Wednesday, January 21, 2015

မြန်မာ့ဆက်သွယ်ရေးက GSM နှင့် WCDMA ဆင်းမ်ကတ် တစ်သန်း ထပ်မံရောင်းချပေးမည်


မိုဘိုင်း ဖုန်းဆင်းမ်ကတ်အရေအတွက် တစ်သန်းကျော်ကို ထပ်မံရောင်းချပေး သွားရန်စီစဉ်လျက်ရှိကြောင်း မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း(MPT)မှ သိ ရသည်။

GSM နှင့် WCDMA ဆင်းမ် ကတ်များကို တိုင်းနှင့်ပြည်နယ်အနှံ့ ခွဲတမ်းဖြင့်ရောင်းချနိုင်ရန်ဆောင် ရွက်သွားမည်ဖြစ်ပြီး လပိုင်းအတွင်း ဖြန့်ဖြူးနိုင်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

ကချင်ဆရာမနှစ်ဦးသေဆုံးခြင်းနှင့်ပတ်သက်၍ အွန်လိုင်းတွင် ပျံ့နှံ့နေသော တပ်မတော်အပေါ် စွပ်စွဲချက် မမှန်ကန်


Photo: ကချင်ဆရာမနှစ်ဦးသေဆုံးခြင်းနှင့်ပတ်သက်၍ အွန်လိုင်းတွင် ပျံ့နှံ့နေသော တပ်မတော်အပေါ် စွပ်စွဲချက် မမှန်ကန်
Wednesday, January 21, 2015

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ နမ်တောင်းကျေးရွာနှင့် မုံးပေါ်ကျေးရွာကြားရှိ ရှဘုတ်ကောင်းခါး ကျေးရွာ၌ ဇန်နဝါရီလ ၁၉ ရက်နေ့တွင် ကချင်နှစ်ခြင်းအသင်းချုပ် (KBC) မှ ဆရာမနှစ်ဦးအား တပ်မတော်သား များမှ သတ်ဖြတ်ခဲ့ကြောင်း KIA အဖွဲ့အား ထောက်ခံအားပေးသော Facebook အကောင့်များမှ ဖြန့်ဝေလျက် ရှိခြင်းနှင့်ပတ်သက်၍ ၎င်းဒေသတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် တပ်မတော်အရာရှိတစ်ဦးမှ ငြင်းဆိုသွား သည်။
အွန်လိုင်းတွင် ပျံ့နှံ့လျက်ရှိသော အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ တပ်မတော်မှ မဟုတ်မှန်ကြောင်း ၎င်းဒေသတွင် နယ်မြေလုံခြုံရေးတာဝန် ထမ်းဆောင်နေသော အရာရှိတစ်ဦးက " သူတို့ပြောတဲ့ တပ်မ(၈၈)ဆိုတာ ဒီဘက်မှာ မရှိပါဘူး၊ စကခ(၁)လက်အောက်ခံတပ်တွေပဲ လှုပ်ရှားနေတာပါ" ဟု ပြောသည်။

" Facebook ပေါ်မှာ KIA က ၀ါဒဖြန့်ထားတဲ့ သတင်းများအရ ဆရာမ ၂ ဦးကို တပ်မတော်က ဒုတပ်ရင်းမှူး ဦးစီးပြီး စစ်သည် အယောက် ၁၀၀ လောက်က မုဒိမ်းကျင့်တယ်လို့ ရေးထားတာကို ပြန်ကြားရတယ်။ ဒါကတော့ဗျာ .. ဖြစ်နိုင်မဖြစ်နိုင် ဦးနှောက်ရှိရင် စဉ်းစားကြည့်လို့ရပါတယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ KIA အနေနဲ့ အခုဖြစ်ခဲ့တဲ့ပြဿာနာတွေမှာ နိုင်ငံရေးသိက္ခာအကြီးအကျယ်ကျနေတဲ့အတွက် တပ်မတော်ကို အပုတ်ချပြီး သူတို့သိက္ခာကို ပြန်ဆယ်ချင်တဲ့သဘော လုပ်တယ်လို့ပဲ ယူဆရပါတယ် " ၎င်းအရာရှိက ဆက်လက် ပြောကြားသည်။

နယ်မြေလုံခြုံရေးဆောင်ရွက်နေသော စကခ (၁)လက်အောက်ခံ ခမရ(၅၀၃)မှ တာဝန်ရှိသူ အရာရှိတစ်ဦးက “ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့ တပ်မတော်ကပြုလုပ်တယ်ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ကျွန်တော်တို့ တပ်တွေက မုံးပေါ်မှာပဲ အခြေပြုလှုပ်ရှားနေတာပါ။ ဒါက တပ်မတော်ကို တမင်တကာ အပုတ်ချ ပြောဆိုနေကြတာပါ”ဟု ပြောကြားခဲ့ပါသည်။

Credit;စိုင်းခွန်စစ်
Myanmar Military News
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ နမ်တောင်းကျေးရွာနှင့် မုံးပေါ်ကျေးရွာကြားရှိ ရှဘုတ်ကောင်းခါး ကျေးရွာ၌ ဇန်နဝါရီလ ၁၉ ရက်နေ့တွင် ကချင်နှစ်ခြင်းအသင်းချုပ် (KBC) မှ ဆရာမနှစ်ဦးအား တပ်မတော်သား များမှ သတ်ဖြတ်ခဲ့ကြောင်း KIA အဖွဲ့အား ထောက်ခံအားပေးသော Facebook အကောင့်များမှ ဖြန့်ဝေလျက် ရှိခြင်းနှင့်ပတ်သက်၍ ၎င်းဒေသတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် တပ်မတော်အရာရှိတစ်ဦးမှ ငြင်းဆိုသွား သည်။

ကချင်ပြည်သူများကို နိုင်ငံရေး လက်နက်အဖြစ် အသုံးချနေသော KIA


ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အတွင်း တိုက်ပွဲများ ပြန်လည်ဖြစ်ပွား လာမှုနှင့်အတူ ဒေသခံပြည်သူများ အပေါ်တွင် လည်း KIA ၏ အသုံးချမှုက ထပ်တူ ပါလာခဲ့သည်။ ရှေးဦးစွာ တိုက်ပွဲများဘာကြောင့် ပြန်ဖြစ်သလဲ ဆိုတဲ့အကြောင်းရင်း ကို ပြောရပါမည်။ ကချင်ပြည်နယ် လမ်းပန်းဆက် သွယ်ရေးဝန်ကြီးကို ခေတ္တထိန်းသိမ်းပြီး ရဲတပ်ဖွဲ့ဝင်များကို KIA ဖမ်းဆီးမှု သည် နိုင်ငံတော်အစိုးရ၏ အုပ်ချုပ်ရေးကို မထီမဲ့မြင် စော်ကားရာရောက်သလို တပ်မတော်ကိုလည်း လက် တစ်လုံးခြား သွေးတိုးစမ်းသည့် သဘောဖြစ်နေသည်။ အစိုးရအဖွဲ့ဝန်ကြီးကို ခေတ္တထိန်းသိမ်းမှုသည် လုံးဝလက်သင့် မခံနိုင်သော လုပ်ရပ်ဖြစ်သလို အစိုရ၀န်ထမ်းရဲတပ်ဖွဲ့ဝင်များကို ကြိုးတုပ်ဖမ်းဆီးမှုသည်လည်း ဥပဒေမဲ့ ကျူးလွန်ခြင်း ဖြစ်သည့်အတွက် တပ်မတော်က ၀င်ရောက်ဖြေရှင်းခဲ့ရခြင်း ဖြစ်ပါသည်။

အလှမယ်သျှားထွဋ်အိန္ဒြာ ယူဆောင်သွားသည့်လက်ဆောင် ပစ္စည်း အား ဒေါ်လာ ၃၄၃ဖြင့် ရောင်းချနိုင်ခဲ့


Photo: အလှမယ်သျှားထွဋ်အိန္ဒြာ ယူဆောင်သွားသည့်လက်ဆောင် ပစ္စည်း အား ဒေါ်လာ ၃၄၃ဖြင့် ရောင်းချနိုင်ခဲ့

Wednesday, January 21, 2015

(၆၃)ကြိမ် မြောက် ကျင်းပပြုလုပ်နေသည့် Miss Universe 2014 အလှမယ်ပြိုင်ပွဲ တွင် မြန်မာနိုင်ငံကိုယ်စားပြု အလှ မယ်သျှားထွဋ်အိန္ဒြာ ယူဆောင်သွား သည့် လက်ဆောင်ပစ္စည်းအား ဒေါ်လာ ၃၄၃ ဖြင့်ရောင်းချနိုင်ခဲ့ ကြောင်း သိရသည်။

Miss Universe Myanmar 2014 အလှမယ်သျှားထွဋ်အိန္ဒြာ သည် National Gift Auction တွင် ရောင်းချနိုင်ရန်အတွက် ပုဂံ ခေတ်တွင် နန်းတွင်းလှပျိုဖြူများ ဆင်ယင်ထုံးဖွဲ့မှုအား သရုပ်ဖော် ထားသည့်မြန်မာ့လက်မှုအနုပညာ ပစ္စည်းများဖြစ်သည့် နံရံချိတ်ရွှေ ချည်ထိုးပန်းချီကားအားယူဆောင် သွားခြင်းဖြစ်ကြောင်းသိရသည်။

''နိုင်ငံတကာအလှမယ်တွေ အား လုံးက ကိုယ်နိုင်ငံကလက်မှုပစ္စည်း တွေကို ပြိုင်ပွဲမှာ ရောင်းချကြပါ တယ်။ မြန်မာကိုယ်စားပြုသွား ယှဉ် ပြိုင်တဲ့ သျှားထွဋ်ယူသွားတဲ့မြန်မာလက်မှု ပစ္စည်းကို ရောင်းရတဲ့ငွေအား လုံးကို ပရဟိတလုပ်ငန်းမှာ ထည့်ဝင် အသုံးပြုသွားဖို့အတွက် Organziation ကနေပြီးတော့ ပြန်လှူဒါန်း တာပါ''ဟု Miss Universe Myan-mar Organization မှတာဝန်ရှိသူ တစ်ဦးကပြောသည်။

အဆိုပါမြန်မာ့လက်မှုပစ္စည်း အားရောင်းချရာတွင်ရရှိလာသည့် ငွေများအား Miss Universe Myanmar Organization မှ မသန်စွမ်း ကလေးငယ်များအား လှူဒါန်းရာတွင် အ သုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင်Miss Universe Myanmar 201 အလှမယ်သျှား ထွဋ်အိန္ဒြာသည် Pageantry & Beauty Queens Organization ၏ Voting တွင်မဲအရေအတွက် တစ်သိန်းကိုးသောင်းကျော်ဖြင့် နံ ပါတ်ခြောက်နေရာတွင် ရပ်တည်နေ ကြောင်း သိရသည်။

Miss Universe Organization ၏ Official Voting တွင်မဲပေး၍ မရသေး သော်လည်း Pageantry & Beauty Queens Organization ၏ Voting
နှင့် Missosology Peoples Choice Award တို့တွင် ဝင်ရောက် မဲပေးနိုင်ကြောင်း သိရသည်။

Voting ပေးရာတွင်ဖေ့စ်ဘွတ်ခ် အကောင့်ရှိသူသာလျှင်မဲပေးခွင့်ရှိ မည်ဖြစ်ပြီး အဆိုပါပေ့ခ်ျများအားအ ရင်ဦးဆုံး Like လုပ်ပြီးမှာသာလျှင် Vote ပေးနိုင်ပြီး မှားယွင်းမှုတစ်စုံ တစ်ရာဖြစ်ပေါ်ပါက မဲရေတွက်ရာ တွင် ထည့်သွင်းမည် မဟုတ်ကြောင်း သိ ရသည်။

Vote ပေးပို့ရာတွင်မှားယွင်း မှုများ ရှိနေခြင်းကြောင့် Miss Universe Myanmar 2014 အလှ မယ်သျှားထွဋ်အိန္ဒြာသည်မဲအရေ အတွက်တစ်သိန်းကျော် အပယ်ခံခဲ့ ရပြီး မဲ၃ဝဝကျော်ဖြင့်သာပြန်လည် ၍ စတင်ခဲ့ရခြင်းများလည်း ကြုံတွေ့ ခဲ့ရကြောင်း သိရသည်။

မဲပေးရာတွင် ဖေ့စ်ဘွတ်ခ်အ ကောင့်ပိုင်ရှင်တစ်ဦးသည်တစ်နေ့ လျှင်၁၉ကြိမ် မဲပေးနိုင်ပြီးဖေ့စ်ဘွတ်ခ် အကောင့်များစွာ ရှိသော သူများ သည့် device ခွဲ၍မဲပေးနိုင်ကြောင်း သိရသည်။

