Monday, February 15, 2016

သဲကုန်းသပိတ်စခန်း ဖြိုခွဲခံရမှု ၂ နှစ်ပြည့် အထိမ်းအမှတ်ပြုလုပ်

ပြည်ခရိုင် သဲကုန်းမြို့နယ် ဒေသခံ တောင်သူလယ်သမား များ၏ သိမ်းဆည်းခံလယ်ယာမြေ များ ပြန်လည်ရရှိရေးသပိတ်စခန်း ဖြိုခွဲခံရခြင်း ၂ နှစ်ပြည့် အထိမ်း အမှတ်ပွဲ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။ယင်းအခမ်းအနားကိုသဲကုန်း မြို့နယ် အုပ်ဖိုကျေးရွာအုပ်စုအောင်ကုန်းကျေးရွာရှိ နေအိမ်တစ်အိမ်တွင် ဖေဖော်ဝါရီ ၁၄ ရက် နေ့လယ်၌ ကျင်းပခဲ့ခြင်းဖြစ်သည်။‘‘ကျွန်မတို့ပိုင်တဲ့ လယ်မြေ တွေကို စစ်တပ်က အရင်သိမ်းခဲ့ တာ။ နောက်ပိုင်း စစ်တပ်ကနေ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကို ပြန်ရောင်းလိုက်တယ်။ အဲဒီမြေ တွေကို ပြန်ရဖို့ ဆန္ဒပြ၊ သပိတ် စခန်းဖွင့် တောင်းဆိုတဲ့ အခါ အကြမ်းဖက်ဖြိုခွဲခံရသလို တရားစွဲထောင်ချခံရတယ်။ ၂၀၁၄ ဖေဖော်ဝါရီ ၁၄ ရက်က သပိတ်စခန်းကို ရဲတပ်ဖွဲ့က ဖြိုခွဲခဲ့တာ ၂ နှစ်ပြည့်ပါပြီ’’ဟု အောင်ကုန်း ကျေးရွာဒေသခံ တောင်သူအမျိုးသမီး ဒေါ်ညိုက ပြောသည်။

နောက်ထပ် ဂြိုဟ်တုများ ထပ်လွှတ်တင်ရေး ကြိုးစားရန် ပညာရှင်များကို ကင်မ်ဂျုံအန်း တိုက်တွန်း

ကမ္ဘာပတ်လမ်း အတွင်းသို့ နောက်ထပ် ဂြိုဟ်တုများ အောင်အောင်မြင်မြင် လွှတ်တင်နိုင်ရေး ကြိုးစားကြရန် နိုင်ငံ၏ သိပ္ပံပညာရှင်များကို မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းက ဆော်ဩ တောင်းဆိုလိုက်သည်။

လာမည့်လွှတ်တော်တွင် ပြည်သူအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်နေသည့် ဥပဒေများကိုဖျက်သိမ်းရန် ကြိုးစားသင့်ဟု ဦးကိုကိုကြီးဆို

လာမည့်လွှတ်တော်များတွင် တာဝန်ထမ်းဆောင်ကြမည့် လွှတ်တော် ကိုယ်စားလှယ်များအနေနှင့် ပြည်သူအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်နေသည့်
ဥပဒေများကို ဖျက်သိမ်းနိုင်ရန် ကြိုးပမ်းသင့်သည်ဟု ၈၈မျိုးဆက်
ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့စည်း ခေါင်းဆောင် ဦးကိုကိုကြီးက တိုက်တွန်းပြောကြားသည်။
ရန်ကုန်မြို့၊နတ်မောက်လမ်းရှိ ချက်ထရီယံ ဟိုတယ်တွင် ဖေဖော်ဝါရီလ ၁၄ရက်က ပြုလုပ်သည့် ပြည်နယ်နှင့် တိုင်းဒေသကြီးလွှတ်တော်များ အားပေးမြှင့်တင်ရေးအဖွဲ့(MCERP) လုပ်ငန်းစဉ်များ မိတ်ဆက်ပွဲတွင် ၄င်းက ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

မြန်မာ-တရုတ် နယ်စပ်ဒေသ ကချင်ပြည်နယ်အတွင်း ဘိန်းစိုက်ပျိုးသည့် ကျေးရွာ ၃၃ ရွာ အိမ်ထောင်စု ၁၃၀၀ ကျော် ရှိနေ

၂၀၁၆ ခုနှစ်တွင် ကချင်ပြည်နယ်အတွင်း မြန်မာ-တရုတ်နှစ်နိုင်ငံ နယ်စပ်ဒေသ၌ ဘိန်းစိုက်ပျိုးသည့် ကျေးရွာပေါင်း ၃၃ ရွာ၊ အိမ်ထောင်စု ၁၃၀၀ ကျော် ရှိနေကြောင်း အစိုးရ မှတ်တမ်းများအရ သိရသည်။
ကချင်ပြည်နယ် မြစ်ကြီးနား ခရိုင်အတွင်းရှိ ကန်ပိုက်တည်၊ ဆဒုံး၊ ချီဖွေဒေသများတွင် ကျေးရွာပေါင်း ၃၃ ရွာ၊ အိမ်ထောင်စုပေါင်း ၁၃၇၉ စု၊ လူဦးရေ ၅၉၅၄ ဦးမှာ ဘိန်းစိုက်ပျိုးသည့် ကျေးရွာများဖြစ်သည်။
ကချင်ပြည်နယ် အစိုးရအဖွဲ့မှ လူမှုရေး ၀န်ကြီးဖြစ်သူ ဒေါ်ဘောက်ဂျာက"ချီဖွေ၊ ဆဒုံး၊ ကန်ပိုင်တည် ဒေသမှာ ဘိန်းစိုက်ပျိုးနေတဲ့ ကျေးရွာတွေက ၃၃ ရွာ ရှိတယ်။ အိမ်ခြေက ၁၂၇၆ အိမ်၊ အိမ်ထောင်စု ၁၃၇၉ စု၊ လူဦးရေက ၅၉၅၄ ဦးဆိုပြီး တစ်နေ့က ကက်ဘိနက် အစည်းအဝေးမှာ တင်တယ်။ အဲဒီဘက်က ကျေးရွာတွေမှာ စာသင်ကျောင်းတွေ မရှိဘူးဆိုတာ သူတို့က ဘိန်းရာသီမှာပဲ သွားနေကြတယ်။ ရာသီကုန်တာနဲ့ တစ်နေရာ ရောက်သွားတယ်။ အဲဒီလိုတွေပဲ ကြားနေတယ်။

