Friday, March 7, 2014

အစိုးရနှင့် ပုဂ္ဂလိက ဖက်စပ် လုပ်ငန်းများ အကဲဖြတ်ရေး ဗြိတိန် ဒေါ်လာနှစ်သန်း ကူညီမည်

အစိုးရနှင့် ပုဂ္ဂလိက ပူးပေါင်း လုပ်ကိုင်သည့် (Private - Public Partnership - PPP) စီမံကိန်းများနှင့် ဖက်စပ် လုပ်ငန်းများကို အကဲဖြတ်ခြင်း၊ စီမံခန့်ခွဲခြင်းနှင့် မဟာဗျူဟာ ရေးဆွဲခြင်း လုပ်ငန်းများ အတွက် ဗြိတိန် အစိုးရက အမေရိကန်ဒေါ်လာ နှစ်သန်း ကူညီမည် ဖြစ်ပြီး အာရှဖွံ့ဖြိုးရေးဘဏ် (ADB) က စီမံခန့်ခွဲမည် ဖြစ်ကြောင်း ADB က သတင်း ထုတ်ပြန်သည်။

ပညာရေးဆိုင်ရာဥပဒေ ပြဋ္ဌာန်းနိုင်ရေး ဆောင်ရွက်မည်

Photo: ပညာရေးဆိုင်ရာဥပဒေ ပြဋ္ဌာန်းနိုင်ရေး ဆောင်ရွက်မည်
Friday, March 7, 2014 

နေပြည်တော်မှာ ကျင်းပတဲ့ အမျိုးသားအဆင့် လက်တွေ့ကျသော ပညာရေး ပြုပြင်ပြောင်းလဲမှုဆိုင်ရာ ဆွေးနွေးပွဲကနေ ပညာရေးမူဝါဒနဲ့ လုပ်ငန်းစဉ်တွေကို သဘောတူညီချက် ရရှိခဲ့ပြီး ဥပဒေအဖြစ် ပြဋ္ဌာန်းနိုင်အောင် ဆက်လက် ဆောင်ရွက်တော့မှာ ဖြစ်ပါတယ်။

အမျိုးသားအဆင့် လက်တွေ့ကျသော ပညာရေးပြုပြင်ပြောင်းလဲမှု ဆွေးနွေးပွဲကို မနေ့က အပြီးသတ် ဆွေးနွေးခဲ့ပြီး ရရှိလာတဲ့ ပညာရေးဆိုင်ရာ မူဝါဒတွေနဲ့ ဥပဒေကြမ်းကို အစိုးရနဲ့ လွှတ်တော်အဆင့်ဆင့် တင်ပြပြီး အတည်ပြုချက် ရယူသွားမယ်လို့ သိပ္ပံနဲ့ နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကိုကိုဦးက ပြောပါတယ်။

Education Meeting 06032014တင်ပြမယ့် ပညာရေးဆိုင်ရာမူဝါဒတွေ အတည်ပြုပြီးပါက ၂၀၁၄-၁၅ ဘတ်ဂျက်ကာလမှာ ပညာရေးဆိုင်ရာ အခြေခံကျတဲ့လုပ်ငန်းတွေကို အကောင်းအထည်ဖော်သွားမယ်လို့လည်း ဆိုပါတယ်။

အမျိုးသားအဆင့် လက်တွေ့ကျသော ပညာရေးပြုပြင်ပြောင်းလဲမှု ဆွေးနွေးချက်တွေဟာ အောက်ခြေအဆင့်က ပညာရေးကို စိတ်ပါဝင်စားတဲ့ သူတွေအားလုံ ပါဝင်ထားတဲ့ ဆွေးနွေးတင်ပြချက်တွေ ဖြစ်တယ်လို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဒုဝန်ကြီး ဒေါက်တာဇော်မင်းက ပြောပါတယ်။

မြန်မာနိုင်ငံရဲ့ ပညာရေးမြင့်တင်မှု အကောင်အထည်ဖော်လာနိုင်အောင် ၂၀၁၂ ခုနှစ်ကတည်းက ဆွေးနွေးပွဲတွေလုပ်ပြီး အကြံပြုချက်တွေ တောင်းခံလာခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံ ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် (အန်အန်အီးအာ) က အခု အစိုးရက လုပ်တဲ့ အမျိုးသားအဆင့် ပညာရေး ပြုပြင်ပြောင်းလဲမှု ဆွေးနွေးချက်တွေဟာ ဗဟိုချုပ်ကိုင်မှုတွေ များနေလို့ ကန့်ကွက်သွားမယ်လို့ လုပ်ငန်းအဖွဲ့ဝင် ဦးရဲဝင်းက ပြောပါတယ်။

အမျိုးသားအဆင့်အနေနဲ့ နေပြည်တော် မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာ (အမ်အိုင်စီစီ) ခန်းမ ၂ မှာ မတ် ၅ ရက်နေ့ကနေ ၆ ရက်နေ့အထိ ၂ ရက်တာကျင်းပ ပြုလုပ်ခဲ့တာပါ။

အဲဒီဆွေးနွေးပွဲမှာတော့ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေက ဖိတ်ကြားထားတဲ့ ပညာရေးဌာန တာဝန်ရှိသူတွေ၊ ပုဂ္ဂလိကပညာရေးကျောင်း သင်ကြားနေတဲ့ဆရာ၊ ဆရာမတွေနဲ့ ပါမောက္ခကြီးတွေ တက်ရောက်ခဲ့ကြပါတယ်။

DVB
နေပြည်တော်မှာ ကျင်းပတဲ့ အမျိုးသားအဆင့် လက်တွေ့ကျသော ပညာရေး ပြုပြင်ပြောင်းလဲမှုဆိုင်ရာ ဆွေးနွေးပွဲကနေ ပညာရေးမူဝါဒနဲ့ လုပ်ငန်းစဉ်တွေကို သဘောတူညီချက်ရရှိခဲ့ပြီး ဥပဒေအဖြစ် ပြဋ္ဌာန်းနိုင်အောင် ဆက်လက် ဆောင်ရွက်တော့မှာ ဖြစ်ပါတယ်။

အစိုးရနှင့် ပုဂ္ဂလိက ဖက်စပ် လုပ်ငန်းများ အကဲဖြတ်ရေး ဗြိတိန် ဒေါ်လာနှစ်သန်း ကူညီမည်

အစိုးရနှင့် ပုဂ္ဂလိက ပူးပေါင်း လုပ်ကိုင်သည့် (Private - Public Partnership - PPP) စီမံကိန်းများနှင့် ဖက်စပ် လုပ်ငန်းများကို အကဲဖြတ်ခြင်း၊ စီမံခန့်ခွဲခြင်းနှင့် မဟာဗျူဟာ ရေးဆွဲခြင်း လုပ်ငန်းများ အတွက် ဗြိတိန်အစိုးရက အမေရိကန်ဒေါ်လာ နှစ်သန်း ကူညီမည် ဖြစ်ပြီး အာရှဖွံ့ဖြိုးရေးဘဏ် (ADB) က စီမံခန့်ခွဲမည် ဖြစ်ကြောင်း ADB က သတင်း ထုတ်ပြန်သည်။

မိုင်းထောင်သူ မိုင်းကွဲသေဆုံး

Photo: မိုင်းထောင်သူ မိုင်းကွဲသေဆုံ
Friday, March 7, 2014 

မြန်ပြည်မြောက်ပိုင်း(ကချင်ပြည်နယ်)၊ မြစ်ကြီးနားမြို့နယ်၊ ဟိုကပ်ကျေးရွာနေ (အဘ)ဦးလင်ခွန်နော်+(အမိ)ဒေါ်ဇိန်ခံကော့၊ (ဇနီး)ဒေါ်ခွန်မိုင်၏ ယောကျာ်းဖြစ်သူ KIA တပ်သား ဦးအင်ခွန်တန်သည် ၄င်းဟိုကပ်ကျေးရွာအနီး ရွာသူ/သားများ လယ်ယာလုပ်ငန်းခွင်သွားရာနှင့် တပ်မတော်နှင့် တာလောကြီးဒေသ ဌာနေပြည်သူ့စစ်များ လှုပ်ရှားသွားလာသည့် လမ်းကြောင်းတွင် မိုင်းထောင်ရာ မိုင်းပေါက်ကွဲသဖြင့် (၃-၃-၂၀၁၄)ရက်နေ့ ညနေ (၃း၀၀)နာရီကျော်အချိန်တွင် ဟိုကပ်ကျေးရွာ မန်ကွေ့လယ်ထိပ် လူသွားလမ်းကြောင်း၌ မိုင်းထောင်သူ ဦးအင်ခွန်တန် သေဆုံးနေကြောင်း ကျေးရွာပြည်သူများ၏ သတင်းပေးပို့ချက်အရ သိရှိရသည်။

