Sunday, December 27, 2015

MS Volendam သီလဝါဆိပ်ကမ်းသို့ ဆိုက်ရောက်

ထိုင်းနိုင်ငံ ဖူးခက်ဆိပ်ကမ်းမှ ထွက်ခွာလာသော ကမ္ဘာလှည့်ခရီးသည်တင်သင်္ဘော MS Volendam သည် ရန်ကုန်မြို့ သန်လျင်မြို့နယ်ရှိ အပြည်ပြည်ဆိုင်ရာသီလဝါ ဆိပ်ကမ်းသို့ ယနေ့နံနက်ပိုင်းက ရောက်ရှိလာရာ ကပ္ပတိန် နှင့် ခရီးသွားဧည့်သည်များအား ဟိုတယ်နှင့် ခရီးသွားလာ ရေးလုပ်ငန်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင်က ကြိုဆိုနှုတ်ဆက်ခဲ့သည်။

ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာမည့် ငွေတောင်ပြည်

ကန္ဒာရဝတီတိုင်း သို့မဟုတ် ကယားပြည်နယ်သည် မြန်မာနိုင်ငံအရှေ့ဘက်တွင်တည်ရှိနေသော အဓိကပြည်နယ်တစ်ခုဖြစ်ပြီး မြန်မာနိုင်ငံ၏အလင်းရောင်ခြည်၊ လျှပ်စစ်ဓာတ်အားကို နှစ်ပေါင်းများစွာ ထောက်ပံ့ပေးနေသည့် ပြည်နယ် တစ်ခုလည်းဖြစ်ပါသည်။ တစ်ပြည်နယ်လုံး၏လူဦးရေသည် သုံးသိန်းနီးပါးခန့်သာရှိပြီး ကယားလူမျိုး ကိုးမျိုးနှင့် ရှမ်း၊ ဗမာစသည့် တိုင်းရင်းသားပေါင်းစုံနေထိုင်ရာ ပြည်နယ်တစ်ခုလည်းဖြစ်သည်။ ကယားတိုင်းရင်းသားများသည် တောင်ယာစိုက်ပျိုးမှု လုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုကြပြီး အေးချမ်းစွာနေထိုင်ကြသည့် လူမျိုးများဖြစ်ကြသည်။

ဘူဆန် အနုပညာ ယဉ်ကျေးမှုအဖွဲ့ချုပ်ဥက္ကဋ္ဌ Mr.Song Young – Myung နှင့် တွေ့ဆုံမေးမြန်းခြင်း

ယခု ၂၀၁၅ ခုနှစ်သည် ကိုရီးယား- မြန်မာ သံတမန်ဆက်ဆံရေး နှစ် ၄၀ ပြည့် နှစ်တစ်နှစ် ဖြစ်ပါသည်။ ယခုနှစ်ပိုင်းအတွင်း အနုပညာနှင့် ပတ်သက်သည့် ကိုရီးယား- မြန်မာ ချစ်ကြည်ရေးပန်းချီပြပွဲများ ကျင်းပနိုင်ခဲ့ပြီး ပြီးခဲ့သည့်ဒီဇင်ဘာ ၇ ရက်တွင် ကိုရီးယား- မြန်မာ နှစ်နိုင်ငံ ပန်းချီအနုပညာ လှုပ်ရှားမှုများ ပူးပေါင်းဆောင်ရွက်နိုင်ရန် ရည်ရွယ်ချက်ဖြင့် ပန်းချီမင်းဝေအောင်၏ New Treasure Gallery နှင့် တောင်ကိုရီးယားနိုင်ငံ ဘူဆန်မြို့ရှိ အနုပညာ ယဉ်ကျေးမှုအဖွဲ့ချုပ်တို့ MoU ရေးထိုးခဲ့ကြသည်။ သဘောတူ စာချုပ်လက်မှတ် ရေးထိုးခြင်းနှင့် ပတ်သက်၍ ဆက်လက်ပြုလုပ်သွားမည့် အနုပညာ လှုပ်ရှားမှုများနှင့် ပတ်သက်ပြီး ဘူဆန် အနုပညာယဉ်ကျေးမှုအဖွဲ့ချုပ် ဥက္ကဋ္ဌ Mr.Song Young – Myung နှင့် တွေ့ဆုံမေးမြန်း ဖြစ်ခဲ့ပါသည်။

IS ခေါင်းဆောင်က ဆော်ဒီတွင် လူထုအုံကြွမှု ပြုလုပ်ရန် တိုက်တွန်းပြီး အစ္စရေးကို တိုက်ခိုက်မည်ဟု ကတိပြု

အစ္စလာမ္မစ် နိုင်ငံတော်အဖွဲ့ (IS) ၏ သိုဝှက်စွာ နေထိုင်လေ့ရှိသော အဖွဲ့ခေါင်းဆောင် အဘူဘာကာအယ်ဘဂ္ဂဒက်ဒီသည် ဒီဇင်ဘာ ၂၆ ရက်က ထွက်လာသော အသံမိန့်ခွန်းထဲတွင် ဆော်ဒီအာရေဗျ နိုင်ငံထဲ၌ လူထုအုံကြွမှုတစ်ခု ပြုလုပ်ရန် ဆော်သြခဲ့ပြီး အစ္စရေးကို တိုက်ခိုက်မည်ဟု ကတိပြုခဲ့သည်။
၂၄ မိနစ် ကြာမြင့်သည့် ထိုအသံမိန့်ခွန်းသည် ခုနစ်လအတွင်း ဘဂ္ဂဒက်ဒီ၏ ပထမဆုံး အသံမိန့်ခွန်း ဖြစ်သည်။ ထိုခုနစ်လတာ ကာလအတွင်း IS တို့သည် အီရတ်နှင့် ဆီးရီးယားတို့တွင် ထိုးနှက်မှုများစွာနှင့် ရင်ဆိုင်ခဲ့ရသည်။ ထိုအသံ မိန့်ခွန်းထဲတွင် ပြောကြားသူမှာ ဘဂ္ဂဒက်ဒီ ဟုတ်မဟုတ် အတည်ပြုနိုင်သည့် နည်းလမ်း မရှိသော်လည်း မိန့်ခွန်းပြောခဲ့သော အသံသည် ဘဂ္ဂဒက်ဒီ၏ ယခင်မိန့်ခွန်းများထဲမှ အသံနှင့် ဆင်တူနေသည်။ အဆိုပါ အသံမိန့်ခွန်းကို မည်သည့်အချိန်က ပြောကြားခဲ့ကြောင်း မသိရသော်လည်း မိန့်ခွန်းထဲတွင် ဒီဇင်ဘာ ၁၅ ရက်က ဆော်ဒီ ဦးဆောင်ဖွဲ့စည်းခဲ့သော နိုင်ငံပေါင်း ၃၄ နိုင်ငံ ပါဝင်သည့် IS ဆန့်ကျင်ရေး ညွန့်ပေါင်းအဖွဲ့ အကြောင်းကို ထည့်သွင်း ပြောကြားခဲ့သည်။

