Tuesday, September 15, 2015
ဆီးရီးယားတွင် ရုရှား လေတပ်စခန်းတစ်ခု တည်ဆောက်နေဟု အမေရိကန်ပြောကြား
ဆီးရီးယားတွင် ရုရှားက ရှေ့တန်းထိုးစစ်အတွက် လေတပ်အခြေစိုက် စခန်းတစ်ခုကို ပြင်ဆင် ဆောက်လုပ်နေကြောင်း အမေရိကန်က ပြောကြားလိုက်သည်။
ပြီးခဲ့သည့် လပိုင်းအတွင်း ရုရှားသည် ဆီးရီးယား သမ္မတ ဘာရှာအယ်လ်အာဆက်ဒ်နှင့် ရင်းနှီးသော ဆက်ဆံရေးကို ပိုမိုမြှင့်တင်လာသလို စစ်လက်နက် ထောက်ပံ့မှုများ အရှိန်မြှင့်လာခဲ့သည်။ အမေရိကန်က ဆီးရီးယား ပြည်တွင်းရေးတွင် ရုရှား ဝင်ရောက်စွက်ဖက်မှုအပေါ် စိုးရိမ်ကြောင်း ပြောဆိုထားသော်လည်း ရုရှားကမူ ယခုအခါ ဆီးရီးယားတွင် ပိုမိုကျယ်ပြန့်သည့် စစ်ရေးဖြန့်ကျက်မှုမျိုး ပြုလုပ်ရန် ခြေလှမ်းပြင်လာခဲ့သည်။
ဧရာဝတီမြစ်တွင် တစ်ရက်အတွင်း အမျိုးသားသုံးဦး ရေနစ်သေဆုံး
စက်တင်ဘာ ၁၂ ရက် က မန္တလေးခရိုင်ရှိ ဧရာဝတီမြစ်အတွင်းရေဆင်းချိုးရာမှ တစ်ရက်တည်း အမျိုးသားသုံးဦး ရေနစ်သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။အမရပူရမြို့နယ် ဧရာဝတီ မြစ်အတွင်းရှိ ရှမ်းကလေးကျွန်း ကျေးရွာသို့ ၀င်ရောက်သည့် တံ တားအနီးရှိ မြစ်ထဲသို့ ညနေ ၅ နာရီက အမျိုးသားတစ်ဦး ရေဆင်းချိုးရာမှ ရေနစ်နေသဖြင့် အနီးရှိ အမျိုးသားတစ်ဦးက ဆင်းကယ်ရာ ယင်းအမျိုးသားပါ ရေနစ်သေဆုံးသွားခဲ့ကြောင်း အမရပူရမြို့မရဲတပ်ဖွဲ့စခန်းမှ စုံစမ်းသိရသည်။‘‘ရှမ်းကလေးကျွန်းမှာ မိုးရာ သီဆိုရင် ရေတက်တယ်။ နောက် ပြီး လေးယောက်နစ်တယ်လို့ ပြောနေကြတယ်။ နှစ်ယောက်ပဲ ရေ နစ်သေဆုံးသွားတာဖြစ်တယ်’’ဟု စခန်းမှူး ဦးမြင့်လွင်က ပြောသည်။အလားတူ ယင်းနေ့တွင်ပင် မဟာအောင်မြေမြို့နယ် သန်လျက်မှော် အနောက်ရပ်ကွက်ရှိ ဧရာဝတီမြစ်ဆိပ်ကမ်း ပေပင် သဲဆိပ် ၌လည်း အမျိုးသားတစ်ဦး သည် ညအချိန်အရက်မူးပြီး ရေ ဆင်းချိုးရာမှ ရေနစ်သေဆုံးမှု ထပ်မံဖြစ်ပွားခဲ့သည်။အဆိုပါအမျိုးသားရေနစ် သေဆုံးမှုနှင့် ပတ်သက်၍ အမရပူရနှင့် မဟာအောင်မြေမြို့နယ်ရှိ ရဲတပ်ဖွဲ့စခန်းများတွင် သေမှုသေ ခင်းဖြင့် အမှုဖွင့်ခဲ့သည်။
7 day
DUO အမ်တီဗီထွက်ပြီးမှ ကျောင်းပြန်တက်မယ့် ကိကိ
‘‘ကျွန်တော်ကျောင်းပြန်သွား တက်ဖို့ကို အစောကြီးကတည်းက စီစဉ်နေတာ။ ဗီဇာအခက်အခဲနဲ့ ကိစ္စလေးနည်းနည်းရှိလို့ နှောင့် နှေးသွားတဲ့အချိန်မှာ ကျွန်တော်နဲ့ ဘန်နီနဲ့ပေါင်းပြီး ဒီအခွေကို ထုတ်ဖြစ်သွားတာပါ။ ဒါကြောင့် VCDထွက်မယ့်အချိန်ထိ ကျွန် တော်ဒီမှာပဲနေပြီး လုပ်သွားချင် လို့ ကျောင်းကို နောက်ဆုတ်လိုက် တာပါ’’ဟု ကိကိကပြောသည်။ဘန်နီဖြိုးနှင့် ကိကိတို့ နှစ်ဦးပေါင်း၍ ပုံစံနှစ်မျိုးဖြင့် စီ စဉ်ထားသည့် DUO စီးရီး၏ အမ် တီဗီထွက်ရှိပြီးမှသာ ပြည်ပတွင် ကျောင်းပြန်တက်ရန် စီစဉ်ထား ကြောင်း အဆိုတော်ကိကိကပြော သည်။
အဆိုပါအမ်တီဗီအတွက် ကိကိနှင့်ဘန်နီဖြိုးတို့ထူးခြားသည့် ပုံစံသစ်များဖြင့် စတင်ရိုက်ကူး နေပြီဖြစ်ပြီး လာမည့်နှစ်ဆန်းတွင် ထွက်ရှိနိုင်အောင် စီစဉ်နေခြင်း ဖြစ်သည်။ကိကိနှင့်ဘန်နီဖြိုးတို့ နှစ် ဦးပေါင်းဖန်တီးထားသော DUO စီးရီးမှာ ပြီးခဲ့သည့်နှစ် အောက် တိုဘာတွင် အော်ဒီယိုစီဒီအဖြစ် ထွက်ရှိထားခဲ့သည်။
ပါတီတွင်း မဲခွဲမှုအရ အက်ဘော့တ်ကို ဖြုတ်ချပြီး ဩစတြေးလျ ဝန်ကြီးချုပ် ရာထူးကို တန်ဘူးလ်ရယူ
ပါတီတွင်း မဲခွဲဆုံးဖြတ်ချက်ဖြင့် အာဏာရ ဝန်ကြီးချုပ် တိုနီအက်ဘော့တ်ကို ဖြုတ်ချပြီးနောက် မယ်လ်ကွမ် တန်ဘူးလ်သည် ဩစတြေးလျ နိုင်ငံ၏ ဝန်ကြီးချုပ်အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုခဲ့ကြောင်း သတင်းရရှိသည်။
