Friday, January 3, 2014

ပြည်သူများ ဘေးအန္တရာယ် ကင်းစေရန်အတွက် မြို့နယ်အုပ်ချုပ်ရေးက သံဃာများကို ၂၄ နာရီ ပဋ္ဌာန်းရွတ်ရန် ခိုင်းစေ

၂၀၁၄ နှစ်သစ်တွင် ပြည်သူအများ ဘေးအန္တရာယ် ကင်းရှင်းစေရန် ဟူသော အကြောင်းဖြင့် မြို့နယ် အုပ်ချုပ်ရေး တာဝန်ရှိသူများက သံဃာတော်များ အား ၂၄ နာရီ အသံမစဲ ပဋ္ဌာန်းရွတ်ဖတ်ကြရန် တိုက်တွန်း ညွှန်ကြား ခဲ့ကြောင်း ကျိုက်လတ်မြို့နယ်ရှိ သံဃာတော်များက ပြောသည်။

““ဦးဇင်းတို့ကို ဒီဇင်ဘာ ၃၁ ရက်နေ့ကနေ ဇန်န၀ါရီ ၁ ရက်နေ့အထိ ၂၄ နာရီ ပဋ္ဌာန်း ရွတ်ပေးရမယ်လို့ ကျေးရွာ အုပ်ချုပ်ရေးမှူးက လာလျှောက် တာ။ သူတို့ အုပ်ချုပ်ရေးဆိုင်ရာ ရုံးနေရာမှာ ရွတ်ဖို့ပေါ့”” ဟု ဓမ္မသီရိ ကျောင်းတိုက် ဆရာတော်က မြို့နယ်အုပ်ချုပ်ရေးမှူး ၏ စေခိုင်း ချက်ဖြင့် ကျေးရွာ အုပ်ချုပ်ရေးမှူး ကပဋ္ဌာန်း ရွတ်ရန် လာရောက် လျှောက်ထားပုံကို ရှင်းပြသည်။

တိုင်းပြည်၏ လိုအပ်ချက်ကြောင့် လေးပွင့်ဆိုင်ဆွေးနွေး သွားရန် တောင်းဆို ခဲ့ရခြင်းဟု ဒေါ်အောင်ဆန်း စုကြည်ပြော

ဖွဲ့စည်းပုံ ပြင်ဆင်ရေးအတွက် လေးပွင့်ဆိုင်တွေ့ဆုံရန် တောင်းဆိုခြင်းသည် မိမိ၏မျှော်လင့်ချက် အရ တောင်းဆိုခြင်းမဟုတ်ဘဲ တိုင်း ပြည်အတွက် လိုအပ်ချက်အရ တောင်း ဆိုခြင်းဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် က ပြောသည်။ ဇန်နဝါရီ၂ရက်က အင်း လျားလမ်းရှိ လွှတ်တော် ရုံးခွဲတွင် ပြုလုပ်သည့် တရားဥပဒေစိုးမိုး မှုရှိရေးဆွေးနွေးပွဲအပြီး သတင်း ထောက်များ၏ မေးမြန်းချက် ကို ယင်းကဲ့သို့ဖြေကြားခဲ့ခြင်း ဖြစ်သည်။

ရန်ကုန်နှစ်သစ်ကူးည ရဲတစ်ဦးကို အရပ်သားခြောက်ဦးက ၀ိုင်းဝန်းရိုက်နှက်

နှစ်သစ်ကူးညတွင် အသံချဲ့စက် ဆောင်းဘောက်များဖြင့် ကခုန်နေသူများက ဆူညံခြင်းမပြုလုပ်ရန် တားမြစ်သူ ရဲတပ်ကြပ်တစ်ဦးကို ၀ိုင်းဝန်းရိုက်နှက်မှုတစ်ခု သန်လျင်မြို့နယ်တွင် ဖြစ်ပွားခဲ့သည်ဟု ရန်ကုန် တိုင်းရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရသိရသည်။

ဖြစ်စဉ်မှာ ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၃၁ ရက် ည ၁၂ နာရီ ၄၅ မိနစ်က သန်လျင်မြို့နယ် မြို့ဟောင်း အလယ် ရပ်ကွက်၊ ကမ်းနားဈေးရှေ့တွင် ရပ်ကင်းတာဝန်ဆောင်ရွက်နေသော ရဲတပ်ကြပ် လွင်ဦးနှင့် ရဲတပ်ကြပ် သန့်ဇင်တို့ကို ဗိုလ်ချုပ်နေ၀င်းလမ်း၊ စိန်လရောင် စားသောက်ဆိုင်ရှေ့တွင် လူခြောက်ဦးတို့ က ဆောင်းဘောက်များဖွင့်၍ ပတ်ဝန်းကျင်လူများအား နားမခံနိုင်လောက်အောင် အော်ဟစ် ဆူညံနေ ကြောင်း တိုင်တန်းလာသည်။

ဂျာမနီက မြန်မာတွင် မီးရထားနှင့် လျှပ်စစ်ဖြန့်ဖြူးရေးလုပ်ကိုင်ရန် စိတ်ဝင်စား

ဂျာမနီကုမ္ပဏီများအနေဖြင့် မြန်မာနိုင်ငံတွင် မီးရထားပြေးဆွဲခြင်းနှင့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေး အပါ အ၀င် အခြေခံအဆောက်အအုံကဏ္ဍ ၀န်ဆောင်မှုလုပ်ငန်းများဆောင်ရွက်ရန် စိတ်ဝင်စားနေကြောင်း ဆင်ဟွာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ထို့အပြင် ဂျာမန်စီးပွားရေးလုပ်ငန်းများအနေဖြင့် လူသုံးကုန်နှင့်မော်တော်ကားထုတ်လုပ်ရေးလုပ်ငန်းတို့ ကိုပါ မြန်မာနိုင်ငံတွင် ပြုလုပ်ရန်စိတ်ဝင်စားမှုများရှိနေပြီး ၂၀၁၂ ခုနှစ်တွင် ဂျာမန်နိုင်ငံခြားရေး ၀န်ကြီး Guido Westerwelles ၏ မြန်မာခရီးစဉ်အတွင်းရရှိခဲ့သော သဘောတူညီမှုများ၏ ရလဒ်အဖြစ် ၂၀၁၃ ခုနှစ်အတွင်း၌ ဂျာမနီနှင့် မြန်မာနှစ်နိုင်ငံစီးပွားရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုများ သိသာစွာပေါ်ထွက် လာကြောင်း ယင်းသတင်းတွင် ဆက်လက်ဖော်ပြထားသည်။

၂၀၁၃ ခုနှစ် နှောင်းပိုင်းတွင် မလေးရှားရောက် မြန်မာနိုင်ငံသားများ ဆက်တိုက်အသတ်ခံနေရပြီး ဇန်န၀ါရီ ၁ ရက်ကလည်း မြန်မာနိုင်ငံသားတစ်ဦး ထပ်မံအသတ်ခံရ

မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသားများ ဆက်တိုက်အကြမ်းဖက် သတ်ဖြတ်ခြင်း ခံနေရပြီး ဇန်န၀ါရီ ၁ ရက် (အင်္ဂါနေ့) ကလည်း မြန်မာနိုင်ငံသားတစ်ဦး ထပ်မံအသတ်ခံခဲ့ရကြောင်း မလေးရှားနိုင်ငံ သတင်းစာ Bernama ၏ ဖော်ပြချက်အရ သိရသည်။

အင်္ဂါနေ့နံနက် အစောပိုင်းက မလေးရှားနိုင်ငံ မလက္ကာမြို့ရှိ Pandan Malim ပလာဇာ၊ အစား အသောက် ရောင်းချသည့်နေရာတွင် ဖြစ်ပွားခဲ့သည့် ရန်ပွဲကြောင့် မြန်မာနိုင်ငံသား တစ်ဦး သေဆုံး ခဲ့ရပြီး ၎င်းအား မလေးရှားနိုင်ငံသား သုံးဦးက ၀ိုင်းဝန်းသတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်ဟု ယူဆရကြောင်း Bernama သတင်းစာက ဖော်ပြခဲ့သည်။

လွတ်လပ်ရေးနေ့လွတ်ငြိမ်းခွင့် ထောက်လှမ်းရေးနှင့် နိုင်ကျဉ်း မပါနိုင်ဟုဆို

(၆၆)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုသည့် သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်တွင် လက်ကျန်နိုင် ကျဉ်းစိစစ်ရေးကော်မတီ တင်ပြထားသည့် နိုင်ငံရေးအကျဉ်းသား တစ်ဦးမှ မလွတ်မြောက်နိုင်ဟု ကော် မတီဝင်အချို့က မဇ္ဈိမကို ပြောသည်။

၂၀၁၄ ခုနှစ်၏ ပထမဆုံး လွတ်ငြိမ်းချမ်းသာ ပြစ်ဒဏ်လျှော့ပေါ့ခံစားခွင့်ကို ကော်မတီမှ တင်ပြထားသည့် ရာဇ၀တ်မှုများနှင့် လူသားချင်းစာနာထောက်ထားမှုအရ လွတ်ငြိမ်းချမ်းသာခွင့်ပြုရန် မျှော်လင့်နေကြ သည့် အကျဉ်းကျခံ နိုင်ကျဉ်းတစ်ဦးတစ်ယောက်မှ မပါသည့်အပြင် တပ်မတော်ထောက်လှမ်းရေး၊ နယ် စပ်ဒေသ လူဝင်မှုကြီးကြပ်ရေးအဖွဲ့(နစက)မှ အကျဉ်းကျခံရသူများ တစ်ဦးမျှလွတ်မြောက်ရန် မရှိကြောင်း ကော် မတီဝင် ဦးရဲအောင် က ဆိုသည်။

Thursday, January 2, 2014

ခွင့်ပြုချက် မရှိဘဲ သစ်ပင်များ ခုတ်ပါက တန်ဖိုးငါးဆ ပေးလျော်ရမည်

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ပန်းဥယျာဉ်နှင့် အားကစားကွင်းများ ဌာနမှ ရန်ကုန်မြို့တော် ကြီး၏ စိမ်းလန်းစိုပြည် သာယာလှပစေရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး သစ်ပင်ခုတ်ခြင်း၊ သစ်ပင် ပုံသွင်းခြင်း၊ ကိုင်းများ ဖြတ်ညှိခြင်းများကို ဆောင်ရွက် ပေးလျက်ရှိရာ ခွင့်ပြုချက်မရှိဘဲ သစ်ပင်များ ခုတ် ထွင်ခြင်း အတွက် တန်ဖိုးငွေ ငါးဆပေး လျော်ရမည် ဖြစ်ကြောင်း သိရသည်။

(၂၀၁၃)၏ ရုံဝင်ကြေး အမြင့်ဆုံး ရရှိစေသူ ဂျနီဖာလောရင့်စ်

Photo: (၂၀၁၃)၏ ရုံဝင်ကြေး အမြင့်ဆုံး ရရှိစေသူ ဂျနီဖာလောရင့်စ်
Thursday, January 02, 2014

Quigleyက ရုပ်ရှင်ရုံ ပိုင်ရှင်များ၊ ရုပ်ရှင်ပြသခွင့် မူပိုင်ခွင့် ဝယ်ယူသူများအား အကျိုးအမြတ် အဖြစ်ထွန်းဆုံး ရုပ်ရှင်မင်းသား၊ မင်းသမီး (၁၀)ဦးကို ရွေးချယ်ပေးပါရန် ပန်ကြားခဲ့ပြီး အချက်အလက်များကို စုဆောင်းခဲ့

အမေရိကန်နိုင်ငံ တဝှမ်းရှိ ရုပ်ရှင်ရုံ ပိုင်ရှင်များထံမှ ကောက်ယူသော စစ်တမ်းအရ (၂၀၁၃)ခုနှစ်အတွင်း ရုံဝင်ကြေး အမြင့်မားဆုံး ရရှိစေသည့် အနုပညာ ကြယ်ပွင့်အဖြစ် မင်းသမီး ဂျနီဖာလောရင့်စ်က ထိပ်ဆုံးနေရာမှ ရပ်တည်ခဲ့ကြောင်း သိရှိရသည်။ Quigleyက ရုပ်ရှင်ရုံ ပိုင်ရှင်များ၊ ရုပ်ရှင်ပြသခွင့် မူပိုင်ခွင့် ဝယ်ယူသူများအား အကျိုးအမြတ် အဖြစ်ထွန်းဆုံး ရုပ်ရှင်မင်းသား၊ မင်းသမီး (၁၀)ဦးကို ရွေးချယ်ပေးပါရန် ပန်ကြားခဲ့ပြီး အချက်အလက်များကို စုဆောင်းခဲ့ကြသည်။ ထိုအခါ အများစုက အကယ်ဒမီဆုရှင် မင်းသမီး ဂျနီဖာကို ထိပ်တန်းနေရာတွင် ညီညီညွတ်ညွတ် သတ်မှတ် ဂုဏ်ပြုခဲ့ကြသည်။ ဂျနီဖာသည် Silver Linings Playbook ဇာတ်ကားဖြင့် အော်စကာဆု ရရှိခဲ့သလို The Hunger Games: Catching Fireနှင့် American Hustleတို့ကလည်း ရုံဝင်ကြေး မြင့်မြင့်မားမား ရရှိစေခဲ့သည်။