မြန်မာ့ အားကစားလောကထဲက ပန်းပွင့်လေးများ

မြန်မာ့အားကစားလောကမှာ ထင်ရှားကျော်ကြားတဲ့ အမျိုးသမီး အားကစားသမားတွေဟာ ခေတ်အဆက်ဆက်မှာ ရှိခဲ့ကြပါတယ်။ မိမိတို့ဝါသနာပါတဲ့အားကစားနဲ့ နိုင်ငံ့ဂုဏ်ဆောင်နိုင်ဖို့ ကြိုးပမ်းခဲ့ကြ သလို ကြိုးပမ်းနေကြဆဲဖြစ်တဲ့ မြန်မာအမျိုးသမီးငယ်တွေအတွက် မြန်မာ့လူမှုအသိုင်းအ၀န်းကတော့ ဂုဏ်ယူချီး မြောက်အားပေးမှုထက် အပြစ်တင်ဝေဖန်ကြတာပိုများပါတယ်။
အမျိုးသမီးအားကစားသမားတွေအတွက်တော့ ပရိသတ်အားပေးမှုရဖို့ဆိုတာထက် ကိုယ့်မိသားစုရဲ့အားပေးမှု ကိုရဖို့တောင် မလွယ်ကူလှပါဘူး။ တစ်ချို့အားကစားမယ်တွေဆိုရင် သူတို့ဘ၀တစ်ခုလုံးကို အားကစားထဲမှာပဲ နှစ်မြှုပ်ထားပြီး အနားယူချိန်မှာ ဘ၀ရပ်တည်မှုအတွက် အခက်အခဲတွေနဲ့တောင် ရင်ဆိုင်နေရတာပါ။

မြန်မာ-ထိုင်း နယ်စပ်မြို့များ လုံခြုံရေးတိုးမြှင့်

မြန်မာလုပ်သားနှစ်ဦး အား ထိုင်းတရားရုံးက သေဒဏ် ချမှတ်လိုက်ခြင်းကြောင့် ဆန္ဒဖော် ထုတ်မှုများ အရှိန်မြင့်နေချိန်တွင် မြန်မာ-ထိုင်း နယ်စပ်မြို့များ၌ လုံခြုံရေး တိုးမြှင့်လိုက်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်မှ သတင်းရရှိသည်။
လိပ်ကျွန်းလူသတ်မှုအ တွက် မြန်မာနိုင်ငံသား ဇော်လင်း နှင့် ဝင်းဇော်ထွန်းတို့ကို ထိုင်းတရားရုံးက သေဒဏ်နှင့် ထောင်ဒဏ်များ ချမှတ်ထားခြင်းသည် တရားမျှတမှုမရှိဟု မြန်မာနိုင်ငံသားများက ယုံကြည်နေပြီး မြန်မာ-ထိုင်း နယ်စပ်မြို့များအပြင် မြို့ကြီးများ၌ ဆန္ဒဖော်ထုတ်ပွဲများ ပြုလုပ်နေသည်။

ရိုးရာမပျက်တဲ့ ပုသိမ်ထီး

မြန်မာလူမျိုးတို့၏ ဓလေ့ထုံးစံအရ ခရီးတစ်ခု ထွက်အပြီး နေရပ်အပြန်တွင် အိမ်ပြန်လက်ဆောင်ဆိုသည့် လက်ဆောင် ပစ္စည်းများကို ၀ယ်ယူသွားလေ့ရှိသည်မှာ ဓလေ့တစ်ခု ဖြစ်သည်။ မြန်မာပြည်၏ နေရပ်ဒေသ အသီးသီးတွင် ဒေသထွက် ရိုးရာအစားအစာများ လက်ဆောင် ပစ္စည်းများက နေရာတစ်ခုနှင့်တစ်ခု မတူကွဲပြားစွာ ရှိတတ်ကြသည်။
ဧရာဝတီတိုင်း ဒေသကြီး၏ ပုသိမ်မြို့ကို လာရောက် လည်ပတ်သည့် ခရီးသွားတိုင်း အမှတ်တရ အိမ်ပြန်လက်ဆောင်ဟုဆိုသည်နှင့် မလွှဲမသေ မြင်ယောင်ကြသည်မှာ ပုသိမ်ဟာလ၀ါနှင့် ပုသိမ်ထီးသာ ဖြစ်သည်။

နိုင်ငံရေးဆွေးနွေးပွဲများတွင် လေ့လာသူအဖြစ် NCA လက်မှတ်မထိုးသော ၁၀ ဖွဲ့ပါ ဖိတ်ကြားမည်

NCA ၏ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာမူဘောင်ကို နိုင်ငံတော်သမ္မတအား ပေးအပ်သည့်အခမ်းအနားတွင် သမ္မတဦးသိန်းစိန်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နှင့်ပါတီများမှ တာဝန်ရှိသူများကို လိုက်လံနှုတ်ဆက်နေစဉ် (ဓာတ်ပုံ - MPC)
မကြာမီ စတင်ကျင်းပ ရန် အစိုးရက ပြင်ဆင်နေသည့် နိုင်ငံရေးဆွေးနွေးပွဲများတွင် လေ့ လာသူ အထူးဧည့်သည်များအ ဖြစ် တက်ရောက်ရန် တစ်နိုင်ငံ လုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်(NCA) မထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့ကိုလည်းဖိတ်ကြားသွားမည်ဖြစ်ကြောင်း MPC အကြီးတန်းအကြံပေး ဦးလှမောင်ရွှေက ပြောသည်။

