အိနိ္ဒယဆပ်ကပ်များတွင် တိရစ္ဆာန်များအသုံးပြုနေခြင်းအား ပိတ်ပင်ရေးအတွက် တောင်းဆိုသွားမည် ဖြစ်ကြောင်း တိရစ္ဆာန်အခွင့်အရေး တက်ကြွလှုပ်ရှားသူများက ပြောကြားလိုက်သည်ဟု စက်တင်ဘာ ၅ ရက်က ဘီဘီစီသတင်းဌာနမှ ဖော်ပြထားခဲ့သည်။
Friday, September 6, 2013
Thursday, September 5, 2013
တနင်္သာရီတိုင်း အတွင်းရှိ ထိုင်း-မြန်မာ နယ်စပ်ဂိတ်သုံးခုမှ နေ့စဉ်ဝင်ထွက်သူ ဦးရေ ၆၀၀ ကျော်မှ ၈၀၀ ကျော်အထိရှိ

မြန်မာ-ထိုင်း ထီးခီးနယ်စပ်မှ ထိုင်းနှင့် မြန်မာနိုင်ငံသားများ ၀င်ထွက်သွားလာ နေသည်ကို တွေ့ရစဉ်
တနင်္သာရီတိုင်းဒေသကြီး အတွင်းရှိ ထိုင်း-မြန်မာ နယ်စပ်ဂိတ်သုံးခုမှ
နေ့စဉ်ဝင်ထွက် သွားလာသူဦးရေ ၆၀၀ ကျော်မှ ၈၀၀ ကျော်အထိ ရှိနေကြောင်း
တိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနမှ သိရသည်။
ရန်ကုန်တိုင်းဒေသကြီးရှိ ဆင်ခြေဖုံး မြို့နယ်များတွင် မုဒိမ်းမှုနှင့် သက်ငယ်မုဒိမ်းမှုကို ရှုတ်ချဆန္ဒပြခြင်းများ ဆက်တိုက်ပြုလုပ်

ခရမ်းမြို့နယ်၊ သက္ကယ်ကုန်း ကျေးရွာတွင် မုဒိမ်းမှုနှင့် သက်ငယ်မုဒိမ်းမှု ပပျောက်ရေးအတွက် ရှုတ်ချ ဆန္ဒပြ မှုများ ပြုလုပ်နေကြစဉ်
ယခုရက်ပိုင်းအတွင်း ရန်ကုန်တိုင်းဒေသကြီးရှိ ဆင်ခြေဖုံးမြို့နယ်များတွင်
မုဒိမ်းမှုနှင့် သက်ငယ်မုဒိမ်းမှု ရှုတ်ချ ဆန္ဒပြခြင်းများ
ဆက်တိုက်ပြုလုပ်လာကြောင်း သိရသည်။
ကချင်ပြည်နယ်အတွင်း မူးယစ်ဆေးဝါးကြောင့် တစ်ရက်လျှင် လူနှစ်ဦးနှုန်း အဖမ်းခံနေရ

ကချင်ပြည်နယ် ဖားကန့်မြို့နယ် တစ်နေရာတွင် မူးယစ်ဆေးဝါး သုံးစွဲနေသူ တစ်ဦးကို သြဂုတ်လဆန်းက တွေ့ရစဉ်
ကချင်ပြည်နယ်တွင် မူးယစ်ဆေးဝါး သုံးစွဲမှု မြင့်တက်လာပြီး မူးယစ်ဆေးနှင့်
ဆက်စပ်၍ တစ်ရက်လျှင် လူနှစ်ဦး အဖမ်းခံနေရကြောင်း အထူးမူးယစ် အဖွဲ့များ၏
မှတ်တမ်းများအရ သိရသည်။
သင်္ဃန်းကျွန်းမြို့နယ်တွင် ရှို့မီးသဖွယ် ဖြစ်ပွားခဲ့သော အစ္စလာမ် စာသင်ကျောင်းမှ တာဝန်ရှိသူများနှင့် ပတ်ဝန်းကျင် နေထိုင်သူများကို ရဲတပ်ဖွဲ့က စစ်ဆေးနေ

