ကျောက်ဆည်မြို့ မြို့နယ်တရားရုံး အတွင်း အမှုစစ်ဆေးနေစဉ်အတွင်း
ဓားထိုးမှု တစ်မှုဖြစ် ပွားခဲ့ကြောင်း ကျောက် ဆည်မြို့နယ်စခန်းမှူးထံမှသိရသည်။
ဖြစ်စဉ်မှာ ယခုလ ၁၅ ရက် မွန်းလွဲ ၂ နာရီအချိန်တွင် ကျောက်ဆည်မြို့နယ်
တရားရုံးတွင် အာမခံပေးထားသော ကို နောင်နောင်စိုးဆိုသူသည် တရားရင်ဆိုင်
နေစဉ် ၄င်း၏ ဇနီးတော်စပ်သူတရားလို မ …မှာ သက်သေနေရာမှထွက်ဆိုနေ
ရာနောင်နောင်စိုးက ဝဲဘက်ဒူးခေါင်း ဒူးစွပ် အတွင်းမှအရိုးအသွား ၁၁
လက်မခန့်ရှိ ဓားအားထုတ် ၍မ…၏နောက်ကျောအား သုံးချက်ထိုးခဲ့ကြောင်း
၎င်းကပြောသည်။
”သူက ဒူးစွပ်ထဲကနေ ဓားကို ထုတ်ပြီး ထိုးလိုက်တာ။ ကျွန်တော်တို့ မသိလိုက်ဘူး” ဟုကျောက်ဆည်မြို့နယ် စခန်းမှူးက ပြောသည်။



