစ်နိုင်ငံ တပ်ဖွဲ့ဝင်များ ပူးပေါင်း ပါဝင်ခဲ့ကြသည်။ မြောက်ကိုရီးယားက အဆိုပါ စစ်ရေးလေ့ကျင့်မှုသည် မိမိတို့အပေါ် စစ်ကြေညာခြင်းဟု ယူဆကြောင်း သတိပေး ခြိမ်းခြောက်ထားသည်။
နှစ်စဉ် ကျင်းပမြဲဖြစ်သည့် အူလ်ချီ လွတ်လပ်ရေး စစ်ရေးလေ့ကျင့်မှု အစီအစဉ်သည် ဩဂုတ် ၂၈ ရက်ထိ ကြာမြင့်မည်ဖြစ်ကြောင်း တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးဌာနက ကြေညာထားသည်။ ကွန်ပျူတာ စနစ်များကို ကျယ်ကျယ်ပြန့်ပြန့် အသုံးချ စီစဉ်ထားသည့် အဆိုပါ စစ်ရေးလေ့ကျင့်မှုတွင် တောင်ကိုရီးယားစစ်သည် ငါးသောင်းကျော်နှင့် အမေရိကန်စစ်သည် သုံးသောင်းဝန်းကျင် ပါဝင်ကြသည်။

Friday, August 14, 2015

မြောက်ဦးတွင် စားနပ်ရိက္ခာအလှူများ ၀င်ရောက်နေသော်လည်း ဆန်ဈေးတက်ဆဲ

 ရေကြီးနစ်မြုပ်မှုဖြစ် ပေါ်ခဲ့သည့် ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်သို့ အနယ်နယ်အရပ်ရပ်မှ အလှူရှင်များ လှူဒါန်းသည့် စား နပ်ရိက္ခာများ အဆက်မပြတ်ဝင် ရောက်နေသော်လည်း ဆန်ဈေး နှုန်းများ ဆက်လက်မြင့်တက်နေ ကြောင်း သတင်းရရှိသည်။
‘‘ရေဘေးကြုံတွေ့ပြီး ကား လမ်းတွေလည်း ဆက်သွယ်သွား လာနိုင်ပြီဖြစ်ပေမယ့် ဆန်ဈေးက တော့ တက်နေဆဲပါပဲ။ မြောက်ဦး ကို အလှူရှင်တွေ လာလှူတဲ့အထဲ မှာ အများဆုံးက ဆန်တွေဖြစ်ပါ တယ်။ အဲဒီဆန်တွေက ရေဘေး သင့်သူတွေဆီကို ဖြန့်ဝေပေးနေ ပေမယ့် ဆန်ဈေးမကျတာက အံ့ သြစရာပါပဲ’’ ဟု မြောက်ဦးမြို့ခံ တစ်ဦးက ပြောကြားသည်။

မြောက်ဦးမြို့နယ်ရှိ ရေဘေးသင့် ဒေသများ၌ ပြန်လည်ထူထောင်ရေး အကူအညီများ အဓိကလိုအပ်နေ

 ရေဘေးသင့် မြောက် ဦးမြို့ပေါ်နှင့် ကျေးရွာများ၌ အ ရေးပေါ် အကူအညီဖြစ်သော စားနပ်ရိက္ခာ လိုအပ်ချက်တွင် အဆင်ပြေနေပြီဖြစ်သော်လည်း ပြန်လည်ထူထောင်ရေးအတွက် အကူအညီများ အဓိကလိုအပ်နေ ကြောင်း ကူညီထောက်ပံ့ရေး လုပ်ငန်းလုပ်ကိုင်နေသူများထံမှ သတင်းရရှိသည်။
‘‘မြောက်ဦးကို အဖွဲ့ပေါင်း စုံက စားနပ်ရိက္ခာအတွက် ဆန်တွေ၊ သောက်သုံးရေတွေ စစ်တွေကတစ်ဆင့် ကုန်းလမ်းရော ရေ လမ်းကပါဝင်နေပါတယ်။ ကူညီ ထောက်ပံ့ရေးအအဖွဲ့ကလည်း ကျေးလက်ဒေသအထိ သွားပြီး ထောက်ပံ့နေတဲ့အတွက် လော လောဆယ်တော့ စားနပ်ရိက္ခာအ ဆင်ပြေနေပြီလို့ ပြောလို့ရပါ တယ်။ ဒါပေမဲ့ နေအိမ်ပြိုလဲပျက် စီးသွားသူတွေအတွက် ပြန်လည် ထူထောင်ဖို့ အကူအညီတွေ လို အပ်နေပါတယ်’’ဟု ကူညီထောက်ပံ့ရေးလုပ်ငန်းများ လုပ်ကိုင်နေ သည့် နာရေးကူညီမှုဖောင်းဒေး ရှင်းမှ တာဝန်ရှိသူတစ်ဦးက ပြော သည်။

