Thursday, September 13, 2012

စမ်းချောင်းမြို့နယ် ပြည်လမ်းပေါ်ရှိ အထက(၂) အခြေခံပညာအထက်တန်းကျောင်း(စိန့်ဖလိုး) ရှေ့တွင် တွေ့ရှိသည့် သံသရရှိနာရီမှာ ဗုံးလုံးဝမဟုတ်ကြောင်း စမ်းချောင်းရဲစခန်းမှ တာဝန်ရှိသူတစ်ဦးကအတည်ပြုပြောကြား

စမ်းချောင်းမြို့နယ် ပြည်လမ်းပေါ်ရှိ အထက(၂) အခြေခံပညာအထက်တန်းကျောင်း(စိန့်ဖလိုး) ရှေ့တွင် တွေ့ရှိသည့် သံသရရှိနာရီမှာ ဗုံးလုံးဝမဟုတ်ကြောင်း စမ်းချောင်းရဲစခန်းမှ တာဝန်ရှိသူတစ်ဦးကအတည်ပြုပြောကြားသည်။"ဘာမှ မဟုတ်ပါဘူး။ ရိုးရိုးနာရီအသေးလေးတစ်လုံးပါ။ မိန်းမပတ်အ၀ိုင်းသေးသေးနာရီပါ။ စတီးရောင်ပါ။ အဲဒီမှာ အခု လူတွေလည်း အုပ်စုလိုက်ရှိမနေပါဘူး။ အေးရာအေးကြောင်းပါပဲ။ ရိုးရိုးနာရီလေးတစ်ခုပါဗျာ" ဟု ၄င်းကပြောသည်။
စိန့်ဖလိုးရှေ့တွင် ဗုံးတွေ့သည်ဆိုသည့် ကောလာဟလများ နံနက်ပိုင်းကျောင်းများဆင်းချိန် နေ့လည် ၁၂ နာရီကျော်ခန့်က စတင်ထွက်ပေါ်လာခြင်းဖြစ်သည်။

ငါးစာ အစားထိုး ပေါင်မုန့်ပင် စမ်းသပ် စိုက်ပျိုး တိုက်တွန်း

ရန်ကုန် စက်တင်ဘာ ၁၃ ပြည်တွင်းတွင် တစ်နှစ်ထက် တစ်နှစ်ထက် ဈေးနှုန်း ကြီးမြင့်လာသည့် မွေးမြူရေး ငါးစာများ နေရာတွင် အစားထိုး အသုံးပြုရန် အမေရိကန်နိုင်ငံမှ ပေါင်မုန့်ပင်များ စမ်းသပ် စိုက်ပျိုးကြရန် ကြိုးစား သင့်ကြောင်း ပြည်တွင်း ငါးမွေးမြူရေး လုပ်ငန်းရှင်များကို UMFCCI တွဲဖက် အထွေထွေ အတွင်းရေးမှူး ဦးမြင့်ဇော်က ပြောကြားသည်။

ပုစ္ဆာခက်သော ကချင်ပြည်နယ်ငြိမ်းချမ်းရေး

ပုစ္ဆာခက်သော ကချင်ပြည်နယ်ငြိမ်းချမ်းရေး

တပ်မတော်နှင့် KIA တို့ အပြန်အလှန် တိုက်ပွဲ ဖြစ်ပွားခဲ့သည်မှာ ရက်ပေါင်း ၄၄၀ (တစ်နှစ် သုံးလနီးပါး) ကျော်လာပြီ ဖြစ်သည်။ အပစ်အခတ် ရပ်စဲ နိုင်ရန် ဆွေးနွေး ညှိနှိုင်း နေသည်မှာ အဆင်မပြေ သေးပေ။

ရေချို ပုစွန်များတွင် ဆပ်ပြာရည် ပါသည် ဆိုပြီး တရုတ်မှ လက်မခံ

ရန်ကုန် စက်တင်ဘာ ၁၃ မြန်မာနိင်ငံမှ တရုတ်နိုင်ငံသို့ နယ်စပ် ကုန်သွယ်ရေး လမ်းကြောင်းမှ တဆင့် တင်ပို့နေသည့် ရေချို ပုစွန်များတွင် ဆပ်ပြာရည်များ ပါရှိ ဆိုသော အကြောင်းပြချက်နှင့် တရုတ်နိုင်ငံမှ လက်မခံဘဲ ပြန်လည် ပေးပို့လာသည်ဟု ရေချိုပုစွန် မွေးမြူရေး လုပ်ငန်းရှင်များက ပြောကြားသည်။

