Sunday, March 10, 2013

အသုံးပြုသူစိတ်ကြိုက် သတင်းအပြင်အဆင် ထားနိုင်မှုနှင့် ပိုမိုကြီးမားသော ဓာတ်ပုံများ ပါဝင်သည့် ပင်မစာမျက်နှာသစ် Facebook မိတ်ဆက်

weeklyeleven-10-march10Facebook စာမျက်နှာတွင် မိတ်ဆွေများ၏ သတင်းများနှင့် ကမ္ဘာ့သတင်းများကို စိတ်ကြိုက်ပြင်ဆင်ကာ personalized news paper အဖြစ်ပြောင်းလဲနိုင်သော ၀က်ဘ်ဆိုက်စာမျက်နှာသစ်ကို စတင်အသုံးပြုသွားမည်ဖြစ်ကြောင်း Facebook က မတ် ၇ ရက်တွင် ထုတ်ပြန်ခဲ့သည်။

မြန်မာ- အမေရိကန် ပူးပေါင်း ဆောင်ရွက်ရေး အစီအစဉ် များနှင့် လယ်ယာကဏ္ဍ ပြုပြင် ပြောင်းလဲရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေး အတွက် အမေရိကန် ကုမ္ပဏီများ လာရောက် ရင်းနှီး မြှုပ်နှံရေး ဆိုင်ရာ ကိစ္စရပ်များ ရင်းနှီးစွာ ဆွေးနွေး

မြန်မာ- အမေရိကန် ပူးပေါင်း ဆောင်ရွက်ရေး အစီအစဉ် များနှင့် လယ်ယာကဏ္ဍ ပြုပြင် ပြောင်းလဲရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေး အတွက် အမေရိကန် ကုမ္ပဏီများ လာရောက် ရင်းနှီး မြှုပ်နှံရေး ဆိုင်ရာ ကိစ္စရပ်များ ရင်းနှီးစွာ ဆွေးနွေး
နေပြည်တော် မတ် ၈
ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် ဒုတိယ သမ္မတ ဦးဥာဏ်ထွန်းသည် အမေရိကန် နိုင်ငံတကာ ဖွံ့ဖြိုး တိုးတက်ရေး အေဂျင်စီ (USAID) အုပ်ချုပ်ရေးမှူး Dr. Rajeev Janardan Shah ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား နေပြည်တော်ရှိ နိုင်ငံတော် သမ္မတ အိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ ယနေ့နံနက် ၁ဝ နာရီတွင် လက်ခံ တွေ့ဆုံသည်။

နိုင်ငံတော်သမ္မတကိုယ်တိုင် ချီးမြှင့်မည့် ပညာရပ်ဆိုင်ရာ ထူးချွန်ဆု ယခုနှစ် စတင်မည်




အဆင့်မြင့်ပညာရေး ကဏ္ဍအတွက် နိုင်ငံတော်သမ္မတကိုယ်တိုင် သီးသန့်ချီးမြှင့်သော ပညာရပ်ဆိုင်ရာ ထူးချွန်ဆုကို ယခုနှစ်တွင် ပထမအကြိမ် စတင်မည်ဖြစ်ကြောင်း ပညာရေးသုတေသနအဖွဲ့ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမျိုးသိမ်းကြီးက ပြောကြားသည်။ “အများပြည်သူကို အကျိုးပြုတဲ့၊ လူမှုစီးပွားရေး နယ်ပယ် တိုးတက်ဖို့အတွက် အကျိုးပြု အသုံးချနိုင်တဲ့ တီထွင်ကြံဆတဲ့ ပညာရပ်ဆိုင်ရာ

ဆန္ဒဖော်ထုတ်မှုအချို့ နောက်ကွယ်၌ ...


အောင်ခိုင်၊ရန်မျိုးနိုင်၊ထွန်းခိုင်
သံဃာတော်များနှင့် လူထောင်ပေါင်းများစွာ လမ်းမပေါ်ထွက်လာခဲ့သည့် ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး အပါအ၀င် ဆန္ဒပြပွဲများအား အင်အားသုံးဖြေရှင်းခဲ့သော တပ်မတော်အစိုးရကို ဆက်ခံခဲ့သည့် သမ္မတဦးသိန်းစိန်၏ အရပ်သားအစိုးရသစ်သည် ဆန္ဒပြပွဲများအား ၂၀၁၂ ဇူလိုင်လမှစတင်ပြီး တရားဝင်ပြသခွင့်ကို ပေးခဲ့သည်။

