Monday, November 26, 2012

သရုပ်ဆောင် ချောရတနာ မင်္ဂလာ လက်မှတ်ရေးထိုး


လက်ပံတောင်း အကြပ်အတည်း ညှိနှိုင်းအဖြေရှာရန် ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

စီမံကိန်းအတွင်း သာသနိက နေရာများ ထိမ်းသိမ်းရေး လှုပ်ရှားမှုအဖြစ် အောက်တိုဘာလ ၂၉ ရက်နေ့က လက်ပံတောင်း တောင်ကြောပေါ်ရှိ အမြင့်ဆုံးတောင်ဖြစ်သော ရွှေမြင်တင် တောင်ပေါ်သို့ စီတန်းတက်ရောက်ကာ အနုမြူကပ်ကျော် စေတီတော်ကို ရွှေသင်္ကန်း ကပ်လှူခဲ့ကြစဉ် (ဓာတ်ပုံ – အောင်နေမျိုး / Facebook)

ပထမဆုံးအကြိမ် တင်ချင်းဆက်အမွှာ ခွဲစိတ်မှုအောင်မြင်


 



  မန္တလေးမြို့ ခုတင်(၅၅၀)ဆံ့ ကလေးဆေးရုံတွင် မြန်မာနိုင်ငံတွင် ပထမဆုံးအနေဖြင့် ယောက်ျားလေး တင်ချင်းဆက်အမွှာ ခွဲစိတ်ကုသမှုအား ယနေ့ နိုဝင်ဘာလ(၂၆)ရက်နေ့၌ အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ကြောင်း ဆေးရုံအုပ်ကြီးထံမှ သိရသည်။ 

နေပြည်တော် စလစ်မြေကွက်များ အရောင်းအဝယ် ပြန်ဖြစ်လာ

ရန်ကုန် မဇ္ဈိမ။   ။ အတန်ကြာ ဈေးကွက်ငြိမ်သက်ခဲ့သည့် နေပြည်တော် စလစ်မြေကွက်များ အရောင်းအဝယ်ပြန်ရှိလာကြောင်း အိမ်ခြံမြေ အကျိုးဆောင်များက ပြောသည်။

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ဖြတ်ခွင့် ပြန်ပေး

မောင်တောမြို့တဘက်ကမ်းရှိ တာ့ခ်နာဖ်ဆိပ်ကမ်း (ဓာတ်ပုံ – Shahnoor Habib Munmun)
မြန်မာ-ဘင်္ဂလာဒေ့ရှ် နှစ်နိုင်ငံ နယ်စပ်တွင် မြန်မာဘက်က ၃ လကျော်ကြာ ပိတ်ထားခဲ့သော ၇ ရက် ပတ်စ်ပို့နှင့် တပတ်ခန့် ပိတ်ထားလိုက်သော တရက် ပတ်စ်ပို့တို့ဖြင့် နှစ်နိုင်ငံ ကူးသန်းသွားလာခွင့်များကို မြန်မာဘက်က ၂၄ ရက်နေ့တွင် ပြန်ဖွင့်ပေးလိုက်ကြောင်း သတင်းရရှိသည်။

ဒုံးကျည်ကာကွယ်ရေးစနစ်သစ် အစ္စရေး စမ်းသပ်

အစ္စရေးသည် ဒုံးကျည်ကာကွယ်ရေး စနစ်တစ်ခုကို အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့ကြောင်း သိရှိရသည်။ David's Slingဟု အမည်ပေးထားသော အဆိုပါ ဒုံးကျည် ကာကွယ်ရေး စနစ်သစ်ကို အစ္စရေး စစ်ဘက်က တနင်္ဂနွေနေ့တွင် စမ်းသပ်ခဲ့သည်။ ယင်းသည် အလွှာအထပ်ထပ် ကာကွယ်ပေးသည့် ဒုံးကျည်ကာကွယ်ရေး စနစ်မျိုးဟု စစ်ဘက်က ဆိုသည်။ အဆိုပါ စနစ်သည် တာလတ်ပစ် ဒုံးကျည်များကို အဓိက ကာကွယ်တားဆီးရန် စီစဉ်ထားခြင်း ဖြစ်သည်။

လာဘ်ပေးလာဘ်ယူ စောင့်ကြည့်ရေးအဖွဲ့ ဖွဲ့စည်းရန် စီစဉ်

http://www.myitmakhamediagroup.com/administratorpanel/image/26-11-12-3.jpg
တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီမှ တရားရုံးများ အား လေ့လာချက်များအရ လာဘ်ပေး၊လာဘ်ယူကိစ္စရပ် များနှင့် တရားစီရင်ရေးကဏ္ဍများ၌ အုပ်ချုပ်ရေးမှူးများမှ ၀င်ရောက်စွက်ဖက် ခြင်း များကို ပြည်သူများနှင့်တကွ လေ့လာစောင့်ကြည့် ရန် လိုအပ်ကြောင်း ပြည် သူ့ လွှတ်တော်ဥက္ကဌထံသို့ အစီရင်ခံစာ တစ်စောင်တင်ခဲ့သည်ဟု တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီမှ သိရသည်။

ဦးအောင်မင်း၏ တရုတ် ကြောက်ရကြောင်း ပြောဆိုချက် ဝေဖန်ခံနေရ



မြန်မာအစိုးရအနေဖြင့် အိမ်နီးချင်း တရုတ်နိုင်ငံအစိုးရကို ကြောက်နေရ သည်ဟု သမ္မတရုံး ၀န်ကြီးဦးအောင်မင်းက ပြောဆိုလိုက်မှု အပေါ် လွှတ်တော် အမတ်များ၊ နိုင်ငံရေးပါတီများနှင့် ပညာရှင်များက နိုင်ငံ ဂုဏ်သိက္ခာ ကျဆင်းစေသော မှတ်ချက်အဖြစ် ဝေဖန်လိုက်ကြသည်။စစ် ကိုင်းတိုင်း၊မုံရွာခရိုင်၊ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းေ တာင် ကြေးနီ စီမံကိန်းရပ်ဆိုင်းရန် ဆန္ဒပြနေကြသော ဒေသခံ များနှင့်တွေ့ဆုံစဉ် သမ္မတ

