Thursday, December 13, 2012

အမျိုးသားဥယျာဉ်ကြီးများတွင်လည်း သစ်ခိုးထုတ်မှုများ ရှိနေ


အမျိုးသားဥယျာဉ်ကြီးများတွင်လည်း သစ်ခိုးထုတ်မှုများ ရှိနေ

12 Dec 2012

မြန်မာနိုင်ငံရှိ အမျိုးသားဥယျာဉ်ကြီးများတွင် သစ်ခိုးထုတ်မှုများ ရှိနေကြောင်း သစ်တောနှင့် သဘာဝပတ်ဝန်းကျင် ပညာရှင် ဦးစည်သူလွင်က ပြောကြား လိုက်သည်။ မြန်မာနိုင်ငံရှိ အာဆီယံ အမွေအနှစ် ဥယျာဉ်များအဖြစ် သတ်မှတ်ထားသည့် အမျိုးသားဥယျာဉ်များမှာ- ခါကာဘိုရာဇီ အမျိုးသား ဥယျာဉ်၊ အင်းတော်ကြီးတောရိုင်း တိရစ္ဆာန် ဘေးမဲ့တော၊ အလောင်းတော်ကဿပ အမျိုးသားဥယျာဉ်၊ အင်းလေးကန် တောရိုင်း တိရစ္ဆာန် ဘေးမဲ့တော၊ မိန်းမလှကျွန်း တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော၊ လန်ပိအဏ္ဏဝါ အမျိုးသားဥယျာဉ်နှင့် နတ်မတောင်အမျိုးသား ဥယျာဉ်တို့ ဖြစ်ကာ လက်ရှိတွင် အဆိုပါအမျိုးသား ဥယျာဉ်များတွင် သစ်ခိုးထုတ်မှုများ ဖြစ်ပေါ်လျက်ရှိသည်။

ဦးစည်သူလွင်က “ကျွန်တော်တို့ သစ်ခိုးထုတ်မှုတွေက နေရာတိုင်းမှာ ရှိနေတာပါပဲ။ ဒါပေမယ့် အမျိုးသားဥယျာဉ်လို နေရာမျိုးတွေမှာ သစ်ခိုးထုတ်မှုတွေ ကို တွေ့ရတာကတော့ တော်တော်ဆိုးတယ်” ဟု ပြောသည်။ မြန်မာနိုင်ငံတွင် သစ်တောပြုန်းတီးမှုများ ဖြစ်ရခြင်းမှာ တရားမဝင် သစ်ခိုးထုတ်မှုများ၊ အလွန်အကျွံ သစ်ထုတ်ခြင်း၊ ပြန်လည်စိုက်ပျိုးမှု အားနည်းခြင်း၊ ရွှေ့ပြောင်းတောင်ယာ စိုက်ပျိုးမှုများ ရှိသည့်အနက် ထင်းမီးသွေး လောင်စာအတွက် အသုံးပြုမှုများ သည်လည်း သစ်တောပြုန်းတီးမှုကို များစွာဖြစ်ပေါ်စေကြောင်း သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင်များက ပြောဆိုထားသည်။ 

အမျိုးသား ဥယျာဉ်ကြီးများတွင် သစ်ခိုးထုတ်မှုများ ရှိနေမှု ပိုမိုများပြားလာခြင်းမှာ ဥပဒေကို လေးစားလိုက်နာမှု မရှိဘဲ လက်တစ်လုံးခြား လုပ်ကိုင်နေကြခြင်းကြောင့် ဖြစ်ကြောင်း သစ်တော ပညာရှင်များက သုံးသပ်ကြသည်။ ယင်းနှင့် ပတ်သက်ပြီး သဘာဝပတ်ဝန်းကျင် ပညာရှင် ဦးဝင်းမျိုးသူက “အမျိုးသားဥယျာဉ်လို့ဆိုတာ ဇီဝမျိုးကွဲ ထိန်းသိမ်းတဲ့ နေရာပါ။ အမျိုးသား ဥယျာဉ်လို့ သတ်မှတ်လိုက်တာနဲ့ အဲ့ဒီနေရာမှာရှိတဲ့ သတ္တုတူးတာ၊ တံတားဆောက်တာ ဘာမှလုပ်လို့ မရပါဘူး။ အခု ကျွန်တော်တို့နိုင်ငံ ဖြစ်နေတာတွေက ဘာရှိရှိ ရှိတာအကုန်တူးတယ်။ အမည်ပဲရှိတယ်” ဟု ပြောကြားခဲ့သည်။ မြန်မာနိုင်ငံတွင် သစ်တောနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနမှ တရားဝင် ထုတ်ပြန်ချက်မှာ သစ်တောဖုံးလွှမ်းမှု ဧရိယာ ၄၆ ရာခိုင်နှုန်း ရှိသည်ဆိုသော်လည်း သစ်တောပညာရှင်များ၏ အဆိုအရ မြန်မာနိုင်ငံတွင် သစ်တောဧရိယာ ၂၅ ရာခိုင်နှုန်းသာ ရှိတော့ကြောင်း သိရှိရပါသည်။ 

(ရန်ကုန်တိုင်းမ်)

အေးချမ်းမွန်မှ  Zaw Mintun Zawmintun တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :Zaw Mintun Zawmintun
မြန်မာနိုင်ငံရှိ အမျိုးသားဥယျာဉ်ကြီးများတွင် သစ်ခိုးထုတ်မှုများ ရှိနေကြောင်း သစ်တောနှင့် သဘာဝပတ်ဝန်းကျင် ပညာရှင် ဦးစည်သူလွင်က ပြောကြား လိုက်သည်။ မြန်မာနိုင်ငံရှိ အာဆီယံ အမွေ အနှစ် ဥယျာဉ်များအဖြစ် သတ်မှတ်ထားသည့် အမျိုးသား ဥယျာဉ် များမှာ- ခါကာဘိုရာဇီ အမျိုးသား ဥယျာဉ်၊ အင်းတော်ကြီးတောရိုင်း

တရုတ်၏ တိုက်ရိုက် အထောက်အပံ့ကို ကေအိုင်အေ ရရှိနေပြီလား..


တရုတ်၏ တိုက်ရိုက် အထောက်အပံ့ကို ကေအိုင်အေ ရရှိနေပြီလား..

Dec 13, 2012

ဦးအောင်မင်းပြောသည့် တရုတ်ကိုလည်းကြောက်ရတယ်ဆိုတဲ့ စကားအတိုင်း ဖြစ်လာပါတော့မယ်။ ကေအိုင်အေသည် ၈၈ မတိုင်ခင်က ဗကပ ဆီမှ အကူအညီများ ရရှိရန် ဗကပဆိုပြီး လုပ်ခဲ့ကာ တရုတ်မှ အကူ အညီများ ယူခဲ့ဖူးသည်။ ၈၈ နောက်ပိုင်း ကာလတွင်လည်း ကေအိုင်အေ၏ အဓိက ၀င်ငွေ စီးဆင်း သည့် နိုင်ငံမှ တရုတ်နိုင်ငံ ဖြစ်သည် ဆိုတာကလည်း ငြင်းစရာမရှိ။


ကေအိုင်အေ စိုးမိုးသည့် နယ်နိမိတ်အတွင်း အံ့သြသင့်ဖွယ် တရုတ်ဖုန်းများ လွယ်ကူစွာ အသုံးပြု၍ ရနေကြောင်း၊ ကေအိုင်အေတို့၏ ဆက်သွယ်ရေး စနစ် အရမ်းမြင့်ကြောင်း ရှေ့တန်းမှ ပြန်လာသည့် အရာရှိတစ်ဦးမှ ပြောဆိုခဲ့သည်။ အစက ကျွန်တော်တို့ ထင်ထားတာ ကေအိုင်အေက တောထဲက သူပုန်လို့ပဲ ထင်ထားတာ၊ အခုမှ ဒီကောင်တွေက FM တွေ၊ အင်တာနက် နည်းပညာတွေနဲ့၊ နောက်ဆုံး တိုက်ပွဲမှာ ထိခိုက် ဆုံးရှုံးမှုတွေ ရှိရင်တောင် ချက်ချင်း ရိုက်ပြီး ဌာနချုပ်ကို ပို့ပေးနိုင်တယ်လို့ ပြောကြ တယ်။ ဒီလို နည်းပညာတွေက တရုတ်ကလွဲပြိး ဘယ်သူမှ ထောက်ပံ့မှာ မဟုတ်ဘူး ဟု ၄င်းက ဆက်ပြောခဲ့သည်။

သူတို့မှာ လက်နက်သစ်တွေလည်း အများကြီးပဲ။ အထူးသဖြင့် တရုတ်က လက်နက်တွေကို ပိုပြီး အသုံးပြု တယ် ထင်တယ်။ ပြီးခဲ့တဲ့ အခေါက် ကျွန်တော်တို့ သိမ်းမိတုန်းက ရတဲ့  ကေအိုင်အေရဲ့ ရိက္ခာခြောက်ေ တွက သေချာထုပ်ပိုးထားတာ၊ ရေးထားတဲ့ စာတွေကလည်း တရုတ်စာတွေနဲ့။ ကျွန်တော့်အထင်တော့ တရုတ် က တိုက်ရိုက်ထောက်ပံ့နေပြီလို့ ထင်တာပဲ ဟု အဆိုပါ အရာရှိနှင့် ပါလာသည့် အဖွဲ့ဝင် တစ်ဦးမှ ပြောခဲ့ သည်။

ကေအိုင်အေအဖွဲ့သည် တစ်ပတ်အတွင်း လူသစ် ၃၀၀ ကျော်ကို ဖမ်းဆီးစုဆောင်းကာ တပ်သားသစ် အဖြစ် သိမ်းသွင်းခဲ့ကြောင်း၊ ယခင်ကျေးရွာများမှသာ စုဆောင်းခဲ့သော်လည်း ယခုအခါ ကားလမ်းများနှင့် လုပ်ငန်း များအထိ တိုးချဲ့စုဆောင်းနေသဖြင့် ကချင်ပြည်နယ်အတွင်း အထိတ်တလန့် ဖြင့် နေထိုင်နေ ရသည်။

ပိုမိုယုတ်မာသော အကြံအစည်ကား ကေအိုင်အေမှ စုစည်းဖွဲ့စည်းထားသည့် ဂေါ်ရခါးတပ်ရင်း ခေါ် ဘင်္ဂလီ တပ်ရင်း အား ဒုက္ခသည်များ  အဖြစ် ၄င်းတို့မှ စောင့်ရှောက်ထားရကြောင်း မှတ်တမ်း ရိုက်ကူး မည်ဖြစ်ပြီး အထောက် အပံ့များ တောင်းခံသွားမည် ဖြစ်ကြောင်း သိရသည်။

(Oppositeye)
ဦးအောင်မင်းပြောသည့် တရုတ်ကိုလည်းကြောက်ရတယ်ဆိုတဲ့ စကား အတိုင်း ဖြစ်လာပါတော့မယ်။ ကေအိုင်အေသည် ၈၈ မတိုင် ခင်က ဗကပ ဆီမှ အကူ အညီများ ရရှိရန် ဗကပဆိုပြီး လုပ်ခဲ့ကာ တရုတ်မှ အကူအညီများ ယူခဲ့ဖူးသည်။ ၈၈ နောက်ပိုင်း ကာလတွင် လည်း ကေ အိုင်အေ၏ အဓိက ၀င်ငွေ စီးဆင်း သည့် နိုင်ငံမှ တရုတ်နိုင်ငံ ဖြစ်သည်