Friday, March 8, 2013

ယာဉ်မောင်းလိုင်စင်လျှောက်ထားရာ၌ ကျရှုံးသူများနေကြောင်း သိရ



ယာဉ်မောင်းလိုင်စင်ဖြေဆိုရာတွင် ယခင်ကထက် အခက်အခဲများ ရှိလာသည့်အတွက် လွယ်လွယ်ကူကူ လိုင်စင်ရရှိသူဦးရေ နည်းလာကြောင်း လိုင်စင်ဖြေဆိုသူများ ထံက သိရသည်။
 
 ``အခု ယာဉ်မောင်းလိုင်စင်လုပ်တဲ့ဦးရေလည်း တိုးလာသလောက် ကျတဲ့သူတွေ လည်း များလာတယ်။ ပျမ်းမျှအယောက်နှစ်ဆယ်ဖြေရင် ၄ ယောက်ပဲ အောင်တယ်။ ဘာလို့လဲဆိုတော့ စစ်ဆေးရေးပုံစံတွေ ပြောင်းလိုက်တာလည်း ပါတယ်။ ပြီးတော့ ပိုပြီး တင်းကြပ်လာတာလည်း ပါတယ်´´ဟု ကျော်စိန်လင်း(စစ်ဆေးရေးမှူး ၂) က ပြောသည်။

ရွှေကြာပင်လေး UAV

Share
ခုတလောနိုင်ငံပိုင်သတင်းစာတွေထဲမှာ ပုဂ္ဂလိက စာစောင်တွေဂျာနယ်တွေမှာ ခပ်စိပ်စိပ် ရေးသား ဖော်ပြလာကြတဲ့ သတင်းအချက်အလက်တချို့ကို သတိထားမိမယ် ထင်ပါတယ်။

သစ်ကားများကို KIA မှ ဂိတ်ဖွင့်ပြီးအခွန်ကောက်ခံ



မန်စီ မတ် ၆ ရက်
မန်စီမြို့နယ် ကိုင်းချောင်းရွာ အနီးတွင် KIA မှ ဂိတ်ဖွင့်ပြီး သစ်ကားများအား အခွန်ကောက်ခံနေ ကြောင်းသိရှိရပါသည်။ သစ်ကားတစ်စီးကို သစ်များတင်ဆောင်လာလျှင် ၁သိန်း၂သောင်းနှင့် သစ်များ တင်ဆောင်လာခြင်းမရှိပါက ၅သောင်းနှုန်းဖြင့် ကားသမားများထံမှ ကောက်ခံနေကြောင်း၊ သစ်များ ခုတ်ယူ သူများသည် KIA နှင့်နီးစပ်သူများ၊ တရုတ်သစ်လုပ်သမားများဖြစ်ပြီး သစ်ခုတ်ယူမှု ပို့ဆောင်မှုတို့တွင်

အမေရိကန် Cisco အဖွဲ့က သတင်းနည်းပညာ သင်တန်းများ ပေးမည်


နည်းပညာဆိုင်ရာ အဖွဲ့ဖြစ်သည့် Cisco က အမေရိကန် နိုင်ငံတကာဖွံ့ဖြိုးရေး အေဂျင်စီ(USAID)နှင့် ပူးပေါင်းကာ မြန်မာနိုင်ငံတွင် သတင်းဆက်သွယ်ရေး နည်းပညာဆိုင်ရာ သင်တန်းများ ပေးမည်ဖြစ်ကြောင်း သိရသည်။ USAID အုပ်ချုပ်ရေးမှူး ဒေါက်တာ Rajiv Shah က ရန်ကုန်တွင်

ယနေ့ လူငယ်အားကစားသမားများ မြင်စေချင်ပါသည်

 
၁၉၆၄ ခုနှစ် ဂျပန် ကမ္ဘာ့အိုလံပစ် အားကစားပြိုင်ပွဲတွင် မြန်မာပြည်မှ တင်ထွန်းနှင့် အင်္ဂလန်နိုင်ငံမှ ဂျွန်စမစ်တို့ ထိုးသတ်နေကြသည့် မှတ်တမ်းပုံများ