ဆယ်လအတွင်း မြန်မာ−တရုတ် နှစ်နိုင်ငံ ကုန်သွယ်မှုပမာဏ ကိုးဘီလီယံကျော်ရှိ

၂၀၁၅-၁၆ ဘဏ္ဍာနှစ် အစ ဧပြီမှ ဇန်နဝါရီအထိ ဆယ်လအတွင်း မြန်မာ-တရုတ်ကုန်သွယ် မှုသည် အမေရိကန်ဒေါ်လာ ၉ဒသမ ၄ ဘီလီယံကျော်ရှိပြီး ယခင် ဘဏ္ဍာနှစ်ထက် ပိုများနိုင်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။
‘‘တရုတ်ကို သဘာဝဓာတ်ငွေ့ပါဝင်တဲ့ စက်မှုကုန်ချောပစ္စည်းအများဆုံးတင်ပို့တယ်။ လယ်ယာထွက်ကုန်ပစ္စည်းက ဒုတိယအများဆုံးတင်ပို့တယ်။ တရုတ်နဲ့ ကုန်သွယ်မှုက မြင့်တက်လာပါတယ်’’ဟု ကုန်သွယ်မှု မြှင့်တင်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဝင်းမြင့်က ပြောသည်။

ရှင်သာမဏေ ကျန်းမာရေးဝန်ဆောင်မှု အထောက်အကူပြုလုပ်ငန်းများ ဆောင်ရွက်ရန် အဟံမုံရွာဖွဲ့စည်း

မုံရွာမြို့ ဗုဒ္ဓသာသနာအ ကျိုးဆောင်အဖွဲ့က ဦးဆောင်၍ အနောက်မြောက်ဒေသ ရှင်သာမဏေ ကျန်းမာရေးဝန်ဆောင်မှု အထောက်အကူပြု လုပ်ငန်းများ ဆောင်ရွက်ရန် အဟံမုံရွာအဖွဲ့ကို ဖေဖော်ဝါရီ ၁၄ ရက်တွင် စတင်ဖွဲ့စည်းခဲ့သည်။
အဟံမုံရွာ ရှင်သာမဏေ ကျန်းမာရေး ၀န်ဆောင်မှု အ ထောက်အကူပြုအဖွဲ့ စတင်ဖွဲ့ စည်းချိန်တွင် အသင်းဝင် ၅၀ ခန့် ပါဝင်သည်။ မုံရွာမြို့ ဗုဒ္ဓသာသ နာအကျိုးဆောင်အဖွဲ့က မတည် အလှူငွေ ကျပ်နှစ်သိန်းဖြင့် ရှင် သာမဏေကျန်းမာရေးဝန်ဆောင် မှု အထောက်အကူပြုလုပ်ငန်းများ စတင်ဆောင်ရွက်မည် ဖြစ်သည်။

Tuesday, February 9, 2016

လွှတ်တော်သတင်းယူခွင့် ကန့်သတ်ခြင်းမှာ ဒေါ်အောင်ဆန်းစုကြည်၏ ညွှန်ကြားချက်ဟု လွှတ်တော်ရုံး တုံ့ပြန်

လွှတ်တော်အစည်းအဝေးခန်းမ အပြင်ဘက်ရှိ တီဗီတွင် သတင်းသမားများ သတင်းယူနေပုံ။ (ဓာတ်ပုံ- သက်ကို-မဇ္ဈိမ)
နေပြည်တော်ရှိ လွှတ်တော် သုံးရပ်တွင် သတင်းထောက်များ သတင်းရယူခွင့် တင်းကြပ်လိုက်ခြင်းနှင့် ပတ်သက်၍ သတင်းမီဒီယာအဖွဲ့အစည်းများက ကန့်ကွက်နေကြပြီး ယင်းသို့ကန့်သတ်ရခြင်းမှာ ဒေါ်အောင်ဆန်းစုကြည်၏ ညွှန်ကြားချက်အရ လုပ်ဆောင်ရခြင်းဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်ရုံးညွှန်ကြားရေးမှူးက တုန့်ပြန်ပြောကြားလိုက်သည်။

တသက၏ မူအရ ပုဒ်မ ၁၈ကို တရားခွင်၌ ရင်ဆိုင်ဖြေရှင်းမည်မဟုတ်ဟု တသက ကျောင်းသားများပြော


တကသ၏ မူအရ ပုဒ်မ(၁၈)ကို အယုံအကြည်မရှိသဖြင့် အဆိုပါ ပုဒ်မဖြင့် စွဲဆိုထားသည့်အမှုများကို တရားခွင်၌ ရင်ဆိုင်ဖြေရှင်းသွားမည် မဟုတ်ကြောင်း တကသကျောင်းသားခေါင်းဆောင် ကိုပိုင်ရဲသူက ပြောသည်။ဖေဖော်ဝါရီ ၉ ရက်က ပန်းဘဲတန်းမြို့နယ် တရားရုံးတွင် ပုဒ်မ ၅၀၅(ခ)ဖြင့် ရုံးထုတ်စဉ် ယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။"ဒီနေ့ပန်းဘဲတန်းအမှုမှာ ပန်းဘဲတန်းရဲမှူးကို ကျွန်တော်တို့ရှေ့နေတွေက ပြန်လှန်မေးခွန်းမေးပါတယ်။ နောက် ကျွန်တော်တို့ သုံးယောက်ကို ကျောက်တံတားက လာပြောပါတယ်။ ပုဒ်မ၁၈နဲ့ ကြသပတေးနေ့ ရုံးထုတ်မယ် ပြောတယ်။ ကျွန်တော်တို့ တကသရဲ့ မူအရ ပုဒ်မ၁၈ကို အယုံအကြည်မရှိတဲ့အတွက် အမှုရင်ဆိုင်မှာ မဟုတ်ဘူး" ဟု ကိုပိုင်ရဲသူက ပြောသည်။

