Wednesday, October 16, 2013

မြန်မာနိုင်ငံတွင် ရှိနေသည့် အမေရိကန် နိုင်ငံသားများနှင့် လာရောက်လည်ပတ်မည့် သူများအား အမေရိကန်သံရုံးမှ သတိပေးစာ ထုတ်ပြန်

CC-16-10
အောက်တိုဘာ ၁၄ ရက်ညပိုင်းက Traders ဟိုတယ်တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် လုံခြုံရေး ဆောင်ရွက်နေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-ဝေလင်းအောင်)
မြန်မာနိုင်ငံတွင် ရောက်ရှိနေသည့် အမေရိကန် နိုင်ငံသားများနှင့် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်မည့် အမေရိကန် နိုင်ငံသားများအတွက် အမေရိကန်သံရုံးက သတိပေးစာတစ်စောင်အား အမေရိကန်သံရုံး ၀က်ဘ်ဆိုက်နှင့် ဖေ့စ်ဘုတ်စာမျက်နှာများမှတစ်ဆင့် အောက်တိုဘာ ၁၅ ရက် ညနေပိုင်းက ထုတ်ပြန်ခဲ့သည်။

အိမ်ကွင်းမှာ အနိုင်ရလဒ်နှင့်အတူ အောင်ပွဲခံနိုင်ခဲ့သည့် အဖြူရောင် ခြင်္သေ့များ


မနေ့ညက ဥရောပခြေစစ်ပွဲအုပ်စုပွဲစဉ်များအပြီးမှာတော့ အင်္ဂလန်အသင်းက ဘရာဇီးသို့ သွားရောက်ခွင့်တနေရာ အတွက် အိမ်ကွင်း ၀င်ဘာလေ မှာ ဂျရတ် နှင့် ရွန်းနေးတို့၏ သွင်းဂိုးများဖြင့် ပိုလန်အသင်းကို အနိုင်ယူလိုက်နိုင်ပါတယ်။ ပွဲစဉ်ကို ပိုလန်အသင်းပရိတ်သတ်ပေါင်း ၂ သောာင်း ခန့်လောက်ထိ ဆူဆူညံညံဖြင့် သူတို့နိုင်ငံအသင်းကို ကြောက်ခမန်းလိလိအားပေး ခဲ့ကြတာကိုတွေ့ရ ပါတယ်။ ဒုတိယပိုင်းလောက်မှာလည်း ပိုလန်အသင်းမှ ပရိတ်သတ်တစ်ဦး ကွင်းထဲကို ၀င်ရောက်ပြေး လာပြီး နှောက်ယှက်သလိုဖြစ်တာကြောင့် ခဏရပ်ထားခဲ့ရပါသေးတယ်။

Tuesday, October 15, 2013

“ ပြည်သူတွေရဲ့အသက်အန္တရာယ်လုံခြုံရေးအတွက် ရဲရဲဝံ့ဝံ့ ဆောင်ရွက်ခဲ့တဲ့ မန်းစည်ပင်(အောက်ခြေ၀န်ထမ်းတွေ)ကို ဂုဏ်ပြုကြပါစို့ ”

Photo: “ ပြည်သူတွေရဲ့အသက်အန္တရာယ်လုံခြုံရေးအတွက် ရဲရဲဝံ့ဝံ့
ဆောင်ရွက်ခဲ့တဲ့ မန်းစည်ပင်(အောက်ခြေ၀န်ထမ်းတွေ)ကို ဂုဏ်ပြုကြပါစို့ ”
Tuesday, October 15, 2013

မနေ့က မန္တလေးမှာတွေ့ရှိခဲ့တဲ့ ဗုံးတစ်လုံးဟာ စနက်တံဖြုတ်လို့
မရတော့တဲ့အချိန် ၊ ဖောက်ခွဲပစ်ဖို့ ဖြစ်လာတဲ့အချိန် ဘေးပတ်
ဝန်းကျင်က အများပြည်သူတွေမထိခိုက်ဖို့ သဲအိပ်များအရေးတကြီး
လိုအပ်လာတဲ့အချိန်မှာ မန္တလေးစည်ပင်သာယာမှ ၀န်ထမ်းများဟာ
သဲအိပ်များကို ကားဖြင့်သယ်လာပြီး ကိုယ်တိုင်သယ်မက ပေါက်ကွဲလု
နီးနေတဲ့ ဗုံးရဲ့ အစ၊အနတွေ မထိပါးရအောင် စွန့်စွန့်စားစား 
လုပ်ဆောင်ခဲ့ရပါတယ်။
ဒီလိုအခြေအနေမျိုးမှာ -
တော်တန်ရုံလူတောင်အနားကပ်ခွင့်မပေးတဲ့နေရာ၊
အချိန်မရွေး အသက်နဲ့ကိုယ် အိုးစားကွဲသွားနိုင်တဲ့နေရာ၊
အခိုင်းခံအောက်ခြေသိမ်း အလုပ်လုပ်နေရပေမယ့်
ခိုင်းသမျှကို ငြင်းပယ်ခွင့်မရှိတဲ့သူတွေဖြစ်တဲ့ မန်းစည်ပင် 
သန့်ရှင်းရေး အောက်ခြေ၀န်ထမ်းတွေကို...လေးစား
ဂုဏ်ပြုမိပါတယ်။ အထူးသဖြင့် စည်ပင်အမျိုးသမီးဝန်ထမ်း
လေးတွေကို ဤပုံမှာမြင်တွေ့ရပါတယ်။

Photo Credit to : San Yu Kyaw
Young Buddhist's Association

မနေ့က မန္တလေးမှာတွေ့ရှိခဲ့တဲ့ ဗုံးတစ်လုံးဟာ စနက်တံဖြုတ်လို့
မရတော့တဲ့အချိန် ၊ ဖောက်ခွဲပစ်ဖို့ ဖြစ်လာတဲ့အချိန် ဘေးပတ်

ရန်ကုန်တွင် ဗုံးဖောက်သည်ဟု သံသယရှိသူကို ဘီးလင်းရဲတပ်ဖွဲ့မှ ရန်ကုန်တိုင်းရဲမှူးနှင့်အဖွဲ့ကို လွှဲလိုက်ပြီ

ဘီးလင်းမြို့နယ် ရဲတပ်ဖွဲ့မှူးရုံး ဒု-ရဲအုပ် ပန်းဦးနှင့် အင်တာဗျူး

မင်းမင်း | အင်္ဂါနေ့၊ အောက်တိုဘာလ ၁၅ ရက် ၂၀၁၃ ခုနှစ် ၁၇ နာရီ ၀၆ မိနစ်

ရန်ကုန်မြို့ ကုန်သည်ကြီးများဟိုတယ်တွင် အောက်တိုဘာလ ၁၄ရက် ည၁၁ နာရီကျော်က ဖြစ်ပွားခဲ့သော ဗုံးပေါက်ကွဲမှုတွင် သံသယရှိသူ ဖာပွန်မြို့နယ် သူမွဲထကျေးရွာတွင် နေထိုင်သော အသက် ၂၆နှစ်အရွယ် စောမြင့်လွင်အား မွန်ပြည်နယ် ဘီးလင်းမြို့နယ်၊ ဘီးလင်း-နတ်ကြီးကားလမ်းပေါ်တွင် ရဲတပ်ဖွဲ့က အောက်တိုဘာလ ၁၅ရက် နံနက်က ဖမ်းဆီးခဲ့သည်။ ယင်းကိစ္စနှင့်ပတ်သက်၍ ဘီးလင်းမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ဒု-ရဲအုပ် ပန်းဦးကို မဇ္ဈိမက ဆက်သွယ်မေးမြန်းထားပါသည်။

နိုင်ငံတ၀န်း ဗုံးပေါက်ကွဲမှု များနှင့် ပတ်သက်ပြီး အမြင်သဘောထား

မြန်မာနိုင်ငံ ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်း၊ တောင်ငူအပါအ၀င် မြို့ကြီးအချို့မှာ အခုရက်ပိုင်းအတွင်း ဗုံးပေါက် ကွဲမှုနဲ့ ဗုံးတွေ့ရှိမှုတွေ ဆက်တိုက်ဖြစ်ပေါ်နေပါတယ်။ ဗုံးပေါက်ကွဲမှုတွေကြောင့် သေဆုံး ဒဏ်ရာရမှုတွေ ရှိသလို ပြည်သူတွေကလည်း စိုးရိမ်ထိတ်လန့်နေကြပါတယ်။

မလေးရှား နိုင်ငံပတ်စပို့ ကိုင်ဆောင်ထားသူ အမျိုးသားတစ်ဦး၊ အမျိုးသမီး တစ်ဦးကို စစ်ဆေးနေ

မေ

https://www.facebook.com/photo.php?fbid=435299079909710

မန္တလေးမြို့ ရွှေဘဲစားတော်ဆက် အနီးမှာ တွေ့ရှိခဲ့တဲ့ ဗုံးနဲ့ ပတ်သတ်ပြီး မသင်္ကာဖွယ် ရာ နိုင်ငံခြားသား နှစ်ဦးကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က စစ်ဆေး နေတယ်လို့ သတင်း ရရှိပါတယ်။

ပွဲကြိုက်တဲ့မောင် " (ထိတ်လန့်တက်သူများ မဖတ်ရ).

နယ်မြို့လေးတမြို့က အဖြစ်အပျက်လေးပါ။ ကိုသောင်းဆိုတဲ့သူတယောက်ရှိပါတယ်။ သူက လူလည်း လူလတ်ပိုင်း ပျော်ပျော်ရွှင်ရွှင်နေတက်တယ်။ ရပ်ရွာနဲ့လည်းအဆင်ပြေတယ်။ ဒါကြောင့်သူ့ကို အသက်ငယ် ပေမယ့် ရပ်ကွက်အုပ်ချုပ်ရေးမှာ ဥက္ကဋ္ဌနေရာပေးထားတယ်။ ပေးထားသလိုလည်း အလုပ်မှာ တော်ရှာ ပါတယ်။

ငါ့ကိုခေါ်သွားပေးကြပါ... အပိုင်း (၁) သရဲကြောက်တက်သူများ မဖတ်ရ...

Photo: Good Morning :D kikiki
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့။

ညရဲ့ မီးရောင်စုံတွေကြားထဲမှာ ပျားပန်းခတ်နေသော လူတွေရဲ့ကြားမှာ မြန်မာလူမျိုးများ ကိုလည်း တွေ့ ရလေသည်။ မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ လာရောက်အလုပ်လုပ်နေသူများဘ၀က အလွန် သနားစရာ ကောင်းလှပေသည်။ မိခင်နိုင်ငံမဟုတ်သည့် တခြားနိုင်ငံများတွင် အလုပ်လုပ်နေရသော အခြေအနေက အလွန်အောက်ကျနောက်ကျနိုင်လှပေသည်။ အနှိမ်ခံ၊ ဘ၀ပျက်ခံ၊ အဖိအနှိပ် ခံပြီး မြန်မာနိုင်ငံတွင် ရှိနေကြသော မိသားစုများ၏ဘ၀ များကို ထောက်ပံ့နေကြရ သည်။ နေ့စဉ်နှင့်အမျှ အလုပ်နဲ့အိမ် အိမ်နဲ့အလုပ်ကြားထဲတွင် စက်ရုပ်ဆန်ဆန် နေထိုင်အသက်ရှင်နေကြ ရလေသည်။ ဒီကြားထဲ အကြောင်းအမျိုးမျိုးကြောင့် အသက်ဆုံးရူံးရသူများမှာ များသောအားဖြင့် အဖြစ်မှန်မသိသည့် အလျောက် နေထိုင်ရာအရပ်ဒေသတွင် ဆွမ်းသွပ်ခြင်းမရှိသည့် အတွက် သေသည့် တိုင်အောင် သေ လို့သေမှန်း မသိဘဲ ဆက်လက်အလုပ်လုပ်နေကြရလေသည်။

မျက်စိကွယ်စေတဲ့ အဓိကအကြောင်းရင်းက ဘာလဲ

6

မျက်စိကွယ်စေတဲ့ အမြင်အာရုံကို ဆုံးရှုံးစေတဲ့ အဓိကအကြောင်းရင်းကတော့ အတွင်းတိမ်လို့ခေါ်တဲ့ glucomay ဖြစ်ပါတယ်။ ဒီရောဂါဟာ မြင်လွှာ (retina) မှာ အစပျိုးတဲ့ ရောဂါဖြစ်ပြီး စောစောစီးစီး မကုသနိုင်ရင် မျက်စိကွယ်သွားနိုင်ပါ တယ်။

အင်ဂျင်နီယာကျောင်းသူကနေ အောင်မြင်ကျော်ကြားတဲ့ မော်လ်ဒယ်နည်းပြတစ်ယောက်ဖြစ်လာတဲ့ အပျိုကြီးမမ တင်မိုးလွင်