စက်တင်ဘာ ၁၄ ရက် ညပိုင်းက လစ်ဘရယ်ပါတီတွင် ခေါင်းဆောင်ပိုင်း နေရာအတွက် စိန်ခေါ်မဲခွဲမှု ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အက်ဘော့တ် အရေးနိမ့်သွားခဲ့သည်။ စက်တင်ဘာ ၁၅ ရက်တွင်မူ ရင်းနှီးမြှုပ်နှံမှု ဘဏ်လုပ်ငန်းရှင်ဟောင်းနှင့် ရှေ့နေတစ်ဦးဖြစ်သူ တန်ဘူးလ်သည် ဩစတြေးလျ၏ ဝန်ကြီးချုပ်သစ်အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုခဲ့သည်။
အာကာသထဲ ဒုံးကျည်လွှတ်တင်ရန် အစီအစဉ် ရှိနေကြောင်း မြောက်ကိုရီးယား ကြေညာ
တာဝေးပစ် ဒုံးကျည်အသစ်တစ်စင်း လွှတ်တင်နိုင်ရန် အသင့်အနေအထား ရှိနေပြီဖြစ်ကြောင်း မြောက်ကိုရီးယား အစိုးရက ကြေညာခဲ့သည်။
လာမည့်လတွင် ကျရောက်မည့် အာဏာရပါတီ ထူထောင်မှု နှစ်ပတ်လည် အခမ်းအနားကို ဂုဏ်ပြုသည့် အနေဖြင့် ကမ္ဘာပတ်လမ်းအတွင်းသို့ ဂြိုဟ်တုတစ်လုံးနှင့် တာဝေးပစ် ဒုံးကျည်တို့ လွှတ်တင်ရန် အစီအစဉ် ရှိနေကြောင်း ပါတီက ကြေညာသည်။
တောင်ကိုရီးယား၊ အမေရိကန်တို့၏ ပူးပေါင်းစစ်ရေးလေ့ကျင့်မှုများကို တုံ့ပြန်သည့် အနေဖြင့် မြောက်ကိုရီးယားက ၎င်းတို့၏ ဒုံးကျည်နည်းပညာကို သွယ်ဝိုက်သည့် နည်းလမ်းမျိုးဖြင့် ပြသခြင်းဟုလည်း ယုံကြည်ရသည်။ အလုပ်သမားပါတီ ထူထောင်မှု နှစ်ပေါင်း ၇၀ ပြည့် အခမ်းအနားကို ဂုဏ်ပြုသည့် အနေဖြင့် မိမိတို့၏ ခမ်းနားတောက်ပသော သိပ္ပံပညာ အောင်မြင်မှုများကို ပြသသွားဖွယ် ရှိနေကြောင်း အမျိုးသား လေကြောင်း ဖွံ့ဖြိုးမှု စီမံကွပ်ကဲရေးဌာနမှ ညွှန်ကြားရေးမှူး တစ်ဦးက ပြောကြားခဲ့သည်။
နိုင်ငံရေးရောဂါ ကာကွယ်ဆေးအမြန်ဆုံးထိုးကြပါ
ယခုလို ရွေးကောက်ပွဲနီး လာတဲ့ အခါသမယမှာ စာရေးသူကို မိတ် ဆွေအချို့က ဘယ်ပါတီကိုလော် ဘီ(Lobby)လုပ်မှာလဲလို့မေးကြ ပါတယ်။ စာရေးသူကတော့ဘယ် ပါတီကိုမှ လော်ဘီမလုပ်နိုင်ပါ ဘူး။ မဲဆန္ဒရှင်ပြည်သူတွေအ တွက်သာ လော်ဘီလုပ်ချင်တာပါ။
ဘာဖြစ်လို့လဲဆိုတော့ရွေး ကောက်ပွဲတစ်ရပ်ကျင်းပတယ် ဆိုတာ အစိုးရတစ်ဖွဲ့ပြောင်းလဲ ချင်လို့ ကျင်းပတာဖြစ်ပြီး တိုင်း ပြည်တိုးတက်အောင်အကောင် အထည်ဖော်နိုင်မယ့်သူတွေကို ရွေးချယ်ရတာဖြစ်တဲ့အတွက် မှန် မှန်ကန်ကန်ရွေးချယ်နိုင်ဖို့ ပြည် သူ့ဘက်ကသာ ရပ်တည်ရခြင်း ဖြစ်ပါတယ်။ တိုင်းပြည်တစ်ပြည် မှာ အစိုးရဆိုတာက အမြဲရှိနေမှာ ဖြစ်ပြီး အဲဒီအစိုးရအဖွဲ့ဝင်တွေကို သာ လေးနှစ်တစ်ကြိမ်ဖြစ်စေ၊ငါး နှစ်တစ်ကြိမ်ဖြစ်စေပြောင်းလဲဖို့ ပြည်သူ့ဘက်က အခွင့်အရေးရ တာဖြစ်ပါတယ်။ တိုင်းပြည်တိုး တက်အောင်မလုပ်နိုင်တဲ့သူတွေ ကိုပဲ ဆက်ရွေးချယ်နေမယ်ဆိုရင် တော့ တစ်ပါတီအာဏာရှင်စနစ် နဲ့ ထူးခြားမှာမဟုတ်ပါဘူး။
ရက် ၆၀ တော်လှန်ရေး
မဲဆွယ်စည်းရုံးခွင့်ကို ပြည် ထောင်စုရွေးကောက်ပွဲ ကော်မရှင်က စက်တင်ဘာ ၈ ရက် နံနက် ၆ နာရီကနေ နိုဝင်ဘာ ၆ ရက် ည ၁၂ နာရီအထိ ရက်ပေါင်း ၆၀ ခွင့်ပြုပေးထားတဲ့အတွက် အဲဒီရက်၆၀ အတွင်းမှာ ပါတီအသီးသီးက မိမိတို့ပါတီ ကိုယ်စားပြုပြီး ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် အမတ်လောင်းတွေ ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက်မဲဆွယ်စည်းရုံးမှုများကို စတင်လုပ်ဆောင်လာကြပြီ ဖြစ်သလိုတစ် သီးပုဂ္ဂလအမတ်လောင်းများကလည်း မဲဆွယ်စည်းရုံးရေးလုပ်ငန်းစဉ်များကို စတင်အကောင် အထည်ဖော်လာကြပြီဖြစ်ပါတယ်။
