Monday, March 10, 2014

ခရီးသည် ၂၂၇ ဦးပါ မလေးရှား လေကြောင်းလိုင်းပိုင် လေယာဉ်ပျောက် ဆုံး၊ နှစ်ရက်နီးပါး ကြာသည်အထိ ရှာမတွေ့၊ အကြမ်းဖက်မှု ဟုတ်၊ မဟုတ် စုံစမ်း

ခရီးသည် ၂၂၇ ဦး လိုက်ပါသွားသော မလေးရှား လေကြောင်းလိုင်းပိုင် လေယာဉ်သည် မတ်လ ၈ ရက်နေ့က ပျောက်ဆုံး သွားပြီးနောက် ၂ ရက်နီးပါး ကြာမြင့်သည်အထိ ရှာဖွေတွေ့ရှိခြင်း မရှိသေးကြောင်းနှင့် ခိုးယူထားသည့် ပတ်စ်ပို့နှင့် လိုက်ပါသွားသော ခရီးသည်နှစ်ဦး လေယာဉ်ပေါ်တွင် ပါရှိသည်ဟု စစ်ဆေး တွေ့ရှိရသဖြင့် အဆိုပါ လေယာဉ် ပျောက်ဆုံးမှုကို အကြမ်းဖက်မှု ဟုတ်မဟုတ် မလေးရှား အာဏာပိုင်များက စုံစမ်းလျက် ရှိကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

မလေးရှား လေကြောင်းလိုင်းပိုင် ဘိုးရင်း ၇၇၇ လေယာဉ်သည် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှ

ကော့ဂွန်းဂူသို့ နိုင်ငံခြားသား လာရောက်မှု ပိုများလာ

Photo: ကော့ဂွန်းဂူသို့ နိုင်ငံခြားသား လာရောက်မှု ပိုများလာ
Monday, March 10, 2014

ကရင်ပြည်နယ် ဘားအံမြို့နယ်ရှိ ရှေးခေတ် မွန်ယဉ်ကျေးမှု အမွေအနှစ် လက်ရာများ တည်ရှိရာ ရှေးဟောင်းသမိုင်းဝင် ကော့ဂွန်းဂူသို့ နိုင်ငံခြားသား လာရောက်လည်ပတ်မှု ယမန်နှစ်ထက် ပိုများလာသည်ဟု ကော့ဂွန်းဂူ သဒ္ဓမ္မရတနာ ဓမ္မာရုံကျောင်း ဆရာတော်က မိန့်ကြားသည်။

ကော့ဂွန်းဂူသို့ လစဉ် နိုင်ငံခြားသား လာရောက်လည်ပတ်မှု တဖြည်းဖြည်း များပြားလာပြီး ယခုနှစ် ဇန်နဝါရီလမှ စပြီး တစ်လလျှင် နိုင်ငံပေါင်းစုံမှ နိုင်ငံခြားသား ၁၂၀၀ ကျော်ထိ လာရောက်ခဲ့သည်ဟု ယင်းဆရာတော်က မိန့်သည်။

“တစ်ရက်ကို ပျမ်းမျှ အယောက် ၃၀ လောက် လာကြတယ်။ တချို့ရက်မှာဆို အယောက် တစ်ရာကျော် လာတာလည်း ရှိတယ်။ အများဆုံးကတော့ ဂျာမနီ၊ ပြင်သစ်၊ အင်္ဂလန် နိုင်ငံသားတွေ” ဟု ဆရာတော် အရှင် ဦးဓမ္မပါလက မိန့်သည်။

သံလွင်မြစ်၏ အနောက်ဘက် ပင်လယ်ရေ မျက်နှာပြင်အထက် ပေ ၁၁၆ ခန့် အမြင့်တွင် တည်ရှိကာ သဘာဝ ထုံးကျောက်ဂူ အမျိုးအစား ဖြစ်သည့် ကော့ဂွန်းဂူကို ၁၉၅၇ ခုနှစ်တွင် ယဉ်ကျေးမှု ဝန်ကြီးဌာန ရှေးဟောင်းသုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက် ဦးစီးဌာနတို့က ပြန်လည် ထိန်းသိမ်းထားသည်။

ကော့ဂွန်းဂူကို ယဉ်ကျေးမှု ဝန်ကြီးဌာနမှ ထိန်းသိမ်းထားပြီး နောက်ပိုင်း ရှေးဟောင်းသမိုင်းဝင် ကော့ဂွန်းဂူ ယဉ်ကျေးမှုဇုန် နယ်နိမိတ်သို့ လာရောက် လည်ပတ်သည့် နိုင်ငံခြားသားများကို တစ်ဦးလျှင် မြန်မာငွေ ၃၀၀၀ ကျပ် ဝင်ကြေး ကောက်ခံခဲ့သည်။ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်ကြား သံလွင်မြစ်၊ ဂျိုင်းမြစ်၊ ဒုံသမိမြစ်နှင့် အတ္ထရံမြစ်တို့ ပေါင်းဆုံရာ မြစ်ဝကျွန်းပေါ် မြေနုလွင်ပြင်တွင် ထင်ရှားသည့် သဘာဝ ထုံးကျောက်ဂူများ ဖြစ်ကြသည့် နိဒုံရဂူ၊ ဖားဘောင်ဂူ၊ ရေပူဂူ၊ ခရုံဂူ၊ ဓမ္မသဂူ၊ ဆန္ဒန်ဂူ၊ ဖားပျံဂူ၊ တောင်ဘလွဲဂူ၊ ရသေ့ဂူ၊ မောင်ဒီဂူ၊ ဝဲပျံဂူ၊ ဝေပုလဂူ၊ ကော့ကသောင်ဂူ၊ မင်းလွင်ဂူ၊ ဘုရင့်ညီနောင်ဂူ၊ ဝင်းဆုံဂူ၊ ဖားကပ်ဂူ၊ ကော့ဂွန်းဂူနှင့် ရသေ့ပျံ ဂူတို့တွင် ရှေးဟောင်းဗုဒ္ဓ ရုပ်တုတော်များနှင့် ယဉ်ကျေးမှု အမွေအနှစ် လက်ရာများ တည်ရှိသည့် ဂူများဖြစ်ပြီး ၎င်းအနက် ကော့ဂွန်းဂူသည် ရှေးဟောင်းယဉ်ကျေးမှု လက်ရာများ အထင်ရှားဆုံး ဂူတစ်ခု ဖြစ်သည်။

လိုဏ်ဂူ အတွင်းပိုင်းနှင့် အပြင်ပိုင်း နံရံများပေါ်တွင် ရှေးဟောင်း မြေမီးဖုတ် အုတ်ခွက် ဘုရားများ၊ ဗုဒ္ဓဆင်းတုတော်များ၊ ထုံးကျောက်သားကို ထွင်းထုထားသည့် ရုပ်လုံးရုပ်ကြွများ၊ သဲကျောက်သား များဖြင့် ထွင်းထုထားသည့် ကျောက်ဆစ် ရုပ်တုများ၊ နံရံဆေးရေးစာများ၊ မင်စာများ၊ ကျောက်စာများနှင့် ရှေးမွန်စာ အရေးအသား များကို တွေ့ရှိရသည်။

ကော့ဂွန်းဂူတွင် တွေ့ရသည့် ရှေးဟောင်း မွန်ကျောက်စာသည် စာကြောင်း ၂၃ ကြောင်း ရှိပြီး ကျောက်စာပါ ရှေးမွန် အက္ခရာစာလုံးကို ပုဂံခေတ် ရှေးမွန်ကျောက်စာများနှင့် နှိုင်းလျှင် ခရစ်နှစ် (၁၁) ရာစုခန့်က ရေးထိုးထားသည့် ကျောက်စာ ဖြစ်သည်ဟု ရှေးဟောင်း သုတေသနက ခန့်မှန်းထားသည်ဟု ရှေးဟောင်းသမိုင်းဝင် ကော့ဂွန်းဂူ သမိုင်းစဉ် အကျဉ်းစာအုပ်တွင် ဖော်ပြထားသည်။

The Voice Weekly
ကရင်ပြည်နယ် ဘားအံမြို့နယ်ရှိ ရှေးခေတ် မွန်ယဉ်ကျေးမှု အမွေအနှစ် လက်ရာများ တည်ရှိရာ ရှေးဟောင်း သမိုင်းဝင် ကော့ဂွန်းဂူသို့ နိုင်ငံခြားသား လာရောက်လည်ပတ်မှု ယမန်နှစ်ထက် ပိုများလာသည်ဟု ကော့ဂွန်းဂူ သဒ္ဓမ္မရတနာ ဓမ္မာရုံကျောင်း ဆရာတော်က မိန့်ကြားသည်။

EU ရဲ့ ကမ္ဘာ့အကောင်းဆုံး ခရီးသွားနေရာဆု မြန်မာရရှိ

Photo: EU ရဲ့ ကမ္ဘာ့အကောင်းဆုံး ခရီးသွားနေရာဆု မြန်မာရရှိ
Monday, March 10, 2014

EU ဥရောပသမဂ္ဂ ခရီးသွားနဲ့ ကုန်သွယ်ရေးကောင်စီ ရဲ့ ၂၀၁၄ ခုနှစ်အတွက် ကမ္ဘာ့အကောင်းဆုံး ခရီးသွား လည်ပတ်ဖို့နေရာဆု မြန်မာနိုင်ငံကို ချီးမြှင့်မယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ ခရီးသွားလုပ်ငန်း ကြီးထွားဖွံ့ဖြိုးလာနေတာ၊ အာရှတိုက်မှာသာမက ကမ္ဘာမှာပါ တမူထူးခြားကျော်ကြားတဲ့ ယဉ်ကျေးမှု အမွေအနှစ်တွေရှိရာ နေရာဒေသတွေကို ဆွဲဆောင်အားကောင်းတဲ့ လည်ပတ်ကြည့်ရှုစရာ ခရီးသွားနေရာတွေအဖြစ် ဖန်တီးနိုင်တာတွေကြောင့် ဆု ချီးမြှင့်တာဖြစ်တယ်လို့ ဆိုပါတယ်။

ဒီဆုကို ၂၀၀၇ ခုနှစ်မှာ စတင်ချီးမြှင့်ခဲ့တာဖြစ်ပြီး၊ ခရီးသွားလုပ်ငန်းဆိုင်ရာ ကျင့်ဝတ်တွေ၊ ခရီးသွားတွေ လုံခြုံရေး၊ ကုလသမဂ္ဂ ပညာရေး၊ သိပံ္ပနဲ့ ယဉ်ကျေးမှုအဖွဲ့ (ယူနက်စကို) အသိအမှတ်ပြု စာရင်းဝင် ယဉ်ကျေးမှုအမွေအနှစ်တွေ ထိန်းသိမ်းစောင့်ရှောက်မှု စတဲ့အချက်တွေကို အခြေခံပြီး ချီးမြှင့်ကြောင်း သိရပါတယ်။

ဒါပေမဲ့ နိုင်ငံတကာမှာ ထင်ရှားတဲ့ ပုဂံဒေသဟာ အခုထိ ကုလသမဂ္ဂ ယူနက်စကိုရဲ့ အသိအမှတ်ပြု မခံရသေးဘဲ ရှိနေပါတယ်။ ၁၉၉၄ ခုနှစ် စစ်အစိုးရလက်ထက်က ပုဂံဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ဖြစ်ရေးအတွက် ယူနက်စကိုကို ပထမအကြိမ် တင်သွင်းခဲ့ပါတယ်။ ဒါပေမဲ့ ပုဂံဘုရားတွေကို ထိန်းသိမ်းပြုပြင်ရာမှာ နိုင်ငံတကာ စံသတ်မှတ်ချက်တွေနဲ့ မကိုက်ညီဘဲ၊ မူလလက်ရာတန်ဖိုးတွေ ဆုံးရှုံးကုန်တဲ့အတွက် ယူနက်စကိုက ပယ်ချခဲ့ပါတယ်။

စစ်အစိုးရလက်ထက်က ပုဂံ ဘုရားတွေကို ပြုပြင်ခဲ့ရာမှာ ဘုရားတစ်ဆူလုံးကို အသစ်ပြန်ပြင် ရွှေချခဲ့တာတွေ ရှိခဲ့ပါတယ်။ ဒါ့ပြင် ဟိုတယ်ကြီးတွေ၊ စားသောက်ဆိုင်ကြီးတွေ၊ ပုဂံဂေါက်ကွင်း စတာတွေကြောင့် ပုဂံရဲ့တန်ဖိုးကျဆင်းရတယ်လို့ သုတေသီတွေက ဆိုပါတယ်။

RFA Burmese
EU ဥရောပသမဂ္ဂ ခရီးသွားနဲ့ ကုန်သွယ်ရေးကောင်စီ ရဲ့ ၂၀၁၄ ခုနှစ်အတွက် ကမ္ဘာ့အကောင်းဆုံး ခရီးသွား လည်ပတ်ဖို့နေရာဆု မြန်မာနိုင်ငံကို ချီးမြှင့်မယ်လို့ သိရပါတယ်။

ကုန်ပစ္စည်း အတုတွေကို နှိမ်နင်းနိုင်ဖို့ အတွက် မူပိုင်ခွင့် ဥပဒေရေးဆွဲနေ

မြန်မာနိုင်ငံမှာ ​ကုန်ပစ္စည်းအတုတွေ ​တင်သွင်းဖြန့်ဖြူး ​ထုတ်လုပ်ရောင်းချနေတာကို ​ထိရောက်စွာ ​အရေးယူဆာင်ရွက်နိုင်ဖို့အတွက် ​ဥာဏပစ္စည်းမူပိုင်ခွင့်ဥပဒေကို ​ရေးဆွဲနေပြီး ​နောက်ဆုံးအဆင့်ကို ​ရောက်ရှိနေပြီလို့ ​ဒီဥပဒေကို ​ရေးဆွဲနေတဲ့ ​သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနက ​ပြောပါတယ်။

လက်နက်ကိုင် တပ်ဖွဲ့များ တပ်မတော်ကို ယုံကြည်လာကြောင်း တိုင်းရင်းသား ခေါင်းဆောင်အချို့ ထုတ်ပြော

Photo: လက်နက်ကိုင် တပ်ဖွဲ့များ တပ်မတော်ကို ယုံကြည်လာကြောင်း တိုင်းရင်းသား ခေါင်းဆောင်အချို့ ထုတ်ပြော
Monday, March 10, 2014

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ စတင်စဉ်က တပ်မတော်၏ ပါဝင်မှုကို သံသယ ရှိခဲ့သော်လည်း လက်ရှိအချိန်တွင် တပ်မတော်ကို တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များက ပိုမို ယုံကြည်လာကြောင်း အစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေးနေသော တိုင်းရင်းသား လက်နက်ကိုင်များ ကိုယ်စားပြု တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) မှ ခေါင်းဆောင် အချို့က ပြောကြားသည်။

ရန်ကုန်မြို့ မြန်မာ့ငြိမ်းချမ်းရေး စင်တာ၌ မတ်လ ၉ ရက်နေ့က ပြုလုပ်သော ဘားအံ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အကြို အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် ကိုယ်စားလှယ်များ တွေ့ဆုံအပြီး ၎င်းတို့က အထက်ပါအတိုင်း ပြောဆိုခြင်း ဖြစ်သည်။

“တစ်ချိန်တုန်းက တစ်ပြည်လုံး အပစ်အခတ် ရပ်စဲရေးမှာ တပ်မတော်က ပါဝင်မှု မရှိဘူးလို့ ပြောကြတာ အခုကတော့ တကယ် ပါလာပြီလို့ ခံစားရပါတယ်” ဟု (NCCT) ဒုတိယ ခေါင်းဆောင် ပဒိုကွယ်ထူးဝင်းက ပြောဆိုသည်။

ဘားအံပွဲ အကြို ဆွေးနွေးပွဲတွင် တပ်မတော် ကိုယ်စားလှယ် အဖြစ် ဒုတိယ ဗိုလ်ချုပ်ကြီး လေးဦးနှင့် ဗိုလ်ချုပ်အဆင့် နှစ်ဦး ပါဝင် ဆွေးနွေးသည့် အပေါ် တိုင်းရင်းသား ခေါင်းဆောင်များက ကျေနပ် အားရမှုရှိပြီး တပ်မတော် ကိုယ်စားလှယ်များ၏ တင်ပြချက်များမှာ အလားအလာ ကောင်းမွန်ကြောင်း ကရင်အမျိုးသား အစည်းအရုံး (KNU) ၏ အထွေထွေ အတွင်းရေးမှူးလည်း ဖြစ်သူ ပဒိုကွယ်ထူးဝင်းက သုံးသပ်သည်။

“ငြိမ်းချမ်းရေးအတွက် တကယ် ကိုယ်ဖိ ရင်ဖိ လုပ်ချင်တဲ့ ဆန္ဒကို ဖော်ပြတဲ့ အပေါ်မှာ အများကြီး ဝမ်းသာတယ်” ဟု တပ်မတော်၏ ဆွေးနွေးချက်များနှင့် ပတ်သက်၍ NCCT အဖွဲ့ဝင် ဥပဒေပညာရှင် တစ်ဦးဖြစ်သူ ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်းက ပြောကြားသည်။

ထို့အပြင် တပ်မတော် ကိုယ်စားလှယ် များ၏ ဆွေးနွေးမှုကို များစွာ အသိအမှတ်ပြုကြောင်း၊ တစ်နိုင်ငံလုံး အပစ်ရပ် စာချုပ် မဖြစ်မနေ ချုပ်ဆိုရမည် ဆိုသော ဆန္ဒပြင်းပြမှု တပ်မတော်တွင် ရှိနေကြောင်း ၎င်းက ထပ်လောင်း ရှင်းပြသည်။

