Monday, July 8, 2013

ဘာကြောင့် အမျိုးသမီးတွေမှာ လည်စလုတ် မရှိရတာလဲ

Photo: ဘာကြောင့် အမျိုးသမီးတွေမှာ လည်စလုတ် မရှိရတာလဲ

Monday, July 08, 2013
လည်စလုတ်ဆိုတာ လူ့ခန္ဓာကိုယ်ရှိ လည်ချောင်း အလယ်နေရာ မှာ ဖောင်းနေတဲ့ အရာဖြစ်ပြီး အရိုးနုတွေနဲ့ ဖွဲ့စည်းထားပါတယ်။   ဒီနေရာကို သိုင်း ရွိုက်အရိုးနုလို့ ခေါ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သိုင်းရွိုက်ဂလင်းရဲ့ ထိပ်တည့်တည့်မှာ ရှိနေတာကြောင့်ပါ။ 

လည်စလုတ်ကို ဆေးပညာ အခေါ်အရ Prominentia Laryngea လို့ ခေါ်နိုင်ပေမယ့် အရပ်အခေါ်အရတော့ Adam's Apple (အာဒမ်ရဲ့ ပန်းသီး)ပဲ ဖြစ်ပါတယ်။ ခရစ်ယာန်တို့ရဲ့ အယူအရ ကမ္ဘာ့လူသားအစ အာဒမ်နဲ့ ဧဝတို့ နှစ်ယောက်မှာ ယောက်ျားဖြစ်သူ အာဒမ်ဟာ
မစားကောင်းတဲ့ အသီးဖြစ်တဲ့ ပန်းသီးကို စားခဲ့မိပြီး ကျိန်စာသင့်ခဲ့
တဲ့ အဖြစ် အပျက်ကို ရည်ညွှန်းကာ အမျိုးသားတွေရဲ့ လည်ပင်းမှာ ဖုထွက်နေတဲ့ လည်စလုတ်ကို Adam's Apple လို့ ခေါ်ခဲ့ကြတာ ဖြစ်
ပါတယ်။

တကယ်တော့ လည်စလုတ်ဟာ အမျိုးသားတွေမှာပဲ ရှိတာမဟုတ်ပါဘူး။ အမျိုးသမီးတွေမှာလည်း ရှိပါတယ်။ အမျိုးသမီးတွေမှာ မသိသာလို့
ဘဲ ဖြစ်ပါတယ်။ လည်စလုတ် အရွယ်အစားဟာ လူပျိုဖော်၊ အပျိုဖော် မဝင်ခင် အချိန်အထိ ယောက်ျားလေးနဲ့ မိန်းကလေးတွေမှာ အတူတူပဲ ဖြစ်ပါတယ်။ လူပျိုဖော်ဝင်ချိန် ရောက်တဲ့အခါ တက်စတိုစတီရုန်း ဟော်မုန်းတွေ များလာတာကြောင့် ယောက်ျားလေး
တွေမှာ သိသာထင်ရှားစွာ ကြီးထွားလာတာပဲ ဖြစ်ပါတယ်။

တချို့အမျိုးသမီးတွေမှာ လည်စလုတ်ကြီးတွေ ကြီးနေတာကို တွေ့ရမှာပါ။ ဒါပေမဲ့ နောက်ဆုံးပေါ် ဆေးပညာနည်းတွေ၊ ခေတ်ပေါ် ပလတ်စတစ် ဆာဂျရီနည်းတွေနဲ့ ပြုပြင်လို့ ရနေပြီမို့ ပူစရာ မလိုတော့ပါဘူး။ 

လည်စလုတ်အရွယ် သေးငယ်အောင် လေပြွန်ရိတ်နည်း (Trachea Shave) လို့ ခေါ်တဲ့ ခွဲစိတ်ပြုပြင်နည်းတွေ ရှိပါတယ်။ နာမည်က မုတ်ဆိတ်ရိတ်သလို လွယ်ကူပုံ ပေါက်နေပေမယ့် မုတ်ဆိတ်ရိတ်သလို လမ်းဘေး ဆံသဆိုင်မှာ လုပ်လို့တော့ မရပါဘူး။ ခွဲစိတ်ခန်းထဲမှာ သေချာလုပ်ရမှာပါ။ 

လည်ချောင်းမှာ အနည်းငယ် ခွဲပြီးတော့မှ ထင်ရှားနေတဲ့ အရိုးနုကို ဖြတ်ပစ်ရတာပဲ ဖြစ်ပါတယ်။ ဒီခွဲစိတ်နည်းဟာ အမျိုး 
သားကနေ အမျိုးသမီးဘဝ ပြောင်းချင်သူတွေ အကြား အလုပ်
အများဆုံး ခွဲစိတ် ပြုပြင်နည်း တစ်ခုပဲ ဖြစ်ပါတယ်။

ဒေါက်တာနုမြတ်
Good Health
လည်စလုတ်ဆိုတာ လူ့ခန္ဓာကိုယ်ရှိ လည်ချောင်း အလယ်နေရာ မှာ ဖောင်းနေတဲ့ အရာဖြစ်ပြီး အရိုးနုတွေ နဲ့ ဖွဲ့စည်းထားပါတယ်။ ဒီနေရာကို သိုင်း ရွိုက်အရိုးနုလို့ ခေါ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သိုင်းရွိုက်ဂလင်းရဲ့ ထိပ်တည့်တည့်မှာ ရှိနေတာကြောင့်ပါ။

ကျောက်မြောင်းတွင် ညသန်းခေါင်ယံ အနုကြမ်းစီး

ရန်ကုန်မြို့တော်တွင် လူစည်ကားသော နေရာတစ်ခုဖြစ်သည့် တာမွေမြို့ နယ်၊ ကျောက်မြောင်း အရှေ့ရပ်ကွက် အောင်မင်္ဂလာလမ်းရှိ လုံးချင်းနှစ် ထပ် အိမ်တစ်လုံးတွင် ဇူလိုင်လ ၆ရက် ည ၁၂ နာရီကျော်ခန့်က အနုကြမ်းစီးမှု ဖြစ်ပွားခဲ့ကြောင်း အဆိုပါအိမ်မှ အိမ်ထောင်ဦးစီး အမျိုးသား က ပြော ကြားသည်။

မိုးကောင်းဆရာတော်မွေးနေ့ အစ္စလာမ်ဘာသာရေး ခေါင်းဆောင်များ တက်ရောက်

မိုးကောင်းဆရာတော်မွေးနေ့ အစ္စလာမ်ဘာသာရေး ခေါင်းဆောင်များ တက်ရောက်

Monday, July 08, 2013
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့မှ မိုးကောင်းဆရာတော်၏ သက်တော် ၇၈ နှစ်ပြည့်မွေးနေ့ကို ဇူလိုင်လ ၆ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်က မိုးကောင်းကျောင်းတိုက်တွင် ကျင်းပရာ ပထမဆုံး အကြိမ်အဖြစ် အစ္စ
လာမ် ဘာသာရေးခေါင်းဆောင်များ တက်ရောက်ခဲ့ကြောင်း ဆရာတော်
က မိန့်ကြားသည်။

ကမ္ဘာ့ငြိမ်းချမ်းရေးအဖွဲ့ သြဝါဒါစရိယ တိပိဋကသြဝါဒါစရိယ အဂ္ဂမဟာ ပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ အဂ္ဂမဟာ ဂန္ထဝါစကပဏ္ဍိတ ပါဠိပါ
ရဂူ ပိဋကတ္တယ ပါရဂူ ဟင်္သာတမြို့ မိုးကောင်းဆရာတော်၏ ယင်းမွေးနေ့အလှူတွင် လူမျိုးစုံ၊ ဘာသာပေါင်းစုံမှ တက်ရောက်သူဦးရေ သုံးထောင်ဝန်းကျင်ကို စတုဒီသာကျွေးမွေး လှူဒါန်းရာ၌ အစ္စလာမ် ဘာသာရေးခေါင်းဆောင်များ တက်ရောက်ပြီး အချိုရည် တိုက်ကျွေး လှူဒါန်းခဲ့ကြောင်း အဆိုပါ အလှူရှင်များက ပြောကြားသည်။