တာဝန်ကျေစပါး မရောင်း၍သိမ်းခံရသည့်လယ်ယာမြေကိစ္စဖြေရှင်းပေးရန် ဧရာဝတီတိုင်းလွှတ်တော် ဥက္ကဌသစ်ထံတိုင်ကြား

ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မမြို့၊ ပေါက်တိန်းကျေးရွာတွင် ၁၉၉၈ - ၉၉ခုနှစ်က တာဝန်ကျေ စပါးမရောင်း၍ တောင်သူ ၁၂ ဦးထံမှ လယ်မြေဧက ၁၀၀ကျော် သိမ်းဆည်းထားမှုအား ဖြေရှင်းပေးရန် ဖေဖော်ဝါရီ ၉ ရက်နေ့ကလွှတ်တော်ဥက္ကဌသစ်ဦးအောင်ကျော်ခိုင် ထံသို့တိုင်ကြားထားကြောင်း တောင်သူများကပြောကြားသည်။
"ကျွန်တော်တို့လယ်တွေကို တာဝန်ကျေစပါး မရောင်းလို့ဆိုပြီး၊လူတွေကို အချုပ်ထားတယ်၊ကျွန်တော်တို့ လယ်တွေကို ရ.ဝ.တ လူကြီးတွေသိမ်းယူတယ်၊အခု ရပ်ကျေးတိုင်တယ် မရဘူး မြို့နယ်ကို လယ်ယာမြေစီမံခန့်ခွဲရေး ကိုဆက်တိုင်ထားတယ်၊အခုထိ ဘာမှအကြောင်းမပြန်ဘူး"ဟု လယ်ယာမြေများသိမ်းဆည်းခံရမှုအား ၁၁ ဧကသိမ်းခံရသူ ဦးသိန်းထွန်းက ပြောသည်။

အိန္ဒိယတောင်ပိုင်းတွင် ဥက္ကာခဲထိမှန်၍ လူတစ်ဦးသေဆုံးခဲ့ လူ့သမိုင်းတွင် ပထမဆုံးဖြစ်ရပ်ဟု ဆို

ဘတ်စကားယာဉ်မောင်းတစ်ဦး သေဆုံးစေခဲ့ပြီး၊ အခြား ၃ ဦးကို ထိခိုက်ဒဏ်ရာ ရရှိစေခဲ့သည့် ကောင်းကင်မှ ကျဆင်းလာသည့် အရာဝတ္ထုမှာ ဥက္ကာပျံ တစ်ခုဖြစ်ကြောင်း အိန္ဒိယအာဏာပိုင်များက ပြောကြားလိုက်ရာ အကယ်၍ မှန်ကန်ခဲ့ပါက မှတ်တမ်းရှိဖူးသမျှ သမိုင်းတလျှောက်တွင် ပထမဆုံး ဥက္ကာပျံကြောင့် သေဆုံးမှု ဖြစ်လာမည်ဖြစ်သည်။
အိန္ဒိယအနောက်တောင်ပိုင်း တမီနာဒူးပြည်နယ်တွင် ဖေဖော်ဝါရီ ၆ရက်နေ့က ဖြစ်ပွားခဲ့သည့် အဆိုပါဖြစ်ရပ်အတွက် အခြားသော အကြောင်းအချက်များလည်း ဖြစ်နိုင်ဖွယ်ရှိကြောင်း ကျွမ်းကျင် သူများက ပြောကြားသည်။

တစ်ဖက်နိမ့်ဆင်းခဲ့သည့် ကြိုးတံတားမှာ မူလီများ ပြတ်ထွက်ခဲ့ခြင်းကြောင့်ဖြစ်ပြီး ပြင်ဆင်မှုများ စတင်နေပြီ

၃ လက်မခန့် တစ်ဖက်သို့ နိမ့်ဆင်းသွားသည့် ပုသိမ်မြို့၊ ကြိုတံတားမှာ မူလီများပြတ်ထွက်သွားခဲ့ခြင်းဖြစ်ပြီး ဖေဖော်ဝါရီ ၉ရက်တွင် ပြန်လည်ပြင်ဆင်နေမှုများ စတင်ပြုလုပ်နေကြောင်း ဧရာဝတီတိုင်းဒေသကြီး၊ လမ်းဦးစီဌာနမှ တိုင်းဒုတိယညွန်ကြားရေးမှူး ဦးအေးထွန်းမော်က ပြောသည်။"ဖြစ်တာ ရာသီဥတုဒဏ်၊ သံချေးတက်တာ၊ ဆားငွေ့ရိုက်တာတို့ရှိလို့ ဖြေးဖြေးခြင်း မူလီတွေ ပြတ်ထွက်သွားတာ။ သံဘောင်တွေ ပြန်မတင်ဖို့ လုပ်နေပါပြီ။ သံဘောင်တွေ နက်တွေတည့်သွားရင်ရပြီ။ တပြိုင်တည်း ကျန်တဲ့စစ်ဆေးစရာရှိတာတွေ စစ်သွားမယ်"ဟု ဦးအေးထွန်းမော်က ပြောသည်။

TNLA တအာင်းပလောင်အဖွဲ့က ကျောက်မဲမြို့နယ်ရှိ ရှမ်းရွာသားအချို့ကို ဖမ်းဆီးသတ်ဖြတ် ရွာမီးရှို့ ဟု ဒေသခံများဆို