NCCT အဖွဲ့ခေါင်းဆောင် ဖြစ်သူ ဦးနိုင်ဟံသာကလည်း “ဒီနေ့ သူတို့က စေတနာ ရိုးရိုးသားသားနဲ့ ဆွေးနွေးကြတယ်။ ပိုပြီးတော့ နားလည်မှု ရကြတယ်” ဟု ပြောကြားသည်။

လော်ခီးလာ ထိပ်သီးညီလာခံ အပြီး အစိုးရနှင့် တိုင်းရင်းသား အဖွဲ့များ၏ ဒုတိယအကြိမ် တွေ့ဆုံပွဲသို့ တပ်မတော်က ပထမဆုံးအကြိမ် အဖြစ် ထိပ်သီးခေါင်းဆောင် အများအပြား ပါဝင် တက်ရောက်လာခြင်း ဖြစ်ပြီး တိုင်းရင်းသား ကိုယ်စားပြု NCCT ခေါင်းဆောင် အများအပြား ပါဝင် တက်ရောက်ခဲ့သည်။

ယနေ့ ဆွေးနွေးပွဲသို့ တပ်မတော် ကိုယ်စားလှယ်များ အဖြစ် ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုး၊ ဒုတိယ ဗိုလ်ချုပ်ကြီး သက်နိုင်ဝင်း၊ ဒုတိယ ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ဗိုလ်ချုပ် မောင်မောင်အုန်းနှင့် ဗိုလ်မှူးကြီး ကျော်စိုးဝင်းတို့ ပါဝင် တက်ရောက်ခြင်း ဖြစ်သည်။

The Voice Weekly
ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ စတင်စဉ်က တပ်မတော်၏ ပါဝင်မှုကို သံသယ ရှိခဲ့သော်လည်း လက်ရှိအချိန်တွင် တပ်မတော်ကို တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များက ပိုမို ယုံကြည်လာကြောင်း အစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေးနေသော တိုင်းရင်းသား လက်နက်ကိုင်များ ကိုယ်စားပြု တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) မှ ခေါင်းဆောင် အချို့က ပြောကြားသည်။

ဆက်သွယ်ရေးကွန်ရက် အထောက်အကူပြု ၀န်ဆောင်မှုလုပ်ငန်း အပါအ၀င် လုပ်ငန်းရှစ်ခုတွင် စင်ကာပူနှင့် တရုတ်ကုမ္ပဏီများ ၀င်ရောက်မြှုပ်နှံ

ဆက်သွယ်ရေးကွန်ရက် အထောက်အကူပြု ၀န်ဆောင်မှုလုပ်ငန်းများ အပါအ၀င် လုပ်ငန်းရှစ်ခုတွင် စင်ကာပူနှင့် တရုတ်ကုမ္ပဏီများ ၀င်ရောက်ရင်းနှီး မြှုပ်နှံခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။

အောင်ဇေယျတံတား အဆင်းတွင် ဟီးနိုးယာဉ်တစ်စီး ဘရိတ်ပေါက်ကာ ရှေ့မှယာဉ်တစ်စီးကို တိုက်မိပြီး အခြားအငှားယာဉ် တစ်စီးပေါ် တိမ်းမှောက်

Photo: အောင်ဇေယျတံတား အဆင်းတွင် ဟီးနိုးယာဉ်တစ်စီး ဘရိတ်ပေါက်ကာ ရှေ့မှယာဉ်တစ်စီးကို တိုက်မိပြီး အခြားအငှားယာဉ် တစ်စီးပေါ် တိမ်းမှောက်
Monday, March 10, 2014

လှိုင်သာယာမြို့နယ်၊ အောင်ဇေယျတံတား အဆင်းတွင် ဟီနိုးယာဉ်တစ်စီးမှ ဘရိတ်ပေါက်ကာ ရှေ့ယာဉ်အားတိုက်မိပြီး ထိုယာဉ်မှတစ်ဆင့် အရှိန်လွန်ကာ အငှားယာဉ်တစ်စီးပေါ် တိမ်းမှောက်ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မတ် ၉ ရက် နံနက် ၉ နာရီ ၂၀ မိနစ်တွင် အင်းစိန်ဘက်မှ လှိုင်သာယာ ရွှေလင်ဗန်းဘက်သို့လာသော ယာဉ်အမှတ် 1G...... ဟီးနိုးအဖြူရောင်ယာဉ်မှာ အောင်ဇေယျတံတားအဆင်း ၁ ထိပ်မှတ် တိုင်အနီးအရောက် ဘရိတ်ပေါက်ကာ ၎င်းရှေ့မှ မောင်းနှင်နေသော Isuzu အပြာရောင်ယာဉ်၏ ဘယ်ဘက်ဘန်ကာ တိုက်မိခဲ့ကြောင်း သိရသည်။

၎င်းယာဉ်မှတစ်ဆင့် အရှိန်လွန်ကာ လမ်းဘေး၌ရပ်ထားသော အငှားယာဉ်တစ်စီးပေါ် တိမ်းမှောက်ခဲ့ကြောင်း သိရသည်။ ထိုသို့ ယာဉ်တိမ်းမှောက်မှုကြောင့် လမ်းဘေး၌ ရပ်နေသော အဘွားအိုတစ်ယောက် သေဆုံးခဲ့ပြီး လမ်းဘေးဈေးသည် အမျိုးသမီးတစ်ဦး အပါအ၀င် အငှားယာဉ်မောင်းနှင့် ယာဉ်ပေါ်ပါ ခရီးသည်တစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

“အငှားယာဉ်မောင်းနဲ့ ခရီးသည်တစ်ဦးက ကံကောင်းတယ်လို့ ပြောရမယ်။ သူတို့က လမ်းဘေးကွမ်းယာဆိုင်မှာ ကွမ်းထွက်ဝယ်တုံး ခုလိုဖြစ်တာ၊ ဒါတောင် ဒဏ်ရာတွေ ရသေးတယ်။ အငှားယာဉ်ကတော့ ပြန်ပြင်လို့တောင် ရတော့မယ်မထင်ဘူး” ဟု မျက်မြင်တွေ့သူ အမျိုးသားတစ်ဦးက ပြောသည်။

ယင်းကြောင့် လှိုင်သာယာ မြို့မရဲစခန်းမှ ကျူးလွန်သူ ယာဉ်မောင်းနှစ်ဦးအား ဖမ်းဆီးစစ်ဆေးနေကြောင်း သိရသည်။ 

Eleven Media Group

ယာဉ်တိမ်းမှောက်မှုဖြစ်စဉ်မှ ပျက်စီးခဲ့သည့် အငှားယာဉ်အား တွေ့ရစဉ် (ဓာတ်ပုံ-အောင်ကျော်ထက်)
ယာဉ်တိမ်းမှောက်မှုဖြစ်စဉ်မှ ပျက်စီးခဲ့သည့် အငှားယာဉ်အား တွေ့ရစဉ် (ဓာတ်ပုံ-အောင်ကျော်ထက်)

လှိုင်သာယာမြို့နယ်၊ အောင်ဇေယျတံတား အဆင်းတွင် ဟီနိုးယာဉ်တစ်စီးမှ ဘရိတ်ပေါက်ကာ ရှေ့ယာဉ် အားတိုက်မိပြီး ထိုယာဉ်မှတစ်ဆင့် အရှိန်လွန်ကာ အငှားယာဉ်တစ်စီးပေါ် တိမ်းမှောက်ခဲ့ကြောင်း သိရသည်။

ပန်းဆိုးတန်း-ဒလ ကူးတို့ရေယာဉ်များ ဆိုက်ကပ်ရန် ဒလဘက်ကမ်းတွင် ဆိပ်ခံတံတားတစ်စင်းအား ဂျပန်နိုင်ငံမှ တည်ဆောက်ပေးမည်

ပန်းဆိုးတန်း-ဒလ ကူးတို့ခရီးစဉ် ပြေးဆွဲနေသော သမ္ဗန်ငယ်တစ်စီးအား တွေ့ရစဉ်

ပန်းဆိုးတန်း-ဒလ ကူးတို့ရေယာဉ်များ ဆိုက်ကပ်ရန် ဒလဘက်ကမ်းတွင် ဆိပ်ခံတံတားတစ်စင်းအား ဂျပန်နိုင်ငံမှ တည်ဆောက်ပေးသွား မည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးမှ Minister Councilor Mr.Maruyama ၏ ပြောကြားချက်အရ သိရသည်။

မြန်မာဆက်သွယ်ရေးလုပ်ငန်း၌ ရင်းနှီးမြှုပ်နှံရန် ဆွီဒင်နှင့်ဂျပန်တို့ စိတ်ဝင်စား

နိုင်ငံတကာမှ စီးပွားရေးကုမ္ပဏီများက မြန်မာနိုင်ငံတွင်ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားလျက်ရှိရာ ဆက် သွယ်ရေး ကဏ္ဍ၌ ဆွီဒင်၊ ဂျပန်နှင့် စင်ကာပူ နိုင်ငံများမှ စီးပွားရေးကုမ္ပဏီများက ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရန် ရှိနေကြောင်း သိရသည်။

ပဲခူးတိုင်းဒေသကြီးတွင် ပါးရိုက်ခဲ့သည့် အလုပ်သမားခေါင်းဆောင်အား ဗိုက်ခွဲသတ်ဖြတ်စားသောက်ကာ သုံးလောင်းပြိုင်လူသတ်မှု ကျူးလွန်ခဲ့သူများအား ရဲအင်အား ၇၀ ကျော်ဖြင့် ဖမ်းဆီး

ပဲခူးတိုင်းဒေသကြီး ကြို့ပင်ကောက်မြို့နယ်၊ ဘော်ဘင်ဆည်၏အရှေ့ ကျောက်ဖြူလေးချောင်းဖျား၊ တောတွင်း စခန်းတစ်ခု၌ ပါးရိုက်ခဲ့သည့် အလုပ်သမားခေါင်းဆောင်အား ဗိုက်ခွဲသတ်ဖြတ် စားသောက်ကာ သုံးလောင်းပြိုင် လူသတ်မှု ကျူးလွန်ခဲ့သည့် ကျူးလွန်သူလေးဦးအား ဖမ်းဆီးရမိပြီဖြစ်ကြောင်း ပဲခူးတိုင်းဒေသ ကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

အပစ်အခတ်ရပ်စဲရေး ဆက်လက်ညှိနှိုင်းရန် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ၏ မူကြမ်းများအား တစ်ခုတည်းဖြစ်အောင် ရေးဆွဲမည်ဟု ရန်ကုန်ဆွေးနွေးပွဲ ပထမနေ့တွင် ဆုံးဖြတ်

Photo: အပစ်အခတ်ရပ်စဲရေး ဆက်လက်ညှိနှိုင်းရန် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ၏ မူကြမ်းများအား တစ်ခုတည်းဖြစ်အောင် ရေးဆွဲမည်ဟု ရန်ကုန်ဆွေးနွေးပွဲ ပထမနေ့တွင် ဆုံးဖြတ်
Monday, March 10, 2014

အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များအကြား တစ်နိုင်ငံလုံး အတိုင်းအတာ အပစ်အခတ်ရပ်စဲရေးမူကြမ်း ညှိနှိုင်းမှုကို မတ် ၉ ရက်ကစတင်၍ ရန်ကုန်မြို့ရှိ Myanmar Peace Center ၌ ပြုလုပ်ခဲ့ရာ အပစ်အခတ်ရပ်စဲရေး ဆက်လက်ညှိနှိုင်းရန် အစိုးရ၏မူကြမ်းနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ၏ မူကြမ်းအား တစ်ခုတည်းဖြစ်အောင် ပူးပေါင်းရေးဆွဲမည်ဟု ဆုံးဖြတ်ခဲ့ကြောင်း ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြောကြားသည်။

တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းမှု ဆက်လက်ပြုလုပ်ရန် နှစ်ဖက်ပူးပေါင်းရေးဆွဲမည့် မူကြမ်းအား အစိုးရအဖွဲ့မှ ကိုယ်စားလှယ်သုံးဦး၊ လွှတ်တော်မှ ကိုယ်စားလှယ်သုံးဦး၊ တပ်မတော်ဘက်မှ ကိုယ်စားလှယ်သုံးဦးနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ၏ တစ်နိုင်ငံလုံး အတိုင်းအတာ အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) မှ အဖွဲ့ဝင်ကိုးဦးတို့ ပါဝင်သည့် အဖွဲ့ဖွဲ့ကာ ရေးဆွဲဆောင်ရွက်သွားမည်ဖြစ်သည်။

NCCT အဖွဲ့ခေါင်းဆောင် ဦးနိုင်ဟံသာကလည်း “ကျွန်တော်တို့နဲ့ အစိုးရနဲ့က နှစ်ဖက်ဖြစ်နေတဲ့နေရာမှာ ကျွန်တော်တို့ကလည်း လော်ခီးလာရဲ့မူကို တင်တယ်။ အစိုးရဘက်ကလည်း သူတို့ရေးဆွဲထားတဲ့ သူတို့ရဲ့မူတွေ ရှိတာပေါ့။ အဲဒီတော့ သူ့မူသူကိုင်တယ်။ ကိုယ့်မူကိုယ်ကိုင်တယ်။ အဲဒီတော့ ညှိလို့ခက်တယ်ဗျ။ အဲဒီတော့ အဲဒီလို ညှိလို့ခက်နေတဲ့ အနေအထားမျိုးမှာ ကဲနှစ်ဖက်အဖွဲ့ တစ်ဖက်ဖွဲ့လိုက်မယ်။ ဟိုဘက်ကလူ တစ်ဝက် ဒီဘက်ကလူ တစ်ဝက် ဖွဲ့ပြီးတော့ မူအသစ်တစ်ခု ရေးမယ်။ အဲဒီပုံစံမျိုးနဲ့ သဘောတူတာ” ဟု ပြောကြားသည်။

ရန်ကုန်ဆွေးနွေးပွဲ ပထမရက် ဆွေးနွေးမှုသည် အောင်မြင်သော ဆွေးနွေးပွဲဖြစ်ကြောင်းနှင့် အသစ်ရေးဆွဲမည့်မူတွင် မည်ကဲ့သို့သော ခေါင်းစဉ်များထားပြီး ဆွေးနွေးရန်တို့နှင့် ပတ်သက်ပြီး မတ် ၁၀ ရက်တွင် ဆက်လက်ဆွေးနွေးမည်ဟု ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြောကြားခဲ့ပြီး ဦးနိုင်ဟံသာမှလည်း ဆွေးနွေးပွဲသည် တစ်နိုင်ငံလုံး အတိုင်းအတာ အပစ်အခတ်ရပ်စဲရေး ဆောင်ရွက်ရန်အတွက် တိုးတက်မှုများစွာ ရရှိခဲ့သည်ဟု ဆိုသည်။

“ဆွေးနွေးပွဲ အခြေအနေက ရှင်းရှင်းလင်းလင်း နှစ်ဖက်သံသယတို့ သို့တည်းမဟုတ် စိုးရိမ်တာတို့၊ စိတ်ပူတာတို့ အဲဒါတွေကို နည်းနည်းဖြေလျှော့ပြီးတော့ ရှေ့ဆက်သွားနိုင်တဲ့ လမ်းစရတယ်လို့ ပြောနိုင်တာပေါ့။ တပ်ပိုင်းဆိုင်ရာကိစ္စက အဓိကဆွေးနွေးဖို့ ဖြစ်လာတာ။ ဒါကို တပ်မတော်က အကြီးအကဲတွေ အများကြီး ပါလာတယ်။ သူတို့နဲ့ဆိုင်တဲ့ အပိုင်းတွေကို အဓိကတာဝန်ခံပြီး ဆွေးနွေးနိုင်အောင် သူတို့တွေ ပါဝင်လာတာဖြစ်တော့ အရေးကြီးတယ်လို့ ပြောနိုင်တယ်။ အကယ်၍သာ တပ်မတော်ဘက်က သဘောတူတယ်ဆိုရင် ခိုင်ခိုင်မာမာ ဖြစ်သွားတာပေါ့” ဟု NCCT မှ ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောကြားသည်။

တစ်နိုင်ငံလုံး အတိုင်းအတာ အပစ်အခတ်ရပ်စဲရေးနှင့် ပတ်သက်ပြီး အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအကြား ဆွေးနွေးညှိနှိုင်းမှုများ ကောင်းမွန်သည်ဟု ဆိုသော်လည်း နှစ်ဘက်ပူးပေါင်းရေးဆွဲမည့် မူကြမ်းအား နှစ်ဘက်ခေါင်းဆောင်များအား ပြန်လည်ရှင်းပြရမည့် ကိစ္စရပ်များကြောင့် ဘားအံဆွေးနွေးပွဲသည် သင်္ကြန်ကာလမတိုင်မီ ဖြစ်နိုင်ဖွယ် မရှိတော့ကြောင်း သိရသည်။

Eleven Media Group

အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကြား အပစ်အခတ်ရပ်စဲရေးမူကြမ်း ညှိနှိုင်းမှု အခမ်းအနားအား တွေ့ရစဉ်
အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကြား အပစ်အခတ်ရပ်စဲရေးမူကြမ်း ညှိနှိုင်းမှု အခမ်းအနားအား တွေ့ရစဉ်

အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များအကြား တစ်နိုင်ငံလုံး အတိုင်းအတာ အပစ်အခတ် ရပ်စဲရေး မူကြမ်း ညှိနှိုင်းမှုကို မတ် ၉ ရက်ကစတင်၍ ရန်ကုန်မြို့ရှိ Myanmar Peace Center ၌ ပြုလုပ်ခဲ့ရာ အပစ်အခတ်ရပ်စဲရေး ဆက်လက်ညှိနှိုင်းရန် အစိုးရ၏မူကြမ်းနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ၏ မူကြမ်းအား တစ်ခုတည်းဖြစ်အောင် ပူးပေါင်းရေးဆွဲမည်ဟု ဆုံးဖြတ်ခဲ့ကြောင်း ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြောကြားသည်။

