Tuesday, March 26, 2013

အမေရိကန်သံရုံးကမြန်မာနိုင်ငံရှိအမေရိကန်နိုင်ငံသားများ အတွက် ခရီးသွားလာရေးဆိုင်ရာ သတိပေးချက်ထုတ်ပြန်


အမေရိကန်နိုင်ငံသားများအနေဖြင့် ဒသန္တရအမိန့်များ ထုတ်ပြန်ကြေညာထားသည့် မင်္ဂလာဈေးနှင့် ယုဇနပလာဇာတစ်ဝိုက်နေရာများအား သွားလာခြင်းလုံးဝရှောင်ကျဉ်ရန် ခရီးသွားလာရေးဆိုင်ရာ အကြံပြု
ချက်တစ်ရပ်ကို မြန်မာနိုင်ငံဆိုင်ရာအမေရိကန်သံရုံးကထုတ်ပြန်ကြေညာလိုက်သည်။

မတ်လ ၂၅ ရက်နေ့ ညပိုင်းက ပဲခူးတိုင်း အနောက်ပိုင်း ကြို့ပင်ကောက်မြို့ တွင် လူအုပ်စုဖြင့် နေအိမ်၊ဆိုင်ခန်းများကို ဖျက်ဆီးမှုဖြစ်ပွား

Photo: မတ်လ ၂၅ ရက်နေ့ ညပိုင်းက ပဲခူးတိုင်း အနောက်ပိုင်း ကြို့ပင်ကောက်မြို့
တွင် လူအုပ်စုဖြင့် နေအိမ်၊ဆိုင်ခန်းများကို ဖျက်ဆီးမှုဖြစ်ပွား
Tuesday, March 26, 2013

ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) ကြို့ပင်ကောက်မြို့တွင် မတ်လ ၂၅ ရက်နေ့ ညအချိန်က မြို့ပေါ်ရပ်ကွက်ရှိ နေအိမ်၊ဆိုင်ခန်းများကို လူအုပ်စုဖြင့် ဝိုင်းဝန်း ဖျက်ဆီးမူ ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါ ဖြစ်ရပ်ကြောင့် အစ္စလာမ် ဘာသာဝင်များ၏ နေအိမ် ၁၅ လုံးဝန်းကျင်၊ ဈေးဆိုင်ခန်းအချို့၊ မော်တော်ယာဉ် နှစ်စီးနှင့် ဆိုင်ကယ်သုံးစီး ပျက်ဆီးမှု ဖြစ်ပွားခဲ့ကြောင်းနှင့် ရန်ကုန်-ပြည်လမ်းမကြီးပေါ်ရှိ ဗလီကျောင်း တစ်ခုမှာ
လည်း ဖျက်ဆီးခံခဲ့ရကြောင်း သိရသည်။

ကြို့ပင်ကောက်မြို့ မတ်လ ၂၆ ရက်နေ့တွင် အခြေအနေမှာမူ တည်ငြိမ်လျက်ရှိပြီး ဒေသခံလူများမှာမူ နောက်ဆက်တွဲ ပြဿနာ
များ ဖြစ်ပွားလာမည်ကို စိုးရိမ်လျက်ရှိကြောင်း သိရှိရသည်။ ထို့အပြင် ကြို့ပင်ကောက်မြို့နှင့် အနီးဝန်းကျင် မြို့ရွာများ၌လည်း ကောလာ
ဟလ သတင်းများ အမျိုးမျိုး ထွက်ပေါ်လျက်ရှိပြီး ဈေးဆိုင်ခန်းများ ပိတ်သိမ်းထားကြောင်း သိရသည်။

ယခုရက်ပိုင်းများအတွင်း ပဲခူးတိုင်း အနောက်ဘက်ခြမ်းတွင် ဆူပူအကြမ်း
ဖက်မှုများ လုပ်ဆောင်နေသည့် ဖြစ်စဉ်များ ဆက်တိုက် ရှိနေပြီး မတ်လ ၂၄ ရက်နေ့ညက လည်း အုတ်ဖိုမြို့တွင် ရှိနေသော ဗလီတစ်ခုကို ဖျက်ဆီးရန်
အတွက် လူအုပ်စုလိုက် ရောက်ရှိလာသည်ကို ရဲတပ်ဖွဲ့ဝင်များနှင့် နယ်မြေခံ တပ်မတော်သားများက တားဆီးနိုင်ခဲ့ကြောင်း အုတ်ဖိုရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောပါသည်။ 

လတ်တလော အနေဖြင့် ဆူပူအကြမ်းဖက်မှုများ လုပ်ဆောင်ရန် ကြိုးပမ်းနေ
သူများကို ဖမ်းဆီး ရမိခြင်း မရှိသေးဘဲ မတ်လ ၂၆ ရက်နေ့ ညပိုင်းမှစတင်ပြီး
 ကြို့ပင်ကောက်၊ အုတ်ဖို၊ ဇီးကုန်းအပါအ၀င် ပဲခူးတိုင်း အနောက်ဘက်ခြမ်းရှိ မြို့နယ် ငါးမြို့နယ်ကို ပုဒ်မ ၁၄၄ ထုတ်ပြန်ရန် စီစဉ်နေကြောင်း ပဲခူးတိုင်းဒေ
သကြီး တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ကျ အရာရှိ တစ်ဦးက မတ်လ၂၆ ရက်နေ့
ညနေပိုင်းတွင် Eleven Media Group သို့ ပြောကြားခဲ့ပါသည်။

Eleven Media Group ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) ကြို့ပင်ကောက်မြို့တွင် မတ်လ ၂၅ ရက်နေ့ ညအချိန်က မြို့ပေါ်ရပ်ကွက်ရှိ နေအိမ်၊ဆိုင်ခန်းများကို လူအုပ်စုဖြင့် ဝိုင်းဝန်း ဖျက်ဆီးမူ ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါ ဖြစ်ရပ်ကြောင့် အစ္စလာမ် ဘာသာဝင်များ၏ နေအိမ် ၁၅ လုံးဝန်းကျင်၊ ဈေးဆိုင်ခန်းအချို့၊ မော်တော်ယာဉ် နှစ်စီးနှင့် ဆိုင်ကယ်သုံးစီး ပျက်ဆီးမှု ဖြစ်ပွားခဲ့ကြောင်းနှင့် ရန်ကုန်-ပြည်လမ်း မကြီးပေါ် ရှိ ဗလီကျောင်း တစ်ခုမှာလည်း ဖျက်ဆီးခံခဲ့ရကြောင်း သိရသည်။

သမီးဖြစ်သူကို အဓမ္မပြုကျင့်ရန် ကြံစည်သူကို အမှုဖွင့်ရာ ဖခင်ဖြစ်သူ ပိုင်နက်ကျူးလွန်မှုဖြင့် ပြန်လည်အမှုဖွင့်ခံရ

Photo: သမီးဖြစ်သူကို အဓမ္မပြုကျင့်ရန် ကြံစည်သူကို အမှုဖွင့်ရာ 
ဖခင်ဖြစ်သူ ပိုင်နက်ကျူးလွန်မှုဖြင့် ပြန်လည်အမှုဖွင့်ခံရ
Tuesday, March 26, 2013

သထုံမြို့ တွင် နေထိုင်လျက်ရှိသော လေးတန်း ကျောင်းသူ
လေးအား အဓမ္မပြုကျင့်ရန ကြံစည်သူကို ဖခင်ဖြစ်သူမှ အမှု
ဖွင့်ရာ တရားခံ မိသားစုမှ ပိုင်နက်ကျူးလွန်မှုဖြင့် ပြန်လည် 
တရားစွဲဆိုမှုတွင် လေးတန်းကျောင်းသူလေး၏ ဖခင်မှာ ရင်
ဆိုင်နေရကြောင်း သိရသည်။

ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် အသက်၁၀ နှစ်အရွယ် စတုတ္ထတန်း ကျောင်း
သူလေးကို ကျောင်းကြိုကျောင်းပို့ ဘေးတွဲ ဆိုက်ကယ်မောင်းနှင်သူ ကိုပြည့်
ဖြိုးအောင် အသက်၂၂ မှ ကျောင်းဆင်းချိန်တွင် အိမ်သို့ပြန်လည် မပို့
ဘဲ လူသူပြတ်လတ်သည့် သထုံမြို့ လေယာဉ်ကွင်းဟောင်း ရှိရာနေရာသို့
 ခေါ်ဆောင်သွားကြောင်း၊ ယင်းလေယာဉ်ကွင်းပျက်အနီးတွင် အထက (၁)
 ကျောင်း အနောက်ဘက် အုတ်တံတိုင်းရှိရာသို့ စတုတ္ထတန်းကျောင်း
သူလေးအားခေါ်ဆောင်သွားပြီး တရားခံ ကိုပြည့်ဖြိုးအောင်က နောက်ဆိုရင် နင်နေရမယ့်ကျောင်းကိုပြမည်ဟုဆိုကာအုတ်တံတိုင်းတဖက် ကျောင်းအ
တွင်းဘက်သို့ခေါ်ဆောင်ရန်ကြိုးပမ်းခဲ့ကြောင်း၊ ကလေးမှာကြောက်ရွံ့ ကာ 
နေအိမ် သို့ပြန်ပို့ရန်ပြောဆိုသောအခါ ဆိုက်ကယ်ရှိရာ သို့ပြန်လည် ခေါ်ဆောင်ကာ၊ ဆိုက်ကယ်ပေါ်တွင် ကလေးအားထိုင်ခိုင်းပြီး ကလေး၏ ခန္ဒာကိုယ်အနှံ့ ကို ပွတ်သတ်ကာ အဓမ္မပြုကျင့်ရန် ကြိုးပမ်းခဲ့ကြောင်း၊
 ကလေးမှာ ကြောက်လန့်ငိုယိုကာ အိမ်သို့သာ ပြန်လည်ပေးပို့ရန်
 ပြောဆိုနေသဖြင့် နောက်ဆုံးတွင်အိမ်သို့ပြန်လိုက်ပို့ ခဲ့ကြောင်းသိရ
သည်။.

“အရင်တုန်းကဆိုရင် ၃နာရီ ကျောင်းဆင်းရင် အိမ်ကို ၃နာရီ ၁၅
လောက် ဆိုရောက်ပြီ၊ အဲ့နေ့က ၄နာရီထိုးခါနီးလောက်မှ ပြန်
ရောက်တယ်။ ဆိုက်ကယ်ဘေးတွဲ မောင်းတဲ့သူက အရင်ဆို 
လမ်းထိပ်မှာပဲ ကလေးကို ဆင်းခိုင်းတာ အဲ့နေ့က အိမ်အထိ 
လိုက်ပို့တယ်။ ပြီးတော့ ဆိုက်ကယ်ပျက်လို့ နောက်ကျသွားတာပါ 
တောင်းပန်ပါတယ်ဆိုတဲ့ စကားကို အကြိမ်ကြိမ်ပြောတယ်။ 

ကလေးကလည်း ငိုမဲ့မဲ့ဖြစ်နေတယ်။ ပြီးတော့ အဲ့လူက မပြန်ပဲ အိမ်နား
မှာ ၀ဲလည်ဝဲလည် လုပ်နေတယ်။ ဒါနဲ့ ကလေးကို မေးကြည့်တော့မှ
 အကုန်သိရတယ်။
 
အဓမ္မကျင့်ဖို့ပဲကြံတာ အထမမြောက်ဘူး ဆိုတော့မှ ကျွန်တော်တို့လည်း 
စိတ်အေးရတယ်” ဟု စတုတ္ထန်း ကျောင်းသူလေး၏ ဖခင်က ပြောကြား
သည်။

ထိုဆိုက်ကယ် ဘေးတွဲမောင်းနှင်သူ ကိုပြည့်ဖြိုးအောင်မှာ တစ်ရပ် ကွက်ထဲတွင် နေထိုင်သူဖြစ်သဖြင့် နောက်နောင်တွင် တခြားသော 
ကလေးများကို အဓမ္မပြုကျင့်ရန် ကြံစည်မှုများ မဖြစ်စေရန်နှင့် 
ဆုံးမနိုင်ရန် ကိုပြည့်ဖြိုးအောင်၏ မိဘများထံသို့ သွားရောက်ကာ အဖြစ်အပျက်ကို ပြောကြားရာ မိဘများမှာ လက်မခံနိုင်ပဲ “ကလေးပြောတိုင်း
လျှောက်မယုံနဲ့” ဟုပြောကြားကာ စတုတ္ထတန်း ကျောင်းသူလေး၏ ဖခင်ကို ထိုးကြိတ်ကျကြောင်း၊ ထို့ကြောင့် သထုံမြို့ နယ် ရဲစခန်းသို့ သွားရောက်ကာ ကိုပြည့်ဖြိုးအောင်၏ လုပ်ရပ်အပေါ် ခေါ်ယူဆုံးမပေးရန် တိုင်ကြားခဲ့ရာ 
စခန်းမှူးမှာ ဖြစ်စဉ်မှာ သာမာန် မဟုတ်သည့်အတွက် ကိုပြည့်ဖြိုးအောင်ကို 
ခေါ်ယူ စစ်ဆေးခဲ့ရာ ၀န်ခံသဖြင့် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၇၆/၅၁၁ဖြင့် 
အမှုဖွင့်ခဲ့ကြောင်း၊ ထိုသို့အမှုဖွင့်ပြီး လေးရက်ခန့်အကြာတွင် တရားခံ 
မိသားစု ဘက်မှ စတုတ္ထတန်း ကျောင်းသူလေး၏ ဖခင်အား ပုဒ်မ၄၅၁ 
ပိုင်နက်ကျူးလွန်မှု၊ ပုဒ်မ၃၂၃ နာကျင်စေမှုတို့ဖြင့် ပြန်လည် အမှုဖွင့်ခြင်းကို 
ခံရကြောင်း သိရသည်။

“ကျွန်တော် သူတို့ အိမ်ကို သွားတုန်းကလည်း ၀င်ခွင့်တောင်းပြီး
မှ ၀င်တာပါ။ ကိုယ်ထိလက်ရောက်လုပ်ဖို့ မပြောနဲ့ လက်နဲ့တောင် 
မရည်ရွယ်ခဲ့ပါဘူး။ သူတို့သားကို နောက်နောင်ဒီလို အပြုအမူမျိုးတွေ 
မလုပ်အောင် မိဘတွေ အနေနဲ့ သွန်သင်ဆုံးမနိုင်အောင် သွားပြီး 
ပြောတာပဲရှိတာပါ။ ကိုယ်ထိလက်ရောက် ကျူးလွန်တာက သူတို့
ဘက်က ကျူးလွန်တာပါ။ ကျွန်တော် အခု အမှုဖွင့်တယ် ဆိုတာ
ကလည်း စခန်းမှူးက အဓမ္မပြုကျင့်တဲ့ အဆင့်ကို ကျူးလွန်လို့ 
မရလိုက်ပေမယ့် အဓမ္မပြုကျင့်ဖို့ ကြိုးစားတဲ့အတွက် ပြစ်မှုမြောက် 
တယ် ဆိုလို့ပါ။ ကျွန်တော့်ကို တကယ်ထိုးတာကိုတောင် 
ကျွန်တော်က အမှုမဖွင့်ခဲ့ပါဘူး။ သူတို့ဘက်ကနေ ကျွန်တော့်ကို 
အမှုဖွင့်ချင်တယ်ဆိုရင် ကျွန်တော်တိုင်တဲ့ နေ့ကတည်းက တိုင်
လို့ရတယ်။ သူတို့လာတောင်းပန်တာကို ကျွန်တော်က လက်မခံလို့ 
လေးရက်လောက်နေမှ အမှုကို ဖန်တီးပြီးဖွင့်တာ။” ဟု စတုတ္ထတန်း
ကျောင်းသူလေး၏ ဖခင်က ပြောကြားသည်။