ဖြစ်စဉ်ဖြစ်ပွားခဲ့သော ဘာသာရေး စာသင်ကျောင်း (ဓာတ်ပုံ-အောင်ရဲကို)
သင်္ဃန်းကျွန်းမြို့နယ်ရှိ ရှို့မီးသဖွယ် ဖြစ်ပွားခဲ့သော အစ္စလာမ်ဘာသာရေး
စာသင်ကျောင်းမှ တာဝန်ရှိ သူများနှင့် ပတ်ဝန်းကျင် နေထိုင်သူများကို
ရဲတပ်ဖွဲ့က စစ်ဆေးနေကြောင်း သိရသည်။
ဖြစ်စဉ်အနေအထားအရ စက်တင်ဘာ ၄ ရက် နံနက်အစောပိုင်း ၂ နာရီခန့်မှ
စတင်ခဲ့ခြင်းဖြစ်ကာ လူသုံးဦးက ဓနိမိုးထားသော အစ္စလာမ် စာသင်ကျောင်းပေါ်သို့
အင်ဂျင်ဝိုင်များ သုတ်ထားသော တုတ်များဖြင့် မီးရှို့ကာ ပစ်တင်ခဲ့ပြီးနောက်
မီးမှာသုံးမိနစ်ခန့်သာ လောင်ကျွမ်းနိုင်ခဲ့ကြောင်း ရဲတပ်ဖွဲ့၏
ကနဦးစစ်ဆေးချက် အဖြေများအရ သိရသည်။
Wednesday, September 4, 2013
မြန်မာနိုင်ငံ အနေဖြင့် မိမိနိုင်ငံနှင့် သင့်တော်သည့် နည်းလမ်းများ ရွေးချယ်ပြီး အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး လုပ်ဆောင်နေမှုကို ထောက်ခံဟု တရုတ်ဝန်ကြီးချုပ် ပြောကြား
မြန်မာနိုင်ငံ အနေဖြင့် မိမိနိုင်ငံနှင့် သင့်တော်သည့် နည်းလမ်းများ
ရွေးချယ်ပြီး အချုပ်အခြာအာဏာ တည်တံ့ ခိုင်မြဲရေးနှင့် နိုင်ငံတည်ငြိမ်
ဖွံ့ဖြိုးရေး လုပ်ဆောင်နေမှုကို ထောက်ခံဟု တရုတ်ဝန်ကြီးချုပ် မစ္စတာ
လီကာကျန်းက ပြောကြားသည်။
မြန်မာနိုင်ငံတွင် လူကုန်ကူးခံရသူများမှာ အဓမ္မ ထိမ်းမြားခြင်း၊ ပြည့်တန်ဆာပြုခြင်း၊ အဓမ္မ အလုပ်ခိုင်းခြင်းနှင့် သူတောင်းစားအဖြစ် ခိုင်းစေခြင်းတို့ ခံနေရ

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် ထိုင်းအထူးအဖွဲ့ ပူးပေါင်း၍
ထိုင်းနိုင်ငံ ကန်ချပူနာရီခရိုင် ၀ိုင်တဖုစက်ရုံရှိ လူကုန်ကူး ခံရသူများကို
ကယ်တင်နေစဉ်
မြန်မာနိုင်ငံတွင် လူကုန်ကူး ခံရသူများမှာ အဓမ္မ ထိမ်းမြားခြင်း၊
ပြည့်တန်ဆာပြုခြင်း၊ အဓမ္မ အလုပ်ခိုင်းခြင်းနှင့် သူတောင်းစားအဖြစ်
ခိုင်းစေခြင်းတို့ ခံနေရကြောင်း ရဲတပ်ဖွဲ့၏ စစ်ဆေးတွေ့ရှိချက်အား
ထုတ်ပြန်ကြေညာ ချက်အရ သိရသည်။
ကျေးလက်မီးလင်းရေး စီမံကိန်းအတွက် ကျေးလက်အိမ်ခြေ တစ်သောင်းသုံးထောင်ကျော်အား နေရောင်ခြည် စွမ်းအင်သုံး ဆိုလာများ ချထားပေး