(၆၃)ကြိမ်မြောက် ကျင်းပမည့် Miss Universe 2014 အလှမယ် ပြိုင်ပွဲကြီးအား အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်ရှိ မီယာမီကမ်း ခြေတွင် ဇန်နဝါရီ ၄ရက်မှ ၂၅ရက် အထိကျင်းပပြုလုပ်မည်ဖြစ်ပြီးမြန်မာနိုင်ငံမှ နှစ်ပေါင်း ၅ဝကျော်အတွင်း ဒုတိယအကြိမ်မြောက် ပါဝင်ယှဉ်ပြိုင် ခြင်းဖြစ်ကြောင်းသိရသည်။

ဒီမိုကရေစီတူဒေး
(၆၃)ကြိမ် မြောက် ကျင်းပပြုလုပ်နေသည့် Miss Universe 2014 အလှမယ်ပြိုင်ပွဲ တွင် မြန်မာနိုင်ငံကိုယ်စားပြု အလှ မယ်သျှားထွဋ်အိန္ဒြာ ယူဆောင်သွား သည့် လက်ဆောင်ပစ္စည်းအား ဒေါ်လာ ၃၄၃ ဖြင့်ရောင်းချနိုင်ခဲ့ ကြောင်း သိရသည်။

Miss Universe Myanmar 2014 အလှမယ်သျှားထွဋ်အိန္ဒြာ သည် National Gift Auction တွင် ရောင်းချနိုင်ရန်အတွက် ပုဂံ ခေတ်တွင် နန်းတွင်းလှပျိုဖြူများ ဆင်ယင်ထုံးဖွဲ့မှုအား သရုပ်ဖော် ထားသည့်မြန်မာ့လက်မှုအနုပညာ ပစ္စည်းများဖြစ်သည့် နံရံချိတ်ရွှေ ချည်ထိုးပန်းချီကားအားယူဆောင် သွားခြင်းဖြစ်ကြောင်းသိရသည်။

အပစ်ရပ်စဲရေး စာချုပ်မူကြမ်းကို ဆွေးနွေးရန် အချက် ၁၀၃ ချက်ဖြင့် စတင် ညှိနှိုင်းခဲ့ရာ တပ်ပိုင်းဆိုင်ရာကိစ္စ အပါအ၀င် အချက် ၁၅ ချက် ပြေလည်မှုရရန် ကျန်

အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြား တစ်နိုင်ငံလုံး အပစ် အခတ်ရပ်စဲရေး လက်မှတ် ရေးထိုးနိုင်ရေးအတွက် ပြည်ထောင်စုငြိမ်း ချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) နှင့် တစ်နိုင်ငံလုံး အပစ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) တို့သည် အပစ်ရပ်စဲရေး စာချုပ်မူကြမ်းကို ဆွေးနွေးရန် အချက် ၁ဝ၃ ချက်ဖြင့် စတင်ညှိနှိုင်းခဲ့ရာ လက်ရှိတွင် တပ်ပိုင်းဆိုင်ရာကိစ္စ အပါအဝင် အချက် ၁၅ ချက် ပြေလည်မှုရရန် ကျန်နေသေးကြောင်း Myanmar Peace Center မှ သိရသည်။

မောင်တောမြို့ အကြမ်းဖက်မှုတွင် အဓိကအခန်းမှ ပါဝင်ခဲ့သူ ဒေါက်တာထွန်းအောင်(ခ)နူရာဟောက်အား သမ္မတ၏ အထူး လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လွှတ်

၂ဝ၁၂ ခုနှစ် ဇွန်လအတွင်းက ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုနှင့် ဆက်နွှယ်ပြီး ထောင်ဒဏ်နှစ်ရှည် ချမှတ်ခြင်း ခံထားရသူ ဒေါက်တာထွန်းအောင်(ခ)နူရာဟောက်အား ဇန်နဝါရီ ၁၉ ရက်က နိုင်ငံတော်သမ္မတ၏ အထူးလွတ်ငြိမ်းချမ်းသာခွင့် အမိန့်ဖြင့် အင်းစိန်ထောင်မှ ပြန်လည်လွှတ်ပေးခဲ့ကြောင်း သိရသည်။

ဒေါက်တာထွန်းအောင်အား လွတ်ငြိမ်းချမ်းသာခွင့် ရရှိရန် အမေရိကန် အောက်လွှတ်တော်အမတ် Aaron Schock နှင့် ချက်နိုင်ငံအခြေစိုက် Prague Freedom Foundation အဖွဲ့တို့က ကြိုးပမ်းဆောင်ရွက် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အမျိုးသား ပညာရေးဥပဒေပါ ပြဋ္ဌာန်းချက်များ ပြန်လည် ပြင်ဆင်ပေးရန် နိုင်ငံတော်သမ္မတ သဝဏ်လွှာပေးပို့

ဗဟိုချုပ်ကိုင်မှု မြင့်မားနေသည်ဟုဆိုကာ တက္ကသိုလ် ကျောင်းသားသမဂ္ဂများ ဦးဆောင် သပိတ်မှောက် ဆန့်ကျင် ကန့်ကွက်နေသော အမျိုးသား ပညာရေးဥပဒေပါ ပြဋ္ဌာန်းချက်များကို ပြန်လည် ပြင်ဆင်ပေးရန် နိုင်ငံတော်သမ္မတက ပြည်ထောင်စု လွှတ်တော်သို့ သဝဏ်လွှာ ပေးပို့လာကြောင်း လွှတ်တော် ကိုယ်စားလှယ်များက ပြောကြားသည်။

အဆိုပါ အမျိုးသား ပညာရေးဥပဒေ ပြန်လည် ပြင်ဆင်ပေးရေး သဝဏ်လွှာကို ဇန်နဝါရီလ ၂၀ ရက်နေ့တွင် ပြုလုပ်သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးသို့ နိုင်ငံတော်သမ္မတက ပေးပို့ခြင်း ဖြစ်သည်။

ပြည့်တန်ဆာအမှုဖြင့် ဖမ်းဆီးစစ်ဆေးစဉ် တစ်ပတ်ကျော်ကြာမှ အမျိုးသားဖြစ်မှန်းသိ


ရန်ကုန် (မဇ္ဈိမ)။ ။ ဒေါပုံမြို့နယ်တွင် ပြည့်တန်ဆာအမှုဖြင့် ဖမ်းဆီး စစ်ဆေး နေသည့် အမျိုးသမီးမှာ အမျိုးသားတစ်ဦး ဖြစ်နေသည်ကိုဖမ်းဆီးပြီး တစ်ပတ်ကျော်အကြာတွင် သိခဲ့ရသည်ဟု ဒေါပြုံမို့ မ ရစဲခန်းက ရဲအရာရှိ တစ်ဦးက ပြောသည်။

ဇန်နဝါရီ ၁၀ ရက်၊ မွန်းလွဲ ၁ နာရီ ခွဲခန့်က ဒေါပုံမြို့နယ်၊ ဝါဆိုရပ်ကွက်၊ ဝါဆို ကားမှတ်တိုင်အနီးတွင် ပြည့်တန်ဆာ အလုပ်အတွက်မြှူဆွယ်သွား လာနေသည့် အသက် ၂၀ အရွယ် မသော်တာထွန်း ဆိုသူကို ဖမ်းဆီးခဲ့သည်။

ထို့နောက် ဒေါပုံမြို့မရဲစခန်း၌ ပြည့်တန်ဆာ ဥပဒေပုဒ်မ ၇(၁)(က) ဖြင့်အမှုဖွင့်ပြီး ဒေါပုံမြို့နယ် တရားရုံးသို့ ဇန်နဝါရီ ၁၂ ရက်တွင် တရားစွဲဆိုတင်ပို့ခဲ့ ခြင်းဖြစ်သည်။ ၎င်းအား အင်းစိန်ထောင်တွင် ထိန်းသိမ်းထားပြီး ဇန်နဝါရီ ၁၉ ရက်က ဒေါပုံတရားရုံး၌ ထပ်မံ ရုံးထုတ်စစ်ဆေးပြီး အင်းစိန်ထောင်သို့ ပြန်လည်ရောက် ရှိမှသာ အဆိုပါအဖြစ်မှန်ကို သိရှိခဲ့ခြင်းဖြစ်သည်ဟု အမည်မဖော်လိုသူ ရဲအရာရှိတစ်ဦးက ပြောသည်။

ဦးဝီရသူကို ကမ္ဘာ့မီဒီယာများက အစွန်းရောက်ဘုန်းကြီးဟု သုံးနှုန်း


အမျိုးသားရေးဝါဒီဖြစ်သည့် ဆရာတော် ဦးဝီရသူက ကုလလူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စစ်ရန်ဟီးလီအား ပြည့်တန်ဆာနှင့် ခိုင်းနှိုင်းပြောဆိုခဲ့ခြင်းကို နိုင်ငံတကာသတင်း မီဒီယာအချို့က ဦးဝီရသူကို အစွန်းရောက်ဘုန်းကြီးဟု သုံးနှုန်းဖော်ပြကြပြီး ထိုသို့ဖော်ပြသော မီဒီယာအချို့နှင့် ဦးဝီရသူအပေါ်တွင်ပါ ဝေဖန်မှုများထွက်ပေါ်နေသည်။

တပ်မတော်မှ ကံဆီး၊ အောင်ဘာလေကျေးရွာအနီး နယ်မြေရှင်းလင်း


၂၀၁၅ ခုနှစ် ဇန်နဝါရီလ(၁၄)ရက်နေ့တွင် ကေအိုင်အေရင်း(၆)လက်အောက်ခံ စစ်ကြောင်း တစ်ကြောင်းမှ ကချင်ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကမန်းဒူးနော်နှင့် လုံခြုံရေး လိုက်ပါလာသော မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင် (၃) ဦးအား ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ဝန်ကြီးအား ပြန်လွှတ်ပေး ခဲ့သော်လည်း ရဲ (၃) ဦးထံမှ လက်နက်များ သိမ်းဆည်းကာ လက်ထိပ်ခတ်လက်ပြန်ကြိုးတုတ်ပြီး ဖမ်းဆီးခေါ်ဆောင်သွားမှု ဖြစ်ပွားခဲ့သည်။

ဒီကေဘီအေမှ ပြန်လည်ခန့်အပ်လျှင် တာဝန်ထမ်းဆောင်ရန်အသင့်ဟု ဗိုလ်မှူးကြီး စောဆန်းအောင်ပြော


ဒီကေဘီအေမှ မိမိအားထုတ်ပယ်မှုအပေါ်တွင် အထက်လူကြီးများ၏ သဘောထားကို နားလည်ပြီး စစ်တပ်တိုင်း၌ ဖြစ်တတ်သည့်သဘောမျိုးဖြစ်သောကြောင့် မိမိအား တာဝန်ပေးအပ်ပါက ပြန်လည်ထမ်းဆောင်ရန် အသင့်ရှိသည်ဟု ဗိုလ်မှူးကြီး စောဆန်းအောင်က ပြောသည်။
ကော်သူးလေတွင် တာဝန် ထမ်းဆောင်နေသည်ဟုဆိုသော ဗျူဟာမှူးဗိုလ်မှူးကြီးစောဆန်း အောင်သည် ယခင် ဒီကေဘီအေတွင် တာဝန်ထမ်းစဉ် မြန်မာ့တပ်မ တော်နှင့် တိုက်ပွဲဖြစ်ပြီးနောက် ဒီကေဘီအေ တပ်မှ ၂၀၁၄ အောက်တိုဘာ၌ ထုတ်ပယ်ခံခဲ့ရသူဖြစ်သည်။

နိုင်ငံအနှံ့တွင် ၀ရမ်းပြေး တစ်သောင်းတစ်ထောင်ကျော်ရှိ

နိုင်ငံအနှံ့တွင် ရာ ဇ၀တ်မှုကျူးလွန်၍ ပြစ်ဒဏ်ချ မှတ်ခံရပြီး ထွက်ပြေးလွတ် မြောက်နေသည့် တရားခံပြေး (၀ရမ်းပြေး) တစ်သောင်းတစ် ထောင်ကျော် ရှိနေကြောင်း သတင်းရရှိသည်။
ယခုလ ၂၀ ရက်တွင် ပြုလုပ်သော ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၌ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင် မေးမြန်းသည့် တရားခံပြေးများနှင့် ပတ်သက် သော မေးခွန်းကို ပြည်ထဲရေး ၀န် ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်မှူး ချုပ် ကျော်ကျော်ထွန်းက ပြန်လည် ဖြေကြားရာတွင် အထက်ပါအ တိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

လွတ်မြောက်လာသော ရဲသုံးဦးကို စုံစမ်းစစ်ဆေးရေး ခုံရုံးဖွဲ့၍ စစ်ဆေးမည်ဟုဆို


သေနတ်နှင့် ကျည်များ ကေအိုင်အေလက်ထဲတွင် ထားခဲ့ ရခြင်းကြောင့် လွတ်မြောက်လာ သည့် ရဲတပ်ဖွဲ့ဝင် သုံးဦးကို နေ ပြည်တော်က စုံစမ်း စစ်ဆေးရေး ခုံရုံးဖွဲ့၍ စစ်ဆေးမည်ဖြစ် ကြောင်း သတင်းရရှိသည်။