တက်ရောက်လာသည့် ဘာသာရေး ခေါင်းဆောင်များကို ဆရာတော်
က ငြိမ်းချမ်းရေးနှင့် သက်ဆိုင်သောတရားများ ဟောကြားခဲ့ကြောင်း ယင်းအလှူပွဲ တက်ရောက်ခဲ့သူများထံမှ သိရသည်။

မိုးကောင်းဆရာတော်သည် ဟင်္သာတမြို့နယ်အတွင်း သြဇာတိက္ကမ ကြီးမားသည့် ဆရာတော်တစ်ပါးဖြစ်ပြီး ယင်းကျောင်းတိုက်တွင် သံဃာ
အပါး ၆၀၀ ကျော် သီတင်းသုံး နေထိုင်သည်။

The Voice Weekly 
 ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့မှ မိုးကောင်းဆရာတော်၏ သက်တော် ၇၈ နှစ်ပြည့်မွေးနေ့ကို ဇူလိုင်လ ၆ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်က မိုးကောင်းကျောင်းတိုက်တွင် ကျင်းပရာ ပထမဆုံး အကြိမ် အဖြစ် အစ္စလာမ် ဘာသာရေးခေါင်းဆောင်များ တက်ရောက်ခဲ့ကြောင်း ဆရာတော်က မိန့်ကြား သည်။

ဗုဒ္ဓဂယာ ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်၍ နိုင်ငံပိုင် မီဒီယာမှ သတင်းထုတ်ပြန်ခဲ့ပြီး အိန္ဒိယနိုင်ငံ၏ ဗုဒ္ဓဘာသာ အဖွဲ့အစည်းများမှ ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်

ဗုဒ္ဓဂယာ ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်၍ နိုင်ငံပိုင် မီဒီယာမှ သတင်းထုတ်ပြန်ခဲ့ပြီး အိန္ဒိယနိုင်ငံ၏ ဗုဒ္ဓဘာသာ အဖွဲ့အစည်းများမှ ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်

အိန္ဒိယနိုင်ငံ၊ ဗုဒ္ဓဂယာတွင် ဇူလိုင်လ ၇ ရက် နံနက်ပိုင်းက ဖြစ်ပွားခဲ့သော ဗုံးပေါက်ကွဲမှုနှင့် ပျက်စီးမှုများ၊ ထိခိုက်ဒဏ်ရာ ရရှိမှုများအား နိုင်ငံပိုင် မီဒီယာဖြစ်သော မြန်မာ့ရုပ်မြင်သံကြား သတင်းတွင် ဇူလိုင်လ ၇ ရက်ည ၈ နာရီက ဖော်ပြခဲ့ကြောင်း သိရသည်။

ဗုဒ္ဓဂယာ မဟာဗောဓိ စေတီတော်ဝင်း အတွင်းရှိ မဟာဗောဓိ ညောင်ပင်အောက်တွင် ဗုံးနှစ်လုံး၊ ရတနာဃရသတ္တာဟတွင် ဗုံးတစ်လုံး၊ အနိမိသသတ္တာဟတွင် ဗုံးတစ်လုံး၊ ဂျပန်ဘုရားကြီး ကာမာကူရ ဆင်းတုတော် အနီးတွင် ဗုံးတစ်လုံး၊ တိဘက်ဘုန်းတော်ကြီးကျောင်း ၀င်းအတွင်း ဗုံးနှစ်လုံး စုစုပေါင်း ဗုံးခုနစ်လုံး ပေါက်ကွဲခဲ့သည့်အပြင် ကာမာကူရ ဆင်းတုတော် အနီးတွင် မပေါက်ကွဲသေးသော အခြားဗုံးတစ်လုံး တွေ့ရှိခဲ့ကြောင်း နိုင်ငံပိုင် မီဒီယာမှ ဇူလိုင် ၇ ရက် ညပိုင်းက ထုတ်ပြန်ခဲ့သည်။

ယင်းသို့ပေါက်ကွဲမှုကြောင့် မဟာဗောဓိ ညောင်ပင်အောက်တွင် ပဋ္ဌာန်းရွတ်ဆို ပူဇော်နေပြီး ပါရဂူဘွဲ့အတွက် စာတမ်းပြုစုနေသော အိန္ဒိယနိုင်ငံရောက် မြန်မာစာသင်သား ရဟန်းတော် တစ်ပါးဖြစ်သည့် ဦးဝိလသဂ္ဂါလင်္ကာရ (သက်တော် ၂၇ ၊၀ါတော် ၇ ၀ါ) မှာ ယာလက်မောင်းနှင့် မျက်နှာတို့တွင် ဗုံးစထိမှန်ခဲ့ပြီး ဒဏ်ရာရ (မစိုးရိမ်ရ) ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါဝင်ခဲ့သည်။

လက်ရှိတွင် ဗုဒ္ဓဂယာ ဆေးရုံမှ အက်ပိုးဆေးရုံသို့ ဒဏ်ရာရရှိ သူများအား ရွှေ့ပြောင်းကုသပေးနေကြောင်း သိရသည်။

ဗုဒ္ဓဂယာ ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်၍ အိန္ဒိယနိုင်ငံမြောက်ပိုင်း၊ ဥတ္တရာပရာဒေ့ရှ် ပြည်နယ်၊ အလာဟာဘတ်မြို့တွင် Buddha Commune International ဗုဒ္ဓဘာသာအဖွဲ့က ဇူလိုင် ၇ ရက် ညနေပိုင်းတွင် ငြိမ်းချမ်းစွာ ဆုတောင်းမှုများ ပြုလုပ်ခဲ့ကြသည်။ ကိုးလ်ကတ္တားမြို့တွင်လည်း သံဃာတော်များက ဆန္ဒပြခဲ့ကြကြောင်း သိရသည်။

အိန္ဒိယသမ္မတ ပရာနက်မူခါဂျီက ယခုကဲ့သို့ ဗုဒ္ဓဂယာတွင် ဗုံးပေါက်ကွဲမှုသည် အပြစ်မဲ့ ဘုရားဖူးများကို ပစ်မှတ်ထားပြီး တိုက်ခိုက်ခြင်း ဖြစ်သောကြောင့် အသိဥာဏ် ကင်းမဲ့သည့် လုပ်ရပ်ဖြစ်ကြောင်း ပြစ်တင်ပြောကြားလိုက်သည်။


အလာဟာဘတ်မြို့တွင် Buddha Commune International ဗုဒ္ဓဘာသာ အဖွဲ့က ဇူလိုင် ၇ ရက် ညနေပိုင်းတွင် ငြိမ်းချမ်းစွာ ဆုတောင်းမှုများ ပြုလုပ်နေစဉ်

Eleven Media Group
အိန္ဒိယနိုင်ငံ၊ ဗုဒ္ဓဂယာတွင် ဇူလိုင်လ ၇ ရက် နံနက်ပိုင်းက ဖြစ်ပွားခဲ့သော ဗုံးပေါက်ကွဲမှုနှင့် ပျက်စီးမှုများ၊ ထိခိုက်ဒဏ်ရာ ရရှိမှုများအား နိုင်ငံပိုင် မီဒီယာဖြစ်သော မြန်မာ့ရုပ်မြင်သံကြား သတင်းတွင် ဇူလိုင်လ ၇ ရက်ည ၈ နာရီက ဖော်ပြခဲ့ကြောင်း သိရသည်။

ရုရှား သူလျှိုမယ်ဟောင်း အန်နာချက်ပ်မန်း အက်ဒ်ဝပ် စနိုဒန်အား လက်ထပ်ရန် ကမ်းလှမ်း

မော်စကို   ဇူလိုင်   ၇
အမေရိကန်အမျိုးသား အေဂျင်စီမှ အဖွဲ့ဝင်တစ်ဦးဖြစ်သူ အက်ဒ်ဝပ်စနိုဒန် အား ရုရှား သူလျှိုမယ်ဟောင်း အန်နာချက်ပ်မန်းက လက်ထပ်ခွင့် ကမ်းလှမ်းခဲ့သည်။