“ကလေးကို အဓမ္မပြုကျင့်ဖို့ ကြံစည်လို့ ပြစ်မှုမြောက်လို့ အမှုဖွင့်
ပေး လိုက်တာပါ။ ဟိုဘက်က မိဘတွေက ဆေးစာတွေနဲ့ သူတို့ 
ကိုယ်ထိလက်ရောက် ကျူးလွန်ခံရတယ်လို့ ပြန်ပြီးတိုင်ကြား 
လာတဲ့အတွက် ကလေးရဲ့ ဖခင်ကို အမှုပြန်ဖွင့်လိုက်တာပါ။ ဥပဒေ
အတိုင်းပဲ ကျွန်တော်တို့ လုပ်စရာရှိတာကို လုပ်ပေးတာပါ။”ဟု 
သထုံမြို့ နယ် ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ယခုအခါ စတုတ္ထတန်း ကျောင်းသူလေးနှင့် သူမ၏ ဖခင်တို့ ရင်ဆိုင်
နေရသော အမှုများကို ဖြေရှင်းရန် ရှေ့ နေမငှားရမ်းနိုင်သည့်အတွက် 
အစိုးရရှေ့ နေနှင့် အမှုကို ဖြေရှင်း နေရသော်လည်း ထိရောက်မှုမရှိ 
ဖြစ်နေကြောင်း၊ သထုံမြို့ တွင် ယခုကဲ့သို့ အသက် မပြည့်သေးသူ 
ကလေးသူငယ်များကို အဓမ္မပြုကျင့်မှုများစွာရှိပြီး ကလေးမိဘများမှာ အမှုမဖွင့်ရဲကြပဲ ငွေကြေးညှိုနှိုင်းခြင်းများဖြင့်သာ ပြီးဆုံးသွားသည်က 
များကြောင်း၊ ထိုသို့ အမှုမဖွင့်ပဲ ထားသဖြင့် ကလေးသူငယ်များအပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားသူများမှာ ပိုမိုအတင့်ရဲလာခြင်း ဖြစ်သောကြောင့် 
အမှုဖွင့်ကာ တိုင်ကြား လိုက်ခြင်း ဖြစ်ကြောင်း စတုတ္ထတန်းကျောင်းသူ၏ 
ဖခင်ကပြောကြားသည်။

“သထုံမှာက ဒီလိုအမှုတွေ အများကြီးပဲ။ တရားစွဲရင်လည်း အချိန် 
အကြာကြီးဆွဲပြီး စစ်တယ်။ နောက်ဆုံး ငွေနဲ့ ညှိုနှိုင်းတာနဲ့ပဲ ပြီးသွား
တာက များတယ်။ တချို့ ကလေးတွေဆိုရင် ဖားကန့်က အနှိပ်ခန်း
တွေကို အပို့ခံရတာတွေတောင်ရှိတယ်။ ခံလည်း ခံရသေးတယ် ပြီးရင်
ငွေရှိတဲ့လူတွေကပဲ နိုင်သွားတာက များနေတယ်” ဟုလည်း စတုတ္ထတန်း
ကျောင်းသူ၏ ဖခင်ကထည့်သွင်းပြောကြားသည်။

ဆုဝေ
The Myanma Age သထုံမြို့ တွင် နေထိုင်လျက်ရှိသော လေးတန်း ကျောင်းသူ လေးအား အဓမ္မပြုကျင့်ရန ကြံစည်သူကို ဖခင်ဖြစ်သူမှ အမှု ဖွင့်ရာ တရားခံ မိသားစုမှ ပိုင်နက်ကျူးလွန်မှုဖြင့် ပြန်လည်တရားစွဲဆိုမှုတွင် လေး တန်းကျောင်းသူလေး၏ ဖခင်မှာ ရင်ဆိုင်နေရကြောင်း သိရသည်။
ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် အသက်၁၀ နှစ်အရွယ် စတုတ္ထ တန်း ကျောင်းသူလေးကို ကျောင်းကြိုကျောင်းပို့ ဘေးတွဲ ဆိုက် ကယ်မောင်းနှင်သူ ကိုပြည့်ဖြိုးအောင် အသက်၂၂ မှ ကျောင်း ဆင်း ချိန်တွင် အိမ်သို့ပြန်လည် မပို့ဘဲ လူသူပြတ်လတ်သည့် သထုံမြို့ လေ ယာဉ်ကွင်းဟောင်းရှိရာနေရာသို့ခေါ်ဆောင်သွားကြောင်း၊ ယင်းလေ ယာဉ်ကွင်း ပျက်အနီးတွင် အထက(၁)ကျောင်း အနောက်ဘက် အုတ်တံတိုင်းရှိရာသို့

နေ့စဉ် သတင်းစာ ၈ စောင် ထပ်မံခွင့်ပြု၊ ယှဉ်ပြိုင်မှုနှင့် စိန်ခေါ်မှု များမည်

ချင်းမိုင်(မဇ္စျိမ)။ ။ ပုဂ္ဂလိက နေ့စဉ် သတင်းစာ ထုတ်ဝေရန် လျှောက်ထား သူများ အနက်မှ ဒုတိယ အသုတ်အဖြစ် နောက်ထပ် ၈ စောင်ကို ထပ်မံခွင့်ပြုလိုက်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာသည်။

အိပ်စက်ခြင်း၏ အံ့ဩဖွယ်ရာ အချက်များ

Photo: အိပ်စက်ခြင်း၏ အံ့ဩဖွယ်ရာ အချက်များ
Tuesday, March 26, 2013

အသက်ရှင်ရန် အိပ်ပါ
အသက် ရှင်ဖို့ အစာစား ရသလို အိပ်တာ ဟာလည်း အရေးကြီး ပါတယ်။
အစား အစာ ချိုတဲ့ရင် ဖြစ်တတ် သလိုမျိုး အအိပ် ချို့တဲ့တဲ့ တိရစ္ဆာန်
တွေဟာ နှစ်ပတ်မှ သုံးပတ် အတွင်း သေဆုံး သွားတယ်လို့ သိပ္ပံပညာ
ရှင် တွေက တွေ့ရှိ ခဲ့ပါတယ်။

အိပ်ပျော်စေရန် ဖျော်ရည်သောက်ပါ
ပန်းသီး သုံးလုံး၊ လိမ္မော်သီး နှစ်လုံး၊ ရှောက်သီး တစ်စိတ်၊ ဆလတ်
ရွက် လက်နှစ် ဆုပ်စာကို ရောစပ်ထားတဲ့ ဖျော်ရည် တစ်ခွက်ကို အိပ်
ရာ မဝင်ခင် သောက်ပေးရင် ကလေး ငယ်လိုမျိုး နှစ်နှစ် ခြိုက်ခြိုက် အိပ်ပျော် နိုင်ပါတယ်။ အဲဒီ အစားအစာ တွေမှာ သဘာဝ အိပ်ဆေး
ဖြစ်တဲ့ လက်တုန်းတွေ ပါဝင်လို့ပါ။

နွားနို့သောက်ပါ
Tryptophay ဆိုတာဟာ ပရိုတင်း အစားအစာမှ ရရှိတဲ့၊ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အမိုင် နိုအက်စစ် ရှစ်မျိုးထဲက တစ်မျိုး ဖြစ်ပြီး နွားနို့နဲ့ အသားမှာ များစွာ ပါဝင်ပါတယ်။ အိပ်စက်မှုကို ကောင်းမွန်စေပြီး ဦးနှောက်တွင်း အိပ်စက်မှု ကောင်းစေတဲ့ ဟော်မုန်းတွေ ထွက်လာအောင် လှုံ့ဆော် နိုင်လို့ပါ။

ငှက်ပျောသီး စားပါ
ငှက်ပျောသီး၊ ခရမ်းချဉ်သီး၊ အုတ်စပါးနဲ့ ဆန်လိုမျိုး တချို့ အစားအစာ
တွေမှာ မက်လတိုနင် ပါဝင်တဲ့ အတွက် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်အောင် ထိန်းညှိ ပေးပါတယ်။

သမ်းဝေတာ ပျောက်အောင် များများအိပ်ပါ အိပ်ရေးမဝတဲ့ ရက်တွေ များလာရင် လည်ချောင်း တွင်းရှိ ကြွက်သားတွေ တွဲကျလာ ကာ သမ်းဝေတာ များလာပြီး အအိပ်နည်း သွားပါတယ်။ သမ်းဝေတာ ရပ်
အောင် အ နည်းဆုံး တစ်ညကို ခုနစ်နာရီ အိပ်ပေးပါ။

ကြံ့ခိုင်မှုပြည့်ဝအောင် အိပ်ရေးဝ၀အိပ်ပါ

အိပ်ရေး မဝတဲ့ ရက်တွေ များလာရင် နှလုံးသွေးကြောရဲ့ လုပ်ငန်း
ဆောင်တာဟာ ၁၁ ရာခိုင်နှုန်းထိ ကျဆင်း သွားပါတယ်။ အဓိပ္ပာယ် 
ကတော့ ကြံ့ခိုင်ပြီး ကျန်းမာလိုရင် အိပ်ဖို့ အရေးကြီး ပါတယ်။

ခြေထောက်ကို နွေးနွေးထွေးထွေးထားပါ

ခြေထောက်နဲ့ လက်တွေမှာ သွေးရှောက်ရှိမှု နည်းသွားရင် အိပ်ရာက
နိုးလာတတ် ပါတယ်။ ဆောင်းရာသီမှာ ခြေထောက်နွေးအောင် ခြေစွပ်
ဝတ်အိပ်ပါ။

အအိပ်ကို ဦးစားပေးပါ

အိပ်ရေး မဝတာကြောင့် ခုခံအား စနစ်နဲ့ ဆုံးဖြတ်နိုင်မှု စွမ်းရည်တွေ ကျဆင်းတတ် တယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။ ကျန်းမာတဲ့ 
ဘဝရဖို့ အအိပ်ကို ဦးစားပေး ရပါမယ်။ ညစဉ် ညတိုင်း အိပ်ချိန်တူ ညီအောင် လေ့ကျင့်ပါ။

လှပစေရန် အိပ်ပါ

သင်အိပ်ပျော် နေစဉ်အတွင်း သင့်အရေပြား၊ ဆံပင်နဲ့ လက်သည်းတွေရဲ့ ဆဲလ်တွေ အသစ် ပြန်လည် ဖြစ်ပေါ် လာတဲ့ အတွက်ဟာလည်း အိပ်စက် တာကြောင့် ပြန်ကောင်းမွန် လာစေ နိုင်ပါတယ်။

အိပ်ရာမဝင်ခင် ရေချိုးပါ

အိပ်ရာမဝင်ခင်မှာ ရေနွေးနဲ့ ရေချိုးတာကြောင့် ကြွက်သားတွေကို Relax ရရှိစေပြီး အိပ်ပျော် စေနိုင်ပါတယ်။ အမှောင်သန်းချိန်မှ စပြီး ကဖင်းကို
ရှောင်ပါ အိပ်ရာ မဝင်ခင် ကဖင်း သောက်ရင် အိပ်စက်မှု အရည်အသွေး
ကို ကျဆင်းစေနိုင် ပါတယ်။ ကော်ဖီသာမက ချောကလက် မှာလည်း က
ဖင်း ပါဝင်တာကြောင့် ချော ကလက်ကို ညအချိန်မှာ မစားပါနဲ့။

ခေါင်းချတာနဲ့ အိပ်ပျော် သလို မဖြစ်ပါ စေနဲ့

သင်ဟာ ခေါင်းအုံးပေါ်မှာ ခေါင်းတင် လိုက်ရုံနဲ့ အိပ်ပျော် သူဖြစ်ရင် အအိပ်ချို့တဲ့ တတ်သူ ဖြစ်ပါတယ်။ ကျန်းမာသူ တစ်ယောက်အနေနဲ့ အိပ်ပျော်ဖို့ ၁၀ မိနစ်လောက် အချိန် ယူရတယ်။

ဒေါက်တာခင်မိုးမိုး
Myawady Newsအသက်ရှင်ရန် အိပ်ပါ
အသက်ရှင်ဖို့ အစာစားရသလို အိပ်တာဟာလည်း အရေးကြီး ပါတယ်။ အစားအစာချိုတဲ့ရင် ဖြစ်တတ်သလိုမျိုး အအိပ်ချို့တဲ့တဲ့ တိရစ္ဆာန်တွေ ဟာ နှစ်ပတ်မှ သုံးပတ်အတွင်း သေဆုံးသွားတယ်လို့ သိပ္ပံပညာ ရှင်တွေက တွေ့ရှိ ခဲ့ပါတယ်။

မလေးရှား-ထိုင်းနယ်စပ်မှာ အဖမ်းခံရတဲ့မြန်မာများ ကားမှောက်၊ ဒဏ်ရာရ

Photo: မလေးရှား-ထိုင်းနယ်စပ်မှာ အဖမ်းခံရတဲ့မြန်မာများ ကားမှောက်၊ ဒဏ်ရာရ 
Tuesday, March 26, 2013

မလေးရှား-ထိုင်း နယ်စပ်မှာ အဖမ်းခံရတဲ့မြန်မာပြည်သားတွေကို သယ်ဆောင်လာတဲ့ ကားတစီး  ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က တိမ်းမှောက်
တဲ့အတွက်  ၁၅ဦး ဒဏ်ရာရရှိသွားကြောင်း သိရပါတယ်။

ထိုင်းနိုင်ငံ ရတ်ချဘူရီမြို့နယ်ထဲမှာဖြစ်ခဲ့တဲ့ ဒီမတော်တဆမှုကြောင့်
ဆေးရုံပို့လိုက်ရသူတွေထဲ ကလေးငယ် ၂ ဦး ပါဝင်တယ်လို့ ဆိုပါတယ်။
တယောက်က အသက် ၆ နှစ်၊ တယောက်က  ၄ လ လို့ သိရပါတယ်။

ကားမှောက်ပြီး လမ်းဘေးထိုးကျသွားရတဲ့အကြောင်းရင်းက ဘီးပေါက်တဲ့
အတွက်ဖြစ်တယ်လို့ ဆိုပါတယ်။

တရားဝင် စာရွက်စာတမ်း မရှိတဲ့အတွက် သူတို့ အဖမ်းခံရတယ်၊ သူတို့ကို
နေရပ်ရင်းပြန်ပို့ဖို့ မဲဆောက်မြို့ကို အသွားမှာ ဒီမတော်တဆမှု ပေါ်ပေါက်
ခဲ့တာလို့ ဆိုပါတယ်။ 

ကိုးကား - www.dailynews.co.th 
ဧရာဝတီမလေးရှား-ထိုင်း နယ်စပ်မှာ အဖမ်းခံရတဲ့မြန်မာပြည်သားတွေကို သယ်ဆောင်လာတဲ့ ကားတစီး ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က တိမ်းမှောက်တဲ့ အတွက် ၁၅ဦး ဒဏ်ရာရရှိသွားကြောင်း သိရပါတယ်။

