Wednesday, January 9, 2013
ကချင်မြေရောက် ရှမ်းတစ်ယောက်ရဲ့ ရင်ဖွင့်သံ
         ကျွန်တော်သည် ကချင်ပြည်နယ်ဖွား ရှမ်းလူမျိုးတစ်ယောက်ဖြစ်ပါသည်။ တာလောကြီးကျေးရွာ တွင် မွေးဖွားနေထိုင်ခဲ့သူဖြစ်သည်။ ကျွန်တော်တို့၏ တာလောကြီးကျေးရွာသည် ယခုအချိန်တွင် KIA ၏ ကမ်းကုန်အောင် ရက်စက်ယုတ်မာမှုများကြောင့် မြန်မာပြည်သူများ သိရှိခဲ့ရပြီ ဖြစ်ပါသည်။ ငယ်စဉ် ကတည်းက နေထိုင်လာသဖြင့် KIA အဖွဲ့၏ ရက်စက်ယုတ်မာမှုများအား မျက်မြင်ကိုယ်တွေ့ သိရှိခဲ့ရ ပါသည်။
          တာလောကြီးကျေးရွာတွင် ရှမ်းလူမျိုးအများစုနေထိုင်ကြပြီး တောင်ယာအလုပ်ဖြင့် ရိုးသားစွာ အသက်မွေးဝမ်းကြောင်းနေထိုင်ကြပါသည်။ သို့သော် KIA အဖွဲ့မှ လူသစ်စုဆောင်းရန် လိုအပ်လာသည့် အချိန်တိုင်း ရွာထဲရှိ အရွယ်ကောင်း ယောင်္ကျားလေးများအား ရွာမှတစ်ဆင့် ဆင့်ခေါ်၍လည်းကောင်း၊ မတရား ဖမ်းဆီးချုပ်နှောင်ခြင်းဖြင့် လည်းကောင်း လူသစ်စုခဲ့ကြပါသည်။ ဆက်ကြေးငွေများကိုလည်း အခြားကချင် ရွာများထက် ပို၍တောင်းခံခဲ့ပါသည်။ အဆိုးဝါးဆုံးလုပ်ရပ်မှာ ရှမ်းသမီးပျိုလေးများအား ဖမ်းဆီးခေါ်ဆောင် သွားပြီး မုဒိန်းကျင့်ခြင်းဖြစ်သည်။ KIA အဖွဲ့မှာ လက်နက်များကိုင်ဆောင်ထားပြီး စည်းကမ်းမဲ့သော အဖွဲ့ဖြစ်သဖြင့် စိတ်မထင်ရင် မထင်သလို သတ်ဖြတ်ခြင်းများကို လည်း ဆောင် ရွက် သဖြင့် မည်သူမျှ မတားရဲခဲ့ပါ။ ၄င်းတို့၏ ရက်စက်ယုတ်မာမှုများအား လည်စင်းခံခဲ့ရသည်။
          လူသစ်စုခံရသူများအားလည်း KIA အဖွဲ့အတွင်း ခွဲခြားဆက်ဆံမှုများရှိသည်။ ရှမ်းလူမျိုးလူသစ်များအား အစာရေစာဝအောင်မကျွေးပဲ ရှေ့တန်းစခန်းများတွင်သာ အသေခံခိုင်းခြင်း၊ မည်သည့်ပြဿနာဖြစ်လာသည် ဖြစ်စေ ရှမ်းလူမျိုးများကိုသာ ပြစ်ဒဏ်ပေးခြင်း၊ အဖွဲ့အတွင်း ကြာရှည်စွာ တာဝန်ထမ်းဆောင်ခဲ့သော်လည်း ရာထူးမပေးခြင်းစသော လူမျိုးရေးခွဲခြားမှုများကိုလည်း ပြုလုပ်ခဲ့သည်။ အစိုးရနှင့် တိုက်ပွဲများ စတင်ဖြစ်ပွားချိန် နောက်ပိုင်းတွင် KIA အဖွဲ့၏ ရက်စက်ယုတ်မာမှုများ ပိုမိုတိုးပွားလာသည်။ လူသစ်စုရန် ဖမ်းဆီးခေါ်ဆောင်မှုများ ပိုမိုများပြားလာပြီး အသက်မပြည့်သေးသူ အထက်တန်းကျောင်းသားများကိုပါ ဖမ်းဆီးခေါ်ဆောင်ခဲ့သည်။
          KIA ၏ ရှမ်းလူမျိုးများအပေါ် ရက်စက်မှုများမှာ ပြောမကုန်နိုင်အောင်ရှိသည်။ လူသစ်စုရန် ဖမ်းဆီးရာတွင် ယောင်္ကျာလေးများကိုသာမက မိန်းကလေးများကိုပါ ဖမ်းဆီးခေါ်ဆောင်လျက်ရှိသည်။ မိန်းမပျိုလေးများအား စခန်းရှိ KIA အဖွဲ့ဝင်များမှ စိတ်ကြိုက် မုဒိန်းကျင့်ပြီး ဖမ်းဆီးထား သည်။ ငြင်း ဆန်သောသူများအား ရိုက်နှက်ခြင်း၊ သေနတ်ဒင်ဖြင့်ထုခြင်းစသည်ဖြင့် ညှဉ်းပန်းနှိပ်စက်ခဲ့ပါသည်။ စခန်း တစ်ခုလုံး အသုံးချ၍ ကျေနပ်ပြီဆိုပါက အခြားစခန်းများသို့ ပို့ဆောင်၍ ထပ်မံ အသုံးချစေသည်။ ထို့ထက် ပို၍ဆိုးသည်မှာ တရုတ်ပြည်သို့ ပို့ဆောင်ရောင်းချခြင်းပင်ဖြစ်သည်။
ဗြိတိန်အခြေစိုက် Standard Chartered ဘဏ် မြန်မာနိုင်ငံတွင် ကိုယ်စားလှယ်ရုံးခွဲ ပြန်လည်ဖွင့်လှစ်မည်
ဗြိတိန်အခြေစိုက် Standard Chartered ဘဏ် မြန်မာနိုင်ငံတွင် ကိုယ်စားလှယ်ရုံးခွဲ ပြန်လည်ဖွင့်လှစ်မည်  
ဗြိတိန်အခြေစိုက် ကမ္ဘာ့ထိပ်တန်းဘဏ် တစ်ခုဖြစ်သော Standard Chartered ဘဏ်သည် မြန်မာနိုင်ငံတွင် ကိုယ်စားလှယ်ရုံးခွဲ ပြန်လည်ဖွင့်လှစ်ခွင့် ရရှိခဲ့ကြောင်း နိုင်ငံတကာ သတင်းဌာနများတွင် ဖော်ပြချက်အရ သတင်းရရှိပါသည်။
Standard Chartered ဘဏ်၏ ကိုယ်စားလှယ်ရုံးခွဲကို လာမည့် ဖေဖော်ဝါရီလအတွင်း ရန်ကုန်မြို့တွင် ဖွင့်လှစ်သွားမည်ဖြစ်ပြီး အာဆီယံ ၁၀ နိုင်ငံစလုံးတွင် ဘဏ်လုပ်ငန်းများ ဆောင်ရွက်သည့် နိုင်ငံတကာ ထိပ်တန်းဘဏ်ကြီးတစ်ခု ဖြစ်လာမည်ဖြစ်သည်။
“Standard Chartered ဘဏ်ဟာ ရန်ကုန်မြို့မှာ နှစ်ပေါင်း ၁၅၀ ကျော် သမိုင်းကြောင်း ရှိခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ လုပ်ငန်း လုပ်ကိုင်ခွင့် လျှောက်ထားမှုကို မြန်မာဗဟိုဘဏ်က လျင်မြန်စွာ ခွင့်ပြုပေးတာကြောင့် ၀မ်းသာကျေနပ် မိပါတယ်။ မြန်မာနိုင်ငံမှာ လျင်မြန်စွာ ပေါ်ထွက်လာမယ့် အခွင့်အရေးတွေကို ရယူနိုင်ဖို့ ကြိုးစားနေတဲ့ တစ်ကမ္ဘာလုံးမှာရှိတဲ့ ဖောက်သည်တွေကို ချိတ်ဆက်ပံ့ပိုးနိုင်ဖို့ ရှေ့ဆက်လုပ်ဆောင် သွားမှာပါ” ဟု Standard Chartered ဘဏ်၏ အာရှဒေသဆိုင်ရာ အမှုဆောင်အရာရှိချုပ် Jaspal Bindra က ပြောကြားခဲ့ကြောင်း သိရပါသည်။
Standard Chartered ဘဏ်သည် မြန်မာနိုင်ငံတွင် ၁၈၆၂ ခုနှစ်က ဘဏ်ခွဲစတင် ဖွင့်လှစ်ခဲ့ပြီး ၁၉၆၃ ခုနှစ်အထိ လုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။ ထို့နောက် ယခင်အစိုးရ လက်ထက် ၁၉၉၅ ခုနှစ်မှ ၂၀၀၄ ခုနှစ်အတွင်း ကိုယ်စားလှယ်ရုံးခွဲ ဖွင့်လှစ်ခဲ့ပြီး လက်ရှိအစိုးရ လက်ထက်တွင် ဘဏ်လုပ်ငန်း ဆောင်ရွက်နိုင်ရန် ၂၀၁၂ ခုနှစ်က စတင်ကြိုးပမ်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် အစောဆုံး ၀င်ရောက်လာသည့် ဘဏ်တစ်ခုဖြစ်သော အဆိုပါ Standard Chartered ဘဏ်သည် ၁၉၆၃ ခုနှစ် ပြည်သူပိုင် သိမ်းမှုနှင့် ၂၀၀၃ ခုနှစ် နိုင်ငံတကာ စီးပွားရေး ပိတ်ဆို့မှုများကြောင့် ၎င်းတို့၏ လုပ်ငန်းများကို ပြန်လည် ရုပ်သိမ်းခဲ့သည်။
အဆိုပါဘဏ်သည် နိုင်ငံပေါင်း ၇၀ နိုင်ငံတွင် လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ဘဏ်ခွဲနှင့် ကိုယ်စားလှယ်ရုံးခွဲ စုစုပေါင်း ၁၇၀၀၀ ၀န်းကျင် ဖွင့်လှစ်ထားသည်ဟု သိရပါသည်။
ထို့အတူ Standard Chartered ဘဏ်သည် ပြီးခဲ့သော နှစ်များအတွင်းက နိုင်ငံတကာ စီးပွားရေး ပိတ်ဆို့မှုများ၊ ငွေကြေးလွှဲပြောင်းမှုများ ပိတ်ပင်ခံခဲ့ရသော မြန်မာ၊ အီရန်၊ လစ်ဗျား၊ ဆူဒန်နိုင်ငံများနှင့် သက်ဆိုင်သော တားမြစ်ချက်များကို ချိုးဖောက်မှုအတွက် ဒဏ်ကြေး အမေရိကန် ဒေါ်လာ ၃၂၇ သန်း ပေးဆောင်ရန် ၂၀၁၂ ခုနှစ် ဒီဇင်ဘာလအတွင်းက သဘောတူခဲ့ကြောင်း သိရသည်။
Eleven Media Group  ဗြိတိန်အခြေစိုက် ကမ္ဘာ့ထိပ်တန်းဘဏ် တစ်ခုဖြစ်သော Standard Chartered ဘဏ်သည် မြန်မာနိုင်ငံတွင် ကိုယ်စား လှယ် ရုံးခွဲ ပြန်လည် ဖွင့်လှစ်ခွင့် ရရှိခဲ့ကြောင်း နိုင်ငံတကာ သတင်းဌာန များတွင် ဖော်ပြ ချက်အရ သတင်းရရှိပါသည်။
Standard Chartered ဘဏ်၏ ကိုယ်စားလှယ်ရုံးခွဲကို လာ
ရွှေတိဂုံ စေတီတော်ကြီး ထီးတော်၌ မြွေရောက်နေသည် ဆိုခြင်းမှာ မမှန်ကန်
ရွှေတိဂုံ စေတီတော်ကြီး ထီးတော်၌ မြွေရောက်နေသည် ဆိုခြင်းမှာ မမှန်ကန်
ဇန်နဝါရီ ၆ ရက် နံနက် ၁ဝ နာရီက ရွှေတိဂုံ စေတီတော် ကြီး၏ ထီးတော် ဖောင်းရစ် (ဒုတိယဆင့်) နေရာ၌ မြွေတစ်ကောင် ရောက်ရှိ နေသည်ဟု ဆိုကာ ဘုရားဖူးများ ဝိုင်းအုံ ကြည့်ရှု နေကြသည်ကို တွေ့မြင်ရသည်။
အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်ပြီး ဘုရားဖူး လာသူ ဓာတ်ပုံသမား တစ်ဦးက ရိုက်ကူးထားသော ဓာတ်ပုံထဲ၌ မြွေတစ်ကောင်၏ ဦးခေါင်းပိုင်း (ကိုယ်လုံး တစ်ဝက်) ပုံ ပေါ်နေကြောင်း၊ နံနက် စောစောက ယင်းမြွေမှာ ထီးတော်ကြီး၏ ဖောင်းရစ် (ဒုတိယဆင့်) နေရာအထိ ထွက်လာခဲ့ကြောင်း၊ ယင်းမြွေကို သိန်းငှက် တစ်ကောင် က ချီလာပြီး ကိုက်ခဲ ထားမှုကြောင့် ကိုယ်တစ်ပိုင်း ဒဏ်ရာ ရရှိပြီး ကောင်းစွာ မလှုပ်ရှား နိုင်ကြောင်း ပြောဆိုသည်။ ဘုရားဖူး များကလည်း ဝိုင်းအုံ ကြည့်ရှုကြရင်း တစ်ယောက်တစ်ပေါက် ပြောဆို နေကြရာ ထီးတော်ကြီး အောက်၌ မြွေ၏ဦးခေါင်း လှုပ်ယမ်းနေကြောင်း မြင်တွေ့ ရသည်ဟု ပြောဆိုကာ ဝိုင်းအုံ ကြည့်ရှုသူများ များပြားလာသည်။
 စေတီတော် ကြီး၏ ထီးတော်ကို ဝိုင်းအုံကြည့်ရှု ကြသည့် ဘုရားဖူးများ မိနစ် ၃ဝ ကြာသည့် အချိန်တွင် ဘုရားဖူး တစ်ဦးက မှန်ပြောင်း ယူလာပြီး ကြည့်ရှုရာမှ ယင်းပုံရိပ် သဏ္ဌာန်မှာ ကြိုးတစ်ချောင်း ဖြစ်နေပြီး ဦးခေါင်း ပုံသဏ္ဌာန်မှာ ကြိုးထုံး ဖြစ်နေသည်ကို မြင်တွေ့ နေရကြောင်း ပြောကြားသည်။
ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ရွှေတိဂုံ စေတီတော် ကြီး၏ မြောက်ဘက်စောင်း တန်း ထိပ်ရှိ ထီးတော်ကြီးကို ကြည့်ရှုနိုင်ရန် တပ်ဆင်ထားသော မှန်ပြောင်းမှ ကြည့်ရှု နေသူများ၏ ပြောကြားချက် အရ ကြိုးတစ်ချောင်း လေတိုက်လျှင် လှုပ်ယမ်း နေသည်ကိုသာ မြင်တွေ့ ရကြောင်း သိရ သည်။
 ရွှေတိဂုံ စေတီတော် ကြီးရှိ ဂေါပက အဖွဲ့၏ ခွင့်ပြုချက်ဖြင့် ဓာတ်ပုံ ရိုက်သူများကို မေးကြည့်ရာ သာသနာ သက္ကရာဇ်(၂၅၅၆) ပြည့်နှစ် ပွဲတော်တွင် ထီးတော် ကြီးကို ရောင်တော် ဖွင့်ရာမှ ထီးတော်ကြီး၏ ဒေါက်တိုင်၌ မဖြုတ်သိမ်းဘဲ ကျန်နေသော ကြိုးတစ်ချောင်းသာ ဖြစ်သည်ဟု အတည်ပြု ပြောဆိုကြောင်း သတင်း ရရှိသည်။
http://www.myawady.net.mm/allnews/localnews/item/3901-2013-01-09-09-06-19 ဇန်နဝါရီ ၆ ရက် နံနက် ၁ဝ နာရီက ရွှေတိဂုံ စေတီတော် ကြီး၏ ထီးတော် ဖောင်းရစ် (ဒုတိယဆင့်) နေရာ ၌ မြွေ တစ်ကောင် ရောက် ရှိ နေသည်ဟု ဆိုကာ ဘုရားဖူးများ ဝိုင်းအုံ ကြည့်ရှု နေကြ သည် ကို တွေ့မြင်ရသည်။
အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်ပြီး ဘုရားဖူးလာသူ ဓာတ်ပုံသမား တစ်ဦး
နယူးဒေလီမြို့တွင် အုပ်စုဖွဲ့မုဒိမ်းမှုကို ရုံးတင်စစ်ဆေးစဉ် စင်ကာပူဆရာဝန်က မျက်မြင်သက်သေ အဖြစ်ထွက်ဆို
ဘတ်စ်ကားတစ်စီးပေါ် အုပ်စုဖွဲ့ မုဒိမ်းကျင့်ခံခဲ့ရသည့် အသက် ၂၃ နှစ်ရှိ အိန္ဒိယ မိန်းကလေး၏ အလောင်း အား ရင်ခွဲစစ်ဆေးခဲ့သည့် စင်ကာပူ ဆရာဝန်မှာ နယူးဒေလီမြို့ တရားရုံးတစ်ရုံး တွင် ပြစ်မှု ကျူးလွန်သူတရားခံ ၆ ဦးနှင့်ပတ်သက်၍ ဇန်န ဝါရီလ ၃ ရက်နေ့က စာမျက်နှာ ၅၀ ပါ စွဲချက်လျှောက်လွှာ တစ်စောင် တင်ပြခဲ့စဉ် မျက်မြင် သက်သေတစ်ဦး အဖြစ်ပါဝင်ခဲ့ကြောင်း Press Trust of India
ကေအိုင်အေ ( KIA ) အဖွဲ့မှ မုံးကိုး တပ်စခန်းသို့ လက်နက်၊ ခဲယမ်းများ နှင့်အတူ အလင်း ဝင်ရောက် လာသူ များအား နွေးထွေးစွာ ကြိုဆို
ကေအိုင်အေ ( KIA ) အဖွဲ့မှ မုံးကိုး တပ်စခန်းသို့ လက်နက်၊ ခဲယမ်းများ နှင့်အတူ အလင်း ဝင်ရောက် လာသူ များအား နွေးထွေးစွာ ကြိုဆို
ကေအိုင်အေ ( KIA ) အဖွဲ့မှ မုံးကိုး တပ်စခန်းသို့ လက်နက်၊ ခဲယမ်းများ နှင့်အတူ အလင်း ဝင်ရောက် လာသူ များအား တွေ့ရစဉ်
