Tuesday, January 20, 2015

အီးယူဆွေးနွေးပွဲ အကြမ်းဖက်ခြိမ်းခြောက်မှုကိစ္စ လွှမ်းမိုး


Photo: အီးယူဆွေးနွေးပွဲ အကြမ်းဖက်ခြိမ်းခြောက်မှုကိစ္စ လွှမ်းမိုး
Tuesday, January 20, 2015 

ပြင်သစ်နိုင်ငံမှာ လူအသေအပျောက်တွေဖြစ်ခဲ့တဲ့အထိ တိုက်ခိုက်မှုတွေနဲ့ ဘယ်လ်ဂျီယံနိုင်ငံမှာ အကြမ်း ဖက်သမားတွေအဖြစ် သံသယရှိသူတွေကို စီးနင်းနှိမ်နင်းမှုတွေ ပေါ်ပေါက်ခဲ့အပြီး ပထမဆုံးအကြိမ်အဖြစ် ဥရောပသမဂ္ဂ (EU) နိုင်ငံခြားရေးဝန်ကြီးတွေ ဒီကနေ့ တွေ့ဆုံကြပါတယ်။ ထိပ်သီးညီလာခံတရပ် ရှေ့လ ထဲမကျင်းပမီ နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အကြိုအစည်းအဝေးအတွင်း အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေးနည်း လမ်းပေါင်းစုံကို ဆွေးနွေးကြမှာပါ။

ပြီးခဲ့တဲ့သီတင်းပတ်ထဲ ဖော်ထုတ်နိုင်ခဲ့တဲ့ အကြမ်းဖက် တိုက်ခိုက်ဖို့ကြံစည်မှုကို နောက်ကွယ်ကနေ အဓိ ကစီစဉ်ခဲ့သူဟာ လွတ်မြောက်နေဆဲဖြစ်တဲ့အကြောင်း ဘယ်လ်ဂျီယံတရားရေးဝန်ကြီးက ပြောဆိုထားတဲ့ တချိန်တည်းမှာပဲ ဥရောပတလွှားမှာ လုံခြုံရေးအတွက် သတိထားဖို့လည်း တပ်လှန့်ထားဆဲ ဖြစ်ပါတယ်။

အကြမ်းဖက်မှုကို ကြိုးကိုင်ခဲ့သူအဖြစ် သံသယရှိသူဟာ ထွက်ပြေးတိမ်းရှောင်သွားတယ်လို့ ယူဆထားတဲ့ ဂရိနိုင်ငံမှာ ဖမ်းဆီးလိုက်တဲ့ လူ ၄ ဦးထဲမှာလည်း မပါဘူးလို့ ဘယ်လ်ဂျီယံ တရားရေးဝန်ကြီး Koen Geens ကပြောပါတယ်။ ဘယ်လ်ဂျီယံ မီဒီယာတွေမှာတော့ အကြမ်းဖက်ဖို့ ကြံစည်သူအဖြစ် အလိုရှိနေသူဟာ Abdelhamid Abaaoud ဖြစ်တယ်လို့လည်း ဖော်ပြနေကြတာပါ။ အသက် ၂၇ နှစ်အရွယ် မော်ရိုကိုနွယ်ဖွား ဘယ်လ်ဂျီယံနိုင်ငံသားဟာ နိုင်ငံအရှေ့ပိုင်းက Verviers မြို့မှာရှိတဲ့ လျို့ဝှက် အစ္စလာမ် အစွန်းရောက်အဖွဲ့ တဖွဲ့ကို ဦးဆောင်သူအဖြစ်နဲ့လည်း သံသယရှိနေကြပါတယ်။

ဒီအကြမ်းဖက်အဖွဲ့က ရဲတွေကို အကြမ်းဖက် တိုက်ခိုက်ဖို့ ရှိနေချိန်မှာပဲ ပြီးခဲ့တဲ့ ကြာသပတေးနေ့က သူတို့ ခိုအောင်းရာ နေရာကို လုံခြုံရေးတပ်ဖွဲ့တွေက ဝင်ရောက်စီးနင်းခဲ့တဲ့အတွက် အပြန်အလှန် ပစ်ခတ်မှုတွေ
ဖြစ်ပွားပြီး သံသယရှိသူ ၂ ဦး သေဆုံးခဲ့တာပါ။

VOA
ပြင်သစ်နိုင်ငံမှာ လူအသေအပျောက်တွေဖြစ်ခဲ့တဲ့အထိ တိုက်ခိုက်မှုတွေနဲ့ ဘယ်လ်ဂျီယံနိုင်ငံမှာ အကြမ်း ဖက်သမားတွေအဖြစ် သံသယရှိသူတွေကို စီးနင်းနှိမ်နင်းမှုတွေ ပေါ်ပေါက်ခဲ့အပြီး ပထမဆုံးအကြိမ်အဖြစ် ဥရောပသမဂ္ဂ (EU) နိုင်ငံခြားရေးဝန်ကြီးတွေ ဒီကနေ့ တွေ့ဆုံကြပါတယ်။ ထိပ်သီးညီလာခံတရပ် ရှေ့လ ထဲမကျင်းပမီ နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အကြိုအစည်းအဝေးအတွင်း အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေးနည်း လမ်းပေါင်းစုံကို ဆွေးနွေးကြမှာပါ။

ခြောက်ပွင့်ဆိုင်သည် ကောင်းမွန်သော်လည်း အင်အားစုများ လက်ခံသော ကိုယ်စားပြုမှုဖြစ်ရန် သမ္မတ ဦးသိန်းစိန် သ၀ဏ်လွှာပေးပို့


Photo: ခြောက်ပွင့်ဆိုင်သည် ကောင်းမွန်သော်လည်း အင်အားစုများ လက်ခံသော ကိုယ်စားပြုမှုဖြစ်ရန် သမ္မတ ဦးသိန်းစိန် သ၀ဏ်လွှာပေးပို့
Tuesday, January 20, 2015

ပြည်ထောင်စု လွှတ်တော်က တိုက်တွန်းသည့် ခြောက်ပွင့်ဆိုင် တွေ့ဆုံရေးသည် ကောင်းမွန်သောလုပ်ငန်း တစ်ရပ်ဖြစ်သော်လည်း အင်အားစုများအားလုံး လက်ခံသော တွေ့ဆုံဆွေးနွေးရေးကို ပြုလုပ်စေလိုသည်ဟု သမ္မတ ဦးသိန်းစိန် က ပြည်ထောင်စုလွှတ်တော်သို့ ဇန်နဝါရီ ၁၇ ရက်နေ့စွဲဖြင့် ပေးပို့လိုက်သည်။

ပြီးခဲ့သည့် ၁၁ ကြိမ်မြောက် အစည်းအဝေးတွင် အတည်ပြုခဲ့သော ခြောက်ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေးအတွက် ယနေ့ကျင်းပသော ၁၂ ကြိမ်မြောက် လွှတ်တော်အစည်းအဝေး ပထမနေ့တွင် ယင်းကဲ့သို့ သဝဏ်လွှာပေးပို့ခဲ့ခြင်း ဖြစ်သည်။

နိုင်ငံတော်သမ္မတဦးဆောင်၍ ခြောက်ဦးတွေ့ဆုံဆွေးနွေးရန် တိုက်တွန်းလာသောကိစ္စသည် ကောင်းမွန် သော လုပ်ငန်းတစ်ရပ်ဖြစ်ပါသည်။ သို့ရာတွင် တိုင်းရင်းသားပြည်သူအားလုံး၊ လူထုလူတန်းစား အဖွဲ့ အစည်းများနှင့် နိုင်ငံရေးအင်အားစုများကလက်ခံသော ကိုယ်စားပြု မှုဖြစ်စေရေး၊ အလားတူ ယင်းတို့၏ လိုလားတောင့်တချက်များ ပါရှိစေမည့်မူ ဘောင်များ ကြိုတင်ချမှတ်ထားသည့် တွေ့ဆုံဆွေးနွေး မှု ဖြစ်စေရေးနှင့် ပွင့်လင်းမြင်သာမှုရှိစေရေးတို့အတွက် စီမံဆောင်ရွက်နိုင်ပါက ပိုမို၍ ပြည့်စုံကောင်းမွန်မည်ဟု အကြံပြုလိုပါသည် ဟု ဖော်ပြထားသည်။