အမေရိကန်ကို တိုက်ခိုက်မည်ဟု မြောက်ကိုရီးယား ခြိမ်းခြောက်

Photo: Breaking News:
အမေရိကန်ကို တိုက်ခိုက်မည်ဟု မြောက်ကိုရီးယား ခြိမ်းခြောက်
Tuesday, March 26, 2013

မြောက်ကိုရီးယားစစ်တပ်သည် တိုက်ပွဲအတွက် အသင့်အနေအထား
ပြင်ဆင်ထားပြီဖြစ်ကြောင်း၊ အမေရိကန်ပြည်ထောင်စုနှင့် ပစိဖိတ်သ
မုဒ္ဒရာအတွင်းရှိ အမေရိကန်ပိုင် ဟာဝိုင်ယီကျွန်း၊ ဂူအမ်ကျွန်းတို့ကို ဒုံးကျည်ဖြင့် ပစ်ခတ်တိုက်ခိုက်သွားမည်ဟု နိုင်ငံပိုင် Korean Central
News Agency - KCNA မှတစ်ဆင့် မြောက်ကိုရီးယားက ယနေ့ ခြိမ်း
ခြောက်ပြောကြားလိုက်သည်။ 

Read more www.planet.com.mm
Planet Myanmar Networkမြောက်ကိုရီးယားစစ်တပ်သည် တိုက်ပွဲအတွက် အသင့်အနေ အထား ပြင်ဆင်ထားပြီဖြစ်ကြောင်း၊ အမေရိကန်ပြည်ထောင်စုနှင့် ပစိဖိတ်သမုဒ္ဒရာအတွင်းရှိ အမေရိကန်ပိုင် ဟာဝိုင်ယီကျွန်း၊

ထိုင်းအကျဉ်းသားများအား နည်းပညာသုံး လက်ကောက်ဝတ်ကရိယာ တပ်ဆင်မည်

Photo: ထိုင်းအကျဉ်းသားများအား နည်းပညာသုံး လက်ကောက်ဝတ်ကရိယာ တပ်ဆင်မည်
Tuesday, March 26, 2013

မိုက်ခရိုချစ်ပ်များ မြှုပ်နှံပါဝင်သည့် အဆိုပါ လက်ကောက်ဝတ်ကရိယာ
မှတစ်ဆင့် အကျဉ်းသားများ၏ လှုပ်ရှားမှုကို အကျဉ်းထောင်အာဏာ
ပိုင်များက ၂၄ နာရီ စောင့်ကြည့်နေနိုင်မည်ဖြစ်သည်။ 

ထိုင်းနိုင်ငံအကျဉ်းထောင်းများမှ အကျဉ်းသားများကို အီလက်ထရောနစ် လက်ကောက်ဝတ် ကရိယာများ တပ်ဆင်ပေးမည့် အစီအစဉ်အား မကြာမီ အကောင်အထည်ဖော်သွားမည်ဖြစ်သည်။ 

အဆိုပါ အီလက်ထရောနစ် လက်ကောက်ဝတ် ကရိယာများဖြင့် အကျဉ်းသား
တစ်ဦးချင်းစီ၏ အချက်အလက်များကို ကွန်ပျူတာစနစ်ဖြင့် ဖတ်ရှုသိရှိနိုင်ပြီး ၎င်းတို့၏ လှုပ်ရှားမှုကိုလည်း စောင်ကြည့်နိုင်မည်ဖြစ်သည်။ 

မိုက်ခရိုချစ်ပ်များ မြှုပ်နှံပါဝင်သည့် အဆိုပါ လက်ကောက်ဝတ်ကရိယာမှတစ်
ဆင့် အကျဉ်းသားများ၏ လှုပ်ရှားမှုကို အကျဉ်းထောင်အာဏာပိုင်များက ၂၄ နာရီ စောင့်ကြည့်နေနိုင်မည်ဖြစ်သည်။

လက်ကောက်ဝတ် ကရိယာများကို လွတ်မြောက်ရက် နီးနေပြီဖြစ်သည့် အကျဉ်းသားများ၊ နာတာရှည်နှင့် ကူးစက်ရောဂါ ခံစားနေရသော အကျဉ်း
သားများကို အဓိက တပ်ဆင်ပေးထားရန် ရည်ရွယ်ကြောင်း ထိုင်းနိုင်ငံ၏ Corrections Departement မှ လက်ထောက်ညွှန်ကြားရေးမှူး Kobkiat Kasiwiwat က ပြောကြားသည်။ 

ထို့အပြင် ယခုအစီအစဉ်မှာ ထိုင်းအကျဉ်းထောင်များတွင် အကျဉ်းသားများ စုပြုံနေသည့် ပြဿနာအား ကူညီဖြေရှင်းနိုင်မည်ဟုလည်း မျှော်လင့်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

မတ်လ ၁ ရက်နေ့ စာရင်းများအရ ထိုင်းနိုင်ငံရှိ အကျဉ်းထောင် ၁၄၃ ခုတွင် အကျဉ်းသား ၂၆၂,၀၇၇ ဦးကို ထိန်းသိမ်း အကျဉ်းချထားကြောင်း သိရသည်။ ထိုင်းအကျဉ်းထောင် အများစုရှိ အကျဉ်းသားဦးရေမှာ အကျဉ်းထောင်၏ အကျဉ်းသား ဝင်ဆံ့သော ပမာဏသတ်မှတ်ချက်ထက် ၂ ဆ သို့မဟုတ် ၃ ဆခန့် ကျော်လွန်များပြားနေကြောင်း တာဝန်ရှိသူများက ပြောကြားသည်။

ထိုင်းနိုင်ငံ Corrections Department က နည်းပညာသုံး အီလက်ထရောနစ် လက်ကောက်ဝတ် ကရိယာများ ပေးသွင်းနိုင်မည့် ပုဂ္ဂလိကကုမ္ပဏီများ ကို
ဈေးပြိုင်စစနစ်ဖြင့် အဆိုပြုလွှာများ ခေါ်ယူသွားမည်ဖြစ်သည်။

Source: BangkokPost 
Planet Myanmar Network မိုက်ခရိုချစ်ပ်များ မြှုပ်နှံပါဝင်သည့် အဆိုပါ လက်ကောက်ဝတ်ကရိယာ
မှတစ်ဆင့် အကျဉ်းသားများ၏ လှုပ်ရှားမှုကို အကျဉ်းထောင်အာဏာ ပိုင်များက ၂၄ နာရီ စောင့်ကြည့်နေနိုင်မည်ဖြစ်သည်။

ဘာသာရေးအကြမ်းဖက်မှု ဒီမိုကရေစီ လုပ်ငန်းစဉ်များ ထိခိုက်နိုင်ကြောင်း အစိုးရ သတင်းထုတ်ပြန်

Photo: ဘာသာရေးအကြမ်းဖက်မှု ဒီမိုကရေစီ လုပ်ငန်းစဉ်များ ထိခိုက်နိုင်ကြောင်း အစိုးရ သတင်းထုတ်ပြန်
Tuesday, March 26, 2013

ဘာသာရေးအကြမ်းဖက်မှုတွေဟာ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေကို ထိခိုက်စေနိုင်ကြောင်း အစိုးရက သတင်းထုတ်ပြန် သတိပေးလိုက်ပါတယ်။

မတ်လ (၂၅) ရက်နေ့စွဲနဲ့ ကြေညာခဲ့တဲ့ သတင်းထုတ်ပြန်ချက်မှာ အစိုးရအဖွဲ့
အနေနဲ့ လူမျိုးရေး၊ ဘာသာရေး အကြမ်းဖက်ဖို့လှုံ့ဆော်မှုတွေ အပါအဝင်
အကြမ်းဖက်မှု အားလုံးကို ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ တည်ဆဲဥပဒေတွေနဲ့အ
ညီ အစွမ်းကုန် တားဆီး ကိုင်တွယ်ဆောင်ရွက်သွားမှာဖြစ်ကြောင်း၊အကြမ်း
ဖက်မှု၊ မီးလောင်မှုနဲ့ အဓိကရုဏ်းတွေကြောင့် အိုးအိမ်စွန့်ခွာခဲ့ရတဲ့ ဒုက္ခ
သည် ပြည်သူတွေရဲ့ အရေးပေါ် စားဝတ်နေရေး၊ လုံခြုံရေးကို အပြည့်အဝ ကူညီဆောင်ရွက်သွားမှာဖြစ်ပြီး၊ လုံခြုံရေးအခြေအနေ တည်ငြိမ်လာတာနဲ့ အမျှ ဒုက္ခသည် ပြန်လည်နေရာချထားရေးကို အမြန်ဆုံး ဆောင်ရွက်သွား
မှာဖြစ်ကြောင်း၊လူသားချင်းစာနာရေး အကူအညီတွေကို လူထုအခြေပြု
အဖွဲ့အစည်းတွေ၊ ပုဂ္ဂလိကတွေ၊ နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ လက်တွဲ
ဆောင်ရွက်သွားမယ့်အပြင်၊ ပဋိပက္ခကြောင့် ခံစားထိခိုက်ခဲ့ရတဲ့ လူ့အဖွဲ့အ
စည်း တွေအကြား ယုံကြည်မှု ပြန်လည်တည်ဆောက်နိုင်မယ့် ဆွေးနွေး
မှုတွေ၊ စိတ်ခံစားချက်တွေကို ကုစားနိုင်မယ့် အလုပ်ရုံ ဆွေးနွေးပွဲတွေကို အကောင်အထည်ဖော် ဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ နိုင်ငံတော်က အရှိန်အဟုန်မြှင့် ဆောင်ရွက်နေတဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေကို ထိခိုက်မယ့် အကြမ်းဖက်တာတွေ၊ ဘာသာရေး အစွန်းရောက်တာတွေကို ရှောင်ရှားကြဖို့ တိုက်တွန်းကြောင်း
ဖေါ်ပြထားပါတယ်။

အခုအခါ ပဋိပက္ခဖြစ်ပွားခဲ့တဲ့ ဒေသတွေမှာ အခြေအနေ တည်ငြိမ်လာနေပြီ
လို့ ဒေသခံတွေကပြောပါတယ်။

မိတ္တီလာမြို့နယ် လွှတ်တော်အမတ် ဦးဝင်းထိန်က မိတ္တီလာမြို့မှာ အကြမ်းဖက်တိုက်ခိုက်တာတွေ၊ မီးရှို့တာ တွေမရှိတော့ပါဘူး၊ လုံခြုံရေးအခြေအနေ တိုးတက်လာနေပါပြီ၊ ဈေးဆိုင်တွေပြန်ဖွင့်
နေပြီး အဝေးပြေး ဘတ်စ်ကားတွေလည်း ပြန်ပြေးနေပြီဖြစ်ပါတယ်။

အဓိကပြဿနာကတော့ ဗုဒ္ဓဘာသာဝင်တွေနဲ့ အစ္စလာမ် ဘာသာဝင်တွေကြား အရင်ကလို ဆက်ဆံရေးမျိုး ပြန်လည်
ထူထောင်နိုင်ရေးပဲဖြစ်ပါတယ်လို့ ပြောကြားခဲ့ ကြောင်း AFP သတင်းက ဖေါ်ပြပါတယ်။

RFAဘာသာရေးအကြမ်းဖက်မှုတွေဟာ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေကို ထိခိုက်စေနိုင်ကြောင်း အစိုးရက သတင်းထုတ်ပြန် သတိပေးလိုက်ပါတယ်။

မြန်မာ့ယဉ်ကျေးမှုနှင့်ကျင့်ဝတ်

Photo: မြန်မာ့ယဉ်ကျေးမှုနှင့်ကျင့်ဝတ်
Tuesday, March 26, 2013

ကန်တော့ခြင်း

မိမိထက် အသက်ဂုဏ်ဝါကြီးသူများအား နှစ်သစ်ကူးပြီးနောက်
(သင်္ကြန်)နှစ်ဆန်းတစ်ရက်နေ့တွင်လည်းကောင်း၊ သီတင်းကျွတ်
အခါကြီးရက်ကြီးများတွင်လည်းကောင်း ရှစ်ခိုးကန့်တော့လေရှိ
ကြသည်။ ဆရာ/မများအားလည်း တပည့်ကျောင်းသား/သူများက
ဆရာကန့်တော့ပွဲပြုလုပ်၍ ကန့်တော့ကြပါသည်။ ထိုသို့ကန့်တော့
ရာ၌ ထိခြင်းငါးပါးဖြင့် ရှိခိုးကန့်တော့လေရှိကြသည်။

ဆုပေးခြင်း

အသက်ဂုဏ်ငယ်သူများ၊ တပည့်များက ကန့်တော့သည်အခါ
ဘိုးဘွားမိဘ၊ ဆရာ/မများက -“ ကျန်းမာပါစေ၊ ချမ်းသာပါစေ၊
 အသက်ရှည်ပါစေ၊ ဘေးအန္တရာယ်ကင်းပါစေ ”စသည်ဖြင့်ဆု
ပေးလေ့ရှိပါသည်။

Myawady Newsကန်တော့ခြင်း
မိမိထက် အသက်ဂုဏ်ဝါကြီးသူများအား နှစ်သစ်ကူးပြီးနောက် (သင်္ကြန်)နှစ်ဆန်းတစ်ရက်နေ့တွင် လည်းကောင်း၊ သီတင်းကျွတ် အခါကြီး ရက်ကြီးများတွင်လည်းကောင်း ရှစ်ခိုးကန့်တော့လေရှိကြ သည်။  ဆရာ/မများအားလည်း တပည့်ကျောင်းသား/သူများက ဆရာကန့်တော့ပွဲပြုလုပ်၍ ကန့်တော့ကြပါသည်။ ထိုသို့ကန့်တော့ရာ၌ ထိခြင်းငါးပါးဖြင့် ရှိခိုးကန့်တော့လေရှိကြသည်။

မြန်မာ ဒုက္ခသည် ၅ သိန်းလောက်ကို ဆော်ဒီက နေထိုင်ခွင့်ပေးမယ်

Photo: မြန်မာ ဒုက္ခသည် ၅ သိန်းလောက်ကို ဆော်ဒီက နေထိုင်ခွင့်ပေးမယ်
Tuesday, March 26, 2013

ဆော်ဒီအာရေဗျနိုင်ငံက သမိုင်းဝင် လုပ်ရပ်တခုအနေနဲ့   မြန်မာပြည်က 
လူ ၅ သိန်းနီးပါးကို ဒုက္ခသည်တွေ အဖြစ် အသိအမှတ်ပြုပြီး 
နေထိုင်ခွင့်ပေးမယ်လို့ ဆော်ဒီ မင်းသား Khaled Al-Faisal က ပြောကြားလိုက်ပါတယ်။ 

“ဒါက ကျနော့်ဘ၀မှာ လှပတဲ့ အချိန်ကာလတွေထဲက တခုပါ” လို့ မက္ကာအနီးက ကူဒိုင်းမှာကျင်းပတဲ့ အခမ်းအနား တခုမှာ မင်းသား Prince Khaled က ပြောသွားတာကို မတ်လ ၂၄ ရက်၊ ၂၅ ရက် နေ့ ရက်စွဲတွေနဲ့ အာရပ် သတင်းဌာန တခုဖြစ် တဲ့ ARAB NEWS မှာ ဖော်ပြထားပါတယ်။ 