ရဲဘက် စခန်းများ ရပ်ဆိုင်းရန် သမ္မကို တင်ပြမည်ဟုဆို

ရန်ကုန်၊ စက်တင်ဘာ ၁၂
 ပြည်တော်ပြန် ABSDF ဥက္ကဌဟောင်း မိုးသီးဇွန်က မြန်မာနိုင်ငံတော် သမ္မတကြီးနှင့် တွေ့ဆုံစဉ် ရဲဘက်စခန်းများ ရပ်ဆိုင်းဖို့ ဆွေးနွေး တင်ပြသွားမည် ဖြစ်ကြောင်း ဦးမိုးသီးဇွန်က The Voice Weekly ကို ပြောကြားသည်။

လစ်ဗျားမှာ အသတ်ခံတဲ့ အမေရိကန် သံအမတ် ဟာ မသေခင်မုဒိန်း ကျင့်ခံရတယ်လို့  သတင်းစာတစ်စောင်ကရေးပါတယ်။ (From -DVB သတင်းထာက် Facebook)

source - https://www.facebook.com/kothet.dvb





SME သည် မြန်မာ့စီးပွားရေး “ထွက်ပေါက်”


မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်ဥက္ကဌ သမ္မတရုံးဝန်ကြီး ဦးစိုးသိန်း (ဓာတ်ပုံ – ဧရာဝတီ)
နိုင်ငံ့စီးပွားရေးတွင် အဓိကလိုအပ်ချက်ဖြစ်သော အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ (Small and Medium Enterprises, SME) ကို အရှိန်ယူ လုပ်ဆောင်နေပြီ ဖြစ်ကြောင်း မြန်မာနိုင်ငံရင်းနှီြး မှုပ်နှံမှု ကော်မရှင်ဥက္ကဌ သမ္မတရုံးဝန်ကြီး ဦးစိုးသိန်း က ဧရာဝတီသို့ ပြောသည်။

ရခိုင်ပြည်အတွင်း စုံစမ်းလေ့လာခဲ့သော ကန်ဝန်ကြီး Joseph Yunနှင့်အဖွဲ့ ဘင်္ဂလာတွင် စုံစမ်းလျက်ရှိနေပြီ

အမေရိကန်နိုင်ငံမှ အာရှပစိဖိတ်ရေးရာ ဒုတိယလက်ထောက် နိုင်ငံခြားရေး ၀န်ကြီး Joseph Yunနှင့် အဖွဲ့ဝင် (၃) ဦး ဘင်္ဂလားဒေ့ခ်ျနိုင်ငံ နယ်စပ်မြို့နယ်များအတွင်းရှိ ဘင်္ဂလီမူဆလင် ဒုက္ခသည်များ စခန်းသို့ ယနေ့ (ဗုဒ္ဓဟူး) ညနေဘက် သွားရောက်လေ့လာ ကြည့်ရှုရန် ယမန်နေ့က ဒက္ကားမြို့တော်သို့ ရောက်ရှိခဲ့ကြောင်း သတင်းရရှိသည်။

မေးခွန်းပေါင်း ၁၀၀ ကျော်ကို ဖြေကြားမယ့် ရခိုင် လွှတ်တော် စက်တင်္ဘာ ၂၄ စမည်

မေးခွန်းပေါင်း  ၁၀၀ ကျော်ထိ ရောက်ရှိနေပြီ ဖြစ်တဲ့ ရခိုင်ပြည်နယ် လွှတ်တော်ကို စက်တင်္ဘာလ ၂၄  ရက်နေ့မှာ ပြန်လည် စတင် ကျင်းပမယ်လို့ လွှတ်တော် ကိုယ်စားလှယ်တွေက ပြောပါတယ်။
လွှတ်တော်ကတော့ ၂၀၁၃ ခုနှစ်အတွက် ရခိုင်ပြည်နယ် ဘတ်ဂျက်ကို အဓိကထား ဆွေးနွေးမယ့် ဖြစ်ပေမယ့် တခြား ပြဿနာတွေနဲ့ ပတ်သ က်ပြီး မေးခွန်း ၁၀၀ ကျော်လည်း လွှတ်တော် ကို ရောက်ရှိနေပြီ ဖြစ်တယ်လို့ ပြောပါတယ်။