ချင်းမိုင်က The BEAM Collection 2012 ဖက်ရှင်ရှိုးပွဲ (ဓါတ်ပုံသတင်း)



ထိုင်းနိုင်ငံ ချင်းမိုင်မြို့ Chiang Mai Art Museum မှာ The BEAM Collection 2012 ဖက်ရှင်ရှိုးပွဲကို နိုဝင်ဘာ ၂၄ ရက်နေ့က The BEAM Education Foundation ကျောင်းက သိုက်မြိုက်စည်ကားစွာ ကျင်းပခဲ့ကြပါတယ်။ တိုင်းရင်းသားရိုးရာ ဝတ်စုံများ၊ ခေတ် ပေါ် ဝတ်စုံ ဒီဇိုင်းများကို BEAM ကျောင်းသူ ကျောင်းသားများက ဝတ်ဆင်တင်ဆက်

နိုက်ဂျီးရီးယား ခရစ်ယာန်ဘုရားကျောင်း အသေခံဗုံးခွဲမှု လူ ၁၁ ဦးသေဆုံး

http://www.thehindu.com/multimedia/dynamic/01280/Nigeria_attack_1280067f.jpg
နိုက်ဂျီးရီးယား နိုင်ငံတွင် ခရစ်ယာန် ဘုရားကျောင်း တစ်ခုကို ဦးတည်သော အသေခံ ဗုံးခွဲမှု တစ်ခုအတွင်း လူ(၁၁)ဦး သေဆုံး သွားကြောင်း သိရှိရသည်။ ထို့အပြင် အခြားဝတ်ပြုသူ အချို့လည်း ထိခိုက် ဒဏ်ရာများ ရရှိခဲ့သည်။ အစ္စလာမ်နှင့် ခရစ်ယာန် ဘာသာဝင်များကြား တင်းမာမှုများ မြင့်တက်နေသော နိုင်ငံအတွင်း တနင်္ဂနွေနေ့ က ဖြစ်ပေါ်

 ညောင်ဦးမြို့ တုရွင်းတောင်အနီး မီးရထားနှင့်ကား တိုက်မှု ဖြစ်ပွား


ha-26-11-6


ညောင်ဦးမြို့ တုရွင်းတောင်အနီး မီးရထားမိုင်တိုင်အမှတ် ၃၉၁/၁၃- ၁၄ ကြား နှင့် ညောင်ဦး-ကျောက်ပန်းတောင်းသွား ကားလမ်းတို့ဆုံရာ နေရာ တွင် နိုဝင်ဘာလ ၂၅ ရက်နေ့၊ ည ၇ နာရီအချိန်ခန့်က နေပြည်တော်-ပုဂံ ၁၀၇ အဆန်မီးရထားနှင့် လိုက်ထရပ်ကား အဖြူရောင်တစ်စီး တိုက်မှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါသည်။

ရိုဟင်ဂျာက RFAကို အိပ်ထဲထည့်ပြီ လား...

Photo: ရိုဟင်ဂျာက RFAကို အိပ်ထဲထည့်ပြီ လား...
***************************

RFA အသံလွှင့်ဌာနက ရိုဟင်ဂျာအရေးကို အခုထက်ပို အလေးထားလုပ်သွားမယ့်အကြောင်း အမေရိကန်အစိုးရ အသံလွှင့်ဘုတ်အဖွဲ့ BBG (Board of Broadcasting Governor) အစည်းအဝေးမှာ RFA အကြီးအကဲက ပြောကြားသွားတာ YouTube မှာ ကြည့်လိုက်ရပါတယ်။

http://www.youtube.com/watch?v=0-lyEQ_1pWA&feature=player_embedded

အထက်က YouTube ဗွီဒီယိုဟာ အောက်တိုဘာလထဲ ကျင်းပခဲ့တဲ့ BBG အစည်းအဝေးမှာ RFA အကြီးအကဲ Dan Southerland က ရှင်းပြနေတာကို တွေ့ရတယ်။

အခုတလော ဖဘ စာမျက်နှာတွေမှာ RFAနဲ့ ပတ်သက်ပြီး သတင်းတွေ တကြော့ပြန်တက်လာပါတယ်။ RFAဌာနတွင်း ဦးခင်မောင်စိုး မခင်ခင်အိ မသင်းသီရိတို့ရဲ့ သုံးပွင့်ဆိုင် လိင်အရှုပ်တော်ပုံ (ခုထိ ဖြေရှင်းနိုင်ခြင်းမရှိသေးတဲ့) သတင်းတွေ ထွက်ပြီးနောက် အခုတခါ ဘင်္ဂါလီရိုဟင်ဂျာကိစ္စကို RFAက အလေးထား ဖေါ်ပြသွားမယ်ဆိုတဲ့သတင်း ထွက်လာပြန် ပါတယ်။ မိုးမခ သတင်းဝက်ဘ်ဆိုက်မှာလည်း ဒီအကြောင်း ရေးထားတာ တွေ့ပါတယ်။ ရိုဟင်ဂျာဆန့်ကျင်ရေး သတင်းစာမျက်နှာတွေကလည်း ဒီအကြောင်း ရေးကြဝေဖန်ကြပါတယ်။ 