သို့ပါ၍ အဆိုပါ တွေ့ဆုံဆွေးနွေးပွဲအတွက် မည်သို့ဆောင်ရွက်ပေးစေလိုသည်ကို ပြန်ကြားပေးရန်ဖြစ်ပါသည်ဟု ဆက်လက်ဖော်ပြထား သည်။

ခြောက်ပွင့်ဆိုင်အတွက် တိုင်းရင်းသား ကိုယ်စားပြုရွေးချယ်ခံရသူ ဒေါက်တာ အေးမောင်က ''ဒါက သမ္မတက ခြောက်ပွင့်ဆိုင် လက်ခံတယ် ဆိုတဲ့ သဘောပါ၊ ကျွန်တော်တို့က Framework ဆွဲပေးရမယ့်သဘောလို့ ထင်ပါတယ်'' ဟုဆိုသည်။

ခြောက်ပွင့်ဆိုင် တွေ့ဆုံရေးတွင် အခြေခံဥပဒေပြင်ဆင်ရေးနှင့် အနာဂတ်မြန်မာ နိုင်ငံတော်တည်ဆောက် ရေးအတွက် လွှတ်တော်က တိုက်တွန်းထားသော်လည်း အခြေခံဥပဒေပြင်ဆင်ရေးတွင် အခန်း ၁၂ ပုဒ်မ များဖြစ်သည့် ပုဒ်မ ၄၃၃၊ ၄၃၄၊ ၄၃၅ နှင့် ၄၃၆ အရသာ ပြင်ဆင်ရေးအတွက် လိုက်နာမည်ဖြစ်ကြောင်း၊ ယင်းပုဒ်မများ၏ လုပ်ထုံးလုပ်နည်းကို ကျော်လွန်လုပ်ဆောင်ပါက လွှတ်တော်က တရားဥပဒေ စိုးမိုးရေးကို ကျော်လွန်လုပ်ဆောင်သကဲ့သို့ ပေါ်ပေါက်လာမည်ဖြစ်ကြောင်း သမ္မတ၏ သဝဏ်လွှာတွင်ပါရှိသည်။

လက်ရှိတွင် ရန်ကုန်တိုင်းနှင့် စစ်ကိုင်းတိုင်းလွှတ်တော်တို့က အတည်ပြုထားသည့် ၁၂ ပွင့်ဆိုင် တွေ့ဆုံ ဆွေးနွေးရေးတွင် နိုင်ငံတော်သမ္မတ၊ လွှတ်တော်ဥက္ကဋ္ဌ နှစ်ဦး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဒေါ် အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသား လူမျိုးစု ခုနစ်စု ပါဝင်သော တွေ့ဆုံမှုကို အလေးထား၍ တိုင်းရင်း သားပြည်သူအားလုံး၊ လူထုလူတန်းစား အဖွဲ့အစည်းအားလုံး နှင့် နိုင်ငံရေးအင်အားစုများ လက်ခံသော တွေ့ဆုံမှုကို ဖြစ်စေလိုကြောင်း သဝဏ်လွှာတွင် ရေးသားထားသည်။

နိုင်ငံတော်သမ္မတ ပေးပို့သော သဝဏ်လွှာနှင့်ပတ်သက်၍ ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက မှတ်ချက်တစ်စုံတစ်ရာ မပေးဘဲ မှတ်တမ်းတင်ကြောင်း ကြေညာခဲ့သော်လည်း နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးရေးတွင် ပြည်ထောင်စု လွှတ်တော်က အတည်ပြု ထားသော ခြောက်ပွင့်ဆိုင် တွေ့ဆုံရေးကို ရုပ်သိမ်းမည် မဟုတ်ဟု လွှတ်တော်နာယက သူရဦးရွှေမန်းက ဇန်နဝါရီ ၁၃ ရက်က ပြည်သူ့ လွှတ်တော်တွင် တိုင်းရင်းသားရေးရာဝန်ကြီး ၂၉ ဦးနှင့် တွေ့ဆုံအပြီး မီဒီယာများကို ပြောကြားခဲ့သည်။

Mizzima - News in Burmese 

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ခြောက်ပွင့် ဆိုင် တွေ့ဆုံဆွေးနွေးရန် လိုလားနေသော်လည်း သမ္မတ အပါအဝင် အစိုးရ အဖွဲ့ဝင်များက နိုင်ငံရေး အင်အားစုများအားလုံး ပါဝင်ဆွေးနွေးရန် ရည်သန် လျက်ရှိသည်။ (ဓာတ်ပုံ - မဇ္ဈိမ)
ပြည်ထောင်စု လွှတ်တော်က တိုက်တွန်းသည့် ခြောက်ပွင့်ဆိုင် တွေ့ဆုံရေးသည် ကောင်းမွန်သောလုပ်ငန်း တစ်ရပ်ဖြစ်သော်လည်း အင်အားစုများအားလုံး လက်ခံသော တွေ့ဆုံဆွေးနွေးရေးကို ပြုလုပ်စေလိုသည်ဟု သမ္မတ ဦးသိန်းစိန် က ပြည်ထောင်စုလွှတ်တော်သို့ ဇန်နဝါရီ ၁၇ ရက်နေ့စွဲဖြင့် ပေးပို့လိုက်သည်။

ပြီးခဲ့သည့် ၁၁ ကြိမ်မြောက် အစည်းအဝေးတွင် အတည်ပြုခဲ့သော ခြောက်ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေး အတွက် ယနေ့ကျင်းပသော ၁၂ ကြိမ်မြောက် လွှတ်တော်အစည်းအဝေး ပထမနေ့တွင် ယင်းကဲ့သို့ သဝဏ်လွှာပေးပို့ခဲ့ခြင်း ဖြစ်သည်။

မြန်မာ့ငြိမ်းချမ်းရေး လက်နက်ကိုင်အဖွဲ့တွေ လက်ထဲမှာရှိကြောင်း ဗိုလ်ချုပ်မှူးကြီး ပြော


Photo: မြန်မာ့ငြိမ်းချမ်းရေး လက်နက်ကိုင်အဖွဲ့တွေ လက်ထဲမှာရှိကြောင်း ဗိုလ်ချုပ်မှူးကြီး ပြော
Tuesday, January 20, 2015 

မြန်မာနိုင်ငံ ငြိမ်းချမ်းရေးရရှိဖို့ဆိုတာ တိုင်းရင်းသားလူမျိုးစု လက်နက်ကိုင်အဖွဲ့တွေရဲ့လက်ထဲမှာသာရှိကြောင်း မြန်မာ့တပ်မတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောလိုက်ပါတယ်။

စင်္ကာပူအခြေစိုက် Channel News Asia သတင်းဌာနက တွေ့ဆုံမေးမြန်းရာမှာ ပြောကြားခဲ့တာပါ။

မြန်မာနိုင်ငံအနေနဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်တွေ ဆက်လက် ဆောင်ရွက်ဖို့ဆိုရင် ငြိမ်းချမ်းရေးဟာ တစ်ခုတည်းသောလမ်းကြောင်းဖြစ်ပါတယ်၊ ငြိမ်းချမ်းရေးလမ်းကြောင်းဟာလည်း တိုင်းရင်းသားလူမျိုးစု လက်နက်ကိုင်အဖွဲ့တွေအပေါ် မူတည်နေတာပါ၊ သူတို့အမှန်တကယ် ငြိမ်းချမ်းရေးလိုချင်ကြသလား၊ တကယ်လိုချင်တယ်ဆိုရင် မရစရာအကြောင်းမရှိပါဘူး၊ ဒီမိုကရေစီ လမ်းကြောင်းအတိုင်း လျှောက်ချင်တယ်ဆိုရင်၊ ဒေသတွင်းမှာ ညီညွတ်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေ သူတို့တကယ်လိုချင်တယ်ဆိုရင်၊ ငြိမ်းချမ်းရေးလမ်းကြောင်းကို သူတို့ရွေးချယ်နိုင်ပါတယ်၊ ငြင်းခုန်နေစရာ မလိုတော့ပါဘူး၊ စိတ်ဝမ်းကွဲနေတာတွေက တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုကို နှောင့်နှေးစေမှာဖြစ်ပါတယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုကြောင်း Channel News Asia သတင်းဌာနက ဖော်ပြပါတယ်။

ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်ကလည်း KIA ကချင်လက်နက်ကိုင်အဖွဲ့ထဲမှာ ငြိမ်းချမ်းရေးမလိုချင်တဲ့ အစိတ်အပိုင်းတချို့ရှိနေပြီး၊ တပြည်လုံးအပစ်အခတ်ရပ်စဲရေး လုပ်ငန်းစဉ်ကို ရည်ရွယ်ချက်ရှိရှိ နှောက်ယှက်နေကြတယ်ဆိုတာ ယုံကြည်စရာအကြောင်းအချက်တွေ အတော်များများရှိနေပါတယ်လို့ သူရဲ့အင်တာနက် Facebook လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားကြောင်း Channel News Asia သတင်းက ဖော်ပြထားပါတယ်။

RFA Burmese
မြန်မာနိုင်ငံ ငြိမ်းချမ်းရေးရရှိဖို့ဆိုတာ တိုင်းရင်းသားလူမျိုးစု လက်နက်ကိုင်အဖွဲ့ တွေရဲ့လက်ထဲမှာသာ ရှိကြောင်း မြန်မာ့တပ်မတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောလိုက်ပါတယ်။

စင်္ကာပူအခြေစိုက် Channel News Asia သတင်းဌာနက တွေ့ဆုံမေးမြန်းရာမှာ ပြောကြားခဲ့တာပါ။

မြန်မာနိုင်ငံအနေနဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်တွေ ဆက်လက် ဆောင်ရွက်ဖို့ဆိုရင် ငြိမ်းချမ်းရေးဟာ တစ်ခုတည်းသောလမ်းကြောင်းဖြစ်ပါတယ်၊ ငြိမ်းချမ်းရေးလမ်းကြောင်းဟာလည်း တိုင်းရင်းသားလူမျိုးစု လက်နက်ကိုင်အဖွဲ့တွေအပေါ် မူတည်နေတာပါ၊ သူတို့အမှန်တကယ် ငြိမ်းချမ်းရေးလိုချင်ကြသလား၊ တကယ်လိုချင်တယ်ဆိုရင် မရစရာအကြောင်းမရှိပါဘူး၊

ငြိမ်းချမ်းရေး ပျက်ပြားအောင် ကေအိုင်အေ ရည်ရွယ်ချက်ရှိရှိပြင်ဆင်ထားဟု ဦးရဲထွဋ်ဆို


Photo: ငြိမ်းချမ်းရေး ပျက်ပြားအောင် ကေအိုင်အေ ရည်ရွယ်ချက်ရှိရှိပြင်ဆင်ထားဟု ဦးရဲထွဋ်ဆို
Tuesday, January 20, 2015

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်လက်မှတ်ရေးထိုးပြီး နိုင်ငံရေးဆွေးနွေးမှုများ စတင်ရန် အစိုးရက ကြိုးပမ်းနေချိန်နှင့် တိုက်ဆိုင်စွာပင် ကချင်ပြည်နယ်ဝန်ကြီး၏ လုံခြုံရေးရဲများ ဖမ်းဆီးခံရခြင်း၊၊ ဖားကန့်မြို့နယ်အတွင်း တိုက်ပွဲများ ဖြစ်ပွားနေခြင်းသည် ကချင်လွတ်လပ်ရေး တပ်မတော် (ကေအိုင်အေ)သည် ငြိမ်းချမ်းရေး ပျက်ပြားအောင် တမင်လုပ်ဆောင်နေခြင်းဟု သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ၊ ပြန်ကြားရေးဝန်ကြီးဌာန ဝန်ကြီး ဦးရဲထွဋ်က ပြောဆိုလိုက်သည်။

၎င်းက ''တိုက်ပွဲပြန်ဖြစ်ပြီး ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို ထိခိုက်အောင် ရည်ရွယ်ချက်ရှိရှိ ဆောင်ရွက်ခဲ့တာလို့ ပဲမြင်ပါတယ်။ တိုက်ပွဲတွေ စဖြစ်တာနဲ့ ဖားကန့်၊ လုံးခင်းဒေသမှာ မှိုင်းခွဲမှုတွေ၊ ရဲစခန်းကို တိုက်ခိုက်ခဲ့မှုတွေ တစ်ပြိုင်တည်း ဖြစ်ခဲ့တာတွေ ကြည့်ရင် ကြိုတင်ပြင်ဆင်ထားတယ်လို့ ယူဆနိုင်စရာအခြေအနေကို တွေ့ရမှာပါ''ဟု ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ဇန်နဝါရီ ၁၉ ရက်က ရေးသားခဲ့ခြင်း ဖြစ်သည်။

ဇန်နဝါရီ ၁၄ ရက်က ကချင်ပြည်နယ်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၏ လမ်းကြောင်းတွင် လိုက်ပါသွားသည့် လုံခြုံရေး ရဲတပ်ဖွဲ့ဝင်သုံးဦးကို ကေအိုင်အေက ဖမ်းဆီးထိန်းသိမ်းလိုက်ပြီး နောက်တစ်ရက် အကြာတွင် ကေအိုင်အေတပ်နှင့် အစိုးရ တပ်တို့ကြား တိုက်ပွဲဖြစ်ပွားမှုကို ရည်ညွှန်းပြီး ဦးရဲထွဋ်က အထက်ပါအတိုင်း ရေးသားခဲ့ခြင်း ဖြစ်သည်။

Mizzima - News in Burmese 

(ဓာတ်ပုံ - ဘိုဘို၊ မဇ္ဈိမ)
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်လက်မှတ်ရေးထိုးပြီး နိုင်ငံရေးဆွေးနွေးမှုများ စတင်ရန် အစိုးရက ကြိုးပမ်းနေချိန်နှင့် တိုက်ဆိုင်စွာပင် ကချင်ပြည်နယ်ဝန်ကြီး၏ လုံခြုံရေးရဲများ ဖမ်းဆီးခံရခြင်း၊၊ ဖားကန့်မြို့နယ်အတွင်း တိုက်ပွဲများ ဖြစ်ပွားနေခြင်းသည် ကချင်လွတ်လပ်ရေး တပ်မတော် (ကေအိုင်အေ)သည် ငြိမ်းချမ်းရေး ပျက်ပြားအောင် တမင်လုပ်ဆောင်နေခြင်းဟု သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ၊ ပြန်ကြားရေးဝန်ကြီးဌာန ဝန်ကြီး ဦးရဲထွဋ်က ပြောဆိုလိုက်သည်။

ရန်ဟီးလီအား ပြည့်တန်ဆာနှင့် ခိုင်းနှိုင်း ပြောဆိုခြင်းကို ပေါက်ကွဲမှု တစ်ခု အဖြစ် ယူဆရန် ဆရာတော် ဦးဝီရသူ မိန့်ကြား


ကုလသမဂ္ဂ၊ မြန်မာနိုင်ငံ လူ့အခွင့်အရေး ဆိုင်ရာ ကိုယ်စားလှယ် မစ္စရန်ဟီးလီအား ပြည့်တန်ဆာနှင့် ခိုင်းနှိုင်း ပြောဆိုခြင်းကို ပေါက်ကွဲမှု တစ်ခု အဖြစ် ယူဆကြရန် ဆရာတော် ဦ၀ီရသူက The Messenger Media သို့ မိန့်ကြားခဲ့သည်။

ဆရာတော် ဦးဝီရသူသည် ဇန်န၀ါရီလ (၁၆) ရက်နေ့က ကုလသမဂ္ဂ၊ အထွေထွေ အတွင်းရေးမှူး ဖြစ်သူ မစ္စတာ ဘန်ကီမွန်းနှင့် ကုလသမဂ္ဂ၊ မြန်မာနိုင်ငံ လူ့အခွင့်အရေး ဆိုင်ရာ ကိုယ်စားလှယ် မစ္စရန်ဟီးလီတို့ကို ဘင်္ဂါလီများ နိုင်ငံသား ဖြစ်ခွင့် အရေးနှင့် ပတ်သက်ပြီး ရှုတ်ချ ဆန္ဒထုတ်ဖော်သော နေ့တွင် မစ္စရန်ဟီးလီအား ပြည့်တန်ဆာနှင့် ခိုင်းနှိုင်း ပြောကြားခဲ့ခြင်းလည်းဖြစ်သည်။