“ကျနော် မက္ကာ အုပ်ချုပ်ရေးမှူးတာဝန်ရလာပြီးတဲ့နောက် ဘုရင် အဗ္ဗဒူလာဆီကို ကျနော်တင်ပြခဲ့တဲ့ ပထမဆုံး အဆိုပြုချက်ပါ” လို့ ဆော်ဒီမင်းသား Khaled က ပြောပါတယ်။ 

OIC အထွေထွေ အတွင်းရေးမှူးချုပ် Ekmeleddin Ihsanoglu နဲ့ ဆော်ဒီ မြန်မာအသိုင်းအ၀ိုင်း ခေါင်းဆောင်တွေ အပါအ၀င်
ကျယ်ကျယ်ပြန့်ပြန့် သြဘာပေးကြမှာဖြစ်တယ်လို့လည်း ဆိုပါတယ်။ 

ဘုရင် အဗ္ဗဒူလာက မက္ကာမှာ ပြန့်ကျဲနေတဲ့ အဆိုပါ ခရိုင် အတွင်းနေထိုင်နေသူ မြန်မာမွတ်ဆလင်တွေရဲ့ အခြေအနေ တိုးတက်စေဖို့ ၀န်ကြီးဌာနနဲ့ ဆိုင်တဲ့ ကော်မတီတခု ဖွဲ့ဖို့ကိုပါ အမိန့် ထုတ်ပြန်ခဲ့ပါတယ်လို့ လည်း မင်းသား Khaled က ပြောပါ တယ်။ 

“ဒါဟာ ကမ္ဘာမှာ ပထမဆုံးအတွေ့အကြုံဘဲ” လို့ ဆိုပြီး မက္ကာဒေသ ခရိုင်တွင်းမှာ တိုးတက်မှုတွေ ဖြစ်စေဖို့ အိမ်ယာသစ်များ တည်ဆောက် ရုံသာမကအလားတူ အဲဒီမှာနေထိုင်နေကြတဲ့လူပေါင်း ၄ သိန်းက ၅ သိန်းထိကိုလည်း ပြန်လည် ပြုစု ပျိုးထောင်ပေးမှာဖြစ်တယ်” လို့ မင်းသား Khaled က ရှင်းပြ ပါတယ်။ 

ဆော်ဒီအစိုးရက ဆော်ဒီရောက် မြန်မာမွတ်ဆလင် လူ့အဖွဲ့အစည်းကို ကျန်းမာရေး၊ လူမှုရေး၊ ပညာရေး စတဲ့ ကျယ်ပြန့်တဲ့ အစီအစဉ်
တွေ ထောက်ပံ့သွားဖို့ ရှိတယ်လို့လည်း သိရပါတယ်။ 

“ကျနော်တို့က သူတို့ကို အလုပ်အကိုင်တွေရဖို့ လေ့ကျင့်သင်ကြား 
ပေးမှုတွေလည်း လုပ်မှာဖြစ်တယ်” လို့ မင်းသား Khaled က ဆိုပါတယ်။
မြန်မာ ၄ ဦး အလုပ်ခန့်ထားမှုကိုလည်း နိုင်ငံခြားသား ၁ ဦးနဲ့ တန်းတူ ထား ရှိတယ်လို့ အလုပ်သမားဝန်ကြီးဌာနရဲ့ အစီအစဉ်မှာထည့်သွင်းထားတယ်လို့ ဆိုပါတယ်။ 

ဒါဟာ ကုမ္ပဏီတွေအနေနဲ့ မြန်မာတွေကို ပိုပြီး အလုပ်ခန့်ထားဖို့ ဖြစ်တယ် လို့လည်း ဆိုပါတယ်။ 

အခု လက်ရှိ မက္ကာ၊ ဂျက်ဒါနဲ့ မဒီနာ ဒေသတွေမှာ မြန်မာမွတ်ဆလင် 
၃ သိန်းခွဲလောက် နေထိုင်နေကြတယ်လို့ သိရပါတယ်။ အရင်က တရားမ၀င်နေထိုင်ကြတာဖြစ်ပြီး အခုတော့ တရားဝင် ဒုက္ခသည်တွေ အဖြစ်နဲ့ နေထိုင်ခွင့် ရကြတော့မှာပါ။

မြန်မာနိုင်ငံမှာ လတ်တလော မိတ္ထီလာမှာ လူမျိုးရေးပဋိပက္ခတွေဖြစ်တာနဲ့ တိုက်တိုက်ဆိုင်ဆိုင် ဒီသတင်း ပေါ်ထွက်လာတာပါ။

ဓာတ်ပုံ- arabnews.com
အိမ့်သံစဉ် 
ဧရာဝတီ ဆော်ဒီအာရေဗျနိုင်ငံက သမိုင်းဝင် လုပ်ရပ်တခုအနေနဲ့ မြန်မာပြည်က
လူ ၅ သိန်းနီးပါးကို ဒုက္ခသည်တွေ အဖြစ် အသိအမှတ်ပြုပြီးနေထိုင် ခွင့်ပေးမယ်လို့ ဆော်ဒီ မင်းသား Khaled Al-Faisal က ပြောကြားလိုက် ပါတယ်။
“ဒါက ကျနော့်ဘ၀မှာ လှပတဲ့ အချိန်ကာလတွေထဲကတခုပါ” လို့ မက္ကာအနီးက ကူဒိုင်းမှာကျင်းပတဲ့ အခမ်းအနားတခုမှာ မင်းသား Prince Khaled က ပြောသွားတာကို မတ်လ ၂၄ ရက်၊ ၂၅ ရက် နေ့

၈၈မျိုးဆက်တို့၏ ထိုင်းနိုင်ငံခရီးစဉ် နောက်ဆုံးနေ့တွင် ထိုင်းနိုင်ငံ ၀န်ကြီးချုပ်၏ အကြံပေးအရာရှိ (ရှပ်နီခေါင်းဆောင်) နှင့် တွေ့ဆုံ

Photo: ၈၈မျိုးဆက်တို့၏ ထိုင်းနိုင်ငံခရီးစဉ် နောက်ဆုံးနေ့တွင် ထိုင်းနိုင်ငံ ၀န်ကြီးချုပ်၏ အကြံပေးအရာရှိ (ရှပ်နီခေါင်းဆောင်) နှင့် တွေ့ဆုံ
Tuesday, March 26, 2013

ထိုင်းနိုင်ငံသို့ ရောက်ရှိနေကြသော ၈၈မျိုးဆက်တို့သည် မတ်လ ၂၅ ရက် နံနက် ၉း ၃၀ နာရီတွင် ထိုင်းနိုင်ငံ ၀န်ကြီးချုပ်ရုံးသို့ ရောက်ရှိခဲ့ကြပြီး ထိုင်း ၀န်ကြီးချုပ်၏ အကြံပေးအရာရှိ (ရှပ်နီခေါင်းဆောင် တစ်ဦးလည်းဖြစ်သူ) Asst. Prof. Jaran Ditapichai နှင့် အချိန် တစ်နာရီခွဲကြာ တွေ့ဆုံခဲ့ကြသည်။

ထိုသို့ တွေ့ဆုံရာတွင် ထိုင်းနိုင်ငံ၊ နိုင်ငံခြားရေးကော်မတီ ဥက္ကဋ္ဌ Sunai Chulpongsatorn လည်း အတူပါရှိခဲ့ပြီး ထိုင်းနိုင်ငံရေးအခြေအနေ၊ ထိုင်း - မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေးတိုးတက်မှု နှင့် ရှေ့အလား အလာများကို ဆွေးနွေးခဲ့ကြသည်။ 

၈၈ မျိုးဆက်တို့က ထိုင်း - မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်းများ ကိစ္စ၊ မြန်မာနိုင်ငံမှ ရွှေ့ပြောင်းအလုပ်သမားများ အရေးကိစ္စနှင့် ထားဝယ်ရေနက်ဆိပ်ကမ်း၊ စက်မှုဇုန်ကြီးတည်ဆောက်မည့် ကိစ္စရပ်များကို အဓိကထား ဆွေးနွေးသွားခဲ့ကြသည်။

မွန်းလွဲ ၂း ၀၀ နာရီတွင် ထိုင်းနိုင်ငံ ရုပ်မြင်သံကြားလိုင်း တစ်ခုဖြစ်သော PBS (Public Broadcasting Service) ရုံးတွင် ပြုလုပ်သော ၈၈မျိုးဆက်တို့၏ ထိုင်းနိုင်ငံအတွေ့အကြုံ မေးမြန်းခန်းသို့ ၈၈မျိုးဆက်အဖွဲ့ ခေါင်းဆောင် ကိုကိုကြီးမှ တက်ရောက်ဆွေးနွေးဖြေကြားခဲ့သည်။

ထိုင်းနိုင်ငံ ခရီးစဉ်အဖြစ် ၈ ရက်ကြာ သွားရောက်ခဲ့ကြသော ၈၈ မျိုးဆက်အဖွဲ့သည် မတ်လ၊ ၂၅ ရက် ည ၈း ၀၀ နာရီ အချိန်တွင် ဘန်ကောက်မြို့မှ ထွက်ခွာခဲ့ကြပြီး ရန်ကုန်လေဆိပ်သို့ ည ၉း ၁၅ နာရီတွင် ပြန်လည်ရောက်ရှိခဲ့ကြသည်။

88 Generation Students ထိုင်းနိုင်ငံသို့ ရောက်ရှိနေကြသော ၈၈မျိုးဆက်တို့သည် မတ်လ ၂၅ ရက် နံနက် ၉း ၃၀ နာရီတွင် ထိုင်းနိုင်ငံဝန်ကြီးချုပ်ရုံး သို့ ရောက်ရှိ ခဲ့ကြပြီး ထိုင်းဝန်ကြီးချုပ်၏ အကြံပေးအရာရှိ (ရှပ်နီခေါင်းဆောင် တစ်ဦးလည်းဖြစ်သူ) Asst. Prof. Jaran Ditapichai နှင့် အချိန် တစ် နာရီခွဲကြာ တွေ့ဆုံခဲ့ကြသည်။
ထိုသို့ တွေ့ဆုံရာတွင် ထိုင်းနိုင်ငံ၊ နိုင်ငံခြားရေးကော်မတီ ဥက္ကဋ္ဌ Sunai Chulpongsatorn လည်း အတူပါရှိခဲ့ပြီး ထိုင်းနိုင်ငံရေးအခြေအနေ၊ ထိုင်း - မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေးတိုးတက်မှု နှင့် ရှေ့အလား အလာ များကို ဆွေးနွေးခဲ့ကြသည်။

ရန်ကုန်မြို့ အခြေအနေ တည်ငြိမ်အေးချမ်း လျက်ရှိ

ရန်ကုန်မြို့ အခြေအနေ တည်ငြိမ်အေးချမ်း လျက်ရှိ

မန္တလေးတိုင်း ဒေသကြီး မိတ္ထီလာမြို့၌ မတ် ၂ဝရက်က စတင် ဖြစ်ပွားခဲ့သည့် ဆူပူ အကြမ်းဖက်မှုကို အခြေခံ၍ တည်ငြိမ် အေးချမ်းမှုကို မလိုလား မရှုဆိတ် သူတစ်စုက ရန်ကုန်မြို့၏တည် ငြိမ်အေးချမ်းမှုကို ပျက်ပြားစေရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ယနေ့ နံနက်ပိုင်းတွင် မင်္ဂလာ တောင်ညွန့်မြို့နယ် မင်္ဂလာဈေးနှင့် ယုဇန ပလာဇာတို့၌ ကောလာ ဟလများကြောင့် ဈေးဆိုင်ခန်း ပိတ်သိမ်းမှုများ ဖြစ်ပွားခဲ့သည်။

ယင်းဖြစ်စဉ် ဖြစ်ရပ်မှာ တည်ငြိမ်အေးချမ်းမှုကို ပျက်ပြား စေလိုသူ အချို့၏ ကာလာဟလ စကားများကို ယုံကြည်မိရာမှ ယခုကဲ့သို့ ဈေးဆိုင် ပိတ်သိမ်းမှုများ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်းနှင့် မည်သို့သော အကြမ်း ဖက်မှု၊ ဆူပူမှုမျှ ဖြစ်ပွားခဲ့ခြင်း မရှိကြောင်း သိရသည်။

ရန်ကုန်မြို့တော် စည်ပင် သာယာ နယ်နိမိတ် အတွင်းရှိ မြို့နယ် အသီးသီး၌ အုပ်ချုပ်ရေး ဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်မိရပ်ဖများက မြို့နယ်/ ရပ်ကွက်အလိုက် တည်ငြိမ် အေးချမ်းမှု ရှိအောင် အလေး ထား နှိုးဆော် ဆောင်ရွက်လျက်ရှိပြီး ရန်ကုန်မြို့၏ လက်ရှိ အခြေအနေမှာ တည်ငြိမ် အေးချမ်းလျက်ရှိကြောင်းသိရသည်။                                   

 http://bit.ly/109FrxU မန္တလေးတိုင်း ဒေသကြီး မိတ္ထီလာမြို့၌ မတ် ၂ဝရက်က စတင် ဖြစ်ပွားခဲ့သည့် ဆူပူအကြမ်းဖက်မှုကို အခြေခံ၍ တည်ငြိမ် အေးချမ်းမှုကို မလိုလားမရှုဆိတ် သူတစ်စုက ရန်ကုန်မြို့၏တည် ငြိမ်အေးချမ်းမှုကို ပျက်ပြားစေ ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဗဟိုအာဖရိက သမ္မတ ကမ်မရွန်းမှာ ခိုလှုံ

Photo: ဗဟိုအာဖရိက သမ္မတ ကမ်မရွန်းမှာ ခိုလှုံ
Tuesday, March 26, 2013

ဗဟို အာဖရိက  သမ္မတ နိုင်ငံ  သမ္မတ ဖရန်ဆွာ ဘိုဇီဇေးကို အိမ်နီးချင်း ကမ်မရွန်း နိုင်ငံမှာ ယာယီ ခိုလှုံခွင့် ပေးလိုက်တယ်လို့ ကမ်မရွန်း အစိုးရ က ပြောကြား လိုက်ပါတယ်။

မစ္စတာ ဘိုဇီဇေးဟာ ဟာ ကွန်ဂို ဒီမိုကရက်တစ်  သမ္မတ နိုင်ငံကို ထွက်ပြေး သွားတာလို့ စောစော ပိုင်းက သတင်းတွေ ထွက်နေ ခဲ့တာ ဖြစ်ပါတယ်။
ဆက်စပ်သတင်းနဲ့ အစီအစဉ်များ   

သမ္မတ ဘိုဇီဇေးရဲ့ မိသားစုတွေ ကတော့ ကွန်ဂို ဒီမိုကရက်တစ်  သမ္မတ နိုင်ငံကို ထွက်ပြေး သွားကြတာ ဖြစ်ပါတယ်။

မြို့တော် ဘန်ဂီကို တနင်္ဂနွနေ့က သူပုန်တွေ ထိန်းချုပ် လိုက်ပြီးနောက်  သမ္မတ ဘိုဇီဇေး တိုင်းပြည် ကနေ ထွက်ပြေး သွားခဲ့ရတာ ဖြစ်ပါတယ်။

