Wednesday, September 23, 2015

အလုပ်အကိုင် အခွင့်အလမ်းအတွက် အမတ်လောင်းများ၏ စိတ်ကူး


 ပြည်တွင်းအလုပ်အကိုင်ရှားပါးမှုကြောင့် အလုပ်လက်မဲ့  ဦးရေ နှင့် အခြားနိုင်ငံများသို့ ရွှေ့ပြောင်းလုပ်ကိုင်နေမှုများက မြန်မာနိုင်ငံ၏ စီးပွားရေးအခြေအနေကျဆင်းနေမှုကို ထင်ဟပ်စေပါသည်။
သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက် မတိုင်မီကတည်းက ဖြစ်ပေါ်နေခဲ့သည့် အဆိုပါပြဿနာသည် အစိုးရသက်တမ်းငါးနှစ်ကုန်ဆုံးရန် လပိုင်းသာလိုတော့သည့် အချိန်အထိ ဖြေရှင်းနိုင်မှု မရှိသေးပေ။ ထို့ကြောင့်ယင်းပြဿနာကို ဖြေရှင်းရန် နောက်အစိုးရသက်တမ်း ၀င်ရောက်ရွေးချယ်ခံရမည့် ကိုယ်စားလှယ်လောင်းများအနေဖြင့် ၎င်းတို့သက်ဆိုင်ရာပါတီ လုပ်ငန်းစဉ်မူဝါဒများ၌ အသီးသီး ရေးဆွဲထည့်သွင်းလာခဲ့ကြသည်။

တောင်သူများ လယ်မြေပိုင်ဆိုင်ခွင့်နှင့် စိတ်ကြိုက်သီးနှံစိုက်ပျိုးခွင့်ရရန် ဆောင်ရွက်ပေးမည်ဟု တစည ကိုယ်စားလှယ်လောင်းပျဉ်းမနားတွင် မဲဆွယ်


 ရွေးကောက်ပွဲတွင် အနိုင်ရရှိပါက တောင်သူလယ်သ မားများ လယ်ယာမြေပိုင်ဆိုင်ခွင့် နှင့် စီးပွားဖြစ်ဒေသကိုက် စိတ် ကြိုက်သီးနှံစိုက်ပျိုးနိုင်ရေး ဆောင်ရွက်ပေးမည်ဟု ပျဉ်းမနား မြို့နယ်မှ ၀င်ရောက်ယှဉ်ပြိုင်မည့် တိုင်းရင်းသားစည်းလုံးညီညွတ် ရေးပါတီ ကိုယ်စားလှယ်လောင်း ဦးသာအောင်က ပြောသည်။ပျဉ်းမနားမြို့နယ်ရှိ တပ်ပိုး ကျေးရွာတွင် တစ်အိမ်တက်ဆင်း မဲဆွယ်စည်းရုံးရေး ပြုလုပ်စဉ် ဦးသာအောင်ကကျေးရွာ ဒေသခံ များအား ယင်းသို့ ကတိပြုပြော ကြားခဲ့ခြင်းဖြစ်သည်။
‘‘ကိုယ့်နိုင်ငံရဲ့ ၇၀ ရာခိုင် နှုန်းက တောင်သူတွေချည်းပဲ။ တောင်သူတွေ၊ ကျေးရွာလူတန်း စားဆိုတော့ မြေယာပိုင်ဆိုင်ခွင့် ရှိရမယ်။ သူတို့ ဈေးကွက်ဝင်တဲ့ စိတ်ကြိုက်သီးနှံကို စီမံကိန်းကြီး တွေနဲ့ မထိန်းချုပ်နိုင်ဘဲနဲ့ သူတို့ လွတ်လွတ်လပ်လပ် ဈေးကွက်ကို သူတို့သိတယ်။ ရာသီကို သူတို့သိ တယ်။ နယ်မြေကို သူတို့သိ တယ်။ သူတို့ စိတ်ကြိုက်လုပ်ပါ စေ။ ဒီဟာကို အဓိက လုပ်ပေးဖို့ အတွက်ပါ’’ဟု ဦးသာအောင်က ပြောသည်။

ဒီချုပ်ကိုယ်စားလှယ်လောင်းများ ဗဟန်းမြို့နယ်အတွင်း တစ်အိမ်တက်ဆင်း မဲစာရင်းအသိပညာပေး

ဗဟန်းမြို့နယ်မှ ၀င် ရောက်ယှဉ်ပြိုင်မည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စား လှယ်လောင်းများသည် စက်တင် ဘာ ၂၂ ရက်က ယင်းမြို့နယ်အ တွင်းရှိ ရပ်ကွက်အချို့၌ တစ်အိမ် တက်ဆင်း မဲစာရင်းအသိပညာ ပေးခဲ့ကြသည်။
ဒီချုပ်ကိုယ်စားလှယ်လောင်း များသည် ဗဟန်းမြို့နယ်ရှိ ဗိုလ် ချို(၁)ရပ်ကွက်နှင့် ဗိုလ်ချို(၂) ရပ် ကွက်၊ ငါးထပ်ကြီး(တောင်) ရပ် ကွက်များရှိ ပြည်သူများအား မဲစာ ရင်းကြည့်ရှုရန် တိုက်တွန်းခြင်း၊ မကြည့်ရှုရသေးသူများအား အမည် မပါလျှင်၊ အချက်အလက်မှားယွင်း လျှင် မည်သို့လျှောက်ထားရမည် ကို ရှင်းပြခြင်းများ ပြုလုပ်ခဲ့သည်။
ပြည်သူအများစုသည် မဲ စာရင်း ကြည့်ပြီးကြသော်လည်း အချို့က မကြည့်ရသေးချေ။
‘‘ဗဟန်းတစ်မြို့နယ်လုံးမှာ ရပ်ကွက်နှစ်ခုလောက်ပဲ လိုက် ပြောဖို့ကျန်တယ်’’ဟု ဗဟန်း (၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ် စားလှယ်လောင်း ဦးအောင်မြတ် ကျော်ကပြောသည်။ဗဟန်းမြို့နယ်မှ ၀င်ရောက် ယှဉ်ပြိုင်မည့် ဒီချုပ်ကိုယ်စားလှယ် လောင်းများနှင့် အောင် နိုင်ရေးအ ဖွဲ့ဝင်များသည် ပြည်သူများအား လက်ကမ်းစာစောင်များ ဝေငှကာ ကိုယ်စားလှယ်လောင်းများပါ မိတ်ဆက်ခဲ့ကြသည်။ပြည်သူများကလည်း ၎င်းတို့ ကို ကြိုဆိုခဲ့ပြီး အလှူငွေလှူဒါန်း ခြင်း၊ ရေသန့်နှင့်အအေးများ လှူ ဒါန်းခြင်းတို့ ပြုလုပ်ခဲ့သည်။တစ်နိုင်ငံလုံးအတိုင်းအတာ ဖြင့် မဲဆန္ဒရှင်စာရင်းများကို စက် တင်ဘာ ၁၄ ရက်မှ ၂၇ ရက်အထိ ကြေညာထားမည်ဖြစ်ရာ အမည် မပါသူများ ဖြည့်စွက်ရန်၊ အချက် အလက်မှားယွင်းသူများ ပြင်ဆင် ရန် ရက်အနည်းငယ်သာ ကျန် ရှိတော့သည်။

ပြည်ပသို့ ဆန်တင်ပို့မှု ကန့်သတ်ချက်များကို အောက်တိုဘာ ၁၅ ရက် နောက်ပိုင်း ဖယ်ရှားမည်