တနင်္သာရီတိုင်းအတွင်း နိုင်ငံသားစိစစ်ရေး ကတ်ပြားမရှိသူများအား One Stop Service ဖြင့် ကွင်းဆင်းပြုလုပ်ပေးမည်

တနင်္သာရီတိုင်းဒေသ ကြီးအတွင်း နိုင်ငံသားစိစစ်ရေး ကတ်ပြား မပြုလုပ်ရသေးသော ဒေသခံများအား One Stop Service ဝန်ဆောင်မှုဖြင့် ကွင်း ဆင်းပြုလုပ်ပေးသွားမည် ဖြစ် ကြောင်း သတင်းရရှိသည်။
ယခုနှစ် ဇန်နဝါရီမှ စတင် ဆောင်ရွက်ပေးခဲ့သော မိုးပွင့်အထူးစီမံချက် ပြီးဆုံးသွားသော် လည်း တိုင်းဒေသကြီးအတွင်း နိုင်ငံသား စိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုစာရင်းများမပြုလုပ် ရသေးသည့် ဒေသခံများကို ကျေးရွာများသို့ ကွင်းဆင်းပြုလုပ်ပေး သွားမည်ဟု တိုင်းဒေသကြီး လူ ဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနထံမှ သိရသည်။
ရေလုပ်သားများနှင့် ရွှေ့ ပြောင်း အလုပ်သမားများရှိရာ တနင်္သာရီတိုင်းအတွင်း နိုင်ငံသား စိစစ်ရေးကတ်ပြား ပြုလုပ်ခြင်းကို မိုးပွင့်စီမံချက်ဖြင့် ကွင်းဆင်း ဆောင်ရွက်ပေးခဲ့သော်လည်း ယင်းကာလအတွင်း နိုင်ငံသား စိစစ်ရေးကတ်ပြားများမပြုလုပ်ခဲ့ရသော ဒေသများ ရှိနေသေး ကြောင်း သတင်းရရှိသည်။

ဒီတစ်ပတ်ကြည့်ရမယ့် ရုပ်ရှင်

ဒီတစ်ပတ် ကြည့်ဖို့အတွက် တော့ စူပါဟီးရိုး ဇာတ်ကားလေး တစ်ကားကိုပဲ ညွှန်းပေးလိုက်ပါ တယ်။ ၂၀ ရာစုမြေခွေးရုပ်ရှင် ထုတ်လုပ်ရေးရဲ့ တတိယမြောက် Fantastic Four ဇာတ်ကားဖြစ်ပြီး ဒါရိုက်တာ ဂျော့ရှ်ထရန့်ခ်ရဲ့ လက်ရာပါ။