7Day News Hero ဆုရှင် မစုပုံချစ်

Photo: 7Day News Hero ဆုရှင်

မစုပုံချစ်

ခြေထောက်တစ်ချောင်းသာ အကောင်းတိုင်းရှိသည့် မစုပုံချစ်ကို ၄င်းငယ်စဉ်ကပင် လူအများကသတိထားမိကြ သည်။ လက်နှစ်ဖက် နှင့်ခြေတစ်ဖက်မသန်စွမ်းကလေးငယ်တစ်ဦးအဖြစ်မွေးဖွားလာခဲ့သော မစုပုံချစ်မှာ လုံ့လ၀ိရိ ယအားကောင်းသူတစ်ဦးအဖြစ်၊ ကျောင်းသား လူငယ်များ အတုယူစရာစံပြပုဂ္ဂိုလ်တစ်ဦးအဖြစ်၊ မသန်စွမ်းက လေးငယ်များ၏လမ်းပြသူတစ်ဦးအဖြစ် မီဒီယာများမှတဆင့်လူသိများလာခဲ့ခြင်းဖြစ်သည်။
ခြေထောက်ဖြင့်စာရေးကာ တက္ကသိုလ်ဝင်တန်းကို ဂုဏ်ထူးလေးဘာသာဖြင့်ဖြေဆိုအာင်မြင်ခဲ့သည်။ သတင်းနှင့် နည်းပညာအင်ဂျင်နီယာဘာသာရပ်ဖြင့်နည်းပညာ တက္ကသိုလ်တက်ရောက်ခဲ့သည်။ ယခု မဟာဘွဲ့အတွက်အတွက် နည်းပညာတက္ကသိုလ်တွင်ပင်တက်ရောက်နေဆဲဖြစ် သည်။ 
မဟာဘွဲ့တက်ရောက်နေဆဲမှာပင် ယခုလအတွင်းသူမ၏ကြိုးစားအားထုတ်မှုအဖြေရလဒ်ထွက်လာခဲ့သည်။ ပြည်ပပညာတော်သင်ဆုရရှိသောမြန်မာနိုင်ငံ၏ ပထမဆုံးမသန်စွမ်းတစ်ဦးအဖြစ်မှတ်တမ်း ထူနိုင်ခဲ့ခြင်း ဖြစ်သည်။ သြစတြေလျနိုင်ငံ ဆစ်ဒနီမြို့တွင် သွား ရောက်သင်ယူရန်ပညာသင်ဆုရခဲ့သည်။ ခြေထောက်တစ်ချောင်းသာ အများသူငါနည်းတူရှိသည့်မသန်စွမ်း အမျိုးသမီးတစ်ဦးအတွက် အကြီးမားဆုံး သောအောင်မြင်မှုပန်းတိုင်လည်းဖြစ်သည်။ ထိုကဲ့သို့မစုပုံချစ်၏ စွမ်းဆောင်မှုများက ကျောင်းသားလူငယ် လူရွယ်များကြား နမူနာစံပြလူငယ်တစ်ဦးအဖြစ်ရှုမြင်ခံစားလာစေခြင်းကြောင့် 7 Day News အယ်ဒီတာအဖွဲ့က သူရဲကောင်းဆုချီးမြှင့်ရန်ရွေးချယ်လိုက်ခြင်းဖြစ်သည်။

Hero ဆုကို ပညာတော်သင်သွားရောက်နေသဖြင့် မစုပုံချစ်ကိုယ်စား ၄င်း၏မိဘနှစ်ပါးက တက်ရောက်လက်ခံခဲ့ပြီး မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းအသင်းချုပ်ဥက္ကဋ္ဌ ဦးချစ်ခိုင်က ပေးအပ်ချီးမြှင့်ခဲ့သည်။
ခြေထောက်တစ်ချောင်းသာ အကောင်းတိုင်းရှိသည့် မစုပုံချစ်ကို ၄င်းငယ်စဉ်ကပင် လူအများကသတိထားမိကြ သည်။ လက်နှစ်ဖက် နှင့်ခြေတစ်ဖက် မသန်စွမ်းကလေးငယ်တစ်ဦးအဖြစ်မွေးဖွားလာခဲ့သော မစုပုံချစ်မှာ လုံ့လ၀ိရိ ယအားကောင်းသူတစ်ဦးအဖြစ်၊ ကျောင်းသား လူငယ်များ အတုယူစရာစံပြပုဂ္ဂိုလ်တစ်ဦးအဖြစ်၊

7Day News Hero ဆုရှင် လေယာဉ်မှူး ဦးသန်းထွေး( မြန်မာ့လေကြောင်း)