အာဖရိက သမဂ္ဂ ကတော့ အခုလို အာဏာသိမ်း လိုက်တာကို ရှုတ်ချ လိုက်ပြီး၊ ဗဟို အာဖရိက  သမ္မတ နိုင်ငံကို အဖွဲ့ဝင် အဖြစ်ကနေ ဆိုင်းငံ့
ထား လိုက်ပါတယ်။

မြို့တော် ဘန်ဂီကို သူပုန်တွေ အာဏာ တက်သိမ်း တုန်းက အစိုးရ ဘက်ကနေ ကာကွယ် တိုက်ခိုက် ပေးခဲ့တဲ့ တောင်အာဖရိက နိုင်ငံက စစ်သား အနည်းဆုံး ၁၃ ဦး သေဆုံး သွားပြီး စစ်သား ၃၀ နီးပါး ဒဏ်ရာ ရရှိ သွားတယ်လို့ တောင်အာဖရိက  သမ္မတ ဂျက်ကော့ ဇူးမား က ပြောကြား လိုက်ပါတယ်။

တောင်အာဖရိက နိုင်ငံမှာ ၁၉၉၄ ခုနှစ်က စလို့ ဒီမိုကရေစီ ရရှိ ခဲ့ပြီး နောက်ပိုင်း အခုလို စစ်သားတွေ ဆုံးရှုံး ရမှုမှာ ဒါ အများဆုံး
ဖြစ်ပါတယ်။

သူပုန်တွေ ကတော့ ဇန်နဝါရီလက သဘောတူ ထားခဲ့တဲ့ ငြိမ်းချမ်းရေး
သေဘာတူညီချက် အရ အစိုးရနဲ့ အာဏာ မျှဝေရေးကို ဆက်လက် ထိန်းသိမ်း လုပ်ဆောင် သွားမယ် လို့ ပြောပါတယ်။

မြို့တော် ဘန်ဂီကို သူပုန်တွေ ထိန်းချုပ် လိုက်ပြီး နောက် သမ္မတ ဘိုဇီဇေး တိုင်းပြည် က ထွက်ပြေး 

BBC ဗဟို အာဖရိက သမ္မတ နိုင်ငံ သမ္မတ ဖရန်ဆွာ ဘိုဇီဇေးကို အိမ်နီးချင်း ကမ်မရွန်း နိုင်ငံမှာ ယာယီ ခိုလှုံခွင့် ပေးလိုက်တယ်လို့ ကမ်မရွန်း အစိုးရက ပြောကြား လိုက်ပါတယ်။

သင့်ကြောင့် လူမျိုးရေး ပြဿနာ မဖြစ်ပွားစေနဲ့


ယခုတလော မြန်မာပြည် ရှိ မြို့တစ်ချို့တွင် ဖြစ်ပွားနေသည့် လူမျိုးရေး၊ ဘသာရေး ပြဿနာ အချို့ကို ဖြေရှင်း တာဆီးရန် မြန်မာနိုင်ငံသား တိုင်းတွင် တာဝန်ရှိပါသည်။
အဆိုပါ ပြဿနာ ဖြစ်ပွားပါက နိုင်ငံတာကာတွင် နိုင်ငံ၏ ပုံရိပ်ကို ထိခိုက်စေနိုင်သည်သာမက တစ်နိုင်ငံလုံး၏ အကျိုးစီးပွားကိုပါ ထိခိုက်နိုင်ပါသည်။

လက်ကိုင်ဖုန်း သေနတ် ပေါ်ပေါက်နေ သဖြင့် တင်းကြပ်စွာ စစ်ဆေးနေ

လက်ကိုင်ဖုန်း သေနတ် ပေါ်ပေါက်နေ သဖြင့် တင်းကြပ်စွာ စစ်ဆေးနေ


လက်ကိုင် ဖုန်းသေနတ် များ ပေါ်ပေါက်နေ သဖြင့် လေ ဆိပ်နှင့် သင်္ဘော ဆိပ်များ တွင် စနစ်တကျ စစ်ဆေး အရေး ယူ ဆောင်ရွက်သွား ရန် ရန်ကုန်တိုင်းဒေသ ကြီး အစိုးရ အဖွဲ့မှ ညွှန်ကြားထားကြောင်းသိရ သည်။

ပြီးခဲ့သည့် ဧပြီလမှစ၍ လက် ကိုင်ဖုန်းသေနတ်များ ပေါ်ပေါက် နေကြောင်း သတင်းရရှိသဖြင့် လေ ဆိပ် နှင့်သင်္ဘောဆိပ်ရှိ နိုင်ငံခြား အဝင်အထွက်ဂိတ်များတွင် စနစ် တကျရှာဖွေစစ်ဆေးရန်လေကြောင်း ဦးစီး ဌာနနှင့် မြန်မာ့ဆိပ်ကမ်းအာ ဏာပိုင်သို့ အကြောင်းကြားထား ကြောင်း သိရ သည်။

” ပြည်ပ အဝင် အ ထွက်တွေက ပုံမှန်စစ်ဆေးနေတာပဲ။ ခုချိန်ထိ တော့ လက်ကိုင်ဖုန်းသေနတ်တွေ တော့ ဖမ်း မိတယ်လို့ မကြားရဘူး။ တော်တော်များများကို အသေးစိတ် စစ်ရတာ။ 

နည်းပညာရော ပစ္စည်းပါ တိုးတက်လာ တဲ့ခေတ်ဆိုတော့ အတိုင်းထက်အလွန် စစ်ရတယ်။ ပြီးတော့ ဟိုဘက်နိုင်ငံမှာလည်း အစစ်အဆေးမရှိဘဲ ဒီကိုရောက် မလာနိုင်ပါဘူး ”ဟု လေဆိပ်ရှိ စစ် ဆေးရေးအရာရှိတစ်ဦး ကဆိုသည်။

ရန်ကုန်တိုင်း ဒေသ ကြီးအတွင်း တွင် လေဆိပ်၊ ရေဆိပ်များသာ မက မြို့တွင်း ကား လမ်းကြောများ တွင်လည်း ရှောင်တခင် ရှာဖွေစစ် ဆေးခြင်း၊ ပိတ်ဆို့စစ်ဆေးခြင်းများ လုပ်ဆောင်လျက်ရှိပြီး ဓား၊ စကေ ဘာ၊ နံချပ်ကူစသည့် လူကိုအန္တ ရာယ် ဖြစ်စေ နိုင်သော ကိရိယာများ ကိုင်ဆောင်ခြင်းရှိ၊ မရှိအသေးစိတ် စစ်ဆေးလျက်ရှိ ကြောင်း၊ ယင်းကဲ့ သို့ ပစ္စည်းများ တွေ့ရှိပါက လက် နက်ဥပဒေအရ ထိရောက်စွာအရေး ယူရန်စီမံချက် ချထားကြောင်း သိရသည်။


https://www.facebook.com/ZinYawNews
Credit to:Thit Htoo Lwin blog လက်ကိုင် ဖုန်းသေနတ်များ ပေါ်ပေါက်နေသဖြင့် လေ ဆိပ်နှင့် သင်္ဘောဆိပ်များတွင် စနစ်တကျ စစ်ဆေးအရေး ယူ ဆောင်ရွက် သွားရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ညွှန်ကြား ထားကြောင်း သိရသည်။

မိတ္တီလာမှာ ဒုက္ခသည်တွေအတွက် လှူဒါန်းသူတွေ များလာ

Photo: မိတ္တီလာမှာ ဒုက္ခသည်တွေအတွက် လှူဒါန်းသူတွေ များလာ 

မိတ္ထီလာမြို့မှာ ၃ရက်ကြာ ဖြစ်ပွားခဲ့တဲ့ အဓိကရုဏ်းကြောင့် အိုးအိမ်ဆုံးရှုံးခဲ့ရတဲ့ အစ္စလာမ်ဘာသာဝင်နဲ့ ဗုဒ္ဓဘာသာဝင် ဒုက္ခသည်တွေကို နိုင်ငံရေးပါတီတွေနဲ့ လူမှုရေးအသင်းအဖွဲ့တွေက မတ်လ ၂၅ရက် ဒီကနေ့မှာ  ရောက်ရှိလှူဒါန်းနေကြပါတယ်။

မန္တလေးမြို့အခြေစိုက် ဘာသာပေါင်းစုံကနေ လှူဒါန်းလိုက်တဲ့ ပစ္စည်းတွေ သယ်ဆောင်ပြီး မိတ္ထီလာမြို့ကို ရောက်ရှိလာတဲ့ မေမြို့အာရှအလင်းရောင်ဆရာတော် ဦးစိန္တက ဦးဆောင်တဲ့အဖွဲ့က အလှူပစ္စည်းတွေကို ဘာသာရေးခွဲခြားမှူမရှိပဲ နှစ်ဖက်လုံးကို  ပေးအပ်သွားမယ်လို့ ဆရာတော်က RFA ကို မိန့်ပါတယ်။ 

“အခုလို မိတ္ထီလာကို လာရတာက ပြီးခဲ့တဲ့ရက်ပိုင်းက အခင်းဖြစ်လိုက်တဲ့နေရာမှာ ဒုက္ခရောက်သွားတဲ့ ဗုဒ္ဓဘာသာဝင် မြန်မာတွေရော အစ္စလာမ်ဘာသာဝင် မြန်မာတွေရောပေါ့နော်၊ သူတို့အတွက် တတ်နိုင်သလောက် အလှူအတန်းတွေလာပြီးတော့ လုပ်ပေးတာပါ၊ လှူလိုက်တာကလည်း မန္တလေးမြို့ပေါ်က ဘာသာပေါင်းစုံက လှူလိုက်တာပါ၊ အထူးသဖြင့်  အစ္စလာမ်ဘာသာဝင်တွေက ဘုန်းကြီးတို့ကို ပိုပြီးတော့လှူတာတွေ့ရပါတယ်၊ ဒါတွေကိုလည်း ဒီမှာရှိတဲ့ ဒုက္ခရောက်နေတဲ့ ဘယ်ဘာသာမဆို ဘုန်းကြီးတို့က လှူဒါန်းပေးမှာပါ”

မိတ္ထီလာမြို့ခံ ၈၈မျိုးဆက်ကျောင်းသားများအဖွဲ့ကတော့ မကျီးကုန်း၊ သမုန်းကုန်း၊ မင်္ဂလာဇေယုံကျောင်းတွေမှာရှိတဲ့ ဒုက္ခသည်တွေကို ဆန်၊ ရေသန့်ဘူး၊ မိုးကာ၊ စောင်၊ အ၀တ်အစားတွေကို သွားရောက်လှူဒါန်းခဲ့ပါတယ်။

အဲဒီအဓိကရုဏ်းကြောင့် သေဆုံးသူ ၃၂ ဦးရှိပြီး၊ ဒေသခံ ၉၆၀၀ ကျော် ဒုက္ခသည်တွေဖြစ်ခဲ့ရတယ်လို့ နိုင်ငံပိုင်သတင်းစာတွေမှာ ဖော်ပြထားပါတယ်။
အစ္စလာမ်ဘာသာဝင်တွေရဲ့ ဒုက္ခသည်စခန်းတွေကို ခရိုင်အားကစားကွင်း၊ အမှတ် (၁) အထက်တန်းကျောင်း၊ ပညာရေးကောလိပ်စတဲ့ နေရာတွေမှာ အာဏာပိုင်တွေက ဖွင့်လှစ်ပေးခဲ့ပါတယ်။ ဗုဒ္ဓဘာသာဝင် ဒုက္ခသည်တွေကိုတော့ မကျီးကုန်းကျောင်း၊ သမုန်းကုန်းကျောင်းစတဲ့ ဘုန်းတော်ကြီးကျောင်းတွေမှာ နေထိုင်နေကြပါတယ်။ မိတ္ထီလာမြို့မှာ ၃ရက်ကြာ ဖြစ်ပွားခဲ့တဲ့ အဓိကရုဏ်းကြောင့် အိုးအိမ် ဆုံးရှုံးခဲ့ရတဲ့ အစ္စလာမ်ဘာသာဝင်နဲ့ ဗုဒ္ဓဘာသာဝင် ဒုက္ခသည်တွေ ကို နိုင်ငံရေးပါတီတွေနဲ့ လူမှုရေးအသင်းအဖွဲ့တွေက မတ်လ ၂၅ရက် ဒီကနေ့မှာ ရောက်ရှိလှူဒါန်းနေကြပါတယ်။
မန္တလေးမြို့အခြေစိုက် ဘာသာပေါင်းစုံကနေ လှူဒါန်းလိုက်တဲ့ ပစ္စည်းတွေသယ်ဆောင်ပြီး မိတ္ထီလာမြို့ကို ရောက်ရှိလာတဲ့ မေမြို့ အာရှအလင်းရောင်ဆရာတော် ဦးစိန္တက ဦးဆောင်တဲ့အဖွဲ့က အလှူ ပစ္စည်းတွေကို ဘာသာရေးခွဲခြားမှူ မရှိပဲ နှစ်ဖက်လုံးကို ပေးအပ်သွား မယ်လို့ ဆရာတော်က RFA ကို မိန့်ပါတယ်။

မတ်လ ၂၅ ရက်ည ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်အချို့ မြင်ကွင်း

Photo: ပဋိပက္ခ ဖြစ်ပွားနိုင်သည်ဟု သတင်းထွက်ပေါ်မှုများနှင့် ပတ်သက်၍ မတ်လ ၂၅ ရက်နေ့ညပိုင်းတွင် ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ တာမွေ၊ မင်္ဂလာတောင်ညွှန့် စသည့်မြို့နယ်များ၌ ရဲတပ်ဖွဲ့ဝင်များ၊ အရံမီးသတ် တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်သူ ရပ်ကွက်သားများက လမ်းအလိုက် လုံခြုံရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ပဋိပက္ခ ဖြစ်ပွားနိုင်သည်ဟု သတင်းထွက်ပေါ်မှုများနှင့် ပတ်သက်၍ မတ်လ ၂၅ ရက်နေ့ညပိုင်းတွင် ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ တာမွေ၊ မင်္ဂလာတောင်ညွှန့် စသည့်မြို့နယ်များ၌ ရဲတပ်ဖွဲ့ဝင်များ၊

Monday, March 25, 2013

ဆူပူမှုများ ဖြစ်စေရန် သွေးထိုးပေးနေသာ Freedom News Group မည်သူဆိုသည်ကို ဖော်ထုတ်လိုက်ပြီ

Photo: မတ်လ ၂၀ ရက်နေ့က ဖြစ်ပွားခဲ့သော မိတ္ထီလာမြို့ ပဋိပက္ခတွင် သေဆုံးသူ (၁၁) ဦးနှင့် ဒဏ်ရာရရှိသူ (၃၉) ဦးရှိကြောင်း နိုင်ငံပိုင် မီဒီယာများမှ သတင်း ထုတ်ပြန်ထားသော်လည်း မျက်မြင်သက်သေများ၏ ပြောကြားချက်နှင့် Eleven Media Gruop မှ ရရှိခဲ့သော အထောက် အထားများအရ သေဆုံးသူ အရေအတွက်နှင့် ဆုံးရှုံးမှုများ ပိုမိုများပြားနိုင်ကြောင်း သိရပါသည်။(ဓါတ်ပုံအချို့ကိုချန်လှပ်ထားပါသည်။)
အိုင်တီပညာရှင်များ ပါဝင်သော အထူးအဖွဲ့မှ မြန်မာနိုင်ငံတွင် ဆူပူ အကြမ်းဖက်မှုများလှုံ့ဆော်ဆောင်ရွက်နေသော Freedom News Group အမည်ရှိ facebook page တစ်ခုအား လိုက်လံထောက်လှမ်း ရှာဖွေလျက်ရှိရာ ယနေ့ အတိအကျ ထုတ်ဖော်နိုင်ပြီ ဖြစ်သည်.....
ဂိတ်ဝေးတွင်စိစစ်ချက်အရ FNG ဟူသော ဆူပူအကြမ်းဖက်မှုများ လှုံ့ဆော်လျက်ရှိသည့်အကောင့်မှာ အမေ၇ိကန်အခြေစိုက် သတင်းထောက်တစ်ဦး ပုံစံဟန်ဆောင်ထားသော Page တစ်ခု ဖြစ်သော်လည်း ၄င်းမှာ ပြည်တွင်းမှ M3Wi ပိုင်ရှင် မေဇင်အေး-ခွန်ဒီးယမ်-ဒီမိုဖက်တီးဖြစ်ကြောင်း သိရှိရသည်....