ရုပ်ရှင်ရုံပိုင်ရှင် အများစုက ဂျနီဖာသည် မိမိတို့အတွက် အကျိုးအမြတ် အဖြစ်ထွန်းစေဆုံး အနုပညာရှင်အဖြစ် မှတ်ချက်ပေးခဲ့ပြီး ဒုတိယ နေရာတွင်မူ ဆန်ဒရာဘူးလော့ခ်ကို သတ်မှတ်ခဲ့ကြသည်။ သူမ၏ The Heatနှင့် Gravity ဇာတ်ကားနှစ်ခုလုံး ပရိသတ် အားပေးမှုကို အခိုင်အမာ ရရှိခဲ့သည်။ ထို့နောက် ထိပ်တန်း(၅)နေရာတွင် ဝါရင့်မင်းသား (၃)ယောက်ဖြစ်သည့် ဘရက်ဒ်လေကူးပါး၊ တွမ်ဟင့်ခ်စ်နှင့် ဒန်ဇယ်လ် ဝါရှင်တန်တို့က အစဉ်လိုက် ပါဝင် ရပ်တည်နေခဲ့သည်။ ထို့နောက် အဆင့်(၆)မှ (၁၀)ထိ နေရာများကိုမူ လီယိုနာဒို ဒစ်ကာပရီယို၊ တွမ်ခရုစ်၊ ဘရက်ဒ်ပစ်တ်၊ ဟုဂ်ျဂျက်မန်းနှင့် မယ်လစ်ဆာ မက္ကာသီတို့က ရယူခဲ့ကြောင်းလည်း သိရှိရသည်။

Planet Myanmar Network 
 Quigleyက ရုပ်ရှင်ရုံ ပိုင်ရှင်များ၊ ရုပ်ရှင်ပြသခွင့် မူပိုင်ခွင့် ဝယ်ယူသူများအား အကျိုးအမြတ် အဖြစ်ထွန်းဆုံး ရုပ်ရှင်မင်းသား၊ မင်းသမီး (၁၀)ဦးကို ရွေးချယ်ပေးပါရန် ပန်ကြားခဲ့ပြီး အချက်အလက်များကို စုဆောင်းခဲ့။

KIA အား ဆန္ဒဖေါ်ထုတ်မည့် အစီအစဉ်နှင့် ပက်သက်၍ ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့မှာ သဘောထားကြေညာချက်ထုတ်ပြန်

PhotoPhoto

KIA ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကို စီတန်းလှည့်လည် ဆန္ဒဖေါ်ထုတ်မည့် အစီအစဉ်နှင့် ပက်သက် ၍ ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့မှ သဘောကြေညာချက်ကို ဇန်န၀ါရီလ ၁ ရက် နေ့စွဲနဲ့ ထုတ်ပြန်လိုက်တယ်လို့ သိရှိရပါသည်။

တောင်ကြီးမြို့တွင် New Year အကြိုည၌ မီးလောင်မှုဖြစ်ပွား

၂၀၁၄ နှစ်သစ်အကြို ညက သျှမ်းပြည်မြို့တော် တောင်ကြီးရှိ ကန်အောက်ရပ် ခတ္တာလမ်းတွင် လျှပ်စစ် ပစ္စည်း သိုလှောင်ထားသော ဂိုဒေါင်တစ်လုံး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

စပါးပေါင်ပို ဝယ်ယူသဖြင့် တောင်သူများနစ်နာဟုဆို

ဧရာဝတီတိုင်း ဒေသကြီးအတွင်း မိုးစပါး ရိတ်သိမ်းပြီးကာလများ၌ စပါးဈေးများ မြင့်တက်လာပြီး ဈေးေ ကာင်း ရကြသည်ဆိုသော်လည်း စပါးအခြောက်ပုံမှန် တစ်တင်း ၄၆ ပေါင်အပေါ် ဝယ်လက်များ က ပေါင်ပို ချိန်ဝယ်ယူခြင်းမှာ တောင်သူများနစ်နာလျက်ရှိကြောင်း ဧရာဝတီတိုင်း တောင်သူများက ပြော ကြားသည်။

နှစ်သစ်ကူးနေ့တွင် ရန်ကုန် ပြည်သူ့ဆေးရုံကြီးသို့ အရေးပေါ်လူနာ ၁၀၀ ခန့် ရောက်

ရန်ကုန်မြို့တော်တွင် နှစ်သစ်ကူး ဒီဇင်ဘာလ ၃၁ရက်နေ့တွင် ရန်ကုန် ပြည်သူ့ဆေးရုံကြီး အရေးပေါ်ဌာနသို့ လူနာ ၁၀၀ ခန့် ရောက်ရှိလာခဲ့ပြီး ထိခိုက်ဒဏ်ရာမှု များကြောင့် ဆေးရုံတက် ကုသသူများမှာ ယခင် နေ့ များ ထက် နှစ်ဆ ရောက်ရှိခဲ့ကြောင်း အဆိုပါ ဆေးရုံ၏ အရေးပေါ်ဌာနထံမှ စုံစမ်းသိရှိရသည်။

အငှားယာဉ်မောင်းထံမှ ခြောက်လှန့်ငွေတောင်း ယူသူများအား အရေးယူ

Photo: အငှားယာဉ်မောင်းထံမှ ခြောက်လှန့်ငွေတောင်း ယူသူများအား အရေးယူ
Thursday, January 2, 2014

၂.၁.၂၀၁၄ ရက်နေ့ ၀၁၀၀ အချိန်ခန့်တွင် မင်္ဂလာဒုံမြို့နယ်နေ ဦးစောဆေးဝါးသည် စမ်းချောင်းမြို့နယ်၊ ပြည်လမ်းအတိုင်း BB ----ကရီနာ အဖြူရောင်အငှားယာဉ်အား မောင်းနှင်လာစဉ် မဟာမြိုင်မှတ်တိုင်ရှေ့အရောက်တွင် လူငယ်(၃)ဦးမှ နာနတ်တောဂုံးတံတားအနီးသို့ သွားလိုကြောင်းငှားသဖြင့် တင်ဆောင်မောင်းနှင်ခဲ့ရာ ကမာရွတ်မြို့နယ်၊ ကျွန်းတောလမ်း၊ ဂျန်းရှင်းစကွဲယားအလွန်အရောက်၌ ၎င်း၏ နောက်ဖက်ရှိလူငယ်မှ လည်ပင်းအားသိုင်းဖက်ထားပြီး ဘေးဘက်ရှိလူငယ်မှ အရိုးအသွား(၇)လက္မခန့်ရှိဓါးဦးချွန်ဖြင့် ခါးအားထောက်ကာ ပါလာသော ငွေများပေးရန်နှင့် နာနတ်တောဂုံးတံတားအောက်သို့ မောင်းရန်ခိုင်းစေခဲ့ပါသည်။