Photo: 7Day News Hero ဆုရှင်

လေယာဉ်မှူး ဦးသန်းထွေး
မြန်မာ့လေကြောင်း

ဒဏ်ရာပြင်းထန်စွာရထားသည့်လူနာနှင့်အတူ လူနာရှင်များကို လေယာဉ်လက်မှတ်မရှိဘဲ ခေါ်တင်ခဲ့သည့် အစိုးရပိုင်လေကြောင်းလိုင်းတစ်ခုဖြစ်သော မြန်မာ့လေကြောင်း လေယာဉ်မှုတစ်ဦး၏ဆုံးဖြတ်ချက်မှာ စွန့်စား မှုတစ်ခုဖြစ်သည်။
ထားဝယ်မြို့လေဆိပ်မှ လေယာဉ်ထွက်ခွာရန်တံခါးပိတ်ပြီးနောက် လေယာဉ်တံခါးပေါက်မှတဆင့် ပိုက်တန်း လန်းနှင့် ကလေးငယ်တစ်ဦးအားပွေ့ချီလျက်လေယာဉ်ဆီအော်ဟစ်ပြေးလွှားလာနေသူများကို လေယာဉ်ပြ တင်းမှတဆင့် လေယဉ်မှုး ဦးသန်းထွေးတွေ့ခဲ့ရသည်။
ဆိုင်ကယ်အက်ဆီးဒင့်ဖြစ်ခဲ့သည့် ၁၅နှစ်အရွယ်ကလေးငယ်တစ်ဦးဖြစ်ကြောင်း သိရသည့်အခါ လေယာဉ်မှုး တစ်ဦးလိုက်နာရမည့် စည်းမျဉ်း၊ စည်းကမ်းများကို မေ့ဖောက်လျက်အရေးပေါ်အသက်ကယ်နိုင်ရေးအတွက် လက်မှတ်မရှိ ခွင်ပြုချက်မရှိသည့် အရေးပေါ်လူနာနှင့် လူနာရှင်များအားလေယာဉ်ပေါ်တွင်တင် ဆောင်လာရန်ဆုံး ဖြတ်ခဲ့သူဖြစ်သည်။
မိမိအလုပ်၊ နေရာနှင့်ရင်းကာ လူသားစိတ်အပြည့်ဖြင့်အသက်တစ်ချောင်းကယ်တင်ရန်ကြိုးစားခဲ့သော ဦးသန်းထွေး၏ သူရဲ ကောင်းစိတ်ဓာတ်ကြောင့် 7Day News သူရဲကောင်းအဖြစ်ရွေးချယ်လိုက်ခြင်းဖြစ်သည်။

လေယာဉ်မှူးဦးသန်းထွေးအား ငြိမ်းချမ်းရေးအကျိုးတော်ဆောင် ဦးလှမောင်ရွှေက ပေးအပ်ချီးမြှင့်ခဲ့သည်။
ဒဏ်ရာပြင်းထန်စွာရထားသည့်လူနာနှင့်အတူ လူနာရှင်များကို လေယာဉ်လက်မှတ်မရှိဘဲ ခေါ်တင်ခဲ့သည့် အစိုးရပိုင်လေကြောင်းလိုင်း တစ်ခုဖြစ်သော မြန်မာ့လေကြောင်း လေယာဉ်မှု တစ်ဦး၏ဆုံးဖြတ်ချက်မှာ စွန့်စား မှုတစ်ခုဖြစ်သည်။

7Day News Hero ဆုရှင် ဦးဌေးနိုင် လက်ထောက်စက်ခေါင်းမောင်း

Photo: 7Day News Hero ဆုရှင်

ဦးဌေးနိုင်
လက်ထောက်စက်ခေါင်းမောင်း

ခုတ်မောင်းလာသည့် မီးရထားရထားအားကြောက်လန့်ကာ ချောင်းကူးတံတားရထားသံလမ်းပေါ်စုံရပ်နေသော မြေအဖွားနှစ်ဦးအား ရထားနှင့်တိုက်လုဆဲဆဲတွင် စက်ခေါင်းပေါ်မှခုန်ချကာ သက်စွန့်စံဖျားကယ်တင်ခဲ့သူဖြစ် သည်။
၂၀၁၂ ဧပြီ ၁၁ရက်က ရန်ကုန်-မော်လမြိုင်(အစုန်ရထား) အမှတ် ၁၇၆ ကိုအောင်းနှင်လာစဉ် ဒါးပိန်ဘူတာအ ၀င်တွင်ဖြစ်ပွားခဲ့သည့် အက်ရှင်ကားဆန်ဆန်ကယ်တင်မှုတစ်ခုဖြစ်သည်။
အသက် ၆၂ နှစ်အရွယ်အဘွားဖြစ်သူနှင့် အသက် ၈ နှစ်အရွယ်မြေးဖြစ်သူတို့ရထားလမ်းဖြတ်ကူးစဉ် ရှေ့တည့် တည့်မှမောင်းနှင်လာသောရထားကိုတွေ့ပြီးကြောက်လန့်ကာရောက်သည့်နေရာမှာပင်စုံရပ်နေခဲ့ကြခြင်းဖြစ် သည်။ စက်ခေါင်းမောင်းက အရေးပေါ်ဘရိတ်ကိုသုံးလိုက်သော်လည်း လုံးဝရပ်တန့်နိုင်ခြင်းမျိုးမဟုတ်သဖြင့် ဦးဌေးနိုင်သည် တစ်နာရီခုနစ်မိုင်နှုန်းမောင်းနှင်အားရှိနေသေးသည့် စက်ခေါင်းပေါ်မှခုန်ချပြေးဆင်းပြီး မြေးအဘွားနှစ်ဦးကို တွန်းထုတ် ဖယ်ရှားလိုက်သည်။ ထိုအခါ ၃ ဦးစလုံး ရထားလမ်းတံတားပေါ်မှ ချောင်းထဲသို့ပြုတ်ကျသွားခဲ့ပြီး အသက်ဘေးမှလွတ်မြောက်ခဲ့ခြင်းဖြစ်သည်။ အသက်ကိုစွန့်၍ မြေးအဘွားနှစ်ဦး၏အသက်ကို ကယ်တင်ခဲ့သော ထိုလက်ထောက်စက်ခေါင်းမောင်း၏ သူရဲကောင်း စိတ်ဓာတ်ကို အခင်းသားမြင်တွေ့ရသည်။ ထို့ကြောင့် 7 Day News အယ်ဒီတာအဖွဲ့က လက်ထောက်စက် ခေါင်းမောင်း ဦးဌေးနိုင်အား 7Day News Hero အဖြစ်သူရဲကောင်းဆုပေးအပ်ရန်ု ရွေးချယ်လိုက်ခြင်းဖြစ်သည်။

