၂ဝ၁၄ ခုနှစ် စက်တင်ဘာက ပြုလုပ်ခဲ့သည့် တစ်နိုင်ငံလုံး အပစ်ရပ်စဲရေး ဆွေးနွေးပွဲတွင် မပြေလည်မှုများ ရှိခဲ့ပြီးနောက် လက်ရှိအချိန်အထိ ထပ်မံညှိနှိုင်းရန် ဆွေးနွေးပွဲရက် မသတ်မှတ်နိုင်ခြင်းသည် တစ်နိုင်ငံလုံး အပစ်ရပ်စဲရေးအတွက် စိုးရိမ်စရာ အခြေအနေ ဖြစ်သည်ဟု KNU ဥက္ကဋ္ဌရုံးမှ ပဒိုစောတာမူလာက ဖေဖော်ဝါရီ ၁၆ ရက်က ရန်ကုန်မြို့ရှိ ကရင်တိုင်းရင်းသားများနှင့် တွေ့ဆုံပွဲတွင် ပြောကြားသည်။
Wednesday, February 18, 2015
‘၀’ နှင့် မိုင်းလားတို့၏ ရပ်တည်မှု အပါအ၀င် အဖွဲ့ဝင်များစွာနှင့် ကွဲပြားမှုများ ရှိနေခြင်းက တစ်နိုင်ငံလုံး အပစ်ရပ်စဲရေး လုပ်ဆောင်ရန် ကြီးမားသည့် စိန်ခေါ်မှု ဖြစ်နေ
၂ဝ၁၄ ခုနှစ် စက်တင်ဘာက ပြုလုပ်ခဲ့သည့် တစ်နိုင်ငံလုံး အပစ်ရပ်စဲရေး ဆွေးနွေးပွဲတွင် မပြေလည်မှုများ ရှိခဲ့ပြီးနောက် လက်ရှိအချိန်အထိ ထပ်မံညှိနှိုင်းရန် ဆွေးနွေးပွဲရက် မသတ်မှတ်နိုင်ခြင်းသည် တစ်နိုင်ငံလုံး အပစ်ရပ်စဲရေးအတွက် စိုးရိမ်စရာ အခြေအနေ ဖြစ်သည်ဟု KNU ဥက္ကဋ္ဌရုံးမှ ပဒိုစောတာမူလာက ဖေဖော်ဝါရီ ၁၆ ရက်က ရန်ကုန်မြို့ရှိ ကရင်တိုင်းရင်းသားများနှင့် တွေ့ဆုံပွဲတွင် ပြောကြားသည်။
ပင်မသပိတ်စစ်ကြောင်း ရန်ကုန်မြို့ထဲဝင်၊ မ၀င် ယနေ့ဆုံးဖြတ်ချက်ချမည်
ရန်ကုန်မြို့သို့ ချီတက်လာ သော ပင်မသပိတ်စစ်ကြောင်း သည် ဖေဖော်ဝါရီ ၁၇ ရက်တွင် မင်းလှမြို့မှ လက်ပံတန်းမြို့သို့ ရောက်ရှိလာပြီး လက်ပံတန်းမြို့ ၌ သပိတ်စစ်ကြောင်းတစ်ရက် နားမည်ဖြစ်သည်။
‘‘လက်ပံတန်းမှာ တစ်ရက် နားပါမယ်။ ရန်ကုန်ထဲကို ၀င် ရောက်မယ့် အစီအစဉ်ရော၊ သပိတ်နဲ့ ပတ်သက်လို့ စည်းကမ်းပိုင်းတွေရော အကုန်လုံးနဲ့ ပတ်သက်ပြီး လက်ပံတန်းမှာ အစည်းအဝေးလုပ်သွားပါမယ်။ အဲဒီမှာ ဆုံးဖြတ်ချက်ချပါမယ်။ လောလောဆယ်တော့ ရပ်နားဖို့ အစီအစဉ်မရှိသေးပါဘူး’’ဟု ပင်မ သပိတ်ကျောင်းသားခေါင်း ဆောင်တစ်ဦးဖြစ်သူ ကိုမင်းသွေး သစ်က ပြောသည်။
တောင်ကုတ်တွင် လမ်းချဲ့ရန် မြေတူးရာမှ စစ်ကျန်ဗုံး ၄၆ လုံး တွေ့ရှိ
တောင်ကုတ်မြို့ နယ် ၀က်ကျိတ်ကျေးရွာအုပ်စု ၀ဲကြီးကျေးရွာရှိ ငွေတောင်ရေခဲစက် ဘေးလမ်းသွယ်ကို လမ်း ချဲ့ဖောက်လုပ်ရန် မြေတူးစဉ် စစ်ကျန်ဗုံး ၄၆ လုံးကို ဖေဖော်ဝါရီ ၁၂ ရက်က တွေ့ရှိခဲ့ကြောင်း တောင်ကုတ်မြို့မရဲစခန်းမှ သတင်း ရရှိသည်။
လမ်းချဲ့ခြင်း လုပ်ငန်းကို ထာဝရအောင်မြေ အများပိုင် ကုမ္ပဏီက မြေတူးစက်ဖြင့် တူး ဖော်စဉ် ရရှိခဲ့ခြင်းဖြစ်ပြီး ဗုံးတစ် လုံး၏ အရွယ်အစားမှာ အလျား ၁၈ လက်မ၊ လုံးပတ် ၁၀ လက်မ၊ ငှက်ပျောဖူးသဏ္ဌာန်ဖြစ်ကာ ဗုံး သီးများတွေ့ရှိကြောင်း ဆောက်လုပ်ရေးကုမ္ပဏီ လမ်းကြီးကြပ်ရေး တာဝန်ခံ ဦးခင်ဝေက သက်ဆိုင်ရာသို့ အကြောင်းကြားခဲ့ခြင်းဖြစ်သည်။
ခေါင်းလောင်းတွေ့ပြီဆိုသော်လည်းတိုင်းအစိုးရအတည်မပြုသေး
ဓမ္မစေတီခေါင်းလောင်း တွေ့ရှိပြီဟု ရှာဖွေသူဦးကျော်ဝင်းက ရန်ကုန်တိုင်းဒေသကြီးအစိုးရကို အာမခံပြောကြားသော်လည်း ၎င်း၏ပြောကြားချက်အ ပေါ် အတည်ပြုလက်ခံထားခြင်း မရှိသေးကြောင်း ရန်ကုန်တိုင်းဒေ သကြီးအစိုးရအဖွဲ့မှ သတင်းရရှိ သည်။
‘‘အခု အနေအထားနဲ့က တွေ့ပြီဆိုတာကို အစိုးရအဖွဲ့က အတည်မပြုသေးပါဘူး။ သူ့(ဦး ကျော်ဝင်း)ကိုသေချာအောင်ထပ် လုပ်ခိုင်းထားတယ်။ ၅၀ရာခိုင်နှုန်း လောက် သေချာလောက်ပြီဆိုရင် တော့ အစိုးရအဖွဲ့က လိုအပ်တဲ့ ပံ့ပိုးမှုတွေလုပ်သွားရမှာပေါ့’’ဟု ခေါင်းလောင်းဆယ်ယူမှုကို ကြီး ကြပ်နေသည့် ကရင်တိုင်းရင်းသားရေးရာဝန်ကြီးဦးစောထွန်း အောင်မြင့်ကပြောသည်။
ကောင်းကင်ဂြိုဟ်တုဓာတ်ပုံ တွင် ခေါင်းလောင်းဟုယူဆရ သော ပုံရိပ်မှာ နှစ်လုံးတွဲဟုသိရပြီး ရေငုပ်သမားများနှင့်ရှာဖွေရာတွင် ကျောက်တုံးကြီးဟုသိရသဖြင့် ထပ်မံစမ်းသပ်ရဦးမည်ဖြစ်ကြောင်း ရှာဖွေနေသူ သင်္ဘောအ ရာရှိဟောင်းဦးကျော်ဝင်းကပြောသည်။
Saturday, February 14, 2015
မလိုလားအပ်သော ပြဿနာများ မဖြစ်ပေါ်စေရန်နှင့် နိုင်ငံတော် လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး၊ ရပ်ရွာအေးချမ်း သာယာရေးတို့အတွက် ရန်ကုန်တိုင်း အတွင်းသို့ သပိတ်စစ်ကြောင်းများ ၀င်ရောက်ခြင်း မပြုရန် အစိုးရ သတင်း ထုတ်ပြန်ရေးအဖွဲ့ ထုတ်ပြန်
မလိုလားအပ်သော ပြဿနာများ မဖြစ်ပေါ်စေရန်နှင့် နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးတို့အတွက် ရန်ကုန်တိုင်းအတွင်းသို့ သပိတ်စစ်ကြောင်းများ ၀င်ရောက်ခြင်း မပြုရန် အစိုးရ သတင်းထုတ်ပြန်ရေးအဖွဲ့က ဖေဖော်ဝါရီ ၁၃ ရက်တွင် သတင်း ထုတ်ပြန်ခဲ့ သည်။