အဆိုပါ မိုင်းထောင်သူ KIA တပ်သား ဦးအင်ခွန်တန်သည် မိုင်းကွဲ၍ သေဆုံးသည်မှာ မှန်ကန်ပါကြောင်း ဟိုကပ်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးအောင်ဆန်းမြင့်နှင့် တာလောကြီးကျေးရွာအုပ်ချုပ်ရေးမှူးတို့က အတည်ပြု ပြောဆိုပါသည်။

ဧရာဝတီမြစ်ဖျားဆီက
မြန်ပြည်မြောက်ပိုင်း(ကချင်ပြည်နယ်)၊ မြစ်ကြီးနားမြို့နယ်၊ ဟိုကပ်ကျေးရွာနေ (အဘ)ဦးလင်ခွန်နော်+(အမိ)ဒေါ်ဇိန်ခံကော့၊ (ဇနီး)ဒေါ်ခွန်မိုင်၏ ယောကျာ်းဖြစ်သူ KIA တပ်သား ဦးအင်ခွန်တန်သည် ၄င်း ဟိုကပ်ကျေးရွာအနီး ရွာသူ/သားများ လယ်ယာလုပ်ငန်းခွင်သွားရာနှင့် တပ်မတော်နှင့် တာလောကြီးဒေသ ဌာနေပြည်သူ့စစ်များ လှုပ်ရှားသွားလာသည့် လမ်းကြောင်းတွင် မိုင်းထောင်ရာ မိုင်းပေါက်ကွဲသဖြင့် (၃-၃-၂၀၁၄) ရက်နေ့ ညနေ (၃း၀၀)နာရီကျော်အချိန်တွင် ဟိုကပ်ကျေးရွာ မန်ကွေ့လယ်ထိပ် လူသွား လမ်းကြောင်း၌ မိုင်းထောင်သူ ဦးအင်ခွန်တန် သေဆုံးနေကြောင်း ကျေးရွာပြည်သူများ၏ သတင်းပေးပို့ချက် အရ သိရှိရသည်။

သိန်လင်ရွာက လူငယ်ရှစ်ဦးအား KIA မှ တပ်သားသစ် စုဆောင်းရေး ဖမ်းဆီးမှုဖြစ်ပွား

Photo: သိန်လင်ရွာက လူငယ်ရှစ်ဦးအား KIA မှ တပ်သားသစ် စုဆောင်းရေး ဖမ်းဆီးမှုဖြစ်ပွား
Friday, March 7, 2014 

မြန်မာပြည်မြောက်ပိုင်း၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့အနီး သိန်လင်ရွာက လူငယ်(၈)ဦးအား (၄၊၃၊၂၀၁၄) ရက်နေ့တွင် KIA ကချင်လွတ်မြောက်ရေး တပ်မတော်မှ တပ်သားသစ် စုဆောင်းရေး ဖမ်းဆီးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဗန်းမော်မြို့၊ သိန်လင်ရွာအနီး မန်ရွက်ကျေးရွာနောက်ကျောတွင် ဆိုင်ကယ်နဲ့ အလုပ်သွားတဲ့ လူငယ်(၈)ဦးကို “လမ်းမှာ ဆိုင်ကယ်နဲ့ ခေါ်သွားတာ၊ မင်းတို့ ရှေ့ကသွား၊ ငါတို့ နောက်ကလိုက်မယ်ဆိုပြီး KIA က နောက်ကလိုက်တာ၊ လူငယ်တွေက ရှေ့ကသွားတဲ့အခါ လမ်းခြားတဲ့အခါကျတော့ တောင်ပေါ်မှာကျတော့ တအားမောင်းပြေးခဲ့တာ၊ နှစ်ယောက်ပဲ ကျန်ခဲ့တယ်လို့ပြောတယ်၊ ကျန်ခဲ့တဲ့ နှစ်ယောက်ကတော့ ပါသွားသလား မပါသွားသလားဆိုတာ ဘာမှသတင်းမရသေးဘူးပေါ့၊ ကျန်တဲ့ ခြောက်ယောက်ကတော့ ပြန်ရောက်လာတာပေါ့၊ အဲဒီဘက်က KIA ရင်း(၁၂) ဖြစ်မယ်ထင်တယ်လို့ ဗန်းမော်ဒေသခံတစ်ဦးက ပြောကြားသည်။

ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့က “ကျွန်တော်တို့ကတော့ KIO နဲ့ တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းနဲ့လည်း သွားမယ်၊ ကုလသမဂ္ဂ၊ နိုင်ငံတော်အစိုးရနှင့် နိုင်ငံတကာကိုလည်း တင်ပြပြီး အကူအညီ တောင်းခံသွားမယ်၊ ပြည်သူ့စစ်တွေလည်း အမြန်ဆုံး ဖွဲ့စည်းနိုင်အောင် စီစဉ်ဆောင်ရွက်သွားရမယ်”လို့ ရှမ်းမျိုးနွယ်စုရေးရာခေါင်းဆောင် ဦးစိုင်းထိန်လင်းက ပြောကြားသည်။

KIA ကချင်လွတ်မြောက်ရေး တပ်မတော်မှ တပ်သားသစ် စုဆောင်းရေး ဖမ်းဆီးမှုခံရသူ သိန်လင်ရွာက လူငယ်တွေကတော့ ၁။မောင်မြင့်ကြိုင် (အဘ-ဦးကျော်စိန်+အမိ-ဒေါ်အောင်ပွဲ)၊ ၂။မောင်ကျော်လင်း (အဘ-ဦးရီပွဲ+ဒေါ်ဆိုင်းသာ)၊ ၃။မောင်သန်းစိုး(အဘ-ဦးဆန်းမောင်)၊ ၄။မောင်ကျော်ဆင့် (အဘ-ဦးအိုက်ဆိ+အမိ-ဒေါ်ထွေး)၊ ၅။မောင်စိုးနိုင် (အဘ-ဦးတင်မောင်)၊ ၆။မောင်အောင်တိုး (အဘ-ဦးတင်မောင်)၊ ၇။မောင်ဝင်းထွန်း (အမိ-ဒေါ်ငြိမ်း)၊ ၈။မောင်တင်ညွှန့် (အမိ-ဒေါ်ဆွဲ့နှင်းရီ) တို့ ဖြစ်တယ်လို့ သိရသည်။

ဧရာဝတီမြစ်ဖျားဆီက
မြန်မာပြည်မြောက်ပိုင်း၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့အနီး သိန်လင်ရွာက လူငယ်(၈)ဦးအား (၄၊၃၊၂၀၁၄) ရက်နေ့တွင် KIA ကချင်လွတ်မြောက်ရေး တပ်မတော်မှ တပ်သားသစ် စုဆောင်းရေး ဖမ်းဆီးမှု ဖြစ်ပွား ခဲ့ကြောင်း သိရသည်။

မြောက်ကိုရီးယားနှင့် စစ်ရေးဆက်ဆံမှု လုံးဝမရှိဟု အစိုးရ ထပ်မံငြင်းဆို

Photo: မြောက်ကိုရီးယားနှင့် စစ်ရေးဆက်ဆံမှု လုံးဝမရှိဟု အစိုးရ ထပ်မံငြင်းဆို
Friday, March 7, 2014 

တပ်မတော် အစိုးရလက်ထက် မြန်မာနိုင်ငံနှင့် မြောက်ကိုရီးယားတို့ စစ်ရေးဆိုင်ရာ ဆက်ဆံမှုများ ရှိခဲ့သော်လည်း ယနေ့အချိန်တွင် ပုံမှန် နှစ်နိုင်ငံ သံတမန် ဆက်ဆံရေးမှ အပ စစ်ဘက်ဆိုင်ရာ ဆက်ဆံမှုများ လုံးဝ မရှိတော့ကြောင်း နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့် ရှိသူ ဦးရဲထွဋ်က ထပ်မံ ငြင်းဆိုလိုက်သည်။

အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာနက မတ်လ ၅ ရက်နေ့တွင် ထုတ်ပြန်သည့် မြောက်ကိုရီးယား စစ်ရေးဆိုင်ရာ အစီရင်ခံစာတွင် မြန်မာနိုင်ငံနှင့် မြောက်ကိုရီးယားတို့ စစ်လက်နက် ရောင်းဝယ်မှုများ ရှိနေသေးကြောင်း ဖော်ပြထားမှုနှင့် ပတ်သက်၍ ၎င်းက အထက်ပါအတိုင်း ပြောဆိုခြင်း ဖြစ်သည်။