YouTube မှာကြည့်ရတဲ့ ဗွီဒီယိုအရ အမေရိကန်အစိုးရက ငွေကြေးထောက်ပံ့ထားတဲ့ RFA အသံလွှင့်ဌာနဟာ ပြီးခဲ့တဲ့ရခိုင်အရေးအခင်းမှာ ကမ္ဘာပေါ်မှာလူသိနည်းတဲ့ ရိုဟင်ဂျာတွေ အကြောင်းကို RFA အနေနဲ့ အထူးအလေးထား လုပ်ဆောင်ပေးခဲ့ကြောင်း၊ အခြားသတင်းဌာနတွေက လျှစ်လျူရှုထားပေမယ့် RFAကတော့ ကြိုးစားတင်ဆက်ခဲ့ကြောင်း ပြောထား ပါတယ်။ နောင်မှာလည်း RFAက ဆက်လုပ်သွားမယ့်သဘော ပြောသွားပါတယ်။ မိုးမခနဲ့ ဖဘ သတင်းတွေအရ RFA ဟာ voice for voiceless ပြောရေးဆိုခွင့် မရှိသူတွေအတွက် ကိုယ်စားပြုတဲ့ အသံလွင့်ဌာနလို့ဆိုထားတဲ့အတွက် နေစရာမြေရှာနေတဲ့ ရိုဟင်ဂျာတွေအတွက် ဆက်လက် လုပ်ဆောင်ပေးသွားမယ့်သဘော ရှိနေပါတယ်။ ရိုဟင်ဂျာတွေ အဖိနှိပ်ခံနေရတာကို ကမ္ဘာကသိအောင် RFA ကသီးသန့်ဝက်ဆိုဒ် တစ်ခုဖွင့်ပြီး အင်္ဂလိပ်လိုပါ ဖြန့်ချိပေးနေတာကို အစည်းအဝေးမှာ တင်ပြသွားပါတယ်။ ( RFA က တင်ထားတဲ့ ရိုဟင်ဂျာ အင်္ဂလိပ် ၀က်ဘ်ဆိုက် )

http://www.rfa.org/english/news/special/rohingyas/home.html

ရိုဟင်ဂျာတွေကိုယ်တိုင်လွှင့်မယ့် သီးသန့် အစီအစဉ်သစ်ကို RFA ရေဒီယို ရုပ်မြင်သံကြားတွေက ထုတ်လွှင့်ဖို့ ပြင်ဆင်နေပြီဆိုတဲ့ သတင်းလဲ ထွက်နေပါတယ်။ ဒီလိုလွှင့်ဖို့ ဆိုရင် အမေရိကန်အစိုးရ အမေရိကန်ကွန်ဂရက်က သဘောတူဖို့ လိုတယ်ဆိုတာ ပြောနေကြတယ်။ RFA ဟာအမေရိကန် ပြည်သူ့အခွန်တွေနဲ့ လည်ပတ်နေတဲ့ အစိုးရ အထောက်အပံ့ခံလို့ သိရတယ်။ အမေရိကားမှာ အခွန်ထမ်းပြည်သူတွေက ကန့်ကွက်ရင် အစိုးရက သူတို့လုပ်မယ့်အစီစဉ်တွေကို ပြန်စဉ်းစားရတာကြားဖူးတယ်။ အိုဘားမားရဲ့ မြန်မာပြည်ခရီးစဉ်မှာလည်း ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို သုံးသွားတဲ့အတွက် RFA မြန်မာပိုင်းကသာ ဘင်္ဂလီအရေးကို အလေးပေးလုပ်မယ်ဆိုရင် အမေရိကန် လွှတ်တော်ကလဲ RFAကို ငွေပိုချပေးမယ်ဆိုတဲ့ မျှော်လင့်ချက်ရှိပုံပဲလို့ ပြောဆိုသံတွေကြားနေရတယ်။ အခုဆိုရင် RFAကလွှင့်နေတဲ့သတင်းတွေဟာ ပြည်တွင်း ဂျာနယ်တွေနဲ့ဘာမှထူးခြားမှု မရှိတော့ ရိုဟင်ဂျာအရေးကို အခြားသတင်းဌာနတွေထက် ထူးခြားပြီးကိုင်တွယ်ရင် အမေရိကန်အစိုးရ အထောက်အပံ့ခံတွေထဲမှာ ရှေ့ပြေးနေတဲ့ ဌာနပဲဆိုပြီး မျက်နှာလုပ်လို့ကောင်းတဲ့သဘော ရှိတယ်။

လက်ရှိနိုင်ငံရေးစီးကြောင်းအရ ပြည်ပသတင်းဌာနတွေဟာ grant တွေ proposal တွေနဲ့ လုပ်စားဖို့ ခက်လာတဲ့အတွက် ပြည်တွင်းထဲဝင်ပြီးလုပ်မှ ဖြစ်တော့မယ်ဆိုတဲ့ အယူအဆ၀င်နေတာ လွန်ခဲ့တဲ့နှစ်ပိုင်း ထွက်လာတဲ့သတင်းတွေမှာ တွေ့နိုင်တယ်။ ဒါ့ကြောင့် နိုင်ငံခြားအစိုးရတွေ အလှူရှင်တွေသဘောတွေ့နိုင်မယ့် အရေးအခင်းတွေကို စောင့်ကြည့်ပြီး သူဌေးအကြိုက်လိုက်လုပ်နိုင်မှ စားပေါက်ချောင်မယ့်သဘောလဲရှိတယ်။

RFA/ VOAအကြီးအကဲတွေ သူတို့ဌာနက မြန်မာကိစ္စဘယ်လိုသတင်းတွေ လုပ်နေတယ်ဆိုတာကို BBG (Board of Broadcasting Governor) အစည်းအဝေးမှာ ပြောကြတဲ့ မူရင်း ဗီဒီယိုမှတ်တမ်းကို သည်နေရာမှာ ကြည့်နိုင်တယ်လို့ မိုးမခသတင်းဌာနက ဖေါ်ပြထားတာ ဒီမှာကြည့်နိုင်ပါတယ်။

http://www.bbg.gov/event/bbg-board-meeting-october-11-12-2012/

The video of the meeting can now be viewed at:Windows Media Broadband On Demand Link ဆိုတာကို သွားနှိပ်လိုက်ရင် ၁း၂၀ နာရီ လောက်မှာ Dan Southerland ကရှင်းပြနေတာ တွေ့နိုင်ပါတယ်။

RFAအကြောင်း မိုးမခ၀က်ဘ်ဆိုက်ကို ကြည့်ချင်ရင် ဒီမှာနှိပ်ပါ။ http://moemaka.com/?p=29384