 
“တက္ကသိုလ်ကို ၁၉၈၈ ခုနှစ်မှာ စတက်ပါတယ်။ ၁၉၈၈ ဆိုတာ မြန်မာနိုင်ငံ တစ်နိုင်ငံလုံး မှတ်မိနေတဲ့ ကိန်းဂဏန်း တစ်ခုလည်း ဖြစ်ပါတယ်။ ပြီးတော့ တက္ကသိုလ်ကို အရမ်းမျှော်လင့်ထားတဲ့ အချိန်မှာ တက်ပြီးတော့ အချိန်ခဏလေးနေပြီး ပြန်ပိတ်တယ်၊ ပြန်ဖွင့်တယ်၊ ပြီးတော့ အကြာကြီး ပြန်ပိတ်သွားတဲ့နှစ်လည်း ဖြစ်ပါတယ်” တက္ကသိုလ် တက်စဉ်က ကြုံခဲ့ရတဲ့ အမှတ်ရဖွယ် အခြေအနေ တစ်ခုကို ပြောပြနေသူမှာ မြန်မာနိုင်ငံ၏ မော်ဒယ်လ်ခေတ်ဦးတွင် မော်ဒယ်လ် တစ်ဦးအဖြစ် စတင်အောင်မြင်လာခဲ့ပြီး လက်ရှိတွင် မော်ဒယ်လ် သင်တန်းကျောင်း တည်ထောင် သင်တန်းပို့ချ ပေးနေသူ၊ မော်ဒယ်လ် အေဂျင်စီလုပ်ငန်း လုပ်ကိုင်သူ၊ အစီအစဉ် တင်ဆက်သူအဖြစ် အောင်မြင်စွာ ရပ်တည်နေသူ တင်မိုးလွင် ဖြစ်သည်။ သူသည် ရန်ကုန် စက်မှုတက္ကသိုလ် Mechanical ဘာသာရပ် အထူးပြုဖြင့် တက်ရောက်ခဲ့သူလည်း ဖြစ်သည်။ “မမိုးရဲ့ ပထမဆုံး တက္ကသိုလ် စတက်တဲ့ နှစ်မှာပဲ ပထမဦးဆုံး ခဏတက်လိုက်၊ ပြန်ပိတ်လိုက်၊ ခဏတက်လိုက်၊ ပြန်ပိတ်လိုက်နဲ့ သုံးနှစ်ကြာပါတယ်။

ကိုယ်ဝန်ဆောင်စဉ်ရှောင်ရမည့် အစားအစာများ (အိမ်ထောင်သည်အမျိုးသမီးများအတွက်သာ)

10
(၁) မကျိုချက်ထားသော နွားနို့ဖြင့်ပြုလုပ်သည့် ဒိန်ချဉ်၊ ဒိန်ခဲ
မကျိုချက်ထားသည့် နွားနို့တွင် E.coli  နှင့် Listeria ရောဂါပိုးများ ပါဝင်နိုင်သည်။ ကျိုချက် ထားသော နွားနို့နှင့်နို့ထွက်ပစ္စည်းများကိုသာ စားသုံးပါ။

အလ္လာသည် မွတ်စလင်များအတွက်သာဖြစ်ကြောင်း အမိန့်ချ

Photo: အလ္လာသည် မွတ်စလင်များအတွက်သာဖြစ်ကြောင်း အမိန့်ချ 
Tuesday, October 15, 2013

မလေးရှားနိုင်ငံတရားရုံးက မွတ်စလင်တို့၏ ဘုရားဖြစ်သော အလ္လာကို အခြားသာသာဝင်များ၏ ဘုရားများ နေရာတွင် အစားထိုးသုံးစွဲခွင့် မရှိကြောင်း၊ မွတ်စလင် မဟုတ်သူများ သုံးစွဲခွင့် မရှိကြောင်း အမိန့် ချမှတ်လိုက်သည်။

ယင်းသို့ အစ္စလာမ် စကားလုံးများ ကန့်သတ်တားမြတ်လိုက်ခြင်းသည် လွန်ခဲ့သော သုံးနှစ်က မပြီးသတ်ပေးသည့် အမှုဟောင်းကြောင့်ဖြစ်သည်။ ထိုအချိန် ၂၀၀၉ ကတ်သလစ် ခရစ်ယန်တို့၏ The Harald သတင်းစာတွင် God ဘုရားသခင်ဟု သုံးနှုန်းရမည့် နေရာတွင် ဒေသခံများ အလွယ်တကူ နားလည်နိုင်ရန် အလ္လာဟု သုံးနှုန်းခဲ့သည်။

ထိုအခါ မလေးအာဏာပိုင်များက ယင်းသို့သော အစ္စလာမ်စကားလုံးမျိုးကို မသုံးရန် တရားစွဲခဲ့သည်။ သို့သော် ထိုအချိန်က တရားပြိုင်ဘက်က အခြေခံဥပဒပါ အခွင့်အရေးဖြင့် ပြန်လည် ချေပခဲ့သဖြင့် The Harald သတင်းစာကို အနိုင်ပေးခဲ့ရသည်။ ထိုဂယက်ကြောင့် နိုင်ငံအတွင် ခရစ်ယာန်များနှင့် မွတ်စလင်များအကြား အကြမ်းဖက် သည်အထိ ဖြစ်ခဲ့ဖူးသည်။

The Herald သတင်းစာမှ အက်ဒီတာ ဘုန်တော်ကြီး Lawrence Andrew က ယခုမလေးရှား တရားရုံးက မလေးဘာသာနှင့် ထုတ်ဝေသော သမ္မာကျမ်းစာပါ အလ္လာဟူသော စကာလုံးကို လုံးဝသုံစွဲခွင့် မရှိဟု ပြန်လည်ဆုံးဖြတ် သည်မှာ ဥပဒေရေးရာအတွက် ဟာကွက်ကြီး တစ်ခုသဖွယ်ဖြစ်ကြောင်း၊ ဆယ်စုနှစ်များစွာ ကတည်းက ယင်းသို့ ရေးသားလာသည်မှာ ပြဿနာ မရှိခဲ့ကြောင်း ဆိုသည်။

မလေးရှားတွင် မွတ်စလင် ၆၀ရာခိုင်နှုန်းမျှ ရှိပြီး ခရစ်ယာန်မှာ ၉ရာခိုင်နှုန်းမျှသာ ရှိသည်။ ထို့အတွက် ယခုဖြစ်ရပ်ပေါ် မလေးရှား ပြည်သူအချို့က အာဏာရ ပါတီဖြစ်သော မလေး-မွတ်စလင် ပါတီသည် လူထုထောက်ခံမှုရရန် ပြုလုပ်ခြင်း ဖြစ်လိမ့်မည်ဟု ယူဆနေကြသည်။

The Harald သတင်းစာတွင် သမ္မာကျမ်းစာပါ God ဟူသော နေရာတွင် Allah (အလ္လာ)ဟုသုံးခြင်းသည် မလေးရှားနိုင်ငံ မတည်ထောင်မီ ၁၉၆၃ခုနှစ်ကလည်းပင် ဖြစ်ကြေင်း ထောက်ပြထားသည်။ ယခုတရားရုံး၏ ဆုံးဖြတ်ချက်နှင့် ပတ်သတ်ပြီး အလွန်အမင်း စိတ်ပျက်မိကြောင်းနှင့် အယူခံဝင်သွားမည်ဖြစ်ကြောင်း သိရသည်။

Ref: AP, AFP
မြန်မာ့ခေတ်
မလေးရှားနိုင်ငံတရားရုံးက မွတ်စလင်တို့၏ ဘုရားဖြစ်သော အလ္လာကို အခြားသာသာဝင်များ၏ ဘုရား များ နေရာတွင် အစားထိုးသုံးစွဲခွင့် မရှိကြောင်း၊ မွတ်စလင် မဟုတ်သူများ သုံးစွဲခွင့် မရှိကြောင်း အမိန့် ချမှတ်လိုက်သည်။

မျက်စိကွယ်စေတဲ့ အဓိကအကြောင်းရင်းက ဘာလဲ

6

မျက်စိကွယ်စေတဲ့ အမြင်အာရုံကို ဆုံးရှုံးစေတဲ့ အဓိကအကြောင်းရင်းကတော့ အတွင်းတိမ်လို့ခေါ်တဲ့ glucomay ဖြစ်ပါတယ်။ ဒီရောဂါဟာ မြင်လွှာ (retina) မှာ အစပျိုးတဲ့ ရောဂါဖြစ်ပြီး စောစောစီးစီး မကုသနိုင်ရင် မျက်စိကွယ်သွားနိုင်ပါ တယ်။

သဲစုပ်ယူမှုကြောင့် စက်စဲကမ်းခြေအလှ ပျက်စီးစပြုလာ


Photo: သဲစုပ်ယူမှုကြောင့် စက်စဲကမ်းခြေအလှ ပျက်စီးစပြုလာ
Tuesday, October 15, 2013 

မွန်ပြည်နယ်အတွင်းရှိ တစ်ခုတည်းသော အပန်းဖြေကမ်းခြေနေရာဖြစ်သည့် စက်စဲကမ်းခြေ၌ မြေနေရာမြင့်တက်စေရန် သဲများ စုပ်ယူမှုကြောင့် သဘာဝကမ်းခြေအလှအပများ စတင်ပျက်စီးစပြုလာသည်ဟု ဒေသခံတို့ထံမှ သိရှိရသည်။

လူအများလာရောက်အပန်းဖြေရာကမ်းခြေတစ်ခုဖြစ်သော စက်စဲကမ်းခြေတွင် အနီးအပါးကမ်းရိုးတမ်းများတွင် သဲစုပ်မှုများ ပြုလုပ်ခဲ့သောကြောင့် သဘာဝသောင်ခုံပျက်စီးမှုများ စတင်ဖြစ်ပေါ်လာနေပြီဖြစ်ကြောင်း၊ ကမ်းခြေ တစ်ဖြည်းဖြည်းလျော့ကျ ပြိုဆင်းသွားသော အနေအထားများဖြစ်ပေါ်လာနေကြောင်း ဒေသခံတို့ထံမှ သိရသည်။

 “ကျွန်တော်တို့ အရင်ကဆို ကမ်းခြေမှာ လာပြီးဆော့ကစားကြတဲ့လူတွေပြောတာကတော့ သဲသောင်က ရေတက်လာပြီး ပြန်ကျသွားလည်း သဲတွေက သောင်ခုံပေါ်မှာပဲ ကျန်နေခဲ့တယ်။ ရေချည်းပဲ ပြန်ဆင်းသွား တယ်ပေါ့။ အခုကတော့ ကျွန်တော်တို့ ဆင်းကြည့်တာ ရုတ်တရက် ရေတက်ပြီး ပြန်ဆင်းသွားတဲ့ အချိန်ကြရင် သဲတွေပါ အကုန်လုံးသယ်ပြီး ပြန်ဆင်းသွားသလို ဖြစ်နေတယ်။ အရင်က ကမ်းခြေမှာရှိတဲ့ အပင်တွေ အမြစ် မပေါ်ဘူး။ အခုတော့ အမြစ်တွေပေါ်လာပြီ။ သောင်က တဖြည်းဖြည်း ပါးသွားပြီး အောက်ကနှုန်းမြေတွေပဲ ကျန်တော့မယ့်အနေအထားဖြစ်နေပါတယ်။”ဟု ဒေသခံတစ်ဦးဖြစ်သူ ကိုဥာဏ်စိုးက ပြောသည်။

ထိုကဲ့သို့ကမ်းခြေပျက်စီးလာခြင်းမှာ ရာဇာမင်းကုမ္ပဏီမှ စက်စဲကမ်းခြေ အစွန်းပိုင်းတွင် မြေယာများ ၀ယ်ယူ ထားခဲ့ပြီးနောက် ၎င်းတို့၏ မြေနေရာကိုမြင့်တက်စေရန် သဲများ စုပ်ယူပြီး ဖြည့်ခဲ့သောကြောင့် ဖြစ်လာရကြောင်း သဲစုပ်သည့် ပမာဏမှာလည်း ၎င်းတို့ဝယ်ယူထားသည် ၂၅ ဧက မြေအကျယ်အ၀န်းကိုဖြည့်ရန်အတွက် သဲများစုပ်ယူခြင်းဖြစ်ကာ စုပ်ယူသည့် သဲပမာဏမှာ လည်း ကျင်းပေါင်း တစ်သောင်းကျော်ခန့်ရှိခဲ့သောကြောင့် များပြားလွန်းသည့်ပမာဏဖြစ်ကြောင်း သိရသည်။

မွန်ပြည်နယ်အစိုးရအနေဖြင့် ထိုသို့ သဲစုပ်သည်ကို ခွင့်ပြုချက်ပေးခဲ့ခြင်းမရှိပဲ ယခုအခါ စက်စဲကျေးရွာမှ ဒေသခံများထံမှ ကန့်ကွက်စာများတက်လာခဲ့သောကြောင့် အဆိုပါသဲစုပ်ခြင်းကိုလုံးဝရပ်ဆိုင်းထားခဲ့ပြီ ဖြစ်ကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့မှ သိရသည်။