ရန်ကုန်မြို့၊ တာမွေမြို့နယ်တွင် နေအိမ်အတွင်း ၀င်ရောက်ဓါးထောက် လုယက်မှုကျူးလွန်သူအားဖမ်းမိစစ်ဆေးပြီးအတူပါဝင်သူများအား ထပ်မံဖော်ထုတ်ဖမ်းဆီး

Photo: ရန်ကုန်မြို့၊ တာမွေမြို့နယ်တွင် နေအိမ်အတွင်း ၀င်ရောက်ဓါးထောက်
လုယက်မှုကျူးလွန်သူအားဖမ်းမိစစ်ဆေးပြီးအတူပါဝင်သူများအား ထပ်မံဖော်ထုတ်ဖမ်းဆီး

ရန်ကုန်၊ ဇူလိုင် ၇

၇.၇.၂၀၁၃ ရက်နေ့ ၀၀၃၀အချိန်ခန့်တွင် တာမွေမြို့နယ်၊
ကျောက်မြောင်း အရှေ့ရပ်ကွက်နေ ဦးမိုးဦးသည် ၎င်းတို့မိသားစုအသီးသီးအပြင်သွားနေခဲ့ကြသဖြင့်
နေအိမ်တွင်သမီးအကြီးဖြစ်သူ မခိုင်သီရိမိုးဦးမှာ 
အိပ်ခန်းအတွင်း၌ တစ်ဦးတည်းအိပ်၍ကျန်နေခဲ့စဉ် 

၀၁၀၀ အချိန်ခန့်တွင် သမီးဖြစ်သူ၏အိပ်ခန်းအတွင်းသို့ လူငယ်တစ်ဦးမှဝင်ရောက်၍ ဆံပင်ဆွဲပါးရိုက်ကာချွန်ထက်သော အရာဖြင့်ထောက်ပြီး နေအိမ်ရှိငွေ ကျပ်၃၉၀၀၀၀ အားလုယူထွက်ပြေးသွားကြောင်း တာမွေရဲစခန်း 
သို့တိုင်ကြားခဲ့၍ 

တာမွေမြို့မရဲစခန်း (ပ)၂၈၁/၂၀၁၃၊ 
ပုဒ်မ ၃၈၂/၃၂၃ ဖြင့် အမှုဖွင့်စုံစမ်းဆောင်ရွက်ခဲ့ရာ
ပြစ်မှုကျူးလွန်သူတရားခံ လှခိုင်၊(ဘ)ဦးတင်အုန်း၊စံပြရပ်ကွက်၊ ဒလမြို့နယ်နေသူအား ၀၂၁၅ အချိန်တွင် တာမွေမြို့နယ်၊ သီတာလမ်းနှင့် ကျောက်မြောင်းကြီး လမ်းဆုံတွင် သက်သေခံငွေကျပ်၃၉၀၀၀၀နှင့်အတူ တာမွေမြို့နယ်
ရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိခဲ့ပါသည်။

ဖမ်းဆီးရမိသူ လှခိုင်အားစစ်ဆေးရာ ၎င်းသည်
ဒလမြို့နယ်နေသူများဖြစ်သည့် ထက်ထွန်းအောင်၊သက်ပိုင်ဦး၊ ဇင်မောင်မောင်၊ ကျော်မင်းနိုင် တို့နှင့်အတူ ဒလမြို့တွင် အရက်အတူသောက်၍ရန်ကုန်မြို့သို့လာကာ ဂျေဂျေကလပ်သို့ သွားရောက်ခဲ့ကြကြောင်း၊ 

၀၀၃၀ အချိန်ခန့်တွင် တာမွေမြို့နယ်၊ အောင်မင်္ဂလာလမ်းဘက်သို့
ခြေလျင်လမ်းလျှောက်သွားခဲ့ကြစဉ် ပြစ်မှုတစ်ခုခု ကျူးလွန်ရန်
တိုင်ပင်ခဲ့ကြကြောင်း၊အခင်းဖြစ်နေအိမ်ခြံရှေ့အရောက်တွင် 
အိမ်ရှေ့တံခါးပွင့်နေသည်ကိုတွေ့ရှိ၍ ၎င်းမှနေအိမ်အတွင်းသို့ ၀င်ရောက်ပြီးပြစ်မှုကျူးလွန်နေစဉ် ထက်ထွန်းအောင်ပါ(၄)ဦးမှ ခြံရှေ့ရှိကွမ်းယာဆိုင်၌စောင့်နေခဲ့ကြကြောင်း

၊ငွေများခြိမ်းခြောက်
တောင်းယူပြီးချိန်တွင် အိမ်ရှင်အမျိုးသမီးမှအော်ဟစ်သဖြင့် လူစုခွဲ၍ထွက်ပြေးခဲ့ကြကြောင်းစစ်ဆေးပေါ်ပေါက်ခဲ့သောကြောင့်
ပြစ်မှုကျူးလွန်းစဉ်အတူပါဝင်သူများအား တာမွေမြို့နယ်
ရဲတပ်ဖွဲ့မှစုံစမ်းလိုက်လံဖမ်းဆီးခဲ့ရာဒလမြို့နယ်နေ 

ထက်ထွန်းအောင်(ခ)ကုလား၊(ဘ)ဦးအောင်ကျော်မိုး၊ရာဇသင်္ကြန် 
ရပ်ကွက်၊ သက်ပိုင်ဦး၊ (ဘ)ဦးစိန်လှ၊ ညောင်တုန်းရပ်ကွက်၊ 
ဇင်မောင်မောင်(ခ)အသေး၊(ဘ)ဦးတင်ဝင်း၊ရာဇသင်္ကြန်ရပ်ကွက်၊


ကျော်မင်းနိုင်၊ (ဘ)ဦးတင်နိုင်၊ မြို့မ(၄)ရပ်ကွက်တို့(၄)ဦးအား ဒလမြို့နယ်အတွင်း၌ အသီးသီးထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိပါသည်။

Yangon Police
၇.၇.၂၀၁၃ ရက်နေ့ ၀၀၃၀အချိန်ခန့်တွင် တာမွေမြို့နယ်၊ ကျောက်မြောင်း အရှေ့ရပ်ကွက်နေ ဦးမိုးဦးသည် ၎င်းတို့မိသားစုအသီးသီးအပြင်သွားနေခဲ့ကြသဖြင့်နေအိမ်တွင်သမီးအကြီးဖြစ်သူ မခိုင်

အလုပ်မရသေးသော ဆရာဝန်လေးပုံတစ်ပုံ ယခုနှစ် အလုပ်ရမည်ဟု ဦးရွှေမန်းကတိပေး

ဆေးတက္ကသိုလ် အောင်ပြီးနောက် ဆရာဝန် အလုပ်အကိုင် မရရှိသေးသူ စုစုပေါင်း ၆,ဝ၀ဝ အနက် ၁,၅၀ဝ ကို မြန်မာတစ်နိုင်ငံလုံးရှိ လစ်လပ်နေရာများတွင် အလုပ်ခန့်ထားပေးမည်ဟု ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ဇူလိုင်လ ၇ ရက် တွင် ပြောကြားလိုက်သည်။

GSM, WCDMA များ မြန်မာကျပ်ငွေဖြင့် ပြည်ပသို့ ဖုန်းခေါ်နိုင်ပြီ

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ မိုဘိုင်းဖုန်း အသုံးပြုသူများအတွက် ပိုမို အဆင်ပြေစေရန် အတွက် ရည်ရွယ်၍ ပြည်တွင်း ဖုန်းများမှ နိုင်ငံခြားသို့ ဖုန်းခေါ်ဆိုခ များကိုမြန်မာကျပ်ငွေများဖြင့် စတင် ခေါ်ဆိုနိုင်ပြီ ဖြစ်ကြောင်း သိရသည်။