‘‘ဘယ်လိုပဲဖြစ်ဖြစ် ရဲစည်း ကမ်းထိန်းသိမ်းရေးလုပ်ထုံးလုပ် နည်းနဲ့ ဆက်လုပ် ရမှာပဲ။ အပြစ် ရှိလား၊ အပြစ်ကင်းလွတ်သလား ဆိုတာ။ ပြီးတော့ သူတို့မှာ တာ ၀န်မရှိဘူးဆိုရင်တော့ အပြစ် လွတ်မှာပေါ့။ ကောင်းကောင်း ဆိုးဆိုး ရဲလုပ်ထုံး လုပ်နည်းနဲ့အ ညီ လုပ်ရမှာပေါ့’’ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်မှ ရဲအရာရှိ တစ် ဦးကပြောသည်။

ခြောက်ပွင့်ဆိုင် တွေ့ဆုံရေးအဆိုနှင့် ပတ်သက်၍ သမ္မတက လွှတ်တော်သို့ သဘောထားမှတ်ချက်များဖြင့် ပြန်လည်ပေးပို့သည့် သ၀ဏ်လွှာအပေါ် တရားဝင် တုံ့ပြန်သွားမည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား


ခြောက်ပွင့်ဆိုင် တွေ့ဆုံရေး အဆိုနှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတက လွှတ်တော်သို့ သဘောထားမှတ်ချက်များဖြင့် ပြန်လည်ပေးပို့သည့် သ၀ဏ်လွှာအပေါ် တရားဝင်တုံ့ပြန်သွားမည်ဟု ဒေါ်အောင်ဆန်းစုကြည်က ဇန်န၀ါရီ ၂၀ ရက်တွင်ပြောကြားသည်။

ခြောက်ပွင့်ဆိုင်ကိစ္စနှင့် ပတ်သက်၍ သမ္မတထံမှ လွှတ်တော်သို့ပေးပို့သည့် သ၀ဏ်လွှာနှင့် ပတ်သက်၍ သတင်းထောက်တစ်ဦးက မေးမြန်းရာတွင် “အမေတို့ကတော့ တုံ့ပြန်တဲ့အခါ တရားဝင် တုံ့ပြန်မှာပဲ။ အဲဒီအခါကျရင် သိမှာပေါ့နော်။ ဒါကတော့ ကိုယ့်ဘက်က ရှင်းရှင်းလင်းလင်း ပြောဖို့ကတော့ ကိုယ့်တာဝန်ပေါ့။ အခြားလူ ရှင်းရှင်းလင်းလင်း ပြောတာ၊ မပြောတာကတော့ အန်တီတို့နဲ့ မဆိုင်ဘူး။ ဒီကိစ္စမျိုး ဆိုတာက တရားဝင်လုပ်ရတဲ့ ကိစ္စပဲ။ အလွတ်သဘောမျိုးပြောလို့ မကောင်းပါဘူး” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင် ပန်ဆိုင်းမြို့နယ် နမ့်တောင်းကျေးရွာအုပ်စု၊ ကောင်းခါးရွာတွင် အသက် ၂၀ အရွယ် ကချင်ခရစ်ယာန်သာသနာပြု လုပ်အားပေး ဆရာမနှစ်ဦး အဓမ္မပြုကျင့် သတ်ဖြတ်ခံရကြောင်း သတင်းရရှိ


Photo: ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင် ပန်ဆိုင်းမြို့နယ် နမ့်တောင်းကျေးရွာအုပ်စု၊ ကောင်းခါးရွာတွင် အသက် ၂၀ အရွယ် ကချင်ခရစ်ယာန်သာသနာပြု လုပ်အားပေး ဆရာမနှစ်ဦး အဓမ္မပြုကျင့် သတ်ဖြတ်ခံရကြောင်း သတင်းရရှိ 

Wednesday, January 21, 2015

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင် ပန်ဆိုင်းမြို့နယ် နမ့်တောင်းကျေးရွာအုပ်စု၊ ကောင်းခါးရွာတွင် အသက် ၂၀ အရွယ် ကချင်ခရစ်ယာန်သာသနာပြု လုပ်အားပေး ဆရာမနှစ်ဦး အဓမ္မပြုကျင့် သတ်ဖြတ်ခံရကြောင်း သတင်းရရှိ

      googleplus  
ကချင်ခရစ်ယာန် နှစ်ခြင်းအသင်းတော် (KBC) ၏ Facebook စာမျက်နှာတွင် ဖော်ပြထားသော ကချင်ခရစ်ယာန်သာသနာပြု လုပ်အားပေးဆရာမနှစ်ဦး သတင်းကို တွေ့ရစဉ်

ကချင်ပြည်နယ်အစပ် ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင် နမ့်တောင်းကျေးရွာအုပ်စု ကောင်းခါးရွာတွင် အသက် ၂ဝ နှင့် ၂၁ နှစ်အရွယ် ကချင်ခရစ်ယာန်သာသနာပြု လုပ်အားပေး ဆရာမနှစ်ဦး အဓမ္မပြုကျင့် သတ်ဖြတ်ခံရမှု ဇန်နဝါရီ ၁၉ ရက် ညပိုင်းတွင် ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါ သာသနာပြု လုပ်အားပေး ဆရာမနှစ်ဦးသည် ကချင် နှစ်ခြင်းခရစ်ယာန် အသင်းတော် (KBC) မှ စေလွှတ်ထားသူနှစ်ဦးဖြစ်ပြီး ယင်းသို့ သတ်ဖြတ်ခံခဲ့ရခြင်းကို KBC က အတည်ပြု ပြောကြားသည်။

“ကျွန်တော်တို့ KBC အဖွဲ့ချုပ်က လွှတ်လိုက်တဲ့ ကျောင်းဆရာမတွေပါ။ ဖြစ်စဉ်ကြားကြားချင်းပဲ ကျွန်တော်တို့ လိုက်သွားပါတယ်။ ဒီကိုရောက်ပြီး မေးကြည့်တဲ့အခါ မနေ့ည ၁၂ နာရီခွဲနဲ့ တစ်နာရီကြားမှာ ဖြစ်သွားတဲ့ အမှုအခင်းလို့ ယူဆပါတယ်။ ဘုရားကျောင်းဝင်းထဲမှာ သူတို့နှစ်ယောက်ပဲ နေတယ်။ မနက်ပိုင်းမှာ သူတို့ကို တွေ့ရတဲ့အခါ တစ်ကိုယ်လုံး ဓားဒဏ်ရာတွေနဲ့ ခေါင်းတွေမှာလည်း အရိုက်ခံထားရတယ်။ တစ်ကိုယ်လုံးလည်း အဝတ်ဗလာ ဖြစ်နေတယ်” ဟု KBC ၏ မိုးမောက်ဇုန် အတွင်းရေးမှူး ဦးဇော်ရာက ဇန်နဝါရီ ၂ဝ ရက် ညနေပိုင်းတွင် The Daily Eleven သို့ ပြောကြားသည်။

အိမ်ခြေ ၂၅ အိမ်ခန့်သာရှိသော ကောင်းခါးရွာသည် နမ့်တောင်းကျေးရွာနှင့် ၁ဝ မိုင်ခန့် အကွာတွင်ရှိပြီး ဖြစ်စဉ်သည် အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံ စကခ(၁)၊ ခမရ (၅ဝ၃) တပ်မတော်စစ်ကြောင်း ရောက်ရှိနေချိန်တွင် ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်ဟု The Daily Eleven က ဆက်သွယ်ရရှိသော ဒေသခံ သတင်းရင်းမြစ်များက ပြောကြားသည်။

“ဒေသခံတွေ ပြောတာကတော့ တိုက်ပွဲဖြစ်တဲ့ အချိန်မှာ အခြားတပ်ရင်းတွေလည်း ဝင်ထွက်သွားလာနေတာတွေ ရှိတယ်။ ဒါပေမဲ့ ဘာပြဿနာမှ မရှိဘူး။ အခုရောက်နေတဲ့ စစ်ကြောင်းရှိနေတဲ့ အချိန်မှ၊ မနေ့ညကမှ အဲဒီပြဿနာ ပေါ်လာတယ်လို့ ပြောပါတယ်” ဟု ဦးဇော်ရာကလည်း ဆိုသည်။

အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်၌ တာဝန်ထမ်းဆောင်နေသော တပ်မတော်အဆင့်မြင့် အရာရှိတစ်ဦး၏ ပြောကြားချက်အရ ဖြစ်စဉ်ဖြစ်ပွားခြင်းကို အတည်ပြုပြီး ဖြစ်စဉ်အတွက် စုံစမ်းနေကြောင်း သိရသည်။

    အိမ်ခြေ ၂၅ အိမ်ခန့်သာရှိသော ကောင်းခါးရွာသည် နမ့်တောင်းကျေးရွာနှင့် ၁ဝ မိုင်ခန့် အကွာတွင်ရှိပြီး ဖြစ်စဉ်သည် အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံ စကခ(၁)၊ ခမရ (၅ဝ၃) တပ်မတော်စစ်ကြောင်း ရောက်ရှိနေချိန်တွင် ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်ဟု . . . . .

“အခုချိန်အထိ တိတိကျကျ မသိရသေးဘူး။ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး အခုမှ စစ်ဆေးနေတဲ့ အနေအထားပဲ ရှိတယ်။ တိုက်ဆိုင်မှုပေါ့။ စစ်တပ်က အဲဒီနားကို ရောက်နေတဲ့အချိန် ဖြစ်တဲ့ အခါကျတော့ တပ်ကဆိုတဲ့ ပုံစံမျိုးနဲ့ ရေးနေကြတာတွေ ရှိတယ်။ ဘယ်သူမှတော့ တိတိကျကျ မပြောနိုင်သေးဘူး။ အခုမှ စစ်ဆေးနေတဲ့ အဆင့်ပဲ ရှိသေးတယ်” ဟု အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ အဆင့်မြင့် အရာရှိက The Daily Eleven ကို ပြောကြားသည်။

တပ်မတော်စစ်ကြောင်း ရောက်ရှိချိန်၌ အခင်းဖြစ်ပွားခဲ့သည်ကို အဆင့်မြင့် အရာရှိက ပြောကြားသော်လည်း မည်သည့်စစ်ကြောင်း ရောက်ရှိနေသည် ဆိုခြင်းကို ထုတ်ဖော်ပြောကြားခြင်း မရှိခဲ့ပေ။

ဖြစ်စဉ်နှင့် ပတ်သက်ပြီး တရားမျှတမှု အမြန်ဆုံး ပေါ်ထွက်ရန် KBC ဘက်က တောင်းဆိုထားကာ အမှုကို မူဆယ်ခရိုင် ရဲတပ်ဖွဲ့မှူး ဦးစီး၍ အရပ်ဘက် ဌာနဆိုင်ရာ အဖွဲ့အစည်းများ၊ ဒေသခံ အဖွဲ့အစည်းများနှင့် ပူးပေါင်းစုံစမ်း စစ်ဆေးနေကြောင်း သိရသည်။

“မနက်ဖြန် သို့မဟုတ် သန်ဘက်ခါလောက် ဆိုရင်တော့ ဒီဟာနဲ့ နီးစပ်တဲ့ အဖြေတစ်ခုတော့ ထွက်လာမှာပါ။ ဒါကိုလည်း ထုတ်ပြန်မယ်လို့ ကျွန်တော် ထင်ပါတယ်” ဟု အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ အဆင့်မြင့် အရာရှိက ဆိုသည်။

အဓမ္မပြုကျင့် သတ်ဖြတ်ခံရသော ကချင်သာသနာပြု လုပ်အားပေးဆရာမ နှစ်ဦးအနက် တစ်ဦးသည် ကချင်ပြည်နယ် ဝိုင်းမော်မြို့မှ လာရောက် တာဝန်ထမ်းဆောင်သူဖြစ်ပြီး ကျန်တစ်ဦးမှာ ကချင်ပြည်နယ် အတွင်းရှိ ဂျာမိုင်ကောင်း စစ်ဘေးသင့် ဒုက္ခသည်စခန်းမှ လာရောက် တာဝန်ထမ်းဆောင်သူ ဖြစ်သည်။

မြစ်ကြီးနားမြို့ အခြေစိုက် KBC ဌာနချုပ်မှ အတွင်းရေးမှူး ဒေါက်တာအလမ်ဆမ်ဆွမ် ဦးဆောင်သော အဖွဲ့သည် ကောင်းခါးရွာသို့ သွားရောက်လျက် ရှိနေပြီး ထိုအဖွဲ့ ရောက်ရှိပြီးမှသာ ကျန်ရှိသည်များကို ဆက်လက်လုပ်ဆောင်မည်ဖြစ်ပြီး သတ်ဖြတ်ခံခဲ့သူ နှစ်ဦးကို ဇန်နဝါရီ ၂ဝ ရက် ညနေပိုင်းက ရင်ခွဲစစ်ဆေးမှု ပြုလုပ်နေပါသည်။