ဆန္ဒပြ ကျောင်းသားကျောင်းသူများ သိရှိနိုင်ရန်အတွက် ထုတ်ပြန်ခဲ့သည့် သတင်းထုတ်ပြန်ချက်တွင် ဖေဖော်ဝါရီ ၁၁ ရက်က ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အစိုးရကိုယ်စားလှယ်များ၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များ၊ NNER ကိုယ်စားလှယ်များ၊ ဒီမိုကရေစီပညာရေး လှုပ်ရှားမှု ဦးဆောင်ကော်မတီမှ ကျောင်းသား ကိုယ်စားလှယ် များနှင့် လေး ပွင့်ဆိုင် တွေ့ဆုံညှိနှိုင်းဆွေးနွေးရာတွင် တောင်းဆိုချက် (၁၁) ချက်နှင့် ပတ်သက်၍ နှစ်ဖက်သဘောတူညီချက်များ ရရှိခဲ့ကြပြီး ဖြစ်ကြောင်း၊ ထို့အပြင် အခြားသဘောတူညီချက်များကိုလည်း လိုက်လျောပေးထားပြီးဖြစ်၍ သပိတ် စစ်ကြောင်းများ ရန်ကုန်မြို့သို့ ဦးတည်ချီတက်ခြင်း မပြုရန် အဆိုပါ ညှိနှိုင်းအစည်းအဝေး၌ ပြောကြားထားပြီးဖြစ်ကြောင်း ပါရှိသည်။ အဆိုပါ ဆွေးနွေးပွဲရလဒ်များကို ဆက်လက်အကောင် အထည် ဖော်ရန် အတွက် ဖေဖော်ဝါရီ ၁၄ ရက်တွင် လေးပွင့်ဆိုင် ထပ်မံတွေ့ဆုံဆွေးနွေးရန်
စင်ကာပူတွင် မြန်မာအမျိုးသမီး အိမ်အကူတစ်ဦး တိုက်အမြင့် မှ ပြုတ်ကျေ သဆုံးမှုအပေါ် မိသားစုက သံသယ ရှိသည့်အတွက် အမှုမှန်ပေါ်ပေါက်ရေး အကူအညီ တောင်းခံ
စင်ကာပူတွင် မြန်မာအမျိုးသမီး အိမ်အကူတစ်ဦး တိုက်အမြင့်မှ ပြုတ်ကျေ သဆုံးခဲ့သည့်အပေါ် မိသားစုက သံသယ ရှိသည့်အတွက် အမှုမှန်ပေါ်ေ ပါက်ရေး အကူအညီ တောင်းခံထားကြောင်း ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင်းလင်းလူ့အဖွဲ့အစည်းမှ အလုပ်သမားရေးရာ တာဝန်ခံ မမာမာဦး က ပြောကြားသည်။
ပြီးခဲ့သည့် ၂၀၁၄ ခုနှစ်အတွင်းက စင်ကာပူသို့ အိမ်အကူအဖြစ် သွားရောက် လုပ်ကိုင်ခဲ့သည့် မတင်နီလာအောင်သည် နိုဝင်ဘာလ အကုန်က တိုက်အမြ င့်ပေါ်မှ ပြုတ်ကျသေဆုံးမှု ဖြစ်ပွားခဲ့သည်ဟု သိရသည်။
“အလောင်း ဒီကိုရောက်လာတဲ့ အချိန်မှာ မှုခင်းဆရာဝန် စစ်ချက်တွေ မပါ လာဘူး။ ပြီးတော့ ခန္ဓာကိုယ်မှာလည်း နှိပ်စက်ထားတဲ့ ဒဏ်ရာတွေ တွေ့ တယ်။ အလုပ်လုပ်တဲ့ နေရာကတခြား သေတဲ့နေရာကတခြား ဖြစ်နေတယ်။ နောက် labour က မိသားစုကို လက်မှတ်ထိုးခိုင်းတဲ့ စာထဲမှာ သူ့ဘာသာသူ ခုန်ချေ သ တယ်ဆိုပြီး ပါတယ်။ ဒါကြောင့် မိသားစုဘက်က ဒီအမှုကို သံသယဖြစ်ပြီး ဘာကြောင့် သေရတယ်ဆိုတဲ့ အမှုမှန် ပေါ်ပေါက်ဖို့ လာရောက်အ ကူ အညီ တောင်းခံထားတာပါ” ဟု ၈၈ မျိုးဆက် ငြိမ်းချမ်းနှင့် ပွင့်လင်းလူ့ အဖွဲ့အ စည်း က မမာမာဦးက ဆိုသည်။
“နောက်ဆုံးသိရတဲ့ သတင်းအရတော့ စင်ကာပူက မြန်မာသံရုံးမှာ မူခင်း စစ်ဆေးချက်ကို ဖတ်ပြမယ်လို့ သိရပါတယ်” ဟု ၎င်းက ဆက်လက်ြေ ပာကြား သည်။
ကျဆုံး အစိုးရ စစ်သည်များ၏ သားသမီးများ ပညာရေးအတွက် ဦးတေဇ သိန်း တစ်ထောင်လှူမည်
ရန်ကုန် (မဇ္ဈိမ)။ ။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်ဒေသတွင် အစိုးရ တပ်နှင့် ဖုန်ကြားရှင်ဦးဆောင်သည့် တပ်ပေါင်းစုတို့ ကြား ဖြစ်ပွား ခဲ့သည့် တိုက်ပွဲအတွင်း ကျဆုံးသွားသည့် အစိုးရစစ်သည်များ၏ သားသမီးများ ပညာရေးအတွက် ထူးဖောင်ဒေးရှင်၏ နာယကဖြစ်သူ ဦးတေဇမှ ငွေကျပ် သိန်းတစ်ထောင်လှူဒါန်းသွားမည်ဟု ထူးဖောင်ဒေးရှင်း၏ လူမှုကွန်ယက် စာမျက်နှာတွင် လွန်ခဲ့သည့် မိနစ်သုံးဆယ်က ရေးသားထားသည်။
“တိုက်ပွဲတွင် ကျဆုံးသွားခဲ့ကြသော တပ်မတော်သားများအတွက် ထူးဖောင်ေ ဒးရှင်းမှ ကျန်ရစ်သော မိသားစုများနှင့် ထပ်တူ ဝမ်းနည်းေ ကြကွဲမိ ပါသည်” ဟုလည်း ထူးဖောင်ဒေးရှင်း၏ လူမှုကွန်ယက် စာမျက်နှာတွင် ရေးသား ထားသေးသည်။
အမေရိကန်စစ်သည်များ ရှိနေသည့် လေတပ်စခန်း တစ်ခုအနီးရှိ မြို့တစ်မြို့ကို အိုင်အက်စ်တပ်များ သိမ်းပိုက်
အီရတ် အနောက်ပိုင်းရှိ မြို့တစ်မြို့ကို အစ္စလာမ်မစ် နိုင်ငံတော် (အိုင်အက်စ်) စစ်သွေးကြွ အဖွဲ့များက သိမ်းပိုက်ခဲ့ပြီးနောက် အီရတ်အခြေစိုက် အမေရိကန် တပ်ဖွဲ့ဝင်များ ရှိနေသည့် လေတပ်စခန်း တစ်ခု၏ လုံခြုံရေးကို ခြိမ်းခြောက် လာနေပြီဖြစ်ကြောင်း သတင်းများက ဖော်ပြခဲ့သည်။
အိုင်အက်စ် တပ်များသည် အယ်လ်ဘဂ္ဂဒက်ဒီမြို့၏ (၉၀)ရာခိုင်နှုန်းမျှကို ထိန်းချုပ်ထားလိုက်ပြီဟု သိရသည်။ အဆိုပါမြို့သည် စစ်ရေးအရ အချက်အခြာကျသည့် အန်ဘာခရိုင်အတွင်း ရာမာဒီမြို့ အနောက်မြောက်ဘက် မိုင်(၅၀)မျှ အကွာတွင် တည်ရှိသည်။ ထို့အပြင် အမေရိကန် မရိန်းတပ်ဖွဲ့ဝင် ရာဂဏန်းမျှ တပ်စွဲထားပြီး အီရတ်စစ်သည်များကို လေ့ကျင့်ပေးနေသည့် လေတပ်စခန်း တစ်ခုနှင့်လည်း မိုင်အနည်းငယ်မျှသာ ကွာဝေးသည်။
အယ်လ်ဘဂ္ဂဒက်ဒီကို လအနည်းငယ်မျှ ကြာသည်အထိ ဆွန်နီအစ္စလာမ်မစ် အစွန်းရောက် စစ်သွေးကြွများက ဝန်းရံ ပိတ်ဆို့ထားပြီးနောက် ယခုအခါ မြို့၏ အစိတ်အပိုင်း အားလုံးနီးပါး အိုင်အက်စ်တို့လက် ကျရောက်သွားခြင်း ဖြစ်သည်။ အိုင်အက်စ် တပ်ဖွဲ့များသည် ပြီးခဲ့သည့်နှစ်မှ စတင်ကာ အီရတ် အနောက်ပိုင်းရှိ ဒေသအများအပြားကို ကျယ်ကျယ်ပြန့်ပြန့် ထိန်းချုပ် သိမ်းပိုက်လာနိုင်ခဲ့သည်။
ရက်စက်ကြမ်းကြုတ်မှုများကြောင့် နာမည်ဆိုးနှင့် ကျော်ကြားသော အိုင်အက်စ် တပ်များသည် ဖေဖော်ဝါရီ ၁၂ ရက်က အယ်လ်ဘဂ္ဂဒက်ဒီမြို့ကို စစ်ကြောင်းနှစ်ခုဖြန့်ကာ ထိုးဖောက် ဝင်ရောက်ခဲ့ကြောင်း အီရတ် ထောက်လှမ်းရေး ဌာနက ပြောကြားခဲ့သည်။
ကတိသစ္စာမဲ့ခြင်းကြောင့် လောက်ကိုင်တိုက်ပွဲဖြစ်ပွားရဟု တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ပြော