၂၀၁၅ရွေးကောက်ပွဲ အတွက် မဲဆွယ်စည်းရုံးခြင်းကိုစတင် ခွင့်ပြုပေးလိုက်တဲ့နေ့ဖြစ်တဲ့ စက်တင်ဘာ ၈ ရက်မှာပဲအင်အားကြီးပါတီကြီးနှစ်ခုဖြစ်တဲ့ ပြည်ခိုင်ဖြိုးနဲ့ ဒီချုပ်တို့ရဲ့အလှပြယာဉ်တွေ မန္တလေးမြို့ရဲ့လမ်းမထက်မှာစတင်မြင်တွေ့ကြရပြီး ပါတီဝင်တွေဟာလည်း ဆိုင်းဘုတ်တွေလွှင့်ကိုင်လို့ မိမိတို့ပါတီ အောင်နိုင်ရေးအတွက် လှုပ်ရှားမှုတွေ စတင်အသက်ဝင်လာတာကိုပြည်သူအများသတိပြုမိခဲ့ကြပါတယ်။
Monday, September 14, 2015
ပြည်မြို့ ကန်လယ်ရွှေဟင်္သာလိပ်ရေကန်တွင် အောက်ဆီဂျင်နည်း၍ ငါးကောင်ရေတစ်သောင်းကျော်သေဆုံး
ပြည်မြို့ ကန်လယ်ရွှေ ဟင်္သာဘုရားလိပ်ရေကန်ရှိ ရေတွင် အောက်ဆီဂျင်ပျော်ဝင်မှုပမာဏနည်းပါးခဲ့ခြင်းကြောင့် ရေကန်အတွင်းရှိ ငါးအကောင်ရေတစ်သောင်းကျော် သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။စက်တင်ဘာ ၉ရက်မှ ၁၂ ရက်အထိ လေးရက်ဆက်တိုက် ရေကန်အတွင်းရှိ ငါးများသေဆုံး ခဲ့၍ မွေးမြူရေးနှင့်ရေလုပ်ငန်းဌာ နမှ တာဝန်ရှိသူများက လာရောက် စစ်ဆေးခဲ့ရာ ရေကန်အတွင်းရှိ ရေ များတွင် အောက်ဆီဂျင်ပါဝင်မှု နည်းပါးခြင်းကြောင့် သေဆုံးရ သည်ဟု မှတ်ချက်ပေးသွားကြောင်း ကန်လယ် ရွှေဟင်္သာမှ တာဝန်ကျ ၀န်ထမ်းဦးဘိုနီက ပြောကြားသည်။
အိန္ဒိယစစ်တပ်က ခေါ်ဆောင်သွားသော ပန်ဆောင်မြို့ခံနှစ်ဦး သီတင်းတစ်ပတ်ကျော်အထိ ပြန်မလွတ်သေး
အိန္ဒိယစစ်တပ်က ခေါ်ဆောင်သွားသည့် ပန်ဆောင် မြို့ ဒေသခံနှစ်ဦးကို တစ်ပတ် ကျော်ကြာလာသော်လည်း ပြန် မလွှတ်ပေးသေးကြောင်း သတင်း ရရှိသည်။
ပန်ဆောင်မြို့မှ ဒေသခံနှစ် ဦးသည် နယ်စပ်အနီး တောထဲ တွင် သစ်ခုတ်သွားစဉ် အိန္ဒိယ နိုင်ငံ နယ်စပ်လုံခြုံရေးတပ် အ မှတ် (၄၂) အာသံရိုင်ဖယ်တပ်က စက်တင်ဘာ ၄ ရက်တွင် ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ခြင်းဖြစ်သည်။‘‘အခုချိန်ထိတော့ ပြန် မလွှတ်သေးဘူး။ မနေ့က တပ်က အရာရှိတစ်ယောက်၊ ရုံးကတစ် ယောက်နှင့် ဘာသာပြန်သွားပြီး တွေ့တယ်။ ရဲစခန်းမှာထား တယ်။ အချုပ်ခန်းထဲထားတာ တော့ မဟုတ်ဘူး။ တနင်္လာနေ့ မှာ ပြန်ပို့ပေးမယ်လို့တော့ပြော တယ်’’ ဟု ပန်ဆောင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဘားမန်းက ပြော သည်။
ရွေးကောက်ပွဲတွင် မီဒီယာများ သတင်းယူခွင့် မရှင်းလင်းသဖြင့် စာနယ်ဇင်း ကောင်စီက ရွေးကောက်ပွဲကော်မရှင်ထံစာပို့
ရွေးကောက်ပွဲတွင် မီဒီ ယာများသတင်းရယူခွင့်နှင့်ပတ် သက်၍ နှစ်ကြိမ်တိုင်ထုတ်ပြန်ခဲ့ သော်လည်း သတင်းယူခွင့်ပြု သည့် နယ်မြေသတ်မှတ်ချက် မရှင်းလင်း၍ စက်တင်ဘာ ၁၁ ရက်၌ စာနယ်ဇင်းကောင်စီက ရွေးကောက်ပွဲကော်မရှင်သို့ ဒုတိ ယအကြိမ်စာပေးပို့ခဲ့ရကြောင်း သတင်းရရှိသည်။
ရွေးကောက်ပွဲနေ့ သတင်း ယူခွင့်အတွက် ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်က သြဂုတ် ၃ ရက်တွင် ပထမအကြိမ်ထုတ် ပြန်ခဲ့သော်လည်း ကန့်သတ်ချက် များရှိသည်ဟုဆိုကာ စာနယ်ဇင်း ကောင်စီက ညှိနှိုင်းခဲ့ခြင်းကြောင့် စက်တင်ဘာ ၄ ရက်၌ ထပ်မံ ပြင်ဆင်သည့် ထုတ်ပြန်ချက်ကို ရွေးကောက်ပွဲ ကော်မရှင်ကထုတ် ပြန်ခဲ့သည်။ သို့သော် သတင်းယူခွင့်ပြုသည့် နယ်မြေသတ်မှတ်ချက် ရှင်းလင်းခြင်း မရှိသေး၍ စာပေးပို့ရခြင်းဖြစ်ကြောင်း စာနယ်ဇင်းကောင်စီ (ယာယီ) အတွင်းရေးမှူးဦးကျော်မင်းဆွေက ပြောသည်။
ကယ်လီဖိုးနီးယားတွင် တောမီးလောင်ကျွမ်းမှုများကြောင့် အိမ်ခြေ ရာနှင့်ချီ ဆုံးရှုံး
အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယား ပြည်နယ်တွင် တောမီးများ လျင်မြန်စွာ ပျံ့နှံ့လောင်ကျွမ်းနေပြီး နေအိမ်နှင့် အခြားအဆောက်အအုံ အများအပြား ပျက်စီး ဆုံးရှုံးခဲ့ကြောင်း သတင်းရရှိသည်။
ကယ်လီဖိုးနီးယား မြောက်ပိုင်း မစ်ဒယ်လ်တောင်း ကျေးရွာတွင် အိမ်ခြေအဆောက်အအုံ ရာနှင့်ချီ မီးလောင်ကျွမ်းခံရပြီး ပတ်ဝန်းကျင် ဒေသများကိုပါ ခြိမ်းခြောက်နေကြောင်း ဒေသဆိုင်ရာ မီးသတ်တပ်ဖွဲ့က စက်တင်ဘာ ၁၃ ရက်တွင် ကြေညာခဲ့သည်။
အီဂျစ်တပ်ဖွဲ့များ၏ မှားယွင်းတိုက်ခိုက်မှုကြောင့် ကမ္ဘာလှည့် ခရီးသည် ၁၂ ဦးသေဆုံး
ကမ္ဘာလှည့် ခရီးသွား အဖွဲ့တစ်ခုကို စစ်သွေးကြွများနှင့် မှားယွင်းပြီး အီဂျစ် လုံခြုံရေး တပ်ဖွဲ့များက တိုက်ခိုက်ရာ လူ ၁၂ ဦး သေဆုံးသွားကြောင်း သတင်းရရှိသည်။
စက်တင်ဘာ ၁၄ ရက်တွင် နိုင်ငံ အနောက်ပိုင်း သဲကန္တာရအတွင်းရှိ ကန့်သတ်ဇုန် တစ်ခုထဲသို့ ကမ္ဘာလှည့် ခရီးသည်ယာဉ်တန်း ဝင်ရောက်သွားစဉ် လုံခြုံရေး တပ်ဖွဲ့က မှားယွင်း တိုက်ခိုက်မိခဲ့ခြင်းဟု သိရသည်။ ဖြစ်ရပ်တွင် မက္ကဆီကို နိုင်ငံသား ၂ ဦးအပါအဝင် လူ ၁၂ ဦး သေဆုံးပြီး ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
အီဂျစ် စစ်တပ်နှင့် ရဲတပ်ဖွဲ့တို့ ပူးပေါင်းထားသည့် တပ်ဖွဲ့တစ်ခုသည် ကျယ်ပြန့်သည့် သဲကန္တာရ ဧရိယာအတွင်း လှုပ်ရှားနေသည့် အစ္စလာမ်မစ် နိုင်ငံတော် (အိုင်အက်စ်) စစ်သွေးကြွ အဖွဲ့ခွဲ တစ်ခုကို ခြေရာခံ ရှာဖွေနေခြင်း ဖြစ်ပြီး ကားလေးစီး ရှေ့ဆင့်နောက်ဆင့် မောင်းနှင်နေသည့် ယာဉ်တန်းကို မှားယွင်း တိုက်ခိုက်မိခြင်း ဖြစ်သည်။
ဘန်ကောက် ဗုံးကွဲမှုနှင့် ဆက်နွှယ်သည့် မသင်္ကာသူ သုံးဦးကို မလေးရှား ရဲတပ်ဖွဲ့ ဖမ်းဆီး
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ဖြစ်ပွားခဲ့သည့် ဧရာဝဏ်နတ်ကွန်း ဗုံးခွဲမှုနှင့် ဆက်နွှယ်သည်ဟု ယူဆရသည့် မသင်္ကာသူ သုံးဦးကို ဖမ်းဆီးထားကြောင်း မလေးရှား ရဲတပ်ဖွဲ့က ကြေညာခဲ့သည်။
ဩဂုတ် ၁၇ ရက်က ဘန်ကောက်ရှိ လူအများ စည်ကားနေရာ နတ်ကွန်း ဧရိယာတွင် ဗုံးကွဲမှု ဖြစ်ပွားခဲ့ရာ လူပေါင်း ၂၀ အသက်ဆုံးရှုံးခဲ့သည်။ မလေးရှား ရဲတပ်ဖွဲ့ အကြီးအကဲက မိမိတို့သည် အဆိုပါ ဖြစ်ရပ်နှင့် ပတ်သက်မှု ရှိနေသည်ဟု ယုံကြည်ရသူ သုံးဦးကို ထိန်းသိမ်းထားကြောင်း စက်တင်ဘာ ၁၄ ရက်တွင် မလေးရှား ရဲတပ်ဖွဲ့ အကြီးအကဲ ခါလစ်ဒ် အဘူဘေကာက သတင်းထုတ်ပြန်ခဲ့သည်။
တစ်သီးပုဂ္ဂလအမတ်လောင်းများအား မဲမပေးရန် ဒေါ်အောင်ဆန်းစုကြည်ပြောကြားချက်အပေါ် တစ်သီးပုဂ္ဂလအမတ်အချို့တုံ့ပြန်
တစ်သီးပုဂ္ဂလကိုယ်စား လှယ်လောင်းများအား မဲမပေးရန် ဒေါ်အောင်ဆန်းစုကြည်ပြောကြားချက်သည် ပါတီခေါင်းဆောင်တစ်ဦးအနေဖြင့် မပြောသင့်သည့် စကားကို ပြောကြားခဲ့သဖြင့် စိတ် မကောင်းဖြစ်ရကြောင်း တစ်သီး ပုဂ္ဂလကိုယ်စားလှယ်လောင်းအ ချို့က ပြောကြားသည်။
‘‘အခုဆိုရင် တချို့တွေက တစ်သီးပုဂ္ဂလအနေနဲ့ ၀င်ပြိုင်ကြ ပါတယ်။ တစ်သီးပုဂ္ဂလဆိုတာ အစိုးရဖွဲ့လို့ မရပါဘူး။ တစ်သီး ပုဂ္ဂလတွေဟာ အစိုးရဖွဲ့လို့မရ တာကြောင့်မို့ တစ်သီးပုဂ္ဂလတွေ အတွက် မဲပေးမယ့်အစား အစိုးရ ဖွဲ့လို့ရမယ့် ပါတီတွေကိုပဲ မဲပေးစေချင်ပါတယ်။ ဒါမှ ကိုယ့်ရဲ့ မဲတွေက တန်ဖိုးရှိမှာပါ။ ကိုယ့်ရဲ့မဲတွေကို တန်ဖိုးရှိအောင် လုပ်ကြပါ’’ဟု ဒေါ်အောင်ဆန်းစုကြည်က ရှားတောမြို့တွင် ပြုလုပ်သော မဲဆွယ်စည်းရုံးရေးဟောပြောပွဲ၌ ပြောကြားခဲ့ခြင်း ဖြစ်သည်။