အခင်းဖြစ်ပွားရာ ကောင်းခါးကျေးရွာသည် တပ်မတော်စစ်ကြောင်းများ မကြာခဏ ဖြတ်သန်းသွားလေ့ရှိသော နေရာတစ်ခုဖြစ်ပြီး တိုက်ပွဲကာလများအတွင်း ကချင်အမျိုးသမီးများ အဓမ္မပြုကျင့် သတ်ဖြတ်ခံရသည့် သတင်းများ ရှိခဲ့သော်လည်း ကောင်းခါးကျေးရွာ၌ ဖြစ်ပွားခဲ့ခြင်း မရှိဘဲ ယခု ပထမဆုံး ပေါ်ပေါက်လာခြင်းဖြစ်ကြောင်း သိရသည်။

Eleven Media Group
ကချင်ခရစ်ယာန် နှစ်ခြင်းအသင်းတော် (KBC) ၏ Facebook စာမျက်နှာတွင် ဖော်ပြထားသော ကချင်ခရစ်ယာန်သာသနာပြု လုပ်အားပေးဆရာမနှစ်ဦး သတင်းကို တွေ့ရစဉ်

ကချင်ပြည်နယ်အစပ် ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင် နမ့်တောင်းကျေးရွာအုပ်စု ကောင်းခါးရွာတွင် အသက် ၂ဝ နှင့် ၂၁ နှစ်အရွယ် ကချင်ခရစ်ယာန်သာသနာပြု လုပ်အားပေး ဆရာမနှစ်ဦး အဓမ္မပြုကျင့် သတ်ဖြတ်ခံရမှု ဇန်နဝါရီ ၁၉ ရက် ညပိုင်းတွင် ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

မစိုးရိမ်တိုက်သစ် ဆရာတော် အရှင်ဝီရသူ၏ ဆဲဆိုကြိမ်းမောင်း ပြောဆိုမှုများအပေါ် ဝေဖန်မှု မြင့်တက်


ဘင်္ဂါလီများအား နိုင်ငံသားအခွင့်အရေး ပေးရန်နှင့် လွတ်လပ်စွာ သွားလာခွင့်ပြုရန် ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေညီလာခံ၏ တိုက်တွန်းချက်အပေါ် ဆန္ဒပြ ကန့်ကွက်ခဲ့ရာ၌ မစိုးရိမ်တိုက်သစ် ဆရာတော် အရှင်ဝီရသူ၏ ဆဲဆိုကြိမ်းမောင်း ပြောဆိုမှုများအပေါ် ဝေဖန်မှုများ မြင့်တက်နေသည်။

၂၀၁၄ ခုနှစ် ဒီဇင်ဘာ နောက်ဆုံးပတ်က ထွက်ပေါ်ခဲ့သော ကုလသမဂ္ဂ၏ တိုက်တွန်းချက်ကို ဇန်န၀ါရီ ၁၆ ရက်က ဆန္ဒပြ ကန့်ကွက်ခဲ့ခြင်းဖြစ်ပြီး ယင်းဆန္ဒထုတ်ဖော်ပွဲတွင် မန္တလေးမြို့ မစိုးရိမ်တိုက်သစ် ဆရာတော် အရှင်ဝီရသူက မိန့်ကြားမှုပြုလုပ်ကာ ထိုမိန့်ကြားမှုတွင် သံဃာ၏သိက္ခာနှင့် လျော်ညီမှုမရှိသော ဆဲဆိုကြိမ်းမောင်းမှုများ ပါဝင်ခဲ့ခြင်းဖြစ်သည်။

မောင်းတောမြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြား ၅၄၉၆၃ ပြားသိမ်းဆည်းရမိ

Photo: မောင်းတောမြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြား ၅၄၉၆၃ ပြားသိမ်းဆည်းရမိ

Wednesday, January 21, 2015

နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ (၁)ကျီးကန်ပြင်မှတပ်ဖွဲ့ဝင်များ ပါဝင် သော ပူးပေါင်းအဖွဲ့သည် ဇန်နဝါရီ ၁၇ ရက်က နယ်ခြားစောင့် ရဲတပ်ဖွဲ့ ဂိတ်၂ ၌ မောင်တောဘက်မှ ကြိမ်ချောင်းဘက်သို့ Y 1I/--- နံပါတ် ပါ HILUX SURF အမျိုးအစား မော်တော်ယာဉ်ကို စစ်ဆေးရန် ရပ်တန့်ခိုင်းစဉ် အဆိုပါယာဉ် ကို မောင်းနှင်ထွက်ပြေးသွား သဖြင့် လိုက်လံဖမ်းဆီး ရာ အောင်ဗလာကျေးရွာ ဘုန်းကြီးကျောင်း အနီး၌ ယင်းယာဉ်နှင့်အတူ ဇော်ဇော်သိန်းကို တွေ့ရှိရ၍ စစ်မေးရာ ယာဉ်ပိုင်ရှင်နှင့်မောင်းနှင်လာသူမှာ ထွန်းထွန်းဝင်းဖြစ်ပြီး နယ်ခြား စောင့်ရဲတပ်ဖွဲ့ဂိတ် (၂)၌ ယာဉ်ကို တားဆီးစဉ် မောင်းနှင်ထွက်ပြေး ပြီး ယာဉ်ပေါ်ပါ အထုပ်တစ်ထုပ်ကို မြောင်းကူးတံတားအနီး၌ ပစ်ချ ခဲ့ကြောင်း သိရသည်။

ယင်းအထုပ်ကို ကျီးကန်ပြင် အနောက်ကျေးရွာနေ အာရ်ကန်၊ မောင်မောင်စိုးနှင့် ရှာကေးအာလောင်တို့သုံးဦးက ကောက်ယူသွား ကြောင်း သိရသဖြင့် လိုက်လံသိမ်းဆည်းရာ မောင်မောင်စိုးထံမှ ပလတ်စတစ်အိတ်ဖြင့်ထည့်လျက် စိတ်ကြွရူးသွပ်ဆေးပြား ၉၈၅ဝ၊ အာရ်ကန်ထံမှ ပလတ်စတစ်အိတ်ဖြင့်ထည့်လျက် စိတ်ကြွရူးသွပ် ဆေးပြား ၁၅၉၅၇ ပြား၊ ရှာကေးအာလောင်ထံမှ စိတ်ကြွရူးသွပ် ဆေးပြား ၂၉၁၅၆ ပြား စုစုပေါင်း စိတ်ကြွရူးသွပ်ဆေးပြား ၅၄၉၆၃ ပြားတို့ကို သိမ်းဆည်းရမိသဖြင့် ထွန်းထွန်းဝင်း (ဖမ်းမမိသေး)၊ ဇော်ဇော်သိန်း(ခ)သားသား(၃ဝနှစ်)၊ အာရ်ကန် (၁၉နှစ်)၊ မောင်မောင် စိုး(ခ) မာမောက်ဟူဆောင်း (၁၃နှစ်)နှင့် ရှာကေးအာလောင် (၁၉နှစ်) တို့ ငါးဦးအပေါ် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

MOI
နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ (၁)ကျီးကန်ပြင်မှတပ်ဖွဲ့ဝင်များ ပါဝင် သော ပူးပေါင်းအဖွဲ့သည် ဇန်နဝါရီ ၁၇ ရက်က နယ်ခြားစောင့် ရဲတပ်ဖွဲ့ ဂိတ်၂ ၌ မောင်တောဘက်မှ ကြိမ်ချောင်းဘက်သို့ Y 1I/--- နံပါတ် ပါ HILUX SURF အမျိုးအစား မော်တော်ယာဉ်ကို စစ်ဆေးရန် ရပ်တန့်ခိုင်းစဉ် အဆိုပါယာဉ် ကို မောင်းနှင်ထွက်ပြေးသွား သဖြင့် လိုက်လံဖမ်းဆီး ရာ အောင်ဗလာကျေးရွာ ဘုန်းကြီးကျောင်း အနီး၌ ယင်းယာဉ်နှင့်အတူ ဇော်ဇော်သိန်းကို တွေ့ရှိရ၍ စစ်မေးရာ ယာဉ်ပိုင်ရှင်နှင့်မောင်းနှင်လာသူမှာ ထွန်းထွန်းဝင်းဖြစ်ပြီး နယ်ခြား စောင့်ရဲတပ်ဖွဲ့ဂိတ် (၂)၌ ယာဉ်ကို တားဆီးစဉ် မောင်းနှင်ထွက်ပြေး ပြီး ယာဉ်ပေါ်ပါ အထုပ်တစ်ထုပ်ကို မြောင်းကူးတံတားအနီး၌ ပစ်ချ ခဲ့ကြောင်း သိရသည်။

ပညာရေးဥပဒေ ကန့်ကွက်တဲ့ ခရီိးရှည် ချီတက်ပွဲ စတင်


Photo: ပညာရေးဥပဒေ ကန့်ကွက်တဲ့ ခရီိးရှည် ချီတက်ပွဲ စတင်

Wednesday, January 21, 2015

ပြည်ထောင်စုလွှတ်တော်က အတည်ပြုထားတဲ့ အမျိုးသားပညာရေး ဥပဒေကြမ်းကို ကန့်ကွက် တဲ့ ကျောင်းသား ၁၀၀ ကျော်က မန္တလေးမြို့ အိမ်တော်ရာ ဘုရားဝင်းကနေ ရန်ကုန်မြို့ကို ဒီနေ့ စတင်လမ်းလျှောက် ဆန္ဒပြကြပါတယ်။

အမျိုးသားပညာရေး ဥပဒေကြမ်းကို ပြင်ဆင်ပေး ဖို့ ကျောင်းသားတွေက ရက်ပေါင်း ၆၀ ကျော် ကြာ တောင်းဆိုခဲ့ကြပေမဲ့ အစိုးရဘက်က တုန့်ပြန်မှုမရှိ တာကြောင့် ကျောင်းသား တွေက အခုလိုဆန္ဒပြကြ တာဖြစ်တယ်လို့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ် ပြန်ကြားရေးတာဝန်ခံ ကိုရဲရင့်ကျော် က ပြောပါတယ်။

"ကျနော်တို့ ရက် ၆၀ ကာလထဲက အစိုးရကို ညှိနှိုင်း ထားတာရှိပါတယ်၊ အခုရက် ၆၀ ကျော်လာတဲ့ အခါမှာ အစိုးရက တစ်စုံတစ်ရာ ညှိနှိုင်းလာတာ မရှိတဲ့အတွက် ကျနော်တို့ သပိတ်တိုက်ပွဲကို အခုလိုအရှိန်မြှင့်လိုက်တာဖြစ်တယ်၊ ဒီအရှိန်မြှင့်ပြီးတာနဲ့ ကျနော်တို့ တနိုင်ငံလုံးက ကျောင်းသားတွေ ရန်ကုန်မှာ ဆုံပြီးရင် သပိတ်ဆောင်ရွက်နေချိန်မှာပဲ မြို့ကြီးတွေမှာ မုံရွာ၊ မန္တလေး၊ မော်လမြိုင်စတဲ့ မြို့ကြီးတွေမှာ ရန်ကုန်သပိတ်နဲ့ ဟန်ချက်အညီ တစ်နိုင်ငံ လုံးအတိုင်းအတာနဲ့ လုပ်ဆောင်သွားဖို့ အနေအထားတွေကအစ ပြင်ဆင်ထားပြီးသားပါ "

လမ်းလျှောက်ဆန္ဒပြတဲ့ ကျောင်းသားတွေဟာ မန္တလေး - ရန်ကုန် ကားလမ်းမဟောင်း အတိုင်းရန်ကုန်မြို့ကိုချီတက် မှာဖြစ်ပြီး ကျောက်ဆည်၊ မြင်းခြံ၊ ပခုက္ကူ၊ မကွေး၊ ပြည်မြို့တွေကို ဖြတ်သန်းသွားမှာဖြစ်ပါတယ်။

ဆန္ဒပြရာလမ်းကြောင်းတစ်လျှောက်မှာလည်း ဟောပြောပွဲတွေ ကျင်းပသွားမယ်လို့ သိရပါတယ်။

ဆန္ဒပြပွဲမှာ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်က ကျောင်းသား ကျောင်းသူတွေ အပြင် လူ့ဘောင်သစ် လူငယ်အဖွဲ့ဝင်တွေလည်း ပါဝင်ကြ ပါတယ်။ ပခုက္ကူမြို့နယ်နဲ့ ထားဝယ်မြို့နယ်က ဆန္ဒပြကျောင်းသား သမဂ္ဂအဖွဲ့ ၀င်တွေကလည်း မန္တလေးမြို့က ဆန္ဒပြကျောင်းသားတွေနဲ့ ရန်ကုန်မြို့မှာ လာရောက်ပူးပေါင်းဆန္ဒပြကြ မှာဖြစ်ပါတယ်။

အမျိုးသားပညာရေးဥပဒေကြမ်းကို ပြီးခဲ့တဲ့နှစ် ဇူလိုင်လ ၃ဝ ရက်နေ့မှာ ပြည်ထောင်စု လွှတ်တော်က အတည်ပြုပြဌာန်း ခဲ့တာဖြစ်ပါတယ်။