ထိုသို့ခိုင်းစေသော်လည်း ရွှေကိန္ဒရီအိမ်ယာဘက်သို့ ချိုးကွေ့မောင်းနှင် ခဲ့သဖြင့် ကျန်လူငယ် တစ်ဦးမှ ဟန်းဘရိတ်အားဆွဲလိုက်သောကြောင့် ယာဉ်ရပ်တန့်သွားစဉ် ဦးစောဆေးဝါးမှ ဓါးအားလုယူပြီး လည်ပင်းအား ဖက်ထားသောလူငယ်နှင့်လုံးထွေးနေချိန် ကျန်လူငယ်(၂)ဦးမှာ ယာဉ်ပေါ်မှ ဆင်းပြေးသွားခဲ့ကြပါသည်။

ထိုစဉ် လှည့်ကင်းရဲတပ်ဖွဲ့ဝင်များမှတွေ့ရှိသဖြင့် ဦးစောဆေးဝါးနှင့် လုံးထွေးနေသော စမ်းချောင်းမြို့နယ်နေ ငပိန်(ခ)ရန်နိုင်ဦးအား ဖမ်းဆီးရမိခဲ့ပြီး ထွက်ပြေးသွားသူ(၂)ဦးမှာ ညီညီနိုင်(စိစစ်ဆဲ)နှင့် တ၀င်းပူ(စိစစ်ဆဲ)တို့ဖြစ်ကြောင်းသိရှိရသောကြောင့် ၎င်းတို့(၃)ဦးအား ကမာရွတ်မြို့မရဲစခန်း (ပ)၄/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၈၆/၁၁၄ ဖြင့် အမှုဖွင့်အရေးယူကာ ညီညီနိုင်နှင့် တ၀င်းပူ တို့အား ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police
၂.၁.၂၀၁၄ ရက်နေ့ ၀၁၀၀ အချိန်ခန့်တွင် မင်္ဂလာဒုံမြို့နယ်နေ ဦးစောဆေးဝါးသည် စမ်းချောင်းမြို့ နယ်၊ ပြည်လမ်းအတိုင်း BB ----ကရီနာ အဖြူရောင်အငှားယာဉ်အား မောင်းနှင်လာစဉ် မဟာမြိုင်မှတ် တိုင်ရှေ့ အရောက်တွင် လူငယ်(၃)ဦးမှ နာနတ်တောဂုံးတံတားအနီးသို့ သွားလိုကြောင်းငှားသဖြင့် တင်ဆောင်မောင်းနှင်ခဲ့ရာ ကမာရွတ်မြို့နယ်၊ ကျွန်းတောလမ်း၊ ဂျန်းရှင်းစကွဲယားအလွန်အရောက်၌ ၎င်း၏ နောက်ဖက်ရှိလူငယ်မှ လည်ပင်းအားသိုင်းဖက်ထားပြီး ဘေးဘက်ရှိလူငယ်မှ အရိုးအသွား(၇) လက္မခန့် ရှိဓါးဦးချွန်ဖြင့် ခါးအားထောက်ကာ ပါလာသော ငွေများပေးရန်နှင့် နာနတ်တောဂုံး တံတားအော က် သို့ မောင်းရန်ခိုင်းစေခဲ့ပါသည်။

အမျိုးသမီးမောင်းနှင်သည့် တက္ကစီကို အုတ်သဲကျောက်ကားက ၀င်တိုက်

ပုဇွန်တောင်မြို့နယ် ဗန္ဓုလတံတားအဆင်း အိုးရှင်းမှတ်တိုင်အနီးတွင် အမျိုးသမီးမောင်းနှင်သည့် တက္ကစီ အငှားကားကို အုတ်သဲကျောက်ယာဉ်တစ်စီးက အရှိန်လွန်ပြီး ၀င်တိုက်မှုတစ်ခု ဒီဇင်ဘာ ၃၁ ရက် နံနက် က ဖြစ်ပွား ခဲ့သည်။

နံနက် ၁၁ နာရီ ၄၀ အချိန်တွင် ဒေါပုံဘက်မှ ရန်ကုန်မြို့တွင်းသို့ ယာဉ်မောင်း (စုံစမ်းဆဲ) မောင်းနှင် လာ သော ၄က/ ၄၄၈၇ ဒိုင်ဟက်စု အဖြူရောင် (ငှား) အုတ်သဲကျောက်တင်ယာဉ်က အိုးရှင်းမှတ်တိုင် အနီး အရောက်တွင် ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

တစ်ရက်အတွင်း သေမှုသေခင်း ခုနစ်မှုဖြစ်

ရန်ကုန်တိုင်းတွင် ဒီဇင်ဘာ ၃၁ ရက်အတွင်း သေမှုသေခင်းပေါင်း ခုနစ်ခုထိ အမှုဖွင့်စစ်ဆေးနေရပြီး မိမိ ကိုယ်ကို ဆွဲကြိုးချ၍ သတ်သေခဲ့မှု သုံးမှုထိပါဝင်နေသည်ကို တိုင်းရဲတပ်ဖွဲ့၏ မှုခင်းမှတ်တမ်းများ တွင် တွေ့ရှိ ရသည်။
ပထမဆုံး ဆွဲကြိုးချသေဆုံးမှုဖြစ်စဉ်တစ်ခုမှာ မြောက်ဥက္ကလာပမြို့နယ်၊ ဝေဘာဂီမြို့သစ်၊ (၁)ရပ်ကွက်၊ ပန်းခြံ (၂)လမ်းတွင် ဒီဇင်ဘာ ၃၁ ရက် ညနေ ၄ နာရီ ၅၀ မိနစ်အချိန်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး သေဆုံးသူ မှာ အိမ်အမှတ် (၆၀/ က)တွင် နေထိုင်ဖြစ်ပြီး နေအိမ်ရှေ့ ကုက္ကိုပင်တွင် အမြင့်ခုနစ်ပေခန့်ရှိ သစ်ပင်ခွ ဆံတွင် အရှည် ၁၀ ပေ၊ လုံးပတ်ငါးမူးလုံးခန့်ရှိ နှစ်ပင်လိမ်ပိုးကြိုးအား အသုံးပြုလျက် ဒူးထောက်ထိုင် အနေ အထားဖြင့် ဆွဲကြိုးချသေဆုံးခဲ့ခြင်း ဖြစ်သည်။

