ရှောင်တခင်စစ်ဆေးနိုင်မှုသာရှိနေခြင်းကြောင့် သစ်ခိုးထုတ်မှုများမှာ ဆက်လက်မြင့်တက်နေပြီးခုနစ်လအတွင်း ကျွန်း၊ သစ်မာနှင့်အခြားသစ်များတန်ချိန် သုံးသောင်းကျော်ဖမ်းဆီးရမိခဲ့ကြောင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ စစ်ဆေးရေးဌာနမှညွှန်ကြားရေးမှူး ဦးပြည့်စုံမျိုး၏ ပြောကြားချက်အရ သိရသည်။
၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ်အစ ဧပြီလမှ အောက်တိုဘာလအထိ တရားမဝင်သစ်ဖမ်းဆီးရမိမှုတွင် ကျွန်းတန်ချိန် ၇၂ဝဝ ဒသမ ဝ၁၄၃၊ သစ်မာ ၁၂၃၈၃ ဒသမ ၄၃၈၄ တန်နှင့်အခြားသစ်အမျိုးအစား ၁၁၇ဝ၁ ဒသမ ဝ၇၁၃ တန်ချိန်ရှိကြောင်း သစ်တောဦးစီးဌာန၏ စစ်ဆေးရေးဌာနမှ သိရသည်။