ကနေဒါကုမ္ပဏီက ကိုယ်ပျောက်ဝတ်ရုံ တီထွင်

ကနေဒါကုမ္ပဏီက ကိုယ်ပျောက်ဝတ်ရုံ တီထွင်
Wednesday, 12 December 2012 

ကနေဒါနိုင်ငံရှိ Hyperstealth Biotechnology ကော်ပိုရေးရှင်းမှ ရေဒါဖြင့်
ထောက်လှမ်း၍မရနိုင်သော ကိုယ်ပျောက်ဝတ်ရုံအား တီထွင်လိုက်ကြောင်း သိရသည်။ အဆိုပါဝတ်ရုံသည် ပတ်ဝန်းကျင်ရှိ အလင်းလှိုင်းများကို ညွှတ်ကွေးစေပြီး ဝတ်ဆင်ထားသူအား လုံးဝမြင်နိုင်ခြင်း မရှိပေ။ ဟယ်ရီပေါ်တာဇာတ်လမ်းထဲမှ မှော်ဝတ်ရုံနှင့်တူသော အဆိုပါဝတ်ရုံသည် ဂူဂဲ၏ night-vision ဖြင့်ပင် ထောက်လှမ်းနိုင်စွမ်းမရှိဟု တီထွင်သူများက
ဆိုသည်။

ကိုယ်ပျောက်ဝတ်ရုံသည် ပေါ့ပါး၍ ကင်မရာ၊ ဘက်ထရီ၊ အလင်းပေးမှုများ မလိုအပ်ပဲ အသုံးပြုနိုင်သည်ဟု သိရသည်။ ယင်းဝတ်ရုံကို နေ့ဘက်တွင် မမြင်နိုင်သကဲ့သို့ ရေဒါဖြင့်ထောက်လှမ်း၍လည်းမရနိုင်ကြောင်း Hyperstealth Biotechnology ကော်ပိုရေးရှင်းမှ အမှုဆောင်အရာရှိချုပ် မစ္စတာ ကရာမာက CNN သတင်းဌာနသို့ ပြောကြားခဲ့သည်။ ယင်းဝတ်ရုံ၏ အသုံးဝင်ပုံကိုသာ ကြေညာမည်ဖြစ်ပြီး ဝတ်ရုံ၏ မည်သည့် အသေးစိတ် အချက်အလက်ကိုမျှ ထုတ်ဖော်ပြောကြားသွားမည်မဟုတ်ဟု ကုမ္ပဏီပိုင် website တွင် ရေးသားထားသည်။


http://www.dailymail.co.uk/sciencetech/article-2245935/The-camouflage-fabric-make-soldiers-INVISIBLE-Company-claims-Pentagon-backing-miracle-material.html

Planet Myanmar Network 
ကနေဒါနိုင်ငံရှိ Hyperstealth Biotechnology ကော်ပိုရေးရှင်းမှ ရေဒါဖြင့်ထောက်လှမ်း ၍မ ရနိုင်သောကိုယ်ပျောက်ဝတ်ရုံအား တီထွင်လိုက်ကြောင်း သိရသည်။ အဆိုပါဝတ်ရုံသည် ပတ်ဝန်းကျင်ရှိ အလင်းလှိုင်းများကို ညွှတ်ကွေးစေပြီး ဝတ်ဆင်ထားသူအား လုံးဝမြင်နိုင်ခြင်း မရှိပေ။ ဟယ်ရီပေါ် တာဇာတ်လမ်းထဲမှ မှော်ဝတ်ရုံနှင့်တူသော အဆိုပါဝတ်ရုံသည် ဂူဂဲ၏ night-vision ဖြင့် ပင် ထောက် လှမ်းနိုင်စွမ်းမရှိဟု တီထွင်သူများကဆိုသည်။

Facebook Stories Community ရဲ့ Facility အသစ်

Facebook Sign up စာမျက်နှာမှာ မိမိ ဗီဒီယိုနဲ့ ဓာတ်ပုံ ပါစေချင်တယ်
ဆိုရင်
Thursday, December 13, 2012

၂၀၁၂ သြဂုတ်လက စလို့ Facebook က Facebook Stories ဆိုတဲ့ Community လေးတစ်ခု ဖန်တီးထားပါတယ်။ ရည်ရွယ်ချက်ကတော့ Facebook အသုံးပြုတဲ့ လူများရဲ့ ထူးထူခြားခြား ဖြစ်ရပ်များကို
 ပြန်တင်ပေးဖို့ ဖြစ်ပါတယ်။

ပေါ်လစီအရဖြစ်ပြီး Facebook သုံးခြင်းဖြင့် ဘယ်လိုအကျိုးကျေးဇူးတွေ ရပါတယ်လို့ အမွမ်းတင်တဲ့ ဗီဒီယိုတွေ၊ အက်ဆေးတွေ၊ ဓာတ်ပုံတွေကို တင်ပေးပါတယ်။ လူတိုင်း တင်နိုင်ပါတယ်။ သို့ပေမယ့် Facebook က ပြန် လည် ရွေးချယ်ပြီး သူနှစ်သက်တဲ့ ပုံတွေ၊ စာတွေ၊ ဗီဒီယိုတွေကိုပဲ ပြန် လည် ဖော်ပြပါတယ်။

Facebook ရဲ့  Sign in စာမျက်နှာကို ဖွင့်လိုက်ပြီဆိုရင် တစ်ခါခါကျ
 ဘေးမှာ ဗီဒီယိုတွေ တစ်ခုဆီ တွဲထားပေးတတ်ပါတယ်။ အမှန်တော့ ယင်းဗီဒီယို များကို Facebook က လုပ်တာမဟုတ်ပါဘူး။ ဒီလိုပဲ ကမ္ဘာတစ်ဝန်း က ပေးပို့တဲ့ ဗီဒီယိုများ ဖြစ်ပါတယ်။ တစ်လောကတောင် ပါကစ္စတန်က လူငယ်လေး အတိတ်မေ့သွားတာ Facebook က သူငယ်ချင်း list ကိုပြန်မြင်ပြီး သတိရတဲ့ ဗီဒီယို တိုတိုလေး ကြည့်လိုက် ရပါတယ်။ ၅ မိနစ် စာဝန်းကျင် ဗီဒီယိုပေါင်းများစွာ ရှိပါတယ်။ အမေရိကန်ရောက် အာရှ ကျောင်းသားငယ်လေးက အားကစားညံ့ပေမယ့် Facebook က သူငယ်ချင်းများ အားပေးလို့ အကောင်းဆုံး ကြိုးစားလာနိုင်တာတို့ အစရှိသဖြင့် ဗီဒီယိုပေါင်းမြောက်များစွာ ရှိပါတယ်။

ဓာတ်ပုံအနေနဲ့လည်း ကမ္ဘာ့ဆင်းရဲနွမ်းပါးတဲ့ဒေသက အလှဓာတ်ပုံတွေ၊ ရှုခင်း ဓာတ်ပုံတွေ တွေ့ရပါတယ်။ ဆောင်းပါးတွေလည်း ရှိပါတယ်။ ဒါတွေ အားလုံးကို ကမ္ဘာတစ်ဝန်းက ပို့ထားတာ ဖြစ်ပါတယ်။ ဒီအတွက် Facebook ကဆုကြေးအနေနဲ့ ပြန်လည် ပေးတာမျိုးလည်း ရှိတယ်လို့ ဆိုပါတယ်။ ဆုကြေး ပေးပေး မပေးပေး ကိုယ့်ဖန်တီးမှု Facebook Official စာမျက်နှာမှာ ပါပြီ ဆိုကတည်းက ကမ္ဘာကျော်ပြီးသား ဖြစ်ပါတယ်။

ဒီတော့ မြန်မာပြည်က လက်စောင်းထက်တဲ့ အက်ဆေးသမား၊ ဓာတ်ပုံဆရာ များ၊ ဗီဒီယို တို ဖန်တီးများလည်း ဒီ Event ကို ပါဝင်နိုင်ပါတယ်။ မြန်မာပြည် က ပို့လိုက်တဲ့ ဗီဒီယိုလေး တစ်ခုက Sign up စာမျက်နှာစစချင်းမှာ ပါလာတယ်ဆိုရင် ဂုဏ်ယူစရာပဲ ဖြစ်ပါတယ်။ ဒါကြောင့် အင်္ဂလိပ် လို ဆောင်းပါးကောင်းတစ်ပုဒ်ရှိတယ်၊ ကိုယ်တိုင် ရိုက်တဲ့ ဗီဒီယိုလေး ရှိတယ်၊ ဓာတ်ပုံကောင်းလေး ရှိတယ်ဆိုရင် အောက်ပါ လခ့်တွေထဲ သွားပြီး Upload လုပ်နိုင်ပါတယ်။

https://apps.facebook.com/facebook-stories/
http://www.facebookstories.com/stories/

TSJ team၂၀၁၂ သြဂုတ်လက စလို့ Facebook က Facebook Stories ဆိုတဲ့ Com
munity လေးတစ်ခု ဖန်တီးထားပါတယ်။ ရည်ရွယ်ချက်ကတော့ Facebook အသုံးပြုတဲ့ လူများရဲ့ ထူးထူခြားခြား ဖြစ်ရပ်များကိုပြန်တင်ပေးဖို့ ဖြစ်ပါတယ်။

၁၇/၁ ဖြင့် လူထုအားဖမ်းဆီးပါက ဦးအောင်မင်းကိုပါ ဖမ်းဆီးရမည်ဟု RCSS/SSA ပြော


မြန်မာစစ်တပ်က ပြည်သူလူထုအား မတရားအသင်းနှင့်ဆက်
သွယ်သည့်ပုဒ်မ ၁၇/၁ နှင့် ဖမ်းဆီးပါက ပြည်ထောင်စု ငြိမ်းချမ်းရေး
 ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒု-ဥက္ကဋ္ဌဌ ဦးအောင်မင်းကိုလည်း ဖမ်းဆီးရမည်ဟု RCSS/SSA က ပြောကြားလိုက်သည်။
“သျှမ်းစာပေနဲ့ အမျိုးသားရေး ဟောပြောပွဲမှာ RCSS က စဝ်ပေါင်ခေးက ပြောတာ။ တကယ်လို့ ဗမာ စစ်တပ်က လူထုတွေကို

ဖြေရှင်းမပေးပါက သတ္တုတွင်း ဝန်ကြီးဌာနကို ရွှေလုပ်သားများ တရားစွဲမည်

ပျဉ်းမနား၊ ရေနီမြို့အဝင် စက္ကူစက်ရုံဂိတ်ပေါက် အနီးတွင် ရဲများက နိုဝင်ဘာလ ၂၂ ရက်နေ့၌ လမ်းလျှောက် ချီတက်လာသော ဆန္ဒပြ မိုးထိ မိုးမိ ရွှေတွင်းလုပ်သားများကို တားဆီးကာ ခေါင်းဆောင် ၄ ဦးကို ဖမ်းဆီးခဲ့သည်။

သပိတ်ကျင်း မြို့နယ် အတွင်းရှိ ငလျင် ဒဏ်သင့် ပြည်သူ များအား အစိုးရ၊ တပ်မတော်နှင့် ပြည်သူ လူထုမှ ကူညီ ထောက်ပံ့မှုများ လုပ်ဆောင် လျက်ရှိ

