ကချင်လူမှုရေး အဖွဲ့အစည်းများနှင့် ဘာသာရေး အဖွဲ့အစည်းများသည် ဇူလိုင် ၉
ရက်နှင့် ၁၀ ရက် များက မြစ်ကြီးနားမြို့တွင် တွေ့ဆုံဆွေးနွေးမှုများ
ပြုလုပ်ခဲ့ပြီး အဆိုပါ ဆွေးနွေးပွဲမှ ကချင်ပြည် သူ လူထုများ
ဝိုင်းဝန်းအကြံပြု ဆွေးနွေးချက်များကို KIO ကိုယ်စားပြုTechnical Advisory
Team အလုပ် အဖွဲ့ထံ တင်ပြသွားမည်ဟု သိရသည်။
Monday, July 15, 2013
လက်ပံတောင်းတောင် စာချုပ်ဟောင်းအရ ဦးပိုင်နှင့် ၀မ်ပေါင်ကုမ္ပဏီမှ ထုတ်လုပ်မှုအပေါ် ၉၆ ရာခိုင်နှုန်းအထိ ရရှိပြီး အစိုးရမှ လေးရာခိုင်နှုန်းသာ ရရှိ၊ ပြန်ပြင်သည့် စာချုပ်အရ အစိုးရမှ ၅၁ ရာခိုင်နှုန်းအထိ ပြန်ရမည်
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အတွက် မြန်မာဝမ်ပေါင်မှ
ယခင်ချုပ်ဆိုထားသည့် ထုတ်လုပ်မှု အပေါ် ခွဲဝေခံစားသည့် စာချုပ်အရ ဆိုပါက
အစိုးရအနေဖြင့် လေးရာခိုင်နှုန်းသာ ရရှိပြီး ဦးပိုင်နှင့် ၀မ်ပေါင်ကုမ္ပဏီက
၉၆ ရာခိုင်နှုန်းအထိ ရရှိကြောင်း စုံစမ်းသိရှိရသည်။
မေလ ၂၅ မှ ဇူလိုင် ၉ ရက်အထိ မလေးရှားနိုင်ငံမှ ပြန်လည် ရောက်ရှိလာသူ ၇၃၄၂ ဦးရှိလာ
၂၀၁၃ ခုနှစ် မေ ၂၅ ရက်မှ ဇူလိုင် ၉ ရက်အထိ တစ်လကျော် ကာလအတွင်း
မလေးရှားနိုင်ငံ မှ မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိလာသူ စုစုပေါင်း ၇၃၄၂
ဦးရှိပြီး ထိုသူများထဲတွင် CI မြန်မာနိုင်ငံ သား ဖြစ်ကြောင်း
အထောက်အထားဖြင့် ရောက်ရှိလာသူ ၈၄၈ ဦး ပါဝင်ကြောင်း ရန်ကုန်
အပြည်ပြည် ဆိုင်ရာ လေဆိပ် လူဝင်မှု ကြီးကြပ်ရေး ဌာနမှ လက်ထောက်
ညွှန်ကြားရေးမှူး ဦးအောင်သီဟ ၏ ပြောကြားချက်အရ သိရသည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဗြိတိန်နှင့် ပြင်သစ်နိုင်ငံများသို့ ဇူလိုင် ၁၄ ရက်တွင် စတင်ထွက်ခွာ

ဗြိတိန်နှင့်
ပြင်သစ်နိုင်ငံများသို့ သွားရောက်မည့် သမ္မတဦးသိန်းစိန်အား ဇူလိုင် ၁၄
ရက်နံနက်က ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် တွေ့ရစဉ် (Photo : AFP)
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ဗြိတိန်ဝန်ကြီးချုပ်
ဒေးဗစ်ကင်မရွန်းနှင့် ပြင်သစ်သမ္မတ ဖရန်ဆွာအိုလောန်ဒ် တို့၏ ဖိတ်ကြားချက်အရ
ဇူလိုင် ၁၄ ရက် နံနက်တွင် ဗြိတိန်နှင့် ပြင်သစ်နိုင်ငံများသို့ စတင်ထွက်ခွာ
သွားခဲ့သည်။
ကရင်ပြည်နယ် အတွင်းရှိ မြေမြှုပ်မိုင်းများအား ကိုယ်တိုင်ပြန်လည် ရှင်းလင်းရန် ပထမဆုံး အကြိမ်အဖြစ် ကရင်လက်နက်ကိုင် အဖွဲ့ငါးဖွဲ့ သဘောတူညီချက်ရရှိ

