ရန်ကုန်မြို့ ဆူးလေလမ်းမပေါ်တွင် ရောင်းချနေသည့် ၉၆၉ တရားခွေနှင့် အမှတ်တံဆိပ်များ (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)
သံဃာ အချို့က ဗုဒ္ဓဘာသာ၏ သင်္ကေတတံဆိပ် အဖြစ် သတ်မှတ်ရေး
ကြိုးပမ်းဆောင်ရွက်လျက်ရှိသော ၉၆၉ အမှတ် တံဆိပ်ပါ တရားခွေ များကို
သက်ဆိုင်ရာက ဖမ်းဆီးသိမ်းဆည်း အရေးယူနေသည်ဆိုသော သတင်းများ ထွက်ပေါ်နေခြင်း
ကြောင့် ရောင်းအားနှင့် ၀ယ်အား သိသိသာသာ ကျဆင်းလျက်ရှိကြောင်း
ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။


