ဒိုင်က ကစားသမား တစ်ဦးကို ဓါးနဲ့ ထိုးသတ်ပြီး၊ ပရိတ်သတ်က ဒိုင်ကို ခေါင်းပြန်ဖြတ်တဲ့ ဘောလုံးပွဲ

ဒိုင်က ကစားသမား တစ်ဦးကို ဓါးနဲ့ ထိုးသတ်ပြီး၊ ပရိတ်သတ်က ဒိုင်ကို ခေါင်းပြန်ဖြတ်တဲ့ ဘောလုံးပွဲ 

Monday, 08 July 2013

ဘရာဇီး နိုင်ငံ အပျော်တမ်း ဘောလုံးပွဲ တစ်ပွဲတွင် ကစားသမားကို ကွင်းလယ်ဒိုင်က အသင့်ယူဆောင်လာသော ဓါးဖြင့် ထိုးသတ်ခဲ့သောကြောင့်၊ အသတ်ခံရသည့် ကစားသမား၏ မိတ်ဆွေ(၀ါ) မိသားစုဟု ယူဆရသူ ပရိတ်သတ် တစ်ဦးက အဆိုပါ ကွင်းလယ်ဒိုင်ကို ခေါင်းဖြတ်သတ်သည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့သည်။

မာရင်ဟာအိုရှိ Pius XII ကွင်းတွင် ယှဉ်ပြိုင် ကစားသွားခဲ့ကြသည့် အပျော်တမ်း ဘောလုံးပွဲတွင် ကွင်းလယ်ဒိုင် ဖြစ်သူက အသက်(၂၀)နှစ် အရွယ် အောက်တာဗီအို ဒါဆေးလ်ဗားအား အနီကဒ်ပြ ထုတ်ပယ်ခဲ့သည်။

သို့သော်လည်း အဆိုပါ ကစားသမားက ကွင်းတွင်းမှ ထွက်ခွာရန် ငြင်းဆန်ခဲ့သလို၊ ကွင်းလယ်ဒိုင်အား စတင် တိုက်ခိုက်ခဲ့ကြောင်း Correio24horas ကဖော်ပြသွားခဲ့သည်။

ထို့ကြောင့် ကွင်းလယ်ဒိုင်က အသင့်ယူဆောင် လာသော ဓါးဖြင့် ကစားသမားအား ထိုးသတ်လိုက်သည်။ ထိုအချိန်တွင် ဓါးဖြင့် အထိုးခံလိုက်ရသည့် ကစားသမား၏ မိတ်ဆွေ(၀ါ) မိသားစုဟု ယူဆရသူများက ကွင်းတွင်းသို့ ပြေးဝင်လာပြီး ကွင်းလယ်ဒိုင်အား ခဲဖြင့် ၀ိုင်းဝန်း ပစ်ပေါက်ခဲ့ ကြသည်။

ထိုပရိတ်သတ်ထဲမှ တစ်စုံတစ်ယောက်က ကွင်းလယ်ဒိုင် အသုံးပြုခဲ့သည့် ဓါးကို ကောက်ကိုင်ပြီး ကွင်းလယ်ဒိုင်၏ လည်ပင်းကို လှီးကာ ခေါင်းဖြတ်ခဲ့သည်။ အဆိုပါ ဦးခေါင်းပြတ်ကိုလည်း ဆူးချွတ်ဖြင့် ထောက်ပြီး ကွင်းတွင်း စိုက်ထူ ခဲ့သည်။

အဆိုပါ ဒေသမှ ရဲမှုးကြီးက - "မျက်မြင်သက်သေတွေရဲ့ ထွက်ဆိုအရ ဒီကိစ္စမှာ ပါဝင်ပတ်သက်ခဲ့တဲ့ သူတွေအားလုံးကို ဖမ်းဆီးစစ်ဆေးသွားမှာပါ" ဟု ပြောကြား သွားခဲ့ပြီး၊ ခေါင်းဖြတ်ခဲ့သည့် တရားခံဟု ယူဆရသူ တစ်ဦးကိုလည်း သိရှိထားပြီး ဖြစ်ကာ၊ စတင်စစ်ဆေးနေပြီ ဖြစ်ကြောင်း ရဲမှုးကြီးက ပြောကြားသွားခဲ့သည်။

http://www.football-cafe.com/newsdetail.php?newsid=1141#.UdoLUBZ1FvB
Ref: Daily Mail
Written by အောင်ဇော်လတ်(မိုးနဲ)

Posted From Football Cafe
ဘရာဇီး နိုင်ငံ အပျော်တမ်း ဘောလုံးပွဲ တစ်ပွဲတွင် ကစားသမားကို ကွင်းလယ်ဒိုင်က အသင့် ယူဆောင် လာသော ဓါးဖြင့် ထိုးသတ်ခဲ့သောကြောင့်၊ အသတ်ခံရသည့် ကစားသမား၏ မိတ်ဆွေ(၀ါ) မိသားစုဟု ယူဆရသူ ပရိတ်သတ် တစ်ဦးက အဆိုပါ ကွင်းလယ်ဒိုင် ကို ခေါင်းဖြတ် သတ် သည့် ဖြစ်စဉ် တစ်ခု ဖြစ် ပွားခဲ့သည်။

ဥရောပ တစ်လွှား နာမည်ကြီး ကိုရီးယား ဘောလုံးသမားများ

အာရှတိုက်၌ ဘောလုံး အင်အားကြီး နိုင်ငံတွေဖြစ်တဲ့ တောင်ကိုရီးယားနဲ့ ဂျပန်တို့က ဘောလုံး သမားတွေဟာဥရောပ တစ်လွှားမှာ ထင်ရှား ကျော်ကြားလျက် ရှိနေပါတယ်။ အဲဒီဘောလုံး သမားတွေ

မူးယစ်ဆေးဝါးဖမ်းဆီးအရေးယူမှုနှင့် တာဝန်ဝတ္တရားနှောင့်ယှက်သူ များအားအရေးယူရန်ဆောင်ရွက်လျက်ရှိ

မူးယစ်ဆေးဝါးဖမ်းဆီးအရေးယူမှုနှင့် တာဝန်ဝတ္တရားနှောင့်ယှက်သူ
များအားအရေးယူရန်ဆောင်ရွက်လျက်ရှိ