ဒေါ်ခင်ဝင်း အသတ်ခံရမှု ပေါ်ပေါက်ရေး အတွက် လက်ပံတောင်း ဒေသခံများ ဆန္ဒထုတ်ဖော်


Photo: ဒေါ်ခင်ဝင်း အသတ်ခံရမှု ပေါ်ပေါက်ရေး အတွက် လက်ပံတောင်း ဒေသခံများ ဆန္ဒထုတ်ဖော်
Tuesday, January 20, 2015 

ခြံစည်းရိုး ခတ်စဉ် လုံထိန်း ရဲတပ်ဖွဲ့ဝင်များ ပစ်ခတ်ခဲ့သည့် သေနတ် ကျည်ကြောင့် သေဆုံး သွားခဲ့ ရသည့် ဒေါ်ခင်ဝင်း သေဆုံးမှု အမှုမှန် ပေါ်ပေါက်ရေး အတွက် ယမန်နေ့ နေ့လယ် (၁၂) နာရီ အချိန်တွင် လက်ပံတောင်း ဒေသခံ (၁၀၀) နီးပါး ဆန္ဒ ထုတ်ဖော် တောင်းဆိုခဲ့ ကြသည်။ လက်ပံ တောင်း စီမံကိန်းကြီးကြောင့် လူသတ်မှုတွေ ဖြစ်ပွားခဲ့ ရတယ်။ ဒေသခံတွေရဲ့ ဘ၀တွေ ကလည်း စုတ်ပြတ်မွဲချာ နေပါပြီ။ အမှန်တရား ကလည်း ဒေသခံ တွေဘက်မှာ ဘယ်တော့မှ မရှိဘူး။ ကြေးစင်တောင် စီမံကိန်းကြီးကြောင့် ဒေသခံတွေ အလူးအလဲ ခံစားခဲ့ရ တာကို ကြည့်ပြီး စီမံကိန်းကြီး တွေကို မလုပ် စေချင်တော့ ပါဘူး။ ဒါကြောင့် ကြေးစင်တောင်၊ လက်ပံတောင်းတောင် စီမံကိန်းကြီး တွေကို ဖျက်သိမ်း ပေးဖို့ လူထု ဆန္ဒကို ထုတ်ဖော်ခဲ့ တာပါ ဟု မိုးကြိုးပြင် ကျေးရွာမှ ဒေါ်ဝက The Messenger Media သို့ ပြောသည်။

လက်ပံတောင်းတောင်နှင့် ကြေးစင်တောင် ကြေးနီ စီမံကိန်းကြီးများ လုံးဝ ဖျက်သိမ်းပေးရေး အတွက် မုံရွာမြို့ ၌ နံနက်(၁၀) နာရီ အချိန်တွင် လူထု ဆန္ဒ ထုတ်ဖော်ပွဲ တစ်ခု ပြုလုပ်ခဲ့ပြီး၊ လက်ပံတောင်း ဒေသခံများ အပါအ၀င် ဒေသခံ အင်အား(၁၀၀) နီးပါး တို့မှ ဒေါ်ခင်ဝင်း အသတ်ခံရ မှုတွင် အမှန်တရား ပေါ်ပေါက်စေရေးတို့ အတွက် အိမ်အပြန်လမ်း တစ်လျှောက် ဆန္ဒ ထုတ်ဖော် တောင်းဆိုခဲ့ ကြကြောင်း သိရသည်။

လူထု ဆန္ဒ ထုတ်ဖော်ပွဲကို သာဇံ ကျောင်းတိုက်မှာ ပြုလုပ်ဖို့ တရားဝင် ခွင့်ပြုပေးခဲ့ တာပါ။ ဒေသခံတွေက အပြန်မှာ ဆန္ဒ ထုတ်ဖော် တာကတော့ မကောင်းဘူးပေါ့။ ခွင့်ပြုမိန့် ထဲမှာ လုံးဝ မပါဘူး။ ဒါကြောင့် စည်ကမ်း ဖောက်ဖျက်မှုနဲ့ ပွဲစီစဉ်သူနဲ့ စီတန်းတဲ့ သူတွေကို အရေးယူသွားပါ့မယ် ဟု တိုင်း ရဲတပ်ဖွဲမှူးရုံးမှ ရဲမှူးကြီး နေထွန်းက The Messenger Media သို့ ပြောသည်။ ယင်းသို့ ကြေးစင်တောင်၊ လက်ပံတောင်းတောင် စီမံကိန်းကြီး များ လုံးဝ ဖျက်သိမ်းရေး လူထု ဆန္ဒ ထုတ်ဖော်မှုကို မုံရွာမြို့၊ သာဇံကျောင်းတိုက်ဝင်း အတွင်း ပြုလုပ်ခဲ့ ပြီးနောက် ဒေသခံများက နာရီ စင်မှ စတင်ကာ ချင်းတွင်းတာ ရိုးလမ်းမကြီး တစ်လျှောက် ဆန္ဒ ထုတ်ဖော်ခဲ့ ကြသည်။

Messenger News Journal
ခြံစည်းရိုး ခတ်စဉ် လုံထိန်း ရဲတပ်ဖွဲ့ဝင်များ ပစ်ခတ်ခဲ့သည့် သေနတ် ကျည်ကြောင့် သေဆုံး သွားခဲ့ ရသည့် ဒေါ်ခင်ဝင်း သေဆုံးမှု အမှုမှန် ပေါ်ပေါက်ရေး အတွက် ယမန်နေ့ နေ့လယ် (၁၂) နာရီ အချိန်တွင် လက်ပံတောင်း ဒေသခံ (၁၀၀) နီးပါး ဆန္ဒ ထုတ်ဖော် တောင်းဆိုခဲ့ ကြသည်။ လက်ပံ တောင်း စီမံကိန်းကြီးကြောင့် လူသတ်မှုတွေ ဖြစ်ပွားခဲ့ ရတယ်။ ဒေသခံတွေရဲ့ ဘ၀တွေ ကလည်း စုတ်ပြတ်မွဲချာ နေပါပြီ။ အမှန်တရား ကလည်း ဒေသခံ တွေဘက်မှာ ဘယ်တော့မှ မရှိဘူး။ ကြေးစင်တောင် စီမံကိန်းကြီးကြောင့် ဒေသခံတွေ အလူးအလဲ ခံစားခဲ့ရ တာကို ကြည့်ပြီး စီမံကိန်းကြီး တွေကို မလုပ် စေချင်တော့ ပါဘူး။ ဒါကြောင့် ကြေးစင်တောင်၊ လက်ပံတောင်းတောင် စီမံကိန်းကြီး တွေကို ဖျက်သိမ်း ပေးဖို့ လူထု ဆန္ဒကို ထုတ်ဖော်ခဲ့ တာပါ ဟု မိုးကြိုးပြင် ကျေးရွာမှ ဒေါ်ဝက The Messenger Media သို့ ပြောသည်။

ကျေးရွာများအတွင်းသို့ KIA အဖွဲ့မှ မိုင်းထောင်ဖောက်ခွဲမှု များကြောင့် ဒေသခံ ရွာသား(၂)ဦး ဒဏ်ရာရရှိ