မြန်မာနိုင်ငံတွင် သတင်းလွတ်လပ်ခွင့် အပြည့်အ၀ မရရှိသေးကြောင်းနှင့် သတင်းမီဒီယာများ အနေဖြင့်လည်း တာဝန်ယူမှု ရှိရမည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြောကြား

စုဖောင်ဒေးရှင်း ဖွင့်ပွဲအခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ နာမည်ကျော် သရုပ်ဆောင် မီရှဲယိုအား တွေ့ရစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)

မြန်မာနိုင်ငံတွင် သတင်းမီဒီယာလွတ်လပ်ခွင့် အပြည့်အ၀ မရရှိသေးကြောင်းနှင့် မြန်မာမီဒီယာများ အနေဖြင့် လည်း လွတ်လပ်ခွင့်နှင့်အတူ တာဝန်ယူမှုပါရှိအောင် ကြိုးပမ်းကြရမည်ဖြစ်ကြောင်း အမျိုးသား ဒီမို ကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က မတ် ၉ ရက်က ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ် ဆရာစံ ပလာဇာတွင် ကျင်းပသော စုဖောင်ဒေးရှင်း ဖွင့်ပွဲအခမ်းအနား မိန့်ခွန်းတွင် ထည့်သွင်းပြောကြား ခဲ့သည်။

Sunday, March 9, 2014

အပစ်ရပ်ရေး မရရအောင်လုပ်မယ်လို့ ကာချုပ်မင်းအောင်လှိုင်ပြော

Photo: အပစ်ရပ်ရေး မရရအောင်လုပ်မယ်လို့ ကာချုပ်မင်းအောင်လှိုင်ပြော 
Sunday, March 9, 2014

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ အပစ်အခတ်ရပ်စဲရေး မရရအောင် လုပ်မယ်လို့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။

မတ်လ ၇ ရက်က နေပြည်တော်မှာ ကာကွယ်ရေးဦးစီးချုပ်နဲ့ ကရင်အမျိုးသား အစည်းအရုံး KNU တို့ တွေ့ဆုံခဲ့ကြရာမှာ ကာချုပ်က အခုလို ပြောလိုက်တာ ဖြစ်ပါတယ်။

တွေ့ဆုံဆွေးနွေးခဲ့တဲ့ ကရင် အမျိုးသား အစည်းအရုံး KNU ဗဟိုကော်မတီဝင် မန်းငြိမ်းမောင်က သူတို့ ဆွေးနွေးပြောဆိုခဲ့တာတွေကို အခုလို ပြောပြပါတယ်။

“အပစ်အခတ် ရပ်စဲရေးကို အဓိက ဆွေးနွေးတယ်။ ကာကွယ်ဦးစီးချုပ်က ပြောတယ် အပစ်အခတ် ရပ်စဲရေးကို မရ ရအောင် လုပ်မယ်။ အပစ်အခတ် ရပ်စဲရေးလုပ်နိုင်မှ ငြိမ်းချမ်းရေးကို တည်ဆောက်လို့ ရမယ်။ ငြိမ်းချမ်းရေး တည်ဆောက်ရမှ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေး လုပ်လို့ရမယ်။ အဲဒီအပေါ်မှာတော့ သူတို့ကို ယုံကြည်ပါလို့ သူတို့ ပြောပါတယ်။”

သူနဲ့ ထိပ်တန်းစစ်ဗိုလ်ချုပ်တွေရဲ့ သဘောထား အတူတူပဲ ဖြစ်တယ်လို့ ပြောကြောင်းလည်း မန်းငြိမ်းမောင်က ပြောပြပါတယ်။

ကေအန်ယူအဖွဲ့ဟာ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းနဲ့လည်း တွေ့ဆုံခဲ့ပြီး အပစ်အခတ် ရပ်စဲရေး ကိစ္စရပ်တွေပဲ ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ တွေ့ဆုံဆွေးနွေးပွဲကို ကေအန်ယူဥက္ကဋ္ဌ စောမူတူးဆေးဖိုးနဲ့ အထွေထွေအတွင်းရေးမှူး၊ ဗဟိုကော်မတီဝင်တွေ တက်ရောက်ခဲ့ကြပြီး အခုတကြိမ်တွေ့ဆုံမှုဟာ ၄ ကြိမ်မြောက် တွေ့ဆုံမှု ဖြစ်ပါတယ်။

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဟာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေထဲ ကေအန်ယူ တဖွဲ့နဲ့ပဲ အခုလို တွေ့ဆုံ ဆွေးနွေးနေတာလည်း ဖြစ်ပါတယ်။

burmese.dvb
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ အပစ်အခတ်ရပ်စဲရေး မရရအောင် လုပ်မယ်လို့ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။

ပြောင်းဖူး၏ ကျန်းမာရေး အာနိသင်များ

Photo: ပြောင်းဖူး၏ ကျန်းမာရေး အာနိသင်များ
Sunday, March 9, 2014

ပြောင်းဖူးမှာ အာဟာရ ဓာတ် များစွာ ပါဝင် တာကြောင့် ကျန်းမာရေး အကျိုး ကျေးဇူး များစွာ ရရှိနိုင်ပါတယ်။ ပြောင်းဖူးမှာ ဗီတာမင် B1 ပါဝင်တာကြောင့် ကာဗို ဟိုက်ဒရိတ်တည်ဆောက်ဖြိုခွဲမှုမှာ အသုံးပြုနိုင်သလို ဗီတာမင် B5 ပါဝင်မှုကြောင့် ဇီဝကမ္မဆိုင်ရာ လုပ်ငန်းဆောင်တာတွေမှာ ကူညီနိုင်ပါတယ်။ ဖောလိတ် ပါဝင်တာ ကြောင့် ဆဲလ်သစ်တွေ ဖြစ်ပေါ်စေသလို ဗီတာမင်စီပါဝင်မှုကြောင့် ရောဂါတွေကို တွန်းလှန်ပေးနိုင်ပါတယ်။

နှလုံးသွေးကြောဆိုင်ရာ ကျန်းမာရေးကို ကောင်းမွန်စေပါတယ်
ပြောင်းဖူးမှာ ဗီတာမင် B9 လို့ခေါ် တဲ့ ဖောလိတ်ပါဝင်မှုကြောင့် နှလုံးကျန်း မာရေးကို တိုးတက်ကောင်းမွန်စေပါ တယ်။ ဖောလိတ်ဓာတ်ပါတဲ့ အစားအ စာကို များများစားတာကြောင့် နှလုံး သွေးကြောဆိုင်ရာ ရောဂါ၊ လေဖြတ် တာနဲ့ နှလုံးရောဂါထတာတွေရဲ့ ဖြစ်နိုင် ခြေကို လျော့ကျစေပါတယ်။

ကင်ဆာရောဂါကို ကာကွယ်ပေးပါတယ်
ပြောင်းဖူးရဲ့ နောက်ထပ် ကျန်းမာ ရေးအကျိုးကျေးဇူးတစ်ရပ်က အဆုတ် ကင်ဆာကို ကာကွယ်ပေးတာပါ။ ပြောင်း ဖူးမှာ Beta Cryptoxanthin ပါဝင်တာ ကြောင့် အဆုတ်ကင်ဆာဖြစ်နိုင်ခြေကို လျော့ကျစေပါတယ်။ ဆေးလိပ်သောက် တဲ့သူတွေဟာ ပြောင်းဖူးကို ပုံမှန်စားပေး ရင် အဆုတ်ကင်ဆာဖြစ်နှုန်း ၃၇ ရာခိုင် နှုန်း လျော့ကျစေပါတယ်။

မှတ်ဥာဏ်ကို အားကောင်းစေပါတယ်
ပြောင်းဖူးမှာ သိုင်ယာမင်း ဒါမှမ ဟုတ် ဗီတာမင် B1 ပါဝင်တာကြောင့် မှတ်ဥာဏ်အစွမ်းကို ကောင်းမွန်စေပါ တယ်။ ဒီအာဟာရဟာ ဦးနှောက်ဆဲလ် တွေကို အားကောင်းစေပြီး တွေးခေါ်နိုင် တဲ့ လုပ်ငန်းဆောင်တာကို တိုးတက်စေ ပါတယ်။ ပြောင်းဖူးဟာ အယ်လ်ဇိုင်းမား ရောဂါဖြစ်နိုင်ခြေကို လျော့ကျစေပါတယ်။

အမြင်အာရုံကို ကာကွယ်ပေးပါတယ်
ပြောင်းဖူးမှာ ဘီတာကယ်ရိုတင်း၊ ဖောလိတ်နဲ့ အင်တီအောက်ဆီးဒင့် ဇီဇန် သင်းတို့ များစွာ ပါဝင်ပါတယ်။ ဒီအာဟာရဓာတ်တွေက မက်ကူလာယိုယွင်း ပျက်စီးမှုလိုမျိုး မျက်စိရောဂါတွေ မဖြစ် အောင် ကာကွယ်ပေးပါတယ်။

ရောင်ရမ်းမှုကို လျော့ကျစေပါတယ်
ပြောင်းဖူးမှာFerulic Acid များစွာ ပါဝင်ပါတယ်။ ဒါက အင်တီအောက်ဆီး ဒင့်တစ်မျိုးဖြစ်တာကြောင့် ခန္ဓာကိုယ် တွင်း ရောင်ရမ်းမှု၊ အိုမင်းမှုနဲ့ ကင်ဆာ ရောဂါတချို့အမျိုးအစားတွေကို မဖြစ် အောင် ကာကွယ်ပေးပါတယ်။

သွေးတွင်း ကိုလက်စထရောကို လျော့ ကျစေပါတယ်
ပြောင်းဖူးတစ်ခွက်စာ ပမာဏမှာ တစ်နေ့တာ လိုအပ်တဲ့ အမျှင်ဓာတ် ၁၈ ဒသမ ၄ ရာခိုင်နှုန်း ပါဝင်နေပါတယ်။ အမျှင်ဓာတ် ပါဝင်မှု မြင့်မားတာက ပြောင်းဖူးရဲ့ အကြီးမားဆုံး အကျိုးကျေး ဇူးတစ်ရပ်ဖြစ်ပါတယ်။ အမျှင်ဓာတ်က သွေးတွင်း ကိုလက်စထရောအဆင့်ကို လျော့ကျစေပြီး အူမကြီးကင်ဆာ ဖြစ်နိုင် ခြေကို လျော့ကျစေပါတယ်။ အမျှင် ဓာတ်ဟာ ဆီးချိုသွေးချိုရောဂါရှိသူတွေ မှာ သွေးတွင်းသကြားဓာတ် ပမာဏကို လျော့ကျစေပါတယ်။

ဂရုစိုက်ရန်
လေ့လာမှုအရ ပြောင်းဖူးဟာ သစ် သီးတွေနဲ့ ဟင်းသီးဟင်းရွက်အများစု ထက် အာဟာရဓာတ် ပိုမိုပါဝင်ပါတယ်။ လူအများစုဟာ ပြောင်းဖူးထဲကို အဆီ၊ ဆားနဲ့ သကြားတွေ ထည့်ပြီး ချက်ပြုတ် စားသောက်ကြပါတယ်။ ပြောင်းဖုးကို ပြုတ်ပြီး သုပ်စားတာ ဒါမှမဟုတ် စွပ် ပြုတ် ပြုတ်သောက်တာတွေက ကျန်းမာ ရေးနဲ့ ပိုညီညွတ်ပါတယ်။

Good Health
ပြောင်းဖူးမှာ အာဟာရ ဓာတ် များစွာ ပါဝင် တာကြောင့် ကျန်းမာရေး အကျိုး ကျေးဇူး များစွာ ရရှိနိုင်ပါတယ်။ ပြောင်းဖူးမှာ ဗီတာမင် B1 ပါဝင်တာကြောင့် ကာဗို ဟိုက်ဒရိတ်တည်ဆောက်ဖြိုခွဲမှုမှာ အသုံးပြုနိုင်သလို ဗီတာမင် B5 ပါဝင်မှုကြောင့် ဇီဝကမ္မဆိုင်ရာ လုပ်ငန်းဆောင်တာတွေမှာ ကူညီနိုင်ပါတယ်။ ဖောလိတ် ပါဝင်တာ ကြောင့် ဆဲလ်သစ်တွေ ဖြစ်ပေါ်စေသလို ဗီတာမင်စီပါဝင်မှုကြောင့် ရောဂါတွေကို တွန်း လှန်ပေးနိုင် ပါတယ်။

ထိုင်းတွင် တရားမ၀င်လုပ်သားများ ဖမ်းဆီးစဉ် ကြောက်လန့်၍ နှစ်ထပ်တိုက်ပေါ်မှ ခုန်ချသည့် အမျိုးသမီး ခြေထောက်ကျိုး

Photo: ထိုင်းတွင် တရားမ၀င်လုပ်သားများ ဖမ်းဆီးစဉ် ကြောက်လန့်၍ နှစ်ထပ်တိုက်ပေါ်မှ ခုန်ချသည့် အမျိုးသမီး ခြေထောက်ကျိုး
Sunday, March 9, 2014

ထိုင်းနိုင်ငံ ချွန်ဘူလီခရိုင် စတဟစ်မြို့ရှိ ကြောင်ထယန်နယ်မြေ(၁)တွင် နေထိုင်သည့် တရားမ၀င်အလုပ်သမားများကို ထိုင်းနိုင်ငံရဲတပ်ဖွဲ့က ၀င်ရောက်ဖမ်းဆီးစဉ် အလုပ်သမားအချို့နှင့် ရုန်းရင်းဆန်ခတ်ဖြစ်ပွားသောကြောင့် မြန်မာအမျိုးသမီးတစ်ဦး ကြောက်လန့်၍ နှစ်ထပ်တိုက်ပေါ်မှ ခုန်ချရာ ခြေထောက်တစ်ဖက်ကျိုးသွားကြောင်း သတင်းရရှိသည်။

မတ်လ ၆ရက်တွင် ကြောင်ထယန်နယ်မြေ (၁)တွင်ရှိသော ဟောလီးဒေးဟိုတယ်၏ နောက် အဆောက်အအုံတစ်နေရာတွင် မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို အစရှိသည့် နိုင်ငံများမှ အလုပ်သမား ၅၀ ခန့်ကို ထိုင်းနိုင်ငံ ရဲတပ်ဖွဲ့က ၀င်ရောက်ဖမ်းဆီးရာ ထိုအလုပ်သမားများနှင့် ရုန်းရင်းဆန်ခတ်ဖြစ်ပွားသောကြောင့် အသက် (၂၃) နှစ်အရွယ် မြန်မာအမျိုးသမီးတစ်ဦး ကြောက်လန့်၍ နှစ်ထပ်တိုက်ပေါ်မှ ခုန်ချရာ ခြေထောက်တစ်ဖက် ကျိုးသွားခြင်းဖြစ်သည်။
           
အဆိုပါဖမ်းဆီးခံရသော နိုင်ငံခြားအလုပ်သမား ၅၀ ခန့် တွင် ၁၀ ဦးသာ တရားမ၀င်အလုပ်သမားများ ပါဝင်ကြောင်း သတင်းရရှိသည်။ ခုန်ချ၍ ခြေကျိုးသွားသည့် မြန်မာအမျိုးသမီးမှာလည်း တရားဝင်လုပ်ကိုင်နေသော အလုပ်သမားတစ်ဦးဖြစ်ကြောင်း ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့မှ ဒါရိုက်တာ ဦးကျော်သောင်းက ပြောသည်။
         
‘‘တရားမ၀င်အလုပ်သမားတွေကို ထိုင်းရဲတွေက လျှပ်တစ်ပြက်ဝင်ဖမ်းတာ။ တရားဝင်အလုပ်သမားတွေကများတော့ ရုန်းရင်းဆန်ခတ်ဖြစ်ပွားတာ။ အဲဒီမှာ ကောင်မလေးက လန့်ပြီးခုန်ချတာ ခြေကျိုးသွားတာပါ။ ခုတော့ စ၀မ်လိုထန်က ကယ်ဆယ်ရေးစခန်းက နီးစပ်ရာဆေးရုံကို ပို့ထားတယ်လို့သိရပါတယ်’’ဟု ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့မှ ဒါရိုက်တာ ဦးကျော်သောင်းကပြောသည်။
         
ထိုဖမ်းဆီးမှုတွင် တရားမ၀င်လုပ်ကိုင်သော အလုပ်သမား ၁၀ ဦးသာ ဖမ်းဆီးခံရပြီး ကျန် တရားဝင်လုပ်ကိုင်သည့် အလုပ်သမားများကို ထိုင်းနိုင်ငံရဲတပ်ဖွဲ့ က  ချက်ချင်းပြန်လွှတ်ပေးခဲ့ကြောင်း  ဦးကျော်သောင်းက ပြောသည်။

Author:  ငြိမ်းချမ်း
7day Daily

ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသည့် ရွှေ့ပြောင်းအလုပ်သမားတစ်ဦးအားတွေ့ရစဉ်
ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသည့် ရွှေ့ပြောင်းအလုပ်သမားတစ်ဦးအားတွေ့ရစဉ်