TNLA / PSLFအဖွဲ့ က ကျောက်မဲမြို့နယ်ရှိ ရှမ်းတိုင်းရင်းသား အများစုနေထိုင်သည့် တော့ဆန်ကျေးရွာအား ဖေဖော်ဝါရီလ ၈ ရက်နေ့ ညနေပိုင်းက မီးရှို့ခဲ့ပြီး ရှမ်းရွာသား အချို့ကိုလည်း သတ်ဖြတ်ခဲ့ကြောင်း ဒေသခံများက The Ladies News သို့ ဖေဖော်ဝါရီလ ၈ ရက်နေ့ ညနေပိုင်းတွင်ပြောလာပါသည်။
အနီးနားရှိတောင်ကုန်းပေါ်တွင်RCSS/SSA တပ်ဖွဲ့အချို့ရှိနေသော အဆိုပါ ရှမ်းကျေးရွာသို့တအာင်းတပ်ဖွဲ့ဝင်များမှာ ဖေဖော်ဝါရီလ ၇ ရက်နေ့က ရောက်ရှိလာခဲ့ခြင်းဖြစ်ပြီး အနည်းဆုံး ဒေသခံ ၁၀ ဦးလည်း ဖမ်းဆီးထားကြောင်း သိရသည်။
ဖေဖော်ဝါရီလ ၉ ရက်နေ့ မနက်ပိုင်းတွင် အဆိုပါ ကျေးရွာမှ ဒေသခံအချို့ထံ The Ladies မှ ထပ်မံဆက်သွယ်ခဲ့ရာ ဆက်သွယ်၍ မရတော့ပေ။
၎င်းဒေသခံများနှင့် နာက်ဆုံးဆက်သွယ်မှုရရှိခဲ့သော ကျောက်မဲမြို့ပေါ်မှဒေသခံ ရှမ်းတိုင်းရင်းသားတဦးကမူ နေအိမ်များ မီးလောင်သည်မှာ မှန်ကန်ကြောင်းနှင့် ဖေဖော်ဝါရီလ ၉ ရက်နေ့ မနက်အစောပိုင်းက ၄င်းတို့မှ ထပ်မံဆက်သွယ်ခဲ့ရာ ဖုန်းများမှာ တအာင်းတပ်ဖွဲ့များ လက်ထဲသို့ ရောက်ရှိနေကြောင်းလည်း အဆိုပါ အမည်မဖော်လိုသည့် ကျောက်မဲဒေသခံက ပြောသည်။

အူရီးဒူး၏မြန်မာနိုင်ငံကွန်ရက်များအတွက် ADB နှင့် IFC ဒေါ်လာသန်း ၃၀၀ ကူညီမည်

ကာတာအခြေစိုက် ဆက်သွယ်ရေးကုမ္ပဏီတစ်ခုဖြစ် သော အူရီးဒူးအား မြန်မာနိုင်ငံတစ် ဝန်းတွင် မိုဘိုင်းဆက်သွယ်ရေး ကွန်ရက်များတိုးချဲ့နိုင်ရန် အာရှဖွံ့ဖြိုးရေးဘဏ်(ADB)နှင့်အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေးကော်ပို ရေးရှင်း(IFC)တို့က အမေရိကန် ဒေါ်လာသန်းသုံးရာ ကူညီမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်သည်။အဆိုပါသဘောတူညီချက် ကို အူရီးဒူးကုမ္ပဏီများရုံးချုပ်တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အူရီးဒူးမြန် မာမှတစ်ဆင့် မြန်မာနိုင်ငံ၌ ဆက် သွယ်ရေးကဏ္ဍအတွက် ADB နှင့် IFC တို့က ကန်ဒေါ်လာ သန်း ၁၅၀စီကူညီမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ချယ်လ်ဆီးနှင့် မန်ယူ သရေကျ၊ နာပိုလီနှင့် ဂျူဗီ စီးရီးအေကို ဆက်လက်ဦးဆောင်

ယခုရာသီတွင် ချယ်လ် ဆီးနှင့် မန်ယူတို့ ဒုတိယအကြိမ် သရေကျခဲ့သောကြောင့် ယင်းမှာနှစ်သင်းလုံးအတွက် အနည်းငယ် သာ အထောက်အကူဖြစ်စေခဲ့ သည်။
ချယ်လ်ဆီးအိမ်ကွင်းတွင် တစ်ဂိုးစီ သရေကျခဲ့သောကြောင့် မန်ယူသည် ပရီးမီးယားလိဂ် အ မှတ်ပေးဇယား ပဉ္စမနေရာ၌ ဆက် ရှိနေကာ ချန်ပီယံလိဂ်ဝင်ခွင့် သေချာစေမည့် နံပါတ် (၄) နေရာနှင့် ခြောက်မှတ်အထိ ကွာဟသွားသည်။ချယ်လ်ဆီးသည် ယင်းရ လဒ်ကြောင့် တန်းဆင်းဇုန်နှင့် မဝေးကွာသော နံပါတ် (၁၃) နေ ရာတွင် ဆက်ရှိနေပြီး ပုံမှန်မဟုတ်ဘဲ ထိပ်ဆုံးလေးသင်းနေရာသို့ တက်လှမ်းနိုင်ခြင်း မရှိသေးပေ။

ပဲခူးတက္ကသိုလ် ဗိုလ်ချုပ်အောင်ဆန်း(၁၀၁)နှစ်ပြည့်အကြိုပွဲတွင် ကျောင်းသားများဆန္ဒထုတ်ဖော်