သပိတ်ကျင်း မြို့နယ် အတွင်းရှိ ငလျင် ဒဏ်သင့် ပြည်သူများအား ကျန်းမာရေးနှင့် ထောက်ပံ့မှု များကို တိုင်းမှူးနှင့် တာဝန်ရှိ သူများက ဖြည့်ဆည်း ဆောင်ရွက်ပေး လျက်ရှိကြောင်း သတင်း ရရှိသည်။
Read More => http://www.myawady.net.mm/photonews/item/1746-2012-12-13-13-38-54

အိန္ဒိယ တပ်မတော်သည် ကမ္ဘာပေါ်တွင် စစ်တပ်အင်အား အကြီးဆုံး နိုင်ငံတစ်ခု ဖြစ်ရန် ကြိုးစား

အိန္ဒိယ တပ်မတော်သည် ကမ္ဘာပေါ်တွင် စစ်တပ်အင်အား အကြီးဆုံး နိုင်ငံတစ်ခု ဖြစ်ရန် ကြိုးစား 
Thursday, 13 December 2012

အိန္ဒိယ တပ်မတော်၏ လစ်လပ် နေရာအတွက် အရာရှိ ၁၃,ဝဝဝ ဝန်းကျင်နှင့် အခြားအဆင့် ၅၃,၇ဝဝ ခန့် လိုအပ်မှု ရှိပြီး အိန္ဒိယ တပ်မတော်သည် ၎င်း ပြဿနာ များနှင့် ရင်ဆိုင် နေရကြောင်း အိန္ဒိယ ကာကွယ်ရေး ဝန်ကြီး A.K.Antony မှ ပါလီမန်သို့ စာဖြင့် ရေး သား ပြောကြား ခဲ့ကြောင်း သိရှိရ ပါသည်။ 

အိန္ဒိယ တပ်မတော်သည် ယခုလက်ရှိ အင်အား ၁.၄၅ သန်းရှိပြီး အရန် အင်အားမှာ ၂.၂ဝ သန်း ရှိကြောင်းနှင့် အခြား လက်နက်ကိုင် တပ်ဖွဲ့မှာ ခန့်မှန်းခြေ ၁.၄ဝ သန်း ရှိကြောင်း ဖော်ပြခဲ့ ပါသည်။ ကမ္ဘာပေါ်တွင် စစ်တပ်အင်အား အကြီးဆုံး နိုင်ငံတစ်ခု ဖြစ်ရန် ပြုလုပ်နေခြင်း ဖြစ်ကြောင်း သိရှိရ ပါသည်။

မြ၀တီအိန္ဒိယ တပ်မတော်၏ လစ်လပ် နေရာအတွက် အရာရှိ ၁၃,ဝဝဝ ဝန်းကျင်နှင့် အခြားအဆင့် ၅၃,၇ဝဝ ခန့် လိုအပ်မှု ရှိပြီး အိန္ဒိယ တပ်မတော်သည် ၎င်း ပြဿနာ များနှင့် ရင်ဆိုင် နေရကြောင်း အိန္ဒိယ ကာကွယ်ရေး ဝန်ကြီး A.K.Antony မှ ပါလီမန်သို့ စာဖြင့် ရေး သား ပြောကြား ခဲ့ကြောင်း သိရှိရ ပါသည်။

တက္ကသိုလ် တက်ရောက် ရသူများ အတွက် မိုဘိုင်းဖုန်း အင်တာနက် အသုံးပြုခ လျော့ချပေး သွားရန်ရှိ

လာမယ့် ၂၀၁၃ ခုနှစ်မှာ ပြင်ဆင် ကောက်ခံ သွားမယ့် မိုဘိုင်းဖုန်း အင်တာနက် အသုံးပြုခတွေ အနေနဲ့ တက္ကသိုလ်  ကျောင်းသား၊ ကျောင်းသူများ အတွက် နှုန်းထား တွေကို လျော့ချပေးဖို့ ရှိတာ  ဖြစ်တယ်လို့ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း တာဝန်ရှိသူ တစ်ဦးရဲ့ ပြောပြချက် အရ သိရပါတယ်။

ဆိုက်ဘာ ရာဇဝတ်ဂိုဏ်းကို ဖြိုခွင်းရန် Facebok အကူအညီပေး

ကမ္ဘာပေါ်တွင် အကြီးကျယ်ဆုံး စာရင်းဝင်  ဆိုက်ဘာ ရာဇဝတ်ဂိုဏ်း တစ်ခုကို အမေရိကန် ပြည်ထောင်စု ထောက်လှမ်းရေး ဗျူရို (FBI)က ဖြိုခွင်းရာတွင် Facebookက အကူအညီ ပေးခဲ့ကြောင်း သိရှိရသည်။ FBIသည် Yahosအမည်ရှိ Malwareများ ဖြန့်ချီမှုတွင် အဓိက တာဝန်ရှိသည့် လူ(၁၀)ဦးပါ ကွင်းဆက်တစ်ခုကို ဖမ်းဆီး ချေမှုန်းနိုင်ခဲ့သည်။ အဆိုပါ စစ်ဆင်ရေးတွင် ကမ္ဘာကျော် Social Networking ဝက်ဘ်ဆိုက်ကြီးက နောက်ကွယ်မှ နည်းပညာပိုင်းဆိုင်ရာ အကောင်းဆုံး ထောက်ပံ့မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

မြန်မာပြည်ဖွား ဘင်္ဂလီ အမျိုးသား ၄၇၅၁ ဦးကို အရေးအခင်းကာလ အတွင်း မြန်မာဘက်သို့ ပြန်ပို့ခဲ့

ယမန်နေ့က နှစ်နိုင်ငံ နစကနှင့် ဘီဂျီဘီ တပ်မှူးများ မောင်တောတွင် အစည်းအဝေး လုပ်နေစဉ်။မနေ့က မောင်တောမြို့မှာ ပြုလုပ်ခဲ့တဲ့  နှစ်နိုင်ငံ ဘင်္ဂလာနဲ့ မြန်မာ တပ်မှူး အဆင့် အလံ ဆွေးနွေးပွဲမှာ ဇွန်လနဲ့ အောက်တိုဘာလ အတွင်း ဘင်္ဂလာဒေခ်ျ့ကို ထွက်ပြေးလာသူ မြန်မာပြည်ဖွား ဘင်္ဂလီ အမျိုးသား ၄၇၅၁ ဦးကို မြန်မာဘက်ကို ပြန်လည် ပို့ဆောင်ခဲ့တယ်လို့ ဘီဂျီဘီ နယ်ခြားစောင့် တပ်ဖွဲ့ ကိုယ်စားလှယ်တွေက ပြောဆိုတယ်လို့ ဆိုပါတယ်။

မော်လမြိုင်မြို့၊ ဂဏ၀ါစကသံဃာ့ကွန်ယက်အဖွဲ့မှဦးဆောင်၍ လက်ပန်းတောင်းတောင်အတွင်း ဒဏ်ရရှိခဲ့သော သံဃာတော်များအား ကျပ်သိန်း ၆၁ သိန်းလှူဒါန်း

လက်ပန်းတောင်းတောင် သပိတ်စခန်းဖြို ခွင်းခံရခြင်းနဲ့  ပက်သက်၍ ဒဏ်ရာရရှိ ခဲ့သောသံဃာတော်များကို၁၂-၁၂-၂၀၁၂ ရက်က မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊  ဂဏ၀ါစကသံဃာ့ကွန်ယက်အဖွဲ့မှ  ဦးဆောင်၍ ကျပ်သိန်း( ခြောက်ဆယ့်တစ်သိန်းခြောက်သောင်း)
 လှူဒါန်းခဲ့ကြောင်းသတင်းရရှိသည်။

စစ်တောင်းတံတားများ ကျဉ်းမြောင်းမှုကြောင့် ခရီးသည်များ အချိန်နှောင့်နှဲမှုကြုံနေရဆဲ

စစ်တောင်းတံတားသစ်နှင့် တံတားဟောင်း သွားရာ လမ်းဆုံတွင်  လမ်းများကျဉ်းမြောင်းမှုကြောင့်  မော်တော်ယာဉ်နှင့် ခရီးသည်များ အချိန်နှောင့်နှဲမှု ကြုံနေရဆဲဖြစ် သည်ဟု သိရသည်။

ကသာမြို့မှ မိန်းမပျိုတစ်ဦး အကြောင်းမဲ့ ပျောက်ဆုံးလျှက်ရှိ

Photo: ကသာမြို့မှ မိန်းမပျိုတစ်ဦး အကြောင်းမဲ့ ပျောက်ဆုံးလျှက်ရှိ
Thursday, December 13, 2012

ဒီဓါတ်ပုံရှင်အား တွေ့ရင် အကြောင်းကြားပေးကြပါ

ကသာမြို့ အမှတ်(၉)ရပ်ကွက်နေ မမေသက်ဇွန်သည် ၁၂၊၁၁၊၁၂ရက်နေ့ မနက်က အကြောင်းမဲ့ ပျောက်ဆုံးသွားခဲ့ပါသည်၊ထိုမိန်းကလေးမှာ 
အသက်၂၄နှစ်ရှိပြီဖြစ်ပြီး စက်ချုပ်မှုအလုပ်လုပ်ကိုင်သူဖြစ်ကြောင်း
၎င်း၏မိခင်ဖြစ်သူဒေါ်ခင်နန်းမြင့်မှ ကျွန်တော့်ထံ ဆက်သွယ်ပြောဆို
ခဲ့ပါသည်၊၊

“ကျွန်မသမီးလေးက ကျွန်မနဲ့ အတူနေလို့ ရည်းစားမရှိတာ ကျွန်မသိပါတယ်၊တကယ်လို့ ရည်းစားနောက်လိုက်သွားရင်လည်း 
အခုဆို (၁)လရှိနေပါပြီ၊သတင်းတစ်ခုခုတော့ ကြားရမှာပေါ့၊အခုလို
ရုတ်တရက် ဘာသတင်းမှ မကြားရဘဲ စုန်းစုန်းမြုတ် ပျောက်သွားတော့ ပိုစိတ်ပူနေရပါတယ်၊သမီးလေးပျောက်သွားတဲ့နေ့က စက်ချုပ်
ပစ္စည်းတွေလည်းပါသွားတယ်၊သူ့ဆိုင်ကယ်ကိုလည်း ပေါင်သွားတယ်၊
သူဆိုင့်ကယ်သွားပေါင်တဲ့ မိတ်ဆွေကပြောတာတော့ မေသက်ဇွန်
ဆိုင်ကယ်လာပေါင်တဲ့ အချိန်မှာ ကသာမြို့ခံမဟုတ်တဲ့ မျက်နှာစိမ်း
တစ်ယောက်ပါလာတယ်တဲ့၊နောက်ပြီး ဗန်းမော်သွားတဲ့ ကားလမ်း၊
ငါးအိုးရွာမှာလည်း မေသက်ဇွန်ကို အဲဒီမိန်းကလေးနဲ့ပဲ တွေ့တဲ့သူ
ရှိတယ်တဲ့၊ဒီတော့ ကျွန်မတို့အနေနဲ့ လူကုန်ကူးခံလိုက်ရပြီလားလို့
တွေးမိပါတယ်”

ဒေါ်ခင်နန်းမြင့်ပြောခဲ့သည့် ဖြစ်စဉ်မျိုးမှာ ၂၀၁၀ခုနှစ်ကလည်း အင်းတော်မြို့တွင် ဖြစ်ဖူးခဲ့ပါသည်၊မြို့ခံမိန်းကလေးများကို ဆေးတိုက်ပြီး လူကြီးများ မသိအောင် အ၀တ်အစားယူစေ၍ တရုတ်နိုင်ငံသို့
ခေါ်ဆောင် ရောင်းချခဲ့သည့် ဖြစ်စဉ်များဖြစ်ပါသည်။