ဆိုလာစွမ်းအင် အသုံးပြုသည့် အိမ်တစ်အိမ်ကို တွေ့ရစဉ်။ (ဓာတ်ပုံ-အောင်ဇော်ထွန်း)
နိုင်ငံတော် သမ္မတ၏ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းတွင်
တစ်ခုအပါအ၀င်ဖြစ်သည့် ကျေးလက်မီးလင်းရေး အတွက် ကျေးလက်နေအိမ်ခြေ ၁၃၆၃၁ အား
နေရောင်ခြည်စွမ်းအင်သုံး ဆိုလာများ ချထားပေးကြောင်း မွေးမြူရေး၊
ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ၀န်ကြီးဌာနမှ သိရသည်။
အဆိုပါ ၀န်ကြီးဌာန အနေဖြင့် ပြည်နယ်နှင့် တိုင်း ၁၄ ခုနှင့်
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသခြောက်ခု တို့တွင် ရှိသော မြို့နယ် ၉၉
မြို့နယ်နှင့် ကျေးရွာပေါင်း ၂၃၅ ရွာတို့တွင် နေရောင်ခြည် စွမ်းအင်သုံး
ဆိုလာပြားများ ချထားပေး လျက်ရှိကြောင်း သိရသည်။
အလုပ်သမားများအား တစ်ရက်အလုပ်ချိန် ရှစ်နာရီနှင့် အချိန်ပို သုံးနာရီထက် ကျော်လွန်ခိုင်းစေသည့် စက်ရုံ၊ အလုပ်ရုံများကို ၀န်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် တရားစွဲမည်ဟု အလုပ်သမား ဒုဝန်ကြီးပြောကြား
အလုပ်သမားများအား တစ်ရက်အလုပ်ချိန် ရှစ်နာရီနှင့် အချိန်ပို သုံးနာရီထက်
ကျော်လွန်လုပ်ကိုင်ခိုင်းသည့် စက်ရုံ၊ အလုပ်ရုံများကို ၀န်ကြီးဌာန၏
ခွင့်ပြုချက်ဖြင့် တရားစွဲမည်ဟု အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး
ဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါ်ဝင်းမော်ထွန်းက ပြောကြားသည်။
မြန်မာနိုင်ငံသို့ ပြန်လာလိုသည့် မလေးရှားရှိ မြန်မာအလုပ်သမားများအား သီတဂူ အထောက်အကူပြု အဖွဲ့နှင့် MAI လေကြောင်းလိုင်းတို့ ပူးပေါင်းပြီး ပြန်လည်ပို့ဆောင်ပေးမည်
မြန်မာနိုင်ငံသို့ ပြန်လာလိုသည့် မလေးရှားရှိ မြန်မာအလုပ်သမားများအား
သီတဂူ အထောက်အကူပြုအဖွဲ့ (မလေးရှား)နှင့် MAI လေကြောင်းလိုင်းတို့
ပူးပေါင်းပြီး ပြန်လည်ပို့ဆောင် ပေးသွားမည်ဖြစ်ကြောင်း သီတဂူ
အထောက်အကူပြုအဖွဲ့၏ ဘဏ္ဍာရေးမှူး၊ မြန်မာပြည်တာဝန်ခံ ဒေါက်တာမြတ်သူက The
Daily Eleven သို့ ပြောကြားသည်။
မြောက်ဥက္ကလာပမြို့နယ် ဆေးတက္ကသိုလ် ၂ မှ အတိုင်ပင်ခံ ခွဲစိတ်အထူးကု ဆရာဝန်ကြီးတစ်ဦး နေအိမ်အတွင်း သေဆုံးမှုအား ကိုယ့်ကိုယ်ကိုယ် သတ်သေခြင်း ဟုတ်မဟုတ် စစ်ဆေးလျက်ရှိ
မြောက်ဥက္ကလာပမြို့နယ် ဆေးတက္ကသိုလ် ၂ မှ အတိုင်ပင်ခံ ခွဲစိတ်အထူးကု
ဆရာဝန်ကြီးတစ်ဦး နေအိမ် အတွင်း ဆေးထိုးအပ်နှင့်အတူ စက်တင်ဘာ ၃ ရက်၊
နံနက်ပိုင်းက သေဆုံးလျက်ရှိပြီး သင်္ဃန်းကျွန်း မြို့မ ရဲစခန်းမှ
ကိုယ့်ကိုယ်ကိုယ် သတ်သေခြင်း ဟုတ်မဟုတ် စစ်ဆေးလျက်ရှိကြောင်း သင်္ဃန်းကျွန်း
မြို့မ ရဲစခန်းမှူး ဒုရဲမှူးသိန်းဟန်က စက်တင်ဘာ ၃ ရက်က ပြောကြားခဲ့သည်။
မန္တလေးတိုင်း ရဲတပ်ဖွဲ့မှူးရုံးတွင် စကားများရာမှ ရဲအုပ်ဖြစ်သူအား ဒုရဲအုပ်က သေနတ်ဖြင့် ပစ်သတ်