မွတ်ဆလင် ဆန့်ကျင်ရေး စာရွက်စာတန်း ဖြန့်သူ သံတွဲမှ ကျောင်းသားသုံးဦး အာမခံရ


ရခိုင်ပြည်နယ် သံတွဲမြို့တွင် မူဆလင် ဆန့်ကျင်ရေး စာရွက် စာတမ်းဖြန့်ဝေမူ စွပ်စွဲ ချက်ဖြင့် ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရသော ကျောင်း သား သုံးဦး အာမခံရရှိခဲ့သည်ဟု သိရသည်။“ ‘ဒီလ ၄ ရက်နေ့က အာမခံရတယ်။ အပြင်ကို ရောက်လာတယ်။ မနက်ဖြန်မှာလည်း ထပ် ရုံးချိန်း ရှိပါတယ်” ဟု ကိုထွန်းဖေက နိရဉ္စရာသို့ ပြောသည်။

မန္တလေးတိုင်းတွင် မြေကွက်" ၃၀ဝ၀" ကျော်ကို စည်ပင်က ဖယ်ရှားခိုင်း

မန္တလေးတိုင်း ချမ်းမြသာစည်၊ ပြည်ကြီးတံခွန်နဲ့ အမရပူရ မြို့ နယ်တွေ က၃၃၄၄ ကွက်ကို လာမယ့် ၁၆ ရက်နေ့မှာ အပြီးပြော င်းရွှေ့ပေးဖို့ မန္တလေးမြို့ တော်ဝန်က ခေါ်ယူ သတိပေးလိုက်ပါတယ်။လွန်ခဲ့တဲ့ ၃ နှစ်လောက်က ဒေသခံတွေဝယ်ယူထားတဲ့ မြေကွက်ပေါင်း ၃၃၄၄ ကွက်ကို မြို့တော်ဝန် နဲ့ မြို့ တ်ာစည်ပင်သာရေးအဖွဲ့တွေက ဖယ်ရှားခိုင်းခဲ့တယ်လို့ မန္တလေးမြို့ ခံဦးကိုလေး က ပြောပါတယ်။

နိုင်ငံပိုင်လယ်မြေကျူးကျော်မှုဖြင့် ရွာသား ၁၂၅ဦး ကို နေပြည်တော် ဇမ္ဗူသီရိမြိုနယ်တရားရုံးမှဆင့်ခေါ်

နေပြည်တော်၊စက်တင်ဘာ၊၁၃နေပြည်တော်ကောင်စီနယ်မြေ ဒက္ခိဏသီရိမြို့နယ် မှ နိုင်ငံတော်ပိုင်လယ်၊ယာမြေများကို ကျူးကျော်နေထိုင်မှုဖြင့် ရွာသား၆၃ဦးအပါအ၀င် အသက်၁၈နှစ်ပြည့်ပြီးသူမိသားစုဝင်များကိုအမှုရင်ဆိုင်ရန်ယနေ့နံနက် ၁၀း၃၀ အချိန်တွင် ဇမ္ဗူသီရိမြိုနယ်တရားရုံးမှ ဆင့်ခေါ်ထားကြောင်းသတင်း ရရှိသည်။ဆင့်ခေါ်စာပေးပို့ခံရသူ ရွာသားမှာ၆၃ဦးရှိပြီး ထိုဆင့်ခေါ်ခံရသောရွာသားများနှင့် အတူနေထိုင်ပြီးအသက်၁၈နှစ်ပြည့်ပြီသူအပါအ၀င် တရားစွဲဆိုခံရသောဦးေ၇မှာ ၁၂၅

သနပ်ခါး အီဗော်လူးရှင်း

၁၈ ရာစု ကတည်းက ပြင်သစ်ရေမွှေးများ အင်းဝဘုရင့် နိုင်ငံတော်သို့ စတင် ဝင်ရောက်လာခဲ့သော်လည်း ရနံ့ယဉ်သည့် ရိုးရာသနပ်ခါးသာ မြန်မာနိုင်ငံရှိ အမျိုးသမီးများ သည်းခြေကြိုက် ဖြစ်လျက်ပင် ရှိနေသေးသည်။ မကြာသေးခင် အချိန်အထိ မြန်မာအမျိုးသမီး အများစုမှာ သနပ်ခါးကို ကျောက်ပျဉ်ပေါ်တွင်သွေးကာ  သနပ်ခါးအနှစ်ကိုနှစ်နှစ်ခြိုက်ခြိုက် လိမ်းခြယ်လျက် ရှိဆဲပင်။ နေအိမ်ရှိ မိခင်၊ ညီမ၊ အမ များထံမှ သနပ်ခါးနံ့များ သင်းပျံ့လာလေ့ ရှိသဖြင့် သနပ်ခါးနံ့မှာ ကျနော်တို့နှင့် မစိမ်းလှပေ။

