Tuesday, January 8, 2013

ဂဏန်းစတိုင်အက အစ ဘယ်သူက

ဂဏန်းစတိုင်အက အစ ဘယ်သူက
Tuesday, January 08, 2013

ပုံမှာ မြင်တွေ့နေရတဲ့ ရှေးဟောင်းအမွေအနှစ် ဗိသုကာ လက်ရာ ကတော့ တောင်ကိုရီးယားနိုင်ငံ၊ ဘူဆန်မြို့  က Seokbulsa အမည်ရ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်း တစ်ခုကလို့ ဆိုပါတယ်။

ယင်း ဗိသုကာ လက်ရာထဲမှာ- ဘာဘက်က ကလေးပုံဟာ ဘုရားလောင်းမွေးဖွားစဉ် လက်တစ်ချောင်း ထောင်နေတဲ့ပုံ ဖြစ်ပြီး ဘာဘက်ကပုံ အတွက်တော့ ဖြေရှင်းချက် ပေးမထားပါဘူး။

နောက်တစ်မျိုး ကတော့ ယင်းဟာ တောင်ကိုရီးယားရဲ့  နာမည်ကျော် စစ်သူကြီး Jim Rim Hoon မှ တိုက်ပွဲမှ ပြန်လာတိုင်း အောင်ပွဲစဉ်တဲ့ 
အကလို့ ဆိုပါတယ်။

နောက်တစ်မျိုးကျတော့ တောင်ကိုရီးယားမှ ရှေးပြည်သူများဟာ ဗုဒ္ဓဘာသာ ပွဲတော်များ ကျင်းပတဲ့အခါ အုပ်ရုတ်တုထဲကလို ကခုန်ကြတယ်လို့ ဆိုပါတယ်။

ယင်း လူရုပ်နှစ်ရုပ်ထွင်းထုထားတဲ့ ကျောက်တိုင်ရဲ့  သက်တမ်းကတော့
 နှစ် ၁၀၀၀ (တစ်ထောင်) ရှိပြီလို့ ဆိုပါတယ်။ တောင်ကိုရီးယားနိုင်ငံ၊ Gangnam ပြည်နယ်နေ လူချမ်းသာများရဲ့  ဘဝနေထိုင်မှုပုံစံကို ရည်ညွန်းတဲ့ Gangnam Style အက ဟာ PSY အတွက် အအောင်မြင်ဆုံး ဖြစ်ခဲ့ပါတယ်။ ဂန်းနမ်းစတိုင် အက (မြင်းစီးအက) နဲ့ ကမ္ဘာကျော်သွားတဲ့ PSY ရဲ့  အက ဘယ်က စတယ်ဆိုတာ ကို တောင်ကိုရီးယား မီဒီယာများမှ မွေနှောက်ရှာဖွေ ထားခြင်း ဖြစ်ကြောင်း သိရပါတယ်။
--
Ref: buzzpatrol
International news for myanmar ပုံမှာ မြင်တွေ့နေရတဲ့ ရှေးဟောင်းအမွေအနှစ် ဗိသုကာ လက်ရာ ကတော့ တောင်ကိုရီးယားနိုင်ငံ၊ ဘူဆန်မြို့  က Seokbulsa အမည်ရ ဗုဒ္ဓ ဘာသာ ဘုန်းကြီးကျောင်း တစ်ခုကလို့ ဆိုပါတယ်။ ယင်း ဗိသုကာ လက်ရာထဲမှာ- ဘာဘက်က ကလေးပုံဟာ ဘုရားလောင်းမွေးဖွားစဉ် လက်တစ်ချောင်း ထောင်နေတဲ့ပုံ ဖြစ်ပြီး ဘာဘက်ကပုံ အတွက်တော့ ဖြေရှင်းချက် ပေးမထားပါဘူး။

တစ်ပတ်အတွင်းလဂျားယန်တောင်ကြားရှိ ပွိုင့် ၇၇၁ စခန်းအပါအ၀င် စခန်းများစွာအား အစိုးရတပ်များမှ သိမ်းပိုက်ခဲ့

တစ်ပတ်အတွင်းလဂျားယန်တောင်ကြားရှိ ပွိုင့် ၇၇၁ စခန်းအပါအ၀င် စခန်းများစွာအား အစိုးရတပ်များမှ သိမ်းပိုက်ခဲ့
Tuesday, January 08, 2013

 KIA ဌာနချုပ် တည်ရှိရာ လိုင်ဇာမြို့အား သဘာဝတံတိုင်းအတားအဆီးသဖွယ်ကာရံထားသော လဂျားယန် တောင်ကြောရှိ ပွိုင့် ၇၇၁ စခန်းအပါအ၀င် KIA အခြေစိုက်စခန်းများအား ၂၀၁၂ ဒီဇင်ဘာ ၃၀ ရက်နေ့မှ စ၍ မြန်မာစစ်တပ်မှ ဆက်တိုက် သိမ်းယူခဲ့ကြောင်း လဂျားယန်စခန်းတွင် တာဝန်ကျနေသော မြန်မာစစ်တပ်မှ အရာရှိတစ်ဦးမှ ပြောကြားခဲ့သည်။ ယခုအခါ ပွိုင့် ၇၇၁ စခန်းအပါအ၀င် KIA ခံစစ်စခန်းတွေကို တပ်မတော်က ဆက်တိုက်ဆိုသလို သိမ်းပိုက်ခဲ့ပါတယ်။ လဂျားယန်ကြောကို ကောင်းကောင်းထိန်းထားနိုင်ပြီး ရဟတ်ယာဉ် တွေနဲ့ ရိက္ခာ၊ ခဲယမ်းတွေပို့နေပါပြီ။ မနေ့က လဂျားယန် စခန်းတောင်ဘက် မိုးလဲချောင်းရဲ့ တောင်ဘက် တောင်ကုန်းမှာရှိတဲ့ KIA  ခံစစ်စခန်းတွေအားလုံးကို ညနေစောင်းလောက်မှာ သိမ်းမိပါတယ်။ KIA တွေခုခံမှု သိပ်မရှိတော့ဘူး၊ တိုက်မလို့ လက်နက်ကြီး စပစ်တာနဲ့ စခန်းပေါ်ကဆင်းပြေးကြတာများပါတယ်ဟု ပြောဆို သွားသည်။ ယခုကဲ့သို့ KIA တပ်ဖွဲ့ဝင်များမှ ခုခံမှုကြီးကြီးမားမားမရှိဘဲ စခန်းစွန့်ခွာ ထွက်ပြေးနေမှု များကြောင့် ဌာနချုပ်လိုင်ဇာအား ၀န်းရံထားသော တောင်တန်းများအားလုံး ယခုရက်ပိုင်းအတွင်း အစိုးရစစ်တပ် လက်အတွင်းသို့ ကျရောက်ဖွယ်ရှိကြောင်းသိရှိရသည်။ KIA အဖွဲ့၏ ၀ါဒဖြန့် Facebook စာမျက်နှာများတွင် စစ်တပ်သည် KIAအား ဇန်န၀ါရီလ (၈)ရက်အထိ တိုက်၍ မနိုင်ပါက ဇန်န၀ါရီ(၉)ရက်နေ့မှ စ၍ လေယာဉ်ပေါ်မှ ဓါတုလက်နက်များနှင့် တိုက်ခိုက်သွားမည်ဟု ၀ါဒဖြန့်ထားသည်ကိုတွေ့ရှိရသည်။ ၎င်းဝါဒဖြန့်ချိမှုနှင့် ပတ်သက်၍ မြန်မာစစ်တပ်မှ အရာရှိကြီးတစ်ဦးက သူတို့တွေစခန်းက ထွက်ပြေးရင်အရှက်မရအောင် ကြိုပြီးပြောထားတဲ့ သဘောပါ။ ကျွန်တော်တို့တပ်မတော်မှာ ဓါတုလက်နက်သုံးတယ်ဆိုတာ ထုံးစံလဲမရှိပါဘူး။ သုံးလဲမသုံးပါဘူး ဟုပြောဆိုသွားသည်။

YN
KIA ဌာနချုပ် တည်ရှိရာ လိုင်ဇာမြို့အား သဘာဝတံ တိုင်းအတား အဆီး သဖွယ်ကာရံထားသော လဂျားယန် တောင်ကြောရှိ ပွိုင့် ၇၇၁ စခန်း အပါအ၀င် KIA အခြေစိုက်စခန်းများအား ၂၀၁၂ ဒီဇင်ဘာ ၃၀ ရက်နေ့မှ စ၍ မြန်မာစစ်တပ်မှ ဆက်တိုက် သိမ်းယူခဲ့ကြောင်း လဂျားယန်စခန်းတွင် တာဝန်ကျနေသော မြန်မာစစ်တပ်မှ အရာရှိတစ်ဦးမှ ပြောကြားခဲ့သည်။ ယခုအခါ ပွိုင့် ၇၇၁ စခန်းအပါအ၀င် KIA ခံစစ်စခန်းတွေကို တပ်မတော်က ဆက်တိုက်ဆိုသလို သိမ်းပိုက်ခဲ့ပါတယ်။ လဂျားယန်ကြော

နပမ်းပြန်သတ်မည့် The Rock

နပမ်းပြန်သတ်မည့် The Rock
Tuesday, January 08, 2013

ဟောလီးဝုဒ် အနုပညာ လောကတွင် အောင်မြင်မှု ရရှိနေသည့်တိုင် ၎င်းတစ်ချိန်က ကျင်လည်ခဲ့ဖူးသည့် နပမ်းကြိုးဝိုင်းများထဲ ပြန်ဝင်ရန် စဉ်းစားနေကြောင်း ဒွိန်းဂျွန်ဆင်က ပြောကြားလိုက်သည်။

The Rockဟု လူသိများသည့် နပမ်း အားကစားသမားသည် 
သရုပ်ဆောင် ဘဝကို ကူးပြောင်းခံယူချိန်တွင် ၎င်း၏ အသတ်အပုတ် အားကစားကို မေ့ဖျောက်ထားခဲ့သည်။

၎င်းသည် ကြိုးဝိုင်းကို ကျောခိုင်းကာ ကင်မရာများ ရှေ့မှောက်တွင်သာ အချိန်ကုန်နေခဲ့သော်လည်း နယူးယော့ခ်တွင် ပြုလုပ်မည့် အကြီးကျယ်ဆုံး WrestleMania နပမ်းပြိုင်ပွဲကြီးတွင် ပါဝင်ရန် ပြင်ဆင်လျှက် ရှိသည်။ 