ပြည်ပသို့ဆန်တင်ပို့ရောင်းချမှုကန့်သတ်ချက်များကို အောက် တိုဘာ ၁၅ ရက် နောက်ပိုင်းတွင် ဖယ်ရှားပေးမည်ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ သတင်းရရှိသည်။လတ်တလော ကန့်သတ် ထားသောနယ်စပ်မှ ရောင်းချပါ က တန်ချိန် ၅၀၀ သာခွင့်ပြုသည့် ကန့်သတ်ချက်၊ နေပြည်တော်၌ သာ လိုင်စင်လျှောက်ထားရမည့် ကန့်သတ်ချက်၊ အရန်ဆန် ၂ ရာ ခိုင်နှုန်းထားရှိမည့် ကန့်သတ်ချက် များကို အောက်တိုဘာ ၁၅ ရက် နောက်ပိုင်းတွင်လုံးဝဖယ်ရှားပေး ရန် စီးပွားကူးသန်းဝန်ကြီးဌာနက သဘောတူညီခဲ့ကြောင်း မြန် မာနိုင်ငံ ဆန်စပါးအသင်းချုပ် အ ထွေထွေ အတွင်းရေးမှူး ဦးရဲ မင်းအောင်ကပြောသည်။‘‘အစိုးရက ပြည်တွင်းမှာ ဆန် ဈေးမြင့်မှာစိုးရိမ်ပြီး စားသုံး သူဘက်ကကြည့်ပြီး အတားအဆီး တွေလုပ်တာပါ။ မကြာခင်မိုးစပါး ပေါ်တော့မှာဆိုတော့ ဆက်ပြီး အ ကန့်အသတ်တွေလုပ်မယ်ဆိုရင် လယ်သမားတွေအတွက် နစ်နာ စရာဖြစ်လာမယ်။ ဒါကြောင့်စပါး အထွက်များတဲ့အချိန်မှာ အကုန် ဖွင့်ဖို့ သဘောတူပေးလိုက်တာပါ’’ ဟု ဦးရဲမင်းအောင်ကပြောသည်။ပထမဆုံး ကန့်သတ်ချက် ပြင်ဆင်မှုအနေဖြင့် ပို့ကုန်လိုင်စင် ကို မူဆယ် နယ်စပ်မှာပင် ပြန် လည်ပြုလုပ်နိုင်ရန် ၀န်ကြီးဌာနက ဦးစွာစီစဉ်နေကြောင်း သိရသည်။စက်တင်ဘာ ၂၂ ရက်တွင် ဆန်ဈေးကွက်၊ ကုန်သွယ်မှုနှင့် ပတ်သက်၍ စီးပွားကူးသန်းဝန် ကြီးဌာန ဒုတိယ၀န်ကြီး၊ နိုင်ငံ တော် သမ္မတ စီးပွားရေး အကြံ ပေးပုဂ္ဂိုလ်၊ မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်မှ တာဝန်ရှိသူများ သည် ရန်ကုန်၌ တွေ့ဆုံဆွေးနွေး ပြီးနောက် နယ်စပ်မှဆန်တင်ပို့ရန် ပို့ကုန်လိုင်စင်ထုတ်ပေးမှု၊ အရန် ဆန်ထားရှိမှုတို့ ဖြေလျှော့ပေးရန် ၀န်ကြီးဌာနက သဘောတူညီ လိုက်ကြောင်း သိရသည်။

နှစ်နိုင်ငံနယ်စပ် တည်ငြိမ်ရေး အလေးထားဆောင်ရွက်ရန် တရုတ်ကာကွယ်ရေးဝန်ကြီး တိုက်တွန်း

နှစ်နိုင်ငံနယ်နိမိတ်ဒေသတည်ငြိမ်ရေး အလေးထားဆောင် ရွက်ရန် တရုတ်ကာကွယ်ရေးဝန်ကြီး ချန်ဝမ်ကွမ်က ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းကို တိုက်တွန်းပြော ကြားခဲ့သည်။ရွေးကောက်ပွဲကြို ကာလ တွင် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် တရုတ်နိုင်ငံသို့ အလည်အပတ် ခရီးစဉ် ရောက်ရှိခဲ့ပြီး ချန်နှင့် တွေ့ဆုံချိန်၌ ဝန်ကြီးက ယခုကဲ့သို့ တိုက်တွန်းခဲ့ခြင်းဖြစ်ကြောင်း ကာ ကွယ်ရေး ဝန်ကြီးဌာနက ထုတ် ပြန်သည်။
စက်တင်ဘာ ၂၁ ရက်က ဘေဂျင်းတွင် နှစ်နိုင်ငံ စစ်ရေး ကဏ္ဍနှင့် ပတ်သက်၍ အပြန်အ လှန် ဆွေးနွေးမှုများ ပြုလုပ်ရာ၌ ချန်က ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်း အား နယ်စပ်ဒေသတည်ငြိမ်ရေး ကဏ္ဍအတွက် မြန်မာနှင့် တရုတ် တို့ အလေးအနက် ပူးပေါင်း ဆောင်ရွက်သင့်ကြောင်း ပြော ကြားခဲ့သည်။တရုတ်ကာကွယ်ရေး ဝန် ကြီးဌာန၏ ကြေညာချက်တွင် တရုတ် အစိုးရအနေဖြင့် မြန်မာ့ နိုင်ငံရေးတွင် ပြုပြင်ပြောင်းလဲမှု များ ဖြစ်ထွန်းနေခြင်းကို ကြိုဆို ကြောင်းနှင့် ရွေးကောက်ပွဲ အောင် မြင်စွာ ကျင်းပနိုင်ရန် မျှော်လင့် ကြောင်းလည်း ဖော်ပြပါရှိသည်။
‘‘မြန်မာ့ပြည်တွင်းနိုင်ငံရေး ကဏ္ဍနဲ့ အမျိုးသား ရင်ကြားစေ့ ရေး လုပ်ဆောင်မှုတွေ အရှိန် မြှင့် ဆောင်ရွက်နေတာကို တရုတ် အစိုးရက ထောက်ခံပါတယ်။ ပြီး တော့ ရေရှည် တည်ငြိမ်အေးချမ်း မှုနဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေကို မျှော် လင့်ပြီး ရွေးကောက်ပွဲကိုလည်း ကြိုတင် သတ်မှတ်ထားတဲ့ အ တိုင်း အောင်အောင်မြင်မြင် ကျင်းပနိုင်ဖို့ တိုက်တွန်းပါတယ်’’ ဟုလည်း ချန်၏ အဆိုကို ကိုးကား ပြီး တရုတ်ကာကွယ်ရေး ဝန်ကြီး ဌာနက ကြေညာသည်။

တက္ကသီလ ဘုန်းကြီးကျောင်းမှ ဆရာတော်ပျံလွန်တော်မူခြင်း အဖြစ်မှန်သိရန် သွေးအမျိုးအစားများ စစ်ဆေးမည်