ကချင်ပြည်နယ်၊ အင်းတော်ကြီးဒေသ ရှိ ကျေးရွာများအတွင်းသို့ ကချင် လွတ်မြောက်ရေး တပ်မတော် (KIA) အဖွဲ့မှ ၀င်ရောက်ကာ မိုင်းထောင်ဖောက်ခွဲ မှု များကြောင့် ဒေသခံရွာသားများ ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသ၊ မိုင်းပုတ်ကျေးရွာ၏ မြောက် ဘက်(၁)မိုင်ခန့်အကွာ လုံးတုံ-ဆယ်ဇင်းသွားလမ်း အနီးတွင် ဇန်န၀ါရီလ (၁၈)ရက်၊ ည (၈) နာရီအချိန်တွင် ဦးကျော်စိုး၊ အသက်(၄၆)နှစ်၊ တာလောကြီးကျေး ရွာ၊ မြစ်ကြီးနားမြို့နယ်နေသူနှင့် ဦးစံထွန်း၊ အသက်(၃၁)နှစ်၊ သဲဂုဏ်ကျေးရွာ၊ ဟိုပင်မြို့နယ် တို့(၂)ဦးသည် ဆိုင်ကယ်ဖြင့် လုံးတုံကျေးရွာ ဘက် မှ မောင်းနှင်လာစဉ် KIA အဖွဲ့ထောင်ထားသော မိုင်းတစ်လုံးအား နင်းမိပေါက် ကွဲခဲ့ရာမှ ၎င်းတို့(၂)ဦး၏ ခြေထောက်၊ လက်မောင်း၊ လည်ပင်းနှင့် လက်ချောင်း များတွင် ဒဏ်ရာအသီးသီးရရှိခဲ့ကြောင်း ကျေးလက် ကျန်းမာရေးမှူး တစ်ဦးမှ ပြောပြခဲ့ပါသည်။

Monday, January 19, 2015

KIA အဖွဲ့မှ အများပြည်သူသုံး လမ်း၊ တံတားများအား မီးရှို့ဖျက်ဆီး


ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ ၈ မိုင်လမ်းဆုံ၏ အနောက်မြောက်ဘက် ၁ မိုင်ခန့်အကွာ မိုးကောင်း-ဖားကန့်သွား ကားလမ်းပေါ်ရှိ မိုင်တိုင်အမှတ်(၉/၃)ရှိ တံတားအမှတ်(၁/၁၀)၊ အရှည်ပေ ၆၀၊ အနံ ၁၂ ပေရှိ သံဘောင်ဘေလီ သစ်သားတံတားအမျိုးအစား( ပါဟုတ်ချောင်းကူးတံတား)အား ဇန်န၀ါရီ ၁၇ ရက် နေ့လည် ၃ နာရီခန့်တွင် KIA အဖွဲ့မှ မီးရှို့ဖျက်ဆီးခဲ့သဖြင့် ယာဉ်ကြီး၊ ယာဉ်ငယ်များ ဖြတ်သန်းသွားလာ၍ မရတော့ကြောင်း သိရှိရပါသည်။
အဆိုပါတံတား ၏ အနောက်မြောက်ဘက် ၄ ဖာလုံခန့်အကွာ မိုင်တိုင် အမှတ်(၉/၇)ရှိ တံတားအမှတ်(၂/၁၀)၊ အရှည် ပေ ၃၀၊ အနံ ၁၂ ပေရှိ ဘေလီသစ်သား တံတား ( ၁၀ မိုင်ချောင်းကူးတံတား )အား ညနေ ၄ နာရီခွဲချိန် ခန့်တွင် KIA အဖွဲ့မှ မီးရှို့ဖျက်ဆီးခဲ့သဖြင့် တံတားမီးလောင် ပျက်စီးခဲ့ကြောင်း သိရှိရပါသည်။

KIA (ကချင်) လက်နက်ကိုင် အဖွဲ့က စစ်ရေးနှင့် မသက်ဆိုင်သော ဒေသခံပြည်သူများ နေထိုင်လျက်ရှိသည့် ရက်ကွက်များ အတွင်းနှင့် ရဲစခန်းများအား လက်ပစ်ဗုံးများ ၊ မိုင်းများဖြင့် နှောင့်ယှက်တိုက်ခိုက်


ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ လုံးခင်းနယ်မြေ ရဲစခန်းဝင်း အတွင်းသို့ ဇန်နဝါရီ ၁၅ ရက် ညနေ ၆ နာရီခွဲ ချိန်ခန့်တွင် KIA (ကချင်) လက်နက်ကိုင် အဖွဲ့ဝင် တစ်ဦးက ဆိုင်ကယ် စီးနင်း၍ လက်ပစ်ဗုံး တစ်လုံးဖြင့် အလစ်အငိုက် ပစ်သွင်း ထွက်ပြေး သွားခဲ့ရာ ရဲတပ်ကြပ် ကူရှင်ဖုန်းဆားရ် ၏ ဇနီးဖြစ်သူ ဒေါ်နန်းဆိုင် ၅၂ နှစ်၊ သားဖြစ်သူ ဆခေါင်ဝမ်ဖုန်း ဆားရ် ၂၃ နှစ်၊ တူဖြစ်သူ ဖုန်တီအောင် ၁၈ နှစ်နှင့် ရဲတပ်ကြပ် စောထွန်းအောင် ၏ ဇနီးဖြစ်သူ ဒေါ်ခိုင်ဇာနည်မြင့် ၃၇ နှစ်တို့တွင် ဗုံးစထိမှန် ဒဏ်ရာများ အသီးသီး ရရှိခဲ့သည်။

ဗကသ ကျောင်းသားများ ရပ်ကွက်အတွင်း ညဥ့်နက်ချိန် အရက်သေစာ သောက်စားပြီး ဆူညံစွာ အော်ဟစ်ပြောဆိုနေသောကြောင့် ရိုက်နှက်ခံရ


အဆိုပါ ခိုက်ရန်ဖြစ်ပွားမှုတွင် ကျောင်းသားအဖွဲ့သည် ရပ်ကွက်အတွင်း ညဥ့်နက်ချိန် အရက်သေစာ သောက်စားပြီး ဆူညံစွာ အော်ဟစ်ပြောဆိုနေသောကြောင့် ရပ်ကွက်လူငယ်များက စကားကျယ်လောင်စွာ မပြောဆိုရန် တားမြစ်ခြင်းကို ဗကသ ကျောင်းသားများက လက်မခံဘဲ ညစ်ညမ်းစွာ ပြန်လည်ပြော ဆိုခဲ့သဖြင့် နှစ်ဖက်အပြန်အလှန် ခိုက်ရန်ဖြစ်ပွားခဲ့ရကြောင်း အမှတ် (၈) ရပ်ကွက် အုပ်ချုပ်ရေးမှူး ရုံးထံမှ စုံစမ်းသိရှိရသည်။

မဘသအဖွဲ့တွင် မည်သည့်ရာထူးမျှ ယူမထားတော့သော်လည်း လုံးဝပတ်သက်မှုမရှိဆိုခြင်းကတော့မဟုတ်ကြောင်း သီတဂူဆရာတော်မိန့်ကြား

အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့တွင် မည် သည့်ရာထူးမျှ ထမ်းဆောင်တော့ခြင်းမရှိ သည်မှာ မှန်ကန်သော်လည်း အသင်းနှင့် လုံးဝပတ်သက်မှုမရှိတော့ဟုဆိုခြင်းမှာ မဟုတ်ကြောင်း သီတဂူဆရာတော် အရှင် ဥာဏိဿရက ဖလားဝါးနယူးစ်သို့ မိန့် ကြားသည်။

''ကြေညာချက်ထုတ်ခိုင်းတာ က ကိုယ်တော်ကိုယ်တိုင်ထုတ်ခိုင်းလိုက် တာ၊ ဒုတိယဥက္ကဋ္ဌ၊ အတွင်းရေးမှူးဘာ ရာထူးကိုမှ ရယူထားတာမရှိတော့ဘူး။ ဒါပေမဲ့လုံးဝမပတ်သက်တာတော့ မဟုတ် ပါဘူး။ မျိုးချစ်စိတ်နဲ့ပတ်သက်ရင် ကိုယ် တော်လဲသွေးမနည်းပါဘူး''ဟု သီတဂူဆရာ တော်က ဖလားဝါးနယူးစ်သို့ မိန့်ကြားသည်။

သပိတ်မှောက် ကျောင်းသားများ မြို့ကြီး ၅ ခုကို ဖြတ်၍ ရန်ကုန်မြို့တော်သို့ ချီတက်မည်