ထိုဖြစ်စဉ်အား ကျွန်တော်မှ ဖေါ်ထုတ်ရေးသားခဲ့ရာ လူကုန်ကူးခဲ့သည့် တရားခံ များအားလုံး ထောင်(၁၀)နှစ်ကျခံလိုက်ရပြီးဖြစ်ပါသည်။
ယခုပျောက်ဆုံးသွားသည့်ဖြစ်စဉ်မှာ ယခင်အင်းတော်မြို့တွင် ဖြစ်ပွားခဲ့သော
ခြေရာလက်ရာအတိုင်းဖြစ်နေပါသောကြောင့် မိခင်ဖြစ်သူ၏ စိုးရိမ်မှုမှာ အပြစ်ဆိုစရာမရှိပါ။ 

ထိုပျောက်ဆုံးသွားသောမိန်းကလေးနှင့် ပါတ်သက်၍တွေ့ရှိသူများ၊
တွေ့မြင်သူများရှိပါက ကျွန်တော့်ထံ အွန်လိုင်းမှတဆင့်(သို့မဟုတ်)
ဖုန်း၀၉၆၄၆၈၄၅၅ သို့ ဆက်သွယ်ကူညီပေးနိုင်ရန် ရေးသားလိုက်ရပါသည်၊

(ဟာဂျူလီ-ကသာ) Facebook
ဒီဓါတ်ပုံရှင်အား တွေ့ရင် အကြောင်းကြားပေးကြပါ
ကသာမြို့ အမှတ်(၉)ရပ်ကွက်နေ မမေသက်ဇွန်သည် ၁၂၊၁၁၊၁၂ ရက်နေ့ မနက်က အကြောင်း မဲ့ ပျောက်ဆုံး သွားခဲ့ပါသည်၊ ထိုမိန်းက
လေးမှာအသက်၂၄နှစ်ရှိပြီဖြစ်ပြီး စက်ချုပ်မှု အလုပ်လုပ်ကိုင် သူ ဖြစ်ကြောင်း၎င်း၏မိခင်ဖြစ်သူဒေါ်ခင်နန်းမြင့်မှ ကျွန်တော့်ထံ ဆက်သွယ်ပြောဆိုခဲ့ပါသည်၊၊

အမေရိကန်အခြေစိုက် Alvogen ကုမ္ပဏီနှင့် မြန်မာကုမ္ပဏီ Silver Shine International တို့ပူးပေါင်း၍ ပြည်တွင်း၌ အဆင့်မြင့် နိုင်ငံခြားဆေးဝါးများ စတင်ထုတ်လုပ်ရန် ပြင်ဆင်

Photo: အမေရိကန်အခြေစိုက် Alvogen ကုမ္ပဏီနှင့် မြန်မာကုမ္ပဏီ Silver Shine International တို့ပူးပေါင်း၍ ပြည်တွင်း၌ အဆင့်မြင့် နိုင်ငံခြားဆေးဝါးများ စတင်ထုတ်လုပ်ရန် ပြင်ဆင် 
Thursday, 13 December 2012 

အမေရိကန်အခြေစိုက် Alvogen ကုမ္ပဏီနှင့် မြန်မာနိုင်ငံရှိ Silver Shine International (SSI) ကုမ္ပဏီတို့ ပူးပေါင်း၍ ပြည်တွင်း၌ အဆင့်မြင့်
နိုင်ငံခြားဆေးဝါးများ စတင်ထုတ်လုပ်ရန် ပြင်ဆင်လျက်ရှိကြောင်း 
Silver Shine International (SSI)  ကုမ္ပဏီမှ မန်နေးဂျင်း ဒါရိုက်တာဦးဖေလှိုင်၏ ပြောကြားချက်အရ သိရသည်။

ပြည်တွင်း၌ အဆင့်မြင့် နိုင်ငံခြားဆေးဝါးများ စတင်ထုတ်လုပ်နိုင်ရန်
အတွက် ဆေးဝါးထုတ်လုပ်ခြင်းဆိုင်ရာ နည်းပညာများကို Alvogen ကုမ္ပဏီနှင့် ပူးပေါင်း လုပ်ဆောင်သွားမည်ဖြစ်ပြီး လိုအပ်သည့် ကုန်ကြမ်းပစ္စည်းများကိုလည်း ယင်းကုမ္ပဏီမှပင် မှာယူ တင်သွင်း
သွားမည်ဖြစ်ကြောင်း သိရသည်။

အမေရိကန် အခြေစိုက် Alvogen ကုမ္ပဏီနှင့် မြန်မာနိုင်ငံရှိ Silver Shine International  ကုမ္ပဏီတို့ လုပ်ငန်းများ ပူးပေါင်း လုပ်ဆောင်ရန်အတွက် ဒီဇင်ဘာလ ၁၁ ရက်နေ့က ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်၌ နားလည်မှု
စာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်ကြောင်း၊ လက်ရှိ၌ မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှုကော်မရှင်သို့ လုပ်ငန်းလုပ်ကိုင်ခွင့် လျောက်ထားပြီး
ဖြစ်ကြောင်းနှင့် လုပ်ငန်းများအား ၂၀၁၃ ခုနှစ် နှစ်ဆန်းပိုင်းတွင် စတင်လုပ်ကိုင်နိုင်ရန် ပြင်ဆင်လျက်ရှိကြောင်း သိရသည်။

''ပြည်တွင်းက နိုင်ငံခြားဆေးဝါး ထုတ်လုပ်တဲ့ ကုမ္ပဏီနဲ့ ပြည်ပကုမ္ပဏီတွေ အခုလိုပူးပေါင်းတာ မြန်မာနိုင်ငံအနေနဲ့ ဒါကပထမဦးဆုံးအကြိမ်ပါ။ အရင်က ဆေးဝါးထုတ်လုပ်မယ်ဆိုရင် ပြည်တွင်းကုမ္ပဏီတွေကိုပဲ လုပ်ကိုင်ခွင့်ပေးခဲ့ပြီး အခုအစိုးရသစ်လက်ထက်မှာမှ ပြည်ပကုမ္ပဏီတွေနဲ့ ပူးပေါင်းလုပ်ကိုင်ခွင့်ရတာပါ။ လက်ရှိပြည်တွင်းက နိုင်ငံခြားဆေးဝါး ထုတ်လုပ်နေတဲ့သူတွေကလည်း အိမ်သုံးဆေးဝါးတွေကိုပဲ ထုတ်လုပ်နိုင်ပြီး အဆင့်မြင့်ဆေးဝါးတွေကိုကျတော့ ပြည်ပနိုင်ငံတွေကပဲ တင်သွင်း
နေရတယ်။ ဒါကြောင့် ပြည်တွင်းမှာလည်း အဆင့်မြင့်ဆေးဝါးတွေ ထုတ်လုပ်နိုင်အောင် ပြည်ပကုမ္ပဏီတွေနဲ့ ပူးပေါင်း ဖြစ်တာပါ။ ပူးပေါင်းတဲ့နေရာမှာ သူတို့ဆီက ပညာရှင်တွေ ဒီကိုလာပြီး ဆေးဝါး
ထုတ်လုပ်မှုနဲ့ ပတ်သက်တဲ့ နည်းပညာတွေကို သင်တန်းပေးတာအပြင် လိုအပ်တဲ့ ကုန်ကြမ်းပစ္စည်း တင်သွင်းမှာယူတာ တွေကိုပါ လုပ်ဆောင်
သွားမှာဖြစ်ပါတယ်'' ဟု Silver Shine International မှ မန်နေးဂျင်း
ဒါရိုက်တာ ဦးဖေလှိုင်က ဆိုသည်။

Alvogen ကုမ္ပဏီသည် နောက်ပိုင်း တွင် Silver Shine နှင့် ပူးပေါင်း၍
ပြည်တွင်း၌ အဆင့်မြင့်နိုင်ငံခြားဆေးဝါး စက်ရုံ ဆောက်လုပ်နိုင်ရန် ရည်ရွယ်ထားကြောင်း Alvogen သည် အဆင့်မြင့် ဆေးဝါးများ ထုတ်လုပ်သည့် ကုမ္ပဏီတစ်ခုဖြစ်ပြီး ကမ္ဘာ့နိုင်ငံပေါင်း ၂၀ ကျော်၌ 
ရုံးခွဲများ ဖွင့်လှစ်ထားကြောင်း သိရသည်။

Eleven Media Groupအမေရိကန်အခြေစိုက် Alvogen ကုမ္ပဏီနှင့် မြန်မာနိုင်ငံရှိ Silver Shine International (SSI) ကုမ္ပဏီတို့ ပူးပေါင်း၍ ပြည်တွင်း၌ အဆင့်မြင့်နိုင်ငံခြားဆေးဝါးများ စတင်ထုတ်လုပ်ရန် ပြင်ဆင် လျက်

CZ 2012 ဇာတ်ကားနှင့် စပ်လျဉ်း၍ ဂျက်ကီချန်း သတင်းစာ ရှင်းလင်း ပွဲပြုလုပ်



Photo: CZ 2012 ဇာတ်ကားနှင့် စပ်လျဉ်း၍ ဂျက်ကီချန်း သတင်းစာ ရှင်းလင်း ပွဲပြုလုပ် 


ကမ္ဘာကျော် မင်းသားကြီး ဂျက်ကီချန်းသည် ၎င်းပါဝင် သရုပ်ဆောင် ထားသော  “CZ 2012”  အက်ရှင် ဇာတ်ကားနှင့် စပ်လျဉ်း၍ ၂ဝ၁၂ ခုနှစ် ဒီဇင်ဘာ ၁၁ ရက်က တရုတ်နိုင်ငံ ပေကျင်းမြို့၌   သတင်းစာရှင်းလင်းပွဲ တစ်ရပ်ပြုလုပ်ခဲ့ကြောင်း သိရသည်။

"CZ 2012" အက်ရှင် ဇာတ်ကားကို ဂျက်ကီချန်း ကိုယ်တိုင် သရုပ်ဆောင်၍ ဒါရိုက်တာ အဖြစ်လည်း  ဆောင်ရွက် ထားခြင်းဖြစ်ကြောင်း ယင်းသတင်းစာ ရှင်းလင်းပွဲအရ သိရသည်။

အဆိုပါ ဇာတ်ကားကို တရုတ်နိုင်ငံတွင် ဒီဇင်ဘာ ၂ဝ ရက်၌  ရုံတင်ပြသသွားမည် ဖြစ်ကြောင်း  အက်ရှင် မင်းသားကြီး ဂျက်ကီချန်းက ၎င်း အခမ်းအနား၌ ပြောကြားခဲ့သည်ဟု သိရသည်။
 ကမ္ဘာကျော် မင်းသားကြီး ဂျက်ကီချန်းသည် ၎င်းပါဝင် သရုပ်ဆောင် ထားသော “CZ 2012” အက်ရှင် ဇာတ်ကားနှင့် စပ်လျဉ်း၍ ၂ဝ၁၂ ခုနှစ် ဒီဇင်ဘာ ၁၁ ရက်က တရုတ်နိုင်ငံ ပေကျင်းမြို့၌ သတင်းစာရှင်းလင်း ပွဲ