"ရန်ကုန်စိတ်ကျန်းမာရေးဆေးရုံတွင် စွန့်ပစ်ခံ လူနာ ၃ဝဝ ကျော် ရှိနေ"

စိတ်ကျန်းမာရေး ဆေးရုံကြီး(ရန်ကုန်)တွင် ဆက်သွယ်မှု လုံးဝမရှိဘဲ ပြန်လာမခေါ်တော့သည့် လူနာ ယခုနှစ်အတွင်း ၃ဝဝ ကျော်ရှိနေပြီဟု ဆေးရုံအုပ်ကြီး ဒေါက်တာဦးကျော်စိုးက ပြောသည်။
''လာမခေါ်ဘူးဆိုတာထက် ဆက်သွယ်မှုကိုမရှိဘဲ လုံးဝကို လာပစ်သွားတာ။ သူတို့ကို လူနာ ဆောင်ထဲမှာပဲထားပြီး ဆေးရုံက ကျွေးထားပါတယ်''ဟု ၄င်းက ဆက်လက်ပြောသည်။

တရုတ်ကွန်မြူနစ်ပါတီ၊ ဗဟိုကော်မတီဝင် အမျိုးသားဒီမိုကရေစီ အင်အားစုပါတီဌာနချုပ်သို့ လာရောက်၍ ပါတီခေါင်းဆောင်များနှ င့်တွေ့ ဆုံ

တရုတ်ကွန်မြူနစ်ပါတီ၊ ဗဟိုကော်မတီဝင်နှင့် နိုင်ငံတကာ ဆက်ဆံရေးဌာန ၊ ဒုတိယ၀န်ကြီး  Mr.Ai Ping ဦးဆောင် သောအဖွဲ့ဝင် ငါးဦးပါ ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ (၁၁-၉-၂၀၁၂)ရက်နေ့ နံနက် ၁၀း၀၀ နာရီတွင် အနောက်မြင်းပြိုင်ကွင်း လမ်းရှိ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီဌာနချုပ်သို့ လာရောက်၍ ပါတီခေါင်းဆောင်များနှ င့်တွေ့ ဆုံကာ  ဆွေးနွေးပွဲ တစ်ခု ပြုလုပ်ခဲ့သည်။
တရုတ်ဒုဝန်ကြီးနှင့် အဖွဲ့အား အမျိုးသား ဒီမိုကရေစီအင်အားစုပါတီခေါင်းဆောင် ဒေါက်တာသန်းငြိမ်း၊

ကလေးမြို့မှ သမ္မတအား ထောက်ခံ ဆန္ဒဖော်ထုတ်ရန် ဆွေးနွေးပွဲကျင်းပ(ဓါတ်ပုံ-TheVoiceWeekly)


"ဗိုလ်မှူးချုပ် ကျော်ဇောအတွက် ပြည်တော်ပြန် ကန့်သတ်ချက် များသည် အစိုးရ၏ လက်တွေ့မကျသော အပြုအမူဟု သားဖြစ်သူ ဝေဖန်"

ဗိုလ်မှူးချုပ် ကျော်ဇော အား ရဲဘော် သုံးကျိပ်ဝင် တစ်ဦး အဖြစ် သာ ကန့် သတ် ဖိတ်ခေါ် ပြည်ဝင် ခွင့်ပြုခြင်းနှင့် မိသားစုဝင် အားလုံး အား ဖိတ်ခေါ်မှု မပြုခြင်း သည် အစိုးရ ၏ လက်တွေ့မကျသော အပြု အမူဖြစ်ကြောင်း မြန် မာပြည် ပြန်လာ ခွင့် အတွက် ချန်လှပ်ခြင်းခံ ထားခဲ့ ရသည့် သားဖြစ်သူ ဦးအောင်ကျော်ဇော က ဝေဖန် လိုက်သည်။ ထိုသို့ ပြည်တော်ဝင်ရေး အ တွက် သမ္မတ ရုံးဝန်ကြီး ဦးအောင်မင်းက ဗိုလ်မှူးချုပ် ကျော်ဇော၏ သမီး တစ်ဦးဖြစ်သူ ဒေါက်တာ လှကျော်ဇော ထံသို့ ဆက်သွယ်