ရန်ကုန်၊ ဇူလိုင် ၈

၇.၇.၂၀၁၃ နေ့ ၂၂၃၀ အချိန် သာကေတမြို့မရဲစခန်းမှ ဒုရဲအုပ်အောင်ဇော်ဝင်းနှင့် အဖွဲ့သည် အနော်မာ(၁)ရပ်ကွက် အုပ်ချုပ်ရေးမှူးဦးတင်စိန်၊ ဆယ်အိမ်မှူးဦးသက်ထွေး တို့နှင့်အတူ မူးယစ်ပြစ်ချက်ဟောင်းရှိသူ အမှတ်(၂၉၉)၊သာကေတမြို့နယ်၊ အနော်မာ(၁)ရပ်ကွက်၊ အရှေ့(၇)လမ်းနေ မြ၀င်းဇော်၊ (၃၃)နှစ်၊ (ဘ)ဦးဝင်းလှိုင်၊ ဗမာ/ဗုဒ္ဓ၊ ဈေးရောင်း၏နေအိမ်သို့ သတင်းအရ မြို့နယ်ရဲတပ်ဖွဲ့မှူး၏မူးယစ်ဆေးဝါးဖမ်းဆီးဝရမ်း (၉/၂၀၁၃)ဖြင့် ဥပဒေနှင့်အညီ ၀င်ရောက်ရှာဖွေရာ မြ၀င်းဇော်နေအိမ်တွင်
ကျော်လင်း(၃၈)နှစ်၊ (ဘ)ဦးအောင်ချစ်၊ဗမာ/ဗုဒ္ဓ ၊အမှတ်(၂၁၃)၊ 
သုမနလမ်း၊ မာန်ပြေ (၃)ရပ်ကွက်နေသူကိုပါအတူတွေ့ရှိရပြီး မူးယစ်ဆေးဝါးများရှာဖွေရာ မြ၀င်းဇော်နေအိမ် အပေါ်ထပ်ရှိ အ၀တ်များထည့်ထားသည့် ပလပ်စတစ်အနီရောင်ပုံးအတွင်းမှ ကြွပ်ကြွပ်အိတ်အနက်ဖြင့်ထုပ်လျက် ဆေးခြောက်ဟု
ယူဆရသော အရွက်ခြောက်အလေးချိန် (၆၄.၁၉) ဂရမ်
( ၃ကျပ် ၁၃ပဲ) အားရှာဖွေတွေ့ရှိခဲ့ပါသည်။
သက်သေခံပစ္စည်းများနှင့်အတူ မြ၀င်းဇော်နှင့်ကျော်လင်းတို့အား အနော်မာအုပ်ချုပ်ရေးမှူးရုံး သို့ခေါ်ဆောင်ရောက်ရှိစဉ် အဆိုပါတရားခံများအား ပြန်ထုတ်ပေးရန် လူ ၅၀ဦးခန့်မှ
အော်ဟစ် တောင်းဆိုကြိမ်းဝါးကြသဖြင့် ရန်ကုန်တိုင်းဒေသကြီး
ရဲတပ်ဖွဲ့မှူး၊ ဒုတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး၊ အကူတပ်ဖွဲ့ခွဲမှူးနှင့်
တပ်ဖွဲ့ဝင်များ၊ ခရိုင်အုပ်ချုပ်ရေးမှူး၊ ခရိုင်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ အရှေ့နှင့်အနောက်ပိုင်းခရိုင်များမှ
မြို့နယ်ရဲတပ်ဖွဲ့မှူးများနှင့်တပ်ဖွဲ့ဝင်များမှအနော်မာ(၁)ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံးသို့ ချက်ချင်းရောက်ရှိရှင်းလင်းခဲ့ရာ 
(၂၃၁၅)အချိန် လူစုကွဲသွားခဲ့ပါသည်။
မူးယစ်ဆေးဝါးဖြင့်တွေ့ရှိသောမြ၀င်းဇော်နှင့်ကျော်လင်းတို့အား သာကေတမြို့မရဲစခန်း မယ(ပ)၁၀/၁၃၊ 
မူး/စိတ်ပုဒ်မ ၁၅/၁၉(က)/၂၁ ဖြင့်အရေးယူဆောင်ရွက်
ထားရှိပြီး ရဲတပ်ဖွဲ့မှ သက်သေများနှင့်အတူမူးယစ်ဆေးဝါး
ဖမ်းဆီးမှုအား ဥပဒေနှင့်အညီဆောင်ရွက်သော်လည်း ၎င်းရပ်ကွက်နေလူ(၅၀)ဦးခန့်မှ မသမာသောနည်းဖြင့် တရားခံများအားရပ်ကွက်ရုံးမှပြန်ထုတ်ပေးရေး အော်ဟစ်
တောင်းဆိုခြင်း၊ ဆဲဆိုကြိမ်းဝါးခြင်း၊ တာဝန်ဝတ္တရားဆောင်ရွက်
မရအောင်တားဆီး နှောင့်ယှက်သဖြင့်အရေးယူဆောင်ရွက်
နိုင်ရန် ခေါင်းဆောင်များအားစုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိပါသည်။
၇.၇.၂၀၁၃ နေ့ ၂၂၃၀ အချိန် သာကေတမြို့မရဲစခန်းမှ ဒုရဲအုပ်အောင်ဇော်ဝင်းနှင့် အဖွဲ့သည် အနော်မာ (၁)ရပ်ကွက် အုပ်ချုပ်ရေးမှူးဦးတင်စိန်၊ ဆယ်အိမ်မှူးဦးသက်ထွေး တို့နှင့်အတူ မူးယစ်ပြစ်ချက်ဟောင်း

အိမ်ဖော်ကို အဓမ္မကျင့်သည်ဟု စွပ်စွဲခံရသည့် သာသနာရေး လ/ထညွှန်မှူးကို ဝန်ကြီးရုံးစစ်ဆေး

အိမ်ဖော်ကို အဓမ္မကျင့်သည်ဟု စွပ်စွဲ တိုင်ကြားခံရသည့် ဟင်္သာတခရိုင် သာသနာရေးဦးစီးရုံးမှ လက်ထောက်ညွှန်မှူးကိုနေပြည်တော်ရှိ ပြည်ထောင်စုအဆင့် သာသနာရေးဝန်ကြီးရုံးက စုံစမ်း စစ်ဆေးရေးအဖွဲ့က လာရောက်စစ်ဆေးခဲ့သည်ဟု စစ်ဆေးခံ ရသည့် ကာယကံရှင်က ပြောကြားသည်။

မန်ယူမှာ ကစားခွင့်ရတော့မယ့် အူစိန်ဘော့

Photo: မန်ယူမှာ ကစားခွင့်ရတော့မယ့် အူစိန်ဘော့

8.7.2013

အူစိန်ဘော့အတွက် ဟိုးအရင်ကတည်းကမျှော်လင့်ထားခဲ့ရတဲ့ အိပ်မက် အကောင်အထည်ပေါ်လာခဲ့ပြီလို့ ပြောရပါမယ်။ ဘာကြောင့်လဲဆိုတော့
ကမ္ဘာ့ အမြန်ဆုံး လူသားဖြစ်တဲ့ အူစိန်ဘော့ဟာ မန်ယူပရိသတ် တစ်ဦးဖြစ်ပြီး နည်းပြဟောင်း ဖာဂူဆန်နဲ့လည်း ရင်းနှီးတဲ့မိတ်ဆွေတွေ
ဖြစ်သလို သူမျှော်လင့်ထားတာကတော့ မန်ယူမှာ ကစားခွင့်ရဖို့ပဲ ဖြစ်ပါတယ်။

သူ့အတွက် အိပ်မက်တွေ အကောင်အထည်ပေါ်ဖို့ဖြစ်လာတာ ဖာဒီနန်ကြောင့် ဖြစ်ပြီး ရှေ့လမှာ ကစားမယ့် ဆီဗီလာနဲ့ မန်ယူတို့ ပွဲစဉ်ဟာ ဖာဒီနန်ကို ဂုဏ်ပြုတဲ့ပွဲ ဖြစ်သလို ဒီပွဲမှာ အူစိန်ဘော့ကို ထည့်သွင်းကစားဖို့ နည်းပြ မိုရက်စ်ထံ ဖာဒီနန်က တိုက်တွန်းထားသည်။ မန်ယူနည်းပြဟောင်း ဖာဂူဆန်မှာ ရီးရဲလ်ဂန္တ၀င်များနှင့် မန်ယူဂန္တ၀င်များ ယှဉ်ပြိုင်ခဲ့သည့် ပွဲစဉ်တွင် အူစိန်ဘော့ကို ထည့်သွင်းကစားရန် စီစဉ်ခဲ့သော်လည်း နည်းပြရာထူးမှ ၎င်းအနားယူခဲ့ခြင်းကြောင့် အစီအစဉ် မဖြစ်မြောက်ခဲ့ခြင်းဖြစ်သည်။

YoYarLay
အူစိန်ဘော့အတွက် ဟိုးအရင်ကတည်းကမျှော်လင့်ထားခဲ့ရတဲ့ အိပ်မက် အကောင်အထည်ပေါ် လာခဲ့ပြီ လို့ ပြောရပါမယ်။ ဘာကြောင့်လဲဆိုတော့ ကမ္ဘာ့ အမြန်ဆုံး လူသားဖြစ်တဲ့ အူစိန်ဘော့ဟာ မန်ယူ ပရိသတ် တစ်ဦးဖြစ်ပြီး နည်းပြဟောင်း ဖာဂူဆန်နဲ့လည်း ရင်းနှီးတဲ့မိတ်ဆွေတွေဖြစ်သလို သူမျှော်လင့် ထားတာကတော့ မန်ယူမှာ ကစားခွင့်ရဖို့ပဲ ဖြစ်ပါတယ်။