ရန်ကုန် (မဇ္ဈိမ) ။ ။ အစိုးရတပ်သည် မည်သည့်လက်နက် ကိုင်ဌာနချုပ်ကိုမျှ သွားရောက် တိုက်ခိုက်ခဲ့ခြင်း မရှိဘဲ လောက်ကိုင် ဒေသတွင် လတ်တလောဖြစ်ပွားနေသည့် တိုက်ပွဲများမှာလည်း ကတိသစ္စာမဲ့ခြင်းကြောင့် ဖြစ်ရသည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နေပြည်တော်တွင်ရောက်ရှိနေသည့် တိုင်းရင်းသား လက်နက်ကိုင်(၁၃)ဖွဲ့နှင့် ဖေဖော်ဝါရီ ၁၃ ရက်က တွေ့ဆုံစဉ် ပြောလိုက်သည်။
ရှမ်းပြည်မြောက်ပိုင်း၊ လောက်ကိုင်ဒေသတွင် ဖုန်ကြားရှင်ဦးဆောင်သည့် ကိုးကန့်လက်နက်ကိုင် တပ်ဖွဲ့အပါအဝင် တပ်ပေါင်းစုအဖွဲ့နှင့် အစိုးရစစ်တပ်တို့အကြား လတ်တလောဖြစ်ပွားနေသည့် တိုက်ပွဲများကို ရည် ညွှန်းပြီး ''ငြိမ်းချမ်းရေးလို့ ပါးစပ်ကပြောပြီးတော့ စစ်မြေပြင်မှာ ဒီလိုဆောင်ရွက်တာတော့ မသင့် တော် ဘူးပေါ့။ သစ္စာမဲ့ရာ ကျတယ်လို့ပြောပါတယ်'' ဟု တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သည့် ဗိုလ်မှူးကြီးခွန် ဥက္ကာက မဇ္ဈိမကို ပြောသည်။
အထက်ပါပြောဆိုချက်သည်မည်သည့် အဖွဲ့ဟု ကာကွယ်ရေးဦးစီးချုပ်က အတိအကျ ရည်ညွှန်းပြောဆိုခြင်း မရှိသော်လည်း သက်သေများရရှိထားပြီး မကြာခင် သတင်းစာရှင်းလင်းပွဲတစ်ရပ် ပြုလုပ်သွားမည်ဟု အချိန်တစ်နာရီကျော်ကြာ တွေ့ဆုံခဲ့သည့် ဆွေးနွေးပွဲတွင် ကာချုပ်ကပြောဆိုခဲ့သည်ဟု ၎င်းက ဆိုသည်။
''သူတို့ မြန်မြန်လုပ်မယ်ထင်မယ်။ တော်တော်ပူပူလောင်လောင်ဖြစ်နေတာ။ တပ်ဖက်က တော်တော်လေး အထိနာနေတာ။ တပ်မတော်ဘက်က အထိအခိုက် အကျအဆုံးတွေသိပ်များနေတယ်။ ဟိုဘက်က လက်နက်လည်း တော်တော်ကောင်းတယ်ပြောတယ်။ တပ်မတော်ဘက်က အထိနာတဲ့သဘောရှိတယ်။ ဒါကြောင့် တပ်မတော် အကြီးအကဲအနေနဲ့လည်း သူမခံမရပ်နိုင်ဖြစ်ချင်လည်း ဖြစ်မှာပေါ့ဗျာ'' ဟု ၎င်းက ပြောသည်။
ယခုလ ၉ ရက်ကစပြီး ဖုန်ကြားရှင်ဦးဆောင်သည့် ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)၊ တအာင်းတပ်မတော် (TNLA)၊ ရခိုင်တပ်မတော် (AA)နှင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည် တပ်မတော်(SSPP/SSA)စသည့် တပ်ပေါင်းစုအဖွဲ့များနှင့် အစိုးရတပ် တို့အကြား တိုက်ပွဲများ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေခြင်း ဖြစ်သည်။
တပ်မတော်ကာကွယ်ဦးရေးဦးစီးချုပ် နှင့် တွေ့ဆုံခဲ့သူတစ်ဦးဖြစ်သူ ရှမ်းပြည်ပြန် လည်ထူထောင်ရေး ကောင်စီ (RCSS/SSA)မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စိုင်းလှကလည်း''အခုတိုက်ပွဲမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေက ပါဝင်ပတ်သက် နေတဲ့အကြောင်း တပ်မတော်အနေနဲ့ သိရှိထားပြီး ဖြစ်ပါတယ် ဆိုတဲ့အကြောင်း ပေါ့လေ။ အဲ့ဒီကိစ္စမှာပြန်ပြီးတော့ တာဝန်ယူရမှာဖြစ်ကြောင်း သူက အဲ့လိုပောပါတယ်'' ဟု မဇ္ဈိမကို ပြောသည်။
တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့် တွေ့ဆုံစဉ် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က လောက်ကိုင်ဒေသ တိုက်ပွဲဖြစ်စဉ် အပါအ၀င် တပ်မတော်၏ အမျိုးသားရေးမူများကို ရှင်းပြ
တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သည့် တပ်မတော်အဆင့်မြင့် အရာရှိကြီးများနှင့် ပြည်ထောင်စုနေ့ အခမ်းအနားသို့ တက်ရောက်လာသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ၁၃ ဖွဲ့မှ ကိုယ်စားလှယ်များသည် ဖေဖော်ဝါရီ ၁၃ ရက် က နေပြည်တော်တွင် တစ်နာရီကျော်ကြာ တွေ့ဆုံဆွေးနွေးခဲ့ရာ ထိုသို့ေ တွ့ဆုံစဉ် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က လောက်ကိုင်ဒေသ တိုက်ပွဲဖြစ်စဉ် အပါအ၀င် တပ်မတော်၏ အမျိုးသားရေး မူဝါဒများကို ရှင်းပြခဲ့ကြောင်း ဆွေးနွေးမှုတွင် ပါဝင်သည့် တိုင်းရင်းသား အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များထံက သိရသည်။
အဆိုပါ တွေ့ဆုံပွဲတွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ယခုရက် ပိုင်းအတွင်း လောက်ကိုင်ဒေသတွင် တပ်မတော်နှင့် ကိုးကန့်တိမ်းရှောင်အဖွဲ့ တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း၊ ဖုန်ကြားရှင် ဦးဆောင်သော ကိုးကန့် တိမ်းရှောင်အဖွဲ့များသည် ကျေးရွာပြည်သူ့စစ်များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့များ၊ မိမိ တပ်ဌာနချုပ်များကို စတင်တိုက်ခိုက်ခြင်းကြောင့် ယင်းတိုက်ပွဲများ ဖြစ်ပွားခဲ့ရခြင်းဖြစ်ကြောင်း၊ တိုက်ပွဲများတွင် တပ်မတော်မှ ထိခိုက်ကျဆုံးမှုများလည်းရှိပြီး ဖြစ်စဉ်အမှန်အတိုင်း သတင်း ထုတ်ပြန် ခဲ့ကြောင်း၊ မိမိတို့ တပ်မတော်အနေဖြင့် အသိအမှတ်ပြုထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ၏ ဌာနချုပ်များ၊ စခန်းများအား တိုက်ခိုက်မှု လုံးဝမရှိကြောင်း၊ ကိုးကန့်တိမ်းရှောင်အဖွဲ့များနှင့် တိုက်ပွဲဖြစ်စဉ်များတွင် အချို့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ၏ ပါဝင်ပတ်သက်မှုများ အထောက်အထားနှင့် ရှိနေကြောင်း၊ ယင်းအတွက်လည်း တာဝန်ယူရမည်ကို ပြောကြားလိုကြောင်း၊ ငြိမ်းချမ်းရေး အပစ်အခတ် ရပ်စဲရေးဆိုသည့် စကားများ ဆိုနေကြချိန်တွင် စတင်တိုက်ခိုက်ပါက မူသဘောထားကို များစွာ စဉ်းစားရမည်ဖြစ်ကြောင်း၊ မကြာမီ တပ်မတော်အနေဖြင့် သတင်းစာရှင်း လင်းပွဲ ပြုလုပ် သွားမည်ဖြစ်ေ ကြာင်း စသည်တို့ကို ပြောကြားခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ သတင်းဖော်ပြချက်အရ သိရသည်။