ပဲခူးတက္ကသိုလ်ပါမောက္ခချုပ် ဟောပြောနေခိုက် ကျောင်းသာများ ဆန္ဒဖော်ထုတ်နေကြစဉ် (ဓာတ်ပုံ - ပဲခူးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ)
ပဲခူးတက္ကသိုလ်၌ ပြုလုပ်ခဲ့သော ဗိုလ်ချုပ်အောင်ဆန်း၏ (၁၀၁) နှစ်မြောက်မွေးနေ့အကြို ဟောပြောပွဲနှင့် ကဗျာရွတ်ဆိုပွဲ တွင် ပါမောက္ခချုပ်ဟောပြောနေ စဉ် ကျောင်းသားအချို့က ဗီနိုင်း များကိုင်ဆောင်၍ ဆန္ဒထုတ်ဖော် ခဲ့ကြောင်း သတင်းရရှိသည်။ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ အကြိုဟောပြောပွဲအတွက် စာ ရေးဆရာများအား ဖိတ်ခေါ်ရန် ပဲခူးတက္ကသိုလ်ကျောင်းသားများ သမဂ္ဂက ပါမောက္ခချုပ်ထံ စာတင်ခဲ့သော်လည်း စာရေးဆရာများ ၏ နိုင်ငံရေး ကင်းရှင်းကြောင်း ထောက်ခံစာကို တောင်းခံခဲ့သော ကြောင့် ဟောပြောပွဲနေ့တွင် ဆန္ဒထုတ်ဖော်ခဲ့ကြောင်း ယင်းတက္ကသိုလ်ကျောင်းသားသမဂ္ဂဒုဥက္ကဋ္ဌ မပန်ပန်ဖူးသက်နိုင်က ပြောသည်။

တရုတ်ဘောလုံးအသင်းများ ငွေကို ရေလိုသုံးမှု အစသာရှိသေးဟု ကာဟေးလ်ပြောကြား

ဥရောပအခြေစိုက် ထိပ်တန်းအရည်အချင်းရှိ ဘောလုံး သမားများကို ခေါ်ယူရေး တရုတ် အသင်းများ၏ ငွေအမြောက်အ မြား သုံးစွဲမှုမှာ ရူးသွပ်မှုတစ်ခုဖြစ် ပြီး ပြောင်းလာသော ကစားသမား အတွက် (သို့မဟုတ်) တရုတ် ဘောလုံးပြိုင်ပွဲများအတွက် ကျေး ဇူးအနည်းငယ်သာ ရှိလိမ့်မည်ဟု သြစတြေးလျလက်ရွေးစင် ရှန် ဟိုင်းအခြေစိုက် တိုက်စစ်မှူး တင်ကာဟေးလ်က ပြောသည်။

အခြေခံဥပဒေနှင့်အညီ ဥပဒေများ ပြဋ္ဌာန်း၊ ပြင်ဆင်၊ ရုပ်သိမ်းရန် ပြည်ထောင်စုလွှတ်တော်သို့ သမ္မတသ၀ဏ်လွှာပို့

ပြည်ထောင်စု လွှတ်တော်က ဥပဒေများအသစ်ပြဋ္ဌာန်းခြင်း၊ ပြင်ဆင်၊ ရုပ်သိမ်းခြင်းများဆောင်ရွက်ရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်း ချက်များနှင့်အညီ အလေးထား ဆောင်ရွက်စေလိုကြောင်း နိုင်ငံ တော်သမ္မတဦးသိန်းစိန်က လွှတ် တော်သို့ ပေးပို့သည့်သ၀ဏ်လွှာ ၌ ထည့်သွင်းပြောကြားခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်အား နိုင်ငံတော်သမ္မတတင်မြှောက်နိုင် ရေး အဟန့်အတားဖြစ်နေသော အခြေခံဥပဒေပါပုဒ်မ ၅၉(စ)ကိုဆိုင်းငံ့နိုင်သည်ဆိုသည့် သတင်းများကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေချိန်တွင် လက်ရှိသမ္မတက ပြည်ထောင်စုလွှတ်တော်သို့ ပေးပို့သည့် သ၀ဏ်လွှာ၌ အထက်ပါအတိုင်းထည့် သွင်းရေးသားခဲ့ခြင်းဖြစ်သည်။

Wednesday, February 3, 2016

မလေးရှားနိုင်ငံသို့ အလုပ်သမားတင်ပို့မှု ထိခိုက်နိုင်

မလေးရှားနိုင်ငံရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုအားတွေ့ရစဉ်။ (ဓာတ်ပုံ - Fadzil Daud)
မြန်မာအပါအဝင် နိုင်ငံခြားသားအလုပ်သမားများအား အခွန်နှစ်ဆတိုးကောက်မည်ဟု မလေးရှားအစိုးရက ကြေညာလိုက်ခြင်းကြောင့် လုပ်သားတင်ပို့မှုအပေါ် အနည်းငယ်ထိခိုက်မှုရှိလာနိုင်သည်ဟု
ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီအချို့က ပြောသည်။

ဩစတြေးလျတွင် ဇီကာဗိုင်းရပ်စ် ကူးစက်ခံရသူနှစ်ဦး တွေ့ရှိ

ဩစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့တွင် နေထိုင်သူ နှစ်ဦး၌ ဇီကာဗိုင်းရပ်စ် ကူးစက်မှု ရှိခဲ့ကြောင်း ဩစတြေးလျ ကျန်းမာရေး အရာရှိများက အတည်ပြု ကြေညာခဲ့သည်။
အဆိုပါ အမျိုးသား၊ အမျိုးသမီး နှစ်ဦးသည် ကာရေဘီယန်မှ ပြန်လာကြပြီး ပြီးခဲ့သည့် သီတင်းပတ်ကုန် စစ်ဆေးမှု များအရ ဇီကာဗိုင်းရပ်စ်ကြောင့် ဖြစ်ပွားသည့် ဇီကာ အဖျားရောဂါ ခံစားခဲ့ရကြောင်း နယူးဆောက်သ်ဝေးလ်စ် ကျန်းမာရေး ဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။ ထိုနှစ်ဦးသည် အချင်းချင်း သိကျွမ်းကြကြောင်းလည်း ၎င်းက ဆိုသည်။

မွန်တီနီဂရိုးနိုင်ငံဝန်ကြီးချုပ် မီလိုဒူကာနိုဗစ်

မီလိုဒူကာနိုဗစ်သည် မွန်တီနီ ဂရိုးနိုင်ငံရေးသမား တစ်ဦးဖြစ်ပြီး ၀န်ကြီးချုပ် အဖြစ် ၂၀၁၂ ကစ၍တာဝန်ယူထားသည်။ ယင်းမတိုင်မီက ဒူကာနိုဗစ်သည် မွန်တီနီဂရိုး ၏ ၀န်ကြီးချုပ်တာဝန်ကို ၁၉၉၁ မှ၁၉၉၈ အထိ ထမ်းဆောင် ခဲ့ပြီး ၁၉၉၈ မှ ၂၀၀၂ အထိ သမ္မတဖြစ်ခဲ့ သည်။ ၂၀၀၃မှ ၂၀၀၆၊ ၂၀၀၈ မှ ၂၀၁၀ အထိလည်း ၀န်ကြီးချုပ် တာဝန်ထမ်းများ ထမ်းဆောင်ခဲ့သည်။