တောင်ငူမြို့နယ် ဆင်ရွာတွင် စစ်တောင်းမြစ်ကမ်းပါး ပြိုကျသဖြင့် လူနေအိမ်ခြေများ ရွှေ့ပြောင်းနေရပြီး ရေကာတမံနှင့် ၁၅ ပေခန့် အကွာသို့ ရောက်ရှိလာ

taunggu-july8
တောင်ငူမြို့နယ် ဆင်ကျေးရွာအုပ်စုတွင် ကမ်းပါးပြိုကျမှုအား တွေ့ရစဉ်
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ် အနောက်ဆင်ကျေးရွာအုပ်စု ကျေးရွာများတွင် စစ်တောင်းမြစ်

၂၀၁၄ ခုနှစ် ကမ္ဘာ့ဖလား ပြိုင်ပွဲ၌ ထုတ်လွှင့်ရန်အတွက် ဘရာဇီးရုပ်သံမှ မဟာမုနိ ဘုရားကြီးနှင့် မြနန်းစံကျော် ရွှေနန်းတော်တို့တွင် ရိုးရာခြင်းလုံး အလှခတ် ကစားခြင်းကို မှတ်တမ်းလာရောက် ရိုက်ကူးခဲ့

chinloon-july8
ဇူလိုင် ၆ ရက်က မြနန်းစံကျော် ရွှေနန်းတော်တွင် မြန်မာ့ရိုးရာ ခြင်းလုံးအလှခတ် နေသည်ကို ဘရာဇီးရုပ်သံမှ ရုပ်သံမှတ်တမ်း လာရောက်ရိုက်ကူး နေစဉ်
ဘရာဇီးနိုင်ငံတွင် ကျင်းပပြုလုပ်မည့် ၂၀၁၄ ခုနှစ် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲတွင် ထုတ်လွှင့်ပြ သရန်

ရုပ်ရှင်နှင့် ဗီဒီယို ဇာတ်ကားများတွင် အသက်အရွယ်အလိုက် အဆင့်သတ်မှတ်နိုင်ရန် ဇူလိုင်လတွင် စတင်ဆွေးနွေးမည်

video-july8
ဗီဒီယိုဇာတ်ကား တစ်ကား ရိုက်ကူးနေသည်ကို တွေ့မြင်ရစဉ်
ရုပ်ရှင်နှင့် ဗီဒီယို ဇာတ်ကားများတွင် အသက်အရွယ်အလိုက် အဆင့်သတ်မှတ်နိုင်ရန် ဇူလိုင်လတွင် စတင်ဆွေးနွေး သွားမည်ဖြစ်ကြောင်း ဇူလိုင် ၆ ရက်က ပြုလုပ်ခဲ့သည့် ရုပ်ရှင်ဖွံ့ဖြိုး တိုးတက်မှု ဆိုင်ရာ ဆွေးနွေးပွဲတွင် မြန်မာ့ရုပ်ရှင် လုပ်ငန်းမှ ညွှန်ကြားရေးမှူး ဦးသိန်းထွန်းအောင်က ထည့်

ရွှေတိဂုံ စေတီတော်သို့ နိုင်ငံခြားသားဧည့်သည် လာရောက်ဖူးမြော်မှုနှုန်း ငါးနှစ်ဆက်တိုက် မြင့်တက်ခဲ့၊ ၂၀၁၃ ခုနှစ်အတွင်း တရုတ်လူမျိုး တက်ရောက်မှု သိသာစွာ လျော့ကျ

shwedagon-july8
ရွှေတိဂုံစေတီတော်တွင် နိုင်ငံခြားသားများ လာရောက်လေ့လာဖူးမြော် နေသည်ကိုတွေ့ရစဉ် (ဓာတ်ပုံ - တိုးအောင်)
ရွှေတိဂုံ စေတီတော်သို့ နိုင်ငံခြားသားဧည့်သည် လာရောက်ဖူးမြော်မှုနှုန်းမှာ ငါးနှစ် ဆက်တိုက် မြင့်တက်

ပြည်တွင်း၌ ရောင်းချလျက်ရှိသည့် အလှကုန် ပစ္စည်းများ အားလုံးမှာ သွင်းကုန်လိုင်စင် မလိုဘဲ တင်သွင်းရသည့် ကုန်စည်ဖြစ်ပြီး အရည်အသွေးပိုင်းဆိုင်ရာ ထောက်ခံချက် မရှိကြောင်း သိရ

မြန်မာနိုင်ငံတွင်းသို့ ပြည်တွင်း၊ ပြည်ပမှ တင်သွင်းရောင်းချလျက်ရှိသော အလှကုန် ပစ္စည်းများ အားလုံး မှာ သွင်းကုန်လိုင်စင် လျှောက်ထားရန်မလိုဘဲ တင်သွင်းရသည့် ကုန်စည်ဖြစ်ပြီး အရည်အသွေးပိုင်း ဆိုင်ရာ ထောက်ခံချက် မရှိကြောင်း သိရသည်။

ဆယ်စုနှစ်အတွင်း ရာသီဥတု ဖောက်ပြန်ခြင်းကို အမြင့်ဆုံး ကြုံတွေ့ရသည့် နိုင်ငံများ၌ မြန်မာနိုင်ငံ ပါဝင်

ပြီးခဲ့သည့် ဆယ်စုနှစ်အတွင်း ရာသီဥတု ဖောက်ပြန်မှု သက်ရောက်ခြင်းကို အမြင့်မားဆုံး ကြုံတွေ့ရ သည့် နိုင်ငံများ၌ မြန်မာနိုင်ငံ ပါဝင်နေကြောင်း ကမ္ဘာ့မိုးလေ၀သ အဖွဲ့ချုပ်၏ အစီရင်ခံစာ တွင် ဖော်ပြ ချက်အရ သိရသည်။

Sunday, July 7, 2013

အိန္ဒိယနိုင်ငံ၊ ဗုဒ္ဓဂါယာတွင် ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ပြီး သံဃာနှစ်ပါး အပါအ၀င် ငါးဦးဒဏ်ရာရ

အိန္ဒိယနိုင်ငံအရှေ့ပိုင်း ဘီဟာပြည်နယ်မှ ဗုဒ္ဓဂါယာရှိ ဘုန်းတော်ကြီး ကျောင်းဝင်း တစ်ခုအတွင်း ဇူလိုင် ၇ ရက် နံနက်ပိုင်းက ဖြစ်ပွားခဲ့သည့် ဗုံးပေါက်ကွဲမှုများကြောင့် သံဃာနှစ်ပါး အပါအ၀င် ငါးဦးဒဏ်ရာ ရရှိ ခဲ့ကြောင်း သိရသည်။

မိမိထက် အသက် ၇၀ ငယ်သည့် မိန်းကလေး တစ်ဦးနှင့် အသက် ၉၂ နှစ်အရွယ် အမျိုးသားကြီး လက်ထပ်

အီရတ်နိုင်ငံမှ အသက် ၉၂ နှစ် အရွယ်ရှိ မူဆာလီ မိုဟာမက် အယ်လ်မူဂျာမီသည် ၎င်းထက် အသက် ၇၀ ငယ်ရွယ်သည့် အမျိုးသမီးနှင့် လက်ထပ်ခဲ့ကြောင်း သိရသည်။