လက်လှမ်းမှီသလောက် တင်ပြပေးလိုက်ပါတယ်။
ကိုထွန်းဝေ
26.11.2012

အေးချမ်းမွန်မှ  Tun Wai တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :Tun Wai


RFA အသံလွှင့်ဌာနက ရိုဟင်ဂျာအရေးကို အခုထက်ပို အလေးထား လုပ်သွားမယ့်အကြောင်း အမေရိကန်အစိုးရ အသံလွှင့်ဘုတ်အဖွဲ့ BBG (Board of Broadcasting Governor) အစည်းအဝေးမှာ RFA အကြီး အကဲက ပြောကြားသွားတာ YouTube မှာ ကြည့်လိုက်ရပါတယ်။

မီးရထားရုံးဟောင်းနေရာတွင် စီးပွားရေးဆိုင်ရာ အဆောက်အဦးကြီးများတည်ဆောက်ရန်ရှိ

ရန်ကုန်မြို့လယ် ဗိုလ်ချုပ် လမ်းနှင့်ဆူးလေ ဘုရားထောင့်ရှိ    မြန်မာ့မီးရထားပိုင်မြေနေရာတွင်  FMI ကုမ္ပဏီက စီးပွားရေးဆိုင် ရာ အဆောက်အဦးကြီးများတည် ဆောက်သွားရန်ရှိကြောင်း တာဝန်  ရှိသူတစ်ဦးထံက သိရသည်။အဆိုပါ နေရာတွင် ဟိုတယ် နှစ်ခု၊ 

အချိုမှုန့် ဆိုတာ ဘာလဲ

အချိုမှုန့် ဆိုတာ ဘာလဲ
26.11.2012

ရေရှည် မှန်မှန် စားသွားရင် ဒီလောက် အန္တရာယ် များပါတယ်ဆိုတဲ့ အချိုမှုန့်
ဆိုတာ Monosodium glutamate (MSG) လို့ခေါ်တဲ့ ဒြပ်ပေါင်းတစ်ခု ဖြစ်ပါ
တယ်။ Glutamic Acid လို့ခေါ်တဲ့ Amino Acid တစ်မျိုး ပါဝင်ပြီး စားစရာထဲ ထည့်လိုက်ရင် Free Glumate တွေ အဖြစ်ကို ပြောင်းလဲသွားကာ အစား
အသောက်တွေရဲ့ အရသာကို ဓာတုနည်းနဲ့ လျှာပေါ်မှာ ဆပွား တိုးပေးလိုက်
တာ ဖြစ်ပါတယ်။

အချိုမှုန့်ဟာ ဟင်းခတ်ပစ္စည်းတစ်ခု ဟုတ်ပါသလား

မှန်သုံးသင့်တဲ့ ဟင်းခတ် အမွှေးအကြိုင်တစ်ခု လုံးဝမဟုတ်ပါ။ နည်းနည်း
စားစား များများစားစား ရေရှည် စားရင် အန္တရာယ်ကတော့ ရှိတာပါပဲလို့ ပညာရှင်များက ပြောကြားပါတယ်။ Good Manufacturing Practice (GMP) လို့ခေါ်တဲ့ ကမ္ဘာ့အဆင့် ထုတ်လုပ်မှု စနစ်ကောင်း (GMP စနစ်) ရဲ့ အစား
အသောက်တွေ ထုတ်လုပ်တဲ့ နေရာမှာ အချိုမှုန့် လုံးဝ မပါပါဘူး။

အချိုမှုန့်ကို ရေရှည်ပုံမှန် စားသုံးသွားရင် ဘာဆိုးကျိုးတွေ ရှိလာနိုင်မလဲ

(၁) ဆီးချို မဖြစ်အောင် ထိန်းသိမ်းပေးတဲ့ အင်ဆူလင်ဟော်မုန်း (Insulin) ရဲ့ လုပ်ငန်း ဆောင်တာမှာ အနှောင့်အယှက် တစ်ရပ် ဖြစ်စေလို့ ဆီးချိုဖြစ်စေ
ဖို့ ကောင်းကောင်း အထောက်အကူပြုပါတယ်။

(၂) အစာ အလွန်အကျွံ စားချင်စိတ်ကို တိုးပွားဖြစ်ပေါ်စေသလိုအ၀လွန်ခြင်း
ကို တားဆီးပေးတဲ့ ဟော်မုန်းများကိုပါ ပိတ်ဆို့လို့ အ၀လွန်ခြင်းကို ဖိတ်ခေါ်
ပါတယ်။ အ၀လွန်ခြင်း ရောက်လာရင် သွေးတိုး၊ ဆီးချို၊ နှလုံးသွေးကြောပိတ် စတဲ့အဖော်အပေါင်းတွေပါ ပါလာပါလိမ့်မယ်။

(၃) ဦးနှောက်ဆဲလ်တွေကို မြန်မြန် ပျက်စီးယိုယွင်း စေပါတယ်။ မှတ်ဥာဏ်ကို အရွယ်မတိုင်ခင် ပျောက်ဆုံးစေပြီး မေ့တတ်တဲ့ ရောဂါတွေ ဖြစ်စေဖို့ အလား
အလာ အရမ်း များစေပါတယ်။ အချိုမှုန့်ကို မွေးကင်းစ ကတည်းကနေ စပြီး စားတဲ့ ကလေးတွေမှာ ဥာဏ်ရည်ပိုင်း ယုတ်လျော့မှု ရှိတာကို တွေ့ရှိရပါ
တယ်။