မြန်မာနိုင်ငံအနေနှင့် မြောက်ကိုရီးယားနှင့် ပတ်သက်၍ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ၏ ဆုံးဖြတ်ချက်များ အတိုင်း လိုက်နာမည် ဖြစ်ပြီး သံတမန် ဆက်ဆံရေးမှ အပ စစ်ရေးဆိုင်ရာ ဆက်သွယ်မှုများ ရပ်ဆိုင်းထားပြီး ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
“အကြိမ်ကြိမ် ပြောပြီးသားပါ၊ လက်တွေ့မှာလည်း တကယ်မရှိပါဘူး” ဟု ဦးရဲထွဋ်က ဆိုသည်။

အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာနက ယင်းနိုင်ငံ ကွန်ဂရက်သို့ တင်သွင်းသည့် အစီရင်ခံစာတွင် မြန်မာနိုင်ငံသည် မြောက်ကိုရီးယားနှင့် ဆက်ဆံရေးကို ခပ်ခွာခွာ ပြုလုပ်နေသော်လည်း စစ်လက်နက်ပစ္စည်း ဝယ်ယူမှုများမှာမူ ရှိနေဆဲ ဖြစ်ကြောင်း ထည့်သွင်း ဖော်ပြထားသည်။

မြောက်ကိုရီးယားသည် ၎င်း၏ စစ်လက်နက် ပစ္စည်းများကို မြန်မာ အပါအဝင် အီရန်၊ ဆီးရီးယားနှင့် အခြားနိုင်ငံများသို့ ကမ္ဘာအနှံ့ ကွန်ရက်ကို ချိတ်ဆက် ရောင်းချမှုများ ပြုလုပ်နေကြောင်း၊ နည်းပညာ လွှဲပြောင်းမှု များလည်း ပါဝင်ကြောင်း အမေရိကန် အစီရင်ခံစာတွင် ပါရှိသည်။

မြန်မာအစိုးရက မြောက်ကိုရီးယားနှင့် ပုံမှန် မဟုတ်သည့် ဆက်ဆံရေးများ ရပ်ဆိုင်းပြီး ဖြစ်သည်ဟု ဆိုသော်လည်း ၂၀၁၃ ခုနှစ် ဇူလိုင်လအတွင်း ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေးကို မြောက်ကိုရီးယားနှင့် လက်နက် ရောင်းဝယ်မှု အတွက်ဟု ဆိုကာ အမေရိကန် ပြည်ထောင်စုက ပိတ်ဆို့ အရေးယူခဲ့သည်။

ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ၏ ၂၀၁၂ ခုနှစ် နိုဝင်ဘာလတွင် ချမှတ်ထားသော ဆုံးဖြတ်ချက်အရ မြန်မာအစိုးရ အနေနှင့် မြောက်ကိုရီးယား နိုင်ငံမှ စစ်လက်နက်ပစ္စည်း ဝယ်ယူမှုကို ကန့်သတ် တားမြစ်ထားသည်။

The Voice Weekly
တပ်မတော် အစိုးရလက်ထက် မြန်မာနိုင်ငံနှင့် မြောက်ကိုရီးယားတို့ စစ်ရေးဆိုင်ရာ ဆက်ဆံမှုများ ရှိခဲ့သော်လည်း ယနေ့အချိန်တွင် ပုံမှန် နှစ်နိုင်ငံ သံတမန် ဆက်ဆံရေးမှ အပ စစ်ဘက်ဆိုင်ရာ ဆက်ဆံမှုများ လုံးဝ မရှိတော့ကြောင်း နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့် ရှိသူ ဦးရဲထွဋ်က ထပ်မံ ငြင်းဆိုလိုက်သည်။

မိုးကုတ်ရွှေဆိုင်ဓားပြမှု တရားခံသုံးဦး အဖွဲ့အစည်းတစ်ခုနှင့်ဆက်နွယ်နေ၍ဖမ်းဆီးမရမိသေး

ပြင်ဦးလွင်ခရိုင် မိုးကုတ်မြို့ အောင်ချမ်းသာဈေးတွင် ဇန်န၀ါရီ ၂၁ ရက်က ဖြစ်ပွားခဲ့သည့် ရွှေဆိုင်ဓားပြ တိုက်မှုတွင် ပါဝင်ခဲ့သော တရားခုနစ်ဦးအနက် လေးဦး ဖမ်းဆီးရမိကာ သုံးဦးမှာ အဖွဲ့အစည်းတစ်ခုနှင့် ပတ်သက်နေ၍ သွားရောက်ဖမ်းဆီးခြင်းမရှိသေးကြောင်း မန္တလေးတိုင်း ရဲတပ်ဖွဲ့မှူးရုံး ဒုတိယရဲမှူးကြီး ဦးဇော်မင်းဦးက မတ်လ ၆ ရက်၌ မဇ္ဈိမကို ပြောသည်။

အခြေခံနှင့် အဆင့်မြင့်ပညာ ပြောင်းလဲမှုများ လာမည့် ပညာသင်နှစ် စတင်မည်ဟုဆို

Photo: အခြေခံနှင့် အဆင့်မြင့်ပညာ ပြောင်းလဲမှုများ လာမည့် ပညာသင်နှစ် စတင်မည်ဟုဆို
Friday, March 7, 2014 

အမျိုးသားအဆင့် ပညာရေး ဆွေးနွေးပွဲ ရလဒ်များပေါ် မူတည်ပြီး လာမည့် ၂၀၁၄-၂၀၁၅ ပညာသင်နှစ်တွင် အခြေခံနှင့် အဆင့်မြင့်ပညာရပ် ဆိုင်ရာ အခြေခံကျသော ပြုပြင် ပြောင်းလဲမှုများ စတင်မည် ဖြစ်ကြောင်း မတ်လ ၆ ရက်နေ့က ကျင်းပသည့် လက်တွေ့ကျသော ပညာရေး ပြုပြင် ပြောင်းလဲရေး ဆွေးနွေးပွဲတွင် ပညာရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဒေါ်ခင်စန်းရီက ပြောကြားသည်။

အဆိုပါ ဆွေးနွေးပွဲတွင် အကြံပြုခဲ့ကြသော အချက်အလက် များကို အမျိုးသားပညာရေး ဥပဒေ နောက်ဆုံးအဆင့် မူကြမ်းတွင် ထည့်သွင်းပြီး အစိုးရအဖွဲ့နှင့် လွှတ်တော်သို့ ယခုနှစ်အတွင်း တင်သွင်းသွားရန် စီစဉ်ထားကြောင်း၊ ယင်းအပြင် ရေးဆွဲထားသော ပညာရေး မူဝါဒများကို အတည်ပြုပြီးလျှင် အကောင်အထည် ဖော်မှု အစီအစဉ်ပါ တစ်ဆက်တည်း စတင်သွားမည် ဖြစ်ကြောင်း ၎င်းက ဖြည့်စွက် ပြောကြားသည်။

“မူဝါဒထဲမှာ ပါမှ အသုံးစရိတ် ရမှာမို့ လုပ်ငန်းစဉ် အလိုက် လုပ်သွားတာပါ” ဟု ပညာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ဇော်မင်းအောင်က ပြောဆိုသည်။

သို့သော် ရေတိုနှင့် လတ်တလော ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို အသေးစိတ် ပြောကြားခြင်း မရှိချေ။

လာမည့် ပညာသင်နှစ်တွင် မူလတန်းနှင့် အလယ်တန်းကျောင်းသား၊ ကျောင်းသူတိုင်းကို ပြဋ္ဌာန်းစာအုပ် အခမဲ့ ဖြန့်ဝေပေးခြင်း၊ တတ်မြောက်မှု စာမေးပွဲစနစ် ပြောင်းလဲခြင်းနှင့် အခြေခံပညာ ကျောင်းများ အသုံးစရိတ် တိုးမြှင့်ရေးတို့ကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပညာရေး ဝန်ကြီးဌာနထံမှ သိရသည်။

ထို့အပြင် မသင်မနေရ ပညာရေးကိုမူ ဥပဒေ ရေးဆွဲပြီးမှသာ အကောင်အထည် ဖော်မည်ဖြစ်ကြောင်း ပညာရေး သုတေသနအဖွဲ့ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမျိုးသိမ်းကြီးက ဆိုသည်။

ပညာရေး ဝန်ကြီးဌာနအတွက် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ကျပ် ၂၆၈ ဘီလီယံကျော် သုံးစွဲရန် လျာထားကြောင်း အမျိုးသားစီမံကိန်း ရင်းနှီးမြှုပ်နှံမှု လျာထားချက် (မူကြမ်း) တွင် ဖော်ပြထားသည်။