“မွန်ပြည်နယ်အစိုးရအဖွဲ့အနေနဲ့ လုံးဝခွင့်ပြုချက်မပေးခဲ့ဘူး။ သဲစုပ်တယ်ဆိုတာခွင့်ပြုချက်လိုပါတယ်။ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေတဲ့အလုပ်မျိုးကို အစိုးရအဖွဲ့အနေနဲ့ လုံးဝခွင့်မပြုခဲ့ဘူး။ သောင်ခုံရဲ့ အစွန်းဘက်မှာ သဲတွေကျင်းပေါင်း တစ်သောင်း လောက်စုပ်တော့ ဒီဘက်ကသဲတွေက ဆင်းပြီး ဟိုဘက်ကို ပြန်ဖြည့်ရသလိုဖြစ်နေတာပေါ့။ အခုတော့ လုံးဝရပ်ဆိုင်းထား ခိုင်းလိုက်ပါပြီ။”မွန်ပြည်နယ် အစိုးရအဖွဲ့ဝင် ၀န်ကြီးဒေါက်တာမင်းနွယ်စိုးက ပြောသည်။

စက်စဲကမ်းခြေသည် မွန်ပြည်နယ်၏ တစ်ခုတည်းသောအပန်းဖြေကမ်းခြေတစ်ခုဖြစ်သကဲ့သို့ နိုင်ငံခြားခရီးသွားများကို ဆွဲဆောင် နိုင်မည့် ရိုးရာဓလေ့များဖြင့် ပြည့်နှက်နေသောနေရာတစ်ခုဖြစ်ကြောင်း လက်ရှိအချိန်တွင် ကမ်းခြေကို အဆင့်မြှင့် တင်ရန်ပြုလုပ် နေချိန်ဖြစ်ပြီး ထိုကဲ့သို့သဘာဝပတ်ဝန်းကျင်ဆိုင်ရာကိစ္စများကို အထူးအလေးထားသင့်ကြောင်းကိုလည်း ဒေသခံတို့က ဆိုသည်။ 

Myit Ma Kha Media Group

http://www.myanmaronlinenews.net/2013/10/blog-post_6421.html

မွန်ပြည်နယ်အတွင်းရှိ တစ်ခုတည်းသော အပန်းဖြေကမ်းခြေနေရာဖြစ်သည့် စက်စဲ ကမ်းခြေ၌ မြေနေ ရာမြင့်တက်စေရန် သဲများ စုပ်ယူမှုကြောင့် သဘာဝကမ်းခြေအလှအပများ စတင်ပျက်စီး စပြုလာ သည်ဟု ဒေသခံတို့ထံမှ သိရှိရသည်။

ကျန်းမာရေးနှင့် မညီညွတ်သော အလေ့အထအချို့မှ ရရှိနိုင်သော ကောင်းကျိုးများ

Photo: ကျန်းမာရေးနှင့် မညီညွတ်သော အလေ့အထအချို့မှ ရရှိနိုင်သော ကောင်းကျိုးများ 

15-10-2013

အစာစားပြီးတိုင်း အချိုပွဲ စားခြင်း

အချိုစာတွေကို ကြိုက်နှစ်သက်လို့ စားသုံးတာက ကိုယ်အလေးချိန် တက်စေတယ် ဆိုပေမယ့် သင်စားတဲ့ ပမာဏကို ထိန်းချုပ်စားနိုင်ဖို့ အလွန်အရေးကြီးပါတယ်။ တစ်နေ့တာ ရရှိတဲ့ ကယ်လိုရီရဲ့ ၈၀ ရာခိုင်နှုန်းကို မနက်၊ နေ့လယ်နဲ့ ညစာတွေကနေ ရရှိပြီး ၂၀ ရာခိုင်နှုန်းကိုတော့ သရေစာက နေရရှိပါတယ်။ အချိုစာကို လုံးဝ မစားဘဲ ရှောင်စရာ မလိုပါဘူး။ ပမာဏကို ထိန်းချုပ် စားဖို့တော့ လိုပါတယ်။  


ပြောင်းဖူးပေါက်ပေါက် စားလေ့ရှိခြင်း

ပြောင်းဖူးက ကောက်နှံတစ်ခုလုံး ပါဝင်စာပဲ ဖြစ်တာကြောင့် ကျန်းမာရေးနဲ့ ညီညွတ်တဲ့အစာပါ။ ရုပ်ရှင်ကြည့်ရင်း ပြောင်းဖူးပေါက်ပေါက် စားတဲ့အကျင့်ကတော့ မကောင်းပါဘူး။ ပြောင်းဖူးပေါက်ပေါက်ကို ကျန်းမာရေးနဲ့ ညီညွတ်ဖို့ဆိုရင် ထောပတ်၊ ချိစ်နဲ့ သကြားတွေနဲ့ ဖောက်ထားတာမျိုး မဖြစ်ရပါဘူး။တစ်နေ့ ၈ နာရီအောက် လျော့နည်းပြီး  


အိပ်ခြင်း

တစ်နေ့ကို ၈ နာရီအောက် လျော့နည်းပြီး အိပ်စက်နေလို့ ကျန်းမာရေး ထိခိုက်မှာ တွေးပူနေမိလား။ တစ်နေ့ကို ၄-၅ နာရီသာ အိပ်စက်သူ တချို့က နေ့သစ်တွေကို ရှင်သန်နိုးကြားစွာ နိုးထနိုင်ကြပါတယ်။ အိပ်ချိန်နည်းလို့ ကျန်းမာရေး ထိခိုက်မှာပဲဆိုတဲ့ စိုးရိမ်စိတ်ကို စိတ်ထဲ စွဲမနေဖို့တော့ လိုပါတယ်။  


ချောကလက်မစ်ရှိတ် ကြိုက်နှစ်သက်ခြင်း

ချောကလက် ကြိုက်သူတွေအတွက် သတင်းကောင်း တစ်ခုပါ။ ချောကလက်မစ်ရှိတ်မှာ ပါဝင်တဲ့ သကြားက ပန်းသီးဖျော်ရည်နဲ့ ယှဉ်ကြည့်ရင် အတူတူလောက်ပဲ ရှိပါတယ်။ ချောကလက်မစ်ရှိတ် တစ်ခွက်ကနေ အာဟာရ ၁၆ မျိုး ရရှိနိုင်ပြီး ပန်းသီးဖျော်ရည် တစ်ခွက်ကနေ အာဟာရဓာတ် နှစ်မျိုးသာ ရရှိနိုင်ပါတယ်။ အဆီပါဝင်မှု နည်းတဲ့ ချောကလက်မစ်ရှိတ်ကို ရွေးချယ်သောက်ပါ။  


မနက်စာတွင် ကြက်ဥစားခြင်း

ကြက်ဥစားသုံးတာက အာဟာရ အပြည့်အဝ ရရှိနိုင်ပြီး ကုန်ကျစရိတ်နည်းလို့ စားသုံးသူအတွက်လည်း တွက်ခြေကိုက်ပါတယ်။ ကြက်ဥတစ်လုံးမှာ ကယ်လိုရီ ၇၀ နဲ့ သံဓာတ်၊ ပရိုတင်း၊ ဗီတာမင် အေ၊ ဒီ၊ ဘီ ၁၂ တွေ ပါဝင်ပါတယ်။ တစ်နေ့ကို ကြက်ဥတစ်လုံး စားသုံးသူတွေဟာ နှလုံးကျန်းမာရေး အထူးကောင်းမွန်တယ်လို့ သုတေသနတချို့မှာ တွေ့ရှိခဲ့ပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ မနက်စာဖြစ်ဖို့ ကြက်ဥတစ်လုံး၊ သစ်သီးတချို့နဲ့ ကောက်နှံကွေကာ၊ နွားနို့ စတာတွေ ပါဝင်အောင် စားပါ။  


အဆီ စားသုံးခြင်း

အသက်ရှည်လိုရင် အဆီနည်းတဲ့ အစာတွေကိုပဲ စားဖို့ မလိုပါဘူး။ ကနေဒါမှာ ပြုလုပ်တဲ့ သုတေသနမှာ ဆယ်စုနှစ်တစ်ခု အတွင်းမှာ အဆီကို ၁၅ ရာခိုင်နှုန်း လျော့နည်း စားသောက်ပေမယ့် အဝလွန်သူဦးရေ လျော့နည်း မသွားဘူးဆိုတာ တွေ့ရှိခဲ့ပါတယ်။ အဆီကို လုံးဝ မစားဘဲ ရှောင်တာမျိုးတော့ မလုပ်ပါနဲ့။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆီတွေကိုတော့ စားဖို့ လိုပါတယ်။ အစေ့အဆန်တွေကရတဲ့ အဆီ၊ ငါးအဆီတွေက နှလုံးကျန်းမာရေးကို ကောင်းမွန်စေပါတယ်။


အမဲသားကင် မကြာခဏ စားသုံးခြင်း

အနီရောင်အသား ဖြစ်တဲ့ အမဲသားကင် စားသုံးတာက ကျန်းမာရေးနဲ့ မညီညွတ်ဘူးလို့ သင်သိထားပါလိမ့်မယ်။ အမဲသားကင် အနည်းငယ် ပမာဏစားတာက သံဓာတ်၊ ဇင့်နဲ့ ဗီတာမင် ဘီ-၁၂ တွေကို ရရှိတာကြောင့် စားသင့်တယ်လို့ တိုရမ်တိုမှ အာဟာရ ပညာရှင်ရေဇာက ပြောပါတယ်။ အမဲသားကို ကြိုက်နှစ်သက်သူတွေ အနေနဲ့ အလွန်အကျွံ စားသုံးတာ မဟုတ်ရင် သွေးတွင်း ကိုလက်စထရော ပမာဏ မများစေဖို့ အဆီဖယ်ပြီး စားပါ။  

ထမင်းတစ်နပ်နှင့် တစ်နပ်ကြားတွင် သရေစာစားခြင်း

သရေစာ စားတတ်တဲ့အကျင့်က ကိုယ်အလေးချိန် ကျဆင်းစေတာကြောင့် နည်းလမ်းကောင်း တစ်ခုပါ။ ဟုတ်ပါ့မလားလို့ သင်တွေးမိကောင်း တွေးမိပါလိမ့်မယ်။ ပမာဏနဲ့ သင်စားတဲ့ သရေစာပေါ်တော့ မူတည်ပါတယ်။ သရေစာက ကယ်လိုရီနည်းပြီး အမျှင်ဓာတ်များတဲ့ အစေ့အဆန်နဲ့ သစ်သီးတွေကို စားသုံးပေးပါ။  

ကစီဓာတ် စားသုံးခြင်း

ကိုယ်အလေးချိန် လျော့ချလိုသူတွေ အစားအစာ လျှော့ချစားသောက်ရာမှာ ကစီဓာတ်ကို သင့်တင့်အောင် စားသုံးတာက ကိုယ်အလေးချိန်ကို ထိန်းချုပ်နိုင်တာကို တွေ့ရပါတယ်။ ကနေဒါနိုင်ငံမှ အာဟာရဆိုင်ရာ သုတေသီတွေရဲ့ လေ့လာမှုအရ ကစီဓာတ်ကို အလွန်အမင်း လျှော့ချစားသောက်တာ၊ အလွန်အကျွံ စားသုံးတာတွေက ကိုယ်အလေးချိန်ကို လျှော့ချနိုင်မှု မရှိတာကို တွေ့ရပါတယ်။ ကိုယ်အလေးချိန်ကို ထိန်းသိမ်းဖို့ဆိုရင်တော့ ကစီဓာတ်ကို သင့်တင့်တဲ့ ပမာဏ စားသုံးဖို့ လိုတယ်လို့ သုတေသနကို ဦးဆောင်ပြုလုပ်သူ အန်ဝါမားချန့်က ပြောပါတယ်။  

အာလူးကို နှစ်ခြိုက်စွာ စားသုံးခြင်း

အာလူးကြော်က ကျန်းမာရေး မညီညွတ်ဘူး ဆိုပေမယ့် ကျန်းမာရေးနဲ့ ညီညွတ်အောင် စားမယ်ဆိုရင် အာလူးကနေ ဗီတာမင်စီ၊ ပိုတက်စီယမ်နဲ့ အမျှင်ဓာတ်တွေကို ရရှိနိုင်ပါတယ်။ အာလူးကို ပြုတ်ပြီး အရသာထည့်ကာ ထောင်းစားတာ၊ အာလူးမီးဖုတ်ပြီး သုပ်စားတာက ကျန်းမာရေးနဲ့ ညီညွတ်လို့ စားသုံးဖို့ သင့်တော်ပါတယ်။

ဇာခြည်ဝင်း (ဆေးဝါးတက္ကသိုလ်)
by Good Health

Copy From သဘာဝအားအင်

အစာစားပြီးတိုင်း အချိုပွဲ စားခြင်း

အချိုစာတွေကို ကြိုက်နှစ်သက်လို့ စားသုံးတာက ကိုယ်အလေးချိန် တက်စေတယ် ဆိုပေမယ့် သင်စားတဲ့ ပမာဏကို ထိန်းချုပ်စားနိုင်ဖို့ အလွန်အရေးကြီးပါတယ်။ တစ်နေ့တာ ရရှိတဲ့ ကယ်လိုရီရဲ့ ၈၀ ရာခိုင်နှုန်းကို မနက်၊ နေ့လယ်နဲ့ ညစာတွေကနေ ရရှိပြီး ၂၀ ရာခိုင်နှုန်းကိုတော့ သရေစာက နေရရှိပါတယ်။ အချိုစာကို လုံးဝ မစားဘဲ ရှောင်စရာ မလိုပါဘူး။ ပမာဏကို ထိန်းချုပ် စားဖို့တော့ လိုပါတယ်။ 