နိုင်ကျဉ်း ၃၅ ဦးကျော် ရာဇ၀တ်မှုစွဲချက်များကြောင့် ထောင်မှမလွတ်သေးဟုဆို

နှစ်ကုန်တွင် နိုင်ငံရေးအကျဉ်းသား မရှိစေရဟု ၂၀၁၃ ခုနှစ်အတွင်း သမ္မတ ကတိပြုခဲ့သည့်အတိုင်း ဧပြီ လမှ ဒီဇင်ဘာလအထိ လက်ကျန်နိုင်ငံရေးအကျဉ်းသား စိစစ်ရေးကော်မတီ၏ စိစစ်မှုဖြင့် ၃၅၄ ဦးကို လွတ်ငြိမ်းချမ်းသာခွင့်ပေးခြင်း၊ ပုဒ်မခုနစ်ခုနှင့်သက်ဆိုင်သည့် ပြစ်ဒဏ်များကို ပယ်ဖျက်ခြင်းတို့ ဆောင် ရွက်ပြီးဖြစ်သော်လည်း ရာဇ၀တ်မှုစွဲချက်များဖြင့်တွဲဖက်၍ ပြစ်ဒဏ်ကျခံနေရသူ ၃၅ ဦးကျော် အကျဉ်း ထောင်များအတွင်း ကျန်ရှိနေသေးသည်ဟု နိုင်/ကျဉ်းကော်မတီဝင် ဦးရဲအောင်က ဇန်န၀ါရီ ၁ ရက်တွင် အတည်ပြု ပြောဆိုသည်။

“အခု ထောင်ထဲမှာ နိုင်ငံရေးပုဒ်မမကျန်ပေမယ့် ရာဇ၀တ်ပုဒ်မနဲ့ နိုင်ငံရေးအကျဉ်းသားတွေ ကျန်နေသေး တယ်။ ဒါတွေအတွက်ကိုလည်း ကော်မတီက ဆွေးနွေးပြီး တင်ပြထားပြီ ဘယ်လိုပုံစံနဲ့ လွှတ်ပေးမယ်ဆို တာကိုပဲ မသိတာ”ဟု ၎င်းက ပြောသည်။

စစ်တွေမြို့နယ်တွင် တာဝန်ကျ ရဲတပ်သားနှစ်ဦးအား ဘင်္ဂါလီရှစ်ဦးက ရိုက်နှက်သဖြင့် တစ်ဦးသေဆုံး

တာဝန်ကျ ရဲတပ်သားနှစ်ဦးအား ဘင်္ဂါလီရှစ်ဦးက ရိုက်နှက်သဖြင့် တစ်ဦးသေဆုံးပြီး တစ်ဦးမှာ ဆေးရုံတွင် တက်ရောက်ကုသမှု ခံနေရကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဒီဇင်ဘာ ၃၀ ရက် ညနေ ၅ နာရီ ၁၅ မိနစ်က စစ်တွေမြို့နယ် မှန်စီရဲကင်းတွင် တာဝန်ကျနေသော တပ်သားသန့်ဇင်ဝင်းနှင့် တပ်သားကျော်ကျော်မိုးတို့သည် လှည့်ကင်းဆောင်ရွက်နေစဉ် ရဲကင်းနောက်ဘက် သုံးဖာလုံအကွာရှိ တရုတ်သင်္ချိုင်းသို့ ရောက်ရှိခဲ့ရာ အုတ်ဂူများ ဖျက်ဆီးနေသော ဘင်္ဂါလီရှစ်ဦးအား တွေ့ရှိ သဖြင့် တားမြစ်ရာမှ သံတူးရွင်းများဖြင့် ၀ိုင်းဝန်းရိုက်နှက်ခဲ့ခြင်းဖြစ်သည်။

ဒီဇင်ဘာ ၃၁ ရက် နှစ်သစ်ကူးညက မန္တလေးဆေးရုံကြီးအရေးပေါ်ဌာနသို့ လူနာ ၁၇၀ ကျော် ရောက်ရှိခဲ့ရာ ဆိုင်ကယ်တိုက်မှုအပါအ၀င် ထိခိုက်ဒဏ်ရာရလူနာ ၁၀၀ ခန့်ရှိ



ဒီဇင်ဘာ ၃၁ ရက်က မန္တလေးအထွေထွေရောဂါကုဆေးရုံကြီး အရေးပေါ်ဌာနသို့ လူနာ ၁၇၀ ကျော် လာရောက်ကုသခဲ့ရာ ထိခိုက်ဒဏ်ရာရလူနာ ၁၀၀ ခန့်ပါဝင်ကြောင်း အရေးပေါ်ဌာန မှတ်တမ်းများအရ သိရသည်။

ဒီဇင်ဘာ ၃၁ ရက်တွင် လူနာစုစုပေါင်း ၁၇၇ ယောက် လာရောက်ဆေးကုသခံယူခဲ့ရာ ည ၁၂ နာရီကျော် နောက် ပိုင်း၌ အရေးပေါ်ဌာန ပြင်ပလူနာဌာနတွင် ကုသပေးရသည့် လူနာ ၆၅ ယောက်ရှိပြီး ၂၅ ဦးမှာ ဆေးရုံ တက်ရောက် ကုသမှုခံယူလျက်ရှိကြောင်း သိရသည်။

ကန်ဘဲ့ကျေးရွာ ရွာမကြီးတစ်ခုလုံးနီးပါး မီးလောင်ကျွမ်းရသည်မှာ မီးငြှိမ်းသတ်ရန် မီးသတ်ရေစက်မရှိသောကြောင့်ဖြစ်ကြောင်း ဒေသ ခံများ ပြောကြား



ကန်ဘဲ့ကျေးရွာ ရွာမကြီးတစ်ခုလုံးနီးပါး မီးလောင်ကျွမ်းရသည့်အကြောင်းမှာ မီးငြှိမ်းသတ်ရန် မီးသတ်ရေ စက်မရှိသောကြောင့် ဖြစ်ကြောင်း ဒေသခံများက ပြောကြားခဲ့ကြပြီး မီးလောင်ကျွမ်းမှုကြောင့် ကျပ်သိန်းပေါင်း သုံးသောင်းကျော် ဆုံးရှုံးခဲ့သည်ဟု ဒေသခံများ၏ တွက်ချက်မှုအရ သိရသည်။

ဒီဇင်ဘာ ၃၀ ရက် နံနက် ၂ နာရီခန့်တွင် မီးလောင်ကျွမ်းမှု စတင်ဖြစ်ပွားခဲ့ပြီး၊ မီးငြှိမ်းသတ်ရန်အတွက် မီးသတ်ရေစုပ်စက်များ မရှိသောကြောင့် နံနက် ၆ နာရီကျော်သည်အထိ အချိန်လေးနာရီကျော်ကြာ မီးလောင် ကျွမ်းမှု အားကောင်းခဲ့ပြီး အနီးရှိ ဘီတွတ်ကျေးရွာ ကြာကန်ကျေးရွာ၊ လပွတ္တာမြို့များရှိ မီးသတ်ရဲဘော်များ လာရောက်အားဖြည့် ကူညီငြှိမ်းသတ်ပေးခဲ့ရသည့် ဒေသခံများကဆိုသည်။