အရှေ့မြောက်တိုင်း စစ်ဌာနချုပ် နယ်မြေအတွင်း ကေအိုင်အေ ( KIA ) အဖွဲ့မှ မုံးကိုး တပ်စခန်းသို့ လက်နက်၊ ခဲယမ်းများ နှင့်အတူ အလင်း ဝင်ရောက် လာကြပါသည်။
ထိုသို့ အလင်းဝင် ရောက်လာသူ များအား နိုင်ငံတော်၊ တပ်မတော်နှင့် ပြည်သူတို့မှ နွေးထွေး စွာ ကြိုဆိုလျက် ရှိပါသည်။ ထို့အပြင် အလင်းဝင်ရောက်လာသူများအား ထောက်ပံ့ ပစ္စည်းများ ပေးအပ်ပြီး ကျန်းမာရေး အတွက် တပ်မတော် ဆေးတပ်ဖွဲ့ မှ စောင့်ရှောက်မှု များ ပေးလျှက် ရှိကြောင်း သတင်း ရရှိပါသည်
See more>>>
http://www.myawady.com.mm/allnews/headline/item/3931-2013-01-09-09-48-38
အရှေ့မြောက်တိုင်း စစ်ဌာနချုပ် နယ်မြေအတွင်း ကေအိုင်အေ ( KIA ) အဖွဲ့မှ မုံးကိုး တပ်စခန်းသို့ လက်နက်၊ ခဲယမ်းများ နှင့်အတူ အလင်း ဝင်ရောက် လာကြပါသည်။
ထိုသို့ အလင်းဝင် ရောက်လာသူများအား နိုင်ငံတော်၊ တပ်
အမေရိကန်နှင့် မက္ကဆီကို နယ်စပ်အား တရားမဝင် ဖြတ်သန်း သွားလာရန်နှင့် မူးယစ် ဆေးဝါးများ မှောင်ခို သယ်ရန် အတွက် ရည်ရွယ်သည်ဟု ယူဆရသော ဥမင် လိုဏ်ခေါင်း တစ်ခုအား ရှာဖွေ တွေ့ရှိခဲ့
အမေရိကန်နှင့် မက္ကဆီကို နယ်စပ်အား တရားမဝင် ဖြတ်သန်း သွားလာရန်နှင့် မူးယစ် ဆေးဝါးများ မှောင်ခို သယ်ရန် အတွက် ရည်ရွယ်သည်ဟု ယူဆရသော ဥမင် လိုဏ်ခေါင်း တစ်ခုအား ရှာဖွေ တွေ့ရှိခဲ့
အမေရိကန်နှင့် မက္ကဆီကို နယ်စပ်အား တရားမဝင် ဖြတ်သန်း သွားလာရန်နှင့် မူးယစ် ဆေးဝါးများ မှောင်ခို သယ်ရန် အတွက် ရည်ရွယ်သည်ဟု ယူဆရသော ဥမင် လိုဏ်ခေါင်း တစ်ခုအား ရှာဖွေ တွေ့ရှိခဲ့ကြောင်း မက္ကဆီကို အာဏာပိုင် များက ဇန်နဝါရီလ ၅ ရက်နေ့တွင် ပြောကြားခဲ့ ပါသည်။
ဥမင် လိုဏ်ခေါင်း၏ ဝင်ပေါက်အား Mexicall မြို့နှင့် Calexico မြို့များအကြား နယ်စပ်မှ မီတာ ၃ဝဝ အကွာရှိ ကုန်လှောင်ရုံ တစ်ခုအတွင်း တည်ဆောက် ထားပါသည်။ အဆိုပါ ဝင်ပေါက်မှာ တည်ဆောက်ဆဲ ဖြစ်ကြောင်း Mexicali မြို့ ရဲတပ်ဖွဲ့၏ အကြီးအကဲ ဖြစ်သူ Marco Antonio Carrillo က AFP သတင်း ဌာနသို့ ပြောကြားခဲ့ ပါသည်။ လိုဏ်ခေါင်းမှာ အနက် ၁ဝ မီတာ၊ အရှည် ၃ဝ မီတာရှိပြီး လေဝင်လေထွက် စနစ်နှင့် အလင်းရောင် ဝင်နိုင် သည့်စနစ် ပါရှိသော ခေတ်မီပုံစံ ဖြစ်ကြောင်း Carrilli က ပြောကြားခဲ့ ပါသည်။ မက္ကဆီကို နိုင်ငံ၌ ဇန်နဝါရီလ ၄ ရက်နှင့် ၅ ရက်နေ့များ အတွင်း မူးယစ်ဆေးဝါးနှင့် ဆက်နွယ်သည့် ရာဇဝတ်မှု ကျူးလွန်မှု များကြောင့် လူ ၂၆ ဦးခန့် သေဆုံးခဲ့ကြောင်း အာဏာပိုင် များက ပြောကြားခဲ့ကြောင်း သိရှိရ ပါသည်။
http://www.myawady.net.mm/allnews/global/item/3885-2013-01-08-16-26-53
အေးချမ်းမွန်မှ  မြ၀တီ တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
အမေရိကန်နှင့် မက္ကဆီကို နယ်စပ်အား တရားမဝင် ဖြတ်သန်း သွားလာ ရန်နှင့် မူးယစ် ဆေးဝါးများ မှောင်ခို သယ်ရန် အတွက် ရည်ရွယ် သည်ဟု ယူဆရသော ဥမင် လိုဏ်ခေါင်း တစ်ခုအား ရှာဖွေ တွေ့ ရှိခဲ့ကြောင်း မက္ကဆီကို အာဏာပိုင် များက ဇန်နဝါရီလ ၅ ရက်နေ့ တွင် ပြောကြားခဲ့ ပါသည်။
မံစီ မြို့နယ်အား ကေအိုင်အေ (KIA) သောင်းကျန်းသူ အဖွဲ့မှ ၀င်ရောက် ပစ်ခတ် နယ်မြေခံ တပ်ရင်း၊ ပြည်သူ့စစ် နှင့် ပြည်သူ့ရဲတို့ ပူးပေါင်းပြီး ရှင်းလင်းရာ လက်နက်နှင့် ခဲယမ်းများ ရရှိ
မံစီ မြို့နယ်အား ကေအိုင်အေ (KIA) သောင်းကျန်းသူ အဖွဲ့မှ ၀င်ရောက် ပစ်ခတ် နယ်မြေခံ တပ်ရင်း၊ ပြည်သူ့စစ် နှင့် ပြည်သူ့ရဲတို့ ပူးပေါင်းပြီး ရှင်းလင်းရာ လက်နက်နှင့် ခဲယမ်းများ ရရှိ
ကေအိုင်အေ (KIA) သောင်းကျန်းသူ အဖွဲ့ထံမှ သိမ်းဆည်း ရမိသည့် လက်နက်၊ ခဲယမ်း၊ မိုင်းနှင့် ဆက်စပ် ပစ္စည်းများ
မံစီ မြို့နယ်အား ကေအိုင်အေ (KIA) သောင်းကျန်းသူ အဖွဲ့မှ ၀င်ရောက် ပစ်ခတ်စဉ်တွင် နယ်မြေခံ တပ်ရင်း၊ ပြည်သူ့စစ်နှင့် ပြည်သူ့ရဲတို့ ပူးပေါင်းပြီး ရှင်းလင်း ခုခံ ဆောင်ရွက်ခဲ့ သည်။
ထိုသို့ ရှင်းလင်း ခုခံရာ ကေအိုင်အေ ( KIA ) သောင်းကျန်သူ အဖွဲ့မှ အလောင်း (၁) လောင်း၊ လက်နက် ၊ခဲယမ်း ၊ မိုင်းနှင့် ဆက်စပ် ပစ္စည်းများအား  ဖမ်းဆီး ရမိခဲ့ပါသည်။
၎င်းနေရာတွင် အလောင်းအား ကောင်းမွန်စွာ သဂြိုလ် ပေးခဲ့ပြီး နယ်မြေခံ တပ်ရင်းနှင့် အဖွဲ့ များမှ နယ်မြေ ရှင်းလင်းရေး ဆက်လက် ဆောင်ရွက် ခဲ့ပါသည်။
( မှတ်ချက် ။ အလောင်းဓါတ်ပုံအား မဖေါ်ပြတော့ပါ။)
http://www.myawady.com.mm/allnews/headline/item/3911-2013-01-09-09-26-08
ကေအိုင်အေ (KIA) သောင်းကျန်းသူ အဖွဲ့ထံမှ သိမ်းဆည်း ရမိသည့် လက်နက်၊ ခဲယမ်း၊ မိုင်းနှင့် ဆက်စပ် ပစ္စည်းများမံစီ မြို့နယ် အား ကေ အိုင်အေ (KIA) သောင်းကျန်းသူ အဖွဲ့မှ ၀င်ရောက် ပစ်ခတ် စဉ်တွင် နယ်မြေခံ တပ်ရင်း၊ ပြည်သူ့စစ်နှင့် ပြည်သူ့ရဲတို့ ပူးပေါင်းပြီး ရှင်းလင်း ခုခံ ဆောင် ရွက်ခဲ့ သည်။
၂၀၁၂အတွင်း ရထားတိုက်မှုကြောင့် သေဆုံးသူ ၈၀ကျော်ရှိ
၂၀၁၂အတွင်း ရထားတိုက်မှုကြောင့် သေဆုံးသူ ၈၀ကျော်ရှိ
Wednesday, January 09, 2013
ရထားတိုက်မှုများကြောင့် ၂၀၁၂ ခုနှစ်အတွင်း သေဆုံးသူဦးရေမှာ 
ဒဏ်ရာရသူဦးရေထက် ပိုများကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကသတင်း
ထုတ်ပြန်သည်။
တစ်နှစ်တာအတွင်း ရထားတိုက်မှု အကြိမ် ၁၅၀ ခန့် ဖြစ်ပွားခဲ့ရာမှ
သေဆုံးသူ ၈၀ ကျော်ရှိပြီး ဒဏ်ရာရရှိသူ ၆၀ကျော်ရှိကာ အမျိုးသားဦးရေ ပိုများခဲ့သည်။
ဧပြီလအတွင်း ရထားတိုက် သေဆုံးမှုအများဆုံး ဖြစ်ပွားခဲ့ပြီး သုံးသပ်ချက်များအရ ညအချိန်ထက် နေ့အချိန်တွင် ပို၍များပြားခဲ့သည်။
မီးရထားရဲတပ်ဖွဲ့အပိုင် နယ်မြေအတွင်း အများပြည်သူ လုံခြုံရေး
အတွက် ဆောင်ရွက်နေသော်လည်း သောက်စားမူးယစ်ပြီး ရထားလမ်းပေါ် အိပ်နေခြင်း၊ ကျွဲ ၊ နွားများ ကျောင်းနေစဉ် အိပ်ပျော်နေခြင်း၊ ညအချိန်
ရထားလမ်းပေါ်၌ စုံတွဲများချိန်းတွေ့နေစဉ် တိုက်မိသေဆုံးခြင်းများ အများဆုံးဖြစ်ပွားလျက်ရှိကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က လွှင့်တင်
ထားသည့် “ရဲဇာနည်” ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ဖော်ပြထားသည်။
ထို့အပြင် ရထားနှင့် ဆက်စပ်မှုခင်းများအဖြစ် ရထားစီးခရီးသည်များအား ခဲဖြင့်ပေါက်မှုများလည်းရှိနေပြီး၊ ခရီးသည်အား မိတ်ဖွဲ့ပြီး အရက်၊ အချိုရည်၊ လက်ဖက်ရည်တို့တွင် ဆေးခတ်တိုက်ကျွေးကာ ပစ္စည်းခိုးယူမှုများ
လည်း ဖြစ်ပွားနေဆဲဖြစ်ကြောင်း သိရသည်။
7Day News Journal ရထားတိုက်မှုများကြောင့် ၂၀၁၂ ခုနှစ်အတွင်း သေဆုံးသူဦးရေမှာ ဒဏ်ရာရသူဦးရေထက် ပိုများကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကသတင်း ထုတ်ပြန်သည်။တစ်နှစ်တာအတွင်း ရထားတိုက်မှု အကြိမ် ၁၅၀ ခန့် ဖြစ်ပွားခဲ့ရာမှသေဆုံးသူ ၈၀ ကျော်ရှိပြီး ဒဏ်ရာရရှိသူ ၆၀ကျော် ရှိကာ အမျိုးသားဦးရေ ပိုများခဲ့သည်။
Embraer-190 လေယာဉ်သစ် ဇန်နဝါရီ ၁၁ ရက် စတင်ပျံသန်းမည်
မြန်မာ့ စီးပွားရေး သတင်းများ  ဇန်နဝါရီ ၀၉၊ ၂၀၁၃
Embraer-190 လေယာဉ်သစ် ဇန်နဝါရီ ၁၁ ရက် စတင်ပျံသန်းမည် 
အမေရိကန်နိုင်ငံ GE ကုမ္ပဏီမှ ငှါးရမ်းခဲ့သော ဒုတိယမြောက် Embraer-190 လေယာဉ်သစ်
အား မိတ်ဆက်သည့်အနေဖြင့် ရန်ကုန်-မန္တလေး-ရန်ကုန် ခရီးစဉ်ကို ဇန်နဝါရီလ ၁၁ ရက်နေ့တွင် စတင် ပြေးဆွဲမည်ဖြစ်ကြောင်း သိရသည်။
“မြန်မာလေကြောင်းမှာ အသုံးပြုဖို့ Embraer-190 လေယာဉ်သစ်တွေကို ငှါးရမ်းအသုံးပြုရာမှာ ပထမ တစီးက ဒီဇင်ဘာ ၁၂ ရက်က ရောက်ရှိခဲ့ပြီး ဒုတိယ အစီးက ဇန်နဝါရီ ၆ ရက်က ရောက်ရှိခဲ့ပါတယ်။ ဒုတိယ ရောက်ရှိတဲ့လေယာဉ်သစ်ကို မိတ်ဆက်တဲ့အနေနဲ့ ရန်ကုန်-မန္တလေး ခရီးစဉ်ကို ဇန်နဝါရီ ၁၁ မှာ မိတ်ဆက် ပျံသန်းပါမယ်” ဟုမြန်မာလေကြောင်းမှ အထွေထွေ မန်နေဂျာ ဦးသန်းထွဋ် က ပြောသည်။
ယင်းလေယာဉ်များမှာ ဘရာဇီးနိုင်ငံရှိ Embraer-190 လေယာဉ်ကုမ္ပဏီမှ ထုတ်လုပ်ပြီး အမေရိကန်နိုင်ငံ အခြေစိုက် ဂျီအီးကုမ္ပဏီမှ ထုတ်လုပ်သော စက်များကို တပ်ဆင်အသုံးပြုထားခြင်း ဖြစ်သည်။ ခရီးသည် ၁၀၀ တင်ဆောင်နိုင်ပြီး အင်ဂျင်စွမ်းရည် ကောင်းမွန်သည်။ Air Bus –A320 လေယာဉ်များထက် ထိုင်ခုံနေရာ ကျယ်ဝန်းခြင်း၊ ပစ္စည်းထားသိုရန် နေရာကျယ်ဝန်းခြင်း၊ အခြား Regional Jet များထက် သာလွန်ခြင်း၊ လေယာဉ်ပျံသန်းမှု တလျှောက်တွင် ထိခိုက်မှု တကြိမ်သာဖြစ်ခဲ့ခြင်း စသည့် အားသာချက်များ ရှိသည်ဟု ဆိုသည်။
“Embraer-190 လေယာဉ်သစ် နှစ်စီးလုံးကို အိန္ဒိယနိုင်ငံ၊ ဂါယာ-ချန်နိုင်းတို့နှင့် ထိုင်းနိုင်ငံ၊ ဘန်ကောက်-ချင်းမိုင်တို့ကို ပြေးဆွဲဖို့ အစီအစဉ်ရှိပါတယ်။ လေယာဉ်ငှါးရမ်းခက မြင့်ပေမယ့် လေယာဉ်ခကို ဈေးမတက်ဘဲ ပြေးဆွဲနိုင်အာင်ဆောင်ရွက်နေပါတယ်။ ဈေးတက်ခဲ့ရင်တောင် ကျပ် ၅,၀၀၀ လောက်ပဲ တက်မှာပါ” ဟု ဦးသန်းထွဋ် က ဆက်လက်ပြောကြားသည်။
ထိုလေယာဉ်များအား GE Capital Aviation Services မှ ငှါးရမ်းခအဖြစ် တစီးလျှင် အမေရိကန်ဒေါ်လာ ၂၈.၅ သန်းမှ သန်း ၄၀ အထိ မြန်မာလေကြောင်းက အသုံးပြုထားကြောင်း သိရှိရသည်။ 
နွားများ ပြည်ပ တင်ပို့ရောင်းချနိုင်ရန် အထူးအဖွဲ့များဖြင့် စစ်ဆေးပေးမည် 
အသားစားနွား မွေးမြူသူများ အနေဖြင့် ပြည်ပနိုင်ငံများသို့ နွားအရှင်များနှင့် အသားများ
ကို တင်ပို့ ရောင်းချနိုင်ရန်အတွက် ဇန်နဝါရီလဆန်းပိုင်းမှ စတင်၍ အထူးအဖွဲ့များဖြင့် စစ်ဆေးပေးမည်ဟု သိရသည်။ 
“နွားမွေးမြူသူတွေ အနေနဲ့ ပြည်ပ တင်ပို့ဖို့ စနစ်တကျ မွေးထားမယ်၊ ကျန်းမာရေး စောင့်ရှောက်မှုတွေ လုပ်ထားမယ်၊ ပြည်ပနိုင်ငံတွေက ဝယ်သူကိုလည်း ချိတ်ထားမယ်၊ ပြည်ပ တင်ပို့ရောင်းချဖို့ အသင့်ဖြစ်ပြီ ဆိုရင် မွေးမြူရေးနဲ့ ကုသရေး ဦးစီးဌာနက အထူးအဖွဲ့ ဖွဲ့ပြီး ဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်” ဟု မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာအောင်ကြီး က ပြောသည်။
အထူးအဖွဲ့အနေဖြင့် တိရိစ္တာန် အစားအစာ ကျွေးမွေးမှု ပုံစံနှင့် ရောဂါ ကင်းမကင်းကို မသတ်ဖြတ်မီ စစ်ဆေးခြင်းတို့ပြုလုပ်၍ ရောဂါကင်းရှင်းမှသာ သတ်ဖြတ်ခွင့်ပေးမည်ဟု ဆိုသည်။
“ပြည်တွင်းကော ပြည်ပပါ စစ်ဆေးပြီးမှ စားသုံးသင့် မသင့် ကျန်းမာရေး ထောက်ခံချက် ပေးတာမျိုးတွေကို
ဆောင်ရွက်မှာပါ” ဟု ဦးအောင်ကြီး က ဆက်ပြောသည်။
မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ တင်ပို့ပေးနေသည့် အမဲသားတွင် ခွာနာလျှာနာ မကင်းကြောင်း စစ်ဆေးတွေ့ရှိသဖြင့် အမဲသား တင်ပို့ပေးနေမှုကို ဇူလိုင် လလယ်ပိုင်းမှ စတင် ရပ်ဆိုင်းထားခဲ့သည်။ ထို့ကြောင့် ခွာနာလျှာနာ ကင်းရှင်းသည့် ဒေသများနှင့် ရောဂါကျရောက်မှု လုံးဝမဖြစ်သည့် ဒေသများမှ မွေးမြူရေး နွားများကို လက်ခံဝယ်ယူမည် ဆိုပါက ရောဂါကင်းရှင်းကြောင်း စစ်ဆေးပေးသွားမည် ဟု ဒေါက်တာအောင်ကြီး က ဆိုသည်။၎င်းဌာနအနေဖြင့် တိရိစ္တာန်ရောဂါ ကာကွယ်ဆေး ထိုးထားပါကလည်း တပတ်အတွင်း စားသောက်ခွင့် မပြုဟု သတ်မှတ်ခြင်း၊ သတ်မှတ်ပြီး အသားစိမ်းများကို စစ်ဆေးပြီးမှ ရောင်းချခွင့်ပြုခြင်းများ ပြုလုပ်သွားမည်ဟု သိရသည်။
မြန်မာနိုင်ငံမှ ခိုင်းနွားများကို ပြည်ပသို့ တင်ပို့ခွင့် မပြုသော်လည်း မွေးမြူရေး နွားအရှင်များကို ကျောက်ဖြူ ရေနက်ဆိပ်ကမ်းမှ တဆင့် မလေးရှားနိုင်ငံသို့ ၂၀၀၄ ခုနှစ်မှ စ၍ သုံးနှစ် တင်ပို့ခဲ့သည်။
၂၀၀၈ ခုနှစ်တွင် အေးခဲအမဲသားကို တရုတ်နိုင်ငံနှင့် အရှေ့အလယ်ပိုင်း ဒေသများသို့ တင်ပို့ ရောင်းချခဲ့ပြီး သိုး၊ ဆိတ် အမဲအရှင်များကို ၂၀၁၁ ခုနှစ်အထိ မလေးရှားနိုင်ငံသို့ တင်ပို့ခဲ့ကြောင်း မွေးမြူရေးနှင့် ရေလုပ်ငန်း ဝန်ကြီးဌာန မှတ်တမ်းများအရ သိရသည်။၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်တွင် အေးခဲ အမဲသား ပြည်ပတင်ပို့ခဲ့မှုမှ အမေရိကန် ဒေါ်လာ ၄၈ သန်းကျော် ရရှိခဲ့သည်။ 
ထိုင်းနိုင်ငံ၏ Mahagitsiri အုပ်စုမှ ရန်ကုန်ရှိ ဟိုတယ်တစ်ခုကို ကြယ်ငါးပွင့် ဟိုတယ်အဖြစ် အဆင့်မြှင့် ရင်းနှီးမြှုပ်နှံရန် စီစဉ်
ထိုင်းနိုင်ငံ၏ လုပ်ငန်းစုကြီး တစ်ခုဖြစ်သော Mahagitsiri  အုပ်စုက ရန်ကုန်မြို့ရှိ ဟိုတယ်တစ်ခုကို ကြယ်ငါးပွင့် ဟိုတယ်အဖြစ် အဆင့်မြှင့် တည်ဆောက်ရေးအတွက် ရင်းနှီးမြှုပ်နှံရန် စီစဉ်နေသည်ဟု သိရသည်။
အဆိုပါလုပ်ငန်းစုကြီးကို မစ္စတာ Prayudh Mahagitsiri က ပိုင်ဆိုင်ပြီး ၎င်းသည် ထိုင်းနိုင်ငံ၏ ပထမဦးဆုံးသော စီမံကိန်းကြီးများစွာကို အစပြုခဲ့သူဖြစ်သည်။ ၎င်းသည် စီးပွားရေးအလားအလာ မြင့်မားသော လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရန် ပုဂ္ဂလိက ငွေကြေးရန်ပုံငွေအဖွဲ့ PM Group ကိုလည်း ထူထောင်ထားသည်ဟု ဘန်ကောက်ပို့စ် သတင်းစာက ဖော်ပြထားသည်။၎င်းတို့လုပ်ငန်းစုက ရန်ကုန်မြို့တွင် ဟိုတယ်တစ်ခုကို ၀ယ်ယူနိုင်ရန် စီစဉ်နေပြီး ၎င်းဟိုတယ်ကို ကြယ်ငါးပွင့်အဆင့် မြှင့်တင်ရန် လုပ်ဆောင်သွားမည်ဟု သိရသည်။
၎င်းတို့အနေနှင့် သဘောတူညီချက်ကို ၂၀၁၄ ခုနှစ်တွင် အပြီးသတ် ချုပ်ဆိုနိုင်မည်ဟု မျှော်မှန်းထားပြီး ၂၀၁၄ နှစ်ကုန်တွင် အဆိုပါဟိုတယ်ကို လုပ်ငန်းစတင်နိုင်ရန် စီစဉ်ထားသည်ဟု ဆိုသည်။မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ခဲ့အပြီးတွင် နိုင်ငံခြား ခရီးသွားဧည့်သည် လာရောက်မှုမှာ တိုးတက်လာခဲ့ပြီး ၂၀၁၂ ခုနှစ်အတွင်းက လာရောက်သော နိုင်ငံခြား ခရီးသွားဧည့်သည် တစ်သန်းကျော်အထိ ရှိခဲ့သည်ဟု ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာနမှ သိရသည်။
ခရီးသွားဦးရေ မြင့်တက်လာမှုနှင့်အတူ ဟိုတယ်လိုအပ်ချက်မှာလည်း မြင့်မားလာခဲ့ပြီး  လက်ရှိအချိန်တွင် ဟိုတယ်အခန်းမရရှိမှု ပြသနာများနှင့် ရင်ဆိုင်နေရသည်ဟု ခရီးသွားလုပ်ငန်းအသိုင်း အ၀ိုင်းမှ သိရသည်။
'' မြန်မာနိုင်ငံမှာ မနှစ်က ဟိုတယ်အခန်းခတွေ သိသိသာသာ တက်သွားတာကို တွေ့ရပါ တယ်။ မနှစ်က အစောပိုင်းမှာ ကျွန်တော်တည်းခဲ့တဲ့ ကြယ်သုံးပွင့်ဟိုတယ်ဟာ အဲဒီအချိန်က တစ်ညကို ဒေါ်လာ ၈၀ ရှိတာက နေ နှစ်ကုန်ပိုင်းမှ ဒေါ်လာ ၂၀၀ အထိ မြင့်တက်သွားပါတယ်'' ဟု အဆိုပါလုပ်ငန်းစုမှ အမှုဆောင်ဖြစ်သူက ပြောကြားခဲ့သည်။ 
မြန်မာ့ဟိုတယ်နှင့် ခရီးလုပ်ငန်းတွင် ဈေးကွက်လိုအပ်ချက် မြင့်မားမှုကြောင့် နိုင်ငံခြားမှ ရင်းနှီးမြှုပ်နှံလိုသူများ လာရောက်ဆွေးနွေးမှု ရှိခဲ့သည်ဟု သိရသည်။အဆိုပါနိုင်ငံများတွင် ဗီယက်နမ်၊ ဂျပန်၊ စင်ကာပူ၊ ကိုရီးယား၊ လာအို၊ တရုတ်၊ ဟောင်ကောင်၊ ရုရှား၊ ဘယ်လာရုစ် စသည့် နိုင်ငံများမှ ပါဝင်ခဲ့သည်။၎င်းတို့ထဲမှ ဗီယက်နမ်နိုင်ငံက ဟိုတယ်အပါအ၀င် စီးပွားရေး အဆောက်အဦ စီမံကိန်းကို ဒေါ်လာသန်း ၃၀၀ ဖြင့် ရာနှုန်းပြည့် ရင်းနှီးမြှုပ်နှံခွင့် ရရှိထားသည်။လက်ရှိကာလအထိ မြန်မာနိုင်ငံတွင် ဟိုတယ် ၇၈၂ လုံး၊ အခန်းပေါင်း ၂၇၉၆၈ ခန်း ရှိသည့်အနက် နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှုဟိုတယ်နှင့် အဆင့်မြင့် ကာလရှည် တည်းခိုအိမ်ရာ ၂၁ လုံး အခန်း ၃၇၇၀ ပါဝင်သည်။
NLABR 
Web-site:    www.nlabr.com
Facebook:    Sa Maung
Facebook:    Miraculous Master For English Language
အမေရိကန်နိုင်ငံ GE ကုမ္ပဏီမှ ငှါးရမ်းခဲ့သော ဒုတိယမြောက် Embraer-190 လေယာဉ်သစ်အား မိတ်ဆက်သည့်အနေဖြင့် ရန်ကုန်-မန္တလေး-ရန်ကုန် ခရီးစဉ်ကို ဇန်နဝါရီလ ၁၁ ရက်နေ့တွင် စတင် ပြေး ဆွဲမည်ဖြစ်ကြောင်း သိရသည်။
“မြန်မာလေကြောင်းမှာ အသုံးပြုဖို့ Embraer-190 လေယာဉ် သစ်တွေ ကို ငှါးရမ်းအသုံးပြုရာမှာ ပထမ တစီးက ဒီဇင်ဘာ ၁၂ ရက်က ရောက်ရှိ
ကက်ရှ်မီးယားမှာ အိန္ဒိယနဲ့ပါကစ္စတန် တိုက်ခိုက်မှုဖြစ်
ကက်ရှ်မီးယားမှာ အိန္ဒိယနဲ့ပါကစ္စတန် တိုက်ခိုက်မှုဖြစ် 
( ဗွီအိုအေ သတင်းဌာနမှ ကူးယူဖေါ်ပြပါသည် )
အိန္ဒိယနဲ့ ပါကစ္စတန် နှစ်နိုင်ငံ ပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ ကက်ရှ်မီးယားဒေသ နယ်စပ်တနေရာမှာ ပါကစ္စတန်ဘက်က ပစ်ခတ်မှုကြောင့် အိန္ဒိယတပ်သား နှစ်ဦး ကျဆုံးတယ်လို့ အိန္ဒိယဘက်က ပြောဆိုလိုက်ပါတယ်။
အဲဒီဒေသဟာ လွန်ခဲ့တဲ့ နှစ်ရက်က ပါကစ္စတန်တပ်သား တစ်ဦး ပစ်ခတ်ခံရလို့ သေဆုံးခဲ့တယ်လို့ ပါကစ္စတန်ဘက်က ပြောခဲ့တဲ့ နေရာဖြစ်ပါတယ်။
အိန္ဒိယစစ်တပ်ရဲ့အဆိုအရ အင်္ဂါနေ့က အိန္ဒိယတပ်တွေ မင်ဒဟာမြို့နားမှာ ကင်းလှည့်နေတုန်း ပါကစ္စတန်တပ်တွေက အိန္ဒိယဘက်က ထိမ်းချုပ်ထားတဲ့ ကက်ရှ်မီးယား နယ်စပ်ကို ဖြတ်ကျော် ၀င်ရောက်လာတယ်လို့ ဆိုပါတယ်။
အိန္ဒိယကာကွယ်ရေးဝန်ကြီးဌာနက အဲဒီတိုက်ခိုက်မှုအပေါ် ရန်လိုတဲ့ အပြုအမူလို့ စွပ်စွဲလိုက်ပြီး နှစ်ဘက် အပစ်ရပ် သဘောတူညီချက်ကို ပါကစ္စတန်ဘက်က လေးစာလိုက်နာဖို့ တိုက်တွန်းလိုက်ပါတယ်။
ပါကစ္စတန်စစ်တပ်က အိန္ဒိယစစ်တပ်ရဲ့စွပ်စွဲချက်အပေါ် ငြင်းဆိုလိုက်ပါတယ်။ ဒါဟာ ပါကစ္စတန် စစ်တပ် လုံခြုံရေးကင်းကို အိန္ဒိယတပ်တွေ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က စီးနင်းတိုက်ခိုက်ခဲ့တဲ့အပေါ် ကမ္ဘာရဲ့ အာရုံစိုက်မှုကနေလွတ်အောင် လုပ်ကြံပြောဆိုတာလို့ တုံ့ပြန်လိုက်ပါတယ်။
အဲဒီတိုက်ခိုက်မှုမှာ ပါကစ္စတန်စစ်သား ၁ ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရခဲ့ပါတယ်။ 
http://burmese.voanews.com/content/india-pakistan-border/1580250.html အိန္ဒိယနဲ့ ပါကစ္စတန် နှစ်နိုင်ငံ ပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ ကက်ရှ် မီးယားဒေသ နယ်စပ်တနေရာမှာ ပါကစ္စတန်ဘက်က ပစ်ခတ်မှုကြောင့် အိန္ဒိယတပ်သား နှစ်ဦး ကျဆုံးတယ်လို့ အိန္ဒိယ ဘက်က ပြောဆို လိုက်ပါတယ်။
အဲဒီဒေသဟာ လွန်ခဲ့တဲ့ နှစ်ရက်က ပါကစ္စတန်တပ်သား တစ်ဦး
လဘ်ပေးလဘ်ယူမှု အရေးယူ ဆောင်ရွက်ရေး ကော်မတီ တစ်ရပ် ဖွဲ့စည်း
လဘ်ပေးလဘ်ယူမှု အရေးယူ ဆောင်ရွက်ရေး ကော်မတီ တစ်ရပ် ဖွဲ့စည်း
Wednesday, January 09, 2013
လဘ်ပေးလဘ်ယူမှု အရေးယူ ဆောင်ရွက်ရေး ကော်မတီ တစ်ရပ်အား
နိုင်ငံတော်အစိုးရမှ ဇန်န၀ါရီ ၈ ရက် ရက်စွဲဖြင့် ဖွဲ့စည်းလိုက်ကြောင်း
ပြန်ကြားရေးဝန်ကြီးဌာန ၀ဘ်ဆိုဒ်တွင်ယနေ့ ဖော်ပြထားသည်။
ယင်းကော်မတီတွင် ဒုတိယ သမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက ဥက္ကဌအဖြစ်ဆောင်ရွက်ပြီး ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကိုကို၊သမ္မတရုံး ၀န်ကြီးဌာန ၁၊၂၊၃ နှင့် ၅ တို့မှ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးသိန်းညွှန့်၊ဦးစိုးမောင်၊
ဦးစိုးသိန်း နှင့် ဦးတင်နိုင်သိန်း၊ပြည်ထောင်စု ရှေ့နေချုပ် ဒေါက်တာ
ထွန်းရှင်၊နိုင်ငံတော် သမ္မတ၏ အကြံပေးအဖွဲ့ အဖွဲ့ဝင် ဦးသန်းကျော်တို့ ပါဝင်ဖွဲ့စည်းထားပြီး နိုင်ငံတော် သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးလှထွန်းက အတွင်းရေးမှူးအဖြစ်ဆောင်ရွက်မည်ဖြစ်သည်။
ပြည်ထောင်စုအစိုးရအဖွဲ့သစ် တာဝန်ယူပြီးနောက် ကောင်းမွန်သော
အုပ်ချုပ်မှုစနစ်နှင့် သန့်ရှင်းသော အစိုးရဖြစ်ပေါ်ရေးအတွက် အစိုးရအဖွဲ့အစည်းများအတွင်း အဂတိတရာများကင်းရှင်းရေးနှင့် လဘ်ပေးလဘ်ယူမှုများပပျောက်ရေးတို့အတွက် ယင်းကော်မတီကို
ဖွဲ့စည်းရခြင်းဖြစ်သည်ဟု ကြေငြာချက်တွင် ဖော်ပြထားသည်။
7Day News Journal လဘ်ပေးလဘ်ယူမှု အရေးယူ ဆောင်ရွက်ရေး ကော်မတီ တစ်ရပ်အား
နိုင်ငံတော်အစိုးရမှ ဇန်န၀ါရီ ၈ ရက် ရက်စွဲဖြင့် ဖွဲ့စည်း လိုက်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၀ဘ်ဆိုဒ်တွင် ယနေ့ ဖော်ပြ ထားသည်။
ယင်းကော်မတီတွင် ဒုတိယ သမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက
ရဲတပ်ဖွဲ့ဝင်အချို့၏ ကိုယ်ကျင့်ပျက်ပြားမှု နှင့် လူထုအား မချေမငံ ဆက်ဆံခြင်းက အဓိကအားနည်းချက်ဖြစ်
ရဲတပ်ဖွဲ့ဝင်အချို့၏ ကိုယ်ကျင့်ပျက်ပြားမှု နှင့် လူထုအား မချေမငံ
ဆက်ဆံခြင်းက အဓိကအားနည်းချက်ဖြစ်
Wednesday, January 09, 2013
ဥပဒေရေးရာကိစ္စများနှင့် ပတ်သက်၍ လူထုနှင့် အမြဲထိ တွေ့နေရသော
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်အချို့၏ ကိုယ်ကျင့် ပျက်ပြားမှုများ၊ မိဘပြည်သူများမှ ဥပဒေရေးရာ ကိစ္စရပ်များ၊ အမှု ကိစ္စများအတွက် စုံစမ်းမှုများနှင့်
ပြည်သူများသို့ သတင်းရေးသား တင်ပြနေသော မီဒီယာများမှ အမှုကိစ္စ
ရပ်များအတွက် မေးမြန်း ရာတွင် ခြေခြေမြစ်မြစ် မရှင်းပြ ခြင်းနှင့်
ပြေလည်စွာ မဆက်ဆံ ခြင်းတို့က အဓိကအားနည်းချက် တစ်ခုဖြစ်ကြောင်း
မြန်မာနိုင်ငံ ရှေ့နေကွန်ရက်အဖွဲ့ဝင်ဥပဒေ ပညာရှင်တစ်ဦးမှ သုံးသပ်သည်။