မန္တလေးပြည်သူ့ ဆေးရုံကြီးရှေ့တွင် သေဆုံးသူအား ပို့ဆောင်သင်္ဂြိုဟ်ရန် စောင့်ဆိုင်းသူများအား တွေ့ရစဉ်
မန္တလေးတိုင်း ရဲတပ်ဖွဲ့မှူးရုံးတွင် စက်တင်ဘာ ၂ ရက် ည ၁၁ နာရီခန့်က
ရဲအုပ်ဖြစ်သူအား ဒုရဲအုပ်က သေနတ်ဖြင့် ပစ်ခတ်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း
ရဲအရာရှိအချို့၏ ပြောကြားချက်များအရ သိရသည်။
Tuesday, September 3, 2013
လုပ်သားအငြင်းပွားမှု ဖြေရှင်းရေးဥပဒေ တစ်နှစ်ထက်မပိုသော ထောင်ဒဏ် ထည့်မည်

ငွဒဏ်သာ ထည့်သွင်း ပြဋ္ဌာန်းထားသည့် အလုပ်သမားရေးရာ အငြင်းပွားမှု ဖြေရှင်းရေး ဥပဒေကို လိုက်နာမှု အားနည်းနေသဖြင့် တစ်နှစ်ထက်မပိုသော ထောင်ဒဏ် ပြစ်ဒဏ်ကို ထည့်သွင်း ပြင်ဆင်မည် ဖြစ်ကြောင်း အလုပ်သမားရေးရာ ဆက်ဆံရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းဝင်းက ပြောကြားသည်။
ကုသိုလ်တော်ဘုရားအနီး တောင်းရမ်းနေသူ တရုတ်နိုင်ငံသား နေရပ်ပြန်ပို့
မန္တလေးတိုင်းဒေသကြီး
အောင်မြေသာစံမြို့နယ် ဥပုသ်တော်ရပ်ကွက်၊ ကုသိုလ်တော်ဘုရား တောင်ဘက်မုခ်
ရေလယ်ဓမ္မာရုံတွင် တစ်နှစ်ကျော်ကြာမျှ တောင်းရမ်း စားသောက်နေသော အသက် ၆၂
နှစ်အရွယ် တရုတ်နိုင်ငံသားကို လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား
ဝန်ကြီးဌာနက တရားစွဲဆိုခြင်းမပြုဘဲ စက်တင်ဘာလ ၃၁ ရက်နေ့တွင် ၎င်း၏နေရပ်
တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ပြန်လည် ပို့ဆောင်ပေး ခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။
မျက်မမြင်၊ စိတ်မနှံ့သောသားကို ဖခင်က ဂူထဲ၌ သံကြိုးဖြင့်ခတ်ထား
ဖခင်ဖြစ်သူက ဘဝဆုံးနေ သောသားဖြစ်သူအား ဂူနေလူ ဘဝရောက်ရပုံကို
ပြောပြခဲ့သည်။ ၎င်းအား တရုတ်ပြည် အလယ် ပိုင်းဒေသ၌ အဝတ်မပါဘဲ သံ ကြိုးဖြင့်
ခတ်ထားခြင်းဖြစ်သည်။

သင့်ကျန်းမာရေး (အရေပြား ရောဂါ)