ရန်ကုန်တိုင်း ဒေသကြီး၌ ဒီဇင်ဘာ ၃၁ ရက်၌ ယာဉ်တိုက်မှု ရှစ်မှုဖြစ်ပွားပြီး လူလေးဦး သေဆုံးကာ ၁၆ ဦး ဒဏ်ရာရရှိ



ရန်ကုန်တိုင်း ဒေသကြီးအတွင်း နှစ်သစ်ကူးနေ့ဖြစ်သော ဒီဇင်ဘာ ၃၁ ရက်နေ့တွင် ရန်ကုန်တိုင်း ဒေသကြီး၌ ယာဉ်တိုက်မှု ခုနစ်မှု ဖြစ်ပွားခဲ့ပြီး သုံးဦးသေဆုံးခဲ့ကာ ၁၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်များမှာ ဒဂုံမြို့နယ်၊ မြောက်ဥက္ကလာပမြို့နယ်၊ ဆိပ်ကမ်းမြို့နယ်၊ ပုဇွန်တောင်မြို့နယ်၊ ဗဟန်းမြို့နယ်၊ ဒေါပုံ၊ တွံတေးမြို့နယ်နှင့် မှော်ဘီမြို့နယ်တို့တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်များအနက် ဖြစ်စဉ်တစ်ခုမှာ ယင်းနေ့ည ၁၁ နာရီ ၄၀ ခန့်တွင် ပုဇွန်တောင်မြို့နယ်၊ မဟာဗန္ဓုလလမ်းအတိုင်း ယာဉ်မောင်း(စုံစမ်းဆဲ) မောင်းနှင်လာသော DAIHATSU အဖြူရောင် အုတ်သဲကျောက်တင် ယာဉ်သည် မဟာဗန္ဓုလ တံတားအဆင်း ၄င်း၏ရှေ့မှ ယာဉ်တစ်စီးအား ရှောင်လိုက်စဉ် လမ်း၏ယာဘက်တွင် ရပ်တန့်ထားသော ပရိုဘောက် ခဲရောင်ယာဉ်အား တိုက်မိခဲ့ကြောင်း သိရသည်။

"ခေါင်းကိုက်ခြင်း အတွက် သဘာဝ ကုထုံး နဲ့ ကုမယ်"

"ခေါင်းကိုက်ခြင်း အတွက် သဘာဝ ကုထုံး နဲ့ ကုမယ်"
Wednesday, January 1, 2014

ငါးမိနစ် အတွင်းမှာပဲ သင့်ခံစားနေရတဲ့ ခေါင်းကိုက်ဝေဒနာဟာ သက်သာ သွားပါလိမ့်မယ်။

လွယ်ကူတဲ့ နည်းလမ်းလေးလည်း ဖြစ်ပြီး ဘာမှ ကုန်ကျမှု မရှိပါဘူး။
ဒါက အိန္ဒိယက ကုထုံး တစ်ခု ဖြစ်တယ်လို့ လည်း ဆိုပါတယ်။
သင် အသက်ရှုတဲ့ နှာခေါင်း ပေါက် နှစ်ပေါက်မှာ ညာဘက် အပေါက်က
နေကို ကိုယ်စားပြုပြီး ဘယ်ဘက် ကတော့ လ ကို ကိုယ်စားပြုတယ်လို့  ဆိုပါတယ်။

ခေါင်းကိုက်နေတဲ့ အတောအတွင်းမှာ ညာဘက်အပေါက်ကို ဖိပြီး လက်ဖြင့်ပိတ်လိုက်ပါ။ ပြီးတော့ ဘယ်ဘက် အပေါက်ကနေသာ
လေကို ရှုထုတ်လုပ်ပေးပါ။ ငါးမိနစ် ကြာတဲ့ အတောအတွင်းမှာပဲ သင့်ရဲ့ ခေါင်းကိုက် ဝေဒနာဟာ သက်သာပျောက်ကင်းသွားပါလိမ့်မယ်။
အကယ်လို့  ပင်ပန်းနေတယ်လို့  ခံစားနေရရင် တော့ သူနဲ့ ပြောင်းပြန်ပါပဲ ။ ဘယ်ဘက် အပေါက်ကို ပိတ်ပြီး ညာဘက်ကနေ လေရှုလေထုတ် လုပ်ပေးပါ။

မကြာခင်မှာပဲ ပင်ပန်းတာတွေ ပြေပျောက်ပြီး စိတ်လန်းဆန်းမှု ရရှိလာမှာ ဖြစ်ပါတယ်။

ညာဘက် နှာခေါင်းပေါက်ဟာ အပူ ကို ဖြစ်ပေါ်စေတဲ့ အတွက် ပူနွေးမှုကို ချက်ချင်း ဖြစ်ပေါ်စေပြီး ၊ ဘယ်ဘက် ကတော့ အအေးကို ကိုယ်စားပြုတာ ဖြစ်ပါတယ်။ အမျိုးသမီး အများစုဟာ ဘယ်ဘက်နဲ့ အသက်ရှုတာ ဖြစ်ပါတယ်။ ဒါကြောင့် အအေးကို ပို ခံစားရပါတယ်။ အမျိုးသားများကတော့ ညာဘက် နဲ့  အသက်ရှုတာ များကြတဲ့အတွက် အပူဓာတ်ဖြစ်စေပြီး အလုပ်ပိုလုပ်နိုင် ပါတယ်။

သင် နိုးထနေတဲ့ အခါ နှာခေါင်းရဲ့ ဘယ်အပိုင်းက နေ ပိုပြီး အသက်ရှူသလဲဆိုတာ သတိထားကြည့်ပါ။

ဘယ်ဘက်က အသက်ရှုရတာ ပိုကောင်းတယ်ဆိုရင် ပင်ပန်းမှုကို ခံစားစေနိုင်ပါတယ်။ ဒီတော့ ဘယ်ဘက် ပိုင်းကို လက်နဲ့ ခဏပိတ်ထားပြီး ညာဘက်နဲ့ အသက်ရှုကြည့်ပါ။အဲ့ဒီအချိန် မကြာခင်မှာဘဲ လန်းဆန်းမှုကို ရရှိမှာ ဖြစ်ပါတယ်။

အကယ်လို့  ခေါင်းကိုက်ဝေဒနာကို မကြာခဏ ခံစားနေရတယ် ဆိုရင် ဒီလေ့ကျင့်ခန်းကို တစ်လလောက် ပုံမှန်လုပ်ပေးရင် လုံးဝ ပျောက်ကင်း
စေမှာ ဖြစ်ပါတယ်။ ဒါကတော့ ဆေးဝါး သုံးစွဲရန် မလိုတဲ့ သဘာဝ နည်းလမ်း လေးပဲ ဖြစ်ပါတယ်။
-----
Credit To: Medical Facts
MOI Webportal Myanmar