အာဖဂန် အရှေ့ပိုင်းတွင် အိုင်အက်စ် အဖွဲ့၏ ဝါဒဖြန့် ရေဒီယို စခန်းကို အမေရိကန်လေတပ် တိုက်ခိုက်

အာဖဂန် နစ္စတန် အရှေ့ပိုင်းတွင် အစ္စလာမ်မစ် နိုင်ငံတော် (အိုင်အက်စ်) စစ်သွေးကြွ အဖွဲ့၏ ဝါဒဖြန့် ရေဒီယိုဌာန တစ်ခုကို အမေရိကန် လေတပ်က တိုက်ခိုက်ခဲ့ရာ စစ်သွေးကြွ ၂၉ ဦးထက်မနည်း သေဆုံးသွားကြောင်း သိရသည်။
အီရတ်နှင့် ဆီးရီးယားတို့တွင် အခြေခိုင်မာစွာ ခြေကုပ်ယူ ထားသည့် အိုင်အက်စ်သည် ယခုအခါ အာဖဂန်သို့ စိမ့်ဝင် ထိုးဖောက် လာခဲ့သည်။ အမေရိကန်သည် အီရတ်နှင့် ဆီးရီးယားရှိ အိုင်အက်စ် ပစ်မှတ်များကို လေကြောင်းမှ တိုက်ခိုက်လျက်ရှိပြီး ယခုအခါ အာဖဂန်တွင်ပါ အိုင်အက်စ်၏ လက်တံများကို ချိုးဖျက်ရန် အားထုတ်လာခြင်း ဖြစ်သည်။

အမတ်များကြောင့် တစ်ဖန်ဦးမော့လာသော ခေါင်းပေါင်းလုပ်ငန်း

အမျိုးသမီးတစ်ဦးသည် မျက်မှောင်ကြုတ်ကာ ကြိမ်သားများကို တင်ပျဉ်ခွေထဲထည့်၍ ရုပ်လုံးပေါ်လာအောင် ရက်လုပ်နေ၏။ ကြိမ်က ကြမ်းကာပျော့သည်။ သူရက်လုပ်နေသည်က စက်ဝိုင်းပုံလည်းမကျ၊ ဘဲဥပုံလည်းမကျ၊ ရှေ့ကိုချွန်းချွန်း
ထွက်နေသည့် ခေါင်းအုပ်ပုံစံ။ ပြီးလျှင်တော့ ထိုခေါင်းစွပ်ပုံစံကြိမ်ကို မာသွားအောင် ကော်သုတ်ရမည်။ ထို့နောက် အောက်ခြေမှ အနားစွန်းများကို ပိတ်နှင့်လိုက်ချုပ်ရမည်။

Monday, February 1, 2016

တစ်နေ့တည်း သီးခြားစီမင်္ဂလာဆောင်ကြတဲ့ ဂျောင်ဂါအွန်းနဲ့ ဟာဂျယ်ဆော့


တောင်ကိုရီးယားသရုပ် ဆောင်မင်းသမီးများဖြစ်ကြသော ဂျောင်ဂါအွန်းနှင့် ဟာဂျယ်ဆော့ တို့သည် ဇန်နဝါရီ ၃၀ ရက်တွင် ဂန်းနမ်အရပ်၌ တစ်ချိန်တည်း မင်္ဂလာဆောင်ခဲ့ကြသည်။ေ
ဂျာင်ဂါအွန်းသည် ဂန်းနမ်ခရိုင်ရှိ ဟိုတယ်ခန်းမ၌ မင်္ဂလာပွဲကျင်းပခဲ့သည်။ ၎င်း၏သတို့သား သည် စီးပွားရေးလုပ်ငန်းရှင်ဖြစ် ပြီး ချစ်သူသက်တမ်း တစ်နှစ် အကြာတွင် လက်ထပ်ခြင်းဖြစ် သည်။ ဂျောင်ဂါအွန်းသည် လက် ရှိတွင် ကိုယ်ဝန် ၁၄ ပတ်ရှိနေပြီး ၎င်းတို့စုံတွဲသည် ဟာဝိုင်အီသို့ ပျားရည်ဆမ်းခရီး ထွက်တော့မည်ဖြစ်သည်။

ရန်ကုန်မြို့၏ ဒုတိယမြို့လယ် ဗဟိုစီးပွားရေးဇုန်ဖြစ်သည့် မင်းဓမ္မ စီးပွားရေးဇုန် စီမံကိန်း မကြာမီ အကောင်အထည် ဖော်မည်ဟု သိရ

ရန်ကုန်မြို့၏ ဒုတိယမြို့လယ် ဗဟိုစီးပွားရေးဇုန်ဖြစ်သည့် မင်းဓမ္မ စီးပွားရေးဇုန် စီမံကိန်းကို မကြာမီ စတင် အကောင်အထည်ဖော်တော့မည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ သိရသည်။


လက်ရှိ သိပ်သည်းမှု များပြားနေသည့် ရန်ကုန်မြို့လယ် ဗဟိုစီးပွားရေးဇုန်အား မဖြစ်မနေ ခွဲထုတ်ရန် မြို့ပြပညာရှင်အချို့က ထောက်ပြခဲ့ကြသည့်အတွက် ဒုတိယမြို့လယ် ဗဟိုစီးပွားရေးဇုန်အား မြောက်ပိုင်းခရိုင် မရမ်းကုန်းမြို့နယ်ရှိ မင်းဓမ္မ နယ်မြေသို့ ခွဲထုတ်ရန် စီစဉ်ခဲ့ခြင်း ဖြစ်သည်။