(၄) ဂျာမနီနိုင်ငံမှာ အချိုမှုန့် သုံးစွဲမှုကို လုံးဝဖြတ်တောက် ရှောင်ကြဉ်ဖို့ အမျိုး
သားအဆင့် ကြေငြာချက်တွေ ဥပဒေတွေ အလန့်တကြား ထုတ်ခဲ့ရဖူးပါ
တယ်။ ဂျာမန်ကျန်းမာရေး ပညာရှင်တွေ ဘာတွေ့ရလို့လဲ ဆိုတာ စာဖတ်သူ
တို့ သိပါသလား။ အချိုမှုန့် စားတဲ့ ကိုယ်ဝန်ဆောင်တွေ မွေးလာတဲ့ကလေး
တွေဟာ အင်ဆူလင်ဟော်မုန်း စွမ်းရည်ကျဆင်း၍ မတိုးတော့ခြင်း (Insulin-resistant) မွေးရာပါ ဖြစ်လာတာ တွေ့ရပါတယ်။ ဒါကြောင့် ဒီကလေးတွေဟာ ကြီးလာရင် ဆီးချိုဖြစ်ဖို့ သေချာသလောက် ဖြစ်ပါတယ်။ ဒီအချက်ဟာ ဖွံ့ဖြိုးဆဲ
 နိုင်ငံတွေရဲ့ ဆီးချိုဖြစ်ပွားနှုန်း မြင့်မားနေတဲ့ အချက်တွေထဲက တစ်ခု အပါအ၀င် ဖြစ်ပါတယ်။

(၅) နောက်တစ်ချက်က ကိုယ်ဝန်ဆောင် မိခင်တွေ အချိုမှုန့်စားတဲ့ အကျင့်
ကြောင့် မွေးလာတဲ့ ကလေးတွေရဲ့ medulla oblongata, thalamus, or hypothalamus ဆိုတဲ့ ဦးနှောက် အစိတ်အပိုင်းတွေမှာ ရှိတဲ့ အာရုံကြော
ဆဲလ်တွေကို ပျက်စီးစေပါတယ်။ ဒီနေရာတွေဟာ အစားအသောက် စားချင်
စိတ်ကို အဓိက ထိန်းချုပ်တဲ့ ဦးနှောက် ဧရိယာတွေ ဖြစ်လို့ ဒီလို ကလေးတွေ
ဟာ ကြီးလာရင် အစားအသောက် အလွန်အကျွံ စားတဲ့ အကျင့်ရှိကာအ၀လွန်
ပြီး ရောဂါတွေ ထူစေတတ်တာ ကမ္ဘာတစ်ဝန်း လေ့လာတွေ့ရှိ ထားပါတယ်။

(ဒါဟာ အချို့မှုန့်ကပေးတဲ့ အမျိုးသား ကျန်းမာရေး/ လူမှုရေး ၀န်ထုပ်ဝန်ပိုး (National Health/Social Burden) ဖြစ်ပါတယ်။ ဒါ့အပြင် အချိုမှုန့် ၀ယ်ယူ
တင်သွင်းရတဲ့အတွက် နိုင်ငံနဲ့လူမျိုး အကျိုးရှိစေမယ့် တခြားအရာတွေဝယ်ယူ
ဖို့ နိုင်ငံခြားငွေ လျော့စေလို့ တိုင်းပြည်အတွက်လဲ နစ်နာပါတယ်)

(၆) မျိုးပွားစွမ်းရည် ကျဆင်းခြင်း၊ သားသမီးရနိုင်စွမ်း ကျဆင်းခြင်းတွေ ဖြစ်နိုင်
ပါတယ်။ Chinese Restaurant Syndrome ခေါ် တရုတ်စားတော်ဆက်ရော
ဂါစု ဖြစ်စေနိုင်ပါတယ်။ ဒီရောဂါစုဟာ အချိုမှုန့် လွန်ကဲစွာ ပါတဲ့ အစား
အသောက် စားပြီးပြီးချင်းမှာ မျက်နှာ၊ လည်ပင်း နဲ့ တစ်ကိုယ်လုံးမှာ အနီစက်တွေ ထွက်လာခြင်း၊ ခေါင်းအရမ်းထိုးကိုက်ခြင်း၊ခေါင်းမူးခြင်း၊ မျက်နှာမှာ တင်းကြပ်နေတယ်လို့ ခံစားရတတ်ခြင်း၊ မေးလှုပ် ပါးစပ်ဖွင့်ရတာ လေးခြင်း၊ ဗိုက်အောင့်ခြင်း၊ ခါးနာခြင်း စတာတွေ ခံစားရတတ်တဲ့ အချိုမှုန့်နဲ့ ဓာတ်မတည့်တဲ့ ရောဂါ ဖြစ်ပါတယ်။

(၇) ပန်ကရိယခေါ် မုန့်ချိုအိတ်ရောင်ရောဂါ အပါအ၀င် ကိုယ်တွင်းကလီစာ တစ်ခုခု ရောင်ယမ်းတဲ့ ရောဂါ ရှိနေသူတွေ၊ သက်ကြီးရွယ်အိုတွေ၊ စာသင်ကြားနေတဲ့ ကျောင်းသားကျောင်းသူတွေ အထူးရှောင်ကြဉ် သင့်ပါတယ်။

(၈) လူအများစုက ဆားကအငန် အချိုမှုန့်က အပေါ့ ဆိုပြီး တလွဲမှတ်ယူထားကြပါတယ်။ ဒီတော့ ဆားထည့်လွန်လို့ ငန်သွားရင် အချိုမှုန့်များများ ထပ်ထည့် ပါတယ်။ အမှန်က ဆားက Sodium chloride ၊ အချိုမှုန့်က Monosodium glutamate ဖြစ်လို့ နှစ်ခုလုံး ဆိုဒီယမ် (Sodium) ဆားဓာတ်ဖြစ်ကာ နှစ်ခု ပြိုင်စားသုံးရင် သွေးတွင်းဆိုဒီယမ် မြင့်တက်မှု အရမ်းများလာစေကာ သွေးတိုးရောဂါကို ဖြစ်စေပါတယ်။ ဒါကြောင့် သွေးတိုးရောဂါ ကာကွယ်လိုသူများနဲ့ ရှိသူများဟာ အချိုမှုန့်ကို အထူးရှောင်ကြဉ်သင့်ပါတယ်။