The Voice Weekly
အမျိုးသားအဆင့် ပညာရေး ဆွေးနွေးပွဲ ရလဒ်များပေါ် မူတည်ပြီး လာမည့် ၂၀၁၄-၂၀၁၅ ပညာသင်နှစ်တွင် အခြေခံနှင့် အဆင့်မြင့်ပညာရပ် ဆိုင်ရာ အခြေခံကျသော ပြုပြင် ပြောင်းလဲမှုများ စတင်မည် ဖြစ်ကြောင်း မတ်လ ၆ ရက်နေ့က ကျင်းပသည့် လက်တွေ့ကျသော ပညာရေး ပြုပြင် ပြောင်းလဲရေး ဆွေးနွေးပွဲတွင် ပညာရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဒေါ်ခင်စန်းရီက ပြောကြားသည်။

သန်းခေါင်စာရင်း မေးခွန်းပုံစံနှင့် အထောက်အကူပြု ပစ္စည်းများ ဖြန့်ဝေ

၂၀၁၄ ခုနှစ် ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းမှာ အသုံးပြုမယ့် သန်းခေါင်စာရင်း မေးခွန်းပုံစံတွေနဲ့ အထောက် အပံ့ပစ္စည်းတွေကို နေပြည်တော်ရုံးချုပ်နဲ့ ရန်ကုန်မြို့ကတဆင့် တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးရှိ မြို့နယ်တွေကို လက်ဝယ်အရောက် ကုန်တင်ယာဉ်ကြီးတွေနဲ့ စနစ်တကျ ထုတ်ပိုးသယ်ဆောင် ဖြန့်ဝေနေပါတယ်။

Thursday, March 6, 2014

ဒုံးကျည် ကာကွယ်ရေးစနစ် အတွက် အစ္စရေးထံမှ နည်းပညာ အိန္ဒိယ ဝယ်ယူ

Photo: ဒုံးကျည် ကာကွယ်ရေးစနစ် အတွက် အစ္စရေးထံမှ နည်းပညာ အိန္ဒိယ ဝယ်ယူ
Thursday, March 6, 2014

အိန္ဒိယ ကာကွယ်ရေး သုတေသနနှင့် ဖွံ့ဖြိုးရေး အဖွဲ့အစည်းက ပြည်ပမှ တိုက်ခိုက်လာမည့် ဒုံးကျည်များကို ကာကွယ်နိုင်ရန် အတွက် အစ္စရေး ကာကွယ်ရေး ကုမ္ပဏီများနှင့် ပူးပေါင်း လုပ်ဆောင်ကာ နည်းပညာများ ဝယ်ယူမှု စတင်ပြီ ဖြစ်ကြောင်း strategy page.com အင်တာနက် စာမျက်နှာက အစိုးရ ထုတ်ပြန်ချက်များကို ကိုးကားလျက် ဖော်ပြထားသည်။

ယင်းနည်းပညာ များဖြင့် ဒုံးကျည် ကာကွယ်ရေး လက်နက်စနစ်များ တည်ဆောက်မည် ဖြစ်ကြောင်းလည်း ဆက်လက် ဖော်ပြထားသည်။

အိန္ဒိယတွင် ယခင်ကတည်းက ဒုံးကျည်ရန် ကာကွယ်ရေး စနစ်များ ရှိပြီးသား ဖြစ်သော်လည်း နည်းပညာ အဆင့်မြှင့်တင်ကာ နောက်ဆုံးပေါ် အစ္စရေးမိုဒယ် စနစ်များကို တပ်ဆင် လိုသောကြောင့် ယင်းသို့ ပူးပေါင်း လုပ်ဆောင်ခြင်း ဖြစ်သည်။

အိန္ဒိယသည် ပါကစ္စတန်နိုင်ငံနှင့် တင်းမာသော အခြေအနေများ ဖြစ်လျက်ရှိကာ ပါကစ္စတန် နိုင်ငံတွင်လည်း နျူကလီးယား ထိပ်ဖူးများ တပ်ထားသည့် တာတို၊ တာလတ် ဒုံးကျည်များ ရှိနေသည်။

ထို့ပြင် ဒေသတွင်း အဓိက ပြိုင်ဘက် တရုတ်သည်လည်း ရေတပ်အင်အားနှင့် ဒုံးကျည် ပစ်ခတ်ရေး အင်အားများ ယခု ဆယ်စုနှစ်အတွင်း အလွန်အမင်း မြှင့်တင်လာခဲ့ပြီး မကြာသေးခင်ကလည်း စစ်သုံး စရိတ်များကို တိုးမြှင့် အသုံးပြုမည်ဟု ကြေညာထားသည်။

ဒုံးကျည် ကာကွယ်ရေး စနစ်နှင့် စပ်လျဉ်းပြီး အစ္စရေးနှင့် အမေရိကန် ပြည်ထောင်စုတို့သည် နှစ်ပေါင်းများစွာ အတွေ့အကြုံ ပြည့်ဝပြီးသော နိုင်ငံများ ဖြစ်ကြကာ အိန္ဒိယသည် အစ္စရေး၏ လက်နက်များနှင့် စစ်သုံး အီလက်ထရွန်နစ် နည်းပညာတို့ကို အဓိက ဝယ်ယူနေသည့် နိုင်ငံ တစ်နိုင်ငံလည်း ဖြစ်သည်။

အမေရိကန် ကာကွယ်ရေး အပတ်စဉ် ဂျာနယ်ကလည်း အိန္ဒိယ၏ အစ္စရေး နည်းပညာဖြင့် အဆင့်မြှင့်မည့် သတင်းကို အတည်ပြုပေးခဲ့ပြီး အစ္စရေး အစိုးရပိုင် ဒုံးကျည် ကာကွယ်ရေးစနစ် ကုမ္ပဏီနှင့် နောက်ထပ် ကာကွယ်ရေး ကန်ထရိုက် ကုမ္ပဏီ တစ်ခုတို့ အိန္ဒိယ ကာကွယ်ရေး ဌာနနှင့် ပူးပေါင်း လုပ်ဆောင်ကြမည် ဖြစ်ကြောင်း ရေးသားထားသည်။

အစ္စရေး ဒုံးပျံ ကာကွယ်ရေးနစ်တွင် Arrow-3 ဟု အမည်ပေးထားသော စနစ်သည် နောက်ဆုံးပေါ် ဖြစ်ပြီး အမေရိကန် ကုမ္ပဏီ ဘိုးအင်းနှင့် ပူးပေါင်း ထုတ်လုပ်ခြင်း ဖြစ်သည်။

အီရန်၏ ရှီဟတ်-၃ ဒုံးကျည်များကို ကာကွယ်နိုင်ရန် အဓိကပုံစံ ထုတ်ထားခြင်း ဖြစ်ပြီး ယင်းဒုံးကျည်များထက် ပိုပြီး အဆင့်မြင့်သော ပြည်ပ တာလတ်၊ တာတို ဒုံးကျည်များကို ကာကွယ်နိုင်ပေသည်။

၂၀၀၉ ခုနှစ်ကလည်း အိန္ဒိယရေတပ်နှင့် အစ္စရေး ကာကွယ်ရေးဌာနတို့ ဒေါ်လာ ၁ ဒသမ ၁ ဘီလီယံတန် စာချုပ် ချုပ်ဆိုခဲ့ပြီး အိန္ဒိယ ရေတပ် သင်္ဘောများအတွက် လေကြောင်းရန် ကာကွယ်ရေး စနစ်များ တပ်ဆင်ရေးကို တာဝန်ယူထားခဲ့ဖူးသည်။

The Voice Weekly
အိန္ဒိယ ကာကွယ်ရေး သုတေသနနှင့် ဖွံ့ဖြိုးရေး အဖွဲ့အစည်းက ပြည်ပမှ တိုက်ခိုက်လာမည့် ဒုံးကျည်များကို ကာကွယ်နိုင်ရန် အတွက် အစ္စရေး ကာကွယ်ရေး ကုမ္ပဏီများနှင့် ပူးပေါင်း လုပ်ဆောင်ကာ နည်းပညာများ ဝယ်ယူမှု စတင်ပြီ ဖြစ်ကြောင်း strategy page.com အင်တာနက် စာမျက်နှာက အစိုးရ ထုတ်ပြန်ချက်များကို ကိုးကားလျက် ဖော်ပြထားသည်။

ထားဝယ်လူမျိုး မရှိကြောင်း ခရိုင်အုပ်ချုပ်ရေးမှူး၏ ပြောဆိုချက် ထားဝယ် တိုင်းရင်းသားများပါတီ ကန့်ကွက်