အမျိုးသားပညာရေး ဥပဒေကို ဆန့်ကျင်ကန့်ကွက်သော သပိတ်မှောက် ကျောင်းသား၊ ကျောင်းသူများသည် ဇန်နဝါရီလ ၂၀ ရက်နေ့မှစ၍ မန္တလေးမြို့တော်ရှိ အိမ်တော်ရာ ၁၄ ခန်းဇရပ်မှ မြို့ကြီး ၅ ခုကိုဖြတ်ကာ ရန်ကုန်မြို့တော်သို့ ချီတက်လာမည် ဖြစ်ကြောင်း ဒီမိုကရေစီ ပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီဝင် ကိုရဲဇာနည်ထွန်းက The Voice သို့ ပြောကြားသည်။

လူ့အခွင့်အရေးကြေညာစာတမ်းအား မြန်မာနိုင်ငံက ချိုးဖောက်ခြင်းသည် ကမ္ဘာ့အလယ်တွင် ပြစ်ချက်တစ်ခုဖြစ်နေဟု ဒေါ်အောင်ဆန်းစုကြည်ပြော


ကုလသမဂ္ဂလူ့အခွင့် အရေးကြေညာစာတမ်းပါ အချက်အလက် များအား မြန်မာနိုင်ငံမှချိုးဖောက်နေခြင်း သည်မြန်မာပြည်သူများအပေါ်တွင် သာမက ကမ္ဘာ့အလယ်တွင်လည်း ပြစ်ချက်တစ်ခုဖြစ် နေကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြော ကြားသည်။

ဇန်နဝါရီ ၁၇ရက်က ရမည်းသင်း မြို့ရွှေစည်းခုံဘုရားဝင်းတွင် ကျင်းပခဲ့သည့် ဗိုလ်ချုပ်ရာပြည့် အကြိုအခမ်းအနားတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ် အောင်ဆန်းစုကြည်က ပြောဆိုခဲ့ခြင်းဖြစ် သည်။

စိတ်ညစ်၊ သောကရောက်တိုင်း ဆောင်ရမည့် ဂါထာ


ဂါထာတော့ မဟုတ်ပါဘူး။ စိတ်ညစ်၊ သောက ရောက်တဲ့အခါတိုင်း၊ စိတ်ဓာတ်ကျတဲ့ အခါတိုင်း ဒါလေးကို ရွတ်ရင် စိတ်သောကများ ကင်းဝေးပါလိမ့်မယ်။

“ဆင်းရဲချမ်းသာ သဘာဝ၊ တွေ့ကြုံနေကြ လူတိုင်းပေ။
ကောင်းဆိုး နှစ်တန် အစုံတွဲလို့၊ တစ်လဲစီလှည့် အမြဲနေ။
လောက်ကဓံကြုံ မဖြုံတမ်းပေါ့၊ မတုန်းစမ်းနဲ့ စိတ်ခိုင်စေ။
သောကကိုထိန်း၊ ရမ္မက်သိမ်း၊ အေးငြိမ်းချမ်သာစေ။
အဲ့ဒါမှ ဗုဒ္ဓဝါဒ ကမ္ဘာ မင်္ဂလာတွေ”

"KIA အဖွဲ့မှ ဖားကန့်-မိုးကောင်း နှင့် ဖားကန့်မြို့အ၀င်အထွက် တံတားများအား မိုင်းထောင်ဖောက်ခွဲသဖြင့် မော်တော်ကားများ သွားလာနိုင်ခြင်းမရှိတော့"

ဇန်နဝါရီ (၁၇) ရက်နေ့ ညနေ ၃ နာရီ ခွဲခန့်တွင် အရှည် ၂၀ ပေ၊ အကျယ် ၁၂ ပေ၊ သစ်သားတံတား ၁ စင်းအား လည်းကောင်း၊၅ နာရီခန့်တွင် အရှည် ၂၄ ပေ၊ အကျယ် ၁၇ ပေ၊ ကွန်ကရစ် တံတား ၁ စင်းနှင့် အရှည် ၂၁ ပေ၊ အကျယ် ၁၄ ပေ၊ ကွန်ကရစ်တံတား ၁ စင်း စုစုပေါင်းတံတား ၃ စင်းအား နန့်ဟိုင်-ကာမိုင်းလမ်းပိုင်းပြုပြင်နေသည့် အောင်မြင့်ကြိုင်ကုမ္ပဏီပိုင် ဘက်ဟိုးယာဉ်မှ ယာဉ်မောင်းအား သေနတ်ထောက် အကြပ်ကိုင်ပြီး ဖျက်ဆီးခိုင်းစေခဲ့ရာ ပျက်စီး သွားခဲ့ကြောင်းသိရှိရပါသည်။

အနိမ့်ဆုံးလုပ်ခကို တစ်နေ့ ၈ နာရီနဲ့ အခြေခံတွက်ချက်


အနည်းဆုံး အခကြေးငွေ သတ်မှတ်ခြင်း ဆိုင်ရာ အလုပ် သမား အဖွဲ့အစည်း အလုပ်ရုံ ဆွေးနွေးပွဲမှာ အနိမ့်ဆုံးလုပ်ခ လစာကို တစ်ရက်အလုပ်ချိန် ၈ နာရီအပေါ် အခြေခံတွက် ချက်ပြီး သတ်မှတ်ဖို့ ဆုံးဖြတ်ထားတယ်လို့ အလုပ် ရုံဆွေးနွေးပွဲ တက်ရောက်သူတွေက ပြောကြားကြ ပါတယ်။

ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေး စင်တာမှာ ဒီနေ့ ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲမှာ အလုပ်ချိန် ၈ နာရီအပေါ် အခြေခံပြီး တွက်ချက်မှာ ဖြစ်တာကြောင့် အချိန် ပိုကြေး၊ အပိုဆုကြေးနဲ့ ရှားပါးစရိတ်တွေကို ထည့်သွင်းသတ်မှတ် မှာမဟုတ်ဘူးလို့ မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂများအဖွဲ့ ချုပ် တွဲဖက်အတွင်းရေးမှုး မဖြိုးစန္ဒာစိုး က ပြောပါတယ်။

ရန်ကုန်မြို့တော်၌ လမ်းပေါ် အရက်ထိုင်သောက်သူများကို အရေးယူမည်ဟုဆို


ရန်ကုန်မြို့တော်ရှိ ပလက်ဖောင်းပေါ်နှင့် တံတားပေါ်များ၌ ညဥ့်နက်ချိန် အုပ်စုဖွဲ့ကာ အရက်ထိုင်သောက်နေသူ အချို့က ခိုက်ရန်ဖြစ်ပွားမှုနှင့် ခိုးမှု၊ လုယက်မှုများ ကျူးလွန်လာမှုများကြောင့် ဆိုကာ လမ်းပေါ် အရက်ထိုင်သောက်သူများကို ဖမ်းဆီးထိန်းသိမ်း အရေးယူမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ အကြီးတန်း ရဲအရာရှိတစ်ဦးက ပြောကြားသည်။

အကြမ်းဖက်အဖွဲ့အစည်း အသုံးပြုသည်ဟုဆိုသည့် တံဆိပ်ကပ်မော်တော် ယာဉ်ပိုင်ရှင်အား အင်းစိန်ထောင်ပို့


အကြမ်းဖက်အဖွဲ့ အစည်းအသုံးပြုသည်ဟုဆိုသည့် တံဆိပ် ကပ်၍ မော်တော် ယာဉ်ကို မောင်းနှင်သော အစ္စလာမ်လူမျိုး တာမွေမြို့နယ်နေသူတစ် ဦးကို လူမျိုးတစ်ဖက်နှင့်တစ်ဖက် ပဋိပက္ခ ဖြစ်ပွားစေရန် လုပ်ဆောင်သည်ဟုဆိုကာ ပုဒ်မ ၅ဝ၅(ခ)(ဂ) ဖြင့်အမှုဖွင့်ပြီး ဇန်နဝါရီ ၁၆ ရက်က အင်းစိန်ထောင်သို့ ပို့ဆောင်ခဲ့ ကြောင်း တာမွေမြို့နယ်ရဲစခန်းမှ မြို့နယ် မှူး ရဲမှူးခင်မောင်မြက ပြော သည်။