““ပြည်သူနဲ့ အမြဲဆက်ဆံနေ ရတာက ရဲစခန်းတွေပဲ။ အဲဒီ ရဲစခန်းတွေမှာက အမှုသည်တွေ၊ ပြည်သူတွေ၊ သတင်းမီဒီယာတွေ က အမှုကိစ္စအတွက်တို့၊ ဥပဒေ ကိစ္စတို့အတွက် သွားမေးတဲ့အခါ လို့ စုံစမ်းတို့အခါတို့မှာ အချို့ ရဲတပ်ဖွဲ့ဝင်တွေက ခြေခြေမြစ်မြစ် ရှင်းပြတာ လုံးဝမရှိဘူး။ နောက် ရဲတပ်ဖွဲ့ဝင်တချို့အနေနဲ့ ကိုယ်ကျင့်ပျက်မှုတွေလည်းပါတယ်။ ဒါတွေဟာ အဓိကအရေးကြီးတဲ့ အားနည်းချက်တွေပဲ။ လူထုနဲ့ အမြဲလိုလို ဆက်ဆံ
နေရတဲ့ ရဲတပ် ဖွဲ့ဝင်တွေဟာ အမှုသည် မိဘ ပြည်သူတွေနဲ့ ပြည်သူတွေလို သတင်းပြန်တင်ပြမယ့် မီဒီယာ တွေအပေါ် အမှုတွေအတွက် ခြေခြေမြစ်မြစ် အသေးစိတ်မရှင်း ပြရင်တောင်မှ လတ်တလော အနေနဲ့ ကျွန်တော်တို့ ဘယ်လို ဆောင်ရွက်ထားပါတယ်ဆိုတာလေး ပြောလိုက်ရင်လည်း ဘာမှ ဖြစ်မသွားပါဘူး။ ဒီလိုဆိုတော့ လာမေးတဲ့သူတွေ စိတ်ချမ်းသာ သွားမှာပေါ့။ တချို့ ရဲတပ်ဖွဲ့ဝင် တွေက ပြည်သူကို ချေချေငံငံ ပြန်ဆက်ဆံ
တာမျိုး လုံးဝမရှိဘူး”” ဟု အဆိုပါ ဥပဒေပညာရှင်မှ ရဲစခန်းများ၏ အဓိကအားနည်း ချက်များအပေါ် သုံးသပ်ပြော ကြားခဲ့သည်။
ရဲစခန်းများအနေဖြင့် နေ့စဉ် လူထုနှင့် ဆက်ဆံနေရလျက်ရှိပြီး ယင်းသို့ လူထုနှင့်ဆက်ဆံရာတွင် ပြေလည်စွာဆက်ဆံမှု မပြုခြင်း၊ အချို့သော ရဲတပ်ဖွဲ့ဝင်များအနေ ဖြင့် မိမိတို့ထံလာသော အမှုသည် ပြည်သူများထံမှ အကြောင်းပြ ချက်အမျိုးမျိုးဖြင့် ငွေညှစ်ခြင်း များ ပြုလုပ်နေလျက်ရှိကာ 
ယင်းသို့ပြုလုပ်နေခြင်းများက တာဝန် ရှိသူများမှ ထိရောက်သော
ပြုပြင် ပြောင်းလဲမှုများနှင့် အရေးယူ ဆောင်ရွက်မှုများမပြုပါက ရေ ရှည်တွင်မူ ရဲတပ်ဖွဲ့စခန်းများ အပေါ်လူထု၏ယုံကြည်မှု ကျဆင်း သွားနိုင်ကြောင်း သိရှိရသည်။
ခန့်ခန့်(ဒဿနိက)
The Hot News ဥပဒေရေးရာကိစ္စများနှင့်ပတ်သက်၍ လူထုနှင့် အမြဲထိ တွေ့ နေ ရသောမြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်အချို့၏ ကိုယ်ကျင့် ပျက်ပြားမှုများ၊ မိဘပြည်သူများမှ ဥပဒေရေးရာ ကိစ္စရပ်များ၊ အမှု ကိစ္စများအတွက် စုံစမ်းမှုများနှင့်ပြည်သူများသို့ သတင်းရေးသား တင်ပြနေသော မီဒီယာ များမှ အမှုကိစ္စရပ်များအတွက် မေးမြန်း ရာတွင် ခြေခြေမြစ်မြစ် မရှင်းပြ ခြင်းနှင့်ပြေလည်စွာ မဆက်ဆံ ခြင်းတို့က အဓိက အားနည်း
မြန်မာ့စီးပွားရေးကဏ္ဍသစ်အတွက် ဂျပန်အစိုးရ တွန်းအားပေး
မြန်မာ့စီးပွားရေးကဏ္ဍသစ်အတွက် ဂျပန်အစိုးရ တွန်းအားပေး
Wednesday, January 09, 2013
ဂျပန်နိုင်ငံ၏ ဘဏ္ဍာရေးဝန်ကြီးသစ် ဖြစ်လာပြီးနောက် မစ္စတာ
ကာရိုအာဆိုသည် ပြည်တွင်းအရေးကြီးကိစ္စများကို ဘေးချ၍ မြန်မာနိုင်ငံသို့ ခရီးထွက်ကာ အထူးစီးပွားရေးဇုန်တည်ဆောက်မည့် ဒေသတစ်ခုအား လည်ပတ်ရင်း မြန်မာနိုင်ငံအတွက် ဘဏ္ဍာရေးအကူအညီများ ထပ်မံပေးအပ်ရန် အတည်ပြုပြောကြားသည်။
ယင်းမှာ ဂျပန်နိုင်ငံ၏ ဒုတိယ၀န်ကြီးချုပ်လည်းဖြစ်သူ မစ္စတာတာရိုအာဆို၏ ပထမဦးဆုံး နိုင်ငံခြားခရီးစဉ်လည်း ဖြစ်သည်။ မြန်မာနိုင်ငံသို့ သုံးရက်ကြာ အလည်အပတ်ခရီးစဉ်အတွင်း အသက် ၇၂ အရွယ် မစ္စတာတာရိုအာဆိုသည်
သမ္မတဦးသိန်းစိန်အပါအ၀င် အစိုးရအဖွဲ့တွင် အရေးပါသော ၀န်ကြီးများနှင့်
တွေ့ဆုံဆွေးနွေးခဲ့သည်။
ဂျပန်နိုင်ငံက ကြွေးမြီယန်းငွေ ၅၀၀ ဘီလီယံ(ကန်ဒေါ်လာ ၆ ဘီလီယံ)
လျှော့ပေါ့ပေးမည်ဖြစ်ပြီး နောက်ထပ်ကြွေးမြီသစ် ယန်းငွေ ၅၀ ဘီလီယံ ပေးအပ်မည်ဟုလည်း သမ္မတဦးသိန်းစိန်အား အတည်ပြုပြောကြားခဲ့သည်။ ယင်းမှာ ယခင်ဂျပန်အစိုးရ၏ ကတိက၀တ်အပေါ် ထပ်မံအတည်ပြုခြင်း ဖြစ်သည်။
“ပြည်ပကြွေးမြီပြဿနာ ဖြေရှင်းရာမှာ ဂျပန်နိုင်ငံရဲ့ အခန်းကဏ္ဍအတွက်
မြန်မာနိုင်ငံက အရမ်းကို ကျေးဇူးတင်နေပါတယ်။ကျွန်တော်ကျေနပ်ပါတယ်” ဟု မစ္စတာတာရိုအာဆိုက သတင်းထောက်များအား ပြောကြားသည်။
“မြန်မာနိုင်ငံမှာ ကြီးမားတဲ့ အလားအလာရှိတယ်လို့ ကျွန်တော်
ခံစားရပါတယ်။ ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်က ပုဂ္ဂလိကနဲ့ အစိုးရ ပူးပေါင်းဆောင်ရွက်မှုကို ဖွံ့ဖြိုးတိုးတက်အောင် ထောက်ပံ့ပေးဖို့
ဖြစ်ပါတယ်”ဟု သီလ၀ါဆိပ်ကမ်းသို့ လည်ပတ်စဉ် ဂျပန်ဘဏ္ဍာရေးဝန်ကြီး
တာရိုအာဆိုက ပြောကြားသည်။ ကန်ဒေါ်လာ ၁၂ ဒသမ ၆ ဘီလီယံ အကုန်အကျခံ တည်ဆောက်မည့် ၂၄၀၀ ဟက်တာ (ဧက ၅၉၀၀ ကျော်) ကျယ်ဝန်းသော အထူးစီးပွားရေးဇုန်မှာ ဂျပန်-မြန်မာ ဆက်ဆံရေး၏ အဓိကအစိတ်အပိုင်းလည်း ဖြစ်သည်။
မြန်မာနိုင်ငံသည် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုဥပဒေအား ယမန်နှစ်အတွင်း ပြဋ္ဌာန်းပြီးနောက် အထူးစီးပွားရေးဇုန်များနှင့်ပတ်သက်၍ ဥပဒေများကို ပြန်လည်ပြင်ဆင်နေဆဲဖြစ်သည်။ သီလ၀ါဆိပ်ကမ်းကြောင့် အလုပ်အကိုင်ရှားပါေးသာ နိုင်ငံတွင် အလုပ်အကိုင်အခွင့်အရေးများ ရရှိလာမည်ဟု မြန်မာနိုင်ငံမှအရာရှိများက မျှော်လင့်ထားသည်။
ဂျပန်-မြန်မာ အစည်းအရုံး၏ စီနီယာအဖွဲ့ဝင်တစ်ဦးလည်းဖြစ်သူ မစ္စတာတာရိုအာဆိုက နောက်ပိုင်းတွင် ၎င်းနှင့်အတူ ခရီးသွားနေသော သတင်းထောက်များအား “ငါတို့ ကားနဲ့လျှောက်မောင်းနေတာ
ကောင်းကင်မှာ မဟာဓာတ်အားလိုင်းတွေ မင်းတို့တွေ့မိလား။ ငါတော့ မတွေ့မိဘူး။ ဒီနိုင်ငံမှာ လျှပ်စစ်ဓာတ်အား လုံလုံလောက်လောက်မရှိဘူး။ တည်ငြိမ်တဲ့ ဓာတ်အားပေးပို့မှုဆိုတာ ဘယ်စီးပွားရေးလုပ်ငန်းအတွက်မဆို အရေးကြီးတယ်”ဟု ပြောသည်။
မြန်မာနိုင်ငံ၏ ကောင်းကွက်လေးများလည်း ၎င်းကရှာတွေ့ခဲ့သည်။ ရန်ကုန်မှာ ညအခါမှာပင် ဘေးကင်းလုံခြုံသည်။ ဂျပန်နိုင်ငံကဲ့သို့ပင်
ဖြစ်သည်။ အရာရှိများက အစည်းအဝေးများအတွက် အချိန်ကိုက်ရောက်ရှိကြသည်။ ဂျပန်လူ့အဖွဲ့အစည်းအတွက် အရေးကြီးသော နောက်တစ်ချက်ဖြစ်သည်။
-Reuters / WSJ
7Day News Journal ဂျပန်နိုင်ငံ၏ ဘဏ္ဍာရေးဝန်ကြီးသစ် ဖြစ်လာပြီးနောက် မစ္စတာ ကာရိုအာ ဆို သည် ပြည်တွင်းအရေးကြီးကိစ္စများကို ဘေးချ၍ မြန်မာနိုင်ငံသို့ ခရီး ထွက်ကာ အထူးစီးပွားရေးဇုန်တည်ဆောက်မည့် ဒေသတစ်ခုအား လည်ပတ် ရင်း မြန်မာနိုင်ငံအတွက် ဘဏ္ဍာရေးအကူအညီများ ထပ်မံပေးအပ်ရန် အတည်ပြုပြောကြားသည်။
ယင်းမှာ ဂျပန်နိုင်ငံ၏ ဒုတိယ၀န်ကြီးချုပ်လည်းဖြစ်သူ မစ္စတာတာရိုအာဆို၏ ပထမဦးဆုံး နိုင်ငံခြားခရီးစဉ်လည်း ဖြစ်သည်။ မြန်မာနိုင်ငံသို့ သုံးရက်ကြာ အလည်အပတ်ခရီးစဉ်အတွင်း အသက် ၇၂ အရွယ် မစ္စတာတာရိုအာဆိုသည် သမ္မတဦးသိန်းစိန်အပါအ၀င် အစိုးရအဖွဲ့တွင် အရေးပါသော ၀န်ကြီး များနှင့်တွေ့
အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရခိုင်ပြည်နယ်လေ့လာ
Photo: အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရခိုင်ပြည်နယ်လေ့လာ 
Wednesday, January 09, 2013
ရခိုင်ပြည်နယ်အတွင်းဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကြောင့် ဒုက္ခရောက်
နေသူတွေပြန်လည် ထူထောင်ရေး လုပ်ငန်းတွေအတွက် အင်ဒိုနီးရှားနိုင်ငံက အမေရိကန်ဒေါ်လာ တစ်သန်း အကူအညီပေးမယ်လို့ မြန်မာနိုင်ငံကို ၂ ရက်ကြာ သွားရောက် လည်ပတ်ခဲ့တဲ့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး 
Marty Natalegawa က ကတိပြုခဲ့ပါတယ်။ လူမျိုးအချင်းချင်းကြား ပဋိပက္ခ ဖြစ်ပွားမှုတွေနဲ့ပတ်သက်လို့ အတွေ့အကြုံရှိထားတဲ့ နိုင်ငံ
တခုဖြစ်တာနဲ့အညီ ရခိုင်ပြည်နယ် အတွင်းဖြစ်ပွားနေတဲ့ ပဋိပက္ခတွေမှာ ကူညီလုပ်ဆောင်ပေးလိုတဲ့အကြောင်းလည်း ကမ်းလှမ်းခဲ့ပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ် စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင် တင်ပြပေးပါမယ်။
အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Marty Natalegawa ဟာ ရခိုင်ပြည်နယ်
အတွင်းက ဒုက္ခသည် စခန်းတွေကို တနင်္လာနဲ့ အင်္ဂါနေ့တွေက ၂ ရက်ကြာ သွားရောက် လေ့လာခဲ့တာဖြစ်ပြီး ဒီခရီးစဉ်ဟာ အချက်အလက်
ရှာဖွေရေးခရီးစဉ်ဖြစ်တယ်လို့ ပြောပါတယ်။
မစ္စတာ နာတာလီဂါဝါဟာ အင်္ဂါနေ့တုန်းကတော့ မြန်မာအစိုးရ နယ်စပ်ဒေသရေးရာဝန်ကြီး ဦးသိန်းဌေးအပါအ၀င် တခြား အစိုးရအရာရှိတွေ၊ ဒေသခံ မြို့မိ မြိုဖတွေနဲ့ တွေ့ဆုံခဲ့ပြီး ရခိုင်ပြည်နယ်အတွင်းက ပြန်လည် ထူထောင်ရေးလုပ်ငန်းတွေအတွက် အင်ဒိုနီးရှားနိုင်ငံက အကူအညီပေးမယ့်အကြောင်း ပြောကြားခဲ့ပါတယ်။
“အင်ဒိုနီးရှားနိုင်ငံအနေနဲ့ မြန်မာအစိုးရကို အမေရိကန်ဒေါ်လာ တစ်သန်း အကူအညီပေးဖို့ ကတိပြုတဲ့အကြောင်း နယ်စပ်ရေးရာဝန်ကြီး ဦးသိန်းဌေးနဲ့ တွေ့ဆုံစဉ် မစ္စတာ နာတာလီဂါဝါက ပြောကြား
သွားတာ ဖြစ်ပါတယ်။”
အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ခရီးစဉ်နဲ့ဆိုင်တဲ့ တခြား အချက်
အလက်တွေကိုတော့ ရန်ကုန်မြို့မှာရှိတဲ့ အင်ဒိုနီးရှားသံရုံး ဒုတိယ
အတွင်းဝန် ဂျင်မာရာ ဆူပရီယာမီက ဗွီအိုအေကို အခုလို ပြောပြပါတယ်။
“ဒီခရီးစဉ်မှာ အဓိက ရည်ရွယ်ချက် ၃ ခုပါပါတယ်။ ပထမကတော့ - ရခိုင်ပြည်နယ်အတွင်း မှာ ဖြစ်နေတဲ့ ကိစ္စတွေနဲ့ပတ်သက်လို့ နိုင်ငံရေးအရ ညှိနှိုင်း အဖြေရှာရေးပဲဖြစ်ပါတယ်။ ဒုတိယ ရည်ရွယ်ကတော့ - လူသားချင်းစာနာတဲ့ အကူအညီတွေ ပေးရေးကိစ္စဖြစ်ပါတယ်။ အဲဒီမှာ 
အင်ဒို နီးရှား အစိုးရက အမေရိကန်ဒေါ်လာ တစ်သန်း ကူညီမယ့်ကိစ္စလည်း ပါပါတယ်။ တတိယ အချက်ကတော့ - ရခိုင်ပြည်မှာ ဒုက္ခသည်တွေ
ပြန်လည်ထူထောင်ရေးမှာ အင်ဒို နီးရှားအနေနဲ့ ကိုယ်တိုင် ပါဝင်
ဆောင်ရွက်ပေးဖို့ ဖြစ်ပါတယ်။ အင်ဒိုနီးရှား အနေနဲ့ ဘာသာရေး 
ပဋိပက္ခဖြေ ရှင်းရေး၊ ပြန်လည်ထူထောင်ရေး စသဖြင့် တို့မှာ အတွေ့အကြုံ
ရှိတဲ့အတွက်ကြောင့် - အထူးသဖြင့် ဆူနာမီ ပြန်လည်ထူထောင်ရေးမှာ အတွေ့အကြုံ ရှိခဲ့တဲ့အတွက် အခု ရခိုင်ပြည်နယ် ပြန်လည် ထူထောင်ရေးမှာ ကူညီပေးနိုင်ပါတယ်။”
နိုင်ငံခြားရေးဝန်ကြီး နာတာလီဂါဝါအနေနဲ့ မြန်မာအစိုးရ အရာရှိတွေနဲ့
တွေ့ဆုံစဉ် တခြား အကြံပြုချက်တွေကိုလည်း မြန်မာအစိုးရကို တင်ပြ ဆွေးနွေးခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။“အင်ဒို နီးရှား
အစိုးရအနေနဲ့ မြန်မာအစိုးရကို အကြံပေးရာမှာ နိုင်ငံသား ခံယူမှု ဥပဒေနဲ့ ပတ်သက်ပြီးတော့ တရားမျှတစွာ စဉ်းစားပေးဖို့  တခြား ကုလသမဂ္ဂ
အပါအဝင် တခြား နိုင်ငံတွေ ကလည်း အကြံပြုထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် ရခိုင်ပြည်နယ် ပြဿနာဖြေရှင်းရေး အပါအဝင် ဒေသတွင်း တည်ငြိမ်ရေးမှာ အာဆီယံနိုင်ငံတွေနဲ့ ပါဝင် ဆောင်ရွက်ပေးနိုင်မယ့် အခန်းကဏ္ဍကို အင်ဒိုနီးရှားက လာရောက် လေ့လာတဲ့ ခရီးစဉ်လည်း ဖြစ်ပါတယ်။”