မြောက်ဦးမြို့တက္ကသီ လဘုန်းတော်ကြီးကျောင်းမှ ဆရာတော်ပျံလွန်တော်မူခြင်းနှင့် ပတ်သက်၍ အခင်းဖြစ်ပွားရာနေရာမှ သွေးအမျိုးအစားများကို စစ်ဆေးပြီးမှ လူသေမှု (သို့မဟုတ်) လူသတ်မှုဟု ကောက်ချက်ချနိုင်မည် ဖြစ်ကြောင်း မြောက်ဦးမြို့မရဲစ ခန်းမှ ရဲအရာရှိက ပြောသည်။စက်တင်ဘာ ၂၁ ရက်တွင် မြောက်ဦးမြို့ ၀သဲရပ်ကွက်ရှိ တက္ကသီလ ဘုန်းတော်ကြီးကျောင်းမှ ဆရာတော်သည် လည်ပင်းပြတ်ရှ ဒဏ်ရာဖြင့် ပျံလွန်တော်မူနေခြင်းနှင့်ပတ်သက်၍ ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး နေမျိုးက စက်တင်ဘာ ၂၂ ရက်၌ လာရောက်စစ်ဆေးခဲ့သည်။
‘‘ပြည်နယ်ရဲတပ်ဖွဲ့မှူးကိုယ် တိုင်လာရောက်ပြီးတော့ စစ်ဆေး မှုတွေပြုလုပ်နေပါတယ်။ အခင်း ဖြစ်တဲ့နေရာမှာ ရှိတဲ့မတူညီတဲ့ နေရာသုံးနေရာက သွေးတွေကို ယူ ပြီးတော့ စီအိုင်ဒီကိုပို့ဖို့လုပ်နေပါ တယ်။ အဲဒီသွေးနမူနာတွေ စစ် ဆေးချက်ထွက်လာပြီးမှ မိမိကိုယ် ကိုယ် သတ်သေမှုလား၊ လူသတ်မှုလားဆိုတာကို ကောက်ချက်ချနိုင်ပါမယ်’’ဟု မြောက်ဦး မြို့မရဲစခန်းမှ ဒုရဲအုပ်ဘစံက ပြောသည်။ဆရာတော် ပျံလွန်တော်မူခြင်းနှင့် ပတ်သက်၍ မြောက်ဦးမြို့မရဲစခန်းက သေမှုသေခင်းအမှုအမှတ် ၂၂/၂၀၁၅ ဖြင့် အမှုဖွင့်ကာ စုံစမ်းစစ်ဆေးမှုများ ဆက်လက်ပြုလုပ်နေဆဲဖြစ်ကြောင်း အထက်ပါရဲအရာရှိက ဆိုသည်။

လိပ်ကျွန်းလူသတ်မှုတွင် လူသတ်လက်နက်အဖြစ် အသုံးပြုသည့် ပေါက်တူးရိုး၌ အမျိုးသားဒီအင်န်အေနှစ်မျိုး တွေ့ရှိထား


လိပ်ကျွန်းလူသတ်မှု တွင် လူသတ်လက်နက်အဖြစ် အ သုံးပြုသော ပေါက်တူးရိုး၌ လူ သတ်တရားခံဟု ယူဆရမည့် အ မျိုးသားဒီအင်န်အေနှစ်မျိုး တွေ့ရှိ ထားကြောင်း ထိုင်းနိုင်ငံ တရားမျှ တရေးဝန်ကြီးဌာန၊ အမျိုးသားမှု ခင်းဆေးသိပ္ပံဌာနမှူး ဒေါက်တာ ပွန်တစ်၏ လက်ထောက်မှုခင်းဆ ရာဝန်က တရားရုံးသို့လာရောက် ထွက်ဆိုခဲ့သည်။
စက်တင်ဘာ ၂၂ ရက်တွင် လိပ်ကျွန်းတရားခံပြ သက်သေ များအား (၁၆) ကြိမ်မြောက် ရုံး ထုတ်စစ်ဆေးရာ ဒေါက်တာပွန် တစ်၏ လက်ထောက်မှုခင်းဆရာ ၀န်က ပေါက်တူးအရိုးတွင် တွေ့ရှိထားသည့် ဒီအင်န်အေနှစ်မျိုး သည် ဖမ်းဆီးခံမြန်မာလုပ်သား နှစ်ဦး၏ ဒီအင်န်အေများ မဟုတ် ဟု အဆိုပါမှုခင်းဆရာဝန်က ထွက်ဆိုသွားကြောင်း မြန်မာသံ ရုံးအထူးအဖွဲ့မှ ရှေ့နေ ဦးအောင် မျိုးသန့်က ပြောသည်။ယင်းမှုခင်းဆရာဝန်သည် ပေါက်တူးရှိ ဒီအင်န်အေကို ပြန် လည်စစ်ဆေးရာတွင် ဦးဆောင် စစ်ဆေးခဲ့သူဖြစ်ကြောင်း ရှေ့နေ ဦးအောင်မျိုးသန့်က ပြောသည်။

မြန်မာမှတရုတ်သို့ သစ်ခိုးသွင်းမှုကို တရုတ်သစ်မှောင်ခိုဂိုဏ်းတစ်ခုက ထိန်းချုပ်လုပ်ကိုင်နေဟု EIA ထုတ်ပြန်


ပြည်ပသို့  သစ်အလုံးလိုက် တင်ပို့မှုကို    တားမြစ်ထားသော် လည်း   တရုတ်-မြန်မာနယ်စပ် တွင် တရားမ၀င်သစ်အလုံးလိုက် တင်ပို့မှုများ ရှိနေပြီး သစ်ခိုးတင်သွင်းမှုကို   တရုတ်မှောင်ခိုဂိုဏ်း တစ်ခုက ထိန်းချုပ်ထားကြောင်း  လန်ဒန်မြို့  အခြေစိုက်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ စုံစမ်းစစ်ဆေးရေးအေဂျင်စီ(EIA)က သတင်းထုတ်ပြန်သည်။ရန်ကုန်မြို့တွင် စက်တင်ဘာ ၂၂ ရက်က ကျင်းပပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ ၂၀၁၅ အတွင်း စုံစမ်းတွေ့ရှိချက်များ ထုတ်ပြန်ခဲ့ပြီး EIA အဖွဲ့က သစ် ကုန်သည်အယောင်ဆောင် စုံစမ်း စစ်ဆေးမှုပြုလုပ်ခဲ့သည့် အစီရင် ခံစာကို ထုတ်ပြန်ခြင်း ဖြစ်သည်။မြန်မာသော   တရားမ၀င် သစ်အများဆုံးဝင်ရောက်သည် ယူနန်ပြည်နယ်အတွင်းရှိ ဒိန် ဟောင်၊ နောင်တောင်နှင့် ရွှေလီ မြို့သုံးခုကို အဓိကထား စုံစမ်း စစ်ဆေးခဲ့ကာ   ယင်းနေရာများ တွင်  မြန်မာနိုင်ငံမှ  ၀င်ရောက် လာသည့် သစ်များကို လွတ်လပ် စွာကုန်သွယ်မှုပြုလုပ်ကြသည်ဟု EIA က ဆိုသည်။

Tuesday, September 22, 2015

အစိုးရအာရုံစိုက်ရန်လိုလာသော ငွေကြေးဖောင်းပွမှု


ယခုနှစ်တွင် မြန်မာနိုင်ငံ၌ အထွေထွေကုန်ဈေးနှုန်းများ ၁၃ ရာ ခိုင်နှုန်းမြင့်တက်လာကြောင်း အပြည်ပြည်ဆိုင်ရာ ငွေကြေးရန် ပုံငွေအဖွဲ့ (IMF) က စက်တင်ဘာ ၁၉ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ငွေကြေးဖောင်းပွမှုသည် ယခုနှစ်တွင် ၈ ဒသမ ၄ ရာခိုင်နှုန်း ရှိသည်ဟု IMF က ထုတ်ပြန်ထား ပြီး ၈ ရာခိုင်နှုန်းထက်မကျော်စေ ရန်နှင့် ၈ ရာခိုင်နှုန်းထက် ကျော် လွန်ပါက တိုင်းပြည်စီးပွားရေးအ တွက် စိုးရိမ်ရကြောင်း ကမ္ဘာ့ ဘဏ်ကလည်း သတိပေးထား သည်။
ယခုနှစ် အစိုးရအသုံးစရိတ် သည် လတ်တလောရှေ့ပြေး ဘတ်ဂျက်မှာပင် ကျပ် ၃,၇၀၀ ဘီလီယံခန့်ရှိနေပြီး ကုန်သွယ်မှု လိုငွေမှာ အမေရိကန်ဒေါ်လာ ၅ ဘီလီယံခန့်ရှိနေရာ ထိုကဲ့သို့ လို ငွေများနေခြင်းကလည်း ပြည် တွင်း၌ ငွေကြေးဖောင်းပွမှုကို ဖြစ် လာနိုင်သည်ဟု စီးပွားရေးပညာ ရှင်များက ပြောထားသည်။