" ABSDF သတ်ဖြတ်မှု တရားစွဲဆိုနိုင်ရေး နိုင်ငံတော်မှ စုံစမ်းရေးအဖွဲ့ ဖွဲ့ပေးရန် စာတင်မည်"


မြန်မာနိုင်ငံမြောက်ပိုင်း ပါဂျောင်ဒေသတွင် ၁၉၉၂ ခုနှစ်က ဖြစ်ပွားခဲ့သော သတ်ဖြတ်မှုများအတွက် နိုင်ငံတော်မှ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့ရန် စာတင် မည်ဖြစ်ပြီး ၄င်း ရလဒ်အတိုင်း တရားစွဲမည်ဟု မန္တလေးမှ မြောက်ပိုင်း အမှုမှန်ဖော်ထုတ်ရေးအဖွဲ့က ပြောသည်။

ဒေါသစိတ်ကြောင့် လူသတ်တရားခံ ဖြစ်သွားတဲ့ မေဇွန်


ဒေါသအလျောက် ဖြစ်တတ်တဲ့ သဘာဝက အခုတော့ လူသတ်မှု ကျူးလွန်တဲ့ အဖြစ်ကို ရောက်သွားခဲ့တယ်။ MRTV 4 က ရုပ်သံ ဇာတ်လမ်းတွဲအတွက် သရုပ်ဆောင်အဖြစ်ရွေးချယ်ခံထားရတဲ့ မမေဇွန် ခေါ် မျိုးဇာနည်ဇွန် ဆိုတဲ့ အသက် ၂၁ နှစ်အရွယ် မိန်းကလေး တယောက်က အိမ်ဖော်မိန်းကလေးငယ် ကို နှိပ်စက်ရာက ဖြစ်သွားခဲ့ တဲ့ လူသတ်မှုဖြစ်စဉ်ပါ။

ဈေးနှုန်းသင့်တင့် ဂျာမနီကား BMW X5

 မြန်မာပြည်ကို ဂျပန်လေလံမှ တစ်ဆင့် X5 –SUV တွေရောက်ပါတယ်။ ၂၀၀၇ မော်ဒယ်အထက်ကတော့ ကိုယ်စားလှယ်နဲ့ တင်သွင်းတယ်လို့ ယူဆ ရပါတယ်။ လက်တလော မြန်မာပြည်မှာ အတွေ့များတာကတော့ ၂၀၀၁ မော်ဒယ်ဖြစ်ပါတယ်။ ကားဟောင်းစလစ်အပ်ပြီး သိန်း ၄၀၀ ထပ်ပေးရင် ၃၀၀၀ စီစီ X5 တစ်စီးရပါတယ်။ ဒီတော့ အကြမ်းဖျင်း သိန်း ၄၅၀ အထက်မှာ ရှိတဲ့ကားလို့ ဆိုနိုင်ပါ တယ်။ BMW ဆိုတာ ဂျာမနီ ဘရမ်း ဖြစ်တဲ့အတွက် ဂျပန်ဖြစ် ပါဂျဲရိုး၊ ဆိုက်ကနစ်၊ ပရာဒိုတို့ထက် ဈေးအနည်းငယ် တတ် သွားပုံရပါတယ်။

ဦးဘဂျမ်း၊ စင်ဒီကရောဖို့ဒ်နဲ့ ကြော်ငြာလောကရဲ့ ကိုယ်ကျင့်တရား

မောင်သာချို
(တစ်)
ကျွန်တော်တို့နိုင်ငံ၏ စီးပွားရေးကို ဗဟိုကချုပ်ကိုင်သည့် စီမံကိန်းစီးပွားရေးစနစ်မှ ဈေးကွက်စီးပွားရေး စနစ်ဆီသို့ ရွေ့လျားပစ်လိုက်ပြီးသည့်နောက် ဈေးကွက်နှင့် အတူတကွ ဖွံ့ထွားလာသည့် လုပ်ငန်း မှာ ကြော်ငြာလုပ် ငန်းပဲဖြစ်ပါသည်။ ကြော်ငြာ အကျိုးဆောင်လုပ်ငန်းများ တည်ထောင်လာကြကာ ရုပ်မြင်သံကြားပေါ်က စာနယ်ဇင်းများပေါ်က၊ ရေဒီယို အသံလွှင့်လေလှိုင်းပေါ်က၊ လမ်းဘေးဝဲယာ ဧရာမဆိုင်းဘုတ်ကြီးများ ပေါ်ကနေ၍ ကိုယ်တာဝန်ယူထားသည့် စီးပွားရေးလုပ်ငန်းအောင်မြင်မှု ရရှိစေရန် ကြော်ငြာပေးကြသည်မှာကား သဘာဝပင်ဖြစ်ပါသည်။