ကန်ဒေါ်လာနှစ်သန်းကျော် ကုန်ကျမည့် ရန်ကုန်ဘောလုံးအကယ်ဒမီ ဒီဇင်ဘာနောက်ဆုံးပတ်၌ တည်ဆောက်မည်

လူငယ်မျိုးဆက်သစ် ဘောလုံးသမားများမွေးထုတ်ပေး ရန် ရည်ရွယ်သည့် မြန်မာဘောလုံး အကယ်ဒမီ(ရန်ကုန်) နှစ်ထပ်အဆောက်အအုံကို ဒီဇင်ဘာနောက်ဆုံးပတ်တွင် စတင်တည်ဆောက် မည်ဖြစ်ကြောင်း သတင်းရရှိ သည်။
မြက်ခင်းတု လေ့ကျင့်ရေး ကွင်းများ အပါအ၀င် စုစုပေါင်း ကန်ဒေါ်လာ ၂ ဒသမ ၅ သန်း ကုန်ကျမည့် ရန်ကုန်ဘောလုံးအကယ်ဒမီအတွက် ကမ္ဘာ့ဘောလုံးအဖွဲ့ ချုပ်(ဖီဖာ)မှ Gola Project-5 အစီအစဉ်ဖြင့် ကန်ဒေါ်လာငါးသိန်းပံ့ပိုးထားပြီး ကျန်ကုန်ကျစရိတ် ကန်ဒေါ်လာ နှစ်သန်းခန့်ကို ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော် တည် ထောင်ထားသည့် ဧရာဝတီဖောင် ဒေးရှင်းက ပံ့ပိုးလှူဒါန်းငွေဖြင့် တည်ဆောက်မည်ဖြစ်သည်။

နှစ်သစ်ကူးကာလတွင် ဥရောပမြို့ကြီးများ တိုက်ခိုက်ခံရနိုင်ဖွယ်ရှိဟု သြစတြီးယားရဲတပ်ဖွဲ့ ပြောကြား

နှစ်သစ်ကူးမတိုင်မီတွင် ဥရောပမြို့ကြီးများ၌ ပစ်ခတ်မှုနှင့် ဗုံးခွဲတိုက်ခိုက်မှုများ ဖြစ်နိုင်ခြေရှိသည်ဟု ထောက်လှမ်းရေးဌာနတစ်ခုက သတိပေးထားကြောင်း သြစတြီးယား ရဲတပ်ဖွဲ့က ဒီဇင်ဘာ ၂၆ရက်နေ့က ပြောကြားခဲ့သောကြောင့် ဥရောပတစ်လွှားရှိ ရဲတပ်ဖွဲ့များက လုံခြုံရေးကို တိုးမြှင့်ထားခဲ့ကြသည်။
ဖြစ်နိုင်ခြေရှိတဲ့ တိုက်ခိုက်သူတွေရဲ့ အမည်စာရင်းကို ဖော်ထုတ်ပြီး စစ်ဆေးနေပါတယ်။ ဒီစစ်ဆေးချက်တွေအပေါ် အခြေခံပြီး စုံစမ်းနေပေမယ့်လည်း အခုအချိန်အထိတော့ ခိုင်လုံတဲ့ ရလဒ်တွေ ထွက်မလာသေးပါဘူးဟု ဗီယင်နာ ရဲတပ်ဖွဲ့က ကြေညာချက်တစ်ခုတွင် ပြောကြားခဲ့သည်။ ယခုကြေညာချက်မှာ အနည်းဆုံး လူပေါင်း ၁၃၀သေဆုံးခဲ့ရသည့် ပါရီတိုက်ခိုက်မှုများအပြီး ရက်သတ္တ၆ပတ်အကြာတွင် ထွက်ပေါ်လာခဲ့ခြင်းပင် ဖြစ်သည်။

Thursday, December 24, 2015

လာမည့်နှစ်တွင် အီးယူနှင့် သဘောတူညီမှုအသစ် ရရှိမည်ဟု ဗြိတိန်ဝန်ကြီးချုပ်ပြောကြား



ဥရောပခေါင်းဆောင်များထိပ်သီးဆွေးနွေးပွဲတွင် ဗြိတိန်ဝန်ကြီးချုပ်နှင့် ဂျာမနီအဓိပတိတို့ကို တွေ့ရစဉ်။(ဓာတ်ပုံ-reuters)
ဘရပ်ဆဲလ်မြို့တွင် ဥရောပသမဂ္ဂ (အီးယူ)ခေါင်းဆောင်များနှင့် ဆွေးနွေးခဲ့ပြီးနောက် ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းက ဗြိတိန်နိုင်ငံအနေဖြင့် ၂၀၁၆ အတွင်း အီးယူ နှင့် ဆက်ဆံရေးကို အခြေခံကျကျ ပြောင်းလဲသွားမည်ဟု ပြောကြားလိုက်သည်။
လူထုဆန္ဒခံယူပွဲ ကျင်းပကာ ဗြိတိန်ပြည်သူများသို့ချပြမည့် ၎င်းလိုလားသော ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်ခွင့်ရရေးတစ်ဆင့် နီးလာပြီဟု ဒေးဗစ်ကင်မရွန်း က ပြောသည်။၎င်းမျှော်လင့်ထားသကဲ့သို့ ဖေဖော်ဝါရီတွင် သဘောတူညီမှုရရန် အမှန်တကယ်ခက်ခဲမည်ဖြစ်သော်လည်း လာမည့်နှစ်၌ သဘောတူညီမှုရလိမ့်မည်ဟု ကင်မရွန်းက ပြောသည်။