ထိုင်းနိုင်ငံ ချွန်ဘူလီခရိုင် စတဟစ်မြို့ရှိ ကြောင်ထယန်နယ်မြေ(၁)တွင် နေထိုင်သည့် တရားမ၀င်အလုပ် သမား များကို ထိုင်းနိုင်ငံရဲတပ်ဖွဲ့က ၀င်ရောက်ဖမ်းဆီးစဉ် အလုပ်သမားအချို့နှင့် ရုန်းရင်းဆန်ခတ်ဖြစ် ပွားသောကြောင့် မြန်မာအမျိုးသမီးတစ်ဦး ကြောက်လန့်၍ နှစ်ထပ်တိုက်ပေါ်မှ ခုန်ချရာ ခြေထောက် တစ်ဖက်ကျိုးသွားကြောင်း သတင်းရရှိသည်။

မလေးရှား လေယာဉ်မပျောက်ဆုံးခင် ကွေ့လာတဲ့ ရေဒါလမ်းကြောင်း ရှာတွေ့

Photo: မလေးရှား လေယာဉ်မပျောက်ဆုံးခင် ကွေ့လာတဲ့ ရေဒါလမ်းကြောင်း ရှာတွေ့
Sunday, March 9, 2014

ပျောက်ဆုံးနေတဲ့ မလေးရှားလေကြောင်းလိုင်းပိုင် လေယာဉ်ဟာ ပျောက်မသွားခင်က ကွာလာလမ်ပူမြို့ကနေ ပေကျင်းမြို့ကိုအသွား စီစဉ်ထားတဲ့ လမ်းကြောင်းကနေ ကွေ့လာတာကို ပြနေတဲ့ ရေဒါကို လမ်းကြောင်းရှာမိထားတယ်လို့ မလေးရှားစစ်တပ် အရာရှိတွေက မတ်လ ၉ ရက်နေ့က ပြောပါတယ်။

မလေးရှား ကယ်ဆယ်ရေးအဖွဲ့တွေကတော့ မလေးအနောက်ဘက် ကမ်းရိုးတန်းကိုပါ တိုးချဲ့ ရှာဖွေနေတယ်လို့ စစ်တပ် အရာရှိတွေက ပြောပါတယ်။

လူစုစုပေါင်း ၂၃၉ ယောက်ကို တင်ဆောင်လာတဲ့ လေယာဉ်ဟာ မလေးရှားအရှေ့ဘက် ကမ်းရိုးတန်းကနေ လေကြောင်းအချက်ပြ ထိန်းချုပ်ရေးဌာနနဲ့ အဆက်အသွယ် ပြတ်သွားခဲ့ပြီး တဲ့နောက် မတ်လ ၈ ရက်နေ့က ဗီယက်နမ် ကမ်းရိုးတန်းမှာ ပျက်ချခဲ့တာ ဖြစ်နိုင်တယ်လို့လည်း ခန့်မှန်းပါတယ်။

လေယာဉ်ပေါ်ပါသူ ၂ ယောက်ဟာ ခိုးထားတဲ့ နိုင်ငံကူးလက်မှတ်တွေကို ကိုင်ဆောင်ထားခဲ့ပုံ ရတယ်လို့ ဥရောပအရာရှိတွေက ပြောပြီး မလေးရှား အရပ်ဘက် လေကြောင်းဌာနကလဲ အတည်ပြုပါတယ်။

ဒီလူ ၂ ယောက် လေဆိပ်မှာ ခရီးသည်စစ်ဆေးတဲ့ နေရာကနေ ပြည်ပထွက်ခွာ နေရာကို ရောက်တဲ့အထိ လုံခြုံရေး ကင်မရာက မှတ်တမ်းတင်ထားတာ ရှိတယ် အဲဒီမှတ်တမ်းကို အခု သုံးနေပြီလို့ အရပ်ဘက် လေကြောင်းဌာန ညွှန်ချုပ် အဇာရပ်ဒင်း အဗ်ဒူ ရာမန်က ပြောပါတယ်။ ဒါပေမယ့် စုံစမ်းစစ်ဆေးမှု အတွင်း တိုက်ခိုက်ခံရမှုဟာ ဖြစ်နိုင်ချေတွေထဲက တခုပါ။

လောလောဆယ် ရှာဖွေရေးအတွက် လေယာဉ် ၂၂ စီးနဲ့ သင်္ဘောအစီးလေးဆယ်က ပျောက်သွားတဲ့ လေယာဉ်နဲ့ ပတ်သက်သမျှကို လိုက်ရှာဖွေနေဆဲပဲလို့ မလေးရှား ကာကွယ်ရေး တပ်ခေါင်းဆောင် ဗိုလ်ချုပ် ဇူကီဖယ်လီ မို့ဇင်က ပြောပါတယ်။

ဗီယက်နမ် တရုတ်နဲ့ ဖိလစ်ပိုင်နိုင်ငံတို့က ရှာဖွေရေး သင်္ဘောတွေ စေလွှတ်ခဲ့သလို အမေရိကန် ဖိလစ်ပိုင်နဲ့ စင်ကာပူတို့က စစ်လေယာဉ်တွေ စေလွှတ် ကူညီခဲ့ တာပါ။

ပျောက်ဆုံးလေယာဉ်ဟာ လေကြောင်းခရီးစဉ်အတွင်း မလေးရှားအရှေ့ဘက် ကမ်းရိုးတန်းကနေ ရေမိုင် ၁၂၀ အကွာမှာ လေကြောင်းထိန်းချုပ်ရေး စခန်းဆီကို နောက်ဆုံး ဆက်သွယ်ခဲ့ပါသေး တယ်။ ပျောက်ဆုံးချိန်ကစပြီး ၂၄နာရီ ကျော်တဲ့အထိ လေယာဉ်ကိုရော ဘယ်လို အပျက်အစီးကို မှ အရိပ်အယောင်တွေ့ကြောင်း အတည်ပြုချက် မရသေးပါဘူး။

ဒီဗွီဘီ
ပျောက်ဆုံးနေတဲ့ မလေးရှားလေကြောင်းလိုင်းပိုင် လေယာဉ်ဟာ ပျောက်မသွားခင်က ကွာလာလမ်ပူမြို့ ကနေ ပေကျင်းမြို့ကိုအသွား စီစဉ်ထားတဲ့ လမ်းကြောင်းကနေ ကွေ့လာတာကို ပြနေတဲ့ ရေဒါကို လမ်းကြောင်း ရှာမိထားတယ်လို့ မလေးရှားစစ်တပ် အရာရှိတွေက မတ်လ ၉ ရက်နေ့က ပြောပါတယ်။

ကိုယ်လက် လှုပ်ရှားခြင်းဖြင့် ခန္ဓာကိုယ်မှ အဆိပ်များကို ရှင်းထုတ်နိုင်

Photo: ကိုယ်လက် လှုပ်ရှားခြင်းဖြင့် ခန္ဓာကိုယ်မှ အဆိပ်များကို ရှင်းထုတ်နိုင်
Sunday, March 9, 2014

ကိုယ်လက်လှုပ်ရှား အားကစားခြင်း
ကိုယ်လက်လှုပ်ရှား အားကစားဟာ ကိုယ်တွင်းမှာရှိတဲ့ အဆိပ်များကို ရှင်းရာမှာ ထိရောက်တဲ့နည်းလမ်း ဖြစ်တယ်။ နေ့စဉ်နာရီဝက် အားကစား (အပြေး၊ လမ်းလျှောက်၊ စက်ဘီးစီး) လုပ်ခြင်းဟာ ကိုယ်ရည်စစ် စေပြီး ပိုလျှံတဲ့ ကယ်လိုရီတွေကို ချွေး၊ လှုပ်နှုန်း၊ အကြော အခြင်ပြေလျော့ စေခြင်းနဲ့ စိတ်လန်းဆန်းခြင်း တို့ဖြစ်စေတယ်။ ကျန်းမာ၊ လှပကျော့ရှင်း၊ တောင့်တင်း သန်မာချင်ရင် ကိုယ်လက်လှုပ်ရှား နေ့စဉ်အားကစား နာရီဝက် လုပ်သင့်တယ်။

ချွေးထွက်ခြင်း
ကိုယ်လက်လှုပ်ရှားအားကစား လုပ်ခြင်းကြောင့် ခန္ဓာကိုယ်အကြော အခြင်တွေကို ပွင့်စေတယ်။ ကိုယ်တွင်းမှာရှိတဲ့ ခဲ၊ အလူမီနီယမ်၊ ဘင်ဇင်း၊ ကန့်၊ ဖီနော စတဲ့ အဆိပ်အတောက်နဲ့ ကင်ဆာဖြစ်စေတဲ့ အရာများ ဟာ ချွေးနဲ့ အတူ ခန္ဓာကိုယ်ပြင်ပ စွန့်ထုတ်စေနိုင်တယ်။

ဆီး ဝမ်းမှန်ခြင်း
ကိုယ်လက်လှုပ်ရှား အားကစား ခြင်းကြောင့် အစာချေ အဖွဲ့စွမ်းအား တက်လာတယ်။ အစာအိမ်နဲ့ အူရဲ့ လှုပ်ရှားမှုကို များစေရာမှ အစာချေဖျက်မှုနဲ့ စုပ်ယူမှုကို မြန်စေတယ်။ ဆီးမှန်စေတယ်။ ဆီးနဲ့ဝမ်းမှာ အဆိပ်ပြည့် နေတော့ အချိန်မီစွန့်ထုတ် မပစ်နိုင်ရင် ခန္ဓာကိုယ်က အခါခါပြန်စုပ်ယူ တတ်လို့ သွေးရည်ထဲမှာ ရောသွား စေတယ်။ အကျိုးဆက်က ဗိုက်ကယ်ခြင်း၊ မူးနောက်ခြင်း၊ ခေါင်းခြောက်ခြင်း စတဲ့လက္ခဏာ များ ပေါ်လာကာ ဆီး၊ ဝမ်းမမှန်ဘဲ အဆိပ်များ ပြည့်နေတော့တယ်။

အသက်ရှူမှုစနစ်

အသက်ရှူမှု စနစ်ဟာ အားကစားလုပ်တဲ့ အခါ နှစ်ဆမှ ဆယ်ဆအထိ မြင့်တက်လာကာ ညစ်ညမ်းတဲ့လေနဲ့ အသုံးမဝင်တဲ့ ရေတွေကို စွန့်ထုတ် ပေးနိုင်တယ်။ သာမန်အချိန်ထက် အောက်ဆီဂျင်ဟာ အဆပေါင်းများစွာ ခန္ဓာကိုယ်တွင်း ရောက်ရှိ လာလို့ သွေးနီဥထဲမှာ အောက်ဆီဂျင် ပါဝင်မှု ပိုစေတယ်။ ခန္ဓာ ကိုယ်ကို အာဟာရ ပိုရစေတယ်။ ခန္ဓာကိုယ်က အဆိပ် ကာကွယ်အား (ခုခံမှုအားစနစ်)ကို ပိုမိုမြင့်မား စေတယ်။

သွေးလှည့်ပတ်မှုနှင့် ပြန်ရည် လှည့်ပတ်မှုစနစ် မြန်စေခြင်း
ပြန်ရည်ကြော အဖွဲ့က အားကစား လုပ်ချိန်မှာ ခန္ဓာကိုယ်ရဲ့ ဇီဝဖြစ်စဉ်ကြောင့် ပေါ်ပေါက်လာတဲ့ အညစ် အကြေးများ စွန့်ထုတ်ပေးတယ်။ ပြန်ရည်လှည့်ပတ် စီးဆင်းမှုဟာ သွေးရည်လှည့်ပတ် စီးဆင်းမှုနဲ့ မတူဘူး။ သွေး ရည် လှည့်ပတ်မှုမှာ နှလုံးရဲ့ကျုံ့ဆန့်အားရှိ ပေမယ့် ပြန်ရည် လှည့်ပတ် စီးဆင်းမှုက ကြွက်သားရဲ့ကျုံ့ဆန့်အား ပေါ်မူတည်တယ်။ ဒါကြောင့် အားကစားလုပ်ရင် ကြွက်သားလှုပ် ရှားမှုများပြီး ပြန်ရည်အဖွဲ့ စီးဆင်းမှုမြန်စေ တယ်။ သွေးလှည့်ပတ် မှုလည်း မြန်ဆန်လာလို့ အဆိပ်များ မြန်ဆန်စွာ ဖယ်ရှားနိုင်တယ်။

အသည်း၊ ကျောက်ကပ်
မိရိုးဖလာ နှိပ်နယ်ခြင်း၊ ပြန်ရည်ကြောများ ပွတ်နယ်ပေးခြင်း၊ သိုင်းကစားခြင်း၊ ယောဂ လေ့ကျင့်ခြင်း၊ ကိုယ်တွင်းအင်္ဂါ ကလီစာများ ကျန်းမာ သန်စွမ်းရေးအတွက် လက်တွေ့ရလဒ်ကောင်းများ ရှိတတ်တယ်။ ကျောက်ကပ် က ဆီးကိုပို စွန့်စေသလို အသည်းက အဆီစတဲ့အဆိပ်တွေ ဖယ်ပေးတယ်။ ကိုယ်တွင်း

အင်္ဂါ ကျန်းမာရေးအတွက် အားကစားက လက်တွေ့ရလဒ်ကောင်းများ ရှိကြောင်း တွေ့ရတယ်။

အန်ခြင်း
ခန္ဓာကိုယ်အညစ်အကြေးဖယ်ရှားဖို့ ပုံမမှန် တဲ့နည်းဖြစ်တယ်။ ဥပမာ- အရက်သောက် လွန်လို့ လက်ထိုးအန် ပစ်ခြင်း၊ စက္ကူပြာချ တိုက်ခြင်းဖြင့် အန်စေခြင်းများ ဖြစ်တယ်။

ဝမ်းလျှောခြင်း

အစာအိမ်နဲ့ အူလမ်းကြောင်း အဆိပ်တွေ အလွန်အမင်းစုပုံ နေရင် ရောဂါပိုးမွှားကြောင့် ကမောက်ကမဖြစ်ပြီး ဝမ်းလျှောစေတယ်။

အဖုအပိမ့်များ
စိတ်ပူပင်ရင်၊ အစားအသောက်ပျက်ရင် အဖုအပိမ့်များဖြစ်ခြင်း၊ ပြည်တည်ခြင်း၊ ပြည်တည်နာခွဲထုတ် သို့မဟုတ် ညှစ်ပစ်ရင် အဆိပ်များ ဖယ်ရှား သွားတယ်။ ကိုယ်လက် လှုပ်ရှား အားကစားက ''မူမှန်'' အဆိပ်ရှင်း ထုတ်ပေး တယ်။

ဒေါက်တာလွင်သန့် (ဆေး-၂)
ကိုယ်လက်လှုပ်ရှား အားကစားခြင်း
ကိုယ်လက်လှုပ်ရှား အားကစားဟာ ကိုယ်တွင်းမှာရှိတဲ့ အဆိပ်များကို ရှင်းရာမှာ ထိရောက်တဲ့နည်းလမ်း ဖြစ်တယ်။ နေ့စဉ်နာရီဝက် အားကစား (အပြေး၊ လမ်းလျှောက်၊ စက်ဘီးစီး) လုပ်ခြင်းဟာ ကိုယ်ရည်စစ် စေပြီး ပိုလျှံတဲ့ ကယ်လိုရီတွေကို ချွေး၊ လှုပ်နှုန်း၊ အကြော အခြင်ပြေလျော့ စေခြင်းနဲ့ စိတ်လန်းဆန်းခြင်း တို့ဖြစ်စေတယ်။ ကျန်းမာ၊ လှပကျော့ရှင်း၊ တောင့်တင်း သန်မာချင်ရင် ကိုယ်လက်လှုပ်ရှား နေ့စဉ်အားကစား နာရီဝက် လုပ်သင့်တယ်။

တပေါင်းလပြည့်ရက် နီးလာသည်နှင့်အမျှ ရွှေစက်တော်ပွဲတော်သို့ တဲကျောင်းများ ပြည့်လျှံသည်အထိ ဘုရားဖူးလာရောက်မှု များပြား

ရွှေစက်တော် ဘုရားဖူးလာသူများ မန်းချောင်းအတွင်း ရေကစားနေကြစဉ်

တပေါင်းလပြည့်ရက် နီးလာသည်နှင့်အမျှ မကွေးတိုင်း မင်းဘူးခရိုင်အတွင်းရှိ ရက်ပေါင်း ၇၀ ကျော်ကြာ ကျင်းပလျက်ရှိသည့် ရွှေစက်တော်ပွဲတော်သို့ တဲကျောင်းများ ပြည့်လျှံသည်အထိ ဘုရားဖူးလာရောက်မှု များပြားနေကြောင်း ပွဲတော်တွင်း လုပ်ငန်းရှင်များထံမှ သိရသည်။

ထမင်းမစားမီ ဟင်းရည် တစ်ခွက် သောက်ဖို့ မမေ့ပါနှင့်

Photo: ထမင်းမစားမီ ဟင်းရည် တစ်ခွက် သောက်ဖို့ မမေ့ပါနှင့်

ထမင်းမစားမီ ဟင်းရည်ပူပူ အရင်သောက် ခြင်းဖြင့် ခန္ဓာကိုယ် ဝိတ်အား ထိန်းသိမ်း ပေးသည်။