လူဦးရေနှင့် အိမ်အကြောင်းဆိုင်ရာ သန်းခေါင်စာရင်း ကောက်ယူရာတွင် တိုင်းရင်းသား ၁၃၅ မျိုးအနက် ထားဝယ်လူမျိုး မပါဝင်ကြောင်း ထားဝယ်ခရိုင် အုပ်ချုပ်ရေးမှူး ပြောကြားချက်ကို ထားဝယ် တိုင်းရင်းသားများ ပါတီက ကန့်ကွက်ကြောင်း အဆိုပါ ပါတီဥက္ကဋ္ဌ ဦးအေးမင်းက ပြောကြားသည်။

အရက်ချက်စက်ရုံ စွန့်ပစ်ရေဆိုးများမှ လျှပ်စစ်ထုတ်လုပ်ရန် စမ်းသပ်မှု ရာနှုန်းပြည့်နီးပါး အောင်မြင် ဟုဆို

အရက်ချက်စက်ရုံမှ ထွက်ရှိသည့် ရေဆိုးများကို ဘိုင်အိုဂက်စ်အဖြစ် ထုတ်လုပ်ပြီး လျှပ်စစ်ဓာတ်အား ထုတ်ယူရန် ၉၅ ရာခိုင်နှုန်းခန့် အောင်မြင်နေပြီ ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့ရှိ ရွှေဘုရင်မ အရက်ချက်စက်ရုံ မန်နေဂျာ ဦးအောင်လှိုင်ထွန်းက ပြောကြားသည်။

စင်ကာပူအစိုးရ အင်ဂျင်နီယာကျောင်း လျှောက်ထားနိုင်

စင်ကာပူနိုင်ငံတွင် အင်ဂျင်နီယာ ဘာသာရပ်များ သင်ကြားလိုသူများ အတွက် အစိုးရ အင်ဂျင်နီယာကျောင်း BCA Academy (Building Construction Authority) တွင် တက်ရောက်ရန် လျှောက်ထားနိုင်ကြောင်း Future Way Education & Services ထံမှသိရှိရသည်။

ပြည်ပသို့ ဆန်တင်ပို့မှု တန်ချိန်လေးသိန်းခန့် ကျဆင်းဟု ပြည်ထောင်စု ဝန်ကြီးဆို

မြန်မာဆန် ပြည်ပသို့ တင်ပို့မှုသည် ယခုဘဏ္ဍာနှစ်အတွင်း တန်ချိန်လေးသိန်းခန့် ကျဆင်းခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က မတ်လ ၅ ရက်နေ့ တွင် ရန်ကုန်မြို့တော်ရှိ မြန်မာကွန်ဗင်းရှင်း စင်တာတွင် ပြုလုပ်သော မြန်မာလယ်ယာ ထွက်ကုန်ပစ္စည်းပြပွဲ တွင် ပြောကြားသည်။

ထီးချိုင့်တွင် စက်ရုံထွက် အနံ့ဆိုးများကြောင့် ဒေသခံအများစု အသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါများ ဖြစ်ပွားဟုဆို

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ထီးချိုင့်မြို့နယ် မောင်းကုန်း ကျေးရွာ အုပ်စုတွင် ဂရိတ်ဝေါ စားသောက် ကုန် လုပ်ငန်းစု ကုမ္ပဏီလီမိတက်ပိုင် သကြားစက်၊ အီသနော၊ မက်သနောစက်ရုံ၊ ဓာတ်မြေသြဇာစက်ရုံနှင့် ဟွန်ဒါ မြန်မာသစ်ပါးလွှာ စက်ရုံများမှ ထွက်ရှိသော အနံ့ဆိုးများကြောင့် ဒေသခံအများစုမှာ အသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါများ အဖြစ်များလာကြောင်း အဆိုပါ မောင်းကုန်းကျေးရွာ ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

ICRC ရုံးခွဲ မြစ်ကြီးနားမြို့မှာ ဖွင့်လှစ်

Photo: ICRC ရုံးခွဲ မြစ်ကြီးနားမြို့မှာ ဖွင့်လှစ်
Thursday, March 6, 2014

မြန်မာနိုင်ငံ အစိုးရနဲ့ ချုပ်ဆိုလိုက်တဲ့ သဘောတူညီချက်သစ်တခုအရ ICRC နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ ဟာ ကချင် ပြည်နယ် မြစ်ကြီးနားမြို့မှာ ဒီနေ့ ကြာသပတေးနေ့က စလို့ ရုံးခွဲသစ် ဖွင့်လှစ် တော့မှာ ဖြစ်ပါတယ်။

ICRC ဟာ ၂၀၁၂ ခုနှစ်ကတည်းက ကချင် ပြည်နယ်မှာ လုပ်ငန်းတွေ ဆောင်ရွက်ခဲ့တာ ဖြစ်ပေမယ့် ခုမှ အတည်တကျ ရုံးခန်း ဖွင့်လှစ်ခွင့် ရတာပါ။

ICRC နိုင်ငံတကာ ကြက်ခြေနီ အဖွဲ့ရဲ့ မြစ်ကြီးနားရုံး ဖွင့်လှစ်ခွင့်ကို သမ္မတရုံးက မကြာသေးမီက သဘောတူ ခွင့်ပြုပေးခဲ့တာပါ။

လောလောဆယ်မှာ မြစ်ကြီးနား ဆေးရုံဘေးမှာ ကပ်ပြီး စတင် တည်ဆောက်နေပြီ ဖြစ်တဲ့ ကိုယ်လက်အဂါ ပြန်လည် သန်စွမ်းရေး စင်တာကို ပြီးစီးအောင် တည်ဆောက် မှာ ဖြစ်ပြီး ဒီစင်တာ ပြီးသွားရင်တော့ လုပ်ငန်းတွေကို မြစ်ကြီးနား ရုံးခွဲက စီမံနိုင်တော့မယ်လို့ သိရပါတယ်။

ခုလို ရုံးတွေနဲ့ ကုသရေး စင်တာတွေ ဖွင့်လှစ်နိုင်တာဟာ ICRC ရဲ့ မြန်မာနိုင်ငံ အတွင်း လုပ်ငန်း ဆောင်ရွက်နိုင်မှုတွေ ခုနောက်ပိုင်းမှာ ပိုတိုးတက်လာတာကို ပြတယ်လို့ ဂျီနီဗာမှာ ရှိတဲ့ အိုင်စီအာစီ ရုံးချုပ်က ပြောရေးဆိုခွင့် ရှိသူ Ewan Watson က ဘီဘီစီကို ပြောပါတယ်။

ICRC ဟာ ကချင်ပြည်နယ်က ဆေးဖက်ဆိုင်ရာ ဝန်ထမ်းတွေကို သင်တန်းတွေ ပေးနေပြီး ကျန်းမာရေး စောင့်ရှောက်မှု အထောက်အကူ ပစ္စည်းတွေ အရည်အသွေး မြှင့်တင်တာတွေလည်း လုပ်နေတယ်လို့ သူက ပြောပါတယ်။

ICRC ဟာ မြန်မာနိုင်ငံမှာ ၁၉၈၆ ခုနှစ်ကတည်းက ရုံးစဖွင့်ထားခဲ့တာ ဖြစ်ပြီး အရင် စစ်အစိုးရ လက်ထက်က နိုင်ငံရေး အကျဉ်းသားတွေကို ကူညီ စောင့်ရှောက် ရာမှာ ထိထိရောက်ရောက် လုပ်ကိုင်နိုင်ခဲ့တဲ့ အဖွဲ့အစည်း ဖြစ်ပေမယ့် အစိုးရနဲ့ ဆက်ဆံရေး အဆင်မပြေတာကြောင့် လုပ်ငန်း ဆောင်ရွက်မှုတွေ မကြာခဏ ပိတ်ပင်ခံခဲ့ရတာတွေ ရှိပါတယ်။

မြစ်ကြီးနားမြို့ ရုံးခန်းဟာ မြန်မာနိုင်ငံမှာ ICRC ရဲ့ ဆဌမမြောက် ရုံးခွဲ ဖြစ်ပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)
မြန်မာနိုင်ငံ အစိုးရနဲ့ ချုပ်ဆိုလိုက်တဲ့ သဘောတူညီချက်သစ်တခုအရ ICRC နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ ဟာ ကချင် ပြည်နယ် မြစ်ကြီးနားမြို့မှာ ဒီနေ့ ကြာသပတေးနေ့က စလို့ ရုံးခွဲသစ် ဖွင့်လှစ် တော့မှာ ဖြစ်ပါတယ်။