ဇူလိုင် ၁၃ ရက်က ကရင်တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ငါးဖွဲ့ ဆွေးနွေးမှု ပြုလုပ်နေစဉ်
ကရင်ပြည်နယ်အတွင်း ယခင် ထောင်ထားခဲ့သည့် မြေမြှုပ်မိုင်းများကို
ကိုယ်တိုင်ပြန်လည် ရှင်းလင်း ပေး သွားရန်အတွက် ကရင်တိုင်းရင်းသား
လက်နက်ကိုင်အဖွဲ့ ငါးဖွဲ့ တွေ့ဆုံ ဆွေးနွေးကာ
မိုင်းများပြန် ရှင်းလင်းသွားမည့် သဘောတူညီချက် တစ်ရပ်ကို ရရှိခဲ့ကြောင်း
သတင်းရရှိသည်။
ပွင့်လင်းရာသီကာလမှ စတင်ကာ နိုင်ငံတကာ လေကြောင်းလိုင်းသစ် သုံးခု မြန်မာနိုင်ငံနှင့် တိုက်ရိုက်ခရီးစဉ် ပျံသန်းရန် စီစဉ်
ရန်ကုန်လေဆိပ်သို့ ဆိုက်ရောက်သူများအား လူဝင်မှုကြီးကြပ်ရေး ကောင်တာရှေ့တွင် တွေ့ရစဉ်
၂၀၁၃ ခုနှစ် ပွင့်လင်းရာသီ ကာလမှ စတင်ကာ နိုင်ငံတကာလေ
ကြောင်းလိုင်းသစ်သုံးခု မြန်မာနိုင်ငံနှင့် တိုက်ရိုက်ခရီးစဉ် ပျံသန်းရန်
စီစဉ်လျက် ရှိကြောင်း ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ တာဝန်ရှိသူ
တစ်ဦး၏ ပြောကြားချက်အရ သိရသည်။
Sunday, July 14, 2013
ရိုဟင်ဂျာသတင်း ဂျကာတာပို့စ်ဖော်ပြချက် ရခိုင်ဒေသခံစိုးရိမ်

ဝ အထူးဒေသနှင့် တပ်ပိုင်းဆိုင်ရာ ဆွေးနွေးမှု အဆင်ပြေဟုဆို

ဇွန်လအတွင်း တစ်နိုင်ငံလုံး၌ ယာဉ်တိုက်မှုကြောင့် သေဆုံးသူ ၈၀ ကျော်ရှိခဲ့ပြီး ဆိုင်ကယ်တိုက်မှုကြောင့် သေဆုံးသူ ၉၀ ကျော်ရှိ