အဲကမ္ဘောဇလေယာဉ် နည်းပညာချို့ယွင်းမှုကြောင့် ပြန်လည်ဆင်းသက်


အဲကမ္ဘောဇလေကြောင်း လိုင်းပိုင် လေယာဉ်တစ်စီးသည် ဇန်န၀ါရီ ၁၈ ရက်က ရန်ကုန် လေဆိပ်မှ လေယာဉ်ပျံတက်အ ပြီး ၁၅ မိနစ်အကြာတွင် နည်း ပညာ ချို့ယွင်းချက်ရှိခြင်း ကြောင့် ရန်ကုန် လေဆိပ်သို့ပြန် လည် ဆင်းသက်ခဲ့ရကြောင်း သတင်းရရှိသည်။

အဆိုပါလေယာဉ်မှာ ရန် ကုန် - မန္တလေး - မြစ်ကြီးနားသို့ သွားရောက်သည့် လေယာဉ်ဖြစ် ပြီး ပြင်သစ်နိုင်ငံ လုပ် ATR-72 ဖော်ကာအမျိုးအစားဖြစ်သည်။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေးရမှ နိုင်ငံရေးတာဝန်ကို စစ်တပ်လျှော့ယူမည်ဟု သမ္မတ ပြော


မြန်မာနိုင်ငံတွင် အစိုးရနှင့် လက်နက်ကိုင်အဖွဲ့များကြား ငြိမ်းချမ်းရေး သဘောတူညီမှု ရရှိချိန်တွင် စစ်တပ်သည် လက်ရှိ နိုင်ငံရေးတာဝန် အခန်းကဏ္ဍမှ နောက်ဆုတ်သွားမည်ဖြစ်ကြောင်း သမ္မတ ဦးသိန်းစိန်က စင်ကာပူအခြေစိုက် စထရိတ်တိုင်းမ်သတင်းဌာနနှင့် တစ်နာရီကြာ အင်တာဗျူးတွင် ဖြေသွားသည်။တိုင်းရင်းသား လက်နက်ကိုင် ၁၆ ဖွဲ့နှင့် ဆွေးနွေးညှိနှိုင်းမှုပိုင်းတွင် ခက်ခဲ ရှုပ်ထွေးနေခြင်းကြောင့် တိုးတက်မှုနှုန်း နှေးကွေးနေသော်လည်း လာမည့် ဖေဖော်ဝါရီ ၁၂ ရက်တွင် ကျရောက်မည့် ပြည်ထောင်စုနေ့ ၌ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးနိုင်လိမ့်မည်ဟု မျှော်လင့်နေ ဆဲ ဖြစ်ကြောင်း သမ္မတ ဦးသိန်းစိန်က ပြောသည်။

ပိတ်မိနေသော ဒေသခံများ လုံခြုံရာသို့ ထွက်ခွာခွင့်ပေးရန်နှင့် ငြိမ်းချမ်းရေးအတွက် ထိုးစစ်ရပ်တန့်ရန် နှစ်ခြင်းခရစ်ယာန်အသင်းချုပ် ကြေညာချက်ထုတ်


 တိုက်ပွဲများကြောင့် ပိတ်မိနေသော ဒေသခံများကို လုံခြုံ ရာနေရာသို့ ထွက်ခွာခွင့်ပေးရန် နှင့် ငြိမ်းချမ်းရေးကို ရှေးရှု၍ မြန်မာ့တပ်မတော်၏ ထိုးစစ်များရပ်တန့် ပေးရန် မြန်မာနိုင်ငံနှစ်ခြင်းခရစ် ယာန်အသင်းချုပ်က သဘောထား ကြေညာချက်ထုတ်ပြန်သည်။

ဖုန်ကြားရှင်၏ တပ်ဖွဲ့ကို အစိုးရ ဆွေးနွေးမည်မဟုတ်


တစ်ကျော့ပြန်ကိုးကန့် တိုင်းရင်းသားခေါင်းဆောင် ဖုန်ကြားရှင် ပြန်လည်တည်ထောင်ထားသည့် မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDDA)ကို မြန်မာအစိုးရအနေဖြင့် ငြိမ်းချမ်းရေးဆွေးနွေးမည် မဟုတ်ကြောင်း သတင်းရရှိသည်။

‘‘ဖုန်ကြားရှင်တို့ ကိုးကန့်အ ဖွဲ့က မနေ့တစ်နေ့ကမှ ဖွဲ့လိုက် တာဖြစ်တဲ့အတွက် စကားပြောဖို့ အကြောင်း မရှိဘူး’’ဟု ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒု-ဥက္ကဋ္ဌ သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီး ဦးအောင်မင်းက 7Day Daily အား ပြောကြားသည်။

တိုင်းရင်းသားများကို ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ပေးရမည်ဟု အာဏာရပါတီ ဆို


ရန်ကုန် (မဇ္ဈိမ)။ ။ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဖြစ်စဉ်တွင် တိုင်းရင်းသား အချင်းချင်း ယုံကြည်မှုရှိစေရန် တန်းတူရည်တူခွင့်နှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ပေးရမည်ဟု အာဏာရပါတီ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ မူဝါဒတွင် ထည့်သွင်းထားသည်။''တိုင်းရင်းသားအချင်းချင်း အပြန်အလှန် နားလည်မှု၊ ယုံကြည်မှုအတွက် တန်းတူရည်တူခွင့်၊ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်နှင့် ဒို့တာဝန်အရေး သုံးပါးကို မထိခိုက်စေဘဲ ဆောင်ရွက်စေရမည်'' ဟု ပါတီ၏ မူဝါဒအတွင်း ထည့်သွင်းထားသည်။

နိုင်ငံအတွက် အန္တရာယ်ကြီးမားသည့် မြစ်ဆုံနှင့် သံလွင်စီမံကိန်းများ လုပ်ဆောင်ပါကလည်း မြန်မာနိုင်ငံ၌ လိုအပ်သည့် လျှပ်စစ်ဓာတ်အားပမာဏ ရရှိမည် မဟုတ်ဘဲ ဆည်များတွင် ရင်းနှီးမြှုပ်နှံမှုကြောင့် ပြည်သူများက ရာနှုန်းပြည့် နစ်နာဆုံးရှုံးနေ


မြန်မာနိုင်ငံအတွင်း ဆည်များတွင် ရင်းနှီးမြှုပ်နှံမှုကြောင့် ပြည်သူများက ရာနှုန်းပြည့် နစ်နာဆုံးရှုံးမှုကို ရရှိနေပြီး မြန်မာနိုင်ငံအတွက် အန္တရာယ်ကြီးမားသည့် မြစ်ဆုံနှင့်သံလွင် စီမံကိန်းကြီးနှစ်ခုကို လုပ်ဆောင်လျှင်ပင် မြန်မာနိုင်ငံအတွက် လိုအပ်နေသည့် လျှပ်စစ်ဓာတ်အား ပမာဏကို ရရှိမည် မဟုတ်ကြောင်း ပညာရှင်များက သုံးသပ်ပြောကြားသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ခြင်းနှင့် အစိုးရ၀န်ထမ်းများ လစာတိုးခြင်းတို့ အဓိကဆောင်ရွက်မည့် လွှတ်တော်အစည်းအဝေးများ ယနေ့ စတင်မည်

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ခြင်းနှင့် အစိုးရ၀န်ထမ်းများ လစာတိုးခြင်းတို့ အဓိကဆောင်ရွက်မည့် ၁၂ ကြိမ်မြောက် လွှတ်တော်အစည်းအဝေးများကို ယနေ့ (ဇန်န၀ါရီလ ၁၉) ရက်တွင် နေပြည်တော်၌ ပြန်လည်စတင်မည်ဖြစ်သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရန် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ၂၀ ရာခိုင်နှုန်း၏ ထောက်ခံချက်ကို စုဆောင်းပြီးဖြစ်၍ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ ဥပဒေကြမ်းကို ၁၂ ကြိမ်မြောက် လွှတ်တော်သို့ တင်သွင်းမည်ဟု ပြည်ထောင်စုလွှတ်တော်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှု ကော်မတီ အတွင်းရေးမှူး ဦးအေးမောက်က ပြောကြားသည်။