Planet Myanmar Network ဟောလီးဝုဒ် အနုပညာ လောကတွင် အောင်မြင်မှု ရရှိနေသည့်တိုင် ၎င်းတစ်ချိန်က ကျင်လည်ခဲ့ဖူးသည့် နပမ်းကြိုးဝိုင်းများထဲ ပြန်ဝင်ရန် စဉ်းစားနေကြောင်း ဒွိန်းဂျွန်ဆင်က ပြောကြားလိုက်သည်။ The Rock ဟု လူသိများသည့် နပမ်း အားကစားသမားသည်သရုပ်ဆောင် ဘဝကို ကူးပြောင်းခံယူချိန်တွင် ၎င်း၏ အသတ်အပုတ် အားကစား

ပူဖောင်းကဲ့သို့အသားပိုအကျိတ်များဖြစ်ပေါ်နေသောအမျိုးသားဆေးကုသမှုခံယူရန် နည်းလမ်းများရှာဖွေလျက်ရှိ

မြ၀တီ (8/1/2013)
မြ၀တီ (8/1/2013)

မန္တလေးတွင် ဇန်နဝါရီ၁၄ရက်မှ စတင်ကာ ယာဉ်စည်းကမ်းလမ်းစည်းကမ်း လိုက်နာခြင်းမရှိသည့် မော်တော်ဆိုင်ကယ်များကို ထိရောက်စွာအရေးယူ သွားမည်

မန္တလေးတွင် ဇန်နဝါရီ၁၄ရက်မှ စတင်ကာ ယာဉ်စည်းကမ်းလမ်းစည်းကမ်း လိုက်နာခြင်းမရှိသည့် မော်တော်ဆိုင်ကယ်များကို ထိရောက်စွာအရေးယူ
သွားမည်

8.1.2013

 မန္တလေးတိုင်းဒေသကြီး ယာဉ်စည်းကမ်းလမ်းစည်းကမ်း ထိန်းသိမ်းရေး
ကြီးကြပ်မှု ကော်မတီမှ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များကို လိုက်နာ
မှုမရှိသော မော်တော်ဆိုင်ကယ်များကို လာမည့် ဇန်နဝါရီ၁၄ရက်မှ စတင်
ကာ ထိရောက်စွာ အရေးယူတော့မည်ဖြစ်ကြောင်း သိရသည်။

မော်တော်ဆိုင်ကယ်စီးနင်းသူများအနေဖြင့်မြို့တွင်း၌တစ်နာရီမိုင်၃၀နှုန်း
အောက်သာ မောင်းနှင်ရန် နှစ်ယောက်ထက်ပိုမစီးရန်လမ်းပြောင်းပြန်
မောင်းနှင်ခြင်း မပြုရန် ဆိုင်ကယ်ဦးထုပ်နှင့်အတူ မေးသိုင်းကြိုးတပ်ဆင် စီးနင်းကြရန် လိုင်စင့်မဲမော်တော်ဆိုင်ကယ်များ မစီးနင်းကြရန်စသည့် အချက်များကို ထုတ်ပြန်ထားပြီးဖြစ်ရာလိုက်နာမှုရှိမရှိကိုပူးပေါင်းအဖွဲ့များဖြင့် 
စစ်ဆေးဖမ်းဆီးအရေးယူမည်ဟုမန္တလေးတိုင်းဒေသကြီးယာဉ်စည်းကမ်းလမ်းစည်းကမ်းထိန်းသိမ်းရေးကြီးကြပ်မှုကော်မတီမှတာဝန်ရှိသူတစ်ဦးက ပြော
ကြားသည်။

မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၁၂ခုနှစ်က ဖြစ်ပွားခဲ့သော ယာဉ်တိုက်မှု
များတွင် ဆိုင်ကယ်ပါသော ယာဉ်တိုက်မှု၃၃၇မှုဖြစ်ပွားရာ သေဆုံးသူ၁၂၀ဦး ဒဏ်ရာရှိသူ၃၈၅ဦးရှိသည်ဟု ဆိုပါသည်။''၂၀၁၂ ဒီဇင်ဘာတစ်လထဲမှာကို ဆိုင်ကယ်တိုက်မှု ၂၅မှုဖြစ်ပွားပြီး သေဆုံးသူ၁၂ဦးဒဏ်ရာရသူ၂၆ဦးရှိခဲ့ပါတယ်'' ဟု အထက်ပါ
တာဝန်ရှိသူကပြောသည်။ ၂၀၁၂ခုနှစ်အတွင်းက လိုင်စင်မဲ့မော်တော်ဆိုင်
ကယ်၂၄၈၀၆၀စီးကိုလည်း ယာဉ်မှတ်ပုံတင်များ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
yangon media group မန္တလေးတိုင်းဒေသကြီး ယာဉ်စည်းကမ်းလမ်းစည်းကမ်း ထိန်းသိမ်းရေး
ကြီးကြပ်မှု ကော်မတီမှ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များကို လိုက်နာမှုမရှိသော မော်တော်ဆိုင်ကယ်များကို လာမည့် ဇန်နဝါရီ ၁၄ရက်မှ စတင်ကာ ထိရောက်စွာ အရေးယူတော့ မည်ဖြစ်ကြောင်း သိရသည်။
မော်တော်ဆိုင်ကယ်စီးနင်းသူများအနေဖြင့်မြို့တွင်း၌တစ်နာရီမိုင်၃၀နှုန်း
အောက်သာ မောင်းနှင်ရန် နှစ်ယောက်ထက်ပိုမစီးရန်လမ်းပြောင်းပြန်

ကျပ်တစ်သိန်းဝန်းကျင် မိုဘိုင်းဖုန်းများစတင်ရောင်းချရေး ညှိနှိုင်းအစည်းအဝေးတစ်ရပ်ကို ဇန်န၀ါရီ ၉ ရက်နေ့တွင် ပြုလုပ်မည်

ကျပ်တစ်သိန်းဝန်းကျင် မိုဘိုင်းဖုန်းများစတင်ရောင်းချရေး ညှိနှိုင်းအစည်းအဝေးတစ်ရပ်ကို ဇန်န၀ါရီ ၉ ရက်နေ့တွင် ပြုလုပ်မည်
Tuesday, January 08, 2013

ယခုလအတွင်း ကျပ်တစ်သိန်းဝန်းကျင်ဖြင့် ရောင်းချမည့် မိုဘိုင်းဖုန်းများနှင့်
ပတ်သက်၍ ညှိနှိုင်းအစည်းအဝေးတစ်ရပ်ကို ဇန်န၀ါရီ ၉ ရက်နေ့တွင်
ပြုလုပ်သွားမည်ဖြစ်ကြောင်း ဆက်သွယ်ရေးမှ တာဝန်ရှိသူတစ်ဦးက
ပြောသည်။ 

'' ရောင်းချမယ့်ဈေးနှုန်းနဲ့စတင်ရောင်းချမယ့်ရက်ကို အစည်းအဝေး
လုပ်ပြီးမှသိရပါမယ်'' ဟု အထက်ပါပုဂ္ဂိုလ်က ပြောသည်။

ရောင်းချမည့်ဈေးနှင့်ရောင်းချမည့်ရက် အတိအကျ မသတ်မှတ်
ရသေးသော်လည်း ဇန်န၀ါရီလအတွင်း စတင်ရောင်းချသွားမည်
ဖြစ်ကြောင်း ၄င်းကပြောသည်။

az
Popular Myanmar News Journal ယခုလအတွင်း ကျပ်တစ်သိန်းဝန်းကျင်ဖြင့် ရောင်းချမည့် မိုဘိုင်း ဖုန်းများနှင့်ပတ်သက်၍ ညှိနှိုင်းအစည်းအဝေးတစ်ရပ်ကို ဇန်န၀ါရီ ၉ ရက်နေ့တွင်ပြုလုပ်သွားမည်ဖြစ်ကြောင်း ဆက်သွယ်ရေးမှ တာဝန် ရှိသူတစ်ဦးကပြောသည်။'' ရောင်းချမယ့်ဈေးနှုန်းနဲ့စတင်ရောင်း ချမယ့် ရက်ကို အစည်းအဝေးလုပ်ပြီးမှသိရပါမယ်'' ဟု အထက်ပါ ပုဂ္ဂိုလ် က ပြောသည်။

အင်းစိန်မြို့နယ် ၌ Sky Net ၀န်ထမ်းအယောင်ဆောင်ကာ လိမ်ညာမှုများရှိနေ


Sky Net ရုပ်သံလိုင်း သည် ရုပ်သံလိုင်းအသစ်များအား  တိုးမြှင့် ထည့် သွင်းပေးလျက်ရှိရာ  တွင် အချို့စက်များမှာ အလို လျှောက် တိုးမြှင့်ပြီး၊ တစ်ချို့စက်များတွင် မိမိကိုယ်တိုင် ရီမုဒ်ဖြင့် လွယ် ကူစွာ တိုးမြှင့်နိုင်သော်လည်း အင်းစိန်မြို့နယ်တွင် အသက်(၂၀)   ၀န်းကျင်ရှိ လူငယ်(၂)ဦးမှ ၎င်းတို့ သညှ်Sky Net မှဝန်ထမ်းများဟုဆိုကာ

တရားဝင်ကုန်သွယ်မှု ၇၀ % ခန့် တိုးမြင့်လာသည့် မြ၀တီကုန်သွယ်ရေးဇုန်

တရားဝင်ကုန်သွယ်မှု ၇၀ % ခန့် တိုးမြင့်လာသည့် မြ၀တီကုန်သွယ်ရေးဇုန်

8.1.2013
 တရားမ၀င်ကုန်သွယ်မှုတားဆီးရေးအဖွဲ့ဖြစ်သည့် Mobile Team အဖွဲ့၏
 ဆောင်ရွက်မှုများကြောင့်၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်ထက် ယခု
၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်ဆန်းပိုင်းသာ ရှိသေးသော်လည်း မြ၀တီကုန်
သွယ်ရေးဇုန်မှတရားဝင်ကုန်သွယ်မှုပမာဏမှာ ၇၀%ခန့် တိုးတက်လာ
ကြောင်းစီးပွားရေး နှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။
http://shannnews.blogspot.com/2013/01/blog-post_6389.html
တရားမ၀င်ကုန်သွယ်မှုတားဆီးရေးအဖွဲ့ဖြစ်သည့် Mobile Team အဖွဲ့၏
ဆောင်ရွက်မှုများကြောင့်၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်ထက် ယခု ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်ဆန်းပိုင်းသာ ရှိသေးသော် လည်း မြ၀တီ

ကချင်ပြည်နယ်အတွင်း ဧရာဝတီမြစ်ရိုးတလျှောက်ရှိ ရှမ်းရွာအများစုတွင် လုံခြုံရေးအတွက် ပြည်သူ့စစ်အဖွဲ့များ အင်အားတိုးရန် ပြင်ဆင်