ကျွန်လုပ်သားပြဿနာများရှိသော်လည်း အောင်ပွဲခံနေသည့် ထိုင်းပင်လယ်စာလုပ်ငန်းများ

အဓမ္မခိုင်းစေခံ ကျွန် လုပ်သားများကို အ သုံးပြုနေကြောင်း ဖော်ထုတ်တွေ့ရှိသဖြင့် အကြီး အကျယ် နာမည်ပျက်ခဲ့သည့်တိုင် ထိုင်းနိုင်ငံ၏ ပင်လယ်စာ ပို့ကုန်လုပ်ငန်းသည် အရှိန်မပျက် ဆက်လက် အောင်ပွဲခံနေဆဲ ဖြစ်သည်။
ထိုင်းငါးဖမ်းလှေများတွင် ကျေးကျွန်သဖွယ် ရက်ရက်စက်စက် ခိုင်းစေခံရသည့် ကျွန်လုပ်သားများ၏ ဘဝကို မီဒီယာများက ဖော်ထုတ် ရေးသားခဲ့သည့်နောက် ထိုကိစ္စသည် တစ်ကမ္ဘာလုံးကို အကြီးအကျယ် ဂယက်ရိုက်ခဲ့သည်။

ဆိုမာလီယာနှင့် ဘရူနိုင်းတို့တွင် ခရစ္စမတ်ပွဲတော် ကျင်းပခွင့် တားမြစ်ပိတ်ပင်

ဆိုမာလီယာနှင့် ဘရူနိုင်းနိုင်ငံများတွင် ခရစ္စမတ်ပွဲတော်ကို အကျဉ်းချုံး အနေအထားမျိုးထက် ပိုမိုစည်စည်ကားကား မကျင်းပရန် ပိတ်ပင်တားဆီးထားကြောင်း သိရသည်။
ဆိုမာလီယာနှင့် ဘရူနိုင်းရှိ ခရစ်ယာန်ဘာသာဝင်များ၏ နေအိမ်များတွင် ခရစ္စမတ်ပွဲတော်ကို အလွန်ခမ်းနားစွာ ပြင်ဆင်ကျင်းပရန် အစီအစဉ် ရှိမရှိကို ရဲများက လိုက်လံစစ်ဆေးနေကြသည်။ အဆိုပါ နိုင်ငံများတွင် ခရစ်ယာန်ဘာသာရေး၏ အထင်ကရ နေ့တစ်နေ့ဖြစ်သည့် ခရစ္စမတ်နေ့ကိုလည်း အားလပ်ရက်အဖြစ် မသတ်မှတ်ရန် တားဆီးထားသည်။

တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း မြို့ ၁၀ မြို့တွင် လေထုညစ်ညမ်းမှု အရေးပေါ် သတိပေးချက်များ ထုတ်ပြန်ထားရ

တရုတ်နိုင်ငံအရှေ့မြောက်ပိုင်းတွင် မီးခိုးမြူများ ထူထပ်စွာဖုံးလွှမ်းနေခြင်းကြောင့် အာဏာပိုင်များက သတိပေးချက်များ ထုတ်ပြန်ထားရကြောင်း သိရသည်။နိုင်ငံ အရှေ့မြောက်ပိုင်းရှိ မြို့ ၁၀ မြို့တို့တွင် ဒေသခံများအနေဖြင့် အတတ်နိုင်ဆုံး နေအိမ်ထဲမှ မထွက်ကြရန် သက်ဆိုင်ရာတာဝန်ရှိသူများက လိုက်လံ ညွှန်ကြားထားသည်။ ပြီးခဲ့သည့် သီတင်းပတ် ကတည်းက တရုတ်နိုင်ငံဒေသအများအပြားတွင် လေထုညစ်ညမ်းမှုများနှင့် ကြုံရနိုင်ကြောင်း သတိပေးချက်များ ထုတ်ပြန်ထားခဲ့သည်။

လိပ်ကျွန်းလူသတ်မှု စီရင်ချက် တရားမျှတသည်ဟု ယုံကြည်ကြောင်း သေဆုံးသူ မိသားစု ထုတ်ပြန်

ထိုင်းနိုင်ငံ၊ လိပ်ကျွန်း လူသတ်မှုနှင့် ပတ်သက်ပြီး တရားရုံး၏ အပြီးသတ် စီရင်ချက်သည် တရားမျှတမှု ရှိသည်ဟု ယူဆကြောင်း သေဆုံးသူ ဒေးဗစ်မီလာ၏ မိသားစုက ကြေညာခဲ့သည်။
တစ်နှစ်ကျော် ကြာမြင့်ခဲ့သည့် စစ်ဆေးမှုအတွက် အပြီးသတ် စီရင်ချက်ကို ဒီဇင်ဘာ ၂၄ ရက်တွင် ချမှတ်ခဲ့ရာ မြန်မာ ရွှေ့ပြောင်းလုပ်သား နှစ်ဦးဖြစ်သည့် ဇော်လင်းနှင့် ဝေဖြိုးတို့တွင် ပြစ်မှု ထင်ရှားကြောင်း တရားရုံးက ဆုံးဖြတ်ပြီး သေဒဏ် ချမှတ်ခဲ့သည်။ ၂၀၁၄ ခုနှစ်၊ စက်တင်ဘာလက လူသတ်မှုတွင် မြန်မာလုပ်သား နှစ်ဦးသည် မီလာကို သတ်ဖြတ်ပြီး ဟန်နာဝစ်သာရစ်ဂ်ျကိုလည်း အဓမ္မပြုကျင့် သတ်ဖြတ်ခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က စွဲချက်တင်ခဲ့သည်။