အဲ့ဒီဥပဒေကြမ်းကိုကန့်ကွက်တဲ့ ကျောင်းသားသမဂ္ဂဝင်တွေက ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ ၁၄ ရက်နေ့ကနေ ၁၇ ရက်နေ့ အထိ ၄ ရက်တိုင်တိုင် ရန်ကုန်မြို့မှာ သပိတ် မှောက်ဆန္ဒပြ ခဲ့ကြပြီး အစိုးရကို ရက် ၆ဝ အတွင်းမှာ သပိတ်မှောက် ကျောင်းသားတွေနဲ့ တွေ့ဆုံဆွေး နွေးဖို့ တောင်းဆိုခဲ့ကြတာဖြစ်ပါတယ်။

RFA
ပြည်ထောင်စုလွှတ်တော်က အတည်ပြုထားတဲ့ အမျိုးသားပညာရေး ဥပဒေကြမ်းကို ကန့်ကွက် တဲ့ ကျောင်းသား ၁၀၀ ကျော်က မန္တလေးမြို့ အိမ်တော်ရာ ဘုရားဝင်းကနေ ရန်ကုန်မြို့ကို ဒီနေ့ စတင်လမ်းလျှောက် ဆန္ဒပြကြပါတယ်။

အမျိုးသားပညာရေး ဥပဒေကြမ်းကို ပြင်ဆင်ပေး ဖို့ ကျောင်းသားတွေက ရက်ပေါင်း ၆၀ ကျော် ကြာ တောင်းဆိုခဲ့ကြပေမဲ့ အစိုးရဘက်က တုန့်ပြန်မှုမရှိ တာကြောင့် ကျောင်းသား တွေက အခုလိုဆန္ဒပြကြ တာဖြစ်တယ်လို့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ် ပြန်ကြားရေးတာဝန်ခံ ကိုရဲရင့်ကျော် က ပြောပါတယ်။

အဲအေးရှား လေယာဉ် အမြင့်ကို တက်ရာမှာ အရှိန်များခဲ့


Photo: အဲအေးရှား လေယာဉ် အမြင့်ကို တက်ရာမှာ အရှိန်များခဲ့
Wednesday, January 21, 2015

ဂျာဗား ပင်လယ်ထဲကို ပျက်ကျခဲ့ပြီး လူ ၁၆၂ ဦး သေဆုံး ခဲ့ရတဲ့ အဲအေးရှား လေယာဉ် QZ8501 ဟာ အထက် အမြင့်ကို တက်ရာမှာ အရှိန်များခဲ့လို့ စက်ချို့ယွင်းပြီး ပျက်ကျ ခဲ့ရတာ ဖြစ်တယ်လို့ အင်ဒိုနီးရှား ပို့ဆောင်ရေး ဝန်ကြီးက ပြောပါတယ်။

အဲဒီ လေယာဉ်ဟာ အထက် အမြင့်ကို တက်ရာမှာ တိုက်လေယာဉ်တွေ ထက်တောင် ပိုမြန်တဲ့ နှုန်း ဖြစ်တဲ့ တစ်မိနစ်ကို ပေ ၆၀၀၀ နှုန်းနဲ့ ပျံတက် ခဲ့တယ်လို့ ဝန်ကြီး Ignasius Jonan က ပြောပါတယ်။

အဲအေးရှား လေယာဉ် အနေနဲ့ မုန်တိုင်း အနီးကို ချဉ်းကပ် သွားမိပြီး ပြဿနာ ခုလို ကြုံခဲ့ရတာ ဖြစ်နိုင်တယ်လို့ ယူဆ ရပါတယ်။

ဒီဇင်ဘာ ၂၈ ရက်က အင်ဒိုနီးရှား နိုင်ငံ ဆူရာဘာယာ ကနေ စင်ကာပူကို ပျံသန်းစဉ် အခုလို ဘေးအန္တရာယ် ကြုံခဲ့ရတာ ဖြစ်ပါတယ်။

ပင်လယ်ထဲက လေယာဉ် အစိတ်အပိုင်းတွေ ပျံ့ကျဲနေတဲ့ ဧရိယာ တဝိုက်ကနေ ခရီးသည် အလောင်းတွေကို လိုက်လံ ဆယ်ယူနေဆဲ ဖြစ်ပါတယ်။

BBC
ဂျာဗား ပင်လယ်ထဲကို ပျက်ကျခဲ့ပြီး လူ ၁၆၂ ဦး သေဆုံး ခဲ့ရတဲ့ အဲအေးရှား လေယာဉ် QZ8501 ဟာ အထက် အမြင့်ကို တက်ရာမှာ အရှိန်များခဲ့လို့ စက်ချို့ယွင်းပြီး ပျက်ကျ ခဲ့ရတာ ဖြစ်တယ်လို့ အင်ဒိုနီးရှား ပို့ဆောင်ရေး ဝန်ကြီးက ပြောပါတယ်။

အဲဒီ လေယာဉ်ဟာ အထက် အမြင့်ကို တက်ရာမှာ တိုက်လေယာဉ်တွေ ထက်တောင် ပိုမြန်တဲ့ နှုန်း ဖြစ်တဲ့ တစ်မိနစ်ကို ပေ ၆၀၀၀ နှုန်းနဲ့ ပျံတက် ခဲ့တယ်လို့ ဝန်ကြီး Ignasius Jonan က ပြောပါတယ်။

Tuesday, January 20, 2015

ကျောင်းသားတစ်စုနှင့် အပျော်ခရီးစဉ် ဖန်တီးကာ ချစ်တင်းနှောခဲ့သည့် ဆရာမနှစ်ဦးကို ဖမ်းဆီး စစ်ဆေးနေ


Photo: ကျောင်းသားတစ်စုနှင့် အပျော်ခရီးစဉ် ဖန်တီးကာ ချစ်တင်းနှောခဲ့သည့် ဆရာမနှစ်ဦးကို ဖမ်းဆီး စစ်ဆေးနေ 

Tuesday, January 20, 2015

ဆန်ကလီမင်တီ ။   ။ အမေရိကန်နိုင်ငံ ကယ်လီဖိုး နီးယားပြည်နယ် တွင်ကျောင်း ဆရာမနှစ် ဦးသည် အပျော်ခရီး စဉ်တစ်ခုကို ဖန်တီး ကာကျောင်း သားတစ် စုနှင့်ပျော်ပါး ဆက်ဆံ ခဲ့သဖြင့် ဖမ်းဆီး ထားရကြောင်းရဲ ကပြောသည်။ဆောက်ဟေးလ် အထက်တန်းကျောင်းမှ အသက် ၃၈နှစ်ရှိ မယ်လို ဒီလိပတ် ဆိုသည့်ကျောင်း ဆရာမသည် ပြီးခဲ့သည့် ဒီဇင်ဘာက ဆန်ကလီမင်တီ ကမ်းခြေ တွင်ကျောင်းသားများနှင့်တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

ထိုသို့ တွေ့ဆုံစဉ် ကျောင်းသားများကို အရက်ဘီယာ သောက်စားစေကာ ယင်းကျောင်းသားများအနက်မှ တစ်ဦးနှင့် လိင်ပိုင်းဆိုင်ရာ ထိတွေ့ ဆက်ဆံ ခဲ့သည် ဟု တာဝန်ရှိသူများက ပြောသည်။

ထိုနောက် ပိုင်းတွင် မယ်လိုဒီ ကကျောင်းသား များနှင့်နောက် တစ်ကြိမ် ယင်းနေ ရာသို့ပင် ခရီးထွက်ရန် စီစဉ်ပြန်သည်။ ဒုတိယ အကြိမ် ခရီးစဉ် တွင်ကျောင်း ဆရာမ တစ်ဦးဖြစ်သည့် အသက် ၃၀ရွယ် မစ်ရှယ်ကို ပါခေါ်ဆောင် ခဲ့ခြင်းဖြစ်သည်။

မယ်လိုဒီနှင့် မစ်ရှယ်တို့ သည်ကျောင်းသားတစ်စုနှင့်အတူ ကမ်းခြေတွင် ညလုံးပေါက် အချိန်ဖြုန်းကြပြီး ယင်းညပိုင်းတွင်မယ်လိုဒီ တို့နှစ်ဦး ကကျောင်းသားနှစ် ဦးကို ခေါ်ယူ လိင်ပျော်ပါးခဲ့ကြောင်း ရဲဌာနကပြောသည်။

မယ်လိုဒီကို ယင်းအမှုတွင် ပူးပေါင်းကြံစည်ပြီး အရွယ်မရောက်သူအား ပြစ်မှုကျုး လွန်မှုဖြင့် အာမခံ ၁၂၀၀၀ ထားရှိ ထားသည်။ မစ်ရှယ်ကို မှုကျောင်းသားတစ် ဦးနှင့် သဘာဝမ ဆန်သော လိင်ဆက်ဆံမှုပြုလုပ်ခဲ့သည်ဟု စွဲချက်တင်ပြီး အာမခံ ၃၃၀၀၀ ထားရှိ ထားသည်။

Mizzima

ဆန်ကလီမင်တီ ။ ။ အမေရိကန်နိုင်ငံ ကယ်လီဖိုး နီးယားပြည်နယ် တွင်ကျောင်း ဆရာမနှစ် ဦးသည် အပျော်ခရီး စဉ်တစ်ခုကို ဖန်တီး ကာကျောင်း သားတစ် စုနှင့်ပျော်ပါး ဆက်ဆံ ခဲ့သဖြင့် ဖမ်းဆီး ထားရကြောင်းရဲ ကပြောသည်။ဆောက်ဟေးလ် အထက်တန်းကျောင်းမှ အသက် ၃၈နှစ်ရှိ မယ်လို ဒီလိပတ် ဆိုသည့်ကျောင်း ဆရာမသည် ပြီးခဲ့သည့် ဒီဇင်ဘာက ဆန်ကလီမင်တီ ကမ်းခြေ တွင်ကျောင်းသားများနှင့်တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

ကချင်ပြည်သူများကို နိုင်ငံရေး လက်နက်အဖြစ် အသုံးချနေသော KIA


ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အတွင်း တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာမှုနှင့်အတူ ဒေသခံပြည်သူများ အပေါ်တွင် လည်း KIA ၏ အသုံးချမှုက ထပ်တူ ပါလာခဲ့သည်။ ရှေးဦးစွာ တိုက်ပွဲများဘာကြောင့် ပြန်ဖြစ်သလဲဆိုတဲ့အကြောင်းရင်း ကို ပြောရပါမည်။ ကချင်ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးကို ခေတ္တထိန်းသိမ်းပြီး ရဲတပ်ဖွဲ့ဝင်များကို KIA ဖမ်းဆီးမှုသည် နိုင်ငံတော်အစိုးရ၏ အုပ်ချုပ်ရေးကို မထီမဲ့မြင် စော်ကားရာရောက်သလို တပ်မတော်ကိုလည်း လက် တစ်လုံးခြား သွေးတိုးစမ်းသည့်သဘောဖြစ်နေသည်။ အစိုးရအဖွဲ့ဝန်ကြီးကို ခေတ္တထိန်းသိမ်းမှုသည် လုံးဝလက်သင့် မခံနိုင်သော လုပ်ရပ်ဖြစ်သလို အစိုရ၀န်ထမ်းရဲတပ်ဖွဲ့ဝင်များကို ကြိုးတုပ်ဖမ်းဆီးမှုသည်လည်း ဥပဒေမဲ့ ကျူးလွန်ခြင်း ဖြစ်သည့်အတွက် တပ်မတော်က ၀င်ရောက်ဖြေရှင်းခဲ့ရခြင်း ဖြစ်ပါသည်။

မိမိအိမ်ထောင်ဖက်ကို ရှာတွေ့ပြီဟု သက်သေပြသော အချက် (၉)ချက်


အမျိုးသားတွေလည်း သူတို့ကိုယ်သူတို့ အသက်ကစကားပြောလာတာကို သတိထားကြပါတယ်။ အထူးသဖြင့် သူတို့သဘောကျရတဲ့ အမျိုးသမီးတစ်ယောက်ကို ရှာတွေ့တဲ့အခါ သူတို့တွေ ရင့်ကျက်ဖို့လိုလာပြီ၊ မိသားစုတစ်ခုတည်ဆောက်ဖို့ လိုလာပြီဆိုတဲ့ခံစားချက်တွေ ဖြစ်ပေါ်လာကြပါတယ်။ ပြဿနာက လက်တွဲကြမယ့် ချစ်သူနှစ်ယောက်က  လိုက်ဖက်ညီရဲ့လားဆိုတာ ဘယ်လိုသိနိုင်မလဲ။ ဒါကိုသိရဖို့အတွက် ထည့်စဉ်းစားရမယ့် အချက်လေးတွေကို စာရင်းပြုစုပေးလိုက်ပါတယ်။ ဒီစာရင်းထဲမှာ ကိုယ့်ချစ်သူက ကောင်းတဲ့အချက်တွေနဲ့ ကိုက်ညီတာများနေရင်တော့ သူ့ဟာ ကိုယ့်အတွက် အိမ်ထောင်ဖက်ကောင်းတစ်ယောက် ဖြစ်လာနိုင်ချေများပါတယ်။ 