့မြန်မာအစိုးရ တပ်မ ၅၅ အင်အား ၃၀၀ ကျော် တနိုင်းမှာ ရောက်

့မြန်မာအစိုးရ တပ်မ ၅၅ အင်အား ၃၀၀ ကျော် တနိုင်းမှာ ရောက်

13 December 201

ကချင်ပြည်နယ် အနောက်ဘက် ဟူးကောင်းချိုင့်ဝှမ်းဒေသ ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIA တပ်မဟာ (၂) နယ်မြေ တနိုင်းမြို့တွင် မြန်မာအစိုးရ တပ်မ ၅၅ မှ စစ်အင်အား ၃၀၀ ကျော် ရောက်ရှိနေကြောင်း ဒေသခံများဆိုသည်။

ယင်းစစ်ကြောင်းသည် အစိုးရတပ်စခန်းရှိသည့် အိန္ဒိယနယ်စပ်အနီး နန်ယွန် (Nan Yun)၊ ပန်ဆောင် (Pangsau)နှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ KIO အိန္ဒိယနယ်စပ်ဆက်ဆံရေးရုံး (ROKA-I) ရှိရာသို့ စစ်အင်အားဖြည့်တင်းရန် ရည်ရွယ်ချီတက်လာခြင်းဖြစ်သည်ဟု ဒေသခံများဆက်ဆိုသည်။

ဒီဇင်ဘာ ၁၁ ရက်၊ ယနေ့ အင်္ဂါနေ့ထိ တနိုင်းမှ ထွက်ခွာခြင်းမရှိသေးကြောင်း သိရသည်။
 
လီဒိုလမ်းမတလျှောက် တပ်မ ၈၈ နှင့် နယ်မြေခံတပ်ရင်းများ၏ ကာကွယ်စောင့်ရှောက်ပေးမှုအောက် အရပ်ဝတ်ဖြင့် တပ်မ ၅၅ စစ်သားများသည် အစိုးရထိန်းချုပ်သည့် တနိုင်းမြို့သို့ ဒီဇင်ဘာ ၅ရက်မှ စတင် ၀င်ရောက်လာသည်ဟု ဒေသခံများ KNG ကချင်သတင်းဌာန သို့ပြောပါသည်။

အရပ်ဝတ် စစ်သားများသည် အရပ်သားများစီးသောကားများဖြင့် တရက်မှာ နည်းနည်းစီ မိုးကောင်းမှ တနိုင်းသို့ ၀င်ရောက်လာခြင်းဖြစ်ကြောင်း မျက်မြင်သက်သေများ ဆိုသည်။

ယခုလို အစိုးရ စစ်အင်အားသစ်များ KIA တပ်မဟာ ၂ နယ်မြေသို့ တိုးချလာခြင်းကြောင့် မကြာမီ တိုက်ပွဲများ ဖြစ်လာမည်ကို ဒေသခံများစိုးရိမ်နေကြောင်း သိရသည်။

ကချင်ပြည်နယ်တွင် အစိုးရနှင့် KIO ကြား တနှစ်ခွဲကြာ တိုက်ပွဲများဖြစ်ပွားနေသော်လည်း အခြားဒေသများနှင့် နှိုင်းယှဉ်လျှင် ဟူးကောင်းချိုင့်ဝှမ်းဒေသတွင် တိုက်ပွဲ နည်းပါးပါသည်။

(KNG)
ကချင်ပြည်နယ် အနောက်ဘက် ဟူးကောင်းချိုင့်ဝှမ်းဒေသ ကချင် လွတ်မြောက်ရေး တပ်ဖွဲ့ KIA တပ်မဟာ (၂) နယ်မြေ တနိုင်းမြို့

နေပြည်တော် ကားပြ ပွဲတွင် ကုန်ပစ္စည်း ၏ ၃၀ ရာခိုင် နှုန်းကို ပေးချေ ရုံဖြင့် လက်ဝယ် ပိုင်ဆိုင် နိုင်မည်

နေပြည်တော် ကုန်စည် ပြပွဲနှင့် ကားပြပွဲတွင် ခင်းကျင်း ပြသ ထားသော မော်တော်ကား များ ကို တွေ့ရစဉ်။  နေပြည်တော် ကုန်စည် ပြပွဲနှင့် ကားပြပွဲဖွင့်ပွဲ အခမ်း အနားကို ယနေ့ မွန်းတည့် ၁၂ နာရီတွင် အဆိုပါ ပြပွဲ ကျင်းပမည့် ဥပ္ပါတသန္တိ စေတီတော် ဘုရားပွဲတော်

နိပွန်ဖောင်ဒေးရှင်း အကူအညီ ရှားတော IDP သို့ ယခုလ အတွင်း ရောက်မည်

ကချင် ၊ ကရင် ၊ ကယား ၊ ချင်း ၊ ရခိုင် ၊ ရှမ်း နဲ့  မွန် သတင်းများ  ဒီဇင်ဘာ  ၁၃၊ ၂၀၁၂

နိပွန်ဖောင်ဒေးရှင်း အကူအညီ ရှားတော IDP သို့ ယခုလ အတွင်း ရောက်မည် 

ကယားပြည်နယ်၊ ရှားတော မြို့နယ် အတွင်းရှိ ပြည်တွင်း ရွာပုန်းရွာရှောင် ဒုက္ခသည် IDP စခန်းမှ လူဦးရေ ၄,ဝဝဝ ကျော်အတွက် နိပွန် ဖောင်ဒေးရှင်းနှင့် သဘောတူထားသည့် အကူအညီ တချို့ကို အရေးပေါ်အဖြစ် ဒီဇင်ဘာလအတွင်း ပို့ဆောင်ရန် ရှိကြောင်း ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီက ဆိုသည်။
အဆိုပါ အရေးပေါ်အကူအညီများမှာ စားနပ်ရိက္ခာနှင့် ဆေးဝါးများသာ ဖြစ်ကြောင်း KNPP အတွင်းရေးမှူး (၁) ခူးဦးရယ် က ပြောသည်။

“သူတို့(နိပွန်)ဘက်က အပြောအရတော့ မကြာမီ တရက် နှစ်ရက်အတွင်း ပေးမယ်လို့ ပြောတယ်။ ဒီလထဲလို့တော့ပြောလို့ရတယ်။ ဒီရက်တွေ အတောအတွင်း သူတို့ ကိုယ်စား လှယ်တွေ နောက်ဆုံး အကြိမ် အဖြစ် လာရောက် ညှိနှိုင်းဖို့ ရှိပါတယ်” ဟု ပြောသည်။ ရိက္ခာ (ဆန်) အား ပြည်တွင်းမှ ဝယ်ယူရန် သဘောတူထားပြီး ဆေးဝါးများကို ထိုင်းနိုင်ငံဘက်မှ ဝယ်ယူကာ နယ်စပ်ဖြတ်ကျော် ပေးပို့သွားရန် စီစဉ်ထားသည်။

နိုဝင်ဘာလ ၄ ရက်နေ့က ဖောင်ဒေးရှင်း ဥက္ကဋ္ဌ Yohei Sasakawa နှင့် ကိုယ်စားလှယ် အဖွဲ့တို့ လွိုင်ကော်မြို့သို့ သွားရောက်ကာ အကူအညီ ပေးရန်အတွက် လေ့လာခဲ့သည်။နိပွန် ဖောင်ဒေးရှင်း အနေနှင့် တိုင်းရင်းသား ဒေသများသို့ ဒေါ်လာ ၃ သန်းခန့် အကူအညီ ပေးရန် ရှိကြောင်း ထုတ်ပြန် ပြောဆိုထားပြီး ကနဦး ပရောဂျက် အနေဖြင့် ဒေါ်လာ ၃ သိန်းတန် ရိက္ခာနှင့် ဆေးဝါးများကို ပေးအပ် သွားမည် ဖြစ်ကာ ကျန်ပမာဏကို လာမည့် နှစ်၌ ဆက်လက်၍ ပေးအပ်သွားဖွယ် ရှိသည်။ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ အဆင်ပြေစွာ လုပ်ကိုင်နိုင်ရန် ဒီမောဆိုးမြို့၊ ရို့ဖယ်ခို ရပ်ကွက်၌ ဖွံ့ဖြိုးရေးရုံး တခုအား ဒီဇင်ဘာလ ၇ ရက်နေ့က ဖွင့်လှစ်ကြောင်းလည်း ခူးဦးရယ် က ဆိုသည်။

“တချို့ INGOs တွေနဲ့ ဖွံ့ဖြိုးရေး လုပ်ငန်းတချို့ကို လုပ်ကိုင်ဖို့ ရှိပါတယ်။ လုပ်ငန်းက အတွင်းမှာပဲ အများကြီး ရှိပြီးတော့ ကျနော်တို့ကို တကူးတက ပြည်ပမှာ လိုက်လာ တွေ့နေရတဲ့ အခက်အခဲတွေ လွယ်ကူအောင်လို့ပါ” ဟု ပြောသည်။

KNPP နှင့် အစိုးတို့အကြား ဖွံ့ဖြိုးရေး လုပ်ငန်းများအား အသေးစိတ် သဘောတူထားမှု မရှိသော်လည်း ပညာရေး၊ ကျန်းမာရေး၊ လမ်းတံတား၊ လူထု ပြန်လည်နေရာ ချထားရေး လုပ်ငန်းများအား ပြည်နယ်အဆင့်နှင့် ပြည်ထောင်စု အဆင့် တို့နှင့် ပူးပေါင်း လုပ်ဆောင်နိုင်ကြရန် အကြမ်းဖျင်း မူအားဖြင့် သဘောတူထားသည် ဟုလည်း ခူးဦးရယ်က ပြောဆိုသည်။



NLABR
Web-site:    www.nlabr.com
Facebook:    Sa Maung
Facebook:    Miraculous Master For English Language
ကယားပြည်နယ်၊ ရှားတော မြို့နယ် အတွင်းရှိ ပြည်တွင်း ရွာပုန်း ရွာရှောင် ဒုက္ခသည် IDP စခန်းမှ လူဦးရေ ၄,ဝဝဝ ကျော်အတွက် နိပွန် ဖောင်ဒေး ရှင်းနှင့် သဘောတူထားသည့် အကူအညီ တချို့ကို အရေးပေါ် အဖြစ် ဒီဇင်ဘာလအတွင်း ပို့ဆောင်ရန် ရှိကြောင်း ကရင်နီ

မိုဘိုင်းလ်ဖုန်း ဆင်းကတ်များ နေပြည်တော် ဈေးကွက်အတွင်း ရောင်းချမှု နည်းပါးလာ


မိုဘိုင်းလ်ဖုန်း ဆင်းကတ်များ နေပြည်တော် ဈေးကွက်အတွင်း ရောင်းချမှု နည်းပါးလာ


နေပြည်တော် ကောင်စီနယ်မြေအတွင်း မိုဘိုင်းလ်ဖုန်းဆင်းကတ်များကို ၂ဝ၁၃ ခုနှစ် ဇန်နဝါရီတွင် တစ်သိန်းဝန်းကျင် တန်ဖိုးရှိ ဖုန်းလိုင်းများ ထပ်မံချထားပေးတော့မည်ဟု သတင်းများထွက်ပေါ် လာပြီးနောက် ဒီဇင်ဘာ အစောပိုင်းမှစ၍    မိုဘိုင်းလ်ဖုန်း ဆင်းကတ်များ ရောင်းချမှု  နည်းပါး လာကြောင်း သိရသည်။