ကိုဌေးနိုင်အား နိုင်ငံတော်သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပေးအပ်ချီးမြှင့်ခဲ့သည်။

ခုတ်မောင်းလာသည့် မီးရထားရထားအားကြောက်လန့် ကာ ချောင်းကူးတံတားရထားသံလ မ်းပေါ်စုံရပ်နေသော မြေအဖွားနှစ်ဦး အား ရထားနှင့်တိုက်လုဆဲဆဲတွင် စက်ခေါင်းပေါ်မှခုန်ချကာ သက်စွန့်စံဖျားကယ်တင်ခဲ့သူဖြစ် သည်။
၂၀၁၂ ဧပြီ ၁၁ရက်က ရန်ကုန်-မော်လမြိုင်(အစုန်ရထား) အမှတ် ၁၇၆ ကိုအောင်းနှင်လာစဉ် ဒါးပိန်ဘူတာအ ၀င်တွင်ဖြစ်ပွားခဲ့သည့် အက်ရှင်ကားဆန်ဆန်ကယ်တင်မှုတစ်ခုဖြစ်သည်။

သမ္မတကြီးကို ချစ်တဲ့ အနုပညာရှင်များ


ဒီချုပ်ညီလာခံပထမနေ့သို့ ဒေါ်အောင်ဆန်းစုကြည် မတက်ရောက်နိုင်

မတ်လ ၈ ရက်နေ့၊ ၂၀၁၃ ခုနှစ် ဒီချုပ် ညီလာခံ ပထမနေ့အဖြစ် တော်ဝင်
နှင်းဆီ၌ ကျင်းပသော်လည်း ပါတီဥက္ကဋ္ဌ ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်မှာ တက်ရောက်နိုင်ခြင်း မရှိကြောင်း သိရှိရသည်။

နေပြည်တော် လေဆိပ်မှာ FMI ချာတာ လေယာဉ်တစ်စီး ဆင်းသက်စဉ် ရှေ့ဘီးအနည်းငယ်ချွတ်ယွင်းသွား

နေပြည်တော်၊ မတ် ၈

ရန်ကုန်မှ နေပြည်တော်သို့ပျံသန်းလာသော FMI ချာတာ လေယာဉ်တစ်စီးသည်၊ ယနေ့နံနက် ၉ နာရီခန့်က နေပြည်တော်လေဆိပ်သို့ဆင်းသက်စဉ် ရှေ့ဘီးအနည်းငယ်ချွတ်ယွင်းသွားကြောင်း သတင်းရရှိသည်။

အဆိုပါလေယာဉ်တွင် ခရီးသည် ၁၆ ဦးခန့်ပါရှိပြီး၊ မည်သူမျှ ထိခိုင်ဒဏ်ရာရရှိမှုမရှိသည့်အပြင် လေယာဉ်တွင်လည်း အခြား ပျက်စီးမှုလုံးဝမရှိကြောင်းသိရသည်။