အချိုမှုန့် စွဲလမ်းနေခြင်းကို ဘယ်လို လျှော့ချ အမြစ်ဖြတ်ကြမလဲ

(၁) လျှော့ချသုံးခြင်းဖြင့် စတင်ပါ။ အချိုမှုန့်ဟာ အသားတွေရဲ့ အရသာကိုသာ မြှင့်တင်ပေးတာ ဖြစ်လို့ အသီးအနှံတွေမှာ လုံးဝမသုံးပါနဲ့။

(၂) ယေဘုယျလမ်းညွှန် (General Guideline) အရ ပြောရရင် အစားအသောက် တစ်ကီလို (၂.၂ပေါင်) ကို အချိုမှုန့် လက်ဖက်ရည်ဇွန်းနဲ့ တစ်ဇွန်းထက် ပိုမသုံးပါနဲ့။ ဒါဆိုရင်တော့ အန္တရာယ် နည်းတယ်လို့ သိရပါတယ်။

(၃) ရယ်ဒီမိတ် အစားအသောက်တွေ အားလုံးနီးပါးမှာ အချိုမှုန့် ပါပြီးသားဆိုတာ သတိထားပါ။ ဘယ်တော့မှ အချိုမှုန့် ထပ်မထည့်ပါနဲ့။

(၄) ရယ်ဒီမိတ် စားစရာတွေ ၀ယ်ရင် လေဘယ်လ် ပေါ်မှာ ပါတဲ့ အချိုမှုန့်ပါဝင်မှု ပမာဏကို ရှာဖွေပါ။ အဆင့်အတန်းရှိတဲ့ အစားအသောက် တံဆိပ်တွေ အားလုံးရဲ့ ပါဝင်ဖက်ပစ္စည်းစာရင်း (Ingredient List) ရဲ့ အောက်ဆုံးမှာ အချိုမှုန့် တကယ်သုံးထားရင် သုံးထားကြောင်း ပမာဏ အတိအကျ ပါပါတယ်။

(၅) ရိုးရာ ဟင်းခတ်အမွှေးအကြိုင်တွေ (ဥပမာ ပုစွန်ခြောက်၊ ငါးပိ စတာတွေ) ကို ပြန်လည်အစားထိုး သုံးသင့်ပါပြီ။
ကျွန်တော်တို့ရဲ့ ရှေးအစဉ်အဆက် ဘိုးဘွားများဟာ ထွားကျိုင်းသန်မာ ရောဂါကင်းခဲ့တာ အချိုမှုန့် မစားခဲ့ကြတာလည်း ပါပါတယ်။
Mg Mandalay
 
Copy from - satekuupuyar
ရေရှည် မှန်မှန် စားသွားရင် ဒီလောက် အန္တရာယ် များပါတယ်ဆိုတဲ့ အချိုမှုန့် ဆိုတာ Monosodium glutamate (MSG) လို့ခေါ်တဲ့ ဒြပ်ပေါင်းတစ
်ခု ဖြစ်ပါ တယ်။ Glutamic Acid လို့ခေါ်တဲ့ Amino Acid တစ်မျိုး ပါဝင်ပြီး စားစရာထဲ ထည့်လိုက်ရင် Free Glumate တွေ အဖြစ်ကို ပြောင်းလဲသွားကာ အစား အသောက်တွေရဲ့ အရသာကို ဓာတုနည်းနဲ့ လျှာပေါ်မှာ ဆပွား တိုးပေးလိုက် တာ ဖြစ်ပါတယ်။

ပြည်မြို့ ရေနုတ်မြောင်းတူးဖော်ရာမှ စစ်ကျန် ဗုံးသီးဟောင်းများတွေ့ရှိ



ပြည်မြို့ ဆင်စုရပ်ကွက် ရန်ကုန်-ပြည် ကားလမ်းဘေးနှင့် အိမ်အမှတ် (၂၇၅)အကြားတွင် နိုဝင်ဘာ ၂၂ ရက် နံနက် ၉ ရီကမြို့နယ်စည်ပင်သာယာ ရေးအဖွဲ့မှ ရေနုတ်မြောင်းတူးဖော်စဉ် စစ်ကျန်ဗုံးသီးဟု ယူဆရသော ဗုံးသီး များ တွေ့ရှိခဲ့သည်။

ရှမ်းပြည်နယ်မှ အဖွဲ့အစည်းအသီးသီး၏ ငြိမ်းချမ်းရေးအတွက် ယုံကြည်မှု တည်ဆောက်ခြင်း ဆွေးနွေးပွဲ ဖွင့်ပွဲပြုလုပ်

ရှမ်းပြည်နယ်မှ အဖွဲ့အစည်း အသီးသီး ပါဝင်သော ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲအခမ်းအနား ဖွင့်ပွဲကို နိုဝင်ဘာလ ၂၆ ရက်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့ ရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီ ခန်းမ၌ ပြုလုပ်ခဲ့ပါသည်။

နှစ်ရက်လုပ် တစ်ရက်နား ကြီးပွားနိုင်ပါ့မလား


နှစ်သစ်ကူး မဟာသင်္ကြန် ရုံးပိတ်ရက် ၁၀ ရက်မှာ များနေသဖြင့် ပြန်လျှော့ သင့်ပါကြောင်း လွှတ်တော် ကိုယ်စားလှယ် တစ်ဦးက လွှတ်တော်တွင် အဆို တင်ခဲ့ ဖူးပါသည်။ သို့ရာတွင် သမ္မတရုံး ဝန်ကြီး ဦးစိုးမောင်က ပြန်လျှော့ရန် အစီအစဉ် မရှိပါကြောင်း ပြန်လည် ဖြေကြား ခဲ့သည်။ ၂၀၁၃ ခုနှစ် ပြက္ခဒိန်ပါ ရုံးပိတ်ရက်များကို ရေတွက်ကြည့်ရာ စုစုပေါင်း ၁၁၉ ရက်ရှိသည်။ ပြက္ခဒိန်တွင် ကြိုတင် ဖော်ပြ မထားသည့် ဘက္ကဒီး အစ်နေ့နှင့် ဒေပါဝလီနေ့ များသည် စနေ၊ တနင်္ဂနွေ မဟုတ်ခဲ့ပါ က တစ်နှစ်အတွင်း ရုံးပိတ်ရက် စုစုပေါင်း ၁၂၁ ရက် ရှိမည်ဖြစ်ပါ သည်။