IFFHS ၏ ထိပ်တန်း ဂိုးသွင်းရှင် အဖြစ် စီရော်နယ်ဒို ရွေးချယ်ခံရပြီး ကျော်ကိုကိုမှာ အဆင့် ၇ ဖြင့် ရွေးချယ်ခြင်းခံရ


Photo: IFFHS ၏ ထိပ်တန်း ဂိုးသွင်းရှင် အဖြစ် စီရော်နယ်ဒို ရွေးချယ်ခံရပြီး ကျော်ကိုကိုမှာ အဆင့် ၇ ဖြင့် ရွေးချယ်ခြင်းခံရ

International Federation of Football History & Statistics ( IFFHS) မှ ရွေးချယ်သည့် ထိပ်တန်းဂိုးသွင်းရှင်အဖြစ် စီရော်နယ်ဒိုမှ သွင်းဂိုး ၂၀ ဖြင့် ထိပ်ဆုံးမှ ရွေးချယ်ခံခဲ့ရသည်။

၂၀၁၄ ခုနှစ်အတွက် ပေါ်တီဂီနိုင်ငံအသင်းအတွက် သွင်းဂိုး ၅ ဂိုးနှင့် ရီးရဲလ် မက်ဒရစ် အသင်းအတွက် သွင်းဂိုး ၁၅ ဂိုးဖြင့် IFFHS ဆုကို ရရှိခဲ့ခြင်းဖြစ်သည်။

၂၀၁၃ ခုနှစ် တွင်လည်း သွင်းဂိုး ၂၅ ဂိုးဖြင့် ဆုရရှိခဲ့ပြီး ယခု ဒုတိအကြိမ် အဖြစ် ဆက်တိုက် ရရှိခဲ့ဖြင်းဖြစ်သည်။

ယင်းဆုကို ၂၀၁၁ ခုနှစ်နှင့် ၂၀၁၂ တို့တွင် မက်ဆီ မှ ရရှိခဲ့ဘူးသည်။

နိုင်င်ငံအသင်းအတွက် ကစားသမား သုံးယောက်သာ ၁၀ ဂိုးနှင့် အထက် သွင်းယူခဲ့ပြီး ဘရာဇီးလ်အသင်းအတွက် နေမာ- ၁၅ ဂိုး၊ ဂျာမနီ အသင်းအတွက် သောမတ်စ် မူလာ နှင့် အီကွေဒေါ အသင်းအတွက် အန်နာ ဗလန်စီယာ က ၁၀ ဂိုး သွင်းယူခဲ့ကြသည်။

ကလပ်အသင်းများအတွက် သွင်း ဂိုး ၁၀ နှင့် အထက်ကို ကစားသမား ခြောက်ယောက်က သွင်းယူပေးနိုင်ခဲ့ပြီး Real Madrid CF အတွက် စီရော်နယ်ဒို က ၁၅ ဂိုး၊ AL Ain FC အတွက် အဆာမိုဂျန် က ၁၂ ဂိုး၊ Kitchee SC အသင်းအတွက် ဂျူယန် ဘယ်လန်ကိုဆို နှင့် Shakhtar Donetsk FC အတွက် လူးဝစ် အယ်ဒရီယန်နို က ၁၁ စီ နှင့် Barcelona အတွက် မက်ဆီ နှင့် Al-Hilal Riyadh အသင်းအတွက် နာဆာ အယ်လ် ရှန်ရာနီ က ၁၀ ဂိုးစီဖြင့် အသီးသီးသွင်းယူခဲ့ကြသည်။

IFFHS မှ ရွေးချယ်သည့် ထိပ်တန်းဂိုးသွင်းရှင်များစာရင်းတွင် မြန်မာ့လက်ရွေးစင် အသင်းမှ တိုက်စစ်မှူး ကျော်ကိုကိုမှာ ရန်ကုန်ယူနိုက်တက် ကလပ် အသင်းအတွက် သွင်းဂိုး (၆) ဂိုးနှင့် နိုင်ငံအသင်းအတွက် သွင်းဂိုး (၆) ဂိုး စုစုပေါင်း ၁၂ ဂိုးဖြင့် အဆင့် ၇ နေရာတွင် ရွေးချယ်ခြင်းခံခဲ့ရသည်။
International Federation of Football History & Statistics ( IFFHS) မှ ရွေးချယ်သည့် ထိပ်တန်းဂိုးသွင်းရှင်အဖြစ် စီရော်နယ်ဒိုမှ သွင်းဂိုး ၂၀ ဖြင့် ထိပ်ဆုံးမှ ရွေးချယ်ခံခဲ့ရသည်။

၂၀၁၄ ခုနှစ်အတွက် ပေါ်တီဂီနိုင်ငံအသင်းအတွက် သွင်းဂိုး ၅ ဂိုးနှင့် ရီးရဲလ် မက်ဒရစ် အသင်းအတွက် သွင်းဂိုး ၁၅ ဂိုးဖြင့် IFFHS ဆုကို ရရှိခဲ့ခြင်းဖြစ်သည်။

ဖမ်းဆီးထားသော ရဲသုံးဦးအား ကေအိုင်အေ ပြန်လွှတ်ပေး


ဖမ်းဆီးထိန်းသိမ်းထားသော ရဲတပ်ဖွဲ့ဝင်သုံးဦးအား ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ (PCG)ထံ ကေအိုင်အေက ဇန်န၀ါရီ ၁၉ ရက် ညနေတွင် လွှဲပြောင်းပေးလိုက်ပြီး လက်နက်များကိုမူ ဆက်လက် သိမ်းဆည်းထားကြောင်း သတင်းရရှိသည်။

ဇန်န၀ါရီ ၁၄ရက်က ဖမ်းဆီးခြင်းခံခဲ့ရသော ရဲအရာရှိတစ်ဦး နှင့် တပ်ဖွဲ့ဝင်နှစ်ဦးမှာ ငါးရက်အကြာတွင် လွတ်မြောက်လာခြင်း ဖြစ်သည်။

ဇန်န၀ါရီ ၁၉ရက် ညနေ ၄ နာရီက ဂျာရာယန်စခန်းတွင်ကေ အိုင်အေတပ်ရင်း(၆)က PCG အဖွဲ့ထံ ယင်းရဲတပ်ဖွဲ့ဝင်သုံးဦးကို လက်နက်မှအပါ ပစ္စည်းအားလုံးနှင့် လွှဲပြောင်းပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း ငြိမ်းချမ်းရေးအကျိုးဆောင် ဦးလမိုင်ဂွန်ဂျာက ပြောသည်။

မြန်မာနိုင်ငံတွင် လက်ရှိထက် လျှပ်စစ်ဓာတ်အား အဆ၃၀ပိုထုတ်နိုင်သည့် ရတနာသိုက်ရှိ


မြန်မာနိုင်ငံသည် လက် ရှိထုတ်လုပ်နေသောလျှပ်စစ် ဓာတ်အားပမာဏထက် အဆသုံး ဆယ်ပိုမိုထုတ်လုပ်နိုင်သည့် စွမ်းအင်ရတနာသိုက်ကြီးကို ပိုင်ဆိုင် ထားကြောင်း ကမ္ဘာ့ဘဏ်အုပ်စု နှင့် အပြည်ပြည်ဆိုင်ရာရေအား လျှပ်စစ်အဖွဲ့တို့ ထုတ်ပြန်ချက် အရသိရသည်။ 

မြန်မာနိုင်ငံတွင် လက်ရှိရေ အားလျှပ်စစ်ထုတ်လုပ်နိုင်စွမ်းမှာ မဂ္ဂါဝပ် ၃၅၀ခန့်ရှိနေပြီး အမှန်တ ကယ်ထုတ်ယူမည်ဆိုလျှင် မဂ္ဂါ ၀ပ်တစ်သိန်းအထိ ထုတ်ယူနိုင် ကြောင်း အပြည်ပြည်ဆိုင်ရာရေ အားလျှပ်စစ်အသင်း ရေရှည်ဖွံ့ ဖြိုးတိုးတက်မှုဒါရိုက်တာမစ္စတာ Cameron Ironsideကပြောကြား သည်။
လက်ရှိ မြန်မာနိုင်ငံတွင် ရေ အားလျှပ်စစ်ထုတ်ယူမှုနှင့်ပတ် သက်၍သစ်တောများဆုံးရှုံးမှု၊သ ဘာဝပတ်ဝန်းကျင်ထိခိုက်ပျက်စီး မှု၊ မြေသိမ်းမှုများကြောင့်အရပ် ဖက်လူမှုအဖွဲ့အစည်းများက စီ မံကိန်းများကို ထိန်းသိမ်းလုပ်ကိုင် ရန်အမြဲပြောကြားနေသည်။

ငြိမ်းချမ်းရေး လိုချင်ရဲ့လားဟု တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များကို တပ်ချုပ်မေးခွန်းထုတ်


Photo: ငြိမ်းချမ်းရေး လိုချင်ရဲ့လားဟု တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များကို တပ်ချုပ်မေးခွန်းထုတ်
Tuesday, January 20, 2015

တစ်နိုင်ငံလုံးအပစ်အ ခတ်ရပ်စဲရေးစာချုပ်ဆိုင်ရာ ညှိ နှိုင်းမှုများ နှောင့်နှေးနေခြင်းမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ အပေါ်တွင်သာ မူတည်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြောကြားလိုက်ပြီး အမှန်တ ကယ် ငြိမ်းချမ်းရေးလိုချင်ရဲ့လား ဟုလည်း မေးခွန်းထုတ်လိုက် သည်။

စင်ကာပူ သတင်းဌာန စီ အင်န်အေနှင့် သီးသန့်အင်တာဗျူး ၌ တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်က ယင်းကဲ့သို့ ဖြေကြားလိုက် ခြင်း ဖြစ်သည်။
‘‘ဒါက လက်နက်ကိုင်တိုင်း ရင်းသားအဖွဲ့တွေအပေါ် မူတည် ပါတယ်။ သူတို့တကယ် ငြိမ်းချမ်း ရေး လိုချင်သလား။ သူတို့တကယ်ငြိမ်းချမ်းရေးလိုချင်ရင်၊ မရစရာ ဘာအကြောင်းမှ မရှိဘူး။ ဒီမိုက ရေစီလမ်းစဉ်အတိုင်း သူတို့သွား ချင်ရင် သူတို့ဒေသမှာ စည်းလုံး မှုနဲ့ ဖွံ့ဖြိုးတိုးတက်မှု ဖြစ်ပေါ် အောင် သူတို့ဆန္ဒရှိရင် ဒီလမ်းစဉ်ကို သူတို့ရွေးချယ်နိုင်တယ်။ ကျွန် တော်တို့ ငြင်းခုံမနေနိုင်ဘူး။ အ ငြင်းပွားမှုတွေက တိုင်းပြည်ရဲ့ ဖွံ့ ဖြိုးတိုးတက်မှုကို နှောင့်နှေးစေပါတယ်’’ ဟု ဗိုလ်ချုပ်မှူးကြီး မင်း အောင်လှိုင်က ပြောကြားသည်။

တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့များသည် ပြည်တွင်းစစ် အဆုံးသတ်ရန် ဆန္ဒအပြည့်အ၀မရှိနိုင်ဟု တပ်မတော်က ယူ ဆထားကြောင်း စီအင်န်အေက ဖော်ပြသည်။ တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့အချို့အနေဖြင့် စည်းမျဉ်းစည်းကမ်းများကို ဆန့်ကျင် ချိုးဖောက်ကြောင်း၊ ထို့ကြောင့် ပင် တပ်မတော်နှင့် တိုက်ပွဲများ ဖြစ်စေကြောင်း တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ်က ပြောသည်။

တစ်ဖက်တွင်လည်း NCCT အဖွဲ့ဝင်လည်း ဖြစ်၊ ချင်းအမျိုး သားတပ်ဦး (CNF)၏ အဓိပတိ ကောင်စီဝင်လည်းဖြစ်၊ တိုင်းရင်း သားလူမျိုးများ ကောင်စီ (ENC) ဥက္ကဋ္ဌလည်းဖြစ်သည့် ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်းက ‘‘ငြိမ်းချမ်းရေးအတွက် ကျွန်တော် တို့ အမှန်တကယ်ဆန္ဒရှိကြတယ်။ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲ ရေး သဘောတူညီချက်အတွက် ကျွန်တော်တို့ တကယ့်ကိုအမှန်ကိုဆန္ဒရှိကြတယ်။ ကြည့်စမ်းပါဦး ဗျာ၊ ကျွန်တော်တို့က ဒီတစ်နိုင်ငံ လုံးအတိုင်းအတာ အပစ်အခတ် ရပ်စဲရေးစာချုပ်ကို အဆိုပြုခဲ့ပြီး ရေးဆွဲခဲ့တဲ့သူတွေပါ။ သမ္မတ ဦးသိန်းစိန်အာဏာရတာနဲ့ ကျွန် တော်တို့ ကြေညာချက်တစ်စောင် ထုတ်ခဲ့တယ်။ တွေ့ဆုံဆွေးနွေး ပွဲလုပ်ဖို့ တောင်းဆိုခဲ့တယ်။ အပစ်အခတ်ရပ်စဲရေး သဘောတူညီ ချက်အတွက် တောင်းဆိုခဲ့တယ်’’ ဟု စီအင်န်အေအား ပြောကြားသည်။