အမေရိကန် ပညာရှင်များက ခန္ဓာကိုယ် ဝဖြိုးသူ အယောက် (၁ဝဝဝ) ဖြင့် လေ့လာဆန်းစစ် ရာတွင် ထမင်းမစားမီ ဟင်းရည်ပူ သောက်သူသည် စားသောထမင်း နပ်တိုင်းတွင် ကယ်လိုရီ ၅၅ကတ် လျှော့နည်းစေသည်။ သာမန်အားဖြင့် ထမင်းစား မြန်သူသည် အဝလွယ်သည်။ အကြောင်းမှာ ဦးနှောက် အတွင်းရှိ (အာသာ) ချဉ်ခြင်းအကန့်မှ "စားဝပြီ" ဆိုသည့် သတင်းရဖို့ အချိန်အနည်းငယ် ယူရသည်။ ထိုအချိန် ယူနေစဉ် အတွင်းတွင် အစားမြန်သောသူက ပိုလွန်သော အစားများ စားသုံးပြီး ဖြစ်သည်။ အကယ်၍ ထမင်းမစားမီ ဟင်းရည် တစ်ခွက် သောက်ခြင်းဖြင့် ထမင်းအစား နည်းစေပြီး ဝခြင်းမှ ကာကွယ် ပေးနိုင်သည်။

ရိုးရာလေး ကျန်းမာရေး
ထမင်းမစားမီ ဟင်းရည်ပူပူ အရင်သောက် ခြင်းဖြင့် ခန္ဓာကိုယ် ဝိတ်အား ထိန်းသိမ်း ပေးသည်။

ရုရှားနိုင်ငံမှ လေကြောင်းရန် ကာကွယ်ရေး လေ့ကျင့်ခန်းများ ပြုလုပ်

Photo: ရုရှားနိုင်ငံမှ လေကြောင်းရန် ကာကွယ်ရေး လေ့ကျင့်ခန်းများ ပြုလုပ်
Sunday, March 9, 2014

ရုရှား နိုင်ငံ၏ အနောက်ပိုင်း စစ်ဒေသသည် နိုင်ငံ တောင်ပိုင်းရှိ Kapustin Yar ဒုံးကျည် ပစ်လွှတ်ရေး ကွင်း၌ အကြီးစား လေကြောင်းရန် ကာကွယ်ရေး လေ့ကျင့်ခန်း များအား စတင် ပြုလုပ်လျက် ရှိကြောင်း အနောက်ပိုင်း

စစ်ဒေသ ပြောရေးဆိုခွင့် ရှိသူ ဗိုလ်မှူးကြီး Oleg Kochetkov က ပြောကြား ခဲ့သည်ဟု မတ် ၇ ရက် အင်တာနက် သတင်းတစ်ရပ် အရ သိရသည်။

Kapustin Yar ဒုံးကျည် ပစ်လွှတ်ရေး ကွင်းသည် ယူကရိန်း နိုင်ငံ၏ နယ်စပ် အရှေ့ဘက် ၄၅ဝ ကီလိုမီတာ(၂၈ဝ မိုင်)အကွာတွင် တည်ရှိပြီး ၎င်းကွင်းအတွင်း တပ်ဖွဲ့ဝင် ၃၅ဝဝ နှင့် အကြီးစား စစ်လက်နက် ပစ္စည်း ၁ဝဝဝ ကျော်ဖြင့် အချိန် တစ်လ တာခန့် လေ့ကျင့်ခန်း ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ စစ်ရေး လေ့ကျင့်ခန်းတွင် S-300၊ Buk-M1 နှင့် အခြား လေကြောင်းရန် ကာကွယ်ရေး စနစ်များ အပါအဝင် လက်တွေ့ ပစ်ခတ်မှု လေ့ကျင့်ခန်းများ ပါဝင် လေ့ကျင့်သွားမည် ဖြစ်ကြောင်း သိရ သည်။ မြောက်ပိုင်း ရေယာဉ်စု၏ ကမ်းရိုးတန်းစောင့် လေကြောင်းရန် ကာကွယ်ရေး တပ်ရင်းများ အပါအဝင် အနောက်ပိုင်း စစ်ဒေသမှ လေကြောင်းရန် ကာကွယ်ရေး တပ်ရင်းများ အားလုံး ပထမဆုံး အကြိမ် တစ်နေရာ တည်းတွင် စုစည်းခြင်း ဖြစ်ကြောင်း သိရသည်။

MWD
ရုရှား နိုင်ငံ၏ အနောက်ပိုင်း စစ်ဒေသသည် နိုင်ငံ တောင်ပိုင်းရှိ Kapustin Yar ဒုံးကျည် ပစ်လွှတ်ရေး ကွင်း၌ အကြီးစား လေကြောင်းရန် ကာကွယ်ရေး လေ့ကျင့်ခန်း များအား စတင် ပြုလုပ်လျက် ရှိကြောင်း အနောက်ပိုင်း စစ်ဒေသ ပြောရေးဆိုခွင့် ရှိသူ ဗိုလ်မှူးကြီး Oleg Kochetkov က ပြောကြား ခဲ့သည်ဟု မတ် ၇ ရက် အင်တာနက် သတင်းတစ်ရပ် အရ သိရသည်။

ပြိုင်ကားမောင်းသူအား အုပ်စုလိုက် ဝိုင်းရိုက်သူ ခြောက်ဦးကို တစ်ပတ်အတွင်းဖမ်းမိ

မန္တလေးမြို့တော် မဟာအောင်မြေမြို့နယ် သိပ္ပံလမ်းနှင့် ၆၈ လမ်းထောင့်တွင် ပြိုင်ကားဖြင့် ပွတ်ဆွဲသွားသူကို မကျေနပ်၍ တုတ်ဖြင့်ရိုက်၊ ပြိုင်ကားမှန် ရိုက်ခွဲသည့် တရားခံခြောက်ဦးကို အမှုဖြစ်ပွားပြီး တစ်ပတ်အတွင်း ဖမ်းဆီးရမိခဲ့ကြောင်း မဟာအောင်မြေမြို့နယ် အမှတ်(၉) မြို့နယ်ရဲတပ်ဖွဲ့စခန်းမှ အမှုစစ်ရဲအရာရှိ တစ်ဦးက ပြောကြားသည်။

ဆက်သွယ်ရေး တာဝါတိုင် တည်ဆောက်ရေး ပြည်ပကုမ္ပဏီ နှစ်ခု လုပ်ကိုင်ခွင့်ရ

Photo: ဆက်သွယ်ရေး တာဝါတိုင် တည်ဆောက်ရေး ပြည်ပကုမ္ပဏီ နှစ်ခု လုပ်ကိုင်ခွင့်ရ
Sunday, March 9, 2014

တယ်လီနောနှင့် အော်ရီဒူး ကုမ္ပဏီတို့ အတွက် ဆက်သွယ်ရေး တာဝါတိုင် တည်ဆောက်ပေးမည့် Digicel Myanmar Tower ကုမ္ပဏီနှင့် Apollo Towers Myamar ကုမ္ပဏီတို့ မြန်မာနိုင်ငံတွင်း လုပ်ကိုင်ခွင့် ရပြီဖြစ်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

အဆိုပါ ကုမ္ပဏီများသည် ရာနှုန်းပြည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဖြင့် မြန်မာနိုင်ငံ အနှံ့အပြားတွင် ဆက်သွယ်ရေး တာဝါတိုင်များ တည်ဆောက်သွားမည် ဖြစ်ပြီး အချို့ နေရာများတွင် တည်ဆောက်မှုများ စတင်နေပြီဟု ၎င်းကဆိုသည်။

နာမည်ကျော် စီးပွားရေး လုပ်ငန်းရှင် ဦးသိမ်းဝေ ပိုင်ဆိုင်သည့် FMI ကုမ္ပဏီနှင့် ကမ္ဘာကျော် ဆက်သွယ်ရေး ကုမ္ပဏီ Digicel တို့ ပူးပေါင်းထားသည့် Digicel Myanmar Tower ကုမ္ပဏီကို ယမန်နှစ် အတွင်းကပင် အော်ရီဒူးက ၎င်းတို့ မိုဘိုးလ် တာဝါတိုင်များ တည်ဆောက်ရန် ရွေးချယ်ခဲ့သည်။

နော်ဝေ ဆက်သွယ်ရေး ကုမ္ပဏီ တယ်လီနော မြန်မာကမူ Apollo Towers Myamar ကုမ္ပဏီကို ၂၀၁၃ နှစ်ကုန်ပိုင်းက ရွေးချယ်ခဲ့သည်။

မြန်မာနိုင်ငံအတွင်း တာဝါတိုင်နှင့် ဆက်သွယ်ရေးကွန်ရက် တည်ဆောက်ရာတွင် မြေအခက်အခဲသည် အကြီးမားဆုံး ဖြစ်သောကြောင့် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ပူးပေါင်း ဆောင်ရွက်နေရကြောင်း အော်ရီဒူး မြန်မာမှ အမှုဆောင် အရာရှိချုပ် Ross Cormack က ဆိုသည်။

အော်ရီဒူးက ဖုန်းကတ်များ ရောင်းချခြင်းနှင့် အတူ လာမည့် ဇူလိုင်လအတွင်း 3G ဆက်သွယ်ရေး ဝန်ဆောင်မှုများ စတင်သွားမည် ဖြစ်ပြီး တယ်လီနောက စက်တင်ဘာလ မတိုင်မီ 2G နှင့် 3G ဆက်သွယ်ရေး ဝန်ဆောင်မှုများ စတင် သွားမည်ဟု တရားဝင် ကြေညာထားသည်။

The Voice Weekly
တယ်လီနောနှင့် အော်ရီဒူး ကုမ္ပဏီတို့ အတွက် ဆက်သွယ်ရေး တာဝါတိုင် တည်ဆောက်ပေးမည့် Digicel Myanmar Tower ကုမ္ပဏီနှင့် Apollo Towers Myamar ကုမ္ပဏီတို့ မြန်မာနိုင်ငံတွင်း လုပ်ကိုင်ခွင့် ရပြီဖြစ်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့မြို့တော်ခန်းမ၌ ပြည်လုံး ကျွတ် သန်းခေါင်စာရင်းကောက်ယူရေး လုပ်ငန်းဆိုင်ရာရှင်းလင်း

တနင်္သာရီတိုင်းဒေသကြီး၌ ၂ဝ၁၄ ခုနှစ် ပြည်လုံးကျွတ်လူဦး ရေနှင့်အိမ်အကြောင်းအရာ သန်း ခေါင် စာရင်းကောက်ယူရေးလုပ်ငန်း ဆိုင်ရာရှင်းလင်းပွဲကို ယမန်နေ့ နံနက်၉နာရီတွင် ထားဝယ်မြို့ မြို့ တော် ခန်းမ၌ကျင်းပရာ ဗဟိုသန်း ခေါင်စာရင်းကော်မရှင် ဥက္ကဋ္ဌ ပြည် ထောင်စုဝန်ကြီးဦးခင်ရီက အမှာ စကားပြောကြားရာတွင်သန်းခေါင် စာရင်းကောက်ယူရခြင်းသည်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီမံကိန်း များရေးဆွဲချမှတ်နိုင်ရန် တိကျ မှန်ကန်သည့် လူဦးရေကိန်းဂဏန်း အချက်အလက်များ ရရှိနိုင်ရန်ရည် ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ နိုင်ငံတကာတွင်လည်း ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အတွက်

မြန်မာနိုင်ငံကို ၂၀၁၄ ခုနှစ် ကမ္ဘာ့အကောင်းဆုံး ခရီးစဉ် ဒေသဆု ပေးအပ် ချီးမြှင့်ရန် ဥရောပ ခရီးသွားကောင်စီ ကမ်းလှမ်း

ဥရောပ ခရီးသွားလုပ်ငန်းနှင့် ကုန်သွယ်ရေး ကောင်စီ (EUROPEAN UNION COUNCIL ON TOURISM AND TRADE) က ၂၀၁၄ ခုနှစ်၏ ကမ္ဘာ့အကောင်းဆုံး ခရီးစဉ်ဒေသဆု (The AWARD FOR WORLD BEST TOURIST DESTINATION FOR 2014) မြန်မာနိုင်ငံကို ပေးအပ် ချီးမြှင့်ရန်အတွက် ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်း ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဌေးအောင်ကို ကမ်းလှမ်းထားကြောင်း အဆိုပါ ဝန်ကြီးဌာန တာဝန်ရှိသူ တစ်ဦးက The Voice သို့ ပြောကြားသည်။

ကော်ဖီများများ သောက်ခြင်းက စိတ်ခြောက်ခြားစေ

Photo: ကော်ဖီများများ သောက်ခြင်းက စိတ်ခြောက်ခြားစေ
Sunday, March 9, 2014

ကော်ဖီများများ သောက်တဲ့ သူတွေဟာ သာမန် လူတွေထက် ပိုမို စိတ်ခြောက်ခြား တယ်လို့ ဆေးပညာ အရ လေ့လာ တွေ့ရှိ ထားပါတယ်။

စိတ်ခြောက်ခြားစရာ ပုံရိပ်များ၊ လူသေပုံရိပ်များ အလိုလို ပေါ်လာတာမျိုး၊ အသံများ ကြားနေရခြင်းမျိုးတို့ ဖြစ်တတ်တယ်လို့ ဆိုပါတယ်။ ယင်းလေ့လာမှုကို ဗြိတိန်မှာ ကျောင်းသား ၂၀၀ အား လက်တွေ့စမ်းသပ် ခဲ့ခြင်း ဖြစ်ပါတယ်။ အထူးသဖြင့် တစ်ရက်ကို ၇ ခွက်နဲ့ ညီမျှတဲ့၊ ပိုများတဲ့ ကဖင်းဓာတ်ကို နေ့စဉ် သောက်သုံးနေသူများ ကြုံတွေ့ ရတယ်လို့ ဆိုပါတယ်။ သူတို့က သာမန် ကော်ဖီသောက်သုံးသူများ (တစ်ရက်လျှင် တစ်ခွက်နှင့် အောက် သောက်သုံးသူများ) ထက် သုံးဆလောက် ပိုမို စိတ်ခြောက်ခြားပြီး ကြောက်စရာ အာရုံ ပိုရပါတယ်။

စိတ်ဖိစီး နေတဲ့အခါ Stress ဟိုမုန်း တစ်မျိုးဖြစ်တဲ့ Cortisolကို ကိုယ်တွင်းမှ ထုတ်လွတ်ပါတယ်။ ယင်း Cortisol ထုတ်လွတ်မှုဟာ ကော်ဖီသောက်သုံး လိုက်တဲ့အခါ (ကဖင်းဓာတ် ဝင်ရောက်သွားတဲ့ အခါ) Cortisol ပိုမို ထုတ်လွတ်ပြီး ကဖင်းနဲ့ တွေ့တဲ့အခါ ဦးနှောက်မှာ Hallucinate လို့ခေါ်တဲ့ စိတ်ခြောက်ချား စရာ ပုံရိပ်များ၊အတွေးများ ပေါ်ပေါက် လာစေပါတယ်လို့ ဆိုပါတယ်။

ဒါကြောင့် ကော်ဖီ သောက်သုံးခြင်းဖြင့် ကျန်းမာရေး အကျိုးကျေးဇူး များစွာ ရရှိနိုင်သော်လည်း အလွန်အကျွံ သောက်သုံး မိတဲ့အခါ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ထိခိုက်မှုကို ရရှိစေတယ်လို့ ဆေးပညာရှင်တို့ သတိပေး ထားကြောင်း သိရပါတယ်။

Ref: medicfact
မြ၀တီ
ကော်ဖီများများ သောက်တဲ့ သူတွေဟာ သာမန် လူတွေထက် ပိုမို စိတ်ခြောက်ခြား တယ်လို့ ဆေးပညာ အရ လေ့လာ တွေ့ရှိ ထားပါတယ်။

ရဲတပ်ရင်း ဆောက်လုပ်ရန် မြေရှင်းရာမှ ရဲတပ်ဖွဲ့ဝင်များနှင့် ယင်းမာပင် ဒေသခံများ သုံးရက်ဆက် ပဋိပက္ခဖြစ်

Photo: ရဲတပ်ရင်း ဆောက်လုပ်ရန် မြေရှင်းရာမှ ရဲတပ်ဖွဲ့ဝင်များနှင့် ယင်းမာပင် ဒေသခံများ သုံးရက်ဆက် ပဋိပက္ခဖြစ်

မုံရွာ၊မတ်၊၈

စစ်ကိုင်းတိုင်း ဒေသကြီး ယင်းမပင်ခရိုင် ယင်းမာပင်မြို့နယ် အုံတုံပင် ကျေးရွာ၌ ရဲတပ်ရင်း (၂၈) တည်ဆောက်ရန် မြေရှင်းရာမှ ရဲတပ်ဖွဲ့ဝင် များနှင့် ဒေသခံများ မတ်လ ၆ ရက်နေ့မှ ၈ ရက်နေ့အထိ သုံးရက်ဆက်တိုက် ပဋိပက္ခ ဖြစ်ပွားခဲ့ပြီး ဒေသခံအချို့နှင့် သံဃာတစ်ပါး ယာယီ ထိန်းသိမ်းခံခဲ့ရကြောင်း အုံတုံပင် ကျေးရွာ ဒေသခံများက ပြောကြားသည်။

“ရဲတပ်ရင်း ဆောက်ဖို့ မြေတွေကို ဘူဒိုဇာတွေနဲ့ ရှင်းတဲ့နေရာမှာ မြေအသုံးပြုဖို့ လက်ခံခြင်း မရှိသေးတဲ့ ဒေသခံတွေ ကန့်ကွက်တာပါ။ စဖြစ်တဲ့နေ့ မတ်လ ၆ ရက်နေ့မှာ နှစ်ဦး ထိန်းသိမ်း ခံခဲ့ရတယ်။ ဒုတိယနေ့မှာ ဦးပဉ္စင်းတစ်ပါးနဲ့ ဒေသခံ လေးဦး ယာယီ ထိန်းသိမ်းခံရတယ်။ မတ်လ ၈ ရက်နေ့မှာတော့ ဒေသခံတွေက ကန့်ကွက်မှုတွေ လုပ်နေတုန်းပဲ” ဟု အုံတုံပင်ကျေးရွာ ဒေသခံ အမျိုးသား တစ်ဦးက ဆိုသည်။