AH(NYK)
popular

CIA အကြီးအကဲ အထက်လွှတ်တော် အတည်ပြု

စီအိုင်အေ အကြီးအကဲ John Brennan
စီအိုင်အေ အကြီးအကဲ John Brennan

သမ္မတအိမ်ဖြူတော်ရဲ့ အဝေးထိန်းဒုံးလက်နက် မူဝါဒအပေါ်မှာ မဲခွဲဆုံးဖြတ်ဖို့ကို ရက်အကန့်အသတ်မရှိ ရွေ့ဆိုင်းထားမယ်ဆိုပြီး အထက်လွှတ်တော် အမတ်တဦးက ခြိမ်းခြောက်ပြောဆိုလိုက်ပြီးနောက်၊ CIA ဗဟိုထောက်လှမ်းရေးအကြီးအကဲ အဖြစ် သမ္မတက အဆိုပြုထားတဲ့ John Brennan ကို အမေရိကန်အထက်လွှတ်တော်က အတည်ပြုလိုက်ပါတယ်။

ဘင်လာဒင် သားမက် အမေရိကန်ဖမ်းမိ


ဘင်ဘာဒင်နဲ့ သူ့သားမက်ဖြစ်သူ Sulaiman Abu Ghaithကို အတူ တွေ့ရစဉ်။  
 
Osama Bin Laden ရဲ့ သားမက်ဖြစ်သူ al-Qaida အဖွဲ့ ပြောခွင့်ရသူဟောင်း ကို အမေရိကန် က ဖမ်းဆီးရမိထားပြီး၊ တရားစွဲဖို့  နယူးယောက်မြို့ကို ခေါ်ဆောင်လာခဲ့ပါတယ်။ အမေရိကန်နိုင်ငံသားတွေ ကို သတ်ဖြတ်ဖို့ ပူးပေါင်းကြံစည်မှုနဲ့ Sulaiman Abu Ghaith ကိုသောကြာနေ့မှာ ရုံးထုတ်မှာဖြစ်တယ်လို့ တရားရေးဌာန ပြောခွင့်ရသူတွေက ပြောပါတယ်။

အုပ်ချုပ်ရေးပိုင်းတွင်း မြန်မာအမျိုးသမီးများ ပါဝင်မှုအားနည်း

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များကို လွှတ်တော် အဆောက်အဦးတွင် တွေ့ရစဉ်။
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များကို လွှတ်တော် အဆောက်အဦးတွင် တွေ့ရစဉ်။

မြန်မာနိုင်ငံက အစိုးရဌာနတွေ အပါအဝင် အဆင့်မြင့်ရာထူး တာဝန်တွေမှာ အမျိုးသမီးတွေ ထမ်းဆောင်ခွင့် အားနည်းနေတယ်လို့ လွှတ်တော်ကိုယ်စားလှယ်တချို့က သတိပေးလိုက်ပါတယ်။ မြန်မာနိုင်ငံထဲက အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍ ကိုလည်း မြှင့်တင်သွားဖို့ လိုမယ်လို့ တိုက်တွန်းပြောဆိုခဲ့ကြတာပါ။ အပြည့်အစုံကိုတော့ ဗွီအိုအေသတင်းထောက် ကိုအောင်ရဲမောင်မောင်ရန်ကုန်မြို့ကနေ သတင်းပေးပို့ထားပါတယ်။

မောင်တောမှာ သူကြီးရွေးဖို့ ရွေးကောက်ပွဲ သုံးခါလုပ်မယ်

မောင်တောမှာ သူကြီးရွေးဖို့ ရွေးကောက်ပွဲ သုံးခါလုပ်မယ် Thursday, March 7, 2013   ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် အုပ်ချုပ်ရေးမှူးက ကျေးရွာတခုရဲ့ အကြီးအကဲရာထူးအတွက် ရွေးကောက်ပွဲကို သုံးကြိမ် သုံးခါမြောက် ပြလုပ်ဖို့ မကြာသေးခင်က ညွှန်ကြားချက်ပေးလိုက်ပါတယ်

နိုင်ငံတော် သမ္မတကြီး မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိ


နိုင်ငံတော်သမ္မတကြီးအား လေဆိပ်တွင် စောင့်ကြိုနေကြသည့် ပြည်သူများ (Photo)



Thursday, March 7, 2013

၂၀၁၅ ခုနှစ်မတိုင်မီ တတိယအင်အားကြီးပါတီတစ်ခု တည်ထောင်ရန် ပြင်ဆင်နေ

တိုင်းရင်သားပါတီများ စုပေါင်း၍ ၂၀၁၅ မတိုင်မီတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့်
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နည်းတူ အင်အားကြီးပါတီတစ်ရပ်ကို ထူထောင်ရန် ဆွေး နွေးညှိနှိုင်း
မှုများ ပြုလုပ်နေသည်ဟု ရခိုင်တိုင်းရင်သားများ တိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က
ယခုလ ၄ ရက်က ပြောသည်။