လက်နက်ကိုင် ဝ,အဖွဲ့က ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ် တောင်းဆို

လက်နက်ကိုင် ဝ,အဖွဲ့က ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ် တောင်းဆို
Monday, March 25, 2013
 
ဝ,ပြည် သွေးစည်းညီညွတ်ရေး ပါတီ/တပ်မတော် (UWSP/UWSA)မှ ကိုယ်စားလှယ် တဦးက ဝ,ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်
တောင်းဆိုကြောင်း Shan Herald Agency for News (SHAN) သတင်းတရပ်တွင်ဖေါ်ပြထားသည်။

UWSA မှ ပြင်ပဆက်ဆံရေးဆိုင်ရာ လက်ထောက် ပြောရေးဆိုခွင့် ရှိသူ ရှောင်ဆမ်ကွန် (Xiao Samkun) က လားရှိုးမြို့တွင်တွေ့ဆုံ
ဆွေးနွေးနေကြသည့် ရှမ်း-ကယား ယုံကြည်မှု တည်ဆောက်ရေး ကွန်ဖရင့်တွင် မတ်လ ၂၁ ရက်နေ့က ပြောကြားခြင်း ဖြစ်သည်။

မတ်လ ၂၀ ရက်နေ့မှ စတင်၍ သုံးရက်တာ ကျင်းပခဲ့သော အဆိုပါ ညီလာခံသို့ သမ္မတရုံးဝန်ကြီး ဦးအောင်မင်း တက်ရောက်ခဲ့ပြီး ရှမ်းနှင့် ကယားပြည်နယ်မှ ပါတီနှင့် အဖွဲ့ အစည်းပေါင်း ၂၂ ဖွဲ့ တက်ရောက်ရာ UWSA ၏ ရပ်တည်ချက် အနေအထားကို တရားဝင် ဆွေးနွေးခဲ့ကြခြင်း မရှိဟု Shan Herald က ဖေါ်ပြသည်။

တိုင်းရင်းသား အဖွဲ့များအနေဖြင့် ဘုံသဘောထားအမြင် ရှာဖွေရန် လိုအပ်သည်ဟု SHAN အယ်ဒီတာချုပ် က ဆိုသည်။

“ဝ,က ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ် တောင်းနေပါတယ်။ ဒါသူတို့အခွင့်အရေးပါ။ ဝ,ရဲ့ တောင်းဆိုမှုကို ဆန့်ကျင်မယ့်သူတွေလည်း ရှိပါတယ်။ သူတို့ (အခွင့်အရေး)ကိုလည်း ပိတ်ပင်လို့ မရပါဘူး” ဟု ဦးခွန်ဆိုင်း က ပြောသည်။

ထို့ပြင် ခွဲထွက်ခြင်းမပြုသည့် အဖြေတရပ်ရရန် ဆွေးနွေးသင့်သည်ဟုလည်း ၎င်းက ဆက်ပြောသည်။

ရှမ်း-ကယား ညီလာခံသို့ ရှမ်း၊ ကယန်း၊ ကရင်နီ၊ လားဟူ၊ ကိုးကန့်၊ ဝ၊ တအောင်း (ပလောင်)၊ ဓနု၊ အင်း စသည့် လူမျိုးများမှ နိုင်ငံရေးပါတီ ၁၀ ခု၊ လက်နက်ကိုင် အဖွဲ့အစည်း ၁၁ ဖွဲ့တို့မှ ကိုယ်စားလှယ် များနှင့် လေ့လာသူ လူမှုအဖွဲ့အစည်း ၂၂ ဖွဲ့ ပါဝင်ရာ စုစုပေါင်း ညီလာခံ တက်ရောက်သူ ၂၀၀ ခန့် ရှိသည်။ ဗြိတိန်၊ အမေရိကန်၊ အင်ဒိုနီးရှားနှင့် ဘရူနိုင်းနိုင်ငံ သံရုံးများမှ  သံတမန်များလည်း တက်ရောက်ခဲ့ကြသည်။

UWSA မှာ ၁၉၈၉ ခုနှစ်တွင် ဗမာပြည်ကွန်မြူနစ်ပါတီမှ ခွဲထွက်ခဲ့သည်။

၂ဝ၁၁ ခုနှစ်၊ စက်တင်ဘာလ ၆ ရက်နေ့တွင် အစိုးရနှင့် အပစ် အခတ်ရပ်စဲထားသည့် UWSA သည် စစ်သည်အင်အား သုံးသောင်းကျော်ရှိကာ ပန်ဆန်းမြို့တွင် ဌာနချုပ် ဖွင့်လှစ်ထားရှိသည့် အင်အားအကြီးဆုံးသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ဖြစ်သည်။

၂ဝဝ၈ ဖွဲ့စည်းပုံအရ ဝ,ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းကို မြို့နယ် ၆ 
မြို့နယ်ဖြင့် ဖွဲ့စည်းထားပြီး ၂ဝ၁ဝ ခုနှစ် ရွေးကောက်ပွဲတွင်နှစ်မြို့နယ်သာ ကျင်းပနိုင်ခဲ့သည်။


မဇ္ဈိမ ဝ,ပြည် သွေးစည်းညီညွတ်ရေး ပါတီ/တပ်မတော် (UWSP/UWSA)မှ ကိုယ်စားလှယ် တဦးက ဝ,ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရပြည်နယ် တောင်း ဆိုကြောင်း Shan Herald Agency for News (SHAN) သတင်း တရပ်တွင်ဖေါ်ပြထားသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သတင်းထုတ်ပြန်ရေးအဖွဲ့ သတင်းထုတ်ပြန်ချက်(၇/၂၀၁၃)


၁၃၇၄ ခုနှစ်၊ တပေါင်းလဆန်း ၁၄ ရက်
၂၀၁၃ ခုနှစ်၊ မတ်လ ၂၅ ရက်

၁။ အစိုးရအဖွဲ့အနေဖြင့် လူမျိုးရေး၊ ဘာသာရေး အကြမ်းဖက်ရန် လှုံ့ဆော်မှုများ အပါအ၀င် အကြမ်းဖက်မှု အားလုံးကို အများပြည်သူ အကျိုးစီးပွား အလို့ငှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ တည်ဆဲ ဥပဒေများနှင့်အညီ အစွမ်းကုန် တားဆီးကိုင်တွယ်ဆောင်ရွက်သွားမည်။

ပဋိပက္ခများဖြစ်ပွားနေသည်ဟု ကောလဟာလများကြောင့် လူများစိတ်နှောင့် အယှက်ဖြစ်နေ


ရန်ကုန်(မဇ္ဈိမ)။ ။ မင်္ဂလာ တောင်ညွှန့်မြို့နယ်အတွင်း မင်္ဂလာဈေးနှင့် ယုဇနပလာဇာ တဝိုက်ရှိ ဆိုင် အများအပြားကို ယနေ့မွန်းလွဲပိုင်းတွင် ဆိုင်ရှင်များပိတ်သိမ်းနေသည် ဟူသော ထွက်ပေါ်နေသော ကောလာဟလများကြောင့် လူအများကြားစိတ်အနှောက်အယှက် ဖြစ်နေကြောင်း ယုဇနပလာဇာတွင် ဆေးဆိုင်ဖွင့်ထားသူ တဦးက မဇ္ဈိမသို့ ပြောသည်။

ရန်ကုန်တွင် ပုဒ်မ ၁၈၈ ထုတ်ပြန်သည်ဆိုသော သတင်းမဟုတ်မှန်ဟုဆို

ရန်ကုန်မြို့တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရက ပုဒ်မ ၁၈၈ ထုန်ပြန် ရန်အတည်ပြုဆုံးဖြတ်လိုက် သည်ဆိုသော သတင်းမှာ မဟုတ်မှန်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဋ္ဌာန ဒုတိယညွှန် ကြားရေးမှူး ဦးအောင်ကျော်စိုးက ဧရာဝတီသို့ အတည်ပြုပြောကြားသည်။

အမျိုးသမီး ရဲတပ်သားများ လျှောက်ထားနိုင်ပြီဟုသိရ

police
မြန်မာနိုင်ငံရဲတပ်ဖွဲ့တွင် တာဝန်ထမ်းဆောင်ရန် အမျိုးသမီး  ရဲတပ်သား လစာနှုန်း (၃၅၀၀၀ ကျပ်၊ ၁၀၀၀ ကျပ်၊ ၄၀၀၀၀ ကျပ်)  ဖြင့် လျှောက်လွှာ များခေါ်ယူထား  သည်ဟု သိရသည်။
လျှောက်လွှာများကို သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးများသို့ ၁၀.၄.၂၀၁၃ ရက်နေ့ နောက်ဆုံး ထား၍ ပေးပို့လျှောက်ထား ရမည်  ဖြစ်ကြောင်း သတ်မှတ်အချက်  အလက်များ မပြည့်စုံသည့်လျှောက်   လွှာများသတ်မှတ် ရက်ထက် နောက်ကျပြီးမှရောက်ရှိ လာသော  လျှောက်လွှာ များအား လက်ခံ

တရုတ်သမ္မတသစ် အာဖရိကတွင်ကုန်သွယ်ရေးကို ဦးတည်ပြောကြားမည်

Photo: တရုတ်သမ္မတသစ် အာဖရိကတွင်ကုန်သွယ်ရေးကို ဦးတည်ပြောကြားမည်
Monday, March 25, 2013

တရုတ်သမ္မတ တနင်္လာနေ့တွင် ပြောကြားမည့်မိန့်ခွန်း၌ ပိုမိုတိုးတက်ဆောင်ရွက်လာခြင်းကြောင့် အာဖရိကတိုက်နှင့် တရုတ်နိုင်ငံဆက်ဆံရေး ကို ဖော်ညွှန်းပြီး တရုတ်-အာဖရိက စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများကို အဓိကထား ပြောကြား သွားမည်ဖြစ်ကြောင်း အာဖရိကတိုက်ကို တရုတ်၏ ကုန်ကြမ်း
ပစ္စည်းများ ရရှိရေးနှင့် ဈေးကွက်တစ်ခုအဖြစ် သိရသည်။

သမ္မတရှီ၏ ပထမဆုံးနိုင်ငံခြားခရီးစဉ်တွင် တစ်ခုအပါအဝင်
ဖြစ်သော အာဖရိကခရီးသည် ရေနံနှင့်သဘာဝကုန်ကြမ်းများ
ပေါများသည့် အာဖရိကသည် ကမ္ဘာစီးပွားရေး ဒုတိယ အင်အား အကြီးဆုံးဖြစ်သည့် ၎င်းတို့နိုင်ငံ၏ မဟာဗျူဟာမြောက်အရေး
ပါမှုကို ထင်ဟတ်စေမည် ဖြစ်သည်။

တရုတ်တို့က စီးပွားရေးဆက်နွယ်မှုကို ကျယ်ပြန့်စွာ လုပ်ဆောင်ရန် ကြိုးစားနေသော်လည်း အာဖရိကနိုင်ငံများသည် အာရှစီးပွားရေးဇုန်မှ ပစ္စည်းများကို လွန်ကဲစွာသုံးရန် ၎င်းတို့၏ကုန်ကြမ်းများကို ကုန်စင် သွားသည်အထိ ရောင်းထုတ်နေခြင်းများကို ကြုံတွေ့ရမည်ဖြစ်သည်။

အာဖရိကနိုင်ငံများသည် တရုတ်နိုင်ငံကို အနောက်နိုင်ငံများ၏ သြဇာလွှမ်းမိုးမှုနည်းတူ ကောင်းမွန်သည့် အခွင့်အရေးတူများ
ပေးသည့် နိုင်ငံ တစ်နိုင်ငံဟု မြင်ခဲ့ကြသော်လည်း ကုန်သွယ်ရေး
သက်တမ်း ကြာမြင့်လာချိန်တွင် ဥပဒေရေးဆွဲသူများနှုင့် စီးပွား
ရေး ပညာရှင်များထံ အခွင့်အ ရေး ပိုမိုညီမျှသည့် စီးပွားရေးသဘော
တူညီချက် ရရှိရန် တောင်းဆိုချက်များ ရှိနေကြောင်း သိရသည်။

တရုတ်သမ္မတ၏ အာဖရိကကိုလာရောက်သည့် ရည်ရွယ်ချက်
များတွင် အာဖရိကဒေသခံများသည် အာဖရိကသို့ တရုတ်နိုင်ငံ ကုန်သွယ်ခြင်း သည် အာဖရိက၏ကုန်ကြမ်းရင်းမြစ်များကို ရည်ရွယ်ရင်းဖြစ်သည်ဟူသော စိုးရိမ်မှုကို ဖြေလျှော့ရန်ဖြစ်သည်
ဟုနိုင်ရိုဘီအခြေစိုက် နိုင်ငံတ ကာနှင့် ဒေသတွင်းကုန်သွယ်ရေး ကွန်ယက်တွေးတောမှုဗဟို ဥက္ကဋ္ဌ ဂျိမ်းစ် ရှီကွာတီက ပြောကြား
သည်။

အာဖရိကရှိ တရုတ်နယ်စည်းမခြား အကူအညီပေးရေးအဖွဲ့၏
ကျေးဇူးရှိမှုကိုလည်း ၎င်းတို့၏ရည်ရွယ်ချက်အရင်းခံများကို ဂရုပြုတွေးတောလာ နေကြောင်း သိရသည်။

“တရုတ်နိုင်ငံဟာ ကျွန်တော်တို့အပေါ်မှာ တိုးတက်ရေး အကူအညီတွေ ပေးပါတယ်၊ ဒါပေမယ့် အဲလိုလုပ်တာဟာ သူတို့တစ်ခုခု ပြန်လိုချင်နေ တယ်” ဟု ဒါအက်ဆာလမ်မှ တက္ကသိုလ်ကျောင်းသားတစ်ဦးက ပြောကြားသည်။