Trader ဟိုတယ် ပေါက်ကွဲမူ သံသယရှိသူ ကိုဖော်ထုတ်ရရှိ

ရန်ကုန် အောက်တိုဘာ ၁၅
ကုန်သည်ကြီးများ ဟိုတယ်၏ ညသန်းခေါင်ကျော် ပေါကိကွဲမူဖြစ်စဉ် တွင် အဓိက တရားခံကို ဖော်ထုတ် ရရှိထားကြောင်း သက်ဆိုင်ရာမှ သိရသည်။

ဗုံးပေါက်ကွဲမှုများ ဆက်တိုက် ဖြစ်ပွားနေပြီး ရန်ကုန်နှင့် မန္တလေးမြို့များတွင် မပေါက်ကွဲသေးသော ဗုံးနှစ်လုံး တစ်နေ့တည်းတွေ့ရှိ

Photo: ဗုံးပေါက်ကွဲမှုများ ဆက်တိုက် ဖြစ်ပွားနေပြီး ရန်ကုန်နှင့် မန္တလေးမြို့များတွင် မပေါက်ကွဲသေးသော ဗုံးနှစ်လုံး တစ်နေ့တည်းတွေ့ရှိ
Tuesday, October 15, 2013 

ရန်ကုန်တိုင်း ဒေသကြီးနှင့် ပဲခူးတိုင်း ဒေသကြီးအတွင်း ဗုံးပေါက်ကွဲမှုများ ဆက်တိုက် ဖြစ်ပွားခဲ့ပြီးနောက် အောက်တိုဘာ ၁၄ ရက်က ရန်ကုန်နှင့် မန္တလေးမြို့များတွင် မပေါက်ကွဲသေးသော ဗုံးနှစ်လုံး ထပ်မံတွေ့ရှိခဲ့ကြောင်း သတင်းရရှိသည်။

အောက်တိုဘာ ၁၁ ရက် ညပိုင်းက ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့ရှိ ဧည့်ရိပ်သာ တစ်ခုတွင် ဗုံးတစ်လုံး ပေါက်ကွဲခဲ့ပြီးနောက် အောက်တိုဘာ ၁၃ ရက်တွင် ရန်ကုန်တိုင်း ဒေသကြီး အင်းစိန်မြို့နယ်နှင့် သာကေတ မြို့နယ်တို့တွင်လည်း ၁၈ နာရီအတွင်း ပေါက်ကွဲမှုနှစ်ကြိမ် ဖြစ်ပေါ်ခဲ့သည်။ အဆိုပါ ပေါက်ကွဲမှု ဖြစ်စဉ်များအပြီး ရန်ကုန်နှင့် မန္တလေးမြို့များ၌ တစ်နေ့တည်း မပေါက်ကွဲသေးသော ဗုံးနှစ်လုံးအား တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

အောက်တိုဘာ ၁၄ ရက် နံနက် ၁၀ နာရီခန့်တွင် အလုံမြို့နယ်၊ ကမ်းနားလမ်း၊ စောရန်ပိုင် အနောက်ရပ်ကွက်ရှိ WESTERN PARK RUBY စားသောက်ဆိုင် အတွင်းရှိ စားပွဲခုံနံပါတ် (၁၉) အောက်တွင် စားပွဲထိုး တာဝန်ကျ သန့်ရှင်းရေး လုပ်နေသော ကျော်ဇေယျာမင်း (၁၈) နှစ်မှ ကြွပ်ကြွပ်အိတ် အမည်းရောင်ဖြင့် အထုပ်တစ်ထုပ်အား တွေ့ရှိခဲ့ပြီး ဆိုင်တာဝန် ရှိသူများအား ပြောပြခဲ့ကြောင်း သိရသည်။

ထို့နောက် ဆိုင်တာဝန် ရှိသူများက အဆိုပါ အမည်းရောင် ကြွပ်ကြွပ်အိတ်ထုပ်အား ဆိုင်၏ အနောက်ဘက်သို့ ယူဆောင်ပြီး ဖွင့်ကြည့်စဉ် ၀ိုင်ယာကြိုးနှစ်ကြိုး၊ ခလုတ်နှစ်ခုနှင့် ဒိုင်ခွက်ပါ အရာတစ်ခုအား တွေ့ရှိရာ ဓာတ်ပုံရိုက်၍ အလုံမြို့မ ရဲစခန်းသို့ သွားရောက်ပြသ တိုင်ကြားခဲ့ကြောင်း သိရသည်။

အလုံမြို့မ ရဲစခန်းမှ စခန်းမှူး အပါအ၀င် တာဝန်ရှိသူများ အဆိုပါ စားသောက်ဆိုင်သို့ ရောက်ရှိလာပြီး ယင်းအထုပ်အား စစ်ဆေးကြည့်ရာ ဗုံး (သို့မဟုတ်) ချိန်ကိုက်ဗုံးဟု ယူဆရသော အလျားလေးလက်မ၊ အနံနှစ်လက်မ၊ အ၀ါရောင်နှင့် အဖြူရောင် ၀ိုင်ယာကြိုး ဆက်သွယ်ထားသော ဒိုင်ခွက်ပါ အရာတစ်ခုကို တွေ့ရှိခဲ့ရကြောင်း သိရသည်။

''အဲဒီဆိုင်မှာ CCTV တပ်ဆင်ထားတာ မရှိပါဘူး။ ကျွန်တော်တို့ ရောက်တဲ့အချိန်မှာ စစ်ဆေးကြည့်လိုက်တော့ အဲဒီအရာက ချိန်ကိုက်ဗုံးလို့ ယူဆရတယ်။ အဲဒီနောက်မှာ ဘေးပတ်ဝန်းကျင်တွေကို အန္တရာယ် မဖြစ်အောင် အဲဒီအရာကို ကားတာယာ သုံးကွင်းနဲ့ ထပ်စွပ်လိုက်တယ်။ ပြီးတော့ လူတွေကို အဲဒီနေရာနဲ့ အဝေးကို ရွှေ့တယ်။ ပြီးတော့ အဲဒီခြံဝင်းထဲမှာရှိတဲ့ ကားအစီး ၂၀ လောက်ကို ရွှေ့တယ်။ အဲဒီနောက်မှာ တိုင်းခရိုင် တာဝန်ရှိသူတွေ၊ ပြီးတော့ စစ်မြေပြင် အင်ဂျင်နီယာ အဖွဲ့ကို ဖုန်းဆက် အကြောင်းကြားခဲ့ပါတယ်။ အဲဒီဖြစ်စဉ်ကိုတော့ တိုင်းရဲတပ်ဖွဲ့ကပဲ တာဝန်ယူ စစ်ဆေးသွားမယ်လို့ သိရပါတယ်'' ဟု အလုံမြို့မ ရဲစခန်းက စခန်းမှူး ဒုရဲမှူးဝင်းနိုင်က အောက်တိုဘာ ၁၄ ရက် မွန်းလွဲပိုင်းတွင် ပြောသည်။

ထို့နောက် တာဝန်ရှိသူများ ရောက်ရှိလာပြီး မွန်းတည့် ၁၂ နာရီခန့်တွင် အမှတ် (၉၀၅) စစ်မြေပြင် အင်ဂျင်နီယာဌာနမှ တာဝန်ရှိသူများ ထပ်မံရောက်ရှိလာကာ ဗုံး (သို့မဟုတ်) ချိန်ကိုက်ဗုံးဟု ယူဆရသော အရာများကို ထပ်မံ စစ်ဆေးခဲ့ပြီး ''မိုင်း'' ဟု အတည်ပြုခဲ့ကာ ထပ်မံစစ်ဆေးရန်အတွက် ယူဆောင် သွားခဲ့ကြောင်း သိရသည်။

အဆိုပါ ဗုံးတွေ့ရှိခဲ့သည့် ဖြစ်စဉ်နှင့် ပတ်သက်၍ ၎င်းစားသောက်ဆိုင်မှ လက်ထောက် အထွေထွေ မန်နေဂျာ ကိုဝင်းဗိုလ်က ''မနေ့က ညပိုင်းမှာ အဲဒီစားပွဲဝိုင်းမှာ မိသားစု သုံးယောက်တစ်ဖွဲ့ အရင်ထိုင်တယ်။ အဲဒီမိသားစုက တစ်နာရီခွဲ ၀န်းကျင်လောက်ကြာအောင် စားသောက်ပြီး ပြန်သွားကြတယ်။ ပြီးတော့ အဲဒီစားပွဲဝိုင်းကို သန့်ရှင်းရေးလုပ်ပြီးတဲ့ နောက်ပိုင်းမှာ လာစားတဲ့ လူသုံးယောက်က အကုန်လုံး အသက် ၃၀ ၀န်းကျင်ပဲ ရှိတယ်။ ဘာစားသောက် ဖွယ်ရာမှ မမှာဘဲ ဘီယာနှစ်လုံး မှာပြီးတော့ မိနစ် ၂၀ လောက်ပဲ စားသောက်ပြီး ပြန်သွားကြတယ်။ ဘာမှ မှာမစားတဲ့အတွက် အဲဒီစားပွဲဝိုင်းကိုထပ်ပြီး သန့်ရှင်းရေး မလုပ်လိုက်မိပါဘူး။ မနက် ခုံအောက်ပိုင်းတွေ ကြမ်းပြင်တွေကို သန့်ရှင်းတွေလုပ်တဲ့ စားပွဲထိုး ကောင်လေးက တွေ့တာပါ'' ဟု ပြောကြားသည်။

အလားတူ မန္တလေးမြို့၊ အောင်မြေသာ စံမြို့နယ်၊ ကျုံးအနောက်ဘက် လမ်း ၈၀၊ ၁၆ လမ်းထောင့်ရှိ ရွှေဘဲ စားသောက်ဆိုင်တွင် အောက်တိုဘာ ၁၄ ရက် မွန်းလွဲ ၁ နာရီခွဲခန့်က အမေရိကန်နိုင်ငံလုပ် M 67 အမျိုးအစား ဗုံးတစ်လုံး တွေ့ရှိခဲ့ကြောင်း သိရသည်။

အဆိုပါ လက်ပစ်ဗုံးအား အေအေဓာတ်ခဲ ခြောက်လုံးနှင့် စားပွဲတင်နာရီတွဲကာ ချိန်ကိုက်ဗုံးအဖြစ် ပြုလုပ်ထားခြင်းဖြစ်ပြီး ယင်းဆိုင်ဝန်ထမ်းမှ တွေ့ရှိရာ ၁၆ လမ်း ၊ ၈၀ နှင့် ၈၁ လမ်းကြားတွင် ပြောင်းရွှေ့ပြီး သက်ဆိုင်ရာသို့ အကြောင်းကြားခဲ့သည်။

ထို့နောက် တပ်မတော် ဖောက်ခွဲရေးတပ်၊ သက်ဆိုင်ရာ ရဲတပ်ဖွဲ့နှင့် မီးသတ်တပ်ဖွဲ့၊ စည်ပင်ဝန်ထမ်းများမှ မိုင်းရှင်းလင်းခြင်းများ ဆောင်ရွက်ခဲ့သည်။ အဆိုပါဗုံးမှာ ပေါက်ကွဲမှုဖြစ်ပါက အန္တရာယ် များသောကြောင့် ကားတာယာနှင့် သဲအိတ်များ ကာရံ၍ ညနေ ၃ နာရီတွင် ဖောက်ခွဲပစ်ခဲ့ရသည်။

ယင်းနောက် ရွှေဘဲစားသောက်ဆိုင် အတွင်း ဆက်လက် ရှာဖွေမှုများ ပြုလုပ်ခဲ့ပြီး ဗုံးရှင်းလင်းရေး အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ''ရွှေဘဲစားသောက်ဆိုင် ခုံနံပါတ် ၁၄ မှာ ထိုင်စားသွားတဲ့ ဧည့်သည်နှစ်ဦးက ခုံအောက်မှာ ထားသွားတာကို ၀ိတ်တာက တွေ့တာ။ စီစီတီဗွီမှာလည်း တွေ့ရပါတယ်။ အမေရိကန် နိုင်ငံလုပ် လက်ပစ်ဗုံးပါ'' ဟု ဆိုသည်။

ထိုသို့ ဗုံးတွေ့ရှိမှုကြောင့် ရွှေဘဲစားသောက်ဆိုင်အတွင်း ရှာဖွေမှုများ ပြုလုပ်နေစဉ် ချမ်းအေးသာစံမြို့နယ် ၆၂ လမ်း၊ ၂၉-၃၀ လမ်းကြားရှိ ဝေပုလ္လာရာမ ကျောင်းတိုက်ရှေ့တွင်လည်း ဗုံးဟုယူဆရသော မသင်္ကာဖွယ် ကျောပိုးအိတ်ကို လာရောက် ပစ်သွားကြောင်း စည်ပင်ဝန်ထမ်းတစ်ဦးမှ သတင်းပေးရာ အဆိုပါ နေရာ၌လည်း စစ်ဆေး ဆောင်ရွက်မှုများ နှစ်နာရီကျော်ကြာ ပြုလုပ်ခဲ့သော်လည်း ယင်းအထုပ်တွင်း၌ အ၀တ်စများနှင့် ဂျာနယ် စက္ကူများသာ ပါရှိကြောင်း သိရသည်။