ကချင်ပြည်နယ်အတွင်း ဧရာဝတီ မြစ်ရိုးတလျှောက်ရှိ ရှမ်းရွာအများ စုတွင် လုံခြုံရေးအတွက် ပြည်သူ့စစ်အဖွဲ့များကို အင် အားတိုး ရန် ပြင် ဆင်နေလျက်ရှိကြောင်း သိရှိရပါသည်။
မြစ်ကြီးနားမှ ဆင်ဘိုအထိ ဧရာဝတီမြစ်ရိုးတလျှောက်တွင် ရှိနေသော ရှမ်းနီ(တိုင်းလိုင်) လူမျိုးများ နေထိုင်သည့် ကျေးရွာ အများစုတွင် KIA တပ်ဖွဲ့များမှ စစ်သားစုဆောင်ခြင်း၊ ဆက်ကြေးတောင်းခံခြင်း

လေးနိုင်ငံပူးပေါင်း၍ လူကုန်ကူးမှုများအားတိုက်ဖျက်သွားမည်

လေးနိုင်ငံပူးပေါင်း၍ လူကုန်ကူးမှုများအားတိုက်ဖျက်သွားမည်
Tuesday, January 08, 2013 

မြန်မာနိုင်ငံတွင် နှစ်စဉ်နှစ် တိုင်းဆိုသလိုဖြစ်ပွားနေသော လူ  ကုန်ကူးခံရမှုများအား ကမ္ဘောဒီးယား၊မလေးရှား၊ထိုင်း၊မြန်မာလေး
နိုင်ငံပူးပေါင်း၍ လူကုန်ကူးခြင်းခံ ရသော လူများအား ကယ်တင်၍ လူကုန်ကူးမှုများတိုက်ဖျက်သွားမည် ဖြစ်ကြောင်း သိရသည်။

““ဦးတို့ လူကုန်ကူးမှုတွေကို  တိုက်ဖျက်တဲ့အခါမှာ အဓိကတော့  MOU ထိုးရမယ်။နှစ်နိုင်ငံလူကုန် ကူးမှုတိုက်ဖျက်ပါမယ်လို့ MOU ထိုးနိုင်မှသာ ပူးပေါင်းဆောင်ရွက် နိုင်မှာဖြစ်တယ်။ ဦးတို့နိုင်ငံနဲ့ ပထမဆုံးကမ္ဘောဒီယားက လက် မှတ်ထိုးပြီးသွားပြီးနောက် ထိုင်းနဲ့   မလေးရှားပါဝင်လာတယ်။ အစ တုန်းကတော့မလေးရှားက သူတို့ နိုင်ငံမှာ လူကုန်ကူးခံရတာမရှိဘူး လို့ပြောတယ်။ အခုသူတို့ကလည်း လက်ခံလာပြီးနောက်တစ်ခုပြောချင် တာက ဦးတို့နိုင်ငံမှာဝမ်းသာစရာ Foce Labour အလုပ်သမားမှတ် ပုံတင်နဲ့ပတ်သက်ပြီး ကမ္ဘာက သတ်မှတ်တာ ဦးတို့နိုင်ငံက နံပါတ်   သုံးဖြစ်သွားပြီ””ဟု လူကုန်ကူးမှု တိုက်ဖျက်ရေးမှတာဝန်ရှိသူ ရာလျံမုန်းက ပြောကြားသည်။

လက်ရှိမြန်မာနိုင်ငံတွင်ဖြစ် ပေါ်ခဲ့သော လူကုန်ကူးခြင်းခံရသည်မှာလည်း သူများနှင့်နှိုင်းယှဉ်ကာ ဆင်းရဲသည်ဟု မိမိကိုယ်ကို ထင်သောကြောင့်
ဖြစ်ကြောင်း ILO မှတာဝန်ရှိသူတစ်ဦးကပြောကြားသည်။
လူကုန်ကူးခြင်းခံရတာလည်း အဓိကတော့ ကိုယ်တိုင် ဆင်းရဲတာ
မဟုတ်ဘဲနဲ့သူများနဲ့နှိုင်းယှဉ်ပြီး ဆင်းရဲတယ်လို့ထင်တာ။ အသင့်တင့်
ရှိပါလျက်နဲ့ပိုချမ်းသာချင်လို့ဖြစ်ရတာ””ဟုပြောကြားခဲ့ သည်။ 

၂၀၁၂ခုနှစ်အတွင်း လူကုန်  ကူးခြင်းခံရသည့် လူဦးရေသည် တရုတ်သို့ ၁၄၆ဦး၊ထိုင်းသို့ ၂၈ဦး ဖြစ်ကြောင်း အထက်ပါပုဂ်္ဂိုလ်များ၏ စာရင်း
ပြုစုထားသည့် အထောက်အထားအရ သိရသည်။

ဖြိုးအောင်
ွှThe Hot News
မြန်မာနိုင်ငံတွင် နှစ်စဉ်နှစ် တိုင်းဆိုသလိုဖြစ်ပွားနေသော လူ ကုန်ကူး ခံရမှုများအား ကမ္ဘောဒီးယား၊မလေးရှား၊ထိုင်း၊မြန် မာလေး နိုင်ငံပူးပေါင်း ၍ လူကုန် ကူးခြင်းခံ ရသော လူများအား ကယ်တင်၍ လူကုန်ကူးမှု များ တိုက်ဖျက်သွားမည် ဖြစ်ကြောင်း သိရသည်။
““ဦးတို့ လူကုန်ကူးမှုတွေကို တိုက်ဖျက်တဲ့အခါမှာ အဓိကတော့ MOU ထိုးရမယ်။နှစ်နိုင်ငံလူကုန် ကူးမှုတိုက်ဖျက်ပါမယ်လို့ MOU ထိုးနိုင်မှသာ

ကားဈေးများကျနေပြီး အရှုံးပြသထက်ပြနေသောကားဈေးကွက်

ကားဈေးများကျနေပြီး အရှုံးပြသထက်ပြနေသောကားဈေးကွက်
Tuesday, January 08, 2013

2013ခုနှစ်အတွက် CIFတန်ဖိုးများ သတ်မှတ်ပြီးနောက် ကားဈေးများ ထပ်မံကျသွားသော်လည်း ၀ယ်သူများဘက်မှ ဈေးချရောင်းသော ကားကိုသာရွေးခြယ်ဝယ်ယူနေသဖြင့် ကားဈေးကွက်အရှုံးပြသထက်
ပြနေကြောင်း ဟံသာဝတီကားဝိုင်းမှ ကားအကျိုးဆောင်များ၏
ပြောကြားချက်အရ သိရသည်။

“ကားဈေးကွက်က ၀ယ်သူတွေကအခုဆိုရင် ကားအမျိုးအစားကိုမကြည့်ဘူး ကားဈေးကိုပဲကြည့်ပြီး ၀ယ်လာတာများတယ်။ ကားဈေးနည်းတဲ့ထဲမှာမှ
ဈေးပိုလျှော့ပေးတဲ့ကားကို ရွေးဝယ်နေကြတော့ ကားရောင်းရတာ အရှုံးဘက်ကိုဦးတည်နေတယ်”ဟု အကျိုးဆောင် ဦးထွန်းထွန်းက
ပြောကြားသည်။

CIFတန်ဖိုးများကို ၂၀၁၃ ဇန်န၀ါရီ ၁ရက်နေ့မှစတင်ပြောင်းလဲ သတ်မှတ်လိုက်ခြင်းကြောင့် ကားဈေးများမှာ ယခင်ကထက်ပို ကျသွားကြောင်း အထူးသဖြင့် ယခုတစ်ခေါက် ထုတ်လိုက်သောCIFတန်ဖိုး သတ်မှတ်ချက်ကြောင့် အင်ဂျင်ပါဝါမြင့်သော ကားအမျိုးအစားများမှာ ယခင်ဈေးထက် ၁၀သိန်းကျော် ဈေးပိုကျသွားကြောင်း သိရသည်။

“အခုရက်ပိုင်းမှာက CIFဈေးတွေနည်းနည်း ငြိမ်သွားတော့ ကားဈေးကွက်
ကတော့ ပြန်ကောင်းလာတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလလောက်ကတော့ ကားဈေးကွက်က တော်တော်ဆိုးတယ်။ CIFပြောင်းမယ်ဆိုတော့ ၀ယ်သူတွေက CIFတန်ဖိုးပြောင်းတာ စောင့်နေကြတာပေါ့။
အခုရက်ပိုင်းကျတော့ CIFတန်ဖိုးထွက်ပြီးသွားတော့ ၀ယ်သူတွေကတော့ ၀င်လာတယ် ခက်တာက ကားဈေးတွေက ကျတဲ့အပြင် ၀ယ်သူတွေ
ကလည်း ဈေးများများ လျှော့ပေးတဲ့ကားမှ ၀ယ်ကျတော့ ၀ယ်သူတွေ
ဘက်ကကြည့်ရင်ကောင်းပေမယ့် ရောင်းတဲ့သူတွေ ဘက်ကတော့
တော်တော်ရှုံးနေတယ်”ဟုအကျိုးဆောင် ဦးမောင်မြင့်က ပြောကြားသည်။

ကားဈေးကွက်ပြန် လည်ဦးမော့လာစေရန်မှာ အစိုးရထုတ်ပြန်သည့် အမိန့်နှင့်သာ သတ်ဆိုင်ကြောင်း အစိုးရမှ ကားတင်သွင်းခွင့် ရပ်ဆိုင်းခြင်းသို့ မဟုတ်ကားဟောင်းအပ်နှံ ခြင်းကိုရပ်ဆိုင်းခြင်း ပြုလုပ်မှသာလျှင် ကားဈေးကွက်အတွင်းမှ ကားများဈေးကောင်း ပြန်ရကာဦးမော့ လာနိုင်မည်ဖြစ်ကြောင်း အကျိုးဆောင် ဦးထွန်းထွန်းက သုံးသပ်ပြောကြား
သည်။

ကား Show Room များ ပေါ်လာခြင်းမှာလည်း ဟံသာဝတီကားဝိုင်းကို ထိခိုက်မှုရှိကြောင်းကို “ကားShow Room တွေပေါ်လာတာ ဟံသာဝတီကားဝိုင်းကို မထိခိုက်ဘူးလို့ပြောလို့တော့ မရဘူးပေါ့ဗျာ။ အနည်းအကျဉ်းတော့ ထိခိုက်တာပေါ့။ ဒီမှာကလမ်းဘေးဈေး
ရောင်းသလိုဖြစ်နေတော့ ကားအကြောင်း နားမလည်တဲ့သူတွေက ကားShow Room တွေရဲ့  နာမည်ကို ယုံကြည်မှုတစ်ခုအနေနဲ့ ထားပြီး ဈေးကြီးပိုပေးပြီး ၀ယ်ကျတာပေါ့။ ဟိုမှာကအရစ်ကျလည်း သွင်းလို့ရအောင် လုပ်ပေးနိုင်တော့ တချို့ ကလည်း သဘောကျ
တာပေါ့။”ဟုလည်း အကျိုးဆောင်တစ်ဦးက ပြောကြားသည်။