ငါးမိနစ် အတွင်းမှာပဲ သင့်ခံစားနေရတဲ့ ခေါင်းကိုက်ဝေဒနာဟာ သက်သာ သွားပါလိမ့်မယ်။

လွယ်ကူတဲ့ နည်းလမ်းလေးလည်း ဖြစ်ပြီး ဘာမှ ကုန်ကျမှု မရှိပါဘူး။
ဒါက အိန္ဒိယက ကုထုံး တစ်ခု ဖြစ်တယ်လို့ လည်း ဆိုပါတယ်။
သင် အသက်ရှုတဲ့ နှာခေါင်း ပေါက် နှစ်ပေါက်မှာ ညာဘက် အပေါက်ကနေကို ကိုယ်စားပြုပြီး ဘယ်ဘက် ကတော့ လ ကို ကိုယ်စားပြုတယ်လို့  ဆိုပါတယ်။

သမ္မတဦးသိန်းစိန်၏ နိုင်ငံရေး အကျဉ်းသားများ လွတ်ငြိမ်းချမ်းသာခွင့် ပေးမှုကို UN နှင့် ဗြိတိန်နိုင်ငံတို့မှ ကြိုဆိုခဲ့ပြီး လွှတ်ပေးရန် ကျန်နေသူများ ရှိသေးကြောင်း ထောက်ပြ

သမ္မတဦးသိန်းစိန်၏ ဒီဇင်ဘာ ၃၀ ရက်တွင် ထုတ်ပြန်ခဲ့သော နိုင်ငံရေးအကျဉ်းသားများ လွတ်ငြိမ်း ချမ်းသာခွင့် ပေးမှုအပေါ် ကြိုဆိုကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးနှင့် ဗြိတိန်နိုင်ငံ တို့မှ အသီးသီး ထုတ်ပြန်ခဲ့သည်။

မတရားအသင်း အက်ဥပဒေ၊ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် ဆိုင်ရာဥပဒေ၊ နိုင်ငံတော် သစ္စာဖောက် မှုနှင့် နိုင်ငံတော် အကြည်ညိုပျက်အောင် လုပ်ဆောင်မှုများ အပါအ၀င် ဥပဒေ ခုနစ် မျိုးဖြင့် ပြစ်ဒဏ် ချမှတ်ခြင်း ခံထားရသည့် နိုင်ငံရေး အကျဉ်းသားများအား နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဒီဇင်ဘာ ၃၀ ရက်စွဲဖြင့် အမိန့်ထုတ်ပြန်ကာ လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ခြင်းဖြစ်သည်။

ပြည်သူရွေးချယ်သည့် အရပ်သားအစိုးရ ပေါ်ပေါက်လာစေရေး ပုဒ်မ ၅၉ (ဃ)နှင့် ၅၉ (စ)အား ပယ်ဖျက်ပေးရန် ဆန္ဒထုတ်ဖော်မည်ဟုဆို

အရပ်သား ဦးဆောင်ပြီး ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေး အတွက် ပုဒ်မ ၅၉ (ဃ) နှင့် ၅၉ (စ) အား ပယ်ဖျက်ပေးရန် ဇန်န၀ါရီ ၃ ရက် နံနက် ၁၀ နာရီခွဲတွင် ရန်ကုန်တိုင်း ဒေသကြီး ကျောက်တံတားမြို့နယ် အတွင်းရှိ ဧမာနွေလ ဘုရားရှိခိုးကျောင်းမှစ၍ ဆန္ဒထုတ်ဖော်မည့် အကြောင်း သတင်းရရှိသည်။
1000 Strong Support for Daw Aung San Suu Kyi Website မှ စတင်စုစည်းပြီး ထိုသို့ စုစည်း ခဲ့ခြင်းမှာလည်း ၂၀၀၈ အခြေခံဥပဒေပါ ပုဒ်မ ၅၉ (စ) နှင့် ၅၉ (ဃ) သည် ပြည်သူလိုလားသည့် အရပ်သား အစိုးရ မပေါ်ပေါက်စေရန် ဟန့်တားထားသည့် ဥပဒေဖြစ်ကြောင်း သိရသည်။

ပြည်ထောင်စုမှ မည်သည့်အခါမျှ ခွဲထွက်သွားမည် မဟုတ်ဟု ကေအင်န်ယူမှ ဖဒိုမန်းငြိမ်းမောင် ကရင်နှစ်သစ်ကူးနေ့ အခမ်းအနားတွင် ကတိပြု

ပြည်ထောင်စုမှ မည်သည့်အခါမျှ ခွဲထွက်သွားမည် မဟုတ်ကြောင်း ပုသိမ်မြို့တွင် ကျင်းပသည့် ကရင် အမျိုးသား နှစ်သစ်ကူးနေ့ အခမ်းအနားတွင် KNU ကရင်အမျိုးသား အစည်းအရုံးမှ ဖဒိုမန်းငြိမ်းမောင်က ကတိပြု ပြောကြားခဲ့ကြောင်း သိရသည်။

Wednesday, January 1, 2014

၂၀၁၄ နှစ်သစ် ကြိုဆိုခြင်းအား ဒီဇင်ဘာ ၃၁ ရက်ညက ရန်ကုန်မြို့ရှိ လူစည်ကားရာ နေရာများတွင် ကျင်းပခဲ့


၂၀၁၄ ခုနှစ် နှစ်သစ်အား ပျော်ပွဲရွှင်ပွဲများဖြင့် ကြိုဆိုခြင်းကို ဒီဇင်ဘာ ၃၁ ရက်ညပိုင်းက ရန်ကုန်မြို့ရှိ လူစည်ကားသော နေရာများတွင် ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

ရန်ကုန်မြို့တွင် အစည်ကားဆုံး နှစ်သစ်ကြိုဆိုခြင်းကို အခမဲ့ ၀င်ခွင့်ပေးခဲ့သည့် မိုင်ဒါကွင်းတွင် ပြုလုပ် ခဲ့ပြီး တေးသံရှင်များစွာ၏ အခမဲ့ ဖျော်ဖြေမှုများစွာဖြင့် ပရိသတ်များ စည်ကားစွာဖြင့် ပြုလုပ်ခဲ့ပြီး ၂၀၁၄ နှစ်သစ်ကို ပျော်ရွှင်မှု အပေါင်းဖြင့် ကြိုဆိုခဲ့သည်ကို တွေ့ရသည်။