မြန်မာ -ဘင်္ဂလားဒေ့ရှ် နယ်စပ် ပြန်ဖွင့်ပေးလိုက်ပြီ


မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံ အကြား ဗီဇာတွေနဲ့ သွားလာနေတာကို တလနီးပါး ပိတ်ထားခဲ့ရာက နယ်စပ် ပြန်ဖွင့် ပေးလိုက်တဲ့ အတွက် အခု ပြန်လည် သက်ဝင် လူပ်ရှားလာနေပြီ ဖြစ်ပါတယ်။ မြန်မာနဲ့ ဘင်္ဂလာဒေ့ရှ် နှစ်နိုင်ငံ အကြားမှာ ရခိုင်မှာ ဖြစ်ပေါ်ခဲ့တဲ့ ဆူပူ အကြမ်းဖက်မူ တွေကြောင့် သာမက စစ်သား သုံးဦးနယ်စပ်မှာ ဖမ်းဆီးခံရတဲ့ ---

ဘင်္ဂလားဒေ့ရှ် အဝတ်အထည်စက်ရုံ မီးလောင်ကျွမ်းမှု အနည်းဆုံး လူ ၁၂၀ ဦးသေဆုံး


ဘင်္ဂလားဒေ့ရှ်နိုင်ငံမြို့တော် ဒါကာတွင် ဖက်ရှင်အဝတ်အထည်စက်ရုံ မီးလောင်ကျွမ်းမှုဖြစ်ပွားရာ အနည်းဆုံး လူ ၁၂၀ ဦးသေဆုံးပြီး အခြား လူအများအပြား ဒဏ်ရာရရှိကြောင်း သိရှိရသည်။ စနေနေ့ (နိုဝင်ဘာ ၂၄ ရက်) ညနှောင်းပိုင်းက အထပ် ၉ ထပ်ရှိ Tazreen ဖက်ရှင်အဝတ် အထည် စက်ရုံ မီးလောင်ကျွမ်းမှုတွင် အလုပ်သမားများမှာ စက်ရုံအဆောက် အအုံ အတွင်း ပိတ်မိခြင်းနှင့် အချို့မှာ အဆောက်အအုံပေါ်မှ ကြောက်လန့်

အလုပ်သမား ဒုဝန်ကြီး ထိုင်းရောက် မြန်မာ အလုပ်သမား အဖွဲ့တွေနဲ့ ဆွေးနွေး

ထိုင်းနိုင်ငံကို ရောက်ရှိနေတဲ့ မြန်မာနိုင်ငံ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်သိန်း၊ မြန်မာသံအမတ်ကြီး ဦးတင်ဝင်းနဲ့ သံရုံးတာဝန်ရှိသူများဟာ ဒီကနေ့နေ့လည်က မြန်မာသံရုံးမှာ မြန်မာရွှေ့ပြောင်း အလုပ်သမားအရေး လုပ်ဆောင်နေတဲ့ အဖွဲ့အစည်းများနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

ရိုဘော့ကောက်ကြောင်းနှင့် မြန်မာ့ရှေ့ဆောင်စက်ရုပ်ပညာရှင်

စက်ရုပ်လို့သိထားကြတဲ့ (Robot)ဆိုတဲ့စကားလုံးကို ၁၉၂၀ပြည့်နှစ်က ချက်ကိုစလိုဗက်ကီးယားစာရေးဆရာ Karel Capekက သူ့ရဲ့ပြဇာတ် "Rossum's UniversalRobots"မှာ စတင်အသုံးပြုခဲ့တယ်လို့ဆိုကြပါတယ်။
Robotဟာ robota ဆိုတဲ့စကားလုံးက ဆင်းသက်လာတာဖြစ်ပြီး ချက်ဘာသာစကားအရ အလုပ်ကိုတကုပ်ကုပ်လုပ်နေရတဲ့အလုပ်သမား၊ စလိုဗက်ခ်ဘာသာစကားအရ အလုပ်လို့ဆိုလိုကြောင်း သိရပါတယ်။

လောင်းကစားဝိုင်းတွေ စည်ကားတဲ့ တောင်ကြီးတန်ဆောင်တိုင်

လောင်းကစားဝိုင်း မြင်ကွင်းတခု (ဓာတ်ပုံများ - ဂျွန်ချစ်ငြိမ်း)

ယခုနှစ် တောင်ကြီးတန်ဆောင်တိုင်ပွဲတော်တွင် တားမြစ်ထားသော လောင်းကစားဝိုင်း ပါဝင်မှုမှာ ယခင်နှစ်များထက် ပိုမို များပြားနေကြောင်း တွေ့ရသည်။

မှောင်ခိုလှေဖြင့် မလေးရှားသို့သွားသည့် ဘင်္ဂလီ ၁၇၅ ဦး ၂ ပတ်ကြာပြန်ဆိုက်ရောက် ဖမ်းဆီးခံ

kh-manik-pic-24-11-2012-300x240ဘင်္ဂလာဒေ့ခ်ျနိုင်ငံမှ မလေးရှားသို့ မှောင်ခိုလှေဖြင့် ထွက်ခွာသွားခဲ့ပြီးဖြစ်သော ဘင်္ဂလီ ၁၇၅ ဦးပါ လှေတစင်းနှင့်အတူ ဒီဇယ်ဆီ ၈၀၀ လီတာအား BGBက သောကြာနေ့က ကော့စ်ဘဇားခရိုင်အတွင်းမှ ဖမ်းဆီးရမိကြောင်း သတင်း ရရှိသည်။