ဆုဝေ
ဓာတ်ပုံ-အောင်သိုက်
The Myanma Age 2013ခုနှစ်အတွက် CIFတန်ဖိုးများ သတ်မှတ်ပြီးနောက် ကားဈေးများ ထပ်မံကျသွားသော်လည်း ၀ယ်သူများဘက်မှ ဈေးချရောင်းသော ကားကို သာရွေးခြယ်ဝယ်ယူနေသဖြင့် ကားဈေးကွက်အရှုံးပြသထက်
ပြနေကြောင်း ဟံသာဝတီကားဝိုင်းမှ ကားအကျိုးဆောင်များ ၏ ပြော ကြားချက်အရ သိရသည်။

ရေ ညစ်ညမ်းလာမှုကြောင့် တရုတ်နိုင်ငံ မြောက်ပိုင်းရှိ မြို့တစ်မြို့၌ ရေပေးဝေမှု ဖြတ်တောက်

ရေ ညစ်ညမ်းလာမှုကြောင့် တရုတ်နိုင်ငံ မြောက်ပိုင်းရှိ မြို့တစ်မြို့၌ ရေပေးဝေမှု ဖြတ်တောက်

တရုတ်နိုင်ငံ မြောက်ပိုင်းရှိ မြစ်တစ်စင်း ရေညစ်ညမ်း လာမှုကြောင့် ဟေဘေး ပြည်နယ်ရှိ လူဦးရေ တစ်သန်း ကျော် နေထိုင်သော ဟန်တန်မြို့သို့ ဇန်နဝါရီ ၅ ရက်နေ့လယ်ပိုင်း ကတည်းက ရေပေးဝေမှု ဖြတ်တောက် ခဲ့ရသည်ဟု ဆင်ဟွာ သတင်း ဌာနမှ ထုတ်ပြန် ကြေညာခဲ့သည်။

ဤသို့ ဖြစ်ပွား ရခြင်းသည် ရှန်စီ ပြည်နယ် ချောင်ရှီ မြို့ရှိ ဓာတုစက်ရုံ တစ်ခုမှ စွန့်ပစ်ပစ္စည်း ပိုက်ပျော့ ပေါက်ခဲ့ရာ ကျိုကျန်းမြစ် အတွင်းသို့ အဆိပ်ဖြစ် သော ဓာတုပစ္စည်း တစ်မျိုးဖြစ်သည့် Aniline များ စိမ့်ဝင်ခဲ့ပြီး ၎င်းမြစ်မှ တစ်ဆင့် ကျန်းဟေမြစ် အတွင်းသို့ စီးဆင်း ခဲ့ခြင်းကြောင့် ဖြစ်သည်ဟု ရှန်စီပြည်နယ် အုပ်ချုပ်ရေး အဖွဲ့မှ ထုတ်ပြန်ချက် တစ်ခု၌ ဖော်ပြခဲ့ သည်။

သို့သော်လည်း ဓာတုပစ္စည်း စိမ့်ဝင်မှု ပမာဏကို ဖော်ပြခြင်း မရှိခဲ့ပေ။ Aniline  သည် ဆိုးဆေး၊ ပေါင်းသတ် ဆေးနှင့် အခြားဓာတု ပစ္စည်းများ ထုတ်လုပ်ရာတွင် အသုံးပြုသော အဆိပ် ဖြစ်စေသည့် ဓာတုပစ္စည်း တစ်ခု ဖြစ်သည်ဟု သိရသည်။ အရေးပေါ် ဆောင်ရွက်မှု အပြင် Aniline ဓာတုပစ္စည်း များကို သန့်စင် ဖယ်ရှား၍   ယိုစိမ့်မှု ရပ်တန့်စေရန် စတင် လုပ်ဆောင်လျက် ရှိကြောင်း ရှန်စီ အာဏာပိုင် များက သတင်း ထုတ်ပြန်ခဲ့ သည်။ ဓာတုပစ္စည်း ယိုစိမ့်မှုကြောင့် ထိခိုက် သေဆုံးမှုများ ဖြစ်ပေါ်ခဲ့ခြင်း မရှိကြောင်း သိရသည်။

ဟေနန် ပြည်နယ်ရှိ ဟန်တန်နှင့် အန်ယန်မြို့များ အပါအဝင် မြစ်ရိုး တစ်လျှောက်ရှိ မြို့များအား အာဏာပိုင် များက သတိပေးချက် ထုတ်ပြန် ခဲ့သည်ဟု သိရသည်။  

http://www.myawady.net.mm/allnews/global/item/3807-2013-01-08-09-22-25 တရုတ်နိုင်ငံ မြောက်ပိုင်းရှိ မြစ်တစ်စင်း ရေညစ်ညမ်းလာ မှုကြောင့် ဟေဘေး ပြည်နယ်ရှိ လူဦးရေ တစ်သန်း ကျော် နေ ထိုင်သော ဟန်တန်မြို့သို့ ဇန်နဝါရီ ၅ ရက်နေ့လယ်ပိုင်း ကတည်း က ရေပေးဝေမှု ဖြတ်တောက် ခဲ့ရသည်ဟု ဆင်ဟွာ သတင်း ဌာနမှ ထုတ်ပြန် ကြေညာခဲ့သည်။

လက်ထိဘောကြောင့် ဝေဖန်ခံခဲ့ရသော လူးဝစ်ဆွာရက်ဇ်

လီဗာပူး တိုက်စစ်မှူး ဆွာရက်ဇ်သည် အပျော်တမ်း ကလပ် မန်စ်ဖီးလ်တောင်းအသင်းနှင့် ကစားခဲ့ရသည့် အဝေးကွင်း FA ဖလား တတိယအဆင့် ပွဲစဉ်တွင် အငြင်း ပွားဖွယ် လက်ထိဘော ဖြစ်ခဲ့၍ ဝေဖန်ခံခဲ့ရသည်။ အဆိုပါပွဲစဉ်တွင် လီဗာပူး အသင်းသည် ၂း၁ ဖြင့် အနိုင် ရခဲ့ပြီး ဆွာရက်ဇ်မှာအသင်း အတွက် အနိုင်ဂိုးကို သွင်း ယူခဲ့သော်လည်း ဂိုးမသွင်းခင် ကတည်းက လက်

ချယ်လ်ဆီးသို့ ရောက်ရှိလာခြင်း အတွက် ပျော်ရွှင်မိဟု ဒမ်ဘာဘာ ပြောကြား

ချယ်လ်ဆီး အသင်းက အသစ်ထပ်မံ ခေါ်ယူလိုက်သော ဆီနီဂေါ လက်ရွေးစင် ကစားသမားသည် စတန်းဖို့ဒ် ဘရစ်အား ပြောင်းရွှေ့ရေးကို အလွယ်တကူပင် ဆုံးဖြတ် ချက်ချခဲ့ခြင်း ဖြစ်ကြောင်း ထုတ်ဖော် ပြောကြား ထား သည်။ ၎င်း ကစားသမားသည် ချယ်လ်ဆီးက ၎င်းအား ကမ်းလှမ်းမှု ပြုခဲ့သောအချိန်တွင် နယူး ကာဆယ်၏ အဲဗာတန်နှင့် ကစားမည့် ပွဲစဉ်အတွက် ပြင်ဆင် မှုများ ပြုလုပ်နေခဲ့ခြင်း ဖြစ်သည်။ သို့သော် ချယ်လ်ဆီး

ရွှေတိဂုံသို့ နိုင်ငံခြားသား သုံးသိန်းကျော် တက်ရောက်ဖူးမျှော်

ရွှေတိဂုံသို့ နိုင်ငံခြားသား သုံးသိန်းကျော် တက်ရောက်ဖူးမျှော်
Tuesday, January 08, 2013

မြန်မာ့နိုင်ငံရေးအပြောင်းအလဲများကြောင့် ကမ္ဘာလှည့်ခရီးသည်
သိသိသာသာ ၀င်ရောက်မူ များပြားနေချိန်တွင် ရွှေတိဂုံစေတီတော်သို့ လာရောက်ဖူးမြော်သူ နိုင်ငံခြားသားဦးရေမှာလည်း  သိသိသာသာ
မြင့်တက်လာခဲ့ကြောင်း ရွေတိဂုံဂေါပကအဖွဲ့က သိရသည်။

"မြန်မာနိုင်ငံက စိတ်ဝင်စားစရာ ကောင်းတဲ့နေရာတွေ အများကြီး
ရှိတယ်လေ။ ရွှေတိဂုံစေတီတော်ကို လာရောက်ဖူးမြော် ကြည်ညိုကြသူ
တွေလည်း ပြီးခဲ့တဲ့နှစ်တွေကထက် ဒီနှစ်များလာတယ်။"ဟု
ရွှေတိဂုံ ဂေါပကအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ရွှေတိဂုံ စေတီတော်သို့ ၂၀၀၈ ခုနှစ်တွင်း လာရောက်ဖူးမြော် ကြည်ညိုသူ နိုင်ငံခြားဧည့်သည် ၇၈၃၂၃ ဦးရှိခဲ့ပြီး နောင်နှစ်များတွင် တစ်ဖြည်းဖြည်းမြင့်တက်လာခဲ့ကာ ၂၀၁၀ ခုနှစ်တွင် ၁၇၅၀၅၄ ဦး၊ ၂၀၁၁ ခုနှစ်တွင် ၂၂၅၃၈၁ ဦး နှင့် ၂၀၁၂ ခုနှစ်တွင် ၃၄၅၃၃၃ ဦး လာရောက်
ဖူးမြော်ခဲ့ကြောင်း စေတီတော်၏ စာရင်းထုတ်ပြန်ချက်များအရ သိရှိရသည်။

ရွှေတိဂုံ စေတီတော်သို့  ပြင်သစ်၊ ဗြိတိန်နှင့် ရုရှားလူမျိုးများ အများဆုံး
ဝင်ရောက်ပြီး ၂၀၁၂ခုနှစ်တွင် ဗြိတိန်လူမျိုး ၁၁၇၇၁ ဦးနှင့် ပြင်သစ်လူမျိုး ၁၅၃၈၆ ဦး၊ ရုရှားလူမျိုး ၆၈၀၁ ဦး တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