မိုဘိုင်းလ်ဖုန်း ဆင်းကတ်များကို အချို့ဆိုင်များတွင် ငွေကျပ် ၁၅ဝဝဝဝ ဖြင့် ရောင်းချပေးခဲ့ပြီး အရစ်ကျ စနစ်များဖြင့်လည်း ရောင်းချပေးခဲ့သည်။ 

ထို့အပြင် ယခင်က ပုံမှန် ရောင်းဈေးဖြစ်သော ကျပ်နှစ်သိန်း၊ နှစ်သိန်းနှင့် ဝန်ဆောင်ခကျပ် နှစ်ထောင်မှ ကျပ်ငါးထောင် အထိ ရောင်းချခဲ့ ကြသော် လည်း ဝယ်ယူသူ နည်းပါးလာသည့် အတွက် အချို့ဆိုင်များမှာ ဆင်းကတ်များ ကို ဇန်နဝါရီ လ ဆန်းပိုင်းမှသာ ပြန်လည်ရောင်းချ ပေးတော့မည်ဖြစ်ကြောင်း နေပြည်တော် မိုဘိုင်းလ်ဖုန်း အရောင်းဆိုင်အချို့မှ သိရသည်။
နေပြည်တော် ကောင်စီနယ်မြေအတွင်း မိုဘိုင်းလ်ဖုန်းဆင်းကတ်များကို ၂ဝ၁၃ ခုနှစ် ဇန်နဝါရီတွင် တစ်သိန်းဝန်းကျင် တန်ဖိုးရှိ ဖုန်းလိုင်းများ ထပ်မံချထားပေးတော့မည်ဟု

တာဝေးပစ် ဒုံးပျံတစ်စင်း မြောက်ကိုရီးယား အောင်မြင်စွာ လွှတ်တင်ခဲ့


တာဝေးပစ် ဒုံးပျံတစ်စင်း မြောက်ကိုရီးယား အောင်မြင်စွာ လွှတ်တင်ခဲ့

နိုင်ငံတကာ၏ သတိထား စောင့်ကြည့် မှုခံရပြီး နည်းပညာဆိုင်ရာ ပြဿနာကြောင့် ဒုံးကျည်လွှတ်တင်ရန် နှောင့်နှေး ကြန့်ကြာခဲ့သော မြောက်ကိုရီးယား နိုင်ငံသည် ဂြိုဟ်တု တစ်စင်းနှင့်အတူ တာဝေးပစ် ဒုံးပျံတစ်စင်းကို ဒီဇင်ဘာ ၁၂ ရက်က အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့သည်ဟု သိရသည်။

မြောက်ကိုရီးယားသည် နည်းပညာ ဆိုင်ရာ ပြဿနာများအား ကြိုးပမ်းဖြေ ရှင်းခဲ့ပြီးနောက် ဒုံးပျံတစ်စင်းကို ဒီဇင်ဘာ ၂၉ ရက်မတိုင်မီ သတင်းတစ်ပတ် အလို၌ လွှတ်တင်သွားမည်ဟု တောင်ကိုရီးယား အစိုးရက အစောပိုင်းတွင် ပြောကြားခဲ့သည်။

ယခု လွှတ်တင် လိုက်သည့် ဒုံးပျံ၏ ပထမအဆင့်သည် တောင်ကိုရီးယား နိုင်ငံမြောက်ဘက် ဂျေအိုလာ ပြည်နယ်  Byeonsan –bando ဒေသရှိ ပင်လယ် ဝါအတွင်းသို့ ကျရောက်ခဲ့ကြောင်း ယွန်ဟပ် သတင်းဌာနမှ ထုတ်ပြန် ခဲ့သည်။ အလားတူ ၎င်းဒုံးပျံ၏ အစိတ်အပိုင်း တစ်ခုသည် ဒေသစံတော်ချိန် နံနက် ၁ဝ  နာရီဝန်းကျင်က   အိုကီနာဝါ ကျွန်းစု တောင်ပိုင်းကို ကျော်ဖြတ်၍ ပင်လယ်အတွင်းသို့ ကျရောက်ခဲ့ကြောင်း ဂျပန် အစိုးရကလည်း ပြောကြား ခဲ့သည်။

မြောက်ကိုရီးယားမှ ဒုံးပျံလွှတ်တင် ပြီးနောက် အမျိုးသား လုံခြုံရေးကောင်စီ အစည်းအဝေးကို တောင်ကိုရီးယား သမ္မတ လီမြောင်ဘတ်က ချက်ချင်း ကျင်းပ ခဲ့သည်။ လွှတ်တင်ခဲ့သောဒုံးပျံကို တိုက်ခိုက်ဖျက်ဆီးရန်  အမေရိကန် ပြည်ထောင်စုနိုင်ငံနှင့် ဂျပန်နိုင်ငံတို့မှ တာဝန် ရှိအကြီးအကဲများက ညှိနှိုင်း တိုင်ပင်ခဲ့ ကြသည်ဟု စုံစမ်း စစ်ဆေးရေး အဖွဲ့များ က ထုတ်ဖော် ပြောကြားခဲ့သည်။

မြောက်ကိုရီးယားသည် ဧပြီလတွင် ဂြိုဟ်ပတ် လမ်းအတွင်းသို့ ဂြိုဟ်တုတစ် စင်းလွှတ်တင်ခဲ့ရာ မအောင်မြင် ခဲ့သော ကြောင့် ဒုတိယအကြိမ် ကြိုးပမ်းမှု အဖြစ် ဒီဇင်ဘာ ၁၂ ရက်က ထပ်မံ လွှတ်တင်ခဲ့ခြင်း ဖြစ်သည်။

မြောက်ကိုရီးယား၏  ဒုံးပျံလွှတ်တင်မှုနှင့် ပတ်သက်၍ အမျိုးသားလုံခြုံရေး ကောင်စီကို ဒီဇင်ဘာ ၁၂ ရက် ဒေသစံတော်ချိန် နံနက် ၁ဝ နာရီ မိနစ်  ၅ဝ ၌  ကျင်းပခဲ့သည်ဟု ဂျပန်အစိုးရက ပြောကြားခဲ့သည်။နိုင်ငံတကာ၏ သတိထား စောင့်ကြည့် မှုခံရပြီး နည်းပညာ ဆိုင်ရာ ပြဿနာကြောင့် ဒုံးကျည်လွှတ်တင်ရန် နှောင့်နှေး ကြန့်ကြာ ခဲ့သော မြောက်ကိုရီးယား နိုင်ငံသည် ဂြိုဟ်တု တစ်စင်းနှင့်အတူ တာဝေးပစ် ဒုံးပျံတစ်စင်းကို ဒီဇင်ဘာ ၁၂ ရက်က အောင်မြင်စွာ

အိန္ဒိယဂီတပညာရှင် Ravi Shankar ကွယ်လွန်



Beatles တွေရဲ့ တေးဂီတ ဘိုးအေကြီးလို့ တင်စားခေါ်ဝေါ်ကြတဲ့ အိန္ဒိယဂီတပညာရှင် Sitar တူရိယာကို အထူးကျွမ်းကျင်သူ အသက် ၉၂ နှစ်ရှိပြီဖြစ်တဲ့ Ravi Shankar ကွယ်လွန်သွားပြီ ဖြစ်ပါတယ်။
နာမကျန်းဖြစ်နေတာ ကြာပြီဖြစ်တဲ့ Ravi Shankar ဟာ အမေရိကန် အနောက်ပိုင်း ကယ်လီဖိုး

ဆီးရီးယား အတိုက်အခံကို နိုင်ငံပေါင်း ၁၀၀ ကျော်အသိအမှတ်ပြု


ကမ္ဘာ့သတင်းများ  13/12/2012

နိုင်ငံတကာသတင်း

ဆီးရီးယား အတိုက်အခံကို နိုင်ငံပေါင်း ၁၀၀ ကျော်အသိအမှတ်ပြု 

ဆီးရီးယားသမ္မတ Bashar al-Assad ရာထူးက ဆင်းပေးဖို့ တောင်းဆိုနေကြတဲ့ နိုင်ငံပေါင်း ၁၀၀ ကျော်က ကိုယ်စားလှယ်တွေက မကြာခင်က အသစ်ဖွဲ့စည်းလိုက်တဲ့ ဆီးရီးယားအတိုက်အခံ ညွန့်ပေါင်းအဖွဲ့ကသာ ဆီးရီးယားလူမျိုးတွေကို တရားဝင်ကိုယ်စားပြုတဲ့အဖွဲ့အဖြစ် တရားဝင် အသိအမှတ်ပြုလိုက်ကြပါတယ်။

ဒီအတောအတွင်း ဆီးရီးယားအစိုးရက Scud ဒုံးကျည်တွေနဲ့ သူပုန်တပ်ဖွဲ့တွေကို မကြာခင်က ပစ်ခတ်ခဲ့တယ်လို့ အဆင့်မြင့် အမေရိကန်အရာရှိ တဦးက ပြောပါတယ်။ အဲဒီ ဒုံးကျည်ဟာ ဓာတုလက်နက်တွေ တပ်ဆင်ထားတဲ့ ဒုံးကျည် ဟုတ်မဟုတ်ဆိုတာတော့ အတိအကျ မသိရသေးပါဘူး။Scud ဒုံးကျည်တွေကို အသုံးပြုလာတာဟာ ၂ နှစ်နီးပါးလောက်ကြာလာပြီဖြစ်တဲ့ ဆီးရီးယားပဋိပက္ခဟာ ပိုပြီး အရှိန်မြင့်လာနေတယ်ဆိုတာကို ပြသလိုက်တာလည်း ဖြစ်ပါတယ်။

မော်ရိုကိုနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေတဲ့ ဆီးရီးယားမိတ်ဆွေနိုင်ငံများအဖွဲ့ကလည်း ဆီးရီးယားအမျိုးသားညွန့်ပေါင်းအဖွဲ့ကို တရားဝင်အဖွဲ့အဖြစ် အစောပိုင်းမှာ အသိအမှတ်ပြုခဲ့ပြီး ဖြစ်ပါတယ်။ 



အိန္ဒိယဂီတပညာရှင် Ravi Shankar ကွယ်လွန် 

Beatles တွေရဲ့ တေးဂီတ ဘိုးအေကြီးလို့ တင်စားခေါ်ဝေါ်ကြတဲ့ အိန္ဒိယဂီတပညာရှင် Sitar တူရိယာကို အထူးကျွမ်းကျင်သူ အသက် ၉၂ နှစ်ရှိပြီဖြစ်တဲ့ Ravi Shankar ကွယ်လွန်သွားပြီ ဖြစ်ပါတယ်။
နာမကျန်းဖြစ်နေတာ ကြာပြီဖြစ်တဲ့ Ravi Shankar ဟာ အမေရိကန် အနောက်ပိုင်း ကယ်လီဖိုးနီးယား ဆေးရုံမှာကွယ်လွန်သွားခဲ့တာပါ။ သူ့ကို ခွဲစိတ်ဖို့အတွက် မကြာသေးခင်ကပဲ ဆေးရုံတင်ခဲ့တာလို့ သူ့မိသားစုက ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

သူဟာ အိန္ဒိယနိုင်ငံက ကျော်ကြားတဲ့ တေးဂီတပညာရှင်ကြီး ဖြစ်ပါတယ်။ သူကွယ်လွန်သွားတဲ့ အတွက် အိန္ဒိယ၀န်ကြီးချုပ် မန်းမိုဟန်ဆင်းက သူ့ရဲ့Twitter မှာ ၀မ်းနည်းကြောင်း ဗုဒ္ဓဟူးနေ့က  သတင်းထုတ်ပြန်ခဲ့ပြီး သူဟာ  အိန္ဒိယနိုင်ငံရဲ့ ရတနာတပါးဖြစ်သလို အိန္ဒိယရိုးရာ ယဉ်ကျေးမှုကို  ကမ္ဘာကသိအောင် ဆောင်ကျဉ်းပေးတဲ့ သံတမန်တဦးလို့ ခေါ်ဆိုခဲ့ပါတယ်။