လူသားချင်းစာနာတဲ့အကူအညီပေးမှာနဲ့ပတ်သက်လို့တော့ ဘယ်လိုပုံစံနဲ့
ပေးမယ်ဆိုတဲ့ အသေးစိတ်တွေကို နောက်ပိုင်းမှာ ဆွေးနွေး ညှိနှိုင်းသွားကြမှာ ဖြစ်တယ်လို့ သိရပါတယ်။ နိုင်ငံခြားရေးဝန်ကြီး
နာတာလီဂါဝါဟာ သူ့ရဲ့ ၂ ၇က်ကြာ ရခိုင်ပြည် ခရီးစဉ်အတွင်း ဒုက္ခသည်စခန်းတွေကို သွားရောက်ပြီး အင်ဒိုနီးရှား အစိုးရရဲ့ အကူအညီနဲ့ တည်ဆောက်နေတဲ့ အဆောက်အဦးတွေကိုလည်း လေ့လာခဲ့တယ်လို့ ရခိုင်အဓိကရုန်း သတင်းထုတ်ပြန်ရေးကော်မီတီ အတွင်းရေးမှူး ဦးဝင်းမြိုင်က ပြောပါတယ်။
“ညအိပ်ပါတယ်ခင်ဗျ။ မနေ့က ညအိပ်ပြီးတော့ အစိုးရအဖွဲ့တွေ၊ ဒီက အမျိုးသမီးအဖွဲ့တွေ နဲ့ တွေ့ပြီးတော့ ဒီနေ့ ပြန်သွားပါတယ်ခင်ဗျ။ ပထမနေ့ကလည်း ဗိုလ်ချုပ်ကြီး သိန်းဌေး တို့နဲ့ မောင်းတောမြို့က စခန်းရှိတဲ့နေရာတွေကို သွားကြတယ်။ ဒီနေ့မနက်တော့ အစိုးရအဖွဲ့မှာ မြို့မိမြို့ဖတွေနဲ့တွေ့ပြီးတော့ အကူအညီပေးရေး ကိစ္စတွေကိုပဲ
ဆွေးနွေးပါတယ်။ ဘာတွေ ထပ်ပေးမယ်ဆိုတာကိုတော့ ကျနော်တို့ မသိသေးဘူးခင်ဗျ။ စခန်းရှိတဲ့နေရာတွေကိုပဲ သွားကြည့်တာပါ။
လောလောဆယ် အဆောက်အဦးဆောက်တဲ့ ကိစ္စတွေကိုပဲ ရှင်းပါတယ် ခင်ဗျ။ ဆောက်ပြီးတဲ့အိမ်တွေရယ်၊ နောက်ပြီး ဆက်ပြီးဆောက်မယ့်
နေရာတွေရယ်။”
အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဟာ မြန်မာအစိုးရရဲ့ ဖိတ်ကြားချက်နဲ့
ရောက်ရှိလာတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက ဖနွမ်းပင်မှာ ကျင်းပခဲ့တဲ့ ၂၁ ကြိမ်မြောက် အာဆီယံထိပ်သီး ညီလာခံပြင်ပမှာ အင်ဒိုနီးရှားသမ္မတနဲ့ မြန်မာသမ္မတ ၂ ဦးတို့ တွေ့ဆုံ ဆွေးနွေးမှုတွေရဲ့
နောက်ဆက် တွဲ ထွက်ပေါ်လာတဲ့ အကျိုးဆက် ဖြစ်ပါတယ်။
ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကနေ ထွက်ပြေးလာကြတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တချို့ကို အင်ဒိုနီးရှားနိုင်ငံက လက်ခံထားတယ် လို့လည်း သိရပါတယ်ခင်ဗျား။ 
ဗွီအိုအေ ရခိုင်ပြည်နယ်အတွင်းဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကြောင့် ဒုက္ခရောက် နေ သူတွေပြန်လည် ထူထောင်ရေး လုပ်ငန်းတွေအတွက် အင်ဒိုနီးရှားနိုင်ငံ က အမေရိကန်ဒေါ်လာ တစ်သန်း အကူ အညီပေးမယ် လို့ မြန်မာနိုင်ငံ ကို ၂ ရက်ကြာ သွားရောက် လည်ပတ်ခဲ့တဲ့ အင်ဒိုနီးရှားနိုင်ငံခြားရေး ၀န်ကြီး Marty Natalegawa က ကတိပြုခဲ့ပါတယ်။ လူမျိုးအချင်း ချင်းကြား ပဋိပက္ခ ဖြစ်ပွားမှုတွေနဲ့ပတ်သက်လို့ အတွေ့ အကြုံရှိ ထားတဲ့ နိုင်ငံတခုဖြစ်တာနဲ့အညီ ရခိုင်ပြည်နယ် အတွင်းဖြစ်ပွားနေတဲ့
KIA မှပန်ဖကျေးရွာနေအပြစ်မဲ့ ပြည်သူ၇ ဦးအားရက်ရက်စက်စက်ပစ်သတ်
KIA မှပန်ဖကျေးရွာနေအပြစ်မဲ့ ပြည်သူ၇ ဦးအားရက်ရက်စက်စက်ပစ်သတ်
ကချင် ပြည်နယ် မိုးညှင်းမြို့နယ် ရှိပန်ဖ ကျေးရွာ အုပ်စုကို ယနေ့ နံနက်ပိုင်း တွင် (KIA) က ၀င်ရောက် ပစ်ခတ်ခဲ့ကြောင်း သတင်းရရှိသည်။KIA ၏ ပစ်ခတ်မှုကြောင့် ဒေသခံ ပြည်သူ ၇ ဦးသေဆုံး ခဲ့ကြောင်း မိုးညှင်းမြို့နယ် ဒေသခံတဦးက ပြောသည်။
“မနက် စောစော ပစ်သံ ခတ်သံတွေ ကြားရတော့ ဆွမ်းပို့တဲ့သူ၊ ဈေး သွား ရမယ့် သူတွေ တောင် လန့်ပြီး မသွားကြတော့ဘူး။ ရွာထဲတင်ဆိုတော့ ကြောက်ကြ တာပေါ့” ဟု နမ့်မွန်း ကျေးရွာသား တဦးဖြစ်သူ ဒေါ်ဘောက်ဂျာက ဆိုသည်။ ၀င်ရောက် ပစ်ခတ်သည့် KIA အင်အားမှာ ၃၀ ခန့်ရှိနိုင်ပြီး ပန်ဖကျေးရွာတွင် ရဲစခန်းနှင့် စစ်တပ် မရှိသည့်အတွက် ထိုသို့ အကြမ်းဖက် ဝင်ရောက် ပစ်ခတ်ခံခဲ့ရ ကြောင်း ၎င်းက ပြော သည်။ ပစ်ခတ်မှုမှာ မနက် ၄ နာရီကျော်ခန့်မှ ၅ နာရီခန့်ထိ ဖြစ်ပြီး နံနက် ၁၀ နာရီခန့်တွင် မိုးညှင်းမြို့နယ် တပ် ရင်း ၁၅ မှ ကျေးရွာ လုံခြုံရေး အတွက် ရောက်ရှိလာကြောင်း သိရသည်။
“ကျနော်တို့ ဘာမှ လုပ်မပေးနိုင်ပါဘူး။ စုံစမ်း စစ်ဆေး တင်ပြတာပဲ လုပ်နိုင်တယ်။ ရဲစခန်းက တင်လာတဲ့ သတင်းလောက်ပဲ ကျနော်တို့ ရပါတယ်” ဟု မိုးညှင်းမြို့နယ် အုပ်ချုပ်ရေးမှူး ရုံးမှ တာဝန်ရှိသူ တဦးက ပြောသည်။
ပန်ဖကျေးရွာ အုပ်စုသည် အိမ်ခြေ ၂၀၀၀ နီးပါး ရှိကာ ရှမ်း၊ ဗမာနှင့် ကချင်လူမျိုးများ ရောနှော နေ ထိုင်ကြကြောင်း၊ ၎င်းသည် မိုးညှင်းမြို့နှင့် ၁၈ မိုင် အကွာတွင် တည်ရှိကြောင်း၊ အနီးဆုံး အစိုးရ တပ်စခန်းသည် ၁၁ မိုင် အကွာ ရှိ လုံးတုံ တပ်စခန်း ဖြစ်ကြောင်း သိရသည်။
“တခါမှလည်း မကြုံဘူးတော့ အားလုံး လန့်သွားတာပေါ့။ ပစ်သံ ခတ်သံဆိုတာ ကျနော်တို့ ငယ်ငယ် တုန်းကပဲ ကြားဖူးခဲ့တာ။ မကြုံဘူးတာ ကြာတော့ လန့်နေကြတယ်။ ရွာက ကျောင်းတွေလည်း နေ့လည် ၂ နာရီလောက်မှာ အားလုံး ဆင်းပေး လိုက်တယ်။ ကျနော်တို့ ကတော့ သေသွားတဲ့ ပြည်သူတွေအတွက် နာရေးထောက်ပံ့ဖို့ စီစဉ်နေပါတယ်” ဟု ပါရမီ နမ့်မွန်း လူမှု ကူညီရေး အသင်းမှ ပြောသည်။ပြီးခဲ့သည့် ဒီဇင်ဘာ ၂၅ ရက်နေ့ ခရစ္စမတ်နေ့က နမ့်မွန်းကျေးရွာသား ၃ ဦးကို KIA က ခေါ်ဆောင်သွားပြီး ယခု အချိန်ထိ ပြန်လွှတ်ပေးခြင်း မရှိသေးကြောင်း၊ 
၎င်း ရွာသား ၃ ဦးကို ပြန်လည် ခေါ်ယူနိုင်ရေးအတွက် ရပ်မိရပ်ဖများနှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီတို့က KIA ကို တောင်းဆိုထားသော်လည်း တစုံတရာ ကြောင်းပြန်ခြင်း မရှိကြောင်းလည်း သိရသည်။ 
အစိုးရနှင့် KIA အကြား ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ကချင်တိုင်းရင်းသားများ သာမက ကချင်ပြည် နယ်တွင် နေထိုင်သည့် ရှမ်း တိုင်းရင်းသားများနှင့် တခြားတိုင်းရင်းသား ပြည်သူများပါ အတိ ဒုက္ခရောက်နေစေကြောင်း၊ KIA တပ်ဖွဲ့ ၀င်များသည် မီးရထားလမ်းများ၊ လမ်းတံတားများကို ဗုံးဖောက်ခွဲခြင်း၊ ဆက်ကြေးကောက်ခြင်း၊ စစ်သားအဖြစ် အဓမ္မ လူစုဆောင်းခြင်း အစရှိသည့် လူ့အခွင့်အရေး ချိုးဖောက် မှုများ ကျူးလွန်နေကြောင်း၊ ထို့ကြောင့် စစ်ပွဲများ ရပ်ရန်နှင့် ငြိမ်းချမ်းရေး အတွက် အမြန်ဆုံး ဆွေးနွေး အဖြေရှာ ပေးရန် တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီက ၂၀၁၂ ခု၊ ဒီဇင်ဘာလ ၂၈ ရက်စွဲဖြင့် ကြေညာချက် ထုတ်ပြန်ခဲ့သည်။
တိုက်ပွဲများ ဖြစ်ပွားနေသည့် တနှစ်ကျော် အတွင်း အစိုးရ၏ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော် မတီနှင့် KIA တွေ့ဆုံမှု ၁၁ ကြိမ်ထိ ရှိခဲ့သော်လည်း သဘောတူညီချက် မရရှိဘဲ ၁၂ ကြိမ်မြောက် တွေ့ဆုံရန် ညှိနှိုင်းနေစဉ် ၂၀၁၂ ဒီဇင်ဘာနှင့် ၂၀၁၃ ဇန်န၀ါရီလ အတွင်း မြန်မာ အစိုးရ တပ်မတော်က လေကြောင်းပစ်ကူ၍ KIA တို့၏ တောင်ကုန်း အမှတ် ၇၇၁ ကို သိမ်းပိုက်ခဲ့သည်။
ကချင် ပြည်နယ် မိုးညှင်းမြို့နယ် ရှိပန်ဖ ကျေးရွာအုပ်စုကို ယနေ့ နံနက်ပိုင်းတွင် (KIA) က ၀င်ရောက် ပစ်ခတ်ခဲ့ကြောင်း သတင်း ရရှိ သည်။ KIA ၏ ပစ်ခတ်မှုကြောင့် ဒေသခံ ပြည်သူ ၇ ဦးသေဆုံး ခဲ့ကြောင်း မိုးညှင်းမြို့နယ် ဒေသခံတဦးက ပြောသည်။
“မနက် စောစော ပစ်သံ ခတ်သံတွေ ကြားရတော့ ဆွမ်းပို့တဲ့သူ၊ ဈေး သွား ရမယ့် သူတွေ တောင် လန့်ပြီး မသွားကြတော့ဘူး။ ရွာထဲတင်
မြေပုံမြို့မှ ဘင်္ဂါလီများလူမျိုးအမည်အမျိုးမျိုးခံယူမှုများ ရှိနေသည်ဟုဆို
မြေပုံမြို့ရှိဘင်္ဂါလီများအား ၁၉၈၂-ဥပဒေအရ စစ်ဆေးမှု များပြု လုပ် လျှက်ရှိရာလူမျိုးနေရာတွင်အမည်အမျိုးမျိုးခံ ယူလျက် ရှိနေ ကြောင်း သိရသည်။
ဘင်္ဂါလီများအားဇန်၀၀ါရီ(၅)ရက်နေ့မှ တင်ကာစစ်ဆေး နေခြင်းဖြစ်ပြီး (၁)နိုင်ငံခြားသား(၂)ဧည့်နိုင် သား(၃)နိုင်ငံသားပြုခွင့် ရသူ(၄)နိုင်ငံ သားဟူသောပုံစံ(၄)မျိုးဖြင့်စစ်ဆေးလျှက်ရှိသည်။
“ပုဇွန်ကန်လူသတ်မှုတရားခံဟုယူဆရသူ မြန်မာအမျိုးသားအား ဖမ်းမိပြီ”
၂၀၁၃    ဇွန်န၀ါရီလ  ၈ ရက်ဘန်ကောက်မြို့မြောက်ဘက် ၇၅ကီလို မီ တာအကွာတွင်ရှိသော ချာချင်စောင်မြို့ အမှတ် ၃ ရပ်ကွက် ဘန် ကရောက်ရွာရှိ ပုဇွန်ကန်ဘောင်တွင်ပြီးခဲ့သည့် ဇန်န၀ါရီလ ၅ ရက်နေ့ညက မြန်မာအမျိုး သမီးတစ်ဦးအား ပစ်သတ်ခဲ့ သည်ဟု ယူဆရသည့်    မြန်မာ အလုပ်သမားတစ်ဦးအား ယနေ့ ဖမ်း ဆီးနိုင်ပြီဖြစ်ကြောင်း ခေါင်စွတ်နှင့် ထိုင်ရတ်သတင်းစာတွင် ရေး သား
တရုတ် ဆင်ဆာဖြတ်တောက်မှုပေါ် ဆန္ဒပြမှုပျံ့နှံ့
တရုတ်နိုင်ငံမှာ အစိုးရရဲ့ ဆင်ဆာတည်းဖြတ် မှု တခုကြောင့် ဒေသ ဆိုင်ရာ အငြင်းပွားမှုတခုကနေ တနိုင်ငံ လုံးအနှံ့ အင်တာနက် အွန် လိုင်ပေါ် မှာ ဆန္ဒပြ ကန့်ကွက်တာတွေ ဖြစ်နေတာနဲ့ အမျှ နိုင်ငံတောင် ပိုင်းမှာ လွတ်လပ်ပြောဆိုခွင့်ဆိုင်ရာ ဆန္ဒပြသူတွေနဲ့ ကွန်မြူနစ် ပါတီကို ထောက်ခံသူတွေအကြား အင်္ဂါနေ့က ရုန်းရင်း ဆန်ခတ် ဖြစ် ခဲ့ကြ ပါတယ်။
Tuesday, January 8, 2013
ဂျပန် မီးပူတိုက် အားကစား ပြိုင်ပွဲ
ဂျပန် မီးပူတိုက် အားကစား ပြိုင်ပွဲ
Tuesday, January 08, 2013
ဂျပန်မှာတင်မကပဲ ဂျာမနီမှာပါ ကျင်းပနေပြီ ဖြစ်တဲ့ အားကစားနည်း ဖြစ် ပါတယ်။ ဂျပန်မှာဆိုရင် နိုင်ငံတကာ ဖိတ်ခေါ် ပြိုင်ပွဲ အနေနဲ့တောင် ကျင်းပ ပါတယ်။
ပုံမှာ မြင်တွေ့ရတဲ့အတိုင်း ဖူဂျီတောင်ထိပ်မှာ မီးပူးတိုက်ပြတာ မျိုး၊
ရေကြမ်းပြင်အောက်မှာ မီးပူတိုက်ပြတာမျိုး၊ စက်ဘီး စီးရင်း မီးပူး တိုက်ပြတာမျိုးတို့ ဖြစ်ပါတယ်။ ယင်းအားကစားကို Extreme Ironing လို့ အမည်ပေးထားပါတယ်။
Extreme Ironing ကို ငါးမျိုးခွဲထားပါတယ်။ Freestyle, Urban, Rocky, Forest နဲ့ Water ဖြစ်ပြီး စိတ်ကြိုက်ပုံစံ၊ မြို့ တွင်း၊ ကျောက်တောင်၊ သစ်တော၊ ရေအောက် လို့ ခွဲခြားထားခြင်း ဖြစ်ပါတယ်။ သာမန် နေ့စဉ် အသက်ရှင်နေထိုင် ဝတ်စားမှုအတွက် အဝတ်မီးပူတိုက်တာမျိုးနဲ့ လုံးဝမတူ ပါဘူး။ ကျားမီးဆွဲရသလိုပဲ ခက်ခက်ခဲခဲကို မီးပူတိုက် ယူရတာ ဖြစ်ပါတယ်။
စည်းမျဉ်းစည်းကမ်းများလည်း သတ်မှတ်ထားပြီး ဂျပန်နိုင်ငံမှာ နိုင်ငံတကာ လွန်လွန်ကဲကဲ မီးပူတိုက်ပြိုင်ပွဲ အမည်နဲ့ နှစ်စဉ် ကျင်းပလျက် ရှိကြောင်း သိရပါတယ်။
--
Ref: weirdasia
International news for myanmar
ပုံမှာ မြင်တွေ့ရတဲ့အတိုင်း ဖူဂျီတောင်ထိပ်မှာ မီးပူးတိုက်ပြတာ မျိုး၊
ရေကြမ်းပြင်အောက်မှာ မီးပူတိုက်ပြတာမျိုး၊ စက်ဘီး စီးရင်း မီးပူး တိုက်ပြတာမျိုးတို့ ဖြစ်ပါတယ်။ ယင်းအား ကစားကို Extreme Ironing လို့ အမည်ပေးထားပါတယ်။
ရုရှားနိုင်ငံ ရေတပ်သည် လာမည့် ၃ နှစ် အတွင်းတွင် ပုံစံနှင့် အမျိုးအစား မတူသော စစ်ရေယာဉ် များလက်ခံ ရရှိမည်