ရဲတပ်ရင်း တည်ဆောက်ရန် မြေဧက ၁၀၀ အသုံးပြုမည်ဟု တာဝန်ရှိသူများက ဆိုထားပြီး မြေတစ်ဧကလျှင် ပေ ၈၀၊ ပေ ၆၀ ကျယ်ဝန်းသော မြေကွက် နှစ်ကွက် ပြန်ပေးမည်ဟု ဆိုထားကြောင်း၊ လက်ခံသူများ ရှိသော်လည်း ယခုချိန်ထိ ကန့်ကွက်နေကြသည့် မြေပိုင်ရှင်များလည်း ရှိသည်ဟု ၎င်းက ဆက်လက် ပြောဆိုသည်။

“မတ်လ ၇ ရက်နေ့မှာ ရဲတပ်ဖွဲ့တွေက ဦးပဉ္စင်းကို ဖမ်းသွားတော့ ဒေသခံတွေ မခံမရပ်နိုင် ဖြစ်ပြီး ခဲတွေနဲ့ ပေါက်တာ၊ ဖုန်တွေနဲ့ ပက်တာတွေ ဖြစ်လာတယ်။ တပ်ဖွဲ့ဝင်တွေ ကလည်း ဒေသခံတွေကို ရိုက်နှက်တာ တွေခဲ့တယ်” ဟု ပဋိပက္ခ ဖြစ်စဉ်ကို မြင်တွေ့ခဲ့သူ တစ်ဦးက ဆိုသည်။

ရဲတပ်ရင်း တည်ဆောက်ရန် မြေနေရာများကို အများစု လက်ခံထားပြီး လူနည်းစု အချို့က လက်ခံနိုင်ခြင်း မရှိကြောင်း၊ ယင်းကြောင့် တာဝန်ချိန်တွင် ဝတ္တရား နှောင့်ယှက်မှုဖြင့် ယာယီ ထိန်းသိမ်းခြင်းသာ ဖြစ်ပြီး ညနေပိုင်းတွင် ပြန်လွှတ်ပေးခဲ့ကြောင်း စစ်ကိုင်းတိုင်း ဒေသကြီး ရဲတပ်ဖွဲ့က အကြီးတန်း အရာရှိ တစ်ဦးက ပြောကြားသည်။

“ဘုန်းကြီးတစ်ပါး ပါတယ် ဆိုတာက သူ့တူက မြေသိမ်းတာကို လက်မခံတဲ့ အဖွဲ့မှာ ပါနေတဲ့ အတွက် ထိန်းသိမ်းခံရတဲ့ အထဲ ပါလာတာပါ။ ကျွန်တော်တို့ဘက်က လိုအပ်တာတွေ ဆောင်ရွက်ပေးပါ့မယ်လို့ ဖမ်းဆီးခံခဲ့ရတဲ့ ဦးပဉ္စင်းကို လျှောက်ထားခဲ့ပါတယ်” ဟု ၎င်းကဆိုသည်။

ဆွေမျိုးသားချင်းများ၏ လယ်ယာမြေများ ပါဝင်သည့် အတွက် အုံတုံပင် ကျေးရွာသို့ ရောက်ရှိခဲ့ရပြီး ပဋိပက္ခ ဖြစ်စဉ်ကို လက်ကိုင်ဖုန်းဖြင့် မှတ်တမ်းတင်ရာ ရဲတပ်ဖွဲ့ဝင်များက နေ့တစ်ဝက်ခန့် ထိန်းသိမ်းခြင်း ခံခဲ့ရသည်ဟု ထိန်းသိမ်းခံခဲ့ရသည့် ဆရာတော် ဦးဇနက က မိန့်ကြားသည်။

ယင်းသို့ ထိန်းသိမ်း ခံရသည့် မုံရွာမြို့၊ ဝေဠုဝန်ကျောင်းတိုက်မှ သက်တော် (၄၈) နှစ်၊ ဝါတော် (၁၄) ဝါရှိ ဆရာတော် ဦးဇနကမှာ မျက်လုံး ထိခိုက် ဒဏ်ရာ ရရှိခဲ့ပြီး မုံရွာ ပြည်သူ့ဆေးရုံကြီး သံဃာဆောင်တွင် ဆေးကုသမှု ခံယူလျက် ရှိသည်။
စစ်ကိုင်းတိုင်း ဒေသကြီး ယင်းမပင်ခရိုင် ယင်းမာပင်မြို့နယ် အုံတုံပင် ကျေးရွာ၌ ရဲတပ်ရင်း (၂၈) တည်ဆောက်ရန် မြေရှင်းရာမှ ရဲတပ်ဖွဲ့ဝင် များနှင့် ဒေသခံများ မတ်လ ၆ ရက်နေ့မှ ၈ ရက်နေ့အထိ သုံးရက်ဆက်တိုက် ပဋိပက္ခ ဖြစ်ပွားခဲ့ပြီး ဒေသခံအချို့နှင့် သံဃာတစ်ပါး ယာယီ ထိန်းသိမ်းခံခဲ့ရကြောင်း အုံတုံပင် ကျေးရွာ ဒေသခံများက ပြောကြားသည်။

အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အခမ်းအနားတွေ ကျင်းပ

Photo: အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အခမ်းအနားတွေ ကျင်းပ
Sunday, March 9, 2014

မတ်လ ၈ရက်နေ့မှာ ကျရောက်တဲ့ အပြည်ပြည် ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ် အခမ်းအနားတွေကို ကမ္ဘာတဝှမ်းမှာ ကျင်းပခဲ့ ကြသလို မြန်မာနိုင်ငံတွင်းက မြို့ကြီး အတော် များများမှာလည်း အခမ်းအနားတွေ ကျင်းပပြီး အမျိုးသမီးတွေ ဘဝ မြှင့်တင်ရေးနဲ့ အမျိုးသမီး တွေအပေါ် အကြမ်းဖက်မှု ကင်းဝေးရေးတွေ အတွက် ဆွေးနွေး ပြောဆိုခဲ့ကြပါတယ်။

နေပြည်တော်မှာ ကျင်းပတဲ့ နိုင်ငံတော်အဆင့် အခမ်းအနားမှာတော့ မြန်မာနိုင်ငံရဲ့ လက်ရှိ အမျိုးသမီး အခွင့်အရေးအကြောင်းတွေ ဟောပြောသွားခဲ့ပြီး အမျိုးသမီး များ အကြမ်းဖက်မှု ကာကွယ်ရေး ဥပဒေကို ၂၀၁၄ ခုနှစ်ကုန်ပိုင်းမှာ အပြီးသတ် ရေးဆွဲနိုင်ဖို့ ခန့်မှန်းထားကြောင်း ပြောသွားပါတယ်။

ပြည်ပအခြေစိုက် အမျိုးသမီးများအဖွဲ့ချုပ် မြန်မာနိုင်ငံနဲ့ ပြည်တွင်းက အဖွဲ့ဖြစ်တဲ့ အမျိုးသမီးများ ကွန်ယက်တို့ ကလည်း အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ကို ရန်ကုန်မြို့မှာ ပူးတွဲ ကျင်းပခဲ့ရာမှာ အမျိုးသမီးထု အနေနဲ့ နိုင်ငံရေးမှာ သော်လည်း ကောင်း၊ ငြိမ်းချမ်းရေး ဆောင်ရွက်ချက်တွေမှာ သော်လည်းကောင်း၊ ဝင်ရောက် ဆွေးနွေးခွင့် ရရုံသာမက ဆုံးဖြတ်ချက် ချနိုင်ခွင့် ရတဲ့အထိ ကြိုးပမ်း ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။

အမျိုးသမီးတွေ တန်းတူ ညီမျှ အခွင့်အရေး ရမှုဟာ သာတူညီမျှမှုနဲ့ အခြေခံ လူ့အခွင့်အရေး ကိစ္စရပ်သာမက ကဏ္ဍဍအားလုံး ဖွံ့ဖြိုးတိုးတက်ရေးဟာလည်း တန်းတူညီမျှမှုပေါ်မှာ မူတည်နေတယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းရဲ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ သဝဏ်လွှာ ထဲမှာ ဖေါ်ပြထားပါတယ်။

ကျားမ တန်းတူ ညီမျှမှု မြင့်မားတဲ့ နိုင်ငံတွေမှာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ကောင်းမွန်စွာ ရပြီး အမျိုးသမီး ခေါင်းဆောင် အများစု ပါဝင်တဲ့ စီးပွားရေး လုပ်ငန်းတွေဟာလည်း လုပ်ငန်းတွေ ပိုမိုအောင်မြင်တာ တွေ့ရကြောင်း၊ အမျိုးသမီးတွေ ပါဝင်မှုနဲ့ ဆောင်ရွက်ထားတဲ့ ငြိမ်းချမ်းရေး သဘောတူညီ ချက်တွေဟာ ပိုခိုင်မာကြပြီး အမျိုးသမီး ကိုယ်စားလှယ် အများစု ပါဝင်တဲ့ လွှတ်တော်တွေမှာ ကျန်းမာရေး၊ ပညာရေး၊ ခွဲခြားမှု ပပျောက်ရေးနဲ့ ကလေးသူငယ် ကူညီထောက်ပံ့ရေးတွေလို အရေးကြီးတဲ့ လူမှုရေးဆိုင်ရာ ကိစ္စရပ်တွေနဲ့ ပတ်သက် တဲ့ ဥပဒေ ပြဌာန်းချက်တွေကို ပိုမို ဆောင်ရွက်နိုင်တယ်လို့ မစ္စတာ ဘန်ကီမွန်းရဲ့ သဝဏ်လွှာထဲမှာ ဖေါ်ပြထားပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့မှာ အပြည်ပြည် ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ် လမ်းလျှောက် ချီတက်ခဲ့ကြ
လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့မှာ အပြည်ပြည် ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ် လမ်းလျှောက် ချီတက်ခဲ့ကြ

မတ်လ ၈ရက်နေ့မှာ ကျရောက်တဲ့ အပြည်ပြည် ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ် အခမ်းအနားတွေ ကို ကမ္ဘာတဝှမ်းမှာ ကျင်းပခဲ့ ကြသလို မြန်မာနိုင်ငံတွင်းက မြို့ကြီး အတော် များများမှာလည်း အခမ်း အနားတွေ ကျင်းပပြီး အမျိုးသမီးတွေ ဘဝ မြှင့်တင်ရေးနဲ့ အမျိုးသမီး တွေအပေါ် အကြမ်းဖက်မှု ကင်းဝေးရေးတွေ အတွက် ဆွေးနွေး ပြောဆိုခဲ့ကြပါတယ်။

ခိုးယူ နိုင်ငံကူးလက်မှတ်နဲ့ ခရီးသည်နှစ်ဦး ပျောက်ဆုံး လေယာဉ်မှာ လိုက်ပါ

Photo: ခိုးယူ နိုင်ငံကူးလက်မှတ်နဲ့ ခရီးသည်နှစ်ဦး ပျောက်ဆုံး လေယာဉ်မှာ လိုက်ပါ
Sunday, March 9, 2014

ပျောက်ဆုံးနေတဲ့ လေယာဉ်ပေါ်မှာ လိုက်ပါသွားတဲ့ ခရီးသည်နှစ်ဦးဟာ အခိုးခံရတဲ့နိုင်ငံကူး လက်မှတ် ကိုင်ဆောင်ထားသူတွေ ဖြစ်နေတယ်လို့ တာဝန်ခံ အရာရှိတွေက ပြောပါတယ်။

လေယာဉ်ပေါ်မှာ ခရီးသည် ၂၃၉ ဦးလိုက်ပါ သွားတာဖြစ်ပြီး လေယာဉ်ခရီးစဉ်နဲ့ လိုက်ပါဖို့ စာရင်းပေးထားတဲ့ အီတလီနိုင်ငံသား တစ်ဦးနဲ့ သြစတြီးယားနိုင်ငံသား တစ်ဦးတို့ဟာ မလေးရှားနိုင်ငံ၊ ကွာလာလာမ်ပူကနေ တရုတ်နိုင်ငံ၊ ဘေဂျင်းပျံသန်းမယ့်လေယာဉ်ပေါ်မှာ ပါမသွားခဲ့ပါဘူး။ သူတို့နှစ်ဦးစလုံးရဲ့ နိုင်ငံကူးလက်မှတ်တွေဟာ ပြီးခဲ့တဲ့နှစ်နှစ်ကတည်းက ထိုင်းနိုင်ငံမှာ အခိုးခံခဲ့ရတာ ဖြစ်ပါတယ်။ သူတို့ရဲ့စာရွက်စာတန်းတွေကို ခိုးယူပြီး လေယာဉ်ပေါ်လိုက်ပါသွားသူနှစ်ဦးကတော့ ဘယ်သူတွေဆိုတာ အခုထိ မသိရသေးပါဘူး။

လေယာဉ်ပျံ မတော်တဆ တစ်ခုခုဖြစ်ပြီး ပျောက်ဆုံးနေတယ်လို့ သတ်မှတ်ပြီး ဆက်လက်ရှာဖွေနေပါတယ်လို့ အမေရိကန်အရာရှိတွေက ပြောပေမယ့် မလေးရှားအာဏာပိုင်တွေကတော့ ဘာမှ ထုတ်မပြောသေးပါဘူး။ ဗီယက်နမ်ကယ်ဆယ်ရေးအဖွဲ့ လေယာဉ်မှူးတွေကတော့ နိုင်ငံအရှေ့တောင်ဘက် ကမ်းရိုးတန်းဒေသမှာ ဆီတွေယိုဖိတ် ပျံ့နှံ့နေတဲ့ အကွက်ကြီးနှစ်ကွက်ကို တွေ့ရပေမယ့် အပျက်အစီးအစအန တစုံတရာတော့ မတွေ့ရသေးဘူးလို့ ဆိုပါတယ်။

ဒီပျောက်ဆုံးလေယာဉ်ကို တရုတ်၊ ဖိလစ်ပိုင်နဲ့ အမေရိကန်ပြည်ထောင်စုတို့က ရေကြောင်းကရော လေကြောင်းကပါ ဝိုင်းဝန်းပြီး ရှာဖွေပေးနေကြတာပါ။

မလေးရှားလေကြောင်း ခရီးစဉ်အမှတ် MH ၃၇၀ ဟာ ကွာလာလာမ်ပူကနေ ဘေဂျင်းသွားဖို့အတွက် စတင်ပျံသန်းအပြီး နာရီပိုင်းလောက်မှာပဲ ရေဒါစက်ကွင်းပေါ်ကနေ ပျောက်ကွယ်သွားတာပါ။ လိုက်ပါသွားတဲ့ ခရီးသည်အများစုက တရုတ်နိုင်ငံသားတွေ ဖြစ်ပါတယ်။ ဒီလေယာဉ် မပျောက်ကွယ်ခင်အထိ အကူအညီတောင်းတာမျိုး အဆက်အသွယ်မရခဲ့ပါဘူးလို့ လေယာဉ်လမ်းကြောင်း ထိန်းသိမ်းရေးအရာရှိတွေက ပြောပါတယ်။

ဗွီအိုအေ (မြန်မာဌာန)

ပျောက်ဆုံးနေတဲ့ မလေးရှားလေယာဉ်ပေါ် ပါသွားတဲ့ ခရီးသည်တွေရဲ့ ဆွေမျိုးများ ဘေဂျင်းလေဆိပ်မှာ တွေ့ရစဉ်
(မတ်လ ၈၊ ၂၀၁၄)
ပျောက်ဆုံးနေတဲ့ မလေးရှားလေယာဉ်ပေါ် ပါသွားတဲ့ ခရီးသည်တွေရဲ့ ဆွေမျိုးများ ဘေဂျင်းလေဆိပ်မှာ တွေ့ရစဉ်(မတ်လ ၈၊ ၂၀၁၄)

ပျောက်ဆုံးနေတဲ့ လေယာဉ်ပေါ်မှာ လိုက်ပါသွားတဲ့ ခရီးသည်နှစ်ဦးဟာ အခိုးခံရတဲ့နိုင်ငံကူး လက်မှတ် ကိုင်ဆောင်ထားသူတွေ ဖြစ်နေတယ်လို့ တာဝန်ခံ အရာရှိတွေက ပြောပါတယ်။

သယံဇာတ ယိုပေါက်

Photo: သယံဇာတ ယိုပေါက်
Sunday, March 9, 2014

နေသူမရှိ တဲ့ အိမ်တွေ၊ ပျက်စီး ပြိုကျ နေတဲ့ လူနေအိမ် တွေ၊ ခြုံနွယ် တွေစီးနေတဲ့ နှစ်ရှည် ဥယျဉ်ခြံတွေ၊ ပိုင်ရှင်မဲ့ နေတဲ့ ကျွဲ၊ နွားအုပ် တွေကို မြင်ရတာ မငြိမ်သက် တဲ့ စစ်ပွဲ ဒဏ်ခံ ကျေးရွာတွေရဲ့ ပြရုပ် တွေပါ။ ဒီအခြေအနေ က မြစ်ကြီးနား၊ ဗန်း မော်ကား လမ်းတစ်လျှောက် ရဲ့ မြင်ကွင်း တွေပါပဲ။

၂၀၁၁ ခုနှစ် ဇွန်လက စပြီး မြန်မာ့ တပ်မတော်နဲ့ KIA တို့ တိုက်ပွဲ တွေပြန်လည် ဖြစ်ပွားခဲ့ တာခုဆိုရင် သုံးနှစ် နီးပါးရှိခဲ့ပါပြီ။ ဒီစစ်ပွဲတွေ ရဲ့ အကျိုးဆက် တွေကြောင့်ပဲ မြန်မာ နိုင်ငံထဲက သယံဇာတ တွေ နိုင်ငံခြား တိုင်းပြည်တွေ ကို နည်းလမ်း မျိုးစုံ နဲ့ ခိုးထွက် နေခဲ့တာပါ။