Ravi Shankar နဲ့ ကွယ်လွန်သွားပြီဖြစ်တဲ့ Beatle တေးဂီတပညာရှင် George Harrison တို့တွဲပြီး ဘန်ဂလာဒက်ရှ်နိုင်ငံမှာ  ၁၉၇၁ ခုနှစ် ကပွဲအပါအ၀င် ဖျော်ဖြေပွဲတွေ အများအပြားကျင်းပခဲ့ပါတယ်။ သူဟာ တယောပညာရှင် Yehudi Menuhin နဲ့လည်း အတူလက်တွဲ ဖျော်ဖြေခဲ့ပါတယ်။အခု အမေရိကန် နိုင်ငံက ကျော်ကြားတဲ့အဆိုတော် Norah Jones ဟာ Ravi Shankar ရဲ့ သမီးဖြစ်ပါတယ်။




မြောက်ကိုရီးယားဂြိုဟ်တု ကမ္ဘာပတ်လမ်းကြောင်းထဲ လွှတ်တင် 

မြောက်ကိုရီးယားနိုင်ငံဟာ နိုင်ငံတကာနဲ့ ကုလသမဂ္ဂရဲ့ သတိပေးတားမြစ်မှုတွေကြားက ဂြိုဟ်တုကို ကမ္ဘာပတ်လမ်းကြောင်းထဲ ရောက်အောင် လွှတ်တင်လိုက်နိုင်ခဲ့ပါပြီ။ရာသီတုတု တိုင်းတာရေးအတွက် လွှတ်တင်တာလို့ ဆိုတဲ့ ဒီ ဂြိုဟ်တု ကမ္ဘာပတ်လမ်းကြောင်းထဲ ရောက် သွားဖို့ ဖြတ်သန်းရတဲ့ အဆင့်သုံးဆင့်လုံးကို အောင်မြင်စွာ ကျော်ဖြတ်သွားခဲ့ကြောင်း မြောက် ကိုရီးယား ဗဟိုသတင်းဌာနက ဗုဒ္ဓဟူးနေ့မှာ ကြေညာခဲ့ပါတယ်။

အမေရိကန်မြောက်ပိုင်း အာကာသကာကွယ်မှု ထိန်းချုပ်ရေးဌာနက - အစောပိုင်းက တွေ့ရှိချက်တွေအရ ဆိုရင် မြောက်ကိုရီးယားဒုံးပျံဟာ ကမ္ဘာပတ် လမ်းကြောင်းထဲကို ဂြိုဟ်တုကို လွှတ်တင်ပေးဖို့ အစိတ် အပိုင်းတခု ဖြုတ်ချလိုက်တာကို တွေ့မြင်ရကြောင်း ပြောပါတယ်။အမေရိကန်၊ တောင်ကိုရီးယား၊ ဂျပန်နဲ့ တခြား အစိုးရအသီးသီးကလည်း - ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အရ တားမြစ်ထားတဲ့ တာဝေးပစ်ဒုံးကျည် စမ်းသပ်မှုကို အခုလို စမ်းသပ်လွှတ်တင်ခဲ့တဲ့ အပေါ် ချက်ခြင်းပဲ ပြစ်တင် ရှုတ်ချလိုက်ကြပါတယ်။

လုံခြုံရေးကောင်စီက မြောက်ကိုရီးယားရဲ့ အခု လုပ်ရပ်အပေါ်မှာ ဆွေးနွေးဖို့ အစည်းအဝေးခေါ် ယူလိမ့် မယ်လို့ သံတမန် အသိုင်းအဝိုင်းက ပြောပါတယ်။ တောင်ကိုရီးယားနဲ့ ဂျပန်နိုင်ငံတို့ကလည်း နိုင်ငံတော် လုံခြုံရေး ထိပ်ပိုင်းတာဝန်ရှိသူတွေနဲ့ အရေးပေါ်အစည်းအဝေးကျင်းပဖို့ ပြောဆိုထားပါတယ်။




NLABR 
Web-site:    www.nlabr.com
Facebook:    Sa Maung
Facebook:    Miraculous Master For English Language
ဆီးရီးယားသမ္မတ Bashar al-Assad ရာထူးက ဆင်းပေး ဖို့ တောင်းဆိုနေကြတဲ့ နိုင်ငံပေါင်း ၁၀၀ ကျော်က ကိုယ်စား လှယ်တွေက မကြာခင်က အသစ်ဖွဲ့စည်းလိုက်တဲ့ ဆီးရီးယား အတိုက် အခံ ညွန့်ပေါင်းအဖွဲ့ကသာ ဆီးရီးယားလူမျိုးတွေကို တရားဝင်

“ဆုန်သင်းပါရ်ရဲ့ ကိုယ်ပိုင်သံစဉ်`အသစ်´ သီချင်းခွေ မကြာမီလာမည်”

Photo: “ဆုန်သင်းပါရ်ရဲ့ ကိုယ်ပိုင်သံစဉ်`အသစ်´ သီချင်းခွေ မကြာမီလာမည်”
Thursday, December 13, 2012

(၇)နှစ်ကြာပြီးနောက်ပိုင်း စတုတ္ထတစ်ကိုယ်တော် တေးစီးရီးထွက်ရှိလာတဲ့ ဆုန်သင်းပါရ်ရဲ့ `အသစ်´တေးစီးရီးအယ်လ်ဘမ် (ကိုယ်ပိုင်သံစဉ် သီချင်း သစ်များ) ကို ဒီဇင်ဘာ (၂၂)ရက်နေ့ မှာ The Sun Music
ထုတ်လုပ်ရေးကနေ စတင်ဖြန့်ချိတော့မှာ ဖြစ်တဲ့အကြောင်း စာနယ်ဇင်း ရှင်းလင်းမှုတစ်ရပ်ကို ဒီဇင်ဘာ ၁၂ ရက် နေ့လည် ၃ နာရီက Park Royal Hotel မှာ ကျင်းပပြု လုပ်ခဲ့ပါတယ်။ ဆုန်သင်းပါရ်ရဲ့ ကိုယ်ပိုင်သံစဉ် `အသစ်´ တေးစီးရီးကို ကမ္ဘာ့အဆင့်မီ ရေ ရှည်ခံသော Gold Disc နဲ့ အသုံးပြုထားပြီး 24 Bit စနစ်နဲ့ အသံသွင်းယူထားတဲ့အတွက် အရည် အသွေးမြင့်မားတဲ့ စီးရီးအယ်လ်ဘမ် တစ်ခု ဖြစ်ကြောင်း သိရသည်။

Popular Journal(၇)နှစ်ကြာပြီးနောက်ပိုင်း စတုတ္ထ တစ်ကိုယ်တော် တေးစီးရီးထွက် ရှိ လာတဲ့ ဆုန်သင်းပါရ်ရဲ့ `အသစ်´တေးစီးရီးအယ်လ်ဘမ် (ကိုယ်ပိုင်

မန္တလေးတိုင်းဒေသကြီး အိမ်မြေတန်ဖိုးသတ်မှတ်ရေးအဖွဲ့ရဲ့လုပ်ငန်းဆောင်ရွက်ရာတွင် အကျင့်ပျက် ခြစားမှုများကို ပြန်လည် ဖော်ထုတ်အရေးယူဆောင်ရွက်နိုင်ပါရန် တင်ပြခြင်း (တိုင်ကြားစာ)


မြန်မာနိုင်ငံ တစ်ဝှမ်းလုံးမှာ အိမ်၊မြေအစရှိတဲ့ မရွှေ့မပြောင်းနိုင်တဲ့ အခြေပစ္စည်းများကို ၀ယ်ယူသူတည်ဆောက်သူ အခွန်ထမ်းပြည်သူများ အား နိုင်ငံတော် အစိုးရမှ အခွန်သက်သာခွင့်အနေနဲ့ ၀ယ်ယူတည်ဆောက်တဲ့ တန်ဖိုးပေါ်မှာ တံဆိပ်ခေါင်းနှင့်အမြတ်ခွန် (၁၅%) မေးဆောင်စေ

ကမ္ဘာကျော် အဆိုတော်နဲ့ မြန်မာ အထင်ကရတို့ရဲ့ ဂီတဖျော်ဖြေပွဲ



အခမဲ့ ကြည့်ရူနိုင်မယ့် ဂီတပွဲကို လာမယ့် တနင်္ဂနွေနေ့ ရန်ကုန်မြို့ ပြည် သူ့

Wednesday, December 12, 2012

ပြည်တွင်းဆေးဝါး ဈေးကွက်တွင် ဆေးဝါးတုများ ၀င်ရောက်လျှက်ရှိ၊ သတိပြု ၀ယ်ယူသင့်


ပြည်တွင်းဆေးဝါးဈေးကွက်တွင် အရည်အသွေးပြည့်မှီခြင်း မရှိသော ဆေးဝါးအတုများ ပြည်ပမှ နည်းလမ်းပေါင်းစုံဖြင့်ဝင်ရောက်နေခြင်းကြောင့် ဆေးဝါးဈေးကွက်တည်ငြိမ်မှုမရှိကြောင်း ဆေးဝါး ဈေးကွက်

ဆီးရီးယားမြောက်ပိုင်းမှ အစိုးရစစ် စခန်းကို သူပုန်များသိမ်း


ဆီးရီးယားမြောက်ပိုင်းမှ အစိုးရစစ် စခန်းကို သူပုန်များသိမ်း

12/Dec/2012

ဆီးရီးယား သူပုန်များသည် နိုင်ငံ၏မြောက်ပိုင်း အလက်ပိုမြို့၏ အနောက်ဘက် ကပ်လျက်ရှိသည့် ကြည်းတပ် အခြေစိုက် စခန်းတစ်ခုကို နောက်ထပ် သိမ်းပိုက်လိုက်ကြောင်း၊ တူရကီ နယ်စပ်အနီး နယ်မြေများကို အတိုက်အခံတို့က ထိန်းချုပ်ထားခြင်းအား ပိုမိုခိုင်မြဲသွားစေကြောင်း လှုပ်ရှားသူများက တနင်္လာနေ့တွင် ပြောကြားသည်။ သူပုန်များသည် ရှိတ်ဆူလမန် စစ်စခန်း ဝန်းကျင်၌ သီတင်းပတ်နှင့် ချီ၍ တိုက်ပွဲများ ဆင်နွှဲပြီးနောက် တနင်္ဂနွေနေ့ ညနေပိုင်းတွင် ယင်းစခန်းအတွင်းသို့ ဝင်ရောက်သွားကြပြီ ဖြစ်ကြောင်း ဗြိတိန်အခြေစိုက် ဆီးရီးယား လူ့အခွင့်အရေး လေ့လာရေး အဖွဲ့က ပြောကြားခဲ့သည်။ လွန်ခဲ့သည့်လက အလက်ပိုမြို့အနီးရှိ စစ်စခန်း တစ်ခုဖြစ်သော ကြည်းတပ်၏ အမှတ် ၄၆ တပ်ရင်း စခန်းကိုလည်း သူပုန်တို့ သိမ်းယူနိုင်ခဲ့သည်။ သဘောထား တင်းမာသော စစ်သွေးကြွ အုပ်စုများက သူပုန်များသည် ရှိတ်ဆူလမန် စခန်းကို ဝင်ရောက် တိုက်ခိုက် ခဲ့ကြသည်ဟု လူ့အခွင့်အရေး လေ့လာရေး အဖွဲ့ခေါင်းဆောင် ရာမီအဗ္ဗူလ်ရာမန်က ပြောသည်။ ရာမန်က အေပီ သတင်းဌာနသို့ ပြောကြားရာတွင် ယင်းသို့ ရှိတ်ဆူလမန် စခန်းကို သိမ်းပိုက်ခဲ့ကြသော တိုက်ခိုက်ရေး သမားမှာ ဂျီဟတ်အယ်လ်-နျူဆရာ၊ မူဂျာဟီဒင်ဘူရာ ကောင်စီနှင့် မူဟာဂျီဒင်း အုပ်စုတို့မှ ဖြစ်ကြသည်ဟု ဆိုသည်။

