ရန်ကုန်တိုင်း ဒေသကြီး၊ မှော်ဘီ မြို့နယ်
ဗဟို ဆေးတပ်ရှိ ပြည်ထောင်စု ခန်းမ၌ ယနေ့နံနက် ၉ နာရီတွင် သူနာပြု
သိပ္ပံဘွဲ့ရ (အမျိုးသမီး) အုပ်ချုပ်မှု သင်တန်း အမှတ်စဉ်(၂) ဆင်းပွဲနှင့်
ဆေးဝန်ထမ်း ခန့်အပ်လွှာ ပေးအပ်ခြင်း အခမ်းအနားကို ကျင်းပပြုလုပ်ရာ
စစ်ရေးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ဇော်ဦး၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်
တိုင်းမှူး ဗိုလ်ချုပ် ဆန်းဦး၊ ဒုတိယ တပ်မတော် လေ့ကျင့်ရေး အရာရှိချုပ်
ဗိုလ်ချုပ် တင်မောင်ဝင်းနှင့် တပ်မတော် အရာ ရှိကြီးများ၊ တာဝန် ရှိသူများ၊
ကျောင်းဆင်း သင်တန်းသူ များနှင့် မိဘ ဆွေမျိုးများ တက်ရောက် ကြသည်။
လွိုင်လင် လေးကျေးရွာမှ ကျေးရွာ
အုပ်ချုပ်ရေးမှူး ဦးထွန်းနိုင်၊ ရပ်ကွက်(၄) အုပ်ချုပ် ရေးမှူး
ဦးကိုကိုနှင့် ရပ်ကွက်(၆) အုပ်ချုပ် ရေးမှူး ဦးစိုးနိုင်တို့မှ ၂၀၁၃
ခုနှစ်၊ မေလ ၂၇ ရက်နေ့ နံနက် ၁၁ နာရီအချိန်ခန့်တွင် လွိုင်လင်လေး
ကျေးရွာရှိ နယ်မြေခံ တပ်ရင်းသို့ လာရောက်သတင်းပို့ ခဲ့သည်။
