Eleven Media Group

WESTERN PARK RUBY စားသောက်ဆိုင်အတွင်း ချိန်ကိုက်ဗုံး တွေ့ရှိခဲ့ရသည့် စားပွဲအား တွေ့ရစဉ် (ဓာတ်ပုံ-မင်းသိန်းနိုင်)


ရန်ကုန်တိုင်း ဒေသကြီးနှင့် ပဲခူးတိုင်း ဒေသကြီးအတွင်း ဗုံးပေါက်ကွဲမှုများ ဆက်တိုက် ဖြစ်ပွား ခဲ့ပြီးနောက် အောက်တိုဘာ ၁၄ ရက်က ရန်ကုန်နှင့် မန္တလေးမြို့များတွင် မပေါက်ကွဲသေးသော ဗုံးနှစ်လုံး ထပ်မံတွေ့ရှိခဲ့ကြောင်း သတင်းရရှိသည်။

စစ်ကိုင်း တွင် ဗုံး ၂ လုံးကွဲ

စစ်ကိုင်းမြို့ ရွှေပြည့်စုံ ဟိုတယ် စားသောက်ခန်းမ မှာ ယနေ့နံနက် ၃နာရီခွဲ၊ ဆွမ်းဦးပုညရှင် မုဒ်ဦးစောင်း တန်းမှာ နံနက် ၅နာရီ ၄၅ မိနစ်တို့မှာ ဗုံးအသီးသီးပေါက်ကွဲ ခဲ့ပြီး ထိခိုက်ဒဏ်ရာရမှုမရှိဘူးလို့ စစ်ကိုင်း တိုင်း ဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကြည်နိုင်က ပြောပါတယ်။

သံတွဲပဋိပက္ခ ဖြစ်စဉ်တွင် သံသယရှိ၍ စစ်ဆေးနေသူ ၇၈ ဦးအနက် လူသတ်မှုနှင့် ဖြောင့်ချက်ပေးသူ ခြောက်ဦးရှိပြီး မီးရှို့ကြောင်း စစ်ဆေးပေါ်ပေါက်သူ ၂၈ ဦးရှိဟု ပြည်ထဲရေး ၀န်ကြီးဌာန သတင်းထုတ်ပြန်

ရခိုင်ပြည်နယ် သံတွဲမြို့နယ်တွင် စက်တင်ဘာ ၂၈ ရက်က စတင်ဖြစ်ပွားခဲ့သည့် ပဋိပက္ခ ဖြစ်စဉ်တွင် မီးရှို့ခြင်း၊ လူသတ်ခြင်းများ ပြုလုပ်ခဲ့ကြသည်ဟု သံသယရှိသဖြင့် ခေါ်ယူထိန်းသိမ်း စစ်ဆေးမေးမြန်း လျက်ရှိသူ ၇၈ ဦးအနက် လူသတ်မှုနှင့် ပတ်သက်၍ ဖြောင့်ချက်ပေးသူ ခြောက်ဦးရှိပြီး မီးရှို့ကြောင်း စစ်ဆေးပေါ်ပေါက်သူ ၂၈ ဦး ရှိသည်ဟု အောက်တိုဘာ ၁၄ ရက် ညပိုင်းက မြန်မာ့ ရုပ်မြင်သံကြား၏ သတင်းဖော်ပြချက်အရ သိရသည်။ ထို့ပြင် မီးရှို့ခြင်း၊ လူသတ်ခြင်းများ ပြုလုပ်ခဲ့ကြသည်ဟု သံသယ ရှိသဖြင့် ခေါ်ယူထိန်းသိမ်း စစ်ဆေးမေးမြန်း လျက်ရှိသူ ၇၈ ဦးအနက် ငါးဦးမှာ စစ်ဆေးပေါ်ပေါက်မှု မရှိသဖြင့် အောက်တိုဘာ ၁၄ ရက်တွင် ပြန်လွှတ်ပေး လိုက်သည်ဟု သတင်းတွင် ဖော်ပြထားသည်။

Monday, October 14, 2013

ဆရာများအား မကျေနပ်၍ တိုင်ကြားပါးက စစ်ဆေးအရေးယူနိုင်သော်လည်း အသင်အပြမကောင်းခြင်းကြောင့် ဆရာလဲလှယ်ပေးသည့်မူကို ချမှတ်ထားခြင်း မရှိဟုဆို

ဆရာ၊ ဆရာမများအား ကျောင်း သားမိဘများက မကျေနပ်၍ တိုင်ကြားပါက စစ်ဆေးအရေး ယူနိုင်သော်လည်း အသင်အပြ မကောင်းခြင်းကြောင့် ဆရာလဲ လှယ်ခွင့်ပေးနိုင်သည့်မူကို ချမှတ် ထားခြင်း မရှိ ကြောင်း ပညာရေး အသိုင်းအဝိုင်းမှ သိရသည်။ စာအသင်အပြ မကောင်း ပါက ယင်းဆရာ၊ ဆရာမအား လဲလှယ်ပေးခွင့်ရှိသည်ဟု သတင်း စာစောင်တစ်ခုတွင် ဖော်ပြထား ခြင်းမှာမှားယွင်းကြောင်း ဒဂုံမြို့ နယ် အမှတ်(၂) အခြေခံပညာ အထက် တန်း ကျောင်း ကျောင်း အုပ်ကြီး ဦးအေးသင်းက ပြောသည်။

ရန်ကုန်ကို နိုင်ငံတော်အဆင့်လုံခြုံရေးအဖြစ်တိုးမြှင့်

Photo: ရန်ကုန်ကို နိုင်ငံတော်အဆင့်လုံခြုံရေးအဖြစ်တိုးမြှင့်
Monday, October 14, 2013

ရန်ကုန် ၊ အောက်တိုဘာ ၁၃ ။ ။ ရန် ကုန်တိုင်းဒေသကြီး အင်းစိန်မြို့ နယ်ရှိ ကားမှတ်တိုင်တွင် ဗုံး ပေါက်ကွဲမှု ဖြစ်ပွားခဲ့သဖြင့် ရန် ကုန်မြို့တော် ၏ လုံခြုံရေးကို နိုင်ငံတော်အဆင့် လုံခြုံရေးအဖြစ် သတ်မှတ်ပြီး လုံခြုံရေး
ကိုအဆင့် နှစ်ဆင့်ဖြင့် ဆောင်ရွက်နေပြီဖြစ် ကြောင်း ရန်ကုန်အရှေ့ပိုင်း ခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ အဆင့်မြင့်အရာ ရှိတစ်ဦးက ရန်ကုန်တိုင်းမ်နေ့စဉ် သို့ ထုတ်ဖော်ပြောသည်။

ယခုအခါ ရန်ကုန်တိုင်းဒေသကြီးအပါအဝင်နှင့် ပဲခူးတိုင်းဒေသကြီး
တောင်ငူ တို့တွင် ယခုရက် ပိုင်းအတွင်း ဗုံးပေါက်ကွဲမှုများဖြစ်ပွားခဲ့ပြီး
ညောင်လေးပင်၊ ဖြူးမြို့ နယ်တို့တွင် လက်လုပ်မိုင်း၊ ဗုံးများ ဆက်တိုက်
နီးပါးတွေ့ရှိနေသဖြင့် ရန်ကုန်ကို ယင်းကဲ့သို့ လုံခြုံရေး ဆောင်ရွက်
ရခြင်းဖြစ်ကြောင်း သိရသည်။

ယင်းကဲ့သို့ ဆောင်ရွက်ရာ တွင် ပထမဆင့်အနေဖြင့် မြင် သာမှုရှိသော လှည့်ကင်းရဲကင်း များဖြင့် ဆောင်ရွက်နေပြီး နောက် တစ်ဆင့်အနေဖြင့် လျှို့ဝှက်ကာ စုံစမ်း ထောက်လှမ်းခြင်းများဖြင့် လုံခြုံရေးကို အရေးပေါ်ေ ဆာင် ရွက်လျက်ရှိကြောင်းသိရသည်။

''ဗုံးကွဲတာနဲ့ ပတ်သက်ပြီး မသင်္ကာသူတွေကို စုံစမ်းစစ်ဆေး မှုတွေ ပြု လုပ်နေ ဆဲပါ။ လော လောဆယ်တော့ ဘာမှပြောလို့ မရသေးပါ ဘူး။ လုံခြုံရေးကိုနိုင်ငံ တော်အဆင့်အနေနဲ့ အရေးတ ကြီးထားပြီး ဆောင် ရွက်နေပါ တယ်။ လုံခြုံရေး လုပ်ငန်းတွေ ကိုလဲ အဆင့်နှစ်ဆင့်နဲ့ ဆောင် ရွက်နေပါတယ်''ဟုပြောသည်။

Yangon Media Group
ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်ရှိ ကားမှတ်တိုင်တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သဖြင့် ရန်ကုန် မြို့တော်၏ လုံခြုံရေးကို နိုင်ငံတော်အဆင့်လုံခြုံရေးအဖြစ်သတ်မှတ်ပြီး လုံခြုံရေးကိုအဆင့်နှစ် ဆင့်ဖြင့် ဆောင်ရွက်နေပြီဖြစ်ကြောင်း ရန်ကုန်အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ အဆင့်မြင့်အရာရှိ တစ်ဦးက ရန်ကုန်တိုင်းမ်နေ့စဉ်သို့ ထုတ်ဖော်ပြောသည်။

အမေရိကန်သွားမယ့် မြန်မာဒုက္ခသည်တွေ ကြန့်ကြာမှုနဲ့ကြုံ

Photo: အမေရိကန်သွားမယ့် မြန်မာဒုက္ခသည်တွေ ကြန့်ကြာမှုနဲ့ကြုံ
Monday, October 14, 2013

အမေရိကန်ပြည်ထောင်စုမှာ အစိုးရလုပ်ငန်းတွေ မလည်ပတ်နိုင်ဘဲ ရပ်ဆိုင်းနေတဲ့ အခြေအနေက မြန်မာဒုက္ခသည်တွေအပါအ၀င် အာဖရိက၊ အာရှနဲ့ အရှေ့အလယ်ပိုင်းက ဒုက္ခသည်တွေကိုပါ ဂယက်ရိုက်လာပါတယ်။ အခုဆိုရင် ထိုင်း-မြန်မာနယ်စပ်အခြေစိုက် ဒုက္ခသည်စခန်းတွေက မြန်မာ ဒုက္ခသည် ၂၀၀ လောက်ဟာ ဒီအောက်တိုဘာလထဲမှာ အမေရိကန်ပြည်ထောင်စုကို ပြောင်းရွှေ့အခြေချမယ့် အစီအစဉ်တွေ နှောင့်နှေးခဲ့ရသလို အခြေချနေထိုင်ခွင့် ဗီဇာကံစမ်းမဲနဲ့ ပတ်သက်တဲ့ လုပ်ငန်းတချို့မှာလည်း ကြန့်ကြာမှုတွေ ရှိနေတာပါ။ ဒါ့အပြင် အမေရိကန်ပြည်ထောင်စုမှာ ရောက်နေပြီးသား ဒုက္ခသည်တွေကို အကူအညီပေးရေး အစီအစဉ်တွေမှာလည်း အခက်အခဲတွေ ရှိလာနေတဲ့အကြောင်းကို ဗွီအိုအေသတင်းထောက် Kane Farabaugh ရဲ့ သတင်းပေးပို့ချက်နဲ့အတူ မနန္ဒာချမ်းကတင်ပြပေးထားပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ Obamacare လို့ခေါ်တဲ့ တန်ဖိုးနည်း ကျန်းမာရေး အာမခံအတွက် အစိုးရအသုံးစရိတ်ဥပဒေမူကြမ်းကိစ္စ အစိုးရနဲ့ Republican အမတ်တွေအကြား ညှိနှိုင်းလို့မရ ဖြစ်ခဲ့ပြီးတဲ့နောက် အောက်တိုဘာလ ၁ ရက်နေ့ကစပြီး အစိုးရလုပ်ငန်းတွေ  မလည်ပတ်နိုင်ဘဲ ရပ်ဆိုင်းထားရတာ အခုဆိုရင် သီတင်းနှစ်ပတ် နီးပါးရှိလာပြီဖြစ်ပါတယ်။ ဒီဂယက်က အာဖရိက၊ အာရှနဲ့ အရှေ့အလယ်ပိုင်းကနေ အမေရိကန် ပြည်ထောင်စုကို လာရောက် အခြေချနေထိုင်ကြဖို့ရှိနေတဲ့ ဒုက္ခသည်တွေကိုပါ ရိုက်ခတ်လာတာပါ။ ဒီအထဲမှာ ထိုင်း-မြန်မာနယ်စပ်က မြန်မာဒုက္ခသည် တွေလည်း ပါဝင်ပါတယ်။ ထိုင်းနယ်စပ် တာ့ခ်ခရိုင်မှာရှိတဲ့ အုန်းဖြန်ဒုက္ခသည်စခန်းက မြန်မာဒုက္ခသည် ၇၀ ကျော်ဟာ အောက်တိုဘာလ ၄ ရက်၊ ၈ ရက်နဲ့ ၁၄ ရက်တွေမှာ အမေရိကန်ပြည်ထောင်စုကို ထွက်ခွာမယ့် အစီအစဉ် ပျက်သွားခဲ့ပြီး ဒီလထဲ နောက်ထပ်သွားမယ့် ဒုက္ခသည်တွေရဲ့ အခြေအနေဟာလည်း မရေရာတဲ့ အနေအထားမှာ ရှိနေဆဲဖြစ်တယ်လို့ အုန်းဖြန်ဒုက္ခသည်စခန်းတာဝန်ခံက ဗွီအိုအေကို အခုလို ပြောပြပါတယ်။