"မြန်မာနိုင်ငံက စိတ်ဝင်စားစရာတွေအများကြီး၊ ပုဂံ၊ တောင်ကြီး၊ အင်းလေးဒေသတွေလေ။ ပုပ္ပား တောင်ဆိုရင် ကျွန်တော်တို့ဆီက ဖူဂျီတောင်နဲ့ တူတယ်လို့ပြောလို့ စိတ်လည်းစိတ်ဝင်စားတယ်။ သွားလည်း သွားခဲ့တယ်"ဟု ဂျပန်နိုင်ငံသား တစ်ဦးက ပုပ္ပားတောင်တွင် ပြောဆိုခဲ့သည်။

ကမ္ဘာလှည့်ခရီးသည်များအနေဖြင့် မြန်မာနိုင်ငံတွင် ထင်ရှားသော
စေတီပုထိုးများ၊ သဘာဝပတ်ဝန်း ကျင် အလှအပများ၊ စီးပွားရေး
လုပ်ကိုင်ရန် လေ့လာမူများ၊ လာရောက်အပန်းဖြေရန် ကမ်းခြေများနှင့် အခြားစိတ်ဝင်စားစရာများကြောင့် လာရောက်ခြင်းဖြစ်ကြောင်း သိရသည်။

၂၀၁၃ ခုနှစ်အတွင်း၌လည်း မြန်မာနိုင်ငံမှ ဆီးဂိမ်းပြိုင်ပွဲ လက်ခံကျင်းပမည်
ဖြစ်သောကြောင့် နိုင်ငံခြား ခရီးသည်ဝင်ရောက်မူ များပြားလာနိုင်ကြောင်း သုံးသပ်ပြောဆိုနေမူများလည်း ထွက်ပေါ်လျက်ရှိသည်။

ယမင်း (မြစ်မခ)
Myit Makha Mediagroup မြန်မာ့နိုင်ငံရေး အပြောင်းအလဲများကြောင့် ကမ္ဘာလှည့်ခရီးသည် သိသိ သာသာဝင်ရောက်မူ များပြားနေချိန်တွင် ရွှေတိဂုံစေတီတော်သို့ လာရောက်ဖူးမြော်သူ နိုင်ငံခြားသားဦးရေမှာလည်း သိသိသာသာ မြင့် တက်လာခဲ့ကြောင်း ရွေတိဂုံဂေါပကအဖွဲ့က သိရသည်။
"မြန်မာနိုင်ငံက စိတ်ဝင်စားစရာ ကောင်းတဲ့နေရာတွေ အများကြီး ရှိ တယ်လေ။ ရွှေတိဂုံစေတီတော်ကို လာရောက်ဖူးမြော် ကြည်ညိုကြသူ

ATM ငွေထုတ်စက်ရှိရာ (၄၅) နေရာတွင် ငွေထုတ်ယူ အသုံးပြုနိုင်

နိုင်ငံတကာတွင် အသုံးပြု နိုင်သော ငွေပေးချေမှု ကတ်ဖြစ်သည့် ဗီဇာကတ်စနစ်ကို မြန်မာ နိုင်ငံတွင် စတင် အသုံးပြု နိုင်ပြီ ဖြစ်ရာ ATM ငွေထုတ် စက်ရှိရာ (၄၅) နေရာ တိုးချဲ့ ဆောင်ရွက်နိုင်ပြီ ဖြစ်ကြောင်း သိရ သည်။  ယင်းကတ် စတင်သုံးစွဲနိုင်ခြင်းကို CB Bank တွင်အသုံးပြု နိုင်ခြင်း ဖြစ်ပြီး ဒီဇင်ဘာလ ၁၂ ရက်နေ့က စတင် သုံးစွဲနိုင်ခြင်း ဖြစ်ပြီး သမဝါယမဘဏ်၏ ATM ငွေထုတ်စက်များ တွင်သာ စတင် အသုံးပြု နိုင်ပြီ ဖြစ်သည်။ ယင်းသို့ အသုံးပြု

Kirin ဘီယာ မြန်မာပြည် ၀င်ဖို့ စဉ်းစားနေ

Photo: Kirin ဘီယာ မြန်မာပြည် ၀င်ဖို့ စဉ်းစားနေ
Tuesday, January 08, 2013

အာရှတိုက်မှာ အကြီးဆုံး ဘီယာ ကုမ္ပဏီတွေထဲက တခုဖြစ်တဲ့ Kirin Holdings ကုမ္ပဏီဟာ မြန်မာနိုင်ငံက ဘီယာဈေးကွက်တွင်း ၀င်ရောက်ဖို့ စဉ်းစားနေပါပြီ။

ကနဦးအနေနဲ့ သူ့ရဲ့ အဓိက အိချိဘန် ရှိဘိုရိ(Ichiban Shibori) 
ဆိုတဲ့ ဘီယာတံဆိပ်ကို ဖြန့်ချီမယ်လို့ ဆိုပါတယ်။

ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုလုပ်လာတဲ့ မြန်မာနိုင်ငံရဲ့ စီးပွားရေးကြီးထွား
လာတာနဲ့အမျှ ဘီယာသောက်သုံးသူတွေလည်းကျယ်ပြန့်လာမယ်လို့
မျှော်လင့်တာကြောင့် Kirin ဘီယာဟာ မြန်မာနိုင်ငံမှာ ဦးစားပေး ဈေးကွက် တခုအနေနဲ့ ရှု့မြင်တာ ဖြစ်တယ်လို့ သတင်းရင်းမြစ်တခုကို ကိုးကားပြီး 
The Daily Yomiuri ဂျပန်သတင်းစာတစောင်က ဖော်ပြထားပါတယ်။

Kirin ဘီယာ ကုမ္ပဏီဟာ ၂၀၀၉ ခုနှစ်က ဖိလစ်ပိုင် ဘီယာဈေးကွက်ကို ၀င်ရောက်ခဲ့သလို ထိုင်းနဲ့ ဗီယက်နမ်နိုင်ငံ တွေကိုလည်း အောင်မြင်စွာ
ဈေးကွက်ထိုးဖောက်နိုင်ခဲ့တာပါ။

Kirin ကုမ္ပဏီက မြန်မာနိုင်ငံက ဘီယာဈေးကွက်မှာ အောင်မြင်မယ်လို့
မျှော်လင့်ထားပါတယ်။ Kirin ဘီယာဟာ နိုင်ငံတကာမှာလည်း နာမည်ကြီး
တဲ့ တံဆိပ်ဖြစ်ပါတယ်လို့ ဆိုထားပါတယ်။

အိမ့်သံစဉ်
ဧရာဝတီ အာရှတိုက်မှာ အကြီးဆုံး ဘီယာ ကုမ္ပဏီတွေထဲက တခုဖြစ်တဲ့ Kirin Holdings ကုမ္ပဏီဟာ မြန်မာနိုင်ငံက ဘီယာဈေးကွက်တွင်း ၀င်ရောက် ဖို့ စဉ်းစားနေပါပြီ။ကနဦးအနေနဲ့ သူ့ရဲ့ အဓိက အိချိဘန် ရှိဘိုရိ(Ichiban Shibori) ဆိုတဲ့ ဘီယာတံဆိပ်ကို ဖြန့်ချီမယ်လို့ ဆိုပါ တယ်။

လိုသလို ပရိုဂရမ်ဆွဲ သုံးနိုင်သော စက်ရုပ် Lego မှထုတ်

Photo: လိုသလို ပရိုဂရမ်ဆွဲ သုံးနိုင်သော စက်ရုပ် Lego မှထုတ်
Tuesday, January 08, 2013


Lego ဆိုရင် ကလေးကစားစရာ အရုပ်တွေချည်း ထုတ်နေတယ် ရယ်လို့ မဟုတ်ပါဘူး။

ယခု ထုတ်လုပ်လိုက်တဲ့ စက်ရုပ်ကတော့ ကလေးရော၊ လူကြီးတွေ ပါ ဆော့ လို့ရမယ့် စက်ရုပ် ဖြစ်ပါတယ်။ ပရိုဂရမ်ကို လိုသလို ရေးဆွဲပြီး ထည့်သွင်း ခွင့် ပေးထားပါတယ်။ ဒီတော့ Lego က စက်ရုပ်ကိုယ်ထည်နဲ့ ပရိုဂရမ် မှတ်သားမယ့် အစိတ်အပိုင်းများပဲ ဖန်တီးလိုက်ခြင်း ဖြစ်ပါတယ်။ စက်ရုပ် ကို ရွေ့ လျားသွားလာဖို့ ကျတော့ ကိုယ်ဆွဲတဲ့ ဂရိုဂရမ်ပေါ်မှာ မူတည်သွား မှာ ဖြစ်ပါတယ်။

Wall E ထဲက စက်ရုပ်နဲ့တောင် ခပ်ဆင်ဆင် ရှိပါတယ်။ သူ့မှာ ကွန်ပျူတာ၊ HTML ချိတ်ဆက်ဖို့အတွက် Plug in များ အစုံအလင် ပါရှိပါတယ်။ အီလက် ထရောနစ် ဆားကစ်ကို ပရိုဂရမ် သွင်းရတာလောက်တော့ လွယ်မှာ မဟုတ် ပါဘူး။ အီလက်ထရောနစ် ပညာရပ်၊ မက်ကယ်ထရောနစ် ပညာရပ်နဲ့ အိုင်တီ ပညာရပ် လေ့လာနေတဲ့ ကျောင်းသားများအတွက် အံကိုက်ဖြစ်မယ့် စက်ရုပ် ဖြစ်ပါတယ်။

လက်ရှိကာလတန်ဖိုးက အမေရိကန်ဒေါ်လာ ၃၅၀ ဖြစ်တဲ့ အတွက် မြန်မာပြည် ကနေမှာမယ်ဆိုရင် ၃ သိန်း ဝန်းကျင်လောက် ကုန်မှာ ဖြစ်ပါတယ်။ ယင်း စက်ရုပ်ကို Mindstorms EV3 လို့ အမည်ပေး ထားကြောင်း သိရပါတယ်။
--
Ref: cnet
Aung Kham (TSJ team)
TechSpace Journal Lego ဆိုရင် ကလေးကစားစရာ အရုပ်တွေချည်း ထုတ်နေတယ် ရယ်လို့ မဟုတ်ပါဘူး။ ယခု ထုတ်လုပ်လိုက်တဲ့ စက်ရုပ်ကတော့ ကလေးရော၊ လူကြီးတွေပါ ဆော့လို့ရမယ့် စက်ရုပ် ဖြစ်ပါတယ်။ ပရိုဂရမ်ကိုလိုသလို ရေးဆွဲပြီး ထည့်သွင်းခွင့်ပေးထားပါတယ်။ ဒီတော့ Lego က စက်ရုပ်ကိုယ်ထည်နဲ့ ပရိုဂရမ် မှတ်သားမယ့် အစိတ် အပိုင်း များပဲ ဖန်တီးလိုက်ခြင်း ဖြစ်ပါတယ်။ စက်ရုပ်ကို ရွေ့ လျားသွား လာဖို့ ကျတော့ ကိုယ်ဆွဲတဲ့ ဂရိုဂရမ်ပေါ်မှာ မူတည်သွား မှာ ဖြစ်ပါတယ်။