“၀” ပြည်သွေးစည်းညီညွတ်ရေး တပ်ဖွဲ့(UWSA) ၏ ကိုယ်စားလှယ်နှင့် မိုင်းလားအဖွဲ့မှ ကိုယ်စားလှယ်များက လောက်ကိုင်ဒေသ ဖြစ်စဉ်တွင် ၎င်းတို့အနေဖြင့် စစ်ရေးအရ၊ နိုင်ငံရေးအရ ပါဝင်ပတ်သက်မှု ကူညီထောက်ပံ့မှု မရှိဟု ငြင်းဆိုခဲ့ကြောင်း သိရသည်။
လေကြောင်းတိုက်ခိုက်မှုမလုပ်ရန် တိုင်းရင်းသားပါတီများ တောင်းဆို
ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်စဉ်ကာလအတွင်း နှစ်ဖက်တပ်တွေ စစ်ရေးလှုပ်ရှားမှု အရှိန်တိုးမြှင့်တာနဲ့ လေကြောင်း စစ်ဆင်တာတွေမလုပ် ဘဲ ရှောင်ရှားဖို့ တိုင်းရင်းသား ပါတီတွေက တောင်းဆိုလိုက်ပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းကနေပြည်တော်မှာ ကျင်းပတဲ့ ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း (NBF) ရဲ့ ၂၁ ကြိမ် မြောက် ပုံမှန်အစည်းအဝေး အပြီး ကြေညာ ချက်ထုတ်ပြန် တိုက်တွန်းတောင်းဆိုလိုက်တာပါ။
ဒီကြေညာချက်မှာ ၂၀၀၈ ဖွဲ့စည်းပုံကို ရွေးကောက်ပွဲ မတိုင်မီ ပြင် ဆင်ဖို့ နဲ့ ရွေးကောက်ပွဲမှာ NBF အဖွဲ့ဝင်ပါတီတွေ အနေနဲ့ သက်ဆိုင်တဲ့ မဲဆန္ဒနယ်မြေတွေမှာ အပြည့်ဝင်ပြိုင်မှာ ဖြစ်ပြီး တိုင်းရင်သား ပါတီတွေ အချင်းချင်း ထိပ်တိုက်ယှဉ်ပြိုင်မှုမဖြစ်ဖို့ ညှိနှိုင်းဆောင်ရွက်သွားမယ်လို့ လည်း ပါရှိပါတယ်။
ပြည်ပရောက် အိမ်အကူလုပ်သားတွေရဲ့ဘ၀ကံကြမ္မာ
ဟောင်ကောင်မှာ အိမ်ဖော်တဦးကို ကိုယ်ထိ လက်ရောက် နှိပ်စက်ညှဉ်းပန်းမှုနဲ့ အိမ်ရှင်အမျိုးသမီးကို အပြစ်ရှိေ ကြာင်း ဟောင်ကောင်တရားရုံးတခုက ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာ ဆုံးဖြတ်ချက် ချမှတ်လိုက်ပါတယ်။ ဒီအမှုအတွက် နိုင်ငံတကာက စိတ်ဝင်တစား ဂရုပြုလာခဲ့ကြပေမဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေကတော့ ဒါဟာ မြို့ကြီးတွေမှာ အိမ်ဖော်အဖြစ် သွားပြီး အလုပ်လုပ်နေရသူတွေရဲ့ ဘ၀တွေ တိုးတက်ပြောင်းလဲဖို့ လမ်း ရှိ - မရှိ မေးခွန်းတွေ ထုတ်လာကြပါတယ်။ ဒီအကြောင်း ဗွီအိုအေသတင်းထောက် Shannon Van Sant ဟောင်ကောင်ကနေ ပေးပို့ထားတဲ့ သတင်းလွှာအပေါ် အခြေခံပြီး ပြည်ပမှာ အိမ်ဖော်အဖြစ် သွားရောက် အလုပ်လုပ်ဖို့ ကြိုးစားကြတဲ့ မြန်မာအမျိုးသမီးတွေရဲ့ အရေးနဲ့ ပတ်သက်လို့လည်း ဒီသီတင်းပတ် အမျိုးသမီးကဏ္ဍမှာ ဒေါ်လှလှသန်းက တင်ဆက်ထားပါတယ်။
VOA
ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်အား ဂျာမနီနိုင်ငံ Prisma Group မှ Director ဖြစ်သူ Mr. Nicolas Yllera ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့မှ လာရောက်တွေ့ဆုံ
စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်အား ဂျာမနီနိုင်ငံ Prisma Group မှ Director ဖြစ်သူ Mr. Nicolas Yllera ဦးဆောင်သော ကိုယ်စား လှယ်အဖွဲ့သည် ယနေ့နံနက် (၈) နာရီခွဲတွင် ဝန်ကြီး၏ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် Mr. Nicolas Yllera က ၎င်းတို့၏ Prisma Group သည် ဂျာမနီနိုင်ငံတွင် စီးပွားရေး လုပ်ငန်းများနှင့် ပတ်သက်၍ သတင်းဆောင်းပါးများ ရေးသားဖော်ပြပြီး ကမ္ဘာနှင့်အဝှမ်းတွင် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ကူညီပေးလျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံတွင် လည်း စက်မှုကဏ္ဍနှင့် ပတ်သက် ၍ ဂျာမနီနိုင်ငံမှ
ငွေကျပ် သိန်းသုံးသောင်းကျော် ရင်းနှီးမြှုပ်နှံ၍ POKKA အချိုရည် စက်ရုံတစ်ရုံ တည်ဆောက်မည်
ရန်ကုန်တိုင်း ဒေသကြီး မင်္ဂလာဒုံမြို့နယ် မင်္ဂလာဒုံ စက်မှုဇုန် အတွင်း၌ကောင်းထက် (မြန်မာ) ကုမ္ပဏီလီမိ တက် မှ ငွေကျပ်သိန်း သုံးသောင်းကျော် ရင်းနှီးမြှုပ်နှံ၍ POKKA အချိုရည် စက်ရုံတစ်ရုံကို ဧပြီလတွင် စတင် တည်ေ ဆာက်မည် ဖြစ်ကြောင်း ကောင်းထက် (မြန်မာ) ကုမ္ပဏီလီမိတက်မှ ဒါရိုက်တာ ဦးမင်းဗညားစန်းက ပြောသည်။
အဆိုပါ POKKA အချိုရည်စက်ရုံကို မြေ ၁ဝ ဧကတွင် ဆောက်လုပ်မည်ဖြစ်ပြီး ဒီဇင်ဘာလတွင် အပြီး တည်ဆောက် သွားမည် ဖြစ်ကာ ၂ဝ၁၆ ခုနှစ် ဇန်နဝါရီလတွင် စတင် ထုတ်လုပ်မည် ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောသည်။
POKKA အချိုရည်ကို မြန်မာနိုင်ငံတွင် ထုတ်လုပ်ခြင်းမှာ နိုင်ငံတကာ အရည်အသွေးမီ POKKA အမှတ်တံဆိပ် အချိုရည်မျိုးစုံကို ပြည်တွင်း၌ ဈေးနှုန်း ချိုသာစွာ ဝယ်ယူနိုင်ရန် ရည်ရွယ်ခြင်း ဖြစ်သောကြောင့် အချိုရည်တစ်ဘူး လျှင် ငွေကျပ် ၃ဝဝ ၊ ၄ဝဝ နှုန်းဖြင့် ရောင်းချ သွားမည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်မြို့၌ တံဆိပ်ခေါင်းပြပွဲနှင့် ဈေးရောင်းပွဲ ကျင်းပမည်