Saturday, September 12, 2015
လိပ်ကျွန်းလူသတ်မှု မြန်မာနှစ်ဦး ကွင်းလုံးကျွတ် လွတ်တော့မလား လူသတ်လက်နက်ပေါက်တူးပေါ်ရှိ ဒီအင်န်အေသည် မြန်မာလုပ်သားနှစ်ဦးမှ မဟုတ်ကြောင်း နာမည်ကြီးထိုင်းအမျိုးသမီးမှုခင်းဆရာဝန် ထွက်ဆို
ထိုင်းနိုင်ငံတရားမျှတရေးဝန်ကြီးဌာန၊
မှုခင်းဆေးသိပ္ပံဌာနမှူး ဒေါက်တာ ပွန်တစ်သည် လိပ်ကျွန်းလူသတ်မှု
ဒီအင်န်အေစစ်ဆေးချက်များနှင့်ပတ်သက်၍ တရားရုံးသို့ လာရောက်ထွက်ဆိုရာ
ပေါက်တူးတွင်တွေ့ရှိသည့် ဒီအင်န်အေသည် မြန်မာလုပ်သား နှစ်ဦး၏
ဒီအင်န်အေနှင့် မတူညီ ကြောင်း ထွက်ဆိုခဲ့သည်။
ထိုင်းရဲတပ်ဖွဲ့က
လိပ်ကျွန်း လူသတ်မှု ဒီအင်န်အေစစ်ဆေး ရာတွင် လုပ်ထုံးလုပ်နည်းအတိုင်း
လုပ်ဆောင်ခဲ့ခြင်းမရှိဟု ဒေါက် တာ ပွန်တစ်က ထွက်ဆိုကြောင်း
မြန်မာသံရုံးအထူးအဖွဲ့မှ ရှေ့နေ ဦးအောင်မျိုးသန့်က ပြောသည်။
‘‘တစ်ချက်က
ပေါက်တူးကို ဒီအင်န်အေစစ်တယ်။ လူသတ် တရားခံရဲ့ ဒီအင်န်အေတွေ့တယ်။ ဒါပေမဲ့
အဲဒီဒီအင်န်အေက ဇော် လင်းရယ်၊ ၀င်းဇော်ထွန်းရယ်၊ မောင်မောင်တို့ရဲ့
ဒီအင်န်အေ မဟုတ်ဘူးလို့ ပြောပါတယ်။ ပြော ရမယ်ဆိုရင် ရှင်းနေတာပဲ။ တခြား
သူတစ်ယောက် ရှိတယ်ပေါ့။ နောက်တစ်ချက်က ဒီအင်န်အေ ရယူတဲ့အခါမှာ
အော်တိုစက်ကို သုံးမယ်ဆိုရင် မစစ်ခင်ကတည်း က စစ်မယ့်သူရဲ့ နာမည်၊ လိပ်စာ
တို့ထည့်ရတယ်။ တရားရုံးမှာ တင်ထားတဲ့အမှုက အရင်စစ်ပြီးမှ နာ မည်၊
လိပ်စာတို့ယူထားတယ်။ စာသားတွေကို ပြင်ထားတယ်ဆိုတာ နာရီကွာခြားချက်၊
ရက်စွဲကွာခြား ချက်တွေမှာ တွေ့ရတယ်လို့ ထွက်ဆိုသွားပါတယ်။ ကွဲလွဲနေတာ
ပေါ့’’ဟု ရှေ့နေ ဦးအောင်မျိုးသန့် က ပြောသည်။
သမ္မတဦးသိန်းစိန် ဓာတ်ပုံကိစ္စ ဒါရိုက်တာမိုက်တီးကို ခေါ်ယူမေးမြန်းပေးရန် ရုပ်ရှင်အစည်းအရုံးသို့ ပြန်ကြားရေးဝန်ကြီးဌာန အကြောင်းကြား
လူမှုကွန်ရက်စာမျက်နှာ
တွင် နိုင်ငံတော်သမ္မတ ဦးသိန်း စိန်၏ ဓာတ်ပုံကို ဖိုတိုရှော့ဖြင့် ပြု
ပြင်၍ တင်ထားသည့် မိုက်တီးအ မည်ဖြင့် ဖေ့စ်ဘွတ်ခ်အကောင့် သည်
ဒါရိုက်တာမိုက်တီး သုံးစွဲ သည့် အကောင့်အစစ် ဟုတ်၊ မဟုတ် ကာယကံရှင်အား
ခေါ်ယူ မေးမြန်းပေးရန် ရုပ်ရှင်အစည်းအရုံးသို့ အကြောင်းကြားထား ကြောင်း
ပြန်ကြားရေး ၀န်ကြီးက ပြောသည်။
‘‘အကောင့်စစ်
ဟုတ်၊ မဟုတ် ကာယကံရှင်ကိုခေါ်ပြီး မေးမြန်းပြီးတော့
အကြောင်းပြန်ကြားပေးဖို့ ရုပ်ရှင်အစည်းအရုံးကို စာထုတ်လိုက်တာပါ။
အဲဒီအကောင့်ကိုလည်း လုပ်ထုံးလုပ်နည်းတွေအရ ဖေ့စ်ဘွတ်ခ်ကို Report
လုပ်ထားပါတယ်’’ဟု ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်ကပြောသည်။
လူဦးရေ
၄၀၀ ကျော် Like လုပ်ထားသော မိုက်တီးအမည် ဖြင့် ဖန်ပေ့ခ်ျသည်
‘‘ဂျီဟတ်ဂျွန်၏ညီ ဂျီဟတ်ပြောင်အား သစ္စာဖောက်မှုဖြင့် ISIS
ကွပ်မျက်’’ဟုရေးသားကာ ကွပ်မျက်ခံရသူ မျက်နှာတွင် နိုင်ငံတော်သမ္မတ ဦး
သိန်းစိန်၏မျက်နှာကို ပြုပြင်ဖန် တီးကာ တင်ထားခြင်းဖြစ်သည်။
ယင်းအကောင့်နှင့်
ပတ် သက်၍ ဒါရိုက်တာမိုက်တီးက အဆိုပါဖန်ပေ့ခ်ျသည် အကောင့်အတုဖြစ်ကြောင်း၊
ယင်းအကြောင်းအရာကို ဖေ့စ်ဘွတ်ခ်သုံးစွဲသူများအနေဖြင့် မျှဝေပေးစေလိုကြောင်း
၎င်းကိုယ်တိုင်အသုံးပြုသည့် ‘မိုက်တီး’ ဖေ့စ်ဘွတ်ခ်အကောင့်မှတစ်ဆင့် စက်တင်ဘာ
၁၁ ရက်တွင် ရေးသား၍ အကူအညီ တောင်းထားသည်။
မက္ကာရှိဗလီကြီးမှာကရိန်းပြိုကျလို့ လူအများအပြားသေ
မက္ကာရှိ
ဗလီကြီးမှာ ကရိန်းကြီးပြိုကျလို့လူ ၈၇ယောက်သေဆုံး တယ်လို့ ဆော်ဒီ အာရေဗျ