အနုပညာရှင် အခိျု့ကို မူးယစ်အဖွဲ့ ကအရပ်ဝတ်အသွင် ယူ နောက်ယောင်ခံမည်

မူးယစ်တိုက် ဖျက်ရေးအထူးအဖွဲ့မှ တာဝန်ရှိ သူများ အရပ်ဝတ်အသွင် ယူပြီး ရုပ်ရှင်ရိုက်ကွင်းများတွင် အနုပညာရှင်သရုပ်ဆောင်တခိျု့ မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲမှုများ ရှိမရှိကို စစ်ဆေးသွားရန် စီ စဉ်နေကြောင်း မူးယစ်အထူးတပ်ဖွဲ့မှ အဆင့်မြင့်အရာရှိတစ်ဦးက ထုတ်ဖော်ပြောကြားလိုက်သည်။

မလေးရှားတွင် မြန်မာတစ်ဦးအသက်ခံရပြန်ပြီ

မလေးရှားတွင် မြန်မာတစ်ဦးအသက်ခံရပြန်ပြီ

7.7.2013

၆-၇-၂၀၁၃ ရက် မွန်းတည့် ၁၂ နာရီ အချိန်တွင် ဆူဗန်းဂျာရာ မြို့မှ တယ်လီဖုန်းတစ်လုံးသည် ကပုန်း(၇)သားသမီးနာရေးကူညီမှု့ (မလေးရှား)ရုံခန်းသို့ဝင်ရောက်လာပါသည်။

ရုံတာဝန်ခံ ကိုကျော်သူမှ မေမြန်းသောအခါ ဆူဗန်းဂျာရာ SS/6C လမ်းထိပ်တွင် မြန်မာတစ်ဦးဓါးဒဏ်ရာဖြင့်သေဆုံးနေကြောင်းအကြောင်းကြားပါသည်။

ထို့နောက် ရုံအတွင်ရှိ ကပုန်း(၇)ရက်သားသမီနာရေးကူညီမှု့အသင်း ဥက္ကဌ ဦးစန်းဝင်းနှင့် မြန်မာနိုင်ငံသားများအတွက် ကူညီဆောင်ရွက်ပေးနေသော (မလေးရှား) နိုင်ငံ သား Dato Dr Riches Tan နှင့် အဖွဲ့ ဝင်များသည် မလေးရှား ရဲတပ်ဖွဲ့သို့ချက်ခြင်းအကြောင်းကြားပြီး အခင်ဖြစ်ပွားရာနေရာသို့ သွားရောက်ခဲ့ပါသည်။

ထိုနေရာသို့ရောက်သောအခါ ဇနီးသည် မမေသန်းနှင့် သူငယ်ချင်း မြန်မာမိသားစုများအား အလောင်းနားတွင်တွေ့ဆုံခဲ့ပါသည်။

ဇနီးသည်၏ပြောချက်အရ ကိုရဲဝင်းထွန်း အသက်(၃၃)နှစ်သည် အမှတ်(၄၀၄) သုမာလာ၊ ၉ လမ်း ( ၂ ) ရပ်ကွပ် မြောက်ဥက္ကလာ တွင်နေထိုင်သူတစ်ဦးဖြစ်ပြီး မလေးရှားတွင်နေထိုင်သည်မှာ ၁၀နှစ်ကျော်ခန့် ရှိပါသည်။

6P စီမံချက်ဖြင့်ထုတ်ပေးသော ပါတ်စ်ပို့စာအုပ်တွင် ပါမစ်ရှိပါသည်ကိုရဲဝင်းထွန်းသည်ကားပြင် ၊ ဆေးမှုတ်စက်ရုံ ဆူဗန်းမေဝ တွင်အလုပ်လုပ်ပါသည် ယမန်နေညတွင်ဇနီးသည်မှ အိမ်ပြန်မလာသဖြင့် ည ၁၁ နာရီကျော်တွင် ဖုန်းဆက်သောအခါ ကိုရဲဝင်းထွန်းမှ ဇနီးသည်အား ဆူဗန်းဂျာရာရှိ Summit Five Star Hotel ရှေတွင် စက်စမ်းရန်မောင်းနှင့်လာသောကားမှာ စက်ပျက်နေသဖြင့် တစ်ဦးတည်းကားပြင်နေရကြောင်း ဇနီးသည်မမေသန်းအား စိတ်မပူရန်ပြန်ပြောပါသည်။

ထို့နောက် ၆-၇-၂၀၁၃ နံနက်ကြီး ၁ နာရီခန့်တွင်ထက်မံ၍ဖုန်းဆက်သောအခါ ကိုရဲဝင်းကိုင်ဆောင်နေသောဖုန်းနှစ်လုံးမှ တစ်လုံးသာခေါ်၍ရပါသည်ကျန်တစ်လုံးမှာခေါ်၍မရပါ ခေါ်ဆို၍ရသောဖုန်မှာဖုန်းကိုင်မည့်သူမရှိပါ ထပ်မံ၍ခေါ်သောအခါဖုန်းကိုပိတ်လိုက်ပါသည်။

ထို့နောက်မိသားစုများမှ စိုးရိမ်၍ ၄င်း ကားပျက်သောနေရာသို့ ဦးလေးဖြစ်သူတစ်အိမ်တည်းနေသူများနှင့်ရှာဖွေသော်လည်းမတွေ့ရှိခဲ့ရပါ။

ယနေ့နေ့လည် ၁၂ နာရီခန့်တွင် ရေမြောင်းထဲတွင်ဓါးဒဏ်ရာ ၇ ချက်ဖြင့်သေဆုံးနေကြောင်းနှင့်၎င်စက်စမ်းယာဉ်ကားလည်းအနားတွင်ရှိနေကြောင်းကိုဇနီးသည်မှ နာရေးကူညီမှု့အသင်းမှ တာဝန်ရှိသူများအားပြောကြားပါသည်။ ထိုနောက် သက်ဆိုင်ရာရဲတပ်ဖွဲ့မှရောက်ရှိလာသောအခါ ဇနီးသည်အားမေးမြန်းပြီ လိုအပ်သည်များကိုဆောင်ရွက်ခါ ဆူဗန်းဂျာရာ မြို့ မှ အလောင်းကို သယ်ဆောင်ပြီ PJ ယူနီဗာစတီ ဆေးရုံသို့် ရဲတပ်ဖွဲ့ နှင့် ပူးပေါင်း၍ ကပုန်း(၇)ရက်သားသမီနာရေးကူညီမှု့အသင်း မှ စစ်ဆေးရန် ပို့ဆောင်ခဲ့ပါသည်။

မူရင်း မလေးရှားသတင်း

ref:Tun Wai
၆-၇-၂၀၁၃ ရက် မွန်းတည့် ၁၂ နာရီ အချိန်တွင် ဆူဗန်းဂျာရာ မြို့မှ တယ်လီဖုန်းတစ်လုံးသည် ကပုန်း(၇) သား သမီးနာရေးကူညီမှု့ (မလေးရှား)ရုံခန်းသို့ဝင်ရောက်လာပါသည်။

တရားမဝင်ကုန် တွေ က တရားဝင်ထက် ပိုဝင်လာနေ

တရားမဝင်ကုန် တွေ က တရားဝင်ထက် ပိုဝင်လာနေ

မြန်မာပြည် ထဲ တင်သွင်းလာတဲ့ ကုန်ပစ္စည်းတွေ ထဲမှာ တရားဝင်တင်သွင်း တဲ့ ကုန်စည်ထက် တရားမဝင် ဝင်လာတာ က ပိုများနေတာကြောင့် တားဆီးဖို့ စီစဉ် နေရပါတယ်။

စီးပွားရေး နဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ အကောက်ခွန် ဦးစီးဌာန၊ ရဲတပ်ဖွဲ့နဲ့ ကုန်သည်နဲ့ စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်း တို့ စနေနေ့ က ရန်ကုန် မှာ အဲဒီအရေး စည်းဝေးခဲ့ရပြီး ကုန်းလမ်းနဲ့ရေလမ်း ကနေ ဝင်လာတဲ့ ဒီ တရားမဝင် ကုန်သွယ်မှု တွေ ကို ဟန့်တားနိုင်အောင် မိုဘိုင်း ကင်းလှည့်အဖွဲ့ တွေ ထားရှိဖို့ တိုင်ပင် ခဲ့ကြပါတယ်။