ရန်ကုန်မြို့၏ ဒုတိယမြို့လယ် ဗဟိုစီးပွားရေးဇုန်အား မရမ်းကုန်းမြို့နယ် မင်းဓမ္မလမ်းနှင့် တော်ဝင်လမ်းထောင့်ရှိ မြေ ၃၆ ဒသမ ၅၅၁ ဧကပေါ်တွင် ဦးစွာ အကောင်အထည်ဖော်မည်ဖြစ်ကြောင်း၊ ယင်းအတွက် မြေငှားရမ်း လုပ်ကိုင်ခွင့်ပြုရန် ၂၀၁၃ ခုနှစ် နှစ်ကုန်ပိုင်းတွင် ပြည်တွင်း ပြည်ပ လုပ်ငန်းရှင်များ၊ ပြည်တွင်းနှင့် ပြည်ပ ဖက်စပ်လုပ်ကိုင်မည့် လုပ်ငန်းများကို တင်ဒါခေါ်ယူခဲ့သည်။

အဆိုပါ စီမံကိန်းအား ၂၀၁၄ ခုနှစ်တွင် စတင်အကောင်အထည်ဖော်ရန် ရည်မှန်းထားခဲ့သော်လည်း တင်ဒါ ရွေးချယ်မှု အပိုင်းတွင် ကြန့်ကြာခဲ့ပြီး ယင်းစီမံကိန်းအတွက် တင်ဒါအား First Myanmar Construction ကုမ္ပဏီက ရရှိခဲ့ကြောင်း သိရသည်။

ယင်းကုမ္ပဏီနှင့် လုပ်ငန်းဆောင်ရွက်ရန် စာချုပ် ချုပ်ဆိုခြင်းကို ဇန်န၀ါရီလ အတွင်းက ပြုလုပ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

“စလုပ်တော့မှာပါ။ အဲဒီ အတွက်လည်း တင်ဒါအောင်တဲ့ ကုမ္ပဏီနဲ့ စာချုပ်ချုပ်ဆို ပြီးပါပြီ” ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

Thursday, January 28, 2016

ကမ္ဘာ့စက်သုံးဆီဈေးကျသော်လည်း ပြည်တွင်းဈေး မကျ၍ ဈေးလျှော့ချရန် စွမ်းအင်ဝန်ကြီးဌာန ညွှန်ကြား

စက်သုံးဆီဈေး ထပ်မံ ကျဆင်းစေရေး ကြီးကြပ်ဆောင် ရွက်ရန် စွမ်းအင်ဝန်ကြီးဌာနက မြန်မာနိုင်ငံ စက်သုံးဆီတင်သွင်း ရောင်းချဖြန့်ဖြူးရေးအသင်း (MPTA)သို့ အကြောင်းကြားထားကြောင်း သတင်းရရှိသည်။ပြည်တွင်းစက်သုံးဆီ အရောင်းဆိုင်များ အမြင့်ဆုံး ရောင်းချရန် အခြေခံနှုန်းထား တစ်ခုကို MPTA က ဇန်နဝါရီ ၁၈ ရက်၌ အခြေခံသတ်မှတ်ပေးခဲ့ သော်လည်း လက်ရှိ ဆိပ်ကမ်း ရောက်ဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက ဈေးလျှော့ချရန် လိုအပ်ကြောင်း စိစစ်တွေ့ရှိရ၍ တစ်ပြည်လုံးရှိ စက်သုံးဆီ အရောင်းဆိုင်များတွင် လက်လီရောင်းဈေးကို ထိုက်သင့်သည့် ဈေးနှုန်းအထိ ထပ်မံ ကျ ဆင်းစေရေး လိုအပ်သလို ကြီး ကြပ်ဆောင်ရွက်ရန် အကြောင်း ကြားသည်ဆိုကာ ညွှန်ကြားခဲ့ခြင်းဖြစ်သည်။

ရက်ပိုင်းအတွင်း မြောက်ကိုရီးယား တာဝေးပစ်ဒုံးကျည် စမ်းသပ်နိုင်ဟု ဂျပန်မီဒီယာ ဖော်ပြ

မြောက်ကိုရီးယားရှိ တွန်ချယ်ရီ ဒုံးကျည်စမ်းသပ်ဧရိယာကို ဝေဟင်မှ တွေ့မြင်ရစဉ်။
ရက်ပိုင်းအတွင်း မြောက်ကိုရီးယားအနေဖြင့် တာဝေးပစ်ဒုံးကျည်တစ်စီး စမ်းသပ်ပစ်လွှတ်လာနိုင်ကြောင်း ဂျပန်အခြေစိုက် ကျိုဒိုသတင်းဌာနက ဖော်ပြခဲ့သည်။
ဂျပန်၏ ကာကွယ်ရေးဌာနမှ အမည်မဖော်သည့် ထိပ်တန်းအရာရှိတစ်ဦး၏ အဆိုကို ကိုးကားပြီး မြောက်ကိုရီးယားသည် သီတင်းတစ်ပတ်မျှအတွင်း တာဝေးပစ်ဒုံးကျည် စမ်းသပ်မှုကို လက်တွေ့အကောင်အထည်ဖော် စီစဉ်လာဖွယ်ရှိနေကြောင်း ကျိုဒိုက ဆိုသည်။