မစ္စတာရှီသည် တန်ဇနီးယားမြို့တော် ဒါအက်ဆာလမ်မြို့သို့
ရောက်ရှိနေပြီး ၎င်းမြို့တွင် တနင်္ဂနွေနေ့တွင် မိန့်ခွန်းတစ်ရပ်
ပြောကြားမည် ဖြစ် သည်။ ၎င်းသည် သမ္မတဂျာကာယာ ကီကွက်တီအစိုးရနှင့် တွေ့ဆုံပြီး ကုန်သွယ်ရေးနှင့် ပူးပေါင်း
ရေးစာချုပ်၁၀ကျော်ကို လက်မှတ်ထိုးခဲ့ ကြောင်း သိရသည်။

သဘောတူချက်များတွင် ဆိပ်ကမ်းသစ်တည်ဆောက်ရေး၊ စက်မှုဇုန်တည်ဆောက်ရေးတို့တွင် ပူးတွဲတည်ဆောက်ရန် စီမံကိန်းများပါဝင်သည်။ တန်ဇနီးယားအစိုးရကို ဆက်သွယ်ရေး အခြေခံအဆောက်အအုံအတွက် ချေးငွေ၊ အတိုးမဲ့ချေးငွေများ
ပေးအပ်မည်ဖြစ်ကြောင်း သိရသည်။

ပရော့ဂျက်အတွက် ငွေပင်ငွေရင်းမည်မျှပါဝင်သည်ကို မသိရဘဲ ချေးငွေပမာဏကိုလည်း အသေးစိတ်ထုတ်ပြန်
မထားကြောင်း သိရသည်။

တရုတ်သမ္မတသည်အင်္ဂါနှင့် ဗုဒ္ဓဟူးနေ့များတွင် ကျင်းပမည့်
စီးပွားရေး အင်အားကြီးနိုင်ငံများဖြစ်သည့် အိန္ဒိယ၊ တောင်အာ
ဖရိက၊ တရုတ်၊ ရုရှ၊ ဘရာဇီး ထိပ်သီးဆွေးနွေးပွဲကို တက်ရောက်ရန်
တောင်အာဖရိကကို ဆက်လက်ထွက်ခွာသွားကြောင်း သိရသည်။

Ref:Reuters
The Myanma Age တရုတ်သမ္မတ တနင်္လာနေ့တွင် ပြောကြားမည့်မိန့်ခွန်း၌ ပိုမို တိုးတက်ဆောင်ရွက်လာခြင်းကြောင့် အာဖရိကတိုက်နှင့် တရုတ်နိုင်ငံ ဆက်ဆံရေး ကို ဖော်ညွှန်းပြီး တရုတ်-အာဖရိက စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများကို အဓိကထား ပြောကြား သွား မည်ဖြစ်ကြောင်း အာဖရိကတိုက်ကို တရုတ်၏ ကုန်ကြမ်းပစ္စည်းများ ရရှိရေးနှင့် ဈေးကွက်တစ်ခုအဖြစ် သိရသည်။

ဝိုင်နီဆေးပြားဖြင့် အိုမင်းမှုကို အဟန့်အထားဖြစ်စေ

ဝိုင်နီဆေးပြားဖြင့် အိုမင်းမှုကို အဟန့်အထားဖြစ်စေ
Monday, March 25, 2013

အညိုရောင်ချောကလက်နှင့် ဝိုင်နီတွင်ပါဝင်သည့် ဓါတုပစ္စည်းတစ်မျိုး
သည် ဆီးချိုရောဂါ၊ အဝလွန် ရောဂါနှင့် အချို့သောကင်ဆာရော ဂါများ
ကို ကာကွယ်နိုင်ပြီး အိုမင်းမှုကို ဟန့်တားထားနိုင်ကြောင်း ဟားဗတ်
တက္ကသိုလ် သုတေသီများကဆိုသည်။

Science ဂျာနယ်၌ဖော်ပြပါရှိ သော အဆိုပါသုတေသနကို ဟားဗတ်
တက္ကသိုလ်မှ မျိုးဗီဇပါမောက္ခ ဒေးဗစ်ဆင်ကလဲနှင့်အဖွဲ့ကပြုလုပ်ခဲ့ပြီး resverastrol အမည်ရှိဓါတုပစ္စည်း တစ်မျိုးကို အဓိကလေ့လာခဲ့ကြ
သည်။

SIRT1 အမည်ရှိအင်ဇိုင်းသည် ဆီးချို၊ အဝလွန်ရောဂါနှင့် ကင်ဆာ ရောဂါ
များအပါအဝင် ရောဂါ(၂ဝ)မျိုးခန့်ကို ကာကွယ်ပေးနိုင်ပြီး လေ့ကျင့်ခန်းပြု
လုပ်ခြင်း၊ ကယ်လိုရီစားသုံး မှုလျှော့ချခြင်းဖြင့် ယင်းအင်ဇိုင်းကို လှုံ့ဆော်နိုင်
သည်။

ထို့ပြင်အင်ဇိုင်းလှုံ့ ဆော်ပစ္စည်းများဖြင့်လည်း SIRT1 အလုပ်လုပ်စေ
ရန်ထောက်ပံ့ပေးနိုင်ပြီး အဓိကအကျဆုံး အင်ဇိုင်းလှုံ့ဆော် ပစ္စည်းမှာ resveratrol ဖြစ်သည်။ resveratrol ကို ချောကလက်နှင့် ဝိုင်နီတွင်
ပမာဏအနည်းငယ်စီတွေ့ရပြီး ဆေးကုမ္ပဏီများစွာကလည်း resveratrol ကိုဖန်တီးထုတ်လုပ် နိုင်ရန် ကြိုးစားလျက်ရှိကြသည်။

ကြွက်များတွင်စမ်းသပ်ချက်များအရ resveratrol ပေးထားသည့်ကြွက်
များသည် သာမန်ကြွက်တစ် ကောင်ထက် နှစ်ဆလျှင်မြန်စွာပြေး နိုင်ပြီး
(၁၅) ရာခိုင်နှုန်း သက်တမ်းရှည်သည်ကိုတွေ့ရသည်။

သီဟ
Health Updates Journal အညိုရောင်ချောကလက်နှင့် ဝိုင်နီတွင်ပါဝင်သည့် ဓါတုပစ္စည်းတစ်မျိုး သည် ဆီးချိုရောဂါ၊ အဝလွန် ရောဂါနှင့် အချို့သောကင်ဆာရော ဂါများ ကို ကာကွယ် နိုင်ပြီး အိုမင်းမှုကို ဟန့်တားထားနိုင်ကြောင်း ဟားဗတ်တက္ကသိုလ် သုတေ သီများ ကဆိုသည်။
Science ဂျာနယ်၌ဖော်ပြပါရှိ သော အဆိုပါသုတေသနကို ဟားဗတ်တက္ကသိုလ်မှ မျိုးဗီဇပါမောက္ခ ဒေးဗစ်ဆင်ကလဲနှင့်အဖွဲ့ကပြုလုပ်ခဲ့ပြီး resverastrol အမည်ရှိ ဓါတုပစ္စည်း တစ်မျိုးကို အဓိကလေ့လာခဲ့ကြသည်။

မြို့တော်ခန်းမရှေ့တွင် ခေါင်းစဉ်သုံးခုဖြင့် ဆန္ဒထုတ်ဖော်

မြို့တော်ခန်းမရှေ့တွင် ခေါင်းစဉ်သုံးခုဖြင့် ဆန္ဒထုတ်ဖော်
Monday, March 25, 2013

ရန်ကုန်မြို့ ၊မြို့တော်ခန်းမရှေ့တွင် လယ်သမားရေး၊ ရခိုင်
ပြည်နယ်ရေး၊ ၀န်ထမ်းများလစာကိစ္စ စသည့်ခေါင်းစဉ်များ
ယနေ့မနက် ၉း၃၀ တွင် လူဦးရေ ၁၅ယောက်ခန့်က ဆန္ဒ
ထုတ်ဖော်ခဲ့ကြောင်း သိရသည်။

ယင်းသို့ ဆန္ဒထုတ်ဖော်ရခြင်းမှာ လယ်မြေများသိမ်းယူ ခံ
ထားရမူများအတွက် တာဝန်ရှိသူများက အောက်ခြေအ
ထိ ဆင်း၍ ဆောင်ပေးရေး အကျင့်ပျက် လဒ်စားမူများကို တိကြစွာ ဆောင်ရွက်ပေးရေးနှင့် ရခိုင်ပြည်နယ်တွင်
လုံခြုံရေးအင်အား တိုးချဲ့ချထားပေးရန်နှင့် ပြည်တွင်းရှိ
မည်သည့်ဘာသာကို ကိုးကွယ်သည် ဖြစ်စေနိုင်ငံသား များသာ ဖြစ်ကြောင်းနှင့် ပြည်ပမှ ခိုးဝင်လာသူ များအား
နေရပ်သို့ပြန်လည်ပို့ဆောင်ပေးရေး ၊ ၀န်ထမ်းလစာများ
ကို အာဆီယံနိုင်ငံများနီးတူ ဆောင်ရွက်ပေးစေရန် ကိစ္စ
များအတွက် ဆန္ဒထုတ်ဖော်ရခြင်းဖြစ်ကြောင်း ဆန္ဒပြသူ တစ်ဦးက ပြောကြားသည်။

“ကျွန်တော်တို့ ရခိုင်ပြည်နယ်ရေးနှင့် ပတ်သတ်ပြီး လုံခြုံရေး
တိုးမြင့် ချထားပေးဖို့ လိုပါတယ်။ ပြည်ပမှ ခိုးဝင်လာသူများကို
နေရပ်သို့ ပြန်လည်ပို့ဆောင်ပေးပြီး နိုင်ငံတော် အေးချမ်မှသာ ဒီမိုကရေစီကို ဖော်ဆောင်နိုင်မှာ ဖြစ်ပါတယ်” ဟု ဆန္ဒပြသူ ဦးစိုးကြည်က ပြောကြာသည်။

ထို့အပြင် လယ်မြေကိစ္စများနှင့် ပတ်သတ်၍ တွံတေးမြို့နယ်၊
ဒလမြို့နယ်၊ သန်လျင်ကျောက်တန်း၊ ပဲခူးတိုင်းဒေသများမှ
လယ်သမားများ ပါဝင်ခဲ့ကြသည်။” ကျွန်တော်တို့ကို လယ်ထဲ
က တဲတွေကို ဖျက်ပေး။ လူကြီးတွေလာရင် တဲတွေကို ဖျက်
ပစ်မယ် ” ဟု ဒလမြို့နယ်၊ ရခိုင်ချောင်ဒေသရှိ လယ်သမား
(၄၄)ဦး ပိုင်ဆိုင်သော လယ်ဧက(၅၀၀)အား သိမ်ယူထားသော ဧရာဝတီ ရေတပ်စခန်းမှ ပြောကြောင်း လယ်သိမ်းခံရသူ လယ်သမားခေါင်ဆောင် ဦးမြသိန်းက ပြောသည်။

ပိုင်လေး
ဓာတ်ပုံ - သီဟ
The Myanma Age ရန်ကုန်မြို့ ၊မြို့တော်ခန်းမရှေ့တွင် လယ်သမားရေး၊ ရခိုင် ပြည်နယ်ရေး၊ ၀န်ထမ်းများလစာကိစ္စ စသည့်ခေါင်းစဉ်များ ယနေ့မနက် ၉း၃၀ တွင် လူဦးရေ ၁၅ယောက်ခန့်က ဆန္ဒ ထုတ်ဖော် ခဲ့ကြောင်းသိရသည်။

မိမိတို့ မြို့တွေ ရပ်ကွက်တွေမှာဖြစ်ဖြစ် မသင်္ကာစရာများတွေ့ရင်ဖြစ်ဖြစ် ဆူပူမှုတွေ ဖြစ်လာရင် အရေးပေါ်ဆက်သွယ် ဆက်သွယ်လိုက်ပါ


Photo: မိမိတို့ မြို့တွေ ရပ်ကွက်တွေမှာဖြစ်ဖြစ် မသင်္ကာစရာများတွေ့ရင်ဖြစ်ဖြစ်
ဆူပူမှုတွေ ဖြစ်လာရင် အရေးပေါ်ဆက်သွယ် ဆက်သွယ်လိုက်ပါ
။။။။။။။။။။ ။။။။။။။။။။ ။။။။။။။။။။ ။။။။။။။။။။ ။။။။။။။။။။ ။။။။။။။။။။ ။။။။။။။။။။ ။။။။။။။။။။

မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့စခန်းများဖုန်းနံပါတ်

ပြည်ထဲရေးဝန်ကြီးဌာန
၁။ ဒဂုံတောင်ရဲစခန်း ၀၁-၅၉၀၀၉၃
၂။ ဒဂုံမြောက်ရဲစခန်း ၀၁-၅၈၄၁၀၉
၃။ ဒဂုံအရှေ့ ၀၁-၅၈၅၁၈၇
၎။ ဒဂုံဆိမ်ကမ်း ၀၁-၅၉၃၀၀၇
၅။ ဗိုလ်တစ်ထောင် ၀၁-၂၉၁၈၇၄
၆။ မင်္ဂလာတောင်ညွန့် ၀၁-၂၉၁၀၃၄
၇။ သာကေတ အမှတ် ( ၁ ) ၀၁-၅၅၆၈၆၅
၈။ သာကတေအမှတ် (၂) ၀၁-၅၄၇၂၅၃
၉။ တောင်ဥက္ကလာပ ၀၁-၅၆၁၆၄၂
၁၀။ မြောက်ဥက္ကလာပ ၀၁-၉၆၉၉၃၈၄
၁၁။ ရွှေပေါက်ကံ ၀၁-၉၆၉၅၅၆၁
၁၂။ ဝေဘာဂီ ၀၁-၉၆၉၉၁၃၈
၁၃။ တာမွေ ၀၁-၅၅၆၇၇၁
၁၄။ သင်္ဃန်းကျွန်း ၀၁-၅၆၂၅၄၄
၁၅။ သုဝဏ္ဏ ၀၁-၅၆၂၅၈၈
၁၆။ ပုဇွန်တောင် ၀၁-၂၉၁၂၁၈
၁၇။ ဒေါပုံ ၀၁-၅၅၆၉၈၈
၁၈။ ရန်ကင်း ၀၁-၅၇၇၁၉၀
၁၉။ မရမ်းကုန်း ၀၁-၆၆၀၃၅၂
၂၀။ ဘုရင့်နောင် ၀၁-၆၈၀၇၇၄
၂၁။ လှိုင် ၀၁-၅၁၉၅၃၁
၂၂။ ပိတောက်ချောင်း ၀၁-၆၈၁၅၇၄
၂၃။ ကမာရွတ် ၀၁-၅၃၄၃၀၄
၂၄။ ဗဟန်း ၀၁-၅၅၄၆၃၀
၂၅။ စမ်းချောင်း ၀၁-၅၃၅၁၈၄
၂၆။ ကြည့်မြင်တိုင် ၀၁-၅၃၅၈၆၇
၂၇။ စက်ဆန်း ၀၁-၇၀၈၉၃၁
၂၈။ အလုံ ၀၁-၂၂၀၇၉၃
၂၉။ လမ်းမတော် ၀၁-၂၂၄၅၂၈
၃၀။ လသာ ၀၁-၂၅၃၂၀၂
၃၁။ ပန်းဘဲတန်း ၀၁-၃၇၁၃၉၈
၃၂။ ကျောက်တံတား ၀၁-၃၇၁၀၅၄
၃၃။ ဆိပ်ကမ်း ၀၁-၂၅၆၉၂၀
၃၄။ ဒလ ၀၁-၂၆၉၁၉၂
၃၅။ သံလျင် ၀၅၆-၂၁၅၀၄
၃၆။ ကျောက်တန်း ၀၅၆-၂၅၅၀၄
၃၇။ အင်းစိန် ၀၁-၆၄၅၈၁၉
၃၈။ မင်္ဂလာဒုံ ၀၁-၆၃၅၀၇၄
၃၉။ ထောက်ကြန့် ၀၁-၆၀၀၀၃၂
၄၀။ လှိုင်သာယာ ၀၁-၆၄၅၀၁၆
၄၁။ မှော်ဘီ ၀၁-၆၂၀၀၀၁
၄၂။ လည်းကူး ၀၁-၆၂၉၀၀၉
၄၃။ တိုက်ကြီး ၀၅၅-၂၀၀၀၃
၄၄။ သောင်းကြီး ၀၁-၇၂၂၉၁၆
၄၅။ လှော်ကား ၀၁-၇၀၈၉၃၀

