Monday, February 10, 2014

ဉာဏပစ္စည်းမူပိုင်ခွင့် သတင်းအချက်အလက်ဌာန UMFCCI တွင် ဖွင့်မည်

ဉာဏပစ္စည်း မူပိုင်ခွင့်ဆိုင်ရာ သတင်းအချက်အလက် ဌာနကို စီးပွားရေး လုပ်ငန်းရှင်များနှင့် အများပြည်သူ လေ့လာနိုင်ရန် ယခုနှစ်အတွင်း ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ် ငန်းရှင်များအသင်းချုပ် (UMFCCI)တွင် ဖွင့်လှစ်မည် ဖြစ်ကြောင်း UMFCCI လူ့စွမ်းအားရင်းမြစ် ဖွံ့ဖြိုး တိုးတက်ရေးဌာနမှ ဒုတိယ အမှုဆောင်အရာရှိ ဒေါ်ဇာဇာတင်ထွဋ်က The Voice သို့ ပြောကြား သည်။

အာဖဂန် စစ်သားများ အမေရိကန်မှ ထောက်ပံ့ကူညီမှုများ ရုတ်သိမ်းသွားမည်ကို ပူပန်နေ

Photo: အာဖဂန် စစ်သားများ အမေရိကန်မှ ထောက်ပံ့ကူညီမှုများ ရုတ်သိမ်းသွားမည်ကို ပူပန်နေ
Monday, February 10, 2014

တာလီဘန်များကို တိုက်ခိုက်နေသည့် အာဖဂန် စစ်သားများ အနေဖြင့် သောင်းကျန်းမှုများကို ထိန်းသိမ်းရင်ဆိုင်ရာတွင် ယုံကြည်မှုများ ရှိလာနေသော်လည်း ရှေ့တန်းမှ တိုက်ခိုက်နေသူများသည် အမေရိကန်မှ ထောက်ပံ့မှုများ ရုတ်သိမ်းသွားမည်ကို ပူပန်လျှက် ရှိသည်။

အမေရိကန်မှ ၂၀၁၄ နောက်ပိုင်း စစ်တပ်အင်အား အနည်းငယ်ကို ဆက်လက်ချထားရန် ခွင့်ပြုမည့် အပြန်အလှန် လုံခြုံရေး သဘောတူညီမှု စာချုပ် ချုပ်ဆိုရန် အာဖဂန် သမ္မတ ဟာမစ်ကာဇိုင်း၏ သဘော မတူညီမှုကြောင့် ယခုကဲ့သို့ စိုးရိမ်ပူပန်မှုများ ထွက်ပေါ်လာခြင်း ဖြစ်သည်။ အာဖဂန် တပ်ဖွဲ့များမှ ယခုကဲ့သို့ စိုးရိမ်ပူပန်မှုကို ဖော်ပြပြီး သမ္မတအား သဘောတူညီမှု စာချုပ် လက်မှတ်ရေးထိုးရန် တောင်းဆိုခြင်း ဖြစ်သည်။

“ တကယ်လို့ နိုင်ငံတကာ အဖွဲ့အစည်းတွေသာ ထွက်သွားရင် တာလီဘန်တွေ အသာစီးရသွားမယ်ဆိုတာ မေးစရာတောင် မလိုပါဘူး။ အခုဆို အဲ့ဒီ ကိစ္စဟာ စစ်သားတိုင်းအတွက် စိုးရိမ်ပူပန်စရာ ဖြစ်နေပြီ ” ဟု ဇဘူလ် ခရိုင်မှ တပ်ရင်း၏ ဗိုလ်မှုးကြီး မိုဟာမက်ဒေါ့စ်က အင်တာဗျူးတစ်ခုတွင် ပြောကြားသွားသည်။ လတ်တလော ကာလများတွင် ယင်းကိစ္စအတွက် ထင်မြင်ချက်များကို စစ်သားများမှ ဒေသတွင်း တီဗွီ အင်တာဗျုးများတွင် လည်းကောင်း၊ သတင်းစာများ၏ ပြည်သူ့အသံ ကဏ္ဍများတွင် လည်းကောင်း ဖော်ပြလျက် ရှိသည်။ အာဖဂန်အစိုးရမှ ၎င်းကိစ္စအား ပြောဆိုခြင်းကို တရားဝင် ပိတ်ပင်ထားခြင်း မရှိသော်လည်း ပြောဆိုမှု တစ်ချို့တွင် တင်းကျပ်စွာ အရေးယူလျှက်ရှိသည်။

“ တစ်ခြားသူတွေကလည်း သဘောတူစာချုပ်ကို လက်မှတ် ရေးထိုးစေချင်သလို ကျွန်တော်တို့လည်း စာချူပ်ရေးထိုးဖို့ကို တောင်းဆိုပါတယ် ” ဟု ဗိုလ်ချုပ် မိုမန်ကတာဝါဇိုင်း ပြီးခဲ့သော လအတွင်း ပြောကြားခဲ့ပြီးနောက် မကြာမီတွင် ကာကွယ်ရေး ဝန်ကြီးဌာနမှ သူ့အား ခေါ်ယူပြီး ရုံးသို့ လာရောက် အလုပ်လုပ်ရန် မလိုတော့ဟု ပြောဆိုခဲ့ကြောင်း သိရသည်။ တရားဝင် ထုတ်ပယ်ခြင်း မရှိသေးသော်လည်း မကြာခင် ထုတ်ပြန်သွားမည်ဟု မျှော်လင့်ရသည်။ “ ဒါအတွက် တော်တော် ခေါင်းကိုက်သွားတယ် ” ဟု မိုမန်မှ ပြောဆိုခဲ့သည်။ ဗိုလ်ချုပ် မိုမန်အနေဖြင့် ၎င်းကဲ့သို့ ပြဿနာ ကြုံခဲ့သော်လည်း အခြားသော စစ်သားများကမူ ဆက်လက် ပြောဆိုလျှက် ရှိသည်။

“ အမေရိကန်တွေ ထွက်သွားရင် အာဖဂန်ကတော့ ကန္တာရထဲမှာ ဝံပုလွေတွေကြားထဲက အထီးကျန် သိုးတစ်ကောင် ဖြစ်ကျန်တော့မှာပဲ ” ဟု ဗိုလ်ကြီးအဆင့်ရှိ အဗ္ဗဒူဇဟာမှ အင်တာဗျူးတွင် ပြောဆိုခဲ့သည်။ သဘောတူညီမှု စာချုပ်အတွက် ကာကွယ်ရေးဝန်ကြီး ဘစ်မီလာခန်းမိုဟာမက်ဒီမှ စစ်တပ် ထိပ်ပိုင်း ခေါင်းဆောင်များနှင့် ပြီးခဲ့သောလ နှောင်းပိုင်းတွင် ဆွေးနွေးခဲ့ကြသည်။

ပြီးခဲ့သော ဆယ်စုနှစ်များအတွင်း အမေရိကန်မှ လူပေါင်း ၃၅၂၀၀၀ရှိ အာဖဂန် လုံခြုံရေး တပ်ဖွဲ့အတွက် ဒေါ်လာ ဘီလျံ ၅၀ ကျော် သုံးစွဲခဲ့သည်။ ၎င်းတပ်ဖွဲ့များကို ထိန်းသိမ်းရန် တစ်နှစ်လျှင် ဒေါ်လာ ၄ ဘီလျံကျော် ကုန်ကျမည် ဖြစ်ပြီး အာဖဂန် အစိုးရအနေဖြင့် လာမည့်နှစ်အနည်းငယ်အတွက် ၁၂ ရာခိုင်နှုန်း သုံးစွဲနိုင်မည်ဟု အမေရိကန်မှ ခန့်မှန်းထားသည်။ အာဖဂန်အနေဖြင့် နှစ်နိုင်ငံ သဘောတူညီမှု စာချုပ်ကို လက်မှတ်ရေးထိုးမှု မရှိလျှင် အမေရိကန်အနေဖြင့် ဘဏ္ဍာရေး အကူအညီပင် ပေးအပ်ရန် လွယ်ကူမှု မရှိပေ။

“ တကယ်လို့ ဘယ်သူမှ ကျွန်တော်တို့ကို လစာမပေးဘူးဆိုရင် ပါကစ္စတန်ရဲ့ အကူအညီနဲ့ တာလီဘန်တွေဟာ ကျွန်တော်တို့ ထက်တောင် ပိုပြီး အင်အားကြီး လာပါလိမ့်မယ် ” ဟု ဗိုလ်ကြီး မိုဟာမက်နာဘီမှ ပြောခဲ့သည်။ အာဖဂန် အများစုမှ တာလီဘန်များသည် ပါကစ္စတန်မှ ထောက်ပံ့မှုများ ရရှိနေသည်ဟု ယုံကြည်ကြသည်။ ပါကစ္စတန်မှ ၎င်း ပြောဆိုချက်များကို ငြင်းဆိုလျှက်ရှိသည်။

မြန်မာ့ခေတ်
တာလီဘန်များကို တိုက်ခိုက်နေသည့် အာဖဂန် စစ်သားများ အနေဖြင့် သောင်းကျန်းမှုများကို ထိန်းသိမ်းရင်ဆိုင်ရာတွင် ယုံကြည်မှုများ ရှိလာနေသော်လည်း ရှေ့တန်းမှ တိုက်ခိုက်နေသူများသည် အမေရိကန်မှ ထောက်ပံ့မှုများ ရုတ်သိမ်းသွားမည်ကို ပူပန်လျှက် ရှိသည်။

နိုင်ငံတစ်ဝန်းမှ အောက်ဆီဂျင် ကုသိုလ်ပြုရေးအဖွဲ့ ၅၀ ကျော် တွေ့ဆုံ

နိုင်ငံတစ်ဝန်းရှိ ဇီဝိတဒါန အောက်ဆီဂျင် ကုသိုလ်ပြု လှူဒါန်းသည့်အဖွဲ့ ၅၀ ကျော်၏ ပထမဆုံး တွေ့ဆုံဆွေးနွေးပွဲကို ဖေဖော်ဝါရီလ ၈ ရက်နေ့က ရန်ကုန်မြို့ တောင်ဥက္ကလာပမြို့နယ် (၁၂) ရပ်ကွက် မာဃဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း မာဃ အောက်ဆီဂျင် အလှူပေးရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသောင်းထွန်းက ပြောကြားသည်။

မြန်မာ့ ဆက်သွယ်ရေး လုပ်ကိုင်ခွင့်ရ ရတနာပုံ ကုမ္ပဏီကို ဆက်သွယ်ရေး လိုင်စင်ချထားပေးမည်

မြန်မာနိုင်ငံ ဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်းများ လုပ်ကိုင်ခွင့်ရ ပြည်တွင်း အော်ပရေတာ တစ်ခုဖြစ်သည့် Yatanarpon Public Co.,Ltd. ကို ဆက်သွယ်ရေး လုပ်ငန်း ဆောင်ရွက်ခွင့် လိုင်စင်ပေးရန် စီစဉ်လျက် ရှိနေကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက် အရသိရသည်။

လိုင်းကားစီးလက်မှတ်စနစ် ပြန်လည်ကျင်းသုံးရန် မထသ (ဗဟို) စီစဉ်

Photo: လိုင်းကားစီးလက်မှတ်စနစ် ပြန်လည်ကျင်းသုံးရန် မထသ (ဗဟို) စီစဉ်
Monday, February 10, 2014 

စာရေးသူတို့ငယ်ငယ်က လိုင်းကားစီးရာတွင် ခရီးအကွာအဝေးကို လိုက်၍ ၁၀ ပြား၊ ၁၅ ပြား၊ ပြား ၂၀၊ ၂၅ ပြားစသည်ဖြင့် အကြွေစေ့များပေး၍စီးခဲ့ကြရသည်ကို ယနေ့တိုင် မှတ်မိနေဆဲဖြစ်သည်။ ယာဉ်စီးခပေးပြီးတိုင်း ယခင်ခေတ်အခေါ် စပယ်ယာက ဗြက်လက် နှစ်လုံးခန့်၊ အရှည်နှစ်လက်မခန့်ရှိသော စက္ကူကြမ်း ယာဉ်စီးခလက်မှတ်လေးများကို ပြန်ပေးတတ်ကြသည်။ ယာဉ်စီးခပေးပြီးပြီ၊ မပေးရသေးဘူး ဆိုသော ပြဿနာ စကားများ မကြားဖူးပေ။ စပယ်ယာတိုင်း အကြွေနှင့် လက်မှတ်အုပ်လေးများထည့်ရန် အတွက် အိတ်ကိုယ် စီလွယ်ကြရသည်။

ဂိတ်ရောက်သည်နှင့် စပယ်ယာက လက်မှတ်အုပ်လေးများကို ဂိတ်မှူး ရုံအတွင်းသွားတင်ရသည်။ ဂိတ်မှူးက တင်ပြလာသော လက်မှတ်အုပ်လေးများမှ စီနီယာနံပါတ်များကို သူ့ဇယား ကွက်နှင့်သူမှတ်၍ စပယ်ယာကို ပြန်ပေးလိုက်သည်။ ညနေစောင်းဂိတ်သိမ်းသည်နှင့် ယင်းကားတစ်စီး၏ ဝင်ငွေကို တွက်ချက်နိုင်သည်။ ထိုအပေါ်မှရာခိုင်နှုန်းအားဖြင့် ယာဉ်လိုင်း၊ ယာဉ်ပိုင်ရှင်၊ ယာဉ်မောင်း၊ ယာဉ် နောက်လိုက်တို့ တွက်ချက်ရရှိကြ သည်။ ယာဉ်လိုင်းတစ်ခုလုံး၏ ဝင်ငွေ၊ခရီးသွားလာမှု ဦးရေတို့ရရှိပြီး နေ့စဉ် ခရီးသွားလာသူဦးရေ ဝင်ငွေကို မှန်ကန်စွာ တွက်ချက်နိုင်ခဲ့သည်။ ယာဉ်လက်မှတ်ပြန်ပေးသည့် စနစ်ကို ၁၉၉၃ ခုနှစ်လောက်အထိ ကျင့်သုံး လာခဲ့သည်ဟု မှတ်မိခဲ့သည်။ ထိုခေတ် က အောက်ဆိုက်ကား၊ ကြားကားဟူ၍အသုံးအနှုန်းလုံးဝမကြားမိပေ။ ယင်းလက်မှတ် ပြန်ပေးသည့်စနစ်ပျောက်ပြီး ယာဉ်စီးခများကိုလည်း အကြွေခေတ်မှ ငွေစက္ကူပေးရသည့် ခေတ်ဖြစ်လာသည်ဟု ခန့်မှန်းမိသည်။

ဆယ်စုနှစ်နှစ်စုမျှရှိပြီ ဖြစ်သည်။ ခရီးသွားလာမှု နှုန်းထားများလည်း အလွန်မြင့်မားလာခဲ့သည်။ လက်မှတ် ပေးသည့်စနစ် မရှိသည့်အတွက် ကားတစ်စီး၏ တစ်နေ့တာ အမှန် ဝင်ငွေကို သိရှိရန်ခက်ခဲမှုများရှိလာ သည်။ ယခုအခါ ယာဉ်စီးခလက်မှတ် ပြန်ပေးသည့်စနစ် ပြန်လည်ကျင့်သုံး နိုင်ရေး မထသ(ဗဟို)အနေဖြင့် တိုင်းဒေသကြီးအစိုးရထံ ခွင့်ပြုချက်တင်ပြ ရန် စီစဉ်နေပြီဖြစ်ကြောင်း တစ်နှစ် တစ်ခါကျင်းပသည့် မီဒီယာများနှင့် တွေ့ဆုံပွဲမှ သိရသည်။
မထသ(ဗဟို)ဥက္ကဋ္ဌ ဦးလှအောင်က “အခုကယာဉ်နောက်လိုက်၊ ယာဉ်မောင်းတွေပြောတဲ့ ဝင်ငွေပဲ ဖြစ်နေတယ်။ ယာဉ်ပိုင်ရှင်ကလည်း သူတို့ပြောသမျှပဲရတယ်။ ခရီးသည် စီးနင်းမှုကိန်းဂဏန်း၊ ဝင်ငွေ အမှန် တိတိကျကျသိရမှသာ ယာဉ်ပိုင်ရှင်၊ ယာဉ်လုပ်သားတွေရဲ့ဝင်ငွေကို တွက် ချက်ပေးလို့ရမှာပါ” ဟုဆိုခဲ့သည်။ ယခုအခါ ယာဉ်ပိုင်ရှင်များအဖို့ လိုင်းကားတစ်စီး၏ အမှန်ဝင်ငွေကို တွက်ချက်ရန် ခက်ခဲလာမှုကြောင့် တစ်နေ့လျှင် ပုတ်ပြတ်ငွေကျပ် ၃၅၀၀၀၊ ၄၀၀၀၀ ဖြင့် ပုတ်ပြတ် သဘောမျိုးဖြင့် ပေးထားကြသည်။ အထူးလိုင်းကားကြီးများ၌ ပိုင်ရှင်သို့မဟုတ် ပိုင်ရှင်၏ စိတ်ချရသောလူ တစ်ဦးက ယာဉ်၏အတက်အဆင်း ပေါက်နှင့် ကပ်လျက်ရှိသော ခုံတွင်ထိုင်လိုက်ပါလျက် ဂိတ်စဂိတ်ဆုံး အတက်ခရီးသည်စာရင်းကို တာလီ
ခြစ်ကြသည်ကိုလည်း သုံးလေးကြိမ်မကမြင်ဖူးခဲ့သည်။
သို့ကြောင့်လည်း ယခုအခါ လိုင်းကားကြီးထောင်သူတို့အဖို့ သူများ ပြန်ပေးမှရနေသည့် အနေအထားမှ တွက်ခြေကိုက်သော ဆီဆိုင်လုပ်ငန်း၊ Toll Gate လုပ်ငန်း၊ အဝေးပြေးယာဉ် လိုင်းလုပ်ငန်းများသို့ အကွက်ချ ပြောင်းရွှေ့ လုပ်ကိုင်လာကြသည်ကိုလေ့လာမိသည်။ အထူးသဖြင့် ယာဉ်ငယ်လိုင်းလေးများအနေဖြင့် ပုတ်ပြတ်ပေးထားရမှုအပေါ် တွက်ခြေကိုက်ရန်အတွက် သတ်မှတ်နှုန်းထက် ပိုမိုကောက်ခံလာ ကြသည်။ ယာဉ်တွင်ကပ်ထားရမည့်စီးခနှုန်းများကို နည်းအမျိုးမျိုးဖြင့် အကာအကွယ် ပြုထားကြသည်။ ဖြုတ်ထားကြသည်။ နေ့စဉ်နှင့်အမျှခရီးသည်နှင့် ယာဉ်နောက်လိုက်တို့ အချင်းများနေကြရသည်။ မထသ (ဗဟို)သို့ တိုင်စာပေါင်းမြောက်မြားစွာတက်လျက်ရှိသည်။ တာဝန်ရှိသူ တို့က ကွင်းဆင်း၍ လည်းကောင်း၊ ခေါ်ယူ စစ်ဆေးသည့် အခါ၌လည်းကောင်း ပေးသည့် ပြစ်ဒဏ်ကိုမူ မကွယ်မဖြောင့် ခံယူကြသည်။ ပြစ်ဒဏ်ပြီးသည်နှင့် ထိုနည်းလည်းကောင်းပင် တောင်းမြဲတောင်း လျက်ရှိနေသည်။

အခြားသော နိုင်ငံများတွင်ခရီးသည်တင် ယာဉ်လိုင်းများကို E-Ticket စနစ်ဖြင့် လုပ်ဆောင်နေ သည်ကို လေ့လာတွေ့ရှိရသည်။ ခရီးသည်နှင့် ယာဉ်လုပ်သားတို့ ပြဿနာကြီးကြီးမားမားမရှိ။ အဆင် ပြေကြသည်။ လေ့လာအတုယူသင့်ပါသည်။ မထသမှ တာဝန်ရှိသူများသာမက ခေါ်သင့်ခေါ်ထိုက်သော ယာဉ်မောင်း၊ ယာဉ်လုပ်သားတို့ဖြင့် သွားရောက်လေ့လာမှုပြုသင့်သည်။ မြန်မာနိုင်ငံ၌ လက်မှတ်စနစ် ဖျက်သိမ်းခဲ့သည်မှာ နှစ်ပေါင်း ၂၀ မျှ ကြာခဲ့ပြီဖြစ်ခြင်းကြောင့် လည်း ကောင်း၊ ယာဉ်လိုင်းများနှင့် ယာဉ် စီးရေ ပိုမိုများပြား လာခြင်းကြောင့်လည်းကောင်း၊ တစ်ဆင့်ချင်း ပြန်လည်စတင်ရမှာ ဖြစ်သည်။ နောက်ဆုံးအဆင့်အနေဖြင့် နိုင်ငံ တကာအဆင့်မီ E-Ticket စနစ်သို့ အရောက်သွားရမည် ဖြစ်သည်။ သို့မှသာ ယာဉ်ပိုင်ရှင်များ၏ ဝင်ငွေအမှန်၊ ယာဉ်လုပ်သားတို့၏ ဝင်ငွေအမှန်၊ နေ့စဉ်ခရီးသွားဦးရေ မှန်ကန်မှုတို့ရရှိမည်ဖြစ်ပြီး ထိုမှ ကဏ္ဍအလိုက် ပြည်သူတစ်ဦးချင်း၏ ဝင်ငွေများသိရှိပြီး နိုင်ငံတော်၏ စီးပွားရေး ကိန်းဂဏန်း စီမံကိန်းများ ရေးဆွဲရာ၌ အထောက်အကူ ဖြစ်လာမည်ကို ယုံကြည်လျက် မထသ (ဗဟို)၏ လိုင်းကားစီးလက်မှတ်စနစ် ပြန်လည် ကျင့်သုံးရန် စီစဉ်နေမှု အပေါ် ထောက်ခံရေးသားလိုက်ရပါသည်။

MOI Webportal Myanmar
စာရေးသူတို့ငယ်ငယ်က လိုင်းကားစီးရာတွင် ခရီးအကွာအဝေးကို လိုက်၍ ၁၀ ပြား၊ ၁၅ ပြား၊ ပြား ၂၀၊ ၂၅ ပြားစသည်ဖြင့် အကြွေစေ့များပေး၍စီးခဲ့ကြရသည်ကို ယနေ့တိုင် မှတ်မိနေဆဲဖြစ်သည်။ ယာဉ်စီးခပေးပြီးတိုင်း ယခင်ခေတ်အခေါ် စပယ်ယာက ဗြက်လက် နှစ်လုံးခန့်၊ အရှည်နှစ်လက်မခန့်ရှိသော စက္ကူကြမ်း ယာဉ်စီးခလက်မှတ်လေးများကို ပြန်ပေးတတ်ကြသည်။ ယာဉ်စီးခပေးပြီးပြီ၊ မပေးရသေးဘူး ဆိုသော ပြဿနာ စကားများ မကြားဖူးပေ။ စပယ်ယာတိုင်း အကြွေနှင့် လက်မှတ်အုပ်လေးများထည့်ရန် အတွက် အိတ်ကိုယ် စီလွယ်ကြရသည်။

အစားအစာ ပူပူကို ပလတ်စတစ် ပန်းကန် ခွက်ယောက် များတွင် ထည့်သွင်း စားသုံးခြင်းက ကျောက်ကပ် ကျောက် တည် စေနိုင်

Photo: အစားအစာ ပူပူကို ပလတ်စတစ် ပန်းကန် ခွက်ယောက် များတွင် ထည့်သွင်း စားသုံးခြင်းက ကျောက်ကပ် ကျောက် တည် စေနိုင်

ပလတ်စတစ် အသုံးဆောင်များသည် လွယ်လင့်တကူ အသုံးပြုနိုင်ခြင်း၊ စွန့်ပစ် နိုင်ခြင်းကြောင့် ယနေ့ခေတ် ကာလတွင် တွင်ကျယ် လာသော ပစ္စည်းများ ဖြစ်သည်။

ပလတ်စတစ် ပန်းကန် များသည် ပျော်ပွဲစား ထွက်ရာတွင် လည်းကောင်း၊ အလွယ်စာ များကို ထုတ်ပိုးရာတွင်လည်း ကောင်းလွယ် လင့်တကူ အသုံးပြု လာကြသည်။

သုတေသန တစ်ရပ်တွင် ဖော်ပြထားမှုအရ မယ်လမင်း ပစ္စည်းများ၊ ပလတ်စတစ် အသုံး အဆောင်များတွင် အစားအစာပူပူကို ထည့်သွင်း အသုံးပြုခြင်းသည် ကျောက်ကပ် ကျန်းမာရေးကို ထိခိုက် စေကြောင်း သိရှိရသည်။ ထိုင်ဝမ် သုတေသီများက ပလတ် စတစ် ပန်းကန်များတွင် အပူချိန်မြင့်သော အစားအစာကို ထည့်သွင်း စားသုံး ခြင်းသည် ကျောက်ကပ် ကျောက်တည် စေနိုင်ကြောင်းကို လေ့လာနိုင် ခဲ့သည်။ လေ့လာမှုတွင် ခေါက်ဆွဲ ပူပူ စားသုံးသူများကို လေ့လာ ခဲ့ခြင်း ဖြစ်သည်။ အုပ်စု နှစ်စုခွဲ၍ လေ့လာ ခဲ့ခြင်း ဖြစ်ပြီး ပထမအုပ်စုကို ပလတ်စတစ် ပန်းကန်ထဲတွင် စားသုံးစေခဲ့ပြီး ဒုတိယ အုပ်စုတွင် ကြွေပန်းကန် များကို အသုံးပြု စေခဲ့သည်။ စားသုံး ပြီးချိန်နှစ်နာရီ တိုင်းတွင် ဆီးနမူနာ များကို ရယူခဲ့ပြီး၁၂ နာရီကြာသည် အထိ ခြောက်ကြိမ်တိုင် ရယူခဲ့သည်။

သုံးပတ်ကြာသည့် အခါအုပ်စု နှစ်စု အသုံးပြုသည့် ပန်းကန် အမျိုး အစားကို ပြောင်းလဲပြီး ပြန်လည်၍ ဆီးနမူနာ ရယူခဲ့သည်။ ထို့နောက်ရလဒ် များကို ထုတ်ပြန်ခဲ့ရာ ပလတ်စတစ် ပန်းကန် များကို အသုံးပြုပြီး ခေါက်ဆွဲပူပူ များကို စားသုံးသူများတွင် ဆီးနမူနာ၌ ပလတ် စတစ် ကွန်ပေါင်း 8.5 microgram ပမာဏကို တွေ့ရှိခဲ့ပြီး ကြွေပန်းကန် အသုံးပြု စားသုံးသူ များ၏ ဆီးနမူနာတွင်မူ အန္တရာယ်ရှိသော အဆိုပါ ကွန်ပေါင်းများကို မတွေ့ရှိခဲ့ကြောင်း ထုတ်ပြန် ထားသည်။ ထိုင်ဝမ်၊ Kaohsiung Medical University မှသုတေသီ Dr. Chia Fang Wu က အစားအစာ ပူပူကို ပလတ်စတစ် ပန်းကန် ခွက်ယောက် များတွင် ထည့်သွင်း စားသုံးခြင်းသည် ကျောက်ကပ်တွင် ပလတ်စတစ် ကွန်ပေါင်းများကို အနည်ထိုင် စေကြောင်း၊ ပလတ်စတစ်ခွက်နှင့် အပူချိန် မြင့်သော အစားအစာများ ပေါင်းစပ် လိုက်ပါက ကြာလာလျှင် ကျောက်ကပ်တွင်းဝယ် ကျောက်တည် လာနိုင်ကြောင်း၊ ခဏတာ အချိန် အတွင်း၌ အဆိုပါ အာနိသင်က သိသာ ထင်ရှားမည် မဟုတ်သော်လည်း ကြာလာသည်နှင့် ဆီးသွားရ ခက်ခဲခြင်း၊ ဆီးကျောက် တည်ခြင်းများကို တွေ့ကြုံရ နိုင်ပြီးခွဲ စိတ်ရသည့် အခြေ အနေသို့ပင်ရောက်ရှိ နိုင်ကြောင်း ရှင်းပြ ထားပါသည်။

သို့သော်လည်း ကြွေပန်းကန် ခွက်ယောက် များကို အသုံးပြုခြင်းကမူ အဆိုပါ အာနိသင်ကို မတွေ့ရဘဲ အစား အစာပူပူများ ထည့်သွင်းရန် သင့်တော်ကြောင်း၊ တိရစ္ဆာန်များတွင် လေ့လာ မှုအရ ပလတ်စတစ်က ကျောက်ကပ် ပျက်စီးခြင်း၊ ကျောက်တည်ခြင်းနှင့် ကင်ဆာ ရောဂါများကို ဖြစ်စေနိုင်သည် ကိုတွေ့ ရှိခဲ့ပြီး ဖြစ်ကြောင်း ဖော်ပြ ထားသည်။

ယခု လေ့လာမှုကို Journal JAMA Internal Medicine တွင် ဖော်ပြထားခြင်း ဖြစ်သည်။

ငြိမ်းအေး

Ref: ANI

Health Updates Journal
ပလတ်စတစ် အသုံးဆောင်များသည် လွယ်လင့်တကူ အသုံးပြုနိုင်ခြင်း၊ စွန့်ပစ် နိုင်ခြင်းကြောင့် ယနေ့ခေတ် ကာလတွင် တွင်ကျယ် လာသော ပစ္စည်းများ ဖြစ်သည်။

လုဒ်မယ်တော်ပွဲတော်ရက်အတွင်း မြန်မာ့မီးရထားမှ အထူးအစီအစဉ်ဖြင့် အထူးရထားများ ပြေးဆွဲလျက်ရှိ

Photo: လုဒ်မယ်တော်ပွဲတော်ရက်အတွင်း မြန်မာ့မီးရထားမှ အထူးအစီအစဉ်ဖြင့် အထူးရထားများ ပြေးဆွဲလျက်ရှိ
Monday, February 10, 2014 

နှစ်စဉ် စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိသော ခရစ်ယာန် ဘာသာဝင်တို့၏ အထွတ်အမြတ်ဖြစ် ရာ ဆုတောင်းပြည့် လုဒ်မယ်တော် သခင်မပွဲတော်ကို (၁၁၂)ကြိမ်မြောက် အဖြစ်ပဲခူးတိုင်းဒေသကြီးညောင်လေးပင်
မြို့တွင် ဖေဖော်ဝါရီ ၇ ရက်မှ ၉ ရက် အထိ ကျင်းပခဲ့သည်။ ယခု(၁၁၂)ကြိမ်မြောက် ပွဲတော်တွင် ယခင်နှစ်များနှင့်မတူ ဝေးလံ ဒေသများဖြစ်သော ကချင်ပြည်နယ်၊ ချင်းပြည်နယ် ခရစ်ယာန်ဘာသာ ဝင်တိုင်းရင်းသားလူမျိုးများ ၉၀၀ ကျော်ခန့် လာရောက်ခဲ့ကြပြီး အခြားဒေသများမှလည်း လာရောက်ခဲ့ကြ သည်။

သို့ပါ၍ အထူးအစီအစဉ်အနေဖြင့် ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် အခြားနေရာဒေသများရှိ ခရစ်ယာန်
ဘာသာဝင်များ၊ လုဒ်မယ်တော်ပွဲတော်ရက်အတွင်း သွားလာရေးအဆင် ပြေချောမွေ့စေရန်အတွက် မြန်မာ့မီး
ရထားဝန်ကြီးဌာန၏ ညွှန်ကြားမှုဖြင့် ဦးဆောင်ညွှန်ကြားရေးမှူး၊ အထွေထွေမန်နေဂျာ(သွားလာ၊ စီးပွား)တိုင်း
တာဝန်ခံ(တိုင်းအမှတ် ၆/၇)ရန်ကုန် တိုင်းဒေသကြီးတို့၏ ကြီးကြပ် ဆောင်ရွက်မှုတို့ဖြင့် ဖေဖော်ဝါရီ ၄ ရက်တွင် ကချင်ပြည်နယ်၊ ချင်းပြည်နယ်မှ ခရစ်ယာန်ဘာသာဝင်များကို မြစ်ကြီးနား-ရန်ကုန်အထူးရထား ဖြင့်လည်း ကောင်း၊ ဖေဖော်ဝါရီ၆ရက် တွင် ရန်ကုန်- ညောင်လေးပင်အထူး ရထားဖြင့်လည်းကောင်း၊ ဖေဖော်ဝါရီ ၉ ရက်တွင် ညောင်လေးပင်-ရန်ကုန် အထူးရထားများဖြင့်လည်းကောင်း ပြေးဆွဲခဲ့သကဲ့သို့ဖေဖော်ဝါရီ ၁၂ ရက် တွင်လည်း ရန်ကုန်မြို့မှ မြစ်ကြီးနား မြို့သို့ အထူးရထားဖြင့် ဘုရားဖူးအပြန်ခရီးသွားများအတွက်အဆင် ပြေစေရန်အတွက် ပြေးဆွဲပေးမည်ဖြစ်ကြောင်း သိရသည်။ 

ယခင်နှစ် များက မြန်မာ့မီးရထားအနေဖြင့် ယခုကဲ့သို့ဆောင်ရွက်ခဲ့ခြင်းမရှိဘဲ ယခုနှစ်တွင် အထူးရထား များပြေးဆွဲပေးခဲ့ ၍ အနယ်နယ်အရပ်ရပ်မှ လုဒ်မယ်တော်သခင်မ ဝတ်ပြုဆုတောင်းပွဲ ကျင်းပရေး ဂိုဏ်းချုပ်၊ ဂိုဏ်းအုပ်များ နှင့်ဆုတောင်းပွဲလာ ခရစ်ယာန်ဘာသာ ဝင်ခရီးသွားများနှင့် ခရီးသွားပြည်သူများအဆင်ပြေ ချောမွေ့ကြောင်း နိုင်ငံတော်နှင့် မြန်မာ့မီးရထား ဝန်ကြီးဌာနနှင့်တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ များကို အထူးကျေးဇူးတင် ဝမ်းသာ ပါကြောင်းနှင့် နောင်ကိုလည်း ယခုကဲ့သို့ အထူးရထားများ ပြေးဆွဲပေးနိုင်ပါရန် ဆန္ဒပြုပါကြောင်း ခရစ်ယာန်ဘာသာဝင်များက ရင်ဖွင့်စကားပြောကြားခဲ့ကြောင်း သိရသည်။

MOI Webportal Myanmar
နှစ်စဉ် စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိသော ခရစ်ယာန် ဘာသာဝင်တို့၏ အထွတ်အမြတ်ဖြစ် ရာ ဆုတောင်းပြည့် လုဒ်မယ်တော် သခင်မပွဲတော်ကို (၁၁၂)ကြိမ်မြောက် အဖြစ်ပဲခူးတိုင်းဒေ သကြီးညောင်လေးပင်မြို့တွင် ဖေဖော်ဝါရီ ၇ ရက်မှ ၉ ရက် အထိ ကျင်းပခဲ့သည်။ ယခု(၁၁၂)ကြိမ်မြောက် ပွဲတော်တွင် ယခင်နှစ်များနှင့်မတူ ဝေးလံ ဒေသများဖြစ်သော ကချင်ပြည်နယ်၊ ချင်းပြည်နယ် ခရစ်ယာန်ဘာသာ ဝင်တိုင်းရင်းသားလူမျိုးများ ၉၀၀ ကျော်ခန့် လာရောက်ခဲ့ကြပြီး အခြားဒေသများမှလည်း လာရောက်ခဲ့ကြ သည်။

ပြည်ပကုမ္ပဏီများမှ ရောင်းချမည့် ဆင်းကတ်များကို ၎င်းတို့၏ ကွန်ရက်ရှိသည့် နိုင်ငံများအထိ သယ်ဆောင် အသုံးပြုနိုင်မည်

Photo: ပြည်ပကုမ္ပဏီများမှ ရောင်းချမည့် ဆင်းကတ်များကို ၎င်းတို့၏ ကွန်ရက်ရှိသည့် နိုင်ငံများအထိ သယ်ဆောင် အသုံးပြုနိုင်မည်
=================

ရန်ကုန် ဖေဖော်ဝါရီ  ၉

ဆက်သွယ်ရေး အော်ပရေတာများအဖြစ် လုပ်ကိုင်ခွင့်ရရှိထားသည့် ပြည်ပအခြေစိုက် ကုမ္ပဏီများက ရောင်းချမည့် ဆင်းကတ်များကို ပြည်တွင်းနိုင်ငံတွင်သာမကဘဲ ၎င်းတို့၏ ကွန်ရက်ရှိနေသည့် ပြည်ပနိုင်ငံ များအထိ သယ်ဆောင်အသုံးပြုနိုင်မည်ဖြစ်ကြောင်း တယ်လီနောနှင့် အော်ရီဒူးကုမ္ပဏီမှ သိရသည်။ ပြည်ပ နိုင်ငံများတွင် အသုံးပြုနေသည့် မိုဘိုင်းဖုန်းများအနေဖြင့် မြန်မာနိုင်ငံတွင် အသုံးပြုမည်ဆိုပါက မိမိတို့၏ ကုမ္ပဏီကွန်ရက် ဖြန့်ကြက်ထားသည့် နိုင်ငံများမှ ကွန်ရက်တူ မိုဘိုင်းဖုန်းများကိုသာ သယ်ဆောင် အသုံးပြုနိုင်မည် ဖြစ်ကြောင်း ဖေဖော်ဝါရီ ၅ ရက်က နေပြည်တော် သင်္ဂဟဟိုတယ်တွင် ကျင်းပခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် တယ်လီနော မြန်မာအမှုဆောင် အရာရှိချုပ် Mr.Petter Furberg  က ပြောကြားခဲ့သည်။ 

“မြန်မာနိုင်ငံကနေ ပြည်ပနိုင်ငံတွေကို သယ်ဆောင်အသုံးပြုလို့တော့ရမယ်။ ဒါပေမယ့် ကျွန်တော်တို့ ကွန်ရက် ဖြန့်ကြက်ထားတဲ့နေရာတွေကိုပဲ ယူဆောင်သွားလို့ရမှာပါ။ အလားတူပဲ ပြည်ပနိုင်ငံ တွေကနေမြန်မာနိုင်ငံကို မိုဘိုင်းဆင်းကတ်ယူလာမယ်ဆိုရင် တယ်လီနော ဆင်းကတ်တွေကို ယူဆောင် လာမှသာ အဆင်ပြေပါလိမ့်မယ်။ နောက်ပိုင်းမှာတော့ တဖြည်းဖြည်းနဲ့ ကွန်ရက်မရှိ သေးတဲ့နိုင်ငံ တွေမှာလည်း ကွန်ရက်ရရှိအောင် သူတို့နိုင်ငံတွေကဆက်သွယ်ရေး အော်ပရေတာတွေနဲ့ သဘောတူညီမှုယူပြီးတော့ လုပ်ဆောင်ပေးသွားမှာပါ”  ဟု ၎င်းက ပြောကြားသည်။ 

အဆိုပါ ကုမ္ပဏီများမှာ ဖေဖော်ဝါရီ ၅ ရက်မှစတင်ကာ မြန်မာနိုင်ငံတွင် တရားဝင်လုပ်ကိုင်ခွင့် ရရှိသွားခဲ့ပြီး ပြည်တွင်းဆက်သွယ်ရေး ကုမ္ပဏီများနှင့်အပြိုင် ဈေးကွက်ယှဉ် ပြိုင်မှုပြုလုပ်ရတော့မည် ဖြစ်ကြောင်း သိရသည်။ “အခုဆိုရင် မြန်မာနိုင်ငံရဲ့ ဆက်သွယ်ရေးဈေးကွက်မှာ ပြိုင်ဆိုင်မှုက အရှိန်အဟုန် ပြင်းသထက် ပြင်းလာပါပြီ။

 ပြည်သူတွေအတွက် အကောင်းဆုံး ဝန်ဆောင်မှုပေးနိုင်တဲ့ ကုမ္ပဏီကသာ အောင်မြင်မှုရရှိနိုင်မှာပါ။ ပြည်ပကုမ္ပဏီတွေအနေနဲ့ မြန်မာနိုင်ငံမှာ လုပ်ကိုင်ခွင့်လိုင်စင်ရရှိဖို့ အတွက် ယှဉ်ပြိုင်ခဲ့ရသလို လုပ်ငန်း လိုင်စင်ရရှိပြီးတော့ လည်း ဈေးကွက်ထဲမှာ ဆက်လက်ယှဉ်ပြိုင်နေရဦး မှာပါ”  ဟု တယ်လီနောအမှုဆောင် အရာရှိချုပ် Mr.Petter Furberg က ပြောကြားသည်။ မိုဘိုင်းဖုန်းဘေလ်များအနေ ဖြင့်လည်း ကုမ္ပဏီတစ်ခုနှင့် တစ်ခုတူညီမှုမရှိဘဲ အပြိုင် အဆိုင်ဈေးနှုန်း လျှော့ချမှုများဖြစ်လာနိုင်သည်။ မြန်မာနိုင်ငံတွင် ဆက်သွယ်ရေး လုပ်ငန်းများလုပ်ဆောင်ရန် အတွက် ပြည်ပကုမ္ပဏီများအနေဖြင့် စတင်ကာ ပြင်ဆင်နေ ကြသကဲ့သို့ မြန်မာနိုင်ငံ အခြေစိုက်ဆက်သွယ်ရေး ကုမ္ပဏီများအနေဖြင့်လည်း ပြည်ပကုမ္ပဏီများနှင့် ဈေးကွက် ယှဉ်ပြိုင် နိုင်ရန်အတွက် အကောင်းဆုံးပြင်ဆင် လုပ်ဆောင်လျက်ရှိကြောင်း သိရှိရသည်။
ဆက်သွယ်ရေး အော်ပရေတာများအဖြစ် လုပ်ကိုင်ခွင့်ရရှိထားသည့် ပြည်ပအခြေစိုက် ကုမ္ပဏီများက ရောင်းချမည့် ဆင်းကတ် များကို ပြည်တွင်းနိုင်ငံတွင်သာမကဘဲ ၎င်းတို့၏ ကွန်ရက်ရှိနေသည့် ပြည်ပနိုင်ငံ များအထိ သယ်ဆောင် အသုံးပြုနိုင် မည်ဖြစ်ကြောင်း တယ်လီနောနှင့် အော်ရီဒူးကုမ္ပဏီမှ သိရသည်။ ပြည်ပ နိုင်ငံများတွင် အသုံးပြုနေသည့် မိုဘိုင်းဖုန်းများအနေဖြင့် မြန်မာနိုင်ငံတွင် အသုံးပြုမည်ဆိုပါက မိမိတို့၏ ကုမ္ပဏီကွန်ရက် ဖြန့်ကြက်ထားသည့် နိုင်ငံများမှ ကွန်ရက်တူ မိုဘိုင်းဖုန်းများကိုသာ သယ်ဆောင် အသုံးပြုနိုင်မည် ဖြစ်ကြောင်း ဖေဖော်ဝါရီ ၅ ရက်က နေပြည်တော် သင်္ဂဟဟိုတယ်တွင် ကျင်းပခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် တယ်လီနော မြန်မာအမှုဆောင် အရာရှိချုပ် Mr.Petter Furberg က ပြောကြားခဲ့သည်။ 

ဆိုင်ကယ်လိုင်စင်ထုတ်ပေးမည်ကို မျှော်လင့်နေခြင်းကြောင့် မန္တလေးမြို့တွင် ဆိုင်ကယ်အရောင်းအဝယ် အေးနေ

Photo: ဆိုင်ကယ်လိုင်စင်ထုတ်ပေးမည်ကို မျှော်လင့်နေခြင်းကြောင့် မန္တလေးမြို့တွင် ဆိုင်ကယ်အရောင်းအဝယ် အေးနေ
Monday, February 10, 2014 

မန္တလေးတွင် ရောင်းအားကောင်း လျက်ရှိသော တရုတ်နိုင်ငံထုတ် လိုင် စင်မဲ့ဆိုင်ကယ်များကို ဖေဖော်ဝါရီလ ပထမအပတ်အတွင်း၌ လိုင်စင်ချ ထားပေးမည်ဆိုသည့် သတင်းကြောင့် မန္တလေးမြို့ရှိ လိုင်စင်ရှိဆိုင်ကယ် ဈေးကွက်မှာ ရပ်တန့်လုနီးပါး ဈေးကွက်အေးခဲ့ကြောင်း ဆိုင်ကယ် အရောင်းအဝယ် ပြုလုပ်သူများက ပြောသည်။

“လိုင်စင်ချပေးမယ်ဆိုကတည်းက ကျွန်တော်တို့ အရောင်းရပ်သွားတာ ဝယ်သူကိုမရှိသလောက်ဘဲ၊ ဆိုင်ကယ် ဈေးနှုန်းကို လျှော့ရောင်းတာမျိုးတော့ မရှိပါဘူး။ အရောင်းအဝယ်ရပ်သွားတာမျိုးပဲရှိတာပါ” ဟု ချမ်းအေးသာစံ
မြို့နယ်အတွင်း ဖွင့်လှစ်ရောင်းချနေသော ဆိုင်ကယ်အရောင်းအဝယ်ပြုလုပ်သူ ကိုဇော်ကြီးက ပြောသည်။ လိုင်စင်မဲ့ဆိုင်ကယ်များ လိုင်စင်ချပေးမည်ဆိုသောကြောင့် လိုင်စင်မပါသော ဆိုင်ကယ်များ ကုန်သည်ပွဲစား များ ဝယ်ယူထားကြပြီဖြစ်သည်။
နယ်စပ်ဝင်ပေါက်များတွင် နိုင်ငံတော်သို့ တရားဝင်အခွန်မဆောင်ဘဲနည်းလမ်းမျိုးစုံဖြင့် ပြည်တွင်းသို့ သယ် ယူပြီး လိုင်စင်မဲ့ဆိုင်ကယ်ရောင်းချနေသည့် ဈေးကွက်ရှိနေကြောင်း၊ ဥပဒေနှင့် မညီသော်လည်း စစ်ဆေး အရေးယူမှု အားနည်းခြင်းကြောင့်ထိုဈေးကွက်မှာ ရှင်သန်ဆဲဖြစ်သည်ဟု တရားဝင် အခွန်ဆောင်ရောင်းချသည့်
ဆိုင်ကယ်အရောင်းကုမ္ပဏီများကပြောသည်။ တရားမဝင်ဈေးကွက် ဆက်လက်ရှင်သန်နေခြင်းသည် မန္တလေးမြို့ အတွင်း တရားဝင်ရောင်းချနေသော ဆိုင်ကယ်ကုမ္ပဏီများကို ဈေးကွက်ထိခိုက်ကြောင်း သိရသည်။ 

၂၀၁၂ ခုနှစ်က အကောက်အခွန်မဲ့ တင်သွင်းလာပြီး လိုင်စင်မဲ့စီးနင်းနေ ကြသော ဆိုင်ကယ်၊ ဘက်ထရီဆိုင်ကယ်၊ သုံးဘီးဆိုင်ကယ်တို့ကို မန္တလေး မြို့တွင်တရားဝင်မှတ်ပုံတင်လိုင်စင်လုပ်ပေးခဲ့ကြောင်း၊ ပြည်တွင်းအခွန်၊အကောက်ခွန်၊ ကုန်းလမ်းပို့ဆောင် ရေး(က.ည.န)၊ နယ်မြေခံရဲတပ်ဖွဲ့၊ မြို့တော်စည်ပင် စသည့်အဖွဲ့ငါးဖွဲ့ဖြင့် ရုံးပိတ်ရက်များတွင်ပါ လုပ်ဆောင်ပေးခဲ့ရကြောင်း သိရသည်။

“မန္တလေးမှာ ၂၀၁၂ ခုနှစ် ဇွန်လ၅ ရက်မှစပြီး လိုင်စင်လုပ်ပေးခဲ့တယ်။ အခွန်နှုန်းထားတွေက ကာလတန်ဖိုးရဲ့ ငါးရာခိုင်နှုန်း ကုန်သွယ်ခွန် ငါးရာခိုင်နှုန်း စုစုပေါင်း ၁၀ ရာခိုင်နှုန်း ပေး သွင်းရတယ်။ က.ည.န မှတ်ပုံတင်ခ ကျပ်၂၂၅၀၀၊ အာမခံငွေကျပ်၂၂၀၀၊ ဘဏ်ငွေသွင်းငွေကျပ် ၅၀၀ သတ်မှတ်ခဲ့တာပါ ၊ လိုင်စင်လာ လုပ်တဲ့သူတွေရော ဝန်ထမ်းတွေရော နေပူမိုးရွာထဲမှာ ညမှောင်တဲ့အချိန်ထိ လုပ်ပေးခဲ့တာပါ” ဟု အခွန်ဝန်ထမ်းတစ်ဦးက၂၀၁၂ခုနှစ်အတွေ့အကြုံများကို ပြောသည်။ မန္တလေးမြို့တွင် တရားမဝင် မောင်းနှင် နေသော လိုင်စင်မဲ့ဆိုင်ကယ် အစီးရေမှာ ၂၀၀၀၀ ခန့်ရှိသည်ဟု မန္တလေး က.ည.န ရုံးမှ စာရင်းများ အရ သိရသည်။

MOI Webportal Myanmar
မန္တလေးတွင် ရောင်းအားကောင်း လျက်ရှိသော တရုတ်နိုင်ငံထုတ် လိုင် စင်မဲ့ဆိုင်ကယ်များကို ဖေဖော် ဝါရီလ ပထမအပတ်အတွင်း၌ လိုင်စင်ချ ထားပေးမည်ဆိုသည့် သတင်းကြောင့် မန္တလေးမြို့ရှိ လိုင်စင် ရှိဆိုင်ကယ် ဈေးကွက်မှာ ရပ်တန့်လုနီးပါး ဈေးကွက်အေးခဲ့ကြောင်း ဆိုင်ကယ် အရောင်းအဝယ် ပြုလုပ်သူ များက ပြောသည်။

ဂျာမနီ မြန်မာ ကုန်သွယ်ရေး တိုးမြှင့်ဖို့ ပြင်

ဂျာမနီ သမ္မတ Joachim Gauck ရွှေတိဂုံ စေတီကို သွားရောက် ဖူးမြှော်စဉ်
ဂျာမနီ သမ္မတ Joachim Gauck မြန်မာနိုင်ငံကို ဒီကနေ့ တနဂင်္နွေနေ့မှာ ရောက်ရှိ လာပါတယ်။

မြန်မာရေပိုင်နက်မှာ မီးလောင်လှေက နိုင်ငံခြားသားတွေကို ကယ်ဆယ်

မီးလောင်ပေါက်ကွဲမှုက လွတ်မြောက်လာသူတွေ
ထိုင်းနိုင်ငံ ဖူးခက်ခရိုင် က ထွက်ခွာလာတဲ့ KS ဘလူးစတားကုမ္ပဏီပိုင် စက်တပ် ရွက်လှေတစီး မြန်မာ ရေပိုင်နက်အတွင်း မီးလောင်ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပါတယ်။

ဆွစ်ဇာလန်နိုင်ငံမှာ လူဝင်မှုကန့်သတ်ဖို့ မဲခွဲဆုံးဖြတ်

Photo: ဆွစ်ဇာလန်နိုင်ငံမှာ လူဝင်မှုကန့်သတ်ဖို့ မဲခွဲဆုံးဖြတ်
Monday, February 10, 2014 

ဥရောပ သမဂ္ဂ အီးယူရဲ့ လူဝင်မှု ကြီးကြပ်ရေး ဆိုင်ရာ လွတ်လပ်စွာ ပြောင်းရွေ့နေထိုင်ခွင့်နဲ့ ပတ်သက်လို့ ဆွစ်ဇာလန်က လူထုဆန္ဒခံယူပြီး ကန့်သတ်လိုက်တဲ့ အတွက် နှစ်ဖက် ဆက်ဆံရေးကို ပြန်လည် သုံးသပ်သွားမယ်လို့ အီးယူက ပြောပါတယ်။

ဆွစ်ဇာလန်မှာ ကျင်းပခဲ့တဲ့ လူထုဆန္ဒခံယူပွဲမှာ အီးယူအတွင်း ရွေ့ပြောင်းနေထိုင်သူတွေကို ခွဲတမ်းနဲ့ သတ်မှတ်မယ့် အဆိုကို ပွတ်ကာသီကာ အနိုင်ရခဲ့တာ ဖြစ်ပြီး အဲဒီ အဆိုကို ကျေးလက်က ထောက်ခံကာ မြို့ကြီးတွေမှာ ကန့်ကွက်ခဲ့တာ တွေ့ရပါတယ်။

ဆွစ်ဟာ အီးယူနိုင်ငံမဟုတ်ပေမယ့်ဥရောပနဲ့ စီးပွားရေးဆက်ဆံမှုများ တဲ့အတွက် အဲဒီနိုင်ငံတွေနဲ့ နယ်ခြားဖွင့်ထားရေးသဘောတူ ထားပါတယ်။
အခုရလဒ်အပေါ် အစိုးရနဲ့ လုပ်ငန်းရှင်တွေက စိုးရိမ်နေကြပါတယ်။ နိုင်ငံခြားရေး ၀န်ကြီး ဒီဒီရေ ဘာ့ခ်တ်လာ က ဥရောပ သမဂ္ဂ အဖွဲ့ဝင် နိုင်ငံတွေကို လှည့်လည်ပြီး အခု ဆန္ဒခံယူပွဲနဲ့ ပတ်သက်လို့ တစုံတရာ အဖြေရှာနိုင်ဖို့ ဆွေးနွေးမယ့် အစီအစဉ်ကို ပြောကြားခဲ့ပါတယ်။

တကယ်တော့ အခု ရလဒ်အပေါ် အီးယူက ဘယ်လောက်လောက် ပြင်းပြင်း ထန်ထန်တုန့်ပြန်မလဲဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။

ဒီလို လူဝင်မှုကြီးကြပ်ရေးခွဲတမ်းကို ကန့်သတ်လိုက်လို့ ရေရှည်မှာ ဖြစ်လာမယ့် အကျိုးဆက်တွေဟာ လူတွေကို ဝင်ရောက်ဖို့ လက်ခံလိုက်တာနဲ့ စာရင် ပိုဆိုးလာမလား ဆိုတာလည်း စောင့်ကြည့်ဖို့လိုမယ်လို့ ဆွစ်ဇာလန်ရှိ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

BBC
ဥရောပ သမဂ္ဂ အီးယူရဲ့ လူဝင်မှု ကြီးကြပ်ရေး ဆိုင်ရာ လွတ်လပ်စွာ ပြောင်းရွေ့နေထိုင်ခွင့်နဲ့ ပတ်သက်လို့ ဆွစ်ဇာလန်က လူထုဆန္ဒခံ ယူပြီး ကန့်သတ်လိုက်တဲ့ အတွက် နှစ်ဖက် ဆက်ဆံရေးကို ပြန်လည် သုံးသပ်သွားမယ်လို့ အီးယူက ပြောပါတယ်။

ထိုင်းအခြေစိုက် ၊ ဖူးခက် A.F.S ကုမ္ပဏီပိုင် နိုင်ငံခြား စက်တပ် အပျော်စီး ရွက်လှေမီးလောင်ပေါက်ကွဲမှုဖြစ်ပွား

PhotoPhoto
ကော့သောင်းမြို့နယ် အက်ဒမန်ပင်လယ် ၊ကျွန်းမဲ အနီး ထိုင်းအခြေစိုက် ၊ ဖူးခက် A.F.S ကုမ္ပဏီပိုင် နိုင်ငံခြား စက်တပ် (၃)ထပ် အပျော်စီး ရွက်လှေ တစ်စီး ဖေဖေါ်ဝါရီ ၉ ရက် ၊နံနက် (၁) နာရီ ခန့် ကပင်လယ်ပြင် အတွင်း ရေယာဉ်စက်ခန်း အတွင်း မှ မီးလောင်ပေါက်ကွဲ နှစ်မြုပ်မှု တစ်ခုဖြစ်ပွားသည်။

ဂျာမဏီသမ္မတ ရန်ကုန်တက္ကသိုလ်မှာ မိန့်ခွန်းပြောကြားမည်

Photo: ဂျာမဏီသမ္မတ ရန်ကုန်တက္ကသိုလ်မှာ မိန့်ခွန်းပြောကြားမည်
Monday, February 10, 2014 

သမ္မတ ဦးသိန်းစိန်ရဲ့ ဖိတ်ကြားချက်အရ ဂျာမဏီသမ္မတ ရိုအာဟင်းမ်ဂေါ့(က်) Joachim Gauck နဲ့အဖွဲ့ဟာ မနေ့က မြန်မာနိုင်ငံကို ရောက်ရှိလာခဲ့ကြပါတယ်။

ဂျာမဏီသမ္မတနဲ့အတူ အစိုးရ၀န်ကြီးအဖွဲ့ဝင်တွေ၊ လွှတ်တော်အမတ်တွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေ ပါဝင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဝင် ၁၅၀ ကျော် လိုက်ပါလာခဲ့ကြပါတယ်။

ဂျာမဏီသမ္မတဟာ ခရီးစဉ်အတွင်း ဖေဖော်ဝါရီ ၉ ရက် ညနေပိုင်းမှာ ရွှေတိဂုံစေတီတော်ကို သွားရောက်ကြည်ညိုခဲ့ပါတယ်။ ဖေဖော်ဝါရီ ၁၀ ရက် ဒီကနေ့မှာ သမ္မတဦးသိန်းစိန်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ တွေ့ဆုံမယ်လို့ သိရပါတယ်။ ဖေဖော်ဝါရီ ၁၁ ရက်မှာတော့ မြန်မာနိုင်ငံ ကုန်သည်များနဲ့ စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် UMFCCI မှာကျင်းပမယ့် ဂျာမဏီ - မြန်မာ စီးပွားရေးဖိုရမ်ကို တက်ရောက်ကြမှာဖြစ်ပါတယ်။

ဒါ့ပြင် ဂျာမဏီသမ္မတ ရိုအာဟင်းမ်ဂေါ့(က်)ဟာ ရန်ကုန်မြို့မှာ ဂျာမဏီကုန်သည်ကြီးများနဲ့ စက်မှုလုပ်ငန်းအသင်း GCCI ရဲ့ကိုယ်စားလှယ်ရုံးခွဲကို ဖွင့်လှစ်ပေးမှာဖြစ်ပြီး၊ ရန်ကုန်တက္ကသိုလ်မှာလည်း မိန့်ခွန်းပြောကြားမယ်လို့ သိရပါတယ်။

ဥရောပသမဂ္ဂ EU က မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုအများစုကို ဖြေလျှော့ပေးလိုက်ပြီးတဲ့နောက် ၂၀၁၂ ခုနှစ်အတွင်း ဂျာမဏီနိုင်ငံခြားရေးဝန်ကြီး Westerwelle မြန်မာနိုင်ငံကို ပထမဆုံးအကြိမ်ရောက်ရှိခဲ့ပြီး၊ သမ္မတ ဦးသိန်းစိန်နဲ့ အစိုးရအဖွဲ့၊ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ တွေ့ဆုံသွားခဲ့ပါတယ်။ ၂၀၁၃ ခုနှစ်မှာတော့ ဂျာမဏီ ကုန်သည်ကြီးများနဲ့ စက်မှုလုပ်ငန်းအသင်း (GCCI) နဲ့ မြန်မာနိုင်ငံ ကုန်သည်ကြီးများနဲ့ စက်မှုလုပ်ငန်းအသင်း UMFCCI တို့ ရန်ကုန်မှာ GCCI ကိုယ်စားလှယ်ရုံးခွဲဖွင့်ဖို့ သဘောတူ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

GCCI ကိုယ်စားလှယ် ရုံးခွဲအနေနဲ့ မြန်မာနိုင်ငံ အလတ်စားနဲ့ အသေးစားလုပ်ငန်းများဆိုင်ရာ ဥပဒေကို အပြီးသတ်အတည်ပြုနိုင်ရေး ကူညီဆောင်ရွက်ပေးမယ်လို့လည်း သိရပါတယ်။

ဂျာမနီသမ္မတ ဂျိုဝါချင်ဂေါက်ခ်ရဲ့ အခုခရီးစဉ်ဟာ ပထမဆုံး မြန်မာနိုင်ငံခရီးစဉ်ဖြစ်ပါတယ်။ ဂျာမဏီသမ္မတနဲ့အဖွဲ့ဟာ ဖေဖော်ဝါရီ ၁၂ ရက်နေ့မှာ မြန်မာနိုင်ငံက ပြန်လည်ထွက်ခွာမယ်လို့ သိရပါတယ်။

RFA Burmese
သမ္မတ ဦးသိန်းစိန်ရဲ့ ဖိတ်ကြားချက်အရ ဂျာမဏီသမ္မတ ရိုအာဟင်းမ်ဂေါ့(က်) Joachim Gauck နဲ့အဖွဲ့ဟာ မနေ့က မြန်မာနိုင်ငံကို ရောက်ရှိလာခဲ့ကြပါတယ်။

Homs မြို့က လူ၆ဝဝကျော်ကို ကယ်ထုတ်နိုင်ခဲ့

Photo: Homs မြို့က လူ၆ဝဝကျော်ကို ကယ်ထုတ်နိုင်ခဲ့
Monday, February 10, 2014 

ဆီးရီးယားမှာ အစိုးရတပ်တွေ ဝိုင်းထားတဲ့ ဟုမ်းစ် မြို့က အသက်ကြီးရင့်တဲ့ အမျိုးသားကြီးတွေ ၊ အမျိုးသမီးနဲ့ ကလေး လူအယောက် ခြောက်ရာကျော်ကို ကယ်ထုတ် နိုင်ခဲ့တယ်လို့ လခြမ်းနီ အဖွဲ့ အကြီးအကဲ Khaled Erksoussi က ပြောပါတယ်။

ဒါ့အပြင် အစားအစာ ရိက္ခာထုပ် ၆ဝ လောက်နဲ့ ဂျုံမှုန့် ၁၅ဝဝ ကီလို ဂရမ် လောက်ကိုလည်း မြို့ထဲမှာ ပိတ်မိနေတဲ့ လူတွေအတွက် ယူဆောင်သွားပေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

အမြောက် ၊ ဗုံးနဲ့ သေနတ် ပစ်ခတ်သံတွေကြားက ရဲရင့်စွာ ဖြတ်သန်း ကယ်ထုတ်ခဲ့ရတယ်လို့လည်း ဆီးရီးယား လခြမ်းနီ အဖွဲ့က ပြောပါတယ်။

သူ့အနေနဲ့ အကောင်းဖက်က ရှုမြင်ပြီး အပစ်ရပ်ရေး နောက်ထပ်ရက်တိုးကာ လူ ရှစ်ရာ ၊ ကိုးရာလောက်ကို ထပ်မံ ကယ်ထုတ် နိုင်လိမ့်မယ်လို့ ထင်မြင်ကြောင်းလည်း Khaled Erksoussi က ဆိုသွားခဲ့ပါတယ်။

အတိုက်အခံရေး တက်ကြွ လှုပ်ရှားသူတွေ ပြောတာကတော့ ကယ်ထုတ်လာတဲ့ အမျိုးသား တော်တော်များများကို အစိုးရ တပ်ဖွဲ့တွေက ဖမ်းဆီး ခေါ်ဆောင် သွားတယ်လို့ ဆိုပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)
ဆီးရီးယားမှာ အစိုးရတပ်တွေ ဝိုင်းထားတဲ့ ဟုမ်းစ် မြို့က အသက်ကြီးရင့်တဲ့ အမျိုးသားကြီးတွေ ၊ အမျိုးသမီးနဲ့ ကလေး လူ အယောက် ခြောက်ရာကျော်ကို ကယ်ထုတ် နိုင်ခဲ့တယ်လို့ လခြမ်းနီ အဖွဲ့ အကြီးအကဲ Khaled Erksoussi က ပြောပါတယ်။

သင့်ကို နာမကျန်း ဖြစ်စေနိုင်သော အလေ့အထ ငါးမျိုး

Photo: သင့်ကို နာမကျန်း ဖြစ်စေနိုင်သော အလေ့အထ ငါးမျိုး
Monday, February 10, 2014 

တစ်နေ့တာ အလေ့အထများစွာက သက်ရှည်ကျန်းမာရေးနဲ့ ဆက်စပ်မှု ရှိနေကြပါတယ်။ အောက်ပါ အခြေအနေတွေက သင့်ကို နာမကျန်းဖြစ်စေနိုင်တဲ့ အရာတွေ ဖြစ်တယ်ဆိုတာ အံ့အားသင့်ဖွယ်ရာ တွေ့ရှိရပါတယ်။

၁။ တုပ်ကွေး ကာကွယ်ဆေး ထိုးရမှာကို ကြောက်ရွံ့မှု
တုပ်ကွေး ကွေးပြီးချိန်မှာ ပြင်းထန်တဲ့ ရောင်ရမ်းမှုတွေ ဖြစ်တဲ့အခါတိုင်း သွေးကြောတွေကို ထိခိုက်စေနိုင်တဲ့ ဓာတုပစ္စည်းတွေ ထွက်ရှိလာပါတယ်။ ဒီလိုဖြစ်တာ မကြာခဏ ဆိုရင် နောက်ပိုင်းမှာ ရောင်ရမ်းမှုနဲ့ ဆက်စပ်နေတဲ့ ရောဂါ (ဥပမာ- နှလုံးရောဂါ) ဖြစ်နိုင်ခြေ မြင့်တက်လာနိုင်ပါတယ်။

၂။ အဆင်မပြေသော အလုပ်အချိန် ဇယား
အကြီးမားဆုံး စိတ်ဖိစီးမှု ဖြစ်စေတဲ့ အချက်တစ်ချက်ဟာ ငွေရေးကြေးရေး အခြေအနေလည်း မဟုတ်၊ လက်ထပ်ဖို့ အရေးလည်း မဟုတ်ပါဘူး။ ပုံမှန်လုပ်ရမယ့် တစ်နေ့တာ အချိန်ဇယား ပျက်ကွက်တာပဲ ဖြစ်ပါတယ်။ အလုပ်များနေလို့ ပုံမှန်ထက် တစ်နာရီလောက် နောက်ကျပြီးမှ နေ့လယ်စာ စားရတာတောင် စိတ်ဖိစီးမှု ဟော်မုန်း ကော်တီဇော အဆင့်မြင့်တက်လာပြီး ခန္ဓာကိုယ်ရဲ့ ပုံမှန်အခြေအနေကို အဟန့်အတား ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် နေ့စဉ် အချိန်မှန်မှန် စားနိုင်၊ အိပ်နိုင်၊ လေ့ကျင့်ခန်း လုပ်နိုင်အောင် ကြိုးစားသင့်ပါတယ်။

၃။ သစ်သီးနှင့်ဟင်းသီးဟင်းရွက် ရွေးချယ်မှု မှားခြင်း
အပင်ထွက်ပစ္စည်းတွေကို လယ်မြေကနေ ဆိုင်တွေဆီ ပို့ဆောင်နေတဲ့ အတောအတွင်းမှာပဲ ရောဂါ ကာကွယ်နိုင်တဲ့ ဒြပ်ပေါင်းများစွာ ဆုံးရှုံးသွားပါတော့တယ်။ ဒါကြောင့် ဒေသထွက် အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်တွေ၊ ရာသီပေါ် အသီးအနှံတွေကို တတ်နိုင်သမျှ ဝယ်စားသင့်ပါတယ်။ တကယ်လို့ မဖြစ်နိုင်ရင် အေးခဲအောင် လုပ်ထားတဲ့ အပင်ထွက် ပစ္စည်းတွေကို ဝယ်ပါ။

၎။ သင်၏ အထိုင်များသော အလုပ်
အားကစားကို အပြင်းအထန် လုပ်ရင်တောင် တစ်နေ့တာလုံး အထိုင်များ ပါက သွေးတွင်း သကြားဓာတ်၊ ကိုလက်စထရောနဲ့ သွေးဖိအားတို့ကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် အထိုင်များတဲ့ အလုပ်ကို လုပ်ရသူဖြစ်ရင် တစ်နေ့လုံး နည်းနည်းချင်းစီ လှုပ်ရှားမှု လုပ်နိုင်မယ့် နည်းလမ်းတွေကို ရှာဖွေသင့်ပါတယ်။

၅။ သင့်ခြေဖနောင့် နာကျင်မှု
ဒေါက်ဖိနပ်အချွန်ကို စီးတာက သက်သောင့်သက်သာ မရှိမှန်း သိပေမယ့် နာကျင်မှုဟာ ရောင်ရမ်းမှုရဲ့ လက္ခဏာတစ်ရပ်ဖြစ်ပြီး ဒါက နာတာရှည်ရောဂါနဲ့ ဆက်စပ်နေတာမျိုး ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် နာတာရှည် ရောင်ရမ်းမှု မဖြစ်အောင် သက်သောင့်သက်သာရှိတဲ့ ဖိနပ်တွေကို စီးသင့်ပါတယ်။

ဇွန်
Ref:RD
ပိုပိုဇော်(သဘာဝအားအင်)
တစ်နေ့တာ အလေ့အထများစွာက သက်ရှည်ကျန်းမာရေးနဲ့ ဆက်စပ်မှု ရှိနေကြပါတယ်။ အောက်ပါ အခြေအနေတွေက သင့်ကို နာမကျန်းဖြစ်စေနိုင်တဲ့ အရာတွေ ဖြစ်တယ်ဆိုတာ အံ့အားသင့်ဖွယ်ရာ တွေ့ရှိရပါတယ်။

Sochi အိုလံပစ်မှာ နော်ဝေနိုင်ငံ ရွှေအများဆုံးနဲ့ဦးဆောင်

Photo: Sochi အိုလံပစ်မှာ နော်ဝေနိုင်ငံ ရွှေအများဆုံးနဲ့ဦးဆောင်
Monday, February 10, 2014 

ရုရှားနိုင်ငံ၊ ဆိုချီမြို့မှာ ကျင်းပနေတဲ့ ဆောင်းရာသီအိုလံပစ် အားကစား ပြိုင်ပွဲမှာတော့ နော်ဝေးနိုင်ငံမှာ ဆုတံဆိပ် ၇ ခု ရထားပြီး ဆုတံဆိပ်အများဆုံးနဲ့ ပြိုင်ပွဲကို ဦးဆောင်နေပါတယ်။ နော်ဝေးနိုင်ငံက ရွှေတံဆိပ် (၂) ခု၊ ငွေ (၁) ခု နဲ့ ကြေး (၄) ခု ရထားပါတယ်။

အဲဒီနောက်မှာတော့ နယ်သာလန်က ရွှေတံဆိပ် (၂) ခု၊ ငွေ (၁) ခု ကြေး (၁) ခု နဲ့ ဒုတိယနေရာမှာရှိနေပြီး အမေရိကန်ကတော့ ရွှေ (၂) ခု ကြေး (၂) ခု နဲ့ တတိယနေရာမှာ လိုက်နေပါတယ်။

တနင်္ဂနွေနေ့က ကျင်းပခဲ့တဲ့ ပြိုင်ပွဲတွေမှာတော့ အရင်အိုလံပစ်ရွှေတံဆိပ် ဆုရှင် (၂) ယောက်က အခုနှစ်ပြိုင်ပွဲမှာလည်း သူတို့အရင်ရခဲ့တဲ့ပြိုင်ပွဲတွေမှာ အနိုင်ရပြီးတော့ သူတို့ရဲ့ ရွှေတံဆိပ်ဆုတွေကို ကာကွယ်နိုင်ခဲ့ပါတယ်။

ဆလိုဗက်ကီးယားနိုင်ငံက Anastasiya Kuzmina က ၇.၅ ကီလိုမီတာ biathalon ပြိုင်ပွဲမှာ ရွှေတံဆိပ်ရခဲ့သလို ဂျာမဏီနိုင်ငံက ဖိလစ် လော့ခ်ကလည်း အမျိုးသား လူဂါပြိုင်ပွဲမှာ ရွှေတံဆိပ် ဆက်တိုက်ယူပေးခဲ့ပါတယ်။

ဒါ့အပြင် အိမ်ရှင် ရုရှားနိုင်ငံအတွက် ပထမဆုံးရွှေတံဆိပ်ကိုတော့ ရေခဲပြင် စကိတ်အလှစီး အသင်းလိုက်မှာ Evgeni Plushenko နဲ့ Julia Lipnitskaia တို့က ယူပေးခဲ့ပါတယ်။ ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်လည်း ICEBERG အားကစားကွင်းကြီးကို လာရောက်ပြီး အားပေးသွားခဲ့တာ တွေ့ခဲ့ရပါတယ်။ ဒါ့အပြင် ပိုလန်၊ နယ်သာလန်၊ သြစတြီးယားနဲ့ ဆွစ်ဇာလန်နိုင်ငံတွေကလည်း ရွှေတံဆိပ်တွေ ရခဲ့ပါတယ်။

RFA

အမျိုးသမီး snowboard slopestyle နောက်ဆုံးပွဲစဉ်မှာ နော်ဝေးနိုင်ငံက အားကစားမယ် Silje Norendal ယှဉ်ပြိုင်စဉ်။ (ဖေဖော်ဝါရီ ၉၊ ၂၀၁၄)
အမျိုးသမီး snowboard slopestyle နောက်ဆုံးပွဲစဉ်မှာ နော်ဝေးနိုင်ငံက အားကစားမယ် Silje Norendal ယှဉ်ပြိုင်စဉ်။ (ဖေဖော်ဝါရီ ၉၊ ၂၀၁၄)
ရုရှားနိုင်ငံ၊ ဆိုချီမြို့မှာ ကျင်းပနေတဲ့ ဆောင်းရာသီအိုလံပစ် အားကစား ပြိုင်ပွဲမှာတော့ နော်ဝေးနိုင်ငံမှာ ဆုတံဆိပ် ၇ ခု ရထားပြီး ဆုတံဆိပ်အများဆုံးနဲ့ ပြိုင်ပွဲကို ဦးဆောင်နေပါတယ်။ နော်ဝေးနိုင်ငံက ရွှေတံဆိပ် (၂) ခု၊ ငွေ (၁) ခု နဲ့ ကြေး (၄) ခု ရထားပါတယ်။

ဂျာမန်သမ္မတ မြန်မာနိုင်ငံခရီးစဉ်စတင်

Photo: ဂျာမန်သမ္မတ မြန်မာနိုင်ငံခရီးစဉ်စတင်
Monday, February 10, 2014 

မြန်မာနိုင်ငံကို အစိုးရဧည့်သည်တော်အဖြစ်နဲ့ ၃ ရက်ကြာ အလည်ခရီး လာရောက်တဲ့ ဂျာမဏီသမ္မတ Joachim Gauck ဟာ တနင်္ဂနွေနေ့မှာ ရောက်ရှိလာပြီဖြစ်ပါတယ်။ သမ္မတ Gauck ဟာ ရွှေတိဂုံဘုရားကို သွားရောက်ခဲ့ပါတယ်။

သမ္မတဦးသိန်းစိန်ရဲ့ဖိတ်ကြားချက်နဲ့လာရောက်တဲ့ ဂျာမဏီသမ္မတ Gauck ဟာ သမ္မတဦးသိန်းစိန်နဲ့ရော မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်နဲ့ပါ တွေ့ဆုံဖို့ ရှိပါတယ်။ ဒါ့အပြင် အင်္ဂါနေ့မပြန်ခင်မှာ ရန်ကုန် တက္ကသိုလ်မှာလည်း မိန့်ခွန်းပြောကြားဖို့ စီစဉ်ထားပါတယ်။

မြန်မာနိုင်ငံဟာ ဒီမိုကရေစီလမ်းကြောင်းပေါ် ရဲရဲဝံ့ဝံ့ လျှော်လှမ်းလာတာ တွေ့ရတဲ့အတွက် ချီးကျူးကြောင်း ရွှေတိဂုံဘုရားသွားဖူးစဉ်မှာ ပြောကြားခဲ့ပြီး တိုးတက်မှုတွေ တွေ့နေရတဲ့အတွက် ဂျာမဏီနိုင်ငံက အမေရိကန်ဒေါ်လာ ၆၈၂ သန်းနဲ့ ညီမျှတဲ့ ယူရိုငွေ သန်း ၅၀၀ ဖိုး အကြွေးလျှော်ပစ်ဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ပြောကြားခဲ့ကြောင်း DPA သတင်းမှာဖေါ်ပြထားပါတယ်။

၁၉၈၆ ခုနှစ်ကစပြီး ဂျာမဏီသမ္မတအနေနဲ့ ပထမဆုံး လာရောက်ခဲ့တဲ့ ဒီခရီးစဉ် အတွင်း တနင်္လာနေ့မှာ အတိုက်အခံပါတီဖြစ်တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖို့ စီစဉ်ထားပြီး တနင်္လာနေ့မှာပဲ နေပြည်တော်မှာ သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံမှာဖြစ်သလို Goethe Institut လို့ခေါ်တဲ့ ဂျာမဏီယဉ်ကျေးမှုမြှင့်တင်ရေး ဌာန တခုဖွင့်လှစ်ဖို့ပါ လုပ်ဆောင်မှာ ဖြစ်ပါတယ်။ ဂျာမဏီသမ္မတ ဦးဆောင်ပြီး အစိုးရ၀န်ကြီးအဖွဲ့ဝင်တွေ၊ လွှတ်တော်အမတ်တွေနဲ့ စီးပွားရေးခေါင်းဆောင်တွေ ပါဝင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ဂျာမဏီ - မြန်မာ စီးပွားရေးဖိုရမ်ကိုလည်း တက်ရောက်ဖို့ရှိတယ်လို့လည်း ဆိုပါတယ်။

မြန်မာအပေါ် အီးယူဥရောပသမဂ္ဂရဲ့ ပိတ်ဆို့ဒဏ်ခတ် အရေးယူမှုတွေ လျှော့ပေါ့ပေးခဲ့ချိန်ကစပြီး ဂျာမနီဟာ မြန်မာနိုင်ငံကို ဖွံ့ဖြိုးတိုးတက်မှု ဆိုင်ရာ အကူအညီတွေ အများအပြားပေးလာခဲ့တဲ့ နိုင်ငံတနိုင်ငံလည်းဖြစ်ပါတယ်။ 

ဂျာမဏီသမ္မတဟာ မြန်မာနိုင်ငံကို မလာရောက်ခင် အိန္ဒိယနိုင်ငံကို ၆ ရက်ကြာ သွားရောက်ခဲ့တာ ဖြစ်ပါတယ်။

RFA

ဂျာမဏီသမ္မတ Joachim Gauck (ယာ) ရွှေတိဂုံဂေါပကအဖွဲ့နှင့်တွေ့ဆုံစဉ်။ (ဖေဖော်ဝါရီလ ၉၊ ၂၀၁၄)
ဂျာမဏီသမ္မတ Joachim Gauck (ယာ) ရွှေတိဂုံဂေါပကအဖွဲ့နှင့်တွေ့ဆုံစဉ်။ (ဖေဖော်ဝါရီလ ၉၊ ၂၀၁၄)
မြန်မာနိုင်ငံကို အစိုးရဧည့်သည်တော်အဖြစ်နဲ့ ၃ ရက်ကြာ အလည်ခရီး လာရောက်တဲ့ ဂျာမဏီသမ္မတ Joachim Gauck ဟာ တနင်္ဂနွေနေ့မှာ ရောက်ရှိလာပြီဖြစ်ပါတယ်။ သမ္မတ Gauck ဟာ ရွှေတိဂုံဘုရားကို သွားရောက်ခဲ့ပါတယ်။

တာချီလိတ်မြို့၌ မူးယစ်ဆေးဝါး အနည်းငယ်နှင့် လေပစ္စတို သေနတ် တစ်လက် ဖမ်းဆီးရရှိ

PhotoPhoto
ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသ တာချီလိတ်မြို့ ဟောင်လိတ်ကျေးရွာအုပ်စု၊ ပါဆတ်ကျေးရွာ၌ မူးယစ်ဆေးဝါးအနည်းငယ်နှင့် လေပစ္စတိုသေနတ် (၁)လက်တို့ကို တရားခံ (၃)ဦးနှင့်အတူ ယနေ့ ဖေဖော်ဝါရီလ (၉)ရက် နေ့လည်(၁၁)နာရီအချိန်ခန့်က မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ် ပါဝင်သည့် ပူးပေါင်း အဖွဲ့တို့မှ ဖမ်းဆီးရရှိကြောင်း သတင်းရရှိသည်။

Sunday, February 9, 2014

ဆင်းရဲနွမ်းပါးသော တက္ကသိုလ်ဝင်တန်း ကျောင်းသား ၄၀ ဦးကို ကျောင်းအိပ်၊ ကျောင်းစား ထောက်ပံ့မည်

တက္ကသိုလ်ဝင်တန်း တက်ရောက်ရန် အခက်အခဲရှိပြီး ဆင်းရဲနွမ်းပါးသော ကျောင်းသား ကျောင်းသူ များကို ကျောင်းအိပ် ကျောင်းစား ထောက်ပံ့လျက်ရှိသည့် စိမ်းလန်းမြေ ပညာသင်ဒါန ကျောင်းအဖွဲ့သည် ၂၀၁၄-၂၀၁၅ ခုနှစ် ပညာသင်နှစ်တွင် ကျောင်းသားကျောင်းသူ ၄၀ ဦးအထိ တိုးမြှင့် ပံ့ပိုး သွားမည် ဖြစ်ကြောင်း အဆိုပါအဖွဲ့က ဗဟိုဦးစီးကော်မတီ ဥက္ကဋ္ဌ ဦးစိုင်းက The Voice သို့ ပြောကြား သည်။

နွေရာသီတွင် ရှောကို ပေါင် သန်း ၂၀ ဖြင့် မန်ချက်စတာယူနိုက်တက် ကမ်းလှမ်းမည်


မန်ချက်စတာ ယူနိုက်တက်သည် ယခုနှစ် နွေရာသီတွင် ရှောကို ပေါင် သန်း ၂၀ ဖြင့် ကမ်းလှမ်းမည် ဖြစ်ကြောင်း၊ လက်ရှိ ပရီးမီးယားလိဂ် ချန်ပီယံအနေဖြင့် အဆိုပါ ဆောက်သမ်တန် လူငယ် ကစားသမားကို အိုးထရတ်ဖို့ဒ်သို့ ခေါ်ဆောင်နိုင်ရန် အခွင့်အရေးကောင်းများ ပိုင်ဆိုင်ထားကြောင်း Goal က ဖော်ပြခဲ့သည်။

မြန်မာဈေးကွက်မှာ အပြိုင်အဆိုင်တွေများလာတဲ့ ဂျပန်ကားများ

သမ္မတဦးသိန်းစိန်အစိုးရ အာဏာရလာသည့် ၂၀၁၁ ခုနှစ်မှစပြီး အခွန်များနှင့် လုပ်ထုံး လုပ်နည်းများ လျှော့ပေါ့ပေးလိုက်သည့်အတွက် ဂျပန်နိုင်ငံထုတ် တစ်ပတ်ရစ် ကားများ မြန်မာနိုင်ငံ သို့ အလုံးအရင်းနှင့် ၀င်ရောက်လာနေသည်။

နိုက်ဂျီးရီးယား၏ စားသောက်ဆိုင် တစ်ခုတွင် လူဦးခေါင်း အသားကင်ရောင်းချခဲ့

နိုက်ဂျီးရီးယား၏ စားသောက်ဆိုင် တစ်ခုတွင် လူဦးခေါင်း အသားကင်ရောင်းချခဲ့

ဖေဖော်ဝါရီ ၈

နိုက်ဂျီးရီးယား၊ အနမ်ဘရာပြည်နယ်မှ စားသောက်ဆိုင်တစ်ခုမှာ လူသားဖြင့် ဟင်းလျာများချက်ပြုတ်ရောင်းချနေကြောင်း အာဏာပိုင်များမှ လက်ပူးလက်ကြပ်တွေ့ရှိပြီးနောက် ယင်းဆိုင်အား ပိတ်စေခဲ့သည်။

လျှို့ဝှက်သတင်းပေးမှုအရ စားသောက်ဆိုင်အတွင်း ၀င်ရောက်ဖမ်းဆီးရာတွင် ဆိုင်ပိုင်ရှင်၊ အမျိုးသမီး ၈ ဦး၊ အမျိုးသား လေးဦး စုစုပေါင်း ၁၁ ဦးကို လတ်ဆတ်နေဆဲ ဆီစိမ်စက္ကူဖြင့်ပတ်ထားသော လူသားဦးခေါင်း နှစ်ခုနှင့်အတူ ရဲများက တွေ့ရှိခဲ့ကြသည်။

၎င်းအပြင် ၀င်ရောက်စီးနင်းစဉ် အေကေ ၄၇ ရိုင်ဖယ်သေနတ် ၂ လက်၊ အခြားလက်နက် ကိရိယာများ၊ ဒါဇင်နှင့်ချီသော ကျည်များထည့်သွင်းထားသည့်ခါးပတ်များ နှင့် မိုဘိုင်းလ်ဖုန်းများစွာကိုလည်း သိမ်းယူနိုင်ခဲသည်။

“ ကျွန်တော် ဈေးကိုသွားလေတိုင်း ဈေးနဲ့သိပ်နီးကပ်နေတဲ့ အဲ့ဒီဟော်တယ်မှာ ပုံမမှန်တဲ့ဝင်ထွက်မှုတွေကို အမြဲ သတိထားမိပါတယ်။ စရိုက်ကြမ်းကြမ်း လူအပေအတေတွေ အဲ့ဒီဟော်တယ်ထဲ ၀င်သွားနေလေ့ရှိတယ်။ ဒါကြောင့် မနေ့ မနက်ပိုင်းမှာ ရဲတွေက ဒီလိုရှာဖွေတွေ့ရှိတာကိုကြားရတော့ ကျွန်တော့်အဖို့ သိပ်မထူးဆန်းတော့ပါဘူး ” ဟု ဒေသခံတစ်ဦးမှ Osun Defender သို့ ပြောပြခဲ့သည်။

မိမိစားသုံးခဲ့မိသည့်အရာမှာ လူသားဖြစ်ကြောင်းသိသွားသော အမည်မဖော်လိုသူ ပရိုတက်စတင့်ဘုန်းတော်ကြီးက “ ဒီနှစ်အစောပိုင်းက ကျွန်တော် ဒီဟိုတယ်ကို ရောက်ခဲ့တယ်။ အသားတစ်တုံးကို N700 (ပေါင်စတာလင် ၂.၅ ပေါင်) နဲ့ ရောင်းချတယ်လို့ပြောတော့ ကျွန်တော် အရမ်းအံ့သြခဲ့ပါတယ်။ ဒီလောက်ဈေးကြီးပေးပြီး စားခဲ့တဲ့အသားဟာ လူသားဖြစ်မှန်း မသိခဲ့ရဘူးဗျာ ” ဟု ရဲဌာနသို့ ပြောဆိုခဲ့သည်။

နိုက်ဂျီးရီးယားနိုင်ငံတွင် လူသားစားသတင်းများ ကြားရလေ့ရှိသော်လည်း လူသားဟင်းလျာရောင်းချသည့် စားသောက်ဆိုင်ကိုတွေ့ရခြင်းမှာ ဤတစ်ကြိမ်သည် ပထမဆုံးဖြစ်သည်။

ဓါတ်ပုံရှင်းလင်းချက်- လူသားဖြင့် ဟင်းလျာ ချက်ပြုတ်ရောင်းချနေသော နိုက်ဂျီးရီးယားမှ စားသောက်ဆိုင် ( ရိုက်တာသတင်းဓာတ်ပုံ)

ကိုးကား-International Business Times

http://myawadynews.blogspot.com/2014/02/blog-post_8.html

နိုက်ဂျီးရီးယား၊ အနမ်ဘရာပြည်နယ်မှ စားသောက်ဆိုင်တစ်ခုမှာ လူသားဖြင့် ဟင်းလျာများ ချက်ပြုတ်ရောင်း ချနေကြောင်း အာဏာပိုင်များမှ လက်ပူးလက်ကြပ်တွေ့ရှိပြီးနောက် ယင်းဆိုင်အား ပိတ်စေခဲ့သည်။

လျှို့ဝှက်သတင်းပေးမှုအရ စားသောက်ဆိုင်အတွင်း ၀င်ရောက်ဖမ်းဆီးရာတွင် ဆိုင်ပိုင်ရှင်၊ အမျိုးသမီး ၈ ဦး၊ အမျိုးသား လေးဦး စုစုပေါင်း ၁၁ ဦးကို လတ်ဆတ်နေဆဲ ဆီစိမ်စက္ကူဖြင့်ပတ်ထားသော လူသားဦးခေါင်း နှစ်ခုနှင့်အတူ ရဲများက တွေ့ရှိခဲ့ကြသည်။

အမျိုးသားများအတွက် ကျန်းမာပျော်ရွှင်သော ဘ၀နေထိုင်မှုပုံစံ



ဒီနေ့ခေတ်မှာ အမျိုးသားအများစုက ရည်ရွယ်ချက်တွေ ကြီးမားလာတတ်ကြတာ သတိထားမိ နေပါတယ်။ ရည်ရွယ်ချက်ကြီးသူတိုင်းအတွက် အခက်အခဲတွေ ၊ ဖိအားတွေကတော့ အနဲနဲ့အများ ကြုံတွေ့ရသူချည်းပါပဲ။ ဒီအခါ အရက် ၊ ဆေးလိပ် ၊ မူးယစ်ဆေး စတာတွေနဲ့ စိတ်ထွက်ပေါက်ရှာမိတာကြောင့် အညွန့်ကျိုးသွားရသူတွေလည်း ဒုနဲ့ဒေးပေါ့။

ဖွဲ့စည်းပုံပုဒ်မ ၅၉ (ဃ) နဲ့ (စ) အပေါ် သံဃာတချို့အမြင်

Photo: ဖွဲ့စည်းပုံပုဒ်မ ၅၉ (ဃ) နဲ့ (စ) အပေါ် သံဃာတချို့အမြင်
Sunday, February 9, 2014

စစ်အစိုးရလက်ထက်ကရေးဆွဲခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံပါ သမ္မတအဖြစ် အရွေးခံနိုင်ခွင့် အရည်အချင်းတွေထဲက ပုဒ်မ ၅၉ (ဃ) နဲ့ (စ) ကို ပြင်ဆင်ဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပါအ၀င် နိုင်ငံရေးအင်အားစုတွေက လူထုသဘောထားဆန္ဒတွေ စုစည်းနေကြသလို လွှတ်တော်မှာလည်း ဒီဖွဲ့စည်းပုံကို ပြန်လည်သုံးသပ်ရေးဆောင်ရွက်နေပါတယ်။ တချိန်တည်းမှာပဲ အာဏာရနဲ့ တချို့နိုင်ငံရေးပါတီတွေက ဒီပုဒ်မတွေကို ပြင်ဖို့ မလိုအပ်ဘူးဆိုပြီး ဟောပြောပွဲတွေလည်း ကျင်းပခဲ့ပါတယ်။။ အခုလို ပြင်ဆင်ဖို့လိုတယ်၊ မလိုဘူးဆိုပြီး ပြောဆိုနေတဲ့ ဒီပုဒ်မ ၂ ခု အပေါ်မှာ သံဃာတော်တွေကရော ဘယ်လို ရှုမြင်နေကြသလဲဆိုတာကို ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် ကိုအောင်ရဲမောင်မောင် က ဆက်သွယ် မေးမြန်းထားပါတယ်။ 

၂၀၀၈ ဖွဲ့စည်းပုံပါ သမ္မတ ဖြစ်ခွင့် အရည်အချင်းတွေထဲက ပုဒ်မ ၅၉ (ဃ) နဲ့ (စ)ကို ပြင်ဆင်ဖို့ လိုလားတယ်လို့ ရန်ကုန်နဲ့ မန္တလေးမြို့တွေမှာ သတင်းသုံးတဲ့ ဆရာတော်ကြီးတချို့ က မိန့်ကြားပါတယ်။

၅၉ (ဃ) နဲ့ (စ) မှာပါတဲ့ သမ္မတဖြစ်ခွင့်နဲ့ ပတ်သက်တဲ့ အရည်အချင်းတွေဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သမ္မတ မဖြစ်ရေး ကိုသိသိသသာ တမင်ပစ်မှတ်ထားပြီး ရေးဆွဲထားတဲ့ ဥပဒေပုဒ်မတစ်ခုလို ရှုမြင်ပြီးတော့ ရှုတ်ချတယ်လို့လည်း ရန်ကုန်မြို့ ရွှေဝါရောက် ပညာဒါနကျောင်းဆရာတော် ဘဒ္ဒန္တပဏ္ဍ၀ံသ က ဗွီအိုအေကို မိန့်ပါတယ်။

“ရည်ရွယ်ချက်ရှိရှိ လုပ်ထားတဲ့အပေါ်မှာတော့ ဦးဇင်းတို့က နဂိုရ်ထဲက ရှုတ်ချတယ်။ by the people, for the people မဟုတ်ဘူးလေ။ အဲဒါကြီး တစ်ခုလုံးကိုကြည့်ရင် အဲလိုဖြစ်နေတာ။ အဲဒီတော့ ဒီ ၅၉ ကို ဆက်ထားမယ် ဆိုရင်တော့ စစ်အုပ်ချုပ်ရေးကို ဦးစားပေးသလို ဖြစ်နေတယ်။ သမ္မတလုပ်တဲ့ သူက စစ်ပညာတတ်မှဆိုတာ၊ အဲဒါ ဖြစ်နေတယ်။ ဒါက မဖြစ်မနေပြင်ရမယ်လို့- ကျုပ်ကတော့ အဲလိုမြင်တာပေါ့။ နောက်ပြီးတော့ ၅၉ (စ) နဲ့ (ဃ) ကို သေသေချာချာ ပြည်သူတွေကြားထဲမှာလည်း ထဲထဲဝင်ဝင် သိဖို့လိုတယ်။ ကျုပ်တို့လက်ရှိသွားနေတဲ့အစီအစဉ်က ဒီမိုကရေစီဆိုတော့ မဖြစ်မနေပြင်ရမယ်လို့ မြင်တာပေါ့။”

ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ခွင့်ကို တားမြစ်သလိုဖြစ်နေတဲ့ ဒီပုဒ်မတွေကို ပြင်ဆင်ဖို့ လိုအပ်တယ်လို့ အများကပြောနေချိန်မှာ တစ်ဖက်မှာလည်း ၅၉ (စ) နဲ့ (ဃ)ကို ပြင်ဖို့ မလိုအပ်ဖူးဆိုပြီးတော့ တန်ပြန်ဟောပြောပွဲတွေလည်း ဒီလထဲမှာ လုပ်လာတာကို တွေ့ရပါတယ်။

သံဃာတော်တွေအပါအဝင် လူသိများတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေ ဖြစ်ကြတဲ့ ဦးအောင်သိန်းလင်း၊ ဒေါ်ခင်ဝိုင်းကြည်တို့ အပါအ၀င် မတူကွဲပြားခြင်းနဲ့ ငြိမ်းချမ်းရေးပါတီဥက္ကဋ္ဌ ဦးနေမျိုးဝေ၊ရှေ့နေဦးအေးပိုင်၊ ဓမ္မစက္ကဦးမောင်မောင်၊ မြန်မာ့အမျိုးသားရေးကွန်ရကက နောင်တော်လေးနဲ့ ဦးသီရိမောင်၊တို့ က ဦးစီးပီး လုပ်ခဲ့တာပါ။

အခုလို ဟောပြောပွဲတွေလုပ်တာဟာ ဘယ်သူတွေ နောက်ကွယ်က ရှိတယ်လို့ ပြေဆိုနေမှုတွေဟာ မဟုတ်ဘဲ အမျိုးသားရေးကို ရှေ့တန်းတင်တဲ့အနေနဲ့ လုပ်ဆောင်တဲ့ သဘောဖြစ်တယ်လို့ မန္တလေးတိုင်း မစိုးရိမ်တိုက်သစ် ဆရာတော် ဦးဝီရသူက မိန့်ပါတယ်။ ဆရာတော်ဦးဝီရသူက သူ့အနေနဲ့ ဒေါ်အောင်ဆန်းစုကြည် တစ်ယောက်တည်းအတွက် ဆိုရင်တော့ ဒီဥပဒေပုဒ်မ ဟာ ခြွင်းချက်အနေနဲ့ ခွင့်ပြုလို့ရနိုင်ပေမဲ့ အခြားမဆိုင်တဲ့လူတွေ သမ္မတဖြစ်ခွင့်မရအောင်တော့ ဒါနဲ့ တားဆီးဖို့လိုတယ်လို့ မိန့်ပါတယ်။

“တိုင်းရင်းသားမဟုတ်တဲ့နိုင်ငံသားတွေ သမ္မတဖြစ်လာမှာကို ဦးဇင်းတို့က လုံးဝ မလိုလားပါဘူး။ တမျိုးသားလုံးရဲ့မျက်နှာကိုကြည့်ပြီးတော့ ဘုရားဟောတဲ့ မျက်နှာကြည့်ပြီးတော့ တသာသနာလုံးရဲ့မျက်နှာကိုကြည့်ပြီးတော့ ၅၉ (စ) ကို မပြင်ဖို့ဆိုပြီးတော့ အပြင်မခံနိုင်ကြတာပေါ့နော်။ ဒေါ်အောင်ဆန်းစုကြည် တစ်ယောက်ကို ခြွင်းချက်အနေနဲ့ လက်ခံပြီးတော့- ဒါပေမယ့် နိုင်ငံခြားတွေ၊ လူမျိုးခြား၊ ဘာသာခြားတွေကို ကန့်ကွက်ထားမယ်၊ အကာအကွယ်ထားမယ် ဆိုလို့ရှိရင်တော့ ဦးဇင်းတို့က သဘောတူပါတယ်။ ထောက်ခံတယ်။”

၅၉ (ဃ) နဲ့ (စ) ကို ပြင်ဖို့ မပြင်ဖို့ ဆိုတဲ့ နေရာမှာ တစ်ဖက်သတ်ဆန်ဆန် ဖိနှိပ်ထားတဲ့ ဥပဒေပုဒ်မတစ်ခု ဖြစ်တာကြောင့် ပြည်သူတွေရဲ့ ဆန္ဒအမှန်ကိုရဖို့ မဲခွဲသင့်တယ်လို့ ဆရာတော်တစ်ချို့ကလည်း ပြောဆိုမှုတွေ ရှိပါတယ်။
ဒါပေမဲ့ ဒီပုဒ်မတွေဟာ ဒီမိုကရေစီနဲ့ လုံးလုံး ဆန့်ကျင်နေသလို စဉ်းစားပုံ တွေးခေါ်ပုံတွေဟာလည်း နိုင်ငံခြားသားကို တစ်ဖက်သတ် ကန့်သတ်ထားတဲ့ သဘောဖြစ်နေတာကြောင့် ၂၀၀၈ ဖွဲ့စည်းပုံ ပြင်တဲ့နေရာမှာ ထည့်သွင်း ပြင်ဆင်ဖို့လိုတယ်လို့ မန္တလေးမြို့၊ မြဝတီမင်းကြီးကျောင်းတိုက် ပဓာန နာယက ဆရာတော်  ဦးအရိယဝံသာ ဘိဝံသက ဗွီအိုအေကို မိန့်ပါတယ်။

“သမိုင်းကလာခဲ့တာက အခုက ဒီလိုကိစ္စတွေမှာ ပုဂ္ဂိုလ်ရေးတွေ ရှေ့တန်းတင်ပြီး လုပ်ခဲ့တဲ့ဟာတွေ ကိစ္စပဲ။ အဲဒီဟာရဲ့ အကျိုးဆက်ချည့်ပဲ။ ဒါ ပြင်ရမှာကြီးကတော့ ရှင်းရှင်းကြီးပါပဲ။ မပြင်ရင်သိက္ခာမရှိ ဖြစ်လိမ့်မယ်။”

ပုဒ်မ၅၉ (စ) နဲ့ (ဃ) တို့ကို ကန့်ကွက်တဲ့အနေနဲ့  ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလ ၆  ရက်နေ့တုန်းကလည်း ရန်ကုန်တိုင်း၊ အလုံမြို့နယ် မြောင်းကြီးလမ်းကနှေ အလုံမြို့နယ်ခန်းမအထိ စီတန်းလှည့်လည် ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
သမ္မတဦးသိန်းစိန်ရဲ့ ဇန်န၀ါရီလတုန်းက ပြောဆိုထားတဲ့ မိန့်ခွန်းမှာ မြန်မာနိုင်ငံသားတစ်ဦးကို သမ္မတဖြစ်ခွင့် ကန့်သတ်ထားတာမျိုး သူ့အနေနဲ့ မလိုလားဘူးလို့ ပြောခဲ့ပါတယ်။

အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကတော့  ပုဒ်မ ၅၉ (ဃ) ၊ ပုဒ်မ ၅၉ (စ)တို့ဟာ အမျိုးသမီးတစ်ဦးဖြစ်တဲ့ သူမကို ဦးတည် ရေးဆွဲထားတာ ဖြစ်တဲ့အတွက် ဖွဲ့စည်းပုံရေးဆွဲခဲ့တဲ့သူတွေအတွက် သိက္ခာကျစရာဖြစ်တယ်လို့ ဇန်န၀ါရီ ၉ ရက်က ချင်းပြည်နယ် ဟားခါးမြို့မှာ ကျင်းပခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ဟောပြောပွဲမှာ ထည့်သွင်း ပြောဆိုခဲ့ဖူးပါတယ်။

ပုဒ်မ ၅၉ (စ) ကတော့ မိဘ၊ ဇနီး၊ ခင်ပွန်း၊ တရားဝင် သားသမီးတစ်ဦးဦး၊ ယင်းသားသမီးများရဲ့ ဇနီး၊ ခင်ပွန်းတွေဟာ တိုင်းတစ်ပါး နိုင်ငံသား မဖြစ်စေရဆိုပြီး ပြဌာန်းထားတာဖြစ်သလို ပုဒ်မ ၅၉ (ဃ) ကတော့  နိုင်ငံတော်သမ္မတလုပ်မယ့်သူဟာ နိုင်ငံတော်ရဲ့ အရေးအရာတွေဖြစ်တဲ့ နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ စစ်ရေး အမြင်ရှိရမယ်ဆို ပြီး ပြဌာန်းထားတာဖြစ်ပါတယ်ခင်ဗျာ။

VOA
စစ်အစိုးရလက်ထက်ကရေးဆွဲခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံပါ သမ္မတအဖြစ် အရွေးခံနိုင်ခွင့် အရည်အချင်းတွေ ထဲက ပုဒ်မ ၅၉ (ဃ) နဲ့ (စ) ကို ပြင်ဆင်ဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အပါအ၀င် နိုင်ငံရေး အင်အားစုတွေက လူထုသဘောထားဆန္ဒတွေ စုစည်းနေကြသလို လွှတ်တော် မှာလည်း ဒီဖွဲ့စည်းပုံကို ပြန်လည်သုံးသပ်ရေးဆောင်ရွက်နေပါတယ်။ တချိန်တည်းမှာပဲ အာဏာရနဲ့ တချို့နိုင်ငံရေးပါတီတွေက ဒီပုဒ်မတွေကို ပြင်ဖို့ မလိုအပ်ဘူးဆိုပြီး ဟောပြောပွဲတွေလည်း ကျင်းပခဲ့ ပါတယ်။။ အခုလို ပြင်ဆင်ဖို့လိုတယ်၊ မလိုဘူးဆိုပြီး ပြောဆိုနေတဲ့ ဒီပုဒ်မ ၂ ခု အပေါ်မှာ သံဃာတော်တွေကရော ဘယ်လို ရှုမြင်နေကြသလဲဆိုတာကို ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် ကိုအောင်ရဲမောင်မောင် က ဆက်သွယ် မေးမြန်းထားပါတယ်။

ဖျက်ဆီးခံရမှုများနှင့် ခိုးဝင်မှုများကြောင့် မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် ခြံစည်းရိုးအား ပြန်လည်ပြင်ဆင်လျက်ရှိ


မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် ခြံစည်းရိုးတစ်လျှောက် တစ်ဖက်နိုင်ငံမှ ခိုးဝင်လာသူများ၏ ဖျက်ဆီးခံရမှု၊ ခိုးယူမှုနှင့် မြစ်ရေတိုက်စားမှုကြောင့် ပျက်စီးခဲ့ရသည့် နယ်စပ်ခြံစည်းရိုးတစ်လျှောက် ကွန်ကရစ်ခင်းခြင်းနှင့် သံဆူးကြိုး လဲလှယ်ခြင်းလုပ်ငန်းအား စတင် လုပ်ဆောင်နေပြီ ဖြစ်ကြောင်း သိရသည်။

ယင်းသို့ ခြံစည်းရိုးများအား ပြန်လည်ပြင်ဆင်ခြင်းစီမံကိန်းကို ဒီဇင်ဘာလကတည်းက စတင်ခဲ့ခြင်းဖြစ်ပြီး ယခင်တပ်ဆင်ခဲ့သည့် သံဆူးကြိုးခွေများအား ပြန်လည်ဖြုတ်သိမ်းခြင်းလုပ်ငန်းများ ပြီးစီးပြီဖြစ်၍ မြေထိန်း

စကော့တလန် ခွဲထွက်မသွားစေရေး ကြိုးစားရမည့် ဗြိတိန်ဝန်ကြီးချုပ်

 
ယခုနှစ် စက်တင်ဘာလ (၁၈)ရက်နေ့တွင် စကော့အမျိုးသား ပါတီက စကော့တလန်ပြည် နယ်ကို နိုင်ငံတစ်ခုအဖြစ် ကိုယ်ပိုင်အစိုးရဖြင့် အုပ်ချုပ်ခွင့် ရရှိရေး အဆိုကို ဗြိတိန်တစ်နိုင်ငံ လုံး၌ နှိုးဆော်ဆန္ဒမဲ ကောက်ခံမည် ဖြစ်သည်။
စကော့တလန် ခွဲထွက်မသွားစေရေး ကြိုးစားရမည့် ဗြိတိန်ဝန်ကြီးချုပ်စကော့တလန်ကို သီးခြားခွဲထွက်ခွင့် မပေးရေးအတွက် ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန် အနေဖြင့် တစ်နိုင်ငံလုံးကို လှည့်ပတ်စည်းရုံး သွားမည်ဟု သိရသည်။ ယခုနှစ် စက်တင်ဘာလ (၁၈)ရက်နေ့တွင် စကော့အမျိုးသား ပါတီက စကော့တလန်ပြည်နယ်ကို နိုင်ငံတစ်ခုအဖြစ် ကိုယ်ပိုင်အစိုးရဖြင့် အုပ်ချုပ်ခွင့် ရရှိရေး အဆိုကို ဗြိတိန်တစ်နိုင်ငံလုံး၌ နှိုးဆော်ဆန္ဒမဲ ကောက်ခံမည် ဖြစ်သည်။ ယင်းကို ဝန်ကြီးချုပ်က တစ်နိုင်ငံလုံး

ရန်ကုန်တိုင်းအတွင်း နိုင်ငံရေးအကျဉ်းသားစာရင်း ကောက်ယူမှု နှစ်လအတွင်း အပြီးကောက်ယူနိုင်မည်ဟု မျှော်မှန်း

၂၀၁၄ ဖေဖော်ဝါရီလမှစတင်ပြီး နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့နှင့်ဗ AAPP တို့ပူးပေါင်းပြု လုပ်သည့် နိုင်ငံရေးအကျဉ်းသားစာရင်း ကောက်ယူမှုအား နှစ်လခန့်အတွင်း ရန်ကုန်တိုင်းမှာ ပြီးဆုံးလိမ့် မည်ဟု ခန့်မှန်းကြောင်း ရန်ကုန်တိုင်းအတွင်း တာဝန်ခံဆောင်ရွက်နေသည့် ဦးထွန်းကြည်က ပြောကြား သည်။

ငါးလုံးပြူးတစ်လက်၊ ကျည် ၁၂ တောင့်နှင့် စိတ်ကြွ ရူးသွပ်ဆေးပြား ၁ဝဝ ဖမ်းမိ



နိုင်ငံတော်က အမျိုးသားရေး တာဝန်တစ်ရပ် အဖြစ် ချမှတ်၍ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ်အား ဘက်ပေါင်းစုံမှ အရှိန်အဟုန်မြှင့် ဖမ်းဆီး ဆောင်ရွက်လျက် ရှိရာ မွန်ပြည်နယ် ရဲတပ်ဖွဲ့မှူး၊ မော်လမြိုင် ခရိုင် ရဲတပ်ဖွဲ့မှူးတို့၏ ညွှန်ကြားချက် အရ ကျိုက်မရော မြို့နယ် ရဲတပ်ဖွဲ့မှူး၏ ကြီးကြပ် ညွှန်ကြားမှုဖြင့် ကျိုက်မရောမြို့မ ရဲစခန်းမှူး ဒုတိယရဲမှူး မျိုးညွန့် ဦးဆောင်သော အဖွဲ့သည် သတင်းအရ ဖေဖော်ဝါရီ ၃ ရက် နံနက် ၆ နာရီမှစ၍ ကော့ပနော ကျေးရွာ အုပ်စု ကော့ဒွန်းကျေးရွာ ရွာလယ်လမ်းမတွင် သက်သေများနှင့် အတူ စောင့်ဆိုင်းနေစဉ် ကော့ဝမ်းရွာနေ ဝင်းနိုင်(၃၉ နှစ်) မောင်းနှင် လာသော မော်တော် ဆိုင်ကယ်ကို ရပ်တန့် စစ်ဆေးရာ WY ပန်းရောင်ဆေးပြား အလုံး ၁၀၀ တန်ဖိုး ခြောက်သိန်း၊ MOD- 361 စာတန်းပါ

အမှတ်ပေးဇယား အပြောင်းအလဲဖြစ်ခဲ့တဲ့ ပွဲစဉ်(၂၅)

အမှတ်ပေးဇယား အပြောင်းအလဲဖြစ်ခဲ့တဲ့ ပွဲစဉ်(၂၅)

စနေည ပရီးမီးယားလိဂ် ပွဲစဉ်တွေကတော့ အမှတ်ပေးဇယား ထိပ်ဆုံးနေရာအပြောင်းအလဲဖြစ်ခဲ့ပါတယ်။ အမှတ်ပေးဇယား ဦးဆောင်သူ အာဆင်နယ်က မိနစ်(၂၀)အတွင်း (၄)ဂိုးပေးခဲ့ရပြီး ပွဲပြီးရလဒ် (၅-၁)ဂိုးနဲ့ ရှုံးနိမ်ခဲ့တာကြောင့် အမှတ်ပေးဇယား ထိပ်ကဆင်းပေးခဲ့ရုံသာမက နှစ်(၅၀)
အတွင်း ပရီးမီးယားလိဂ်မှာ လီဗာပူးကို အဆိုးရွားဆုံး ရှုံးနိမ့်မှုအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

အဲဒီပွဲစဉ်အပြီး ဆက်ကစားတဲ့ပွဲတွေမှာ ဟာဇက်ရဲ့ ဟက်ထရစ်ဂိုးနဲ့ ချဲလ်ဆီးအနိုင်ရခဲ့ပြီး နောဝစ်ခ်ျနဲ့ မန်စီးတီးတို့ အမှတ်ခွဲယူခဲ့တာကြောင့် ပရီးမီးယားလိဂ် အမှတ်ပေးဇယားထိပ်ကို ရမှတ်(၅၆)မှတ်နဲ့ ချဲလ်ဆီး တက်သွားနိုင်ခဲ့ပြီး ထိပ်သီး(၄)သင်းရဲ့ အမှတ်ကွာဟမှုကလည်း (၆)မှတ်ပဲ ရှိတော့လို့ ပိုစိတ်ဝင်စားစရာကောင်းလာပါပြီ။

ပရီးမီးယားလိဂ် ပွဲစဉ်(၂၅)ရလဒ်များ

လီဗာပူး ၅-၁ အာဆင်နယ်

ဗီလာ ၀-၂ ၀က်စ်ဟမ်း

ချဲလ်ဆီး ၃-၀ နယူးကာဆယ်

နောဝစ်ခ်ျ ၀-၀ မန်စီးတီး

ဆောက်သမ်တန် ၂-၂ စတုတ်စီးတီး

ဆန်းဒါးလန်း ၀-၂ ဟူးလ်စီးတီး
http://yoyarlay.com/sport/football/39981-2014-02-08-18-13-36
@z (ရိုးရာလေး)
စနေည ပရီးမီးယားလိဂ် ပွဲစဉ်တွေကတော့ အမှတ်ပေးဇယား ထိပ်ဆုံးနေရာအပြောင်းအလဲဖြစ်ခဲ့ပါတယ်။ အမှတ်ပေးဇယား ဦးဆောင်သူ အာဆင်နယ်က မိနစ်(၂၀)အတွင်း (၄)ဂိုးပေးခဲ့ရပြီး ပွဲပြီးရလဒ် (၅-၁)ဂိုးနဲ့ ရှုံးနိမ်ခဲ့တာကြောင့် အမှတ်ပေးဇယား ထိပ်ကဆင်းပေးခဲ့ရုံသာမက နှစ်(၅၀)အတွင်း ပရီးမီးယားလိဂ်မှာ လီဗာပူးကို အဆိုးရွားဆုံး ရှုံးနိမ့်မှုအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။