ဒု ၀န်ကြီး ၂ ဦး ပြောင်းလဲ တာဝန်ပေး


လစ်ဗျားရှိ US သံအမတ် သေဆုံးမှု အိုဘားမား သတင်းစာရှင်းလင်းပွဲလုပ်


သေဆုံးသွားသည့် လစ်ဗျားနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး ခရစ္စတိုဖာ စတီဗင်
လစ်ဗျားတွင် ဖြစ်ပွားသည့် တိုက်ခိုက်မှုအတွင်း အမေရိကန်သံအမတ် သေဆုံးခဲ့ရမှု သမ္မတ အိုဘားမားက သတင်းစာရှင်းလင်းပွဲမှာ ၀မ်းနည်းကြောင်း ပြောဆိုပြီး အကြမ်းဖက် လုပ်ရပ်ကို အပြင်းအထန် ရှုတ်ချ လိုက်ပါ တယ်။

မုံရွာ၊ လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း ပဋိပက္ခ တောင်းဆိုချက်နှင့် ရရှိချက်များ

မုံရွာ၊ လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း ပဋိပက္ခ ကိစ္စအတွက် ၈၈မျိုးဆက်ကျောင်းသားများ အဖွဲ့မှ ဂျင်မီဦးဆောင်သော ၄ ဦးအဖွဲ့သည် ယမန်နေ့ နံနက် ၈း၀၀ နာရီက ရန်ကုန်မြို့မှ မုံရွာမြို့သို့ ထွက်ခွာခဲ့ကြပြီး ညနေ ၆း၀၀ နာရီတွင် မုံရွာမြို့သို့ ရောက်ရှိခဲ့ကြသည်။
ရောက်ရှိလျှင် ရောက်ရှိချင်း မြို့မဂါတ်ကျောင်း (ဘုန်းတော်ကြီးကျောင်း) တွင် ရှိနေကြသော နောင်နောင်ဦးဆောင်သည့်

Apple ကုမ္ပဏီက iPHONE 5 တရားဝင် မိတ်ဆက်ပွဲထုတ်

အမေရိကန်ပြည်ထောင်စုက သတင်းနည်းပညာ ဧရာမ ကုမ္မဏီကြီးဖြစ်တဲ့ ပန်းသီး (Apple) ကုမ္ပဏီ ဟာ အားလုံးက မျှော်လင့် စောင့်စားနေကြတဲ့ iPhone အမျိုးအစားသစ် လက်ကိုင်ဖုန်းဖြစ်တဲ့ iPhone 5 ကို စက်တင်ဘာ (၁၂)ရက်နေ့က စတင် မိတ်ဆက် ပွဲထုတ်လိုက်ပါပြီ။ အခု iPhone 5 ဟာ အရင်နှစ်က ရောင်းချခဲ့တဲ့ iPhone 4S ထက် မြင်ကွင်း screen ပိုကြီးပေမဲ့ iPhone 4S ထက် သေးငယ် ပေါ့ပါးတယ်လို့ Apple ကုမ္ပဏီက ဆိုပါတယ်။

သျှမ်းပြည်တပ်မတော်၏ အဖမ်းခံရသူများ ၀ တပ်ဖွဲ့မလွတ်ပေးသေး (ဆက်သွယ်မေးမြန်းချက်)

uwsa-ssa
http://blog.sina.com.cn/burma မှ ဖော်ပြထားသော ဝ တပ်ဖွဲ့မှ ဖမ်းဆီးထားသော သျှမ်းပြည်တပ်မတော်သားများပုံ
သျှမ်းပြည်တပ်မတော်၏ တပ်သားများနှင့်အတူ ဒေသခံလူထုအချို့အား ဝ တပ်ဖွဲ့မှဖမ်းဆီး ထိန်းသိမ်းထားသည်မှာ လဝက် ခန့်ရှိပြီဖြစ်သော် လည်း ပြန်လွှတ်ပေးခြင်း မရှိသေးဟု သိရပါသည်။ အဆိုပါ အဖမ်းခံရသူများ လွှတ်မြောက်ရေးအတွက် သျှမ်းပြည်တပ်မတော်မှ မည်သို့ကြိုးပမ်းနေသနည်း။ အကြောင်းစုံသိရအောင် သျှမ်းပြည် တပ်မတော်ပြောခွင့်ရ ပုဂ္ဂိုလ် ဗိုလ်မှူးလောင်ဆိုင်အား သျှမ်းသံတော်ဆင့်မှ ဆက်သွယ်မေးမြန်းထားပါသည်။