***********************************************

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ရဲစခန်းများ၏ ဆက်သွယ်ရန် ဖုန်းနံပါတ်များ

၁။ အမှတ်(၁)ရဲစခန်း ၀၂-၆၁၂၀၇

၂။ အမှတ်(၂)ရဲစခန်း ၀၂-၃၂၀၀၈

၃။ အမှတ်(၃)ရဲစခန်း ၀၂-၃၂၀၈၉

၎။ အမှတ်(၄)ရဲစခန်း ၀၂-၆၀၈၃၁

၅။ အမှတ်(၅)ရဲစခန်း ၀၂-၃၆၉၉၁

၆။ အမှတ်(၆)ရဲစခန်း ၀၂-၃၆၉၉၂

၇။ အမှတ်(၇)ရဲစခန်း ၀၂-၃၆၉၉၃

၈။ အမှတ်(၈)ရဲစခန်း ၀၂-၃၆၉၉၄

၉။ အမှတ်(၉)ရဲစခန်း ၀၂-၃၆၉၉၅

၁၀။ အမှတ်(၁၀)ရဲစခန်း ၀၂-၃၆၁၄၅

၁၁။ အမှတ်(၁၁)ရဲစခန်း ၀၂-၃၆၉၉၆

၁၂။ အောင်ပင်လယ်ရဲစခန်း ၀၂-၆၂၇၁၀

၁၃။ ပြည်ကြီးတံခွန်ရဲစခန်း ၀၂-၈၀၃၄၈

၁၄။ ပုသိမ်ကြီးရဲစခန်း ၀၂-၅၇၇၄၉

၁၅။ အုန်းချောရဲစခန်း ၀၈၅-၄၀၁၉၉

၁၆။ အမရပူရရဲစခန်း ၀၂-၇၀၉၉၈

၁၇။ မြစ်ငယ်ရဲစခန်း ၀၂-၅၅၀၇၅

၁၈။ ပြင်ဦးလွင်ရဲစခန်း ၀၈၅-၂၂၀၃၇

၁၉။ သရုပ်ပြရဲစခန်း ၀၂-၅၀၂၆၂

၂၀။ မတ္တရာရဲစခန်း ၀၂-၇၉၀၀၁

၂၁။ စဥ့်ကူးရဲစခန်း ၀၈၆-၃၅၁၉၉

၂၂။ သပိတ်ကျင်းရဲစခန်း ၀၈၆-၃၀၀၀၂

၂၃။ မိုးကုတ်ရဲစခန်း ၀၈၆-၂၀၀၁၃

၂၄။ ကျပ်ပြင်ရဲစခန်း ၀၈၆-၂၅၀၁၂

၂၅။ အချုပ်ထောင်ရဲစခန်း ၀၈၆-၂၀၀၁၄

၂၆။ ကျောက်ဆည်ရဲစခန်း ၀၆၆-၅၀၃၃၂

၂၇။ မြစ်သားရဲစခန်း ၀၆၆-၆၀၀၀၆

၂၈။ ကူမဲရဲစခန်း ၀၆၆-၆၂၀၁၃

၂၉။ စဥ့်ကိုင်ရဲစခန်း ၀၆၆-၄၀၀၃၁

၃၀။ ပလိပ်ရဲစခန်း ၀၆၆-၄၂၀၉၃

၃၁။ လေဆိပ်ရဲစခန်း ၀၂-၈၇၄၁၆

၃၂။ တံတားဦးရဲစခန်း ၀၆၆-၄၄၀၀၇

၃၃။ မိတ္ထီလာအမှတ်(၁)ရဲစခန်း ၀၆၄-၂၃၅၀၄

၃၄။ ရှမ်းမငယ်ရဲစခန်း ၀၉၆၅၂၀၆၇၁

၃၅။ အလယ်ရွာရဲစခန်း ၀၉၆၅၂၀၆၇၂

၃၆။ ယင်းမာပင်ရဲစခန်း ၀၉၆၅၂၀၆၇၃

၃၇။ ညောင်ရမ်းရဲစခန်း ၀၉၆၅၂၀၆၇၄

၃၈။ ဟံဇာရဲစခန်း ၀၉၆၅၂၀၆၇၅

၃၉။ ရွှေတောင်ရဲစခန်း ၀၉၆၅၂၀၇၂၄

၄၀။ ပင်းတလဲရဲစခန်း ၀၉၆၅၂၀၈၅၄

၄၁။ နှောကန်ရဲစခန်း ၀၉၆၅၂၀၇၃၆

၄၂။ ဆည်တိုရဲစခန်း ၀၉၆၅၂၀၇၃၅

၄၃။ မိတ္ထီလာအမှတ်(၂)ရဲစခန်း ၀၆၄-၂၃၅၀၅

၄၄။ မိတ္ထီလာအမှတ်(၃)ရဲစခန်း ၀၆၄-၃၅၁၉၉

၄၅။ မလှိုင်ရဲစခန်း ၀၆၄-၆၀၂၅၄

၄၆။ သာစည်ရဲစခန်း ၀၆၄-၆၉၀၀၁

၄၇။ ဝမ်းတွင်းရဲစခန်း ၀၆၄-၅၀၀၀၇

၄၈။ ရမည်းသင်းရဲစခန်း ၀၆၄-၄၀၀၀၃

၄၉။ ပျော်ဘွယ်ရဲစခန်း ၀၆၄-၄၉၀၀၆

၅၀။ မြင်းခြံအမှတ်(၁)ရဲစခန်း ၀၆၆-၂၁၅၀၄

၅၁။ မြင်းခြံအမှတ်(၂)ရဲစခန်း ၀၆၆-၂၁၀၃၉

၅၂။ ဆီမီးခုံရဲစခန်း ၀၆၆-၂၂၁၃၀

၅၃။ နွားထိုးကြီးရဲစခန်း ၀၆၆-၈၀၀၀၄

၅၄။ တောင်သာရဲစခန်း ၀၆၆-၇၀၅၀၄

၅၅။ ကျောက်ပန်းတောင်းရဲစခန်း ၀၆၁-၅၁၁၉၉

၅၆။ ငါန်းဇွန်ရဲစခန်း ၀၆၆-၄၆၂၂၉

၅၇။ ညောင်ဦးရဲစခန်း ၀၆၁-၆၀၅၀၃

၅၈။ ပုဂံရဲစခန်း ၀၆၁-၆၅၁၉၉

Hmuu Zaw
မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့စခန်းများဖုန်းနံပါတ်

မျိုးသုဉ်း ပျောက်ကွယ်ခဲ့သော ဖားမျိုးစိတ် များအား သုတေသန ပညာရှင်များ ပြန်လည် အသက် သွင်းယူခဲ့

မျိုးသုဉ်း ပျောက်ကွယ်ခဲ့သော ဖားမျိုးစိတ် များအား သုတေသန ပညာရှင်များ ပြန်လည် အသက် သွင်းယူခဲ့

သြစတြေးလျ နိုင်ငံမှ သုတေသန ပညာရှင် များသည် နှစ်ပေါင်း ၃ဝ အတွင်းက မျိုးသုဉ်း ပျောက်ကွယ်ခဲ့သည့် ရှားပါး ဖားမျိုးစိတ် သန္ဓေလောင်း များကို ပါးစပ်မှ တစ်ဆင့်  မွေးဖွား စေသော ဖားမျိုးစိတ်အား ပြန်လည် အသက် သွင်းခြင်းဖြင့် သမိုင်း မှတ်တိုင်တစ်ခု တင်နိုင် ခဲ့ကြောင်း သိရသည်။

သြစတြေးလျ နိုင်ငံ Newcastle တက္ကသိုလ်မှ သိပံ္ပ ပညာရှင် များသည် ၁၉၈၃ ခုနှစ် အတွင်းက မျိုးသုဉ်း ပျောက်ကွယ်ခဲ့သည့် Platypus ဟု အမည်ရှိသော ဖားမျိုးစိတ် များ၏ မျိုးရိုးဗီဇ များကို ပြန်လည် အသက်သွင်းယူ နိုင်ခဲ့ပြီး ၎င်းစီမံကိန်းအား ''Lazarus Project" ဟုအမည် ပေးထားကြောင်း သိရသည်။

Platypus မျိုးစိတ်၏ သတ္တဝါ များသည် အထီးများနှင့် ပြင်ပသန္ဓေ အောင်ခြင်းများ ပြုလုပ် ခဲ့ပြီးနောက် ၎င်းတို့၏ ဥများကို အစာအိမ် အတွင်းသို့ မျိုချကာ ပါးစပ်မှ တစ်ဆင့် သန္ဓေသား လောင်းများအား မွေးဖွားခြင်း ဖြစ်သည်။

သုတေသီ များသည် ဓာတ်ခွဲခန်း၌ မျိုးသုဉ်း ပျောက်ကွယ်ခဲ့သည့် ဖားမျိုးစိတ် များကို ဖော်ထုတ်ခဲ့ပြီး ပြန်လည် ရှင်သန်နိုင်ရန် အတွက် သေဆုံးခဲ့သော ဆဲလ်များအား ပြန်လည် အသက် သွင်းခဲ့ခြင်း ဖြစ်ကြောင်း၊ ယခုအခါ ၎င်းဖားများ၏ ဆဲလ်များကို အအေး ခန်းမတွင် ထိန်းသိမ်း ထားခဲ့ပြီး အနာဂတ် ကိုယ်ပွား ဖန်တီး စမ်းသပ်မှု များတွင်လည်း အသုံးပြု သွားမည် ဖြစ်ကြောင်း Lazarus  စီမံကိန်း ခေါင်းဆောင် ပါမောက္ခ ဗီကီဟာချာက ပြောကြားခဲ့သည်။

ထို့အပြင် ၎င်းသုတေသန ပြုအဖွဲ့သည် ၁၉၇ဝ ပြည့်နှစ်တွင် အအေးခန်း တစ်ခုအတွင်း ထိန်းသိမ်းခဲ့သည့် တစ်သျှူးများမှ သက်ရှိ ကလပ်ဆဲလ် များအား ပြန်လည် ဖော်ထုတ် ခဲ့ကြောင်း သိရသည်။ အဆိုပါ စီမံကိန်းသည် ဇီဝဗေဒ ဆိုင်ရာ မဟုတ်ဘဲ နည်းပညာပိုင်း ဆိုင်ရာများ ဖြစ်သည့်အတွက် အလွန် ခက်ခဲစွာ လုပ်ဆောင် ခဲ့ရကြောင်း ဟာချာ က ပြောကြားခဲ့သည်။

http://bit.ly/ZOixhW သြစတြေးလျ နိုင်ငံမှ သုတေသန ပညာရှင် များသည် နှစ်ပေါင်း ၃ဝ အတွင်းက မျိုးသုဉ်း ပျောက်ကွယ်ခဲ့သည့် ရှားပါး ဖားမျိုးစိတ် သန္ဓေလောင်း များကို ပါးစပ်မှ တစ်ဆင့် မွေးဖွား စေသော ဖားမျိုးစိတ်အား ပြန်လည် အသက် သွင်းခြင်းဖြင့် သမိုင်း မှတ်တိုင်တစ်ခု တင်နိုင် ခဲ့ကြောင်း သိရသည်။

“ဂျပန်ဆယ်ကျော်သက်တစ်ဦး မိခင်ဖြစ်သူအား သတ်ဖြတ်”

Photo: “ဂျပန်ဆယ်ကျော်သက်တစ်ဦး မိခင်ဖြစ်သူအား သတ်ဖြတ်”

ဂျပန်နိုင်ငံတွင် ဆယ်ကျော်သက် လူငယ် တစ်ဦးသည် မယ်မယ်ရရ အကြောင်းမရှိဘဲ မိခင်ကို သတ်ဖြတ်ကာ ခန္ဓာကိုယ် အစိတ်အပိုင်းများအား ဖြတ်တောက်ခဲ့ကြောင်း သိရှိရသည်။

အသက်(၁၉)နှစ်ရှိ သံသယ တရားခံက မိမိသည် မိခင်ဖြစ်သူကို သဘောမကျကြောင်းနှင့် လူ့ခန္ဓာကိုယ်အား ခွဲစိတ်မှုအကြောင်း ပိုမိုသိရှိလို၍ ယခုလို လုပ်ဆောင်ခဲ့ခြင်းဟု ရဲများထံ ထွက်ဆိုခဲ့ကြောင်း သတင်းများက ဖော်ပြခဲ့သည်။ 

အမည်ဖော်မပြသော အဆိုပါ လူငယ်သည် မိခင်ရင်းကို သတ်ဖြတ်ကာ ရေချိုးခန်းထဲတွင် အနည်းဆုံး (၁၅)ပိုင်းမျှ ပိုင်းဖြတ်ခဲ့သည်။ အလောင်းကို အစိတ်စိတ် အမြွှာမြွှာ ခုတ်ပိုင်းရာတွင် မီးဖိုချောင်သုံး ဓားများကို အသုံးပြုခဲ့ကြောင်း အမည်ပြောကြားရန် ငြင်းဆိုခဲ့သည့် ရဲအရာရှိ တစ်ဦးက AFPသို့ ထုတ်ဖော် ပြောဆိုသွားသည်။

Read more http://www.planet.com.mm/news/read.cfm/id/21275 ဂျပန်နိုင်ငံတွင် ဆယ်ကျော်သက် လူငယ်တစ်ဦးသည် မယ်မယ်ရရ အကြောင်းမရှိဘဲ မိခင်ကိုသတ်ဖြတ်ကာ ခန္ဓာကိုယ် အစိတ်အပိုင်း များအား ဖြတ်တောက်ခဲ့ကြောင်း သိရှိရသည်။
အသက်(၁၉)နှစ်ရှိ သံသယတရားခံက မိမိသည် မိခင်ဖြစ်သူကို သဘောမကျကြောင်းနှင့် လူ့ခန္ဓာကိုယ်အား ခွဲစိတ်မှုအကြောင်း ပိုမို သိရှိလို၍ ယခုလိုလုပ်ဆောင်ခဲ့ခြင်းဟု ရဲများထံထွက်ဆိုခဲ့ကြောင်း သတင်းများက ဖော်ပြခဲ့သည်။