ရုရှားနိုင်ငံ ရေတပ်သည် လာမည့် ၃ နှစ် အတွင်းတွင် ပုံစံနှင့် အမျိုးအစား မတူသော စစ်ရေယာဉ် များလက်ခံ ရရှိမည်
ရုရှားနိုင်ငံ ရေတပ်သည် လာမည့် ၃ နှစ် အတွင်းတွင် စစ်သင်္ဘော ၈ဝ စီးခန့်ကို လက်ခံ ရရှိမည်ဟု ရုရှား နိုင်ငံ ကာကွယ်ရေး ဝန်ကြီးမှ ဇန်နဝါရီလ ၆ ရက်နေ့တွင် ပြောကြားခဲ့ ပါသည်။ ပုံစံနှင့် အမျိုးအစား မတူသော စစ်ရေယာဉ် များသည် ရုရှားနိုင်ငံ ရေတပ်အား နေရာဒေသ မရွေး တာဝန် ထမ်းဆောင်ရန် အထောက် အကူ ပြုသွားမည် ဖြစ်ကြောင်း ရုရှားရေတပ် အဆင့်မြင့် အရာရှိ တစ်ဦးမှ ပြောကြားခဲ့ ပါသည်။
အဆိုပါ စစ်သင်္ဘော များတွင် ဆွဲသင်္ဘောများ၊ ကင်းလှည့် သင်္ဘောများနှင့် ဒိုင်ဗင် သင်္ဘောများ စသည့် ရေယာဉ်များ ပါဝင်မည် ဖြစ်ကြောင်း ကာကွယ်ရေး ဝန်ကြီးမှ ပြောကြားခဲ့ ပါသည်။ ရုရှား ရေတပ်သည် ၂ဝ၁၆ ခုနှစ်တွင် မဟာ ဗျူဟာမြောက် နျူကလီးယား ရေငုပ် သင်္ဘောများ၊ အထူး စစ်ဆင်ရေးနှင့် ထောက်ပံ့ ပို့ဆောင်ရေး ရေယာဉ်များ အပါအဝင် စစ်သင်္ဘော အစီး ၅ဝ ကျော်အား လက်ခံ ရရှိလိမ့်မည် ဖြစ်ကြောင်း ဇန်နဝါရီလ ၃ ရက်နေ့က ပြောကြားခဲ့ ပါသည်။
http://www.myawady.net.mm/allnews/global/item/3871-2013-01-08-14-29-04
ရုရှားနိုင်ငံ ရေတပ်သည် လာမည့် ၃ နှစ် အတွင်းတွင် စစ်သင်္ဘော ၈ဝ စီးခန့်ကို လက်ခံ ရရှိမည်ဟု ရုရှား နိုင်ငံ ကာကွယ်ရေး ဝန်ကြီးမှ ဇန်နဝါရီလ ၆ ရက်နေ့တွင် ပြောကြားခဲ့ ပါသည်။ ပုံစံနှင့် အမျိုးအစား မတူသော စစ်ရေယာဉ် များသည် ရုရှားနိုင်ငံ ရေတပ်အား နေရာဒေသ မရွေး တာဝန်ထမ်းဆောင်ရန် အထောက်အကူ ပြုသွား မည် ဖြစ်ကြောင်း ရုရှားရေတပ် အဆင့်မြင့် အရာရှိ တစ်ဦးမှ ပြောကြားခဲ့ပါသည်။
မူလပထမ လယ်တီဆရာတော်ဘုရားကြီး ရေးသားတော်မူသော ဒီပနီကျမ်းများ တွင် ကျောက်ထက်အက္ခရာတင်ရန် ကျန်ရှိသော (၂၆)ကျမ်းအား ဒီပဲယင်းမြို့နယ် စိုင်ပြင်ကြီး ရွာတွင် ကျောက်ထက်အက္ခရာတင်၍ ကျောက်စာတိုက်တစ်ခု ထပ်မံတည်ဆောက်မည်
မူလပထမ လယ်တီဆရာတော်ဘုရားကြီး ရေးသားတော်မူသော ဒီပနီကျမ်းများ တွင် ကျောက်ထက်အက္ခရာတင်ရန် ကျန်ရှိသော (၂၆)ကျမ်းအား ဒီပဲယင်းမြို့နယ် စိုင်ပြင်ကြီး ရွာတွင် ကျောက်ထက်အက္ခရာတင်၍ ကျောက်စာတိုက်တစ်ခု ထပ်မံတည်ဆောက်မည်
( The Hot News )
မူလပထမလယ်တီဆရာတော်ဘုရားကြီး ရေးသားပြုစုတော်မူခဲ့သော ဒီပနီကျမ်းပေါင်း(၁၀၆) ကျမ်းရှိသည့်အနက် ကျောက်ထက်အက္ခရာတင်ရန် ကျန်ရှိနေသော(၂၆)ကျမ်းအား စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ဒီပဲယင်းမြို့နယ် စိုင်ပြင်ကြီးရွာရှိ (ဖျောက်ဆိပ်ပင်)ကျောင်းမတိုက် တွင် ကျောက်ထက်အက္ခရာတင်ပြီး မဟာလယ်တီမော်ကွန်းကျောက်စာတိုက်ကြီးတစ်ခု တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။“ကျွန်တော်တို့ စိုင်ပြင်ကြီးရွာမှာ မဟာလယ်တီမော်ကွန်းကျောက်စာတိုက်ကြီးတစ်ခုတည်ဆောက် သွားမှာပါ။လယ်တီဆရာတော်ဘုရားကြီးက ဒီပနီကျမ်းပေါင်း(၁၀၆)ကျမ်းကိုပြုစုရေးသားတော်မူခဲ့ ပါတယ်။ကျမ်းပေါင်း(၁၀၆)ကျမ်းထဲက ကျမ်ပေါင်း(၈၀)ကိုသာ ကျောက်ထက်အက္ခရာတင်ထား ပါတယ်။အခုလက်ရှိ မုံရွာမြို့ လယ်တီရပ်ကွက်မှာရှိတဲ့ လယ်တီကျောက်စာတိုက်ကြီးထဲမှာ ရှိတဲ့ ကျောက်စာချပ်ရေ(၈၀၈)ချပ်ဟာ ကျမ်းပေါင်း(၈၀)ကို ကျောက်ထက်အက္ခရာတင်ထားတာပါ။ ကျောက်ထက်အက္ခရာမတင်ရသေးတဲ့ ဒီပနီကျမ်း(၂၆)ကျမ်းကျန်ရှိနေသေးပါတယ်။အဲဒီကျန်ရှိနေ တဲ့(၂၆)ကျမ်းကိုသာ ကျောက်ထက်အက္ခရာတင်ပြီး စိုင်ပြင်ကြီးရွာမှာ ကျောက်စာတိုက်ကြီးတစ်ခု တည်ဆောက်သွားမှာပါ။မုံရွာမြို့ မဟာလယ်တီကျောင်းတိုက်မှာရှိတဲ့ ကျောက်စာတိုက်ကြီးထဲမှာ ပါရှိပြီးသောကျမ်းများကို မထည့်ထားပါဘူး။ကုန်ကျငွေကျပ်သိန်းပေါင်(၁၅၈၀)ခန့် ကုန်ကျမယ်လို့မှန်ထားပါတယ်။လောလောဆယ်မှာ မေတ္တာရှင် ရွှေပြည်သာဖောင်ဒေးရှင်က တာဝန်ယူမယ်လို့ပြောထားတယ်။အလှူငွေကျပ်သိန်(၃၀)ကိုတော့ ချပေး ထားပါပြီ။ကျောက်စာတိုက်ကြီးအ၀င်မှာ လယ်တီဆရာတော်ဘုရားကြီးရဲ့ ရုပ်တုနဲ့ ထေရုပတ္တိကို အင်္ဂလိပ်-မြန်မာ (၂)ဘာသာနှင့် ကျောက်စာရေးထိုးပြီးစိုက်ထူထားမှာပါ”ဟု အဆိုပါကျောက်စာတိုက် ဖြစ်မြောက်ရေးကော်မတီ မှတာဝန်ရှိသူတစ်ဦးကဆိုပါတယ်။အဆိုပါကျောက်စာများ၏ ကုန်ကျငွေများမှာ ခန့်မှန်းတန်ဘိုးဖြစ်ပါတယ်။ကျောက်စာများသယ်ယူရာ တွင် လမ်းကြေး တံတားကြေး နှင့် တန်ပို ကတ္တားကြေးများအပေါ်တွင်မူတည်ပြီး ကုန်ကျငွေကို အတိ အကျပြောနိုင်မှာဖြစ်ကြောင်း ကျောက်စာတိုက်ကြီးဖြစ်မြောက်ရေး ကော်မတီမှ နာယကကြီးတစ်ဦးက ဆိုပါတယ်။
စိုးမိုးထွန်း(မုံရွာ)
http://www.hotnewsweekly.com/archives/15697 မူလပထမလယ်တီဆရာတော်ဘုရားကြီး ရေးသားပြုစုတော်မူခဲ့သော ဒီပနီကျမ်းပေါင်း(၁၀၆) ကျမ်းရှိသည့် အနက် ကျောက်ထက် အက္ခရာတင်ရန် ကျန်ရှိနေသော(၂၆)ကျမ်းအား စစ်ကိုင်းတိုင်းဒေ သကြီး ရွှေဘို ခရိုင် ဒီပဲယင်းမြို့နယ် စိုင်ပြင်ကြီးရွာရှိ (ဖျောက်ဆိပ် ပင်)ကျောင်းမတိုက် တွင် ကျောက်ထက်အက္ခရာတင်ပြီး မဟာ လယ်တီမော်ကွန်းကျောက်စာတိုက်ကြီးတစ်ခု တည်ဆောက် သွား မည်
ရုရှား နိုင်ငံသည် စတုတ္ထမြောက် ရေဒါမျိုးဆက် VORONEZH ရေဒါ များအားဒေသ ၃ ခုတွင် စတင် တည်ဆောက် သွားမည်
ရုရှား နိုင်ငံသည် စတုတ္ထမြောက် ရေဒါမျိုးဆက် VORONEZH ရေဒါ များအားဒေသ ၃ ခုတွင် စတင် တည်ဆောက် သွားမည်
ရုရှား နိုင်ငံသည် ယခုနှစ် အတွင်းတွင် စတုတ္ထမြောက် ရေဒါမျိုးဆက် Voronezh ရေဒါ များအား နိုင်ငံ၏ ဒေသ ၃ ခုတွင် စတင် တည်ဆောက် သွားမည်ဟု ရုရှား အာကာသ တပ်ဖွဲ့၏ ပြောရေးဆိုခွင့် ရှိသူ ဗိုလ်မှူးကြီး Alexei Zolotukhin မှ ဇန်နဝါရီလ ၆ ရက်နေ့တွင် ပြောကြားခဲ့ ပါသည်။
ဆိုက်ဘေးရီးယား အရှေ့ပိုင်း Krasnoyarsk ဒေသ၊ ဆိုက်ဘေးရီးယား တောင်ပိုင်း Altai Republic ဒေသနှင့် ရုရှားနိုင်ငံ အလယ်ပိုင်း Orenburg ဒေသတို့တွင် တည်ဆောက် သွားမည်ဟု သိရှိရ ပါသည်။ စတုတ္ထမြောက် ရေဒါမျိုးဆက် Voronezh ရေဒါများအား တည်ဆောက်ရာတွင် အဆင်မြင့် နည်းပညာများ အသုံးပြု သွားမည် ဖြစ်ကြောင်း Zolotukhin မှ ပြောကြားခဲ့ ပါသည်။ အဇာဘိုင်ဂျန် နိုင်ငံသို့ ငှားရမ်းထားသော Gabala  ရေဒါ များအား သတ်မှတ်ကာလ ပြီးဆုံးပါက ထပ်မံ ငှားရမ်းတော့မည် ဟုတ်ကြောင်းကို ရုရှား နိုင်ငံခြားရေး ဝန်ကြီး မှ အတည်ပြုခဲ့ ပါသည်။ ရုရှား နိုင်ငံသည် Gabala ရေဒါများ နေရာတွင် Voronezh ရေဒါများအား အစားထိုး အသုံးပြု သွားမည် ဖြစ်ကြောင်း သိရှိရ ပါသည်။
http://www.myawady.net.mm/allnews/global/item/3870-2013-01-08-14-27-06
 ရုရှား နိုင်ငံသည် ယခုနှစ် အတွင်းတွင် စတုတ္ထမြောက် ရေဒါမျိုးဆက် Voronezh ရေဒါ များအား နိုင်ငံ၏ ဒေသ ၃ ခုတွင် စတင် တည်ဆောက် သွားမည်ဟု ရုရှား အာကာသ တပ်ဖွဲ့၏ ပြောရေးဆိုခွင့် ရှိသူ ဗိုလ်မှူးကြီး Alexei Zolotukhin မှ ဇန်နဝါရီလ ၆ ရက်နေ့တွင် ပြောကြားခဲ့ ပါသည်။
SSA (ရွက်ဆစ်) အဖွဲ့မှ ဆောက်လုပ် ထားသော အချုပ်ခန်းအား နယ်မြေခံ တပ်မတော် စစ်ကြောင်းမှ ရှာဖွေ ရှင်းလင်း ဖျက်ဆီးခဲ့ပြီး ဖမ်းဆီး ချုပ်နှောင်ထားခြင်း ခံရသည့် တိုင်းရင်းသားများအား လိုအပ်သော ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေး
SSA (ရွက်ဆစ်) အဖွဲ့မှ ဆောက်လုပ် ထားသော အချုပ်ခန်းအား နယ်မြေခံ တပ်မတော် စစ်ကြောင်းမှ ရှာဖွေ ရှင်းလင်း ဖျက်ဆီးခဲ့ပြီး ဖမ်းဆီး ချုပ်နှောင်ထားခြင်း ခံရသည့် တိုင်းရင်းသားများအား လိုအပ်သော ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေး
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ နမ့်စန်မြို့နယ် အတွင်းရှိ နမ်မိုကျေးရွာနှင့် ကုန်းတီးကျေးရွာ မြေသားခြင်းဆက် လမ်းဘေးအနီးတွင် SSA (ရွက်ဆစ်) အဖွဲ့  ခွန်ဆန်တုန်ဟုန်း စစ်ကြောင်း၊ တပ်ရင်း (၃၇၁)မှ တရားမဝင် အချုပ်ခန်း ဆောက်လုပ်၍ ဒေသခံတိုင်းရင်းသား များကို ချုပ်နှောင်ထားကြောင်းအား နယ်မြေခံ တပ်မတော် စစ်ကြောင်းထံသို့ သတင်းပေးမှုကြောင့် ဇန်နဝါရီ ၅ ရက်နေ့ နံနက် ၃ နာရီခွဲမှ စတင်၍ နယ်မြေ ရှင်းလင်းရေး ဆောင်ရွက်ခဲ့ရာ နံနက် ၁၀ နာရီ ၁၅ မိနစ်တွင် နမ်မိုကျေးရွာနှင့် ကုန်းတီးကျေးရွာ မြေသားခြင်း ဆက်လမ်း၏ ညာဘက် ၁၅၀ ကိုက်ခန့်ရှိ မြေပြန့်၌ အခန်း ၂ ခန်းပါ သွပ်မိုး သစ်လုံး ၇ ဆင့်ဖြင့် ကာရံထားသော အကျယ် အလျား ၁၈ ပေ၊ အနံ ၁၀ ပေ၊ အမြင့် ၇ ပေ ရှိသော အဆောက်အဦအား သစ်ကိုင်းများဖြင့် ကာရံလျက် တွေ့ရှိရသည်။
အဆိုပါ အချုပ်ခန်းဘေးတွင် အစောင့်အကြပ် အဖြစ် တိုင်းရင်းသား ၅ ဦးနှင့် အချုပ်ခန်းတ်ွင ခြေ/လက်များအား သံကြိုးများဖြင့် ချုပ်နှောင်ခြင်း ခံထားရသူ ၄ ဦး တို့ကို စစ်ဆေးတွေ့ရှိရသဖြင့် တပ်မတော်သားများက ကယ်တင်ပြီး အချုပ်ခန်း အဆောက်အဦအား မီးရှို့ဖျက်ဆီးခဲ့သည်။
အချုပ်ခန်းအနီး အစောင့်အကြပ်အဖြစ် တွေ့ရှိရသော တိုင်းရင်းသား ၅ ဦးကို သက်ဆိုင်ရာ ကျေးရွာများသို့ ပြန်လည် စေလွှတ်ပေးခဲ့ပြီး ဖမ်းဆီးချုပ်နှောင် ခံရသည့် ရွာသား ၄ ဦးအား နယ်မြေခံတပ်ရင်းသို့ ခေါ်ဆောင်ခဲ့ကာ လိုအပ်သော ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက် ပေးလျက် ရှိပါသည်။
ယင်းအချုပ်ခန်းအား SSA (ရွက်ဆစ်) အဖွဲ့မှ ဒီဇင်ဘာ ၂၅ ရက်နေ့မှ စတင်ဆောက်လုပ်ခဲ့ပြီး ဒီဇင်ဘာ ၂၇ ရက်နေ့တွင် ပြီးစီးခဲ့ကြောင်း၊ ပတ်ဝန်းကျင် ကျေးရွာများမှ သွပ်၊ မျော၊ ဝါးများအား အချိုးကျ အရောက်ပို့ စနစ်ဖြင့် ပို့ဆောင်စေခိုင်းပြီး ကျေးရွာသားများဖြင့် ဝိုင်းဝန်းဆောက်လုပ် ပေးရကြောင်း၊ လွယ်တိုင်းလျှံတွင် ကျင်းပ ပြုလုပ်သည့် ဒီဇင်ဘာ ၁၄ ရက်နေ့ ရှမ်းနှစ်သစ်ကူး ပွဲတော်သို့ လိုက်ပါခြင်း မရှိဘဲ ထွက်ပြေး တိမ်းရှောင် သူများအား ဖမ်းဆီး ချုပ်နှောင်ထားခြင်း ဖြစ်ကြောင်းနှင့် ယင်းလုပ်ရပ် များအား နောက်ကွယ်မှ ကြိုးကိုင် စေခိုင်းသူများကို နယ်မြေခံ တပ်မတော် စစ်ကြောင်းမှ လိုက်လံစစ်ဆေး ဖော်ထုတ်လျက် ရှိကြောင်း သတင်း ရရှိပါသည်။