ဘင်းမ်စတက်၏ ရလဒ်ကောင်းများ

ဘင်္ဂလားပင်လယ်အော်ဒေသရှိ နိုင်ငံပေါင်း ခုနစ်နိုင်ငံပါဝင်သည့် တတိယအကြိမ် ဘင်းမ်စတက် ထိပ်သီး အစည်း အဝေးကို မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် အောင်မြင်စွာကျင်းပပြီးလေပြီ။ ဤထိပ်သီး အစည်း အဝေးတွင် အိန္ဒိယ၊ထိုင်း၊ မြန်မာ၊ ဘင်္ဂလားဒေ့ရှ်၊ သီရိလင်္ကာ၊ ဘူတန်နှင့် နီပေါနိုင်ငံတို့မှ နိုင်ငံ့ခေါင်း ဆောင်များနှင့် ကိုယ်စားလှယ်များ တက်ရောက်ကြပြီး အဓိက အားဖြင့် သဘောတူညီချက် သုံးရပ်ကို လက်မှတ်ရေးထိုးနိုင်ခဲ့ပါသည်။
ပြင်သစ်ဂန္ထ၀င်ကစားသမား ဇီဒန်း Young Boys အသင်းဘက်သို့ ထိုးဖောက်ကစားနေစဉ်

ကမ္ဘာတစ်ဝန်း၌ ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေးအတွက် ဇီဒန်း၊ ရော်နယ်လ်ဒိုတို့ ဦးဆောင်ပါဝင်သည့် ရန်ပုံငွေခြေစမ်းပွဲကို မတ် ၄ ရက်က ဆွစ်ဇာလန်နိုင်ငံ ဘန်းစ်မြို့ တွင် ယှဉ်ပြိုင်ကစားခဲ့ကြောင်း သိရသည်။

AFC Challenge Cup ပြိုင်ပွဲဝင်မည့် မြန်မာ့လက်ရွေးစင်အသင်းနှင့် ခြေစမ်းကစားရန်အတွက် အင်ဒိုနီးရှားအသင်းကို MFF ဖိတ်ကြား

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) သည် AFC Challenge Cup ပြိုင်ပွဲဝင်မည့် မြန်မာ့လက်ရွေးစင်အသင်း နှင့် ခြေစမ်းကစားရန်အတွက် အင်ဒိုနီးရှား လက်ရွေးစင်အသင်းကို ဖိတ်ကြားထားကြောင်း သိရသည်။MFF သည် မြန်မာ့လက်ရွေးစင်အသင်း၏ နည်းပြချုပ်ဖြစ်သူ ဆားဘီးယားလူမျိုး အေဗရာမိုဗစ်၏ ဆန္ဒအရ အင်ဒိုနီးရှားအသင်းကို ဖိတ်ကြားခဲ့ခြင်းလည်း ဖြစ်သည်။

ပြည်တွင်းဂေါက်သီးရိုက်ပြိုင်ပွဲ၌ ဆုကြေး ၂၄၆ သိန်း ချီးမြှင့်မည်

မြန်မာပီဂျီအေနှင့် မြန်မာနိုင်ငံဂေါက်သီးအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပမည့် ပြည်တွင်း ပတ်လည်ဂေါက်သီး ရိုက်ပြိုင်ပွဲ၏ ပထမပွဲစဉ်တွင် ဆုကြေး စုစုပေါင်း ၂၄၆ သိန်း ချီးမြှင့်သွားမည် ဖြစ်ကြောင်း သိရသည်။

တရုတ်က ၂၀၁၄ ခုနှစ် ကာကွယ်ရေး အသုံးစရိတ်ကို ၁၂ ရာခိုင်နှုန်းကျော် တိုးမြှင့်

ပေကျင်းရှိ Forbidden City ဘေးတွင် မိုဘိုင်းအင်တာနက် အချက်အလက် ဖမ်းယူသည့်စက်ကို နေရာချနေသော တရုတ်ပြည်သူ့ စစ်ရဲများကို ၂၀၁၃ ခုနှစ် အောက်တိုဘာ ၂၁ ရက်က တွေ့ရစဉ် (Photo:AFP)

တရုတ်က ၎င်း၏ကမ္ဘာ့အင်အားအကြီးဆုံး စစ်တပ်အတွက် အသုံးစရိတ် ၁၂ ဒသမ ၂ ရာခိုင်နှုန်း တိုးမြှင့်ထားသော ၂၀၁၄ ခုနှစ်အတွက် ကာကွယ်ရေး အသုံးစရိတ်ကို မတ် ၅ ရက်တွင် ထုတ်ပြန်ခဲ့ရာ ဒေသတွင်းနှင့် ၀ါရှင်တန်ကို စိုးရိမ်မှု မြင့်တက်စေခဲ့သည်။

တစ်ဆင့်ခံ ဆေးလိပ်ငွေ့များကြောင့် ကလေးများ၏ သွေးလွှတ်ကြောများကို ပျက်စီးစေ

ပြင်သစ်မြောက်ပိုင်းရှိ ဆေးလိပ်အရောင်းဆိုင် တစ်ဆိုင်တွင် ရောင်းချနေသော စီးကရက်ဗူးများကို ၂၀၁၃ ခုနှစ် ဇွန် ၂၇ ရက်တွင် ရိုက်ကူးထားသော ဓာတ်ပုံ (Photo:AFP)

တစ်ဆင့်ခံ ဆေးလိပ်ငွေ့များ ရှူရှိုက်ရမှုကြောင့် ကလေးများ၏ သွေးလွှတ်ကြောများကို ပျက်စီးစေပြီး ၎င်းတို့၏ သွေးကြောများကို အချိန်သုံးနှစ်ကျော်စောပြီး အိုမင်းရင့်ရော်နိုင်သည်ဟု သုတေသီများက ပြောကြားခဲ့သည်။ ပျက်စီးမှုပုံစံမှာ သွေးကြောနံရံများ ထူလာခြင်းဖြစ်ပြီး သက်ကြီးပိုင်းတွင် နှလုံးရောဂါနှင့် လေဖြတ်ခြင်း အန္တရာယ်များ မြင့်တက်စေသည်ဟု သုတေသီများ၏ ပြောကြားချက်ကို European Heart Journal တွင် ဖော်ပြခဲ့ကြောင်း သိရသည်။

သီလ၀ါ အထူးစီးပွားရေးဇုန် အစုရှယ်ယာများကို မတ် ၅ ရက်တွင် ဘဏ်များမှတစ်ဆင့် ရောင်းချခဲ့ပြီး ရှယ်ယာပိုင်ဆိုင်ခွင့်ကို ဧပြီ ၂၈ ရက်တွင် အကြောင်းကြားမည်

ကမ္ဘောဇ တာမွေဘဏ်ခွဲတွင် ရှယ်ယာလာရောက် ၀ယ်ယူသူများအား မတ်လ ၅ ရက်က တွေ့ရစဉ်

သီလ၀ါ အထူးစီးပွားရေးဇုန် အစုရှယ်ယာများကို ဘဏ်များမှတစ်ဆင့် ၂၀၁၄ ခုနှစ် မတ် ၅ ရက်တွင် စတင်ရောင်းချခဲ့ပြီး ဧပြီ ၂၈ ရက်တွင် ၀ယ်ယူခွင့်ရ၊ မရကို ပြန်လည်အကြောင်းကြား ပေးသွား မည်ဖြစ်ကြော င်း ဘဏ်များမှ စုံစမ်းသိရသည်။

မြန်မာနိုင်ငံတွင် ယာဉ်နှင့်ယာဉ်အပိုပစ္စည်း စက်ရုံများ တည်ထောင်ရန် ဂျပန်နှင့် ထိုင်းကုမ္ပဏီများစီစဉ်

မတ်လ ၂ ရက်တွင် ဖွင့်လှစ်ခဲ့သည့် Toyota ကားအရောင်းပြခန်းအား တွေ့ရစဉ်(ဓာတ်ပုံ-အောင်မြတ်ကို)

မြန်မာနိုင်ငံတွင်ကားနှင့်ကားအပိုပစ္စည်းစက်ရုံများတည်ထောင်လုပ်ကိုင်ရန် စီစဉ်မှုများရှိကြောင်းသိရသည်။

မြန်မာနိုင်ငံတွင် ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်ရာ၌ တာဝါတိုင်တည်ဆောက်ရန် မြေငှားရမ်းခြင်းမှာ အခက်ခဲဆုံးဖြစ်ကြောင်း အော်ရီဒူး ပြောကြား