အမ်မီဆုပေးပွဲမှာ ဆုတွေရရှိသွားတဲ့ Game of Thrones နဲ့ Veep


HBO ရုပ်သံ လိုင်းက ထုတ်လွှင့်ပြသလျက်ရှိ သော Game of Thrones ဒရာမာ ဇာတ်လမ်းတွဲသည် လော့စ်အန်ဂျ လိစ်မြို့၌ ကျင်းပပြုလုပ်သည့်ယခုနှစ်အမ်မီဆုပေးပွဲက ချီးမြှင့် သော ဆုရရှိသူများစာရင်းတွင် ပါဝင်လာသည်။ Game of Thrones ဇာတ်လမ်းတွဲသည် ထုတ်လွှင့်ပြသသည့် ငါးနှစ်တာကာလအတွင်းအမ်မီဆုပေးပွဲကချီးမြှင့်သော အကောင်းဆုံး ဒရာ မာဇာတ်လမ်းတွဲဆုကိုရရှိခဲ့ သည်။အမ်မီဆုပေးပွဲကချီးမြှင့် သော ဒရာမာဇာတ်လမ်းတွဲကဏ္ဍ ၌ Game of Thrones ဒရာမာ ဇာတ်လမ်းတွဲဖြင့် အကောင်းဆုံး ဒါရိုက်တာဆု၊ အကောင်းဆုံး ဇာတ်ညွှန်းရေးသားသူဆုနှင့် အကောင်းဆုံးအမျိုးသားဇာတ်ပို့ ဆုများ ရရှိခဲ့သည်။ ဗီအိုလာဒေး ဗစ်သည် How To Get Away With Murder ဒရာမာဇာတ်လမ်း တွဲဖြင့် အမ်မီဆုပေးပွဲက ချီးမြှင့် သော အကောင်းဆုံးအမျိုးသမီး သရုပ်ဆောင်ဆုကိုရရှိပြီး ၎င်း သည် ယင်းသို့သော အမ်မီဆုကို ရရှိသည့် ပထမဆုံးလူမည်း အမျိုး သမီးဖြစ်လာသည်။ ဂျွန်ဟမ်း သည် Mad Men ဒရာမာဇာတ် လမ်းတွဲဖြင့် အကောင်းဆုံးအမျိုး သားသရုပ်ဆောင်ဆု ရရှိခဲ့သည်။

တပ်မတော်သားများကို အရပ်ဘက်သို့ ပြောင်းရွှေ့ခန့်ထားခြင်းသည် ဥပဒေနှင့် ညီညွတ်ပြီး အမှန်တကယ်လိုအပ်မှသာ ထပ်မံစေလွှတ်မည်ဟု တပ်ချုပ်ပြောကြား


 တပ်မတော်သား များကို အရပ်ဘက်ဝန်ကြီးဌာန များသို့ ပြောင်းရွှေ့ခန့်အပ်ထား ခြင်းသည် ဥပဒေနှင့်အညီဆောင် ရွက်ခြင်းသာဖြစ်ပြီး နောင်တွင်သ တိထား၍ အမှန်တကယ်လိုအပ်မှု ရှိမှသာ ယင်းကဲ့သို့ဆောင်ရွက် မည်ဖြစ်ကြောင်း တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူး ကြီးမင်းအောင်လှိုင်ကပြောကြား သည်။နိုင်ငံ့ဝန်ထမ်း  ဥပဒေများနှင့်အညီ ဆောင်ရွက်ခြင်းဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်း အောင်လှိုင်က စက်တင်ဘာ ၂၁ ရက် နေပြည်တော်တွင် ပြုလုပ်သည့် တပ်မတော်သတင်းအမှန်ပြန်ကြားရေးအဖွဲ့နှင့် စာနယ်ဇင်း ကောင်စီ (ယာယီ)၊ မီဒီယာများတွေ့ဆုံပွဲ၌ ထည့်သွင်းပြောကြားခဲ့သည်။ ၀န်ကြီးဌာနများ လိုလားချက်နှင့် ကာယကံရှင်များဆန္ဒအ ရ တောင်းဆိုမှုများရှိခဲ့ပြီးတပ်မ တော်က ဆောင်ရွက်နိုင်ခြေ ရှိ၊ မ ရှိ ဦးစွာစိစစ်ပြီးနောက် ပြည်ထောင် စုရာထူးဝန်အဖွဲ့က ဆက်လက်စိ စစ်ကာ အစိုးရအဖွဲ့သို့ တင်ပြ၍ သဘောတူညီချက်ရှိမှ အပြောင်းအရွှေ့ဆောင်ရွက်ပေးနိုင်ကြောင်း တပ်မတော်ဦးစီးချုပ်က ဆက် လက်ပြောကြားသည်။

မဘသက ဒီချုပ်ကို တိုက်ခိုက်သည့် လက်ကမ်းကြော်ငြာများ လိုက်ဝေနေဟု ဒီချုပ်ခေါင်းဆောင်များပြော


အမျိုးသားဒီမိုကရေစီအ ဖွဲ့ချုပ်ပါတီကို ထိခိုက်စေသည့် အကြောင်းအရာများပါဝင်သော လက်ကမ်း ကြော်ငြာများကို ပြည်နယ်နှင့်တိုင်းဒေသကြီး ငါးခုတွင် မဘသက ဦးဆောင်ကာ လိုက်လံဝေငှနေသဖြင့် ယင်းကိစ္စကိုကော်မရှင်သို့ တိုင်ကြားသော်လည်း အရေးယူဆောင်ရွက်မှုမရှိကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ခေါင်းဆောင်အချို့က  ပြောသည်။
စက်တင်ဘာ ၂၁ရက်ကရန် ကုန်မြို့တွင် ပြုလုပ်သော မဲစာ ရင်းကိစ္စအပါအ၀င် ရွေးကောက် ပွဲဆိုင်ရာကိစ္စများနှင့်ပတ်သက် သည့် သတင်းစာရှင်းလင်းပွဲ၌ ပါ တီနာယက ဦးတင်ဦးနှင့် ဗဟိုအလုပ်အမှုဆောင်ဦးဝင်းထိန်တို့က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
‘‘ကျွန်တော် ဧရာဝတီတိုင်း က မြောင်းမြ၊ ဟင်္သာတ၊ ပုသိမ် ဘက်တွေရောက်တော့ အဲဒီမှာမ ဘသက တိုက်ခိုက်တဲ့စာတွေဝေ တယ်။ အထုပ်လိုက်တွေ့တယ်’’ ဟု ပါတီနာယကဦးတင်ဦးကပြော သည်။