SSA တပ်စခန်းများအား အစိုးရတပ်များတိုက်ခိုက်ရန်အင်အားဖြည့်

သျှမ်းပြည်တပ်မတော် RCSS/SSA နှင့် SSPP/SSA တပ်စခန်းအား အစိုးရတပ်များ ဆက်လက်တိုက်ခိုက် သွားဖွယ်ရှိကြောင်း ရှေ့တန်းတပ်မှူးများက ပြောပါသည်။“အပစ်ရပ်ဆွေးနွေးတုန်းက လှုပ်ရှားရောက် ရှိတဲ့ဒေသမှာ တပ်ဖွဲ့ဝင်တွေ အခြေချနေထိုင်ဖို့ အတွက် တပ်စခန်းဆောက်ထားတယ်ဆိုတဲ့ နေရာေ တွကို အစိုးရတပ်က အင်အားသုံးတိုက်ခိုက်မယ်လို့ကျနော် တို့ သတင်းရနေတယ်” - ဟု RCSS/SSA အရာရှိတဦးက ပြောပါသည်။

(၁၃-၉-၂၀၁၂)ရက်နေ့သတင်းများ

- တောင်ကုတ်တက္ကသိုလ်အား ဒီဇင်ဘာတွင် ဖွင့်နိုင်မည် click
- ကေကေအိုဥက္ကဋ္ဌနှင့် အထွေထွေအတွင်းရေးမှူးကို တာဝန်ကနေ ယာယီရပ်ဆိုင်း click- လစ်ဗျားတိုက်ခိုက်မှု အမေရိကန်သံအမတ် သေဆုံး click- ယီမင် ကာကွယ်ရေးဝန်ကြီး ကားဗုံးခွဲ တိုက်ခိုက်ခံရ၊ ၁၃ ဦး သေဆုံး click
- သျှမ်းပြည်တပ်မတော်၏ အဖမ်းခံရသူများ ၀ တပ်ဖွဲ့ မလွှတ်ပေးသေး (ဆက်သွယ်မေးမြန်းချက်) click- KKO ဗဟိုကော်မတီဝင်နှစ်ဦး တာဝန်မှ ယာယီရပ်ဆိုင်းခံခဲ့ရ click
- ဒုက္ခသည်များ နေရပ်ပြန်ပို့မည့်သတင်း ထွက်ပေါ်မှုအပေါ် KCBO သဘောထားထုတ်ပြန် click- လစ်ဗျားသံရုံး ပစ်ခတ်ခံရမှုတွင် အမေရိကန်သံအမတ် Christopher Stevens သေဆုံး click
- လက်ပတောင်းတောင်ကြေးနီစီမံကိန် လုံးဝဖျက်သိမ်းရေး ဆန္ဒပြပွဲ (ရုပ်သံ) click
- မုံရွာတွင် တိုင်းဝန်ကြီးချုပ်နှင့် ဒီချုပ်အမတ် ဆွေးနွေး
click- မန္တလေးတိုင်းတွင် မြေကွက် ၃,၀၀၀ ကျော်ကို စည်ပင်က ဖယ်ရှားခိုင်း click
- မုံရွာ ကြေးနီစီမံကိန်းကိစ္စ အန်အယ်လ်ဒီအမတ် ကြားဝင်ဖြေရှင်း click
- သဘောတူချက်များကို အလုပ်ရှင် ချိုးဖောက်နေဆဲဟု အလုပ်သမား ဆို
click
- ပြည်သူကိုလည်း တရုတ် ဆက်ဆံတော့မည်
click
- KKO နာယကနှင့် ဥက္ကဋ္ဌတို့ သဘောထားကွဲလွဲ click
- ထိုင်းနယ်စပ်၌ လက်နက်မှောင်ခိုတဦး ဖမ်းမိ click- နိုင်ငံတကာကနေ မြန်မာကို တရားဝင်ငွေလွှဲနိုင်တော့မည် click
- ပုဂ္ဂလိကသတင်း​စာ ခုကတည်း​က ထုတ်​ဝေခွင့်​ပေး​ဖို့ သမ္မတထံ စာပို့
click- Western Union မြန်မာပြည်တွင် ငွေလွှဲလုပ်ငန်း လုပ်ကိုင်မည် click
- ငြိမ်း​ချမ်း​ရေး​နှင့်​ လူမှုအဖွဲ့အစည်း​ ​ဆွေး​နွေး​ပွဲကျင်း​ပ click
- ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ဆက်ဆံရေးရုံး ဖွင့်ပွဲ (ရုပ်သံ)
click
- တူရကီက ရခိုင် ပြန်လည်ထူထောင်ရေး အကူအညီပေးရန် အသင့်ဟုဆို
click
- ရခိုင်တွင် ရင်းနှီးမြှုပ်နှံမူ ပြုလုပ်ရန် နိုင်ငံတကာကို ဘင်္ဂလာဒေခ်ျ့အစိုးရ တိုက်တွန်း
click
- နစက-BGB အရာရှိ အစည်းအဝေး ပထမဆုံး စတင်လုပ်ပြန်ပြီ
click
- သမ္မတဦးသိန်းစိန် တရုတ်နဲ့ အမေရိကန်ခရီးစဉ် အတည်ပြု
click
- မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ အမေရိကန် အုပ်ချုပ်ပုံစနစ် လာရောက်လေ့လာ
click
- NLD ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်း တရားရင်ဆိုင်မှု အနိုင်ရရှိ
click
- မှတ်ပုံတင် ပြန်လာလုပ်သူများအတွက် ပြည်နယ်အစိုးရ ခွင့်ပြုချက် အမိန့်စောင့်နေ
click
- ၀န်ကြီးသစ်လက်ထက် လိုင်စင်မဲ့ကားများ စိစစ်လာနိုင်
click
- ကျောင်းဆရာများ ၀န်ထမ်းအိမ်ရာမှ မဖယ်သဖြင့် မူစယ်၌ ကျောင်းဆောင်သစ် တိုးချဲ့ရေး ကြန့်ကြာနေ
click
- ကြည့်ကောင်းတဲ့ မြန်မာ-စင်ကာပူ ခြေစမ်းပွဲ
click