Tuesday, December 31, 2013

နိုင်ငံရေး အကျဉ်းသားအားလုံး ပြန်လွှတ်ဖို့ သမ္မတကြေညာ

မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးနဲ့ ပြန်လည်သင့်မြတ်ရေးအတွက် ရည်ရွယ်ပြီး နိုင်ငံရေးအကျဉ်းသားတွေ အားလုံးကို မနက်ဖြန် ဒီဇင်ဘာလ ၃၁ ရက်နေ့ နောက်ဆုံးထား ပြန်လွှတ်ပေးဖို့ သမ္မတဦးသိန်းစိန်က လက်မှတ်ရေးထိုး ကြေညာလိုက်ပါတယ်။ နိုင်ငံရေး လှုပ်ရှားမှုတွေနဲ့ ဆက်နွယ်ပြီး ပြစ်ဒဏ် ချခံထား ရသူတွေရော အမှုရင်ဆိုင်နေရဆဲဖြစ်တဲ့ သူတွေကိုပါ လွတ်ငြိမ်းချမ်းသာခွင့် ပေးမှာ ဖြစ်တဲ့အကြောင်း သမ္မတက ကြေညာခဲ့တာပါ။ လွတ်ငြိမ်းချမ်းသာခွင့် ခံစားခွင့်ရမယ့်သူတွေနဲ့ ပတ်သက်လို့ သမ္မတရုံးရဲ့ ညွှန်ကြားရေးမှူးဖြစ်သူ ဦးဇော်ဋ္ဌေးကို မအင်ကြင်းနိုင်က ဆက်သွယ်မေးမြန်းရာမှာတော့ သူက အခုလို စရှင်းပြ ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် လေးပွင့်ဆိုင်တွေ့ဆုံခြင်းဖြင့် ပြည်သူလူထု၏ စိုးရိမ်မှုများအား ဖြေဖျောက်ပေးရန် နိုင်ငံရေး အကျဉ်းသားဟောင်းအဖွဲ့ တောင်းဆို

ပြည်သူလူထုအများစု ယုံကြည်အားထားသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် အခြေခံ ဥပဒေပြင်ဆင်ရေး အတွက် အဓိကအရေးကြီးသည့် အခန်းကဏ္ဍတွင်ရှိနေသည့် သမ္မတ၊ ကာကွယ်ရေး ဦးစီးချုပ်၊ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌတို့ တွေ့ဆုံဆွေးနွေးခြင်းဖြင့် ပြည်သူလူထု၏ သံသယစိတ်၊ စိုးရိမ်ပူပန်မှု တို့အား လျှော့ ချပေးရန်အတွက် နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့မှ တောင်းဆိုသည့် ကြေညာချက်အား ထုတ်ပြန် ခဲ့ကြောင်း သတင်းရရှိသည်။

အောင်ပွဲနှင့်ဝေးကွာနေခဲ့ရာမှ အားကစားမောင်မယ်များ ကြိုးစားမှုကြောင့် ရွှေတံဆိပ် ဒုတိယအများဆုံးနိုင်ငံအဖြစ် အောင်ပွဲခံနိုင်ခဲ့ခြင်းဖြစ်ကြောင်း သမ္မတဦးသိန်းစိန်မှပြောကြား

F.31.12
မြန်မာနိုင်ငံအားကစားပြိုင်ပွဲများတွင် အောင်ပွဲနှင့် ဝေးကွာနေခဲ့ရာမှ အားကစားမောင်မယ်များ ကြိုးစား မှုကြောင့် ရွှေတံဆိပ် ဒုတိယအများဆုံးနိုင်ငံအဖြစ် အောင်ပွဲခံနိုင်ခဲ့ခြင်းဖြစ်ကြောင်း ဒီဇင်ဘာ ၃၀ ရက် MICC အစည်းအဝေးခန်းမတွင် ပြုလုပ်သည့် ဆီးဂိမ်းပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ကြ သည့် အောင် ပွဲရ မြန်မာ့ လက်ရွေးစင် အားကစားသမားများအား နိုင်ငံတော်သမ္မတက တည်ခင်းဧည့်ခံသော ဂုဏ်ပြု ညစာ စားပွဲ အခမ်းအနားတွင် ပြောကြားခဲ့သည်။

နှစ်သစ်ကူးနေ့တွင် ရန်ကုန်မြို့ရှိ နိုက်ကလပ်များနှင့် KTV များအားလုံး ည ၁၁ နာရီအထိသာ ဖွင့်လှစ်ခွင့်ပြုမည်

8.1.1
ယမန်နှစ် ဒီဇင်ဘာ ၃၁ ရက်က ရန်ကုန်မြို့ရှိ မိုင်ဒါကွင်း၌ The Big Myanmar New Year Countdown ပြု လုပ် ခဲ့ရာ ပရိသတ်များနှင့် စည်ကားနေသည်ကို တွေ့ရစဉ်
ဒီဇင်ဘာ ၃၁ ရက်၌ ကျရောက်မည့် နှစ်သစ်ကူးနေ့တွင် ရန်ကုန်မြို့ရှိ နိုက်ကလပ်များနှင့် KTV များအားလုံးကို ည ၁၁ နာရီအထိသာ ဖွင့်လှစ်ခွင့် ပြုထားကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှ ဒုတိယရဲမှူးကြီး ၀င်းကြည်က ဒီဇင်ဘာ ၃၀ ရက် နံနက်က ပြောကြားသည်။ ထို့ပြင် အဆိုပါ နှစ်သစ်ကူးနေ့ ညပိုင်းတွင် ရန်ကုန်မြို့ရှိ လူစည်ကားသော နေရာအားလုံးတွင် လုံခြုံရေး အပြည့်အ၀ ချထားမည်ဖြစ်ကြောင်း သိရသည်။

လိုင်စင်မဲ့ ဆိုင်ကယ်များအား စစ်ဆေးဖမ်းဆီးနေသည့် ရဲတပ်ဖွဲ့ဝင် တစ်ဦးနှင့် ထွေ/အုပ်စာရေးတစ်ဦး ကတ်ကြေးဖြင့် အထိုးခံရကာ လေထိုးပိုက်ဖြင့် ရိုက်နှက်ခံရမှု အင်းစိန်မြို့နယ်တွင်ဖြစ်ပွား

ဒီဇင်ဘာ ၂၉ ရက် နံနက် ၈ နာရီခန့်က အင်းစိန်မြို့မ ရဲစခန်း နယ်မြေအတွင်း စည်းကမ်းမဲ့၊ လိုင်စင်မဲ့ ဆိုင်ကယ်များ ဖမ်းဆီးရေးအတွက် ယာဉ်ထိန်းရဲတပ်ဖွဲ့စု (၁၄)၊ အင်းစိန်ရဲစခန်း၊ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ရာအိမ်မှူးများ ပါဝင်သော အဖွဲ့သည် အင်းစိန်မြို့နယ်အတွင်း စည်းကမ်းမဲ့ ဆိုင်ကယ်များ လိုက်လံဖမ်းဆီး ခဲ့ကြောင်း သိရသည်။