Monday, September 21, 2015

တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်များအကြား နယ်မြေ မသတ်မှတ်နိုင်၍ တိုက်ပွဲဆက်ဖြစ်ဟု ဦးအောင်မင်းပြော


တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ အကြား တိုက်ပွဲများ ဖြစ်ပွားနေရခြင်းမှာ နှစ်ဖက် နယ်မြေမသတ်မှတ်ရသေးသောကြောင့် တိုက်ပွဲများ ဆက်ဖြစ်နေခြင်းဖြစ်ကြောင်း ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ သမ္မတရုံးဝန်ကြီး ဦးအောင်မင်းက ပြောကြားသည်။
စက်တင်ဘာ ၂၀ ရက်နေ့က ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေး ဗဟိုဌာနတွင် ပြုလုပ်သော အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေး အခမ်းအနားအပြီးတွင် သမ္မတရုံးဝန်ကြီး ဦးအောင်မင်းက မီဒီယာများကို ယင်းကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

ပြည်သူတွေ မဲရောင်းမစားကြဖို့ သတိပေး


ပြည်သူတွေအနေနဲ့ မဲကိုမဖြုန်းဖို့ ရောင်းမစားဖို့နဲ့ မဲကိုရောင်းစားတာဟာ ကိုယ့်ရဲ့အနာဂတ်ကို ရောင်းစားတာနဲ့ အတူတူပဲလို့ နေပြည်တော်မှာလုပ်တဲ့ မဲဆွယ်စည်းရုံးရေး ဟောပြောရာမှာ ဒေါ်အောင်ဆန်းစုကြည်က လူထုကို ပြောကြားသွားပါတယ်။

အခုမဲဆွယ် စည်းရုံးတဲ့ နေရာတွေဟာ လာမယ့်ရွေးကောက်ပွဲမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီဘက်က ဗိုလ်ချုပ်ကြီးဟောင်းတွေ ပါဝင်ယှဉ်ပြိုင်မယ့် နေရာတွေဖြစ်ပါတယ်။ 

ကိုယ်ရောင်ဖျောက် စောင်ကို အမေရိကန်တို့ တကယ်ဖန်တီးနိုင်ပြီ


ဟယ်ရီပေါ်တာ ရုပ်ရှင်ထဲမှာသာ မြင်တွေ့ခဲ့ရတဲ့ ကိုယ်ဖျောက်စောင် ဟာ အပြင်မှာ တကယ်ဖြစ်နိုင်ကြောင်း အမေရိကန်တို့ လက်တွေ့ပြ တီထွင်ပြသခဲ့ ပါတယ်။ ယင်းစောင်ကို အင်မတန်ပါးလွှာတဲ့ သတ္တု တစ်မျိုး (Ultrathin material) နဲ့ ပြုလုပ်ပြီး 1,300 square microns ကို အလင်းရဲ့ ထိရောက်မှုကနေ မမြင်ရအောင် ဖန်တီးခဲ့ ပါတယ်။

အငှားယာဉ်ကို ဓားထောက်လုသူများ လှည့်ကင်းအဖွဲ့ကတွေ့ပြီး ဖမ်းမိ


လှိုင်မြို့နယ်တွင် အ ငှားယာဉ်တစ်စီးကို အုပ်စုဖွဲ့ ဓား ထောက် လုယက်သူများကို လှည့် ကင်း အဖွဲ့က တွေ့ပြီး ဖမ်းဆီးမိခဲ့ ကြောင်း သတင်းရရှိသည်။
ခရီးသည်အယောင်ဆောင် လူငယ်လေးဦးက အငှားယာဉ် မောင်းထံမှ ငွေတောင်းခံခဲ့ပြီး ယာဉ်မောင်းက ယခုမှကား ထွက်လာသောကြောင့် ငွေမ ရှိကြောင်း၊ ဖုန်းတောင်းသော် လည်း မပါကြောင်း ပြောသဖြင့် ယာဉ်မောင်းကို ကားပေါ်မှမောင်း ချကာပြန်အထွက်တွင် လှည့်ကင်း အဖွဲ့က ဖမ်းဆီးရမိခဲ့ကြောင်း ရန်ကုန်အနောက်ပိုင်းခရိုင် ရဲတပ် ဖွဲ့မှူးရုံးမှ ရဲအရာရှိတစ်ဦးကပြော သည်။

အထက်တန်းကျောင်းသူကိုးဦးကို မဖွယ်မရာ ပြုသည့် ရဟန်းတစ်ပါး ဖမ်းမိ


ပဲခူးတိုင်းဒေသကြီး မင်္ဂလာရာမဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွင် အထက် တန်းကျောင်းသူ ကိုးဦးကို မဖွယ် မရာ ပြုလုပ်သူရဟန်းတစ်ပါး ကို လူဝတ်လဲကာ ဖမ်းဆီးအရေး ယူထားကြောင်း သတင်းရရှိသည်။
မင်္ဂလာရာမ ဘုန်းတော်ကြီး ကျောင်းတွင် အနီးရှိကျေးရွာများ မှ လာရောက်ပညာသင်ကြား သော အထက်တန်းကျောင်းသူ ကိုးဦးကို မဖွယ်မရာ ပြုလုပ်သည့် ရဟန်းကို မြို့နယ်ဂိုဏ်းပေါင်းစုံ စည်းကမ်းထိန်းသိမ်းရေးက လူ ၀တ်လဲကာ စက်တင်ဘာ ၁၉ ရက်၌ ပဲခူးမြို့မအမှတ်(၂)ရဲ စခန်းတွင် အမှုဖွင့်တိုင်ကြားထား ကြောင်း ပဲခူးမြို့၌နေထိုင်သူ ကိုအောင်သစ္စာက ပြောသည်။
‘‘အခုအမှုဖြစ်တဲ့ ဘုန်းကြီး က ဒီကျောင်းတိုက်မှာ ခဏလာ တည်းတဲ့ ဘုန်းကြီးပါ။ သူနေတဲ့ ကျောင်းက ဇောင်းတူဓမ္မရတနာ ကျောင်းတိုက်မှာနေတဲ့ ငယ်ဖြူ ဘုန်းကြီးပါ။ မင်္ဂလာရာမ ကျောင်းမှာ ဒီအနီးအနား ရွာတွေက အ ဆင်မပြေတဲ့ ကလေးတွေကို ကျောင်းမှာကျောင်းအိပ် ကျောင်း စား စာသင်ပေးတယ်။ ဒီအထဲက မှ ဆယ်တန်းကျောင်းသူကို မဖွယ်မရာလုပ်တယ်။ နောက်ဆုံးတစ် ယောက်က ပြောပြမှသိတယ်’’ ဟု ကိုအောင်သစ္စာက ပြောသည်။

အနည်းဆုံး လုပ်ခလစာအတိုင်းမရက အလုပ်သမား ဦးစီးရုံးများသို့ တိုင်ကြားနိုင်


အနည်းဆုံး လုပ်ခလစာ အတိုင်း လုပ်အားခ ပေးချေခြင်း မရှိပါက သက်ဆိုင်ရာ အလုပ် သမားဦးစီးရုံးများထံသို့ ဆက် သွယ်တိုင်ကြားနိုင်ကြောင်း အ လုပ်သမားညွှန်ကြားမှုဦးစီးဌာ နညွှန်ကြားရေးမှူးချုပ် ဦးမျိုး အောင်က ပြောသည်။
နိုင်ငံတစ်ဝန်းရှိ လုပ်သား ၁၅ ဦးအထက် လုပ်ငန်းခွင်များမှ အလုပ်သမားများမှာ စက်တင် ဘာလကုန်မှစ၍ အဆိုပါ သတ် မှတ်နှုန်းထားအတိုင်း ခံစားခွင် စတင်ရရှိမည်ဖြစ်ပြီး ယင်းနှုန်းအ တိုင်း ပေးချေခြင်း မရှိပါက အ လုပ်ရှင်ကို အရေးယူမည် ဖြစ်သည်။

ဒေသခံရွာသားနှစ်ဦးအား မူးယစ်ဆေးဝါးအကြောင်းပြပြီး KIA အဖွဲ့မှ အတင်းအကြပ် ဖမ်းဆီးခေါ်ဆောင်


ကချင်ပြည်နယ် ၊ ၀ိုင်းမော်မြို့၌ နေထိုင်သူနှစ်ဦးအား KIA တပ်ဖွဲ့ဝင်များမှ မူးယစ်ဆေးဝါးအကြောင်းပြကာ အတင်းအကြပ် ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။
KIA အဖွဲ့တစ်ဖွဲ့သည် စက်တင်ဘာ ၁၆ ရက်နေ့ နံနက် ၉ နာရီချိန်တွင် ချီဖွေမြို့၊ မေခမြစ်တစ်ဖက်ကမ်း ကူးတို့ဆိပ်သို့ ရောက်ရှိလာပြီး မူးယစ်ဆေးဝါးရောင်း/၀ယ်သည်ဟု အကြောင်းပြပြီး ဒေါ်လှဆန်း ၄၀ နှစ် ၊ မောင်အားဆာ ၂၅ နှစ် ၀ိုင်းမော်မြို့နေသူတို့ ၂ ဦးအား အတင်းအကြပ်ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း မျက်မြင်တွေ့ရှိသူ ရွာသားတစ်ဦးထံမှ သိရသည်။

Sunday, September 20, 2015

ဟုတ်လို့လား RCSS/SSA ရယ်…..


NCA ကို လက်မှတ်ထိုးမယ်ဆိုပြီး ဇူလိုင် ၁၇ ရက်နေ့တုန်းက KNU, KNU/KNLA – PC, DKBA, RCSS/SSA အဖွဲ့ ၄ ဖွဲ့ပေါင်းပြီး ပူးတွဲကြေညာချက်ထုတ်ပြန်ခဲ့ပြီးသားဖြစ်ပါတယ်။ စက်တင်ဘာ ၉ ရက်နေ့တုန်း က နေပြည်တော်မှာ သမ္မတနဲ့ NCA ကိစ္စလာရောက်တွေ့ဆုံဆွေးနွေးတဲ့ ကြီး ၅ ကြီးထဲမှာလည်း RCSS/SSA အဖွဲ့ပါဝင်ခဲ့ပါတယ်။ ဒါပေမယ့် NCA ချုပ်ဆိုဖြစ်ဖို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ကိုယ်စားလှယ်တွေနဲ့ ပူးတွဲ ကော်မတီတစ်ရပ်ဖွဲ့မယ်ဆိုပြီး အစိုးရကဖိတ်ခေါ်ထားတဲ့ ရန်ကုန်အစည်းဝေးကို RCSS/SSA အနေနဲ့မတက် တော့ဘူး လို့ ပြောကြားလာပြန်ပါတယ်။ NCA ကိုလက်မှတ်မထိုးတော့ဘူးဆိုတဲ့ သဘောသက်ရောက် နေပါ တယ်။ အပြောင်းအလဲ မြန်လှချည်လား RCSS/SSA ရယ်လို့ပဲ ပြောချင်ပါတယ်။

ရာသီဥတု အရေး မပူးပေါင်းနိုင်လျှင် ဘေးဖယ်နေဟု ပစိဖိတ် ခေါင်းဆောင်များ သတိပေး


သြစတြေးလျ အနေဖြင့် ပစိဖိတ် နိုင်ငံများ၏ ရာသီဥတုရေးရာ ရပ်တည်ချက်ကို သဘောမတူနိုင်ပါက ပစိဖိတ်ကျွန်း နိုင်ငံများ ဖိုရမ် (PIF) သို့ လာမတက်နှင့်ဟု ပစိဖိတ်နိုင်ငံ ခေါင်းဆောင်များက တစ်ညီတည်း ထုတ်ပြန် သတိပေးလိုက်သည်။
PIF အစည်းအဝေးကို ယခုအပတ်တွင် ပါပူဝါ နယူး ဂီနီနိုင်ငံတွင် ကျင်းပမည် ဖြစ်သည်။ ရာသီဥတု ပြောင်းလဲမှုကြောင့် ပစိဖိတ်ကျွန်း နိုင်ငံငယ်များသည် ပင်လယ်ရေဖုံးလွှမ်းကာ ဆက်လက် ရပ်တည်ရေးပါ ခြိမ်းခြောက် ခံလာရသောကြောင့် ရာသီဥတု ပြောင်းလဲမှု တိုက်ဖျက်ရေးနှင့် ပတ်သက်လျှင် ကျွန်းစုနိုင်ငံများသည် လုံးဝအလျှော့ မပေးစတမ်း ကြိုးပမ်းသွားမည်ဟု ကရီဘတီနိုင်ငံ သမ္မတ အန်နိုတီတန် က ပြောသည်။

သူတို့ပြောတဲ့ ကုန်စိမ်းသည် . . .


အစာကြေတယ်၊ ရင်ချောင်တယ်၊ အပူကင်းတယ်၊ ၀မ်းသွားတယ်၊ ငါးဆယ်....ငါးဆယ်၊ တစ်လုံးငါးဆယ်' ဆိုတဲ့ စကားက လူငယ် အသိုင်းအ၀န်းထဲမှာ နောက်ရင်းပြောင်ရင်း ပြောနေကြသည့် စကားတစ်ခု ဖြစ်လာနေသည်။ နောက်တစ်ခုက 'ကုန်စိမ်းသည်' ဆိုသောစကား၊ အသီးတွေ အရွက်တွေ ရောင်းသည် ဆိုသည့် သဘောကို တင်စား ပြောထားခြင်း ဖြစ်ပေလိမ့်မည်။ သူတို့ပြောသည့် 'ကုန်စိမ်းသည်' က မီးဖိုချောင်တွင် ချက်ပြုတ်စားရသော ဟင်းသီးဟင်းရွက် ရောင်းချသူမျိုး မဟုတ်။
ဆေးခြောက်ရွက် (Cannabis) နှင့် WY စာတမ်းပါ စိတ်ကြွရူးသွပ်ဆေးပြား ရောင်းချသူများကို ခေါ်ခြင်းသာ ဖြစ်သည်။
လူငယ် အသိုက်အ၀န်း ကြားတွင်လည်း ဆေးခြောက်ကို 'အရွက်' ဟုခေါ်၍ WY စာတန်းပါ စိတ်ကြွ ရူးသွပ် မူးယစ်ဆေးဝါးများကိုမူ 'အသီး'၊ 'ကြယ်သီး' အစရှိသဖြင့် ခေါ်ကာ ဈေးနှုန်း အတက်အကျလည်း ရှိသဖြင့် ကုန်စိမ်းသည်ဟု တင်စား ခေါ်ဝေါ်နေကြခြင်းပင် ဖြစ်သည်။