ကားသမားများကို KNU/KNLA ငြိမ်းချမ်းရေးကောင်စီမှ ရန်ပုံငွေစီဒီခွေများ အတင်းရောင်းနေ



ကရင်ပြည်နယ်၊ မြ၀တီ-ကော့ကရိတ် တောင်ပေါ်ကားလမ်းတနေရာတွင် KNU/KNLA ငြိမ်းချမ်းရေးကောင်စီမှ တပ်ဖွဲ့ဝင် များ “အလင်းရောင်”အမည်ရှိ ၎င်းတို့၏ ရန်ပုံငွေ ရှိုးပွဲစီဒီခွေများကို ရန်ပုံငွေအဖြစ် ပြီးခဲ့သည့်အပတ်က မြ၀တီ-ကော့က ရိတ်လမ်းပြေး ကားသမားများကို မ၀ယ်မနေရ အတင်း ရောင်းချပေးလျှက်ရှိသည်ဟု သိရသည်။

ယခုနှစ် ရန်ကုန်သင်္ကြန်ပွဲတော်ကို စည်ကားစွာ ကျင်းပရန် စီစဉ်လျက်ရှိပြီး ယခင်နှစ်အတိုင်း ပြည်လမ်း၊ ကမ္ဘာအေးစေတီလမ်းနှင့် ကန်တော်ကြီး ကန်ပတ်လမ်းတို့တွင် ရေကစားမဏ္ဍပ် အများဆုံးခွင့်ပြုမည်


general-8-march7ပြီးခဲ့သည့် ၂၀၁၁ ခုနှစ် ရန်ကုန်သင်္ကြန် မြင်ကွင်း
ယခုနှစ် ရန်ကုန်သင်္ကြန်ပွဲတော်ကို စည်ကားစွာ ကျင်းပနိုင်ရန် စီစဉ်လျက်ရှိပြီး ယခင်နှစ်များကဲ့သို့ပင် ပြည်လမ်း၊ ကမ္ဘာအေးစေတီလမ်းနှင့် ကန်တော်ကြီးပတ်လမ်းတို့တွင် ရေကစားမဏ္ဍပ်များစွာ ခွင့်ပြုမည်ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။
''ဒီနှစ်သင်္ကြန်ကို စည်စည်ကားကားဖြစ်အောင် လုပ်မယ်။ အဲဒီအတွက် ကော်မတီတွေ ဖွဲ့ပြီး စနစ်တကျ လုပ်မှာဖြစ်တယ်'' ဟု ၄င်းက ပြောသည်။

အမျိုးသမီး ၂ ဦးကို လိင်စိတ်ကြွဆေး ရောင်းချမှုဖြင့် အရေးယူမည်ဟု ရဲ ပြောဆို

   
လိင်ဆက်ဆံရာတွင် အသုံးပြုသည့် ပစ္စည်းများ ရောင်းချနေသည့် မြင်ကွင်း (ဓာတ်ပုံ – scoop.co.nz)


ဈေးဝယ်စင်တာ ဝန်ထမ်းအမျိုးသမီး ၂ ဦးကို လိင်စိတ်ကြွဆေး ရောင်းချမှုကြောင့် အရေးယူတော့မည် ဖြစ်ကြောင်း ဒဂုံမြို့နယ် ရဲစခန်း တာဝန်ရှိသူက ဧရာဝတီသို့ ပြောသည်။
အဆိုပါ ဝန်ထမ်း အမျိုးသမီးတို့သည် ရန်ကုန် ပြည်လမ်းမပေါ်မှ တော်ဝင်စင်တာ အောက်ထပ်ရှိ Orange စူပါမားကတ်နှင့် ၎င်းမျက်နှာချင်းဆိုင်ရှိ စိန်ဂေဟာ ဈေးဝယ်စင်တာ ဆေးအရောင်း ကောင်တာတို့မှ ဖြစ်ပြီး စိတ်ကြွဆေးဝါးများကို ၎င်းတို့က တာဝန်ယူ ရောင်းချခြင်း ဖြစ်သည်ဟုဆိုကာ ဒဂုံမြို့နယ် ရဲစခန်းက အမျိုးသား ဆေးဝါးဥပဒေပုဒ်မ ၁၈ အရ ဖမ်းဆီး အချုပ်ချထား၍ ရက်ပိုင်းအတွင်း အရေး ယူတော့မည် ဖြစ်ကြောင်း သိရသည်။