အိမ်ထောင်သော့ခတ်ကြသူများ

Photo: အိမ်ထောင်သော့ခတ်ကြသူများ
Tuesday, January 08, 2013

ဒါကတော့ ပြင်သစ်နိုင်ငံမြို့တော် ပဲရစ်က စိန်းမြစ်ကူး တံတားပေါ်က လူသွားလမ်းပါ။

ဘယ်သူက ဘယ်လိုစလိုက်မှန်းတော့ မသိပါဘူး။ လက်ထပ်ခါစ အတွဲတွေဟာ ဒီတံတားပေါ်က အကာအရံမှာ အခုလို သူတို့နာမယ်တွေ ထိုးထားတဲ့ သော့ခလောက်ကို ခတ်၊ ပြီးတော့ သော့ကို စိန်းမြစ်ထဲ ပစ်ချကြပါတယ်တဲ့။ ပြန်ဖွင့်လို့ မရတဲ့ သော့ခလောက်မို့ အိမ်ထောင်မြဲမယ်ဆိုတဲ့ ယူဆချက်တွေလို့ ဆိုပါတယ်။

နောက်တော့ နိုင်ငံတကာက လာရောက်ကြတဲ့ ဟန်းနီးမွန်း အတွဲတွေရော ပြင်သစ်က အတွဲတွေပါ လာပြီး သော့ခတ်ကြသူတွေ အတော့ကို များလာပါတယ်။

အစပိုင်းမှာတော့ မြို့အာဏာပိုင်တွေက သော့တွေကို ဖြုတ်ပြီးရှင်းဖို့ ကြိုးစားခဲ့ကြပါသေးတယ်။ တချို့သော့တွေကိုလည်း ဖယ်ရှားခဲ့ပါတယ်။ ဒါပေမဲ့ သော့တွေက များသထက်များလာတဲ့အချိန်မှာတော့ ပဲရစ်မြို့ရဲ့ လူစိတ်ဝင်စားစရာ မြင်ကွင်းတခု ဖြစ်လာပြီး ဒီသော့တွေကို မဖြုတ်တော့ဘဲ အနုပညာလက်ရာတခုအနေနဲ့ လက်ခံလာတယ်လို့ ဆိုပါတယ်။ m

Burma-Newselite
ဓာတ်ပုံ- စီအန်အန် ဒါကတော့ ပြင်သစ်နိုင်ငံမြို့တော် ပဲရစ်က စိန်းမြစ်ကူး တံတားပေါ်က လူသွားလမ်းပါ။ဘယ်သူက ဘယ်လိုစလိုက်မှန်းတော့ မသိပါဘူး။ လက်ထပ်ခါစ အတွဲတွေဟာ ဒီတံတားပေါ်က အကာအရံမှာ အခုလို သူတို့နာမယ်တွေ ထိုးထားတဲ့ သော့ခလောက်ကို ခတ်၊ ပြီးတော့ သော့ ကို စိန်းမြစ်ထဲ ပစ်ချကြပါတယ်တဲ့။ ပြန်ဖွင့်လို့ မရတဲ့ သော့ခလောက်မို့ အိမ်ထောင်မြဲမယ်ဆိုတဲ့ ယူဆချက်တွေလို့ ဆိုပါတယ်။

မစ်ဆူဘီရှီ ကားအစီး ၁၄၀၀ က သင်္ဘောတိုက်မှုတွင် နှစ်မြှုပ်


Photo: မစ်ဆူဘီရှီ ကားအစီး ၁၄၀၀ က သင်္ဘောတိုက်မှုတွင် နှစ်မြှုပ်
Tuesday, January 08, 2013

Baltic Ace အမည်ရ သင်္ဘော နှစ်မြှုပ်မှုမှာ မစ်ဆူဘီရှီ ကားအစီး ၁၄၀၀ ကျော် ပါဝင်သွားကြောင်း သိရပါတယ်။

အက်ဆီးဒန့်ဖြစ်တဲ့နေရာကတာ့ North Sea က နယ်သာလန် ပိုင်နက် ပင်လယ်ပြင်တစ်နေရာမှာ ဖြစ်ပါတယ်။ ပင်လယ်ကူး သင်္ဘော အသွားအလာ များတဲ့နေရာ ဖြစ်ပြီး သင်္ဘောသား မှားယွင်းမှုကြောင့် ဖြစ်တဲ့ အက်ဆီးဒန့် လို့ ဖြစ်ပါတယ်။

သင်္ဘောပေါ်မှာ ပါလာတဲ့ လုပ်သားအားလုံးကိုတော့ ကယ်ဆယ်ပြီး ဖြစ် ပါတယ်။ ပါလာတဲ့ ကားများကတော့ ရေကြောင့် ပျက်ဆီးသွားပြီ ဖြစ် ပါတယ်။ ဒီအတွက် နယ်သာလန် အစိုးရနှင့် ရေပိုက်နက် လုံခြုံရေးအဖွဲ့မှ အသေးစိတ် စစ်ဆေးလျက် ရှိပါတယ်။

ကားများကတော့ ထိုင်းနဲ့ ဂျပန်ထုတ် မစ်ဆူဘီရှီများ ဖြစ်ပြီး ဘယ်လ်ဂျီယံ
နိုင်ငံမှ အထွက် ယခုလို ဖြစ်ပွားခြင်း ဖြစ်ကြောင်း သိရ ပါတယ်။
--
Ref: autoblog
http://www.colayonline.com.mm/automobile
ColayOnline:Automobile
Baltic Ace အမည်ရ သင်္ဘော နှစ်မြှုပ်မှုမှာ မစ်ဆူဘီရှီ ကားအစီး ၁၄၀၀ ကျော် ပါဝင်သွားကြောင်း သိရပါတယ်။
အက်ဆီးဒန့်ဖြစ်တဲ့နေရာကတာ့ North Sea က နယ်သာလန် ပိုင်နက် ပင်လယ်ပြင်တစ်နေရာမှာ ဖြစ်ပါတယ်။ ပင်လယ်ကူး သင်္ဘော အသွား အလာ များတဲ့နေရာ ဖြစ်ပြီး သင်္ဘောသား မှားယွင်းမှုကြောင့် ဖြစ်တဲ့ အက်ဆီးဒန့် လို့ ဖြစ်ပါတယ်။
သင်္ဘောပေါ်မှာ ပါလာတဲ့ လုပ်သားအားလုံးကိုတော့ ကယ်ဆယ်ပြီး ဖြစ် ပါတယ်။ ပါလာတဲ့ ကားများကတော့ ရေကြောင့် ပျက်ဆီးသွားပြီ ဖြစ်

အငြင်းပွားလျက် ရှိသော ကျွန်းများအနီး တရုတ် လေယာဉ်ကို ဂျပန် တိုက်လေယာဉ်များ မောင်းထုတ်

အငြင်းပွားလျက် ရှိသော ကျွန်းများအနီး တရုတ် လေယာဉ်ကို ဂျပန် တိုက်လေယာဉ်များ မောင်းထုတ်

ဂျပန်နှင့် တရုတ် နိုင်ငံများကြား အငြင်းပွားလျက် ရှိသော ကျွန်းများ အနီးသို့ တရုတ် လေယာဉ်တစ်စင်း ဝင်ရောက်လာမှုကို မောင်းထုတ်ရန် အတွက် ဂျပန် တိုက်လေယာဉ် များအား ဇန်နဝါရီ ၅ ရက်က စေလွှတ်ခဲ့ ကြောင်း ဂျပန် ကာကွယ်ရေး ဝန်ကြီး ဌာနမှ ပြောရေးဆိုခွင့် ရှိသူ တစ်ဦးက ပြောကြား ခဲ့သည်။

ဒေသစံတော်ချိန် ည ၁၂ နာရီခန့်တွင် တရုတ် နိုင်ငံက တျောင်ယုကျွန်းဟု ခေါ်ပြီး ဂျပန် နိုင်ငံက ဆန်ကာကူ ကျွန်းဟုခေါ်သော ကျွန်းများ၏ မြောက်ပိုင်း ကီလိုမီတာ ၁၂ဝ အကွာသို့ တရုတ် လေယာဉ်တစ်စင်း ရောက်ရှိ လာခဲ့ပြီးနောက် ဂျပန် တိုက်လေယာဉ် များကို ဖြန့်ချခဲ့ခြင်း ဖြစ်ကြောင်း ပြောရေးဆိုခွင့် ရှိသူ တစ်ဦးက ပြောကြား ခဲ့သည်။

Y-12 အမည်ရှိ တာဘိုပရော့ အင်ဂျင်နှစ်လုံး တပ်ဆင်ထားသော တရုတ် လေယာဉ်သည် ကျွန်းပေါ်ရှိ ဂျပန် လေပိုင်နက် အတွင်းသို့ ဝင်ရောက်ခဲ့ခြင်း မရှိဘဲ အဆိုပါ နယ်မြေ အတွင်းမှ ပြန်လည်ထွက်ခွာ သွားကြောင်း ၎င်းက ထပ်လောင်း ပြောကြားခဲ့သည်။

ထိုကဲ့သို့ ကျွန်းများ အနီးသို့ ခွင့်ပြုချက် မရှိဘဲ ဝင်ရောက်လာသည့် တရုတ် လေယာဉ်ကို မောင်းထုတ်ရန် ဂျပန် တိုက်လေယာဉ်များ စေလွှတ်မှုသည် ယခုနှစ် အတွင်း ပထမဆုံး အကြိမ်ဖြစ်ကြောင်း ပြောရေးဆိုခွင့် ရှိသူ တစ်ဦး က ပြောကြား ခဲ့သည်။ ဂျပန် နိုင်ငံသည် နှစ်ပေါင်း ၁၁ နှစ် အတွင်း ပထမဆုံး အကြိမ်အဖြစ် ကာကွယ်ရေး အသုံးစရိတ် တိုးမြှင့် ခဲ့ပြီးနောက် ယခုကဲ့သို့ တုံ့ပြန်မှု ထွက်ပေါ် လာခဲ့ခြင်း ဖြစ်ကြောင်း ကျိုဒို သတင်း အေဂျင်စီ က  ပြောကြားခဲ့သည်။