ရိဒ်ရစ်ချတ်နဲ့ ဘန်ဂရင်းမ် တို့ သူငယ်ချင်းနှစ်ယောက်ဟာ ထူးခြားစွမ်းရည်ရှိကြသူတွေဖြစ် ပြီး ငယ်ငယ်လေးကတည်းက ခင်မင်ခဲ့ကြသူတွေပါ။ အသက်ငယ် ငယ်နဲ့ ပါရမီထူးတဲ့ ကလေးတွေအ တွက် ဖွင့်ထားတဲ့ သုတေသနစင် တာ ဘက်စ်တာ ဖောင်ဒေးရှင်း ဒါရိုက်တာ ပါမောက္ခဖရန်ကလင် စတောမ်က သူတို့နှစ်ဦးကို မျက်စိ ကျခဲ့ပြီး ရိဒ်ကတောမ် မိသားစုဝင်တွေဖြစ်တဲ့ ဆူးစတောမ်၊ ဂျော်နီတောမ် တို့နဲ့အတူ သုတေသနလုပ် ဖြစ်ခဲ့ပါတယ်။

တီယန်ကျင်း ကုန်လှောင်ရုံ ပေါက်ကွဲ မီးလောင်မှုများကို အပြီးသတ် မငြှိမ်းသတ်နိုင်သေး

တရုတ်နိုင်ငံ၊ တီယန်ကျင်းမြို့တွင် ဧရာမ ပေါက်ကွဲမှုကြီးနှစ်ခု ဖြစ်ပွားခဲ့ရာ နေရာ၌ တငွေ့ငွေ့ မီးလောင်ကျွမ်းမှုများ ဆက်လက် ဖြစ်ပွားနေဆဲဟု သိရသည်။
ဩဂုတ် ၁၂ ရက် ညပိုင်းက တီယန်ကျင်း ဆိပ်ကမ်းအနီး ကုန်လှောင်ရုံများတွင် အလွန်ပြင်းထန်သည့် ပေါက်ကွဲမှု နှစ်ခု ဆက်တိုက် ဖြစ်ပွားရာ အနည်းဆုံး လူ ၅၀ မျှ သေဆုံးပြီး ရာနှင့်ချီ ဒဏ်ရာရခဲ့သည်။ ယင်းတို့အနက် ၇၁ ဦးမှာ ဒဏ်ရာအခြေအနေ အလွန်ဆိုးရွား ပြင်းထန်ကြောင်းလည်း သတင်းများက ဖော်ပြခဲ့သည်။ သေဆုံးသူများတွင် မီးသတ်သမား ၁၇ ဦး ပါဝင်ကြောင်းလည်း မီးသတ်ဌာနက အတည်ပြုခဲ့သည်။

သူရဦးရွှေမန်း လွှတ်တော်ဥက္ကဋ္ဌ ရာထူးမှာ ဆက်ရှိနိုင်ပါ့မလား

အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(ကြံ့ခိုင်ရေးပါတီ) ဥက္ကဋ္ဌ သူရဦးရွှေမန်းကို ပါတီ၏ ဥက္ကဋ္ဌ ရာထူးမှ သြဂုတ်လ ၁၂ ရက်နေ့မှာ ဖြုတ်ချလိုက်ပြီးနောက် သူရဦးရွှေမန်းဟာ ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ ရာထူးမှာ ဆက်ပြီး ရှိနေနိုင်ပါတော့မလားဆိုတဲ့ မေးခွန်းတွေထွက်ပေါ်လာပါတယ်။
သြဂုတ်လ ၁၃ ရက်နေ့မှာ ကြံ့ခိုင်ရေးပါတီက နေပြည်တော်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ သူရဦးရွှေမန်းကို သာမန်ပါတီဝင်တဦးအဖြစ် ဆက်လက် လက်ခံထားပြီး ကြံ့ခိုင်ရေးပါတီမှ ဆက်လက် ရွေးကောက်ပွဲ ၀င်ခွင့်ပြုမည်ဖြစ် ကြောင်း၊ လက်ရှိ တာဝန်ထမ်းဆောင်နေသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် ပြည်ထောင်စုလွှတ်တော်နာယက ရာထူးတွင် လည်း ဆက်လက်ရှိနေမည်ဖြစ်ကြောင်း ပါတီတာဝန်ရှိသူတွေက ထုတ်ပြန်ပြောဆိုပါတယ်။