ပြည်တွင်းရှိ တံဆိပ်ခေါင်း စုဆောင်းသူ ဝါသနာရှင်များ စုပေါင်း၍ တံဆိပ်ေ ခါင်းပြပွဲနှင့် ဈေးရောင်းပွဲကို ဖေဖော်ဝါရီ ၁၅ ရက်တွင် ရန်ကုန် တိုင်း ဒေ သကြီး ကျောက်တံတားမြို့နယ် ပန်းဆိုးတန်းလမ်း (အလယ်ဘလောက်)ရှိ ပညာရွှေတောင် ပန်းချီခန်းမ၌ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံ တစ်ဝန်းရှိ တံဆိပ်ခေါင်း စုဆောင်းသူ ဝါသနာရှင်များ ပြန်လည် ဆုံစည်း နိုင်စေရန်၊ ဝါသနာရှင် အသစ်များ တိုးပွားလာစေရန်၊ ပြည်သူလူထု အတွင်း တံဆိပ် ခေါင်း စုဆောင်းသော ဝါသနာရှင်များ ကျယ်ကျ ယ်ပြန့် ပြန့် ဖြစ်လာစေရန်နှင့် မျိုးဆက်သစ် လူငယ်ဝါသနာရှင်များ ထပ်မံပေါ်ထွန်းလာစေရန် စသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပရန် စီစဉ်ခြင်း ဖြစ်သည်။
၎င်းပြပွဲတွင် မြန်မာနိုင်ငံ အပါအဝင် နိုင်ငံတကာမှ ထုတ်ဝေခဲ့သော ရှေးဟောင်းရှားပါး တံဆိပ်ခေါင်းများ၊ အမှတ်တရ အနေဖြင့် ထုတ်ဝေခဲ့သော တံဆိပ်ခေါင်းများနှင့် ရည် ရွယ်ချက် အမျိုးမျိုးဖြင့် ထုတ်လုပ် ဖြန့်ချိခဲ့သော တံဆိပ်ခေါင်းများအား ခင်းကျင်းပြသခြင်းကိုသာ အဓိက ဆောင်ရွက်သွားမည် ဖြစ်သော်လည်း လာရောက်ကြည့်ရှုသူများ အမှတ်တရဖြစ်စေရန် တံဆိပ်ခေါင်း စုဆောင်းသူများ အသင်း၏ ရန်ကုန် ဖေဖော်ဝါရီ ၁၃
ပြည်တွင်းရှိ တံဆိပ်ခေါင်းစုဆောင်းသူ ဝါသနာရှင်များစုပေါင်း၍ တံဆိပ်ခေါင်းပြပွဲ နှင့် ဈေးရောင်းပွဲကို ဖေဖော်ဝါရီ ၁၅ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး ကျောက်တံတားမြို့ နယ် ပန်းဆိုးတန်းလမ်း(အလယ်ဘလောက်) ရှိ ပညာရွှေတောင်ပန်းချီခန်းမ၌ ကျင်းပ သွားမည်ဖြစ်ကြောင်း သိရသည်။
Thursday, February 12, 2015
တိုက်ပွဲဝင်တပ်မတော်သားများကို ဂုဏ်ပြုသောအားဖြင့် စစ်ဝတ်စုံ၊ မြန်မာဝတ်စုံများဖြင့် ဓါတ်ပုံရိုက် ဖေ့စ်ဘွခ်တင်မယ်ဆိုတဲ့ ဇာဇာထက်
ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်း လောက်ကိုင်တွင် တိုက်ပွဲဝင်နေသည့် တပ်မတော်သားများအား ဂုဏ်ပြုသောအားဖြင့် စစ်ဝတ်စုံ ၊ မြန်မာဝတ်စုံများ ရိုက်ကာ ဖေ့စ်ဘွခ်တင် သွားမည်ဖြစ်ကြောင်း Sexy မော်ဒယ် ဇာဇာထက် က News Watch ဂျာနယ်သို့ပြောသည်။
“အစ်မအမြဲတမ်း sexy ပုံရိုက်တယ်။ အစ်မက sexy ပုံကို Professional ရိုက်တယ်။ ဒါပေမဲ့ အခု ကိုယ်မလုပ်နိုင်တဲ့အရာတွေကိုလုပ်တဲ့အတွက်ရယ် မြန်မာလူမျိုးဖြစ်တဲ့အတွက်ရယ် တိုက်ပွဲဝင်တဲ့ ရဲဘော်တွေအတွက် ဘုရား သွားမယ်။ ကောင်းမှုကုသိုလ်တွေကို တတ်နိုင်တဲ့ဘက်က ပြုလုပ်ပေးမယ်။ ရဲဘော်တွေကို ဂုဏ်ပြုတဲ့အနေနဲ့ နေ့တိုင်း တပတ်လုံးလုံး မြန်မာဝတ်စုံလေး တွေကို ရိုက်ပြီး Facebook တင်မှာပါ။ စစ်ဝတ်စုံနဲ့ အလှမပြင်ဘဲ အလေးပြု တဲ့ပုံကို ရိုးရိုးလေးပဲရိုက်ပြီးတင်မှာပါ။” ဟု ၄င်းကပြောသည်။
လောက်ကိုင်တိုက်ပွဲကြောင့် ဒေသခံထောင်ချီ လားရှိုးအထိ ထွက်ပြေးတိမ်းရှောင်
ရှမ်းပြည်နယ်မြောက်ပိုင်း လောက်ကိုင်ဒေသတွင် တပ်မတော်နှင့် ဖုန်ကြားရှင် ခေါင်းဆောင်သော ကိုးကန့် လက်နက်ကိုင်အဖွဲ့ တိုက်ပွဲများ ဖြစ်ပွားနေခြင်းကြောင့် ထောင်နှင့်ချီသော ဒေသခံများမှာ လားရှိုးမြို့အထိ ထွက်ပြေး တိမ်းရှောင်လာကြောင်း မန်ဆူရှမ်းကျောင်းဆရာတော် ဘဒ္ဒန္တ ပုညနန္ဒက ပြောကြားသည်။
“မနေ့တည်းက စစ်ရှောင်ပြည်သူတွေ တဖွဲဖွဲရောက်လာတယ်။ ဝန်ထမ်းတွေရော ဒေသခံတွေပါ ပါတယ်။ တစ်ချို့က ဒီမနက်မှာ နေရပ်အသီးသီးကို ပြန်သွားကြပြီ၊ တစ်ချို့လည်း ထပ်ရောက်လာနေတုန်းပဲ။ တရုတ်နှစ်သစ်ကူး အထိ ဆက်တိုက်မယ်လို့ ကိုးကန့် လက်နက်ကိုင်တွေဘက်က ခြိမ်းခြောက်တဲ့ သတင်းတွေ ထွက်နေတဲ့အတွက် တစ်ချို့က မပြန်ရဲကြဘူး” ဟု ဆရာတော်က ဆိုသည်။
လက်ရှိအချိန်အထိ၌ မန်ဆူဘုန်းကြီးကျောင်းတွင် စစ်ရှောင်ပြည်သူ ၁၀၀ ခန့်ရှိနေပြီး စားရေးသောက်ရေး အတွက် လားရှိုးမြို့ရှိ အဖွဲ့အစည်းများမှ လာရောက်လှူဒါန်းမှုများ ရှိကြောင်း သိရသည်။
လောက်ကိုင်ဒေသ တည်ငြိမ်အေးချမ်းရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိ
တပ်မတော်၏ အဓိကတာဝန်သည် နိုင်ငံတော်ရှိ ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်နှင့် နိုင်ငံတော်၏ အကျိုးစီးပွားကို လုံလုံခြုံခြုံ ကာကွယ်စောင့်ရှောက်ရန် ဖြစ်သည်နှင့်အညီ ပြည်သူ အေးချမ်းတည်ငြိမ်စွာ နေထိုင်ရပ်တည် နိုင်ရေးကို အနှောင့်အယှက်ဖြစ်သော ရန်ဟူသမျှကို ဖယ်ရှားရှင်းလင်းရန် အသက်ခန္ဓာအပ်နှင်း၍ တာဝန်ထမ်းဆောင်လျက် ရှိပါသည် ။
တပ်မတော်သည် နိုင်ငံတော်၏ အချုပ်အခြာအာဏာ ပိုက်နက်နယ်မြေ မှန်သမျှကို တာဝန်နှင့်အညီ ကာကွယ် စောင့်ရှောက်နိုင်ရန် အတွက် နယ်မြေစိုးမိုးရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာတွင် ဖေဖော်ဝါရီ ၉ ရက်နေ့မှ စတင်၍ လောက်ကိုင် နယ်မြေအတွင်း ဖုန်းကြားရှင်ဦးဆောင်သော ကိုးကန့်တိမ်းရှောင် အင်အားစုများနှင့် တွေ့ဆုံတိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့ပါသည် ။