ကချင်ပြည်နယ် က တရုတ် နိုင်ငံ နဲ့ ထိစပ် နေတာကြောင့် တရုတ် နိုင်ငံသား တွေက ကချင်ပြည်နယ် ထဲ ကို နည်းမျိုးစုံ နဲ့ ၀င်ရောက်ပြီး မြန်မာ့ သယံဇာတ တွေကို ရှာဖွေ၊ တူးဖော် ခုတ်လဲစတဲ့ နည်းလမ်း တွေ နဲ့ စီးပွား ရှာနေခဲ့တာ နှစ်ပေါင်းများ စွာ ရှိခဲ့ပါပြီ။

“အရင် ကတော့ သုံးနားညီ ပေါ့။ တပ်ရယ်၊ KIA ရယ် ကုန်သည် ရယ် နားလည်မှုနဲ့ စီးပွားရေး လုပ်ငန်း တွေလုပ်ခဲ့တာပါ””လို့ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် အတွင်းက တပ်မတော် အရာရှိ တစ်ဦးက ပြောပါတယ်။

၁၉၉၄ ခုနှစ် KIA နဲ့ တပ်မတော်  အစိုးရ တို့ကြားအပစ် အခတ်ရပ်စဲ ရေး လုပ်ခဲ့ပြီး နောက်ပိုင်း တရုတ် နိုင်ငံသား တွေအနေနဲ့ KIA ထိန်းချုပ် နယ်မြေထဲ မှာ သစ်လုပ်ငန်း၊ ကျောက်မျက် လုပ်ငန်း၊ စိုက်ပျိုးရေး လုပ်ငန်း တွေကို အခွန်အခ ပေးဆောင်ပြီး လုပ်ကိုင်မှု တွေပြုခဲ့ပါတယ်။ တရုတ် နိုင်ငံသား တွေရဲ့ ငှက်ပျော စိုက်ခင်း တွေ ရာဘာ စိုက်ခင်း တွေက လိုင်ဇာ အနီး ပတ်ဝန်းကျင် ဒေသတွေမှာ လက်ညှိုး ထိုးမလွဲ ရှိနေတာ ပါ။ ခုချိန်မှာ တော့ အားလုံးက ချုံနွယ် တွေ ဖုံးလွှမ်း ထားပါပြီ။ စိုက်ပျိုးရေး လုပ်ငန်း၊ ရွှေတူး လုပ်ငန်း တွေထက် ဒေသ မတည်ငြိမ် မှုကြောင့် အမြတ် အများကြီး ရှိတဲ့ သစ်လုပ်ငန်း ကို တရုတ် ကုန်သည်တွေ ပိုပြီး စိတ်ဝင် စားကြ တယ်လို့ ဒေသခံ တွေဆီက သိရပါတယ်။

“ကျွန်တော် တို့ သစ်မှောင်ခို လုံးဝ မလုပ်ဘူး။ ကျွန်တော် တို့က အစိုးရဖြစ်တဲ့ အတွက် ကိုယ့်ဒေသ အတွင်း ဖြတ်တဲ့ ကုန်သည် တွေဆီ ကတော့ အခွန် ကောက်တယ်””လို့ KIA က တာဝန်ရှိသူ တစ်ဦးက ပြော ပါတယ်။

တစ်နိုင်ငံလုံး အပစ် အခတ်ရပ် စဲပြီး ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ပြုလုပ်နေချိန် ၂၀၁၄ ခုနှစ် နှစ်ဆန်း ပိုင်းမှာ တပ်မတော် နဲ့ KIA တို့ကြား တိုက်ပွဲ အချို့ပြန်ဖြစ် ခဲ့ပါတယ်။ ဒီ တိုက်ပွဲ တွေဖြစ်ပွား ရခြင်းဟာ  သယံ ဇာတခိုး ထုတ်မှုတွေကို KIA က ကာကွယ် ပေးထားလို့ ဖြစ်တာ လို့ တပ်မတော် ဘက် အခိုင် အမာ ပြောကြား သလို KIA တာဝန်ရှိ သူတွေ ကတော့ သယံဇာတ ကို အကြောင်း ပြပြီး ဧရာဝတီမြစ်နဲ့ မြစ်ကြီးနား ဗန်းမော် ကားလမ်းကြားက KIA တပ်စခန်း တွေကို ရှင်းလင်း နေတာ လို့ ပြန်လည် တုံ့ပြန် ပြောဆိုကြ တယ်။ ဘယ်လို အခြေ အနေတွေ ကြောင့်ပဲ ဖြစ်ပါစေ။ မြန်မာနိုင်ငံ က အဖိုးတန် သစ်တွေ တရုတ် နိုင်ငံထဲ ကို မှောင်ခို ထွက်နေတာ ကတော့ ငြင်းဆန်လို့ မရပါဘူး။

၂၀၁၃ ခုနှစ် အတွင်း က တရုတ် နိုင်ငံကို မှောင်ခို ပို့မယ့် သစ် တန်ချိန် ၁၆၀၀ ကျော်ဖမ်းဆီး မိခဲ့ ပြီး ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီ လ အထိ သစ်တန်ချိန် (၄၀၀၀) နီးပါး နဲ့ ကရိန်းယာဉ်၊ သစ်တင်ယာဉ် အစီး (၇၀) ခန့် ကို တပ်မတော်က ဖမ်းဆီး ရမိ ထားသလို တရုတ် နိုင်ငံသား (၁၃) ဦးကိုလည်း ဖမ်းဆီး မိထား တယ်လို့ တပ်မတော် အဆင့်မြင့် အရာရှိတွေက ပြောပါတယ်။

“ကျွန်တော်တို့ ကတော့ သယံ ဇာတ ခိုးထုတ်မှုတွေ ကို ကာကွယ် ရမယ်။ လက်နက်ကိုင် စီးပွားရေး က အရမ်းကြီးတယ်။ သစ်ကားတွေ အတွက် တပ် ကိုညှိတာ တွေရှိတယ်။ ဒီဘက်က လုံးဝ လက်မခံလို့ အခု လိုတွေ မိတာ””လို့ ကချင်ပြည်နယ် အတွင်းရှိ တပ်မတော် တိုက်ခိုက် ရေး တပ်တစ်ခုမှ ဗိုလ်မှူး အဆင့်ရှိသူ တစ်ဦးက မှတ်ချက်ပြု ပါတယ်။

 မြန်မာနိုင်ငံက ထွက်တဲ့ ကျွန်း သစ်နဲ့ တမလန်းသစ် တွေကို တရုတ် နိုင်ငံသားတွေ အလွန် သဘောကျ တယ်လို့ သိရပါတယ်။ တမလန်း သစ်နဲ့ လုပ်ထားတဲ့ ထိုင်ခုံတွေ က တရုတ်နိုင်ငံမှာ ဈေးကွက် အကြီး အကျယ်ရှိပြီး ဒီထိုင်ခုံ တွေနဲ့ ထိုင် ရင် ကျန်းမာရေး ကောင်းတယ် ဆို တဲ့ ယုံကြည်ချက် ကြောင့်လည်း မြန်မာနိုင်ငံထဲ က တမလန်းသစ် တွေကို နည်းမျိုးစုံ နဲ့ ခိုးထုတ် နေတာ လို့ ဒေသခံပြည်သူ အချို့ဆီက သိရ ပါတယ်။

 မြန်မာနိုင်ငံ က ခိုးထုတ်သွား တဲ့ တမလန်းသစ် တစ်တန်ရဲ့ တန် ဖိုးက တရုတ် နိုင်ငံ အတွင်းမှာ မြန်မာ ငွေ သိန်း (၃၀၀)ခန့်ဈေး ရှိတယ်လို့ သိရပါတယ်။ ဒီလို တန်ဖိုး ရှိတာမို့ လို့လည်း တရုတ် နိုင်ငံသား ကုန်သည် တွေက ယန္တရား မျိုးစုံနဲ့ ကချင်ပြည်နယ် အတွင်းမှာ လမ်းတွေ ဖောက်ပြီးသစ် တွေကို ခိုးထုတ်နေ ကြတာပါ။ မြစ်ကြီးနား ဗန်းမော် ကားလမ်းမ တစ်လျှောက်မှာ သစ်ခိုး ထုတ်တဲ့ ကားလမ်း (၇)ခုကို တွေ့ ရှိထား လို့ တပ်မတော်က မိုင်းထောင်ပြီး ပိတ်ဆို့ ထားပါတယ်။ အချုပ်အခြာ အာဏာပိုင် နိုင်ငံတစ်ခု ထဲကို ဒီလို ယာဉ် ယန္တရားတွေနဲ့ လမ်းဖောက်ပြီး သယံဇတ တွေကို ခိုးထုတ် နေတာကတော့ အိမ်နီးချင်း နိုင်ငံ တစ်နိုင်ငံရဲ့ လူကြီး လူကောင်း မပီသမှု တစ်ခု ဆိုရင်လည်း မမှားပါ ဘူး။ ဒါပေမဲ့ လည်း ဒီလိုတိုင်း ပြည်ရဲ့ သယံ ဇာတတွေ ခိုးထုတ်ခွင့် ရဖို့ အတွက် အစိုးရ ၀န်ထမ်းတွေ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်းတွေ၊ အချို့သော စီးပွားရေး သမား နိုင်ငံသားတွေ မပါရင်တော့ မဖြစ်နိုင် ပါဘူး။

ကချင်ပြည်နယ် လိုင်ဇာ ကနေ တရုတ် နိုင်ငံထဲကို သစ်တွေ ထွက် နေတယ် ဆိုတာ မှန်ပေမယ့် ဒီသစ် တွေက ကချင်ပြည်နယ် ထဲကမဟုတ် ဘဲ အခြားသော တိုင်း ဒေသကြီးနဲ့ ပြည်နယ် တွေက စီးဝင်လာတဲ့ သစ် တွေဖြစ်ပြီး အစိုးရ ဂိတ်တွေကို ဖြတ်သန်း လာတဲ့သစ်တွေ ဖြစ်တယ် လို့  KIA ဘက်က ပြောဆိုပါတယ်။

သစ်ထုတ် လုပ်မှု မူလအခြေခံ ဒေသ ကတော့ ဧရာဝတီမြစ်ရိုး ကို အခြေခံပြီး ထုတ်လုပ် နေတာဖြစ်ပြီး  မဘိမ်း၊ မိုးမိတ်၊ ကသာ၊ ရွှေကူ ဘက် က စစ်ကြောင်း တွေနည်းပါး တဲ့နေရာတွေ ကနေ လိုင်ဇာ အနီးထိ ၀င်ရောက် လာတာဖြစ်တယ်လို့ တပ်မတော် ဘက်က ခန့်မှန်း ပြောဆို နေကြပါတယ်။

လတ်တလော ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲ အချို့ကြောင့် သစ်တန် ချိန် များစွာ ဖမ်းဆီးမှု ဖြစ်ပေါ်မှသာ တရုတ် နိုင်ငံဘက်ကို သစ်ခိုး ထုတ်မှုတွေဟာ မီဒီယာ စာမျက်နှာ ထက် မှာပေါ်လာတာ ဖြစ်ပေမယ့် အရင် အရင်က ဘယ် အတိုင်းအတာ ထိ ခိုးထုတ် ခဲ့မယ်ဆိုတာ  ခန့်မှန်းဖို့  တောင် ခက်ခဲမှာပါ။  ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်း ဒေသကြီး စတဲ့ ဒေသ တွေ ဘက်က သယ် ထုတ်လာတဲ့ သစ်တွေ အတွက် အစိုးရရဲ့ ကိုင် တွယ်ပုံ က အရေးကြီး သလို၊ အဲဒီ ဒေသတွေ မှာ ပိတ်ထားရင် KIA ပိုင်နက် ထဲထိ မရောက် လာနိုင်ပါ ဘူး။ ရွှေလီမှာ ရပ်ထား တဲ့ သစ်ကား တွေကိုကြည့်ရင် အဖြေကို ရှာဖို့လို တယ်လို့ KIA ဘက်က အဆင့်မြင့် တာဝန်ရှိသူ တစ်ဦးက သုံးသပ် ပြော ကြားပါတယ်။

ကျင်းပ ဆဲဖြစ်တဲ့ န၀မအကြိမ် မြောက် လွှတ်တော် အစည်းအဝေး မှာတော့ တရုတ် နိုင်ငံသား တွေ မြန်မာ နိုင်ငံထဲကို တရားမ၀င် ၀င်ရောက် လုပ်ကိုင်မှု တွေအတွက် တရုတ်သံရုံး ကို အသိပေး အကြောင်း ကြာစာပို့ ထားတယ် လို့ သမ္မတ ရုံးဝန်ကြီး ဦးစိုးမောင်က လွှတ်တော် ကိုယ်စား လှယ်တွေ ကိုပြောကြားခဲ့ပြီး၊ နိုင်ငံခြားရေး ၀န်ကြီးဌာန အနေနဲ့လည်း ကချင် ပြည်နယ် အတွင်းရှိ ကြိုးဝိုင်း ကြိုး ပြင် ကာကွယ် တောတွေ ထဲမှာ တရား မ၀င် သစ်ထုတ်မှု နဲ့ သတ္တု တူးဖော် မှုတွေ အတွက် သံတမန် နည်းလမ်း နဲ့ ကန့်ကွက် ပြောကြားမှု တွေကို နယ်စပ် ဆွေးနွေးပွဲတွေ မှာ ပုံမှန်ဆောင် ရွက်နေတယ် လို့လည်း သမ္မတရုံး ၀န်ကြီးက ဖြေကြား ခဲ့ပါတယ်။ ဒါပေမဲ့ ကချင်ပြည်နယ် အတွင်းက မြို့နယ် တချို့မှာတော့ တရုတ်နိုင်ငံ သားတွေ အလုံး အရင်းနဲ့ ၀င်ရောက် ပြီး သစ် ထုတ်လုပ်မှုတွေ၊ သတ္တု တူးဖော်မှုတွေ လုပ်ဆောင်နေတာ အများအပြား ရှိနေဆဲပါ။

သစ်ကားတွေ ဖြတ်သန်းခွင့် အတွက် အခွန် ကောက်တာနဲ့ ရွှေ တွင်း တွေဆီက အခွန် ကောက်တာ အတွက် တရားဝင် တယ်လို့ KIA က ခံယူထားပြီး၊ မူးယစ် ဆေးဝါးနဲ့ လူကို အန္တရာယ်ဖြစ်စေတဲ့ လုပ်ငန်း တွေ ကသာ တရား မ၀င်တာလို့ ပြော ပါတယ်။ ဒီလို အခွန်ငွေတွေ ကောက် ခံမှပဲ အဖွဲ့ အစည်းဖွံ့ဖြိုးရေး၊ ဒေသ ဖွံဖြိုးရေး အတွက် အဆင်ပြေမှာ ဖြစ် တဲ့ အပြင် မြစ်ကြီးနား၊ ဗန်းမော်လမ်း ကို KIA က သစ်နဲ့ အခြား လုပ်ငန်း တွေက ကောက် ခံခဲ့တဲ့ အခွန်တွေနဲ့ ခင်းထား တာလို့ သိရပါတယ်။

““ကျွန်တော်တို့ အခွန် ကောက် တယ်ဆိုတာ ဟုတ်တယ်၊ ကျွန်တော် တို့အိတ်ထဲ ကောက်ထည့်တာ မပါ ဘူး။ လမ်း တစ်လျှောက် ဂိတ်တွေမှာ ကောက်နေတဲ့ ငွေတွေ နိုင်ငံတော် ဘဏ္ဍာထဲ ၀င်လို့လား၊ ကျွန်တော်တို့ ကောက်တာ လူထု အတွက် ပြန် သုံးတာ။ အစိုးရ ဘက်က ကောက် နေတာတွေ ဘယ်ရောက် ကုန်လဲ”” လို့ KIA အဆင့်မြင့် တာဝန် ရှိသူ တစ်ဦးက တရုတ် နိုင်ငံကို ထွက်နေ တဲ့ သယံဇာတ တွေနဲ့ ပတ်သက်ပြီး မေးခွန်း ထုတ်ပါတယ်။

ပထ၀ီ နိုင်ငံရေး အရ အိမ်နီးချင်း ဖြစ်နေတဲ့ တရုတ် နိုင်ငံက မြန်မာ နိုင်ငံ ထဲက စစ်ဘေး ရှောင်ပြည်သူ တွေအတွက် လှူဒါန်းမှု လုပ်တာတွေ က ဒီနိုင်ငံက နေ တရားမ၀င် ထုတ် သွားတဲ့ သယံဇာတ တွေနဲ့ နှိုင်းယှဉ် ရင် အဆမတန် ကွာခြားပါတယ်။ မြန်မာနိုင်ငံထဲ က သယံဇာတ တွေကို နည်းမျိုးစုံနဲ့ ထုတ်ယူ နေပြီး၊ မြန်မာ နိုင်ငံ ကို မှောင်ခို ဈေးကွက် တစ်ခု အဖြစ် သဘောထား နေတဲ့ မူဝါဒကို တပ်မတော်၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း တွေနဲ့ စီးပွားရေး သမားတွေ စုပေါင်းပြီး ဟန့်တား နိုင်မှသာ ထိုက်တန် တဲ့ ဈေးနှုန်းနဲ့ သယံဇာတ တွေကို ရောင်းချ နိုင်မှာပါ။

တရုတ် ကုန်သည်တွေ နဲ့ နိုင်ငံသား စီးပွားရေး သမားတွေ က ငွေ ထုတ် ပိုက်ပြီး ငွေလမ်း ခင်းမယ်၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်းတွေ ကလည်း ဆက်လက် ရပ်တည်ဖို့ အတွက် အခွန် ကောက် ခံပြီး ဖြတ်သန်းခွင့် ပြုနေကြမယ်၊ မြန်မာနိုင်ငံ အစိုးရ လက်အောက် က အကျင့်ပျက် ၀န်ထမ်း တွေကလည်း ငွေမျက်နှာပဲ ကြည့်နေမယ် ဆိုတဲ့ သုံးနားညီ သီအိုရီ မပျက်သ၍ မြန်မာ နိုင်ငံထဲ က အဖိုးတန် သယံဇာတ တွေ စိနတိုင်း ကို ခိုးထွက် နေမှာကတော့ သေချာ ပါတယ်။

နယ်မြေချင်း ထိစပ် နေတဲ့ ကချင်ပြည်နယ် ထဲက သစ်တွေ တင် မကဘဲ အခြားသော တိုင်းဒေသကြီး နဲ့ ပြည်နယ် တွေက သယံဇာတတွေ၊ ဧရာဝတီမြစ် အနောက်ဘက် ကမ်းက သဘာဝတရားရဲ့ အဖိုးတန် အမွေအနှစ် တွေ တရုတ် နိုင်ငံထဲကို တရား မ၀င် စီးဆင်း နေတာကို အမြန်ဆုံး တားဆီး ကာကွယ်နိုင်ဖို့ ဘယ်သူ တွေက တာဝန် ယူမလဲဆိုတာက တော့.......