အပစ်ရပ်စာချုပ် လက်မှတ်ထိုးဖို့ သမ္မတဖိတ်ခေါ်ထားတဲ့ ၁၆ဖွဲ့က ဘယ်သူတွေလဲ


အပစ်ရပ်စာချုပ် လက်မှတ်ထိုးရန် သမ္မတဦးသိန်းစိန်က ၂၀၁၁ခုနှစ် သြဂုတ် ၁၈ရက်တွင် ဖိတ်ခေါ်ခဲ့သည့် အဖွဲ့ ၁၆ဖွဲ့ မှာ
၁။ကရင်အမျိုးသားအစည်းအရုံး။ KNU
၂။ ကရင်အမျိုးသားအစည်းအရုံး/ ကရင်လွတ်မြောက်ရေးတပ်မတော်(ငြိမ်းချမ်းရေးကောင်စီ)။ KNU/KNLA(PC)
၃။ ကရင့်အကျိုးပြုဒီမိုကရေစီတပ်မတော်။ DKBA
၎။ ကချင်လွတ်မြောက်ရေးအဖွဲ့။ KIO
၅။ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ။ KNPP
၆။ ချင်းအမျိုးသားတပ်ဦး။ CNF
၇။ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး။ ABSDF
၈။ မွန်ပြည်သစ်ပါတီ။ NMSP
၉။ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့။ PNLO
၁၀။ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ။ RCSS/SSA
၁၁။ ရှမ်းပြည်တိုးတက်ရေးပါတီ။ SSPP/SSA
၁၂။အမျိုသားဒီမိုကရေစီသွေးစည်းညီညွတ်ရေးတပ်မတော်(မိုင်းလား)။ NDAA-ESS
၁၃။"ဝ" ပြည်သွေးစည်းညီညွတ်ရေးပါတီ။ UWSA
၁၄။ ရခိုင်လွတ်မြောက်ရေးပါတီ။ ALP
၁၅။ နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ။ NSCN-K
၁၆။ တအင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်။ TNLA
တို့ဖြစ်သည်။

ပွင့်ဖြူရေဘေးသင့်ပြည်သူများ ရွေးကောက်ပွဲ မဲပေးရန် စိတ်ဝင်စားမှုနည်းပါး


 ပြီးခဲ့သည့် ဇူလိုင်လကုန် က ရေဘေးသင့်ခဲ့သော မကွေး တိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်ရှိ ဒေသခံများသည် စားဝတ်နေရေးအတွက် ရုန်းကန်နေရသဖြင့် လာ မည့်ရွေးကောက်ပွဲကို စိတ်ဝင်စား မှုနည်းပါးနေကြောင်း သတင်းရရှိ သည်။ဧရာဝတီ မြစ်ကမ်းနဘေးရှိ ကျေးရွာ ၂၀ ခန့်သည် ပြောင်းရွှေ့ နေထိုင်နေရခြင်း၊ ရေဘေးသင့်ခဲ့ ပြီး စားဝတ်နေရေးပြန်လည်ထူ ထောင်နေရခြင်းတို့ကြောင့် ၎င်း တို့ဒေသတွင်းရှိ တောင်သူတို့မှာ ရွေးကောက်ပွဲကို စိတ်ဝင်စားမှု နည်းပါးနေခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။
‘‘အခုမှ စိုက်ပျိုးရေးကို ပြန် လုပ်နေရတယ်။ ရေဘေးသင့် ထားတာ မကြာသေးတော့ ကျွန် တော်တို့ဒေသကလူတွေ ကိုယ့် စားဝတ်နေရေးကို မနည်းရုန်းကန်နေကြရတယ်။ ရွေးကောက်ပွဲကို စိတ်မဝင်စားနိုင်ဘူး။ မဲစာရင်း တောင်သွားကြည့်တဲ့သူ မရှိ သလောက်ပါပဲ။ အားလုံးနေသား တကျလေး အထိုက်အလျောက် ဖြစ်သွားရင်တော့ စိတ်ဝင်စားနိုင် ပါတယ်။ အခုဟာက တချို့ဆို ကိုယ့်ရွာမှာတောင် မနေနိုင်ကြ သေးဘူးလေ’’ဟု ကျောင်းတော် ရာကျေးရွာမှ ကိုထက်အောင် ကျော်က ပြောသည်။

အားလုံးပါဝင်သော အင်န်စီအေနှင့် သမိုင်းအချိုးအကွေ့


အင်န်စီအေသည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်ဖြစ်သည့်အား လျော်စွာ တစ်နိုင်ငံလုံး လွှမ်းခြုံနိုင်သောစာချုပ်ဖြစ်ရန် ပဓာနကျ သည်။ တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့များအားလုံး ပါဝင်လက်မှတ်ရေးထိုးသည့် အင်န်စီအေသည်သာ နှစ်ပေါင်း ၆၀ ကျော်လက်နက်ကိုင် ပဋိပက္ခ (သို့မဟုတ်) ပြည် တွင်းစစ်၏ ချုပ်ရာငြိမ်းရာအမှန် လောကနိဗ္ဗာန်ဆီ ဦးတည်နိုင်မည်ဖြစ်သည်။ အား လုံးပါဝင်လက်မှတ်ရေးထိုးသည့် အင်န်စီအေသည်သာသမိုင်းမော်ကွန်းသစ်ရေးထိုးမည့် ပထမခြေလှမ်းဖြစ်နိုင်ပြီး အားလုံးပါဝင်လက်မှတ်ရေးထိုးမှုလျော့ရဲသောအင်န်စီအေသည်သမိုင်းကို အကျည်းတန်စေနိုင်ဖွယ်ရှိနေသည်။

အလုပ်ခန့်ထားမှုဆိုင်ရာ စာချုပ်ချုပ်ရမည့်ကာလ အချိန်ထပ်တိုး


 အလုပ်ရှင်၊ အလုပ်ခန့် ထားမှုဆိုင်ရာ သဘောတူစာချုပ် ချုပ်ဆိုရမည့် အချိန်ကာလကို အောက်တိုဘာအထိ ထပ်မံခွင့်ပြု ပေးမည်ဖြစ်ကြောင်း သတင်းရရှိ သည်။

အနည်းဆုံး အခကြေးငွေ သတ်မှတ်ပြီးနောက် အလုပ်ရှင်၊ အလုပ်သမား အလုပ်ခန့်ထားမှု ဆိုင်ရာ သဘောတူစာချုပ်ကို အလုပ်ခန့်ထားပြီး ရက်ပေါင်း ၃၀ အတွင်း အပြီးချုပ်ဆိုသွားရန် သတ်မှတ်ထားသော်လည်း    ညှိနှိုင်းမှုများပြုလုပ်ရန် အချိန်လိုအပ် သည့်အတွက် အောက်တိုဘာ တစ်လအချိန်ထပ်ပေးမည်ဟု အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန အမြဲ တမ်းအတွင်းဝန် ဦးမျိုးအောင်က ပြောသည်။

တစ်ဗန်း ငါးဆယ်၊ ဈေး တစ်ဆယ်နှင့် ဟိုးလို့ဟောင်းလောင်း ဈေးများအကြောင်း



ရန်ကုန်မြို့တွင်း လမ်းဘေးဈေးရောင်းသူအရေအတွက် လျှော့ချရန် ရည်ရွယ်၍ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ရန်ကုန်မြို့ရှိဈေး ၁၀ ဈေးတွင် နှစ်ထပ်ဈေးရုံ ၃၃ ရုံ ဆောက်နေသည့် သတင်း ဖတ်ရသည်။ ၇၅ ရာခိုင်နှုန်းပြီးနေပြီ်ဟုလည်း ဆိုသည်။
ဈေးရုံများ၌ ဈေးသည်တစ်ဦး ၅ ပေပတ်လည် အကျယ်ခွင့်ပြုမည်။ ဈေးကောက်ခွန် ကျပ် ၅၀ ကောက်ခံ မည်။ ဈေးဖွင့်ချိန်မှ ဈေးပိတ်ချိန်အတွင်း ဦးရာလူစနစ်နှင့် ရောင်းချခွင့်ပြုမည်။ အဆောက်အအုံ၏ စတုရန်းပေ ၂၅၀ အကျယ်အတွင်း ဈေးသည် ၁၀ ဦးသာ ရောင်းချခွင့်ပြုနိုင်မည် ဖြစ်၏။