မန္တလေးရှိ သဲထုတ်လုပ်ရေး လုပ်ငန်းများ ရောင်းအားကျဆင်း

၂၀၁၅ တွင် ဆောက် လုပ်ရေးလုပ်ငန်းများ၌ အသုံးပြု သည့်သဲများ ရောင်းအားကျဆင်း ပြီး ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက ထက်ဝက်ခန့် ရောင်းအားကျဆင်း လျက်ရှိကြောင်း မန္တလေးမြို့ ဂေါ ၀ိန်ဆိပ်ကမ်းအနီးရှိ သဲထုတ်ယူ ရောင်းချနေသည့် လုပ်ငန်းများမှ သတင်းရရှိသည်။‘‘အရင်နှစ်တွေက တစ်နေ့ ကို သဲကျင်းလေးဆယ်၊ ငါးဆယ် အထိ ရောင်းရတယ်။ အခုက တစ်နေ့ကို သဲကျင်း နှစ်ဆယ် လောက်ပဲ ရောင်းရတယ်။ ရောင်း အားတွေက ထက်ဝက်နီးပါးကို ကျလာတာ။ ဈေးကတော့ သိသိ သာသာ အတက်အကျမရှိပါဘူး။ ၀ယ်မယ့်သူနည်းလာတာပဲ’’ ဟု မန္တလေးမြို့ ဧရာဝတီ မြစ်ကမ်း ဂေါဝိန်ဆိပ်ကမ်းအနီးရှိ သဲထုတ် လုပ်ရောင်းချသူတစ်ဦးက ပြော သည်။ နှစ်စဉ် ၀ါဆို၊ ၀ါခေါင်လများ တွင် မြစ်ရေတက်သည့်အတွက် သဲရှားပါးပြီး ဈေးကောင်းရခဲ့သော်လည်း ယခုနှစ်၌ သဲရှားပါးသည့် ဇွန်လမှ စက်တင်ဘာအတွင်း ဆောက်လုပ်ရေး လုပ်ငန်းများမှ ၀ယ်ယူမှုသိသာစွာလျော့ကျလာကြောင်း သဲထုတ်လုပ်ရောင်းချသူများထံမှ သိရသည်။

ထိုင်းသံရုံးရှေ့၌ လုံခြုံရေး တိုးမြှင့်ချထား

ဒဂုံမြို့နယ်၊ မနော်ဟရီလမ်းပေါ်ရှိ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံရုံးရှေ့တွင် ယနေ့ မနက် ၁၁ နာရီခန့်မှစ၍ လုံခြုံရေး တိုးမြှင့်ချထားကြောင်း သိရသည်။လိပ်ကျွန်းလူသတ်မှုနှင့်ပတ်သက်၍ စွပ်စွဲခံမြန်မာ ၂ ဦးကို ယနေ့ သေဒဏ်ချမှတ်လိုက်ပြီးနောက် လူမှုကွန်ရက်ပေါ်တွင် အပြင်းအထန် ဝေဖန်မှုများဖြင့် သောသောညံနေပြီး မနက်ဖြန် ဒီဇင်ဘာ ၂၅ ရက်တွင် ထိုင်းသံရုံးရှေ့၌ ဆန္ဒပြရန် စုစည်းလှုံဆော်မှုများလည်း ရှိနေသည်။

မြန်မာပြည်မှာ အမှိုက်တွေလာမပုံပါနဲ့

ပြီးခဲ့သည့်လများက ရန်ကုန်ဆိပ်ကမ်းတွင် ပြည်ပနိုင်ငံများ၌ အသုံးပြုပြီးသော အီလက်ထရွန်နစ်စွန့်ပစ်ပစ္စည်းများကို ဖမ်းဆီးရမိခဲ့သည်။
တရုတ်နိုင်ငံနှင့် ဂျပန်နိုင်ငံတို့မှ သယ်ဆောင်လာသော ကွန်ပျူတာ၊ လျှပ်စစ်ပစ္စည်းများမှ ထွက်ရှိသည့် ဆားကစ်ပြားအဟောင်းကဲ့သို့သော အီလက်ထရွန်နစ်စွန့်ပစ်ပစ္စည်းများပါဝင်ကာ ထိုပစ္စည်းများမှာ ကျန်းမာရေးနှင့်ပတ်ဝန်းကျင်ကို ဆိုးရွားစွာထိခိုက်ပျက်စီး နိုင်သည့်အတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနက မူလနိုင်ငံသို့ ပြန်လည်ပို့ဆောင်၍ ညွှန်ကြားခဲ့သည်။
ထိုအီလက်ထရွန်နစ်စွန့်ပစ်ပစ္စည်းများသည် ကျန်းမာရေးနှင့် ပတ်ဝန်းကျင်ကို ထိခိုက်ပျက်စီးစေသဖြင့် ဘေးအန္တရာယ်ရှိ စွန့်ပစ်ပစ္စည်း (Hazardous Waste) ဟု သတ်မှတ်ထားရာ နိုင်ငံတကာကွန်ဗင်းရှင်းများတွင် တစ်နိုင်ငံနှင့်တစ်နိုင်ငံတင်ပို့ရန် တားမြစ်ထားသည့် ပစ္စည်းများလည်းဖြစ်သည်။

Wednesday, December 23, 2015

အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ် လုပ်သားနှစ်သိန်းခုနစ်သောင်းကျော် ချုပ်ဆိုပြီး

အလုပ်ခန့်ထားမှုဆိုင်ရာသဘောတူစာချုပ်(အီးစီ)ကို ယနေ့အချိန်အထိ လုပ်သားဦးရေ နှစ်သိန်းခုနစ်သောင်းကျော်
ချုပ်ဆိုထားပြီးဖြစ်ကြောင်း သတင်းရရှိသည်။
အဆိုပါအီးစီစာချုပ်ကို စက်တင်ဘာမှစ၍ ချုပ်ဆိုစေခဲ့ပြီး တစ်လအတွင်း အပြီးချုပ်ဆိုရန်ဖြစ်သော်လည်း အလုပ်ရှင်၊ အလုပ်သမားစာချုပ်ပါအချက်အလက်များနှင့်ပတ်သက်ပြီး ညှိနှိုင်းမှုများအချိန်ယူပြုလုပ်နေရ၍ ကြန့်ကြာမှုအချို့ရှိခဲ့ရကြောင်း အလုပ်သမားညွှန်ကြားမှုဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဦးမျိုးအောင်က ပြောသည်။
‘‘စက်ရုံ၊ အလုပ်ရုံအရေအတွက်ဆိုရင် တစ်နိုင်ငံလုံးစာရင်းအရတစ်ထောင်ကျော်သွားပါပြီ’’ ဟု ၎င်းကပြောသည်။

ရခိုင်တွင် လေးနှစ်အတွင်း စိတ်ကြွဆေး ၁၈ သိန်းကျော်နှင့် မူးယစ်တရားခံ ၁၈၀ ဦးကျော် ဖမ်းမိ