ဇီကာဗိုင်းရပ်စ်နှင့် ပတ်သက်၍ မပေါ့ဆရန် WHOကို အမေရိကန် ပညာရှင်များ သတိပေး

ဇီကာဗိုင်းရပ်စ်နှင့် ပတ်သက်၍ အမြန်ဆုံး အရေးယူ ဆောင်ရွက်မှုများ ပြုလုပ်ရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) ကို အမေရိကန် သိပ္ပံပညာရှင်များက သတိပေးလိုက်သည်။
ပညာရှင်များက ခြင်မှ ကူးစက်သည့် အဆိုပါဗိုင်းရပ်စ်သည် ကမ္ဘာလုံးဆိုင်ရာ ကူးစက်ရောဂါပိုးတစ်ခုအဖြစ် ပျံ့နှံ့ရောက်ရှိနိုင်သည့် အလားအလာ ကြီးကြီးမားမားရှိနေကြောင်း ပြောကြားခဲ့သည်။ ဇီကာရောဂါပိုး ကူးစက်ခံရသည့်အခါ အပျော့စား တုပ်ကွေးဝေဒနာ လက္ခဏာများသာ ပြသလေ့ ရှိသည်။ သို့သော်လည်း ကိုယ်ဝန်ဆောင်အမျိုးသမီးများ ရောဂါပိုးကူးစက်ခံရပါက ဦးခေါင်းသေးပြီး ဦးနှောက်ဖွံ့ဖြိုးမှု အားနည်းသည့် ကလေးငယ်များ မွေးဖွားလာတတ်သည်ဟု ကမ္ဘာ့ကျန်းမာရေးသုတေသီများက ယူဆထားသည်။

Wednesday, January 27, 2016

စင်ကာပူက မြန်မာခရီးသွားဧည့်သည်တွေကို ပိုမိုလာစေချင်ဟုဆို

မြန်မာနိုင်ငံမှ ခရီးသွားဧည့်သည်များ ပိုမိုလာရောက်လည်ပတ်ရန် စင်ကာပူက လိုလားနေပြီး လက်ရှိအချိန်တွင် မြန်မာဈေးကွက်အတွင်း အောင်မြင်မှုရရှိစေရန် အကောင်အထည်ဖော်သွားမည်ဟု မြန်မာ့ခရီးသွား လုပ်ငန်းနှင့် တိုက်ရိုက်ချိတ်ဆက်ကာ ခရီးသွားလုပ် ငန်းတိုးမြှင့်ခြင်းများ လုပ်ဆောင်နေသည့် စင်ကာပူခရီးသွားလုပ်ငန်းအဖွဲ့- Singapore Tourism Board ၏ ထိုင်း၊ မြန်မာရုံးခွဲဆိုင်ရာ ညွှန်ကြားရေးမှူး ဖြစ်သူ Ms.Sherleen က မဇ္ဈိမကို ပြောသည်။

လိပ်ကျွန်းမြန်မာတရားခံနှစ်ဦးကို ထောင်အတွင်း မလျော်ကန်စွာ ဆက်ဆံ နေဟု ရှေ့နေအဖွဲ့ပြော

၂၀၁၄ ခုနှစ်အတွင်းက ထိုင်းနိုင်ငံ လိပ်ကျွန်းတွင် ဗြိတိန်စုံတွဲသတ်မှုဖြင့် သေဒဏ်ချမှတ်ခံရသည့် မြန်မာနိုင်ငံသားနှစ်ဦးကို အကျဉ်းထောင်အတွင်း မလျော်ကန်စွာ ထားရှိဆက်ဆံခံနေရကြောင်း တရားခံရှေ့နေအဖွဲ့က ဇန်န၀ါရီ ၂၆ ရက်က ပြောသည်။
သေဒဏ်ပေးခံထားရသည့် ကိုဇော်လင်းနှင့် ကိုဝေဖြိုးတို့နှစ်ဦးကို ထောင်အတွင်း အကျဉ်းတိုက်၌ ၂၄ နာရီ သံခြေကျင်းခတ် ထားကြောင်း ရှေ့နေ နက်ခွန်ချွမ်ပုချက်က ပြောသည်။ ၎င်းတို့နှစ်ဦးအတွက် တရားရုံးက အယူခံဝင်ခွင့်ကို အချိန်တိုးခွင့်ပြုပေးခဲ့ရာ ဖေဖော်ဝါရီလအတွင်း တစ်ရက်ရက်၌ အယူခံတင်သွင်းသွားမည်ဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။

လ၀က၀န်ကြီးဌာန ပြည်ထဲရေးအောက် ထားရှိဖို့အဆိုအပေါ် တုံ့ပြန်မှု

လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနကို ပြည်ထဲရေးဝန်ကြီး ဌာနအောက် ပြောင်းရွှေ့ဖို့ သမ္မတဦးသိန်းစိန်အဆို တင်သွင်းထားတဲ့ အစီအစဉ်ကို ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာ ပြည်ထောင်စုလွှတ်တော်မှာ ဥပဒေမူကြမ်းကော်မတီက တင်သွင်းမှာ ဖြစ်ပါတယ်။
ဒါဟာ နိုင်ငံအတွက် အရေးကြီးတဲ့ ကိစ္စရပ်တွေမှာ စစ်တပ်အနေနဲ့ ပိုပြီး လုပ်ပိုင်ခွင့် အာဏာ ရှိစေဖို့ အခုလို လ၀က ကို စစ်တပ်အောက်မှာ ရှိနေတဲ့ ပြည်ထဲရေးဝန်ကြီးဌာနနဲ့ ပူးပေါင်းဖို့ ကြိုးစားတဲ့လုပ်ရပ် ဖြစ်တယ်လို့ ဝေဖန်မှုတွေ ထွက်ပေါ်နေပါတယ်။ အပြည့်အစုံကို မအင်ကြင်းနိုင်က တင်ပြထားပါတယ်။
အခုလွှတ်တော်သက်တမ်းပြီးဆုံးဖို့ ၃ ရက်သာ လိုတော့တဲ့အချိန်မှာ စစ်တပ်ရဲ့လုပ်ပိုင်ခွင့် ပိုရှိစေတဲ့ သမ္မတရဲ့ အဆိုတင်သွင်းလာတဲ့အပေါ် လူအများ စိတ်ဝင်တစား ဖြစ်ခဲ့ကြတာပါ။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရဆိုရင် ပြည်ထဲရေး အပါအ၀င် နယ်စပ်ရေးရာနဲ့ ကာကွယ်ရေးဝန်ကြီးဌာန ၃ ခုကို ကာကွယ်ရေးဦးစီးချုပ်ရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေတာပါ။