Monday, February 24, 2014

ဒုချီးရားတန်းကျေးရွာဖြစ်စဉ်နှင့် ပတ်သက်၍ ကင်တားနား၏ ပြောကြားမှုမှာ မြေပြင်အခြေအနေကို မေးမြန်းမှုမရှိဘဲ အဝေးမှတစ်ဖက်သတ် သုံးသပ်ပြောဆိုခြင်းသာဖြစ်ကြောင်း ဒေသလူမှုအဖွဲ့အစည်းများ ပြောကြား

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ကင်တားနားက ဒုချီးရားတန်း ကျေးရွာတွင် ဖြစ်ပွားခဲ့သောဖြစ်စဉ်နှင့် ပတ်သက်၍ အစိုးရ၏ စုံစမ်းစစ်ဆေး တွေ့ရှိချက်များသည် ဘက် လိုက်မှုများ ရှိနေနိုင်ကြောင်း ပြောကြားမှုမှာ မြေပြင်အခြေအနေနှင့် ဒေသခံလူနည်းစု၏ အခြေအနေကို မေးမြန်းမှုမရှိဘဲ အဝေးမှတစ်ဖက်သတ် သုံးသပ်ပြောဆိုခြင်းသာဖြစ်ကြောင်း ဒေသလူမှု အဖွဲ့အစည်းများ က ပြော ကြားသည်။

မျိုးစောင့်ဥပဒေ ပြဋ္ဌာန်းနိုင်ရေး ဆန္ဒခံယူပွဲ ပထမဆုံးအကြိမ်အဖြစ် နေပြည်တော်ကောင်စီ ဥပ္ပါတသန္တိစေတီတော်၌ ပြုလုပ်

Photo: မျိုးစောင့်ဥပဒေ ပြဋ္ဌာန်းနိုင်ရေး ဆန္ဒခံယူပွဲ ပထမဆုံးအကြိမ်အဖြစ် နေပြည်တော်ကောင်စီ ဥပ္ပါတသန္တိစေတီတော်၌ ပြုလုပ်
Monday,February 24, 2014

မျိုးစောင့်ဥပဒေ ပြဋ္ဌာန်းနိုင်ရေး အသိပညာပေး ဟောပြောပွဲနှင့် လူထု ဆန္ဒရယူပွဲကို ပထမဆုံးအကြိမ်အဖြစ် ဖေဖော်ဝါရီ ၂၃ ရက်က နေပြည်တော်ရှိ ဥပ္ပါတသန္တိစေတီတော်၏ တပေါင်းကွင်းရင်ပြင်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါပွဲကို မြန်မာနိုင်ငံလုံးဆိုင်ရာ ၀ံသာနုရက္ခိတအဖွဲ့မှ ဦးစီးပြု လုပ်ခြင်းဖြစ်ပြီး လူဦးရေတစ်သောင်းကျော် တက်ရောက်ခဲ့ကာ တက်ရောက် လာသူအားလုံးက လက်မှတ်ရေးထိုး၍ ထောက်ခံဆန္ဒမဲပေးခဲ့ကြောင်း သိရသည်။

အဆိုပါဥပဒေ ပြဋ္ဌာန်းနိုင်ရေးအတွက် လူဦးရေ သုံးသန်းကျော် လက်မှတ်ရေးထိုးပြီး လွှတ်တော်သို့ တင်ပြထားပြီး ဖြစ်သော်လည်း ယနေ့အချိန်အထိ ဆွေးနွေးခြင်းပင် မရှိသေးသဖြင့် လွှတ်တော်အားတိုက်တွန်းခြင်း၊ မျိုးစောင့်ဥပဒေ လှုပ်ရှားသူများအား နိုင်ငံရေးပါတီအချို့မှ အထင်အမြင် လွဲနေခြင်းတို့ကြောင့် ထိုသို့နားလည်မှု လွဲနေသည်ကို ပြန်လည်စေ့စပ်ပေးလို၍ ယခုကဲ့သို့ ဆောင်ရွက်ခြင်းဖြစ်ကြောင်း အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအဖွဲ့ ဥက္ကဋ္ဌ ဓမ္မစက္ကဦးမောင်မောင်က ပြောကြားသည်။

“ဒီမျိုးစောင့်ဥပဒေဟာ ရှင်းရှင်းပြောရင် ကိုယ့်တိုင်းရင်းသား၊ ကိုယ့်လူမျိုး၊ ကိုယ့်နိုင်ငံက ကိုယ့်တိုင်းရင်းသူလေးတွေကို စောင့်ရှောက်ဖို့ဖြစ်ပါတယ်။ ဒါဟာ ရှိကိုရှိရမယ့် ဥပဒေ၊ နိုင်ငံတိုင်း၊ ဘာသာတိုင်းမှာရှိတယ်။ မွတ်ဆလင်ဆိုရင် လူမျိုးခြားနဲ့ အိမ်ထောင်ပြုရင် တရားမ၀င်ဘူးလို့ထိ ပြောထားတာ။ ဒီလို ဥပဒေကြီးတွေနဲ့ သူတို့ဘာသာမှာ ရှိနေတယ်။ ကျွန်တော်တို့ဆီမှာရှိတဲ့ ၁၉၅၄ ခုနှစ်၊ ဗုဒ္ဓဘာသာဝင် မိန်းမများ အထူးထိမ်းမြားမှုနှင့် အမွေဆက်ခံမှု အက်ဥပဒေမှာကျတော့ ၁၄ နှစ် မြန်မာမိန်းကလေးတစ်ယောက် လူမျိုးခြား၊ ဘာသာခြား၊ အသက်အရွယ်မရွေးနဲ့ တရားဝင်လက်ထပ်ခွင့်ပြုထားတဲ့ စည်းကမ်းကို သတ်မှတ်ထားတဲ့အခါမှာ သူများဘာသာနဲ့ ယှဉ်လိုက်ရင် သိပ်ရှက်ဖို့ကောင်းပြီးတော့ အောက်တန်းနောက်တန်းကျပြီးတော့ ကိုယ့်ဘက်က ခံဘက်ချည်းဖြစ်နေတယ်။ ကျွန်တော်တို့က သူများကို စော်ကားတာ မဟုတ်ဘူး။ ကိုယ့်ဘာသာကို ကာကွယ်တာ။ ကာကွယ်ဖို့ ဥပဒေတစ်ခု ပေါ်ပေါက်ဖို့အတွက် ကျွန်တော်တို့က မေတ္တာရပ်ခံတာပါ” ဟု ၎င်းကဆိုသည်။

ယင်းဥပဒေသည် ဗုဒ္ဓဘာသာဝင် အမျိုးသမီးများသည် အခြားဘာသာဝင် တစ်ဦးနှင့် လက်ထပ်ခြင်းကို ကန့်သတ်ခြင်းမဟုတ်ဘဲ လက်ထပ်ပြီးစီးပါက စောင့်ထိန်းရမည့် စည်းမျဉ်းစည်းကမ်းများ၊ ဘာသာအတင်းအကျပ် ပြောင်းစေခြင်းများ မပြုလုပ်စေရန် ထိန်းကြောင်းရန်နှင့် အမျိုးသမီး အခွင့်အရေးများ မဆုံးရှုံးစေရန်အတွက်သာ ဖြစ်ကြောင်းလည်း ၎င်းကဆက်လက်ပြောကြားသည်။

အဆိုပါ မျိုးစောင့်ဥပဒေ ပြဋ္ဌာန်းနိုင်ရေး အသိပညာပေး ဟောပြောပွဲနှင့် လူထုဆန္ဒရယူပွဲမှ သဘောထား ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ကြောင်းလည်း သိရသည်။

Eleven Media Group

နေပြည်တော်တွင် ပြုလုပ်သည့် မျိုးစောင့်ဥပဒေ ပြဋ္ဌာန်းနိုင်ရေး လူထုဆန္ဒ ရယူပွဲအား တွေ့ရစဉ်
နေပြည်တော်တွင် ပြုလုပ်သည့် မျိုးစောင့်ဥပဒေ ပြဋ္ဌာန်းနိုင်ရေး လူထုဆန္ဒ ရယူပွဲအား တွေ့ရစဉ်

မျိုးစောင့်ဥပဒေ ပြဋ္ဌာန်းနိုင်ရေး အသိပညာပေး ဟောပြောပွဲနှင့် လူထု ဆန္ဒရယူပွဲကို ပထမဆုံးအကြိမ်အဖြစ် ဖေဖော်ဝါရီ ၂၃ ရက်က နေပြည်တော်ရှိ ဥပ္ပါတသန္တိစေတီတော်၏ တပေါင်းကွင်းရင်ပြင်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေအခံဥပဒေ ပြင်ဆင်ရေးဆွဲပေးရန် အပါအ၀င် နိုင်ငံရေး အရ ဖိနှိပ်ထားသော ပုဒ်မများ ဖျက်သိမ်းပေးရန် လူဦးရေ ၂၀၀၀ ခန့် ဆန္ဒပြ

Photo: ၂၀၀၈ ဖွဲ့စည်းပုံအခြေအခံဥပဒေ ပြင်ဆင်ရေးဆွဲပေးရန် အပါအ၀င် နိုင်ငံရေး အရ ဖိနှိပ်ထားသော ပုဒ်မများ ဖျက်သိမ်းပေးရန် လူဦးရေ ၂၀၀၀ ခန့် ဆန္ဒပြ
Monday,February 24, 2014

၂၀၀၈ ဖွဲ့စည်းပုံအခြေအခံဥပဒေ ပြင်ဆင်ရေးဆွဲပေးရန် အပါအ၀င် နိုင်ငံရေး အရ ဖိနှိပ်ထားသော ပုဒ်မများ ဖျက်သိမ်းပေးရန် လူဦးရေ ၂၀၀၀ ခန့် ဆန္ဒပြ၊ ဖွဲ့စည်းပုံပြင်ဆင်ပေးရန် ဆန္ဒပြတောင်းဆိုမှုများ ရန်ကုန်တိုင်းဒေသကြီးတွင် ဆက်တိုက်ပြုလုပ်

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆွဲပေးရေး အပါအ၀င် နိုင်ငံရေး အရ ဖိနှိပ်ချုပ်ချယ်ထားသော ပုဒ်မများ ဖျက်သိမ်းပေးရန် ဆန္ဒပြတောင်းဆိုမှုကို ဖေဖော်ဝါရီ ၂၃ ရက် မွန်းလွဲ ၃ နာရီတွင် တာမွေမြို့နယ်၌ လူဦးရေ ၂၀၀၀ ၀န်းကျင်မှ တရားဝင်ခွင့်ပြုမိန့်ဖြင့် ဆန္ဒပြမှု ပြုလုပ်ခဲ့ကြသည်။

တာမွေမြို့နယ် ဒေသခံများ အပါအ၀င် နိုင်ငံရေး တက်ကြွလှုပ်ရှားသူများမှ ‘၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ပေးရေး’ ဆိုင်းဘုတ်များ၊ နိုင်ငံအရေး အရ ဖိနှိပ်ချုပ်ချယ် ရေးဆွဲထားသော “ပုဒ်မ ၅၉(စ)၊ ပုဒ်မ ၁၈၊ ပုဒ်မ ၄၃၆(က/ခ)၊ ဒီမိုကရေစီစံနှုန်းနှင့် မညီသော ပုဒ်မများ” ပြင်ဆင်ပေး စသည့်ဆိုင်းဘုတ် များ ကိုင်ဆောင်၍ ကြွေးကြော်သံများဖြင့် ဆန္ဒပြခဲ့ကြသည်။

အဆိုပါ ဆန္ဒပြပွဲမှာ ယခင်ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ်ခြောက်မြို့နယ် တွင် ပြုလုပ်ခဲ့သော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ပေးရေး ဆန္ဒပြပွဲများထက် ပြည်သူလူထုများပြားစွာ ပါဝင်ခဲ့ပြီး လူဦးရေအများဆုံး ပါဝင်တောင်းဆိုသည့် ဆန္ဒပြပွဲဖြစ်သည်။

ဆန္ဒပြရာတွင် တာမွေမြို့နယ် ကျောက်မြောင်းဈေး မီးပွိုင့်အနီးရှိ သင်္ဂလမ်းနှင့် ဒဂုံသီရိ လမ်းထောင့်မှစ၍ ဆန္ဒပြသူများက ချီတက်လမ်းလျှောက်ခဲ့ကြပြီး တာမွေမြို့နယ် ရပ်ကွက်အသီးသီးရှိ လမ်းများသို့ ၀င်ရောက်ခဲ့ကြသည်။ ထို့နောက် ဆန္ဒပြပွဲအပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင် ဆင်ရေးဆွဲပေးရေးအတွက် နိုင်ငံရေး တက်ကြွလှုပ်ရှားသူများက ဟောပြောမှုများ ပြုလုပ်ခဲ့ကြသည်။

“ပြည်သူတွေရဲ့ဆန္ဒ မပါဝင်တဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ဆွဲပေးဖို့အတွက် ပြည်သူလူထုက လမ်းပေါ်ထွက်ပြီး ဆန္ဒပြ တောင်းဆိုမှုတွေ ပြုလုပ်နေတယ်။ ဒါကို သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်တွေကလည်း ပြည်သူတွေရဲ့ အသံတွေကို နားထောင်ပြီး လွှတ်တော်ထဲမှာ ဆွေးနွေးပေးဖို့ လိုအပ်ပါတယ်။ မဟုတ်ရင်တော့ ပြည်သူတွေကို ဒီမိုကရေစီ နည်းလမ်းကျကျ မဲပေးတတ်တယ်၊ စည်းကမ်းရှိရှိ ဆန္ဒထုတ်ဖော်တတ်ပါတယ်။ ပြည်သူတွေရဲ့အသံကို နားမထောင်တဲ့ လွှတ်တော်ကိုယ်စားတွေကတော့ နောင်တစ်ခါ အရွေးခံရင် ၇ ရာခိုင်နှုန်းတောင် မဲရမှာမဟုတ်ပါဘူး။ ဖွဲ့စည်းပုံအခြေခံ ပြင်ဆင်ရေးအတွက် အဓိကကျတဲ့ ပုဒ်မ ၄၃၆ ကို အရင်ပြင်ဆင်ရမှာပါ။ ပြီးတော့ နိုင်ငံသားတိုင်း နိုင်ငံတော်သမ္မတဖြစ်ခွင့်ကို ကန့်သတ်ထားတဲ့ ပုဒ်မ ၅၉ (ဃ) (စ)ကို ပြင်ဆင်သင့်ပါတယ်။ အခုလို ပြည်သူတွေရဲ့ ဆန္ဒပြတောင်းဆိုမှုတွေကို သက်ဆိုင်ရာအာဏာပိုင် အသီးသီးက မျက်နှာလွှဲ လျစ်လျူရှုထားမယ်ဆိုရင် ပြည်သူတွေအားလုံး လမ်းပေါ်ထွက် တောင်းဆိုမှုတွေ ဖြစ်လာပါလိမ့်မယ်ဟု” ဟု ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့စည်းမှ ကိုပြုံးချိုက ဆန္ဒပြပွဲအပြီးတွင် ပြောကြားခဲ့သည်။  

အလားတူ အဆိုပါနေ့ နံနက် ၇ နာရီတွင် မင်္ဂလာဒုံမြို့နယ်၌ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ပေးရေး အပါအ၀င် နိုင်ငံရေးအရ ကန့်သတ်ဖိနှိပ် ချုပ်ချယ်ထားသော ပုဒ်မများ ဖျက်သိမ်းပေးရေး ဆန္ဒပြတောင်းဆိုမှုကို လူဦးရေ ၃၀၀ ကျော်ဖြင့် မင်္ဂလာဒုံမြို့နယ် ဇိနမာန်အောင် ဘုရားရှေ့မှ ကျိုက္ကလဲ့ဘုရားရှေ့ထိ တရားဝင်ခွင့်ပြုမိန့်ဖြင့် လမ်းလျှောက်ဆန္ဒပြခဲ့ကြသည်။

ယင်းသို့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ပေးရေးနှင့် နိုင်ငံရေးအရ ဖိနှိပ်ချုပ်ချယ်ထားသော ပုဒ်မများ ဖျက်သိမ်းပေးရေးအတွက် အစိုးရသို့ ဆန္ဒပြတောင်းဆိုမှုကို ရန်ကုန်တိုင်းဒေသကြီးရှိ ကျောက်တံတားမြို့နယ်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ လှိုင်သာယာမြို့နယ်၊ အလုံမြို့နယ်၊ သန်လျင်မြို့နယ် တို့တွင် သက်ဆိုင်ရာဒေသခံများက ဇန်န၀ါရီနှင့် ဖေဖော်ဝါရီလ တို့တွင် ပြုလုပ်ခဲ့ကြပြီး မင်္ဂလာဒုံမြို့နယ်နှင့် တာမွေမြို့နယ်ပါ ၀င်ပါက ရန်ကုန်တိုင်းဒေသကြီးတွင် ခုနစ်ကြိမ်မြောက်ရှိပြီဖြစ်ကြောင်း သိရသည်။

Eleven Media Group

ဖေဖော်ဝါရီ ၂၃ ရက်က နိုင်ငံရေးအရ ဖိနှိပ်ထားသော ပုဒ်မများ ဖျက် သိမ်းပေးရန် တာမွေမြို့နယ်အတွင်း ဆန္ဒဖော်ထုတ်နေကြစဉ်
ဖေဖော်ဝါရီ ၂၃ ရက်က နိုင်ငံရေးအရ ဖိနှိပ်ထားသော ပုဒ်မများ ဖျက် သိမ်းပေးရန် တာမွေမြို့နယ်အတွင်း ဆန္ဒဖော်ထုတ်နေကြစဉ်

၂၀၀၈ ဖွဲ့စည်းပုံအခြေအခံဥပဒေ ပြင်ဆင်ရေးဆွဲပေးရန် အပါအ၀င် နိုင်ငံရေး အရ ဖိနှိပ်ထားသော ပုဒ်မ များ ဖျက်သိမ်းပေးရန် လူဦးရေ ၂၀၀၀ ခန့် ဆန္ဒပြ၊ ဖွဲ့စည်းပုံပြင်ဆင်ပေးရန် ဆန္ဒပြတောင်းဆိုမှုများ ရန်ကုန် တိုင်းဒေသကြီးတွင် ဆက်တိုက်ပြုလုပ်

ဒဂုံမြို့နယ်ရှိ စစ်ထောက်ချုပ်ရုံးပိုင် မော်တော်ယာဉ်တပ်ရင်း (နေရာဟောင်း) မြေခုနစ်ဧကပေါ်တွင် ဟိုတယ်နှင့်စီးပွားရေး အဆောက်အအုံများ တည်ဆောက်သွားမည် Monday,February 24, 2014

ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) စစ်ထောက်ချုပ်ရုံးပိုင် ရန်ကုန်တိုင်းဒေ သကြီး ဒဂုံမြို့နယ်၊ ကမ္ဘာအေး ဘုရားလမ်း၊ အမှတ် (၁) မော်တော်ယာဉ် တပ်ရင်း (နေရာဟောင်း) ရှိ မြေ ၂၉ ဒသမ ၇၂၇ ဧက အနက် ၇ ဒသမ ၆၉၅ ဧကအား BOT စနစ်ဖြင့် နိုင်ငံတကာအဆင့်မီ ဟိုတယ်နှင့် Office Building & Commercial Building များ တည်ဆောက်၍ ငှားရမ်းခြင်းလုပ်ငန်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံမှ သစ်များကို တရုတ်နိုင်ငံ နယ်စပ်တစ်လျှောက်သို့ တရားမ၀င် သစ်ခိုးထုတ်နေမှုများကို တင်းကျပ်စွာ ကိုင်တွယ်ဆောင်ရွက်ရန် ဌာနဆိုင်ရာများသို့ သမ္မတညွှန်ကြား

မြန်မာနိုင်ငံမှ သစ်များကို တရုတ်နိုင်ငံ နယ်စပ်တစ်လျှောက်သို့ တရားမ၀င် သစ်ခိုးထုတ်နေမှုများကို တင်းကျပ်စွာ ကိုင်တွယ်ဆောင်ရွက်ရန် ဌာနဆိုင်ရာများသို့ သမ္မတဦးသိန်းစိန်က ညွှန်ကြားထားကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်းက ပြော ကြားသည်။

ဧရာဝတီမြစ်ပေါ်တွင် ဆည်အနိမ့်များတည်ဆောက်၍ လျှပ်စစ်ဓာတ်အား ထုတ်ယူရန် လေ့လာမှုပြုလုပ်သည့် စီမံကိန်းအား ရပ်ဆိုင်း

ဧရာဝတီမြစ်ပေါ်တွင် ဆည်အနိမ့်များ တည်ဆောက်၍ လျှပ်စစ်ဓာတ်အား ထုတ်ယူရန် လေ့လာမှုပြုလုပ် သည့် စီမံကိန်းအား ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း ရေအရင်းမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးထွန်းလွင်ဦး၏ ပြောကြားချက်အရ သိရသည်။    

Sunday, February 23, 2014

MSFကို ရခိုင်ကထွက်ဖို့ ဆန္ဒပြမှုကိုဖြေရှင်း

Photo: MSFကို ရခိုင်ကထွက်ဖို့ ဆန္ဒပြမှုကိုဖြေရှင်း
Sunday, February 23, 2014

စစ်တွေမြို့ မှ ရခိုင်ဒေသခံတွေ က နယ်စီးမခြား ဆရာဝန်များ အဖွဲ့ MSF နဲ့ AZG စတဲ့ NGO အဖွဲ့တွေ ကို ရခိုင်ပြည်နယ် က ထွက်ခွာ သွားဖို့ MSF ရုံး အရှေ့ မှာ ထိုင်သပိတ် မှောက် ကြပါတယ်။ MSF ရခိုင်က မထွက်မချင်း နေ့စဉ်ရက်ဆက် ဆန္ဒပြမယ် လို့ ဆိုပါတယ်။

ဆန္ဒပြရခြင်း အကြောင်းရင်းက ဒုချီးရားတန်း အရေးမှာ နိုင်ငံတကာ အဖွဲ့တွေ ကို သတင်း အမှားတွေ ပေးခဲ့တယ်၊ ဆေးကုပေးတဲ့ အဖွဲ့ ဆိုပေမဲ့ နိုင်ငံရေးမှာ ဝင်ရောက် စွက်ဖက်တယ် လို့ MSF ကို စွပ်စွဲတာပါ။ မြန်မာနိုင်ငံဆိုင်ရာ MSF မှ ဒုတိယ အကြီးအကဲ ဆိုင်မွန် တိုင်လာ ကတော့ MSFဟာ ဆေးဘက်ဆိုင်ရာ အကူအညီ တွေ ကို ပံ့ပိုး ကူညီ ကုသပေးရာမှာ လူမျိုးစု၊ နိုင်ငံရေး အယူအဆ၊ ဘာသာကွဲ၊ တိုင်းရင်းသား စသဖြင့် ခွဲခြား ဆက်ဆံမှု မရှိကြောင်း ဘီဘီစီ ကို ရှင်းပြပါတယ်။ ကမ္ဘာ အနှံ့ နိုင်ငံပေါင်း ၆ဝ မှာ သန်းနဲ့ ချီတဲ့ လူတွေ အပေါ် ဒီပုံစံ နဲ့ဘဲ လူသားချင်း စာနာတဲ့ အကူအညီ တွေ ပေးနေတဲ့ အကြောင်း၊ နိုင်ငံရေး မှာ ဝင်ရောက် စွက်ဖက်တယ် လို့ စွပ်စွဲတာ ကို ငြင်းဆိုကြောင်း ပြောပါတယ်။

ဒုချီးရားတန်း အရေးမှာလည်း MSF ဆေးခန်း ကို ရောက်လာတဲ့ သူတွေကို လိုအပ်တဲ့ ဆေးကုသမှု ပေးပြီး၊ အစိုးရ ကျန်းမာရေး ဌာန မှာ ဆက်လက် ကုသမှု ခံယူဖို့ ပြောပြီး၊ လူနာ စါရင်း ကို သက်ဆိုင်ရာ ကျန်းမာရေး ဌာန ကို လွှဲပြောင်း ပေးကြောင်း၊ ဆေးကုသမှု ပြုရာမှာလည်း မွတ်ဆလင် တွေ ဘဲ ကုသပေးတယ်၊ ရခိုင်တွေ ကို ကုမပေးဘူး ဆိုတာ မဟုတ်မှန်ကြောင်း၊ ရခိုင်ပြည်နယ်မှာတင် ငှက်ဖျား ရောဂါသည်တွေ နဲ့ HIV ရောဂါသည် တွေ ကို ကုသပေးခဲ့ ရာမှာ လူမျိုးကွဲ၊ ဘာသာကွဲ ရယ် ခွဲခြားဆက်ဆံ ပြီး ကုသခဲ့တာ မရှိခဲ့ကြောင်း ဆိုင်မွန်တိုင်လာ က ပြောပါတယ်။

ဒုချီးရားတန်း ကိစ္စမှာ၊ သက်ဆိုင်ရာ အာဏာပိုင်တွေ က မေးမြန်းတာကိုဘဲ ဖြေကြားပြီး၊ မိမိ တို့ ဘက် က အသိပေးပါရစေ ဆိုပြီး ကမ်းလှမ်းတာ မဟုတ်ကြောင်း၊ ပွင့်လင်း မြင်သာမှု ကို အခြေခံ တဲ့ အဖွဲ့ဖြစ် လို့ စုံစမ်း စစ်ဆေးမှု တွေပြီးမှ၊ အာဏာပိုင်တွေ ကို အသိပေးပြီး၊ MSF အဖွဲ့အနေနဲ့ ကြေညာချက် နဲ့ စာတွေ ကို သက်ဆိုင်ရာ အဖွဲ့တွေ က တောင်းလို့ ပေးရပုံ၊ ဒေသ အာဏာပိုင်တွေ ရဲ့ ခွင့်ပြုချက် မရဘဲ ဘာမှ လုပ်မရပုံ၊ ဒါကြောင့် ဒေသ အာဏာပိုင်တွေ ကိုလည်း မေးမြန်းကြည့် စေလိုကြောင်း မြန်မာနိုင်ငံဆိုင်ရာ MSF မှ ဒုတိယ အကြီးအကဲ ဆိုင်မွန် တိုင်လာ က ဘီဘီစီ ကို ရှင်းပြပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

MSF နယ်စီးမခြား ဆရာဝန်များ အဖွဲ့
MSF နယ်စီးမခြား ဆရာဝန်များ အဖွဲ့
စစ်တွေမြို့ မှ ရခိုင်ဒေသခံတွေ က နယ်စီးမခြား ဆရာဝန်များ အဖွဲ့ MSF နဲ့ AZG စတဲ့ NGO အဖွဲ့တွေ ကို ရခိုင်ပြည်နယ် က ထွက်ခွာ သွားဖို့ MSF ရုံး အရှေ့ မှာ ထိုင်သပိတ် မှောက် ကြပါတယ်။ MSF ရခိုင်က မထွက်မချင်း နေ့စဉ်ရက်ဆက် ဆန္ဒပြမယ် လို့ ဆိုပါတယ်။

ညီညွှတ်မှသာ တိုင်းပြည် တိုးတက်နိုင်မယ်လို့ သမ္မတ ဦးသိန်းစိန်ပြောကြား

Photo: ညီညွှတ်မှသာ တိုင်းပြည် တိုးတက်နိုင်မယ်လို့ သမ္မတ ဦးသိန်းစိန်ပြောကြား
Sunday, February 23, 2014

လက်ရှိ အစိုးရက အကောင်အထည်ဖေါ်နေတဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်ကနေ အမျိုးသား ပြန်လည်စည်းလုံး ညီညွတ်ရေး တည်ဆောက်မှု အောင်မြင်မှသာ အနာဂတ်မှာ လွတ်လပ်ပွင့်လင်းပြီး သာယာဝပြောတဲ့ လူ့အဖွဲ့အစည်း တစ်ရပ်အဖြစ် တက်လှမ်းနိုင်မှာ ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဒီနေ့ ပြောလိုက်ပါတယ်။

ဒီကနေ့ ရန်ကုန်တိုင်း လွှတ်တော် အဆောက်အဦးထဲမှာ သမ္မတ ဦးသိန်းစိန်နဲ့ ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းရှင်တွေ တွေ့ဆုံပွဲမှာ သမ္မတဦးသိန်းစိန်က အခုလိုပြောခဲ့တာပါ။

"လက်ရှိ မြန်မာနိုင်ငံမှာ ဖြစ်ထွန်းနေတဲ့ နိုင်ငံရေးဖြစ်စဉ် ရှင်သန်မှုနဲ့ နိုင်ငံရေး တည်ငြိမ်မှု၊ အခြေခံကစပြီး ပြင်ဆင်နေတဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတို့ဟာ ကျနော်တို့နိုင်ငံရဲ့ စီးပွားရေးအောင်မြင်မှုနဲ့ နိုင်ငံဖွံ့ဖြိုးတိုးတက်မှုတို့ကို အောင်မြင်အောင်ဆောင်ရွက်နိုင်တဲ့ အခွင့်အလမ်းတွေကို ဖော်ဆောင်ပေးနိုင်မှာဖြစ်ပါတယ်၊ ပိုပြီးအရေးကြီးတဲ့ အချက်ကတော့ ကျနော်တို့ အခုလုပ်ဆောင်နေတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ကို အခြေပြုတဲ့ အမျိုးသား ပြန်လည်စည်းလုံးညီညွှတ်ရေး တည်ဆောက်မှု အောင်မြင်မှသာ အနာဂတ်မှာ လွပ်လပ်ပြီး၊ ပွင့်လင်းပြီး၊ သာယာဝပြောတဲ့ လူ့အဖွဲ့အစည်းတစ်ရပ်ကို တက်လှမ်းနိုင်မှာဖြစ်ပြီး အောင်မြင်တိုးတက်တဲ့ နိုင်ငံတော်တစ်ရပ်ကို တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်"

ဒါ့အပြင် လက်ရှိအစိုးရရဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေဟာ ရေရာသေချာမှုရှိတဲ့ နိုင်ငံရေးပုံစံသစ်တစ်ခုကို တည်ဆောက်နေတာဖြစ်ပြီး မြန်မာ့လူ့အဖွဲ့အစည်းဟာ ပြောင်းလဲလာတဲ့ နိုင်ငံရေးပုံစံသစ်နဲ့ ကိုက်ညီလာပြီလို့လည်းမိန့်ခွန်းမှာ ထည့်သွင်းပြောခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ အရေးကြီးတဲ့ စီးပွားရေးလုပ်ငန်းဖြစ်တဲ့ လယ်ယာကဏ္ဍမှာ ပုဂ္ဂလိကနဲ့ အများပြည်သူ ပူးတွဲလုပ်ငန်းတွေမှာ အောင်မြင်မှုမရှိဘူးလို့ မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးချစ်ခိုင်က အခမ်းအနားမှာ ပြောခဲ့ပါတယ်။

"လယ်ယာကဏ္ဍအပိုင်းမှာ ကျနော်တို့ အလုပ်ရုံဆွေးနွေးပွဲတွေ၊ သက်ဆိုင်ရာ ဆွေးနွေးပွဲတွေမှာ ခုနက သမ္မတကြီး လမ်းညွှန်သလို public–private partnership ကို အကောင်အထည်ဖော်တဲ့နေရာမှာ ထိရောက်မှုမရှိခဲ့ဘူး၊ တကယ်ကို လက်တွေ့ကျကျ ဖြစ်မလာဘူးဆိုတာ သိရှိရပါတယ်၊ ဒီလို public–private partnership ဆိုတဲ့ကိစ္စမှာ ကျနော်တို့ private ဖိတ်ခေါ်တဲ့နေရာမှာ မိမိတို့ပြောတာကို နားထောင်ပြီး ဟုတ်ကဲ့ပြောမယ့်သူတွေကိုပဲ ဖိတ်ခေါ်ဆောင်ရွက်နေမယ်ဆိုရင်လည်း အောင်မြင်နိုင်ဖွယ်မရှိပါဘူး"

ဒီကနေ့ ဆွေးနွေးပွဲမှာ ပုဂ္ဂလိကလုပ်ငန်းရှင်တွေက လယ်ယာလုပ်ငန်း၊ ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်း၊ သားငါးမွေးမြူရေး၊ ကျောက်မျက်လုပ်ငန်း စတဲ့ လုပ်ငန်းအသီးသီးရဲ့ လိုအပ်ချက်အခက်ခဲတွေနဲ့ အစိုးရက ထောက်ပံ့လုပ်ဆောင်ပေးရမယ့်အပိုင်းတွေနဲ့ ပတ်သက်ပြီး သမ္မတ ဦးသိန်းစိန်ကို တင်ပြခဲ့ကြပါတယ်။

RFA Burmese
လက်ရှိ အစိုးရက အကောင်အထည်ဖေါ်နေတဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်ကနေ အမျိုးသား ပြန်လည်စည်းလုံး ညီ ညွတ်ရေး တည်ဆောက်မှု အောင်မြင်မှသာ အနာဂတ်မှာ လွတ်လပ်ပွင့်လင်းပြီး သာယာဝပြောတဲ့ လူ့အဖွဲ့ အစည်း တစ်ရပ်အဖြစ် တက်လှမ်းနိုင်မှာ ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဒီနေ့ ပြော လိုက်ပါ တယ်။

ဝသွေးစည်းညီညွတ်ရေး အဖွဲ့ဝင်တွေ သမ္မတနဲ့ တွေ့မယ်

Photo: ဝသွေးစည်းညီညွတ်ရေး အဖွဲ့ဝင်တွေ သမ္မတနဲ့ တွေ့မယ်
Sunday, February 23, 2014

UWSA ဝသွေးစည်း ညီညွတ်ရေး အဖွဲ့က ဦးပေါ်လိုက်ခမ်း ဦးဆောင်တဲ့ ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး အဖွဲ့ဝင်တွေဟာ သမ္မတ ဦးသိန်းစိန်နဲ့ ပထမဆုံးအကြိမ်အဖြစ် တွေ့ဆုံဖို့ ရှိပါတယ်။

အခု လာမယ့် တနင်္လ࿿ာနေ့မှာတော့ ပြည်ထောင်စု ငြိမ်းချမ်းရေး ကော်မီတီနဲ့ နေပြည်တော်မှာ တွေ့ဆုံမှာ ဖြစ်ပြီး တနိုင်ငံလုံး အပစ်အခတ် ရပ်ရေးမှာ လက်မှတ် ရေးထိုးဖို့ ကိစ္စတွေကို ဘယ် အချိန် ဘယ်အခါမှာ ဘယ်လို ဆောင်ရွက်ကြမလဲ ဆိုတာ အပါအဝင် ငြိမ်းချမ်းရေး ကိစ္စရပ်တွေ ဆွေးနွေး ပြောဆိုဖို့ ရှိတယ်လို့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး ကော်မီတီဝင် ဝဒေသ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးဆိုင်ပေါင်းနပ် က ဘီဘီစီ ကို ပြောပါတယ်။

သမ္မတ ဦးသိန်းစိန်ကိုတော့ နိုင်ငံတော် အကြီးအကဲအဖြစ် သွားရောက် ဂါရဝပြု တွေ့ဆုံမှာ ဖြစ်ကြောင်း၊ ဒါပေမယ့် ဝဒေသကို ပြည်နယ်အဖြစ် ဖွဲ့စည်းပေးရေး ကိစ္စရပ်ကိုလည်း UWSA ဘက်က တင်ပြ ဆွေးနွေးမယ့် ပုံရှိကြောင်း သူက ပြောပါတယ်။

ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖေါ်ဆောင်မှု အဖွဲ့နဲ့ UWSA ညှိနှိုင်း ဆွေးနွေးတဲ့အခါတိုင်း ဝဒေသကို ပြည်နယ်အဖြစ် ဖွဲ့စည်းပေးရေး ကိစ္စရပ်ကို အမြဲ တင်ပြ ဆွေးနွေးခဲ့ပေမယ့် နိုင်ငံတော် အကြီးအကဲတွေကို တင်ပြမယ်လို့သာ တုန့်ပြန်ခဲ့ကြောင်း၊ အခုတော့ ဒီကိစ္စကို မျက်နှာချင်းဆိုင် တွေ့ဆုံပြီး ပြောဆိုခွင့် ရလာမှာမို့ အချင်းချင်း လိုလားချက်တွေကို ပိုမို သိလာတဲ့အတွက် ဖြေရှင်းဖို့ ရှေ့တလှမ်း လှမ်းနိုင်မယ်လို့ မျှော်လင့်ရကြောင်း ပြည်ထောင်စု ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး ကော်မီတီဝင် ဝဒေသ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဆိုင်ပေါင်းနပ် က ပြောပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)
UWSA ဝသွေးစည်း ညီညွတ်ရေး အဖွဲ့က ဦးပေါ်လိုက်ခမ်း ဦးဆောင်တဲ့ ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး အဖွဲ့ဝင်တွေဟာ သမ္မတ ဦးသိန်းစိန်နဲ့ ပထမဆုံးအကြိမ်အဖြစ် တွေ့ဆုံဖို့ ရှိပါတယ်။

ထိုင်းဆန္ဒပြမှု မြန်မာအလုပ်သမားတွေ ထိခိုက်

 Photo: ထိုင်းဆန္ဒပြမှု မြန်မာအလုပ်သမားတွေ ထိခိုက်
Sunday, February 23, 2014

ထိုင်းနိုင်ငံမှာ အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ လနဲ့ချီ ဖြစ်ပွားနေရာက ပြီးခဲ့တဲ့လထဲမှာပဲ အတိုက်အခံတွေက ဘန်ကောက်မြို့တမြို့လုံးကို ပိတ်ဆို့ပြီး အစိုးရယန္တရားတွေ ရပ်ဆိုင်းသွားအောင် လုပ်မယ်လို့ ကြွေးကြော်ခဲ့ကြပေမဲ့ အခုထက်ထိ အစိုးရယန္တရားတွေ မရပ်သေးသလို ဆန္ဒပြမှုတွေကလည်း မရပ်စဲသေးပါဘူး။ ထိုင်းနိုင်ငံမှာ မြန်မာနိုင်ငံကနေ သွားရောက် အလုပ် လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသားတွေကလည်း သိန်းနဲ့ချီရှိနေတာမို့ ဒီလိုမငြိမ်မသက် အခြေအနေမှာ ဘယ်လိုရပ်တည်နေကြရသလဲဆိုတာကို သိရဖို့  ထိုင်းနိုင်ငံ ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများ အဖွဲ့ (BAT)က အလုပ်သမားရေးဆောင်ရွက်သူ မသက်သက်ဦးကို ဆက်သွယ်မေးမြန်းကြည့်တဲ့ အခါမှာတော့ သူက အခုလို စဖြေပါတယ်။

"အစိုးရယန္တရားကို ရပ်သွားအောင်လုပ်မယ်ပေါ့နော်။ သူတို့ပြောထားတာ ၁၃ ရက်နေ့က တစ်လပြည့်သွားပြီပေါ့နော်။ ဘာယန္တရားမှလည်း မပိတ်ဘူးဟေ့-တဲ့။ အဲ့ဒါ ထိုင်းလူမျိုးတွေကပဲ ပြောတာပေါ့နော်။ ဒါပေမဲ့ လမ်းမကြီးက ကားသွားလို့မရဘူး။ လမ်းမပေါ်မှာ ခြင်ထောင်လေးတွေ စီ စီ စီပြီးတော့ အိပ်နေတာ ပြွတ်သိပ်နေတာပဲ။ နေ့ရော ညရော ဆာလာဒမ်ရဲ့ ကွင်းကြီး ရှိတယ်မှတ်လား။ အဲ့ဒီ့မှာ မြက်ခင်းပြင် ကွင်းကြီး ပန်းခြံကြီး၊ အဲ့ဒီ့ဟာတွေအကုန်လုံး ဆာလာဒမ်ရဲ့ လမ်းလေးခွတွေ အကုန်လုံးဟာ တပ်စွဲထားသလိုမျိုး  ရှိတယ်။ ဆန္ဒပြတဲ့သူတွေကလေ။"

မေး။    ။ ဆိုတော့ အဲ့လိုမျိုး အခု ဆန္ဒပြမှုတွေကလည်း ဆက်တိုက် ရှိနေတုန်းပဲ။ နောက်ပြီးတော့ ဗုံးကွဲတာမျိုးလိုလည်း ရှိနေတယ်ဆိုတော့ အစ်မတို့လို အလုပ်သမားရေး လိုက်ပြီးတော့ ကူညီဆောင်ရွက်ပေးနေတဲ့သူတွေ အနေနဲ့ပေါ့နော်။ လုံခြုံရေး အခြေအနေ ဘယ်လိုများ ရှိလဲအစ်မ။

"လုံခြုံရေးက စိုးရိမ်ရတယ်။ လူစုလူဝေးရှိတဲ့နေရာမှ ဗုံးကွဲတာမဟုတ်ဘူးပေါ့နော်။ တဖက်နဲ့တဖက် အတိုက်အခံအချင်းချင်းဖြစ်ပြီးမှ ခွဲတဲ့ ဗုံးလည်း ရှိသလို ဘာမှမဟုတ်ဘဲ ကြားထဲကနေ ဝင်ခွဲတဲ့ဗုံးတွေကလည်း ရှိနေတာ။ အခုက။ ဆန္ဒပြပွဲကို ရှောင်သွားတယ်။ ကျမတို့က အန္တရာယ်မဖြစ်ချင်လည်း။ မလိုတမာတဲ့သူတွေက အဲ့လို လက်နက်တွေ ဖွက်ကိုင်ထားတယ်ဆိုရင် အချိန်မရွေး ပြဿနာရှိတယ်။ ရထားစီးရင်လည်း မြန်မြန်နဲ့ရောက် မြန်မြန်နဲ့ဆင်းဖို့ပဲ စိတ်ကူးတယ်။ ဘာဖြစ်လို့လဲဆိုတော့ ရထားပေါ်မှာများ ဒီဗုံးတွေ ဖွက်သယ်လာရင် အချိန်မရွေး ရထားပေါ်မှာ ဗုံးကွဲနိုင်တယ်လေ။ ကျမလည်း သွားတော့ သွားနေတာ။ တော်တော်ကို ကြောက်တယ်။ တကယ်လို့များ ရထားပေါ်မှာဖြစ်ရင် သေပြီပေါ့နော်။ အမြဲတမ်း အဲ့ဒါတွေးမိတယ်။ ဘာဖြစ်လို့လဲဆိုတော့ အတိုက်အခံမှာမှ လက်နက်ရှိတာမဟုတ်ဘူး။ အတိုက်အခံမဟုတ်တဲ့သူတွေမှာလည်း လက်နက်တွေ ကိုင်ထားကြတယ်လေ။အခုက။"

မေး။    ။ အဲ့တော့ အစ်မတို့က ဒီလိုရေရှည်ဖြစ်လာတယ်ဆိုရင် ဘယ်လို သတိပေးတာတွေရှိလဲ။ နောက်ပြီးတော့ လိုက်ပြီးတော့ ဆောင်ရွက်ပေးဖို့ကိစ္စကို ဘယ်လိုဆောင်ရွက်ပေးဖို့ရှိလဲ။

"တစ်ယောက်နဲ့တစ်ယောက်လည်း ပြောကြတာပေါ့နော်။ နောက်ပြီးတော့ ဘယ်လိုပြောမလဲ။ အလုပ်သမားနဲ့ထိတွေ့ရတဲ့ အဆုတ်ရောဂါ ကွင်းဆင်းရတဲ့အချိန်တို့၊ သူတို့ကို ဆေးရုံလိုက်ပို့၊ ဆေးထုတ်ပေးတဲ့အချိန်တွေ၊ နောက်ပြီးတော့ အမျိုးသမီးဆွေးနွေးပွဲတွေ ကျမတို့ တစ်လမှာ တစ်ကြိမ်၊ လုပ်တဲ့အခါမှာပေါ့ အဲ့ဒီ့အခါမှာ ကြုံတိုင်းပဲ ဘန်ကောက်မြို့ဘက်ကို မသွားနဲ့။ ဘန်ကောက်မြို့မှာ ဒီလိုတွေရှိတယ်။ ကြုံရင်ကြုံသလောက်တော့ ပြောပြပါတယ်။ ကျမတို့ အလုပ်သမားတွေကို မတတ်သာလို့သာ သွားရတယ်လေ။ အဲ့လိုမျိုး။"

မေး။    ။ ဟုတ်ကဲ့ အစ်မ။ ထိုင်းမှာရှိတဲ့အလုပ်သမားတွေရဲ့ လုပ်ငန်းကိုင်ငန်းတွေရော ထိခိုက်လာနိုင်တဲ့ အနေအထားရှိလားအစ်မ။

"ထိခိုက်နိုင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အလုပ်ရုံတွေမှာဆိုရင် အော်ဒါတွေ သိပ်မရှိတော့ဘူးပေါ့။ ဘာဖြစ်လို့လဲဆိုတော့ အလုပ်ရုံတွေက သူ့ဖောက်သည်တွေရှိမှ အလုပ်လုပ်လို့ရတယ်ဆိုတော့ နောက်ပိုင်းမှာ အော်ဒါမရှိရင် ပထမဆုံးက နေ့စားဆို နေ့ပဲ ခိုင်းမယ်။ ည OT မလုပ်နဲ့တော့ပေါ့။ သူတို့ အဲ့သလိုမျိုးပြောမယ်။ ဘာဖြစ်လို့လဲဆိုတော့ မာရှယ်လောလည်း ရှိနေတာကိုး။ အဲ့ဒီ့အခါ အိုတီကို ရုပ်တဲ့ အခါကျတော့ အဖြစ်သဘောမျိုး၊ အလုပ်သဘောမျိုးပဲ ဆင်းရတာမျိုးတွေဖြစ်တယ်။ အဲ့တော့ လုပ်သားတွေအတွက် ဝင်ငွေနည်းတာမျိုး ဖြစ်မယ်။

နောက်ပြီးတော့ ပသူနန်း တဝိုက်မှာ ဈေးရောင်းတဲ့ သူတွေက မြန်မာအလုပ်သမားတွေပဲ များတယ်။ ဈေးရောင်းတာ၊ ဟိုဘက်ဈေး၊ ဒီဘက်ဈေး ဈေးခင်းတ၊ ညဈေး စီလုံ ညဈေးခင်းတာ မြန်မာ လုပ်သားတွေပဲ မြန်မာပြည်သားတွေပဲ သူတို့အတွက်လည်း အရောင်းပါးတယ်ပေါ့နော်။ နောက်ပြီးတော့ အခြေအနေ အရ မြန်မြန်ဈေးသိမ်း လိုက်ရတဲ့အခါတွေလည်းရှိတယ်။ ညနေဆိုရင် သူတို့မြန်မြန်ဈေးသိမ်းတယ်။ နေ့လည် ၂ နာရီနောက်ပိုင်းဆို သိမ်းပြီးပေါ့နော်။ သိပ်ပြီးတော့ မရောင်းရဘူးပေါ့နော်။ အဲ့လိုမျိုး ကြာရင် ထိခိုက်ပါတယ်။ အလုပ်သမားတွေလည်း ထိခိုက်တယ်။ ထိုင်းအလုပ်ရှင်တွေလည်း ထိခိုက်တယ။"

ဒါကတော့ ထိုင်းနိုင်ငံတွင်းဆန္ဒပြပွဲတွေကြောင့် မြန်မာအလုပ်သမားတွေ ရင်ဆိုင်ကြုံတွေ့နေရတဲ့ အခက်အခဲတွေနဲ့ပတ်သက်လို့ အလုပ်သမားရေးကူညီပေးနေသူ မသက်သက်ဦးကို ဆက်သွယ်မေးမြန်းခဲ့တာပါ။

မဆုမွန် (ဗွီအိုအေ)

အစိုးရဆန့်ကျင်ရေးဆန္ဒပြသူတွေနဲ့ ထိပ်တိုက်ရင်ဆိုင်ပြီးနောက် ဒဏ်ရာရသွားတဲ့ ထိုင်း အဓိကရုဏ်းတပ်ဖွဲ့ဝင် အရာရှိတစ်ဦး။ (ဖေဖော်ဝါရီလ ၁၈၊ ၂၀၁၄)
အစိုးရဆန့်ကျင်ရေးဆန္ဒပြသူတွေနဲ့ ထိပ်တိုက်ရင်ဆိုင်ပြီးနောက် ဒဏ်ရာရသွားတဲ့ ထိုင်း အဓိကရုဏ်းတပ်ဖွဲ့ဝင် အရာရှိတစ်ဦး။ (ဖေဖော်ဝါရီလ ၁၈၊ ၂၀၁၄)
ထိုင်းနိုင်ငံမှာ အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲတွေ လနဲ့ချီ ဖြစ်ပွားနေရာက ပြီးခဲ့တဲ့လထဲမှာပဲ အတိုက် အခံတွေ က ဘန်ကောက်မြို့တမြို့လုံးကို ပိတ်ဆို့ပြီး အစိုးရယန္တရားတွေ ရပ်ဆိုင်းသွားအောင်လုပ်မယ် လို့ ကြွေးေ ကြာ် ခဲ့ကြပေမဲ့ အခုထက်ထိ အစိုးရယန္တရားတွေ မရပ်သေးသလို ဆန္ဒပြမှုတွေကလည်း မရပ်စဲသေး ပါဘူး။

မက္ကဆီကို မူးယစ်ရာဇာဖမ်းမိပြီ

Photo: မက္ကဆီကို မူးယစ်ရာဇာဖမ်းမိပြီ
Sunday, February 23, 2014

ကမ္ဘာပေါ်မှာ အလိုအရှိဆုံး မူးယစ်ဆေးဝါးရာဇာ Joaquin “El Chapo” Guzman ကို မက္ကဆီကိုနဲ့ အမေရိကန် တာဝန်ရှိသူတွေက မက္ကဆီကို အပန်းဖြေမြို့ Mazatlan က ဟိုတယ်တစ်ခုမှာ စနေနေ့က ဖမ်းဆီးလိုက်ပါတယ်။

သူ့ရဲ့ Sinaloa မူးယစ်ဂိုဏ်းရဲ့ ထိပ်တန်းအဖွဲ့ဝင်နှစ်ယောက်ကို မက္ကဆီကိုရဲတပ်ဖွဲ့က ဖမ်းဆီးမိခဲ့ပြီးတဲ့နောက် မူးယစ်နှိမ်နင်းရေး ထောက်လှမ်းရေးတွေက Guzman ကို သီတင်းပတ်အတော်ကြာ ခြေရာခံ လိုက်နေခဲ့တာပါ။

သေနတ်တစ်ချက်မှ မဖောက်လိုက်ရဘဲနဲ့ ဖမ်းမိလိုက်တဲ့အချိန် မတိုင်ခင်မှာ Guzman ဟာ ပုန်းအောင်းတဲ့နေရာ အများအပြားနဲ့ တူးမြောင်း လိုဏ်ခေါင်းတွေကနေတဆင့် အဖမ်းမခံရအောင် ရှောင်နေနိုင်ခဲ့တယ်လို့ ထောက်လှမ်းရေးတွေက ယူဆပါတယ်။

မက္ကဆီကိုနယ်စပ်ကိုဖြတ်ပြီး ကိုကိန်း၊ ဆေးခြောက်နဲ့ ဘိန်းဖြူ တန်ချိန်ပေါင်း များစွာကို ခိုးသွင်းခဲ့မှုအပါအဝင် စွဲချက်အများအပြား နဲ့ Guzman ကို အမေရိကန်က အလိုရှိနေတာပါ။ သူ့ရဲ့ Sinaloa မူးယစ်ဂိုဏ်းဟာ မြောက် အမေရိကတိုက် တဝန်း ကျယ်ပြန့်တဲ့အပြင် ဥရောပနဲ့ သြစတြေးလျတိုက်တွေ အထိ ချဲ့ထွင်ထားပါတယ်။

မက္ကဆီကိုမြောက်ပိုင်းက မူးယစ်ဆေးဝါးမှောင်ခိုကူးတဲ့ လမ်းကြောင်းတွေကို အပိုင်စီးကြရင်း Sinaloa မူးယစ်ဂိုဏ်းနဲ့ တခြားမူးယစ်ဂိုဏ်းတွေအကြား သွေးချောင်းစီးလူသတ်ပွဲတွေ ဖြစ်ခဲ့ပါတယ်။

Guzman ကို ဖမ်းမိလိုက်တာဟာ အမေရိကန်နဲ့ မက္ကဆီကိုနိုင်ငံသားတွေအတွက် အောင်ပွဲတစ်ခုဖြစ်တယ်လို့ အမေရိကန် ရှေ့နေ ချုပ် Eric Holder က ပြောပါတယ်။

ဗွီအိုအေ (မြန်မာဌာန)

ကမ္ဘာမှာ အလိုအရှိဆုံး မူးယစ်ရာဇာ Guzman (လယ်) ကို မက္ကဆီကိုနဲ့ အမေရိကန် တာဝန်ရှိသူတွေက ဖမ်းဆီးလိုက်စဉ်
ကမ္ဘာမှာ အလိုအရှိဆုံး မူးယစ်ရာဇာ Guzman (လယ်) ကို မက္ကဆီကိုနဲ့ အမေရိကန် တာဝန်ရှိသူတွေက ဖမ်းဆီးလိုက်စဉ်
ကမ္ဘာပေါ်မှာ အလိုအရှိဆုံး မူးယစ်ဆေးဝါးရာဇာ Joaquin “El Chapo” Guzman ကို မက္ကဆီကိုနဲ့ အမေရိကန် တာဝန်ရှိသူတွေက မက္ကဆီကို အပန်းဖြေမြို့ Mazatlan က ဟိုတယ်တစ်ခုမှာ စနေနေ့က ဖမ်းဆီးလိုက်ပါတယ်။

ကံပေါက်ရွာတဝိုက် ပတ်ဝန်းကျင်ထိန်းသိမ်းပေးဖို့ တောင်းဆို


တနင်္သာရီတိုင်း ရေဖြူမြို့နယ် ကံပေါက်ရွာနဲ့ အနီးတဝိုက် ရွာတွေက ရွာသား တစ်ထောင်လောက်ဟာ သဘာဝ ဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းက အသုံးပြုနေတဲ့ ရွာလမ်းကို ကတ္တရာ လမ်းခင်းပေးဖို့ နဲ့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းပေးဖို့ နိုင်ငံခြားကုမ္ပဏီ (၃)ခုကို တောင်းဆို ဆန္ဒပြခဲ့ကြပါတယ်။

မြန်မာ-ထိုင်း နှစ်နိုင်ငံအစိုးရ လုပ်ငန်းဆောင်ရွက်မှု နှောင့်နှေးခြင်းကြောင့် ဗီဇာသက်တမ်းလွန်နေသည့် အလုပ်သမားများအား ဒဏ်ကြေးကင်းလွတ် ခွင့်ပေးရန် ထိုင်းရောက် မြန်မာအလုပ်သမားအဖွဲ့က တောင်းဆို

မြန်မာ-ထိုင်း နှစ်နိုင်ငံအစိုးရ၏ လုပ်ငန်းဆောင်ရွက်မှု အားနည်းမှုကြောင့် ဗီဇာသက်တမ်းမတိုးနိုင်ဘဲ ဗီဇာသက်တမ်းလွန်  (Over stay) နေသည့် မြန်မာအလုပ်သမားများအပေါ်တွင် ဒဏ်ကြေးကောက်ခံခြင်း မပြုရန် ထိုင်းနိုင်ငံအခြေစိုက် မြန်မာရွှေ့ပြောင်းအလုပ်သမား အခွင့်အရေးကွန်ရက်က တောင်းဆိုချက် ထုတ်ပြန်ခဲ့သည်။

အာဆီယံ ထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ ကျင်းပရေးအတွက် အသုံးပြုရန် လျာထားငွေမှ ကျပ်သန်း ၁၀၀၀ ကျော် ဖြတ်တောက်ရန် ပြည်ထောင်စုလွှတ်တော်၌ အဆိုတင်

မြန်မာနိုင်ငံအနေဖြင့် အလှည့်ကျ အာဆီယံဥက္ကဋ္ဌအဖြစ် တာဝန်ယူစဉ် ၂၀၁၄ ခုနှစ်အတွင်း ကျင်းပမည့် အာဆီယံ ထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ ကျင်းပရေးအတွက် အသုံးပြုရန် လျာ ထားငွေကျပ် သန်း ၁၂၆၉၄ ဒသမ ၅၂၆ အနက် ကျပ်သန်း ၁၀၂၄ ကို ဖြတ်တောက်ရန် ပြည်သူ့ လွှတ်တော် ပြုပြင်ပြောင်းလဲရေးနှင့် ခေတ်မီဖွံ့ဖြိုးတိုးတက်မှု စိစစ်ရေးကော်မတီက ပြည်ထောင်စု လွှတ်ေ တာ် ၌ အဆိုတင်သွင်းခဲ့သည်။

ဝယ်လက်မရှိ၍ အရှုံးပေါ်နေသည့် လျှပ်စစ်တာဘိုင်များ ထုတ်လုပ်သည့် အမှတ်(၂၆) အကြီးစားစက်ရုံ(သာဂရ)၏ ဘတ်ဂျက်တောင်းခံမှုအား ထက်ဝက်လျှော့ရန် ဆွေးနွေး

ဝယ်လက်မရှိ၍ အရှုံးပေါ်နေသည့် လျှပ်စစ်တာဘိုင်များ ထုတ်လုပ်သည့် သာဂရအကြီးစားစက်ရုံ၏ ဘတ်ဂျက်တောင်းခံထားသည့်ငွေမှ ထက်ဝက်လျှော့ချရန် ပြည်သူ့လွှတ်တော် ရင်းနှီးမြှုပ်နှံမှုနှင့် စက်မှု လက် မှု ဖွံ့ဖြိုးတိုးတက်ရေးကော်မတီက ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးခဲ့သည်။

အာဆင်နယ်နှင့် မန်စီးတီးတို့ ချန်ပီယံလိဂ်ရှုံးပွဲကို ပြန်လည်ချေဖျက်နိုင်ခဲ့ပြီး တယ်ရီ၏ နောက်ကျဂိုးဖြင့် နိုင်ပွဲရခဲ့သည့် ချယ်လ်ဆီးအသင်း ဆက်လက်ဦးဆောင်

Photo: အာဆင်နယ်နှင့် မန်စီးတီးတို့ ချန်ပီယံလိဂ်ရှုံးပွဲကို ပြန်လည်ချေဖျက်နိုင်ခဲ့ပြီး တယ်ရီ၏ နောက်ကျဂိုးဖြင့် နိုင်ပွဲရခဲ့သည့် ချယ်လ်ဆီးအသင်း ဆက်လက်ဦးဆောင်
Sunday, February 23, 2014

ပရီးမီးယားလိဂ်ပွဲစဉ် (၂၇) ပထမနေ့ ပွဲစဉ်များကို ဖေဖော်ဝါရီ ၂၂ ရက်က ယှဉ်ပြိုင်ကစားခဲ့ရာ ချယ်လ်ဆီး၊ အာဆင်နယ်၊ မန်စီးတီး စသည့် အမှတ်ပေးဇယား ထိပ်ဆုံးမှ သုံးသင်းစလုံး နိုင်ပွဲရရှိခဲ့သည်။

ချယ်လ်ဆီးအသင်းမှာ ချန်ပီယံလိဂ်ဝင်ခွင့် မျှော်လင့်ချက်ရှိနေသော အဲဗာတန်နှင့် ရင်ဆိုင်ခဲ့ရပြီး အနိုင်ရရှိရန် ခက်ခက်ခဲခဲ ယှဉ်ပြိုင်ခဲ့ရသည်။ အီတူး၊ အော်စကာ၊ ဟာဇက်၊ ဝီလီယံ၊ လမ်းပတ်၊ မာတစ်တို့နှင့် လူစုံပါဝင်ခဲ့သည့် ချယ်လ်ဆီးအသင်းက ပွဲစကတည်းက အဲဗာတန်ကို ဖိအားပေး ကစားနိုင်ခဲ့သည်။ သို့သော် အခွင့်အရေးများကို အသုံးမချနိုင်ခဲ့သလို အဲဗာတန်ဂိုးသမား ဟောင်းဝပ် လက်စွမ်းပြ ကာကွယ်နိုင်ခဲ့သောကြောင့် မိနစ် ၉ဝ ပြည့်သည်အထိ ဂိုးမရှိသရေ ဖြစ်နေခဲ့သည်။ ချယ်လ်ဆီးအတွက် အမှတ်ပေးဇယားထိပ်ဆုံးနေရာတွင် ဆက်လက်ရပ်တည်နိုင်စေမည့် အဖိုးတန် အနိုင်ဂိုးကို နာကျင်အချိန်ပို ၉၃ မိနစ်တွင် လမ်းပတ်၏ ပြစ်ဒဏ်ဘောမှတစ်ဆင့် တယ်ရီက ပိတ်သွင်းယူခဲ့ခြင်း ဖြစ်သည်။ အစောပိုင်းက ယင်းဂိုးကို လမ်းပတ်၏သွင်းဂိုး (သို့မဟုတ်) ဟောင်းဝပ် Own Goal သတ်မှတ်ရန် အငြင်းပွားခဲ့သော်လည်း တယ်ရီ၏ ဂိုးအဖြစ် သတ်မှတ်ပေးခဲ့ခြင်း ဖြစ်သည်။

ချန်ပီယံလိဂ် ရှုံးထွက်အဆင့် ပထမအကျော့ပွဲစဉ်များတွင် အိမ်ကွင်း၌အသီးသီး ရှုံးနိမ့်ခဲ့သည့် အာဆင်နယ်နှင့် မန်စီးတီးတို့ကလည်း နိုင်ပွဲများရယူနိုင်ခဲ့ပြီး ချယ်လ်ဆီးကို ဆက်လက် ဖိအားပေးနိုင်ခဲ့သည်။ အာဆင်နယ်အသင်းက ဂျီရော့ (၅၊ ၃၁ မိနစ်)၊ ရိုဆစ်စကီး (၄၂ မိနစ်)၊ ကိုစီယယ်လ်နီ (၅၇ မိနစ်) တို့၏ ဂိုးများဖြင့် ဆန်းဒါးလန်းကို ဂိုးပြတ်အနိုင်ရခဲ့ပြီး မန်စီးတီးကလည်း ယာယာတိုရေး (မိနစ် ၇ဝ) ၏ တစ်လုံးတည်းသောဂိုးဖြင့် စတုတ်စီးတီးကို အနိုင်ရခဲ့သည်။ နည်းပြသစ်နှင့် ဖူလ်ဟမ်အသင်းက ဝက်စ်ဘရွန်းနှင့် သရေတစ်မှတ်စီခွဲယူခဲ့ရပြီး ဝက်စ်ဟမ်းအသင်းမှာမူ နောက်ဆုံးလေးပွဲဆက် နိုင်ပွဲရယူနိုင်ခဲ့သည်။

Eleven Media Group

ချယ်လ်ဆီးအသင်းအတွက် အဖိုးတန်အနိုင်ဂိုးကို လမ်းပတ်၏ ပြစ်ဒဏ်ဘောမှတစ်ဆင့် တယ်ရီ သွင်းယူနေစဉ် (Photo - AFP)
ချယ်လ်ဆီးအသင်းအတွက် အဖိုးတန်အနိုင်ဂိုးကို လမ်းပတ်၏ ပြစ်ဒဏ်ဘောမှတစ်ဆင့် တယ်ရီ သွင်းယူနေစဉ် (Photo - AFP)
ပရီးမီးယားလိဂ်ပွဲစဉ် (၂၇) ပထမနေ့ ပွဲစဉ်များကို ဖေဖော်ဝါရီ ၂၂ ရက်က ယှဉ်ပြိုင်ကစားခဲ့ရာ ချယ်လ်ဆီး၊ အာဆင်နယ်၊ မန်စီးတီး စသည့် အမှတ်ပေးဇယား ထိပ်ဆုံးမှ သုံးသင်းစလုံး နိုင်ပွဲရရှိခဲ့သည်။

ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းကြောင့် ထားဝယ်တွင် ခရီးသွားများပြား လာ၍ ဂေဟစနစ်များ မပျက်စီးစေရန် သဘာဝအခြေခံခရီးသွားလုပ်ငန်း ဖော်ဆောင်မည်

Photo: ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းကြောင့် ထားဝယ်တွင် ခရီးသွားများပြား လာ၍ ဂေဟစနစ်များ မပျက်စီးစေရန် သဘာဝအခြေခံခရီးသွားလုပ်ငန်း ဖော်ဆောင်မည်
Sunday, February 23, 2014

ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းကြောင့် ထားဝယ်မြို့သို့ ခရီးသွားလာရောက်မှု များပြားလာသည့်အတွက် ခရီးသွားလုပ်ငန်းလည်း ဖွံ့ဖြိုးတိုးတက်ပြီး သဘာဝနယ်မြေများကို ထိန်းသိမ်းပြီးသားဖြစ်စေရန်အတွက် သဘာဝအခြေခံခရီးသွားလုပ်ငန်းကို ထားဝယ်တွင် စတင်လုပ်ဆောင်နေပြီ ဖြစ်ကြောင်း ထားဝယ်ဒေသရှိ ခရီးသွားလုပ်ငန်းများမှ သတင်းရရှိသည်။

အဆိုပါ စီမံကိန်းကို စတင်ပြုလုပ်သည့်အချိန်မှ စတင်ကာ နိုင်ငံခြားသား စီးပွားရေးလုပ်ငန်းရှင်များ လာရောက်လေ့လာမှုများလာပြီး ၂၀၁၂ ခုနှစ်နောက်ပိုင်းမှ စတင်ကာ ခရီးသွားလုပ်ငန်းများမှာလည်း အဆိုပါစီမံကိန်းကြောင့် ပိုမိုဖွံ့ဖြိုးလာခဲ့ကြောင်း သိရသည်။

“စီးပွားရေးကြောင့်လာကြတဲ့ ခရီးသွားတွေ များလာတယ်။ စီးပွားရေးလုပ်ငန်းတွေက စွန့်ပစ်ပစ္စည်းတွေက ဂေဟစနစ်ကို ပျက်စီးမှာစိုးလာတဲ့အတွက် Eco Tourism ကို လုပ်ဆောင်ဖြစ်တာပါ။ ဒီလို Eco Tourism ကို လုပ်ဆောင်ရတာကလည်း စီးပွားရေးအတွက်လာတဲ့ ဧည့်သည်တွေကို ခရီးသွားနေရာသစ်တွေ ပို့ဆောင်ပေးနိုင်ဖို့နဲ့ သဘာဝပတ်ဝန်းကျင်ကိုလည်း ထိန်းသိမ်းပြီးသားဖြစ်သွားအောင်လို့ ဒီလိုလုပ်ဆောင်ဖြစ်တာပါ။ ပြီးတော့နိုင်ငံခြားသားတွေကို ထားဝယ်ကို ဘာကြောင့်လာသလဲလို့ အမြဲတမ်းကျွန်တော်မေးကြည့်တယ်။ ထားဝယ်က တခြားနေရာနဲ့ မတူဘူးတဲ့။ တောတောင်ရေမြေ သဘာဝကောင်းတယ်။ နေရာလည်း ကျယ်တယ်။ လူဦးရေလည်း နည်းတယ်။ ဆွစ်ဇာလန်တို့၊ ဟော်လန်တို့ အရမ်းမျက်စိကျနေကြတယ်။ သူတို့နိုင်ငံမှာ မတရားအေးတယ်လေ။ ရာသီဥတုဆိုးရွားတော့ ဒီမှာ အပန်းလာဖြေကြတာပေါ့”ဟု ထားဝယ်ခရီးသွားလုပ်ငန်းမှ ဦးထိန်လင်း၏ ပြောကြားချက်အရသည်။

လက်ရှိ ထားဝယ်မြို့တွင် နိုင်ငံခြားသား ဧည့်သည်များကို ပို့ဆောင်ရန် မောင်းမကန်ကမ်းခြေနှင့် စက်မှုဇုန်ဖော်ဆောင်မည့် နေရာအပြင် ထားဝယ်ရှိရှေးဟောင်း စေတီပုထိုးများနှင့် သမိုင်းရာဇ၀င်များစွာရှိသော နေရာများသို့ ခရီးသွားများကို ပို့ဆောင်ပေးနေကြောင်း သိရှိရသည်။ ယင်းအပြင် ခရီးသွား ဖွံ့ဖြိုးလာပြီး နောက်ပိုင်းတွင် ထားဝယ်မြို့၌ ဟိုတယ်၊ မိုတယ်နှင့်တည်းခိုခန်း စုစုပေါင်း ငါးလုံး၊ အခန်းပေါင်း ၁၇၉ ခန်း ရှိကြောင်း ၂၀၁၃ ခုနှစ် စာရင်းများအရ သိရသည်။ ခရီးသွား ဖွံ့ဖြိုးလာမှုကြောင့် ထိုဒေသရှိဒေသခံများမှာ ခရီးသွားလုပ်ငန်းအကြောင်းကို ပိုမိုသိရှိလာစေရန်အတွက် ခရီးသွားဆိုင်ရာအကြောင်းအရာများကို လေ့လာချင်ကြောင်းလည်း သိရသည်။

“ထားဝယ်မှာ ခရီးသွားဖွံ့ဖြိုးလာဖို့အတွက် ဒေသခံခရီးသွားလုပ်ငန်းရှင်တွေကနေပြီး ကျွန်တော်တို့ကို ခရီးသွားလုပ်ငန်းနဲ့ ပတ်သက်ပြီး သင်တန်းပေးဖို့အတွက် ကျွန်တော်တို့ကို လာရောက်တိုင်ပင်တဲ့အတွက် ကျွန်တော်တို့ ရန်ကုန်က ခရီးသွားလုပ်ငန်းရှင်တွေက သွားရောက် သင်ကြားပေးသွားမှာပါ”ဟု Ruby Land ခရီးသွားကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ ဦးအေးကျော်က ပြောကြားသည်။

ထားဝယ်သို့ လာရောက်သော နိုင်ငံခြားသားများမှာ ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းကြောင့် ပိုမိုဝင်ရောက်လျက်ရှိကာ ထိုင်း နှင့်ဂျပန်လူမျိုးများ ၀င်ရောက်မှု ပိုမိုများပြားလာပြီး တရုတ်နှင့်အနောက်နိုင်ငံမှ နိုင်ငံခြားသားဧည့်သည်များလည်း ၀င်ရောက်လျက်ရှိလာကြောင်း သိရှိရသည်။

Eleven Media Group

ထားဝယ်ရေနက်ဆိပ်ကမ်းအနီးရှိ နိုင်ငံခြားသားခရီးသွားများ စိတ်ဝင်စားရာ မောင်းမကန်ကမ်းခြေအား တွေ့ရစဉ် ဓာတ်ပုံ-ဖြိုးဇင်(ထားဝယ်)
ထားဝယ်ရေနက်ဆိပ်ကမ်းအနီးရှိ နိုင်ငံခြားသားခရီးသွားများ စိတ်ဝင်စားရာ မောင်းမကန်ကမ်းခြေအား တွေ့ရစဉ် ဓာတ်ပုံ-ဖြိုးဇင်(ထားဝယ်)
ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းကြောင့် ထားဝယ်မြို့သို့ ခရီးသွားလာရောက်မှု များပြားလာသည့် အတွက် ခရီးသွားလုပ်ငန်းလည်း ဖွံ့ဖြိုးတိုးတက်ပြီး သဘာဝနယ်မြေများကို ထိန်းသိမ်းပြီးသားဖြစ်စေရန် အတွက် သဘာဝအခြေခံခရီးသွားလုပ်ငန်းကို ထားဝယ်တွင် စတင်လုပ်ဆောင်နေပြီ ဖြစ်ကြောင်း ထားဝယ်ဒေသရှိ ခရီးသွားလုပ်ငန်းများမှ သတင်းရရှိသည်။

ပညာရေးဝန်ကြီးဌာနမှ အဆောက်အအုံဆောက်လုပ်ရန် လျာထားတောင်းခံ သည့် တစ်ပေပတ်လည်ဈေးနှုန်းမှာ ပိုမိုများပြားနေ၍ ပြင်ဆင်ပြီး ပိုငွေများကို ကျောင်းဆောင်အသစ်များ ထပ်မံတည်ဆောက်ရေး လွှတ်တော်ကော်မတီများ အဆိုပြု

Photo: ပညာရေးဝန်ကြီးဌာနမှ အဆောက်အအုံဆောက်လုပ်ရန် လျာထားတောင်းခံ သည့် တစ်ပေပတ်လည်ဈေးနှုန်းမှာ ပိုမိုများပြားနေ၍ ပြင်ဆင်ပြီး ပိုငွေများကို ကျောင်းဆောင်အသစ်များ ထပ်မံတည်ဆောက်ရေး လွှတ်တော်ကော်မတီများ အဆိုပြု
Sunday, February 23, 2014

၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ် အမျိုးသားစီမံကိန်း ဥပဒေကြမ်းပါ နိုင်ငံပိုင် အခန်းဆောင်ရွက်မည့် လုပ်ငန်းစီမံကိန်းများတွင် ပညာရေးဝန်ကြီးဌာန၏ အဆောက်အအုံများ ဆောက်လုပ်ရန် လျာထားငွေတောင်းခံရာ၌ ဦးစီးဌာနတစ်ခုနှင့် တစ်ခုတစ်ပေပတ်လည်ဈေးနှုန်း ကွဲပြားနေသဖြင့် ပြန်လည်လျှော့ချ၍ ပိုမိုထွက်ရှိလာသောငွေများအား အခြားကျောင်းဆောင် သစ်များ တည်ဆောက်ရေးအတွက် လျာထားရန်  လွှတ်တော်ကော်မတီနှစ်ခုမှ ပြည်ထောင်စုလွှတ်တော်တွင် ပြင်ဆင်ချက်အဆို တင်သွင်းခဲ့သည်။

ပညာရေးဝန်ကြီးဌာန၏ တည်ဆောက်ရေးဆောင်ရွက်ရန် တင်ပြလျာထားတောင်းငွေများထဲ၌ အမှတ်(၂)အခြေခံပညာဦးစီးဌာနမှ တင်ပြထားသည့် RC အဆောက်အအုံ အမျိုးအစားအတွက် PAE တစ်ပေပတ်လည်ဈေးနှုန်းမှာ အခြားဦးစီးဌာနများကဲ့သို့ ကျပ် ၁၈၀၀၀ နှုန်းမဟုတ်ဘဲ ၂၀၀၀၀ နှုန်းဖြစ်ပြီး ၂၀၀၀ ပိုများနေသည့်အတွက် ၀န်ကြီးဌာနအား ပြန်လည်စိစစ်တင်ပြစေခဲ့ကြောင်း ပြည်သူ့လွှတ်တော် ပညာရေးမြှင့်တင်မှု ကော်မတီကိုယ်စား ကော်မတီအတွင်းရေးမှူး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမြဦးက ဆွေးနွေးပြောကြားသည်။

ထိုသို့ ပြန်လည်စိစစ်ရာအန္တရာယ်ရှိ ကျောင်းများ၊ ဥပဓိရုပ်မကောင်းသည့်အတွက် ပြုပြင်ရမည့်ကျောင်းများ၊ ကျောင်းသားဦးရေတိုးလာသည့်အတွက် တိုးချဲ့ဆောက်ရမည့်ကျောင်းများနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များတင်ပြသည့် ကျောင်းများအားလုံး PAE ပြင်ဆင်တွက်ချက်သည့်အခါတွင် ကျပ်ငွေ ၃ ဒသမ ၄၅၀၆  ဘီလျံပိုမိုထွက်ရှိလာကြောင်း သိရသည်။

"လွှတ်တော်ကိုယ်စားလှယ်များရဲ့ တင်ပြချက်အရရော ကျန်ဦးစီးဌာနများနှင့်လည်း တစ်ပြေးညီ ဖြစ်ရန်အတွက်သော်လည်းကောင်း၊ ပညာရေးဝန်ကြီးဌာနနှင့် ညှိနှိုင်းသဘောတူပြီးတော့ ပိုထွက်လာတဲ့ ၃ ဒသမ ၄၅၀၆  ဘီလျံကို အရေးကြီးလိုအပ်နေတဲ့ အန္တရာယ်ရှိကျောင်းများကို ဦးစားပေးပြီး ဆောင်ရွက်ရန် ညှိနှိုင်းရရှိခဲ့ပါတယ်။ အခုရရှိတဲ့နှုန်းထား အကြမ်းဖျင်းတွက်လိုက်တဲ့အခါမှာ အန္တရာယ်ရှိကျောင်းပေါင်း ၈၃ ကျောင်း ပိုမိုလျာထားနိုင်ကြောင်း တွေ့ရှိရပါတယ်"ဟု ဒေါက်တာမြဦးက ပြောကြားသည်။

သို့ဖြစ်၍ ပြည်သူ့လွှတ်တော် ပညာရေးမြှင့်တင်မှုကော်မတီအနေဖြင့် ပညာရေးဝန်ကြီးဌာန အမှတ်(၂) အခြေခံပညာဦးစီးဌာန၏ အဆိုပြုလျာထားသော အန္တရာယ်ကျောင်းဆောင်ဖျက်သိမ်းပြီး အသစ်တည်ဆောက်မည့် ဦးရေ ၂၂၀ အစား ၃၀၃ ကျောင်း ပြင်ဆင်ရန် အဆိုပြုခဲ့သည်။

အလားတူပြည်သူ့လွှတ်တော် လွှတ်တော်အခွင့်အရေးကော်မတီအနေဖြင့် ပညာရေးဝန်ကြီးဌာန၏ အမှတ်(၁)၊ အမှတ်(၂)၊ အမှတ်(၃) အခြေခံပညာဦးစီးဌာနမှ ဆောက်လုပ်နေသည့် အဆောက်အအုံများသည် မြေပြန့်ဒေသဖြစ်ပါက RC ကျောင်းဆောင် အဆောက်အအုံများအစား အုတ်ညှပ်ကျောင်းဆောင် အဆောက်အအုံများ ဆောက်လုပ်သင့်ပြီး တစ်ပေပတ်လည် (PAE) မှာ ကျပ် ၁၀၀၀၀ နှုန်းဖြစ်သင့်ကြောင်းနှင့် RC ကျောင်းဆောင် အဆောက်အအုံအမျိုးအစား ဆောက်လုပ်ပါကလည်း တစ်ပေပတ်လည်နှုန်းထားမှာ ကျပ် ၁၆၀၀၀ (သို့မဟုတ်) ၁၈၀၀၀ နှုန်းသာဖြစ်သင့်ကာ လျှော့ချသင့်ကြောင်း ကော်မတီကိုယ်စား ကော်မတီဝင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်မောင်က အဆိုပြုတင်ပြခဲ့သည်။

ထို့အပြင် ကျောင်းဆောင်များဆောက်လုပ်ရန် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့မှ ခေါ်ယူမည့်တင်ဒါသည် အချိန်ကြာမြင့်မည်ဖြစ်သည့်အတွက် ခရိုင်မြို့နယ်အတွင်း၌ရှိသည့် ဒေသခံဆောက်လုပ်ရေး လုပ်ငန်းရှင်များကို ဦးစားပေးပြီး လွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ ပညာရေးမှူများ၊ အထောက်အကူပြု ကော်မတီများ ပူးပေါင်းပါဝင်သော ကော်မတီတစ်ရပ်ဖွဲ့စည်းကာ တင်ဒါခေါ်ယူမှုကို စိစစ်ဆောက်ရွက်သင့်ကြောင်း လွှတ်တော်အခွင့်အရေးကော်မတီက အဆိုပြုခဲ့သည်။

Eleven Media Group

ပြည်သူ့လွှတ်တော် ပညာရေးမြှင့်တင်မှုကော်မတီ ဥက္ကဋ္ဌ ဒေါက်တာချမ်းငြိမ်းနှင့် တရားဥပဒေစိုမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီဥက္ကဋ္ဌ ဒ်ါအောင်ဆန်း စုကြည်တို့အား ဖေဖော်ဝါရီ ၂၁ ရက် ပြည်ထောင်စုလွှတ်တော် အစည်းအဝေး တွင် တွေ့ရစဉ်
ပြည်သူ့လွှတ်တော် ပညာရေးမြှင့်တင်မှုကော်မတီ ဥက္ကဋ္ဌ ဒေါက်တာချမ်းငြိမ်းနှင့် တရားဥပဒေစိုမိုးရေးနှင့် တည်ငြိမ်အေး ချမ်းေ ရး ကော်မတီဥက္ကဋ္ဌ ဒ်ါအောင်ဆန်း စုကြည်တို့အား ဖေဖော်ဝါရီ ၂၁ ရက် ပြည်ထောင်စုလွှတ်တော် အစည်းအဝေး တွင် တွေ့ရ စဉ်
၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ် အမျိုးသားစီမံကိန်း ဥပဒေကြမ်းပါ နိုင်ငံပိုင် အခန်းဆောင်ရွက်မည့် လုပ်ငန်း စီမံကိန်းများတွင် ပညာရေးဝန်ကြီးဌာန၏ အဆောက်အအုံများ ဆောက်လုပ်ရန် လျာထားငွေတောင်းခံရာ၌ ဦးစီးဌာနတစ်ခုနှင့် တစ်ခုတစ်ပေပတ်လည်ဈေးနှုန်း ကွဲပြားနေသဖြင့် ပြန်လည်လျှော့ချ၍ ပိုမိုထွက်ရှိ လာသောငွေ များအား အခြားကျောင်းဆောင် သစ်များ တည်ဆောက်ရေးအတွက် လျာထားရန်  လွှတ်တော်ကော် မတီနှစ်ခုမှ ပြည်ထောင်စုလွှတ်တော်တွင် ပြင်ဆင်ချက်အဆို တင်သွင်းခဲ့သည်။

ကျန်းမာရေးစောင့်ရှောက်မှုထက် ဘင်္ဂါလီအရေးကိစ္စများကိုသာ ဆောင်ရွက်နေ သဖြင့် နယ်စည်းမခြားဆရာဝန်များအဖွဲ့အား ထွက်ခွာသွားရန် စစ်တွေတွင် ထိုင်သပိတ် စတင်


ဖေဖော်ဝါရီ ၂၂ ရက်တွင် စစ်တွေမြို့ ကျောင်းတက်လမ်း ရပ်ကွက်ရှိ MSF/AZG ရုံးရှေ့တွင် ဒေသခံများက ဆန္ဒပြနေကြစဉ်
နှစ်ဖက်လူ့အဖွဲ့အစည်းများအား ကျန်းမာရေးစောင့်ရှောက်မှုပေးရန် ကတိပြု ထားသော်လည်း ကျန်း မာရေးစောင့်ရှောက်မှုထက် ဘင်္ဂါလီအရေးကိစ္စများ ကိုသာ ဆောင်ရွက်နေသောကြောင့် နယ်စည်းမခြား ဆရာဝန်အဖွဲ့အား ထွက်ခွာသွားရန် ဖေဖော်ဝါရီ ၂၂ ရက်မှ စတင်ပြီး စစ်တွေမြို့ ကျောင်းတက်လမ်း ရပ်ကွက်ရှိ MSF/AZG ရုံးရှေ့တွင် ဒေသခံ ၂၀ ခန့် က ထိုင်သပိတ် စတင်နေပြီဖြစ်ကြောင်း သိရသည်။

အမေရိကန်ဒေါ်လာ ၈၅ သန်းရင်းနှီးမြှုပ်နှံမည့် ၃၃ ထပ်အမြင့်ရှိ အဆောက် အအုံ ကိုးလုံးပါ Golden City အဆင့်မြင့်အိမ်ရာစီမံကိန်း စင်ကာပူကုမ္ပဏီက ရန်ကင်းတွင်ဆောက်မည်

Golden City အဆင့်မြင့်အိမ်ရာစီမံကိန်း ပုံစံငယ်အားတွေ့ရစဉ်(ဓာတ်ပုံ - ဆန်းထူးအောင်)
ဆောက်လုပ်ရေးကဏ္ဍတစ်ခုထဲတွင် ဒေါ်လာ ၈၅ သန်း ရင်းနှီးမြှုပ်နှံမည့် ၃၃ ထပ်အမြင့်ရှိ အဆောက် အအုံကိုးလုံးပါ Golden City အဆင့်မြင့်အိမ်ရာ စီမံကိန်းအား ရန်ကုန်မြို့ ရန်ကင်းမြို့နယ် ရန်ကင်းလမ်း မကြီးပေါ်ရှိ CMA ရုံးဟောင်း မြေနေရာတွင် အကောင်အထည်ဖော်မည်ဖြစ်ပြီး လေးနှစ်အတွင်း အပြီး တည်ဆောက်သွားမည်ဖြစ်ကြောင်း စင်ကာပူနိုင်ငံ Golden Land  အဆင့်မြင့်အိမ်ရာဖွံ့ဖြိုးရေး ကုမ္ပဏီ မှ သိရသည်။

မြို့နယ်ဖွံ့ဖြိုးရေးလုပ်ငန်းများ၌ သီးခြားကော်မတီများ ခွဲဝေလုပ်ကိုင်ရာတွင် ပါတီစွဲလုပ်ကိုင်နေသူများကြောင့် လုပ်ငန်းနှောင့်နှေးမှုများရှိဟု လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့် ပြောကြား

မြို့နယ်ဖွံ့ဖြိုးရေးလုပ်ငန်းများ၌ သီးခြားကော်မတီများ ခွဲဝေလုပ်ကိုင်ရာတွင် ပါတီစွဲလုပ်ကိုင်နေသူ များကြောင့် လုပ်ငန်းနှောင့်နှေးမှုများရှိကြောင်း သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့် က ဖေဖော်ဝါရီ ၂၂ ရက်က မီဒီယာများနှင့် တွေ့ဆုံစဉ်ပြောကြားသည်။

မြန်မာ-ထိုင်း နှစ်နိုင်ငံအစိုးရ လုပ်ငန်းဆောင်ရွက်မှု နှောင့်နှေးခြင်းကြောင့် ဗီဇာသက်တမ်းလွန်နေသည့် အလုပ်သမားများအား ဒဏ်ကြေး ကင်း လွတ်ခွင့်ပေး ရန် ထိုင်းရောက် မြန်မာအလုပ်သမားအဖွဲ့က တောင်းဆို

မြန်မာ-ထိုင်း နှစ်နိုင်ငံအစိုးရ၏ လုပ်ငန်းဆောင်ရွက်မှု အားနည်းမှုကြောင့် ဗီဇာသက်တမ်းမတိုးနိုင်ဘဲ ဗီဇာသက်တမ်းလွန်  (Over stay) နေသည့် မြန်မာအလုပ်သမားများအပေါ်တွင် ဒဏ်ကြေးကောက်ခံခြင်း မပြုရန် ထိုင်းနိုင်ငံအခြေစိုက် မြန်မာရွှေ့ပြောင်းအလုပ်သမား အခွင့်အရေးကွန်ရက်က တောင်းဆိုချက် ထုတ်ပြန်ခဲ့သည်။

အလုံးစုံ မော်တော်ယာဉ်အာမခံစနစ်တွင် ယခင်အာမခံထားရှိသော ကုမ္ပဏီအားလုံးက ပေးလျော်သည့်စနစ်မှ ကုမ္ပဏီတစ်ခုတည်းကသာ ပေးလျော်မည့်စနစ်သို့ ပြောင်းလဲမည်

Photo: အလုံးစုံ မော်တော်ယာဉ်အာမခံစနစ်တွင် ယခင်အာမခံထားရှိသော ကုမ္ပဏီအားလုံးက ပေးလျော်သည့်စနစ်မှ ကုမ္ပဏီတစ်ခုတည်းကသာ ပေးလျော်မည့်စနစ်သို့ ပြောင်းလဲမည်
Sunday, February 23, 2014

အလုံးစုံ မော်တော်ယာဉ်အာမခံစနစ်တွင် အာမခံထားရှိသည့် ကုမ္ပဏီတစ်ခုတည်းကသာ ပေးလျော်မည့်စနစ်ဖြစ်သော knock for knock agreement ကို ပြောင်းလဲကျင့်သုံးရန်အတွက် မြန်မာ့အာမခံအပါအ၀င် ပုဂ္ဂလိက အာမခံကုမ္ပဏီခြောက်ခုမှ သဘောတူညီမှုလက်မှတ်ကို ဖေဖော်ဝါရီ ၂၁ ရက်က မြန်မာ့အာမခံရုံးချုပ်တွင် လက်မှတ်ရေးထိုးခဲ့သည်။
    
ယခင်ကျင့်သုံးသည့် အလုံးစုံမော်တော်ယာဉ်အာမခံစနစ်သည် ယာဉ်ပိုင်ရှင်မှ အာမခံကုမ္ပဏီများတွင် တစ်ပြိုင်နက်ထားရှိခဲ့ပြီး လျော်ကြေးငွေကိုလည်းထားရှိသည့် အာမခံကုမ္ပဏီများထံမှ ရရှိခဲ့သည်။ ယခု knock for knock agreement တွင်မူ ကုမ္ပဏီတစ်ခုတည်းတွင်သာ အာမခံထားရှိရမည်ဖြစ်ပြီး လျော်ကြေးငွေကိုလည်း ကုမ္ပဏီတစ်ခုတည်းမှသာ ပေးလျော်မည်ဖြစ်ကြောင်း သိရသည်။
    
"knock for knock agreement က ကုမ္ပဏီနှစ်ခုမှာထားရင်လည်း တစ်ခုကပဲလျော်မှာပါ။ ယာဉ်ပိုင်ရှင်တွေအနေနဲ့လည်း အာမခံကုမ္ပဏီတစ်ခုတည်းမှာသာ အာမခံထားရှိဖို့လိုပါတယ်။ ကုမ္ပဏီဘယ်နှခုမှာပဲထားထား တစ်ခုတည်းကသာ ပေးလျော်မှာဖြစ်ပါတယ်။ ဥပမာ- အေကုမ္ပဏီမှာထားတဲ့ကားနဲ့  ဘီကုမ္ပဏီမှာ ထားတဲ့ကားနှစ်စီးတိုက်ရင် သက်ဆိုင်တဲ့ကုမ္ပဏီကပဲ ကိုယ့်ကားကိုကိုယ် ပေးလျော်ရမှာပေါ့။ အေဘက်ကကားက အာမခံထားပြီး တစ်ဖက်ကကားက အာမခံမထားရင်တော့ နှစ်ခုလုံးကို ပေးလျော်ပါတယ်" ဟု မြန်မာ့အာမခံလုပ်ငန်းမှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးအေးမင်းသိန်းက ပြောကြားသည်။
    
ယခုရေးထိုးခဲ့သည့် အာမခံကုမ္ပဏီများမှာ First National Insurance၊ Grand Guardian Insurance Public Co,ltd၊ IKBZ Insurance Public Co,ltd၊ Global World Insurance၊ အောင်သစ္စာဦး အာမခံ၊ ဧရာမြန်မာ အာမခံနှင့် မြန်မာ့အာမခံလုပ်ငန်းတို့ ဖြစ်ကြသည်။         
    
အလုံးစုံမော်တော်ယာဉ် အာမခံထားရှိထားသော မော်တော်ယာဉ်များအနေဖြင့် ယာဉ်အန္တရာယ်ဖြစ်ပါက ဖြစ်ရပ်တစ်ခုလျှင် အများဆုံး ကျပ်သိန်း ၅၀၀ ပေးလျော်မည်ဖြစ်ကာ အဆိုပါယာဉ်ကြောင့် လူသေဆုံးမှုဖြစ်ပေါ်ခဲ့လျှင် လူတစ်ဦးလျှင်ကျပ် ၁၀ သိန်း ပေးလျော်ကြောင်း သိရသည်။

Eleven Media Group

ဇန်န၀ါရီ ၁၀ ရက်က ရန်ကုန်-နေပြည်တော် အမြန်လမ်းပေါ်တွင် မီးလောင်ကျွမ်းသွားခဲ့သော ခရီးသည်တင်ယာဉ်ကို တွေ့ရစဉ် (ဓာတ်ပုံ - အောင်ဇော်ထွန်း)
ဇန်န၀ါရီ ၁၀ ရက်က ရန်ကုန်-နေပြည်တော် အမြန်လမ်းပေါ်တွင် မီးလောင်ကျွမ်းသွားခဲ့သော ခရီးသည်တင်ယာဉ်ကို တွေ့ရစဉ် (ဓာတ်ပုံ - အောင်ဇော်ထွန်း)
အလုံးစုံ မော်တော်ယာဉ်အာမခံစနစ်တွင် အာမခံထားရှိသည့် ကုမ္ပဏီတစ်ခုတည်း ကသာ ပေးလျော်မည့် စနစ်ဖြစ်သော knock for knock agreement ကို ပြောင်းလဲကျင့်သုံးရန်အတွက် မြန်မာ့အာမခံအပါအ၀င် ပုဂ္ဂလိက အာမခံကုမ္ပဏီခြောက်ခုမှ သဘောတူညီမှုလက်မှတ်ကို ဖေဖော်ဝါရီ ၂၁ ရက်က မြန်မာ့အာမခံ ရုံးချုပ်တွင် လက်မှတ်ရေးထိုးခဲ့သည်။

Saturday, February 22, 2014

နိုင်ငံတော်သမ္မတရုံး ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် သာမန်အသုံးစရိတ် ကျပ်တစ်သောင်း ငါးထောင်ကျော် သုံးစွဲနိုင်ရန် အဆိုပြု

နိုင်ငံတော်သမ္မတရုံး၏ ၂၀၁၄-၂၀ ၁၅ ဘဏ္ဍာနှစ် သာမန်အသုံးစရိတ် အတွက် ငွေကျပ် သန်း တစ်သောင်းငါး ထောင်ကျော် အဆိုပြုထားရာ ယခင်နှစ်ထပ် သန်းသုံးထောင်ကျော် ပိုလာ သည်။

လမ်းဖောက်ရာမှ ရှေးဟောင်းဆင်းတုတော်များ တွေ့ရှိ

Photo: လမ်းဖောက်ရာမှ ရှေးဟောင်းဆင်းတုတော်များ တွေ့ရှိ
Saturday, February 22, 2014

မကွေးတိုင်းဒေသကြီး ဆောမြို့နယ် လောင်းရှည်ကျေးရွာတွင် လမ်းဖောက်လုပ်ရာမှ ရှေးဟောင်းဆင်းတု ရုပ်ပွားတော်များ တွေ့ရှိခဲ့ကြောင်း အဆိုပါကျေးရွာ ဒေသခံ များထံမှ သိရှိရသည်။

"လမ်းဖောက်လုပ်တဲ့ နေရာက ရှေးဟောင်းဘုရားတွေ ရှိခဲ့တဲ့နေရာမှာ ဖြစ်နေတော့ ဘုရားဌာပနာ သွင်းခဲ့တဲ့ ဆင်းတုတွေ ပြန်တွေ့တာပါ၊ အားလုံးပေါင်း ၃၀ လောက်တွေ့ရပါတယ်" ဟု ဒေသခံ တစ်ဦးက ဖေဖော်ဝါရီလ ၁၇ ရက်နေ့က ပြောပြသည်။

လောင်းရှည်ကျေးရွာ၊ မြို့မရပ်ကွက်၊ ယွန်းကျောင်းတိုက်အနီးရှိ ဗူးလမ်းဆုံနှင့် လောင်းရှည်လမ်းပိုင်းရှိ လောင်းရှည်-စေတုတ္တရာနှင့် လောင်းရှည်-ကျင်ဒွေးလမ်း တို့၏ လမ်းဆုံ ဖောက်လုပ်ဆဲ မြေတူးဖော်ရာတွင် တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း လမ်းဖောက်လုပ်ရေး တာဝန်ခံက ပြောကြားသည်။

အဆိုပါ ဆင်းတု ရုပ်ပွားတော်များမှာ ဉာဏ်တော်အမြင့် နှစ်လက်မဝန်းကျင်ခန့် ရှိကာ ယွန်းကျောင်းတိုက်တွင် အပူဇော်ခံ ထားရှိမည်ဖြစ်ကြောင်း ယင်းကျောင်းတိုက်မှ ဆရာတော်က မိန့်ကြားသည်။

လောင်းရှည်ကျေးရွာသည် ရှေးဟောင်း ယောဒေသတွင် ပါဝင်သော ကျေးရွာတစ်ခု ဖြစ်ပြီး နှစ်ပေါင်း ၁၀၀ ကျော် သက်တမ်းရှိ ယွန်းကျောင်းတိုက် အပါအဝင် နှီးဘုရား၊ ယွန်းဘုရား၊ ရှေးဟောင်းပေစာ၊ သီရိဓမ္မာသောက မင်းကြီး တည်ထားသော သိန်းကျင်း ရွှေတန်ဆာဘုရား စသော လေ့လာဖွယ်ရာ နေရာများတည်ရှိပြီး အိမ်ခြေ ၆၅၅ လုံး၊ အိမ်ထောင်စု ၅၆၀ စု၊ လူဦးရေ ၂၈၈၆ ဦး နေထိုင်ကြောင်း ဒေသခံများထံမှ သိရှိရသည်။

The Voice Weekly
မကွေးတိုင်းဒေသကြီး ဆောမြို့နယ် လောင်းရှည်ကျေးရွာတွင် လမ်းဖောက်လုပ်ရာမှ ရှေးဟော င်း ဆင်းတု ရုပ် ပွားတော်များ တွေ့ရှိခဲ့ကြောင်း အဆိုပါကျေးရွာ ဒေသခံ များထံမှ သိရှိရ သည်။

ပါးသိုင်းမွေးနဲ့မှ မိန်းမ ဆန်တယ် ထင်တဲ့ မမ

Photo: ပါးသိုင်းမွေးနဲ့မှ မိန်းမ ဆန်တယ် ထင်တဲ့ မမ
Saturday, February 22, 2014
 
အသက် ၂၃ နှစ်အရွယ် ဟာ နန်ကူအာ ဆိုသူ အမျိုးသမီးသည် သားအိမ်ရောဂါ လက္ခဏာတစ်မျိုး ကြောင့် ပါးသိုင်းမွေးများ ရှည်ထွက် လျက်ရှိကြောင်း၊ ယင်းကဲ့သို့ ပါးသိုင်း မွေးများ ရှိခြင်းသည် ၄င်းအား မိန်းမပို ဆန်သည်ဟု ခံစားရကြောင်း ပြောကြား ခဲ့သည်။

အင်္ဂလန်နိုင်ငံ ဘတ်ရှိုင်းယား ဒေသတွင် နေထိုင်သူ ဟာနန်သည် သားအိမ်ရောဂါ တစ်မျိုးကြောင့် အသက် ၁၁ နှစ်အရွယ်မှစ၍ ပါးသိုင်းမွေး များ စတင်ပေါက်လာ ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့အပြင် အမွေးအမျှင် များသည် ရင်ဘတ်နှင့် လက်မောင်း၌ပါ ပျံ့နှံ့လာ ခဲ့ကာ အပြင်ထွက် သည့် အခါနှင့် ကျောင်းသွားသည့် အခါ၌ လူများ၏ တွတ်ထိုး ပြောခြင်းကို ခံရ သည့် အပြင် အင်တာနက်ပေါ်၌ အသက် အန္တရာယ် ခြိမ်းခြောက်ခြင်း ကိုပါ ခံစား ခဲ့ရကြောင်း ဟာနန်က ဆိုသည်။ဆယ်ကျော်သက် ကာလ များတွင် ယင်းအမွေးအမျှင် များ ပေါက်နေမှု ကြောင့် စိတ်ဆင်းရဲခဲ့ ရကြောင်း၊ တစ် ပတ်လျှင် နှစ်ကြိမ် ရိတ်သင်ခဲ့ ရပြီး ကိုယ့် ကိုယ်ကိုယ် သတ်သေ ချင်သည်အထိ ဖြစ်ခဲ့ ဖူးကြောင်း ၄င်းက ထပ်လောင်းဆို သည်။

သို့ရာတွင် အသက် ၁၆ နှစ် အရွယ်၌ အတွေးအခေါ် ပြောင်းလဲခဲ့ ပြီး နှစ်ခြင်း ခရစ်ယာန်ဘာသာကို သက် ဝင်ယုံကြည်ခဲ့ကာ အမွေးအမျှင် များ ပေါက်နေခြင်း အပေါ် သဘော ကျလာ ခဲ့ကြောင်း သိရသည်။

”မိဘတွေက ကျွန်မကို အိမ်ထောင် မကျနိုင်မှာနဲ့ အလုပ်မရနိုင်မှာ ကို စိုးရိမ်ကြတယ်။ အခု ကျွန်မ အရှိကို အရှိအတိုင်း လက်ခံ လိုက်တယ်။ လူ တွေအလယ်မှာ ရဲရဲ ဝံ့ဝံ့ နေတယ်” ဟု ဟာနန်က ပြောကြားသည်။ ၄င်းသည် ယခု အချိန်တွင် မူလတန်းကျောင်း ၌ လက်ထောက် ဆရာမ အဖြစ် လုပ်ကိုင် လျက်ရှိသည်။

အဆိုပါ သားအိမ် ရောဂါ တစ်မျိုး မှာ မျိုးဥထုတ် နိုင်စွမ်း မရှိခြင်း၊ ကျား ဟော်မုန်း များပြားနေခြင်းဖြစ်ပြီး ယင်း ဝေဒနာကို ကုသနိုင်သော ဆေးဝါး မရှိကြောင်း အများစု မှာ ကိုယ်ဝန်ဆောင် နိုင်သော်လည်း တစ်ခါတစ်ရံ သားအိမ် ခွဲစိတ်မှု ပြုလုပ်ရန် လိုအပ်ကြောင်း သိရ သည်။

TW
Ref: Daily Mail
Popular Myanmar News Journal 
အသက် ၂၃ နှစ်အရွယ် ဟာ နန်ကူအာ ဆိုသူ အမျိုးသမီးသည် သားအိမ်ရောဂါ လက္ခဏာ တစ်မျိုး ကြောင့် ပါး သိုင်းမွေးများ ရှည်ထွက် လျက်ရှိကြောင်း၊ ယင်းကဲ့သို့ ပါးသိုင်း မွေးများ ရှိခြင်း သည် ၄င်းအား မိန်းမပို ဆန်သည်ဟု ခံစားရကြောင်း ပြောကြား ခဲ့သည်။

အသက်၃၃ နှစ်ပြည့်မွေးနေ့ ပါတီကို အတွင်းခံဘောင်းဘီမ၀တ်ဆင်ဘဲ တက်ရောက်ခဲ့တဲ့ Paris Hilton

Photo
ဟောလီးဝုဒ်နာမည်ကြီးမင်းသမီး Paris Hilton တစ်ယောက် စနေနေ့ ညက ပြုလုပ်ခဲ့တဲ့ သူမရဲ့ အသက် ၃၃ နှစ်ပြည့် မွေးနေ့ ပါတီကို တက်ရောက်လာတဲ့ ဖက်ရှင်ကြောင့် ပရိတ်သတ်တွေအကုန် ပါးစပ်အဟောင်း သား ဖြစ်ခဲ့ရပါတယ်။

အောင်ဆန်းသူရိယဘွဲ့ ရရှိထားသူများအကြောင်း အားရပါးရ ဖတ်လို့ ရပါပြီ

Photo: အောင်ဆန်းသူရိယဘွဲ့ ရရှိထားသူများအကြောင်း အားရပါးရ ဖတ်လို့ ရပါပြီ
Saturday, February 22, 2014

(၁) အောင်ဆန်းသူရိယ အေးချို (၁၉၄၈) - ဗိုလ်မှူး (ကျဆုံး) / ပြည်ထောင်စု စစ်ရဲတပ်ရင်း (၂၁)

(၂) အောင်ဆန်းသူရိယ တိုက်ချွန်း (၁၉၅၀) - ဗိုလ် (နောင်တွင်ဗိုလ်ကြီး) / အမှတ်(၁) ချင်းသေနတ်ကိုင်တပ်ရင်း

(၃) အောင်ဆန်းသူရိယ လှသောင်း (၁၉၄၉) - တပ်သား (ကျဆုံး) / အမှတ်(၃) ဗမာ့သေနတ်ကိုင်တပ်ရင်း

(၄) အောင်ဆန်းသူရိယ စောမြင့် (၁၉၅၁) - တပ်သား (ကျဆုံး) / အမှတ်(၁)ကရင်သေနတ်ကိုင်တပ်ရင်း

(၅) အောင်ဆန်းသူရိယ စောဘရီ (၁၉၅၁) - အရပ်သား (ကျဆုံး) / အမှတ်(၂) ခြေမြန်တပ်မဟာဌာနချုပ် (တွဲဖက်)

(၆) အောင်ဆန်းသူရိယ စွပ်ဗဟာဒူးရိုင်း (၁၉၅၀) - တပ်သား (ကျဆုံး) / အမှတ်(၄)ခြေလျင်တပ်ရင်း

--------------------------------
(၁) အောင်ဆန်းသူရိယ အေးချို
-----------------------------
ကိုယ်ပိုင်အမှတ် - ကြည်း ၅၁၈၀

ဘွဲ့ရစဉ်အဆင့် - ဗိုလ်မှူး

အမည် - အေးချို(ကျဆုံး)

အမြင့်ဆုံးရရှိသည့်ဘွဲ့/နှစ် - အောင်ဆန်းသူရိယ (၁၉၄၈)

ဘွဲ့ရရှိစဉ်တာဝန်ထမ်းဆောင်သည့်တပ် - ပြည်ထောင်စု စစ်ရဲတပ်ရင်း (၂၁)

ဘွဲ့အပ်နှင်းခံရသောအမိန့်အာဏာ - ၁၀/အထူး/၅၀

ဘွဲ့ရရှိပုံဖြစ်စဉ်အကျဉ်း ။ ၁၉၄၈ သြဂုတ်လအတွင်း ကွန်မြူနစ်တပ်များသည် အင်အားအလုံးအရင်းဖြင့် ရန်ကုန်မြို့ကို တိုက်ခိုက်သိမ်းပိုက်ရန် ပြည်-ရန်ကုန်ကားလမ်းအတိုင်း ချီတက်လာရာ ၁၉-၄-၄၈ ည ၇ နာရီခန့်အချိန် နတ္တလင်းမြို့အနီးရှိ ဖိုးသာအောင်ကုန်း တံတားတဘက်သို့ အရောက်တွင် နတ္တလင်းတွင် တပ်စွဲထားသော ပြည်ထောင်စုစစ်ရဲတပ်ရင်း (၂၁)၏ တပ်ရင်းမှူးဗိုလ်မှူးအေးချိုသည် အင်အားအဆမတန် မျာပြားသော ရန်သူတို့အား မိမိအသက်ကို ပဓာနမထားပဲ ရွပ်ရွပ်ချွံချွံခုခံတိုက်ခိုက်နိုင်ခဲ့သဖြင့် ကွန်မြူနစ်တပ်များ ဆက်လက်ပြီး မချီတက်နိုင်တော့ပဲ ပြန်လည်ဆုတ်ခွာသွားခဲ့ရသည်။

ဗိုလ်မှူးအေးချိုသည် ယင်းကဲ့သို့ထူးကဲမြင့်မားလှသောရဲစွမ်းသတ္တိ၊ ကြံ့ခိုင်သောစိတ်ဓါတ်တို့ဖြင့် ရွပ်ရွပ်ချွံချွံခုခံ တိုက်ခိုက်ရင်း ပြင်းထန်စွာဒဏ်ရာရရှိကာ ၁၉၄၈ သြဂုတ်လ ၂၁ ရက်နေ့တွင် နိုင်ငံတော်အတွက်တာဝန်ကျေပွန်စွာ အသက်ပေးလှူသွားသူဖြစ်သည့်အလျောက် နိုင်ငံတော်၏ရဲစွမ်းသတ္တိဆိုင်ရာအမြင့်ဆုံးဖြစ်သော အောင်ဆန်းသူရိယဘွဲ့ကို ပထမဆုံး ချီးမြှုင့်ခြင်းခံရသူဖြစ်သည်။
-------------------------
(၂) အောင်ဆန်းသူရိယ တိုက်ချွန်း
-------------------------
ကိုယ်ပိုင်အမှတ် - ကြည်း ၇၂၈၈

ဘွဲ့ရစဉ်အဆင့် - ဗိုလ် (နောင်တွင်ဗိုလ်ကြီး)

အမည် - တိုက်ချွန်း

အမြင့်ဆုံးရရှိသည့်ဘွဲ့/နှစ် - အောင်ဆန်းသူရိယ (၁၉၅၀)

ဘွဲ့ရရှိစဉ်တာဝန်ထမ်းဆောင်သည့်တပ် - အမှတ်(၁) ချင်းသေနတ်ကိုင်တပ်ရင်း

ဘွဲ့အပ်နှင်းခံရသောအမိန့်အာဏာ - ၁၀/အထူး/၅၀

ဘွဲ့ရရှိပုံဖြစ်စဉ်အကျဉ်း ။ ၁၉၄၉ ခု ဧပြီလတွင် အင်းစိန်မြို့ကိုအခိုင်အမာစိုးမိုးထားသည့် ကေအင်ဒီအိုများအား ဗမာ့တပ်မတော်ကတိုက်ထုတ်ချေမှုန်းရာတွင် ၁၆-၄-၄၉ နေ့ နံနက်ပိုင်းတွင်အမှတ်(၁)ချင်းသေနတ်ကိုင်တပ်ရင်း စစ်မျက်နှာရှိ တပ်ခွဲတခွဲအား ရန်သူတို့၏၀ိုင်းဝန်းပစ်ခတ်ခြင်းကိုခံနေရစဉ် ဗိုလ်တိုက်ချွန်းသည် ရန်သူများအတွင်းဝင်ရောက်ကာ အများအပြားကျဆုံးအောင် သူရသတ္တိပြောင်မြောက်စွာ တိုက်ခိုက်ချေမှုန်းနိုင်ခဲ့သည့်သူရဲကောင်းတစ်ဦးဖြစ်သည်။

ဗိုလ်တိုက်ချွန်းသည် ယင်းသို့စံတင်လောက်သည့် ရဲစွမ်းသတ္တိ၊ ဂုဏ်ပြုလောက်သည့် စွန့်စားခြင်းတို့ဖြင့် ၁၀-၄-၄၉ နေ့ စော်ဘွားကြီးကုန်းတိုက်ပွဲတွင်လည်းကောင်း၊ ၁၆-၄-၄၉ နေ့ ဦးစက္ကိန်ကျောင်းတိုက်ပွဲတွင်လည်းကောင်း၊ ၁၈-၄-၄၉ နေ့ ရန်သူ့ခံက တုတ်ကိုချေမှုန်း တိုက်ခိုက်ရာတွင်လည်းကောင်း အသက်ကို ပဓါနမထားပဲ ရဲဝံ့စွန့်စားစွာ တာဝန်ထမ်းရွက်ခဲ့သည့်အတွက် နိုင်ငံတော်၏အမြင့်ဆုံးစွမ်းရည်သတ္တိဘွဲ့ ဖြစ်သော အောင်ဆန်းသူရိယဘွဲ့ကိုချီးမြှုင့်ခြင်းခံရသည်။

ဗိုလ်တိုက်ချွန်းသည် ယခင်တိုက်ပွဲတွင်လည်း ရဲစွမ်းသတ္တိပြောင်မြောက်မှုအတွက် နိုင်ငံတော်က သူရဘွဲ့ချီးမြှင့်ခြင်း ခံရသူဖြစ်သည်။
--------------------------------
(၃) အောင်ဆန်းသူရိယ လှသောင်း
------------------------------
ကိုယ်ပိုင်အမှတ် - ၈၈၈၆၅

ဘွဲ့ရစဉ်အဆင့် - တပ်သား

အမည် - လှသောင်း(ကျဆုံး)

အမြင့်ဆုံးရရှိသည့်ဘွဲ့/နှစ် - အောင်ဆန်းသူရိယ (၁၉၄၉)

ဘွဲ့ရရှိစဉ်တာဝန်ထမ်းဆောင်သည့်တပ် - အမှတ်(၃)ဗမာ့သေနတ်ကိုင်တပ်ရင်း

ဘွဲ့အပ်နှင်းခံရသောအမိန့်အာဏာ - ၁၀/အထူး/၅၀

ဘွဲ့ရရှိပုံဖြစ်စဉ်အကျဉ်း ။ ၁၉၄၉ ခု ဧပြီလ ၂၈ရက်နေ့မနက် ၀၃၀၀ နာရီတွင် ဒိုက်ဦးစစ်မျက်နာတွင် အင်အားအဆမတန် များပြားသောကေအင်(န)ဒီအိုများက အမှတ်(၃)ဗမာ့သေနတ်ကိုင်တပ်ရင်း ကွပ်ကဲမှုဌာနချုပ်ကို ၀ိုင်းဝန်းတိုက်ခိုက်ရာ တပ်သားလှသောင်းသည် အသက်ကိုပဓါနမထားပဲ ရဲဝံ့စွန့်စားစွာ ရန်သူအများအပြားကျဆုံးအောင် ရွပ်ရွပ်ချွံချွံတိုက်ခိုက်ခြင်းဖြင့် ရန်သူ၏ထိုးစစ်ကိုဟန့်တားနိုင်ခဲ့သည့်အပြင် မိမိဘက်မှ တပ်ဖွဲ့ဝင်များ အထိခိုက်မရှိ ဆုတ်ခွာပေးနိုင်အောင် နောက်ချန်ကာ ဘရင်းစက်သေနတ်ဖြင့် ကာပစ်ပစ်ပေးနေစဉ် ရန်သူ့လက်ချက်ဖြင့် နိုင်ငံတော်အတွက် အသက်ပေးလှူသူဖြစ်သည့်အလျောက် နိုင်ငံတော်၏ အမြင့်ဆုံးစွမ်းရည်သတ္တိဘွဲ့ ဖြစ်သော အောင်ဆန်းသူရိယဘွဲ့ကို ချီးမြှုင့်ခြင်းခံရသည်။

တပ်သားလှသောင်းသည် ရခိုင်၊မြစ်ဝကျွန်းပေါ်၊ဇီးကုန်း၊၀က်ကော်နှင့် အင်းစိန်တိုက်ပွဲတို့တွင်လည်း အသက်ကိုပဓါနမထားပဲ၊ထူးကဲမြင့်မားသောရဲစွမ်းသတ္တိ၊ကြံခိုင်ထက်မြက်သောစိတ်ဓါတ်တို့ဖြင့် ထူးချွန်စွာတာဝန်ထမ်းရွက်ခဲ့သူ ဖြစ်သည်။
--------------------------------
(၄) အောင်ဆန်းသူရိယ စောမြင့်
----------------------------
ကိုယ်ပိုင်အမှတ် - B/00603

ဘွဲ့ရရှိစဉ်ကအဆင့် - တပ်သား

အမည် - စောမြင့်(ကျဆုံး)

အမြင့်ဆုံးရရှိသည့်ဘွဲ့ - အောင်ဆန်းသူရိယ

ရရှိသည့်နှစ် - ၁၉၅၁

ဘွဲရရှိစဉ် တာဝန်ထမ်းဆောင်သည့်
တပ်ရင်း - အမှတ်(၁)ကရင်သေနတ်ကိုင်တပ်ရင်း၊အမှတ်(၂) ခြေမြန်တပ်မ ဌာနချုပ်(တွဲဖက်)

ဘွဲ့အပ်နှင်းခံရသော အမိန့်အာဏာ - ၃/အထူး/၅၂

ဘွဲ့ရရှိပုံ ဖြစ်စဉ်အကျဉ်း

တပ်သားစောမြင့်သည် သံတောင်မြို့နယ်၊ ရေသိုးကြီးရွာတွင် ကေအင်ဒီအိုများ၏ ဖမ်းဆီးခြင်း ခံနေရသော ဗိုလ်မှူးကြီးမောင်မောင်နှင့် အဖွဲ့အား ကယ်ထုတ်ရန် အရပ်သားစောဘရီနှင့်အတူ (၈.၆.၅၁)နေ့တွင် သွားရောက်ပြီး ဗိုလ်မှူးကြီးမောင်မောင်နဲ့အဆက်အသွယ်ယူနိုင်ခဲ့ကာ (၂၄.၆.၅၁)တွင် စောဘရီနှင့် အရပ်သား(၄)ဦးပါ အဖွဲ့ငယ်ကို ဦးဆောင်ပြီး ရန်သူ့နယ်မြေအတွင်း ထပ်မံဝင်ရောက်နိုင်ခဲ့သည်။

တပ်သားစောမြင့်နှင့်အဖွဲ့သည် (၂၈.၆.၅၁)ရက်နေ့ညတွင် အခက်အခဲမျိုးစုံတို့အားကျော်ဖြတ်ကာ ဗိုလ်မှူးကြီးမောင်မောင်တို့အား ချုပ်ထားသော အချုပ်ခန်းအား ၀င်ရောက်စီးနင်းလျက် အောင်မြင်စွာကယ်ထုတ်ခဲ့သည်။

ယင်းသို့ ကယ်ထုတ်စဉ် ရန်သူတို့၏ ပြင်းထန်စွာ ၀ိုင်းဝန်းပစ်ခတ်မှုကြောင့် ခြေထောက်တွင် ဒဏ်ရာရရှိလဲကျသွားခဲ့သော်လည်း မိမိဒဏ်ရာကို ဂရုမထားပဲ ဗိုလ်မှူးကြီးမောင်မောင်နှင့်အဖွဲ့ကို ဘေးကင်းရာသို့ ရောက်ရှိသည့်တိုင် ရန်သူများကို ကျည်ကုန်သည်အထိ ပစ်ခတ်ပြီးနောက် မိမိအတွက် ၀န်မလေးစေရန် ကျန်ရှိသည့် လက်ပစ်ဗုံးဖြင့်အသက်ကိုစတေးကာ နိုင်ငံတော်အတွက် အသက်ကိုပေးလှူခဲ့သူဖြစ်သည်။

တပ်သားစောမြင့်သည် ယင်းကဲ့သို့ မိမိရဲဘော်များအတွက် ကိုယ်ကျိုးမဖက်အသက့်စွန့်ဆောင်ရွက်ချက်သည် အလွန်မြင့်မြတ် ဂုဏ်ယူဖွယ်ရာ ဖြစ်သည့်အလျောက်ရဲစွမ်းသတ္တိဆိုင်ရာ အမြင့်ဆုံးဘွဲ့ဖြစ်သော အောင်ဆန်းသူရိယ ဘွဲ့အားချီးမြှင့်ခြင်း ခံရသည်။

ဆရာမန်းသင့်နောင်(ကော့ကရိတ်) ရဲ့စာအုပ်ကပါ။
--------------------------------
(၅) အောင်ဆန်းသူရိယ စောဘရီ
----------------------------
ကိုယ်ပိုင်အမှတ် - မရှိ

ဘွဲ့ရရှိစဉ်က အဆင့် - အရပ်သား

အမည် - စောဘရီ (ကျဆုံး)

အမြင့်ဆုံးရရှိသည့်ဘွဲ့ - အောင်ဆန်းသူရိယ

ရရှိသည့်နှစ် - ၁၉၅၁

ဘွဲ့ရရှိစဉ် တာဝန်ထမ်းဆောင်သည့် တပ်ရင်း - အမှတ်(၂) ခြေမြန်တပ်မဟာဌာနချုပ် (တွဲဖက်)

ဘွဲ့ရရှိပုံ ဖြစ်စဉ်အကျဉ်း

စောဘရီသည် သံတောင်မြို့နယ်၊ ရေသိုးကြီးရွာတွင် ကေအင်ဒီအိုများ၏ ဖမ်းဆီးခြင်း ခံနေရသော ဗိုလ်မှူးကြီးမောင်မောင်နှင့် အဖွဲ့အား ကယ်ထုတ်ရန် တပ်သားစောမြင့်နှင့်အတူ (၈.၆.၅၁)နေ့တွင်သွားရောက်ပြီး ဗိုလ်မှူးကြီးမောင်မောင်နဲ့ အဆက်အသွယ်ယူခဲ့ကာ (၂၄.၆.၅၁)တွင် ရန်သူ့နယ်မြေအတွင်း ထပ်မံဝင်ရောက်နိုင်ခဲ့သည်။

စောဘရီဦးဆောင်သော အဖွဲ့သည် (၂၈.၆.၅၁)ရက်နေ့ညတွင် အခက်အခဲမျိုးစုံတို့အားကျော်ဖြတ်ကာ ဗိုလ်မှူးကြီးမောင်မောင်တို့အား ချုပ်ထားသော အချုပ်ခန်းအား ၀င်ရောက်စီးနင်းလျက် အောင်မြင်စွာကယ်ထုတ်ခဲ့သည်။ထိုတိုက်ပွဲတွင် ရန်သူများမှ အပြင်းအထန် ၀ိုင်းဝန်းပစ်ခတ်ခံရပြီး ဒဏ်ရာရရှိကာ အသက်ဆုံးရှုံးခဲ့သည့် သူရဲကောင်းတစ်ဦး ဖြစ်သည်။

စောဘရီသည် မိမိအား ပေးအပ်သည့် တာဝန်ကို ပြီးမြောက်အောင်မြင်သည်အထိ ထူးကဲမြင့်မားသော ရဲစွမ်းသတ္တိဖြင့် တိုက်ခိုက်ရင်း နိုင်ငံတော်အတွက် အသက်ပေးလှူခဲ့သည့်အတွက် ရဲစွမ်းသတ္တိဆိုင်ရာ အမြင့်ဆုံးဘွဲ့ဖြစ်သော အောင်ဆန်းသူရိယ ဘွဲ့ကိုချီးမြှင့်ခဲ့သည်..။

ဆရာမန်းသင့်နောင်(ကော့ကရိတ်) ရဲ့စာအုပ်ကပါ။
(စောဘရီဟာ အရပ်သားဆိုပေမယ့် အလင်းဝင် ကေအင်ဒီအိုဟောင်းဖြစ်သည်)
--------------------------------
(၆) အောင်ဆန်းသူရိယ စွပ်ဗဟာဒူးရိုင်း
--------------------------------
ကိုယ်ပိုင်အမှတ် - ၀၁၉၁၄

ဘွဲ့ရစဉ်အဆင့် - တပ်သား

အမည် - စွက်(က်) ဗဟာဒူးရိုင်း (ကျဆုံး)

အမြင့်ဆုံးရရှိသည့်ဘွဲ့/နှစ် - အောင်ဆန်းသူရိယ (၁၉၅၀)

ဘွဲ့ရရှိစဉ်တာဝန်ထမ်းဆောင်သည့်တပ် - အမှတ်(၄)ခြေလျင်တပ်ရင်း

ဘွဲ့အပ်နှင်းခံရသောအမိန့်အာဏာ - ၁၀/အထူး/၅၁

ဘွဲ့ရရှိပုံဖြစ်စဉ်အကျဉ်း ။ ၁၉၅၀ ခု ဇွန် ၁၇၊၁၈ ရက်တို့တွင် အမှတ်(၄)ခြေလျင်တပ်ရင်း၏ (ဃ)တပ်ခွဲသည် ရှမ်းပြည်တောင်ပိုင်း တာလေမှပန်ခီသို့ချီတက်စဉ် အင်အားအဆမတန်များပြားသော ရန်သူတရုတ်ဖြူသောင်းကျန်းသူ များနှင့်တွေ့ဆုံတိုက်ပွဲဖြစ်ပွားရာ တပ်သားစွက်(က်) ဗဟာဒူးရိုင်းသည်မိမိတပ်ခွဲ၏ရိက္ခာတင်ထရပ်ကား(၇)စီးကို ရန်သူဝိုင်းဝန်းပစ်ခတ်မှုမှ ရွပ်ရွပ်ချွံချွံခုခံကာကွယ်နိုင်ခဲ့သည့်အပြင် မိမိတပ်ခွဲအား ရန်သူအင်အားကြီးမားစွာ ၀ိုင်းဝန်းပစ်ခတ်နေသည့်ကြားမှ ဘရင်းစက်သေနတ်ဖြင့် ရန်သူ ၁၀၀ ကျော် ကျဆုံးသည်အထိမိမိအသက်ကို ပဓါနမထားပဲ ရန်သူများအတွင်းသို့ ရဲဝံ့စွန့်စားစွာဝင်ရောက် ပစ်ခတ်ရင်း ရန်သူ၏လက်ပစ်ဗုံးထိမှန်ကာ နိုင်ငံတော်အတွက်အသက်ပေးလှူခဲ့သူဖြစ်သည့်အလျောက် နိုင်ငံတော်၏ အမြင့်ဆုံး စွမ်းရည်သတ္တိဘွဲ့ဖြစ်သော အောင်ဆန်းသူရိယဘွဲ့ကို ချီးမြှုင့်ခြင်းခံရသည်။

စွက်(က်) ဗဟာဒူးရိုင်းသည် ယခင်ကလည်း ရဲစွမ်းသတ္တိ ပြောင်မြောက်မှုအတွက် စစ်သေနာပတိချုပ်က သူရဲကောင်းမှတ်တမ်းဝင်တံဆိပ် ချီးမြှင့်ခြင်းခံရသူဖြစ်သည်။

From Tea Shot
Repost By May Thit Lwin

I Love Myanmar
(၁) အောင်ဆန်းသူရိယ အေးချို (၁၉၄၈) - ဗိုလ်မှူး (ကျဆုံး) / ပြည်ထောင်စု စစ်ရဲတပ်ရင်း (၂၁)
(၂) အောင်ဆန်းသူရိယ တိုက်ချွန်း (၁၉၅၀) - ဗိုလ် (နောင်တွင်ဗိုလ်ကြီး) / အမှတ်(၁)ချင်းသေနတ်ကိုင် တပ်ရင်း

လုံခြုံရေးတပ်ဖွဲ့ဝင်များကဲ့သို့ အယောင်ဆောင်ဓါးပြတိုက်သူ ဘင်္ဂလီ (၅) ဦး မောင်တောတွင်ဖမ်းဆီးမိ

Photo: လုံခြုံရေးတပ်ဖွဲ့ဝင်များကဲ့သို့ အယောင်ဆောင်ဓါးပြတိုက်သူ ဘင်္ဂလီ (၅) ဦး မောင်တောတွင်ဖမ်းဆီးမိ
Saturday, February 22, 2014

မောင်တောမြို့နယ် အတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များကဲ့သို့ အယောင်ဆောင် ဓါးပြတိုက်နေသူများဟု ယူဆရသော အဖွဲ့ဝင် (၅) ဦးပါ ဘင်္ဂလီ အုပ်စု တစ်ခုကို တိုက်ရာပါ ရွှေထည် ပစ္စည်းများနှင့် အတူ ယမန်နေ့ ဖေဖေါ်ဝါရီလ ၂၁ ရက်နေ့က မောင်တောရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်သည်။

မောင်တောမြို့နယ် အတွင်း ဘင်္ဂလီ ကျေးရွာများရှိ ချမ်းသာသူ မိသားစုများအား ဘင်္ဂလီ ဓါးပြများက အချင်းချင်း ဓါးပြတိုက်မူများ ကျူးလွန်နေပြီး ထိုသို့ တိုက်ရာတွင် မြန်မာနိုင်ငံ လုံခြုံတပ်ဖွဲ့ဝင်များကို သိက္ခာကျစေရန် ရည်ရွယ်ကာ မြန်မာ လုံခြုံရေး တပ်ဖွဲ့ဝင်များကဲ့သို့ (အထူးသဖြင့်) ရဲတပ်ဖွဲ့ဝင်များကဲ့သို့ ဟန်ဆောင်ကာ ဓါးပြတိုက်လေ့ရှိကြောင်း သိရသည်။

ယင်းနောက်ပိုင်းတွင် ပြည်ပရှိ သူတို့အရေးကို လူပ်ရှားနေသော မီဒီယာများ၊ ဒေသအတွင်းက အိုင်အန်ဂျီအိုများမှ တဆင့် မြန်မာ လုံခြုံရေး တပ်ဖွဲ့ဝင်များကို လုပ်ကြံ စွပ်စွဲလေ့ရှိကြောင်း သိရသည်။

ယခု ဖမ်းဆီးမိသော ဓါးပြ (၅) ဦးမှာ ၂၀၁၄ ခုနှစ် ဇန်န၀ါရီလ (၄) ရက်နေ့ နံနက်(၁)နာရီအချိန်တွင် မောင်တောမြို့နယ် အလယ်သံကျော်အုပ်စု မောင်တူလာရွာနေ ဦးရှော်ဘီအူလာ (၆၂)နှစ်၊ (ဘ) နော်ဇီရာမောက်၏ နေအိမ်ကို သွားရောက်ပြီး ဓါးပြတိုက်ခဲ့သူများ ဖြစ်ကြပြီး ယမန်နေ့က ၎င်းနေအိမ်မှ ရရှိခဲ့သော ရွှေထည်ပစ္စည်းများကို မောင်တောမြို့ ပန်းထိမ်ဆိုင်တွင် လာရောက် ရောင်းချနေစဉ် ဖမ်းမိခဲ့ခြင်း ဖြစ်သည်။

ယခုကဲ့သို့ ဖမ်းဆီး ရရှိမိခဲ့ခြင်းမှာ ဟုတ်မှတ်ကြောင်း မောင်တော ခရိုင်ရဲမှူးကြီး ဦးရွှေသန်းမှ နိရဉ္စရာသို့ အတည်ပြု ပြောကြားသည်။

“ သူတို့က မောင်တောက ပန်းထိမ်ဆိုင်မှာ မနေ့က လာရောင်းတဲ့ အခါ မသင်္ကာတဲ့ အတွက် ကျွန်တော်တို့ကို လာအကြောင်းကြားပါတယ်။ ဖမ်းဆီး စစ်ဆေး ဖော်ထုတ်တဲ့အခါ ဓါးပြတိုက်ရာကနေ ရလာတဲ့ ပစ္စည်းတွေဆိုတာကို သိရပါတယ်။ သူတို့ (၅) ဦးကလည်း ဓါးပြတိုက်တာက ကြာနေပြီ ဖြစ်တဲ့အတွက် ဘယ်သူမှ မသိနိုင်တော့ဘူးဆိုပြီး လာရောင်းကြတာ ဖြစ်ပါတယ်” ဟု ဆိုသည်။

ဖမ်းဆီးသူများမှာ (၁) အဒူမော်လောက် (ဘ) ဘာဆာမျှာ (၂) အာဇီဇူရာမန် (ဘ) အဒူရှုကူရ် (၃) မာမတ်အာယု (ဘ) မာမတ်ကာဆိမ်း (၄) မာမတ်အာလောင် (ဘ) ဟာဆောင်းအာလီ (၅) အေနာမ်မူလာ (ဘ) ရော်ရှိတ်ဒူလာတို့ဖြစ်ကြသည်။

“ ကျွန်တော်တို့ကလည်း အလယ်သံကျော်အုပ်စု မောင်တူလာရွာနေ ဦးရှော်ဘီအူလာအိမ်ကို ဓါးပြ တိုက်ထားတယ်ဆိုတာကို မသိဘူး။ အဲဒီ ဖမ်းမိတဲ့ ဓါးပြတွေက ထုတ်ဖေါ်ပြောမှ သိရတယ်။ အိမ်ရှင်ကို ခေါ်ယူစစ်ဆေးမှ သူကလည်း သူ့အိမ်ကို ဓါးပြတိုက်ခံထားရတယ်ဆိုတာကို ကျွန်တော်တို့ကို ဖွင့်ပြောတယ်။ ကျွန်တော်တို့ဆီ မတိုင်ရအောင်လည်း တိုင်တန်းတာတွေ လုပ်ရင် တစ်အိမ်သားလုံးကို သတ်ပစ်မယ်လို့ ဓါးပြတွေက ခြိမ်းခြောက်ထားတယ်လို့ ပြောတယ်။ အခု ဖမ်းမိတဲ့ ဓါးပြတွေရော၊ အိမ်ရှင်ကပါ ၀န်ခံ ပြောဆိုတဲ့ အတွက် ဒီရွှေတွေဟာ ဦးရှော်ဘီအူလာအိမ်က ဓါးပြတိုက်သွားတဲ့ ပစ္စည်းတွေဆိုတာ ဖေါ်ထုတ်နိုင်ခဲ့တာ ဖြစ်ပါတယ်” ဟု ရဲမှူးကြီး ပြောဆိုသည်။

၎င်းတို့ထံမှ သိမ်းဆည်းရမိသော ရွှေထည်ပစ္စည်း (၁၆) မျိုး၊ အလေးချိန်အားဖြင့် (၈) ကျပ်ကျော်၊ တန်ဖိုးအားဖြင့် ကျပ်ငွေ သိန်း (၅၀) ကျော်ဖိုးရှိကြောင်း ရဲမှူးကြီးက ဆက်လက် ပြောဆိုသည်။

ဖမ်းဆီးမိသူများအား မောင်တောမြို့မရဲစခန်းတွင် (ပ)၂၃/၂၀၁၄ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

နိရဉ္စရာ
မောင်တောမြို့နယ် အတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များကဲ့သို့ အယောင်ဆောင် ဓါးပြတိုက်နေသူများဟု ယူဆရသော အဖွဲ့ဝင် (၅) ဦးပါ ဘင်္ဂလီ အုပ်စု တစ်ခုကို တိုက်ရာပါ ရွှေထည် ပစ္စည်းများနှင့် အတူ ယမန်နေ့ ဖေဖေါ်ဝါရီလ ၂၁ ရက်နေ့က မောင်တောရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်သည်။

ဆိုမာလီ သမ္မတကို လုပ်ကြံရန် ကြိုးစားမှုတွင် လူ ၁၁ ဦး သေဆုံး


ဆိုမာလီနိုင်ငံက စစ်သွေးကြွတွေဟာ ဖေဖော်ဝါရီ ၂၁ ရက်နေ့က သမ္မတအိမ်တော်ကို ချိုးဖျက်ဝင်ရောက်ပြီး သမ္မတကို လုပ်ကြံဖို့ ကြိုးစားမှုမှာ လူ ၁၁ ဦး သေဆုံးခဲ့ပါတယ်။ တိုက်ခိုက်မှုကို စစ်သွေးကြွအဖွဲ့ဖြစ်တဲ့ အယ်ရှာဘတ်က လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ ကြေညာခဲ့ပါတယ်။