မြောက်ဦး- မူးယစ်ဆေးဝါးရောင်းဝယ်မှု အများဆုံးဖြစ်နေသည့် ရခိုင်ပြည်နယ်တွင် လေးနှစ်တာကာလအတွင်း WY စိတ်ကြွရူးသွပ်ဆေးပြား ၁၈ သိန်းကျော်နှင့် မူးယစ်တရားခံ ၁၈၀ ကျော် ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။
‘‘ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ ၂၀၁၂ ကနေ ဒီနေ့အထိ WY စိတ်ကြွဆေးပြားပေါင်း ၁၈ သိန်းကျော်ဖမ်းဆီးရမိခဲ့ပြီးတော့ လူပေါင်း ၁၈၀ ကျော် ဖမ်းဆီးခဲ့ရတယ်’’ဟု ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးနေမျိုးက ဒီဇင်ဘာ ၁၈ ရက်တွင် ပြုလုပ်သည့် မြို့ခံများနှင့် တွေ့ဆုံပွဲ၌ ပြောကြားသည်။

နိုင်ငံ့လက်ရွေးစင်မှ ငါးနှစ်အနားယူထားသူများ လက်ရွေးစင် အားကစားသမားဟောင်းများ အသင်းဝင်အဖြစ် လျှောက်နိုင်

မြန်မာ့အားကစား တိုးတက်ရေးအတွက် ရည်ရွယ်ဖွဲ့စည်းထားသည့် မြန်မာ့လက်ရွေးစင် အားကစားသမားဟောင်းများအသင်းသို့ လက်ရွေးစင်အားကစားသမားအဖြစ်မှ ငါးနှစ်အနားယူထားပြီးသူများအနေဖြင့် အသင်းဝင်အဖြစ် လျှောက်ထားနိုင်ကြောင်းသတင်းရရှိသည်။
‘‘ကျွန်တော်တို့ အသင်းဝင်တွေမှာ အားကစားနည်းတွေ အစုံပါနေတော့ အားကစားအဖွဲ့ချုပ်တွေကနေ အကူအညီတောင်းခံလာမယ်ဆို ကူညီပေးနိုင်အောင်လို့ပါ။ နောက်တစ်ချက်က အသင်းဝင်တွေအချင်းချင်း ချစ်ခင်စည်းလုံးမှုရှိရှိနဲ့ ကူညီရိုင်းပင်းမှုတွေပြုလုပ်ပေးနိုင်ဖို့အတွက်ပါ။ အဓိက ရည်ရွယ်ချက်ကတော့ မြန်မာ့အားကစား တိုးတက်လာရေးအတွက် ပံ့ပိုးပေးနိုင်ဖို့ အတွက်ပါပဲ’’ဟု မြန်မာ့လက်ရွေးစင်အားကစားသမားဟောင်းများ အသင်းဖြစ်မြောက်ရေးကော်မတီမှ အတွင်းရေးမှူးနှင့် ဘော်လီဘောချန်ပီယံဟောင်း ဦးစိုးသိန်းက ပြောသည်။

မယ်စကြ၀ဠာပြိုင်ပွဲနှင့် အမှားတစ်ခု၏ နောက်ဆက်တွဲ ဂယက်များ

ဆုရသူ အမည် မှားယွင်းကြေညာပြီးနောက် ၂၀၁၄ မယ်စကြ၀ဠာမယ်က သရဖူကို ကိုလံဘီယာ အလှမယ်ထံမှ ဖိလစ်ပိုင်အလှမယ်အား လွှဲပြောင်းပေးအပ်နေစဉ် (Reuters)
မယ်စကြ၀ဠာ ပြိုင်ပွဲ နောက်ဆုံး အနိုင်ရသူရွေးချယ် ကြေညာစဉ် အကြီးအကျယ်လွဲချော်သွားခဲ့ သည့် ၎င်း၏အမှားကို အစီအစဉ် မှူး စတိဗ်ဟာဗေးက၀န်ခံတောင်းပန်ခဲ့သည်။ သို့သော်လည်းနောက်ဆက်တွဲ ဂယက်များကမူ မျှော်လင့်ထားသည့်အတိုင်း ထွက်ပေါ်လာဆဲဖြစ်သည်။

မူဆယ်နယ်စပ်ကုန်သွယ်ရေးဇုန်တွင် ယာဉ်ကြောပိတ်ဆို့မှု ဖြေရှင်းရန် ပြင်ဆင်

တရုတ်နိုင်ငံနှင့် နယ် စပ်ကုန်သွယ်ရာတွင် အရေးပါ သည့် မူဆယ်-မန္တလေးကားလမ်း ကြောင်း၌ ကုန်တင်ကားကြီးများ သွားလာမှုများလျှင် ယာဉ်ကြောပိတ်ဆို့လေ့ရှိသော ပြဿနာကို ဖြေရှင်းရန် စက်ယန္တရားများ အဆင့်သင့်ပြင်ဆင်ထားကြောင်း သတင်းရရှိသည်။
ကားလမ်းကျဉ်းသည့်နေရာ များတွင် ကားပျက်ခြင်း၊ ကားလမ်းချော်ခြင်းနှင့် စည်းကမ်းမဲ့ကျော် တက်မောင်းနှင်ခြင်းကဲ့သို့ ယာဉ် ကြောပိတ်ဆို့မှုဖြစ်ပေါ်စေသည့် အခြေအနေများ၌ လမ်းကြောင်းပိတ်ဆို့နေသည့် ယာဉ်ကို ရှင်းလင်းဖယ်ရှားနိုင်ရန် ကရိန်းဝန်ချီစက်ကဲ့သို့ စက်ယန္တရားကြီးများ အဆင်သင့်ပြင်ထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မူ ဆယ် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးဇုန်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

၂၀၁၆ ခုနှစ်တွင် ထွက်ပေါ်လာမည့် လိုင်စင် ဥပဒေသစ် အပြောင်းအလဲကြောင့် လက်ရှိလိုင်စင် ရရှိထားသည့် မော်တော်ယာဉ်များကို ဒီဇင်ဘာ ၃၁ ရက် အထိသာ တင်သွင်းတော့မည်ဟု ကုန်သည် လုပ်ငန်းရှင်များ ဆို