အရေပြား ရောဂါဟာ ကလေးငယ်တွေ အဖုအပိမ့် ထွက်သလို လူကြီးတွေမှာလည်း နီရဲပြီး ရောင်ရမ်းတဲ့ လက္ခဏာ ပြတတ်ကြပါတယ်။
အလုပ်သမားအရေး ဖြေရှင်းရန် မလေးရှားသို့ မြန်မာအထူးကိုယ်စားလှယ် အဖွဲ့ စေလွှတ်မည်
လတ်တလော၌
တရားမဝင် နိုင်ငံခြားသားများကို ဖမ်းဆီးနေသည့် မလေးရှားနိုင်ငံသို့
ရောက်ရှိနေသော မြန်မာလုပ်သားများအရေးကို နှစ်နိုင်ငံ ညှိနှိုင်းဖြေရှင်းရန်
နိုင်ငံတော်သမ္မတ၏ ညွှန်ကြားချက်ဖြင့် မြန်မာအထူး ကိုယ်စားလှယ်အဖွဲ့
မလေးရှားနိုင်ငံသို့ ရက်ပိုင်းအတွင်း သွားရောက်မည် ဖြစ်သည်။
လောင်းကစားဆန်ဆန် အကြွေစေ့ဂိမ်းစက်များ ကျောင်းသား လူငယ် များကြားတွင် ခေတ်စားလာ
အကြွေစေ့ဂိမ်း ဟုလူသိများသော လောင်းကစားဆန်ဆန် ကွန်ပြူတာဂိမ်းဆိုင်များ
အောင်လံမြို့တွင် ဖွင့်လှစ် မှု များပြားလာပြီး ၎င်းစက်ဖြင့် ဆော့ကစားကြသူများ
အောင်လံမြို့တွင်များပြားလာနေကြောင်း သိရသည်။
မိခင်ကိုလည်ပင်းညှစ်သည့်သား ဓားဖြင့်ပေါက်ခံရ၍သေဆုံး
ခင်ဦးမြို့နယ်တွင်
ဩဂုတ် ၃၀ ရက် ည ၇ နာရီခွဲက မိခင်ဖြစ်သူကို သား အကြီး ဖြစ်သူ က
သောက်စားမူးယစ်ပြီး လည်ပင်းညှစ်သဖြင့် သားငယ်ဖြစ်သူက ဓားဖြင့်ပေါက် သဖြင့်
သေဆုံး ခဲ့ ကြောင်း ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှတ်တမ်း များအရ သိရသည်။
မြန်မာနိုင်ငံအတွင်း နိုင်ငံခြားသား ခရီးသွားများ ကြိုတင်ခွင့်ပြုချက် မတင်ဘဲ သွားလာခွင့် ပြုရမည့်ဒေသ နိုင်ငံဧရိယာ၏ ရာခိုင်နှုန်း ၂၀ ခန့် ကျန်ရှိနေ

မြန်မာနိုင်ငံအတွင်း နိုင်ငံခြားသား ခရီးသွား ဧည့်သည်များ ကြိုတင်ခွင့်ပြုချက် မတင်ဘဲ သွားရောက် လေ့ လာ ခွင့်ရှိသည့် ဒေသများသည် နိုင်ငံဧရိယာ၏ ရာခိုင်နှုန်း ၈၀ ကျော်အထိ ရှိလာပြီး ကြိုတင်ခွင့်ပြုချက် မတင် ဘဲ သွားလာခွင့်ပြုရမည့် ဒေသသည် နိုင်ငံဧရိယာ၏ ရာခိုင်နှုန်း ၂၀ ခန့် ကျန်ရှိနေကြောင်း သိရ သည်။
မလေးရှား လူဝင်မှု စိစစ်ရေးကြောင့် မြန်မာလုပ်သားတွေ ဒုက္ခရောက်