အလွှာစုံပါဝင်မည့် သျှမ်းညီလာခံအား ရန်ကုန်၌ ဒီနေ့စတင်မည်

000 အောက်တိုဘာ ၁၅ ရက်နေ့က သျှမ်းညီလာခံအတွက် အကြိုအစည်းအဝေး
လာမည့်တနင်္လာနေ့မှစ၍ ‘ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း’ ညီလာခံတရပ်အားသျှမ်းတိုင်း ရင်းသားများသီးသန့်တွေ့ဆုံကာ သုံးရက်ဆက်တိုက် ဆွေးနွေးဖလှယ် ကြမည်ဟုသိရှိရပါသည်။

စင်္ကာပူကျွန်းသားတွေက ကမ္ဘာမှာ စိတ်ခံစားမှု အကင်းမဲ့ဆုံး ဆိုပဲ

 ဓာတ်ပုံ- nation.com.pk
စင်ကာပူနိုင်ငံသားတွေဟာ ကမ္ဘာပေါ်မှာ ခံစားချက် အကင်းမဲ့ဆုံးဖြစ်တယ် တဲ့။ 

ဒီကျွန်းနိုင်ငံလေးပေါ်မှာရှိတဲ့ အပြိုင်အဆိုင်ယဉ်ကျေးမှုက စင်ကာပူတွေဟာ ကမ္ဘာပေါ်မှာ ခံစားမှု အကင်းမဲ့ဆုံးဖြစ်တယ်ဆိုပြီး စစ်တမ်းတခုအရ သိရှိရကြောင်း သတင်းတွေမှာ ရေးထားတာပါ။
“စင်ကာပူသားတွေဟာ နေ့စဉ်အခြေခံ ဘ၀ပေါ်မှာ ခံစားမှုမျိုးကိုမှ ဖော်ပြတဲ့နေရာမှာ ကမ္ဘာပေါ်မှာ ခံစားမှု အကင်းမဲ့ရှိဆုံးဖြစ်ပုံရတယ်” လို့ အမေရိကန် အခြေစိုက် သုတေသန စစ်တမ်း ကောက်ယူမှု အဖွဲ့တခုရဲ့ အစီရင်ခံစာက ဆိုပါတယ်။ 

လိင်ပညာပေး မဂ္ဂဇင်း ထွက်လာတော့မယ် တဲ့

မျက်နှာဖုံးဟု ယူဆရ
လိင်ပညာပေး မဂ္ဂဇင်း လာမယ့် အင်္ဂါနေ့ ထွက်မယ် လို့ ဆိုတယ်။
ပညာပေး ဆိုတော့လည်း ပညာပေးတာတွေ ပါမယ်လို့ မျှော်လင့်ရပါတယ်။

 

ရန်ကုန် မင်္ဂလာဆောင်

ဇူလိုင် ၁ ရက်နေ့က ရန်ကုန်မြို့ အမျိုးသား ကဇာတ်ရုံမှာ တွေ့ရတဲ့ မင်္ဂလာဆောင်ဝတ်စုံ ဖက်ရှင်ပြပွဲ မြင်ကွင်းတခု (ဓာတ်ပုံများ - ဧရာဝတီ)

ဒီရာသီ ရန်ကုန်မှာ မင်္ဂလာဆောင် အခမ်းအနား ကျင်းပချင်သူတွေကြောင့် ဟိုတယ်ခန်းမ အများစုဟာ  နောက်ထပ် ငါးလစာအထိ ပြည့်သလို ဖြစ်နေပြီ လို့ သိရပါတယ်။

မတူပီမြို့နယ်တွင် CNF ၏ Public consultation အကြိုမိတ်ဆက်ခြင်း ပြုလုပ်


ချင်းအမျိုးသားတပ်ဦး၏ မတူပီမြို့ဆက်ဆံရေးရုံး ဦးဆောင်မှုဖြင့် လက်ရှိ အစိုးရနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အပေါ် လူထု တွေ့ဆုံပွဲအကြိုမိတ်ဆက်ခြင်းကို နိုဝင်ဘာလ ၁၇ ရက်နေ့က မတူပီမြို့ Rev Tha Dun ဘုရားကျောင်းတွင် ပြုလုပ် ကြောင်း သိရသည်။

နိုင်ငံတော်သမ္မတဦးသိန်းစိန် မကြာမီဖွင့်လှစ်မည့် စစ်ကိုင်းတက္ကသိုလ်ကို သွားရောက် ကြည့်ရှုစစ်ဆေး

 
နေပြည်တော် နိုဝင်ဘာ ၂၅

 ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်  နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည်  တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဌ ဦးမြညိမ်း၊ ပြည်ထောင်စုဝန်ကြီးများ၊ တပ်မတော်အရာရှိကြီးများနှင့် အဖွဲ့ဝင်များ လိုက်ပါလျက် ယနေ့မွန်းလွဲပိုင်းတွင် ရဟတ်ယာဉ်များဖြင့် စစ်ကိုင်းမြို့သို့ ရောက်ရှိကြသည်။

အီဂျစ်သမ္မတဆန့်ကျင် ဆန္ဒပြပွဲတွေ ဆက်လက်ဖြစ်ပွား

တနင်္ဂနွေနေ့ အစောပိုင်းက ၂၀၁၁ ခုနှစ်က အီဂျစ်သမ္မတ မူဘာရတ်ကို ဖြုတ်ချခဲ့တဲ့ လူထု အုံကြွမှု အစပျိုးခဲ့ရာ မြို့တော်ကိုင်ရိုက Tahrir ရင်ပြင်မှာ ဆန္ဒပြသူတွေ စုရုံးပြီး ရဲတပ်ဖွဲ့ဝင်တွေကို ကျောက်တုံးတွေနဲ့ ပစ်ပေါက်ခဲ့ကြပါတယ်။ လက်ရှိသမ္မတ မော်စီရဲ့ လုပ်ပိုင်ခွင့် အာဏာ တိုးမြှင့် လိုက်တာကို ဆန္ဒပြခဲ့တဲ့ ၃ ရက်မြောက်နေ့မှာ ရဲတပ်ဖွဲ့ဝင်တွေကလည်း ဆန္ဒပြသူတွေကို မျက်ရည်ယိုဗုံးတွေ သုံးပြီး ပစ်ခတ်နှိမ်နင်းခဲ့ကြပါတယ်။