ဖေဖော်ဝါရီ ၉ ရက်နေ့တွင် ကိုးကန့်တိမ်းရှောင် အဖွဲ့မှ အင်အားစု အချို့သည် လက်နက်ငယ် ကိုယ်စီ ကိုင်ဆောင်၍ ကွမ်းလုံမြို့ မြောက်ဘက်ရှိ တောက်ရွှေကျေးရွာသို့ မော်တော်ယာဉ်များဖြင့် ရောက်ရှိလာကာ ကျေးရွာ ပြည်သူ့စစ်များထံမှ လက်နက်ငယ် ၈ လက်အား သိမ်းယူသွားခဲ့သည် ။ ၎င်းတို့ ပြန်လည် ထွက်ခွာရာ တစ်လျောက် တပ်မတော် စစ်ကြောင်းများက လိုက်လံရှင်းလင်းရာမှ ကြိုတင်နေရာယူပြီး ယာယီ ခံစစ်ယူထားသည့် သောင်းကျန်းသူ အင်အားစုများနှင့် တွေ့ဆုံတိုက်ပွဲ ဖြစ်ပွားခဲ့ရာ တိုက်ခိုက်ရေး ရဟတ်ယာဉ် တို့ဖြင့် ပစ်ကူပေး ပေးခဲ့ရပြီး ဖြစ်စဉ်တွင် တပ်မတော်မှ အရာရှိ ၄ ဦး ၊ စစ်သည် ၇ ဦး ကျဆုံးကာ ၊ အရာရှိ ၂ ဦး စစ်သည် ၁၁ ဦး ဒဏ်ရာ ရရှိခဲ့သည် ။
Telenor ၏ ကိုယ်ပိုင် အင်တာနက်ဆက်ကြောင်း ချိတ်ဆက်ပြီးစီးပြီဟုဆို
ထိုင်းနိုင်ငံဘက်မှ အင်တာနက် ဆက်ကြောင်းကို ငှားရမ်းအသုံးပြုနေရသည့် Telenor သည် ၎င်းတို့၏ ကိုယ်ပိုင်အင်တာနက် ဆက်ကြောင်းအား ယခုလမှစတင်၍ ချိတ်ဆက်နိုင်ခဲ့သည်ဟု Telenor ၏ ပြန်ကြားရေး တာဝန်ခံက ပြောသည်။
Telenor ၏ ကိုယ်ပိုင်အင်တာနက် ဆက်ကြောင်းသည် Bandwidth ပမာဏအနေဖြင့် 10 GB ရှိသည်ဟု သိရပြီး အဆိုပါ အင်တာနက် ဆက်ကြောင်းရရှိရန် လပေါင်းများစွာ ဆောင်ရွက်ခဲ့ရသည် ဟု သိရသည်။
ကိုယ်ပိုင်အင်တာနက် ဆက်ကြောင်းနှင့် ပတ်သက်၍ Telenor ၏ CEO ဖြစ်သူ Mr. Petter Furberg က “Brandwidth အနေနဲ့ မကန့်သတ်ထားဘူး။ ကြိုက်သလောက် ယူလို့ရတယ်။ စစချင်း မှာတော့ 10 GB ယူသွား မယ်” ဟု ပြောဆိုခဲ့သည်။
Telenor အနေဖြင့် ယခုလအတွင်း ၎င်းတို့ငှားရမ်း အသုံးပြုနေသည့် ထိုင်းနိုင်ငံဘက်မှ ဖိုက်ဘာဆက်ကြောင်း ချို့ယွင်းခဲ့ကြောင်း၊ အဆိုကိစ္စနှင့် ပတ်သက်၍ မိုဘိုင်းအင်တာနက် အသုံးပြုသူများထံ Telenor က တရားဝင် တောင်းပန်ခဲ့သည့်အပြင် ချို့ယွင်းမှုကိုလည်း ရက်ပိုင်းအတွင်း ပြန်လည်ပြုပြင်နိုင်ခဲ့သည်ဟု သတင်းများ ထုတ်ပြန်ခဲ့သည်။
ဖွဲ့စည်းပုံပြင်ရေး ဆန္ဒခံယူဖို့ သမ္မတ သဘောတူ
၂ဝဝ၈ အခြေခံဥပဒေပြင်ဆင်ရေး ပြည်သူ့ဆန္ဒခံယူ ပွဲကို ဒီနှစ်အတွင်း ကျင်းပဖို့ သမ္မတ ဦးသိန်းစိန်က မနေ့က အတည်ပြုလိုက်ကြောင်း လွှတ်တော်အမတ်နှစ် ဦးကို ကိုးကားပြီး ရိုက်တာသတင်းက ဖော်ပြပါတယ်။
ဒီနှစ်ကုန်ပိုင်းမှာ ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲ မတိုင်ခင် မေလဆန်းပိုင်းမှာ အခြေခံဥပဒေပြင် ဆင်ရေး ပြည်သူ့ဆန္ဒခံယူပွဲ ကျင်းပဖို့ သမ္မတက အင်္ဂါနေ့ညနေပိုင်းက အတည်ပြုလိုက်တာလို့ ဆိုပါတယ်။
ဥပဒေအတည်ဖြစ်သွားပြီမို့၊ အခြေခံဥပဒေပြင် ဆင်ရေးပြည်သူ့ဆန္ဒခံယူပွဲကျင်းပဖို့အတွက် မေလ အတွင်း သင့်တော်မယ့်ရက်ကို ရွေးကောက်ပွဲကော် မရှင်အနေနဲ့ မကြာခင် ကြေညာလိမ့်မယ်လို့ မျှော် လင့်ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွှန့်က ပြောဆိုတယ်လို့ ရိုက်တာသတင်းက ဖော်ပြပါတယ်။
NLD မှ ထုတ်ပယ်လိုက်ခြင်းက မိမိရွေးသည့် လမ်းကြောင်းပင်ဖြစ်ကြောင်း ဒေါက်တာသိန်းလွင်ပြော
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မှ ဒေါက်တာသိန်းလွင်အား ထုတ် ပယ်ခြင်းသည် မိမိရွေးချယ်ထား သည့်လမ်းကြောင်းဖြစ်သည်ဟု ဒေါက် တာသိန်းလွင်က ရန်ကုန်တိုင်းမ်သို့ ပြောသည်။
''ကျောင်းသားတွေဘက်က ရပ် ချင်လို့ ကျွန်တော် ဒီလမ်းကိုရွေးချယ် တာပါ''ဟု ယင်းကဆိုသည်။
၁၉၈၈ခုနှစ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စတင်တည်ထောင် စဉ်ကတည်းက တာဝန်ထမ်းဆောင်ခဲ့ရသည့်အတွက် ပါတီအပေါ် သံ ယောဇဉ်ရှိသည်ဟု ¤င်းကဆက်လက်ပြောသည်။
ဖေဖော်ဝါရီ ၁ရက် လေးပွင့်ဆိုင်ဆွေးနွေးပွဲကျင်းပပြီးနောက် အမျိုး သား ဒီမိုကရေစီအဖွဲ့ချုပ်မှ ပထမ အကြိမ် ထုတ်ပြန်ချက် ထုတ်ပြန်စဉ်က တည်းက ပါတီမှထုတ်ပယ်ခံရမည်ဟုမျှော်လင့်ထားကြောင်း ၄င်းကဆိုသည်။
မဘသအနေနှင့် White Card ကိစ္စကို လတ်တလော ဆန္ဒထုတ်ဖော်ရန် မရှိ
ယာယီသက်သေခံကတ်ပြား (White Card) ကိုင်ဆောင်သူများကို အခြေခံဥပဒေ ပြင်ဆင်ရေး လူထုဆန္ဒ ခံယူပွဲ၌ မဲပေးခွင့်ပြုခြင်းနှင့် ပတ်သက်၍ လတ်တလောတွင် ဆန္ဒထုတ်ဖော်ရန် မရှိသေးကြောင်း အမျိုးဘာသာ၊ သာသနာ စောင့်ရှောက်ရေး ဗဟိုအဖွဲ့ (မဘသ) ထံမှ သိရသည်။
ဖေဖော်ဝါရီလ ၁၁ ရက်နေ့ မွန်းလွဲပိုင်းက အင်းစိန်ရွာမ ပရိယတ္တိ စာသင်တိုက်တွင် ပြုလုပ်သည့် အရေးပေါ် အစည်းအဝေးတွင် မဘသ အနေနှင့် အဆိုပါ ပြဿနာကို လက်မခံသော်လည်း နိုင်ငံရေး အခြေအနေများ ရှုပ်ထွေးနေခြင်းကြောင့် ဆန္ဒထုတ်ဖော်သွားမည် မဟုတ်ဘဲ နည်းလမ်းအဆင့်ဆင့် သုံးကာ အဖွဲ့၏ သဘောထားကြေညာချက်များ ထုတ်ပြန်ကာ အစိုးရအဖွဲ့နှင့် ပြည်ထောင်စုလွှတ်တော်များထံ ပေးပို့တောင်းဆိုသွားမည်ဟု ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