“၄ ရက်နဲ့ ၁၄ ရက်နေ့ အမေရိကားကို ထွက်မယ့် အုန်းဖြန်ဒုက္ခသည်စခန်းက ဒုက္ခသည်တွေက ဘာကိစ္စမှန်းကျနော်တို့မသိဘူးပေါ့လေ- သူတို့ ခနရပ်ဆိုင်းထားတယ်။ သူတို့  IOM ကနေအကြောင်းကြားလာတယ်။ ဒီလူတွေဟာ ခန ရပ်နားထားတယ်-တဲ့။ ဘယ်နေ့ ဘယ်ရက်ထွက်ရမလဲ မလာသေးဘူးနော်။ ဆက်စောင့်နေရအုံးမယ်လို့တော့ ပြောတာပဲ။ ၄ ရက်နေ့က ၈ ယောက်နော်၊ ၈ ရက်နေ့က ၂၀၊ ၁၄ ရက်နေ့က ၄၃ ယောက်၊ အားလုံးပေါင်း ၇၁ ယောက်နော်။ အခု နောက်သတင်းထပ်ကြားတာက ၁၈ ရက်နေ့ ထွက်ဖို့က အယောက် ၂၀ ရှိတယ်။ ၂၁ ရက်နေ့မှာက ၃၅ ယောက်၊ ၂၂ ရက်နေ့မှာက ၁၂ ယောက်၊ ၂၅ ရက်နေ့မှာက ၃ ယောက် အားလုံး လူ ၉၀ နော်- အားလုံး ready သူတို့လုပ်ထားပြီးပြီ။ အခုတော့ တစ်ယောက်မှ သွားမဖြစ်သေးဘူး။”
ဒါ့အပြင် အခုလိုဖြစ်ရပ်မျိုး ကြုံဖူးတာဟာ ဒါ ပထမဆုံးဖြစ်ပြီး - အရင်က အမေရိကန်ပြည်ထောင်စုကနေ မြန်မာဒုက္ခသည်တွေကို ခေါ်ယူတဲ့အခါတိုင်း ဒီလို နှောင့်နှေးကြန့်ကြာမှုမျိုး၊ ခရီးစဉ်ပျက်ရတာမျိုးတွေ မရှိခဲ့ဘူးလို့လည်း အုန်းဖြန်ဒုက္ခသည်စခန်းတာဝန်ခံက ပြောပြပါတယ်။

“ခရီးသွားနေတဲ့လူတစ်ယောက်ကတော့ သတ်မှတ်တဲ့ရက်ရောက်တဲ့အချိန်မှာ သူကတော့ သွားချင်တာပေါ့နော်။ သို့သော်လည်းပဲ အခြေအနေ မပြေလည်မှုရှိတဲ့အပေါ်မှာ သည်းခံပြီးတော့ စောင့်ကြတာပေါ့။ ဒီလိုမျိုးတစ်ခါမှ လေး-ငါး-ခြောက်နှစ်အတွင်းမှာ ဒီလိုမျိုး တစ်ခါမှ မဖြစ်ခဲ့ဖူးဘူးဗျ။ ဒါ ပထမဆုံးအကြိမ်ပဲထင်တယ်။”

ထိုင်းနယ်စပ်တလျှောက်မှာ မြန်မာဒုက္ခသည်တွေ သိန်းနဲ့ချီရှိပြီး - မြန်မာနိုင်ငံမှာ နိုင်ငံရေးအပြောင်းအလဲတွေဖြစ်လာပြီးတဲ့နောက် ဒီဒုက္ခသည်တွေကို နေရပ်ပြန်လည်နေထိုင်းရေး အစီအစဉ်တွေ ထိုင်း-မြန်မာ နှစ်နိုင်ငံအစိုးရကတွေက လုပ်ဆောင်နေတာပါ။ ဒီအထဲကမှ UNHCR ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးရဲ့ အသိအမှတ်ပြုခံထားရသူတချို့သာ တတိယနိုင်ငံတွေကို ထွက်ခွာရမှာဖြစ်ပါတယ်။ အမေရိကန်အစိုးရကလည်း ဒုက္ခသည်ဦးရေ ၃၀၀၀ လောက်ကို အမေရိကန်ပြည်ထောင်စုမှာ ပြောင်းရွှေ့အခြေချနေထိုင်ဖို့အတွက် ၂၀၁၃ ခုနှစ် ဇွန်လဆန်းက နောက်ဆုံးထားစာရင်းကောက်ယူခဲ့ပါတယ်။ ဒီစာရင်းထဲကမှ အခုလို အသုတ်လိုက် အမေရိကန်ကို ထွက်ခွာဖို့ လုပ်ဆောင်နေတာပါ။

ဒါ့အပြင် အစိုးရလုပ်ငန်းတွေ ရပ်ဆိုင်းထားတဲ့အခြေအနေက အမေရိကန် ပြည်ထောင်စုကို ရောက်နှင့်ပြီးသား ဒုက္ခသည်တွေကို အကူအညီပေးရေး အခြေအနေတွေမှာလည်း အခက်အခဲတွေ ကြုံနေရတာပါ။ ဒါကြောင့် ဒုက္ခသည်အခြေချနေထိုင်ရေး အကူအညီပေးနေတဲ့ International Institute က Suzane LeLaurin ကတော့ အစိုးရလုပ်ငန်းတွေ ရပ်ဆိုင်းနေတဲ့အတွက် ခိုလှုံဖို့ လာမယ့်သူတွေ အခက်အခဲတွေ့ရတဲ့အထိ ဖြစ်ရတာဟာ အမေရိကန် ပြည်ထောင်စုအတွက် ရှက်စရာကောင်းတဲ့ ဖြစ်ရပ်လို့ ပြောပါတယ်။

"ကျမတို့ တိုင်းပြည်အတွက်တော့ ဒါဟာ ကောင်းတဲ့ကိစ္စမဟုတ်ပါဘူး။ ကမ္ဘာတ၀ှမ်း ကျမတို့ရဲ့ ဂုဏ်သိက္ခာအတွက်လည်း မကောင်းပါဘူး။ ကျမအထင် အားလုံးက ဖြစ်စေချင်တဲ့ဆန္ဒကတော့ ရီပတ်ဘလစ်ကန်နဲ့ ဒီမိုကရက်တွေ အတူထိုင်ပြီး အစိုးရကလုပ်ငန်းတွေ ပြန်လည်ပတ်နိုင်ရေး သဘောတူညီချက်ရအောင် လုပ်ကြဖို့ပဲ ဖြစ်ပါတယ်။"

သူ အကူအညီပေးနေတဲ့ မစ်ဇူရီပြည်နယ်မှာ လတ်တလောကိုပဲ မြန်မာနိုင်ငံက ဒုက္ခသည်တွေအပါအ၀င် အခြေချနေထိုင်ဖို့ အစီအစဉ်တွေ ရပ်ဆိုင်းနေတဲ့သူ ၃၀ ကျော်ရှိပါတယ်။

“ကျမတို့အဖွဲ့အနေနဲ့ ဒုက္ခသည်အဖြစ် အမေရိကန်ကို လာရောက် အခြေချနေ ထိုင်မယ့်သူတွေကို ကူညီပေးနေတဲ့ ကုန်ကျစရိတ် ၇၀ ရာခိုင်နှုန်းလောက်က အစိုးရဆီက ရနေတာပါ။”

တကယ်လို့သာ အစိုးရလုပ်ငန်းရပ်ဆိုင်းမှု အခြေအနေ ဆက်ဖြစ်နေဦးမယ် ဆိုရင်တော့ ဒီဒုက္ခသည်တွေကို ကူညီနေတဲ့ အိမ်ငှားစရိတ်၊ ရေဖိုးမီးဖိုး နဲ့ အစားအသောက်ကအစ ကျမတို့ ၀န်ထမ်းတွေ လခ အဆုံး - အကုန်လုံးမှာ အခက်အခဲတွေ ရှိလာမယ်လို့လည်း ဆူဇန် က ပြောဆိုခဲ့ပါတယ်။

အလားတူ ဒီဂယက်က ဒုက္ခသည်အစီအစဉ်မှာတင် မဟုတ်ပါဘူး။ အခြေချ နေထိုင်ခွင့် ဗီဇာကံစမ်းမဲနဲ့ ပတ်သက်တဲ့ လုပ်ငန်းတချို့မှာလည်း ကြန့်ကြာမှုတွေဖြစ်နေတာပါ။ ရန်ကုန်မှာရှိတဲ့ အမေရိကန်သံရုံးကနေ DV ဗီဇာကံစမ်းမဲအကြောင်း သိသင့်တဲ့ အချက်အလက်တွေနဲ့ပတ်သက်ပြီး ဟောပြောပွဲတွေ ၃ ကြိမ်လုပ်ဖို့ စီစဉ်ထားတာမှာ စက်တင်ဘာလကုန်က တကြိမ်သာ ပြုလုပ်နိုင်ခဲ့ပြီး အောက်တိုဘာလထဲ လုပ်ဖို့ စီစဉ်ထားတဲ့ ၂ ခုကိုတော့ ဖျက်သိမ်းတဲ့အကြောင်း U.S. Embassy Rangoon ရဲ့ Facebook စာမျက်နှာမှာ တရားဝင်ကြေညာထားပါတယ်ရှင်။

ထိုင်း-မြန်မာနယ်စပ်မှ ဒုက္ခသည်စခန်းတစ်ခု။
VOA


အမေရိကန်ပြည်ထောင်စုမှာ အစိုးရလုပ်ငန်းတွေ မလည်ပတ်နိုင်ဘဲ ရပ်ဆိုင်းနေတဲ့ အခြေအနေ က မြန်မာဒုက္ခသည်တွေအပါအ၀င် အာဖရိက၊ အာရှနဲ့ အရှေ့အလယ်ပိုင်းက ဒုက္ခသည်တွေကိုပါ ဂယက်ရိုက်လာပါတယ်။ အခုဆိုရင် ထိုင်း-မြန်မာနယ်စပ်အခြေစိုက် ဒုက္ခသည်စခန်းတွေက မြန်မာ ဒုက္ခသည် ၂၀၀ လောက်ဟာ ဒီအောက်တိုဘာလထဲမှာ အမေရိကန်ပြည်ထောင်စု ကို ပြောင်းရွှေ့ အခြေချမယ့် အစီအစဉ်တွေ နှောင့်နှေးခဲ့ရသလို အခြေချနေထိုင်ခွင့် ဗီဇာကံစမ်းမဲနဲ့ ပတ်သက်တဲ့ လုပ်ငန်း တချို့မှာလည်း ကြန့်ကြာမှုတွေ ရှိနေတာပါ။ ဒါ့အပြင် အမေရိကန်ပြည်ထောင်စုမှာ ရောက်နေပြီးသား ဒုက္ခသည်တွေကို အကူအညီပေးရေး အစီအစဉ်တွေမှာလည်း အခက်အခဲတွေ ရှိလာနေတဲ့အကြောင်းကို ဗွီအိုအေသတင်းထောက် Kane Farabaugh ရဲ့ သတင်းပေးပို့ချက်နဲ့အတူ မနန္ဒာချမ်းကတင်ပြပေး ထားပါတယ်။

ဆီးအိမ်ကင်ဆာကာကွယ်နိုင်သောနည်းလမ်း(အမျိုးသမီးများအတွက်)

အသီးအနှံများနှင့် ဟင်းသီးဟင်းရွက် များအား ပိုမို စားသုံးခြင်းသည် အမျိုးသမီး များတွင် ဆီးအိမ် ကင်ဆာရောဂါ ဖြစ်ပွားနိုင်မှု နှုန်းကို လျှော့ချ ပေးနိုင်ကြောင်း အမေရိကန် နိုင်ငံရှိ သုတေသီ များက ပြောကြားထားသည်။

ပဲခူးတိုင်းဒေသကြီး၌ အမျိုးသမီးတစ်ဦး ခေါင်းဖြတ်အသတ်ခံရမှု၊ န၀ဒေး တံတားအောက် လူသတ် ပစ္စည်း လုယူမှု၊ ဗုံးပေါက်ကွဲမှုနှင့် ခရီးသည်တင် ယာဉ်ပေါ်တွင် ဗုံးတွေ့ရှိမှု စသည့်ဖြစ်စဉ်များ ကိုးလအတွင်း ဖြစ်ပွားခဲ့ပြီး ကျူးလွန်သူများကို ဖမ်းဆီးရမိခြင်း မရှိသေး