ထုတ်ပယ်မှုက NLD ပြိုကွဲရေး လမ်းစလား

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ညီလာခံ ကျင်းပရေး ဗဟိုကော်မရှင်က အဖွဲ့ချုပ်အတွင်း ညီညွတ်ရေးကို ပြိုကွဲ ပျက်စီးစေသည့် အပြုအမူ၊ အပြောအဆို၊ လှုပ်ရှားမှုများကို ပြုလုပ်မှုကြောင့်ဟု ဆိုကာ ညီလာခံကိုယ်စားလှယ် ၄ ဦးကို ညီလာခံတက်ခွင့် ရပ်ဆိုင်း အရေးယူမှုသည် ပါတီပြိုကွဲရေးကို အားပေးရာရောက်ကြောင်း ပါတီနာယက ဦးဝင်းတင်က ပြောဆိုလိုက်သည်။

ငြိမ်းချမ်းရေးထပ်မံတွေဆုံမှု UNFC ၊ UWSA နှင့် မိုင်းလာ ကိုယ်စားလှယ်များ တက်မည်


ချင်းမိုင်(မဇ္စျိမ)။     ။ လာမည့် မတ်လ ၁၁ ရက်နေ့ ပြည်ထောင်စု ငြိမ်းချမ်းရေးလုပ်ငန်း ဖော်ဆောင်ရေး
ကော်မတီနှင့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO တို့ တရုတ်နိုင်ငံ ရွှေလီမြို့တွင် ထပ်မံ တွေ့ဆုံမှုတွင် UNFC ၊ UWSA နှင့် မိုင်းလား အဖွဲ့တို့မှ ကိုယ်စားလှယ်များ တက်ရောက်မည် ဖြစ်ကြောင်း KIO ပြောခွင့်ရသူ ဦးလနန်က ပြောသည်။

အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန အဆင့်တိုးမြှင့် ဖွဲ့စည်းမည်


ရန်ကုန် (မဇ္ဈိမ)။   ။ ကျန်းမာရေး ဦးစီးဌာန အောက်ရှိ အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေး ဌာနအား အဆင့်မြှင့်တင်ပြီး တိုးချဲ့ဖွဲ့စည်းရန် ဆောင်ရွက်နေကြောင်း ကျန်းမာရေး ဒု-ဝန်ကြီးက ပြောဆိုလိုက်သည်။
လက်ရှိ ဌာနတွင် ခွင့်ပြုဖွဲ့စည်းပုံအရ ဝန်ထမ်းအင်အား ၁၁၄ ဦးသားရှိသည်။
“မြန်မာလူဦးရေ သန်း ၆၀ ကျော်အား အစားအသောက်နှင့် ဆေးဝါးများ ဘေးအန္တရာယ် ကင်းရှင်းရေး အကာအကွယ်

ပွင့်လင်း မြင်သာလာသော မယ်ရွေးပွဲများ

မယ်ရွေးပွဲက လှတာ တခုထဲ ကြည့်မပေး။ ကိုယ်ရည်ကိုယ်သွေး အဓိကပဲ (ဓာတ်ပုံ – ဧရာဝတီ)


မကြာခင် ရက်ပိုင်းက မယ်ရွေးပွဲတခု Miss International 2013 ကျင်းပခဲ့တာ တွေ့ရပါတယ်။ မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်း အဖွဲ့ချုပ်က ကြီးမှူး ကျင်းပတာပါ။ ဒိုင်တွေက မင်းသား၊ ဒါရိုက်တာ၊ မော်ဒယ်၊ အယ်ဒီတာချုပ်၊ ဟိုတယ် လုပ်ငန်းရှင် အသင်း ငွေဆောင်ဇုန်

ညှဉ်းပန်း နှိပ်စက်ခံရသည့် ကရင် မိန်းကလေးငယ်သို့ ကရင်ပြည်နယ်က ငွေထောက်ပံ့

ကရင်ပြည်နယ်မှ ထောက်ပံ့ငွေများကို ထိုင်း ကုန်သွယ်ရေးဌာနမှတဆင့် ကရင် မိန်းကလေးငယ်သို့ ပေးအပ်စဉ် (ဓာတ်ပုံ – sanook.com)


ကရင်ပြည်နယ် ၀န်ကြီးချုပ် ဦးဇော်မင်းနှင့် မြ၀တီမြို့နယ် ကုန်သည်ကြီးများ အသင်း ဥက္ကဌ ဒေါ်သင်းသင်းမြတ်တို့က ထိုင်းနိုင်ငံတွင် ညှဉ်းပန်း နှိပ်စက်ခံခဲ့ရသည့် အသက် ၁၂ နှစ်အရွယ် ကရင် မိန်းကလေးငယ်အတွက် ဘတ်ငွေ ၂၀၀၀၀ (ကျပ် ၆ သိန်းခန့်) ထောက်ပံ့ပေးကြောင်း သတင်းရရှိသည်။