"ဒီချုပ်ကိုယ်စားလှယ်လောင်းတစ်ဦး ဆွဲကြိုးချသေဆုံး"

လပ္ပတာမြို့နယ် ဒီချုပ်ပါတီအတွင်းရေးမှုး ဖြစ်သည့် တိုင်းဒေသကြီးလွတ်တော်ကိုယ်စားလှယ်လောင်းဦးတင်ထွန်းသည် ယနေ့ (သြဂုတ်၁၄) နံနက်၂နာရီ ကျော်ကနေအိမ်တွင် ဆွဲကြိုးချသေဆုံးခဲ့ကြောင်း လပ္ပတာမြို့နယ်ရဲစခန်းမှ အတည်ပြုပြောကြားသည်။
သေဆုံးသူမှာအသက်၆၀ကျော်ခန့်ရှိပြီး အလုပ်ဖိစီးမှုများနှင့် စိတ်ဖိစီးလာ ၍ သေကြောင်းကြံခဲ့ခြင်း ဖြစ်နိုင်ကြောင်းပါတီတွင်း လုပ်ဖော်ကိုင်ဘက်များနှင့် မိသားစုဝင်များက ပြောသည်။
သေဆုံးသူသည် ကိုယ်စားလှယ်လောင်းအဖြစ်လျောက်လွာတင် ကတည်းကပင် အရက်ဖြတ်ထားခဲ့ပြီး အရက်ဖြတ်သည့်ဒဏ်နှင့် ပါတီအလုပ်ပင်ပန်းမှုများကြောင့် ဖြစ်နိုင်ကြောင်း ဧရာဝတီတိုင်းဒေသကြီး ဒီချုပ်ဥက္ကဌ ဒေါက်တာအေးကြူကပြောသည်။

ငါးရှာကိရိယာမသုံးတတ်၍ ထိုင်းနိုင်ငံသားများ ခေါ်ယူအသုံးပြုမည့်အစီအစဉ် ငါးလုပ်ငန်းအဖွဲ့ချုပ် ကန့်ကွက်

တနင်္သာရီတိုင်းဒေသ ကြီးအတွင်း ငါးဖမ်းလုပ်ငန်းလေ လံခေါ်ယူရာတွင် ငါးရှာကိရိယာ (ဆိုနာ)ကို မြန်မာနိုင်ငံသားများ ကျွမ်းကျင်စွာ အသုံးမပြုတတ်သ ဖြင့် ထိုင်းနိုင်ငံသားများ ခေါ်ယူရန် တိုင်းဒေသကြီး အစိုးရ အဖွဲ့က စီစဉ်နေခြင်းအပေါ် ကန့်ကွက်ကြောင်း မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ဦးဟန်ထွန်းက ပြောကြားသည်။
တိုင်းရင်းသားပိုင် ငါးဖမ်း လှေများပေါ်တွင် ငါးရှာကိရိယာ (ဆိုနာ)အသုံးပြုရန် ထိုင်းနိုင်ငံ သားများကို ခေါ်ယူမည့် အစီအ စဉ်သည် နိုင်ငံခြားငါးဖမ်းသင်္ဘော များအား လုပ်ပိုင်ခွင့်ရပ်ဆိုင်းခြင်း နှင့် ဆန့်ကျင်ဘက်ဖြစ်စေကြောင်းမြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ် မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
‘‘တိုင်းရင်းသားအမည်ခံပြီး ငါးလှေတွေပေါ်မှာ ဆိုနာကိရိယာ ကို ကိုင်တွယ်ဖို့ ထိုင်းနိုင်ငံသား တွေကို ခေါ်မယ်ဆိုရင် ဖစ်ရှင်း ရိုက် (နိုင်ငံခြားသင်္ဘောများ ငါး ဖမ်းခွင့်)ကို ပိတ်ထားတာ အလ ကားဖြစ်နိုင်တယ်’’ဟု မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် နာယက ဦးစိုးဝင်းက ပြောကြားသည်။