ဒုက္ခသည်များ နေရပ်ပြန်ပို့မည့်သတင်း ထွက်ပေါ်မှုအပေါ် KCBO သဘောထားထုတ်ပြန်

ထိုင်း-မြန်မာနယ်စပ်ရှိ ကရင်ဒုက္ခသည်စခန်းများမှ ဒုက္ခသည်များ ကို နေရပ်ရင်းဖြစ်သည့် မြန်မာနိုင်ငံသို့ ပြန်ပို့မည်ဟု သတင်းထွက်ပေါ် နေသည့်အပေါ် ကရင်လူထု အခြေပြုအဖွဲ့များ (KCBOs)မှ ယမန်နေ့က သဘောထားထုတ်ပြန်ခဲ့သည်။

အမှားလုပ်တဲ့သူတွေဟာ အမှားကို ၀န်ခံရမယ်။ ရှိတဲ့အမှားကို ပြင်ဆင်ရမယ်။ အမှားလုပ်ခဲ့တဲ့သူတွေက အမှားကို ၀န်မခံဘဲနဲ့ နေရာဝင်ယူလို့ မရဘူး။ အဲဒါကို ကျွန်တော် ပြောချင်တာ။

Eleven Media Group ၏ CEO ဒေါက်တာသန်းထွဋ်အောင်ကို ပေါ်ပြူလာဂျာနယ်၏ အယ်ဒီတာချုပ် ကိုမျိုး(မြန်မာစာ)က စက်တင်ဘာလ ၉ ရက်နေ့တွင် တွေ့ဆုံပြီး မီဒီယာနှင့် လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေးအခင်းအကျင်း များအား ဆက်စပ်ပြီး မေးမြန်းမှု ပြုလုပ်ခဲ့ပါသည်။ ထိုမေးမြန်းမှု (အင်တာဗျူး)ကို စက်တင်ဘာလ ၁၂ ရက်နေ့တွင် ထုတ်ဝေခဲ့သော Popular Myanmar News ဂျာနယ်တွင် ဖော်ပြခဲ့ပါသည်။ ထိုသို့ဖော်ပြခဲ့သည့် အင်တာဗျူးအား Eleven Media Group ၀က်ဘ်ဆိုဒ်၌ ထပ်မံဖော်ပြလိုက်ပါသည်။