မြန်မာနိုင်ငံ၏ ထုတ်လုပ်မှုကဏ္ဍတွင် အဂတိလိုက်စားမှု၊ မြေနေရာရရှိမှု အခက်အခဲနှင့် နည်းပညာ အားနည်းမှုတို့သည် အဓိက စိန်ခေါ်နေသည့် အကြောင်းတရားများ ဖြစ်နေကြောင်း ၂၀၁၄ ခုနှစ် OECD အစီရင်ခံစာ၌ ဖော်ပြ

မြန်မာ့စီးပွားရေးစစ်တမ်း Myanmar Business Survey အရ မြန်မာနိုင်ငံရှိ ကုန်ထုတ်လုပ်ငန်းများသည် အဓိကကျသော အတားအဆီး၊ အကန့်အသတ်များနှင့် ရင်ဆိုင်ကြုံတွေ့နေရကြောင်း၊ ယင်းတို့အနက် အကျင့်ပျက်ခြစားမှု၊ နည်းပညာအားနည်းမှုနှင့် မြေနေရာရရှိမှု အခက်အခဲတို့သည် အဓိက စိန်ခေါ်နေသည့် အကြောင်းတရားများဖြစ်ကြောင်း မကြာမီက ထုတ်ပြန်လိုက်သည့် OECD အစီရင်ခံစာအရ သိရသည်။

မစ္စရန်ဟီးလီနဲ့ မစ္စတာဘန်ကီမွန်တို့ သိထားဖို့က ဖြစ်နေတဲ့ပြဿနာဟာ ရခိုင်တိုင်းရင်းသားလူမျိုးများနဲ့ ဘင်္ဂါလီရိုဟင်ဂျာများကြားက ပြဿနာ မဟုတ်ပါခင်ဗျာ


ကမ္ဘာ့ ကုလသမဂ္ဂရဲ့ ကိုယ်စားလှယ်တွေ မြန်မာနိုင်ငံကို ရောက်ခဲ့ပြီးတိုင်း“ဘင်္ဂါလီရိုဟင်ဂျာ” ပြဿနာကို အမြဲ မီးထိုးပေးပါတယ်။ သူတို့ ခြေလှမ်းတွေကို စောင့်ကြည့်ဖန် များလာတဲ့အခါ သူတို့ရဲ့ ပြောဆို၊ လုပ်ကိုင်မှုတွေက ရည်ရွယ်ချက်ရှိရှိ လုပ်နေတယ်လို့ ယူဆစရာ ဖြစ်လာပါတယ်။ 

ပြီးခဲ့တဲ့ နိုဝင်ဘာက နေပြည်တော်မှာ လုပ်တဲ့ အာဆီယံ ထိပ်သီး ဆွေးနွေးပွဲကို ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန် တက်ပါတယ်။ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး စိုးရိမ်စရာ၊ သတိပေးစရာတွေ အများကြီး ရှိတဲ့အထဲက ဘင်္ဂါလီကိစ္စကို မီးထိုးပြီး ပြန်သွားပါတယ်။ 

ကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ဘင်္ဂလားဒေ့ရှ်အစိုးရနှင့် ဘင်္ဂါလီအရေးဆွေးနွေးမည်


ရခိုင်ပြည်နယ်သို့ရောက် ရှိနေသော အမေရိကန်လက် ထောက်နိုင်ငံခြားရေး ၀န်ကြီး Ms. Anne C.Richardသည် ဘင်္ဂလား ဒေ့ရှ်အစိုးရနှင့် ဆက်လက်တွေ့ ဆုံ၍ ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီ ဒုက္ခသည်များ အရေး ဆွေးနွေး သွား မည်ဖြစ်ကြောင်းသတင်းရရှိ သည်။

အမေရိကန်လူဝင်မှု၊ ဒုက္ခ သည်နှင့် ရွှေ့ပြောင်းသွားလာမှု ဆိုင်ရာ လက်ထောက်နိုင်ငံခြား ရေးဝန်ကြီး Richard သည် ရခိုင် ပြည်နယ် ခရီးစဉ်အတွင်းစစ်တွေ ဘူးသီးတောင်၊ မောင်တောမြို့ များ၌ ဌာနဆိုင်ရာ တာဝန်ရှိသူများ ရခိုင်နှင့် ဘင်္ဂါလီရပ်မိရပ်ဖများ နှင့် သီးခြားစီတွေ့ဆုံရာတွင် Ms. Richardက ၎င်းအနေဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဆက်လက် သွားရောက်၍ မွတ်စလင်ဒုက္ခ သည်များအရေး ဆွေးနွေးသွား မည်ဟု ပြောကြားခဲ့သည်။

တရုတ်သာမက မည်သည့်နိုင်ငံသားကိုမဆို ပြစ်မှုကျူးလွန်ကြောင်း ခိုင်မာလျှင် အစိုးရ သတင်းစာ၌ နိုင်ငံအမည်ဖော်ပြနေဟုဆို


နိုင်ငံပိုင်သတင်းစာများ တွင် နိုင်ငံခြားသားများ ပြစ်မှုကျူး လွန်သည့် သတင်းများ ဖော်ပြရာ ၌ပြစ်မှုကျူးလွန်ကြောင်း အထောက် အထားခိုင်လုံပါက တရုတ်နိုင်ငံသာမက မည်သည့် နိုင်ငံခြားသားကိုမဆို ၎င်းတို့၏နိုင်ငံအမည်နှင့် တွဲ၍ ထည့်သွင်း ရေးသားဖော်ပြကြောင်း ပြန်ကြား ရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။

ပြီးခဲ့သည်ရက်ပိုင်းက ကချင်ပြည်နယ်တွင် သစ်ခိုးဂိုဏ်းတစ်ခု ကို ဖမ်းဆီးရမိရာ မြန်မာနိုင်ငံသား များနှင့်အတူ တရုတ်နိုင်ငံသား ၁၀၂ ဦးဖမ်းဆီးရမိသည့် သတင်း ကို နိုင်ငံပိုင်သတင်းစာများက ဖော်ပြရာ၌ တစ်ဖက်နိုင်ငံသားဟုသာ ဖော်ပြခဲ့ခြင်းနှင့် ပတ်သက်၍ ပြန်ကြားရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက ပြောကြားခြင်းဖြစ်သည်။

ဆိုင်ကယ် လုယက်သော အမျိုးသားနှစ်ဦးကို အမျိုးသမီး တစ်ဦးတည်းက ပြန်လည်ခုခံ


ဆိုင်ကယ်လုယက်ရန် ကြိုးစားသည့်အမျိုးသားနှစ်ဦးကို အမျိုးသမီးတစ်ဦးက ပြန်ခုခံသော ကြောင့် လုယက်သူနှစ်ဦးမှာ ပစ္စည်းမရဘဲ သေနတ်ဖြင့်ပစ်ကာ ထွက်ပြေးသွား၍ အမျိုးသမီး၏ လက် မောင်းတွင် ဒဏ်ရာရရှိခဲ့သည်။

အမှုမှာမွန်ပြည်နယ် လမိုင်းမြို့၊ တောင်ဘုံကျေးရွာတွင် ဇန်န၀ါရီ၁၇ရက်က ဖြစ်ပွားခဲ့ခြင်းဖြစ် ကြောင်း မွန်ပြည်နယ်ရဲတပ်ဖွဲ့မှူး ရုံးမှ ရဲအရာရှိ တစ်ဦးကပြောသည်။တောင်ဘုံကျေးရွာမှ အသက် (၃၆)နှစ်အရွယ် မခင်မျိုးမြင့်သည် တစ်ဦးတည်း ဆိုင်ကယ်မောင်းနှင် လာစဉ် အမျိုးသားနှစ်ဦးက ဆိုင်ကယ်ကို လိုက်လံ လုယူခြင်းဖြစ် သည်။ မခင်မျိုးမြင့်က ပြန်လည်ခုခံခဲ့သဖြင့် ထိုအမျိုးသားနှစ်ဦးက ဆိုင်ကယ်ကို ထားခဲ့ကာ သေနတ်ဖြင့် ပစ်၍ ပြေးခြင်းဖြစ်ကြောင်း လမိုင်းမြို့ရဲစခန်းမှ အမှုစစ်ရဲ အရာရှိကပြောသည်။