ဂျပန် လစ်ဘရယ် ဒီမို ကရက်တစ် ပါတီသည် ၂ဝ၁၃ ဘဏ္ဍာရေး နှစ်တွင် ကာကွယ်ရေး အင်အားများ တိုးမြှင့်ရန် အတွက် အမေရိကန် ဒေါ်လာ ၅၃ ဒသမ ၄၃ ဘီလီယံခန့် သုံးစွဲရန် ကြိုးပမ်း လုပ်ဆောင်လျက် ရှိကြောင်း သိရသည်။

http://www.myawady.net.mm/allnews/global/item/3804-2013-01-08-09-17-10 ဂျပန်နှင့်တရုတ် နိုင်ငံများကြား အငြင်းပွားလျက်ရှိသော ကျွန်းများ အနီး သို့ တရုတ် လေယာဉ်တစ်စင်း ဝင်ရောက်လာမှုကို မောင်းထုတ်ရန် အတွက် ဂျပန် တိုက်လေယာဉ်များအား ဇန်နဝါရီ ၅ ရက်က စေလွှတ် ခဲ့ ကြောင်း ဂျပန်ကာကွယ်ရေး ဝန်ကြီး ဌာနမှ ပြောရေးဆိုခွင့် ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

တာချီလိတ်မြို့အနီး ယာဘအလုံးရေ သုံးသိန်းဝန်းကျင် ဖမ်းဆီးမိ


ရှမ်းပြည်အရှေ့ပိုင်းတာချီလိတ်မြို့အနီးထိုင်းမြန်မာနယ်စပ်၌ မူးယစ် သယ်ဆောင် လာသူများနှင့်ထိုင်းနယ်ခြားစောင့်တပ် တိုက်ပွဲငယ်ဖြစ် ပွားခဲ့ကြောင်း သိရသည်။

အကြမ်းဖက်မှုကို ဂီတနဲ့ တုန့်ပြန်လိုက်ပုံက ...

အကြမ်းဖက်မှုကို ဂီတနဲ့ တုန့်ပြန်လိုက်ပုံက ...
Tuesday, January 08, 2013

အိန္ဒိယနိုင်ငံမှာ အမျိုးသမီးတဦးကို အုပ်စုဖွဲ့ အဓမ္မကျင့်တဲ့အမှု ပြီးခဲ့တဲ့
အပတ် တုန်းက ဖြစ်ခဲ့လို့ အုတ်အော်သောင်းနင်းဖြစ်သွားတာ ကြားမိမှာပါ။ သားကောင်ဖြစ်ခဲ့ရတဲ့ ဒေလီမြို့က အမျိုးသမီးကို ဂုဏ်ပြုတဲ့အနေနဲ့ အိန္ဒိယ ဒါဂျီလင်မြို့မှာ ဂစ်တာဝါသနာရှင် ၆၀၀ က ဂျွန်လင်နွန်ရဲ့ IMAGINE သီချင်း ကို ပြိုင်တူ တီးခတ်သီဆိုနေကြပုံ ဖြစ်ပါတယ်။

“Imagine” ဆိုတဲ့သီချင်းဟာ အင်္ဂလန်တီးဝိုင်းဖြစ်တဲ့ The Beatles အဖွဲ့က ဂျွန်လင်နွန် သီဆိုခဲ့တဲ့ ကမ္ဘာကျော်သီချင်းဖြစ်ပါတယ်။ ဂျွန်လင်နွန်ကတော့ ကွယ်လွန်ခဲ့ပါပြီ။ ဇနီးဖြစ်သူ ဂျပန်အမျိုးသမီး ယိုကိုးအို့နိုက စစ်ပွဲနဲ့ အကြမ်း ဖက်မှုတွေကို တားမြစ်ပြီး ငြိမ်းချမ်းရေးကို ထိမ်းသိန်းနိုင်ဖို့ ဖန်တီးမှုတွေနဲ့ ပြသရမယ့် အချိန်ပါပဲလို့ ဂစ်တာသမား ၆၀၀ကို ထောက်ခံ ပြောဆို လိုက်ပါတယ်။ 

A
Burma-Newselite အိန္ဒိယနိုင်ငံမှာ အမျိုးသမီးတဦးကို အုပ်စုဖွဲ့ အဓမ္မကျင့်တဲ့အမှု ပြီးခဲ့တဲ့
အပတ် တုန်းက ဖြစ်ခဲ့လို့ အုတ်အော်သောင်းနင်းဖြစ်သွားတာ ကြားမိမှာ ပါ။ သားကောင်ဖြစ်ခဲ့ရတဲ့ ဒေလီမြို့က အမျိုးသမီးကို ဂုဏ်ပြုတဲ့အနေနဲ့ အိန္ဒိယ ဒါဂျီလင်မြို့မှာ ဂစ်တာဝါသနာရှင် ၆၀၀ က ဂျွန်လင်နွန်ရဲ့ IMAGINE သီချင်း ကို ပြိုင်တူ တီးခတ်သီဆိုနေကြပုံ ဖြစ်ပါတယ်။

ABSDF မြောက်ပိုင်းမှ ဗိုလ်မှူးမင်းဌေးဆိုသူရဲ့ No-Fly Zone အိမ်မက်


ဗိုလ်မှူးမင်းဌေးဆိုသူမှာ  ABSD မြောက်ပိုင်းအဖွဲ့မှာပြန်ကြားရေး တာဝန် ခံအဖြစ်  နေရာယူထားသူ ဖြစ်သည်။  KIA ၏   ခိုင်းစေချက်ကြောင့် ကင်မရာ တစ်လုံးဖြင့် ကချင်ပြည်နယ်အတွင်းရှိ တိုက်ပွဲများအားရိုက်ယူပြီး တရုတ်အင်တာနက်လိုင်း အသုံးပြုကာ သတင်း တင်ပြ နေရသူလည်း  ဖြစ်သည်။

ရုံးပြန်တက်နိုင်ပြီဖြစ်သည့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး

ရုံးပြန်တက်နိုင်ပြီဖြစ်သည့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး
Tuesday, January 08, 2013

ဦးနှောက်အနီး သွေးခဲမှုတွေ့ရှိရသဖြင့် ဆေးရုံတက်ရောက် ကုသမှု
ခံယူခဲ့ရသော အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်သည် တနင်္လာနေ့တွင် ရုံးပြန်တက်နိုင်ပြီဖြစ်သည်။ ဟီလာရီသည် ဆေးရုံတွင် 
၃ ရက်ကြာ တက်ရောက်ကုသခဲ့ရခြင်း ဖြစ်သည်။

ဟီလာရီ ပထမဆုံး ရုံးပြန်တက်သည့်နေ့တွင် သူမ၏ ရုံးဝန်ထမ်းများက တစ်ခဲနက်ကြိုဆိုခဲ့ကြပြီး အမေရိကန်ဘောလုံး ကစားသမားများ
ဆောင်းသည့် ဦးထုပ်နှင့် ကစားသမားအင်္ကျီတို့ကို လက်ဆောင်
အဖြစ် ပေးအပ်ခဲ့ကြသည်။ 

Planet Myanmar Network ဦးနှောက်အနီး သွေးခဲမှုတွေ့ရှိရသဖြင့် ဆေးရုံတက်ရောက် ကုသမှု ခံယူခဲ့ရသော အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် သည် တနင်္လာနေ့တွင် ရုံးပြန်တက်နိုင်ပြီဖြစ်သည်။ ဟီလာရီ သည် ဆေးရုံတွင် ၃ ရက်ကြာ တက်ရောက်ကုသခဲ့ရခြင်း ဖြစ်သည်။

ရောင်းစားခံထားရတဲ့ မြန်မာ မိန်းကလေးတချို့ ထိုင်း က ကယ်တင်

ရောင်းစားခံထားရတဲ့ မြန်မာ မိန်းကလေးတချို့ ထိုင်း က ကယ်တင်
Tuesday, January 08, 2013

ထိုင်း-မြန်မာ နယ်စပ် မဲဆောက်မြို့ထဲမှာရှိတဲ့ ကာလာအိုကေဆိုင်တခုမှာ
ရောင်းစားခံထားရတဲ့ မြန်မာ မိန်းကလေးတွေကို ထိုင်းအာဏာပိုင်တွေနဲ့ လူကုန်ကူးမှု တိုက်ဖျက်ရေး ပူးပေါင်း အဖွဲ့တို့က ယမန်နေ့ ဇန်န၀ါရီလ ၇ ရက်နေ့က ကယ်တင်လိုက်တယ်လို့ ထိုင်း ရုပ်သံက ကြေငြာပါတယ်။ 

လတ်တလောမှာတော့ ကယ်တင်ထားတဲ့ မိန်းကလေးတွေကို ထိန်းသိမ်းထားပြီး ဆိုင်ပိုင်ရှင်ကို အရေးယူဖို့ ထိုင်း အာဏာပိုင်တွေက
ဆောင်ရွက်နေပါတယ်။ 

ထိုင်းအာဏာပိုင်တွေ ကယ်တင်လိုက်တဲ့ မိန်းကလေးတွေ ထဲမှာ
အသက် ၁၈ နှစ် မပြည့်တဲ့ သူတွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။


အိမ့်သံစဉ်
ဧရာဝတီ ထိုင်း-မြန်မာ နယ်စပ် မဲဆောက်မြို့ထဲမှာရှိတဲ့ ကာလာအိုကေ ဆိုင် တခုမှာရောင်းစားခံထားရတဲ့ မြန်မာ မိန်းကလေးတွေကို ထိုင်း အာဏာ ပိုင်တွေနဲ့ လူကုန်ကူးမှု တိုက်ဖျက်ရေး ပူးပေါင်း အဖွဲ့တို့က ယမန်နေ့ ဇန်န၀ါရီလ ၇ ရက်နေ့က ကယ်တင်လိုက်တယ်လို့ ထိုင်း ရုပ်သံ က ကြေငြာပါတယ်။ လတ်တလောမှာတော့ ကယ်တင်ထားတဲ့ မိန်းကလေးတွေကို ထိန်းသိမ်းထားပြီး ဆိုင်ပိုင်ရှင်ကို အရေးယူဖို့ ထိုင်း

လေးကြိမ်မြောက် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုကို ဘာစီလိုနာ တိုက်စစ်မှုး ရရှိ

Photo

လေးကြိမ်မြောက် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု Lionel Messi (လိုင်ယွန်နယ် မက်ဆီ) ရရှိ ဇန်န၀ါရီလ ၇ ရက်နေ့မှာ ဘာစီလိုနာ တိုက်စစ်မှုး အာဂျင်တီးနားသား လိုင်ယွန်နယ် မက်ဆီ ( Lionel Messi ) က ၂၀၁၂ နှစ် ဖီဖာဘောလုံးအဖွဲ့ချုပ်ရဲ့ စတုတ္ထအကြိမ်မြောက် အကောင်းဆုံး ဘောလုံးသမားဆု (FIFA Ballon d’Or) ကို ရရှိသွားပြီး ဆွီဇာလန်မှာ ဆုကို လက်ခံရယူခဲ့ပါ