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ နမ့်စန်မြို့နယ် အတွင်း ရှိ နမ်မိုကျေးရွာနှင့် ကုန်းတီးကျေး ရွာ မြေ သားခြင်း ဆက် လမ်းဘေးအနီးတွင် SSA (ရွက်ဆစ်) အဖွဲ့ ခွန်ဆန်တုန်ဟုန်း စစ်ကြောင်း၊ တပ်ရင်း (၃၇၁)မှ တရားမဝင် အချုပ်ခန်း ဆောက်လုပ် ၍ ဒေသခံ တိုင်းရင်းသားများကို ချုပ်နှောင်ထားကြောင်းအား နယ်မြေခံ တပ်မတော် စစ်ကြောင်းထံသို့ သတင်းပေး မှုကြောင့် ဇန်နဝါရီ ၅ ရက်နေ့ နံနက် ၃ နာရီခွဲမှ စတင်၍ နယ်မြေ ရှင်းလင်းရေး ဆောင်
ထိုင်းနိုင်ငံသည် ၂ဝ၁၃ ခုနှစ် မေလတွင် ယူကရိန်း နိုင်ငံမှ T-84 OPLOT တိုက်ပွဲဝင် တင့်ကားများကို လက်ခံရ ရှိမည်ဟုဆို
ထိုင်းနိုင်ငံသည် ၂ဝ၁၃ ခုနှစ် မေလတွင် ယူကရိန်း နိုင်ငံမှ T-84 OPLOT တိုက်ပွဲဝင် တင့်ကားများကို လက်ခံရ ရှိမည်ဟုဆို
ထိုင်းကြည်းတပ်သည် ယူကရိန်း နိုင်ငံမှ T-84 Oplot ပင်မ တိုက်ပွဲဝင် တင့်ကားများ မှာယူထားရာ ၎င်းတို့အနက် ပထမ အသုတ်ကို ၂ဝ၁၃ ခုနှစ် မေလတွင် လက်ခံ ရရှိမည် ဖြစ်ကြောင်း ထိုင်းကြည်းတပ် ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ပရာယုဒ် ချန်အိုချာက ဇန်နဝါရီလ ၄ ရက် နေ့တွင် ပြောကြား ခဲ့သည်ဟု Bangkokpost သတင်း တစ်ရပ်အရ သိရှိရ ပါသည်။
ထိုင်းကြည်းတပ် အနေဖြင့် ယူကရိန်း နိုင်ငံမှ စုစုပေါင်း တင့်ကား ၂ဝဝ စီး မှာယူထားရာ ၎င်းတို့ အနက် ၂ဝ၁၃ ခုနှစ် မေလတွင် ၅ စီးနှင့် ၂ဝ၁၅ ခုနှစ် အကုန်တွင် ၅ဝ စီး လက်ခံ ရရှိမည် ဖြစ်ကြောင်း သိရှိရ ပါသည်။ ပထမ အသုတ်အဖြစ် လက်ခံ ရရှိမည့် တင့်ကား ၅ စီးအား လေ့ကျင့်ရေး အတွက် အသုံးပြု သွားမည် ဖြစ်ကြောင်း ဗိုလ်ချုပ်ကြီး ပရာယုဒ် ချန်အိုချာက ပြောကြားခဲ့ ပါသည်။  
ဗိုလ်ချုပ်ကြီး ပရာယုဒ် ချန်အိုချာသည် မကြာသေးမီက ယူကရိန်း နိုင်ငံသို့ သွားရောက်ခဲ့သော အလည်အပတ် ခရီးစဉ်အတွင်း ယူကရိန်း အစိုးရနှင့် တွေ့ဆုံ ဆွေးနွေးမှု ပြုလုပ်ခဲ့စဉ် အဆိုပါ T-84 Oplot ပင်မ တိုက်ပွဲဝင် တင့်ကား များကို အမြန်ဆုံး လွှဲပြောင်းပေးရန် တောင်းဆို ခဲ့ကြောင်းနှင့်  ကြည်းတပ် အနေဖြင့် ပစ်စွမ်းအားနှင့် တိုက်စွမ်းအား ကောင်းမွန်ပြီး တန်ဖိုး သင့်လျော်သော တင့်ကားများကို လက်ခံ ရရှိခဲ့ခြင်း သာ ဖြစ်သည်ဟု ယုံကြည်ကြောင်း ဗိုလ်ချုပ်ကြီး ပရာယုဒ် ချန်အိုချာက ပြောကြားခဲ့ ပါသည်။ 
ကြည်းတပ်တွင် လက်ရှိ အသုံးပြု နေသော သံချပ်ကာယာဉ် အများစုကို ဈေးနှုန်း များစွာ မြင့်မားသော အနောက်အုပ်စု နိုင်ငံများမှ ဝယ်ယူခဲ့ခြင်း ဖြစ်ကြောင်း ဗိုလ်ချုပ်ကြီး ပရာယုဒ် ချန်အိုချာက ပြောကြားခဲ့သည်ဟု သိရှိရ ပါသည်။
http://www.myawady.net.mm/allnews/global/item/3873-2013-01-08-15-00-57 ထိုင်းကြည်းတပ်သည် ယူကရိန်း နိုင်ငံမှ T-84 Oplot ပင်မ တိုက်ပွဲဝင် တင့်ကားများမှာယူထားရာ ၎င်းတို့အနက် ပထမအသုတ်ကို ၂ဝ၁၃ ခုနှစ် မေလတွင် လက်ခံရရှိမည် ဖြစ်ကြောင်း ထိုင်းကြည်းတပ် ဦးစီးချုပ် ဗိုလ်ချုပ်ကြီးပရာယုဒ် ချန်အိုချာက ဇန်နဝါရီလ ၄ ရက် နေ့တွင် ပြော ကြားခဲ့သည်ဟု Bangkokpost သတင်း တစ်ရပ်အရ သိရှိရ ပါသည်။
ထိုင်းကြည်းတပ်အနေဖြင့် ယူကရိန်းနိုင်ငံမှ စုစုပေါင်းတင့်ကား ၂ဝဝ စီး
တဖြည်းဖြည်း ရေပန်းစားလာသော အွန်လိုင်း ဆက်သွယ်ရေး ဝက်ဘ်ဆိုက်များ သတိထား အသုံးပြုရန်လို
Photo: တဖြည်းဖြည်း ရေပန်းစားလာသော အွန်လိုင်း ဆက်သွယ်ရေး ဝက်ဘ်ဆိုက်များ သတိထား အသုံးပြုရန်လို
Tuesday, January 08, 2013
တရုတ် နိုင်ငံတွင် ရှေးယခင်က အရွယ်ရောက်သူ အမျိုးသား၊ အမျိုးသမီး များသည် ၎င်းတို့၏ ကြင်ဖော်ကြင် ဖက်များကို ရှာဖွေ ကြရာတွင် ကိုယ်စွမ်း ကိုယ်စနှင့် သာမက အောင်သွယ်များမှ တစ်ဆင့် ရှာဖွေလေ့ ရှိကြသည်ကို စာဖတ် ပရိသတ်များ သိရှိကြပြီး ဖြစ်ပေလိမ့်မည်။ 
ယခုခေတ် ကာလ များတွင် ခေတ်နှင့် အညီ နည်းပညာများ ဖွံ့ဖြိုးတိုးတက် လာပြီ ဖြစ်သောကြောင့် လူအောင်သွယ်တော်များ မလိုအပ်တော့ဘဲ အင်တာနက်မှ တစ်ဆင့် ကြင်ဖက်များ ရှာဖွေ လာကြသည်ကို
လေ့လာတွေ့ရှိ ရသည်။ 
ထိုကဲ့သို့ အင်တာနက်မှ တစ်ဆင့် အိမ်ထောင်ဖက် ရှာဖွေခြင်းသည်
ကောင်းကျိုးခံစား ရမည့် အိမ်ထောင်ဖက် အစစ်အမှန်ကို တွေ့ရှိနိုင်သလို ဆိုးကျိုးကို ဖြစ်ပေါ် စေမည့် အတုအယောင် အိမ်ထောင်ဖက် များကိုလည်း
တွေ့ရှိနိုင်ပါသည်။
ထိုနည်းလမ်းဖြင့် အိမ်ထောင်ဖက် ရှာဖွေခြင်းကို ကမ္ဘာပေါ်ရှိ နိုင်ငံများ အနက် တရုတ်နိုင်ငံ၌ ပို၍ အသုံးပြုလာ ကြသည်ကို လေ့လာချက်များ အရ တွေ့ရှိရ သည်။ တရုတ်နိုင်ငံမှ Jiayuan.com Ltd သည် Net Ease Huatian ဟု အမည် ပေးထားသော အောင်သွယ်ရေး ဝက်ဘ်ဆိုက်ကို 
၂ဝ၁၂ ခုနှစ် နိုဝင်ဘာမှ စတင်၍ အင်တာနက်ပေါ် တင်ခဲ့ရာ ယခု အချိန်တွင် တရုတ်နိုင်ငံ တစ်ဝန်းရှိ မြို့ကြီးများဖြစ်သော ပေကျင်း၊ ရှန်ဟိုင်း၊ ဟန်ကျိုး၊ ကွမ် ကျိုးနှင့် ရှန်ကျန်းမြို့ များ ထိပါ တဖြည်းဖြည်း စမ်းသပ်အသုံးပြု လာကြပြီဖြစ်သည်။ ၎င်း ဝက်ဘ်ဆိုက်ကိုအ သက် ၂ဝ မှ ၃၅ နှစ်အရွယ်ရှိ အမျိုးသား၊ အမျိုး သမီးများ အတွက် ရည်ရွယ်၍ တင်ထားခြင်းဖြစ်ပြီး ဝက်ဘ်ဆိုက် အသုံးပြု ကြသည့် user များ အနေဖြင့် မိမိတို့၏ မှတ်ပုံတင်နံပါတ် သို့မဟုတ် ဖုန်းနံ ပါတ်များကို ၎င်း ဝက်ဘ်ဆိုက်၌ အမည်စာရင်း ပေးသွင်းရသည်။
တရုတ်နိုင်ငံတွင် အောင်သွယ်ရေး ဝက်ဘ်ဆိုက် အသုံးပြုသူ ပို၍များလာပြီး စံထား ရလောက်သည့် အိမ်ထောင် ဖက်ကို စိတ်ကြိုက်ရွေးချယ်ခွင့် ရနေကြ သည်။ တရုတ်နိုင်ငံတွင် အသက် ၁၈ နှစ်နှင့် အထက် လက်မထပ်ရ သေး သည့် လူဦးရေ ၂၄၉ သန်းရှိပြီး အမျိုးသားများသည် အမျိုးသမီးများထက် အိမ်ထောင်ဖက်ကို ပို၍ လိုလား တောင့်တကြကြောင်း အမျိုးသား လူဦးရေ နှင့် မိသားစုရေးရာ စီမံကိန်း ကော်မရှင်က တရုတ်လူမျိုးများ အကြား Marriage Valu es နှင့် ပတ်သက်၍ ထုတ်ဝေသော ၂ဝ၁၂-၂ဝ၁၃ ခုနှစ် အစီရင်ခံ စာတွင် ဖော်ပြထားသည်။
Jiayuan.Com Ltd မှ တည်ထောင်ထားသော Net Ease Huatian အောင် သွယ်ရေး ဝက်ဘ်ဆိုက်သည် ၎င်း ဝက်ဘ်ဆိုက်တွင် မှတ်ပုံတင် တင်သွင်း ကြသည့် အမျိုးသား၊ အမျိုးသမီးများသည် အိမ်ထောင်ဖက် ကောင်းများ ရရှိ စေရန်အတွက် ကောင်းမွန်သော အလုပ်အကိုင် ကောင်းနှင့် ပစ္စည်းဥစ္စာ ရှိရုံ သာမက လိုက် ဖက်သော လူနေ မှုပုံစံနှင့် ပြီးပြည့်စုံ၍ အဆင့်အတန်း ရှိသော လူမျိုးများကိုသာ ခွင့်ပြုခဲ့သည်။ ထို့ကြောင့် အမျိုးသား၊ အမျိုးသမီး အချို့ သည် အိမ်ထောင် ဖက်ကောင်းများကို တွေ့ရှိခဲ့ကြပြီး
ကောင်းကျိုးများကို ခံစား ခဲ့ကြသလို ဆိုးကျိုး အနေ ဖြင့် အမျိုးသမီး များဘက်မှ အလိုမတူဘဲ ကာမလိမ်လည် ယူသူများနှင့် တွေ့ဆုံနိုင်သည့် အပြင် ငွေကြေး လိမ်လည်မှု များနှင့် အဓမ္မ ပြုကျင့်မှုများသည် နိုင်ငံအနှံ့ တွင် ဖြစ်ပေါ်နေသည်ကို လေ့ လာတွေ့ရှိ ရသည်။
ထို့ကြောင့် အင်တာနက် အသုံးပြုသည့် လူငယ်များ အနေဖြင့် အကောင်း အဆိုးကို ချင့်ချိန် စဉ်းစား၍ မိမိဘဝ အတွက် အကျိုးရှိမည့် အရာများကိုသာ
ရွေးချယ်လုပ်ဆောင် သင့်ကြောင်း သတိပေးလိုက် ရပါသည်။
တီအက်စ်လှိုင်
မြဝတီနေ့စဉ် - သိပ္ပံနှင့်လူမှုရေးကဏ္ဍ
Royal Hero Media တရုတ် နိုင်ငံတွင် ရှေးယခင်က အရွယ်ရောက်သူ အမျိုးသား၊ အမျိုး သမီးများသည် ၎င်းတို့၏ ကြင်ဖော်ကြင်ဖက်များကို ရှာဖွေကြရာတွင် ကိုယ်စွမ်း ကိုယ်စနှင့် သာမက အောင်သွယ်များမှ တစ်ဆင့် ရှာဖွေလေ့ ရှိကြသည်ကို စာဖတ် ပရိသတ်များ သိရှိကြပြီး ဖြစ်ပေလိမ့်မည်။
ယခုခေတ် ကာလများတွင် ခေတ်နှင့် အညီ နည်းပညာများ ဖွံ့ဖြိုး တိုးတက်လာပြီ ဖြစ်သောကြောင့် လူအောင်သွယ်တော်များ မလို အပ်တော့ဘဲ အင်တာနက်မှ တစ်ဆင့် ကြင်ဖက်များ ရှာဖွေလာကြ သည်ကိုလေ့လာတွေ့ရှိ ရသည်။
မန်းတွင် ၃တန်နှင့်အထက်မ၀င်ရလမ်းများ သတ်မှတ်
Photo: မန်းတွင် ၃တန်နှင့်အထက်မ၀င်ရလမ်းများ သတ်မှတ်
Tuesday, January 08, 2013
မန္တလေးမြို့တွင် ၃တန်နှင့်အထက်မ၀င်ရလမ်းများ ကိုမန်းမြို့တော်စည်ပင်
သာယာရေး မှ ယနေ့ထုတ်ပြန်ကြေညာလိုက်သည်။
မြောက်ဘက်တွင် (၈၆) လမ်း နှင့် (၁၂) လမ်းဆုံမှ အရှေ့ဘက်သို့ (၁၂)လမ်းအတိုင်း (၁၂) လမ်းမှ (၆၂) လမ်းဆုံအထိ၊အရှေ့ဘက်တွင် (၁၂)လမ်းနှင့် (၆၂)လမ်းဆုံမှ (၆၂)လမ်းအတိုင်း ပြင်ဦးလွင်မီးရထား
သံလမ်းအထိ၊တောင်ဘက်တွင် (၆၂)လမ်း သိပ္ပံလမ်းဆုံမှသိပ္ပံလမ်းအတိုင်း ရန်ကုန်-မန္တလေး ကားလမ်းဆုံအထိ၊ တောင်ဘက်သို့ (၇၈)လမ်းအတိုင်း
အတိုင်း စစ်ကိုင်းလမ်းခွဲအထိ၊ ၎င်းမှ ဦးပွားခုံးကျော်တံတားလမ်းအတိုင်း စစ်ကိုင်း-မန္တလေးကားလမ်းအထိ၊အနောက်ဘက် စစ်ကိုင်း-မန္တလေးကား
လမ်းနှင့် ဘိုအိမ် လမ်းဆုံမှ မြောက်ဘက်သို့ (၈၄)လမ်းအတိုင်း (၃၅)လမ်းအထိ၊ (၃၅)လမ်း(၈၄)လမ်းဆုံမှ (၃၅)လမ်းတစ်လျှောက် ကမ်းနားလမ်းအထိ၊ ကမ်းနားလမ်းတစ်လျှောက်မှ (၂၂) လမ်းအထိ၊ (၂၂) လမ်းတစ်လျှောက်မှ (၈၆)လမ်း (၂၂)လမ်းဆုံအထိ၊ (၈၆)လမ်း နှင့် (၂၂) လမ်းဆုံမှ(၈၆)လမ်းတစ်လျှောက် (၁၂)လမ်းအထိဖြစ်ကြောင်းသိရသည်။
Popular Myanmar News Journal မန္တလေးမြို့တွင် ၃တန်နှင့်အထက်မ၀င်ရလမ်းများကို မန်းမြို့တော်စည် ပင်သာယာရေး မှ ယနေ့ထုတ်ပြန်ကြေညာလိုက် သည်။ မြောက်ဘက် တွင် (၈၆) လမ်း နှင့် (၁၂) လမ်းဆုံမှ အရှေ့ဘက်သို့ (၁၂)လမ်း အတိုင်း (၁၂) လမ်းမှ (၆၂) လမ်းဆုံအထိ၊အရှေ့ဘက်တွင် (၁၂) လမ်းနှင့် (၆၂)လမ်းဆုံမှ (၆၂)လမ်းအတိုင်း ပြင်ဦးလွင်မီးရထား သံလမ်းအထိ၊တောင်ဘက်တွင် (၆၂)လမ်း သိပ္ပံလမ်းဆုံမှ သိပ္ပံလမ်း အတိုင်း ရန်ကုန်-မန္တလေး ကားလမ်းဆုံအထိ၊ တောင်ဘက်သို့ (၇၈) လမ်းအတိုင်းအတိုင်း စစ်ကိုင်းလမ်းခွဲအထိ၊ ၎င်းမှ ဦးပွားခုံးကျော်
ရုပ်ရှင်ပွဲတော်တွင် ဒေါ်အောင်ဆန်းစုကြည် နှင့် ကိုမင်းကိုနိုင်ဆု ချီးမြှင့်မည်
Photo: ရုပ်ရှင်ပွဲတော်တွင် ဒေါ်အောင်ဆန်းစုကြည် နှင့် ကိုမင်းကိုနိုင်ဆု ချီးမြှင့်မည်
Tuesday, January 08, 2013
လူ့အခွင့်အရေးနှင့် လူ့ဂုဏ် သိက္ခာ နိုင်ငံတကာ ရုပ်ရှင်ပွဲတော် တွင် အောင်ဆန်းစုကြည်နှင့် မင်းကိုနိုင် ဆုများကို ပေးအပ် ချီးမြှင့်
သွားမည်ဟု ရုပ်ရှင်ပွဲတော် စီစဉ်သူ ဒါရိုက်တာ မင်းထင်ကိုကိုကြီး
က ပြောသည်။
အဆိုပါ ရုပ်ရှင်ပွဲတော်သို့ နိုင်ငံတကာနှင့် ပြည်တွင်းမှ အနုပညာရှင်များ ၀င်ရောက်ယှဉ်ပြိုင် နိုင်ရန် ဖိတ်ခေါ်ထားပြီး အောင် ဆန်းစုကြည်၏
မွေးနေ့ဖြစ်သော ဇွန်လ၊ ၁၉ ရက်တွင် အထက်ပါဆု များကိုရွေးချယ်
ပေးအပ်သွားမည် ဟု ၎င်းက ပြောသည်။