လုံခြုံရေး အရာရှိတွေကပြောပါတယ်။ မွတ်ဆလင် သန်းနဲ့ချီလာရောက်မယ့် အခုလကုန်
ဟာဂ်ျရာသီမစမီ ခုလို မတော်တဆမှုဖြစ်ပွားတာဖြစ်ပါတယ်။
NLD ကိုမဲပေးရင် ဒီမိုကရေစီရဲ့အရသာ သိရလိမ့်မည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြော
ကယားပြည်နယ်ကို မဲဆွယ်စည်းရုံးရေး ခရီးအဖြစ်နဲ့ ရောက်ရှိနေတဲ့
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် က ၂၀၁၅
နိုဝင်ဘာ ၈ ရက်နေ့ ကျင်းပမည့် ရွေးကောက်ပွဲတွင် NLD ကိုမဲပေးကြဖို့နဲ့ NLD
ကိုမဲပေးရင် ဒီမိုကရေစီရဲ့အရသာ သိရလိမ့်မယ်လို့ မနေ့ညနေက
လွိုင်ကော်မြို့ခံပြည်သူတွေကို မဲဆွယ်ဟောပြောစဉ်မှာ
ထည့်သွင်းပြောဆိုသွားပါတယ်။
ဖားကန့်တွင် ရေမဆေးကျောက် ရှာသူနှစ်ဦး မိုးကြိုးပစ် ခံရပြီး သေဆုံး
ဖားကန့်မြို့နယ် လေးအိမ်စုတွင် ရေမဆေး ကျောက်ရှာဖွေပြီး ပြန်လာသည့်
လူငယ်နှစ်ဦး စက်တင်ဘာ ၁၀ ရက်ညနေက မိုးကြိုးစက်ကွင်း မိကာ
သေဆုံးသွားကြောင်း ဖား ကန့်မြို့မရဲစခန်းမှ သတင်းရရှိ သည်။
သေဆုံးသွားသူများသည် ကချင်ပြည်နယ် မိုးကောင်းမြို့ မှ
ကိုဗိုလ်ဗိုလ်ဝင်းဆိုသူနှင့် မွန် ပြည်နယ် ကျိုက်ထိုမြို့မှ
ဇော်လင်းဆိုသူဖြစ်ကြောင်း ဒေသခံများထံ မှ သိရသည်။
Thursday, September 10, 2015
တောင်ကြီးမြို့တွင် ပါတီအချို့ မဲဆွယ်စည်းရုံးမှုများစတင်
လာမည့်ရွေးကောက်ပွဲကာလအကြို မဲဆွယ်စည်းရုံးမှု များကို တောင်ကြီးမြို့တွင် ပါတီ အချို့စတင်လုပ်ဆောင်နေပြီဖြစ် ကြောင်း သတင်းရရှိသည်။
စက်တင်ဘာ ၈ ရက်မှစတင် ကာ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် (NLD)က အမေ့ဂီတကားဖြင့်တောင်ကြီးမြို့တွင်းလှည့်လည်မဲ ဆွယ်စည်းရုံးခြင်း၊ လက်ကမ်းစာ စောင်များဝေငှခြင်းများပြုလုပ်ခဲ့ ပြီး စက်တင်ဘာ ၉ ရက်၌လည်း ကျောက်နီ၊ ရေပူ၊ တောင်နီကျေး ရွာများအထိ ကားဖြင့်လှည့်လည် စည်းရုံးလျက်ရှိကြောင်း တောင် ကြီးခရိုင်အမျိုးသားဒီမိုကရေစီအ ဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးတင်မောင်တိုးက ပြောသည်။
အမျိုးသမီးတွေကို လွှတ်ပေးပါ
အခုတစ်လော အမေရိကန်က ဦးဆောင်ပြီး ကမ္ဘာတစ်ဝန်းက ယုံ ကြည်ချက်ကြောင့် အကျဉ်းချခံ နေရတဲ့ အမျိုးသမီး ၂၀ ကိုလွှတ် ပေးဖို့ တောင်းဆိုတဲ့လှုပ်ရှားမှု ပေါ်ထွက်လာပါတယ်။ အမျိုး သမီး ၂၀ ထဲမှာ မြန်မာနိုင်ငံက မဖြိုးဖြိုးအောင်နဲ့ ဒေါ်နော်အုန်းလှတို့ပါလာပါတယ်။ ဒီလှုပ်ရှားမှုဟာ ၁၉၉၅ ခုနှစ် ဘေဂျင်းအနီး ဟွေရိုးမှာလုပ်ခဲ့တဲ့ ကမ္ဘာ့အမျိုးသမီး ညီလာခံက ဆုံးဖြတ်ခဲ့တဲ့အဆုံးအဖြတ် အနှစ် (၂၀)ပြည့်တဲ့ အနေနဲ့ ဆောင်ရွက်တာလို့ သိရပါတယ်။၁၉၉၅ ခုနှစ်မှာ ကျင်းပခဲ့တဲ့ စတုတ္ထအကြိမ်မြောက် ကမ္ဘာ့ အမျိုးသမီးညီလာခံလို့ဆိုလိုက် တော့ ထောင်ထဲမှာတုန်းက အတွေ့အကြုံတွေကို သတိရစေပါတယ်။ အဲဒီညီလာခံအကြောင်း မသိခဲ့ပေမယ့် ထောင်ဝင်စာထွက် တဲ့တစ်နေ့မှာ ကျွန်မအဖေကို သူ့ ရဲ့မိတ်ဆွေတစ်ယောက်က ‘‘ခင် ဗျားသမီး တရုတ်ပြည်ရောက်နေ လား’’လို့မေးကြောင်း ပြောပါ တယ်။ ဖေဖေကမဟုတ်ကြောင်း ပြန်ဖြေခဲ့တယ်လို့ ပြောပြတော့ သားအမိ၊ သားအဖတွေစဉ်းစား မရဖြစ်ခဲ့ပါတယ်။
ရေဘေးကြောင့် ရှေးဟောင်းဒေသများပျက်စီးမှုစာရင်း ပြုစုရန် ပညာရှင်များ အကြံပြု
မြန်မာနိုင်ငံတစ်ဝန်း တွင် ရေဘေးဒဏ်ခံခဲ့ရမှုကြောင့် ရှေးဟောင်းယဉ်ကျေးမှုဒေသများ ၌ ထိခိုက်ပျက်စီးမှုများအား စာ ရင်းကောက်ယူမှုများနှင့် ပြန် လည်ပြင်ဆင်မှုများ ပြုလုပ်ရန် ရှေးဟောင်းသုတေသနပညာရှင် များက အကြံပြုသည်။