၂၀၁၅ ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း ဦးရေ စံချိန်တင်

၂၀၁၅ ရွေးကောက်ပွဲ သည် မြန်မာ့ရွေးကောက်ပွဲတစ် လျှောက် ကိုယ်စားလှယ်လောင်း အများဆုံး ၀င်ရောက်ယှဉ်ပြိုင် မည့် ရွေးကောက်ပွဲတစ်ခုဖြစ်လာ သည်။
၂၀၁၅ ရွေးကောက်ပွဲဝင် ရောက်ယှဉ်ပြိုင်ရန် သြဂုတ် ၁၂ ရက်အထိ ကိုယ်စားလှယ်လောင်း ၅,၀၀၀ ခန့် (၄,၉၃၂ ဦး)အမည် စာရင်းတင်သွင်းထားပြီး အဆိုပါ အရေအတွက်သည် မြန်မာ့ရွေး ကောက်ပွဲသမိုင်းတစ်လျှောက် တွင် စံချိန်တင် ကိုယ်စားလှယ် လောင်းအရေအတွက်ဖြစ်သည်။
လွန်ခဲ့သောငါးနှစ်က ကျင်း ပခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲ၌ ကိုယ်စားလှယ်လောင်း ၃,၀၀၀ ကျော် ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ၁၉၉၀ ရွေးကောက်ပွဲတွင် ကိုယ် စားလှယ်လောင်း ၂,၃၀၀ ခန့် ၀င် ရောက်ယှဉ်ပြိုင်ခဲ့သည်။

အာဏာရှင်ဆန်သော နိုင်ငံရေးပါတီများ ဖြန်းဖြန်းကွဲမှသာ ပါတီတွင်းပြဿနာများကို အပြင်လူသိရဟု ဒေါ်အောင်ဆန်းစုကြည်ပြော

 ကမ္ဘာ့နိုင်ငံအသီးသီး ရှိ အာဏာရှင်ဆန်သော ပါတီများ အနေဖြင့် ပါတီတွင်းပြဿနာများ ကို အပြင်လူများ သိရှိစေခြင်းမရှိ ဘဲ ယင်းပါတီများ ဖြန်းဖြန်းကွဲမှ သာ အပြင်လူများ သိရှိရကြောင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။ဒေါ်အောင်ဆန်းစုကြည် သည် သြဂုတ် ၁၁ ရက်က ရွှေ တောင်မြို့လူထုတွေ့ဆုံပွဲတွင် ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

ဒီမိုကရေစီနှင့် တိုင်းရင်းသားအင်အားစုများ လွှတ်တော်အတွင်း ရောက်ရှိစေရန် လူထုကို စည်းရုံးရမည်ဟု ၈၈ မျိုးဆက်ပြော

လာမည့်ရွေးကောက်ပွဲ တွင် ဒီမိုကရေစီအင်အားစုများနှင့် တိုင်းရင်းသားအင်အားစုများ အ နိုင်ရရှိပြီး လွှတ်တော်အတွင်းသို့ အင် အားများများရောက်ရှိအောင် ပြည်သူလူထု၏ ထောက်ခံမှုကို ရရှိစေရန်အတွက် လူထုကို စည်း ရုံးရမည်ဖြစ်ကြောင်း ၈၈ မျိုး ဆက်(ငြိမ်းချမ်းရေးနှင့်ပွင့်လင်း လူ့အဖွဲ့အစည်း)မှ ဦးမြအေးက ပြောသည်။
သြဂုတ် ၉ ရက်က နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့နှင့် Triangle Women Support Group တို့ ပူးပေါင်းကျင်းပသည့် ‘ရွေးကောက်ပွဲက ပြည်သူ့လိုလား ချက်တွေကို ဘယ်လောက်ဖြည့် စွမ်းနိုင်မှာလဲ’ဟူသည့်ခေါင်းစဉ် ဖြင့် ဟောပြောဆွေးနွေးပွဲတွင် ဦးမြအေးက ယင်းသို့ ပြောသည်။