နယ်စပ်မှ တရားဝင် ကားတင်သွင်းရာတွင် လက်ရှိတင်သွင်းခွင့် ရရှိထားသော မော်တော်ယာဉ်များအား ဒီဇင်ဘာ ၃၁ ရက်ထိသာ တင်သွင်းရန် ဆောင်ရွက်လျက်ရှိကြောင်း မြ၀တီနယ်စပ်မှ သွင်းကုန်ထုတ်ကုန် လုပ်ငန်းရှင်များထံမှ သိရသည်။
၂၀၁၆ ခုနှစ် ထွက်ပေါ်လာမည့် လိုင်စင် ဥပဒေသစ် အပြောင်းလဲကို စောင့်ဆိုင်းပြီး လက်ရှိ တင်သွင်ခွင့် လိုင်စင်ရရှိထားသည့် ၀ယ်ယူပြီးကားများ လက်ဝယ်ကျန်ခဲ့မည်ကို စိုးရိမ်၍ ဖြစ်သည်ဟု ဆိုသည်။

Tuesday, December 22, 2015

တောင်သမန်အင်းကို အင်းစာရင်းမှ ပယ်ဖျက်ပြီး လေလံတင်ရောင်းချခြင်း ရပ်ဆိုင်းမည်

အောက်ဆီဂျင်ပြတ်လပ်နေသော တောင်သမန်အင်း-ဓာတ်ပုံ-ဂျေမောင်မောင်(အမရပူရ)
သဘာဝပတ်ဝန်းကျင် ပျက်စီးမှု မရှိစေရေးအတွက် တောင်သမန်အင်းကို အင်းစာရင်းမှပယ်ဖျက်ပြီး ၂၀၁၆-၁၇ ဘဏ္ဍာနှစ်မှစတင်ကာ ငါးမွေးမြူရေး လုပ်ငန်းအတွက် လေလံတင်ရောင်းချခြင်းကို ရပ်ဆိုင်းမည် ဖြစ်ကြောင်း တိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးဌာနက အမိန့် ကြော်ငြာစာ ထုတ်ပြန်သည်။
ရေချိုငါးလုပ်ငန်း ဥပဒေ လုပ်ထုံးလုပ်နည်းများကို ကျင့်သုံး ၍ မန္တလေးခရိုင်၊ အမရပူရမြို့ နယ် နတ်ရေကန်တိုက်၊ ဥယျာဉ် တော်တိုက်ရှိ ရေနေဧရိယာ ဧက ၁,၀၀၀ခန့်ရှိသော တောင်သ မန်အင်းကို အင်းစာရင်းမှ ပယ် ဖျက်လိုက်သည်ဟု ဒီဇင်ဘာ ၈ ရက်က ထုတ်ပြန်ခဲ့သည်။
တောင်သမန်အင်းကို သဘာဝပတ်ဝန်းကျင် ပျက်စီးမှု မရှိစေရန်နှင့် သဘာဝထိန်းသိမ်း ရေးကန်အဖြစ် ရေရှည်တည်တံ့ ခိုင်မြဲစေရန်အတွက် အင်းစာရင်း မှ ပယ်ဖျက်ခြင်းဖြစ်သည်ဟု ဖော် ပြထားသည်။

အမတ်လောင်းသင်တန်းများ ငွေကုန် အသံပြာ လူပန်း မဖြစ်စေဖို့

ထိပ်တန်းခရိုနီတဦးဆီက စပွန်ဆာတောင်းကျင်းပတဲ့အတွက်
ဝေဖန်သံတွေဆူညံခဲ့တဲ့ NLD အမတ်လောင်းတွေသင်တန်း အပတ်စဉ် ၁ သင်တန်းကတော့ အောင်မြင်စွာပြီးဆုံးခဲ့ပါပြီ။ သင်တန်းအမှတ်စဉ် ၃ ကစပြီးတော့ ခုလိုစပွန်ဆာမတောင်းတော့ဘဲ ပါတီပိုင်ငွေကြေးနဲ့
သင်တန်းပေးတော့မယ်လို့လည်း ကြားသိရပါတယ်။ ဒီအတွက်လည်း ၀မ်းသာရပါတယ်။ ပြည်သူ့အသံကိုနားထောင်တဲ့အတွက်ပါ။
ခုအမှတ်စဉ် ၁ သင်တန်းပြီးသွားတဲ့အခါမှာ သင်တန်းတက်ခဲ့တဲ့
အမတ်လောာင်းတွေရဲ့ ဝေဖန်အကြံပြုသံလေးတွေထွက်လာပါတယ်။ အဆင့်မြင့်ကြယ် ၅ ပွင့်ဟိုတယ်ကြီးမှာတည်းခိုစားသောက်ပြီး အဆင့်မြင့်ဟိုတယ်ခန်းမကြီးမှာ သင်ကြားရတဲ့အတွက် နေထိုင်စားသောက်မှု အားလုံးအဆင်ပြေကြပါတယ်။ အဓိက
အဆင်မပြောတာက သင်တန်းဆရာတချို့ရဲ့ သင်ကြားမှုစနစ်ပါ။ အမတ်လောင်းများရဲ့ ဝေဖန်အကြံပြုချက်တွေထဲကမှ အရေးကြီးတယ်လို့ ယူဆတဲ့အချက်တချို့ကို အကြံပြုတင်ပြချင်ပါတယ်။ ဒါမှ နောက်သင်တန်းတွေအတွက် ပြင်သင့်တယ်ထင်ပါက
အချိန်မှီပြုပြင်နိုင်ရေးအတွက်ပဲဖြစ်ပါတယ်။

မြန်မာအတွက်Euroသန်း (၇၀)EUနာက်ထပ်ထောက်ပံ့မည်

EU ဥရောပသမဂ္ဂ က မြန်မာနိုင်ငံမှာ ဆင်းရဲမှုလျှော့ချရေး၊ အစားအစာနဲ့ အဟာရဓါတ်ဖူလုံမှုရှိစေဖို့၊ တရားဥပဒေ စိုးမိုးရေး ပိုမိုကောင်းမွန်စေဖို့နဲ့ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် မြန်မာကျပ်ငွေ ၁၀၀ ဘီလီယံ နီးပါးနဲ့ ညီမျှတဲ့ Euro ငွေ သန်း ၇၀ ထပ်တိုး အကူညီ ပေးမှာ ဖြစ်တဲ့ အကြောင်း၊ EU ဥရောပသမဂ္ဂက တနင်္လာနေ့ က ထုတ်ပြန်ခဲ့ပါတယ်။ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ကို ခေတ်မှီတဲ့ ရဲတပ်ဖွဲ့ဖြစ်အောင် ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်ပေးနေတာဆက်လက် ပံ့ပိုးသွားမှာ ဖြစ်တယ်လို့လည်းထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