၁၄.၁၀.၂၀၁၃၊ တနင်္လာနေ့
၂၀၁၃ ခုနှစ်အတွင်း ပဲခူးတိုင်း ဒေသကြီး၌ အမျိုးသမီးတစ်ဦး ခေါင်းဖြတ်ခံရသည့် ဖြစ်စဉ်၊ န၀ဒေး တံတားအနီး လူသတ် ပစ္စည်းလုခဲ့သည့် ဖြစ်စဉ်၊ ခရီးသည်တင် ယာဉ်ပေါ်တွင် ဗုံးတွေ့ရှိမှု ဖြစ်စဉ်နှင့် ဗုံးပေါက်ကွဲမှု စသည့်ဖြစ်စဉ်များ ဖြစ်ပွားခဲ့သော်လည်း ကျူးလွန်သူများကို ယခုထိ ဖော်ထုတ်နိုင်သေးခြင်း မရှိသေးကြောင်း သက်ဆိုင်ရာ တာဝန်ရှိသူများအား စုံစမ်းချက်များအရ သိရသည်။

နိုင်ငံရေးနှင့် ဆက်နွှယ်သော ပုဒ်မ ၅၀၅ (ခ) ဖြင့် အရေးယူ ခံရသူများကိုသာ လွှတ်ပေးရန် တောင်းဆိုမည်

ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅၀၅ (ခ) နှင့် ပြစ်ဒဏ်ကျခံ ရသူများကို နိုင်ငံရေး အကျဉ်းသားဟု ဆိုနိုင်သော်လည်း နိုင်ငံရေးနှင့် ဆက်နွှယ်သော ပုဒ်မ ၅၀၅ (ခ) ဖြင့် အရေးယူ ခံရသူများကိုသာ လွှတ်ပေးရန် တောင်းဆိုသွားမည်ဟု လက်ကျန်နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေးအဖွဲ့ဝင် ဦးရဲအောင်က ပြောကြားသည်။

အဆောက်အအုံ ငှားရမ်းခ၊ စားသောက်ကုန်နှင့် ခရီးစရိတ် မြင့်တက်မှုကြောင့် လူထု၏ စားဝတ်နေရေး နှစ်နှစ်အတွင်း ပိုမိုကျပ်တည်းလာ

Photo: အဆောက်အအုံ ငှားရမ်းခ၊ စားသောက်ကုန်နှင့် ခရီးစရိတ် မြင့်တက်မှုကြောင့် လူထု၏ စားဝတ်နေရေး နှစ်နှစ်အတွင်း ပိုမိုကျပ်တည်းလာ
Monday, October 14, 2013

မြန်မာနိုင်ငံ၏ အိမ်ခြံမြေ ဈေးကွက်တွင် ဈေးကစားမှုများကြောင့် အလွန်အမင်း ဈေးမြင့်တက် လာခဲ့သည့်အတွက် ပြီးခဲ့သည့် တစ်နှစ်ကျော် နှစ်နှစ်အတွင်း အဆောက်အအုံ ငှားရမ်းခများပါ လိုက်ပါမြင့်တက် လာခဲ့ကြောင်း၊ ထို့အပြင် စားသောက်ကုန်နှင့် ခရီးစရိတ် မြင့်တက်မှုများကြောင့် လူလတ်တန်းစားများ အပါအ၀င် အခြေခံ လူတန်းစားတို့၏ စားဝတ်နေရေး ပိုမိုကျပ်တည်းလာကြောင်း သိရသည်။

 မကြာခင်က ထုတ်ပြန်ခဲ့သည့် ကမ္ဘာ့ဘဏ်၏ ၂၀၁၃-၁၄ ခုနှစ် နှစ်လည် အစီရင်ခံစာတွင် မြန်မာနိုင်ငံ၏ ယခုနှစ်အတွက် ငွေကြေးဖောင်းပွမှုနှုန်းကို ၅ ဒသမ ၆ ရာခိုင်နှုန်း ရှိလာမည်ဟု ခန့်မှန်းထားပြီး ပြီးခဲ့သည့် သြဂုတ်လတွင်မူ ခုနစ်ရာခိုင်နှုန်းလောက်အထိ ရှိလာခဲ့သည်ဟု ဖေါ်ပြထားသည်။

"ကမ္ဘာ့ဘဏ်ရဲ့ ခန့်မှန်းချက်အရဆိုရင် မြန်မာနိုင်ငံရဲ့ ၂၀၁၃-၁၄ ခုနှစ်ရဲ့ ပျှမ်းမျှငွေကြေး ဖောင်းပွနှုန်းက ၅ ဒသမ ၆ ရာခိုင်နှုန်းပဲ ရှိတယ်။ ဆိုတော့ စင်ကာပူလို ဖွံ့ဖြိုးပြီး နိုင်ငံမှာ ငွေကြေးဖောင်းပွမှုနှုန်း နှစ်ရာခိုင်နှုန်း ရှိတဲ့အချိန်မှာ မြန်မာက ခြောက်ရာခိုင်နှုန်းနီးပါး ဖြစ်နေတယ်ဆိုတာ ဘာမှပြောပလောက်တာတော့ မဟုတ်ဘူး။ ဒါပေမယ့် ပြည်သူလူထု ခံစားနေရတာကတော့ အဲဒါမဟုတ်ဘူး။ ကုန်ကျစရိတ်တွေက တစ်ရက်ထက်တစ်ရက် ကြီးမြင့်လာတယ်။ ဥပမာ ကားခဆိုရင်လည်း ဒီလိုပဲ ဟိုတုန်းက ဘတ်စ်ကားစီးပြီး ရုံးလာလို့ ရတယ်။ အခု ကားတွေအရမ်း ပိတ်သိပ်နေတယ်။ တက္ကစီ ငှားစီးရတယ်။ အပြန်ဆိုရင်လည်း တော်တော်နဲ့ မရောက်ဘူး။ တစ်ရက်တစ်ရက် တက္ကစီခတင် ၅၀၀၀ ကျပ်လောက် ကုန်နေတယ်။ ထမင်းစရိတ် မပါသေးဘူး။ ဆိုတော့ ရတဲ့ဝင်ငွေနဲ့ ဘယ်လိုမှ မကာမိတော့ဘူး" ဟု စီးပွားရေး ပညာရှင် တစ်ဦးက ပြောကြားသည်။
တချို့လည်း ဟုတ်ပါတယ်။ နိုင်ငံတကာက စီးပွားရေး လုပ်ငန်းတွေ ခြေလှမ်းစလာတော့ ပြည်တွင်းထက် လစာလေးတွေ ပိုပေးပြီး ခေါ်တာရှိတယ်။ ဒါကလည်း လူနည်းစုလောက်ပဲ။ လူငယ်တွေ အလုပ်အကိုင် အခွင့်အလမ်း ပွင့်လမ်းလာတယ် ဆိုတာလည်း လူနည်းစုလောက်ပဲ။ အများစုက ပိုကျပ်သွားတယ်။ ဥပမာ အထွေထွေ အသုံးစရိတ် တက်လာတယ်။ ပြီးခဲ့တဲ့ လပိုင်းက ဒေါ်လာဈေးလေး တက်သွားတော့ ဆီဈေးလည်း လိုက်တက်သွားတယ် . . . . .

အလားတူ အိမ်ခြံမြေ ဈေးနှုန်းများ ကြီးမြင့်မှုမှာလည်း နောက်ထပ်အကြောင်းရင်းတစ်ခု ဖြစ်နေကြောင်း။ အိမ်ခြံမြေ ဈေးနှုန်းများ ကြီးမြင့်မှုနှင့် တိုက်ခန်းဈေးနှင့် တိုက်ခန်းအငှားဈေးများပါ ကြီးမြင့်လာသောကြောင့် နေ့စဉ်လူနေမှု ဘ၀ကို များစွာထိခိုက် နေကြောင်းလည်း သိရသည်။  

"အဆောက်အအုံ ငှားရမ်းခ ဈေးတက်တာ တစ်နှစ်ကျော်လောက် ရှိပြီ။ အရင်နှစ်က ၁၅ သိန်း၊ သိန်း ၂၀ လောက်နဲ့ငှားတဲ့ အငှားတွေက အခုအချိန်မှာတော့ သိန်း ၃၀၊ ၄၀ ဖြစ်သွားတယ်။ ၂၀၁၁ ခုနှစ် ကတည်းက အတက်ဈေးနဲ့ ဖြစ်လာတာ။ အနည်းဆုံးတော့ ရာခိုင်နှုန်း ၂၀ လောက်တော့ တက်တယ်။ အခု လောလောဆယ် အရောင်းအ၀ယ်က အေးသွားတယ်။ ရာခိုင်နှုန်း ၃၇ အပါအ၀င် မြေဈေးတော်တော်လေး မြင့်သွားတော့ အရောင်းအ၀ယ် အေးသွားတဲ့ သဘောပါ။ အသင့်အတင့်လောက်ဖြစ်ပြီး သိပ်ပြီးတော့ အကြီးကြီးတွေတော့ မဖြစ်တော့ဘူး။ အိမ်အပါအ၀င် သောင်းဂဏန်းလောက်တော့ အရောင်းအ၀ယ် ဖြစ်နေတယ်။ အငှားတွေကတော့ ရှိနေတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ တစ်နှစ်ကျော်လောက်နဲ့ နှိုင်းယှဉ်ရင် ရာခိုင်နှုန်း ၂၀ လောက် ဈေးတက်တယ်လို့ ပြောလို့ရပါတယ်" ဟု ရန်ကုန်မြို့မှ အိမ်ခြံမြေ အကျိုးဆောင် တစ်ဦးက ဆိုသည်။

ယင်းကဲ့သို့ အဆောက်အအုံ ငှားရမ်းခ ဈေးမြင့်တက်မှုမှာ ရန်ကုန်မြို့တွင်းနှင့် အချက်အချာကျသည့် နေရာများတွင်သာမက ဆင်ခြေဖုံး ဒေသများတွင်ပါ လိုက်ပါမြင့်တက်နေကြောင်း သိရသည်။  

"ရန်ကုန်မြို့ရဲ့ အိမ်ခြံမြေဈေး ကြီးမြင့်လာမှုက ဈေးကစားရာက စခဲ့တာပဲ။ အခုမှ ရာခိုင်နှုန်း ၃၇ ဆောင်ခိုင်းတာ။ တချို့က များတယ်လို့ မြင်တယ်။ ဟိုအရင်တုန်းကဆိုရင် ရာခိုင်နှုန်း ၅၇ တောင် ကောက်ခဲ့တဲ့ ကာလရှိတယ်။ ဒါပေမဲ့ ဒီကြားထဲမှာ ၂၀၀၅ နောက်ပိုင်းလောက်က စပြီးတော့ ရာခိုင်နှုန်း ၁၅  အခွန်ဆောင်ရင် ၀င်ငွေရလမ်း ဖော်ပြစရာ မလိုဘူးဆိုတော့ ငွေမည်းတွေလည်း ၀င်လာတာပေါ့။ ပြီးတော့ ကျောက်မြူးရင်လည်း အိမ်ခြံမြေ မြူးတယ်လေ။ ကျောက်ပွဲတွေက လည်းနှစ်စဉ်လိုလို ရှိတာကိုး။ အိမ်ခြံမြေက ၀င်ကစားတဲ့ သူတွေလက်ထဲ အကုန်လုံး ရောက်တာပေါ့။ တချို့လည်း အမည်မပေါက်ဘဲ ၀ယ်တာတွေလည်း ရှိတယ်" ဟု အိမ်ခြံမြေ အကျိုးဆောင် တစ်ဦးက ဆိုသည်။

"တကယ်တော့ mismanagement ပေါ့။ ၂၀၀၅ ပတ်ဝန်းကျင်လောက်အထိ ရာခိုင်နှုန်း ၅၇ ကောက်တယ်။ နောက်ပိုင်း ၁၅ ရာခိုင်နှုန်းပဲ ကောက်တယ်။ နောက်ပိုင်း တစစ ဈေးကစားမှုတွေ ရှိလာတယ်။ ပိုပြီး ဈေးတက်လာလာတော့ ဒီနှစ်နှစ် အတွင်းမှာ နှစ်ဆလောက် တက်သွားတာ။ စီးပွားရေးအရ ပွင့်လမ်းလာနိုင်တဲ့ အနေအထားတွေပေါ်မှာ သတင်းအချက်အလက် ဦးတဲ့သူတွေက ၀င်မြှုပ်နှံထားတာပေါ့။ ဒီအထဲမှာ သာမန်လူလတ်တန်းစားတွေ မပါပါဘူး။ ၀ယ်လည်း မ၀ယ်နိုင်ကြပါဘူး။ ငွေကြေး လွယ်လွယ်ကူကူ ရနေတဲ့ သူတွေလောက်ပါပဲ။ ဥပမာ တိုက်ခန်းတွေ သိန်း ၂၀၀ လောက် တိုက်ခန်းတွေက အခုနှစ်နှစ်ခွဲ အတွင်းမှာ သိန်း ၃၅၀ လောက် ဖြစ်သွားပြီ။ ဒါကြောင့် လူလတ်တန်းစားတွေတောင် တိုက်ခန်းတစ်ခန်း ပိုင်ဖို့ဆိုတာ လိုက်လေဝေးလေ လိုက်လေဝေးလေပါပဲ" ဟု ရန်ကုန်မြို့ခံ အသေးစား စီးပွားရေး လုပ်ငန်းရှင် တစ်ဦးက ဆိုသည်။