တောင်ဥက္ကလာပ မြို့နယ်တွင် မော်တော်ယာဉ် မတော်တဆမှု တစ်ခုအား မေလအတွင်း က မြင်တွေ့ ရစဉ် (ဓာတ်ပုံ-ဥာဏ်ဝင်းရှိန်)
၂၀၁၃ ခုနှစ် ဇွန်လအတွင်း တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့်
မော်တော်ယာဉ် မတော်တဆ မှုကြောင့် သေဆုံးသူဦးရေ ၈၀ ကျော်ရှိခဲ့ပြီး
ဆိုင်ကယ်မတော်တဆမှုကြောင့် သေဆုံးသူဦးရေမှာ ၉၀ ကျော်ထိ ရှိခဲ့ကြောင်း
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်၊ ယာဉ်ထိန်းရဲ တပ်ဖွဲ့မှူးရုံးမှ
ထုတ်ပြန်ချက်အရ သိရသည်။
Saturday, July 13, 2013
သမ္မတအိမ်တော်၌ ပြုလုပ်မည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဗဟိုကော်မတီ အစည်းအဝေးကြောင့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေး အစီအစဉ် တစ်ဝက်တွင် ရပ်နား
၂၀၁၃ ခုနှစ် ဇူလိုင် ၁၂ ရက်က ပြုလုပ်သော ပြည်ထောင်စု လွှတ်တော်
အစည်းအဝေးအား လျာထား အစီအစဉ်များ မပြီးဆုံးမီ နေ့တစ်ဝက်ဖြင့် ရပ်နားခဲ့သည်။
မြန်မာနိုင်ငံသို့ တရားမ၀င် ၀င်ရောက်လာသဖြင့် ထောင်ဒဏ်ပေးခဲ့ပြီး ပြန်လည် လွတ်မြောက်လာသည့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၇၅ ဦးအား ဘင်္ဂလားဒေ့ရှ်သို့ တရားဝင် လွှဲပြောင်းပေး
မြန်မာနိုင်ငံသို့
တရားမ၀င် ၀င်ရောက် လာသဖြင့် ထောင်ဒဏ်ပေးခဲ့ပြီး အကျဉ်းထောင် အသီးသီး မှ
ပြစ်ဒဏ် လွတ် ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၇၅ ဦးကို ဇူလိုင် ၁၁ ရက်က
မောင်တောနယ်စပ်မှ တစ်ဆင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တရားဝင်
လွှဲပြောင်းပေးလိုက်ကြောင်း သတင်းရရှိသည်။
ကွန်ဒုံးအတွင်း မူးယစ်ဆေးပြားထောင်ချီ မန္တလေးဘူတာကြီး၌ ဖမ်းမိ
မန္တလေးမြို့တော်
ဘူတာကြီး အမှတ် (၂) စင်္ကြံတွင် ဇူလိုင်လ ၁၀ ရက်နေ့ ညနေ ၆ နာရီ ၅၅ မိနစ်ခန့်က
တွဲ ထိုးထားသော မန္တလေး-မြစ်ကြီးနား အမှတ်(၅၅)အဆန် ရထား ရိုးရိုးတန်းတွဲ(၄)၊
ခုံအမှတ်(၃၈) တွင် စီးနင်း လိုက်ပါသည့် ခရီးသည်တစ်ဦးထံမှ ကွန်ဒုံးအတွင်းထည့်သယ်ဆောင်လာသော မူးယစ်ဆေးပြား ၂၂၈၀ ပြား ဖမ်းဆီးရမိခဲ့ကြောင်း
မန္တလေးမြို့ အမှတ်(၄)တပ်ခွဲ ရထားရဲစခန်းတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦး က
ပြောကြား သည်။
မြောက်ကိုရီးယား ဒုက္ခသည်များကို မြန်မာသူပုန်များ ဖမ်းဆီးထားဟု တောင်ကိုရီးယား ပြောကြား
မြောက်ကိုရီးယား ဒုက္ခသည်များကို မြန်မာနိုင်ငံ အတွင်းရှိသူပုန်များက
ဖမ်းဆီးထိန်းသိမ်းထားပြီး ဘိန်း စိုက်ခင်း တစ်ခုတွင် အတင်းအကျပ်
စေခိုင်းခဲ့ကြောင်း စွပ်စွဲမှုများကို တောင်ကိုရီးယားက စုံစမ်းစစ်ဆေးသွား မည်ဖြစ်ကြောင်း တက်ကြွလှုပ်ရှားသူများက ဇူလိုင် ၁၂ ရက်တွင်
ပြောကြားခဲ့သည်။
Subscribe to:
Posts (Atom)
