ယာယီသက်သေခံကတ်ပြား (White Card) ကိုင်ဆောင်သူများကို အခြေခံဥပဒေ ပြင်ဆင်ရေး လူထုဆန္ဒ ခံယူပွဲ၌ မဲပေးခွင့်ပြုခြင်းမှာ မျိုးစောင့်ဥပဒေ ပြဋ္ဌာန်းရေးလောက် အရေးမကြီးကြောင်း၊ အခြေခံဥပဒေ ပြင်ဆင်ရေးတွင် White Card ကိုင်ဆောင်သူများကို မဲပေးခွင့်ပြုခြင်းသည် တိုင်းပြည်ကို ကြီးကြီးမားမား ထိခိုက်စေမည် မဟုတ်ဘဲ ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင်သာ မဲပေးခွင့် မရရှိစေရန် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း မဘသ၏ ဦးဆောင်ဆရာတော်တစ်ပါး ဖြစ်သူ ဦးဝီရသူက မိန့်ကြားသည်။
သပိတ်မှောက်ကျောင်းသားများ ရန်ကုန်သို့ ရောက်ရှိလာပါကဖြိုခွင်း ရန် အစီအစဉ်မရှိဟုဆို
သပိတ်မှောက်ကျောင်းသား များ ရန်ကုန်သို့ရောက်ရှိလာပါက ဖြို ခွင်းရန် အစီအစဉ်မရှိဟု ကမာရွတ် မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးဇော်ဝင်းက ရန်ကုန်တိုင်းမ်သို့ ပြောသည်။
''သူတို့အဖွဲ့တွေလာလို့ရှိရင် ငါ တို့ ဘာမှမလုပ်ဘူး။ လုပ်ဖို့လဲမရှိဘူး။ သူတို့ဘာသာသူတို့ ဆန္ဒထုတ်ဖော်တာ ဒါဟာဖြစ်ရိုးဖြစ်စဉ်ပဲ''ဟု ရဲမှူးကပြော သည်။
သပိတ်မှောက်ကျောင်းသားများ ရန်ကုန်သို့ ရောက်ရှိလာလျှင်လည်း ရဲတပ်ဖွဲ့ဝင်များ အနေဖြင့် လုံခြုံရေး ဆောင်ရွက်ပေးခြင်း၊ ကာကွယ်ပေး ခြင်း၊ လမ်းရှင်းပေးခြင်းများ ပြုလုပ် ပေးဖွယ်ရှိကြောင်း ၄င်းကဆိုသည်။
သို့သော် ကျောင်းသားများအနေဖြင့် ရန်ကုန်တွင်ဆန္ဒပြမည်ဆိုပါက ခွင့်ပြု ချက်တင်ရမည်ဖြစ်ပြီး ခွင့်ပြုချက် မတင်ပါက ပုဒ်မ(၁၈)ဖြင့် အမှုဖွင့် အရေးယူခံရခြင်း၊ မှတ်တမ်းတင်ထား မှုများရှိကြောင်း ၄င်းကဆက်လက် ပြောသည်။
''မှတ်တမ်းတွေကြည့်ပြီး ဘယ် ကျောင်းသားတွေ ဘယ်တုန်းက ဘယ် ဥပဒေတွေ ချိုးဖောက်ခဲ့တယ်ဆိုတာ ပြန်တူးဆွပြီး အရေးယူလို့ရတယ်''ဟု ရဲမှူးဇော်ဝင်းက ရှင်းပြသည်။
မြန်မာယူ ၂၀ အသင်းနှင့် ဖီဂျီယူ ၂၀ အသင်းတို့ ရန်ကုန်နှင့် မန္တလေးတွင် ခြေစမ်းပွဲနှစ်ပွဲ ကစားမည်
နယူးဇီလန်နိုင်ငံတွင် ကျင်းပမည့် အသက် ၂၀ နှစ်အောက် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲကို ယှဉ်ပြိုင်ခွင့် ရရှိထားသည့် မြန်မာယူ ၂၀ အသင်းနှင့် ဖီဂျီယူ ၂၀ အသင်းတို့ ခြေစမ်းပွဲနှစ်ပွဲ ကစားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က ဖေဖော်ဝါရီလ ၁၁ ရက်နေ့က ထုတ်ပြန်လိုက်သည်။
အဆိုပါ ခြေစမ်းပွဲများကို ရန်ကုန်နှင့် မန္တလေးမြို့တို့တွင် ကစားမည်ဖြစ်ရာ ပထမခြေစမ်းပွဲကို ဖေဖော်ဝါရီ ၁၇ ရက်နေ့ ညနေ လေးနာရီတွင် မန္တလာ သီရိ အားကစားကွင်း၊ ဒုတိယခြေစမ်းပွဲကို ဖေဖော်ဝါရီ ၂၀ ရက်နေ့ ညနေ လေးနာရီတွင် သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင်ကြမည်ဟု ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“ဒီပွဲတွေအတွက် ကွင်းဝင်ကြေး လက်မှတ်အဖြစ် ရိုးရိုးတန်း ကျပ် ၁၀၀၀ နဲ့ အထူးတန်း ကျပ် ၃၀၀၀ သတ်မှတ်ထားတယ်။ အခမဲ့ရုပ်သံလိုင်းကနေ တိုက်ရိုက်ပြသဖို့လည်း ညှိနှိုင်းထားတယ်။ သုံးနိုင်ငံ ဖိတ်ခေါ်ပွဲ စီစဉ်ခဲ့ပေမယ့် ဥဇဘက်အသင်း မလာဖြစ်လို့ ဖီဂျီအသင်းနဲ့ပဲ နှစ်ပွဲကစားဖြစ်သွားတာ” ဟု မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ပြန်ကြားရေးတာဝန်ခံ ဦးဇော်မင်းထိုက်က ရှင်းပြသည်။
မန်စီမြို့နယ်အတွင်းရှိ ဒေသခံများထံမှ ဆန်နှင့် ရိက္ခာပစ္စည်းများအား KIA အဖွဲ့မှအတင်းအကြပ် ကောက်ခံလျက်ရှိ
ကချင်ပြည်နယ်၊ မန်စီမြို့နယ်အတွင်း ရှိ ကျေးရွာများတွင် နေထိုင်သောဒေ သခံများထံမှ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) အဖွဲ့မှ ဆန်နှင့် ရိက္ခာပစ္စည်းများအား အတင်းအကြပ်ကောက်ခံသွားကြောင်း ဒေသခံတစ်ဦး မှ ပြောပြခဲ့ပါသည်။
ဖေဖေါ်ဝါရီလ ၉ ရက်နေ့၊ မနက် ၇ နာရီခွဲအချိန်ခန့်တွင်၊ KIA အဖွဲ့ဝင်များသည် မန်စီမြို့နယ်အတွင်းရှိ ကျေးရွာများမှ တောင်သူများထံမှ ဆန်များတောင်းခံပြီး ဈေးဆိုင်ပိုင်ရှင်များထံမှ ဟင်းချက်စရာပစ္စည်းများနှင့် အသုံးအဆောင်ပစ္စည်းများ အတင်းအကြပ်ယူဆောင်သွားကြောင်း ကျေး ရွာအုပ်ချုပ်ရေးမှူးတစ်ဦးမှ ပြောသည်။
ဝှိုက်ကတ်ကိုင်ဆောင်သူများ မဲပေးခွင့်မရှိတော့
နိုင်ငံတော်သမ္မတ၏ ဖေဖော်ဝါရီ ၁၁ရက်ထုတ်ပြန်ချက် အရ ယာယီ သက်သေခံလက်မှတ် (White Card)များ၏ သက်တမ်း ကုန်ဆုံးရက်မှာ လာမည့်မတ်လ ၃၁ရက်ဖြစ်ပြီး ၀ှိုက်ကတ်ကိုင် ဆောင်သူများ မဲပေးခွင့် မရှိတော့ သလို တရားဝင်တော့မည်မဟုတ် ကြောင်း နိုင်ငံတော်သမ္မတရုံးမှ အကြီးတန်းအရာရှိ တစ်ဦးက ပြောကြားလိုက်သည်။
‘‘တစ်နိုင်ငံလုံးမှာရှိတဲ့ ၀ှိုက်ကတ်တွေ မတ်လနောက်ပိုင်းဆို ရင်တရား မ၀င်တော့ဘူး။ မဲပေး ခွင့်လည်း မရှိတော့ဘူး။ အဲဒါတွေ ပြန်အပ်ပြီးရင် သူတို့မှာ ဘာကတ် မှမရှိတော့ဘူး။ ဒီကြားထဲမှာ အ သိအမှတ်ပြု ကတ်ပြား လိုချင် တယ်ဆိုရင်တော့ နိုင်ငံသားဥပဒေ၊ နည်းဥပဒေတွေနဲ့အညီ စိစစ် ခြင်းခံရမယ်။ ဥပမာ ရိုဟင်ဂျာဆို ပြီး စိစစ်ခံရင်တိုင်းရင်းသားထဲမှာ မရှိတဲ့ အတွက် အကျုံးဝင်မှာမ ဟုတ်ဘူး’’ဟု နိုင်ငံတော်သမ္မတရုံး အကြီးတန်း အရာရှိတစ်ဦးကဆို သည်။