““မင်းကိုနိုင်နဲ့ အောင်ဆန်းစု ကြည်က မြန်မာနိုင်ငံမှာ ထင်ရှား တဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေ ဖြစ်လို့ ကျွန်တော်တို့ ရုပ်ရှင်ပွဲတော် မှာ ပေးအပ်မည့် ဆုတွေကို ဒီလို နာမည်တွေ ပေးခဲ့တာပါ”” ဟု ၎င်းက ဆက်ပြောသည်။
၎င်းရုပ်ရှင်ပွဲတော်တွင် နိုင်ငံ တကာမှ ပါဝင်ယှဉ်ပြိုင်သူများနှင့် ပြည်တွင်း ယှဉ်ပြိုင်သူများဟူ၍ ကဏ္ဍနှစ်ရပ်ခွဲထားကာ သီးသန့် ယှဉ်ပြိုင်ရမည် ဖြစ်ပြီး ပြိုင်ပွဲ ကျင်း ပမည့် ကာလမှာ ဇွန်လ ၁၅ ရက် နေ့မှ ၁၉ ရက်နေ့အထိ
ဖြစ်ကြောင်း သိရသည်။
ပြည့်ဖြိုး လူ့အခွင့်အရေးနှင့် လူ့ဂုဏ် သိက္ခာ နိုင်ငံတကာ ရုပ်ရှင်ပွဲတော် တွင် အောင်ဆန်းစုကြည်နှင့် မင်းကိုနိုင် ဆုများကို ပေးအပ် ချီးမြှင့် သွားမည်ဟု ရုပ်ရှင်ပွဲတော် စီစဉ်သူ ဒါရိုက်တာ မင်းထင်ကိုကိုကြီး က ပြောသည်။
အဆိုပါ ရုပ်ရှင်ပွဲတော်သို့ နိုင်ငံတကာနှင့် ပြည်တွင်းမှ အနုပညာရှင်များ ၀င်ရောက်ယှဉ်ပြိုင် နိုင်ရန် ဖိတ်ခေါ်ထားပြီး အောင် ဆန်းစုကြည် ၏ မွေးနေ့ဖြစ်သော ဇွန်လ၊ ၁၉ ရက်တွင် အထက်ပါဆု များကိုရွေးချယ်
ပေးအပ်သွားမည် ဟု ၎င်းက ပြောသည်။
ပြင်သစ်ထွင်သော စတန့် Parkour
Photo: ပြင်သစ်ထွင်သော စတန့် Parkour
Tuesday, January 08, 2013
ပြင်သစ်နိုင်ငံသား ဗီယက်နန် စစ်ပြန် Raymond Belle စထွင်တဲ့ အားကစား ဖြစ်ပါတယ်။ သူတစ်ယောက်တည်းရယ်လို့ မဟုတ်ပဲ သူ့သားနဲ့ အဖွဲ့ဝင်များ ပူးပေါင်းလို့ ဖန်တီးပြီး ၁၉၉၀ နောက်ပိုင်းမှာ Parkour ဟာ ကမ္ဘာကျော် စတန့်အားကစား တစ်ခု ဖြစ်လာပါတယ်။
ယခုဆိုရင် ယင်း အားကစားနည်းကို ပြင်သစ်စစ်တပ်၊ အမေရိကန် စစ်တပ်၊ ဗြိတိန် စစ်တပ်အပြင် အခြား ဥရောပနိုင်ငံများရှိ မရိန်း-စစ် သင်တန်း လေ့ကျင့်ရေးမှာ Course တစ်ခုအနေနဲ့ သင်ကြားနေပြီ ဖြစ် ပါတယ်။
၁၉၃၉ ခုနှစ် ဗီယက်နမ်နိုင်ငံဖွား ပြင်သစ်-ဗီယက်နမ် ကပြား စစ်သား Raymond Belle အနေနဲ့ စခန်းမှာ ညတိုင်း တိတ်တိဆိတ် လေ့ကျင့်တဲ့ အားကစား တစ်ခု ဖြစ်ပါတယ်။ စစ်ဒဏ်ကြားမှာ အသက်ရှင်နိုင်ဖို့ သူတတ်နိုင်တဲ့ နည်းလမ်းနဲ့ လေ့ကျင့်ယူခြင်း ဖြစ်ပြီး စစ်တပ်ထဲ က လေ့ကျင့်ရေးကွင်းကိုပဲ အသုံးပြုခဲ့ပါတယ်။
၁၉၅၄ ခုနှစ်တော့ ပြင်သစ်ပြန်ရောက်ပြီး လေးနှစ်ကြာ စစ်ပညာထပ်လေ့လာ သင်ယူပြီးနောက် ပြင်သစ်မီးသတ်ထဲ ဝင်ပါတယ်။ ပြင်သစ် မီးသတ်မှာ တာဝန် ထမ်းဆောင်နေတုန်း သူလေ့ကျင့်ခဲ့တဲ့ Parkour စတန့်အားကစားကို အသုံးပြု ပါတယ်။ ဒါကြောင့် ဘယ်သူမှမဝင်ရဲတဲ့ တိုက်ခန်း၊ မတက်ရဲတဲ့ နံရံ၊ မငြိမ်းရဲတဲ့မီး တို့ကို ဝင်ရောက်ငြိမ်းသတ်ပြီး မီးဘေးဒုက္ခသည်အများအပြား ကိုလည်း ကယ်ဆယ်ခဲ့ပါတယ်။ ဒါကြောင့်ပဲ သူ့ကို ဆုတံဆိပ် အများအပြား ချီးမြင့်ခဲ့ပါတယ်။
၁၉၇၅ ရောက်တော့ မီးသတ်ကထွက်ပါတယ်။ သုံးနှစ်သားရှိပြီဖြစ်တဲ့ David Belle တစ်ဦးလည်းရှိလာပါပြီ။ David တစ်ယောက် လူပျိုဘဝရောက် လာတော့ ယင်း Parkour ပညာရပ်ကို သင်ကြားပေးပါတယ်။ ရှိရင်းစွဲ ထက် ဖော်မြူလာ အသစ်များ ထုတ်ပါတယ်။ သူတို့နှစ်ဦး တည်းမဟုတ်ပါဘူး။ နောက်ထပ် စတန့်အားကစားသမား၊ ရုပ်ရှင်မင်းသား
ဖြစ်တဲ့ Sébastien Foucan အပြင် အခြားသော အဖွဲ့ဝင် အချို့ လည်း ပါဝင်ပါသေးတယ်။
ဒီလိုနဲ့ ၁၉၉၀ ကျော်နောင်းပိုင်းမှာ Parkour အမည်ရ စတန့်အားကစားဟာ မသိသူ မရှိရလောက်အောင် အနောက်တိုင်းမှာ ရေပန်းစားသွားပါတယ်။ ယင်းနဲ့ပက်သက်ပြီး ရုပ်ရှင်၊ မှတ်တမ်းဗီဒီယိုများ ရိုက်ကူးပါတယ်။ B13 အမည်ရ ရုပ်ရှင်မှာ Parkour ကိုတွေ့မြင်နိုင်ပါတယ်။ Parkour မှတစ်ဆင့် Freerunning အားကစားလည်း ထပ်ပေါ်ပေါက်လာပါတယ။် Parkour ပေါ်မှာ ပြန်လည်အခြေခံထားခြင်း ဖြစ်ပြီး တစ်ခါခါဆို အတူတူပဲလို့တောင် မှတ်ယူထားကြပါတယ်။
Prince of Persia, Taxi, Dhoom 3 တို့မှာလည်း ယင်းစတန့်များ မြင်တွေ့ ရမှာ ဖြစ်ပါတယ်။ ယင်း ပညာကို စတင်တီထွင်တဲ့ အဖွဲ့က ဆရာများ ဖြစ် သွားပါပြီ။ အမေရိကန် မရိမ်းတပ်မှလည်း ကြေးစား အနေနဲ့ ခေါ်ယူပြီး သူတို့ စစ်သားတွေကို လေ့ကျင့်ပေးစေပါတယ်။ ဗြိတိန်ကလည်း ခေါ်ပါတယ်။ ပြင်သစ် စစ်တပ်မှာကတော့ သင်ယူအဖြစ် အသုံးပြုတာ အတော်ကြာပြီ ဖြစ်ပါ တယ်။
အားကစားပွဲအနေနဲ့ကတော့ ပြင်သစ်မှာ လူငယ်များ စုဖွဲ့လို့ ကျင်းပတာပဲ ရှိပါတယ်။ Parkour က သာမန်လူ တစ်ယောက် ပြေးတာလောက်နဲ့ မလုံ လောက်ပါဘူး။ အတားအဆီး အပိတ်အဆို့များကို အချိန်တိုအတွင်း လျင်လျင်မြန်မြန် ကျော်ဖြတ်ခြင်း ဖြစ်ပါတယ်။ တိုက် ၃ လွှာကနေ ခုံချလို့တောင် ရတဲ့ ပညာတစ်မျိုး ဖြစ်ပါတယ်။ တိုက်ပေါ်မှာ တစ်ဆင့်ပြီး တစ်ဆင့် ပင့်ကူလူသားလိုပဲ ခုန်ပျံသွားလာနေတာကို မြင်တာနဲ့တင် အတော်လေး ကြည့်ကောင်းပါတယ်။ အုတ်တံတိုင်း၊ နံရံ၊ လှေကား၊ တိုက်ခန်း၊ ဝရံတာ၊ စားပွဲ၊ ပန်းခြံ အစရှိသဖြင့် ဘယ်နေရာမှာမဆို အလွယ်တကူ ပြေးသွား၊ ကျော်လွှားသွားလို့ရတဲ့ ပညာတစ်ခု ဖြစ်ပါတယ်။
မတတ်ရင်တော့ အင်မတန် အန္တရာယ်များတဲ့ အားကစား ဖြစ်ပါတယ်။ အခက်အခဲ အတားအဆီးအမျိုးမျိုးကို ကျော်လွှားဖို့အတွက် ခန္ဓာကိုယ်ရဲ့  Movement ကို ပတ်ဝန်းကျင်သို့ ကူးပြောင်းလိုက်ခြင်း ပညာရပ် တစ်ခုလို့ ဆိုပါတယ်။ ယနေ့ ပြင်သစ်မှာတင်မကပဲ အနောက်တိုင်း နိုင်ငံများ မှာ လေ့ကျင့် အသုံးပြုနေပြီဖြစ်တဲ့ ကိုယ်ခံပညာရပ် တစ်ခုလည်း ဖြစ်တာမို့ ဘာသာပြန်မျှဝေပေးလိုက် ရပါတယ်။
အောက်ပါ လခ့်မှာ Parkour စတန့်သမားများ ဆော့ကစားနေမှုကို ဝင်ရောက် ကြည့်ရှု နိုင်ပါတယ်။
http://youtu.be/NX7QNWEGcNI
International news for myanmar ပြင်သစ်နိုင်ငံသား ဗီယက်နန် စစ်ပြန် Raymond Belle စထွင်တဲ့ အားကစား ဖြစ်ပါတယ်။ သူတစ်ယောက်တည်းရယ်လို့ မဟုတ်ပဲ သူ့သားနဲ့ အဖွဲ့ဝင်များ ပူးပေါင်းလို့ ဖန်တီးပြီး ၁၉၉၀ နောက်ပိုင်းမှာ Parkour ဟာ ကမ္ဘာကျော် စတန့်အားကစား တစ်ခု ဖြစ်လာပါတယ်။
ယခုဆိုရင် ယင်း အားကစားနည်းကို ပြင်သစ်စစ်တပ်၊ အမေရိကန် စစ်တပ်၊ ဗြိတိန် စစ်တပ်အပြင် အခြား ဥရောပနိုင်ငံများရှိ မရိန်း-စစ် သင်တန်း လေ့ကျင့်ရေးမှာ Course တစ်ခုအနေနဲ့ သင်ကြားနေပြီ ဖြစ် ပါတယ်။
ဖရန့်လမ်းပတ်ကို ပြိုင်ဘက် မန်ချက်စတာယူနိုက်တက် အသင်းက ခေါ်ယူလိုကြောင်း သတင်းထွက်ပေါ်
Photo: ဖရန့်လမ်းပတ်ကို ပြိုင်ဘက် မန်ချက်စတာယူနိုက်တက် အသင်းက ခေါ်ယူလိုကြောင်း သတင်းထွက်ပေါ်
Tuesday, January 08, 2013
ယခုနှစ် နွေရာသီတွင် ချယ်လ်ဆီးနှင့် စာချုပ်သက်တမ်း ကုန်ဆုံးမည့် ကွင်းလယ်ကစားသမား ဖရန့်လမ်းပတ်ကို ပြိုင်ဘက် မန်ချက်စတာ
ယူနိုက်တက် အသင်းက ခေါ်ယူလိုကြောင်း သတင်းထွက်ပေါ်လာသည်။
ချယ်လ်ဆီးတွင် ပထမဦးစားပေး ကစားသမားအဖြစ် နေရာရမှု နည်းပါးလာသော လမ်းပတ်ကလည်း စတန်းဖို့ဒ်ဘရစ်ခ်ျတွင် 
ဆက်လက် ကစားလိုခြင်း မရှိဘဲ အိုးထရက်ဖို့ဒ်သို့ ပြောင်းရွှေ့ရန် အဆင့်သင့်ပင်ဖြစ်ကြောင်း The Sun Football က ပြောကြားသည်။ မန်ယူမန်နေဂျာ ဖာဂူဆန်ကလည်း လမ်းပတ်တွင် အကောင်းဆုံး ကစားနိုင်သည့် ခြေစွမ်း ရှိနေဆဲဖြစ်ကြောင်း လက်ခံထားသည်။
မန်ယူသည် အသက် ၃၄ နှစ် လမ်းပတ်အား ယခုနှစ် နွေရာသီတွင် တစ်နှစသက်တမ်း စာချုပ်ဖြင့်သာ ကမ်းလှမ်းရန် ပြင်ဆင်ထားပြီး ကစားသမား၏ စွမ်းဆောင်ရည် အပါအဝင် အခြေအနေအားလုံး
ကောင်းမွန်မှသာ ဒုတိယနှစ်သက်တမ်း စာချုပ်သက်တမ်း
တိုးမည်ဟုဆိုသည်။ မန်ယူအသင်းတာဝန်ရှိသူများသည် လမ်းပတ်၏ ကိုယ်စားလှယ်နှင့် ဆက်သွယ်မှုပြုလုပ်ခဲ့ပြီးဖြစ်ကြောင်း သိရှိရသည်။
Planet Myanmar Network
ယခုနှစ် နွေရာသီတွင် ချယ်လ်ဆီးနှင့် စာချုပ်သက်တမ်း ကုန်ဆုံးမည့် ကွင်းလယ်ကစားသမား ဖရန့်လမ်းပတ်ကို ပြိုင်ဘက် မန်ချက်စတာ ယူနိုက်တက် အသင်းက ခေါ်ယူလိုကြောင်း သတင်းထွက်ပေါ် လာ သည်။
ချယ်လ်ဆီးတွင် ပထမဦးစားပေး ကစားသမားအဖြစ် နေရာရမှု နည်းပါး လာသော လမ်းပတ်ကလည်း စတန်းဖို့ဒ်ဘရစ်ခ်ျတွင်ဆက်လက် ကစားလိုခြင်း မရှိဘဲ အိုးထရက်ဖို့ဒ်သို့ ပြောင်းရွှေ့ရန် အဆင့်သင့်
ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင် လောင်စာဆီ ဈေးနှုန်း တိုးမြှင့်လာ မှုကြောင့် ဆန္ဒပြမှုများ ဖြစ်ပွား
Photo: ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင် လောင်စာဆီ ဈေးနှုန်း တိုးမြှင့်လာ မှုကြောင့် ဆန္ဒပြမှုများ ဖြစ်ပွား
Tuesday, January 08, 2013
ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင် လောင်စာဆီ ဈေးနှုန်း တိုးမြှင့်လာ မှုကြောင့် ဆန္ဒပြမှုများ ဖြစ်ပွားခဲ့ရာ ၎င်း ဆန္ဒပြသူ များအား ဖြိုခွင်းရန် အတွက် ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့မှ ရော်ဘာ ကျည်များနှင့် မျက်ရည်ယို ဗုံးများအား အသုံး ပြုခဲ့ကြောင်း သိရှိ ရပါသည်။
ယခင် ဝန်ကြီးချုပ်ဟောင်း ခါလီဒါ ဇီယာ ဦးဆောင်သည့် အတိုက်အခံ ပါတီ ၁၈ ခု ပါဝင်သော မဟာမိတ် အဖွဲ့ကြီးသည် ဇန်နဝါရီလ ၆ ရက်နေ့တွင် ဆန္ဒပြမှု ပြုလုပ် ခဲ့ပါသည်။ ဘင်္ဂလား ဒေ့ရှ် အစိုးရမှ လောင်စာဆီ ဈေးနှုန်း ၉ ရာခိုင်နှုန်း တိုးမြှင့်မည်ဟု ဇန်နဝါရီလ ၆ ရက်နေ့တွင် ကြေညာခဲ့ပြီး ၎င်းဈေးနှုန်း မြင့်တက်မှုမှာ ၂ဝဝ၉ ခုနှစ်မှ စ၍ လောင်စာဆီ ဈေးနှုန်း တိုးမြှင့်မှု၏ ၅ ကြိမ်မြောက် ဖြစ်ကြောင်း သိရှိ ရပါသည်။ 
အဆိုပါ ဆန္ဒပြသူ များသည် လက်လုပ်ဗုံး ဒါဇင်ကျော်ဖြင့် ဒါကာ မြို့လယ်တွင် ဖောက်ခွဲမှုများ ပြုလုပ်ခဲ့ပြီး အနည်းဆုံး ယာဉ် ၆ စီး မီးလောင် ကျွမ်းခဲ့ကြောင်း သိရှိ ရပါသည်။ အဆိုပါ တိုက်ခိုက်မှုအား နှိမ်နင်းရန် အတွက် ဆန္ဒပြသူ များအား ရော်ဘာကျည်နှင့် မျက်ရည်ယို ဗုံးများ အသုံးပြုခဲ့ ရကြောင်း ရဲတပ်ဖွဲ့ဝင် များက ပြောကြား ခဲ့ပါသည်။ အဆိုပါ တိုက်ခိုက်မှု များတွင် အနည်းဆုံး လူ ၂၅ ဦး ဒဏ်ရာရရှိ ခဲ့ကြောင်း သိရှိရ ပါသည်။
မြ၀တီ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင် လောင်စာဆီ ဈေးနှုန်း တိုးမြှင့်လာ မှုကြောင့် ဆန္ဒပြမှုများ ဖြစ်ပွားခဲ့ရာ ၎င်း ဆန္ဒပြသူ များအား ဖြိုခွင်းရန် အတွက် ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့မှ ရော်ဘာကျည်များနှင့် မျက်ရည်ယို ဗုံးများ အားအသုံး ပြုခဲ့ကြောင်း သိရှိ ရပါသည်။
ယခင် ဝန်ကြီးချုပ်ဟောင်း ခါလီဒါ ဇီယာ ဦးဆောင်သည့် အတိုက်အခံ ပါတီ ၁၈ ခု ပါဝင်သော မဟာမိတ် အဖွဲ့ကြီးသည် ဇန်နဝါရီလ ၆ ရက်နေ့ တွင် ဆန္ဒပြမှု ပြုလုပ် ခဲ့ပါသည်။ ဘင်္ဂလား ဒေ့ရှ် အစိုးရ