ကုန်သည်နဲ့ စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်း ဥက္ကဌ ဦးဝင်းအောင် က အခွန်ရှောင်ချင် ကြတဲ့ ကုန်သည် တချို့က တရားမဝင် လမ်းကြောင်းတွေ ကို အသုံးပြု ကုန်သွယ် နေကြတယ် လို့ ဘီဘီစီ ကို ပြောပါတယ်။

ကုန်သွယ်မှု ချောမွေ့အောင် လုပ်ပေး တဲ့ လုပ်ငန်းစဉ် နဲ့ သက်ဆိုင်ရာ အထောက်အကူပေးမယ့် ဌာန တွေ မပြည့်စုံ တာ ကလည်း ဒီလို တရားမဝင် ကုန်သွယ်ရေး တွေ ဖြစ်နေစေ တဲ့ အကြောင်းတရပ် လို့ သုံးသပ်သူ တွေ က ပြောပါတယ်။

မြန်မာ ပြည် ကို တင်သွင်း မယ့် တရုတ် ကုန်ပစ္စည်း တင် ကားတစီး နယ်စပ်မှာ တွေ့ရစဉ်

BBC (မြန်မာပိုင်း)
မြန်မာပြည်ထဲ တင်သွင်းလာတဲ့ ကုန်ပစ္စည်းတွေထဲမှာ တရားဝင်တင်သွင်း တဲ့ ကုန်စည်ထက် တရားမဝင် ဝင်လာတာ က ပိုများနေတာကြောင့် တားဆီးဖို့ စီစဉ် နေရပါတယ်။

ဗုဒ္ဓဂါယာ မဟာဗောဓိမှာ ပေါက်ကွဲမှုဖြစ်

Photo: ဗုဒ္ဓဂါယာ မဟာဗောဓိမှာ ပေါက်ကွဲမှုဖြစ်

အိန္ဒိယနိုင်ငံ ဗုဒ္ဓဂါယာက မဟာဗောဓိ စေတီနဲ့ အနီးတဝိုက်မှာ တနင်္ဂနွေ မနက် ၆ နာရီ နီးပါးက ဗုံး ပေါက်ကွဲမှု ဆက်တိုက် ဖြစ်ခဲ့ကြောင်း အဲဒီမှာရှိတဲ့ မဇ္ဈီမသုခ ဖောင်ဒေးရှင်း ကျောင်းတိုက်က ဆရာတော် ဦးနန္ဒဝံသက ဘီဘီစီ ကို ပြောပါတယ်။

အထင်ကရ စေတီတော်ကြီးဖြစ်တဲ့ မဟာဗောဓိကိုတော့ ထိခိုက်မှု ရှိကြောင်း နဲ့ အသေ အပျောက် ရှိတယ်လို့ သတင်းမရကြောင်း ဆရာတော်က ဘီဘီစီကို မိန့်ပါတယ်။

ဒါပေမယ့် ထိခိုက်ဒဏ်ရာရသူ တခိျု့ထဲမှာတော့ မြန်မာသံဃာတော် ဦးရာသဂ္ဂ ပါဝင်ကြောင်း ဆရာတော်က ပြောပါတယ်။

ဘယ်သူ့လက်ချက်လဲ၊ ဘယ်လို ဗုံးပေါက်ကွဲမှုလဲ စတဲ့ အသေးစိတ်ကိုတော့ မသိရသေးပါဘူး။

BBC News
အိန္ဒိယနိုင်ငံ ဗုဒ္ဓဂါယာက မဟာဗောဓိ စေတီနဲ့ အနီးတဝိုက်မှာ တနင်္ဂနွေ မနက် ၆ နာရီ နီးပါးက ဗုံး ပေါက်ကွဲမှု ဆက်တိုက် ဖြစ်ခဲ့ကြောင်း အဲဒီမှာရှိတဲ့ မဇ္ဈီမသုခ ဖောင်ဒေးရှင်း ကျောင်းတိုက်က ဆရာတော် ဦးနန္ဒဝံသက ဘီဘီစီ ကို ပြောပါတယ်။

မုတ္တမ ကမ်းလွန် ဒေသတွင် ရေနံနှင့် သဘာဝ ဓာတ်ငွေ့သိုက် ထပ်မံ တွေ့ရှိ

စွမ်းအင် ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသန်းဌေးနှင့် ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေ တို့သည် ယနေ့ နံနက်ပိုင်းတွင်    ကမ်းလွန်လုပ်ကွက် အမှတ် M-3တွင် PTTEPI ရေနံ

ရာထူးမှ နုတ်ထွက်ခွင့် ပြုထားသူများနှင့် ရာထူးတာဝန် ပြောင်းလဲသွားသူများနေရာ ပြင်ဆင်ခြင်းများဖြင့် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီကို ပြင်ဆင်ဖွဲ့စည်း

changing-july7
ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ အဖွဲ့ဝင် များအား မေလ က မြစ်ကြီးနားမြို့တွင် ပြုလုပ်သော အစိုးရနှင့် KIO တို့၏ ငြိမ်းချမ်းရေးဆွေးနွေး ပွဲ၌ တွေ့ရစဉ် (ဓာတ်ပုံ-နေထွန်းနိုင်)
ရာထူးမှ နုတ်ထွက်ခွင့် ပြုထားသူများ၊ ရာထူးနေရာ ပြောင်းလဲသွားသည့် သူများ ၏ နေရာ ကို ပြင်

မင်္ဂလာဒုံမြို့နယ်ရှိ စားသောက်ဆိုင် တစ်ခုအတွင်း အုပ်စုဖွဲ့ ဓားကိုင်၍ ၀င်ရောက်ကာ စားသုံးသူများအား ခြိမ်းခြောက်ငွေတောင်းယူမှု ဖြစ်ပွား

privacy2-july7
အခင်းဖြစ်ပွားရာ စားသောက်ဆိုင်အား တွေ့ရစဉ်။ (ဓာတ်ပုံ-အောင်မျိုးသန့်)
အုပ်စုဖွဲ့ ဓားကိုင်၍ မင်္ဂလာဒုံမြို့နယ်ရှိ PRIVACY II စားသောက်ဆိုင် တစ်ခုအတွင်း ၀င်ရောက်ကာ ဆိုင် အတွင်း စားသုံးသူများကို ခြိမ်းခြောက်ငွေတောင်းယူမှု ဇူလိုင် ၄ ရက်ည ၁၀ နာရီဝန်းကျင် က ဖြစ် ပွား ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံအတွင်း ပြစ်မှုကျူးလွန်ပြီး ထွက်ပြေးသွားသည့် တရားခံများ ဖမ်းဆီးရမိရေး ဘင်္ဂလားဒေ့ရှ်သို့ တိုက်တွန်း

မြန်မာနယ်စပ်ဘက်မှ ပြစ်မှုကျူးလွန်ပြီး တစ်ဖက်နိုင်ငံသို့ ထွက်ပြေးသွားသည့် တရားခံများ ဖမ်းဆီးရ မိရေး ဘင်္ဂလားဒေ့ရှ်နယ်စပ် လုံခြုံရေး အရာရှိများထံသို့ မြန်မာနယ်စပ် လုံခြုံရေးမှ တိုက်တွန်းခဲ့ကြောင်း သိရသည်။

ငြိမ်းချမ်းရေး ရယူထားသည့် ကရင်လက်နက်ကိုင် အဖွဲ့များ ပူးပေါင်းပြီး စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်သွားရန် စီစဉ်နေ

kayincommercial-july7
မြ၀တီ ကုန်သွယ်ရေးဇုန်ကို တွေ့ရစဉ်
ငြိမ်းချမ်းရေး ရယူထားသည့် ကရင်လက်နက်ကိုင် အဖွဲ့အစည်းများ ပူးပေါင်းပြီး စီးပွားရေး လုပ်ငန်းများကို