လာမည့် ဖေဖော်ဝါရီ ၁၂ ရက်(ပြည်ထောင်စုနေ့)တွင် တစ်နိုင်ငံ လုံးအပစ်အခတ်ရပ်စဲရေးစာချုပ် (NCA) ကို လက်မှတ်ရေးထိုးရေး အစိုးရထံအဆိုပြုခဲ့ကြောင်း NCCTဘက်က ပြီးခဲ့သည့် ဒီဇင်ဘာအ စည်းအဝေးတွင် သတင်းထောက် များအား ပြောခဲ့သည်။ ယင်းနောက် ဇန်န၀ါရီ ၄ ရက် (လွတ်လပ်ရေးနေ့) ဗိုလ်ရှုခံ အခမ်းအနားတွင် သမ္မတ ဦးသိန်းစိန်ကပါ ပြည်ထောင်စုနေ့ ၌ NCA ရေးထိုးရန် အသားပေးတိုက်တွန်းပြောကြားခဲ့ပြန်သည်။ ထို့အပြင် NCA ကို ဖေဖော်ဝါရီတွင် ချုပ်ဆိုရန် ယုံကြည်ကြောင်း မြန်မာနိုင်ငံ ဆိုင်ရာ ကမ္ဘာ့ကုလသမဂ္ဂ လူ့အခွင့်အရေးအထူး ကိုယ်စားလှယ် မစစ်ရန်ဟီးလီကိုလည်း အစိုးရက ပြောကြားခဲ့သည်ဟု ဆိုသည်။

သို့သော် ကချင်ပြည်နယ် တွင် လောလောဆယ် ပြန်လည်ဖြစ်ပွားနေသော တပ်မတော်နှင့် ကေအိုင်အေကြားတိုက်ပွဲများ က မြန်မာ့ငြိမ်းချမ်းရေး၏ ထိလွယ် ရှလွယ် အခြေအနေကို ဖော်ပြ သည့် လက္ခဏာတစ်ရပ်အဖြစ် ပေါ်ထွက်လာသည်။

၂၀၁၄ စက်တင်ဘာက ပြုလုပ်ခဲ့ သည့် UPWC နှင့် NCCT နှစ်ဖက် ကြား တရားဝင် ခြောက်ကြိမ် မြောက် ဆွေးနွေးပွဲနောက်ပိုင်း တွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်က ရှေ့မတိုးသာသည့် အခြေအနေ ဖြစ်သွားပြီဟူသည့် ဝေဖန်သံများ ထွက်ပေါ်ခဲ့သည်။ ယင်းနောက်တွင် နှစ်ဖက်အလုပ်အဖွဲ့များ ငါးကြိမ် တွေ့ဆုံခဲ့ကြသည်။ NCA ပါ အ ချက်ပေါင်း(၁၁၂)ချက်အနက် စာ ချုပ်ချုပ်ဆိုနိုင်ရန် ထပ်မံညှိနှိုင်းရ မည့် အချက်မှာ ဒီဇင်ဘာဆွေးနွေး ပွဲအပြီးတွင် သုံးချက်သာ ကျန်ရှိ တော့၍ ယင်းတို့မှာ ကြားကာလ တပ်နေရာချထားရေးဆိုင်ရာနှင့် ဆက်စပ်သည့် အချက်များ ဖြစ်နေသည်။ ယင်းအတွက် ယခုတစ်ခေါက် NCA ကို အမှန်တကယ်လက်မှတ်ရေးထိုးနိုင်တော့မည်လားဆိုသည့် မေးခွန်းတွင် အဓိကပါဝင် ပတ်သက်နေသူက တပ်မတော်၏ အခန်းကဏ္ဍပင်ဖြစ်ကြောင်း လေ့လာဆန်းစစ်သူများက သုံးသပ်ထားသည်။

7Day DAILY 

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (ဓာတ်ပုံ −မင်းအောင်လှိုင်ဖေ့စ်ဘွတ်ခ်)
တစ်နိုင်ငံလုံးအပစ်အ ခတ်ရပ်စဲရေးစာချုပ်ဆိုင်ရာ ညှိ နှိုင်းမှုများ နှောင့်နှေးနေခြင်းမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ အပေါ်တွင်သာ မူတည်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြောကြားလိုက်ပြီး အမှန်တ ကယ် ငြိမ်းချမ်းရေးလိုချင်ရဲ့လား ဟုလည်း မေးခွန်းထုတ်လိုက် သည်။

စင်ကာပူ သတင်းဌာန စီ အင်န်အေနှင့် သီးသန့်အင်တာဗျူး ၌ တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်က ယင်းကဲ့သို့ ဖြေကြားလိုက် ခြင်း ဖြစ်သည်။
‘‘ဒါက လက်နက်ကိုင်တိုင်း ရင်းသားအဖွဲ့တွေအပေါ် မူတည် ပါတယ်။ သူတို့တကယ် ငြိမ်းချမ်း ရေး လိုချင်သလား။ သူတို့တကယ်ငြိမ်းချမ်းရေးလိုချင်ရင်၊ မရစရာ ဘာအကြောင်းမှ မရှိဘူး။ ဒီမိုက ရေစီလမ်းစဉ်အတိုင်း သူတို့သွား ချင်ရင် သူတို့ဒေသမှာ စည်းလုံး မှုနဲ့ ဖွံ့ဖြိုးတိုးတက်မှု ဖြစ်ပေါ် အောင် သူတို့ဆန္ဒရှိရင် ဒီလမ်းစဉ်ကို သူတို့ရွေးချယ်နိုင်တယ်။ ကျွန် တော်တို့ ငြင်းခုံမနေနိုင်ဘူး။ အ ငြင်းပွားမှုတွေက တိုင်းပြည်ရဲ့ ဖွံ့ ဖြိုးတိုးတက်မှုကို နှောင့်နှေးစေပါတယ်’’ ဟု ဗိုလ်ချုပ်မှူးကြီး မင်း အောင်လှိုင်က ပြောကြားသည်။

ငြိမ်ချမ်းရေးရပါက တပ်မတော်၏ အခန်းကဏ္ဍ နောက်ဆုတ်ပေးလိမ့်မည်ဟု သမ္မတပြောကြား


တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်း ရေးသဘောတူညီချက်များ ရရှိ သည့်အခါတွင် တပ်မတော်အနေ ဖြင့် အရေးပါသည့် အခန်းကဏ္ဍမှ နောက်ဆုတ်ပေးလိမ့်မည်ဖြစ် ကြောင်း သမ္မတဦးသိန်းစိန်က စင်ကာပူ သတင်းစာ စထရိတ်တိုင်းမ်စ်နှင့် သီးသန့်အင်တာဗျူး တွင် ပြောကြားသည်။
တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့(၁၆)ဖွဲ့နှင့် စေ့စပ်ညှိနှိုင်းမှု များ ခက်ခဲနက်နဲ ရှုပ်ထွေးမှု ကြောင့် ခရီးပေါက်မှုနှေးကွေးနေ သော်လည်း ဖေဖော်ဝါရီ ၁၂ ရက် တွင် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ်ကို ရေးထိုးရန် မျှော်လင့်ဆဲဖြစ်ကြောင်း သမ္မတ ဦးသိန်းစိန်ကပြောသည်။
‘‘ပြည်တွင်း လက်နက်ကိုင် ပြဿနာကို ကျွန်တော်တို့ ဆက် ရင်ဆိုင်နေရင် တပ်မတော်က တိုင်းပြည်မှာ အရေးပါတဲ့ နေရာ မှာ ဆက်ရှိနေမှာပဲ’’ဟု သမ္မတ ဦးသိန်းစိန်ကပြောသည်။

ဟက်ဇ်ဘိုလာ တပ်မှူး အစ္စရေးတိုက်ခိုက်မှုအတွင်း သေဆုံး


Photo: ဟက်ဇ်ဘိုလာ တပ်မှူး အစ္စရေးတိုက်ခိုက်မှုအတွင်း သေဆုံး
Tuesday, January 20, 2015  

ဂိုလန်ကုန်းမြင့်ဒေသက ဆီးရီးယားပိုင်နက်ထဲမှာ အစ္စရေးဘက်က လေကြောင်း တိုက်ခိုက်မှုတခုအတွင်း ဟက်ဇ်ဘိုလာ (Hezbollah) အဖွဲ့က တပ်မှူးတဦး အပါအဝင် တိုက်ခိုက်ရေးသမား ၅ ဦး သေဆုံးခဲ့ရတယ် လို့ လက်ဘနွမ် ရှီယာ ဟက်ဇ်ဘိုလာအဖွဲ့က ပြောပါတယ်။

ဒီပြောကြားချက်အတွက် အစ္စရေးစစ်တပ်ဘက်က မှတ်ချက်တစုံတရာပေးဖို့ ငြင်းဆိုပါတယ်။ ဒါပေမယ့် အရှေ့အလယ်ပိုင်းကလာတဲ့ သတင်းတွေမှာတော့ Quneitra နားမှာ တနင်္ဂနွေနေ့က အစ္စရေး ရဟတ် ယာဉ်တစင်းဟာ ဒုံးကျည်နှစ်စင်းနဲ့ ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီနေရာဟာ ဂိုလန်ကုန်းမြင့်ဒေသက ဆီးရီးယား ပိုင်နက်အခြမ်းနဲ့ အစ္စရေးတွေ သိမ်းပိုက်ထားတဲ့အပိုင်းကို ခွဲထားတဲ့ လိုင်းနားမှာ ရှိနေတာပါ။

အစ္စရေးရဲ့ Ynet သတင်းဝက်ဘ်ဆိုက်စာမျက်နှာမှာတော့ အစ္စရေးကို တိုက်ခိုက်လိုတဲ့ အကြမ်းဖက်သမား
တွေကိုပစ်မှတ်ထား တိုက်ခိုက်ခဲ့တယ်လို့ အစ္စရေးစစ်ဘက် သတင်းတွေကို ကိုးကား ဖေါ်ပြထားပါတယ်။ လက်ဘနွမ်ဘက်ကတော့ အစ္စရေးတွေရဲ့ တိုက်ခိုက်မှုဟာ ဟက်ဇ်ဘိုလာတွေရဲ့ မော်တော်ယာဉ်နှစ်စီးကို ထိမှန်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီတိုက်ခိုက်မှုအတွင်း သေဆုံးခဲ့သူဟာ ဟက်ဇ်ဘိုလာတပ်မှူး Mohammad Issa ဖြစ်ပြီး သူဟာ ဆီးရီးယား နဲ့အီရတ်က စစ်ဆင်ရေးတွေကို ကိုင်တွယ်သူလို့ သတင်းတွေမှာ ဖေါ်ပြကြပါတယ်။ နောက် သေဆုံးသူတ ဦးကတော့၂၀၀၈ ခုနှစ်တုန်းက ဆီးရီးယားမှာ ကားဗုံးပေါက်ကွဲပြီး သေဆုံးခဲ့ရတဲ့ ဟက်ဇ်ဘိုလာ စစ်ဘက် အကြီးအကဲImad Mughniyeh ရဲ့သားဖြစ်သူ Jihad Mughniyeh ဖြစ်ပြီး ဒီပေါက်ကွဲမှုဟာ အစ္စရေးတွေရဲ့ လက်ချက်လို့ အပြစ်တင်ခဲ့ပါတယ်။

VOA
ဂိုလန်ကုန်းမြင့်ဒေသက ဆီးရီးယားပိုင်နက်ထဲမှာ အစ္စရေးဘက်က လေကြောင်း တိုက်ခိုက်မှုတခုအတွင်း ဟက်ဇ်ဘိုလာ (Hezbollah) အဖွဲ့က တပ်မှူးတဦး အပါအဝင် တိုက်ခိုက်ရေးသမား ၅ ဦး သေဆုံးခဲ့ရတယ် လို့ လက်ဘနွမ် ရှီယာ ဟက်ဇ်ဘိုလာအဖွဲ့က ပြောပါတယ်။

ဒီပြောကြားချက်အတွက် အစ္စရေးစစ်တပ်ဘက်က မှတ်ချက်တစုံတရာပေးဖို့ ငြင်းဆိုပါတယ်။ ဒါပေမယ့် အရှေ့အလယ်ပိုင်းကလာတဲ့ သတင်းတွေမှာတော့ Quneitra နားမှာ တနင်္ဂနွေနေ့က အစ္စရေး ရဟတ် ယာဉ်တစင်းဟာ ဒုံးကျည်နှစ်စင်းနဲ့ ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီနေရာဟာ ဂိုလန်ကုန်းမြင့်ဒေသက ဆီးရီးယား ပိုင်နက်အခြမ်းနဲ့ အစ္စရေးတွေ သိမ်းပိုက်ထားတဲ့အပိုင်းကို ခွဲထားတဲ့ လိုင်းနားမှာ ရှိနေတာပါ။