၂၀၁၅ ဇွန်လမှစ၍ သြဂုတ် အထိမြန်မာနိုင်ငံအနှံ့အပြားတွင် မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး ရေ ကြီးရေလျှံမှုများ ဖြစ်ပွားသော ကြောင့် ရှေးဟောင်းယဉ်ကျေးမှု နယ်မြေများ၊ ပြုပြင်ထိန်းသိမ်းနေ ဆဲနှင့် တူးဖော်နေဆဲဖြစ်သော ယဉ်ကျေးမှု နယ်မြေများ၊ ရှေး ဟောင်းအဆောက်အအုံများပျက် စီးဆုံးရှုံးမှုများ ရှိ၊မရှိ ရှေးဟောင်း သုတေသနဌာနနှင့် အမျိုးသားပြ တိုက်ဌာနများက ထုတ်ပြန်ပေး သင့်ကြောင်း ရှေးဟောင်းသုတေ သနပညာရှင်များကပြောသည်။
ရေကြီးမှုကြောင့် မြန်မာ နိုင်ငံအထက်ပိုင်းရှိ ရှေးဟောင်း နယ်မြေများတွင် အနည်းနှင့်အ များ မြေအနေအထား ထိခိုက်နိုင် ပြီး အမြန်ဆုံးကွင်းဆင်း စစ်ဆေး သင့်ကြောင်း၊ အကယ်၍စိုးရိမ်စ ရာမရှိလျှင်လည်း အခြေအနေကို ထုတ်ပြန်သင့်ကြောင်း ပညာရှင် များကဆိုသည်။
လာမည့် ၂၅ နှစ်အတွင်း အစ္စရေးနိုင်ငံ ပျောက်ကွယ်သွားမည်ဟု အီရန် အဓိပတိ ခြိမ်းခြောက်
လာမည့် ၂၅ နှစ်တွင် ကမ္ဘာပေါ်၌ အစ္စရေးနိုင်ငံ ရှိတော့မည် မဟုတ်ဟု အီရန်၏ အဓိပတိ ခေါင်းဆောင်ကြီး အယာတိုလာ အလီ ခါမေနီက ခြိမ်းခြောက် ပြောကြားလိုက်သည်။
မကြာသေးမီက အီရန်၏ နျူကလီးယား အရေးနှင့် ပတ်သက်၍ အမေရိကန်နှင့် ဆွေးနွေးသဘောတူညီမှု ရရှိခဲ့သော်လည်း အနာဂတ် ကာလတွင် မကောင်းဆိုးရွား အမေရိကန်နှင့် မည်သည့် သဘောတူညီမှုမျှ ရယူမည် မဟုတ်ကြောင်းလည်း ခါမေနီက စက်တင်ဘာ ၉ ရက်တွင် ၎င်း၏ ကိုယ်ပိုင် ဝက်ဘ်ဆိုက်နှင့် Twitterပေါ်၌ သဘောထားထုတ်ပြန် ရေးသားခဲ့သည်။
အီရန်၏ ဖွဲ့စည်းပုံအရ ခါမေနီသည် နိုင်ငံရေးနှင့် ဘာသာရေးတွင် အကြီးကျယ်ဆုံး အဓိပတိ ရာထူးနေရာကို ဆက်ခံရယူထားသူ ဖြစ်သည်။ အမေရိကန် ပြည်ထောင်စုက အီရန်နှင့် ရယူထားသော သဘောတူညီမှုအရ အစ္စရေး၏ လုံခြုံရေးကို နောက်ထပ် အနည်းဆုံး ၂၅ နှစ်စာ အာမခံနိုင်ကြောင်း ကတိပြုထားရာ ခါမေနီက အစ္စရေးသည် နောက်ထပ် ၂၅ နှစ်အကြာတွင် ကမ္ဘာ့မြေပုံပေါ်၌ ရှိနေတော့မည် မဟုတ်ဟု ပြက်ရယ်ပြုသွားခြင်း ဖြစ်သည်။
သရုပ်ဆောင် ဟိန်းဝေယံနှင့် တစ်ခဏ
‘‘အနုပညာအလုပ်တွေချည်း လုပ်မယ်ဆိုတာ အသည်းကွဲတာများလို့လည်း မဟုတ်ပါဘူး’’
သရုပ်ဆောင် ဟိန်းဝေယံနှင့် တစ်ခဏ
Thursday, September 10, 2015
ကားရိုက်များလာတဲ့ သရုပ် ဆောင်ဟိန်းဝေယံက ၀ိညာဉ်စိမ်း ဇာတ်ကားမှာလည်း ပါဝင်သရုပ် ဆောင်မှာမို့ ထူးထူးခြားခြား ပြင် ဆင်ထားပုံများနဲ့ လတ်တလော လှုပ်ရှားမှုအကြောင်းလေးတွေ မေးမြန်းထားတာတွေကို ဖော်ပြ ပေးလိုက်ပါတယ်။
အခုရိုက်ကူးတော့မယ့် ၀ိညာဉ်စိမ်းရုပ်ရှင်ကားကြီးမှာ ဘယ်နေရာက ပါဝင်သရုပ် ဆောင်မှာလဲ။ ဒီဇာတ်ကားနဲ့ပတ် သက်ပြီး ရင်ခုန်နေပြီလား။
ပထမဆုံး စတင်အရေးယူခဲ့သည့် နိုက်ကလပ် ကခြေသည် အဖေါ်အချွတ်မယ်များ
ထိုင်းနိုင်ငံ ချွန်ဘူရီက ဘန့် လမုံ ရပ်ကွက်က နိုက်ကလပ်တခုကို စက်တင်ဘာ
၉ရက် မနက် ၁နာရီ တွင် ရဲနှစ်ဦး ၀င်ရောက် လာပြီး တဆိုင်လုံးအား မီးဖွင့်
ခိုင်းခဲ့ပါတယ်။
ပြီးမှစင်ပေါ်မှာ
အပေါ်ပိုင်း အ၀တ်မပါဘဲ ကနေတဲ့ အမျိုးသမီးသုံးဦးနဲ့ အထိမ်း မာမာစံ
အသက်၄၅နှစ်ကိုပါ ဖမ်းပြီး ရဲစခန်းမှာ မဖွယ်မရာ ကပြ၍ လာရောက်ကြည့်ရူ
့သူများအောင် လိင်အသားပေး အကများနဲ့  ဆွယ်နေခြင်းအတွတ် တရားဆွဲ
ဒဏ်ရိုက်ခဲ့ကြောင်း သိရပါတယ်။
ထိပ်သီးတွေ့ဆုံပွဲပြီးသော်လည်း တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးမည့်ရက် မသတ်မှတ်နိုင်သေး

- တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ်(NCA)ကို လက်မှတ်
ရေးထိုးနိုင်မည့် လက်နက်ကိုင်အဖွဲ့အရေအတွက်ကိစ္စ ညှိနှိုင်း။
- တပ်မတော်နှင့် မပြေလည်သော လက်နက်ကိုင်
အဖွဲ့သုံးဖွဲ့အတွက် သမ္မတအစီအစဉ်ရေးဆွဲ။
- NCA လက်မှတ်ရေးထိုးမည့်ရက် အတိအကျ မသတ်မှတ်နိုင်သေး။
- စက်တင်ဘာ ၂၉ တွင် လက်မှတ်ရေးထိုးရန် သမ္မတကကမ်းလှမ်း၊
အောက်တိုဘာ ၁၅ တွင် ပြုလုပ်ရန် တိုင်းရင်းသား လက်နက်ကိုင်
အဖွဲ့များ တောင်းဆို။
Wednesday, September 9, 2015
ရဲတပ်ဖွဲ့ကို ဘယ်လိုပြုပြင်ပြောင်းလဲမလဲ
မြို့နယ်အဆင့် ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်နှစ်ဦး၏ နာရေးကို ပြည်ထဲရေးဒုတိယဝန်ကြီးနှင့် ရဲချုပ်တို့က စက်တင်ဘာ၏ မိုး ဖွဲဖွဲများအောက် လိုက်ပါပို့ဆောင်ပေးခဲ့သည်။ ထိုမြင်ကွင်းက ရဲတပ် ဖွဲ့ဝင်များအတွက် ထူးဆန်းအံ့သြ ဖွယ်ဖြစ်နေပြီး ယခင်ကထိုကဲ့သို့ အသိအမှတ်ပြုခံရခြင်းမရှိခဲ့ဟု လက်ရှိတာဝန်ထမ်းဆောင်နေ သည့် ရှေ့မီနောက်မီရဲတပ်ဖွဲ့ဝင်များကပြောကြသည်။ သေဆုံးသူ ရဲတပ်ဖွဲ့ဝင်နှစ်ဦးမှာ ရန်ကုန်တိုင်း ဒေသကြီး တောင်ပိုင်းခရိုင် သန်လျင်မြို့နယ်မှ ရဲတပ်ဖွဲ့ဝင်နှစ် ဦးဖြစ်သည်။ တရားခံပြေးကို တည်းခိုခန်းတွင် ဝင်ဖမ်းစဉ် တရားခံပြေးက ဓားနှစ်ချောင်းကိုဘယ်၊ ညာကိုင်၍ တိုက်ခိုက်သတ်ဖြတ်ခြင်း ခံလိုက်ရခြင်းဖြစ်သည်။
သတင်းဌာန ဖေ့စ်ဘွတ်ခ်အတုပြုလုပ်သူများ ရှိနေသည်
7 Day News နှင့် 7Day Daily တို့၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာကို အတုပြုလုပ်၍ တင်ထားသော သတင်းအမှားအချို့
‘‘ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းအပါအ၀င် ပါတီ ထိပ်ပိုင်းခေါင်းဆောင်အချို့နှင့် မိသားစုဝင်များ ထိန်းသိမ်းခံရ’’
‘‘မဘသဆရာတော်တွေ အတူနေစုံတွဲတွေကို လိုက်လံရှာ ဖွေပြီး လက်ထပ်ခိုင်း’’
‘‘တောင်ကျရေများကြောင့် ဧရာဝတီမြစ်ကူးတံတား (ရတနာ ပုံ) ရေစီးနဲ့ အတူမျောပါသွား’’ အစရှိသည့် သတင်းများသည်ပြီးခဲ့ သည့်ရက်ပိုင်းအတွင်း စာဖတ်သူတို့ ဖေ့စ်ဘွတ်ခ်စာမျက်နှာများမှ တစ်ဆင့်ဖတ်ခဲ့ရသော သတင်းများဖြစ်သည်။
အိမ်ထောင်ရေးဖောက်ပြန်သူတို့ရဲ့အကြောက်ဆုံးရန်သူ တစ်လင်တစ်မယားစနစ်
မကြာမီရက်ပိုင်းအတွင်း ထုတ်ပြန်ခဲ့သော တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာဥပဒေအပေါ် ထောက်ခံသူများနှင့် ကွန့်ကွက်သူများပါ ရှိနေသည်။ဥပဒေများအကြောင်း ပြောခဲလှသော မြန်မာ့လူ့အဖွဲ့အစည်းအတွင်း လွန်ခဲ့သော ရက်ပိုင်းအတွင်းက ပြဋ္ဌာန်းလိုက်သည့် ဥပဒေတစ်ခုအကြောင်း လူပြောများလှသည်။ မျိုးစောင့်ဥပဒေလေးခုအနက် နောက်ဆုံး ပြဋ္ဌာန်းလိုက်သော တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေပင် ဖြစ်သည်။
‘‘ခုနစ်နှစ်နော် ခုနစ်နှစ်၊ ၁၀ နှစ် ၁၀ နှစ်’’ယခုရက်ပိုင်းအတွင်း အိမ်ထောင်ရှင် အမျိုးသားများအကြား ရေပန်းစားလှသော စကား ဖြစ်သည်။ နောက်ပြောင်ပြောဆို ခြင်းဖြစ်သော်လည်း သတိပေးသံ စွက်နေသည်။
ခုနစ်နှစ်၏ အဓိပ္ပာယ်မှာ အိမ်ထောင်သည်တစ်ဦးက (လင်ရော မယားပါ အကျုံးဝင်သည်)အိမ်ထောင်ရှိလျက် နောက်အိမ် ထောင်ပြုလျှင် ချမှတ်ခံရမည့် ပြစ်ဒဏ်ဖြစ်သည်။ အိမ်ထောင်ရှိ လျက် တရားဝင် နောက်အိမ် ထောင်ပြုခြင်းမဟုတ်ဘဲ တိတ် တိတ်ပုန်းလျှင်လည်း ခုနစ်နှစ်ဖြစ် ၏။
Subscribe to:
Posts (Atom)