ရန်ကင်းမြို့နယ်ရှိ မြန်မာ့ဆက်သွယ်ရေး တာဝါတိုင်အား တွေ့ရစဉ်

မြန်မာနိုင်ငံတွင် ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ကိုင်ရန်အတွက် လိုင်စင်ရရှိထားသည့် အော်ရီဒူးကုမ္ပဏီ အနေဖြင့် မြန်မာနိုင်ငံတွင် ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ကိုင်ရာ၌ ဆက်သွယ်ရေးတာဝါတိုင်များ တည်ဆောက်ရန် မြေငှားခြင်းမှာ အခက်ခဲဆုံးဖြစ်ကြောင်း ယင်းကုမ္ပဏီ၏ ပြောကြားချက်အရ သိရသည်။

တရုတ်ဘူတာရုံတစ်ခု၌ အကြမ်းဖက်သမားများက လူများစွာသေဆုံး ဒဏ်ရာရစေခဲ့သည့် တိုက်ခိုက်ခဲ့ခြင်းအား မြန်မာအစိုးရ ပြင်းထန်စွာရှုတ်ချ

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ်၊ ကူမင်းမြို့ရှိ ရထားဘူတာရုံတစ်ခု၌ မတ် ၁ ရက် ညနေပိုင်းတွင် လူတစ်စုက ဓားများဖြင့် တိုက်ခိုက်မှုကြောင့် လူ ၃၃ ဦးထက်မနည်း သေဆုံးခဲ့ပြီး ၁၃၀ ဦးကျော် ဒဏ်ရာရရှိခဲ့ရာ ယင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး အကြမ်းဖက်သမားများ၏ အသိစိတ်မဲ့ ရက်စက်စွာ တိုက်ခိုက်ခဲ့ခြင်းအား မြန်မာနိုင်ငံ အစိုးရအနေဖြင့် ပြင်းထန်စွာရှုတ်ချသည်ဟု မြန်မာနိုင်ငံခြားရေး ၀န်ကြီးဌာနက မတ် ၅ ရက်တွင် ထုတ်ပြန်ခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ သိရသည်။

သမ္မတဦးသိန်းစိန် အာဆီယံတပ်မတော် ကာကွယ်ရေးဦးစီးချုပ်များနှင့် တွေ့ဆုံဆွေးနွေး

သမ္မတဦးသိန်းစိန်အား အာဆီယံတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်များနှင့်အတူ တွေ့ရစဉ် (ဓာတ်ပုံ - သမ္မတရုံးဝက်ဘ်ဆိုက်)

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် အာဆီယံတပ်မတော် ကာကွယ်ရေးဦးစီးချုပ်များအား မတ် ၅ ရက် မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။

ပြေတီဦး ပညာရေးဖောင်ဒေးရှင်း ရန်ပုံငွေပွဲမှ လှူဒါန်းငွေ စုစုပေါင်း ကျပ်သိန်း ၁၈၀၀ ခန့်ရရှိ

Photo: ပြေတီဦး ပညာရေးဖောင်ဒေးရှင်း ရန်ပုံငွေပွဲမှ လှူဒါန်းငွေ စုစုပေါင်း ကျပ်သိန်း ၁၈၀၀ ခန့်ရရှိ
Thursday, March 6, 2014

ဖေဖော်ဝါရီ ၂၈ ရက် တွင် မန္တလေးမြို့၌ ပြုလုပ်ခဲ့သည့် ပြေတီဦး ပညာရေးဖောင်ဒေးရှင်း ရန်ပုံငွေပွဲမှ လှူဒါန်းငွေ စုစုပေါင်း ငွေကျပ်သိန်း ၁၈၀၀ ခန့် ရရှိခဲ့ကြောင်း သတင်းရရှိသည်။

“ကျွန်တော့်ရဲ့ ပြေတီဦးပညာရေးဖောင်ဒေးရှင်း ရန်ပုံငွေအတွက် မန္တလေးမြို့မှာ ပထမဆုံးအကြိမ် ဖျော်ဖြေပွဲပြုလုပ်ခဲ့တာ ပရိသတ်အများအပြား လာရောက်အားပေးခဲ့တဲ့အတွက် အရမ်းဝမ်းသာမိပါတယ်။ ပရိသတ်တွေ အသိအမှတ်ပြုတဲ့အတွက် ကျေနပ်ပီတိ ဖြစ်ရတယ်လို့ ဆိုရမှာပါ။ ပွဲကို လာရောက် ကြည့်ရှုကြတဲ့သူတွေက လှူဒါန်းငွေအပြင် ကျွန်တော်တို့အနုပညာရှင်တွေ လိုက်ပါကောက်ခံလို့ရတဲ့ အလှူငွေ စုစုပေါင်း ကျပ်သိန်း ၁၈၀၀ လောက် ရရှိပါတယ်။
အဲဒီအပေါ်မှာ ကုန်ကျငွေတွေ ပြန်လည်တွက်ချက်ပြီးရင် အသားတင်ရန်ပုံငွေ ဘယ်လောက်ရရှိတယ် ဆိုတာသိရမှာပါ။ ရရှိလာတဲ့ ရန်ပုံငွေအားလုံးကို ဖောင်ဒေးရှင်းအတွက် အသုံးပြုသွားမှာပါ” ဟု သရုပ်ဆောင်အကယ်ဒမီပြေတီဦးက ဆိုသည်။

ပြေတီဦးပညာရေးဖောင်ဒေးရှင်း ရန်ပုံငွေပွဲတွင် Emperor တီးဝိုင်းနှင့်အတူ အဆိုတော် ဇော်ဝင်းထွဋ်၊ ရန်အောင်၊ ရာဇာနေ၀င်း၊R ဇာနည်၊ Wai လျှံ၊ ဟေမာနေ၀င်း၊ အိန္ဒြာကျော်ဇင်၊ ဖြူဖြူကျော်သိန်း၊ စန္ဒီမြင့်လွင်၊ ၀ိုင်းစုခိုင်သိန်းတို့ ပါဝင်သီဆိုမည်ဖြစ်ပြီး ဟားငါးကောင်အဖွဲ့၏ ဟာဒယရွှင်ဆေး အစီအစဉ်ကို တင်ဆက်ခဲ့ကြောင်း သိရသည်။

ထို့အပြင် ဒါရိုက်တာမောင်မျိုးမင်း (ရင်တွင်းဖြစ်) နှင့် ကျော်ဇောလင်း (အတွေးပုံရိပ်)တို့ စီစဉ်သည့်“ပဒိုင်းသီး Wedding” ပြဇာတ်ကိုလည်း တင်ဆက်ကာ ယင်းပြဇာတ်တွင် သရုပ်ဆောင် ရန်အောင်၊ ပြေတီဦး၊ အောင်ရဲလင်း၊ စူးရှ၊ Wai လျှံ၊ စိုးမြတ်သူဇာ၊ ဆုပန်ထွာ၊ မိုးပြည့်ပြည့်မောင်၊ စန္ဒီမြင့်လွင်၊ ၀တ်မှုံရွှေရည်၊ ညောင်ညောင်၊ ဇင်မျိုး၊ ယွန်းရွှေရည်၊ အေးအေးခိုင်၊ မျိုးမျိုးခိုင်၊ သီးလေးသီးအဖွဲ့နှင့် ဟားငါးကောင်အဖွဲ့တို့ ပါဝင်ကပြခဲ့ကြောင်း သိရသည်။

Eleven Media Group

ပညာရေးဖောင်ဒေးရှင်း ရန်ပုံငွေပွဲတွင် တွေ့ရသည့် ပြေတီဦး၊အိန္ဒြာကျော်ဇင်နှင့် သမီး ပြေသုဒြာတို့ကို တွေ့ရစဉ်
ပညာရေးဖောင်ဒေးရှင်း ရန်ပုံငွေပွဲတွင် တွေ့ရသည့် ပြေတီဦး၊အိန္ဒြာကျော်ဇင်နှင့် သမီး ပြေသုဒြာတို့ကို တွေ့ရစဉ်

ဖေဖော်ဝါရီ ၂၈ ရက် တွင် မန္တလေးမြို့၌ ပြုလုပ်ခဲ့သည့် ပြေတီဦး ပညာရေးဖောင်ဒေးရှင်း ရန်ပုံငွေပွဲမှ လှူဒါန်းငွေ စုစုပေါင်း ငွေကျပ်သိန်း ၁၈၀၀ ခန့် ရရှိခဲ့ကြောင်း သတင်းရရှိသည်။

ဖိလစ်ပိုင်နိုင်ငံအခြေစိုက် Missosology Website က မြန်မာအလှမယ် ခင်ဝင့်ဝါအား Missosology Award လာရောက်ချီးမြှင့်