မလေးရှားနိုင်ငံတွင်းမှာ တရားမ၀င်နေထိုင်မှု စိစစ်ဖို့နဲ့ မှုခင်းတွေ
လျှော့ချဖို့ စီမံချက်နဲ့ မလေးရှားအစိုးရကနေ နိုင်ငံတွင်းမှာရှိတဲ့
တရားမ၀င် အလုပ်လုပ်ကိုင်နေတဲ့ နိုင်ငံခြား အလုပ်သမားတွေကို တပြည်လုံး
အတိုင်းအတာနဲ့ ဖမ်းဆီးနေတယ်လို့ မလေးရှားရောက် အလုပ်သမားအရေး
ကူညီဆောင်ရွက်ပေးနေ သူတွေက ပြောပါတယ်။ အခု ဖမ်းဆီးမှုမှာတော့ တရားဝင်
ဝင်ရောက် နေထိုင်သူတွေကိုလည်း သိမ်းကျုံး ဖမ်းဆီးနေသလို ဒီဖမ်းဆီးမှု
စီမံချက်ကြောင့် တရားမ၀င် မြန်မာအလုပ်သမားတွေ အတွက်ကတော့ စိုးရိမ်နေရတဲ့
အခြေအနေမှာ ရှိနေတယ်လို့ ပြောဆိုမှုတွေ ရှိနေပါတယ်။
ဘင်္ဂါလီလူမျိုး (၃)ဦး AK-47 မောင်းပြန်ရိုင်ဖယ် တစ်လက်၊ ကျည်အတောင့် (၂၀)ပါ ကျည်ကပ် (၁)ခုနှင့်အတူ ဖမ်းဆီးရမိ

မြိတ်ဆိပ်ကမ်းမှ ရေကြောင်းပြမီးများ ထွန်းထားခြင်းမရှိဘဲ ပင်လယ်ပြင်ဘက်သို့ စက်တင်ဘာလ (၁) ရက် ည (၁၁း၅၀)နာရီအချိန်ခန့်တွင် မောင်းနှင်လျက်ရှိသော မသင်္ကာဖွယ်လှေတစ်စီးကို တနင်္သာရီ ရေတပ်စခန်း ဌာနချုပ်မှ မြိတ်ရေပြင်တွင် လုံခြုံရေးနှင့် ပိတ်ဆို့ရေးတာဝန်ထမ်းဆောင်လ
မလေးရှားမှာ ဒုတိယနေ့အတွင်း အလုပ်သမား ၂၅၀၀ ကျော် ဖမ်းဆီးခံရ

ပြီးခဲ့တဲ့ ဇွန်လတုန်းကလည်း မြန်မာမှာ ဖြစ်ခဲ့တဲ့ ပဋိပက္ခနဲ့ ဆက်နွယ်ပြီး
မြန်မာနိုင်ငံသားတွေအကြား ပြဿနာဖြစ်တဲ့အတွက် မလေးရှားမှာ
ဖမ်းဆီးမှုတွေရှိခဲ့
မလေးရှားနိုင်ငံက တရားမဝင် အလုပ်အကိုင် ဝင်ရောက်လုပ်နေတဲ့
အလုပ်သမားတွေကို ဖမ်းဆီးတဲ့ ၃လ ကြာ အထူး စီမံကိန်းရဲ့
ဒုတိယမြောက်နေ့မှာ တရားမဝင် နေထိုင်နေကြတဲ့ လူပေါင်း ၂၅၀၀ ကို
ဖမ်းဆီးထားပြီး
အခြေခံစက်ရုံ လုပ်သားများအား ထမင်းစားချိန်မှလွဲ၍ တစ်နေ့ ၁၂ နာရီခန့် မတ်တတ်ရပ် အနေအထားဖြင့် ခိုင်းစေမှုများ ရှိကြောင်း ပူးပေါင်းကော်မရှင် အစီရင်ခံစာတွင် ဖော်ပြ

အလုပ်သမားနှင့် အလုပ်ရှင် အခွင့်အရေးအတွက် စက်ရုံအလုပ်ရုံများကို ကွင်းဆင်း လေ့လာရာတွင် အခြေခံ လုပ်သားများအား ထမင်းစားချိန်မှလွဲ၍ တစ်နေ့ ၁၂ နာရီခန့် မတ်တတ်ရပ် အနေအထားဖြင့် အလုပ်ခိုင်းစေသည့် စက်ရုံများရှိကြောင်း ပြည်ထောင်စု လွှတ်တော်၊ အလုပ်သမား အလုပ်ရှင် အခွင့်အရေး လေ့လာရေး ပူးပေါင်းကော်မရှင်၏ အစီရင်ခံစာတွင် ဖော်ပြထားချက်အရ သိရသည်။
ပြစ်မှုကျူးလွန်သူများက ရဲတပ်ဖွဲ့ဝင်များကို တိုက်ခိုက်မှုများ ဆက်တိုက်ဖြစ်ပွားလာ၍ ရဲအင်အားကို ကျူးလွန်သူများ အင်အားထက် သာလွန်အောင် အသုံးပြု၍ ဖမ်းဆီးမည်

ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင် နှစ်ဦးကို ဓားဖြင့်ထိုးခဲ့သည့်
အခင်းဖြစ်ပွားရာ လေးထောင့်ကန်လမ်းနှင့် ပင်ရွှေညောင် လမ်းထောင့်နေရာအား
တွေ့ရစဉ်
ရန်ကုန်တိုင်းဒေသကြီးအတွင်း ယခုနှစ်၌ ရဲတပ်ဖွဲ့မှ
ပြစ်မှုကျူးလွန်သူများကို ဖမ်းဆီးရာတွင် အချို့ကျူးလွန်သူများက
ပြန်လည်တိုက်ခိုက်သဖြင့် ထိရောက်စွာ အရေးယူသွားမည့်အပြင် ကျူးလွန်သူများကို
ဖမ်းဆီးပါက ၎င်းတို့ထက် သာလွန်သည့် အင်အားတို့ဖြင့်
ဖမ်းဆီးစစ်ဆေးသွားမည်ဖြစ်ကြောင်း သြဂုတ် ၃၁ ရက် မွန်းလွဲပိုင်းက
ရန်ကုန်တိုင်းဒေသကြီး အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ
တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ပြစ်မှုကျူးလွန် သူများကို ညှဉ်းပန်းနှိပ်စက်ခြင်း၊ အမှုမဖွင့်ပေးခြင်း တို့နှင့်ပတ်သက်၍ တိုင်ကြားလာမှုကြောင့် ရဲစခန်းများတွင် CCTV ကင်မရာများ တပ်ဆင်

မြို့မရဲစခန်း တစ်ခုအတွင်း CCTV ကင်မရာ မှတ်တမ်းကို စောင့်ကြည့်နေသည့် ရဲတပ်ဖွဲ့ဝင် တစ်ဦးကို မြင်တွေ့ရစဉ် (ဓာတ်ပုံ-ဥာဏ်ဝင်းရှိန်)
ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ ရဲစခန်းများတွင် CCTV ကင်မရာများ
တပ်ဆင်နေကြောင်း သက်ဆိုင်ရာ တာဝန်ရှိသူများ၏ ပြောကြားချက်အရ သတင်းရရှိသည်။
အဲယားကွန်းပါသော ဂျပန် RBE ရထားအား မြို့ပတ်ရထားအဖြစ် ပြေးဆွဲရန် စီစဉ်

အတွဲလိုက် အင်ဂျင်ပါဝင်ပြီး အဲယားကွန်းများ တပ်ဆင်ထားသော RBE ရထားအား မြို့ပတ်ရထားအဖြစ် ပထမဆုံး ပြေးဆွဲရန် စီစဉ်နေကြောင်း ရန်ကုန်ဘူတာကြီးမှ တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။
ယခုနှစ်အတွင်း ဂျပန်နိုင်ငံမှ ၀ယ်ယူလိုက်သော RBE ရထားတွဲအား စက်တင်ဘာ ၁ ရက်က ရန်ကုန်မြို့ အတွင်း စမ်းသပ်ပြေးဆွဲလျက် ရှိနေကြောင်း သိရသည်။
ဖက်ဒရယ် မရပါက ငြိမ်းချမ်းရေးအတွက် အခက်အခဲ ဖြစ်မည်ဟု ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်း တောင်ကြီးမြို့တွင် ဒေသခံများနှင့် တွေ့ဆုံစဉ်ပြောကြား

ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းသည် ရှမ်းပြည်နယ်၊
တောင်ကြီးမြို့တွင် ဒေသခံများနှင့် တွေ့ဆုံပွဲကို စက်တင်ဘာ ၂ ရက် မွန်းတည့်
၁၂ နာရီမှ ညနေ ၄ နာရီခွဲအထိ တောင်ကြီးမြို့ မြို့တော်ခန်းမ၌ ကျင်းပခဲ့သည်။
Subscribe to:
Posts (Atom)