ဂရိတ်ဝေါ ဦးတင်မောင်နှင့် ဇနီးဒေါ်နန်းလှစိန် ပိုင်ဆိုင်သော စီးတီးမန်း ကုမ္ပဏီသည် ၁၈ နှစ်ကြာ ၀င်ငွေခွန် တိမ်းရှောင်ရန်အတွက် ၀င်ငွေကြေညာလွှာ တင်သွင်းရန် ပျက်ကွက်သည်ဟုဆိုကာ ၀င်ငွေခွန်ဥပဒေပုဒ်မ ၄၇ (ဂ) ဖြင့် အမှုဖွင့်ထားသည်မှာ သုံးလနီးပါး ကြာပြီဖြစ်သော်လည်း တရားစွဲတင်နိုင်ခြင်း မရှိသေး

ဂရိတ်ဝေါလ် ဦးတင်မောင်နှင့် ဇနီး ဒေါ်နန်းလှစိန်တို့ကို ၎င်းတို့ပိုင်ဆိုင်သော စီးတီးမန်း ကုမ္ပဏီသည် ၁၈ နှစ်ကာလကြာ ၀င်ငွေခွန် တိမ်းရှောင်ရန်အတွက် ၀င်ငွေကြေညာလွှာ တင်သွင်းရန် ပျက်ကွက်သည်ဟု ဆိုကာ ချမ်းအေးသာစံမြို့နယ် အခွန်ဦးစီးဌာနမှူးက ၀င်ငွေခွန် ဥပဒေပုဒ်မ ၄၇ (ဂ)ဖြင့် အမှုဖွင့်ထားသည်မှာ သုံးလနီးပါး ကြာပြီဖြစ်သော်လည်း ယခုအချိန်ထိ တရားစွဲတင်နိုင်ခြင်း မရှိသေးကြောင်း သတင်းရရှိသည်။
"အမှုဖွင့်ထားပြီး စစ်ဆေးစရာ ရှိတာတွေတော့ စစ်ဆေးထားတယ်။ ဒါပေမဲ့ တရားစွဲတင်ဖို့အတွက် ဥပဒေ အကြံပြုချက် တင်ထားတာ ပြန်ကျမလာသေးဘူး။ ဒါကြောင့် တရားစွဲ မတင်နိုင်သေးဘူး။ ဥပဒေရုံးက ပြန်ကျလာမှပဲ တရားစွဲတင်နိုင်မှာပါ"ဟု အဆိုပါ အမှုဖွင့်ထားသည့် အမှတ် (၈) ရဲစခန်းမှ စခန်းမှူးက ဆိုသည်။

Monday, December 21, 2015

ဆန္ဒပြကန့်ကွက်နေသည့်ကြားက ဆေးကျောင်းသူ ဂိုဏ်းဖွဲ့မုဒိမ်းကျင့်မှုမှ အငယ်ဆုံးကျုးလွန်သူ လွတ်မြောက်လာ

၂၀၁၂ ခုနှစ်က အိန္ဒိယနိုင်ငံ နယူးဒေလီတွင် ဖြစ်ပွားခဲ့သော တုန်လှုပ်ခြောက်ခြားဖွယ် ဘတ်စ်ကားပေါ် ဆေးကျောင်းသူအား ဂိုဏ်းဖွဲ့မုဒိမ်းကျင့်မှုမှ အသက်အငယ်ဆုံး ကျုးလွန်သူသည် စာရိတ္တပြုပြင်ရေး ထိန်းသိမ်းစင်တာမှ ပြန်လည်လွတ်မြောက်လာကြောင်း ၎င်း၏ ရှေ့နေဖြစ်သူက ဘီဘီစီသို့ ပြောသည်။
၎င်းအား ပြန်မလွှတ်ရန် စွဲချက်တင်ခြင်းများလည်း ရှုံးနိမ့်ခဲ့ပြီး လူအုပ်စုဝေးဆန္ဒပြကန့်ကွက်မှုများဖြစ်ပေါ်၍ ရဲက နှိမ်နှင်းပြီး ဆန္ဒပြသူများကို ထိန်းသိမ်းထားခဲ့ရသည်။ ထိန်းသိမ်းထားခံရသူများတွင် မုဒိမ်းကျင့် ခံရသူ ဆေးကျောင်းသူ၏ မိဘဖြစ်သူများလည်း ပါဝင်သည်။

ရာသီကုန်တွင် ဘိုင်ယန်မြူးနစ်မှ ထွက်ခွာမည့် ဂွာဒီယိုလာ၏နေရာတွင် အန်ဆလော့တီဖြင့်အစားထိုးမည်

ဘိုင်ယန်မြူးနစ်နည်းပြ ဂွာဒီယိုလာသည် ရာသီကုန်တွင် အသင်းမှထွက်ခွာမည်ဖြစ်ပြီး အန်ဆလော့တီက အစားထိုးတာဝန်ယူသွားမည် ဖြစ်သည်။

အသက် ၄၄ နှစ်အရွယ်ရှိ ဂွာဒီယိုလာကို မန်စီးတီး၊ မန်ယူ၊ ချယ်လ်ဆီးနှင့် အာဆင်နယ်အသင်းများက ချိတ်ဆက်လျှက်ရှိသည်။ ဘာစီလိုနာနည်းပြဟောင်း ဂွာဒီယိုလာသည် ၂၀၁၃ တွင် ဘိုင်ယန်မြူးနစ် သို့ရောက်လာခဲ့ပြီး အမှတ်ပေးဖလားနှစ်လုံးနှင့် ပိုကယ်ဖလားတစ်လုံး ရယူပေးထားသည်။