"သာမန်အားဖြင့်ကြည့်ရင် အခုနှစ်ပိုင်းမှာ ပိုချောင်သယောင် ထင်ရတယ်။ ဒါကလည်း နိုင်ငံရေးအရ ပွင့်လမ်းလာလို့ လူတွေက အရင်လို အကြောက်တရားကြီးနဲ့ နေစရာ မလိုဘဲ ကိုယ်ပြောချင်တာလေးတွေ ပြောလို့ရတော့ အနေချောင်သယောင် ထင်လာကြတယ်။ တချို့လည်း ဟုတ်ပါတယ်။ နိုင်ငံတကာက စီးပွားရေး လုပ်ငန်းတွေ ခြေလှမ်းစလာတော့ ပြည်တွင်းထက် လစာလေးတွေ ပိုပေးပြီး ခေါ်တာရှိတယ်။ ဒါကလည်း လူနည်းစုလောက်ပဲ။ လူငယ်တွေ အလုပ်အကိုင် အခွင့်အလမ်း ပွင့်လမ်းလာတယ် ဆိုတာလည်း လူနည်းစုလောက်ပဲ။ အများစုက ပိုကျပ်သွားတယ်။ ဥပမာ အထွေထွေ အသုံးစရိတ် တက်လာတယ်။ ပြီးခဲ့တဲ့ လပိုင်းက ဒေါ်လာဈေးလေး တက်သွားတော့ ဆီဈေးလည်း လိုက်တက်သွားတယ်။ စားသောက်ကုန် အချို့လည်း တက်လာတယ်။ ဒါပေမဲ့ အဓိကကတော့ နေရေးထိုင်ရေးနဲ့ ခရီးစရိတ် ဖြစ်နေတယ်။ ဥပမာ လစာငါးသိန်းလောက် ရတဲ့သူတောင် မိသားစုနဲ့ဆိုရင် သူ့ဝင်ငွေရဲ့ ရာခိုင်နှုန်း ၂၀ ကို နေရေးအတွက် ပေးလိုက်ရတယ်။ အနည်းဆုံးရာ ခိုင်နှုန်း ၁၀ ကို ခရီးစရိတ်အတွက် ပေးလိုက်ရတယ်ဆိုရင် ဘာမှမကျန်ဘူး။ ဘယ်တော့မှ အိမ်ပိုင်ရာပိုင် မဖြစ်တော့ဘူး" ရန်ကုန်မြို့ခံ ကုမ္ပဏီဝန်ထမ်း တစ်ဦးက ပြောပြခဲ့သည်။

"ကျွန်မ မနှစ်က စက်တင်ဘာလတုန်းက ရန်ကုန်ကို စရောက်တယ်။ ရောက်ရောက်ချင်း ကြက်သားဈေးက အရိုးအသားရောနေရင် တစ်ဆယ်သား ၅၀၀ ကျပ်၊ အသားသီးသန့်က ၈၀၀ ကျပ်ပါ။ ဗမာကြက်က အရိုးအသားရောနေရင် တစ်ဆယ်သား ၇၀၀၊ အခုတော့ ၁၀၀၀ ကျပ်လောက် ရှိတယ်။ ၀က်သားက နံရိုးဆို တစ်ဆယ်သား ၄၀၀ ကျပ်၊ အခုတော့ ၆၀၀ ကျပ်ပါ။ အသားက မနှစ်က ၈၅၀ ကျပ်၊ အခု ၁၁၀၀ ဆိုတော့ စားသောက်ကုန်ဈေးက တက်တော့တက်တယ်။ ဒီလောက် အများကြီး မဟုတ်ဘူး။ သိသိသာသာ တက်သွားတာတော့ ကျွန်မငှားနေတဲ့ တိုက်ခန်းဈေးပဲ။ ကျွန်မငှားတုန်းက ၁၂၀၀၀၀ ကျပ်၊ အခု ၁၈၀၀၀၀ ကျပ် ပေးရတယ်။ တစ်လတစ်လ ရှာသမျှ နေစရိတ်နဲ့ ကုန်သွားတယ်" ဟု ရန်ကုန်မြို့ခံ အိမ်ရှင်မ တစ်ဦးက ဆိုသည်။   

နိုင်ငံတကာ ငွေကြေးအဖွဲ့အစည်းများက ငွေကြေးဖေါင်းပွမှုနှုန်းကို တွက်ရာတွင် စားသုံးသူ အညွှန်းကိန်းပေါ်တွင်သာ မူတည်၍ တွက်ချက်ရသောကြောင့် အဓိကအားဖြင့် အခြေခံ စားသောက်ကုန်များ၏ ဈေးနှုန်းပေါ်တွင်သာ မူတည်ပြီး တွက်ခဲ့သည့်အတွက် ပြီးခဲတဲ့ နှစ်နှစ်အတွင်း အိမ်ခြံမြေဈေး မြင့်တက်မှုများကို ထည့်သွင်းတွက်ချက်နိုင်ခြင်း မရှိဟု စီးပွားရေး ပညာရှင်များက သုံးသပ်ကြသည်။

"အိမ်ခြံမြေဈေး ကြီးမြင့်တာကျတော့ Consumer price Index မှာ ထည့်တွက်လို့ မရဘူး။ ကုန်ဈေးနှုန်း ကြီးမြင့်တာနဲ့တွက်တော့ Consumer price Index မှာကျတော့ ကုန်ပစ္စည်း ၁၂၅ မျိုးလောက် ပါတယ်။ အဲဒီအထဲမှာ အိမ်ငှားခပါတယ်။ အိမ်ရောင်းခ မပါဘူး။ တကယ့် Consumer တွေစားတဲ့ အခြေခံ ကုန်တွေပဲ ထည့်တာ။ ရွေဈေးတို့ ဒေါ်လာဈေးတို့လည်း မပါဘူး။ အစားအသောက်စရိတ်၊ ခရီးသွားလာစရိတ် ပါမယ်။ ကျန်းမာရေးစရိတ် ပါမယ်။ ပညာရေးစရိတ် ပါမယ်။ Inflation ကို တွက်တဲ့အခါ အိမ်ဈေးတို့ ရွေဈေးတို့ကို ထည့်တွက်လေ့ မရှိဘူး" စီးပွားရေး ပညာရှင် တစ်ဦးက ဆိုသည်။

အခြေခံအားဖြင့် ငွေကြေးဖောင်းပွမှုနှုန်းကို တွက်ရာတွင် စားသုံးသူ အညွှန်းကိန်းပေါ်တွင်သာ မူတည်၍ တွက်သောကြောင့် လက်တွေ့လူထု ရင်ဆိုင်နေရသော အခြေအနေကို အမှန်တိုင်း သိရှိနိုင်ရန် မဖြစ်နိုင်ကြောင်း၊ ငွေကြေးဖောင်းပွမှုတွင် တွက်ချက်၍ရသော မူမှန်အကြောင်းတရားများကြောင့် ငွေကြေးဖောင်းပွမှု ရှိသကဲ့သို့ မူမမှန်သော အကြောင်းများကြောင့် ငွေကြေးဖောင်းပွမှုများလည်း ရှိကြောင်း။ ဥပမာ ငွေမည်းများ ဈေးကွက်တွင်း ၀င်ရောက်လာပါကလည်း ငွေကြေးဖောင်းပွမှုကို ဖြစ်စေကြောင်း စီးပွားရေး ပညာရှင်များက သုံးသပ်ကြသည်။

မြန်မာနိုင်ငံ၏ လက်ရှိငွေကြေး ဖောင်းပွမှုမှာ ပြည်တွင်းရှိ စီးပွားရေး ပညာရှင် အချို့၏ သုံးသပ်ချက်အရ ရာခိုင်နှုန်း ၂၀ ၀န်းကျင်လောက် ရှိနိုင်ကြောင်း သိရသည်။ 

Eleven Media Group


တညင်းကုန်း ဘူတာဈေး မြင်ကွင်းအား တွေ့ရစဉ် (ဓာတ်ပုံ-၀င်းမြင့်ကျော်)
မြန်မာနိုင်ငံ၏ အိမ်ခြံမြေ ဈေးကွက်တွင် ဈေးကစားမှုများကြောင့် အလွန်အမင်း ဈေးမြင့်တက် လာခဲ့သည့် အတွက် ပြီးခဲ့သည့် တစ်နှစ်ကျော် နှစ်နှစ်အတွင်း အဆောက်အအုံ ငှားရမ်းခများပါ လိုက်ပါမြင့်တက် လာခဲ့ကြောင်း၊ ထို့အပြင် စားသောက်ကုန်နှင့် ခရီးစရိတ် မြင့်တက်မှုများကြောင့် လူလတ်တန်းစားများ အပါအ၀င် အခြေခံ လူတန်းစားတို့၏ စားဝတ်နေရေး ပိုမိုကျပ်တည်းလာကြောင်း သိရသည်။

၈၈ မျိုးဆက်အဖွဲ့ ပါတီထောင်၊ မထောင် ယခုနှစ်ကုန်ပိုင်း ဆုံးဖြတ်မည်

၈၈ မျိုးဆက်အဖွဲ့ ပါတီထောင်ခြင်း၊ မထောင်ခြင်းကို ယခုနှစ်ကုန်ပိုင်းတွင် ဆုံးဖြတ်သွားမည်ဟု ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးမင်းဇေယျက ပြောကြားသည်။

လျော်ကြေးထုတ်ယူမထားသော မြေယာများပေါ် ၀မ်ပေါင်ကုမ္ပဏီက ခြံစည်းရိုးခတ်နေမှုကို ဒေသခံတောင်သူများ တားဆီးရာမှ ရဲတပ်ဖွဲ့နှင့် ထိပ်တိုက်တွေ့မှု ဖြစ်ပွား

T-14-10
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း နယ်မြေတွင် တောင်သူများနှင့် ရဲတပ်ဖွဲ့ဝင်များ တင်းမာမှု ဖြစ်ပွားနေ စဉ်
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းတွင် သိမ်းဆည်းခံခဲ့ရသော လယ်ယာမြေများ အတွက် လျော်ကြေးငွေထုတ် ယူခြင်း မပြုလုပ်ခဲ့သော ယာမြေများပေါ်တွင် မြန်မာ-၀မ်ပေါင် ကုမ္ပဏီမှ ခြံစည်းရိုးများ ခတ်ခြင်း၊ နှမ်းခင်းများကို ဘူဒိုဇာဖြင့်ထိုး၍ မြေညှိခြင်းတို့ကို အောက်တိုဘာ ၁၂

ကုန်းတွင်းလုပ်ကွက်များတွင် တင်ဒါအောင်မြင်သည့် ပြည်ပကုမ္ပဏီများ အနေနှင့် မြန်မာတိုင်းရင်းသား လုပ်ငန်းရှင်များနှင့် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်သော်လည်း အကျိုးအမြတ် ခွဲဝေမှု ပုံစံအား ကန့်သတ်ထားမှု မရှိ

စွမ်းအင်ဝန်ကြီးဌာနမှ အောက်တိုဘာ ၁၀ ရက် ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည့် ကုန်းတွင်းလုပ်ကွက် ၁၆ ကွက်အတွက် တင်ဒါအောင်မြင်သည့် ကုမ္ပဏီများ အနေနှင့် မြန်မာတိုင်းရင်းသား လုပ်ငန်းရှင်များနှင့် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း စွမ်းအင်ဝန်ကြီးဌာန၊ သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ညွှန်ကြားရေးမှူးချုပ် ဦးဖေဇင်ထွန်းက ပြောကြားသည်။

အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌတာဝန်ကြောင့် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်များ ဆက်လက်ဖြစ်ပေါ်ရန် နိုင်ငံတကာ အသိုင်းအ၀ိုင်း မျှော်လင့်

Q-14-10
ဘရူနိုင်းနိုင်ငံတွင် ကျင်းပခဲ့သည့် အာဆီယံထိပ်သီး ဆွေးနွေးပွဲတွင် အာဆီယံ ခေါင်းဆောင် များနှင့် တောင်ကိုရီးယား သမ္မတတို့ တွေ့ဆုံကြစဉ်
၂၀၁၄ ခုနှစ်တွင် မြန်မာနိုင်ငံက အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ကို ထမ်းဆောင်မည်ဖြစ်ပြီး အဆိုပါ တာဝန်ကြောင့် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကို ဆက်လက်ဖြစ်ပေါ် လာလိမ့် မည်ဟု နိုင်ငံတကာ အသိုင်းအ၀ိုင်းက မျှော်လင့်ထားကြောင်း သိရသည်။