၉၀ ရာခိုင်နှုန်း မှားနေတဲ့ မဲဆန္ဒရှင် စာရင်း


စက်တင်ဘာ ဒုတိယပတ်တွင် ထုတ်ပြန်လိုက်သည့် မဲဆန္ဒရှင်စာရင်းတွင် လွဲမှားမှုများစွာ ထပ်မံ ကြုံနေရပြန်သည်။ မဲဆန္ဒရှင် စာရင်းတွင် မှားနေကျ အမှားများသာမကဘဲ မမှားသင့်သည့် အမှားပေါင်း မြောက်မြားစွာ ထပ်မံ ပေါ်ပေါက်လာခြင်း ဖြစ်သည်။
သာမန်အမှားဆိုသည်မှာ လူနာမည်စာလုံးပေါင်း မှားယွင်းခြင်း၊ မဲဆန္ဒရှင် မွေးနေ့များ လူပေါင်း များစွာနှင့် မွေးနေ့တစ်ခုတည်း ဖြစ်နေခြင်း၊ မှတ်ပုံတင်နံပတ် မပါခြင်း၊ အသက်မပြည့်သေးသူများ ပါ နေခြင်း၊ သေဆုံးသူများ ပါခြင်းတို့ကို ဆိုလိုခြင်း ဖြစ်သည်။
မဲဆန္ဒရှင်စာရင်းကို ပြုစု ထုတ်ပြန်ရာတွင် လမ်းအလိုက် ရပ်ကွက်အလိုက် စာရင်းပြုစုလျက် ထုတ်ပြန်ခြင်းဟု ရွေးကောက်ပွဲကော်မရှင်က ဆိုထားပါသည်။ သို့သော် အမှန်တကယ် မဲဆန္ဒရှင် စာရင်း ထွက်လာသည့်အခါ လမ်းတစ်လမ်း၏ မဲစာရင်းကို ထုတ်ပြန်ခြင်း ဖြစ်သော်လည်း အခြားသူ များ နေထိုင်သည့် လမ်းအမည်၊ ရပ်ကွက်အမည်များ ထည့်သွင်း ဖော်ပြခြင်း ဖြစ်သည်။

ဘတ်စ်ကား ဒရိုင်ဘာ၊ စပယ်ယာတွေ အပြစ်ရှိသလား


အခုရက်ပိုင်းအတွင်း လှုပ်လှုပ်ခတ်ခတ်လည်းဖြစ်၊ ရန်ကုန်နေ အများပြည်သူတွေနဲ့လည်း သက်ဆိုင်တဲ့ သတင်းတစ်ပုဒ်ကတော့ ဘတ်စ်ကားလိုင်းတွေ သပိတ်မှောက်တဲ့ သတင်း ဖြစ်ပါတယ်။ လတ်တလော အကြောင်းရင်းကတော့ ယာဉ်စည်းကမ်း ဖောက်ဖျက်မှုနဲ့ ပတ်သက်ပြီး နဂို ဒဏ်ကြေး ကျပ် ၁,၅၀၀ သတ်မှတ်ထားတာကနေ ကျပ် ၃ သောင်းအထိ တိုးမြှင့်လိုက်တာမို့၊ စည်းကမ်းချိုးဖောက် မိတဲ့ ဒရိုင်ဘာ၊ စပယ်ယာတွေအနေနဲ့ ဒီဒဏ်ကြေးဆောင်ဖို့ မတတ်နိုင်ဘူး၊ ဒါကြောင့် သပိတ်မှောက်ရ တာလို့ ဆိုပါတယ်။ ပြဿနာက အများပြည်သူနဲ့ သက်ဆိုင်တဲ့ကိစ္စ ဖြစ်နေတာမို့ စာနယ်ဇင်း သတင်းမီ ဒီယာတွေမှာရော လူမှုကွန်ရက် စာမျက်နှာတွေမှာပါ ဒီအကြောင်း ပြောဆိုဝေဖန်မှုတွေ လျှံထွက်သွား ခဲ့ပါတယ်။ အားလုံးနီးပါးသော လူတွေက ဘတ်စ်ကား စပယ်ယာတွေ၊ ဒရိုင်ဘာတွေကို အပြစ်တင်ကြ တာပါပဲ။ စည်းကမ်းလိုက်နာပြီး ကား မမောင်းတတ်ကြဘူးလား၊ အခုလို သပိတ်မှောက်တော့ ကျောင်းသားတွေ ပြည်သူတွေ ဒုက္ခရောက်ရတာ မသိဘူးလား ဆိုပြီးတော့ပါ။ ပြောရရင် သပိတ် မှောက် ဘတ်စ်ကားလိုင်းက အလုပ်သမားတွေဟာ ပြည်သူတွေရဲ့ ထောက်ခံမှု မရကြဘူး ဆိုတာပါ။ ဘတ်စ်ကား ဒရိုင်ဘာတွေ၊ စပယ်ယာတွေကပဲ မှားနေသလား၊ ဒီ ပြဿနာ ဘာကြောင့် ဖြစ်ရသလဲ အရင်းခံ အကြောင်းတရားတွေကို မရှာဖွေသင့်ဘူးလား ဆိုတာ ဒီကနေ့ ဆွေးနွေး တင်ပြသွားပါ့မယ်။

Saturday, September 19, 2015

မားစ်ကူးစက်မှုကြောင့် ဟာ့ဂ်ျဝတ်ပြု ခရီးသွား အရေအတွက် ကျဆင်းနိုင်ကြောင်း ဆော်ဒီအစိုးရ ကြေညာ


မားစ်ရောဂါပိုး ခြိမ်းခြောက်မှုကြောင့် ယခုနှစ် ဟာ့ဂ်ျဝတ်ပြုခရီးအတွက် လာရောက်သူ အရေအတွက် လျော့ပါးဖွယ်ရှိကြောင်း ဆော်ဒီအာရေဗျ အစိုးရက ကြေညာခဲ့သည်။
အစ္စလာမ် ဘာသာရေးအရ ဟာ့ဂ်ျကာလတွင် ဆော်ဒီနိုင်ငံရှိ မက္ကာမြို့သို့ ဝတ်ပြုခရီး သွားရောက်ခြင်းသည် အမြင့်ဆုံး လုပ်ဆောင်မှု တစ်ခုဖြစ်ရာ နှစ်စဉ် ကမ္ဘာအရပ်ရပ်မှ မွတ်ဆလင် သန်းပေါင်းများစွာ ဟာ့ဂ်ျခရီးစဉ် လာရောက်လေ့ ရှိသည်။ သို့သော်လည်း ယခုနှစ်တွင်မူ ဆော်ဒီ၏ မားစ်ရောဂါ ပြဿနာက ဟာ့ဂ်ျခရီးသွား အရေအတွက်ကို လျော့ပါးသွားစေနိုင်ကြောင်း ကျန်းမာရေးဝန်ကြီး ခါလက်ဒ် အယ်လ် ဖာလီဟ်က စက်တင်ဘာ ၁၈ ရက်တွင် ပြောကြားခဲ့သည်။