မဟာသတင်းအမှားပေါင်းများစွာကို သန်း ၆၀ ကျော် ပြည်သူတွေကြားကို ဖြန့်ခဲ့တဲ့ The Voice ကို ကျွန်တော်တို့ပြတ်ပြတ်သားသား ရှုံ့ချကြပါစို


From : JingHpawLand
KIA သောင်းကျန်သူ အဖွဲ့ အားပေးThe Voice Facebook Page ကို ဒီလိုတိုက်လို့ လွယ်လွယ်လေး ဆန်ု့ကျင်ကြပါစို့... =======================================================
၁။The Voice Like Page ကိုသွားပါ

ပြည်သူ့စစ်စခန်း ကေအိုင်အေတပ်တွေ ဝင်ရောက်တိုက်ခိုက်

ပြည်သူ့စစ်စခန်း ကေအိုင်အေတပ်တွေ ဝင်ရောက်တိုက်ခိုက်
Monday, 07 January 2013

ကချင်ပြည်နယ် မိုးညှင်းခရိုင် အင်းတော်ကြီးဒေသ နန့်မွန်းကျေးရွာ ရွာမအနောက်ပိုင်းမှာရှိတဲ့ နန့်မွန်းဌာနေ ပြည်သူ့စစ်စခန်းကို ဇန်နဝါရီလ ၇ရက် ဒီကနေ့ မနက်အစောပိုင်း ၄ နာရီနဲ့ ၅နာရီကြားလောက်က
ကေအိုင်အေတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့စစ်
တစ်ဦးက RFA ကို ပြောပါတယ်။

ကေအိုင်အေတပ်တွေ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်မှုကြောင့် ပြည်သူ့စစ်
တစ်ဦးရဲ့ ခြေထောက်နှစ်ဖက်မှာ ဒါဏ်ရာရရှိခဲ့ပြီး အဲဒီ့စခန်းမှာရှိတဲ့ လက်နက် ၃လက်နဲ့ ကျည်ဆံတစ်ထောင်ကျော်ကိုလည်း
ကေအိုင်အေဖက်က ယူဆောင်သွားတယ်လို့ ဆိုပါတယ်။

နန့်မွန်းကျေးရွာအုပ်ချုပ်ရေးမှူးကလည်း ဒီမနက်အစောပိုင်းမှာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ အတည်ပြုပြောဆိုပါတယ်။

RFA Burmese ကချင်ပြည်နယ် မိုးညှင်းခရိုင် အင်းတော်ကြီးဒေသ နန့်မွန်းကျေးရွာ ရွာမအနောက်ပိုင်းမှာရှိတဲ့ နန့်မွန်းဌာနေ ပြည်သူ့စစ်စခန်းကို ဇန်နဝါရီလ ၇ရက် ဒီကနေ့ မနက်အစောပိုင်း ၄ နာရီနဲ့ ၅နာရီကြားလောက် က ကေအိုင်အေတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့စစ်
တစ်ဦးက RFA ကို ပြောပါတယ်။

မအောင်မြင်သေးတဲ့ ကွမ်းယာ တိုက်ဖျက်ရေး လှုံ့ဆော်ချက်များ

မအောင်မြင်သေးတဲ့ ကွမ်းယာ တိုက်ဖျက်ရေး လှုံ့ဆော်ချက်များ
Tuesday, January 08, 2013 

ကွမ်းယာ ယူမလာပါနဲ့ လို့  ဂိတ်တံခါးမှာ သတိပေးစာ ကပ်ထားတာကို ရန်ကုန်မြို့တော်ခန်းမရှေ့ ဖြတ်သွားရင် တွေ့ရမှာပါ။

ကွမ်းတံတွေး နေရာတကာ ထွေးထုတ်ကြလို့ ဒီလို တားမြစ်ထားဟန်
တူပါတယ်။ ကွမ်းယာ ယူမလာရင် ကွမ်းမစားတော့ဘူး၊ မစားရင် မထွေးတော့ဘူး မညစ်ပတ်တော့ဘူးပေါ့လေ။

သတိပေးချက် လိုက်နာရင်တော့ ကွမ်းတံတွေးကင်းစင်တဲ့ မြို့တော်ခန်းမ
ဖြစ်မှာပါ။ သို့သော်လည်း ရန်ကုန်မြို့တော်ခန်းမထဲ တာဝန်ကျ
ဝန်ထမ်းတွေက ကွမ်းကို မဖြတ်နိုင်တော့ ဒီစာရွက်က လူမြင်ကောင်းအောင် ကပ်ထားတဲ့ သတိပေးချက် ဖြစ်နေပါတော့တယ်။ တားမြစ်သတိပေးချက်
ဆိုတာ မရှိတာထက် စာရင် ရှိတာက ပိုကောင်း၊ ပိုထိရောက် သင့်တော်
မယ်လို့ ယူဆကြမယ် ထင်ပါတယ်။

အပျင်းပြေဖို့၊ ခံတွင်းချဉ်နေလို့၊ စွဲနေလို့၊ ပါးစပ် မနံအောင်လို့၊ အိပ်မငိုက်အောင် ....  စသဖြင့် စသဖြင့် အကြောင်းပြချက်တခုခုနဲ့ ကွမ်းစားနေ ၀ါးနေသူတွေကို မြို့တော်ခန်းမမှာသာမက နေရာတကာမှာ
တွေ့ရမှာပါ။

ကွမ်းယာသုံးဆောင်သူတွေ အင်အားဘယ်လောက်ကောင်းတယ်၊ အရေအတွက် ဘယ်လောက်များတယ် ဆိုတာ နေရာတကာမှာ တွေ့ရတဲ့ ကွမ်းယာဆိုင်တွေကိုကြည့်ရင် ခန့်မှန်းနိုင်ပါတယ်။

မြန်မာပြည်အနှံ့ လူကြီးလူငယ် ကျားမ မရွေး နှစ်သက်တတ်ကြတဲ့ ဒီကွမ်းယာနဲ့ ပတ်သက်ပြီး စည်ပင်သာယာဌာနကလည်း တခါတရံ တားမြစ်ပိတ်ပင်တာတွေ ကန့်သတ်တာတွေ လုပ်ပါတယ်။
ဥပမာ - ရန်ကုန်မြို့တွင်း မြို့နယ်အများအပြားမှာ ကွမ်းယာရောင်းခွင့် ပိတ်လိုက်တာမျိုး။

ဆေးပညာရှင်တွေကလည်း ကွမ်းယာစားခြင်းရဲ့ ဆိုးကျိုးတွေကို
ထောက်ပြပြီး မစားသင့်တဲ့အရာအဖြစ် ရေးသား ပြောဆို ပညာပေးတာမျိုး စာစောင်တချို့မှာ ဖတ်ကြရမှာပါ။ ကင်ဆာ ဖြစ်တတ်တယ် ဆိုတာမျိုးနဲ့ သတိပေးထားတာကို ဖတ်မိလို့  ကွမ်းပြတ်သွားသူ ဆိုတာကိုမတွေ့ဖူး
သလောက်ပါပဲ။

ဒီလို ကန့်သတ်၊ ကန့်ကွက်မှုတွေ ရှိနေသော်လည်း ကွမ်းယာယဉ်ကျေးမှုက ပို၍ပို၍သာ ထွန်းကားလာ၊ ကွမ်းယာဆိုင်အရေအတွက် တနေ့တခြား ပိုမို တိုးပွားလာနေပါတယ်။ စားသုံးသူအရေအတွက်လည်း ထိုနည်း
လည်းကောင်းပါပဲ၊ လျော့ကျသွားဟန် မတူပါဘူး။

အထင်ကရပုဂ္ဂိုလ်တွေ၊ အများလေးစားသူတွေဆီက ကွမ်းယာဆန့်ကျင်ရေး လှုံ့ဆော်ချက် တခါတရံ ထွက်ပေါ်လာတတ်ပါတယ်။ ဒါပေမယ့် ကွမ်းစားခြင်း
ဓလေ့က ပန်းပန်လျက်ပါပဲ။

ရန်ကုန်မြို့တော်ခန်းမ အရာရှိများ ဒီတားမြစ်စာ ချိတ်ဆွဲခြင်းရဲ့ ရည်ရွယ်ချက်ကကွမ်းတံတွေးနီနီတွေ ရုံးတွင်းရုံးပြင် မရှိစေရေး
ဖြစ်ပါလိမ့်မယ်။

ဒီစာကို ကွန်ပျူတာစာစီသူက ကွမ်းတ၀ါးဝါးနဲ့ ပရင့်အောက်လိုက်တာ
မျိုးတောင် ဖြစ်နိုင်ပါတယ်။ ဒီစာ ကပ်ထားဖို့ စီစဉ်ညွှန်ကြားသူတွေလည်း ကွမ်းကြိုက်သူများ ဖြစ်နိုင်ပါတယ်။

ကွမ်းယာစားခြင်းက အရိုးစွဲနေပါပြီ။မစားဖို့ တိုက်တွန်းလှုံ့ဆော်ချက်
အောင်မြင်ရေး ဆိုတာ အလားအလာ မရှိဘူး လို့ ထင်ပါတယ်။
ဒါပေမယ့် ကွမ်းတံတွေး စနစ်တကျ ထွေးကြဖို့ ဆိုတာကတော့ လှုံ့ဆော်ချက်၊ သတိပေးချက်တွေ ထိထိရောက်ရောက် လုပ်ဆောင်ကြ၊ စည်းကမ်းချက်တွေ သတ်မှတ်ကြမယ် ဆိုရင် လာမယ့်နှစ်တွေအတွင်း အတန်အသင့်
အောင်မြင်လာဖွယ် ရှိတယ်လို့ ယူဆပါတယ်။

ဗညားမန်း 
ဧရာဝတီ ကွမ်းယာ ယူမလာပါနဲ့ လို့ ဂိတ်တံခါးမှာ သတိပေးစာ ကပ်ထားတာကို ရန်ကုန်မြို့တော်ခန်းမရှေ့ ဖြတ်သွားရင် တွေ့ရမှာပါ။  ကွမ်းတံတွေး နေ ရာတကာ ထွေးထုတ်ကြလို့ ဒီလို တားမြစ်ထားဟန်တူပါတယ်။ ကွမ်းယာ ယူမလာရင် ကွမ်းမစားတော့ဘူး၊ မစားရင် မထွေးတော့ဘူး မညစ်ပတ်တော့ဘူးပေါ့လေ။