Photo: ဖိလစ်ပိုင်နိုင်ငံအခြေစိုက် Missosology Website က မြန်မာအလှမယ် ခင်ဝင့်ဝါအား Missosology Award လာရောက်ချီးမြှင့်
Thursday, March 6, 2014

 ကမ္ဘာ့ အအောင်မြင်ဆုံး အလှမယ် Website များထဲမှ တစ်ခုဖြစ်သည့် ဖိလစ်ပိုင်နိုင်ငံအခြေစိုက် Missosology Website က မြန်မာအလှမယ် ခင်ဝင့်ဝါအား Missosology Award 2013 ဆုအား မတ် ၅ ရက်တွင် မြန်မာနိုင်ငံသို့ လာရောက်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

အဆိုပါ Website မှ ၂၀၁၃ ခုနှစ်အတွင်း ဘီလာရုစ်နိုင်ငံတွင် ကျင်းပခဲ့သည့် Miss Supranational ပြိုင်ပွဲဝင်များထဲမှာ ပရိသတ် အနှစ်သက်ဆုံးနှင့် ၎င်းအဖွဲ့အစည်း၏ ရွေးချယ်မှုတို့ဖြင့် မြန်မာအလှမယ် ခင်ဝင့်ဝါအား ဆုချီးမြှင့်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၎င်းဆုအား မတ်လအတွင်း ကျင်းပမည့် Miss Golden Land Myanmar 2014  ရွေးချယ်ပွဲတွင် လာရောက်ချီးမြှင့်ရန် စီစဉ်ထားသော်လည်း Miss Globe Myanmar ရွေးချယ်ပွဲအတွက် ဖိလစ်ပိုင်နိုင်ငံမှ trainer များမှ သင်ကြားပေးရန် မြန်မာနိုင်ငံသို့ လာရောက်ရင်း အဆိုပါ Missosology Award အား ယူဆောင်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ Missosology Award  ဆုက ပရိသတ်ရဲ့ရွေးချယ်မှု ရာခိုင်နှုန်း ၅၀ နဲ့ Missosology Website က တာဝန်ရှိသူတွေရဲ့ ရွေးချယ်မှုက ရာခိုင်နှုန်း ၅၀ နဲ့ ရွေးချယ်ပေးတာ ဖြစ်ပါတယ်။ခင်ဝင့်ဝါကို ရွေးချယ်ပြီး ဒီဆုကို ချီးမြှင့်ပေးဖြစ်တာက သူက အပြင်မှာရော ဓာတ်ပုံထဲမှာပါ အရမ်းကိုလှပကြော့ရှင်းတဲ့ Miss  တစ်ယောက်ရဲ့ အရည်အချင်းတွေ အပြည့်အ၀ရှိနေတဲ့အတွက်ကြောင့် သူ့ကိုရွေးချယ်ပေးဖြစ်တာပါ”ဟု  Missosology Website မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

“ဒီလို ဖိလစ်ပိုင်နိုင်ငံအခြေစိုက် နာမည်ကျော်အလှမယ် Website တစ်ခုက မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ ပထမအကြိမ် ချီးမြှင့်ပေးတဲ့ ဆုဖြစ်တဲ့အတွက် အရမ်းကို ၀မ်းသာ ဂုဏ်ယူမိပါတယ်။ ညီမတို့ မြန်မာပရိသတ်တွေရဲ့ အားပေးမှုတွေကြောင့်သာ ညီမဒီဆုကိုရရှိခဲ့တာပါ။ အဲ့ဒါကြောင့် ညီမရဲ့ပရိသတ်တွေအားလုံးကိုလည်း ညီမအရမ်းကျေးဇူးတင်ပါတယ်” ဟု ခင်ဝင့်ဝါက ပြောကြားသည်။

Eleven Media Group
 ကမ္ဘာ့အအောင်မြင်ဆုံး အလှမယ် Website များထဲမှ တစ်ခုဖြစ်သည့် ဖိလစ်ပိုင်နိုင်ငံအခြေစိုက် Missosology Website က မြန်မာအလှမယ် ခင်ဝင့်ဝါအား Missosology Award 2013 ဆုအား မတ် ၅ ရက်တွင် မြန်မာနိုင်ငံသို့ လာရောက်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ကိုရီးယားသရုပ်ဆောင် ရိန်း တရုတ်ဇာတ်ကားတွင် ပွဲဦးထွက် ပါဝင်မည်

Photo: ကိုရီးယားသရုပ်ဆောင် ရိန်း တရုတ်ဇာတ်ကားတွင် ပွဲဦးထွက် ပါဝင်မည်
Thursday, March 6, 2014 

ကိုရီးယားအဆိုတော်နှင့် သရုပ်ဆောင် ရိန်းသည် တရုတ်ဇာတ်ကားတွင် ပွဲဦးထွက်ပါဝင် သရုပ်ဆောင်မည်ဟု ၎င်း၏အေဂျင်စီက ထုတ်ပြန်ခဲ့သည်။

တရုတ်နိုင်ငံ၏ နာမည်ကြီးဒါရိုက်တာတစ်ဦးဖြစ်သည့် ကူရှီရှီ ရိုက်ကူးမည့် Rosy Cheeks ဇာတ်ကားတွင် ရိန်းသည် အရည်အချင်းရှိသည့် လူငယ်ပန်းချီဆရာ တစ်ဦးအဖြစ် သရုပ်ဆောင်မည်ဟု Cube DC အေဂျင်စီက ထုတ်ပြန်ခဲ့သည်။ ယင်းဇာတ်ကားတွင် ရိန်း၏ ဇာတ်ကောင်မှာ ယခင်ဇာတ်ကောင်များနှင့် လုံးဝကွဲပြားမည်ဟု သိရသည်။

Rosy Cheeks ဇာတ်ကားတွင် ရိန်းနှင့် အပြိုင် သရုပ်ဆောင်မည့် အမျိုးသမီးဇာတ်ကောင်အတွက် နာမည်ကြီး တရုတ်အမျိုးသမီး သရုပ်ဆောင် လျူယီဖေးကို ရွေးချယ်ထားသည်ဟု သိရသည်။ အဆိုပါဇာတ်ကားကို မတ်လလယ်တွင် ရှန်ဟိုင်း၌စတင် ရိုက်ကူးသွားမည်ဟု သိရသည်။

ရိန်းသည် ကိုရီးယားနိုင်ငံတွင်သာမက အာရှနိုင်ငံများတွင်ပါ လူကြိုက်များသည့် အနုပညာရှင်တစ်ဦးဖြစ်သည်။ ရိန်းသည် Speed Racer နှင့် Ninja Assassin ဇာတ်ကား များဖြင့် ဟောလိဝုဒ်ရုပ်ရှင်လောကသို့ ၀င်ရောက်ခဲ့သည်ဟု သိရသည်။ရိန်းသည် The Prince အမည်ရ ဟောလိဝုဒ်ဇာတ်ကား၌ ဘရုစ်ဝီလီ၊ ဂျွန်ကူးဆက်၊ ဂျေဆန်ပက်ထရစ်တို့နှင့်  တွဲဖက်သရုပ်ဆောင်မည်ဟုလည်း သိရသည်။

အသက် ၃၁ နှစ်အရွယ်ရှိ ရိန်းသည် စစ်မှုထမ်းခဲ့ပြီးနောက် အနုပညာလုပ်ငန်းများကို တစ်ကျော့ပြန် လုပ်ဆောင်မှုအဖြစ် ဇန်န၀ါရီ ၂ ရက်တွင်Rain Effect အယ်လ်ဘမ် ဖြန့်ချိခဲ့သည်ဟု သိရသည်။ ယင်းအယ်လ်ဘမ်အတွက် တရုတ်နိုင်ငံတွင် မတ် ၂၈ ရက်၌ 2014 Rain Effect Show in BEIJING အမည်ရ ဖျော်ဖြေပွဲတစ်ခုကျင်းပရန် စီစဉ်ထားသည်ဟု ၎င်း၏အေဂျင်စီက ထုတ်ပြန်ခဲ့သည်။ ယင်းဖျော်ဖြေပွဲအပြီးတွင် ပရိသတ်များနှင့်တွေ့ဆုံပွဲ ပြုလုပ်ရန်လည်း စီစဉ်ထားသည်ဟု သိရသည်။

Eleven Media Group
ကိုရီးယားအဆိုတော်နှင့် သရုပ်ဆောင် ရိန်းသည် တရုတ်ဇာတ်ကားတွင် ပွဲဦးထွက်ပါဝင် သရုပ်ဆောင်မည် ဟု ၎င်း၏အေဂျင်စီက ထုတ်ပြန်ခဲ့သည်။