ညအချိန် မြူနှင်းများ အုံ့ဆိုင်းနေ၍ နေပြည်တော်-မန္တလေးအမြန်လမ်းတွင် ယာဉ်များ သတိထားသွားလာ


Photo: ညအချိန် မြူနှင်းများ အုံ့ဆိုင်းနေ၍ နေပြည်တော်-မန္တလေးအမြန်လမ်းတွင် ယာဉ်များ သတိထားသွားလာ
Tuesday, January 20, 2015

ရန်ကုန်-မန္တလေး အမြန် လမ်းမကြီးပေါ်ရှိ နေပြည်တော် -မန္တလေးလမ်းပိုင်းတွင် ယခုရက် ပိုင်းအတွင်းည အချိန်မြူနှင်းများ အုံ့ဆိုင်းနေသဖြင့် ယာဉ်မတော်တဆမှုမဖြစ်ပေါ်စေရန်သတိထားမောင်းနှင်နေရကြောင်း အမြန် လမ်း၌ မောင်းနှင်နေသော ယာဉ် မောင်းများက ပြောသည်။

‘‘ရာသီ အပြောင်းအလဲ ကြောင့် အမြန်လမ်းမကြီး နေပြည်တော်-မန္တလေးလမ်းပိုင်းမှာ မြူ နှင်းတွေ အုံ့ဆိုင်း မှုပိုများတယ်။ အဖြစ်များတာတော့ ည ၁၂ နာရီ နောက်ပိုင်းပေါ့။ လမ်းလယ်မျဉ်း ကို ကြည့်မောင်းနေရ တယ်။ မြူတွေကြောင့် လမ်းကြောကို ကောင်းကောင်းမမြင်ရဘူး’’ဟု ရန်ကုန်-မုံရွာ ရွှေစင်စင်္ကြာခရီးသည် တင်ယာဉ်မောင်း ကိုသက် ပိုင်က ပြောသည်။

ထိုသို့သတိထားမောင်းနှင် နေရသဖြင့် ပုံမှန်ထက် တစ်နာရီ ၀န်းကျင်နောက်ကျပြီးမှ ရောက်ရှိကြောင်း ၎င်း ကပြောသည်။

ရန်ကုန်-မန္တလေး အမြန် လမ်းမကြီးပေါ်တွင် ဇန်န၀ါရီ ၁၈ ရက် နံနက်၌ မြူနှင်းများ အုံ့ဆိုင်းနေခြင်းကြောင့် ခရီး သည်တင်ယာဉ်များ သတိကြီးစွာ မောင်းနှင်ခဲ့ရပြီး ကိုယ်ပိုင် ယာဉ် ငယ်အချို့ လမ်းဘေးတွင်ချကာ ရပ် နားခဲ့ရကြောင်းကို သက်ပိုင်က ဆိုသည်။

‘‘အမြန်လမ်းမှာ တောင် ကုန်း တောင်တန်းတွေကြောင့် မြူတွေဆိုင်းတာ မကြာခဏကြုံ ဖူးပါတယ်။ ဒါပေမဲ့ ဒီရက်ပိုင်း မြူတွေဆိုင်းတာက နေပြည်တော် ကနေ မန္တလေးအထိ လမ်းပိုင်းအ ရှည်ကြီးကို မြူတွေဆိုင်း တာ။မန္တလေးဘက်က မြူတွေဆိုင်းရုံ သာမကဘူး၊ မိုးစက်မိုးပေါက် လေးတွေပါတွေ့ရတယ်။မြူတွေ ကြောင့် လမ်းအကွေ့အကောက် တွေမှာ လမ်းပျောက်သွားတဲ့အ တွက် လမ်းအမှတ်အသားတွေ ကို ကြည့်မောင်း
နေရတယ်။ ရှေ့ မီးကြီးလည်း သုံးမရ၊ အောက်မီး လေးနဲ့ပဲ လမ်းကို ရှာမောင်းရ တော့ အချိန်ပိုကြာတတ်ပါ တယ်’’ ဟု မုံရွာ-ရန်ကုန်ခရီးသည်တင် ယာဉ်လိုင်းတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မျိုးမင်းဦး 
7Day DAILY
ရန်ကုန်-မန္တလေး အမြန် လမ်းမကြီးပေါ်ရှိ နေပြည်တော် -မန္တလေးလမ်းပိုင်းတွင် ယခုရက် ပိုင်းအတွင်းည အချိန်မြူနှင်းများ အုံ့ဆိုင်းနေသဖြင့် ယာဉ်မတော်တဆမှုမဖြစ်ပေါ်စေရန်သတိထားမောင်းနှင်နေရကြောင်း အမြန် လမ်း၌ မောင်းနှင်နေသော ယာဉ် မောင်းများက ပြောသည်။

‘‘ရာသီ အပြောင်းအလဲ ကြောင့် အမြန်လမ်းမကြီး နေပြည်တော်-မန္တလေးလမ်းပိုင်းမှာ မြူ နှင်းတွေ အုံ့ဆိုင်း မှုပိုများတယ်။ အဖြစ်များတာတော့ ည ၁၂ နာရီ နောက်ပိုင်းပေါ့။ လမ်းလယ်မျဉ်း ကို ကြည့်မောင်းနေရ တယ်။ မြူတွေကြောင့် လမ်းကြောကို ကောင်းကောင်းမမြင်ရဘူး’’ဟု ရန်ကုန်-မုံရွာ ရွှေစင်စင်္ကြာခရီးသည် တင်ယာဉ်မောင်း ကိုသက် ပိုင်က ပြောသည်။

နိုင်ငံတော် အခြေပြမိန့်ခွန်း အိုဘားမား အင်္ဂါနေ့ပြောမည်


Photo: နိုင်ငံတော် အခြေပြမိန့်ခွန်း အိုဘားမား အင်္ဂါနေ့ပြောမည်
Tuesday, January 20, 2015

အမေရိကန် သမ္မတ BarackObama ဟာ ဒေသစံတော်ချိန် အင်္ဂါနေ့ညဖက် မြန်မာစံတော်ချိန် ဗုဒ္ဒဟူးနေ့မနက်ပိုင်းမှာ အမေရိကန်လွှတ်တော် နှစ်ရပ်ပေါင်းရှေ့မှာ နိုင်ငံတော်အခြေပြမိန့်ခွန်း ပြောကြားမှာဖြစ်ပါတယ်။ ဒီ မိန့်ခွန်းပြောကြားရာမှာ သမ္မတအိုဘားမားဟာ မိဘတွေ၊ အလုပ်သမားတွေနဲ့ ကျောင်းသားတွေအတွက် နှစ်ကုန် အခွန်ငွေ ပြန်ပေးရာမှာ ပိုပေးဖို့ အစီအစဉ်လည်း ပါဝင်ပါတယ်။

ဝင်ငွေကောင်းသူတွေ၊ ချမ်းသာတဲ့ဘဏ်တွေဆီကနေ အခကြေးငွေကောက်ခံပြီး အခုလို ပြန်ပေးမှာဖြစ်ပါတယ်။ ဒီအစီအစဉ်ဟာ သားသမီးတွေနဲ့ အိုမင်းတဲ့မိဘတွေကို ငွေကြေးထောက်ပံ့ပေးရတဲ့ မိသားစုအတွင်း ဦးဆောင်အလုပ်လုပ်နေသူ ဇနီးမောင်နှံနှစ်ဦးကို ကူညီဖို့ဖြစ်တယ်လို့ အိမ်ဖြူတော်က ပြောပါတယ်။

ဒါ့အပြင် ကျန်းမာရေးမကောင်းတာကြောင့် အလုပ်မလုပ်နိုင်သူတွေကို တနှစ်ဆေးခွင့် ၇ ရက်ထိ ပေးဖို့ အဆိုပြုထားတဲ့ ဥပဒေကိုလည်း သမ္မတက ထောက်ခံထားပါတယ်။ အဆင့်မြင့်ပညာသင်ကြားနေသူတွေ၊ ကလေးမရှိတဲ့ အိမ်ထောင်ရှင်တွေအတွက် နှစ်ကုန် အခွန်ပြန်အမ်းငွေ ပိုတိုးလာဖို့နဲ့ Community ကောလိပ်မှာ နှစ်နှစ် အခမဲ့ပညာသင်ကြားခွင့်၊ အငြိမ်းစားထောက်ပံ့ငွေအတွက်စုဆောင်းတာတွေလုပ်ဖို့ကိုလည်း သမ္မတက တိုက်တွန်းဖို့ရှိနေပါတယ်။

ဒါ့အပြင် အကြမ်းဖက်သမားတွေကို ရင်ဆိုင်နေရတဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့လည်း အတူလက်တွဲလုပ်ဆောင်ဖို့အကြောင်းလည်း မိန့်ခွန်းမှာ ပါဝင်ဖို့ရှိတယ်လို့ သတင်းတွေမှာဖေါ်ပြကြပါတယ်။ အင်္ဂါနေ့ည နိုင်ငံတော်အခြေပြမိန့်ခွန်းပြောကြားရာမှာ ရီပါတ်ဗလီကင်တွေ ကြီးစိုးတဲ့လွှတ်တော် နှစ်ရပ်ရှေ့မှောက် ပြောရမှာဖြစ်ပါတယ်။

အခုနှစ်မိန့်ခွန်းနဲ့ ပါတ်သတ်ပြီး သမ္မတအပေါ် ပိုပြီး ထောက်ခံသူတွေ ပိုများလာပါတယ်။ Wall street Journal နဲ့ NBC ရုပ်သံဌာနတို့က ကောက်ယူမှုစစ်တမ်းတွေအရ သမ္မတမိန့်ခွန်းအပေါ် လွန်ခဲ့တဲ့နှစ်က ထောက်ခံမှု ၃၂ % ရှိရာက အခုနှစ်မှာ ၃၈ % အထိ တက်လာခဲ့ပါတယ်။ အမေရိကန်သမ္မတ အိုဘားမားရဲ့ နိုင်ငံတော်အခြေပြမိန့်ခွန်းပြောကြားတဲ့ အခမ်းအနားမှာ သမ္မတကတော် Michelle Obama ရဲ့ဧည့်သည်တော်အဖြစ် မကြာသေးခင်က ကျူးဘားအကျဉ်းစခန်းက လွတ်မြောက်လာတဲ့ Alan Gross နဲ့ အာကာသယာဉ်မှူး Scott Kelly တို့ တက်ရောက်မှာ ဖြစ်တယ်လို့ အိမ်ဖြူတော်က တနင်္လာနေ့မှာ ကြေညာပါတယ်။

အထူးဖိတ်ကြားထားတဲ့ ဧည့်သည်တော် ၂၂ ယောက်ထဲမှာ ကျောင်းသားနဲ့ ပညာရေးဝန်ထမ်းတွေ၊ ထူးချွန်တဲ့ ကျန်းမာရေးဝန်ထမ်းတွေ၊ အစိုးရအရာရှိတွေနဲ့ အာဖဂန်နစ္စတန်တိုက်ပွဲမှာ ပါဝင်တဲ့ ဒဏ်ရာရစစ်သည်တော်တွေ ပါဝင်ပါတယ်။

ဗွီအိုအေ (မြန်မာဌာန)
အမေရိကန် သမ္မတ BarackObama ဟာ ဒေသစံတော်ချိန် အင်္ဂါနေ့ညဖက် မြန်မာစံတော်ချိန် ဗုဒ္ဒဟူးနေ့မနက်ပိုင်းမှာ အမေရိကန်လွှတ်တော် နှစ်ရပ်ပေါင်းရှေ့မှာ နိုင်ငံတော်အခြေပြမိန့်ခွန်း ပြောကြားမှာဖြစ်ပါတယ်။ ဒီ မိန့်ခွန်းပြောကြားရာမှာ သမ္မတအိုဘားမားဟာ မိဘတွေ၊ အလုပ်သမားတွေနဲ့ ကျောင်းသားတွေအတွက် နှစ်ကုန် အခွန်ငွေ ပြန်ပေးရာမှာ ပိုပေးဖို့ အစီအစဉ်လည်း ပါဝင်ပါတယ်။

ဝင်ငွေကောင်းသူတွေ၊ ချမ်းသာတဲ့ဘဏ်တွေဆီကနေ အခကြေးငွေကောက်ခံပြီး အခုလို ပြန်ပေးမှာဖြစ်ပါတယ်။ ဒီအစီအစဉ်ဟာ သားသမီးတွေနဲ့ အိုမင်းတဲ့မိဘတွေကို ငွေကြေးထောက်ပံ့ပေးရတဲ့ မိသားစုအတွင်း ဦးဆောင်အလုပ်လုပ်နေသူ ဇနီးမောင်နှံနှစ်ဦးကို ကူညီဖို့ဖြစ်တယ်လို့ အိမ်ဖြူတော်က ပြောပါတယ်။