Messenger News Journal
နေသူမရှိ တဲ့ အိမ်တွေ၊ ပျက်စီး ပြိုကျ နေတဲ့ လူနေအိမ် တွေ၊ ခြုံနွယ် တွေစီးနေတဲ့ နှစ်ရှည် ဥယျဉ်ခြံတွေ၊ ပိုင်ရှင်မဲ့ နေတဲ့ ကျွဲ၊ နွားအုပ် တွေကို မြင်ရတာ မငြိမ်သက် တဲ့ စစ်ပွဲ ဒဏ်ခံ ကျေးရွာတွေရဲ့ ပြရုပ် တွေပါ။ ဒီအခြေအနေ က မြစ်ကြီးနား၊ ဗန်း မော်ကား လမ်းတစ်လျှောက် ရဲ့ မြင်ကွင်း တွေပါပဲ။

ကျား-မ တန်းတူ အခွင့်အရေးရှိမှ လူမှုဝန်းကျင် ပိုတိုးတက်မည်

Photo: ကျား-မ တန်းတူ အခွင့်အရေးရှိမှ လူမှုဝန်းကျင် ပိုတိုးတက်မည်
Sunday, March 9, 2014

မတ်လ (၈) ရက်နေ့မှာ ကျရောက်တဲ့ နိုင်ငံတကာ အမျိုးသမီးများနေ့ကို ထိုင်း-မြန်မာနယ်စပ်က အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေနဲ့ လူထုအခြေပြု အဖွဲ့အစည်း ၄၀ ကျော် ပါဝင်တဲ့ MRPWG လို့ခေါ်တဲ့ မြန်မာ အလုပ်သမား အရေး ပူးပေါင်း ဆောင်ရွက်နေတဲ့ အဖွဲ့တွေနဲ့ ထိုင်းလူမှု ဖူလုံရေးအဖွဲ့တွေ ပူးပေါင်း ကျင်းပခဲ့ကြပါတယ်။ ဒီပွဲအတွင်း တာ့ခရိုင်အတွင်းက လူထုအကျိုးပြု ဆောင်ရွက်နေတဲ့ အထဲမှာ ထိုင်း-မြန်မာနယ်စပ်က လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးလုပ်ငန်းတွေကို ဆောင်ရွက်ပေးနေတဲ့ ဒေါက်တာ စင်သီယာမောင်လည်း ပါဝင်ပါတယ်။ အပြည့်အစုံကိုတော့ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ ထားပါတယ်။

နိုင်ငံတကာ အမျိုးသမီးများနေ့ရဲ့ ဒီနှစ်ဆောင်ပုဒ်ကတော့ Equality for woman is progress for all (အမျိုးသမီးများအားလုံး ညီတူညီမျှဖွံ့ဖြိုး တိုးတက်ဖို့) ဖြစ်ပါတယ်။ နိုင်ငံတကာ အမျိုးသမီးများနေ့ အထိမ်းအမှတ်ပွဲတွေကို ထိုင်းလူမူဖူလုံရေးဌားနနဲ့ မြန်မာလူထုအခြေပြု အဖွဲ့အစည်းတွေ ပူးပေါင်းပြီး စီတန်းလမ်းလျှောက်ပွဲတွေနဲ့ အမျိုးသမီးတွေကို ဂုဏ်ပြုခဲ့ကြတာပါ။

မဲဆောက်မြို့ရဲ့ မြို့ပိုင်ရုံးမှာကျင်းပတဲ့ နိုင်ငံတကာ အမျိုးသမီးများနေ့ပွဲမှာ မဲဆောက်ဒေသအတွင်းမှာရှိတဲ့ လူမှုရေးလုပ်ငန်းတွေ ဆောင်ရွက်ပေးနေတဲ့ အမျိုးသမီး (၇) ဦးကိုလည်း ဂုဏ်ပြုခဲ့ပါတယ်။ ဒီအထဲမှာ မယ်တော်ဆေးခန်းကို တည်ထောင်ခဲ့တဲ့ ဒေါက်တာစင်သီယာမောင်လည်း ပါဝင်ပါတယ်။

ထိုင်းလူမှု ဖွံ့ဖြိုးရေးဌာန ညွှန်ကြားရေးမှူး နိုင်ဝိချိ ရန်ချာဝါလစ်က ဒေသတွင်းမှာ ကျန်းမာရေးစောင့်ရှောက်မှုတွေကို ကြိုးပမ်း ဆောင်ရွက်ခဲ့တဲ့အတွက် ဒေါက်တာ စင်သီယာမောင်ကို ဒီကနေ့ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့မှာ လူမှုထူးချွန်ဆု ရွေးချယ်ပေးအပ်ခဲ့တာဖြစ်ကြောင်း ပြောခဲ့ပြီး လူမှုဖွံ့ဖြိုးရေးဌာနအနေနဲ့ ထိုင်းအစိုးရရဲ့ တာဝန်ပေးချက်အရ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေကို အကူအညီပေးတဲ့နေရာမှာ NGO အဖွဲ့အစည်းတွေ၊ လူထုအခြေပြု အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်တဲ့အကြောင်း မယ်တော်ဆေးခန်းအနေနဲ့ လူမှုဖွံ့ဖြိုးရေးဌာနကို အချိန်မရွေး ဆက်သွယ် အကူအညီတောင်းနိုင်ကြောင်းတွေကိုလည်း ပြောသွားခဲ့ပါတယ်။

နိုင်ငံတကာ အမျိုးသမီးများနေ့မှာ ထိုင်းလူမှုဖွံ့ဖြိုးရေးဌာနက လူမှုထူးချွန်ဆုရခဲ့တဲ့ ဒေါက်တာစင်သီယာမောင်ကတော့ နိုင်ငံတစ်ခုမှာဖြစ်စေ၊ ဒေသတစ်ခုမှာဖြစ်စေ ပဋိပက္ခတွေ ကြုံလာတိုင်း အမျိုးသမီးနဲ့ကလေးတွေက တိုက်ရိုက်ခံစားရတာဖြစ်လို့ ငြိမ်းချမ်းရေးဖြစ်စဉ်တွေမှာ အမျိုးသမီးတွေ ပါဝင်နိုင်ဖို့ လိုအပ်ကြောင်းကိုလည်း ပြောသွားပါတယ်။

“ဒေသတစ်ခုမှာဖြစ်စေ၊ နိုင်ငံတစ်ခုမှာဖြစ်စေပေါ့နော် - နိုင်ငံရေး မတည်ငြိမ်မှုတွေ ရှိတယ်၊ စစ်မက်ဖြစ်ပွားမှုတွေ ရှိမယ်ဆိုရင် အမျိုးသမီးတွေကိုယ်တိုင်က တိုက်ရိုက် ထိခိုက်နစ်နာမှုတွေ ရှိတာအပြင် သူတို့ရဲ့မိသားစုဝင်တွေကို အကာအကွယ်ပေးရတာလည်း အမျိုးသမီးတွေက အခြေခံကနေ ရှိတယ်။ ဒါကြောင့် အမျိုးသမီးတွေက ငြိမ်းချမ်းရေးဖြစ်ဖို့ အမြဲပဲလိုချင်ကြတယ်။ တောင်းဆိုကြတယ်။ ဒါကြောင့် အမျိုးသမီးတွေအနေနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်တွေမှာ ပါဝင်လာဖို့ကလည်း အရေးကြီးတယ်။ ကျမတို့လူမှုအသိုင်းအဝိုင်းထဲမှာ မိသားစုထဲမှာ အကြမ်းဖက်မှုတွေ ရှိနေခဲ့မယ်ဆိုရင် အမျိုးသမီးတွေအနေနဲ့ တိုက်ရိုက်ခံစားရတာရှိသလို သူတို့ကလေးတွေအတွက်လည်း အကာအကွယ်ပေးဖို့က မိခင်တွေရဲ့တာဝန်ဖြစ်တယ်။ ကျမတို့ မြန်မာနိုင်ငံမှာဖြစ်စေ၊ ထိုင်းနိုင်ငံမှာဖြစ်စေ၊ ဒီ ပဋိပက္ခတွေ နည်းနိုင်သမျှ နည်းသွားပြီးတော့ ဖွံ့ဖြိုးရေးမှာ ထိုင်းအမျိုးသမီးများ၊ မြန်မာအမျိုးသမီးများအနေနဲ့ ပူးပေါင်းဆောင်ရွက်နိုင်ပြီးတော့ ကျမတို့ရဲ့အနာဂတ်မှာရှိတဲ့ ကျမတို့နိုင်ငံတွေ၊ ကျမတို့သားသမီးတွေအားလုံးအတွက် လုံခြုံတဲ့ ပတ်ဝန်းကျင်တွေကို  စုပေါင်းပြီးတော့ ဖော်ဆောင်နိုင်မယ်ဆိုတာ ယုံကြည်ပါတယ်။”

ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြို့မှာကျင်းပတဲ့ နိုင်ငံတကာ အမျိုးသမီးနေ့ အထိမ်းအမှတ်ပွဲမှာ အမျိုးသမီးတိုင်း တန်းတူအခွင့်အရေးရဖို့နဲ့ လိင်ပေါ်မှာ အခြေခံပြီး ခွဲခြားဆက်ဆံခြင်းမပြုဖို့ စာတန်းတွေကိုင်ဆောင်ပြီး အမျိုးသမီးတွေပါဝင်တဲ့ အင်အား ၂၀၀ ခန့် ချီတက်လမ်းလျှောက်ခဲ့ကြပါတယ်။
နိုင်ငံတကာ အမျိုးသမီးများနေ့ အထိမ်းအမှတ်ပွဲတွေကို ထိုင်းနိုင်ငံ မဲဆောက်မြို့၊ ချင်းမိုင်မြို့တွေမှာ မြန်မာနဲ့ထိုင်း လူထုအခြေပြု အဖွဲ့အစည်းတွေ ပူးပေါင်းကျင်းပခဲ့သလို မြန်မာနိုင်ငံ၊ ရန်ကုန်မြို့မှာတော့ မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ အမျိုးသမီးများရဲ့အသံ ပါဝင်တင်ပြနိုင်ရေး ဆွေးနွေးပွဲကိုလည်း ပြုလုပ်ခဲ့ကြပါတယ်ရှင်။

အမျိုးသမီးတွေနဲ့ အမျိုးသားတွေ တန်းတူ အခွင့်အရေးရရှိတဲ့အခါ လူမှုဝန်းကျင်ဟာ ပိုပြီး တိုးတက် အောင်မြင်တယ်လို့ ဒီကနေ့ ကျရောက်တဲ့ နိုင်ငံတကာ အမျိုးသမီးများနေ့အထိမ်းအမှတ်အဖြစ် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပြောလိုက်ပါတယ်။

ကိုယ့်ရဲ့ မိခင်၊ ညီမ အမနဲ့ သမီးတွေရဲ့ အခွင့်အရေးအတွက် အမျိုးသားတွေက မားမားမတ်မတ်ရပ်တည် ကာကွယ်ပေးဖို့အတွက် He for She လို့ နာမည်ရတဲ့ လှုပ်ရားမှုကို ကုလသမဂ္ဂက သောကြာနေ့က စတင်ခဲ့ပါတယ်။

အမျိုးသမီးတွေ တန်းတူအခွင့်အရေးရရှိတာဟာ အားလုံးအတွက် တိုးတက်မှုဖြစ်တယ်လို့ ဒီအခန်းအနားမှာ အတွင်းရေးမှုးချုပ် ဘန်ကီမွန်းက ပြောကြားခဲ့ပါတယ်။ မိန်းကလေးတွေ၊ အမျိုးသမီးတွေအတွက် အခွင့်အရေးဟာ အိမ်မက်တခုမဟုတ်ဘဲ အားလုံးမှာရှိတဲ့ တာဝန်ဖြစ်တယ်လို့ သူကပြောခဲ့ပါတယ်။

အမျိုးသမီးအခွင့်အရေးဟာ လူ့အခွင့်အရေးဖြစ်ပြီး အမျိုးသမီးတွေတိုးတက်မှ လူသားတွေတိုးတက်မယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟောင်း Hillary Clinton ကလည်း ကုလသမဂ္ဂဌာနချုပ်မှာ ပြုလုပ်ခဲ့တဲ့အခမ်းအနားမှာ ပြောကြားသွားပါတယ်။ အောင်မြင်မှုတွေ ရှိနေပေမယ့် လူမှုအသိုင်းအဝိုင်းထဲမှာ အမျိုးသမီးတွေ ရာနှုန်းပြည့်ပါဝင်နိုင်တဲ့ နိုင်ငံ တခုမှ မရှိသေးတဲ့အတွက် ၂၁ ရာစုမှာ မပြီးပြတ်သေးတဲ့အလုပ်တခုလို ဖြစ်နေတယ်လို့ Mrs. Clinton ကပြောသွားခဲ့ပါတယ်။

ဒီကနေ့ကျရောက်တဲ့ နိုင်ငံတကာအမျိုးသမီးများနေ့အတွက် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး John Kerry ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာလည်း အားလုံးအတွက် သက်ရောက်မှုရှိတဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်တဲ့နေရာမှာ အမျိုးသမီးတွေ ပါဝင်ရမယ်လို့ ပြောကြားထားပါတယ်။ ငြိမ်းချမ်းရေး ဆွေးနွေးတဲ့ စကားဝိုင်းတွေ၊ အသက်ဆုံးရှုံးမှုတွေရှိတဲ့ ပဋိပက္ခတွေအတွက် ညှိနှိုင်းတဲ့နေရာတွေမှာ စီးပွားရေးအပေါ် သက်ရောက်နိုင်တဲ့ ကော်ပိုရေးရှင်းကြီးတွေရဲ့ ဘုတ်အဖွဲ့ဆွေးနွေးပွဲတွေမှာ အမျိုးသမီးတွေကို နေရာပေးရမယ်လို့ သူကပြောပါတယ်။

ကိုယ့်ရဲ့ မိခင်တွေအတွက်၊ သမီးတွေအတွက်၊ ဇနီးသည်တွေအတွက် အမတွေ ညီမတွေအတွက် ရင်းနေတာဟာ အနာဂတ်ကမ္ဘာကြီးကောင်းမွန်ဖို့ ရင်းနေတာဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်ရှင်။

မအေးအေးမာ
ဗွီအိုအေ (မြန်မာဌာန)

မဲဆောက်မြို့မှာ နိုင်ငံတကာ နိုင်ငံတကာ အမျိုးသမီးများနေ့ အထိမ်းအမှတ် လမ်းလျှောက်ချီတက်ကြစဉ်
မဲဆောက်မြို့မှာ နိုင်ငံတကာ နိုင်ငံတကာ အမျိုးသမီးများနေ့ အထိမ်းအမှတ် လမ်းလျှောက်ချီတက်ကြစဉ်

မတ်လ (၈) ရက်နေ့မှာ ကျရောက်တဲ့ နိုင်ငံတကာ အမျိုးသမီးများနေ့ကို ထိုင်း-မြန်မာနယ်စပ်က အစိုးရမဟုတ် တဲ့ အဖွဲ့အစည်းတွေနဲ့ လူထုအခြေပြု အဖွဲ့အစည်း ၄၀ ကျော် ပါဝင်တဲ့ MRPWG လို့ခေါ်တဲ့ မြန်မာ အလုပ်သမား အရေး ပူးပေါင်း ဆောင်ရွက်နေတဲ့ အဖွဲ့တွေနဲ့ ထိုင်းလူမှု ဖူလုံရေးအဖွဲ့တွေ ပူးပေါင်း ကျင်းပခဲ့ကြပါတယ်။ ဒီပွဲအတွင်း တာ့ခရိုင်အတွင်းက လူထုအကျိုးပြု ဆောင်ရွက်နေတဲ့ အထဲမှာ ထိုင်း-မြန်မာနယ်စပ်က လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးလုပ်ငန်းတွေကို ဆောင်ရွက်ပေးနေတဲ့ ဒေါက်တာ စင်သီယာမောင်လည်း ပါဝင်ပါတယ်။ အပြည့်အစုံကိုတော့ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ ထားပါတယ်။