 (အေပီ)
ဆီးရီးယား သူပုန်များသည် နိုင်ငံ၏မြောက်ပိုင်း အလက်ပိုမြို့၏ အနောက်ဘက် ကပ်လျက်ရှိသည့် ကြည်းတပ် အခြေစိုက် စခန်း တစ်ခုကို နောက်ထပ် သိမ်းပိုက်လိုက်ကြောင်း၊ တူရကီ နယ်စပ်အနီး နယ်မြေများကို အတိုက်အခံတို့က ထိန်းချုပ်ထားခြင်းအား ပိုမိုခိုင်မြဲ

ပူသည့်ရေက ပိုမို အခဲမြန်၊ ယနေ့အထိ အဖြေရှာမရသေး

ပူသည့်ရေက ပိုမို အခဲမြန်၊ ယနေ့အထိ အဖြေရှာမရသေး 

လူတိုင်း ခပ်ရိုးရိုးတွေးလိုက်ရင် အေးတဲ့ရေက ရေပူထက် ရေခဲသတ္တာထည့် လိုက်ရင် ပိုအအေးမြန်တယ်လို့ သိထားကြပါတယ်။ အမှန်တော့မှားပါတယ်။ ပူတဲ့ရေက ပိုပြီးတော့ ရေခဲအဖြစ်မြန်ပါတယ်။ 

ယင်းကို အာဖရိက တန်ဇေးနီးယားကျောင်းသားတစ်ဦး က တွေ့ရှိခဲ့တဲ့ အတွက် Mpemba effect လို့အမည်ပေးထားပါတယ်။ သို့ပေမယ့် ယနေ့တိုင် အဖြေရှာမရသေးပါဘူး။ ၁၉၆၈ ခုနှစ်ကတည်းက တွေ့ရှိ တာဖြစ်ပြီး ဗြိတိန်တော်ဝင် ဓာတုဗေဒ အဖွဲ့ အစည်းကို မေးခွန်းထုတ်ခဲ့ တာ ဖြစ်ပါတယ်။ တစ်ကမ္ဘာလုံးက ဘယ် ဓာတုဗေဒ ပညာရှင်က မှ ပြီးပြည့် စုံတဲ့ အဖြေကို မပေးနိုင်သေးပါဘူး။ 

အပူချိန် ၁၀၀ ဒီဂရီ စင်တီဂရိတ်ရှိတဲ့ ရေနဲ့ ၃၅ ဒီဂရီ စင်တီဂရိတ် ရှိတဲ့ ရေ ကို ရေခဲသတ္တာတစ်ခုတည်း တစ်ပြိုင်နက်တည်းထားပြီး ကြည့်တဲ့အခါ ၁၀၀ ဒီဂရီအပူချိန်ရှိတဲ့ ရေက အရင်ခွဲသွားတာကို လေ့လာ တွေ့ရှိ ခဲ့ခြင်း ဖြစ်ပါ တယ်။ သို့ပေမယ့် အကြောင်းပြချက် ရှာမရသေးပါဘူး။

အဖြေပေးနိုင်သူကိုလည်း ဗြိတိန်ပေါင် ၁ထောင် ဆုချီးမြင့်ပြီး အသိအမှတ်ပြု မယ်လို့ ဗြတိန်တော်ဝင် ဓာတုဗေဒ အဖွဲ့ရဲ့  ကြေငြာမှုကလည်း အကျိုး မသက်ရောက်ပါဘူး။ ယနေ့ထိကို မဖြေရှာ မတွေ့သေးတာ ဖြစ် ပါတယ်။ 

သာမိုင်ဒိုင်းနမစ် ပညာနဲ့ရော၊ ရူပဗေဒ ပညာနဲ့ရော ပေါင်းစပ်လို့ အဖြေရှာပေ မယ့် ထူးခြားမလာသေးပါဘူး။ Evaporation, Super Cooling, Frost, Soultes, Thermal Conductivity, Latent heat of Condensation, Convection အစရှိသဖြင့် အနီးစပ်ဆုံး ခန့်မှန်းမှုများ၊ ရေတွင်ပါဝင်သော ဟိုက်ဒရိုဂျင်နဲ့ အောက်စီဂျင်ကို ဓာတ်ခွဲမှုများ၊ မော်လီကျူး လှုပ်ရှားမှုအသွား အလာများ၊ အက်တမ်တို့ ရွှေ့ လျားမှုများ အစရှိသဖြင့် စုံနေ အောင် ပညာရှင် တို့အမျိုးမျိုး အကြောင်းပြချက် ပေးပေမယ့် ပြီးပြည့်စုံ တဲ့ အဖြေမထွက်သေး ပါဘူး။ 

ဒါကြောင့် ယင်းမေးခွန်း (Mpemba effect) ရဲ့  အဖြေမှန်ဟာ ဗြိတိန်ပေါင် ၁ ထောင်တင်မက ဗြိတိန်ပေါင် သိန်းနှင့်ချီလည်း တန်တယ်လို့ တင်စားကြကြောင်း သိရပါတယ်။ 
--
Ref: Daily Mail

http://www.innewsmyanmar.com/2012/12/blog-post_5623.html

----
---
 လူတိုင်း ခပ်ရိုးရိုးတွေးလိုက်ရင် အေးတဲ့ရေက ရေပူထက် ရေခဲ သတ္တာထည့်လိုက်ရင် ပိုအအေးမြန်တယ်လို့ သိထားကြပါတယ်။ အမှန်တော့ မှားပါတယ်။ ပူတဲ့ရေက ပိုပြီးတော့ ရေခဲအဖြစ်မြန်ပါတယ်။
ယင်းကို အာဖရိကတန်ဇေးနီးယားကျောင်းသားတစ်ဦးက တွေ့ရှိခဲ့တဲ့ အတွက် Mpemba effect လို့အမည်ပေးထားပါတယ်။ သို့ပေမယ့်

ကြက်သွန်ဖြူ၏ ကျန်းမာရေး အကျိုးပြုပုံ


ကြက်သွန်ဖြူ၏ ကျန်းမာရေး အကျိုးပြုပုံ

ကြက်သွန်ဖြူဟာ သဘာဝအလျောက် ဆေးတစ်မျိုးဖြစ်ပီး ရှေးယခင် ကတည်းက တစ်ကမ္ဘာလုံးမှာ ကိုယ့်နည်း ကိုယ်ဟန်နဲ့ ဆေးဖော်စပ် အသုံးပြု ကြပါတယ်။ ချက်ပြုတ် စားသောက် ကြပါတယ်။ ကြက်သွန်ဖြူ ပုံမှန် စားသုံးနေသူ တစ်ဦးဟာ ကိုယ်ခံအားကောင်းပြီး အပြင်မှာ အလွယ် တကူ ကူးဆက်နိုင်တဲ့ ရောဂါများကို တားဆီး ကာကွယ်ပေးပါတယ်။ ဒါ့အပြင် သူ့ မှာ အခြားသော ကျန်းမာရေး အကျိုးကျေးဇူးများလည်း ရှိနေသေးတဲ့ အတွက် အောက်ပါအတိုင်း ဖော်ပြလိုက် ရပါတယ်။ 

၁။ သွေးကြော အဆီပင်မှုကို ကာကွယ်ခြင်း။
၂။ ကိုလက်စ်ထရော လျော့ချပေးခြင်း။

၃။ သွေးဖိအားလျော့ချပေးခြင်း (သွေးတိုး ဖြစ်နိုင်ချေကျဆင်း)
၎။ လေးဘက်နာ ဂေါက်ရောဂါကို ကုသနိုင်ခြင်း။

၅။ အအေးမိ အဖျား ပျောက်ကင်းစေခြင်း။
၆။ အသက်ရှုလမ်းကြောင်းနှင့်ဆိုင်သော ရောဂါများ ပျောက်ကင်းစေခြင်း။
 
၇။ အဆုတ်နှင့် ဆက်စပ်ရောဂါကို ပျောက်ကင်းစေခြင်း။
၈။ ပြည်တည်နာကို ကျက်စေခြင်း။

၉။ ဆီးလမ်းကြောင်းမှ တစ်ဆင့် ကူးဆက်သော ရောဂါများ အား ပျောက် ကင်းစေခြင်း။ 

၁၀။ ဝမ်းတွင်း အစာချေဖြတ်မှုလုပ်ငန်း အား မြန်ဆန်စေခြင်း။
၁၁။ ကင်ဆာရောဂါအများစုကို မဖြစ်ရန် ကာကွယ်ပေးခြင်း။

၁၂။ ဓာတုဆေးအဆိပ်တို့ကို ပြေစေခြင်း။ 
၁၃။ သွေးမခဲစေရန် တားဆီးကာကွယ်ပေးခြင်း။

၁၄။ အစားစားချင်စိတ် ဖြစ်ပေါ်စေခြင်း။
၁၅။ အင်းဆက်နှင့် ပိုးကောင်ကိုက်ဒဏ်ရာများအား ကုသနိုင်ခြင်း။

၁၆။ မျက်စိအတွင်းတိမ်ကို ကုသနိုင်ခြင်း။ 
၁၇။ ဆီးချိုရောဂါ ကုသပေးခြင်း။ 

၁၈။ အဆစ်ရောင် ရောါဂါများအား ကုသပေးခြင်း။ 
၁၉။ သွားကိုက်ရောဂါအား ပျောက်ကင်းစေခြင်း။

၂၀။ ဝက်ခြံ ပျောက်ကင်းစေခြင်း။
၂၁။ ကိုယ်ခံအား တိုးစေခြင်း။  
--
Ref: medic-facts

http://www.innewsmyanmar.com/2012/12/blog-post_8025.html


--
ကြက်သွန်ဖြူဟာ သဘာဝအလျောက် ဆေးတစ်မျိုးဖြစ်ပီး ရှေးယခင် ကတည်းက တစ်ကမ္ဘာလုံးမှာ ကိုယ့်နည်း ကိုယ်ဟန်နဲ့ ဆေးဖော်စပ် အသုံးပြု ကြပါတယ်။ ချက်ပြုတ် စားသောက် ကြပါတယ်။ ကြက်သွန်ဖြူ ပုံမှန် စားသုံးနေသူ တစ်ဦးဟာ ကိုယ်ခံအားကောင်းပြီး အပြင်မှာ အလွယ် တကူ ကူးဆက်နိုင်တဲ့ ရောဂါများကို တားဆီး ကာကွယ်ပေး ပါတယ်။ ဒါ့အပြင် သူ့ မှာ အခြားသော ကျန်းမာရေး အကျိုးကျေးဇူး