ဂျော်ဒန်၏ အိုင်အက်စ်အဖွဲ့ချေမှုန်းမှု စစ်ဆင်ရေး ဘာရိန်းထောက်ခံ
ဂျော်ဒန်နိုင်ငံရဲ့ အိုင်အက်စ်အဖွဲ့ချေမှုန်းရေးစစ်ဆင်ရေးတွေအပေါ် ဘာရိန်းနိုင်ငံက ဆက်လက် ထောက်ခံအားပေး သွားမယ်လို့ ဂျော်ဒန်နိုင်ငံကို ရောက်ရှိ လာတဲ့ ဘာရိန်းဘုရင် ဟာမတ်က ကတိပြုလိုက်ပါတယ်။
ဘာရိန်းဘုရင်ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၉ ရက်နေ့က ဂျော်ဒန်နိုင်ငံကို ချစ် ကြည်ရေးခရီး ရောက်ရှိလာခဲ့ပြီး ဂျော်ဒန်ဘုရင်အဗ္ဗဒူလာကိုယ်တိုင် ဂုဏ်ပြု တပ်ဖွဲ့နဲ့ ကြိုဆိုခဲ့ပါတယ်။
ဂျော်ဒန်လေယာဉ်မှူးတဦး အစ္စလာမ္မစ်နိုင်ငံတော်အမည်ခံ အိုင်အက်စ်အဖွဲ့ရဲ့ ရက်ရက်စက်စက် သတ်ဖြတ်ခံရမှုအတွက် အထူးဝမ်းနည်းကြေကွဲကြောင်း ဘုရင်ဟာမတ်က ဘာရိန်းပြည်သူတွေနဲ့ အစိုးရကိုယ်စား ပြောကြားခဲ့ပါ တယ်။
မြန်မာနှင့်နယ်စပ်တွင် ဖြစ်ပွားနေသည့် တိုက်ပွဲများအတွက် စိုးရိမ်ကြောင်းနှင့် နယ်စပ်တည်ငြိမ်မှုကို ထိန်းသိမ်းရန် တရုတ်အစိုးရက တိုက်တွန်း
တရုတ်နယ်စပ်တွင် မြန်မာ အစိုးရတပ် မတော်နှင့်သူပုန်တို့အကြား တိုက်ပွဲများအတွက် စိုးရိမ်ကြောင်း တရုတ်အစိုးရက ပြောကြားခဲ့ပြီး တိုက်ပွဲများကြောင့် ဒေသခံများ တရုတ်ပိုင်နက်အတွင်း ထွက်ပြေးဝင်ရောက် လာသဖြင့် နယ်စပ်တည်ငြိမ် အေးချမ်းရေးကို ထိန်းသိမ်းရန် တရုတ်က မြန်မာကို တိုက်တွန်းခဲ့သည်။ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ ပုဂ္ဂိုလ် ဟွာချွန်ယင်က“မြန်မာအခြေအနေကို တရုတ်က စိုးရိမ်ပါတယ်။ ပြီးခဲ့တဲ့နှစ်ရက်အတွင်း လုံခြုံရေးမတည်ငြိမ်တာကြောင့် မြန်မာနယ်စပ်က ဒေသခံတွေ တရုတ်ပိုင်နက်ထဲကို ဝင်ခဲ့ပါတယ်။ သူတို့ကို စောင့်ရှောက်ထား ပါတယ်။ တရုတ်-မြန်မာ နယ်စပ်တည်ငြိမ် အေးချမ်းရေးကို ထိန်းသိမ်းဖို့နဲ့ ဖြစ်ပေါ်တိုးတက်မှုကို တရုတ်က အနီးကပ်ဆက်လက် စောင့်ကြည့်သွားမှာပါ” ဟု ဖေဖော်ဝါရီ ၁ဝ ရက် နေ့စဉ်သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသည်။
ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်ရေး စုပေါင်းကြိုးပမ်းရန် သမ္မတတိုက်တွန်း
ဖက်ဒရယ်စနစ်အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေး တိုင်းရင်းသား အားလုံး စုပေါင်းကြိုးပမ်းကြဖို့ ဒီနေ့ ကျရောက်တဲ့ ၆၈ နှစ်မြောက် ပြည်ထောင်စုနေ့မှာ သမ္မတ ဦးသိန်းစိန်က တိုက်တွန်းလိုက်ပါတယ်။
ပြည်ထောင်စုနေ့အခမ်းအနားကို ပေးပို့တဲ့ သမ္မတရဲ့ သ၀ဏ်လွှာမှာ ခုလို တိုက်တွန်းထားတာဖြစ်ပါတယ်။
သမ္မတက ‘ ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုစနစ် တည် ဆောက်နိုင်ရေးအတွက် အမျိုးသားနိုင်ငံရေးအင်အားစု အားလုံးပါဝင်သည့် နိုင်ငံရေးဆွေးနွေးပွဲများပြုလုပ်ရေး မဆုတ်မနစ်ကြိုးပမ်း ဆောင်ရွက်လျှက် ရှိပါသည်။ ထိုသို့ ဆောင်ရွက်ရာတွင်ဖြည့်ဆည်းရမည့် ကွက်လပ်များ၊ အခက် အခဲများ၊ စိန်ခေါ်မှုများကို ရင်ဆိုင်ကျော်လွှားနိုင်ရန်အတွက် တိုင်းရင်းသား ညီအစ်ကိုမောင်နှမများက စုပေါင်းညီညွတ်စွာ ကြိုးပမ်းရန်လိုအပ်သည်’လို့ သ၀ဏ်လွှာမှာ ဖော်ပြထားတာဖြစ်ပါတယ်။
ဒါ့ပြင် ကြုံတွေ့နေရတဲ့ စိန်ခေါ်မှုတွေ အခက်အခဲတွေကို ကျော်လွှား ပြီး ဒီမိုကရေစီနိုင်ငံတော်သစ် တည်ဆောက်ရာမှာ အားလုံးပူးပေါင်းပါဝင်ဖို့ အရေးကြီးတဲ့အကြောင်းနဲ့ အစိုးရ၊ လွှတ်တော်၊ တိုင်းရင်းသား အဖွဲ့အစည်းတွေ၊ နိုင်ငံရေးပါတီတွေ၊ နိုင်ငံရေးအင်အားစုတွေနဲ့ ပြည်ထောင်စုဖွား တိုင်းရင်းသားတွေအားလုံးဟာ လက်ဝယ်ရရှိထားတဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေကို အရှိန်လျော့မသွားအောင် ပူးပေါင်းပါဝင်ကြဖို့လည်း သမ္မတ က တိုက်တွန်းထားပါတယ်။
မြေထဲပင်လယ်အတွင်း ရွှေ့ပြောင်းခိုးဝင် လှေတစ်စင်း နစ်မြုပ်၊ လူ ၂၀၃ ဦး သေဆုံး
မြေထဲပင်လယ် အတွင်းတွင် မော်တော်ဘုတ် တစ်စင်း နစ်မြုပ်သွားခဲ့ရာ လှေပေါ်တွင် ပါဝင်လာသော ရွှေ့ပြောင်း ၂၀၀ ကျော် သေဆုံးသွား ခဲ့ ကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီက အတည်ပြုပေးခဲ့ ကြောင်း BBC သတင်းက ဖော်ပြထားသည်။
“ရေထဲမှာ လေးရက်ကြာ မျောနေတဲ့ လူကိုးဦးကို ကယ်ဆယ်ထားလိုက်ပါ တယ်။ ကျန် ၂၀၃ ဦးကတော့ လှိုင်းအောက်ကို ရောက်သွားပါပြီ” ဟု UNHCR မှ ပြောရေးဆိုခွင့်ရ အရာရှိ ကာလော့တာဆာမီက ပြောကြားခဲ့သည်။
အဆိုပါ အခြေအနေမှာ အလွန်ကြောက်လန့်ဖွယ် ကိစ္စဖြစ်သည်ဟု အဆိုပါ ကုလအရာရှိ အမျိုးသမီးက ပြောကြားခဲ့သည်။
ပြီးခဲ့သည့် တနင်္လာနေ့ကလည်း လေထည့်သွင်းထားသော လှေဖြင့် ရွှေ့ပြောင်းလုပ်သားများ ဝင်ရောက်လာစဉ် လှေမှောက်ပြီး ၂၉ ဦး သေဆုံးသွားခဲ့ရသေးသည်။
အီတလီနိုင်ငံ လမ်ပီဒူဆာကျွန်း အနီးတွင် သေဆုံးသူ ခုနစ်ဦး၏ အလောင်းများကို ပြန်လည်တွေ့ရှိရကြောင်း သတင်းများက ဆိုထားသည်။
Subscribe to:
Posts (Atom)
























